• Today is: Tuesday, September 26, 2023

လက်တွဲကြစို့

ရှစ်ပြည်ထောင်စု ညီနောင်ပြုခဲ့လျှင်ဖြင့်

အမုန်းနဲ့ အာဃာတ ခဝါသာချထားလိုက်တော့။

ဒီမယ်လောက မြန်ပြည်တလွှား ညီနောင်များကိုငဲ့လှည့်ပါ

အို အဘယ်တွက်ကြောင့် ညှိမရ။

ရှင်းမရတဲ့အဖြေ အစကတော့ ဘုထုံးလေးနဲ့ပါဆို

အခုရှုပ်မှ နောင်ရှင်း မလုပ်ပါနဲ့။

လာလာရောင်းရင်းတို့

ငါတို့သည် စကားတော့မတူ၊ အကြံကူတောင်းချင်သပေါ့

အလံမတူသည်ဖြစ်စေ။

ဟိုမှာတွေ့လား ရန်သူ၊ ကျုပ်တို့ကို ချူစားနေသူလေ။

ကမ္ဘာ့အရေး တွေးတွေးဆဆ

ငါတို့မညီညွှတ်ရင်ပါ့ ထိုသူတို့ စားကျက်တွင် အမြတ်ထုတ်

ရှင်းမကျင်းသာဖြစ်မည်လေး . . . . . ။

 

ဗုံးကလေး