• Today is: Saturday, February 24, 2024

နေ့စဉ်သတင်း အကျဉ်း

၂၂ – စက်တင်ဘာ – ၂၀၂၁
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ စက်တင် ဘာလ ၂၂ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၂၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၃၅၁)၊ ချုပ်နှောင်ခံထားရဆဲ (၆၆၉၈) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
• ဖားကန့်မြို့ပေါ်ရှိ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် ခေါင်း ဆောင် မင်းအောင်လှိုင်ကို ထောက်ခံသော စစ်ခွေးများကို ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဖားကန့်မြို့ပေါ် သပိတ်စစ်ကြောင်းသည် ဖက်ဆစ် စစ်ကောင်စီ အာဏာ သိမ်းသည့် ဖေဖော်ဝါရီလတည်းက စတင်ကာ ယနေ့ အချိန်အထိ နေ့စဉ်ချီတက် ဆန္ဒပြနေသော စစ်ကြောင်း တစ်ခုဖြစ်သည်။
• တာချီလိတ်မြို့တွင် စက်တင်ဘာလ(၂၁)ရက်နေ့က We Support NUG စာလုံးအား အာဏာ သိမ်းအဖွဲ့၏ လက်အောက်ခံ ရဲများက ဖျက်ဆီးလိုက်သည့် အတွက် ယနေ့ စက်တင်ဘာ လ(၂၂) ရက်နေ့တွင် အခြားတစ်နေရာ၌ We Support PDF စာတန်းကို ပုံဖော်ထားလိုက်ကြောင်း သိရသည်။ နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံနိုင်သည့် တာချီလိတ်ပြည်သူများက အခြေအနေများကို စောင့်ကြည့်နေပြီး သွေးမအေးသေးကြောင်းကို ပြသသည့်အနေဖြင့် ယခုလို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။
• ထာ၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လူငယ်တွေဟာ ယ​နေ့ စက်တင်ဘာလ ၂၂ ရက်နေ့က စစ်အာဏာရှင်ဆန့် ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
• ယနေ့ ရက်ပေါင်း ၂၂၇ ရက်မြောက်နေ့ ကလေးမြို့ပြည်သူများမှ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှု သပိတ်စစ် ကြောင်း အောင်မြင်စွာပြီးဆုံးကြောင်း သိရသည်။
• စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူခြင်းအား လက်မခံနိုင်သည့် ပြည်သူ များက ဆန့်ကျင်ဆန္ဒပြမှုများကို (၇)လကျော်သည်အထိ လုပ်ဆောင်လာရာ ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်အစောပိုင်းကလည်း မုံရွာမြို့လယ်တွင် မုံရွာလူထု ၏ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
• ”စစ်ဖိနပ်အောက် ဒူးမထောက်ဟေ့ ဒူးမထောက်” စတဲ့ ကြွေးကြော်သံတွေနဲ့ ရွှေဘိုမြို့နယ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
• ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေါပုံမြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း ရန်ကုန်တွင်ပျောက်ကြားသပိတ်ပြု လုပ်သည်။
• မန္တလေးမြို့ တစ်နေရာတွင် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းအချိန်က “‌ တော်လှန် ရေးသမားကိုပဲ သတ်လို့ရမယ် ။ တော်လှန်ရေးစိတ်ကို သတ်လို့မရဘူး ” ဆိုသည့် ကြွေးကြော်သံများဖြင့် မန္တလေး သပိတ်အင်အားစုသည် အကြမ်း ဖက်စစ်တပ်အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
• မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန်ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
• စစ်အာဏာရှင်ဆန့်ကျင်ရေး ယင်းမာပင်အရှေ့ခြမ်း နဲ့ ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် ဒီနေ့ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
• လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် “ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ တို့ဆင်နွှဲ” ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကျွန်ဘဝက ရုန်းထွက် တော်လှန်ရန် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။