• Today is: Friday, March 29, 2024
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP) ရွေးကောက်ပွဲကြော်ငြာစာတမ်း
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP)
ရွေးကောက်ပွဲကြော်ငြာစာတမ်း
နိဒါန်း
ကယားပြည်နယ်အတွင်း ရှေးနှစ်ပေါင်းများကပင် မှီတင်းနေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများ အားလုံး ၏ မူလရပိုင်ခွင့်များ အမှန်တကယ်ရရှိစေရန် နှင့် ဌာနေတိုင်းရင်းသား လူမျိုးများသည် တန်းတူညီမျှအခွင့်အရေး ရရှိရေးဝ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖြစ်ပေါ်ရေးကိုဖော်ဆောင်ပေးရန်အတွက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကြီးအား ဖွဲ့စည်းလိုက်သည်။ ကယားပြည်နယ် ဒီမိုကရေတစ်ပါတီသည် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) (ANDP) နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ (KUDP)ပါတီတို့ ပူးပေါင်းထားသည့် ပါတီကြီးဖြစ်သည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ကယားပြည်နယ်အတွက် အာရုံစိုက်၍ ဒေသခံ လူထုအတွက် အကျိုးရှိ စေမည့် သဘာဝသယံဇာတများ စီမံအသုံးပြုရေးမူဝါဒ၊ ဘဏ္ဍာခွဲဝေ သုံးစွဲ ရေးမူဝါဒ၊ ဒေဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဝ ဒေသငြိမ်းချမ်းရေး မူဝါဒအစရှိသည့် မူဝါဒများအားလုံးကို မားမားမတ်မတ်ရပ်တည်တောင်းဆို ဖော်ဆောင်မည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ရည်မှန်းချက်
ဒေသခံတိုင်းရင်းသားများအားလုံး ခွဲခြားဖိနှိပ်မှုမရှိသော၊ လွတ်လပ်ပွင့်လင်းသော၊ တရားမျှတ သော၊ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝန်းတစ်ခုသို့ ရောက်ရှိရန် ရည်မှန်းသည်။
အထက်ပါရည်မှန်းချက်များ ပြည့်မြောက်စေရန်အတွက် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီသည် အောက်ပါရည်ရွယ်ချက်များကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်။
–              ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများကို ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းအတွက် အမှန်တကယ်အကျိုးရှိစေရန်၊ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ရယူကျင့်သုံးသွားမည်။
–              ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် လူထုအခြေပြုဆွေးနွေးပွဲများကို အခြေခံ၍ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာများ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်သွားမည်။
–              ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် အာဏာရှင်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို အစဉ်အမြဲထွန်းလှန်၍ အာဏာခွဲဝေမှုအပြည့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြား မိတ်ဖက်ပါတီများနှင့် ဝိုင်းဝန်းတည်ဆောက်သွားမည်။
–              ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်သွားမည်။
–              နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ သဘာဝသယံဇာတပတ်ဝန်းကျင် သိမ်းရေးအတွက် ကောင်းမွန်သော မူဝါဒများချမှတ်ဖော်ဆောင်သွားမည်။
–              ပါတီသည် တောင်သူလယ်သမား၊ အလုပ်သမားများ၊ လူငယ်များနှင့် အခြားအခြေခံ လူတန်းစားများ လူမှုဘဝတိုးတက်ကောင်းမွန်ရေးအတွက် ဦးတည်ဖော်ဆောင်သွားမည်။
–              ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများပါဝင်ဆောင်ရွက် ဆုံးဖြတ်ပိုင်ခွင့်ရှိရေးကို အစဉ်ဦးတည်သွားမည်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် အထက်ပါရည်ရွယ်ချက်များကို အခြေခံပြီး အောက်ပါကဏ္ဍ
များကို မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။
ပညာရေးကဏ္ဍဆိုင်ရာ မူဝါဒများ
(၁)          ကယားပြည်နယ်အစိုးရ၏ စုစုပေါင်းအသုံးစရိတ်မှ အနည်း (၁၀%)အား ပညာရေးကဏ္ဍတွင် အသုံးပြုမည်။
(၂)          ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုများသည် ဒေသန္တရအစိုးရနှင့် ကျောင်း/သက္ကသိုလ် အုပ်ချုပ်ရေး ကော်မတီများ၏ လက်အောက်တွင်ရှိရမည်။
(၃)          ကျောင်းပညာရေးတွင် ပုဂ္ဂလိကကျောင်းများတည်ထောင်ခြင်းကို စည်းကမ်းချက်နှင့်အညီ ခွင့်ပြုသည်။
(၄)          ကျေးရွာကိုယ်ထူကိုယ်ထ မူကြိုကျောင်းများအားလုံးကို အစိုးရအသိအမှတ်ပြုမှုနှင့် လိုအပ် သော ထောက်ပံ့မှုများကို လုပ်ဆောင်ပေးမည်။
(၅)          မူကြိုဆရာဖြစ်သင်တန်းကျောင်း၊ တည်ထောင်ပြီး အရည်အချင်းပြည့်မီသော ဆရာ၊ဆရာမ များ ထွက်ပေါ်လာရန်အတွက် သင်ကြား၊ ခန့်အပ်ပံ့ပိုးပေးမည်။
(၆)          မိခင်ဘာသာစကားကို အခြေခံသော ပညာရေးစနစ်ကို ပံ့ပိုးကူညီသွားမည်။
(၇)          အခြေခံပညာရေးသည် အခမဲ့နှင့်မသင်မနေရ ပညာရေးစနစ်ဖြစ်ရမည့်အပြင် ကျောင်း ပရဝုတ်နှင့်၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်း ဆရာ/ဆရာမများ လုံလောက်စွာပံ့ပိုးမည်။
(၈)          အခြေခံပညာရေးတွင် ကျောင်းထွက်နှုန်းလျှော့ချနိုင်ရေးအတွက် ကျောင်းများနှင့်လက်လှမ်း မီနိုင်ရေးအပြင်၊ ကျောင်းသူ/ကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရေးလုပ်ဆောင်မည်။
(၉)          မသန်စွမ်းသူများပါဝင်သင်ကြားနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ်ကို ဖော်ဆောင်ပြီး၊ သက်ဆိုင်ရာကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်။
(၁၀)       အဆင့်မြင့် ပညာရေးကျောင်းများ ကိုယ်ပိုင်လွတ်လပ်စွာစီမံခွင့်နှင့် အရည်အသွေးပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီမည်။
(၁၁)       အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိမည်။
(၁၂)       ကျောင်းပြင်ပပညာရေးနှင့် အသက်မွေးဝမ်ကျောင်းအစီအမံများ ပံ့ပိုးဖော်ဆောင်သွားမည်။
(၁၃)       စစ်ဘေးဒုက္ခသည်နှင့် ပြည်ပရွှေ့ပြောင်း ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးကို အသိအမှတ်ပြုပြီး ပြည်တွင်းကျေင်းပညာရေးနှင့် ပြန်လည်ဆက်စပ်ဆောင်ရွက်ပေးမည်။
(၁၄)       ပညာရေးတွင် လူမျိုး၊ ဘာသာ၊ အသားအရောင် လိင်၊ နေရပ်များအပေါ်ခွဲခြားဆက်ဆံမှု မရှိစေဘဲ တန်းတူအခွင့်အရေးရှိရမည်။
(၁၅)       ထူးချွန်ပြီးဆင်းရဲနွမ်းပါးသော ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ ပေးရေး အစီအစဉ်များဆောင်ရွက်မည်။
(၁၆)       ပညာရေးဝန်ထမ်းများအတွက် စဉ်ဆက်မပြတ်ေ့လာနိုင်သော ရပ်ဝန်းနှင့် လုံလောက်သော ပံ့ပိုးမှုပေးမည်။
ကျန်းမာရေးကဏ္ဍဆိုင်ရာ မူဝါဒများ
(၁)          ဒေသအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးရုံ၊ ဆေးခန်းများတွင် အခြေခံ အင်္ဂါရပ်များဖြစ်သော ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းဝ ပညာရှင်နှင့် အဆင့်မြင့်စက်ပစ္စည်း ကိရိယာ များထားရှိပေးမည်။
(၂)          တိုင်းရင်းကျန်မာရေးကုသမှုများနှင့် ဆေးဝါးများနှင့် ဆေးဝါးများကို သုတေသနပြုမှုနှင့် တရားဝင်မှတ်ပုံတင်ခြင်း စသည်တို့ကို ကူညီပေးမည်။
(၃)          ကယားပြည်နယ်အဆင့် ကျန်းမာရေးဆိုင်ရာ နှီနှောဖလှယ်နိုင်မည့် ဆုံရပ်နှင့် သုတေသန ပြုနိုင်မည့် အစီအစဉ်များကို ပံ့ပိုးကူညီသွားမည်။
(၄)          ဒေသခံတိုင်းရင်းသားများအတွက်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရာတွင် ကျေးလက် နှင့် မြို့ပြကျန်းမာရေးအစီအစဉ်များ မျှတစွာနှင့် အချိတ်အဆက်ရှိစွာ စီစဉ်ဆောင်ရွက် သွားမည်။
(၅)          လူတိုင်းအခြေခံဆေးဝါးကုသမှုတွင် အခမဲ့ဖြစ်ရမည့်အပြင် အကြီးစားကုသမှုဆိုင်ရာ အခွင့်အလမ်းများကိုလည်း လွယ်ကူစွာရရှိနိုင်ရန် ချိတ်ဆက်ဖန်တီးပေးမည်။
(၆)          ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် လူသားတိုင်းအား တန်းတူအခွင့်အရေးပေးမည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမည်။
(၇)          အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး (FDA) ကို ထိရောက်စွာစီစစ်ဆောင်ရွက်နိုင်ရန် ဝန်ထမ်း ဘတ်ဂျက် ပိုမိုပံ့ပိုးပေးရန်နှင့် ပြည်နယ်အတွင်းရှိ INGO. NGO. CSO များနှင့် လက်တွဲ ဆောင် ရွက်သွားမည်။
(၈)          ကျန်းမာ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြည်နယ်၏ ကျန်းမာရေးဘတ်ဂျက်များကို တိုးပေးရမည်။
(၉)          ဝေးလံခေါင်ပါးသော ဒေသများတွင် တာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်းများကို ရှားပါးစာရိတ်များ ထောက်ပံ့ပေးမည်။
(၁၀)       ဒေသခံတိုင်းရင်းသားလူထု၏ ကျန်းမာရေးများကို ကူညီစောင့်ရှောက်နိုင်မည့် ကျန်းမာရေး အာမခံလုပ်ငန်းများကို အားပေးကူညီသွားမည်။
(၁၁)       ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များသည် တာဝန်ချိန်များကို တိကျစွာလိုက်နာအောင် လုပ်ဆောင်သွားမည်။
(၁၂)       ဒေသခံကျန်းမာရေးဝန်ထမ်းများ ပိုမိုပေါ်ပေါ်ပေါက်လာရန် ထောက်ခံမှု၊ ခန့်အပ်မှုများကို ဦးစားပေး ဆောင်ရွက်သွားမည်။
(၁၃)       ထိရောက်သော လူထုကျန်းမာရေးအစီအစဉ်ကို ရေးဆွဲဖော်ထုတ်ပြီး ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ရန် စနစ်တကျလုပ်ဆောင်သွားမည်။
စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒများ
(၁)          စိုက်ပျိုးရေးသီးနှံများဈေးကွက်
က။         ဒေသထွက် သီးနှံများအား ဈေးကွက်ခိုင်မာစေရေးနှင့် ဈေးကွက်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်မည်။
ခ။           ကျေးလက်ဒေသရှိ ထုတ်ကုန်များကို ဈေးကွက်သို့ရောက်ရှိအောင် သတင်းအချက် အလက်ဆိုင်ရာ နည်းပညာများဖြင့် ပံ့ပိုးကူညီသွားမည်။
(၂)          အလုပ်အကိုင်နှင့် ဝင်ငွေ
က။         တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေရေး အတွက် ကူညီပေးမည်။
(ခ)          တစ်ဦးချင်းဝင်ငွေတိုးရန်အတွက် အခွန်လျော့ပေးခြင်း၊ ထုတ်လုပ်မှုတိုးတက်စေခြင်း၊ အချိတ်အဆက်ပိုမိုဖန်တီးပေးနိုင်ခြင်းလုပ်ငန်းများ တိုးတက်စေခြင်းမှ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေမည်။
(၃)          ကျေးလက်စီးပွားရေးကို အားပေးသောလမ်း၊ တံတား၊ ကျေးလက်စီးပွားရေးကို ဦးစားပေးသော လယ်ယာကုန်ထုတ်လမ်း၊ ကျေးလက်ချင်းဆက်လမ်းတံတားကို ဖန်တီးပေးမည်။
(၄)          တနိုင်တပိုင်လုပ်ငန်းများ (MIRCO- BUSINESS)
(က)       တနိုင်တပိုင်လုပ်ငန်းများအား ကောက်ခံသည့်အခွန်များကို လျော့ချခြင်းအားဖြင့် ပံ့ပိုးကူညီပေးမည်။ တနိုင်တပိုင်လုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းများသည် သဘာဝ ဘေးအန္တရာယ် များကြောာင့် ပျက်စီးဆုံးရှုံးသွားပါက ပြန်လည်ထူထောင်နိုင်ရန် အတွက် ကူညီသွားမည်။
(၅)          စက်မှုစီးပွားရေး
(က)       တနိုင်တပိုင်လုပ်ငန်းများကို အသေးစားစက်မှုလုပ်ငန်း (VALUE ADD) အဆင့်သို့ တက်လှမ်းနိုင်ရန် ပံ့ပိုးကူညီလုပ်ဆောင်သွားမည်။
(ခ)          စိုက်ပျိုးရေးနှင့်ဆက်စပ်သော သွင်းအားစုများကို ပြည်နယ်အတွင်း ထုတ်လုပ်နိုင်ရေး အတွက် ဖန်တီးဆောင်ရွက်သွားမည်။
(၆)          ရင်းနှီးမြှုပ်နှံမှုများ
(က)       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လိုအပ်ချက်များနှင့် အရေးပါမှုများအပေါ် မူတည်ပြီး ရွေးချယ် ဖိတ်ခေါ်သွားမည်။ (စိုက်ပျိုးရေးကဏ္ဍအတွက် တန်ဖိုးမြှင့်ရန်၊ ဖုန်း၊ ကွန်ပျူတာ ကဲ့သို့ အရေးပါသော လုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်သွားမည်။
(ခ)          ဒေသခံ ရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးဖိတ်ခေါ်ပြီး ကူညီဆောင်ရွက်ပေးမည်။
(၇)          ကုန်သွယ်ရေး
ကုန်သွယ်ရေးအားကောင်းစေရန်အတွက် တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ နှင့် စားသုံးသူများ (CONSUMERS, BUSINESS AND FARMER ASSOCIATIONS) ကို ချိတ်ဆက်ပေးနိုင်သည့် စီးပွားရေးဆုံချက် (BUSINESS CENTER) ကို ဖွဲ့စည်းပံ့ပိုးပေး သွားမည်။ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်သွားမည်။
(၈)          စွန့်ဦးစီးပွားရေး
ဒေသခံစွန့်ဦးစီးပွားရေး အစီအစဉ်ကောင်းများကို စနစ်တကျဖော်ထုတ်၍ ထိရောက်စွာပံ့ပိုး ကူညီသွားမည်။
(၉)          စီးပွားဖွံ့ဖြိုးရေးနှင့် ရန်ပုံငွေ
ဒေသခံ၏ စီးပွားဖွံ့ဖြိုးရေးအတွက် ငွေကြေးရန်ပုံငွေတရပ်ထူထောင်ပြီး အရေးပါသော စီးပွားရေး အစီအစဉ်များကို ပံ့ပိုးကူညီသွားမည်။
(၁၀)       စိုက်ဘဏ်
တောင်သူများ၏ သီးနှံရင်းများကို ကူညီပေးနိုင်မည့် မျိုးစေ့ဘဏ်နှင့် စိုက်ပျိုးသီးနှံများကို ကျောထောက်နောက်ခံပေးသည့် ထုတ်ကုန်အာမခံပေးသော အစီစဉ်များ (SUBSIDIZE) ကို လုပ်ဆောင်သွားမည်။
(၁၁)       အတိုးနှုန်းများသည့် ချေးငွေကိစ္စ
စိုက်ပျိုးချေးငွေလိုအပ်သော တောင်သူလယ်သမားများအတွက် ဖူလုံရေးဆိုင်ရာအစီအမံများ ချေးငွေအာမခံပေးသော လုပ်ငန်းစဉ်များတွင် ဖြေရှင်းကူညီဆောင်ရွက်သွားမည်။
ဘဏ္ဍာရေးကဏ္ဍဆိုင်ရာမူဝါဒများ
(၁)          ပြည်နယ်ကဏ္ဍာငွေများသုံးစွဲရာတွင် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ရေ၊ မီး၊ ပညာရေး နှင့် ကျန်းမာရေး အစီအစဉ်များကို ဦးစားပေးသွားမည်။
(၂)          ပြည်နယ်ဘဏ္ဍာငွေများသုံးစွဲရာတွင် အလုပ်သမားများ၏ အနိမ့်ဆုံးလစာ တိုးမြှင့်နိုင်ရေးကို လုပ်ဆောင်သွားမည်။
(၃)          ပြည်သူလူထုများအတွက် ပြည်နယ်ဘဏ္ဍာငွေများသုံးစွဲရာတွင် အလေအလွင့်မရှိစေရေး အတွက် လက်ငင်းနှင့် ရေရှည်အကျိုး ပိုမိုရရှိစေသော စီမံကိန်းများကသာ ဦးစားပေးရမည်။
(၄)          ဗဟိုအစိုးရမှ ချမှတ်သည့် စီမံကိန်းကြီးများထက် ပြည်နယ်ဘဏ္ဍာငွေများ သုံးစွဲရာတွင် ဒေသကိုဦးစားပေးပြီး ရေလတ်၊ ရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်မည်။
(၅)          ပြည်သူ့ငွေများသုံးစွဲရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများကို တိကျစွာရေးဆွဲပြီး ကျပ်သိန်း ၁၀၀ အထက်ကို ယှဉ်ပြိုင်တင်ဒါစနစ်ဖြင့် ပွင့်လင်းစွာသုံးစွဲရမည်။
(၆)          ဝင်ငွေခွန်များကို သေချာစွာ စီစစ်၍ သင့်လျော်သော ပမာဏများဖြင့် ကောက်ခံသွားမည်။
(၇)          ပြည်နယ်အတွင်းသို့ သွင်းလာမည့် ကုန်စည်များအတွက် စည်းကြပ်ခွန်များကို စနစ်တကျ သတ်မှတ်သွားမည်။
(၈)          ပြည်နယ်ငွေကြေးရေးရာထိန်းချုပ်ကွက်ကဲနိုင်ရန်အတွက် ဥပဒေနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးရေး ဘဏ်တစ်ခု ထူထောင်ရမည်။ ၎င်းဘဏ်သည် လွတ်လပ်ပြီး နိုင်ငံရေးစွပ်ဖက်မှု ကင်းရမည်။
(၉)          ပြည်နယ်အစိုးရ၏ ဘဏ္ဍာငွေများမှ ပိုလျှံငွေ (SURPLUS)များကို လူမှုဖူလုံရေး လုပ်ငန်းများ အတွက် အဓိက ဦးစားပေးသုံးစွဲသွားမည်။
(၁၀)       ပြည်နယ်အစိုးရ၏ လူထုလိုလားာသော အချို့လုပ်ငန်းများကို ဖော်ဆောင်ပေးသွားမည်။
(၁၁)       အစိုးရ၏ နှစ်စဉ်ရသုံးမှန်ချေ ငွေစာရင်းဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာနကရေးဆွဲပြုစု၍ အစိုးရမှ လွှတ်တော်သို့ တင်သွင်းရမည်။
(၁၂)       လွှတ်တော်မှအတည်ပြုပြဋ္ဌာန်းပြီးသော ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများကို ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်ရမည်။
စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာမူဝါဒများ
(၁)          စိုက်ပျိုးရေးကဏ္ဍကို ကူညီနိုင်ရန် ဒေသခံတောင်သူများ မီရိုးဖလာစိုက်ပျိုးသည့် သီးနှံများနှင့် ဈေးကွက်မျှော်သီးနှံများဟူ၍ ခွဲခြားသတ်မှတ်ပြီး စနစ်တကျကူညီပံ့ပိုးပေးသွားမည်။
(၂)          စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံဈေးကွက်ခိုင်မာအောင် လုပ်ဆောင်ခြင်း CONTRACT FARMING လုပ်ပေးခြင်း၊ သွင်းအားစုများ စီစစ်ပြီးလက်လှမ်းမှီအောင် စီစဉ်ပေးခြင်း၊ လယ်ယာများအတွက် ဆည်ငယ်များ ရေပေးဝေရေး စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာဖော်ထုတ်ပံ့ပိုးခြင်း၊ စသည်တို့ကို အစိုးရကပံ့ပိုးကူညီသွားမည်။
(၃)          စိုက်ပျိုးရေးကဏ္ဍတွင် ကူညီပေးနေသည့် INGO, NGO အရပ်ဘက်(CSO)များနှင့်  တောင်သူ များအကြားမူဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ပံ့ပိုးကူညီသွားမည်။
(၄)          အစိုးရဖော်ဆောင်နေသော လယ်ယာရေပေးဝေရေး လုပ်ငန်းစဉ်များတွင် အလေအလွင့် နည်းပါးစေရန် ဝန်ထမ်းအင်အား တိုးချဲ့ပြီး စနစ်တကျဖော်ဆောင်သွားမည်။
(၆)          တောင်သူများအား တိုက်ရိုက်ကောက်ယူသည့်အခွန်စနစ်များကို လျှော့ချပေးရန် သီးနှံ ထုတ်လုပ်မှုနှင့် စပ်ဆိုင်သော ပံ့ပိုးထောက်ပံ့မှု (SUBSIKDY)များ ဖော်ဆောင်သွားမည်။
(၆)          ပုဂ္ဂလိကစက်မှုလယ်ယာစနစ်အားကောင်းလာစေရန် နည်းပညာ ဝန်ဆောင်မှုနှင့် ဈေးနှုန်း သက်သာရေးတို့ကို ပံ့ပိုးဆောင်ရွက်သွားမည်။
(၇)          ပုဂ္ဂလိကကုန်းမြင့်လယ်ယာစနစ်ကို အားပေးနိုင်ရန်အစိုးရမှ ပညာပေးခြင်း၊ စံပြလုပ်ကွက် ဖော်ထုတ်ခြင်းနှင့် ပိုင်ဆိုင်မှုပြ မှတ်ပုံတင်ခြင်းများကို ကူညီပံ့ပိုးသွားမည်။
(၈)          ယခင်အစိုးရအသီးသီး သိမ်းယူထားသော ဌာနစိုက်ပျိုးမြေများကို မူလပိုင်ရှင်များလက်ခဲသို့ ပြန်ပေးနိုင်ရေးကို ဆောင်ရွက်သွားမည်။
(၉)          တပ်မတော်သိမ်းမြေများကို တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမည်။
(၁၀)       တောင်သူနှင့် သီးနှံအမျိုးအစားများကို MAPPING ဆွဲပြီး၊ ဗျူဟာကျကျစနစ်တကျ ပံ့ပိုးကူညီ သွားမည်။
(၁၁)       ဒေသ သီးနှံမျိုးရင်းများကို မှတ်ပုံတင်ခွင့်နှင့် မျိုးစေ့ဘဏ်များထားရှိနိုင်ရန် ဖော်ဆောင်သွား မည်။
(၁၂)       သစ်တောထွက်မဟုတ်သော တောထွက်ပစ္စည်များ (ပျားရည်၊ ချတ်ဖာလာ၊ ပိတ်ချင် စသည်) ရောင်းဝယ်ဖောက်ကားခွင့် ဥပဒေကို ပြင်ဆင်သွားမည်။
(၁၃)       အလွန်အကျွံထုတ်လုပ်မှု (MASS PRODUCTION) စနစ်မျိုးကို အာမပေးဘဲ ဒေသအတွက် ဈေးကွက်ပိုမိုခိုင်မာအားကောင်းစေရန် သီးနှံစုံထုတ်လုပ်မှုစနစ်ကို အားပေးသွားမည်။
သဘာဝ သယံဇာတ ကဏ္ဍဆိုင်ရာမူဝါဒများ
(၁)          သဘာဝသယံဇာတများ၏ မူလပိုင်ရှင်သည် ဒေသခံတိုင်းရင်းသားပြည်သူများဖြစ်ပြီး နိုင်ငံသား များအားလုံး၏ အကျိုးအတွက် ဖြစ်ရမည်။
(၂)          နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများသည် သဘာဝသယံဇာတများအပေါ် အဓိကမှီခိုမှု မဖြစ်အောင် ဆောင်ရွက်သွားမည်။
(၃)          သဘာဝသယံဇာတများ၊ ထုတ်ယူခြင်း မပြုလုပ်မှီ ဒေသခံတိုင်းရင်းများ ကြိုတင်၍ လွတ်လပ်စွာသိရှိခွင့်၊ သတင်းရယူခွင့် ဆုံးဖြတ်ပိုင်ခွင့်များရှိစေရမည်။
(၄)          သဘာဝသယံဇာတများ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခှုံ ဖော်ဆောင်ရမည်။
(၅)          သဘာဝသယံဇာတများ ထုတ်ယူရာတွင် အလွန်အကျွံထုတ်ယူခြင်းမရှိစေရန် ရေရှည် ထုတ်ယူနိုင်ရေးအတွက် အသစ်ဖြစ်မြဲ သဘာဝသယံဇာတ (သစ်တောနှင့် ရေအရင်အမြစ်) RENEWABLE NATARAL RESOUCE ဖြစ်အောင် ထိန်းသိမ်းကာကွယ်စီမံရမည်။
(၆)          သဘာဝသယံဇာတများထုတ်ယူရာတွင် ဒေသခံတိုင်းရင်းသားများသည်လည်း ထုတ်ယူသုံးစွဲ ပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်ရရှိလာသော အကျိုးအမြတ်များကို ယခုမျိုးဆက်များသာမက နောင် မျိုးဆက်များအတွက်ပါ တိုက်ရိုက်ခံစားပိုင်ခွင့်ရှိရမည်။
(၇)          သဘာဝသယံဇာတများထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် (သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း – EIA လူမှုဘဝအပေါ် ထိခိုက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း – SIA ကျန်းမာရေးဆိုးကျိုးသက်ရောက်မှု ရှိ/မရှိ HIA အဋိပက္ခဖြစ်နိုင် ချေအတွက် ဆန်းစစ်ခြင်း – CIA) များကို ကြိုတင်ကေက်ယူပြီးချပြ အကောင်အထည် ဖော်ရ မည်။
(၈)          သဘာဝသယံဇာတများ စမ်းသပ်ထုတ်ယူရာတွင် ပြည်သူများသိရှိခွင့်နှင့် အတိုးကာလ သတ်မှတ်ပြီး စက်ယန္တရားများ အကန့်အသတ်နှင့်ခွင့်ပြုရမည်။
(၉)          သဘာဝသယံဇာတများမှရရှိသော အခွန်များကို ပွင့်လင်းမြင်သာစွာ သိရှိခွင့်နှင့် ထိုအခွန် များကို မည်သည့်အခန်းကဏ္ဍတွင် အသုံးပြုသင့်ကြောင်းကို ဒေသခံတိုင်းရင်းသားများမှ အဆိုပြု ဆုံးဖြတ်ပိုင်ခွင့် ရှိစေရမည်။
(၁၀)       ဒေသခံတိုင်းရင်းသားများ ပိုမိုအကျိုးရှိစေရန်အတွက် သဘာဝသယံဇာတထုတ်ယူသည့် စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှု (CSR) ရန်ပုံငွေများကို တိကျစွာပေးဆောင် အသုံးပြုရမည်။
(၁၁)       သဘာဝသယံဇာတများ ထုတ်ယူခြင်းလုပ်ငန်းများကို ဥပဒေစည်းမျဉ်းများနှင့်အညီ ပြည်တွင်း လုပ်ငန်းရှင်များကို ဦးစားပေးပြီး လိုအပ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသွားမည်။
(၁၂)       သဘာဝသယံဇာတမှ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန် သော အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးသွားမည်။
မြေမူဝါဒများ
(၁)          မြေ၏မူလပိုင်ရှင်သည် ဒေသခံတိုင်းရင်းသားပြည်သူများဖြစ်ပြီး၊ လူမျိုးစုနှင့်ဒေသအဆင့် အစိုးရတို့သည် စီမံခွင့်ရှိစေရမည်။
(၂)          တိုင်းရင်းသားပြည်သူများ၏ ပုဂ္ဂလိကပိုင်မြေကို လူပုဂ္ဂိုလ်တစ်ဦးချင်းနေဖြင့် ပိုင်ဆိုင်မှု အမြင့်ဆုံးပမာဏကို ကန့်သတ် သတ်မှတ်ထားမည်။
(၃)          တိုင်းရင်းသားပြည်သူများ၏ ဒေသခံတိုင်းရင်းသားပြည်သူများဖြစ်ပြီး လူမျိုးစုနှင့်ဒေသအဆင့် အစိုးရတို့သည် စီမံခွင့်ရှိစေရမည်။
(၄)          တိုင်းရင်းသားလူမျိုးများ၏ အများပိုင်မြေများကို ဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ ကျင့်သုံးခွင့်ရှိစေရမည်။
(၅)          မြေများကို ပြည်သူများ၏ နေရေး၊ စားရေး၊ စီးပွားရေး၊ အနာဂတ်အမွေပေးရေးများအတွက် အသုံးချခွင့်ရှိရမည်။
(၆)          မြေနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုတွင် အမျိုးသားနှင့်အမျိုးသမီးတို့သည် တန်းတူအခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့်ရှိရမည်။
(၇)          ဓလေ့ထုံးတမ်းအရဖြစ်စေ ခေတ်စနစ်ကာလအပြောင်းအလဲကြောင့်ဖြစ်စေ မြေပိုင်ဆိုင်ထားသူ များ၏ မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးရမည်။
(၈)          နိုင်ငံခြားသားများ၊ မြေပိုင်ဆိုင်ခွင့် မရှိစေရ။
(၉)          မြေများကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်ရှင်များသို့ ငှားရမ်းခွင့်နှင့် ပတ်သက်၍ အကန့်အသတ်ဖြင့် ခွင့်ပြုပေးရမည်ဖြစ်ပြီး အခွန်များတိတိကျကျသတ်မှတ်ပေးရမည်။
(၁၀)       သတ္တုနှင့်သစ်တော၊ သဘာဝသယံဇာတထုတ်ယူရန်အတွက် မြေများသတ်မှတ်ပြုမှုများကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒေသခံများအတွက် အကျိုးအမြတ်ရှိခြင်းနှင့် သဘာဝ ပတ်းဝန်းကျင်ထိခိုက်မှုမရှိစေရန် အကန့်အသတ်ဖြင့်ခွင့်ပြုရမည်။
(၁၁)       ပြည်သူပိုင်မြေများကို သင့်လျော်သော ပမာဏအကန့်အသတ်ဖြင့် သတ်မှတ်ပေးရမည်။
(၁၂)       လိုအပ်ချက်အရမြေများအသုံးပြုရာတွင် ဒေသခံလူထုသဘောတူညီချက်ဖြင့် ကာလတန်ဖိုးနှင့် အညီ ပေး၍အသုံးချခွင့် ရှိစေရမည်။
(၁၃)       ဤမူဝါဒများကို တိုင်းရင်းသားလူထုများအား ကိုယ်စားပြုသည့် ပြည်နယ်အစိုးရကိုယ်ပိုင် အုပ်ချုပ်ခွင့်ရများနှင့် ဒေသခံအဖွဲ့အစည်းများက စီမံ၍ကာကွယ်စောင့်ရှောက်ပေးရမည်။
လူငယ်ရေးရာမူဝါဒများ
၁။           လူငယ်များအတွက် အခြေခံပညာရေးသည် အခမဲ့နှင့် မသင်မနေရ ပညာရေးစနစ်ဖြစ်ပြီး လုံလောက်စွာ ပံ့ပိုးပေးရမည်။
၂။            အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသော လူငယ်များအား အစိုးရမှ ပညာသင်ထောက်ပံ့မှုများပေးရန်နှင့် ကျောင်းထွက်သည့် လူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးများကို ဖန်တီးပေးရမည်။
၃။           အခြေခံအသက်မွေးဝမ်းကြောင်းလုပ်ငန်း အလုပ်အကိုင်များနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နိုင် မည့် အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးမည်။
၄။           လူငယ်များ တီထွင်ဖန်တီးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ အပြန်အလှန်နှီးနှောဖလှယ်ခွင့် နှင့် ပြဿနာအရပ်ရပ်ကို စုပေါင်းအဖြေရှာနိုင်သော လူငယ်စင်တာများ တည်ထောင်ထား ရှိရမည်။
၅။           လူငယ်များဆိုင်ရာ ကဏ္ဍအသီးသီးကို ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်ထိ လူငယ်များပါဝင်နိုင်ရန် ပုံမှန်ကျင်းပပေးမည်။
၆။           လူငယ်များအားအသက်ရွယ်ပိုင်းခြားခြင်းမရှိစေဘဲ နိုင်ငံရေးတွင် ပါဝင်ခွင့်ကိုအားပေးကူညီရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းပေးမည်။
၇။           မတူကွဲပြားသော တိုင်းရင်းသားများအကြား ယုံကြည်မှုနှင့် စာပေးယဉ်ကျေးမှုများကို လက်သင့်ခံမှုရှိစေပြီး ၎င်းတို့၏ အမျိုးသားရေး လက္ခဏာများကို ထိန်းသိမ်းရာတွင်ကူညီ ပေးမည်။
၈။           ဖွံ့ဖြိုးမှုနည်းပါးသည့် လူနည်းစုဒေသရှိ လူနည်းစုဒေသရှိလူငယ်များအား တရားမျှတပြီး တန်းတူအခွင့်အရေးများ ရရှိစေရန်အတွက် အထူးအစီအစဉ်များဖြင့် ကာကွယ်မြှင့်တင်ပေး မည်။
၉။           လွတ်လပ်သော လူငယ်သမဂ္ဂများ၊ အသင်းအဖွဲ့များကို အစိုးရအဖြေင့် အသိအမှတ်ပြုပြီး သင့်လျောသော လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်သွားမည်။
၁၀။        လူငယ်များကိုယ်တိုင် ၎င်းတို့၏ ရပ်ကွက်၊ ကျေးရွာမြို့များတွင် ပြုလုပ်သည့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လူငယ်အချင်းချင်း အားပေးမြှင့်တင်သည့် အသိပညာပေးလှုရှားမှုများကို အားပေးကူညီသွားမည်။
၁၁။        အသက်(၁၈)အောက် ပြစ်ဒဏ်ခံရသော လူငယ်များကို ပြုပြင်ရေးစခန်းများတွင် ထိန်းသိမ်းပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာများ သင်ကြားပေးသွားမည်။
၁၂။         လူငယ်တိုင်း ကျန်မာရေးအသိပညာနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်ခံခွင့်ရှိရမည်။
၁၃။        အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးစသည့် အခန်းကဏ္ဍများတွင် လူငယ်များပါဝင်ခွင့် ဖန်တီးပေးမည်။
၁၄။        လူငယ်များ စာရိတ္တနှင့်စိတ်ဓါတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထူးအစီအစဉ်များ                ကိုချမှတ် အကောင်အထည်ဖော်ပေးမည်။
၁၅။        တိုင်းရင်းသားလူငယ်များအား ပညာရေး၊ လူမှုရေးနှင့်သိပ္ပံရေးရာများတွင် နိုင်ငံတကာ အတွေ့အကြုံများရယူနိုင်ရန် ကူညီဆောင်ရွက်ပေးမည်။
၁၆။        အထက်ပါမူဝါဒများကို အကောင်အထည်ဖောနိုင်ရန် ပါတီအတွင်း လူငယ်ရေးရာကေ်မတီမှ အဆိုပါ လုပ်ငန်းစဉ်ကို စောင့်ကြည့်ဝေဖန်ခြင်းနှင့် အကောင်အထည်ဖော်ရာတွင် ကူညီခြင်း စသည်တို့ လုပ်ဆောင်ပေးသွားမည်။
မူးယစ်ဆေးဝါး ကဏ္ဍဆိုင်ရာမူဝါဒများ
(၁)          မူးယစ်ဆေးဝါးပြဿများသည် လူမှုရေးနှင့်အတူပူးတွဲဖြစ်ပေါ်လာသော (SOCIA LPROBLEMS) ဖြစ်သည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးများကို လူမှုရေးပြဿအခြေခံရှုထောင့် (SOCIAL ISSUES PEPPECTIVE) မှ ဖြေရှင်းပေးမည်။
(၂)          မူးယစ်ဆေးဝါးများကို လက်သင့်ခံသင့်သော အုပ်စု (DRUG TOLERANCE GROUP) နှင့် ပြင်းထန်စွာတားမြစ်ထားသင့်သောအုပ်စု (DARGER FRUG GROUP) ဓလေ့အရ လက်ခံ သင့်သော အုပ်စုဟူ၍ခွဲခြားကာ တရားဝင်မသုံးပြုခွင့်ပေးခြင်း (LEGABXATION)၊ အကန့် အသတ်ဖြင့် ခွင့်ပြုခြင်း (REGULATION)၊ ပြင်းထန်စွာအပြစ်ပေးခြင်း (PROBIBITION) နှင့် တရားဝင်အခွန်ကောက်ခြင်း (TAXATION)စသည့် (DEVOLUTION OF DRUG POLICY) တို့ ဆင့်ဆင့်ဆောညင်ရွက်သွားမည်။
(၃)          မူးယစ်ဆေးဝါးပြဿနာများနှင့်ပတ်သက်၍ လူထုများအပေါ် မူးယစ်ဆေးဝါးဆန္တရာယ်လျှော့ ချခြင်း၊ အသိပညာပေးခြင်း၊ အမြင်ဖွင့်ခြင်းနှင့် မူးယစ်ဆေးဝါးကြောင့် ပြဿကြုံတွေ့နေရာ သူများအား ပြန်လည်ထူထောင်ကူညီခြင်း (PREVENTIONANDREHABILITATION) ကို ဦးစားပေးလုပ်ဆောင် သွားမည်။
(၄)          စနစ်တကျအသုံးပြုနိုင်သော ယစ်မျိုးများကို ဒေသစီးပွားရေးနှင့်တောင်သူများ အကျိုးရှိစေရန် စိုက်ပျိုးမှုနှင့်ထုတ်လုပ်မှုဆိုင်ရာ တရားဝင်မှု (LEGALIZATION) ပြုလုပ်သွားမည်။
(၅)          ဘိန်းအစားထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသဈေးကွက် ဖွံ့ဖြိုးမှု (MARKET DEVELOPMENT)၊ ဒေသဖွံ့ဖြိုးရေး RURAL DEVELOPMEM နှင့် ဒေသခံဖွံ့ဖြိုးရေးချေးငွေ (REGIONAL DEVELOPMENT FUND) လုပ်ငန်းများကို ပူးတွဲဆောင်ရွက်သွားမည်။
(၆)          ရိုးရာယဉ်ကျေးမှုအရ လက်သင့်ခံသင့်သောအုပ်စုကို လုံးဝခွင့်ပြုှု အခွန်များကိုလည်း လျှော့ချသွားမည်။
အမျိုးသမီးကဏ္ဍဆိုင်ရာမူဝါဒများ
၁။           အမျိုးသမီးများကိုယ်တိုင် ကဏ္ဍတိုင်းတွင် မူဝါဒများရေးဆွဲရာတွင်လည်းကောင်း၊ ဆုံးဖြတ်ချက် များ ချမှတ်ရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရာတွင်လည်းကောင်း၊ ပါဝင်ခွင့်ရှိစေရန်နှင့် CEDAW ပါ အချက်အလက်များကို အစိုးရမှ နည်းဥပဒေများဖြင့် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရေးကို လုပ်ဆောင်သွားမည်။
၂။            နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဦးဆောင်ဆုံးဖြတ်နိုင်ခွင့်ရရှိ နိုင်ရန် ဆောင်ရွက်ပေးသွားမည်။
၃။           ပါတီနိုင်ငံရေးတွင် အမျိုးသမီးများ ပိမိုပါဝင်ပြီး ဆုံးဖြတ်နိုင်သောအဆင့်သို့ ရောက်ရှိစေရန် အထူးအလေးထားဆောင်ရွက်သွားမည်။
လူမှုဖူလုံရေးဆိုင်ရာ မူဝါဒများ
၁။           လူမှုကူညီရေးရံပုံငွေ လုံလောက်စွာထားရှိရန်နှင့် လူတိုင်းအခြေခံစားဝတ်နေရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန်နေထိုင်နိုင်ရေးကို အသေးစိတ်ချမှတ်အကောင် အထည် ဖော်သွားမည်။
၂။            ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်လက်မဲ့နှုန်း ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူများကို အရေးပေါ်ကူညီမှုဆိုင်ရာ မူဝါဒများ အသေးစိတ်ချမှတ် အကောင်အထည်ဖော်သွားမည်။
အလုပ်သမား၊ လယ်သမားနှင့် ဝန်ထမ်းများဆိုင်ရာမူဝါဒများ
၁။           အလုပ်သမား၊ လယ်သမားများသည် လွတ်လပ်စွာသမဂ္ဂများဖွဲ့စည်းခွင့်နှင့် ၎င်းတို့၏ အခွင့်အရေးကို အရေးဆိုခွင့်ရှိရမည်။
၂။            ပြည်သူ့ဝန်ထမ်းအပါအဝင် အလုပ်သမား၊ လယ်သမားများကို ကာကွယ်သော ဥပဒေထားရှိရ မည့်အပြင် အဆိုပါကဏ္ဍအလိုက် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာသင်တန်းမျာကို ဖော်ဆောင်ပေးသွားမည်။
ဌာနေတိုင်းရင်းသား လူနည်းစုဆိုင်ရာ မူဝါဒများ
၁။           တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာဒေသ ဘာသာစကား စာပေနှင့်ရိုးရာယဉ်ကျေးမှု များသည် တိုင်းပြည်၏ ယဉ်ကျေးမှုအမွေအနှစ်များပင်ဖြစ်သောကြောင့် အစိုးရမှ ကာကွယ် ထိန်းသိမ်းမြှင့်တင်သွားမည်။
၂။            တိုင်းရင်းသားများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးများအား ဆန့်ကျင်ဖက် မဖြစ်သည့် ဓလေ့ထုံးတမ်းနှင့် ကျင့်ဝတ်များဆိုင်ရာ အခွင့်အရေးများကို ဥပဒေများဖြင့် ကာကွယ်ပြဋ္ဌာန်းကာ ဌာနေတိုင်းရင်းသားကိုယ်တိုင် ကျင့်သုံးခွင့်ရရှိစေရမည်။
                   ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP)
Zawgyi
နိဒါန်း