• Today is: Tuesday, September 26, 2023

ထောင်ချောက်

ဟာရှိန်း

မိုးပေါ် ထောင်ဖောက်တာဆိုပေမဲ့

ကျည်ဆံဟာ ငယ်ထိပ်ဆီပဲ

တည့်တည့်ကျလာမယ်အထင်နဲ့

တွေးတွေးပြီး ကြောက်နေရ . . . ။

စိတ်ကိုအကျဉ်းချလိုက်တယ်

အတိတ်ကိုငေးကြည့်တော့လည်း

ဝေးဝေးက အတွေးတွေဟာ

အခုတော့. . .

မီးနီမိနေတဲ့ ငြိမ်းချမ်းရေးပဲ . . . ။