• Today is: Friday, March 29, 2024
ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်
Unicode
ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်
၁။           ပင်လုံသဘောတူညီချက်၊ ပင်လုံကတိကဝတ်များနှင့်အညီ နိုင်ငံတော်ကို စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြည်တည်လာစေရေးကို အလေးထားဆောင်ရွက်ပါမည်။
၂။            ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် အထူးကြိုးပမ်းဆောင်ရွက်ပါမည်။
၃။           ကချင်ပြည်နယ်ရှိ သဘာဝသယံဇာတများမှ ရရှိနေသော အကျိုးစီးပွားများကို ကချင်ပြည်နယ်သူ ပြည်နယ်သားများ ခံစားရရှိနိုင်ရေး ဆောင်ရွက်ပါမည်။
၄။           ကချင်ပြည်နယ်အတွင်း အကြီးစား၊ အလတ်စား စီးပွားရေး စီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှု လက်မှုကဏ္ဍများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူလူထု၏ လုံခြုံရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရန် ကူညီဆောင်ရွက်ပါမည်။
၅။           ပြည်နယ်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အရေး ပေါ်ကာလ များတွင် ထိရောက်သောကူညီမှု ဆောင်ရွက်နိုင်ရန်အတွက် အစိုးရဘတ်ဂျက်များ သီးသန့် ထားရှိရေး လွှတ်တော်အသီးသီးသို့ တင်ပြသွားပါမည်။
၆။           ကချင်ပြည်သူ ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပါမည်။
၇။           ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ပြည်နယ်၏လုပ်ပိုင်ခွင့် ပိုမိုရရှိရေးအတွက် အထူးကြိုးပမ်း ဆောင် ရွက်ပါမည်။
၈။           တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ရရှိရေး နှင့် စပ်လျဉ်း၍ ပြည်နယ်သူ ပြည်နယ်သားများ လက်လှမ်းမှီ ခံစားနိုင်ရေးကို မျက်ခြေမပြတ် စောင့်ကြည့်၍ လိုအပ်သလို ကူညီဆောင်ရွက်ပါမည်။
၉။           မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပြီးတိုင် ထာဝရ ရပ်ဆိုင်းရေး ကို အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက် ပါမည်။
၁၀။        နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ရောက်ရှိနေထိုင်နိုင်ရန်နှင့် လုပ်ကိုင်စား သောက်နိုင်ရန်၊ မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများ ဆုံးရှုံးခြင်းမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့် ရရှိနိုင်ရန် ကူညီဆောင်ရွက်ပါမည်။
၁၁။        တိုင်းရင်းသားများ၏ အမည်နာမ၊ သမိုင်းကြောင်းနှင့် ဖြစ်တည်မှုတို့ မှန်ကန်စေရန်နှင့် စာပေ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ပါမည်။
၁၂။         မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ပပျောက်စေရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ကာ ပြည်သူနှင့်အတူ တားဆီးဆန့်ကျင်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
၁၃။        မူးယစ်ဆေးဝါးသုံးစွဲသူများ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတို့အတွက် အလေးထားဆောင်ရွက်ပါမည်။
၁၄။        ကျန်းမာသန်စွမ်းသော ပြည်နယ်သူ ပြည်နယ်သားများ ဖြစ်လာစေရန်နှင့် နိုင်ငံဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွန်းလာစေရန် အားကစားကဏ္ဍ ကို အားပေးမြှင့်တင်သွားပါမည်။
၁၅။        လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အကောင်အထည်ဖော် ပြဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ
Zawgyi