• Today is: Wednesday, September 27, 2023

ကြိုးစင်ပြင်ထာတယ်

ကြည့်ထား

မျက်စိဒေါက်ထောက်ပြီးကြည့်ထား

မြန်မာပြည်တနံတလျားမှာ အကောင်တွေခြစားလို့

လုံးပါး ပါးသွားတဲ့ သယံဇတတွေကို ကြည့်ထား

တောတွေကိုကြည့်ထား

တောင်တွေကိုကြည့်ထား

မြစ်ချောင်း အင်းအိုင်နဲ့ ကျောက်သံပတ္တမြား

သဘာဝရဲ့အဆီအနှစ်တွေကို ကြည့်ထား

ကြည့်ထား

ဘဝတူတွေကို ကြည့်ထား

နောက်ဆို ခင်ဗျားတို့ ကျုပ်တို့လည်းလုံးပါး ပါးသွားမှာ

စား . . စား . .

ဝအောင်စား

ပြည်သူ့ဘဏ္ဍာနဲ့ ထမင်းဝအောင်စား

လယ်ယာမြေတွေကိုစား

ရေနံတွေကိုစား

ဓာတ်သတ္တုတွေနဲ့ ဂက်စ်ငွေ့တွေကိုစား

လက်ပံတောင်းကိုစား

ဖားကန့်ကိုစား

သံလွင်ကိုစား

ချင်းတွင်းမြစ်ကိုစား

ဧရာဝတီကိုရောင်းစား

နိုင်ငံအနှံ့ ခင်ဗျားတို့စိတ်ကြိုက်စား

သယံဇာတဆိုတာ ခင်ဗျားတို့ မယားပါသား

နေပြည်တော်မှာ ထိုင်ပြီးတော့စား

ရန်ကုန်ကနေ ရောင်းစား

လုပ်ပိုင်ခွင့်ကို ကိုင်ပြီးတော့စား

ခရိုနီတွေက ပိုင်ရာဆိုင်ရာတွေ ကိုင်ကိုင်ပြီးတော့ စား

“မင်း တစ်ယောက် ကျုပ်တို့” တိုင်းပြည်ကိုရောင်းစား

တအိအိဖဲ့ စား

တမြှပ်မြှပ်နဲ့ စား

မြှိန်ရေယှက်ရေနဲ့ စား

ပြီးရင်တော့လား. . . . . . . . . .

ကြပ်ကြပ် သတိထား

ခင်ဗျားတို့ ကြပ်ကြပ်သတိထား၊

အသိတရားတွေ ကိုယ်မှာကပ်ထား

သရဏဂုံတင်ထား

သက်ပျောက်ဆွမ်း ကပ်ဖို့ပြင်ထား

ကိုယ့်သေတွင်းကိုယ်တူးထား

ဒီမှာ ကျုပ်တို့ပြည်သူတွေက

ခင်ဗျားတို့အတွက် ကြိုးစင်ပြင်ထားတယ် သိလား. . . . . . . . . . ။

မောင်မိုးယံ(သက္ကယ်)