• Today is: Saturday, February 24, 2024

ဖက္ဒရယ္ျပည္ေထာင္စုအတြက္ ရဲရဲေတြးရမယ့္ဘာသာေရး

ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတွေးရမယ့်ဘာသာရေး

————————————————————————-

ကျနော်တို့သင်ခဲ့ဖူးတဲ့သမိုင်းက မြန်မာနိုင်ငံမှာ ဗမာတွေကသာ စစ်မှန်တဲ့ဗုဒ္ဓဘာသာကို စတင် ကိုး ကွယ်သ ယောင်လုပ်ဇာတ်ခင်းခဲ့တယ်။အနော်ရထာဘုရင်က ဗုဒ္ဓဘာသာအယောင်ဆောင် အတုအယောင် တွေကို ချေမှုန်းပြီး ပုဂံနေပြည်တော်ကြီးမှာ ဗုဒ္ဓဘာသာ အစစ်အမှန်ကို ထွန်းလင်းတောက်ပစေသယောင် ကျနော်တို့ သင်အံခဲ့ရဖူးတယ်။

တကယ့်အဖြစ်မှန်ကတော့ ဗုဒ္ဓဘာသာဟာ ဗမာတွေမြန်မာနိုင်ငံထဲမရောက်မီ နှစ်၅၀၀လောက်က တည်းက ပျူနိုင်ငံတော်သရေခေတ္တရာမှာ  ထွန်းကားနေပါပြီ။တူးဖော်တွေ့ရှိမှုတွေအရ ပျူလူ မျိုးတွေဟာ ဗုဒ္ဓဘာသာကို ကျမ်းဂန်ကျကျတတ်မြောက်ကြောင်း ဖော်ပြနေပါတယ်။ပျူတွေရဲ့သားသမီးတိုင်းဟာ မူလ တန်းအရွယ်လောက်ကစပြီး ဘုန်းကြီးကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစားပုံစံ၊ဘုန်းကြီး ကျောင်းသား အဖြစ် နေရပြီး အသက်၂၀ပြည့်ခါမှ သာသနာ့ဘောင်မှာမပျော်ရင် အိမ်ပြန်ခွင့်ရကြတာပါ။ပြီးတော့ ပျူတွေ ရဲ့ ဗုဒ္ဓဘာသာဟာ သူ့အသက်သတ်ရမှာစိုးလို့ ပိုးထည်တွေလုံးဝမဝတ်တဲ့အထိ ကိုင်းရှိုင်းခဲ့ပါတယ်။ပြောရရင် မြန်မာနိုင်ငံ တွင်း ဗုဒ္ဓ ဘာသာကို အစောဆုံးကိုးကွယ်သူမှာ ပျူ၊မွန်၊သက် စတာတွေဖြစ်ပါတယ်။

ဗမာတွေ မြန်မာနိုင်ငံကိုရောက်လာတော့ ဗမာနဲ့အတူပါလာတာ တိုက်ရည်ခိုက်ရည်ကောင်းတာ၊စစ် သွေးကြွစိတ်ဓာတ်ပြင်းတာနဲ့ နတ်နဂါးကိုးကွယ်တာလောက်ပဲရှိပါတယ်။မျိုးဆက်ရှည်ကြာ မတည်မငြိမ်ဖြစ် ခဲ့တဲ့အခြေအနေက တစ်ချိန်ကရှိခဲ့ဖူးတဲ့ ယဉ်ကျေးမှုအလေ့ကောင်းတွေပါ ကွယ်ပခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ဗမာတွေကျောက်ဆည်တခွင်ကိုသိမ်းပိုက်ပြီး အခြေတကျဖြစ်လာတဲ့အခါကျတော့ ယဉ် ကျေးမှုအရာမှာ ပျူနဲ့မွန်တို့ကိုဆရာတင် သင်ယူခဲ့ရတာပါ။ကိုးကွယ်ယုံကြည်မှုအရာမှာလည်း နောက်ပိုင်း ယဇ်ပူဇော်ခြင်းနဲ့ နတ်နဂါးကိုးကွယ် မှုနေ ရာမှာ ဗုဒ္ဓဘာသာက အစားထိုးဝင်ရောက်လာခဲ့တာပါ။

ပုဂံခေတ်အလယ်လောက်မှာ တောရဂိုဏ်းဆိုတာ မင်းကိုးကွယ်တဲ့အဆင့်ထိ ကြီးပွားခဲ့ဖူးတယ်။နှစ် လေး၊ငါးရာ အောင်မြင်ခဲ့တဲ့ဂိုဏ်းဖြစ်လို့ ပြည်သူလည်းကိုးကွယ်လို့သာ အဓွန့်ရှည်ခဲ့တာပါ။ဒါပေမဲ့ တောရ ဂိုဏ်းဟာ သားကြီးငါးကြီးစားတာကို အားပေးတယ်။ဒကာတွေလှူတာရောကိုယ့်ဘာသာဝယ်တာရောကြောင့် တောရဂိုဏ်းဘုန်းကြီးတွေဟာ မြေပိုင်ရှင်ကြီးတွေလည်းဖြစ်တယ်။မြေအရောင်းအဝယ်လုပ်ပြီးတဲ့အခါတိုင်း သားကြီးငါးကြီးတွေနဲ့ စားပွဲသောက်ပွဲကြီးတွေ ကျင်းပလေ့ရှိတယ်။

ပုဂံပြိုပြီးနောက်ပိုင်းကျတော့ သားကြီးငါးကြီးနဲ့ အစားကြီးအသောက်ကြီးခဲ့ကြတဲ့ အရောင်းအဝယ် အသိအမှတ်ပြုပွဲတွေနေရာမှာ အကုန်အကျလည်းသက်သာပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လက်ဖက်တည်းခင်း တဲ့အ လေ့ဆီသို့ ကူးပြောင်းခဲ့ပါတယ်။စစ်သွေးကြွဗမာဆိုတာလည်း ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေအောက်မှာ သိမ် မွေ့တဲ့စိတ်နေစိတ်ထားဆီသို့ကူးပြောင်းလာခဲ့တယ်။

ဗမာမှမဟုတ်ပါဘူး။မြန်မာနိုင်ငံသား တိုင်းရင်းသားတွေဟာလည်း ဗုဒ္ဓဒေသနာရဲ့ ဆိုဆုံးမမှုတွေ အောက်မှာ သိမ်မွေ့နူးညံ့တဲ့စိတ်နေစိတ်ထားတွေဖြစ်လာခဲ့တယ်။သိမ်မွေ့တဲ့နှလုံးသားတွေဟာ တင်းဆတ် နေတာမျိုးမဟုတ်တဲ့အတွက် အရာရာကိုနားလည်စိတ်ကြီးနိုင်တာမို့ အရာရာကိုလက်ခံနိုင်စွမ်းရှိတဲ့ပျော့ ပြောင်းမှုမျိုးရှိပါတယ်။ဗုဒ္ဓဘာသာက ကျနော်တို့ကို မေတ္တာစိတ်ကြီးအောင် သင်ကြားခဲ့ပေးတယ်။ဒါကို နောက်တစ်မျိုးပြောရမယ်ဆို မြန်မာ့ရေခံမြေခံဟာ သည်းခံနိုင်စွမ်းတွေ၊နားလည်နိုင်စွမ်းတွေနဲ့ဖွဲ့စည်းထား တဲ့ ဒီမိုကရေစီရေခံမြေခံကောင်း  ရှိနေတာပါပဲ။

တခြားတစ်ဖက်ကိုကြည့်ပြန်တော့လည်း ဘာသာရေးအမြင်ရဲ့လွှမ်းမိုးမှုက နိုင်ငံသားတွေရဲ့စရိုက် လက္ခဏာကို ပြဌာန်းတဲ့အထိ ဖြစ်ရုံမက ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ပြန်မေးခွန်းမထုတ်ရဲတဲ့အထိ ကျနော် တို့အကြောက်ကြီးခဲ့ရတယ်။အယူအဆရေးရာနယ်ပယ်မှာ ထေရဝါဒကို မေးခွန်းထုတ်ခွင့်မရှိအောင်ကို အ ဆက်ဆက်ပြဌာန်းပြီးဖြစ်ပါတယ်။

မေးခွန်းထုတ်ခွင့်အပေါ် အလေးအနက်ထားတဲ့ ဗုဒ္ဓဘာသာရဲ့ လွတ်လပ်ပွင့်လင်းမှုဟာ မြန်မာ့လူ့ အဖွဲ့အစည်းမှာ ဟိုးရှေးနှစ်များစွာကတည်းကပျောက်ဆုံးခဲ့ရတယ်။ မြန်မာ့ယဉ်ကျေးမှုအ ဦးအစ ပုဂံခေတ်တုန်းက လွတ်လပ်စွာကိုးကွယ်မှုကို အသိအမှတ်ပြုခဲ့ပြီး မိမိရဲ့သက်ဝင်မှုအတိုင်း မကျင့်ကြံ သူကိုသာ ဒိဌိလို့ သတ်မှတ်ခဲ့ရာကနေ ယဉ်ကျေးတဲ့လူအဖွဲ့အစည်းခေတ်ကိုရောက်တော့ ဗုဒ္ဓဘာသာဝင်မှမ ဟုတ်ရင်ဒါမှမဟုတ် ဘာသာမဲ့ဆိုရင် ဒိဌိလို့ သမုတ်တဲ့အထိ အတင့်ရဲခဲ့တယ်။အဲဒီကနေတစ်ဆင့် မြန်မာနိုင် ငံတွင်း တခြားသောဘာသာတရားကိုးကွယ်သူလူနည်းစုအပေါ် နှိမ့်ချမှုတွေ၊တစ်ဆင့်နိမ့်ဆက်ဆံတာတွေ ရှိ လာခဲ့တယ်။အထူးသဖြင့် ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းရင်းသားတွေအပေါ် ဗုဒ္ဓဘာသာဝင်ခပ်များများရဲ့ ရှုမြင် မှုမှာ ထူထူထဲထဲစည်းတစ်ခုခြားထားတာ ငြင်းလို့မရပါဘူး။

ဘုန်းကြီးမြင်ရင် ကျနော်တို့ကုန်းကန်တော့ခဲ့ကြတယ်။ဘုန်းကြီးဟောတဲ့တရားကို  ဗမာလိုအနက် တွေဘာတွေမသိလည်း ကျနော်တို့နာယူခဲ့ကြတယ်။ကိုယ့်ဘာသာဆောက်တည်မှရမယ့်သီလကို ဘုန်းကြီး ပေးမှရမလိုလိုနဲ့ ဘုန်းကြီးဆီ သီလတောင်းခံခဲ့တယ်။ဘာသာရေးကပြောသမျှ တသွေမတိမ်း တိတိကျကျ ခေါင်းညိတ်ရတာဟာ ဗုဒ္ဓဘာသာဝင်ကောင်းရဲ့ အမူအကျင့်ပမာ ဂျင်းထည့်ခံကြရပါတယ်။ကျနော်တို့လူ့အ ဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် မထိရဲမတို့ရဲ ဘယ်လောက်တောင်ပြားပြားဝပ်ခဲ့သလိုဆို ဝိနည်းအရာ ဆိုးဆိုးရွားရွားဖောက်ဖျက်ကျူးလွန်နေတဲ့ ဘုန်းကြီးကိုမြင်ရင်တော့ မမြင်ချင်ယောင်ဆောင်ကြ၊မသိချင် ယောင်ဆောင်ကြ၊ဘုန်းကြီးကိုဝေဖန်ရင် ငရဲကြီးရှစ်ထပ်မပျက်မချင်း အပယ်ငရဲကမတက်နိုင်တဲ့အထိ ရောက် ရှိတော့မှာလိုလိုနဲ့ ဒီဂျင်းက မျိုးဆက်အလီလီ ခေတ်အဆက်ဆက် အဓွန့်ရှည်ခဲ့လေတော့ သင်္ကန်းဝတ်ထား ခြင်းဟာ ဘာအပြစ်မဆို ကင်းလွတ်ခွင့်ရနေသလိုလို။သူ့အပြစ်သူခံလိမ့်မယ်၊ကိုယ်ကပြော ကိုယ်ပါအပြစ်ရှိ သွားသလို ဝေဖန်ခြင်းကင်းအောင်ကို ကြံဖန်ကာကွယ်တတ်ခဲ့တယ်။အဲဒီလို ကျည်ကာအထပ်ထပ်နဲ့ အပေါ်စီး နေရာယူထားတဲ့ ရပ်ဝန်းအတွင်း ခြိုးခြံချွေတာခြင်းကနေ တစ်ကိုယ်တော်လွတ်မြောက်ရာလမ်းဆီသို့ ညွှန်ပြ ခဲ့တဲ့ ဘာသာရေးမှာ နိဗ္ဗာန်ရောက်ကြောင်းတရားကိုတွင်တွင်ဟောပြီး ဇိမ်ခံပစ္စည်းမျိုးစုံနဲ့ အကြီးအကျယ်ဇိမ် ခံနေတဲ့ ဘုန်းကြီးများစွာကိုတွေ့လာရသလို ဘုန်းကြီးဟာ ကုသိုလ်ထူးသူမို့ ဇိမ်ခံနိုင်တာလိုလို၊ဘုန်းကြီးနဲ့ဇိမ် ခံပစ္စည်းဟာ ဝိနည်းနဲ့အညီ ရှိသင့်ရှိထိုက်တာလိုလိုအထိ ကျနော်တို့ညံ့ဖျင်းမှုတွေ အတင့်ရဲခဲ့ကြပါတယ်။

အဲဒီလို ဘုန်းကြီးဆို အမြဲမှန်တာလိုလိုဖြစ်နေတဲ့လူ့အဖွဲ့အစည်းမှာ အဆိုးရွားဆုံးဖြစ်လာတဲ့အခြေအ နေက အကြမ်းဖက်ဝါဒကို လှုံ့ဆော်တဲ့ အစွန်းရောက်လှုပ်ရှားမှုတွေပါပဲ။၂၀၁၂ခုနှစ်၊အကဲဆတ်လွန်းလှတဲ့ရခိုင် ပြည်နယ်က လူမျိုးရေးအမြင်အပေါ်အခြေတည်ခဲ့ပါတယ်။အသက်ငင်နေတဲ့ အာဏာရှင်တွေဟာ လူမျိုးရေးအ မြင်ကနေ ပိုအကဲဆတ်လှတဲ့ အစွန်းရောက်ဘာသာရေးအမြင်ထိရောက်အောင် ဖန်တီးခဲ့ပါတယ်။

အဆုံးစွန်မေတ္တာစိတ်ကြီးဖို့နဲ့ အဆုံးစွန်သည်းခံခြင်းတရားကိုခြွင်းချက်မရှိတောင်းဆိုတဲ့ ဗုဒ္ဓဘာသာ ဆိုတဲ့  ခေါင်းစဉ်အောက်မှာ သွေးချင်းချင်းနီခဲ့ကြပါတယ်။ဘာသာမတူသူတွေကြောင့် အခုပဲ ဗုဒ္ဓဘာသာကြီး ဗမာပြည်မှာ ကွယ်ပတော့မှာလိုလို၊ဘာသာရေးအတွက်အသက်ပေးကြဖို့လိုပြီလိုလို၊ဗုဒ္ဓဘာသာကိုကာကွယ် ဖို့ သူတစ်ပါးအသက်သတ်တာ တရားဓမ္မနဲ့ညီသလိုလိုနဲ့ ဘာသာရေးအစွန်းရောက်တွေက တစ်တိုင်းပြည်လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။သူတို့ကိုအဓိကကာကွယ်ပေးသူက အာဏာရှင်တွေပါပဲ။

အာဏာရှင်တွေရဲ့ ထီးရိပ်အောက်မှာပဲ လူမျိုး၊ဘာသာ အယောင်ဆောင်ထားတဲ့ သွေးစွန်းတဲ့လက် တွေဟာ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူ မဘသလို့ ခေါင်းစဉ်တပ်လိုက်ကြတယ်။မဘသ ဥပဒေကို ကြံ့ဖွတ်လွှတ်တော်မှာ အတည်ပြုပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ကြံ့ဖွတ်အ နိုင်ရရေးအတွက် မဘသတွေက လူမျိုးဘာသာအသုံးချ လုံ့လစိုက်ခဲ့တယ်။

မဘသခေါင်းဆောင်ကြီးတွေနဲ့ သီတဂူဘုန်းကြီးတို့ရဲ့ ရည်မှန်းချက်ဟာ အမျိုးဘာသာသာသနာ ခေါင်းစဉ်တပ်ပြီး တိုင်းပြည်အာဏာကို ဘာသာရေးခေါင်းဆောင်တွေက ဝင်စွက်ဖက်ခွင့်ရတဲ့အထိ ရည်ရွယ် ချက်ကြီးခဲ့ပုံရပါတယ်။

မြန်မာ့ကျေးလက်ဒေသတွေမှာ  ရပ်ရွာအုပ်ချုပ်ရေးထဲ ရွာဦး ကျောင်းဆရာတော်ဟာ အဓိကနေရာက ပါဝင်တာ ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတစ်ရပ်လိုပါပဲ။ရွာဦးကျောင်းဆရာတော် ဟာ ရပ်ရွာရဲ့ တရားမဝင်အာဏာပိုင်လို့လည်းဆိုနိုင်ပါတယ်။ရပ်ထဲရွာထဲ ရွာသူကြီးမနိုင်တော့တဲ့အမှုအခင်း မျိုးကို ဘုန်းကြီးက ဆုံးဖြတ်ပေးလေ့ရှိပြီး ဘုန်းကြီးအဆုံးအဖြတ်အပေါ် နာယူကြတာ ကျေးလက်ရဲ့ ဓလေ့ တစ်ခုပါပဲ။

အဲဒီဓလေ့ကို သီတဂူတို့က နိုင်ငံတော်အာဏာအထိရောက်အောင် ချဲ့ထွင်လိုကြပါတယ်။အစ္စလာမ် နိုင်ငံတွေလို နိုင်ငံတော်အာဏာမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့အရေးပါမှုမျိုးရယူချင်တယ်။အဲဒီလိုအရိုက် အရာမျိုးဆိုတာက ကျနော်တို့ရခဲ့တဲ့ စစ်တစ်ပိုင်းဒီမိုကရေစီမှာတောင် မဖြစ်နိုင်ပါဘူး။ပြီးတော့ ဘာသာရေးအ စွန်းရောက်မှုတွေနဲ့ လူတွင်ကျယ်ဖြစ်လိုတဲ့ ဝီရသူလိုဘုန်းကြီးအတန်းအစားတွေကလည်း အာဏာရှင်တွေ ခေတ်မှာသာ သူတို့ဖြစ်ချင်သလိုဖြစ်နိုင်တာမို့ ဒီမိုကရေစီကိုပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ကြတယ်။

ဒါ့ကြောင့် စစ်တပ်ကအာဏာလည်းသိမ်းရော လက်သီးလက်မောင်းတန်းထောက်ခံတဲ့ ထဲမှာ သီတဂူ တို့လို ဘုန်းကြီးတွေထိပ်ဆုံးကပါနေတာပါပဲ။ဒါကို ကျနော်တို့ထုံထိုင်းထိုင်းမျိုးဆက်လို ဒီဂျစ်တယ်မျိုးဆက်က ငြိမ်မခံတော့ပါဘူး။ဓမ္မနဲ့ အဓမ္မကိုတောင် ခွဲခြားသိမြင်နိုင်စွမ်းမရှိတဲ့ ဘုန်းကြီးတွေကို အားမနာတမ်းမေးခွန်း ထုတ်ကြပါတယ်။ဗုဒ္ဓဘာသာရဲ့အရိပ်အောက်မှာရှိတဲ့ မြန်မာနိုင်ငံသားဟာ ဘာ့ကြောင့်ငရဲ တမျှ ပူလောင်နေရ တာလဲလို့လည်း မေးခွန်းထုတ်လာကြပါတယ်။အဲဒီကတစ်ဆင့် ဘာသာရေးဆိုတာ တစ်ဦးချင်းစီရဲ့စိတ်ကို အေးချမ်းလာအောင် စွမ်းဆောင်နိုင်ပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအတွက် ဘာမှ မတတ်နိုင်ပါလားဆိုပြီး သိ မြင်လာကြပါတယ်။ကိုဗစ်တတိယလှိုင်းဖြစ်တော့ ပရိတ်တရားရွတ်တာဟာ စိတ်လုံခြုံမှုအတွက် သာတတ် နိုင်ကြောင်း မျိုးဆက်သစ်တွေက သဘောပေါက်ကြတယ်။

ပြောရရင် ကျနော်တို့အစဉ်အဆက်မထိရဲမတို့ရဲခဲ့ဘာသာရေးကို မျိုးဆက်သစ်တွေက အားမနာတမ်း မေးခွန်းထုတ်လာခြင်းပါပဲ။ထပ်ပြောရမယ်ဆိုရင် ဘာသာရေးနဲ့ပတ်သက်တဲ့ ခေတ်အဆက်ဆက်ဂျင်းတွေကို မျိုးဆက်သစ်တွေက တော်လှန်လိုက်တာပါပဲ။

ဒါတွေဟာ ကျနော်တို့ဒီမိုကရေစီအောင်မြေနင်းပြီးနောက်မှာ အရေးကြီးတဲ့အပြောင်းအလဲဆီ ဦးတည်လာနိုင်ပါတယ်။ဗုဒ္ဓဘာသာသာလျှင် မှန်ကန်တယ်ဆိုတာမျိုး၊ဘာသာခြားလူနည်းစုကို အလေးမ ထားတာမျိုး၊တွေကို မြေလှန်ကြမှာဖြစ်သလို ဘာသာရေးဆိုတာတစ်ဦးချင်းစီရဲ့ ယုံကြည်မှုကိစ္စသာ ဖြစ်တယ်ဆိုတာမျိုး ရဲရဲတွေးလာကြ တော့မှာပါ။

အဲဒီအပြောင်းအလဲဟာ နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးရှိကိုရှိရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေခံမြေခံကောင်းတွေလည်းဖြစ်ပါတယ်။

မင်းကိုမင်း

 

 

 

ဖက္ဒရယ္ျပည္ေထာင္စုအတြက္ ရဲရဲေတြးရမယ့္ဘာသာေရး

————————————————————————-

က်ေနာ္တို႔သင္ခဲ့ဖူးတဲ့သမိုင္းက ျမန္မာႏိုင္ငံမွာ ဗမာေတြကသာ စစ္မွန္တဲ့ဗုဒၶဘာသာကို စတင္ ကိုး ကြယ္သ ေယာင္လုပ္ဇာတ္ခင္းခဲ့တယ္။အေနာ္ရထာဘုရင္က ဗုဒၶဘာသာအေယာင္ေဆာင္ အတုအေယာင္ ေတြကို ေခ်မႈန္းၿပီး ပုဂံေနျပည္ေတာ္ႀကီးမွာ ဗုဒၶဘာသာ အစစ္အမွန္ကို ထြန္းလင္းေတာက္ပေစသေယာင္ က်ေနာ္တို႔ သင္အံခဲ့ရဖူးတယ္။

တကယ့္အျဖစ္မွန္ကေတာ့ ဗုဒၶဘာသာဟာ ဗမာေတြျမန္မာႏိုင္ငံထဲမေရာက္မီ ႏွစ္၅၀၀ေလာက္က တည္းက ပ်ဴႏိုင္ငံေတာ္သေရေခတၱရာမွာ  ထြန္းကားေနပါၿပီ။တူးေဖာ္ေတြ႕ရွိမႈေတြအရ ပ်ဴလူ မ်ိဳးေတြဟာ ဗုဒၶဘာသာကို က်မ္းဂန္က်က်တတ္ေျမာက္ေၾကာင္း ေဖာ္ျပေနပါတယ္။ပ်ဴေတြရဲ႕သားသမီးတိုင္းဟာ မူလ တန္းအ႐ြယ္ေလာက္ကစၿပီး ဘုန္းႀကီးေက်ာင္းေတြမွာ ေက်ာင္းအိပ္ေက်ာင္းစားပုံစံ၊ဘုန္းႀကီး ေက်ာင္းသား အျဖစ္ ေနရၿပီး အသက္၂၀ျပည့္ခါမွ သာသနာ့ေဘာင္မွာမေပ်ာ္ရင္ အိမ္ျပန္ခြင့္ရၾကတာပါ။ၿပီးေတာ့ ပ်ဴေတြ ရဲ႕ ဗုဒၶဘာသာဟာ သူ႔အသက္သတ္ရမွာစိုးလို႔ ပိုးထည္ေတြလုံးဝမဝတ္တဲ့အထိ ကိုင္းရႈိင္းခဲ့ပါတယ္။ေျပာရရင္ ျမန္မာႏိုင္ငံ တြင္း ဗုဒၶ ဘာသာကို အေစာဆုံးကိုးကြယ္သူမွာ ပ်ဴ၊မြန္၊သက္ စတာေတြျဖစ္ပါတယ္။

ဗမာေတြ ျမန္မာႏိုင္ငံကိုေရာက္လာေတာ့ ဗမာနဲ႔အတူပါလာတာ တိုက္ရည္ခိုက္ရည္ေကာင္းတာ၊စစ္ ေသြးႂကြစိတ္ဓာတ္ျပင္းတာနဲ႔ နတ္နဂါးကိုးကြယ္တာေလာက္ပဲရွိပါတယ္။မ်ိဳးဆက္ရွည္ၾကာ မတည္မၿငိမ္ျဖစ္ ခဲ့တဲ့အေျခအေနက တစ္ခ်ိန္ကရွိခဲ့ဖူးတဲ့ ယဥ္ေက်းမႈအေလ့ေကာင္းေတြပါ ကြယ္ပခဲ့ၿပီးျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဗမာေတြေက်ာက္ဆည္တခြင္ကိုသိမ္းပိုက္ၿပီး အေျခတက်ျဖစ္လာတဲ့အခါက်ေတာ့ ယဥ္ ေက်းမႈအရာမွာ ပ်ဴနဲ႔မြန္တို႔ကိုဆရာတင္ သင္ယူခဲ့ရတာပါ။ကိုးကြယ္ယုံၾကည္မႈအရာမွာလည္း ေနာက္ပိုင္း ယဇ္ပူေဇာ္ျခင္းနဲ႔ နတ္နဂါးကိုးကြယ္ မႈေန ရာမွာ ဗုဒၶဘာသာက အစားထိုးဝင္ေရာက္လာခဲ့တာပါ။

ပုဂံေခတ္အလယ္ေလာက္မွာ ေတာရဂိုဏ္းဆိုတာ မင္းကိုးကြယ္တဲ့အဆင့္ထိ ႀကီးပြားခဲ့ဖူးတယ္။ႏွစ္ ေလး၊ငါးရာ ေအာင္ျမင္ခဲ့တဲ့ဂိုဏ္းျဖစ္လို႔ ျပည္သူလည္းကိုးကြယ္လို႔သာ အဓြန႔္ရွည္ခဲ့တာပါ။ဒါေပမဲ့ ေတာရ ဂိုဏ္းဟာ သားႀကီးငါးႀကီးစားတာကို အားေပးတယ္။ဒကာေတြလႉတာေရာကိုယ့္ဘာသာဝယ္တာေရာေၾကာင့္ ေတာရဂိုဏ္းဘုန္းႀကီးေတြဟာ ေျမပိုင္ရွင္ႀကီးေတြလည္းျဖစ္တယ္။ေျမအေရာင္းအဝယ္လုပ္ၿပီးတဲ့အခါတိုင္း သားႀကီးငါးႀကီးေတြနဲ႔ စားပြဲေသာက္ပြဲႀကီးေတြ က်င္းပေလ့ရွိတယ္။

ပုဂံၿပိဳၿပီးေနာက္ပိုင္းက်ေတာ့ သားႀကီးငါးႀကီးနဲ႔ အစားႀကီးအေသာက္ႀကီးခဲ့ၾကတဲ့ အေရာင္းအဝယ္ အသိအမွတ္ျပဳပြဲေတြေနရာမွာ အကုန္အက်လည္းသက္သာၿပီး ယဥ္ေက်းသိမ္ေမြ႕တဲ့ လက္ဖက္တည္းခင္း တဲ့အ ေလ့ဆီသို႔ ကူးေျပာင္းခဲ့ပါတယ္။စစ္ေသြးႂကြဗမာဆိုတာလည္း ဗုဒၶဘာသာရဲ႕အဆုံးအမေတြေအာက္မွာ သိမ္ ေမြ႕တဲ့စိတ္ေနစိတ္ထားဆီသို႔ကူးေျပာင္းလာခဲ့တယ္။

ဗမာမွမဟုတ္ပါဘူး။ျမန္မာႏိုင္ငံသား တိုင္းရင္းသားေတြဟာလည္း ဗုဒၶေဒသနာရဲ႕ ဆိုဆုံးမမႈေတြ ေအာက္မွာ သိမ္ေမြ႕ႏူးညံ့တဲ့စိတ္ေနစိတ္ထားေတြျဖစ္လာခဲ့တယ္။သိမ္ေမြ႕တဲ့ႏွလုံးသားေတြဟာ တင္းဆတ္ ေနတာမ်ိဳးမဟုတ္တဲ့အတြက္ အရာရာကိုနားလည္စိတ္ႀကီးႏိုင္တာမို႔ အရာရာကိုလက္ခံႏိုင္စြမ္းရွိတဲ့ေပ်ာ့ ေျပာင္းမႈမ်ိဳးရွိပါတယ္။ဗုဒၶဘာသာက က်ေနာ္တို႔ကို ေမတၱာစိတ္ႀကီးေအာင္ သင္ၾကားခဲ့ေပးတယ္။ဒါကို ေနာက္တစ္မ်ိဳးေျပာရမယ္ဆို ျမန္မာ့ေရခံေျမခံဟာ သည္းခံႏိုင္စြမ္းေတြ၊နားလည္ႏိုင္စြမ္းေတြနဲ႔ဖြဲ႕စည္းထား တဲ့ ဒီမိုကေရစီေရခံေျမခံေကာင္း  ရွိေနတာပါပဲ။

တျခားတစ္ဖက္ကိုၾကည့္ျပန္ေတာ့လည္း ဘာသာေရးအျမင္ရဲ႕လႊမ္းမိုးမႈက ႏိုင္ငံသားေတြရဲ႕စ႐ိုက္ လကၡဏာကို ျပဌာန္းတဲ့အထိ ျဖစ္႐ုံမက ဗုဒၶဘာသာနဲ႔ပတ္သက္ရင္ ျပန္ေမးခြန္းမထုတ္ရဲတဲ့အထိ က်ေနာ္ တို႔အေၾကာက္ႀကီးခဲ့ရတယ္။အယူအဆေရးရာနယ္ပယ္မွာ ေထရဝါဒကို ေမးခြန္းထုတ္ခြင့္မရွိေအာင္ကို အ ဆက္ဆက္ျပဌာန္းၿပီးျဖစ္ပါတယ္။

ေမးခြန္းထုတ္ခြင့္အေပၚ အေလးအနက္ထားတဲ့ ဗုဒၶဘာသာရဲ႕ လြတ္လပ္ပြင့္လင္းမႈဟာ ျမန္မာ့လူ႔ အဖြဲ႕အစည္းမွာ ဟိုးေရွးႏွစ္မ်ားစြာကတည္းကေပ်ာက္ဆုံးခဲ့ရတယ္။ ျမန္မာ့ယဥ္ေက်းမႈအ ဦးအစ ပုဂံေခတ္တုန္းက လြတ္လပ္စြာကိုးကြယ္မႈကို အသိအမွတ္ျပဳခဲ့ၿပီး မိမိရဲ႕သက္ဝင္မႈအတိုင္း မက်င့္ႀကံ သူကိုသာ ဒိဌိလို႔ သတ္မွတ္ခဲ့ရာကေန ယဥ္ေက်းတဲ့လူအဖြဲ႕အစည္းေခတ္ကိုေရာက္ေတာ့ ဗုဒၶဘာသာဝင္မွမ ဟုတ္ရင္ဒါမွမဟုတ္ ဘာသာမဲ့ဆိုရင္ ဒိဌိလို႔ သမုတ္တဲ့အထိ အတင့္ရဲခဲ့တယ္။အဲဒီကေနတစ္ဆင့္ ျမန္မာႏိုင္ ငံတြင္း တျခားေသာဘာသာတရားကိုးကြယ္သူလူနည္းစုအေပၚ ႏွိမ့္ခ်မႈေတြ၊တစ္ဆင့္နိမ့္ဆက္ဆံတာေတြ ရွိ လာခဲ့တယ္။အထူးသျဖင့္ ဗုဒၶဘာသာမဟုတ္တဲ့တိုင္းရင္းသားေတြအေပၚ ဗုဒၶဘာသာဝင္ခပ္မ်ားမ်ားရဲ႕ ရႈျမင္ မႈမွာ ထူထူထဲထဲစည္းတစ္ခုျခားထားတာ ျငင္းလို႔မရပါဘူး။

ဘုန္းႀကီးျမင္ရင္ က်ေနာ္တို႔ကုန္းကန္ေတာ့ခဲ့ၾကတယ္။ဘုန္းႀကီးေဟာတဲ့တရားကို  ဗမာလိုအနက္ ေတြဘာေတြမသိလည္း က်ေနာ္တို႔နာယူခဲ့ၾကတယ္။ကိုယ့္ဘာသာေဆာက္တည္မွရမယ့္သီလကို ဘုန္းႀကီး ေပးမွရမလိုလိုနဲ႔ ဘုန္းႀကီးဆီ သီလေတာင္းခံခဲ့တယ္။ဘာသာေရးကေျပာသမွ် တေသြမတိမ္း တိတိက်က် ေခါင္းညိတ္ရတာဟာ ဗုဒၶဘာသာဝင္ေကာင္းရဲ႕ အမူအက်င့္ပမာ ဂ်င္းထည့္ခံၾကရပါတယ္။က်ေနာ္တို႔လူ႔အ ဖြဲ႕အစည္းမွာ ဗုဒၶဘာသာနဲ႔ပတ္သက္ရင္ မထိရဲမတို႔ရဲ ဘယ္ေလာက္ေတာင္ျပားျပားဝပ္ခဲ့သလိုဆို ဝိနည္းအရာ ဆိုးဆိုး႐ြား႐ြားေဖာက္ဖ်က္က်ဴးလြန္ေနတဲ့ ဘုန္းႀကီးကိုျမင္ရင္ေတာ့ မျမင္ခ်င္ေယာင္ေဆာင္ၾက၊မသိခ်င္ ေယာင္ေဆာင္ၾက၊ဘုန္းႀကီးကိုေဝဖန္ရင္ ငရဲႀကီးရွစ္ထပ္မပ်က္မခ်င္း အပယ္ငရဲကမတက္ႏိုင္တဲ့အထိ ေရာက္ ရွိေတာ့မွာလိုလိုနဲ႔ ဒီဂ်င္းက မ်ိဳးဆက္အလီလီ ေခတ္အဆက္ဆက္ အဓြန႔္ရွည္ခဲ့ေလေတာ့ သကၤန္းဝတ္ထား ျခင္းဟာ ဘာအျပစ္မဆို ကင္းလြတ္ခြင့္ရေနသလိုလို။သူ႔အျပစ္သူခံလိမ့္မယ္၊ကိုယ္ကေျပာ ကိုယ္ပါအျပစ္ရွိ သြားသလို ေဝဖန္ျခင္းကင္းေအာင္ကို ႀကံဖန္ကာကြယ္တတ္ခဲ့တယ္။အဲဒီလို က်ည္ကာအထပ္ထပ္နဲ႔ အေပၚစီး ေနရာယူထားတဲ့ ရပ္ဝန္းအတြင္း ၿခိဳးၿခံေခြၽတာျခင္းကေန တစ္ကိုယ္ေတာ္လြတ္ေျမာက္ရာလမ္းဆီသို႔ ၫႊန္ျပ ခဲ့တဲ့ ဘာသာေရးမွာ နိဗၺာန္ေရာက္ေၾကာင္းတရားကိုတြင္တြင္ေဟာၿပီး ဇိမ္ခံပစၥည္းမ်ိဳးစုံနဲ႔ အႀကီးအက်ယ္ဇိမ္ ခံေနတဲ့ ဘုန္းႀကီးမ်ားစြာကိုေတြ႕လာရသလို ဘုန္းႀကီးဟာ ကုသိုလ္ထူးသူမို႔ ဇိမ္ခံႏိုင္တာလိုလို၊ဘုန္းႀကီးနဲ႔ဇိမ္ ခံပစၥည္းဟာ ဝိနည္းနဲ႔အညီ ရွိသင့္ရွိထိုက္တာလိုလိုအထိ က်ေနာ္တို႔ညံ့ဖ်င္းမႈေတြ အတင့္ရဲခဲ့ၾကပါတယ္။

အဲဒီလို ဘုန္းႀကီးဆို အၿမဲမွန္တာလိုလိုျဖစ္ေနတဲ့လူ႔အဖြဲ႕အစည္းမွာ အဆိုး႐ြားဆုံးျဖစ္လာတဲ့အေျခအ ေနက အၾကမ္းဖက္ဝါဒကို လႈံ႕ေဆာ္တဲ့ အစြန္းေရာက္လႈပ္ရွားမႈေတြပါပဲ။၂၀၁၂ခုႏွစ္၊အကဲဆတ္လြန္းလွတဲ့ရခိုင္ ျပည္နယ္က လူမ်ိဳးေရးအျမင္အေပၚအေျခတည္ခဲ့ပါတယ္။အသက္ငင္ေနတဲ့ အာဏာရွင္ေတြဟာ လူမ်ိဳးေရးအ ျမင္ကေန ပိုအကဲဆတ္လွတဲ့ အစြန္းေရာက္ဘာသာေရးအျမင္ထိေရာက္ေအာင္ ဖန္တီးခဲ့ပါတယ္။

အဆုံးစြန္ေမတၱာစိတ္ႀကီးဖို႔နဲ႔ အဆုံးစြန္သည္းခံျခင္းတရားကိုႁခြင္းခ်က္မရွိေတာင္းဆိုတဲ့ ဗုဒၶဘာသာ ဆိုတဲ့  ေခါင္းစဥ္ေအာက္မွာ ေသြးခ်င္းခ်င္းနီခဲ့ၾကပါတယ္။ဘာသာမတူသူေတြေၾကာင့္ အခုပဲ ဗုဒၶဘာသာႀကီး ဗမာျပည္မွာ ကြယ္ပေတာ့မွာလိုလို၊ဘာသာေရးအတြက္အသက္ေပးၾကဖို႔လိုၿပီလိုလို၊ဗုဒၶဘာသာကိုကာကြယ္ ဖို႔ သူတစ္ပါးအသက္သတ္တာ တရားဓမၼနဲ႔ညီသလိုလိုနဲ႔ ဘာသာေရးအစြန္းေရာက္ေတြက တစ္တိုင္းျပည္လုံးကို မီးေလာင္တိုက္သြင္းဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။သူတို႔ကိုအဓိကကာကြယ္ေပးသူက အာဏာရွင္ေတြပါပဲ။

အာဏာရွင္ေတြရဲ႕ ထီးရိပ္ေအာက္မွာပဲ လူမ်ိဳး၊ဘာသာ အေယာင္ေဆာင္ထားတဲ့ ေသြးစြန္းတဲ့လက္ ေတြဟာ အမ်ိဳးဘာသာသာသနာကို ကာကြယ္ေစာင့္ေရွာက္သူ မဘသလို႔ ေခါင္းစဥ္တပ္လိုက္ၾကတယ္။မဘသ ဥပေဒကို ႀကံ့ဖြတ္လႊတ္ေတာ္မွာ အတည္ျပဳေပးခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ၂၀၁၅ေ႐ြးေကာက္ပြဲမွာ ႀကံ့ဖြတ္အ ႏိုင္ရေရးအတြက္ မဘသေတြက လူမ်ိဳးဘာသာအသုံးခ် လုံ႔လစိုက္ခဲ့တယ္။

မဘသေခါင္းေဆာင္ႀကီးေတြနဲ႔ သီတဂူဘုန္းႀကီးတို႔ရဲ႕ ရည္မွန္းခ်က္ဟာ အမ်ိဳးဘာသာသာသနာ ေခါင္းစဥ္တပ္ၿပီး တိုင္းျပည္အာဏာကို ဘာသာေရးေခါင္းေဆာင္ေတြက ဝင္စြက္ဖက္ခြင့္ရတဲ့အထိ ရည္႐ြယ္ ခ်က္ႀကီးခဲ့ပုံရပါတယ္။

ျမန္မာ့ေက်းလက္ေဒသေတြမွာ  ရပ္႐ြာအုပ္ခ်ဳပ္ေရးထဲ ႐ြာဦး ေက်ာင္းဆရာေတာ္ဟာ အဓိကေနရာက ပါဝင္တာ က်ေနာ္တို႔လူ႔အဖြဲ႕အစည္းရဲ႕ ယဥ္ေက်းမႈတစ္ရပ္လိုပါပဲ။႐ြာဦးေက်ာင္းဆရာေတာ္ ဟာ ရပ္႐ြာရဲ႕ တရားမဝင္အာဏာပိုင္လို႔လည္းဆိုႏိုင္ပါတယ္။ရပ္ထဲ႐ြာထဲ ႐ြာသူႀကီးမႏိုင္ေတာ့တဲ့အမႈအခင္း မ်ိဳးကို ဘုန္းႀကီးက ဆုံးျဖတ္ေပးေလ့ရွိၿပီး ဘုန္းႀကီးအဆုံးအျဖတ္အေပၚ နာယူၾကတာ ေက်းလက္ရဲ႕ ဓေလ့ တစ္ခုပါပဲ။

အဲဒီဓေလ့ကို သီတဂူတို႔က ႏိုင္ငံေတာ္အာဏာအထိေရာက္ေအာင္ ခ်ဲ႕ထြင္လိုၾကပါတယ္။အစၥလာမ္ ႏိုင္ငံေတြလို ႏိုင္ငံေတာ္အာဏာမွာ ဘာသာေရးေခါင္းေဆာင္ေတြရဲ႕အေရးပါမႈမ်ိဳးရယူခ်င္တယ္။အဲဒီလိုအ႐ိုက္ အရာမ်ိဳးဆိုတာက က်ေနာ္တို႔ရခဲ့တဲ့ စစ္တစ္ပိုင္းဒီမိုကေရစီမွာေတာင္ မျဖစ္ႏိုင္ပါဘူး။ၿပီးေတာ့ ဘာသာေရးအ စြန္းေရာက္မႈေတြနဲ႔ လူတြင္က်ယ္ျဖစ္လိုတဲ့ ဝီရသူလိုဘုန္းႀကီးအတန္းအစားေတြကလည္း အာဏာရွင္ေတြ ေခတ္မွာသာ သူတို႔ျဖစ္ခ်င္သလိုျဖစ္ႏိုင္တာမို႔ ဒီမိုကေရစီကိုျပတ္ျပတ္သားသားဆန႔္က်င္ခဲ့ၾကတယ္။

ဒါ့ေၾကာင့္ စစ္တပ္ကအာဏာလည္းသိမ္းေရာ လက္သီးလက္ေမာင္းတန္းေထာက္ခံတဲ့ ထဲမွာ သီတဂူ တို႔လို ဘုန္းႀကီးေတြထိပ္ဆုံးကပါေနတာပါပဲ။ဒါကို က်ေနာ္တို႔ထုံထိုင္းထိုင္းမ်ိဳးဆက္လို ဒီဂ်စ္တယ္မ်ိဳးဆက္က ၿငိမ္မခံေတာ့ပါဘူး။ဓမၼနဲ႔ အဓမၼကိုေတာင္ ခြဲျခားသိျမင္ႏိုင္စြမ္းမရွိတဲ့ ဘုန္းႀကီးေတြကို အားမနာတမ္းေမးခြန္း ထုတ္ၾကပါတယ္။ဗုဒၶဘာသာရဲ႕အရိပ္ေအာက္မွာရွိတဲ့ ျမန္မာႏိုင္ငံသားဟာ ဘာ့ေၾကာင့္ငရဲ တမွ် ပူေလာင္ေနရ တာလဲလို႔လည္း ေမးခြန္းထုတ္လာၾကပါတယ္။အဲဒီကတစ္ဆင့္ ဘာသာေရးဆိုတာ တစ္ဦးခ်င္းစီရဲ႕စိတ္ကို ေအးခ်မ္းလာေအာင္ စြမ္းေဆာင္ႏိုင္ေပမဲ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးမႈအတြက္ ဘာမွ မတတ္ႏိုင္ပါလားဆိုၿပီး သိ ျမင္လာၾကပါတယ္။ကိုဗစ္တတိယလႈိင္းျဖစ္ေတာ့ ပရိတ္တရား႐ြတ္တာဟာ စိတ္လုံၿခဳံမႈအတြက္ သာတတ္ ႏိုင္ေၾကာင္း မ်ိဳးဆက္သစ္ေတြက သေဘာေပါက္ၾကတယ္။

ေျပာရရင္ က်ေနာ္တို႔အစဥ္အဆက္မထိရဲမတို႔ရဲခဲ့ဘာသာေရးကို မ်ိဳးဆက္သစ္ေတြက အားမနာတမ္း ေမးခြန္းထုတ္လာျခင္းပါပဲ။ထပ္ေျပာရမယ္ဆိုရင္ ဘာသာေရးနဲ႔ပတ္သက္တဲ့ ေခတ္အဆက္ဆက္ဂ်င္းေတြကို မ်ိဳးဆက္သစ္ေတြက ေတာ္လွန္လိုက္တာပါပဲ။

ဒါေတြဟာ က်ေနာ္တို႔ဒီမိုကေရစီေအာင္ေျမနင္းၿပီးေနာက္မွာ အေရးႀကီးတဲ့အေျပာင္းအလဲဆီ ဦးတည္လာႏိုင္ပါတယ္။ဗုဒၶဘာသာသာလွ်င္ မွန္ကန္တယ္ဆိုတာမ်ိဳး၊ဘာသာျခားလူနည္းစုကို အေလးမ ထားတာမ်ိဳး၊ေတြကို ေျမလွန္ၾကမွာျဖစ္သလို ဘာသာေရးဆိုတာတစ္ဦးခ်င္းစီရဲ႕ ယုံၾကည္မႈကိစၥသာ ျဖစ္တယ္ဆိုတာမ်ိဳး ရဲရဲေတြးလာၾက ေတာ့မွာပါ။

အဲဒီအေျပာင္းအလဲဟာ ႏိုင္ငံသားတိုင္းတန္းတူအခြင့္အေရးရွိကိုရွိရမယ့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ႏိုင္ေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ေရခံေျမခံေကာင္းေတြလည္းျဖစ္ပါတယ္။

မင္းကိုမင္း