• Today is: Sunday, May 26, 2024

အာဏာရွင္စစ္တပ္၏ မ်ိဳး႐ိုးဗီဇ

အာဏာရှင်စစ်တပ်၏ မျိုးရိုးဗီဇ

——————————————————————–

တိုင်းရင်းသားသွေး သုံးမတ်မကပါသော ကျနော၏ကလေးဘဝသည် တိုင်းရင်းသားဒေသ တွင်အပူအပင်ကင်းစွာကြီးပြင်းခဲ့သည်။ဘာ့ကြောင့်အပူအပင်ကင်းရသလဲဆိုတော့ ကျနော့်ဇာတိမြေ မှာ စစ်ရိပ်စစ်ငွေ့ကင်းသောကြောင့်ဖြစ်သည်။

ကျနော့်ဇာတိမြေတွင် တိုင်းရင်းသားလက်နက်ကိုင်များမရှိ၊ထို့ကြောင့် ကျနော်တို့အရပ်တွင် အထိုင် ချထားသောစစ်တပ်မရှိ။သို့သော်၊ရံဖန်ရံခါ တပ်ခွဲတစ်ခွဲမက ရောက်လာတတ်သည်။သို့သော်၊အကြာကြီးအ ထိုင်ချတာမျိုးတော့မဟုတ်၊ ခဏတဖြုတ်နေကာပြန်သွားလေ့ရှိသည်။

သူတို့ဘာလာလုပ်သလဲဆိုတော့ ပေါ်တာလာဆွဲခြင်းဖြစ်သည်။သဘ်ောဆိပ်၊ရုပ်ရှင်ရုံစသည့် လူစည် ကားရာနေရာများသို့ အမှတ်မထင်ရောက်လာကာ အရွယ်ရောက်သူများအားလုံးအား ရသလောက်ဝင်ဖမ်း ခြင်း ကို ပေါ်တာဆွဲခြင်းဟုခေါ်သည်။

ကျနော်တို့တောသားများခမျာ သေနတ်မြင်ရုံနှင့်ကြောက်နေရသည့်ကြားထဲ ရှေ့တန်းနယ်မြေအထိ အလေးအပင်များမကာ ကျည်ဆန်တွေရဲ့ကြားပြေးလွှားရမည်ဖြစ်၍ အကြောက်ကြီးကြောက်ကြသည်။သို့ သော်၊ပေါ်တာအဆွဲခံရလျှင် ကျနော်ကြောက်လို့မလိုက်ပါရစေနဲ့ဟု တောင်းပန်လို့လည်းပြန်မလွှတ်သဖြင့် ကြောက်လည်းကြောက်ကြောက်နှင့်လိုက်ရသည်။

ထိုသို့ပေါ်တင်ဆွဲတာတင်ပဲလားဆိုတော့ မဟုတ်။ကျေးရွာအလိုက်ရပ်ကွက်အလိုက် စစ်တပ်က သတ် မှတ်ပေးသည့် ပေါ်တာဦးရေကိုလည်း ပေးရသည်။ဒီရွာကပေါ်တာဘယ်နှဦးပေးပါဟုဆိုလာလျှင် ဘယ်ရွာလူ ကြီး က မှ စောဒကမတက်ရဲ။တစ်အိမ်ငွေဘယ်လောက်ထည့်ဟူ၍ ပေါ်တာကြေးကောက်ခံကာ ပေါ်တာအ ဌားလိုက် မည့်သူများကို လိုက်ဌားရသည်။

ကောက်ညှင်းပေါင်းတစ်မတ်ဖိုးဆို ကလေးတစ်ယောက်ဗိုက်ပြည့်သည့် ၁၉၈၀ဝန်းကျင်ကာလ တွင် ပေါ်တာတစ်ယောက်ဌား ကျပ်၂၅၀၀ကျော်ဆိုသည်မှာ မနည်းလှသည့်ငွေဖြစ်သည်။ထို့ကြောင့် အလုပ်မရှိ၊ နောက်ခံအင်အားမရှိသလို စွန့်စားလိုစိတ်လည်းရှိ၊လည်လည်ဝယ်ဝယ်လည်းရှိသူများမှာ ပေါ်တာအဌား လိုက်ကြသည်။

ပေါ်တာအဌားလိုက်သူများမှာ ကိုယ့်မြို့နယ်အတွင်းမပြေးရ၊ကိုယ့်မြို့နယ်ပြင်ပရောက်ပါက အစောင့် လစ်လျှင်ကြိုက်သလိုပြေး။ပြေးလို့သေနတ်နဲ့အပစ်ခံရပြီး သေသွားလျှင် မည်သူမျှတာဝန်မယူ။သို့ သော်၊လမ်း ခရီး တစ်လျှောက် အစောင့်ကမျက်ခြေမပြတ်တာမို့ ပြေးဖို့ရာမလွယ်။ရှေ့တန်းမထွက်မီ ၄-၅ရက်နားရသော တပ် စခန်းရောက်မှသာ ပြေးလို့ရသည်။

ရိုးရိုးပြေးလို့တော့မရ။ဆရာကြီးဟုခေါ်သည့် တပ်ကြပ်ကြီးများထံ လိုင်းဝင်ရသည်။ဆရာကြီးဆိုသူက ကိုယ့်ဆီလာပြီးပြေးချင်သလား၊ဘယ်လောက်ပေးဟု လာမမေး။ကိုယ်ကမျက်နှာရိပ်မျက်နှာကဲကြည့်တတ်ရ သည်။ဆရာကြီးဆီတန်းဝင်ဖို့ခက်နေလျှင် ဆရာလေးဒုတပ်ကြပ်ကနေတစ်ဆင့် ဝင်တတ်ရသည်။

သူတို့သတ်မှတ်စျေးအတိုင်းပေး၊သူတို့ပြောသည့်အချိန် သူတို့ညွှန်သည့်လမ်းကြောင်းအတိုင်းပြေး။ ကိုယ်က လူလည်ကျကာ နှစ်ယောက်စာပေးထားပြီး ၃ယောက်ပြေးလျှင်တော့ အမှန်အကန်ပစ်မည်ဟု ဆရာ ကြီး၊ဆရာလေးတို့ကသတိပေးပြီးသား။နှစ်ယောက်စာပေးပြီးနှစ်ယောက်ပြေးလျှင်တော့ ဆရာကြီး၊ဆရာလေး တို့က သူတို့တာဝန်ကျေကြောင်းပေါ်လွင်အောင် ခြောက်ပစ်၊ပစ်ပေးမည်။သေနတ်သံကြားလို့မကြောက်နဲ့၊ ပြေးသာပြေး။သူတို့ပြောသည့်လမ်းကြောင်းအတိုင်းစိတ်ချလက်ချသာပြေး၊အမှန်တကယ်လွတ်သည်။

ကိုယ့်မြို့ကိုယ့်ရွာပြန်ရောက်လျှင် ပြေးလာသလား၊ပေါ်တာတကယ်လိုက်ပြီးလို့ပြန်လာတာလား မည် သူကမှမစစ်။ကိုယ့်မြို့ပြင်ပရောက်ပြီးမှ မည်သို့လွတ်ပြီး ပြန်ရောက်လာပါစေ၊ဘယ်အာဏာပိုင် ကမှပြဿနာ မရှာသဖြင့် လူရည်လည် သောပေါ်တာအဌားလိုက်သူများက ပေါ်တာလိုက်ခထဲမှ ကျပ်၁၀၀၀လောက်ကိုယူ သွား၊ဆရာကြီးတို့ကို ၅၀၀လောက်ပေးပြီးပြေး။ထိုသို့သောနည်းဖြင့် ပေါ်တာတစ်ခေတ်တွင် အလုပ်ဖြစ်ခဲ့သူ များ ရှိပြီး သူတို့ပြောပြ သဖြင့် စီးပွားဖြစ်ပေါ်တာလုပ်နည်းအကြောင်း ပါးစပ်အဟောင်းသားဖြင့် ကျနော်နား ထောင်ခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေ၊ပေါ်တာခကို ကိုယ့်ရွာသားများသာ ပေးရသဖြင့် ငါးကြင်းဆီဖြင့်ငါးကြင်းပြန် ကြော် ခံရခြင်းပင်။ထို့ပြင် သူတို့စစ်ဥပဒေအရ အဆွဲခံရသောပေါ်တာသမားများကို စစ်တပ်ကလုပ်ခပေးရမည်ဖြစ် သော်လည်း တစ်ပြားမှမပေးရုံတင်မက အဓမ္မ ဖမ်းဆီး ပေါ်တာလိုက်စေခြင်းဖြစ်၍ ဥပဒေနှင့်မညီ။

သို့သော်၊စစ်တပ်မှာသေနတ်ရှိပြီး အမှန်တကယ်လည်းပစ်နိုင်သဖြင့် ဥပဒေနှင့်မညီကြောင်း ကျနော် တို့တောသားများသိခဲ့လျှင်တောင် ပြောရဲကြမည်မဟုတ်။သေနတ်ရှိသူကိုကျနော်တို့ကြောက်ခဲ့ရသည်။သူတို့ ကိုမြင်လျှင် ကျနော်တို့ခပ်ဝေးဝေးရှောင်ထွက်ကြမြဲဖြစ်သည်။ကိုယ့်ဇာတိရပ်ရွာတွင် အခြေစိုက်စစ်တပ်မရှိသ ဖြင့် ရောက်တုန်းခဏသာရှောင်ရ၊ထို့ကြောင့်ပေါ်တာဆွဲခြင်းကလွဲ စစ်တပ်ကပေးသောအခြားဒုက္ခများကို သိပ် မခံခဲ့ရပေ။

သိုံသော်၊ကျနော်တို့လို ဘယ်လို ရှောင်ရှောင် မလွတ်သူများလည်းရှိသည်။ထိုသူတို့မှာ နေ့စဥ်ကျည် ဆန်တွေ ပြေး လွှားနေသော အမည်းရောင်နယ်မြေတွင်နေထိုင်ကြသူများဖြစ်သည်။မြေကြီးရှိ လျှင်မိုင်းရှိ သည်ဆိုသောနေရာ၊ ‌ခြေထောက်မှာမျက်စိမပါ၊မျက်စိပါဦးတော့ မိုင်းဆိုတာက မြေကြီးထဲမှာ။ကံကောင်းလွန်း သူမို့ မိုင်းတွေဘာ တွေမထိဘူးပဲထား။ဥဒဟိုပြေးနေသောကျည်ဆန်များက အရပ်သားပြည်သူဆို မမှန်ဘူးလို့ အာမမခံနိုင်လေ တော့ ကျည်ဆန်ကို ရှောင်လို့ရနိုင်သလောက်ရအောင်ရှောင်ရသည်။

သူတို့ကျေးလက်တွင် မိုင်းထိလို့ခြေထောက်ပြတ်သွားခြင်းနှင့် ကျည်ဆန်ထိမှန်သေဆုံးခြင်းမှာ သူတို့ တိုင်းရင်းသားများ ရသင့်ရထိုက်သောဝေစုပမာ လက်ခံထားရသည်။မိုင်းထိပြီးခြေပြတ်သွားလို့လည်း မည် သည့်အာဏာပိုင်ကမှ လာမကူ၊လျော်ကြေးမပြောနဲ့၊ကရုဏာကြေးလေးပင် မရ။ခြေရှည် တော့ခံရတာနည်း သေးဟု အပြစ်မတင်လျှင်ကံကောင်း။ခြေတစ်ဖက်ပြတ်နဲ့ ကိုယ့်ဘ ဝကိုယ် အဆင်ပြေသလို ဆက်လို့သာ အသက်မွေးပေတော့။

ရွာဘက်ကိုစစ်ကြောင်းလာနေပြီဟေ့ဆိုလျှင် အရွယ်ရောက်ယောကျာ်းသားအားလုံး ပြေးရလွှားရ ရှောင်ရတိမ်းရသည်။စစ်တပ်ကမိတယ်ဟေ့ဆိုမသက်သာ။အနိမ့်ဆုံးအဆင့် ဘယ်တော့ ရွာပြန်ခွင့်ရမှာ မ သေချာသော အထုပ်ထမ်းဘဝပေါ်တာ။စိတ်မထင်လို့ ပစ်သတ်ခံရလျှင် တောထဲတောင်ထဲ အလောင်းပင် မြှုပ် နှံပေးမည့်သူမရှိ။ရွာမှာကျန်ခဲ့သောမိသားစုဝင်များက ကိုယ့်ယောကျာ်း၊ကိုယ့်သား ရွာပြန်မရောက်လာ၍သာ မရှိတော့ဘူးဟုသတ်မှတ်လိုက်ရသည်။အမှန်တကယ် သေ၊မသေ အတိအကျမသိ။

စစ်တပ်ကရွာထဲ အထိုင်ချလျှင် ရွာသားတို့မွေးမြူထားသော ကြက်၊ဝက်များမှာ စစ်သားတို့ခံတွင်းထဲ အခမဲ့သက်ဆင်းရသည်။သူများပစ္စည်းမို့ ကြက်တစ်ကောင်လောက်ပေးနိုင်မလားဟု လေသံပျော့ပျော့လေးနဲ့ လာတောင်းသည်ဟုမထင်နဲ့။သူတို့စခန်းချသောနေရာမှ မည်သည့်ပစ္စည်းမဆို သူတို့အပိုင်ဟု သဘောထားရဲ သဖြင့် မည်သည့်ပိုင်ရှင်ထံကမှ မတောင်း၊ကိုယ့်ဘာသာလိုချင် သွားယူရုံ။တိရစ္ဆာန်တင်ပဲလားဆိုတော့ မ ဟုတ်။ရွာနှင့်ခပ်လှမ်းလှမ်းတောထဲလိုနေရာမျိုး၌ မိန်းမပျိုများကိုတွေ့လျှင် ကာမလုယူရုံတင်မက ပြီးလျှင် အပျောက်ရှင်းလိုက်တာမျိုးသည်လည်း ဒုနဲ့ဒေးဖြစ်သည်။

ကိုယ့်ရွာကို သူပုန်ရွာ(သို့မဟုတ်)သူပုန်အားပေးရွာဟု သတ်မှတ်ထားလျှင်တော့ တစ်ရွာလုံး မီး လောင်တိုက်သွင်းခံရ၊အရွယ်ရောက်ပြီးသော ယောကျာ်း၊မိန်းမတင်မက ကလေးရောခွေးပါမချန် ကျည်ဆန် စာကျွေးခဲ့ကြ။စစ်ကြောင်းပြန်သွားပြီဆိုတော့ တစ်ရွာလုံးဖွတ်ဖွတ်ညက်ညက်ကြေ၊သေသူကသေ၊ရှင်သူက နဂိုအခြေအနေသို့ပြန်ရောက်အောင် နောက်ထပ်လေး၊ငါးနှစ်မက မျက်ရည်စက်လက်ဖြင့် ချွေးဒီးဒီးကျ။

ရွာမှာနေလျှင် ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားနိုင်သဖြင့် ကျနော်တို့အရပ်ဆီ လာရောက်ခိုလှုံကြကုန် သော ကျနော့်သူငယ်ချင်းလေးများက ထိုသို့ပြောပြခဲ့သည်။ကိုယ်တိုင်မခံစားခဲ့ရသော်လည်း သူငယ်ချင်းတို့ ၏ ဘဝကို ဟိုး…ငယ်ငယ်လေးကတည်းက ကျနော့်နှလုံးသားနှင့် သိရှိခဲ့သည်။

၁၉၉၀ပြည့်နှစ်ကျော်ကာလ၊စစ်အစိုးရအကျဉ်ထောင်ထဲ နိုင်ငံရေးအကျဉ်းသားအဖြစ် ရောက်ရှိတော့ ကိုယ်နှင့်ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် ဆုံစည်းခဲ့ရ၊သူတို့ပြောပြသော သူတို့တိုင်းရင်းသားရွာ များအပေါ် စစ်တပ်က ဒုက္ခအမျိုးမျိုးပေးပုံကို မရိုးနိုင်အောင် ထပ်ကြားခဲ့ရသည်။

ထောင်ထဲက ကျနော့်မိတ်ဆွေတိုင်းရင်းသားများမှာ ရှမ်းပြည်နယ်ဘက်ကဖြစ်သည်။သူတို့ကျေးလက် ကို စစ်တပ်ကဒုက္ခပေးပုံမှာ ကျနော့်သူငယ်ချင်းဇာတိ ကရင်ရွာများကို ဒုက္ခပေးပုံနှင့် အတူတူပင်။ အချိန်မတူ၊ နေရာဒေသမတူသည့်တိုင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှုမှာ တစ်ပုံစံ တည်း။ပြောရလျှင် အ ကြမ်းဖက်စစ်တပ်၏ပြည်သူအပေါ်ရက်စက်ယုတ်မာသောဗီဇသည် နယ်စည်းမခြား။

ကျနော့်ကတိုင်းရင်းသားဒေသတွင်နေထိုင်ခဲ့ဖူးသူမို့ ထောင်တွင်းတိုင်းရင်းသားမိတ်ဆွေတို့က သူတို့ ဘဝအကြောင်းပြောပြတော့ ကျနော့်အတွက် အထူးအဆန်းမဟုတ်တော့သော်လည်း တိုင်းရင်းသားမဟုတ် သောနိုင်ငံရေးအကျဥ်းသားများမှာမူ အံ့သြတကြီးဖြစ်ခဲ့ကြဖူးသည်။

ယခု‌နွေဦးတော်လှန်ရေးကာလ၊ မြို့ကြီး ပြကြီးများပေါ် အရက်စက်ဆုံးနည်းလမ်းပေါင်းစုံဖြင့် စစ်အုပ်စုကကျူးလွန်နေသာစစ်ရာဇဝတ်မှုများကို  ထောင့်စေ့အောင်စောင့်ကြည့်နေသော အင်တာနက်ကမ္ဘာ ၏ကျေးဇူးကြောင့် ကျနော်တို့မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီဖြစ်သည်။ပြောရလျှင် အကြမ်းဖက်စစ်တပ် သည် တိုင်းရင်းသားဒေသများတင်မက မြို့ကြီးများတွင်ပါ စစ်ရာဇဝတ်မှုမျာူ ကျူးလွန်လာခြင်းဖြစ်သည်။

တိုင်းရင်းသားဒေသများအကြောင်းမသိခဲ့သူများက ယခုမြင်နေရသောစစ်ရာဇဝတ်မှုများကို အာဏာ ရှင်တို့၏ မထိန်းနိုင်သောဒေါသကြောင့်ဟုထင်မှတ်ကြသည်။တိုင်းရင်းသားများ၏ဘဝကို အသေအချာသိရှိခံ စားခဲ့သူများအတွက်မူ စစ်အုပ်စုကျူးလွန်နေသော စစ်ရာဇဝတ်မှုများသည် ဒေါသမထိန်းနိုင်၍ အမှားကျူးလွန် ခြင်းမဟုတ်ဘဲ မလုပ်ရမနေနိုင်သော မျိုးရိုးဗီဇကြောင့်ဟု ကောင်းကောင်းသဘောပေါက်ကြသည်။

စစ်အုပ်စုသည် မျိုးဆက်၃ဆက်ကြာ တိုင်းရင်းသားဒေသများတွင်စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ ပြီးသော လက်ယဥ်နေသည့်သားသတ်သမားဖြစ်သည်။မျိုးရိုးဗီဇဆိုသည်မှာ မျိုး ဆက်တစ်ဆက်ပြီးတစ်ဆက် ပိုအစွမ်းထက်လေ့ရှိသည်။

မျိုးရိုးဗီဇကို ပြုပြင်ပြေင်းလဲရသည်မှာ မလွယ်။ထို့ကြောင့်မကြိုက်သောမျိုးရိုးဗီဇကို အမြစ်ဖြတ်သုတ် သင်ခြင်းသည်သာ အကောင်းဆုံးအဖြေဖြစ်သည်။

မင်းကိုမင်း

အာဏာရွင္စစ္တပ္၏ မ်ိဳး႐ိုးဗီဇ

——————————————————————–

တိုင္းရင္းသားေသြး သုံးမတ္မကပါေသာ က်ေနာ၏ကေလးဘဝသည္ တိုင္းရင္းသားေဒသ တြင္အပူအပင္ကင္းစြာႀကီးျပင္းခဲ့သည္။ဘာ့ေၾကာင့္အပူအပင္ကင္းရသလဲဆိုေတာ့ က်ေနာ့္ဇာတိေျမ မွာ စစ္ရိပ္စစ္ေငြ႕ကင္းေသာေၾကာင့္ျဖစ္သည္။

က်ေနာ့္ဇာတိေျမတြင္ တိုင္းရင္းသားလက္နက္ကိုင္မ်ားမရွိ၊ထို႔ေၾကာင့္ က်ေနာ္တို႔အရပ္တြင္ အထိုင္ ခ်ထားေသာစစ္တပ္မရွိ။သို႔ေသာ္၊ရံဖန္ရံခါ တပ္ခြဲတစ္ခြဲမက ေရာက္လာတတ္သည္။သို႔ေသာ္၊အၾကာႀကီးအ ထိုင္ခ်တာမ်ိဳးေတာ့မဟုတ္၊ ခဏတျဖဳတ္ေနကာျပန္သြားေလ့ရွိသည္။

သူတို႔ဘာလာလုပ္သလဲဆိုေတာ့ ေပၚတာလာဆြဲျခင္းျဖစ္သည္။သဘ္ောဆိပ္၊႐ုပ္ရွင္႐ုံစသည့္ လူစည္ ကားရာေနရာမ်ားသို႔ အမွတ္မထင္ေရာက္လာကာ အ႐ြယ္ေရာက္သူမ်ားအားလုံးအား ရသေလာက္ဝင္ဖမ္း ျခင္း ကို ေပၚတာဆြဲျခင္းဟုေခၚသည္။

က်ေနာ္တို႔ေတာသားမ်ားခမ်ာ ေသနတ္ျမင္႐ုံႏွင့္ေၾကာက္ေနရသည့္ၾကားထဲ ေရွ႕တန္းနယ္ေျမအထိ အေလးအပင္မ်ားမကာ က်ည္ဆန္ေတြရဲ႕ၾကားေျပးလႊားရမည္ျဖစ္၍ အေၾကာက္ႀကီးေၾကာက္ၾကသည္။သို႔ ေသာ္၊ေပၚတာအဆြဲခံရလွ်င္ က်ေနာ္ေၾကာက္လို႔မလိုက္ပါရေစနဲ႔ဟု ေတာင္းပန္လို႔လည္းျပန္မလႊတ္သျဖင့္ ေၾကာက္လည္းေၾကာက္ေၾကာက္ႏွင့္လိုက္ရသည္။

ထိုသို႔ေပၚတင္ဆြဲတာတင္ပဲလားဆိုေတာ့ မဟုတ္။ေက်း႐ြာအလိုက္ရပ္ကြက္အလိုက္ စစ္တပ္က သတ္ မွတ္ေပးသည့္ ေပၚတာဦးေရကိုလည္း ေပးရသည္။ဒီ႐ြာကေပၚတာဘယ္ႏွဦးေပးပါဟုဆိုလာလွ်င္ ဘယ္႐ြာလူ ႀကီး က မွ ေစာဒကမတက္ရဲ။တစ္အိမ္ေငြဘယ္ေလာက္ထည့္ဟူ၍ ေပၚတာေၾကးေကာက္ခံကာ ေပၚတာအ ဌားလိုက္ မည့္သူမ်ားကို လိုက္ဌားရသည္။

ေကာက္ညႇင္းေပါင္းတစ္မတ္ဖိုးဆို ကေလးတစ္ေယာက္ဗိုက္ျပည့္သည့္ ၁၉၈၀ဝန္းက်င္ကာလ တြင္ ေပၚတာတစ္ေယာက္ဌား က်ပ္၂၅၀၀ေက်ာ္ဆိုသည္မွာ မနည္းလွသည့္ေငြျဖစ္သည္။ထို႔ေၾကာင့္ အလုပ္မရွိ၊ ေနာက္ခံအင္အားမရွိသလို စြန႔္စားလိုစိတ္လည္းရွိ၊လည္လည္ဝယ္ဝယ္လည္းရွိသူမ်ားမွာ ေပၚတာအဌား လိုက္ၾကသည္။

ေပၚတာအဌားလိုက္သူမ်ားမွာ ကိုယ့္ၿမိဳ႕နယ္အတြင္းမေျပးရ၊ကိုယ့္ၿမိဳ႕နယ္ျပင္ပေရာက္ပါက အေစာင့္ လစ္လွ်င္ႀကိဳက္သလိုေျပး။ေျပးလို႔ေသနတ္နဲ႔အပစ္ခံရၿပီး ေသသြားလွ်င္ မည္သူမွ်တာဝန္မယူ။သို႔ ေသာ္၊လမ္း ခရီး တစ္ေလွ်ာက္ အေစာင့္ကမ်က္ေျခမျပတ္တာမို႔ ေျပးဖို႔ရာမလြယ္။ေရွ႕တန္းမထြက္မီ ၄-၅ရက္နားရေသာ တပ္ စခန္းေရာက္မွသာ ေျပးလို႔ရသည္။

႐ိုး႐ိုးေျပးလို႔ေတာ့မရ။ဆရာႀကီးဟုေခၚသည့္ တပ္ၾကပ္ႀကီးမ်ားထံ လိုင္းဝင္ရသည္။ဆရာႀကီးဆိုသူက ကိုယ့္ဆီလာၿပီးေျပးခ်င္သလား၊ဘယ္ေလာက္ေပးဟု လာမေမး။ကိုယ္ကမ်က္ႏွာရိပ္မ်က္ႏွာကဲၾကည့္တတ္ရ သည္။ဆရာႀကီးဆီတန္းဝင္ဖို႔ခက္ေနလွ်င္ ဆရာေလးဒုတပ္ၾကပ္ကေနတစ္ဆင့္ ဝင္တတ္ရသည္။

သူတို႔သတ္မွတ္ေစ်းအတိုင္းေပး၊သူတို႔ေျပာသည့္အခ်ိန္ သူတို႔ၫႊန္သည့္လမ္းေၾကာင္းအတိုင္းေျပး။ ကိုယ္က လူလည္က်ကာ ႏွစ္ေယာက္စာေပးထားၿပီး ၃ေယာက္ေျပးလွ်င္ေတာ့ အမွန္အကန္ပစ္မည္ဟု ဆရာ ႀကီး၊ဆရာေလးတို႔ကသတိေပးၿပီးသား။ႏွစ္ေယာက္စာေပးၿပီးႏွစ္ေယာက္ေျပးလွ်င္ေတာ့ ဆရာႀကီး၊ဆရာေလး တို႔က သူတို႔တာဝန္ေက်ေၾကာင္းေပၚလြင္ေအာင္ ေျခာက္ပစ္၊ပစ္ေပးမည္။ေသနတ္သံၾကားလို႔မေၾကာက္နဲ႔၊ ေျပးသာေျပး။သူတို႔ေျပာသည့္လမ္းေၾကာင္းအတိုင္းစိတ္ခ်လက္ခ်သာေျပး၊အမွန္တကယ္လြတ္သည္။

ကိုယ့္ၿမိဳ႕ကိုယ့္႐ြာျပန္ေရာက္လွ်င္ ေျပးလာသလား၊ေပၚတာတကယ္လိုက္ၿပီးလို႔ျပန္လာတာလား မည္ သူကမွမစစ္။ကိုယ့္ၿမိဳ႕ျပင္ပေရာက္ၿပီးမွ မည္သို႔လြတ္ၿပီး ျပန္ေရာက္လာပါေစ၊ဘယ္အာဏာပိုင္ ကမွျပႆနာ မရွာသျဖင့္ လူရည္လည္ ေသာေပၚတာအဌားလိုက္သူမ်ားက ေပၚတာလိုက္ခထဲမွ က်ပ္၁၀၀၀ေလာက္ကိုယူ သြား၊ဆရာႀကီးတို႔ကို ၅၀၀ေလာက္ေပးၿပီးေျပး။ထိုသို႔ေသာနည္းျဖင့္ ေပၚတာတစ္ေခတ္တြင္ အလုပ္ျဖစ္ခဲ့သူ မ်ား ရွိၿပီး သူတို႔ေျပာျပ သျဖင့္ စီးပြားျဖစ္ေပၚတာလုပ္နည္းအေၾကာင္း ပါးစပ္အေဟာင္းသားျဖင့္ က်ေနာ္နား ေထာင္ခဲ့ဖူးသည္။

မည္သို႔ပင္ဆိုေစ၊ေပၚတာခကို ကိုယ့္႐ြာသားမ်ားသာ ေပးရသျဖင့္ ငါးၾကင္းဆီျဖင့္ငါးၾကင္းျပန္ ေၾကာ္ ခံရျခင္းပင္။ထို႔ျပင္ သူတို႔စစ္ဥပေဒအရ အဆြဲခံရေသာေပၚတာသမားမ်ားကို စစ္တပ္ကလုပ္ခေပးရမည္ျဖစ္ ေသာ္လည္း တစ္ျပားမွမေပး႐ုံတင္မက အဓမၼ ဖမ္းဆီး ေပၚတာလိုက္ေစျခင္းျဖစ္၍ ဥပေဒႏွင့္မညီ။

သို႔ေသာ္၊စစ္တပ္မွာေသနတ္ရွိၿပီး အမွန္တကယ္လည္းပစ္ႏိုင္သျဖင့္ ဥပေဒႏွင့္မညီေၾကာင္း က်ေနာ္ တို႔ေတာသားမ်ားသိခဲ့လွ်င္ေတာင္ ေျပာရဲၾကမည္မဟုတ္။ေသနတ္ရွိသူကိုက်ေနာ္တို႔ေၾကာက္ခဲ့ရသည္။သူတို႔ ကိုျမင္လွ်င္ က်ေနာ္တို႔ခပ္ေဝးေဝးေရွာင္ထြက္ၾကၿမဲျဖစ္သည္။ကိုယ့္ဇာတိရပ္႐ြာတြင္ အေျခစိုက္စစ္တပ္မရွိသ ျဖင့္ ေရာက္တုန္းခဏသာေရွာင္ရ၊ထို႔ေၾကာင့္ေပၚတာဆြဲျခင္းကလြဲ စစ္တပ္ကေပးေသာအျခားဒုကၡမ်ားကို သိပ္ မခံခဲ့ရေပ။

သိုံေသာ္၊က်ေနာ္တို႔လို ဘယ္လို ေရွာင္ေရွာင္ မလြတ္သူမ်ားလည္းရွိသည္။ထိုသူတို႔မွာ ေန႔စဥ္က်ည္ ဆန္ေတြ ေျပး လႊားေနေသာ အမည္းေရာင္နယ္ေျမတြင္ေနထိုင္ၾကသူမ်ားျဖစ္သည္။ေျမႀကီးရွိ လွ်င္မိုင္းရွိ သည္ဆိုေသာေနရာ၊ ‌ေျခေထာက္မွာမ်က္စိမပါ၊မ်က္စိပါဦးေတာ့ မိုင္းဆိုတာက ေျမႀကီးထဲမွာ။ကံေကာင္းလြန္း သူမို႔ မိုင္းေတြဘာ ေတြမထိဘူးပဲထား။ဥဒဟိုေျပးေနေသာက်ည္ဆန္မ်ားက အရပ္သားျပည္သူဆို မမွန္ဘူးလို႔ အာမမခံႏိုင္ေလ ေတာ့ က်ည္ဆန္ကို ေရွာင္လို႔ရႏိုင္သေလာက္ရေအာင္ေရွာင္ရသည္။

သူတို႔ေက်းလက္တြင္ မိုင္းထိလို႔ေျခေထာက္ျပတ္သြားျခင္းႏွင့္ က်ည္ဆန္ထိမွန္ေသဆုံးျခင္းမွာ သူတို႔ တိုင္းရင္းသားမ်ား ရသင့္ရထိုက္ေသာေဝစုပမာ လက္ခံထားရသည္။မိုင္းထိၿပီးေျချပတ္သြားလို႔လည္း မည္ သည့္အာဏာပိုင္ကမွ လာမကူ၊ေလ်ာ္ေၾကးမေျပာနဲ႔၊က႐ုဏာေၾကးေလးပင္ မရ။ေျခရွည္ ေတာ့ခံရတာနည္း ေသးဟု အျပစ္မတင္လွ်င္ကံေကာင္း။ေျခတစ္ဖက္ျပတ္နဲ႔ ကိုယ့္ဘ ဝကိုယ္ အဆင္ေျပသလို ဆက္လို႔သာ အသက္ေမြးေပေတာ့။

႐ြာဘက္ကိုစစ္ေၾကာင္းလာေနၿပီေဟ့ဆိုလွ်င္ အ႐ြယ္ေရာက္ေယာက်ာ္းသားအားလုံး ေျပးရလႊားရ ေရွာင္ရတိမ္းရသည္။စစ္တပ္ကမိတယ္ေဟ့ဆိုမသက္သာ။အနိမ့္ဆုံးအဆင့္ ဘယ္ေတာ့ ႐ြာျပန္ခြင့္ရမွာ မ ေသခ်ာေသာ အထုပ္ထမ္းဘဝေပၚတာ။စိတ္မထင္လို႔ ပစ္သတ္ခံရလွ်င္ ေတာထဲေတာင္ထဲ အေလာင္းပင္ ျမႇဳပ္ ႏွံေပးမည့္သူမရွိ။႐ြာမွာက်န္ခဲ့ေသာမိသားစုဝင္မ်ားက ကိုယ့္ေယာက်ာ္း၊ကိုယ့္သား ႐ြာျပန္မေရာက္လာ၍သာ မရွိေတာ့ဘူးဟုသတ္မွတ္လိုက္ရသည္။အမွန္တကယ္ ေသ၊မေသ အတိအက်မသိ။

စစ္တပ္က႐ြာထဲ အထိုင္ခ်လွ်င္ ႐ြာသားတို႔ေမြးျမဴထားေသာ ၾကက္၊ဝက္မ်ားမွာ စစ္သားတို႔ခံတြင္းထဲ အခမဲ့သက္ဆင္းရသည္။သူမ်ားပစၥည္းမို႔ ၾကက္တစ္ေကာင္ေလာက္ေပးႏိုင္မလားဟု ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔ လာေတာင္းသည္ဟုမထင္နဲ႔။သူတို႔စခန္းခ်ေသာေနရာမွ မည္သည့္ပစၥည္းမဆို သူတို႔အပိုင္ဟု သေဘာထားရဲ သျဖင့္ မည္သည့္ပိုင္ရွင္ထံကမွ မေတာင္း၊ကိုယ့္ဘာသာလိုခ်င္ သြားယူ႐ုံ။တိရစာၦန္တင္ပဲလားဆိုေတာ့ မ ဟုတ္။႐ြာႏွင့္ခပ္လွမ္းလွမ္းေတာထဲလိုေနရာမ်ိဳး၌ မိန္းမပ်ိဳမ်ားကိုေတြ႕လွ်င္ ကာမလုယူ႐ုံတင္မက ၿပီးလွ်င္ အေပ်ာက္ရွင္းလိုက္တာမ်ိဳးသည္လည္း ဒုနဲ႔ေဒးျဖစ္သည္။

ကိုယ့္႐ြာကို သူပုန္႐ြာ(သို႔မဟုတ္)သူပုန္အားေပး႐ြာဟု သတ္မွတ္ထားလွ်င္ေတာ့ တစ္႐ြာလုံး မီး ေလာင္တိုက္သြင္းခံရ၊အ႐ြယ္ေရာက္ၿပီးေသာ ေယာက်ာ္း၊မိန္းမတင္မက ကေလးေရာေခြးပါမခ်န္ က်ည္ဆန္ စာေကြၽးခဲ့ၾက။စစ္ေၾကာင္းျပန္သြားၿပီဆိုေတာ့ တစ္႐ြာလုံးဖြတ္ဖြတ္ညက္ညက္ေၾက၊ေသသူကေသ၊ရွင္သူက နဂိုအေျခအေနသို႔ျပန္ေရာက္ေအာင္ ေနာက္ထပ္ေလး၊ငါးႏွစ္မက မ်က္ရည္စက္လက္ျဖင့္ ေခြၽးဒီးဒီးက်။

႐ြာမွာေနလွ်င္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေသသြားႏိုင္သျဖင့္ က်ေနာ္တို႔အရပ္ဆီ လာေရာက္ခိုလႈံၾကကုန္ ေသာ က်ေနာ့္သူငယ္ခ်င္းေလးမ်ားက ထိုသို႔ေျပာျပခဲ့သည္။ကိုယ္တိုင္မခံစားခဲ့ရေသာ္လည္း သူငယ္ခ်င္းတို႔ ၏ ဘဝကို ဟိုး…ငယ္ငယ္ေလးကတည္းက က်ေနာ့္ႏွလုံးသားႏွင့္ သိရွိခဲ့သည္။

၁၉၉၀ျပည့္ႏွစ္ေက်ာ္ကာလ၊စစ္အစိုးရအက်ဥ္ေထာင္ထဲ ႏိုင္ငံေရးအက်ဥ္းသားအျဖစ္ ေရာက္ရွိေတာ့ ကိုယ္ႏွင့္ဘဝတူ တိုင္းရင္းသားလက္နက္ကိုင္တခ်ိဳ႕ႏွင့္ ဆုံစည္းခဲ့ရ၊သူတို႔ေျပာျပေသာ သူတို႔တိုင္းရင္းသား႐ြာ မ်ားအေပၚ စစ္တပ္က ဒုကၡအမ်ိဳးမ်ိဳးေပးပုံကို မ႐ိုးႏိုင္ေအာင္ ထပ္ၾကားခဲ့ရသည္။

ေထာင္ထဲက က်ေနာ့္မိတ္ေဆြတိုင္းရင္းသားမ်ားမွာ ရွမ္းျပည္နယ္ဘက္ကျဖစ္သည္။သူတို႔ေက်းလက္ ကို စစ္တပ္ကဒုကၡေပးပုံမွာ က်ေနာ့္သူငယ္ခ်င္းဇာတိ ကရင္႐ြာမ်ားကို ဒုကၡေပးပုံႏွင့္ အတူတူပင္။ အခ်ိန္မတူ၊ ေနရာေဒသမတူသည့္တိုင္ အၾကမ္းဖက္စစ္တပ္၏ ရက္စက္ယုတ္မာမႈမွာ တစ္ပုံစံ တည္း။ေျပာရလွ်င္ အ ၾကမ္းဖက္စစ္တပ္၏ျပည္သူအေပၚရက္စက္ယုတ္မာေသာဗီဇသည္ နယ္စည္းမျခား။

က်ေနာ့္ကတိုင္းရင္းသားေဒသတြင္ေနထိုင္ခဲ့ဖူးသူမို႔ ေထာင္တြင္းတိုင္းရင္းသားမိတ္ေဆြတို႔က သူတို႔ ဘဝအေၾကာင္းေျပာျပေတာ့ က်ေနာ့္အတြက္ အထူးအဆန္းမဟုတ္ေတာ့ေသာ္လည္း တိုင္းရင္းသားမဟုတ္ ေသာႏိုင္ငံေရးအက်ဥ္းသားမ်ားမွာမူ အံ့ၾသတႀကီးျဖစ္ခဲ့ၾကဖူးသည္။

ယခု‌ေႏြဦးေတာ္လွန္ေရးကာလ၊ ၿမိဳ႕ႀကီး ျပႀကီးမ်ားေပၚ အရက္စက္ဆုံးနည္းလမ္းေပါင္းစုံျဖင့္ စစ္အုပ္စုကက်ဴးလြန္ေနသာစစ္ရာဇဝတ္မႈမ်ားကို  ေထာင့္ေစ့ေအာင္ေစာင့္ၾကည့္ေနေသာ အင္တာနက္ကမာၻ ၏ေက်းဇူးေၾကာင့္ က်ေနာ္တို႔မ်က္ဝါးထင္ထင္ျမင္ေတြ႕ခဲ့ရၿပီျဖစ္သည္။ေျပာရလွ်င္ အၾကမ္းဖက္စစ္တပ္ သည္ တိုင္းရင္းသားေဒသမ်ားတင္မက ၿမိဳ႕ႀကီးမ်ားတြင္ပါ စစ္ရာဇဝတ္မႈမ်ာူ က်ဴးလြန္လာျခင္းျဖစ္သည္။

တိုင္းရင္းသားေဒသမ်ားအေၾကာင္းမသိခဲ့သူမ်ားက ယခုျမင္ေနရေသာစစ္ရာဇဝတ္မႈမ်ားကို အာဏာ ရွင္တို႔၏ မထိန္းႏိုင္ေသာေဒါသေၾကာင့္ဟုထင္မွတ္ၾကသည္။တိုင္းရင္းသားမ်ား၏ဘဝကို အေသအခ်ာသိရွိခံ စားခဲ့သူမ်ားအတြက္မူ စစ္အုပ္စုက်ဴးလြန္ေနေသာ စစ္ရာဇဝတ္မႈမ်ားသည္ ေဒါသမထိန္းႏိုင္၍ အမွားက်ဴးလြန္ ျခင္းမဟုတ္ဘဲ မလုပ္ရမေနႏိုင္ေသာ မ်ိဳး႐ိုးဗီဇေၾကာင့္ဟု ေကာင္းေကာင္းသေဘာေပါက္ၾကသည္။

စစ္အုပ္စုသည္ မ်ိဳးဆက္၃ဆက္ၾကာ တိုင္းရင္းသားေဒသမ်ားတြင္စစ္ရာဇဝတ္မႈမ်ိဳးစုံကို က်ဴးလြန္ခဲ့ ၿပီးေသာ လက္ယဥ္ေနသည့္သားသတ္သမားျဖစ္သည္။မ်ိဳး႐ိုးဗီဇဆိုသည္မွာ မ်ိဳး ဆက္တစ္ဆက္ၿပီးတစ္ဆက္ ပိုအစြမ္းထက္ေလ့ရွိသည္။

မ်ိဳး႐ိုးဗီဇကို ျပဳျပင္ေျပင္းလဲရသည္မွာ မလြယ္။ထို႔ေၾကာင့္မႀကိဳက္ေသာမ်ိဳး႐ိုးဗီဇကို အျမစ္ျဖတ္သုတ္ သင္ျခင္းသည္သာ အေကာင္းဆုံးအေျဖျဖစ္သည္။

မင္းကိုမင္း