• Today is: Thursday, September 21, 2023

အာဏာရှင်တွေ မရှိမှသာလျှင်

အာဏာရှင်တွေ မရှိမှသာလျှင်

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၈၊ ၂၀၂၁

—————————————————–

တကယ်တော့ မြန်မာနိုင်ငံဆိုတာ သိပ်ကျယ်ဝန်းလှတာမဟုတ်ပါဘူး။တရုတ်နိုင်ငံနဲ့နှိုင်းယှဉ်ရင် တရုတ်ပြည်နယ်တစ်ခုစာအကျယ်အဝန်းမျှသာရှိပါတယ်။အဲဒီလို သိပ်မကျယ်တဲ့နိုင်ငံမှာနေတဲ့ ကျနော်တို့ တတွေဟာ နိုင်ငံရဲ့တစ်ဝက်လောက်ကိုတောင် သေချာမရောက်ဖူးကြသူ ခပ်များများပါ။

ကျနော်တို့အဘိုးအဘွားတွေလက်ထက်က ကျေးလက်နေပြည်သူတွေဆို ရန်ကုန်မြို့ကိုပင် မရောက် ဖူးကြသူ လက်ညှိုးထိုးမလွဲအောင်ပေါလွန်းလှပါတယ်။ရန်ကုန်မပြောနဲ့၊မော်လမြိုင်လောက် ဘုရား ဖူး ၃-၄ ရက်သွားရရင်ကို တစ်သက်တာပြောမဆုံးသူတွေပေါလှပါတယ်။အစွန်အဖျားကျေးလက်က တော်တော်များ များ ဆို ကိုယ့်မြို့ပေါ်ကိုယ် ၁၀ခေါက်ပြည့်အောင်မရောက်ဖူးကြဘဲ သေသွားကြတာပါ။ကျနော့်အဘွားဆိုရင် ရန်ကုန်မှာ ဆွေမျိုးရှိလို့၊သားရှိလို့၊သူကိုယ်တိုင်ကလည်း ငွေကြေးသောင်သာလို့ တစ်နှစ်မှာတစ်ခေါက် လောက်ရန်ကုန်ရောက်ပေမဲ့ မန္တလေးနဲ့ပုဂံကို သူ့တစ်သက်မှာတစ်ခေါက်ဘုရားဖူးထွက်ခွင့်ရတာ ကံ ကောင်းလွန်းတာကြောင့်လို့ သတ်မှတ်ခဲ့တယ်။ကျနော့်အဘွားရဲ့အစ်မက သူ့ညီမခေါ်လို့ရောက်ဖူးတာမို့ သူ့ညီမအပေါ် သိပ်ကျေးဇူးတင်တယ်လို့ တဖွဖွပြောလေ့ရှိတယ်။

ဒီနေ့ခေတ်အတွေးနဲ့ အဘွားတို့ခေတ်ကို လှမ်းမြင်ကြည့်တော့ တကယ့်ကို ရယ်စရာကြီးပါ။ဘာ ကြောင့် သူတို့တတွေ ခရီးအသွားအလာနည်းကြတာလဲ။ပထမအချက်က လမ်းပန်းဆက်သွယ်ရေးအခက် အခဲကြောင့်ပါပဲ။အဘွားတို့ခေတ်မပြောနဲ့၊ကျနော်အသက်၂၀ကျော်အရွယ် ၁၉၉၅ခုနှစ်တုန်းက ကျနော့်ဇာ တိမြို့သေးသေးလေးပေါ်ကနေ ပင်လယ်ကမ်းစပ်ကရွာကိုရောက်ဖို့ ၃-၄နာရီလောက်အနည်းဆုံးကြာပါတယ်။ သွားရတဲ့လမ်းဟာ လွင်တီးခေါင်ပြင် လယ်ကွင်းထဲဖောက်ထားတဲ့ လမ်းပါ။အဲဒီလမ်းပေါ် လှည်း၊စက်ဘီးနဲ့ ဆိုင်ကယ်သွားလို့ရပေမဲ့ ပြေပြစ်တဲ့လမ်းတော့ဘယ်ဟုတ်ပါ့မလဲ။မောင်ဗမာစက်ဘီးတို့လို မာဂုဏ်နိမ့်တဲ့ဘီး မျိုးနဲ့ဆို ခရီးဆုံးတာနဲ့စက်ဘီးပြင်ဆိုင်တန်းပို့ရမယ့်လမ်းဖြစ်ပါတယ်။ ဒါတောင် အဲဒီလမ်းဟာ မိုးနည်းနည်း ကျပြီဆိုတာနဲ့ သွားလို့မရအောင်ပျက်သွားပါပြီ။ဆိုတော့ မိုးတွင်းအချိန် မြို့တက်ချင်ရင် ချောင်းအကြိုအကြား ထဲ အချိန်ကြာကြာလှေစီးမှရောက်ပါမယ်။

၁၉၉၅တုန်းက ကျနော်တို့ကျေးလက်မှာ အိမ်တိုင်းစက်ဘီးမရှိပါဘူး။ဆိုင်ကယ်ဆိုတာ တစ်မြို့လုံး ပေါင်းမှ ၄-၅စီးတောင်မရှိသေးပါဘူး။ကျနော့်အဘွားတို့လက်ထက်တုန်းကဆို တစ်ရွာမှာ စက်ဘီးတစ်စီး သာရှိတဲ့ခေတ်ပါ။အဲဒီလိုခေတ်မှာ နွေရာသီ နွားလှည်းစီးပြီး ကိုယ့်မြို့သေးသေးလေးဆီအသွားအပြန်လုပ်ဖို့ တစ်ရက်ခရီး ကြာတာမို့ တကယ့်ကိုလိုအပ်မှ မြို့ရောက်တာပါ။ပြီးတော့ သူတို့ခေတ်မှာ အပန်းဖြေခရီးဆိုတာ ကြား တောင် မကြားဖူးကြပါဘူး။အပန်းဖြေကမ်းခြေရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိပါဘူး။အဘွားတို့ ခေတ်မှာ အချိန် တွေပေါပေမဲ့ ကျေးလက်သားတွေအတွက် ငွေသိပ်မပေါလှပါဘူး။ပြီးတော့ လမ်းခရီးလုံခြုံ စိတ်ချရမှုက လည်း အားနည်းပါတယ်။ဒါ့ကြောင့် အသွားအလာ သိပ်နည်းလွန်းလှတာပါ။

ကျနော်တို့အဖေတွေလက်ထက်ကျတော့လည်း ဖဆပလခေတ်နဲ့ စစ်အာဏာရှင်မဆလခေတ်။ဖဆ ပလခေတ်မှာ တိုင်းပြည်စီးပွားမဆိုးလှပေမဲ့ ပြည်နယ်တိုင်းနီးပါးမှာ တော်လှန်ရေးအဖွဲ့အစည်းတွေက ရှိလေ တော့ သွားရလာရ သတိထားရပါတယ်။ပြီးတော့ ကျနော်တို့ အစဉ်အလာအစွဲက ခရီးထွက်တယ်ဆိုတာ ဘု ရားဖူးထွက်တာပါပဲ။ကျိုက်ထီးရိုးဘုရားဖူးကြမယ်။မန္တလေးရောက်ရင် ဦးပိန်တံတားမှာအရသာခံဖို့ထက် မ ဟာမုနိဘုရားကိုအရင်ဖူးကြမယ်၊မန္တလေးတောင်ပေါ်ကနေမြင်ရတဲ့သဘာဝရှုခင်းအလှထက် မန္တလေးတောင် ပေါ်က ဘုရားကို ပိုအာရုံကျလေ့ရှိတာမို့ သဘာဝအခြေခံခရီးသွားတို့ဘာတို့ဆိုတာ ကျနော့်အဖေတို့မကြားခဲ့ ဖူးတဲ့ ဘာသာစကားဖြစ်ပါတယ်။

ကျနော်ဆို အလုပ်အကိုင်က ဂျာနယ်လစ်ဖြစ်ပြီး အခု အသက်၅၀နားနီးအရွယ်၊ဒုတိယအာဏာရှင် လက်ထက်မှာ လူပျိုပေါက်ဖြစ်ခဲ့တာပါ။အခု၅၀နားနီးမှာနိုင်ငံခြားမှာ ၂နှစ်ကြာနေ၊နိုင်ငံခြား ခရီးစဉ်တွေ ၅ခေါက်ထွက်ခဲ့ဖူးပေမဲ့ကချင်၊ကယား၊ချင်းနဲ့ရခိုင်ပြည်နယ်ကို လုံးဝမရောက်ဖူးသေးပါဘူး။ ရှမ်းနဲ့ကရင်ဆိုရင် လည်း ခဏ တဖြုတ်ရောက်ဖူးတဲ့အဆင့်ပါပဲ။တကယ်ဆို ကိုယ့်တိုင်းရင်းသားဒေသတွေဆီ ကားလေးတစ်စီးနဲ့ အချိန်ကို ငဲ့စရာမလိုဘဲ လျှောက်သွားချင်စိတ်ဟာ ကျ နော့်ရင်ထဲမှာ အပြည့်ရှိပါတယ်။ဒါပေမဲ့ အဲဒီဆန္ဒဟာ ဒီတစ်သက် ပြည့်ရောပြည့်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် အာမခံချက်မပေးနိုင်ပါဘူး။

သွားချင်တဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့အကြောင်းရင်းက ဘာပါလဲ။နံပါတ်တစ်ကတော့ စိတ်လွတ် ကိုယ်လွတ်ခရီးသွားနိုင်ဖို့အတွက် ငွေကြေးရှိမှုပါပဲ။ကိုယ့်အိတ်ကတ်ကိုယ် မကြာခဏတိုင်းထွာစစ်ဆေးပြီး သွားရတဲ့ခရီးမျိုးက သိပ်ပျော်စရာကောင်းမယ်လို့မထင်ပါဘူး။သုံးချင်ရာကို စိတ်ရှိတိုင်းသုံးဆိုတဲ့ပုံစံမျိုးမဟုတ် ပေမဲ့ ကိုယ့်စိတ်ဆန္ဒကို သိပ်အားနာစရာမလိုဘဲ သုံးနိုင်ဖို့လိုမယ်လို့ထင်ပါတယ်။

နံပါတ်နှစ်အချက်ကတော့ အချိန်ပါပဲ။ကျနော်တို့မြန်မာနိုင်ငံမှာက ပိုက်ဆံသာသိပ်မရပေမဲ့ အလုပ်ချိန် ကတော့ သိပ်များလွန်းတယ်လို့ထင်ပါတယ်။သင်္ကြန်လိုအချိန်ကလွဲပြီး ခွင့်၁၀ရက် ဆက်တိုက်ယူဖို့ဆိုတာ တော်တော့်ကိုမလွယ်လှပါဘူး။

ဩစတြေးလျနိုင်ငံသားဖြစ်နေတဲ့ ကျနော့်မိတ်ဆွေဟာ ၂၀၁၃ခုနှစ်ကစပြီးတစ်နှစ်မှာတစ်ကြိမ် မြန် မာနိုင်ငံကို တစ်လ ခွင့်ယူပြီးပြန်လာလေ့ရှိပါတယ်။ပြောရရင်သူက ဩစတြေးလျနိုင်ငံက စက်ရုံလုပ်သားပါ။ စက်ရုံ လုပ်သားဟာ ကိုယ်ပိုင်ကား၊ကိုယ်ပိုင်အိမ်ပိုင်ရုံတင်မက နှစ်စဉ်မြန်မာနိုင်ငံပြန်လာပြီး သူမရောက်ဖူးတဲ့ ပြည်နယ်တွေကို  တစ်နှစ်မှာ တစ်နေရာ လျှောက်သွားလေ့ရှိပါတယ်။တစ်နှစ်မှာတစ်လ မြန်မာနိုင်ငံကိုပြန်လာ ပြီး တစ်နေရာရာ ကို လျှောက်သွားလိုက်တာဟာ နောက်ထပ်တစ်နှစ်စာ ရုန်းကန်ဖို့ ခွန်အားတွေရလာတယ် လို့ သူကပြောပါ တယ်။

သူက ဩစတြေးလျကနေ မြန်မာနိုင်ငံထိလာပြီး လျှောက်သွားနိုင်ဖို့ ငွေရှိပြီး အချိန်လည်းရှိတဲ့သူမို့ သိပ်အိုကေပါတယ်။ဒါပေမဲ့ ၂၀၂၀ပြည့်နှစ်ကစလို့ ကမ္ဘာပတ်မွှေနေတဲ့ ကိုဗစ်အခြေအနေကြောင့် သူမလာနိုင် တော့ပါဘူး။၂၀၂၁ခုနှစ်၊သွားလမ်းလာလမ်းသာတဲ့အချိန် အရောက်လာခဲ့မယ်လို့ သူအားခဲထားပေမဲ့ စစ်တပ် ကအာဏာ သိမ်းလိုက်တာကြောင့် သူ့အိပ်မက်ပျက်ရပြန်ပါတယ်။

ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေချင်လို့၊ပျော်ချင်လို့ပါ။ခရီးသွားတွေအတွက် လုံခြုံစိတ်ချရမှုဆို တာ ငွေနဲ့အချိန်ရှိဖို့လိုသလိုနဲ့တန်းတူ သိပ်အရေးပါပါတယ်။အာဏာသိမ်းတဲ့အချိန်ကစလို့ ဘယ်နေရာမှာမှ လုံခြုံမှုမရှိတော့ပါဘူး။ကိုယ့်အိမ်ထဲမှာ ခေါင်းမြိတ်ခြုံနေလည်း အကြမ်းဖက်စစ်တပ်က အချိန်မရွေးရောက်ရှိ ဖမ်းသွားနိုင်တာမို့ ခရီးထွက်တာဟာ ကိုယ့်သေတွင်းကိုယ်တူးလိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ကျိန်းသေ တာက မြို့အဝင်အထွက်ဂိတ်တိုင်း အစော်ကားခံရနိုင်သလို ပိုက်ဆံပေးမှသွားခွင့်ပြုတာလည်း ခေတ်စားနေ တယ် ဆိုတော့ အိမ်မှာငုတ်တုတ်ထိုင်နေတာက အကောင်းဆုံးပါပဲ။

ပြီးတော့ နာမည်ကျော်ခရီးသွားနေရာတွေက တိုင်းရင်းသားဒေသတွေမှာများပြီး တစ်နိုင်ငံလုံးအ နှံ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေကြလေတော့ သွားချင်စိတ်တရိပ်ရိပ်တိုးနေရင်တောင် မသွားနိုင်ပါဘူး။

တကယ်တော့ ကျနော်တို့နိုင်ငံကို ပြည်ပခရီးသွားဧည့်တွေ နှစ်များစွာကြာ လာရောက်လည်ပတ်ကြ တာ ကျနော်တို့မြင်ခဲ့ကြပေမဲ့ ခရီးသွားပိုးက ကျနော်တို့သွေးခုန်နှုန်းထဲ  စီးဝင်လာတာသိပ်မကြာသေးပါဘူး။ ပြောရရင် ၂၀၁၃ခုနှစ်ဒီဘက်ရောက်မှ ကျနော်တို့ရဲ့ ခရီးသွားချင်စိတ် လှုပ်နှိုးခံရတာပါ။

NLD အစိုးရလက်ထက်ရောက်တော့ ခရီးသွားရာသီဖြစ်တဲ့ ပွင့်လင်းရာသီမှာ ၃-၄ရက်ရှည်တဲ့ ရုံးပိတ် ရက်တွေ ဖန်တီးပေးလိုက်တဲ့အခါ အုံနဲ့ကျင်းနဲ့ ခရီးသွားခြင်းတွေ စတင်တော့တာပါ။အလုပ်အကိုင်လေးတွေ လည်းမဆိုးလာ၊ရုံးပိတ်ရက်တွေလည်းရှိလာ၊လုံခြုံမှုလည်းရှိလာ၊လမ်းပန်းတွေလည်း ကောင်းလာတဲ့အပြင် ခရီးသွားရမယ်ဆိုတဲ့ပိုးကလည်း မြို့ပြစတိုင်တစ်ခုပမာဖြစ်လာ တော့ ကျနော်တို့ပျော်ပျော်ပါးပါးကြီး ခရီး သွားဖို့ချည်း တာစူလာတော့တာပါ။ပြီးတော့ တိုင်းရင်းသားဒေသ တွေဆီသွားတဲ့ခရီးစဉ်တွေ၊သဘာဝကိုအရ သာခံချင်တဲ့ တောတက်တောင်ကျော်ခရီးစဉ်တွေလည်း ခေတ်စား လာပါတယ်။

ဆိုတော့ တိုင်းရင်းသားဒေသတွေဆို ကျနော်တို့အရောက်အပေါက်များလာပါတယ်။အဲဒီလိုရောက်ရှိ ခြင်းကြောင့် ကိုယ့်တိုင်းရင်းသားတွေအကြောင်း အရင်ထက်ပိုသိလာသလို သွေးရင်းစိတ်တွေပိုတိုးလာစေပါ တယ်။တကယ်တော့ သံယောဇဉ်ဖြစ်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်အနေနီးမှသာ ဖြစ်ပေါ်လာတာပါ။ အနေနီးမှသာ ထိတွေ့ဆက်ဆံမှုတွေရှိလာမှာပါ။ဆက်ဆံမှုရှိမှ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိမှာပါ။ အကြောင်းချင်းသိကြမှ အပြန်အလှန်နားလည်မှုဆိုတာလည်း ရှိလာနိုင်ပြီး သံယောဇဉ်ဆိုတာဖြစ်လာနိုင်မှာ ပါ။ဒါတောင်မှ NLD အစိုးရလက်ထက်မှာ မြို့ပြနေသူတွေ တိုင်းရင်းသားဒေသတွေဆီ အရောက်လှမ်းပြီး ရွှေလမ်းငွေလမ်းဖောက်သေးခါစ အဆင့်ပဲရှိသေးတာပါ။ကျနော်တို့များစွာ တိုင်းရင်းသားဒေသတွေဆီ ရောက် သထက်ရောက်ဖို့ လိုအပ်နေသေးတာပါ။ဒါ့အပြင် ကျနော်တို့တိုင်းရင်းသားတွေကလည်း မြို့ပြတွေဆီနဲ့ သူတို့ မရောက်သေးတဲ့အခြားတိုင်းရင်းသားဒေသတေွဆီ အ ရောက်လှမ်းနိုင်ဖို့လည်း အရေးတကြီးလိုအပ်နေ ပါ သေး တယ်။ပြောရရင် အပြန်အလှန်အရောက်အပေါက်များ ခြင်းကနေ အပြန်အလှန် နားလည်မှုတွေတည် ဆောက်ရမှာပါ။အဲဒါဟာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက် နိုင်ဖို့အတွက် အုတ်မြစ်တစ်ခုပါ။

ဒါပေမဲ့၊ဖေဖေါ်ဝါရီ၁ရက်ကစလို့ အနေနီးနိုင်ခြင်းလမ်းဟာ ပျောက်ပျက်သွားရပါတယ်။ခရီးသွားဖို့အ တွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အချိန်ကတော့ ခုနေခါ သုံးမကုန်အောင်ပေါနေသူများပါတယ်။ဘာ့ကြောင့် ပေါလာသလဲဆိုတော့ အလုပ်လက်မဲ့တွေများလာလို့ပါပဲ။အချိန်ပေါပေမဲ့ အလုပ်မရှိလို့ငွေကမရှိ၊ လုံခြုံမှုက လည်းမရှိလေတော့ ကိုယ့်အိမ်ထဲကိုယ် ငုတ်တုတ်မှိုင်ခြင်းသာတတ်နိုင်ပါတယ်။အာဏာရှင်တွေလက်ထက် မှာ ကျနော်တို့ရဲ့အစစအရာရာကို ပရုပ်လုံးပမာ လုံးပါးပါးစေတာကလွဲ ဖွံ့ဖြိုးစရာဘာမှမရှိပါဘူး။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့မပြောနဲ့၊ကိုယ့်တိုင်းရင်းသားတွေနဲ့ အနေနီးအရောက် လှမ်းနိုင်ဖို့ကိုတောင် စစ်အာဏာရှင်တွေက လက်မခံနိုင်ဘူးလို့လည်းဆိုနိုင်ပါတယ်။ စစ်အာဏာရှင်တွေမရှိ တော့မှသာ ကျနော်တို့ရဲ့ သံစုံမြည်ရမယ့်ဂီတဟာ လှလှပပ ထွက်ပေါ်လာနိုင်မှာပါ။

မင်းကိုမင်း

အာဏာရွင္ေတြ မရွိမွသာလွ်င္

—————————————————–

တကယ္ေတာ့ ျမန္မာႏိုင္ငံဆိုတာ သိပ္က်ယ္ဝန္းလွတာမဟုတ္ပါဘူး။တ႐ုတ္ႏိုင္ငံနဲ႔ႏႈိင္းယွဥ္ရင္ တ႐ုတ္ျပည္နယ္တစ္ခုစာအက်ယ္အဝန္းမွ်သာရွိပါတယ္။အဲဒီလို သိပ္မက်ယ္တဲ့ႏိုင္ငံမွာေနတဲ့ က်ေနာ္တို႔ တေတြဟာ ႏိုင္ငံရဲ႕တစ္ဝက္ေလာက္ကိုေတာင္ ေသခ်ာမေရာက္ဖူးၾကသူ ခပ္မ်ားမ်ားပါ။

က်ေနာ္တို႔အဘိုးအဘြားေတြလက္ထက္က ေက်းလက္ေနျပည္သူေတြဆို ရန္ကုန္ၿမိဳ႕ကိုပင္ မေရာက္ ဖူးၾကသူ လက္ညႇိဳးထိုးမလြဲေအာင္ေပါလြန္းလွပါတယ္။ရန္ကုန္မေျပာနဲ႔၊ေမာ္လၿမိဳင္ေလာက္ ဘုရား ဖူး ၃-၄ ရက္သြားရရင္ကို တစ္သက္တာေျပာမဆုံးသူေတြေပါလွပါတယ္။အစြန္အဖ်ားေက်းလက္က ေတာ္ေတာ္မ်ား မ်ား ဆို ကိုယ့္ၿမိဳ႕ေပၚကိုယ္ ၁၀ေခါက္ျပည့္ေအာင္မေရာက္ဖူးၾကဘဲ ေသသြားၾကတာပါ။က်ေနာ့္အဘြားဆိုရင္ ရန္ကုန္မွာ ေဆြမ်ိဳးရွိလို႔၊သားရွိလို႔၊သူကိုယ္တိုင္ကလည္း ေငြေၾကးေသာင္သာလို႔ တစ္ႏွစ္မွာတစ္ေခါက္ ေလာက္ရန္ကုန္ေရာက္ေပမဲ့ မႏၲေလးနဲ႔ပုဂံကို သူ႔တစ္သက္မွာတစ္ေခါက္ဘုရားဖူးထြက္ခြင့္ရတာ ကံ ေကာင္းလြန္းတာေၾကာင့္လို႔ သတ္မွတ္ခဲ့တယ္။က်ေနာ့္အဘြားရဲ႕အစ္မက သူ႔ညီမေခၚလို႔ေရာက္ဖူးတာမို႔ သူ႔ညီမအေပၚ သိပ္ေက်းဇူးတင္တယ္လို႔ တဖြဖြေျပာေလ့ရွိတယ္။

ဒီေန႔ေခတ္အေတြးနဲ႔ အဘြားတို႔ေခတ္ကို လွမ္းျမင္ၾကည့္ေတာ့ တကယ့္ကို ရယ္စရာႀကီးပါ။ဘာ ေၾကာင့္ သူတို႔တေတြ ခရီးအသြားအလာနည္းၾကတာလဲ။ပထမအခ်က္က လမ္းပန္းဆက္သြယ္ေရးအခက္ အခဲေၾကာင့္ပါပဲ။အဘြားတို႔ေခတ္မေျပာနဲ႔၊က်ေနာ္အသက္၂၀ေက်ာ္အ႐ြယ္ ၁၉၉၅ခုႏွစ္တုန္းက က်ေနာ့္ဇာ တိၿမိဳ႕ေသးေသးေလးေပၚကေန ပင္လယ္ကမ္းစပ္က႐ြာကိုေရာက္ဖို႔ ၃-၄နာရီေလာက္အနည္းဆုံးၾကာပါတယ္။ သြားရတဲ့လမ္းဟာ လြင္တီးေခါင္ျပင္ လယ္ကြင္းထဲေဖာက္ထားတဲ့ လမ္းပါ။အဲဒီလမ္းေပၚ လွည္း၊စက္ဘီးနဲ႔ ဆိုင္ကယ္သြားလို႔ရေပမဲ့ ေျပျပစ္တဲ့လမ္းေတာ့ဘယ္ဟုတ္ပါ့မလဲ။ေမာင္ဗမာစက္ဘီးတို႔လို မာဂုဏ္နိမ့္တဲ့ဘီး မ်ိဳးနဲ႔ဆို ခရီးဆုံးတာနဲ႔စက္ဘီးျပင္ဆိုင္တန္းပို႔ရမယ့္လမ္းျဖစ္ပါတယ္။ ဒါေတာင္ အဲဒီလမ္းဟာ မိုးနည္းနည္း က်ၿပီဆိုတာနဲ႔ သြားလို႔မရေအာင္ပ်က္သြားပါၿပီ။ဆိုေတာ့ မိုးတြင္းအခ်ိန္ ၿမိဳ႕တက္ခ်င္ရင္ ေခ်ာင္းအႀကိဳအၾကား ထဲ အခ်ိန္ၾကာၾကာေလွစီးမွေရာက္ပါမယ္။

၁၉၉၅တုန္းက က်ေနာ္တို႔ေက်းလက္မွာ အိမ္တိုင္းစက္ဘီးမရွိပါဘူး။ဆိုင္ကယ္ဆိုတာ တစ္ၿမိဳ႕လုံး ေပါင္းမွ ၄-၅စီးေတာင္မရွိေသးပါဘူး။က်ေနာ့္အဘြားတို႔လက္ထက္တုန္းကဆို တစ္႐ြာမွာ စက္ဘီးတစ္စီး သာရွိတဲ့ေခတ္ပါ။အဲဒီလိုေခတ္မွာ ေႏြရာသီ ႏြားလွည္းစီးၿပီး ကိုယ့္ၿမိဳ႕ေသးေသးေလးဆီအသြားအျပန္လုပ္ဖို႔ တစ္ရက္ခရီး ၾကာတာမို႔ တကယ့္ကိုလိုအပ္မွ ၿမိဳ႕ေရာက္တာပါ။ၿပီးေတာ့ သူတို႔ေခတ္မွာ အပန္းေျဖခရီးဆိုတာ ၾကား ေတာင္ မၾကားဖူးၾကပါဘူး။အပန္းေျဖကမ္းေျခရယ္လို႔လည္း သတ္သတ္မွတ္မွတ္မရွိပါဘူး။အဘြားတို႔ ေခတ္မွာ အခ်ိန္ ေတြေပါေပမဲ့ ေက်းလက္သားေတြအတြက္ ေငြသိပ္မေပါလွပါဘူး။ၿပီးေတာ့ လမ္းခရီးလုံၿခဳံ စိတ္ခ်ရမႈက လည္း အားနည္းပါတယ္။ဒါ့ေၾကာင့္ အသြားအလာ သိပ္နည္းလြန္းလွတာပါ။

က်ေနာ္တို႔အေဖေတြလက္ထက္က်ေတာ့လည္း ဖဆပလေခတ္နဲ႔ စစ္အာဏာရွင္မဆလေခတ္။ဖဆ ပလေခတ္မွာ တိုင္းျပည္စီးပြားမဆိုးလွေပမဲ့ ျပည္နယ္တိုင္းနီးပါးမွာ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြက ရွိေလ ေတာ့ သြားရလာရ သတိထားရပါတယ္။ၿပီးေတာ့ က်ေနာ္တို႔ အစဥ္အလာအစြဲက ခရီးထြက္တယ္ဆိုတာ ဘု ရားဖူးထြက္တာပါပဲ။က်ိဳက္ထီး႐ိုးဘုရားဖူးၾကမယ္။မႏၲေလးေရာက္ရင္ ဦးပိန္တံတားမွာအရသာခံဖို႔ထက္ မ ဟာမုနိဘုရားကိုအရင္ဖူးၾကမယ္၊မႏၲေလးေတာင္ေပၚကေနျမင္ရတဲ့သဘာဝရႈခင္းအလွထက္ မႏၲေလးေတာင္ ေပၚက ဘုရားကို ပိုအာ႐ုံက်ေလ့ရွိတာမို႔ သဘာဝအေျခခံခရီးသြားတို႔ဘာတို႔ဆိုတာ က်ေနာ့္အေဖတို႔မၾကားခဲ့ ဖူးတဲ့ ဘာသာစကားျဖစ္ပါတယ္။

က်ေနာ္ဆို အလုပ္အကိုင္က ဂ်ာနယ္လစ္ျဖစ္ၿပီး အခု အသက္၅၀နားနီးအ႐ြယ္၊ဒုတိယအာဏာရွင္ လက္ထက္မွာ လူပ်ိဳေပါက္ျဖစ္ခဲ့တာပါ။အခု၅၀နားနီးမွာႏိုင္ငံျခားမွာ ၂ႏွစ္ၾကာေန၊ႏိုင္ငံျခား ခရီးစဥ္ေတြ ၅ေခါက္ထြက္ခဲ့ဖူးေပမဲ့ကခ်င္၊ကယား၊ခ်င္းနဲ႔ရခိုင္ျပည္နယ္ကို လုံးဝမေရာက္ဖူးေသးပါဘူး။ ရွမ္းနဲ႔ကရင္ဆိုရင္ လည္း ခဏ တျဖဳတ္ေရာက္ဖူးတဲ့အဆင့္ပါပဲ။တကယ္ဆို ကိုယ့္တိုင္းရင္းသားေဒသေတြဆီ ကားေလးတစ္စီးနဲ႔ အခ်ိန္ကို ငဲ့စရာမလိုဘဲ ေလွ်ာက္သြားခ်င္စိတ္ဟာ က် ေနာ့္ရင္ထဲမွာ အျပည့္ရွိပါတယ္။ဒါေပမဲ့ အဲဒီဆႏၵဟာ ဒီတစ္သက္ ျပည့္ေရာျပည့္ပါ့မလားလို႔ ကိုယ့္ကိုယ္ကိုယ္ အာမခံခ်က္မေပးႏိုင္ပါဘူး။

သြားခ်င္တဲ့ဆႏၵကို မျဖည့္ဆည္းႏိုင္တဲ့အေၾကာင္းရင္းက ဘာပါလဲ။နံပါတ္တစ္ကေတာ့ စိတ္လြတ္ ကိုယ္လြတ္ခရီးသြားႏိုင္ဖို႔အတြက္ ေငြေၾကးရွိမႈပါပဲ။ကိုယ့္အိတ္ကတ္ကိုယ္ မၾကာခဏတိုင္းထြာစစ္ေဆးၿပီး သြားရတဲ့ခရီးမ်ိဳးက သိပ္ေပ်ာ္စရာေကာင္းမယ္လို႔မထင္ပါဘူး။သုံးခ်င္ရာကို စိတ္ရွိတိုင္းသုံးဆိုတဲ့ပုံစံမ်ိဳးမဟုတ္ ေပမဲ့ ကိုယ့္စိတ္ဆႏၵကို သိပ္အားနာစရာမလိုဘဲ သုံးႏိုင္ဖို႔လိုမယ္လို႔ထင္ပါတယ္။

နံပါတ္ႏွစ္အခ်က္ကေတာ့ အခ်ိန္ပါပဲ။က်ေနာ္တို႔ျမန္မာႏိုင္ငံမွာက ပိုက္ဆံသာသိပ္မရေပမဲ့ အလုပ္ခ်ိန္ ကေတာ့ သိပ္မ်ားလြန္းတယ္လို႔ထင္ပါတယ္။သၾကၤန္လိုအခ်ိန္ကလြဲၿပီး ခြင့္၁၀ရက္ ဆက္တိုက္ယူဖို႔ဆိုတာ ေတာ္ေတာ့္ကိုမလြယ္လွပါဘူး။

ဩစေၾတးလ်ႏိုင္ငံသားျဖစ္ေနတဲ့ က်ေနာ့္မိတ္ေဆြဟာ ၂၀၁၃ခုႏွစ္ကစၿပီးတစ္ႏွစ္မွာတစ္ႀကိမ္ ျမန္ မာႏိုင္ငံကို တစ္လ ခြင့္ယူၿပီးျပန္လာေလ့ရွိပါတယ္။ေျပာရရင္သူက ဩစေၾတးလ်ႏိုင္ငံက စက္႐ုံလုပ္သားပါ။ စက္႐ုံ လုပ္သားဟာ ကိုယ္ပိုင္ကား၊ကိုယ္ပိုင္အိမ္ပိုင္႐ုံတင္မက ႏွစ္စဥ္ျမန္မာႏိုင္ငံျပန္လာၿပီး သူမေရာက္ဖူးတဲ့ ျပည္နယ္ေတြကို  တစ္ႏွစ္မွာ တစ္ေနရာ ေလွ်ာက္သြားေလ့ရွိပါတယ္။တစ္ႏွစ္မွာတစ္လ ျမန္မာႏိုင္ငံကိုျပန္လာ ၿပီး တစ္ေနရာရာ ကို ေလွ်ာက္သြားလိုက္တာဟာ ေနာက္ထပ္တစ္ႏွစ္စာ ႐ုန္းကန္ဖို႔ ခြန္အားေတြရလာတယ္ လို႔ သူကေျပာပါ တယ္။

သူက ဩစေၾတးလ်ကေန ျမန္မာႏိုင္ငံထိလာၿပီး ေလွ်ာက္သြားႏိုင္ဖို႔ ေငြရွိၿပီး အခ်ိန္လည္းရွိတဲ့သူမို႔ သိပ္အိုေကပါတယ္။ဒါေပမဲ့ ၂၀၂၀ျပည့္ႏွစ္ကစလို႔ ကမာၻပတ္ေမႊေနတဲ့ ကိုဗစ္အေျခအေနေၾကာင့္ သူမလာႏိုင္ ေတာ့ပါဘူး။၂၀၂၁ခုႏွစ္၊သြားလမ္းလာလမ္းသာတဲ့အခ်ိန္ အေရာက္လာခဲ့မယ္လို႔ သူအားခဲထားေပမဲ့ စစ္တပ္ ကအာဏာ သိမ္းလိုက္တာေၾကာင့္ သူ႔အိပ္မက္ပ်က္ရျပန္ပါတယ္။

ခရီးသြားတယ္ဆိုတာ စိတ္အပန္းေျဖခ်င္လို႔၊ေပ်ာ္ခ်င္လို႔ပါ။ခရီးသြားေတြအတြက္ လုံၿခဳံစိတ္ခ်ရမႈဆို တာ ေငြနဲ႔အခ်ိန္ရွိဖို႔လိုသလိုနဲ႔တန္းတူ သိပ္အေရးပါပါတယ္။အာဏာသိမ္းတဲ့အခ်ိန္ကစလို႔ ဘယ္ေနရာမွာမွ လုံၿခဳံမႈမရွိေတာ့ပါဘူး။ကိုယ့္အိမ္ထဲမွာ ေခါင္းၿမိတ္ၿခဳံေနလည္း အၾကမ္းဖက္စစ္တပ္က အခ်ိန္မေ႐ြးေရာက္ရွိ ဖမ္းသြားႏိုင္တာမို႔ ခရီးထြက္တာဟာ ကိုယ့္ေသတြင္းကိုယ္တူးလိုက္သလိုလည္း ျဖစ္ႏိုင္ပါတယ္။က်ိန္းေသ တာက ၿမိဳ႕အဝင္အထြက္ဂိတ္တိုင္း အေစာ္ကားခံရႏိုင္သလို ပိုက္ဆံေပးမွသြားခြင့္ျပဳတာလည္း ေခတ္စားေန တယ္ ဆိုေတာ့ အိမ္မွာငုတ္တုတ္ထိုင္ေနတာက အေကာင္းဆုံးပါပဲ။

ၿပီးေတာ့ နာမည္ေက်ာ္ခရီးသြားေနရာေတြက တိုင္းရင္းသားေဒသေတြမွာမ်ားၿပီး တစ္ႏိုင္ငံလုံးအ ႏွံ႔ အၾကမ္းဖက္စစ္တပ္ကို ေတာ္လွန္ေနၾကေလေတာ့ သြားခ်င္စိတ္တရိပ္ရိပ္တိုးေနရင္ေတာင္ မသြားႏိုင္ပါဘူး။

တကယ္ေတာ့ က်ေနာ္တို႔ႏိုင္ငံကို ျပည္ပခရီးသြားဧည့္ေတြ ႏွစ္မ်ားစြာၾကာ လာေရာက္လည္ပတ္ၾက တာ က်ေနာ္တို႔ျမင္ခဲ့ၾကေပမဲ့ ခရီးသြားပိုးက က်ေနာ္တို႔ေသြးခုန္ႏႈန္းထဲ  စီးဝင္လာတာသိပ္မၾကာေသးပါဘူး။ ေျပာရရင္ ၂၀၁၃ခုႏွစ္ဒီဘက္ေရာက္မွ က်ေနာ္တို႔ရဲ႕ ခရီးသြားခ်င္စိတ္ လႈပ္ႏႈိးခံရတာပါ။

NLD အစိုးရလက္ထက္ေရာက္ေတာ့ ခရီးသြားရာသီျဖစ္တဲ့ ပြင့္လင္းရာသီမွာ ၃-၄ရက္ရွည္တဲ့ ႐ုံးပိတ္ ရက္ေတြ ဖန္တီးေပးလိုက္တဲ့အခါ အုံနဲ႔က်င္းနဲ႔ ခရီးသြားျခင္းေတြ စတင္ေတာ့တာပါ။အလုပ္အကိုင္ေလးေတြ လည္းမဆိုးလာ၊႐ုံးပိတ္ရက္ေတြလည္းရွိလာ၊လုံၿခဳံမႈလည္းရွိလာ၊လမ္းပန္းေတြလည္း ေကာင္းလာတဲ့အျပင္ ခရီးသြားရမယ္ဆိုတဲ့ပိုးကလည္း ၿမိဳ႕ျပစတိုင္တစ္ခုပမာျဖစ္လာ ေတာ့ က်ေနာ္တို႔ေပ်ာ္ေပ်ာ္ပါးပါးႀကီး ခရီး သြားဖို႔ခ်ည္း တာစူလာေတာ့တာပါ။ၿပီးေတာ့ တိုင္းရင္းသားေဒသ ေတြဆီသြားတဲ့ခရီးစဥ္ေတြ၊သဘာဝကိုအရ သာခံခ်င္တဲ့ ေတာတက္ေတာင္ေက်ာ္ခရီးစဥ္ေတြလည္း ေခတ္စား လာပါတယ္။

ဆိုေတာ့ တိုင္းရင္းသားေဒသေတြဆို က်ေနာ္တို႔အေရာက္အေပါက္မ်ားလာပါတယ္။အဲဒီလိုေရာက္ရွိ ျခင္းေၾကာင့္ ကိုယ့္တိုင္းရင္းသားေတြအေၾကာင္း အရင္ထက္ပိုသိလာသလို ေသြးရင္းစိတ္ေတြပိုတိုးလာေစပါ တယ္။တကယ္ေတာ့ သံေယာဇဥ္ျဖစ္မႈဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္အေနနီးမွသာ ျဖစ္ေပၚလာတာပါ။ အေနနီးမွသာ ထိေတြ႕ဆက္ဆံမႈေတြရွိလာမွာပါ။ဆက္ဆံမႈရွိမွ တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိမွာပါ။ အေၾကာင္းခ်င္းသိၾကမွ အျပန္အလွန္နားလည္မႈဆိုတာလည္း ရွိလာႏိုင္ၿပီး သံေယာဇဥ္ဆိုတာျဖစ္လာႏိုင္မွာ ပါ။ဒါေတာင္မွ NLD အစိုးရလက္ထက္မွာ ၿမိဳ႕ျပေနသူေတြ တိုင္းရင္းသားေဒသေတြဆီ အေရာက္လွမ္းၿပီး ေ႐ႊလမ္းေငြလမ္းေဖာက္ေသးခါစ အဆင့္ပဲရွိေသးတာပါ။က်ေနာ္တို႔မ်ားစြာ တိုင္းရင္းသားေဒသေတြဆီ ေရာက္ သထက္ေရာက္ဖို႔ လိုအပ္ေနေသးတာပါ။ဒါ့အျပင္ က်ေနာ္တို႔တိုင္းရင္းသားေတြကလည္း ၿမိဳ႕ျပေတြဆီနဲ႔ သူတို႔ မေရာက္ေသးတဲ့အျခားတိုင္းရင္းသားေဒသေတြဆီ အ ေရာက္လွမ္းႏိုင္ဖို႔လည္း အေရးတႀကီးလိုအပ္ေန ပါ ေသး တယ္။ေျပာရရင္ အျပန္အလွန္အေရာက္အေပါက္မ်ား ျခင္းကေန အျပန္အလွန္ နားလည္မႈေတြတည္ ေဆာက္ရမွာပါ။အဲဒါဟာ ဖက္ဒရယ္ဒီမိုကေရစီတည္ေဆာက္ ႏိုင္ဖို႔အတြက္ အုတ္ျမစ္တစ္ခုပါ။

ဒါေပမဲ့၊ေဖေဖၚဝါရီ၁ရက္ကစလို႔ အေနနီးႏိုင္ျခင္းလမ္းဟာ ေပ်ာက္ပ်က္သြားရပါတယ္။ခရီးသြားဖို႔အ တြက္ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ အခ်ိန္ကေတာ့ ခုေနခါ သုံးမကုန္ေအာင္ေပါေနသူမ်ားပါတယ္။ဘာ့ေၾကာင့္ ေပါလာသလဲဆိုေတာ့ အလုပ္လက္မဲ့ေတြမ်ားလာလို႔ပါပဲ။အခ်ိန္ေပါေပမဲ့ အလုပ္မရွိလို႔ေငြကမရွိ၊ လုံၿခဳံမႈက လည္းမရွိေလေတာ့ ကိုယ့္အိမ္ထဲကိုယ္ ငုတ္တုတ္မႈိင္ျခင္းသာတတ္ႏိုင္ပါတယ္။အာဏာရွင္ေတြလက္ထက္ မွာ က်ေနာ္တို႔ရဲ႕အစစအရာရာကို ပ႐ုပ္လုံးပမာ လုံးပါးပါးေစတာကလြဲ ဖြံ႕ၿဖိဳးစရာဘာမွမရွိပါဘူး။

ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္တည္ေဆာက္ဖို႔မေျပာနဲ႔၊ကိုယ့္တိုင္းရင္းသားေတြနဲ႔ အေနနီးအေရာက္ လွမ္းႏိုင္ဖို႔ကိုေတာင္ စစ္အာဏာရွင္ေတြက လက္မခံႏိုင္ဘူးလို႔လည္းဆိုႏိုင္ပါတယ္။ စစ္အာဏာရွင္ေတြမရွိ ေတာ့မွသာ က်ေနာ္တို႔ရဲ႕ သံစုံျမည္ရမယ့္ဂီတဟာ လွလွပပ ထြက္ေပၚလာႏိုင္မွာပါ။

မင္းကိုမင္း