• Today is: Sunday, May 26, 2024

ေတာ္လွန္ေရးသင္ခန္းစာ

Unicode

တော်လှန်ရေးသင်ခန်းစာ

သည်ရက်ထဲမှာတော်လှန်ရေးနဲ့ပတ်သက်တဲ့စကားတွေကိုလူမှုကွန်ရက်စာမျက်နှာတွေမှာအများဆုံးတွေ့နေရပါတယ်။အထူးသဖြင့်တော်လှန်ရေးဘာလဲ၊ဘယ်လဲဆိုတဲ့ဝေဖန်သုံးသပ်မှုတွေကပိုများပါတယ်။တော်လှန်ရေးအောင်မြင်ပါမလားဆိုတဲ့မချိတင်ကဲဝေဖန်မှုတွေလည်းရှိပါတယ်။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့အနီးကပ်ဆုံးလက်နက်ကိုင်တော်လှန်ရေးဟာဖက်ဆစ်ဂျပန်တော်လှန်ရေးဖြစ်ပါတယ်။ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွဲခဲ့တဲ့တကယ့်ကိုလှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါဝင်တဲ့တော်လှန်ရေးကြီးဖြစ်ခဲ့ပါတယ်။ဒီလိုအောင်မြင်ခဲ့တဲ့ဖက်ဆစ်တော်လှန်ရေးကြီးကနေဘယ်လိုသင်ခန်းစာတွေယူကြမလဲ။တစ်ချက်လောက်ပြန်သွားကြရအောင်ပါ။

၁၉၄၄ခုနှစ်သြဂုတ်လ၁ရက်နေ့မှာဂျပန်ပေးတဲ့ဗမာပြည်လွတ်လပ်ရေးတစ်နှစ်ပြည့်ကိုဂျူပလီဟောမှာကျင်းပပါတယ်။အဓိပတိဒေါက်တာဘမော်မိန့်ခွန်းပြောအပြီးမှာဗိုလ်ချုပ်အောင်ဆန်းက ’’လွတ်လပ်ရေးဟာအပေါ်ယံလွတ်လပ်ရေးပဲရှိသေးတယ်။ကျုပ်တို့ရှေ့ဆက်သွားနိုင်ဦးမှလွတ်လပ်ရေးအကောင်အထည်ကိုမြင်ရမယ်လို့ဖွင့်ဟပြောဆိုသွားပါတယ်။ဒီမိန့်ခွန်းဟာဖက်ဆစ်ဂျပန်တွေကိုတွန်းလှန်ကြဖို့စတင်သတိပေးခဲ့ခြင်းဖြင့်ပါတယ်။

ဖက်ဆစ်ဂျပန်ကိုတွန်းလှန်ကြဖို့အရေးမှာတစ်နိုင်ငံလုံးနိုင်ငံရေးရေချိန်မြင့်နေဖို့လည်းလိုပါတယ်။ဒီအချက်ကိုကြိုမြင်တဲ့ကွန်မြူနစ်ပါတီကအင်းစိန်စစ်တမ်းကိုကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။

၁၉၄၄ခုနှစ်၊သြဂုတ်လ၄ရက်နေ့မှာဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိတ်ဝင်) ဦးစီးတဲ့ပဲခူးစံပြတပ်ရင်းထဲကဗိုလ်ကျော်အေအိပ်ခန်းကုတင်ပေါ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးသခင်စိုးတို့လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။သုံးရက်ဆက်တိုက်ဆွေးနွေးမှုအပြီးမှာဗိုလ်ချုပ်အောင်ဆန်း၊သခင်စိုး၊သခင်သန်းထွန်းတို့ခေါင်းဆောင်တဲ့ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးပေါ်ပေါက်လာခဲ့ပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီ၊ပြည်သူ့အရေးတော်ပုံပါတီနဲ့တပ်မတော်ဆိုတဲ့အဓိကအင်အားစုကြီး၃ခုကိုအခြေခံပြီးဖွဲ့စည်းခဲ့တာပါ။

ဖွဲ့ပြီးတာနဲ့တစ်ပြိုင်နက်စည်းကမ်းလျော့ရဲရဲဖြစ်နေလို့စံပြတပ်ရင်းတွေဖွဲ့ပြီးတည်ဆောက်နေရတဲ့တပ်မတော်ကိုတော်လှန်ရေးအတွက်အချိန်မီပြောင်းလဲလာစေဖို့ကွန်မြူနစ်ပါတီမှနိုင်ငံရေးကေဒါတွေတောင်းပြီးတပ်အသီးသီးထဲလျှို့ဝှက်သွင်းကာတပ်မှူး၊တပ်ကြပ်ခေါင်းဆောင်တွေကိုနိုင်ငံရေးနဲ့တော်လှန်ရေးပညာပေးရေးတွေဆောင်ရွက်ရပါတယ်။အာရှလူငယ်အစည်းအရုံးထဲကိုလည်းလူငယ်အချို့ကိုနေရာချထားပေးပြီးလှုပ်ရှားစေခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့အစကတည်းကအစီအစဉ်ရှိခဲ့ပုံရပါတယ်။ဂျပန်စဝင်ကတည်းကဂျပန်နဲ့ရောဘီအိုင်အေနဲ့ပါပြသနာပေါ်ခဲ့ဖူးတဲ့ကရင်အမျိုးသားများဟာဂျပန်ဆန့်ကျင်ရေးစိတ်တစ်လျှောက်လုံးရှိနေခဲ့ပါတယ်။ဒေါက်တာစံစီဖိုး၊စောစံဖိုးသင်၊စောဘဦး၊စောဟင်နရီ၊ဂျွန်ဆင်ကံကြီးတို့ဟာထင်ရှားတဲ့ကရင်ခေါင်းဆောင်တွေဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာစောစံဖိုးသစ်နဲ့စောကြာဒိုးတို့ကို တပ်မတော်အတွင်းပါဝင်စေခဲ့ပါတယ်။

ဂျပန်တွေဝင်လာကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီဟာမြေအောက်တော်လှန်ရေးနည်းနာတွေနဲ့ ဖက်ဆစ် ဆန့်ကျင်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပါတယ်။ အရေးကြီးတဲ့ ပျောက်ကျားအခြေခံဖွဲ့စည်းရေးနဲ့ ပျောက်ကျားတပ်ဖွဲ့တွေကိုဖွဲ့စည်းပြီးလိုအပ်တဲ့စစ်သင်တန်းတွေကိုကျေးလက် တောရွာများအထိဖွဲ့စည်းပေးခဲ့ပါတယ်။ မြေအောက်တော်လှန်ရေးနည်း၊ ပျောက်ကျားနည်းတွေနဲ့ဆန့်ကျင်တော်လှန်ခဲ့လို့ တော်လှန်ရေးကြီးမရောက်မီအသက်စွန့်ခဲ့ရသူတွေလည်းများစွာရှိခဲ့ပါတယ်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလမှာသခင်သန်းထွန်းရဲ့အစီအစဉ်နဲ့ သခင်ဗိုလ်၊ မန်းဝင်းမောင် တို့ဦးဆောင်တဲ့ လူငယ်တစ်သိုက်ကိုစစ်ပညာလေ့လာဖို့ တော်လှန်ရေးလုပ်ငန်းတွေလုပ်ဖို့ အိန္ဒိယကသခင် သိန်းဖေဆီစေလွတ်ခဲ့ပါတယ်။  စက်တင်ဘာထဲမှာပဲဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း၊ ဗိုလ်ရဲထွန်းတို့ဟာဒေးဒရဲကိုသွားပြီးနိုင်ငံရေးခေါင်းဆောင်သခင်စိုးနဲ့တွေ့ဆုံကာစည်းရုံးရေးဆိုင်ရာအသေးစိတ်လုပ်ငန်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာဂျပန်ကိုဆန့်ကျင်တဲ့လက်တွေ့တိုက်ပွဲကတော့ ရခိုင်တိုင်းမှာစတင်ပေါ်ပေါက် လာခဲ့ပါတယ်။ ရခိုင်တိုင်းဟာမဟာမိတ်ဗြိတိသျှတွေ တပ်စွဲထားတဲ့ အိန္ဒိယနဲ့နယ်နမိတ်ခြင်းဆက်စပ်လျှက် ရှိပြီးဖက်ဆစ်တော်လှန်ရေးအတွက် ၁၉၄၂ ခုနှစ် နှစ်လယ်လောက်ကတည်းကသခင်သိန်းဖေ၊ သခင်တင်ရွှေ၊ သခင် တင်မြတို့ အစောဆုံးစည်းရုံးပြင်ဆင်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဗုံပေါက်သာကျော်၊ ကိုကျော်လှ၊ ဦးညိုထွန်း၊ ဦးကျော်မြ၊ ဦးဘစံ၊ ဦးစိန္တာ၊ ဦးပညာသီလ၊ ဦးအောင်သာဦး၊ ဦးကျော်ရင်တို့ဟာရခိုင်တော်လှန်ရေးခေါင်းဆောင် တွေပဲဖြစ်ခဲ့ကြပါတယ်။

၁၉၄၄ အကုန်မှာစစ်တွေခရိုင်မေယု၊ ကုလားတန်မြစ်ဖျားအနီးမှာရှိတဲ့ ဂျပန်တွေကိုစတင်ထိုးစစ်ဆင် ပါတယ်။ မဟာမိတ်တွေဖြတ် ကျော်မကူးနိုင်မီဗိုလ်ကြာလှအောင် ခေါင်းဆောင်တဲ့ ရခိုင် ကာကွယ်ရေးတပ်တွေကဂျပန် တွေကိုတိုက်ပါတယ်။ ဦးစိန္တာနဲ့ ဗုံပေါက်သာကျော်တို့ကိုမင်းပြားဘက်လေထီးနဲ့ချပေးပြီးူတိုက်စေပါတယ်။ ဦးကျော်ရင်အဖွဲ့က သံတွဲကိုတာဝန်ယူပါတယ်။ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကြောင့်  မဟာမိတ်တွေ ဗမာနိုင်ငံထဲ ချောချောမောမောဝင်လာခဲ့တာဖြစ်ပါတယ်။

ဖက်ဆစ်တောလှန်ရေးကိုတစ်ပြည်လုံးဆင်နွဲဖို့ ၁၉၄၅ ခုနှစ်၊ မတ်လဆန်းမှာဗိုလ်ချုပ်အောင်ဆန်းအိမ်မှာတော်လှန်ရေးခေါင်းဆောင်တွေလျှို့ဝှက်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်သခင်စိုး၊ စစ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ သခင်သန်းထွန်းအဖြစ် တာဝန်သတ်မှတ်ပြီးစစ်တိုင်းကြီးတွေ ခွဲဝေသတ်မှတ်ခဲ့ပါတယ်။ တော်လှန်ရေးဆင်နွဲဖို့ D Day ကိုလည်းမတ်လ ၂၇ ရက်နေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးတည်းကသင်ခန်းစာကိုပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေးမှာလူသူလက်နက် အင်အားထက် နိုင်ငံရေးရေချိန်၊ စည်းရုံးရေးအင်အားတွေကလည်းအရေးပါတယ်ဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာဆင်နွဲှမယ့် ဂျပန်တော်လှန်ရေးအတွက်  ၁၉၄၂ ခုနှစ်လောက် ကတည်းက နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးတွေ ကြိုတင်ပြင်ဆင်ခဲ့ရတာလည်းတွေ့နိုင်မယ်ထင်ပါတယ်။ ကရင်၊ ရခိုင်စတဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေ ပါဝင်တော်လှန်ခဲ့မှုတွေကိုလည်း တွေ့ရမှာပါ။ စည်းလုံးညီညွတ်မှုနဲ့ စုပေါင်းအင်အားကသာတော်လှန်ရေးကိုအောင်မြင်စေမှာဖြစ်ပါတယ်။

 

မောဂ္ဂလိ

 

 

 

Zawgyi

ေတာ္လွန္ေရးသင္ခန္းစာ

သည္ရက္ထဲမွာေတာ္လွန္ေရးနဲ႔ပတ္သက္တဲ့စကားေတြကုိလူမႈကြန္ရက္စာမ်က္ႏွာေတြမွာအမ်ားဆုံးေတြ႕ေနရပါတယ္။အထူးသျဖင့္ေတာ္လွန္ေရးဘာလဲ၊ဘယ္လဲဆုိတဲ့ေ၀ဖန္သုံးသပ္မႈေတြကပုိမ်ားပါတယ္။ေတာ္လွန္ေရးေအာင္ျမင္ပါမလားဆုိတဲ့မခ်ိတင္ကဲေ၀ဖန္မႈေတြလည္းရွိပါတယ္။

သမုိင္းကုိျပန္ၾကည့္မယ္ဆုိရင္ေတာ့အနီးကပ္ဆုံးလက္နက္ကိုင္ေတာ္လွန္ေရးဟာဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးျဖစ္ပါတယ္။ျပည္သူတစ္ရပ္လုံးပါ၀င္ဆင္ႏဲြခဲ့တဲ့တကယ့္ကုိလွည္းေနေလွေအာင္းျမင္းေဇာင္းမက်န္ပါ၀င္တဲ့ေတာ္လွန္ေရးႀကီးျဖစ္ခဲ့ပါတယ္။ဒီလုိေအာင္ျမင္ခဲ့တဲ့ဖက္ဆစ္ေတာ္လွန္ေရးႀကီးကေနဘယ္လုိသင္ခန္းစာေတြယူၾကမလဲ။တစ္ခ်က္ေလာက္ျပန္သြားၾကရေအာင္ပါ။

၁၉၄၄ခုႏွစ္ၾသဂုတ္လ၁ရက္ေန႔မွာဂ်ပန္ေပးတဲ့ဗမာျပည္လြတ္လပ္ေရးတစ္ႏွစ္ျပည့္ကုိဂ်ဴပလီေဟာမွာက်င္းပပါတယ္။အဓိပတိေဒါက္တာဘေမာ္မိန္႔ခြန္းေျပာအၿပီးမွာဗုိလ္ခ်ဳပ္ေအာင္ဆန္းက ’’လြတ္လပ္ေရးဟာအေပၚယံလြတ္လပ္ေရးပဲရွိေသးတယ္။က်ဳပ္တုိ႔ေရွ႕ဆက္သြားႏုိင္ဦးမွလြတ္လပ္ေရးအေကာင္အထည္ကုိျမင္ရမယ္လုိ႔ဖြင့္ဟေျပာဆုိသြားပါတယ္။ဒီမိန္႔ခြန္းဟာဖက္ဆစ္ဂ်ပန္ေတြကုိတြန္းလွန္ၾကဖုိ႔စတင္သတိေပးခဲ့ျခင္းျဖင့္ပါတယ္။

ဖက္ဆစ္ဂ်ပန္ကုိတြန္းလွန္ၾကဖုိ႔အေရးမွာတစ္ႏုိင္ငံလုံးႏုိင္ငံေရးေရခ်ိန္ျမင့္ေနဖုိ႔လည္းလုိပါတယ္။ဒီအခ်က္ကုိႀကိဳျမင္တဲ့ကြန္ျမဴနစ္ပါတီကအင္းစိန္စစ္တမ္းကိုႀကိဳတင္ထုတ္ျပန္ခဲ့ပါတယ္။

၁၉၄၄ခုႏွစ္၊ၾသဂုတ္လ၄ရက္ေန႔မွာဗုိလ္ေက်ာ္ေဇာ (ရဲေဘာ္သုံးက်ိတ္၀င္) ဦးစီးတဲ့ပဲခူးစံျပတပ္ရင္းထဲကဗုိလ္ေက်ာ္ေအအိပ္ခန္းကုတင္ေပၚမွာဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ဗမာျပည္ကြန္ျမဴနစ္ပါတီအေထြေထြအတြင္းေရးမွဴးသခင္စုိးတုိ႔လွ်ဳိ႕၀ွက္ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။သုံးရက္ဆက္တုိက္ေဆြးေႏြးမႈအၿပီးမွာဗုိလ္ခ်ဳပ္ေအာင္ဆန္း၊သခင္စုိး၊သခင္သန္းထြန္းတုိ႔ေခါင္းေဆာင္တဲ့ဖက္ဆစ္တုိက္ဖ်က္ေရးျပည္သူ႔လြတ္လပ္ေရးအဖဲြ႕ႀကီးေပၚေပါက္လာခဲ့ပါတယ္။ဗမာျပည္ကြန္ျမဴနစ္ပါတီ၊ျပည္သူ႔အေရးေတာ္ပုံပါတီနဲ႔တပ္မေတာ္ဆုိတဲ့အဓိကအင္အားစုႀကီး၃ခုကုိအေျခခံၿပီးဖဲြ႕စည္းခဲ့တာပါ။

ဖဲြ႕ၿပီးတာနဲ႔တစ္ၿပိဳင္နက္စည္းကမ္းေလ်ာ့ရဲရဲျဖစ္ေနလုိ႔စံျပတပ္ရင္းေတြဖဲြ႕ၿပီးတည္ေဆာက္ေနရတဲ့တပ္မေတာ္ကုိေတာ္လွန္ေရးအတြက္အခ်ိန္မီေျပာင္းလဲလာေစဖုိ႔ကြန္ျမဴနစ္ပါတီမွႏုိင္ငံေရးေကဒါေတြေတာင္းၿပီးတပ္အသီးသီးထဲလွ်ဳိ႕၀ွက္သြင္းကာတပ္မွဴး၊တပ္ၾကပ္ေခါင္းေဆာင္ေတြကုိႏုိင္ငံေရးနဲ႔ေတာ္လွန္ေရးပညာေပးေရးေတြေဆာင္ရြက္ရပါတယ္။အာရွလူငယ္အစည္းအရုံးထဲကုိလည္းလူငယ္အခ်ဳိ႕ကုိေနရာခ်ထားေပးၿပီးလႈပ္ရွားေစခဲ့ပါတယ္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာဖက္ဆစ္ဂ်ပန္ကုိေတာ္လွန္ဖုိ႔အစကတည္းကအစီအစဥ္ရွိခဲ့ပုံရပါတယ္။ဂ်ပန္စ၀င္ကတည္းကဂ်ပန္နဲ႔ေရာဘီအုိင္ေအနဲ႔ပါျပသနာေပၚခဲ့ဖူးတဲ့ကရင္အမ်ဳိးသားမ်ားဟာဂ်ပန္ဆန္႔က်င္ေရးစိတ္တစ္ေလွ်ာက္လုံးရွိေနခဲ့ပါတယ္။ေဒါက္တာစံစီဖုိး၊ေစာစံဖုိးသင္၊ေစာဘဦး၊ေစာဟင္နရီ၊ဂၽြန္ဆင္ကံႀကီးတုိ႔ဟာထင္ရွားတဲ့ကရင္ေခါင္းေဆာင္ေတြျဖစ္ပါတယ္။ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာေစာစံဖုိးသစ္နဲ႔ေစာၾကာဒုိးတုိ႔ကုိ တပ္မေတာ္အတြင္းပါ၀င္ေစခဲ့ပါတယ္။

ဂ်ပန္ေတြ၀င္လာကတည္းက ဗမာျပည္ကြန္ျမဴနစ္ပါတီဟာေျမေအာက္ေတာ္လွန္ေရးနည္းနာေတြနဲ႔ ဖက္ဆစ္ ဆန္႔က်င္ေရးလုပ္ငန္းေတြလုပ္ေဆာင္ခဲ့ပါတယ္။ အေရးႀကီးတဲ့ ေပ်ာက္က်ားအေျခခံဖဲြ႕စည္းေရးနဲ႔ ေပ်ာက္က်ားတပ္ဖဲြ႕ေတြကုိဖဲြ႕စည္းၿပီးလုိအပ္တဲ့စစ္သင္တန္းေတြကုိေက်းလက္ ေတာရြာမ်ားအထိဖဲြ႕စည္းေပးခဲ့ပါတယ္။ ေျမေအာက္ေတာ္လွန္ေရးနည္း၊ ေပ်ာက္က်ားနည္းေတြနဲ႔ဆန္႔က်င္ေတာ္လွန္ခဲ့လုိ႔ ေတာ္လွန္ေရးႀကီးမေရာက္မီအသက္စြန္႔ခဲ့ရသူေတြလည္းမ်ားစြာရွိခဲ့ပါတယ္။

၁၉၄၄ ခုႏွစ္ စက္တင္ဘာလ၊ ေအာက္တုိဘာလမွာသခင္သန္းထြန္းရဲ႕အစီအစဥ္နဲ႔ သခင္ဗုိလ္၊ မန္း၀င္းေမာင္ တုိ႔ဦးေဆာင္တဲ့ လူငယ္တစ္သုိက္ကုိစစ္ပညာေလ့လာဖုိ႔ ေတာ္လွန္ေရးလုပ္ငန္းေတြလုပ္ဖို႔ အိႏၵိယကသခင္ သိန္းေဖဆီေစလြတ္ခဲ့ပါတယ္။  စက္တင္ဘာထဲမွာပဲဦးဗေဆြ၊ ဦးေက်ာ္ၿငိမ္း၊ ဗုိလ္ေန၀င္း၊ ဗုိလ္ရဲထြန္းတုိ႔ဟာေဒးဒရဲကုိသြားၿပီးနုိင္ငံေရးေခါင္းေဆာင္သခင္စုိးနဲ႔ေတြ႕ဆုံကာစည္းရုံးေရးဆုိင္ရာအေသးစိတ္လုပ္ငန္းေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

၁၉၄၄ ခုႏွစ္၊ ဒီဇင္ဘာလထဲမွာဂ်ပန္ကုိဆန္႔က်င္တဲ့လက္ေတြ႕တုိက္ပဲြကေတာ့ ရခုိင္တုိင္းမွာစတင္ေပၚေပါက္ လာခဲ့ပါတယ္။ ရခုိင္တုိင္းဟာမဟာမိတ္ၿဗိတိသွ်ေတြ တပ္စဲြထားတဲ့ အိႏၵိယနဲ႔နယ္နမိတ္ျခင္းဆက္စပ္လွ်က္ ရွိၿပီးဖက္ဆစ္ေတာ္လွန္ေရးအတြက္ ၁၉၄၂ ခုႏွစ္ ႏွစ္လယ္ေလာက္ကတည္းကသခင္သိန္းေဖ၊ သခင္တင္ေရႊ၊ သခင္ တင္ျမတုိ႔ အေစာဆုံးစည္းရုံးျပင္ဆင္ခဲ့တဲ့ ေဒသျဖစ္ပါတယ္။ ဗုံေပါက္သာေက်ာ္၊ ကုိေက်ာ္လွ၊ ဦးညိဳထြန္း၊ ဦးေက်ာ္ျမ၊ ဦးဘစံ၊ ဦးစိႏၱာ၊ ဦးပညာသီလ၊ ဦးေအာင္သာဦး၊ ဦးေက်ာ္ရင္တုိ႔ဟာရခုိင္ေတာ္လွန္ေရးေခါင္းေဆာင္ ေတြပဲျဖစ္ခဲ့ၾကပါတယ္။

၁၉၄၄ အကုန္မွာစစ္ေတြခရုိင္ေမယု၊ ကုလားတန္ျမစ္ဖ်ားအနီးမွာရွိတဲ့ ဂ်ပန္ေတြကုိစတင္ထုိးစစ္ဆင္ ပါတယ္။ မဟာမိတ္ေတြျဖတ္ ေက်ာ္မကူးႏုိင္မီဗုိလ္ၾကာလွေအာင္ ေခါင္းေဆာင္တဲ့ ရခုိင္ ကာကြယ္ေရးတပ္ေတြကဂ်ပန္ ေတြကိုတုိက္ပါတယ္။ ဦးစိႏၱာနဲ႔ ဗုံေပါက္သာေက်ာ္တုိ႔ကုိမင္းျပားဘက္ေလထီးနဲ႔ခ်ေပးၿပီးူတုိက္ေစပါတယ္။ ဦးေက်ာ္ရင္အဖဲြ႕က သံတဲြကုိတာ၀န္ယူပါတယ္။ ရခုိင္ေတာ္လွန္ေရးေခါင္းေဆာင္ေတြရဲ႕ ႀကိဳးပမ္းမႈေၾကာင့္  မဟာမိတ္ေတြ ဗမာႏုိင္ငံထဲ ေခ်ာေခ်ာေမာေမာ၀င္လာခဲ့တာျဖစ္ပါတယ္။

ဖက္ဆစ္ေတာလွန္ေရးကိုတစ္ျပည္လုံးဆင္ႏဲြဖုိ႔ ၁၉၄၅ ခုႏွစ္၊ မတ္လဆန္းမွာဗုိလ္ခ်ဳပ္ေအာင္ဆန္းအိမ္မွာေတာ္လွန္ေရးေခါင္းေဆာင္ေတြလွ်ဳိ႕၀ွက္ေဆြးေႏြးခဲ့ပါတယ္။ ႏုိင္ငံေရးေခါင္းေဆာင္သခင္စုိး၊ စစ္ေရးေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၊ ႏုိင္ငံျခားဆက္သြယ္ေရးတာ၀န္ခံ သခင္သန္းထြန္းအျဖစ္ တာ၀န္သတ္မွတ္ၿပီးစစ္တုိင္းႀကီးေတြ ခဲြေ၀သတ္မွတ္ခဲ့ပါတယ္။ ေတာ္လွန္ေရးဆင္ႏဲြဖုိ႔ D Day ကုိလည္းမတ္လ ၂၇ ရက္ေန႔ အျဖစ္သတ္မွတ္ခဲ့ပါတယ္။

ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးတည္းကသင္ခန္းစာကုိျပန္ၾကည့္မယ္ဆုိရင္ ေတာ္လွန္ေရးမွာလူသူလက္နက္ အင္အားထက္ ႏုိင္ငံေရးေရခ်ိန္၊ စည္းရုံးေရးအင္အားေတြကလည္းအေရးပါတယ္ဆုိတာေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ၁၉၄၅ ခုႏွစ္ မတ္လမွာဆင္ႏဲႊမယ့္ ဂ်ပန္ေတာ္လွွန္ေရးအတြက္  ၁၉၄၂ ခုႏွစ္ေလာက္ ကတည္းက ႏုိင္ငံေရး၊ စည္းရုံးေရး၊ စစ္ေရးေတြ ႀကိဳတင္ျပင္ဆင္ခဲ့ရတာလည္းေတြ႕ႏုိင္မယ္ထင္ပါတယ္။ ကရင္၊ ရခုိင္စတဲ့ တုိင္းရင္းသားေတာ္လွန္ေရးသမားေတြ ပါ၀င္ေတာ္လွန္ခဲ့မႈေတြကုိလည္း ေတြ႕ရမွာပါ။ စည္းလုံးညီညြတ္မႈနဲ႔ စုေပါင္းအင္အားကသာေတာ္လွန္ေရးကုိေအာင္ျမင္ေစမွာျဖစ္ပါတယ္။

 

ေမာဂၢလိ