• Today is: Friday, March 29, 2024

ကမ္ဘာမြေသို့ ဆုတောင်းတေးသံ


သဘာဝအလှတရားတွေဟာ

သဘာဝကျကျ အိပ်မောကျခွင့်ရပါရဲ့လား

မေးပါရစေ ကမ္ဘာမြေ။

ကောလဟာလတွေနဲ့

ဖြစ်ပျက်ချင်သလိုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ပေါင်းစုံမှာ

လုံခြံမှုဟာ ရင်တုန်ပန်းတုန်ဖြစ်နေရ

ပဲ့ထွက်နေတဲ့ ဘ၀အထွေထွေကို

ဘယ်လို ပြန်ပြုပြင်ပေးရမလဲ

တွေးလိုက်မိတိုင်း ရင်မောစရာကောင်းတယ်။

တလှိုက်လှိုက် ရှိုက်သံတွေအစား

တရားမျှတခြင်းဟာ နေရာယူပေးပါ။

အခါခါပြန်တောင်းနေရတဲ့ ကိုယ့်အရိပ်မှာ

စာနာခြင်းတရားတို့ မှေးမှိတ်နားခိုပါ။

ဧရိယာပြင်ပရောက်ရောက်သွားတဲ့

မိသားစု ကမ်းလက်တွေထဲ

ခိုင်မြဲမှုပန်းစည်းလေးကို ချိတ်ဆွဲပေးပါ။

ညီအစ်ကို မသိတသိ အမှောင်မှာ

သွေးဆာနေတဲ့ လက်ကြမ်းကြမ်းကြီးတွေအစား

ရင်ချင်းဆက်ပွေ့ဖက်နိုင်မယ့်

ပန်းပျိုးလက်တစ်စုံစီ မွေးဖွားပေးပါ။

အခြေအနေအရ

ကိုဓဥပဒေဟာ လူကြိုက်များနေတုန်းပဲ

ဖြစ်လာတဲ့ ပြဿနာတိုင်းမှာ

အဟိံသကနည်းလမ်းနဲငြိမ်းနိုင်မှ မြန်မြန်ငြိမ်းမယ်။

ကမ္ဘာနဲ့လူသားဆီ အအေးဓာတ်ကိန်းဖို့

မိခင်တို့ရဲ့မဟာဝိဥာဏ် ငြိမ်းချမ်းပါစေ။

နေ့သစ်တွေတိုင်းမှာ ဂီတသံချိုဖို့

ငြိမ်းချမ်းရေးငှက်တို့ ငြိမ်းချမ်းတေးသီဆိုပါစေ။

မေမေတို့ရဲ့ မေတ္တဓာတ် အစွမ်းဟာ

ကမ္ဘာ့ရပ်ဝှမ်း အသီးသီးဆီ ကျရောက်ပြီး

လူကိုလူချင်းမြင်တဲ့ အသိဥာဏ်အလင်းပေါက်ပါစေ။

အေးမြပါ ၀င်းပပါ ချိုသာပါ ကမ္ဘာမြေ

တေးဆိုပါ မွှေးချိုပါ သာယာပါ ကမ္ဘာမြေ

နေ့သစ်တွေဟာ

လူသားတိုင်းအတွက် အဓိပ္ပာယ်ရှိပါတယ်။

                                                      ရတုသစ်