• Today is: Sunday, February 25, 2024

ဂ်ကာတာ ဘံုသေဘာတူညီခ်က္၏ အနာဂတ္

ဂ်ကာတာ ဘံုသေဘာတူညီခ်က္၏ အနာဂတ္

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၂၆ မွ ၂၈ ရက္ေန႔အထိ ဘ႐ူႏိုင္းႏိုင္ငံတြင္ က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေ၀း၌ ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို မဖိတ္ၾကားေတာ့ဟု အာဆီယံက ဆံုးျဖတ္ၿပီးေနာက္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္း အမႈရင္ဆိုင္ေနရသူ ၄၃၂၀ ဦးႏွင့္ အက်ဥ္းက်ခံေနရသူ ၁၃၁၆ ဦးတို႔ကို စစ္ေကာင္စီက အမႈ႐ုပ္သိမ္းၿပီး ျပန္လႊတ္ေပးခဲ့သည္။

အင္းစိန္ ဗဟိုအက်ဥ္းေထာင္အပါအ၀င္ ျမန္မာႏိုင္ငံအ၀န္းရွိ အက်ဥ္းေထာင္မ်ား၊ စစ္ေၾကာေရးစခန္းမ်ားမွ အမႈရင္ဆိုင္ေနရသူမ်ားႏွင့္ အက်ဥ္းက်ခံေနရသူမ်ားကို ေအာက္တိုဘာ ၁၈ ရက္၊ ၁၉ ရက္ေန႔မ်ားတြင္ ျပန္လႊတ္ေပးခဲ့ေသာ္လည္း ႏိုင္ငံေရးႏွင့္ပတ္သက္၍ ေတြ႕ဆံုေဆြးေႏြး အေျဖရွာႏုိင္မည့္သူ တစ္ဦးတစ္ေယာက္မွ် ပါ၀င္ခဲ့ျခင္း မရွိေပ။ ထို႔အျပင္ အခ်ဳိ႕အက်ဥ္းေထာင္မ်ားမွ ျပန္လႊတ္လာသူမ်ားကို ေထာင္ဗူး၀၌ပင္ ေနာက္အမႈတပ္ကာ ျပန္လည္ဖမ္းဆီးျခင္းမ်ား ရွိခဲ့သည္။

ထိုသို႔ ႏို္င္ငံေရးအက်ဥ္းသားမ်ား ျပန္လည္လႊတ္ေပးမႈႏွင့္ ပတ္သက္၍ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ျမန္မာႏုိင္ငံ အထူးကိုယ္စားလွယ္က ယခုကဲ့သို႔ ႏိုင္ငံေရးအက်ဥ္းသားအခ်ဳိ႕ ျပန္လည္လႊတ္ေပးမႈမွာ စစ္ေကာင္အေနျဖင့္ သေဘာထား ေျပာင္းသြားျခင္းမဟုတ္ဘဲ အာဆီယံအပါအ၀င္ ႏုိင္ငံတကာ၏ ဖိအားေပးမႈေၾကာင့္ျဖစ္ၿပီး စစ္ေကာင္စီအေပၚ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိရန္ ဆက္လက္ဖိအားေပးရမည္ဟု ထုတ္ေဖာ္ေျပာၾကားသြားသည္။

အာဆီယံက စစ္ေကာင္စီဥကၠ႒အား ထိပ္သီးအစည္းအေ၀းတက္ေရာက္ခြင့္ ျငင္းပယ္လိုက္စဥ္တြင္ပင္ ျမန္မာ့အေရး အေမရိကန္ႏိုင္ငံျခားေရးဌာနကို ကိုယ္စားျပဳၿပီး အဓိက လႈပ္ရွားေဆာင္ရြက္ေနေသာ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အႀကံေပးပုဂၢိဳလ္ Derek Chollet ႏွင့္အဖြဲ႕သည္ အင္ဒိုနီးရွား၊ ထိုင္းႏွင့္ စင္ကာပူႏိုင္ငံတို႔သို႔ ေရာက္ရွိလာၿပီး ျမန္မာႏိုင္ငံေရးအက်ပ္အတည္းႏွင့္ ပတ္သက္၍ ေဆြးေႏြးရန္ရွိေနသည္။

ထိုအဖြဲ႕သည္ ေအာက္တိုဘာ ၁၇ ရက္ေန႔မွ စတင္ထြက္ခြာလာၿပီး ထိုင္းႏိုင္ငံသို႔ေရာက္ရွိလာကာ ထိုင္းႏိုင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရး၀န္ႀကီး ဒြန္႔ပရာမု၀ီႏုိင္း၊ အမ်ဳိးသားလံုၿခံဳေရးေကာင္စီ အတြင္းေရးမွဴး ဗိုလ္ခ်ဳပ္ စူေပါ့မလာနီယံုတို႔အပါအ၀င္ ထိုင္းအဆင့္ျမင့္အရာရွိမ်ားႏွင့္ ထိုင္းအရပ္ဘက္ေခါင္းေဆာင္မ်ားကို ေအာက္တိုဘာ ၁၈ ရက္၊ ၁၉ ရက္မ်ားတြင္ ေတြ႕ဆံုကာ အာဆီယံ၏ ဂ်ကာတာဘံုသေဘာတူညီခ်က္၊ ထိုင္း-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ ေထာက္ပံ့ေရးမ်ားအေၾကာင္း ေဆြးေႏြးခဲ့သည္ဟု ေနာက္ဆံုးသတင္းမ်ားက ဆိုသည္။

အာဆီယံအစည္းအေ၀း တက္ေရာက္ခြင့္ ျငင္းပယ္ခံရၿပီးေနာက္ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ မိန္႔ခြန္းေျပာၾကားရာတြင္ အာဆီယံဘံုသေဘာတူညီခ်က္ပါ အၾကမ္းဖက္မႈမ်ား ရပ္တန္႔ေရးႏွင့္ ပတ္သက္ၿပီး ျမန္မာႏုိင္ငံအတြင္း မတည္မၿငိမ္ျဖစ္ေအာင္ အၾကမ္းဖက္ ေဆာင္ရြက္ေနသူမ်ားအား အာဆီယံအေနျဖင့္ ရပ္တန္႔ရန္ ေျပာဆိုသင့္ၿပီး ၎တို႔ကို တစ္ဖက္သတ္ ဖိအားမေပးသင့္ေၾကာင္းႏွင့္ အာဆီယံအထူးကိုယ္စားလွယ္က ေတြ႕ဆံုခြင့္ေတာင္းသူမ်ားတြင္ ဥပေဒအရ တရားစြဲဆိုခံေနရသူမ်ား ပါ၀င္ေနသျဖင့္ ေတြ႕ဆံုခြင့္မျပဳႏိုင္ေၾကာင္းတို႔ကို ထည့္သြင္းေျပာၾကားသြားသည္။

စစ္ေကာင္စီဥကၠ႒၏ ေျပာၾကားခ်က္အရ စစ္ေကာင္စီအေနျဖင့္ အာဆီယံသေဘာတူညီခ်က္ပါ ေတြ႕ဆံုသင့္သည့္ ဘက္ေပါင္းစံုမွ ပုဂိၢဳလ္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးကာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိေရးဆိုသည့္အခ်က္ကို အေကာင္အထည္ေဖာ္လိုျခင္းမရွိဘဲ ၎တို႔၏ ရည္မွန္းခ်က္မ်ားအတိုင္း ေရွ႕ဆက္သြားရန္သာ ဆႏၵရွိေနေပသည္။ သို႔ေသာ္လည္း အာဆီယံထိပ္သီးအစည္းအေ၀းအတြက္ ျငင္းပယ္ခံရျခင္းမွာလည္း ၎တို႔ထင္မွတ္မထားသည့္ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ေသာေၾကာင့္ တုန္လႈပ္မႈရွိေနေၾကာင္း မိန္႔ခြန္းေျပာၾကားစဥ္ အသံအေနအထားအရ သိရွိရေပသည္။

အာဆီယံႏိုင္ငံမ်ားအနက္ အင္ဒိုနီးရွားႏွင့္ မေလးရွားႏိုင္ငံတို႔သည္သာ ဒီမိုကေရစီႏုိင္ငံမ်ားဟု သတ္မွတ္ႏိုင္မည္ျဖစ္ၿပီး ဘုရင္စနစ္က်င့္သံုးသည့္ ဘ႐ူႏိုင္းႏုိင္ငံ၊ လြတ္လပ္စြာ စုေ၀းဆႏၵထုတ္ေဖာ္ခြင့္မရသည့္ စင္ကာပူႏုိင္ငံ၊ ကြန္ျမဴနစ္ႏိုင္ငံမ်ားျဖစ္သည့္ ဗီယက္နမ္ႏိုင္ငံႏွင့္ လာအိုႏိုင္ငံ၊ အာဏာရွင္တစ္ပိုင္းႏိုင္ငံမ်ားျဖစ္သည့္ ထိုင္း၊ ကေမၻာဒီးယား၊ ဖိလစ္ပိုင္ႏိုင္ငံမ်ား ပါ၀င္ေနသည့္ အာဆီယံတြင္ ႏုိင္ငံတစ္ႏုိင္ငံ၏ ျပည္တြင္းေရးကို ႏိုင္ငံတစ္ႏိုင္ငံမွ ၀င္ေရာက္စြက္ဖက္ခြင့္မျပဳရဆိုသည့္ မူ၀ါဒမွ ေသြဖယ္ကာ ဂ်ကာတာဘံုသေဘာတူညီခ်က္ပါအတိုင္း မလိုက္နာသျဖင့္ ထိပ္သီးအစည္းအေ၀းတက္ေရာက္ခြင့္ ျငင္းပယ္ခံရျခင္းသည္ အာဆီယံအဖြဲ႕အစည္းအတြင္း ထူးျခားသည့္ ဆံုးျဖတ္ခ်က္တစ္ခု ျဖစ္ခဲ့သည္။

ျမန္မာႏုိင္ငံေရး အက်ပ္အတည္းႏွင့္ပတ္သက္၍ အင္ဒိုနီးရွားႏွင့္ မေလးရွားႏုိင္ငံတို႔သည္ ဒီိမိုကေရစီလိုလားသူ ျမန္မာႏုိင္ငံသားမ်ားဘက္မွ ရဲရဲတင္းတင္း ရပ္တည္ေနျခင္းႏွင့္ အေမရိကန္၊ ဥေရာပသမဂၢတို႔က ျမန္မာႏုိင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိရန္ စဥ္ဆက္မျပတ္ တြန္းအားေပးေနျခင္းတို႔က ျမန္မာႏုိင္ငံသားမ်ားအတြက္ အားတက္စရာျဖစ္ေနသည္။

ဒီမိုကေရစီေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ျခင္း၊ ႏိုင္ငံေတာ္သမၼတကို ၿခိမ္းေျခာက္ဖမ္းဆီးကာ အာဏာသိမ္းယူျခင္းတို႔မွာ ကမၻာ့ဒီမိုကေရစီအသိုင္းအ၀ိုင္းက လက္မခံႏိုင္စရာလုပ္ရပ္ ျဖစ္ေနၿပီ။ ထိုလုပ္ရပ္မ်ားကို လက္ပိုက္၍ ၾကည့္ေနပါက အာဆီယံအသိုက္အ၀န္းအတြက္လည္း သိကၡာက်စရာ ျဖစ္ေနေပသည္။ အာဆီယံအစည္းအေ၀း တက္ေရာက္ခြင့္ ျငင္းပယ္ခံရျခင္းႏွင့္ပတ္သက္၍ ေရငံုႏႈတ္ပိတ္ေနသည္က စစ္ေကာင္စီအားကိုးအားထားျဖစ္သည့္ ႐ုရွားႏွင့္ တ႐ုတ္ႏုိင္ငံျဖစ္ေပသည္။

ထိုသို႔ဆိုလွ်င္ အာဏာသိမ္းၿပီး မၾကာမီအတြင္း စစ္ေကာင္စီဘက္က ေျပာၾကားခဲ့သည့္ မိတ္ေဆြႏွစ္ႏိုင္ငံေလာက္ ရွိ႐ံုႏွင့္ ၎တို႔ ရွင္သန္ႏိုင္ပါတယ္ဆိုသည္မွာ ျဖစ္ႏုိင္ပါ့မလားဟု သူတို႔ ျပန္လည္ဆင္ျခင္သင့္လာၿပီ ျဖစ္သည္။

ေမာဂၢလိ

 

 

ဂျကာတာ ဘုံသဘောတူညီချက်၏ အနာဂတ်

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ မှ ၂၈ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားတော့ဟု အာဆီယံက ဆုံးဖြတ်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင်း အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးနှင့် အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးတို့ကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့သည်။

အင်းစိန် ဗဟိုအကျဉ်းထောင်အပါအဝင် မြန်မာနိုင်ငံအဝန်းရှိ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများမှ အမှုရင်ဆိုင်နေရသူများနှင့် အကျဉ်းကျခံနေရသူများကို အောက်တိုဘာ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ပါဝင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် အချို့အကျဉ်းထောင်များမှ ပြန်လွှတ်လာသူများကို ထောင်ဗူးဝ၌ပင် နောက်အမှုတပ်ကာ ပြန်လည်ဖမ်းဆီးခြင်းများ ရှိခဲ့သည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်က ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွှတ်ပေးမှုမှာ စစ်ကောင်အနေဖြင့် သဘောထား ပြောင်းသွားခြင်းမဟုတ်ဘဲ အာဆီယံအပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့်ဖြစ်ပြီး စစ်ကောင်စီအပေါ် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ဆက်လက်ဖိအားပေးရမည်ဟု ထုတ်ဖော်ပြောကြားသွားသည်။

အာဆီယံက စစ်ကောင်စီဥက္ကဋ္ဌအား ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ငြင်းပယ်လိုက်စဉ်တွင်ပင် မြန်မာ့အရေး အမေရိကန်နိုင်ငံခြားရေးဌာနကို ကိုယ်စားပြုပြီး အဓိက လှုပ်ရှားဆောင်ရွက်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet နှင့်အဖွဲ့သည် အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရေးအကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးရန်ရှိနေသည်။

ထိုအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်ထွက်ခွာလာပြီး ထိုင်းနိုင်ငံသို့ရောက်ရှိလာကာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန့်ပရာမုဝီနိုင်း၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ် စူပေါ့မလာနီယုံတို့အပါအဝင် ထိုင်းအဆင့်မြင့်အရာရှိများနှင့် ထိုင်းအရပ်ဘက်ခေါင်းဆောင်များကို အောက်တိုဘာ ၁၈ ရက်၊ ၁၉ ရက်များတွင် တွေ့ဆုံကာ အာဆီယံ၏ ဂျကာတာဘုံသဘောတူညီချက်၊ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးများအကြောင်း ဆွေးနွေးခဲ့သည်ဟု နောက်ဆုံးသတင်းများက ဆိုသည်။

အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ငြင်းပယ်ခံရပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် အကြမ်းဖက် ဆောင်ရွက်နေသူများအား အာဆီယံအနေဖြင့် ရပ်တန့်ရန် ပြောဆိုသင့်ပြီး ၎င်းတို့ကို တစ်ဖက်သတ် ဖိအားမပေးသင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံခွင့်တောင်းသူများတွင် ဥပဒေအရ တရားစွဲဆိုခံနေရသူများ ပါဝင်နေသဖြင့် တွေ့ဆုံခွင့်မပြုနိုင်ကြောင်းတို့ကို ထည့်သွင်းပြောကြားသွားသည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ပြောကြားချက်အရ စစ်ကောင်စီအနေဖြင့် အာဆီယံသဘောတူညီချက်ပါ တွေ့ဆုံသင့်သည့် ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးဆိုသည့်အချက်ကို အကောင်အထည်ဖော်လိုခြင်းမရှိဘဲ ၎င်းတို့၏ ရည်မှန်းချက်များအတိုင်း ရှေ့ဆက်သွားရန်သာ ဆန္ဒရှိနေပေသည်။ သို့သော်လည်း အာဆီယံထိပ်သီးအစည်းအဝေးအတွက် ငြင်းပယ်ခံရခြင်းမှာလည်း ၎င်းတို့ထင်မှတ်မထားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်သောကြောင့် တုန်လှုပ်မှုရှိနေကြောင်း မိန့်ခွန်းပြောကြားစဉ် အသံအနေအထားအရ သိရှိရပေသည်။

အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည်သာ ဒီမိုကရေစီနိုင်ငံများဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး ဘုရင်စနစ်ကျင့်သုံးသည့် ဘရူနိုင်းနိုင်ငံ၊ လွတ်လပ်စွာ စုဝေးဆန္ဒထုတ်ဖော်ခွင့်မရသည့် စင်ကာပူနိုင်ငံ၊ ကွန်မြူနစ်နိုင်ငံများဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ၊ အာဏာရှင်တစ်ပိုင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံများ ပါဝင်နေသည့် အာဆီယံတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ခွင့်မပြုရဆိုသည့် မူဝါဒမှ သွေဖယ်ကာ ဂျကာတာဘုံသဘောတူညီချက်ပါအတိုင်း မလိုက်နာသဖြင့် ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ငြင်းပယ်ခံရခြင်းသည် အာဆီယံအဖွဲ့အစည်းအတွင်း ထူးခြားသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်၍ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် ဒီမိုကရေစီလိုလားသူ မြန်မာနိုင်ငံသားများဘက်မှ ရဲရဲတင်းတင်း ရပ်တည်နေခြင်းနှင့် အမေရိကန်၊ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် စဉ်ဆက်မပြတ် တွန်းအားပေးနေခြင်းတို့က မြန်မာနိုင်ငံသားများအတွက် အားတက်စရာဖြစ်နေသည်။

ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ နိုင်ငံတော်သမ္မတကို ခြိမ်းခြောက်ဖမ်းဆီးကာ အာဏာသိမ်းယူခြင်းတို့မှာ ကမ္ဘာ့ဒီမိုကရေစီအသိုင်းအဝိုင်းက လက်မခံနိုင်စရာလုပ်ရပ် ဖြစ်နေပြီ။ ထိုလုပ်ရပ်များကို လက်ပိုက်၍ ကြည့်နေပါက အာဆီယံအသိုက်အဝန်းအတွက်လည်း သိက္ခာကျစရာ ဖြစ်နေပေသည်။ အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ငြင်းပယ်ခံရခြင်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည်က စစ်ကောင်စီအားကိုးအားထားဖြစ်သည့် ရုရှားနှင့် တရုတ်နိုင်ငံဖြစ်ပေသည်။

ထိုသို့ဆိုလျှင် အာဏာသိမ်းပြီး မကြာမီအတွင်း စစ်ကောင်စီဘက်က ပြောကြားခဲ့သည့် မိတ်ဆွေနှစ်နိုင်ငံလောက် ရှိရုံနှင့် ၎င်းတို့ ရှင်သန်နိုင်ပါတယ်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလားဟု သူတို့ ပြန်လည်ဆင်ခြင်သင့်လာပြီ ဖြစ်သည်။

မောဂ္ဂလိ