• Today is: Friday, March 29, 2024
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်နှင့် တွေ့ဆုံခြင်း
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်နှင့် တွေ့ဆုံခြင်း
Unicode
ဦးသဲရယ်ဟာ ကယားပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁  ဖရူဆိုမြို့နယ်က ဖြစ်ပါ တယ်။ လာမည့်၂၀၂၀ ရွေးကောက်ကွဲနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အခြေအနေများနှင့် ရွေးကောက်ပွဲအပေါ်အမြင်သဘောထားများကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ပထမဆုံးဆရာ့အမည်၊ ရာထူး၊ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ အဖွဲ့အစည်း ကြောင်းလေး ပြောပြပေး ပါ။
ကျွန်တော့်နာမည်က ဦးသဲရယ်ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပါတယ်။ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်၊ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေ ရလဒ်မကောင်းတာ တွေ့ခဲ့ရတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲ။ အားကောင်း လာမလား။အားနည်းသွားနိုင်လား။ ဆွေးနွေးပေးပါ။
ကယားပြည်နယ် ၂၀၂၀ ရွေးကောက်မှာ တိုင်းရင်းသားပါတီ နေရာအားလုံး အနိုင်ရရှိရန် ပြင် ဆင်မှုတွေ လုပ်ဆောင်နေပါတယ်၊ သို့သော် ရာနှုန်း ပြည့် အောင်နိုင်ရေးသည် ပြည်သူတစ်ဦးချင်း စီအပေါ် မူတည်ပါတယ်။ ယခင်၂၀၁၅ ထက် ပါတီ ပိုမိုအား ကောင်းအောင် တည်ဆောက်နေတာကတော့ အမှန် ပါ၊ သို့ပေမယ့် နေရာတိုင်းတော့ ပြီးပြည့်စုံသည်ဟု မဆိုလိုပါ။ အထိုက်အလျောက်တော့ အားကောင်း လာပါတယ်။
အခုဆိုရင် တိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့လာ ကြတာ တွေ့ရတယ်။ နိုင်ငံရေးမူဝါဒတူရာ စုစည်းကြ တဲ့သဘောဆိုတော့ ဆရာ့အနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးမှာ အဟန့်အတား ဖြစ်စေတဲ့ စိန်ခေါ်မှုနဲ့ ပေါင်းစည်းလိုက်တဲ့အတွက် ရရှိလာမယ့် အောင်မြင်မှုတွေကို သုံးသပ်ပေးပါ။
ယခင် ရွေးကောက်ပွဲတွေရဲ့ သင်ခန်းစာကနေ တိုင်းရင်းသားပါတီတွေ စုစည်းရန် လိုအပ်တယ်လို့ လက်ခံလာကြပြီး တိုင်းရင်းသားနိုင်ငံရေး အားကောင်း လာစေရာမှာ စုစည်းမှု စုပေါင်းမှုသာ အဓိကဖြစ်ပေ သည်။ ကြီးကြီးမားမား အဟန့်အတားမရှိဘူးဆိုပေ မယ့် တိုင်းရင်းသားပြည်သူအများစုမှာ နိုင်ငံရေး စိတ် ဝင်စားမှုအားနည်းခြင်း၊ စာတတ်သူအားနည်းခြင်း နှင့် စစ်ဘေးဒဏ်ကြောင့် အကြောက်တရား လွှမ်းမိုးမှု ရှိနေသေးခြင်းတို့ကြောင့် နိုင်ငံရေးသည် မိမိတို့နှင့် မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆကြောင့် လူထု ထောက်ခံမှု အားနည်းနေသေးသည်ကို တွေ့ရှိရပေ သည်။
တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးမျှော်မှန်းချက်ထားတာ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါ။ အဲဒီလိုပေါင်းစည်းလိုက်ခြင်းက မြန်မာပြည်ရဲ့ ဖက်ဒရယ်ဖော်ဆောင်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။
တိုင်းရင်းသားပါတီ ပေါင်းစည်းနိုင်ခြင်း၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုဟာ ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးအတွက် များစွာ အားကောင်း စေတာ အမှန်ပါ။ ပြီးတော့ ပြည်နယ်တိုင်း တိုင်းရင်းသားပါတီအချင်းချင်း ချိတ်ဆက်မှုမှတစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဖက်ဒရယ်မူများ ချမှတ် နိုင်ရေးကို အစဉ်တစိုက် ဆောင်ရွက်နိုင်မှာဖြစ်သည့် အပြင် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားနှင့် သဟဇတမဖြစ်သော မူဝါဒများ၊ ဥပဒေများနှင့် နည်း ဥပဒေများ အဆိုတင် ပြင်ဆင်ရေးကိစ္စတွေမှာ ပိုမို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊
ရွေးကောက်ပွဲလမ်းကြောင်းကနေ တိုင်းရင်းသား တန်းတူ အခွင့်အရေးကို ပိုပြီး လုပ်ဆောင်လာနိုင် မလား။
မှန်တယ် တိုင်းရင်းသားတွေ ကိုင်စွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး၊ အမျိုးသား တန်းတူရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ အတွက် တိုက်ရိုက်မဟုတ်သော် သွယ်ဝိုက်သောအား ဖြင့် အထောက်အကူပြုနိုင်မည့် ဆွေးနွေးမှုတွေ အခြေခံသဘောတရားတွေ ရရှိလာနိုင်မယ်လို့ မျှော် လင့်လို့ရပါတယ်။
ပြည်နယ်လွှတ်တော်တွေမှာ အကျိုးသက်ရောက်မှု တွေ ပိုပြီးဖြစ်ထွန်းလာမလား။ ပြောပြပေးပါဆရာ။
ဒေသန္တရအုပ်ချုပ်ရေးတွေမှာ ပိုပြီး ပြည်သူနဲ့ သဟဇတဖြစ်စေမည့် ယန္တရားတွေ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ တိုက်ရိုက် ပြည်သူတွေရဲ့ လိုအပ်ချက်နှင့် အခက်အခဲတွေကို ကိုင်တွယ်နိုင်မှာဖြစ်တယ်။
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရ ဖြစ် ပေါ်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေ ကြားနေရ တယ်။ ညွန့်ပေါင်းအစိုးရ ဖြစ်ပေါ်ခြင်း မပေါ်ခြင်း အပေါ် ဆရာ့အမြင်သဘောထားကို ပြောပြပေးပါ။
၂၀၂၀ မှာကတော့ ညွန့်ပေါင်းဖြစ်ဖို့ များပါတယ်၊ သို့သော် အများစုအနိုင်ရရှိမယ့် ပါတီက ဘယ်လို အစု အဖွဲ့တွေနဲ့ ညွန့်ပေါင်းလုပ်မယ်ဆိုတာကတော့ ပြောဖို့ စောပါသေးတယ်။
ပေါင်းစည်းထားတဲ့ တိုင်းရင်းသားပါတီတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် ရွေး ကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းမှာ အင်အား ကြီးပါတီတွေအကြား ဘယ်လောက်ထိ ရိုက်ခတ် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ် ထင်ပါလဲ။
ဗဟိုချုပ်ကိုင်မှုကို အထိုက်အလျောက် လျော့ချ နိုင်လိမ့်မယ်လို့ ယုံကြည်ပါသည်။ အစိုးရ၊ လွှတ်တော် အပြန်အလှန် ထိန်းကြောင်းမှု ပိုမိုအားကောင်းလာ မည်မှာ အသေအချာပဲဖြစ်သည်။
ဆရာတို့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မျှော်မှန်းထားတာတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ ရင် ဘာတွေ အကောင်အထည်ဖော်ဆောင်မလဲဆိုတာ ပြောပြပေးပါ။
လတ်သလော ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲပြသနာတွေကို ပြည်သူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားတစ်ရပ် ဖော် ဆောင်နိုင်မည်ဖြစ်သည်။ ဥပဒေပြင်ပ လုပ်ဆောင်မှု တွေလည်း ပြည်သူနဲ့ သဟဇတဖြစ်စေမှာ ဖြစ်ပါသည်။
အဆုံးသတ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ တိုင်း ရင်းသားအခွင်းအရေးအကြောင်း သုံးသပ် ဆွေးနွေး ပေးပါ။
ငြိမ်းချမ်းရေးသည် မရှိမဖြစ် ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်တာကြောင့် ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ပိုမိုအဓိပ္ပာယ်ရှိသော လုပ်ငန်းစဉ်များ ဆွေးနွေးဆောင်ရွက်ရန် အားပြုမှာ ဖြစ်တယ်။
တိုင်းရင်းသားပြည်သူတွေ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေသော ဥပဒေ၏ သက်ရောက်မှုကို ပြည်သူနဲ့ အတူ သုံးသပ်ဆွေးနွေးပြီး ကြုံတွေ့လာနိုင်တဲ့ ပြဿနာ များကို ပြည်သူနဲ့အတူ အဖြေရှာ ဖြေရှင်းမှုတွေ ဆောင် ရွက်မည်ဖြစ်သည်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
zawgyi