• Today is: Monday, September 25, 2023

ေရအရင္းအျမစ္ထဲ စစ္ပြဲကုိဆားေလးနည္းနည္းခပ္ အမ်ိဳးသားေရးဝါဒထဲ ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ ခ်ိဳၿပံဳးဒီမိုကေရစီ ရေအရင်းအမြစ်ထဲ စစ်ပွဲကိုဆားလေးနည်းနည်းခပ် အမျိုးသားရေးဝါဒထဲ ချစ်လှပါချည်ရဲ့ဆိုတဲ့ ချိုပြုံးဒီမိုကရေစီ

Zawgyi
အျပဳအျပင္ခံထားရတဲ့ ေမာ္ေတာ္ကားေလးပါ

ခရီးရွည္ထြက္ဖို႔ရာ သူ႕ခမ်ာဆီေလာင္းေဆာင္းသင္ရ

ေႏြေခါင္ေခါင္ထဲ ယမ္းန႔ံတေထာင္းေထာင္း

အေပါင္းအသင္းမက္လို႔ မေကာင္းသတင္းဖက္ခဲ့ရဆိုသလို

ျဖစ္ေၾကာင္းကုန္မစင္ေသး

လြမ္းၿပီပဲ

ျပဳတ္က်သြားတဲ့ ေတာင္ကုန္းထိပ္က ဘုရားအုတ္ခဲေလး

ဆံျဖဴသြားေၾကြနားေနေဆာင္ ယဲ့ယဲ့ေလး

ဘာမ်ားအေရးႀကီးလို႔တုန္းဟ ဆိုတဲ့

ခ်စ္ေသာေတာ္လွန္ေရး လံုးႀကီးေပါက္လွေလး

ဘာကိုခ်စ္ၾကမလဲဆိုတာရယ္

ဘယ္ေလာက္ခ်စ္ၾကမလဲ ဆိုတာရယ္

ဘယ္နည္းဘယ္ပံုခ်စ္ၾကမလဲ ဆိုတာရယ္

အမ်ိဳးစံု ႀကိဳးခံု

သပိတ္စံု သူပုန္လွေပါ့

ေတာင္ခါးပန္းမွာ ေယာင္ယမ္းၿပီးစုိက္ခဲ့တဲ့

အပင္ေလးေတြ အေတာ္ႀကီးၿပီ ။

Aမြန္

Unicode
အပြုအပြင်ခံထားရတဲ့ မော်တော်ကားလေးပါ

ခရီးရှည်ထွက်ဖို့ရာ သူ့ခမျာဆီလောင်းဆောင်းသင်ရ

နွေခေါင်ခေါင်ထဲ ယမ်းနံ့တထောင်းထောင်း

အပေါင်းအသင်းမက်လို့ မကောင်းသတင်းဖက်ခဲ့ရဆိုသလို

ဖြစ်ကြောင်းကုန်မစင်သေး

လွမ်းပြီပဲ

ပြုတ်ကျသွားတဲ့ တောင်ကုန်းထိပ်က ဘုရားအုတ်ခဲလေး

ဆံဖြူသွားကြွေနားနေဆောင် ယဲ့ယဲ့လေး

ဘာများအရေးကြီးလို့တုန်းဟ ဆိုတဲ့

ချစ်သောတော်လှန်ရေး လုံးကြီးပေါက်လှလေး

ဘာကိုချစ်ကြမလဲဆိုတာရယ်

ဘယ်လောက်ချစ်ကြမလဲ ဆိုတာရယ်

ဘယ်နည်းဘယ်ပုံချစ်ကြမလဲ ဆိုတာရယ်

အမျိုးစုံ ကြိုးခုံ

သပိတ်စုံ သူပုန်လှပေါ့

တောင်ခါးပန်းမှာ ယောင်ယမ်းပြီးစိုက်ခဲ့တဲ့

အပင်လေးတွေ အတော်ကြီးပြီ ။

Aမွန်