• Today is: Wednesday, September 27, 2023

ပြည်သူ့ဘက်သား အုပ်ကြီးများ

“ပြည်သူ့ဘက်သား အုပ်ကြီးများ”

ရာထူး အာဏာ တပ်မက်ကာဖြင့်

စစ်အာဏာရှင် သခင်ထင်ပြီး

ခိုဝင်ခစား ဉာဏ်နည်းပါးသော

ရုံးသွားရုံးဆင်း လူ့ငပျင်းတို့

မင်းအောင်လှိုင်ဟာ သူ့အာဏာတွက်

လူပါသတ်ဖြတ်

လွန်ရက်စက်သည့်လူသတ်မိစ္ဆာ

ဘီလူးပမာသို့ယုတ်မာကောက်ကျစ်

မင်းဆိုးညစ်ပေစင်

စစ်လူသား အုပ်ကြီးများကစဉ်းစားဆင်ခြင်

အသိဝင်ကာခုပင်နှုတ်ထွက်

ပြည်သူ့ဘက်သို့ရပ်တည်ပေးကာ

ပါဝင်ပါလေမကြာမီပင်

အာဏာရှင်များနေဝင်ဇာတ်သိမ်း

ချူပ်ငြိမ်းပြီမို့နှုတ်ထွက်ကြရန်

အချိန်တန်ပြီပြည်သူ့ဘက်သား အုပ်ကြီးများ။

နွေဦးအာကာ