• Today is: Friday, March 29, 2024

ကျွန်တော်ရောက် လွတ်မြောက်မြေ


ဧရာဝဏ်(မအူပင်) ကဗျာ
သြဂုတ် ၂၅ ရက်

ရဲဘော်တို့ရေ
အဆင်ပြေလား မေး။
မေးပါနဲ့လေ
မျှစ်ချိုးတယ်လေး။

သာရဲ့လားမေး။
မေးပါနဲ့လေ
ရန်ပွားနေသေး။

ဒို့ပါတီ ဝန်ကြီးများ
သွေးစည်းလားမေး။
မေးပါနဲ့လေ
ငြင်းခုန်ကြသေး။

တိုက်ပွဲတွေ ဘယ်အခါ
ဘယ်မှာလဲမေး။
မေးပါနဲ့လေ
ချင့်ယုံပေါ့လေး။

(သြော်) ………….

ဧရာဝဏ်(မအူပင်) ကဗျာ
သြဂုတ် ၂၅ ရက်

Zawgyi

“ကျွန်တော်ရောက် လွတ်မြောက်မြေ”
ဧရာဝဏ်(မအူပင်) ကဗျာ
သြဂုတ် ၂၅ ရက်
ရဲဘော်တို့ရေ
အဆင်ပြေလား မေး။
မေးပါနဲ့လေ
ပြည်သူငွေ ချွေတာဖြစ်ဖို့
မျှစ်ချိုးတယ်လေး။
ကျားကြောက်လို့ ရှင်ကိုးရာ
သာရဲ့လားမေး။
မေးပါနဲ့လေ
လွတ်မြောက်မြေ ဗမာများက
ရန်ပွားနေသေး။
ဒို့ပါတီ ဝန်ကြီးများ
သွေးစည်းလားမေး။
မေးပါနဲ့လေ
သူတစ်ထွေ ငါတစ်မင်းနဲ့
ငြင်းခုန်ကြသေး။
တိုက်ပွဲတွေ ဘယ်အခါ
ဘယ်မှာလဲမေး။
မေးပါနဲ့လေ
သတင်းတွေ ကြုံရာလွှင့်တော့
ချင့်ယုံပေါ့လေး။
(သြော်) ………….
တို့ညီနောင်များ၊စည်းလုံးအားနဲ့
သွေးသားသမိုင်း၊စဉ်မရိုင်းအောင်
ဝိုင်းဝန်းဆင်နွှဲကြစေသတည်း။
ဧရာဝဏ်(မအူပင်) ကဗျာ
သြဂုတ် ၂၅ ရက်
Unicode