• Today is: Thursday, February 29, 2024

က်ေနာ့္မိတ္ေဆြ တိုင္းရင္းသားေတြ

ကျနော့်မိတ်ဆွေ တိုင်းရင်းသားတွေ

—————————————————

ဗမာတောထဲမှာမနေဖူးသော တိုင်းရင်းသားလူငယ်များ အရွယ်ရောက်လာတော့ အပန်းတကြီးရင် ဆိုင်ရသည့်ပြဿနာမှာ ဗမာစကားသိပ်မတတ်ခြင်းပြဿနာဖြစ်သည်။တချို့သောဒေသများမှာ တိုင်းရင်း သားတွေချည်းနေထိုင်ရာအရပ်ဖြစ်သဖြင့် အိမ်မှာလည်း ကိုယ့်မိခင်ဘာသာစကား၊ကျောင်းရောက်တော့ လည်း မြန်မာလိုသင်ကြားရတာကလွဲ၊မလွှဲသာမရှောင်သာ အခြေအနေရောက်မှ သိပ်မတတ်သောဗမာစ ကား ကိုကြိုးစားပြောရသဖြင့် သိပ်မတတ်။

မကြာသေးမီက ကရင်တိုင်းရင်းသားစစ်စစ် မိတ်ဆွေဆရာဝန်တစ်ဦးနှင့်ဆုံသဖြင့် သူ့ငယ်ဘဝ ဗမာ စကားပြဿနာအကြောင်းစကားစပ်မိကြသည်။သူက မွေးကတည်းကကရင်စကားပြောလာပြီး သူ့ပတ်ဝန်း ကျင်တွင်လည်း ကရင်များသာရှိသဖြင့် ဗမာစကားပြောတတ်သည်ဆိုရုံ။

၇တန်းရောက်မှ သူ့အဘွားရှိရာ ဗမာတောထဲကျောင်းသွားနေသဖြင့် ဗမာစကားပြဿနာ အကြီးကြီး တက်တော့သည်။ဗမာစကားမတတ်ခြင်းကြောင့် သူငယ်ချင်းတို့၏အနောက်အပြောင်ကိုခံခဲ့ရသည်။ သူ့အ တွက်အဆိုးဆုံးပြဿနာမှာ ဆရာစာသင်တာကို သိပ်နားမလည်ခြင်းဖြစ်သည်။

‘စာသင်တာသိပ်နားမလည်တော့ စာသိပ်မရဘူး။အင်မတန်ကြိုးစားလို့ အတန်းထဲ အလယ်အလတ်အ ဆင့်ရတာ။၆လလောက်အကြာ စကားနားလည်လာမှ အဆင့်တစ်ရတော့တာ။’ဟု သူကပြောသည်။

ကျနော့်မိတ်ဆွေက ငယ်သေးသောအချိန်တွင် ဗမာတောထဲရောက်သွားသဖြင့် တော်တော့သည်။တ ချို့မှာ မူလတန်းကစလို့ အထက်တန်းအောင်သည်အထိ ကိုယ့်ဒေသပရဝဏ်အတွင်းမှာသာရှိသ ဖြင့် ဗမာစ ကား သိပ်ပြောစရာမလို။၁၀တန်းအောင်ပြီးနောက် အဆင့်မြင့်ပညာသင်ဖို့ မြို့ကြီးပြကြီးဆီ ချီတက်ပြီဆိုတော့ အခက်တွေ့တော့သည်။

ကိုယ်က လူပျိုအရွယ်ရောက်နေပြီမို့ ရှက်ရသည်။နေတာထိုင်တာကအစ၊စားတာသောက်တာကအစ၊ လူအများကြားတွင် ကိုယ်ကထူးခြားနေသဖြင့် အနေခက်ရသည်။အထူးသဖြင့် ရွယ်တူကောင်မလေးများနှင့် ဆက်ဆံဖို့ရာ အင်မတန်ဝန်လေးရသည်။ဒီကြားထဲ မစာနာတတ်သူတချို့၏ လူကြားသူကြား ခပ်နှိမ်နှိမ်ဆက် ဆံမှုများရှိလျှင် အနာတရဖြစ်ကြရသည်။ပညာသင်ကြားရေးဆိုလည်း ဘာသာစကားက တကယ့်ပြဿနာဖြစ် ရ။များစွာသောဗမာလူငယ်တို့မှာ တိုင်းရင်းသားလူငယ်များအပေါ် ခင်မင်ညှာတာစိတ်ရှိကြသော်လည်း ဘယ် လိုပဲဖြစ်ဖြစ် ကိုယ့်ဘာသာ အထီးကျန်စိတ်ကြီးရသည်။

ကျနော်ဆို မွေးပြီးသိပ်မကြာ အဘိုးအဘွားရှိရာ တိုင်းရင်းသားဒေသသို့ရောက်ရှိ။ဗမာစကားပြော သောအရပ်မို့ မိခင်ဘာသာစကားမတတ်ဘဲ ဗမာစကားကိုသာကျွမ်းကျင်သော်လည်း အသံကတော့အင်မ တန်ဝဲသည်။ထို့ကြောင့် ၈တန်းနှစ်၊မိဘများနှင့်ရန်ကုန်မှာပြန်နေတော့ အင်မတန့်၊အင်မတန်ဝဲနေသောအသံ ကတိုင်းရင်းသားဖြစ်မှန်းဖော်ပြနေသလို။သူတို့ပြောသောစကားကိုယ်နားလည်သော်လည်း ကိုယ့်စကားကျ အသံကဝဲနေသဖြင့် သူတို့လုံးစေ့ပတ်စေ့နားမလည်။နားမလည်ခြင်းသည် ဟာသဖြစ်နေသဖြင့် လူကြားထဲ နောက်ပြောင်လျှင်ရှက်မိသည်။သို့သော်။စိတ်ထဲနာကျင်သည်အထိ နောက်ပြောင်ခြင်းမျိုးမရှိ။ဘာပဲဖြစ်ဖြစ် အသံဝဲခြင်းသည် သူတို့နှင့်ကျနော်ကြား ခြားထားသောစည်းပမာ ကနဦးတစ်နှစ်လောက်တော့ ခံစားခဲ့ရ သည်။

ကျနော် ၁၆နှစ်သားအရွယ်၊မုံရွာထောင်ထဲကိုရောက်တော့ ဗမာစကားလုံးဝမတတ်သော နာဂလူမျိုး ၃-၄ယောက်နှင့်ဆုံခဲ့သည်။သူတို့ခမျာ မြန်မာစစ်အစိုးရကို တော်လှန်နေတာမဟုတ်ဘဲ လဝက အမှုဖြင့် ထောင်ကျခဲ့ခြင်းဖြစ်သည်။

ကျနော်၊သူတို့ကိုတွေ့သည့်အချိန်တွင် သူတို့၏ထောင်နေသား(ထောင်တွင်းရောက်သည့်အချိန်)မှာ တစ်နှစ်ကျော်ရှိပြီး ဗမာစကားထမင်းစားရေသောက်လောက်တော့တတ်နေကြပြီ။ကျနော်ကဗမာတောထဲ ရောက်နေသော ဗမာစကားမတတ်သူတို့၏ခံစားမှုကို နားလည်ထားသူမို့ သူတို့နှင့်နီးရန်ကြိုးစားခဲ့သည်။သူတို့ အကြောင်းစူးစမ်းကြည့်မိသည်။သို့သော်၊ဘာသာစကားအခက်အခဲက သူတို့နှင့်ကျနော့်ကို တံတိုင်းတစ်ခုပမာ ခြားထားခဲ့သဖြင့် ရှေ့မရောက်နိုင်။သူတို့ခမျာ ထောင်ဝင်စာလည်းမရှိ၊ဘာသာစကားအခက်အခဲအရ ကြံရဖန်ရ ခက်နေသဖြင့် ထောင်ထမင်းထောင်ဟင်းကိုသာ အဓိကအားပြုရရှာသည်။

သူတို့ဆီကကျနော်သိခဲ့တာတစ်ခုတော့ရှိသည်။ ‘ထောင်ကလွတ်ပြီးရင် ရွာပြန်မယ်’တဲ့။သူတို့ထိုစ ကားကို မကြာခဏပြောလေ့ရှိသည်။ထိုစကားပြောသည့်အခါတိုင်း သူတို့၏မျက်လုံးတို့သည် တစ်ပုံစံတည်း၊ ဟိုးဝေးဝေးသို့ ရီဝေဝေ၊သူတို့ဘယ်လောက်အိမ်ပြန်ချင်နေကြပါလိမ့်။သူတို့ အသက်နဲ့ကိုယ်အိုးစားမကွဲဘဲ ထောင်ထဲမှ လွတ်မြောက်သွားသလား၊သူတို့ပြန်ချင်သောရွာသို့ အမှန်တကယ်ပြန်ရောက်ခဲ့သလား။ကျနော် က မန္တလေးထောင်အပြောင်းခံလိုက်ရသဖြင့် မသိ။

ကျနော်မန္တလေးထောင်ရောက်ပြီးမကြာမီ ဗမာစကားလုံးဝမတတ်သော ရှမ်းလေးတစ်ယောက်နှင့် စားအိုးတွဲဖြစ်ခဲ့သည်။သူက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးရဲဘော်။ရှမ်းပြည်တောင်ပိုင်း၊လင်း ခေးမြို့နယ်အတွင်းက သူ၏ရွာမှာ ခေါင်ခေါင်ဖျားဖျား။မန္တလေးဆိုတာကို နာမည်ပင်သူမကြားဖူးဘဲ မန္တလေး ထောင်ထဲသို့ရောက်ခဲ့ခြင်းဖြစ်သည်။

သူ့ခမျာ ဗမာစကားလည်းမတတ်၊ထောင်ထဲတစ်ကိုယ်တော်လျှောက်လေလွင့်နေသလို ဖြစ်နေ၊ သူ့ အသက်မှာလည်း ကျနော့်ထက် လပိုင်းပင်ငယ်သေး။သူထောင်ထဲရောက်ချိန်တွင် ၁၆နှစ်ပင်မပြည့် သေး။ကျ နော်တို့နဲ့တွေ့ချိန်တွင် သူထောင်ထဲရောက်နေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း သူနှင့် ဆက်ဆံ မည့်သူမရှိသဖြင့် ဗမာစကားနှင့်ယဉ်ပါးလာသည့်တိုင် မပြောတတ်ခြင်းဖြစ်သည်။

ငယ်ကလည်းငယ်၊ဗမာစကားကမတတ်၊ကြံတတ်ဖန်တတ်လည်းမရှိသဖြင့် လူမှန်ရင်မစားသင့်သော ထောင်ပုံစံထမင်းဟင်းကို မသေအောင်ကြိတ်မှိတ်စားကာ သူဖြတ်သန်းနေရသည်။

စကားစပ်လို့ ၁၉၉၂ခုနှစ်ဝန်းကျင်က မန္တလေးထောင်ပုံစံထမင်းဟင်းအကြောင်းပြောရသော်၊ မနက် ခင်း တန်းဖွင့်ပြီးချိန်တွင် တစ်ဦးလျှင် နို့ဆီဗူးတစ်ခွက်စာ ဆန်ပြုတ်အရည်ကျဲကျဲ၊နေ့ခင်းစာအဖြစ် ထမင်း၊ပဲ ဟင်းနှင့် နံစော်နေသော ငပိ နည်းနည်း။ထောင်တွင်းအုပ်ချုပ်ရေးစာရင်းဝင် ဘာကောင်ညာကောင်များနှင့် လိုင်း ဝင်(ထောင်မှူးကိုလာဘ် ငွေပေးထားသူ)ထားသူများက ထမင်းလိုသလောက်နှင့်ပဲဟင်းပျစ်ပျစ်ရသည်။ ကျနော်တို့နိုင်ကျဉ်းများဆိုလျှင်လည်း လိုသလောက်မဟုတ်တောင် ထမင်းနှင့်ပဲဟင်းမဆိုးလောက်သောအနေ အထားရကြသည်။များစွာသောရိုးရိုးအ ကျဉ်းသားများမှာမူ ထမင်းနည်းနည်း၊ပဲဟင်းအရည်ကျဲကျဲဖြင့်မ ဝရေ စာ။ ညစာကျတော့ တီကောင်၊ရွှံ့နဲ့မြက်တွေ လည်းပါတတ်တဲ့ ဟင်းနုနွယ်ပြုတ်နှင့်ငပိ။ထိုဟင်းရွက်ပြုတ်ကို တော့ ဝက်ခေါင်းခါဟု တညီတညွတ်တည်း ခေါ်ကြသည်။

ဘာ့ကြောင့်ထိုသို့ခေါ်သလဲဆိုတော့ အကျဉ်းသားမစား၍ ပိုသောထိုဟင်းရွက်ပြုတ်ကို ထောင်အုပ် ချုပ်ရေးပိုင်းကမွေးထားသောမွေးမြူရေးဝက်များအား ကျွေးသောအခါ ဝက်တွေမစားဘဲ ခေါင်းခါပြီး လှည့် ထွက်သွားသဖြင့် ဝက်ခေါင်းခါဟုခေါ်ခြင်းဖြစ်သည်။

ထိုဝက်ခေါင်းခါကို တစ်ပတ်၊၁၀ရက် ဆက်တိုက်စားလျှင် ဝမ်းကိုက်တတ်သည်။ဝမ်းမကိုက်သည့် တိုင် ကျနော်တို့ မည်သို့မျှမစားနိုင်။ထို့ကြောင့်မရှိလျှင် ဆားနဲ့စား။နည်းနည်းရှိလျှင် အချိုမှုန့်ဆေးပေါ့လိပ်နှစ်လိပ် ဖိုး ဝယ်၊ငရုပ်သီးအစိမ်းတောင့် ဆေးလိပ်၃လိပ်ဖိုးဝယ်၊ငါးပိကို ရောနဲ့ဖျော်၊အချိုမှုန့်ထည့်၊ငရုပ်သီးအစိမ်းလှီးပြီး ထည့်၊ကျနော်လို ငပိမကြိုက်သူတောင် မရှိတော့လည်း ခပ်ကြိုက်ကြိုက်ဖြစ်ရ။ကျနော်တို့စားအိုးတွဲ၈ယောက် ခွဲတမ်းကျစားရသည်။တစ်ပတ်လျှင်တစ်နပ်တော့ အသားစားရသည်။

ကျနော်တို့ဘော်ဒါရှမ်းလေးသည် ကျနော်တို့နှင့်စားအိုးတွဲပြီးနောက် နည်းနည်းပါးပါးအူစိုလာသလို အထီးကျန်မှုတို့သည်လည်း လျော့ပါးလာခဲ့သည်။အထူးသဖြင့် သူ့အကြောင်းစပ်စုတတ်သော ကျနော့်ကို ပို ခင်တွယ်ပုံရသည်။ကျနော့်မေးခွန်းတွေကို သူနားလည်သော်လည်း ပြန်မပြောတတ်။တစ်ခါတစ်ရံ ဗမာစကား နည်းနည်းနှင့်ရှမ်းစကားများများဖြင့်ရောသမမွှေပြောတတ်သည်။ကျနော်ကရှမ်းစကားတစ်လုံးမျှမတတ်သဖြင့် သူဘာပြောမှန်းမသိ။

၅လ၊၆လအကြာ သူဗမာစကားနည်းနည်းပြောတတ်လာမှ ဟန်ကျတော့သည်။ကျနော်တို့ရှမ်းလေး သည် လင်းခေးမြို့ပေါ်ကိုပင် တစ်ခေါက်၊နှစ်ခေါက်ထက်ပိုပြီး ရောက်ဖူးသူမဟုတ်။သူ့ရွာတွင်သာတောင်ယာ လုပ်ပြီး သူ့ရွာဝန်းကျင်၌သာ ကျင်လည်ခဲ့သောသူ။သူတို့ရွာသို့စစ်တပ်ရောက်လာလျှင် ထွက်ပြေးရသည်။စစ် တပ်ရောက်လာလျှင် ကြက်ဆွဲလည်းခေါင်းငုံ့ခံရ၊ဝက်ဖော်လိုက်လို့လည်း တစ်ပြားမှမရ၊စစ်တပ်စားဖို့ရိက္ခာကို ပေးကြရ၊စစ်တပ်ခိုင်းသမျှ မငြင်းဆန်ရဲ လုပ်ပေးရ။စစ်တပ်က ပစ်သတ်လိုက်လျှင်လည်း မတတ်သာတဲ့ဘဝ။

ထို့ကြောင့် ကိုယ့်အသက်ကိုနှမြောသဖြင့် ၁၄နှစ်သားအရွယ်ရောက်တော့ သူချစ်သောအမေနှင့် တောင်ယာမှခွါကာ တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်အဖြစ် သေနတ်ဆွဲကိုင်ရတော့သည်။

‘ငါက တောင်ယာပဲလုပ်ချင်တာ’တဲ့။သို့သော်။ခေတ်က သူ့လက်ကိုသေနတ်ကိုင်ဖို့သာ တောင်းဆိုသ ဖြင့် သူသေနတ်ကိုင်ခဲ့ရသည်။တိုင်းရင်းသားလက်နက်ကိုင်စခန်းတွင်နေရင်း အမေနှင့်ရွာကိုလွမ်းသဖြင့် အိမ် သို့ ခဏတဖြုတ်ပြန်လာစဉ် အကြမ်းဖက်စစ်တပ်နှင့်တိုး၍ သူမကြားဖူးသောမန္တလေးထောင်သို့ရောက်ခဲ့ရ သည်။

ကျနော်တို့တစ်သိုက်က အရင်လွတ်သဖြင့် ရှမ်းလေးတစ်ယောက်တည်း အရင်လိုပြန်အထီးကျန်ကာ ကျန်ခဲ့သည်။နောက်၄-၅လဆို သူလည်းလွတ်မှာမို့ သိပ်အားတင်းစရာတော့မလို။တစ်ချိန်အခွင့်သင့်လျှင် သူ့ ရွာသို့လာလည်ရန် ကျနော်တို့ ထောင်မှမထွက်မီ တတွတ်တွတ်ဖိတ်ခေါ်သည်။

ယခု ထောင်မှလွတ်တာ ၂၉နှစ်ကြာသည့်တိုင် ကျနော်မရောက်။ယခင်အာဏာရှင်ကြီး၏ ဗိုလ်ကျ ရက်စက်မှုအောက်မှသည် ယခု အာဏာရှင်လေးဖြစ်ရန်ကြိုးစားနေသည့် မင်းအောင်လှိုင်လက်ထက်သို့ ရောက်ပြီ။ယခင်၁၆နှစ်အရွယ် နိုင်ကျဉ်းလေး ကျနော်ပင် ယခု အသက်၄၈နှစ်ဖြစ်ပြီ။ယခုဆို  တိုင်းရင်းသား ဒေသများလည်းမှောင် ရန်ကုန်မြို့တော်ကြီးပင် မှောင်အတိ။ ကျနော်တို့အနာ ဂတ်သည် ယခုတိုင် မှောင်နဲ့မည်းမည်း။မိတ်ဆွေရှမ်းလေးသည်လည်း ရှိနေသေးလျှင် မှောင်မဲနေမှာသေချာသည်။

တိုင်းရင်းသားများလက်နက်ကိုင်များအကြောင်းရောက်သွားတိုင်း ကျနော့်မိတ်ဆွေ ရှမ်းလေးကို သတိရမိသည်။မိတ်ဆွေ ရှမ်းလေး ယခုထိ ရှိနေသေးသလား၊မရှိတော့ဘူးလားကျနော်မသိ။သူအခုထိရှိနေ သေးလျှင် သူချစ်သောတောင်ယာအလုပ်ကို လုပ်နိုင်မည်ဟုမထင်။ကျနော်တို့တိုင်းရင်းသားတွေအားလုံး၊ကျ နော်တို့မြန်မာနိုင်ငံသားတွေအားလုံး ကိုယ်လုပ်ချင်ရာလုပ်ရဖို့ဆိုသည်မှာ စစ်အာဏာရှင်များကို မြန်မာမြေ ပေါ် လုံးဝမကျန်အောင် ရှင်းထုတ်နိုင်ဖို့လိုပါမည်။ကျနော်တို့ ပြည်ထောင်စုအတွက် ကျနော်တို့ ဆက်လက် တော်လှန်ရပါမည်။

ကျနော်တို့ပန်းတိုင်သည် သိပ်မနီးသေးသည့်တိုင် သိပ်မဝေးတော့တာသေချာသည်။

မင်းကိုမင်း

 

 

 

က်ေနာ့္မိတ္ေဆြ တိုင္းရင္းသားေတြ

—————————————————

ဗမာေတာထဲမွာမေနဖူးေသာ တိုင္းရင္းသားလူငယ္မ်ား အ႐ြယ္ေရာက္လာေတာ့ အပန္းတႀကီးရင္ ဆိုင္ရသည့္ျပႆနာမွာ ဗမာစကားသိပ္မတတ္ျခင္းျပႆနာျဖစ္သည္။တခ်ိဳ႕ေသာေဒသမ်ားမွာ တိုင္းရင္း သားေတြခ်ည္းေနထိုင္ရာအရပ္ျဖစ္သျဖင့္ အိမ္မွာလည္း ကိုယ့္မိခင္ဘာသာစကား၊ေက်ာင္းေရာက္ေတာ့ လည္း ျမန္မာလိုသင္ၾကားရတာကလြဲ၊မလႊဲသာမေရွာင္သာ အေျခအေနေရာက္မွ သိပ္မတတ္ေသာဗမာစ ကား ကိုႀကိဳးစားေျပာရသျဖင့္ သိပ္မတတ္။

မၾကာေသးမီက ကရင္တိုင္းရင္းသားစစ္စစ္ မိတ္ေဆြဆရာဝန္တစ္ဦးႏွင့္ဆုံသျဖင့္ သူ႔ငယ္ဘဝ ဗမာ စကားျပႆနာအေၾကာင္းစကားစပ္မိၾကသည္။သူက ေမြးကတည္းကကရင္စကားေျပာလာၿပီး သူ႔ပတ္ဝန္း က်င္တြင္လည္း ကရင္မ်ားသာရွိသျဖင့္ ဗမာစကားေျပာတတ္သည္ဆို႐ုံ။

၇တန္းေရာက္မွ သူ႔အဘြားရွိရာ ဗမာေတာထဲေက်ာင္းသြားေနသျဖင့္ ဗမာစကားျပႆနာ အႀကီးႀကီး တက္ေတာ့သည္။ဗမာစကားမတတ္ျခင္းေၾကာင့္ သူငယ္ခ်င္းတို႔၏အေနာက္အေျပာင္ကိုခံခဲ့ရသည္။ သူ႔အ တြက္အဆိုးဆုံးျပႆနာမွာ ဆရာစာသင္တာကို သိပ္နားမလည္ျခင္းျဖစ္သည္။

‘စာသင္တာသိပ္နားမလည္ေတာ့ စာသိပ္မရဘူး။အင္မတန္ႀကိဳးစားလို႔ အတန္းထဲ အလယ္အလတ္အ ဆင့္ရတာ။၆လေလာက္အၾကာ စကားနားလည္လာမွ အဆင့္တစ္ရေတာ့တာ။’ဟု သူကေျပာသည္။

က်ေနာ့္မိတ္ေဆြက ငယ္ေသးေသာအခ်ိန္တြင္ ဗမာေတာထဲေရာက္သြားသျဖင့္ ေတာ္ေတာ့သည္။တ ခ်ိဳ႕မွာ မူလတန္းကစလို႔ အထက္တန္းေအာင္သည္အထိ ကိုယ့္ေဒသပရဝဏ္အတြင္းမွာသာရွိသ ျဖင့္ ဗမာစ ကား သိပ္ေျပာစရာမလို။၁၀တန္းေအာင္ၿပီးေနာက္ အဆင့္ျမင့္ပညာသင္ဖို႔ ၿမိဳ႕ႀကီးျပႀကီးဆီ ခ်ီတက္ၿပီဆိုေတာ့ အခက္ေတြ႕ေတာ့သည္။

ကိုယ္က လူပ်ိဳအ႐ြယ္ေရာက္ေနၿပီမို႔ ရွက္ရသည္။ေနတာထိုင္တာကအစ၊စားတာေသာက္တာကအစ၊ လူအမ်ားၾကားတြင္ ကိုယ္ကထူးျခားေနသျဖင့္ အေနခက္ရသည္။အထူးသျဖင့္ ႐ြယ္တူေကာင္မေလးမ်ားႏွင့္ ဆက္ဆံဖို႔ရာ အင္မတန္ဝန္ေလးရသည္။ဒီၾကားထဲ မစာနာတတ္သူတခ်ိဳ႕၏ လူၾကားသူၾကား ခပ္ႏွိမ္ႏွိမ္ဆက္ ဆံမႈမ်ားရွိလွ်င္ အနာတရျဖစ္ၾကရသည္။ပညာသင္ၾကားေရးဆိုလည္း ဘာသာစကားက တကယ့္ျပႆနာျဖစ္ ရ။မ်ားစြာေသာဗမာလူငယ္တို႔မွာ တိုင္းရင္းသားလူငယ္မ်ားအေပၚ ခင္မင္ညႇာတာစိတ္ရွိၾကေသာ္လည္း ဘယ္ လိုပဲျဖစ္ျဖစ္ ကိုယ့္ဘာသာ အထီးက်န္စိတ္ႀကီးရသည္။

က်ေနာ္ဆို ေမြးၿပီးသိပ္မၾကာ အဘိုးအဘြားရွိရာ တိုင္းရင္းသားေဒသသို႔ေရာက္ရွိ။ဗမာစကားေျပာ ေသာအရပ္မို႔ မိခင္ဘာသာစကားမတတ္ဘဲ ဗမာစကားကိုသာကြၽမ္းက်င္ေသာ္လည္း အသံကေတာ့အင္မ တန္ဝဲသည္။ထို႔ေၾကာင့္ ၈တန္းႏွစ္၊မိဘမ်ားႏွင့္ရန္ကုန္မွာျပန္ေနေတာ့ အင္မတန႔္၊အင္မတန္ဝဲေနေသာအသံ ကတိုင္းရင္းသားျဖစ္မွန္းေဖာ္ျပေနသလို။သူတို႔ေျပာေသာစကားကိုယ္နားလည္ေသာ္လည္း ကိုယ့္စကားက် အသံကဝဲေနသျဖင့္ သူတို႔လုံးေစ့ပတ္ေစ့နားမလည္။နားမလည္ျခင္းသည္ ဟာသျဖစ္ေနသျဖင့္ လူၾကားထဲ ေနာက္ေျပာင္လွ်င္ရွက္မိသည္။သို႔ေသာ္။စိတ္ထဲနာက်င္သည္အထိ ေနာက္ေျပာင္ျခင္းမ်ိဳးမရွိ။ဘာပဲျဖစ္ျဖစ္ အသံဝဲျခင္းသည္ သူတို႔ႏွင့္က်ေနာ္ၾကား ျခားထားေသာစည္းပမာ ကနဦးတစ္ႏွစ္ေလာက္ေတာ့ ခံစားခဲ့ရ သည္။

က်ေနာ္ ၁၆ႏွစ္သားအ႐ြယ္၊မုံ႐ြာေထာင္ထဲကိုေရာက္ေတာ့ ဗမာစကားလုံးဝမတတ္ေသာ နာဂလူမ်ိဳး ၃-၄ေယာက္ႏွင့္ဆုံခဲ့သည္။သူတို႔ခမ်ာ ျမန္မာစစ္အစိုးရကို ေတာ္လွန္ေနတာမဟုတ္ဘဲ လဝက အမႈျဖင့္ ေထာင္က်ခဲ့ျခင္းျဖစ္သည္။

က်ေနာ္၊သူတို႔ကိုေတြ႕သည့္အခ်ိန္တြင္ သူတို႔၏ေထာင္ေနသား(ေထာင္တြင္းေရာက္သည့္အခ်ိန္)မွာ တစ္ႏွစ္ေက်ာ္ရွိၿပီး ဗမာစကားထမင္းစားေရေသာက္ေလာက္ေတာ့တတ္ေနၾကၿပီ။က်ေနာ္ကဗမာေတာထဲ ေရာက္ေနေသာ ဗမာစကားမတတ္သူတို႔၏ခံစားမႈကို နားလည္ထားသူမို႔ သူတို႔ႏွင့္နီးရန္ႀကိဳးစားခဲ့သည္။သူတို႔ အေၾကာင္းစူးစမ္းၾကည့္မိသည္။သို႔ေသာ္၊ဘာသာစကားအခက္အခဲက သူတို႔ႏွင့္က်ေနာ့္ကို တံတိုင္းတစ္ခုပမာ ျခားထားခဲ့သျဖင့္ ေရွ႕မေရာက္ႏိုင္။သူတို႔ခမ်ာ ေထာင္ဝင္စာလည္းမရွိ၊ဘာသာစကားအခက္အခဲအရ ႀကံရဖန္ရ ခက္ေနသျဖင့္ ေထာင္ထမင္းေထာင္ဟင္းကိုသာ အဓိကအားျပဳရရွာသည္။

သူတို႔ဆီကက်ေနာ္သိခဲ့တာတစ္ခုေတာ့ရွိသည္။ ‘ေထာင္ကလြတ္ၿပီးရင္ ႐ြာျပန္မယ္’တဲ့။သူတို႔ထိုစ ကားကို မၾကာခဏေျပာေလ့ရွိသည္။ထိုစကားေျပာသည့္အခါတိုင္း သူတို႔၏မ်က္လုံးတို႔သည္ တစ္ပုံစံတည္း၊ ဟိုးေဝးေဝးသို႔ ရီေဝေဝ၊သူတို႔ဘယ္ေလာက္အိမ္ျပန္ခ်င္ေနၾကပါလိမ့္။သူတို႔ အသက္နဲ႔ကိုယ္အိုးစားမကြဲဘဲ ေထာင္ထဲမွ လြတ္ေျမာက္သြားသလား၊သူတို႔ျပန္ခ်င္ေသာ႐ြာသို႔ အမွန္တကယ္ျပန္ေရာက္ခဲ့သလား။က်ေနာ္ က မႏၲေလးေထာင္အေျပာင္းခံလိုက္ရသျဖင့္ မသိ။

က်ေနာ္မႏၲေလးေထာင္ေရာက္ၿပီးမၾကာမီ ဗမာစကားလုံးဝမတတ္ေသာ ရွမ္းေလးတစ္ေယာက္ႏွင့္ စားအိုးတြဲျဖစ္ခဲ့သည္။သူက တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးရဲေဘာ္။ရွမ္းျပည္ေတာင္ပိုင္း၊လင္း ေခးၿမိဳ႕နယ္အတြင္းက သူ၏႐ြာမွာ ေခါင္ေခါင္ဖ်ားဖ်ား။မႏၲေလးဆိုတာကို နာမည္ပင္သူမၾကားဖူးဘဲ မႏၲေလး ေထာင္ထဲသို႔ေရာက္ခဲ့ျခင္းျဖစ္သည္။

သူ႔ခမ်ာ ဗမာစကားလည္းမတတ္၊ေထာင္ထဲတစ္ကိုယ္ေတာ္ေလွ်ာက္ေလလြင့္ေနသလို ျဖစ္ေန၊ သူ႔ အသက္မွာလည္း က်ေနာ့္ထက္ လပိုင္းပင္ငယ္ေသး။သူေထာင္ထဲေရာက္ခ်ိန္တြင္ ၁၆ႏွစ္ပင္မျပည့္ ေသး။က် ေနာ္တို႔နဲ႔ေတြ႕ခ်ိန္တြင္ သူေထာင္ထဲေရာက္ေနသည္မွာ တစ္ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေသာ္လည္း သူႏွင့္ ဆက္ဆံ မည့္သူမရွိသျဖင့္ ဗမာစကားႏွင့္ယဥ္ပါးလာသည့္တိုင္ မေျပာတတ္ျခင္းျဖစ္သည္။

ငယ္ကလည္းငယ္၊ဗမာစကားကမတတ္၊ႀကံတတ္ဖန္တတ္လည္းမရွိသျဖင့္ လူမွန္ရင္မစားသင့္ေသာ ေထာင္ပုံစံထမင္းဟင္းကို မေသေအာင္ႀကိတ္မွိတ္စားကာ သူျဖတ္သန္းေနရသည္။

စကားစပ္လို႔ ၁၉၉၂ခုႏွစ္ဝန္းက်င္က မႏၲေလးေထာင္ပုံစံထမင္းဟင္းအေၾကာင္းေျပာရေသာ္၊ မနက္ ခင္း တန္းဖြင့္ၿပီးခ်ိန္တြင္ တစ္ဦးလွ်င္ ႏို႔ဆီဗူးတစ္ခြက္စာ ဆန္ျပဳတ္အရည္က်ဲက်ဲ၊ေန႔ခင္းစာအျဖစ္ ထမင္း၊ပဲ ဟင္းႏွင့္ နံေစာ္ေနေသာ ငပိ နည္းနည္း။ေထာင္တြင္းအုပ္ခ်ဳပ္ေရးစာရင္းဝင္ ဘာေကာင္ညာေကာင္မ်ားႏွင့္ လိုင္း ဝင္(ေထာင္မႉးကိုလာဘ္ ေငြေပးထားသူ)ထားသူမ်ားက ထမင္းလိုသေလာက္ႏွင့္ပဲဟင္းပ်စ္ပ်စ္ရသည္။ က်ေနာ္တို႔ႏိုင္က်ဥ္းမ်ားဆိုလွ်င္လည္း လိုသေလာက္မဟုတ္ေတာင္ ထမင္းႏွင့္ပဲဟင္းမဆိုးေလာက္ေသာအေန အထားရၾကသည္။မ်ားစြာေသာ႐ိုး႐ိုးအ က်ဥ္းသားမ်ားမွာမူ ထမင္းနည္းနည္း၊ပဲဟင္းအရည္က်ဲက်ဲျဖင့္မ ဝေရ စာ။ ညစာက်ေတာ့ တီေကာင္၊႐ႊံ႕နဲ႔ျမက္ေတြ လည္းပါတတ္တဲ့ ဟင္းႏုႏြယ္ျပဳတ္ႏွင့္ငပိ။ထိုဟင္း႐ြက္ျပဳတ္ကို ေတာ့ ဝက္ေခါင္းခါဟု တညီတၫြတ္တည္း ေခၚၾကသည္။

ဘာ့ေၾကာင့္ထိုသို႔ေခၚသလဲဆိုေတာ့ အက်ဥ္းသားမစား၍ ပိုေသာထိုဟင္း႐ြက္ျပဳတ္ကို ေထာင္အုပ္ ခ်ဳပ္ေရးပိုင္းကေမြးထားေသာေမြးျမဴေရးဝက္မ်ားအား ေကြၽးေသာအခါ ဝက္ေတြမစားဘဲ ေခါင္းခါၿပီး လွည့္ ထြက္သြားသျဖင့္ ဝက္ေခါင္းခါဟုေခၚျခင္းျဖစ္သည္။

ထိုဝက္ေခါင္းခါကို တစ္ပတ္၊၁၀ရက္ ဆက္တိုက္စားလွ်င္ ဝမ္းကိုက္တတ္သည္။ဝမ္းမကိုက္သည့္ တိုင္ က်ေနာ္တို႔ မည္သို႔မွ်မစားႏိုင္။ထို႔ေၾကာင့္မရွိလွ်င္ ဆားနဲ႔စား။နည္းနည္းရွိလွ်င္ အခ်ိဳမႈန႔္ေဆးေပါ့လိပ္ႏွစ္လိပ္ ဖိုး ဝယ္၊င႐ုပ္သီးအစိမ္းေတာင့္ ေဆးလိပ္၃လိပ္ဖိုးဝယ္၊ငါးပိကို ေရာနဲ႔ေဖ်ာ္၊အခ်ိဳမႈန႔္ထည့္၊င႐ုပ္သီးအစိမ္းလွီးၿပီး ထည့္၊က်ေနာ္လို ငပိမႀကိဳက္သူေတာင္ မရွိေတာ့လည္း ခပ္ႀကိဳက္ႀကိဳက္ျဖစ္ရ။က်ေနာ္တို႔စားအိုးတြဲ၈ေယာက္ ခြဲတမ္းက်စားရသည္။တစ္ပတ္လွ်င္တစ္နပ္ေတာ့ အသားစားရသည္။

က်ေနာ္တို႔ေဘာ္ဒါရွမ္းေလးသည္ က်ေနာ္တို႔ႏွင့္စားအိုးတြဲၿပီးေနာက္ နည္းနည္းပါးပါးအူစိုလာသလို အထီးက်န္မႈတို႔သည္လည္း ေလ်ာ့ပါးလာခဲ့သည္။အထူးသျဖင့္ သူ႔အေၾကာင္းစပ္စုတတ္ေသာ က်ေနာ့္ကို ပို ခင္တြယ္ပုံရသည္။က်ေနာ့္ေမးခြန္းေတြကို သူနားလည္ေသာ္လည္း ျပန္မေျပာတတ္။တစ္ခါတစ္ရံ ဗမာစကား နည္းနည္းႏွင့္ရွမ္းစကားမ်ားမ်ားျဖင့္ေရာသမေမႊေျပာတတ္သည္။က်ေနာ္ကရွမ္းစကားတစ္လုံးမွ်မတတ္သျဖင့္ သူဘာေျပာမွန္းမသိ။

၅လ၊၆လအၾကာ သူဗမာစကားနည္းနည္းေျပာတတ္လာမွ ဟန္က်ေတာ့သည္။က်ေနာ္တို႔ရွမ္းေလး သည္ လင္းေခးၿမိဳ႕ေပၚကိုပင္ တစ္ေခါက္၊ႏွစ္ေခါက္ထက္ပိုၿပီး ေရာက္ဖူးသူမဟုတ္။သူ႔႐ြာတြင္သာေတာင္ယာ လုပ္ၿပီး သူ႔႐ြာဝန္းက်င္၌သာ က်င္လည္ခဲ့ေသာသူ။သူတို႔႐ြာသို႔စစ္တပ္ေရာက္လာလွ်င္ ထြက္ေျပးရသည္။စစ္ တပ္ေရာက္လာလွ်င္ ၾကက္ဆြဲလည္းေခါင္းငုံ႔ခံရ၊ဝက္ေဖာ္လိုက္လို႔လည္း တစ္ျပားမွမရ၊စစ္တပ္စားဖို႔ရိကၡာကို ေပးၾကရ၊စစ္တပ္ခိုင္းသမွ် မျငင္းဆန္ရဲ လုပ္ေပးရ။စစ္တပ္က ပစ္သတ္လိုက္လွ်င္လည္း မတတ္သာတဲ့ဘဝ။

ထို႔ေၾကာင့္ ကိုယ့္အသက္ကိုႏွေျမာသျဖင့္ ၁၄ႏွစ္သားအ႐ြယ္ေရာက္ေတာ့ သူခ်စ္ေသာအေမႏွင့္ ေတာင္ယာမွခြါကာ တိုင္းရင္းသားလက္နက္ကိုင္ရဲေဘာ္အျဖစ္ ေသနတ္ဆြဲကိုင္ရေတာ့သည္။

‘ငါက ေတာင္ယာပဲလုပ္ခ်င္တာ’တဲ့။သို႔ေသာ္။ေခတ္က သူ႔လက္ကိုေသနတ္ကိုင္ဖို႔သာ ေတာင္းဆိုသ ျဖင့္ သူေသနတ္ကိုင္ခဲ့ရသည္။တိုင္းရင္းသားလက္နက္ကိုင္စခန္းတြင္ေနရင္း အေမႏွင့္႐ြာကိုလြမ္းသျဖင့္ အိမ္ သို႔ ခဏတျဖဳတ္ျပန္လာစဥ္ အၾကမ္းဖက္စစ္တပ္ႏွင့္တိုး၍ သူမၾကားဖူးေသာမႏၲေလးေထာင္သို႔ေရာက္ခဲ့ရ သည္။

က်ေနာ္တို႔တစ္သိုက္က အရင္လြတ္သျဖင့္ ရွမ္းေလးတစ္ေယာက္တည္း အရင္လိုျပန္အထီးက်န္ကာ က်န္ခဲ့သည္။ေနာက္၄-၅လဆို သူလည္းလြတ္မွာမို႔ သိပ္အားတင္းစရာေတာ့မလို။တစ္ခ်ိန္အခြင့္သင့္လွ်င္ သူ႔ ႐ြာသို႔လာလည္ရန္ က်ေနာ္တို႔ ေထာင္မွမထြက္မီ တတြတ္တြတ္ဖိတ္ေခၚသည္။

ယခု ေထာင္မွလြတ္တာ ၂၉ႏွစ္ၾကာသည့္တိုင္ က်ေနာ္မေရာက္။ယခင္အာဏာရွင္ႀကီး၏ ဗိုလ္က် ရက္စက္မႈေအာက္မွသည္ ယခု အာဏာရွင္ေလးျဖစ္ရန္ႀကိဳးစားေနသည့္ မင္းေအာင္လႈိင္လက္ထက္သို႔ ေရာက္ၿပီ။ယခင္၁၆ႏွစ္အ႐ြယ္ ႏိုင္က်ဥ္းေလး က်ေနာ္ပင္ ယခု အသက္၄၈ႏွစ္ျဖစ္ၿပီ။ယခုဆို  တိုင္းရင္းသား ေဒသမ်ားလည္းေမွာင္ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးပင္ ေမွာင္အတိ။ က်ေနာ္တို႔အနာ ဂတ္သည္ ယခုတိုင္ ေမွာင္နဲ႔မည္းမည္း။မိတ္ေဆြရွမ္းေလးသည္လည္း ရွိေနေသးလွ်င္ ေမွာင္မဲေနမွာေသခ်ာသည္။

တိုင္းရင္းသားမ်ားလက္နက္ကိုင္မ်ားအေၾကာင္းေရာက္သြားတိုင္း က်ေနာ့္မိတ္ေဆြ ရွမ္းေလးကို သတိရမိသည္။မိတ္ေဆြ ရွမ္းေလး ယခုထိ ရွိေနေသးသလား၊မရွိေတာ့ဘူးလားက်ေနာ္မသိ။သူအခုထိရွိေန ေသးလွ်င္ သူခ်စ္ေသာေတာင္ယာအလုပ္ကို လုပ္ႏိုင္မည္ဟုမထင္။က်ေနာ္တို႔တိုင္းရင္းသားေတြအားလုံး၊က် ေနာ္တို႔ျမန္မာႏိုင္ငံသားေတြအားလုံး ကိုယ္လုပ္ခ်င္ရာလုပ္ရဖို႔ဆိုသည္မွာ စစ္အာဏာရွင္မ်ားကို ျမန္မာေျမ ေပၚ လုံးဝမက်န္ေအာင္ ရွင္းထုတ္ႏိုင္ဖို႔လိုပါမည္။က်ေနာ္တို႔ ျပည္ေထာင္စုအတြက္ က်ေနာ္တို႔ ဆက္လက္ ေတာ္လွန္ရပါမည္။

က်ေနာ္တို႔ပန္းတိုင္သည္ သိပ္မနီးေသးသည့္တိုင္ သိပ္မေဝးေတာ့တာေသခ်ာသည္။

မင္းကိုမင္း