• Today is: Thursday, April 18, 2024

ကၽြန္ေတာ္တို႔ျဖစ္ေနပံုမ်ား ကျွန်တော်တို့ဖြစ်နေပုံများ

Zawgyi

အသိဥာဏ္ဟာ
ဝမ္းတစ္ေခါင္းစာထက္မပိုတဲ့အခါ
အနာအတြက္ ေဆးၿမီးတိုလိုမ်ိဳး
ႀကိတ္မွိတ္ၿမိဳေနရ . . .

ငါးႏွစ္တစ္ႀကိမ္ အေလးသာခဲ့တဲ့
ႏွစ္ခ်ိဳ႕ဝိုင္ေတြေလ
မင္းေက်နပ္ရဲ႕လား . . .

ေနသာရံု ေျဖသာရံု
ေက်ာတစ္ခင္းစာေလးအတြက္
ေက်းဇူးတရားကို
ေတာင္လိုပံုထားရတယ္ . . .

ဒီအဝန္းပုိင္းေလးမွာ
ေန႔ေတြ ငါးတစ္ေကာင္လိုမွ်ားရင္း
ညေတြ ျမင္းရိုင္းတစ္ေကာင္လို ထိန္းေနရင္း
ေမတၱာအာဏာရွင္လည္း ေၾကာက္ရ
စစ္အာဏာရွင္လည္း ေၾကာက္ရ . . .

ျပည္သူထက္
ေခါင္းေဆာင္ေတြပိုမ်ားေနေလရဲ႕
ဒါ . . . ဗမာျပည္ျဖစ္တယ္ လူကေလး . . .

ေရႊစကားနဲ႔ ဗမာ့လူ႕အခြင့္အေရးဟာ
Us ေခြးအခြင့္အေရးေတြထက္
တစ္ရည္ေလ်ာ့သတဲ့ . . .

ေက်နပ္ပါတယ္ သူငယ္ခ်င္း
ၿငိမ္းခ်မ္းေရးကို ငါတို႔
ဘယ္ေတာ့မွ ဘာသာမျပန္ၾကေတာ့ဘူး . . .

ပိုင္ရွင္မဲ့က်ဥ္ဆံေတြ . . .
ထြီး . . .
ကိုယ့္မ်က္ႏွာကိုယ္ပဲ ျပန္ေထြးၾကတာေပါ့
ရဲရဲဝံ့ဝံ့ လုပ္ႏို္င္တာဆုိလိုေပါ့
ထြီး . . . ။ ။

ပန္စိုင္းလူ

Unicode

အသိဉာဏ်ဟာ
ဝမ်းတစ်ခေါင်းစာထက်မပိုတဲ့အခါ
အနာအတွက် ဆေးမြီးတိုလိုမျိုး
ကြိတ်မှိတ်မြိုနေရ . . .

ငါးနှစ်တစ်ကြိမ် အလေးသာခဲ့တဲ့
နှစ်ချို့ဝိုင်တွေလေ
မင်းကျေနပ်ရဲ့လား . . .

နေသာရုံ ဖြေသာရုံ
ကျောတစ်ခင်းစာလေးအတွက်
ကျေးဇူးတရားကို
တောင်လိုပုံထားရတယ် . . .

ဒီအဝန်းပိုင်းလေးမှာ
နေ့တွေ ငါးတစ်ကောင်လိုမျှားရင်း
ညတွေ မြင်းရိုင်းတစ်ကောင်လို ထိန်းနေရင်း
မေတ္တာအာဏာရှင်လည်း ကြောက်ရ
စစ်အာဏာရှင်လည်း ကြောက်ရ . . .

ပြည်သူထက်
ခေါင်းဆောင်တွေပိုများနေလေရဲ့
ဒါ . . . ဗမာပြည်ဖြစ်တယ် လူကလေး . . .

ရွှေစကားနဲ့ ဗမာ့လူ့အခွင့်အရေးဟာ
Us ခွေးအခွင့်အရေးတွေထက်
တစ်ရည်လျော့သတဲ့ . . .

ကျေနပ်ပါတယ် သူငယ်ချင်း
ငြိမ်းချမ်းရေးကို ငါတို့
ဘယ်တော့မှ ဘာသာမပြန်ကြတော့ဘူး . . .

ပိုင်ရှင်မဲ့ကျဉ်ဆံတွေ . . .
ထွီး . . .
ကိုယ့်မျက်နှာကိုယ်ပဲ ပြန်ထွေးကြတာပေါ့
ရဲရဲဝံ့ဝံ့ လုပ်နိုင်တာဆိုလိုပေါ့
ထွီး . . . ။ ။

ပန်စိုင်းလူ