• Today is: Thursday, April 25, 2024

စစ္ႀကီးၿပီးၿပီ စစ်ကြီးပြီးပြီ

Zawgyi

တရားဥပေဒခ်ိန္ခြင္ဟာ ပံုလ်က္သားျပဳတ္က်ေနတယ္
ၿငိမ္းခ်မ္းေရးဆိုတာ
အိမ္ေနာက္ေဖးကန္စြန္းခင္းက ကန္စြန္းစိုက္သူနဲ႔
ရူးသူႏွစ္ေယာက္ရဲ႕ေဝစားမွ်စားကိစၥပဲ။

ကန္ေရလယ္က စိမ္းလဲ့ၾကည္လင္ပါတယ္
အနားသတ္မ်ဥ္းေတြကေတာ့ ငါးမွ်ားသူ ကြန္ပစ္သူ
ေရကူးသူ ေျခရာအထပ္ထပ္နဲ႔ ေနာက္က်ိေနရတယ္။

လက္ထိပ္ဟာ ခင္ဗ်ားပိုင္ဆုိင္မႈနဲ႔
အၿမဲအခ်ိဳးက်ေနမွာပဲ ႀကိဳက္တာလုပ္ မုိက္တာလုပ္
တရားမွ်တသူေတြအတြက္ က်ည္တစ္ေတာင့္အၿမဲအသင့္
ေနာက္လွည့္မၾကည့္နဲ႔ ေနာက္မွာ
ခင္ဗ်ားကိုေထာက္ထားတဲ့ ဓားပဲရွိတယ္။

တီဗြီဖန္သားျပင္ေပၚကေန
ဒါေတြဟာ ဟာသေတြပါ ပ်က္လံုးေတြပါ ရယ္ရေအာင္ပါ
ခင္ဗ်ားပစ္ၿပီးရင္ ကၽြန္ေတာ့္အလွည့္ပဲေလ
သားေရကြင္းပစ္ၾကတယ္
ေခါင္ထိအကုန္စားေပါ့ ေခါင္ထိဖို႔ေတာ့ ဘယ္လြယ္မလဲကိုယ့္လူ
ေဆာ့ပဲေဆာ့ႏိုင္လြန္းတဲ့ေကာင္ေတြ
ေသနတ္ပစ္တမ္းကစားရတယ္လို႔ ဘႀကီးလွမ္းေအာ္တယ္
(ပစ္ခ်င္တဲ့ေနရာသြားပစ္ၾကကြာ ငါ့အိမ္ေတာ့မထိေစနဲ႔)
ငယ္ငယ္တုန္းက ေျမနီခဲေတြ ေလးဂြေတြ ရြံ႕ခဲေတြနဲ႔
စစ္တိုက္တမ္းကစားတုန္းကေပါ့။

အေတာ္ဆိုးတဲ့ကေလးေတြ လက္ပစ္ဗံုးကိုရြာထဲယူ
ေသေအာင္ေဆာ့ရတယ္လို႔
ဒိုင္း အား မင္းေသၿပီ မထနဲ႔ေတာ့
ကေလးေတြစစ္တိုက္တမ္းေဆာ့တာ
ကိုယ္ဝန္ေဆာင္ေတြေရာ အဘြားႀကီးေတြပါ ေသေၾကဒဏ္ရာရ
ေဟ့ေရာင္ ဖိုးေထာင္ ထေတာ့ေလကြာ စစ္ႀကီးၿပီးၿပီ
ထေတာ့ေလကြာ ထေတာ့ေလကြာ ဖိုးေထာင္ထေတာ့
(ရြာေတာင္ၾကားကဂုတ္က်ား က်ယ္ေလာင္ဆီးႀကိဳေဟာင္ေသာ္
ဖိုးေထာင္လာၿပီဆိုဆဲပင္)
ကၽြန္ေတာ့္ကို ေရမတိုက္ပါနဲ႔ေတာ့အေမ
ကၽြန္ေတာ္အရမ္းပင္ပန္းလြန္းေနပါၿပီ။

စစ္အတြင္းဟာခက္ခဲလြန္းပါတယ္ ငတ္လြန္းပါတယ္
ၾကက္အသည္းအျမစ္ ကလီစာေတြလည္းကုန္ၿပီ
အေမ ကၽြန္ေတာ့္ကလီစာေတြလည္း အားလံုးေၾကမြပ်က္စီးေနပါၿပီ
သူတို႔ငတ္လြန္းလို႔ထင္ပါရဲ႕အေမ
သူတို႔မွာ အခ်င္းခ်င္းျပန္စားလြန္းၾကလို႔
ဦးေဏွာက္တစ္ေယာက္မွ မရွိေတာ့တာျဖစ္မယ္။

ငါတို႔သူပုန္လုပ္တမ္းကစားရေအာင္
သူပုန္လုပ္တမ္းကစားရေအာင္
စစ္တုိက္တမ္းကစားရေအာင္
စစ္သားလုပ္တမ္းကစားရေအာင္
ဖမ္းကြာ ဖမ္းကြာ လက္ကိုေခါင္းမွာခ်ိတ္ထား
ဒူးေထာက္ တစ္ေယာက္မွမလႈပ္နဲ႔
ထြက္ေျပးတဲ့ေကာင္ အကုန္ပစ္သတ္
ရြာအစပ္မွာ ထင္းခုတ္ရင္း ဟင္းရွာရင္း
ရြာကို ျပန္မေရာက္ၾကေတာ့ဘူး
ငါတို႔ စစ္တုိက္တမ္းကစားရေအာင္
မင္းတို႔တစ္ဖြဲ႕ ငါတို႔တစ္ဖြဲ႕
လက္နက္နဲ႔ ၿငိမ္းခ်မ္းေရးမလဲေၾကး
မင္းတို႔အဖြဲ႕ႏုိင္ရင္ သၾကားလံုးတစ္လံုးစီငါတို႔ကိုေပး
ငါတို႔ႏုိင္ရင္ ထန္းလ်က္တစ္ခဲစီ မင္းတို႔ကိုေပးမယ္
လူလည္လုပ္တမ္းကစားေနၾကမွန္း
ကၽြန္ေတာ္တို႔မသိခဲ့ဘူးအေမ
ဓနိေတာေခ်ာင္းေလးရဲ႕ တစ္ဖက္တစ္ခ်က္မွာ
ကၽြန္ေတာ္တို႔ ေနရာယူၾကတယ္
ဓနိေတာကိုျဖတ္ထိုးထားတဲ့ တံတားအလယ္ဟာ နယ္နိမိတ္ပဲ
သတၱိရွိသူေရွ႕တက္ သတၱိပိုေကာင္းတဲ့သူ တံတားေပၚတက္ပစ္
ေလးခြနဲ႔ စစ္တုိက္ၾကတယ္
ဓနိလက္ေတြ ဓနိေဘာင္ေတြကို တေဖာင္းေဖာင္းနဲ႔
ဓားစာခံ ဓနိပင္ေတြ စုတ္ျပတ္ေၾကမြ
အင္း အား ေအာ္သံေတြနဲ႔ ေပ်ာ္လိုက္ၾကတာ
နာရေကာင္းမွန္းမသိ
ခုထိလည္း နာရေကာင္းမွန္းမသိ
ေစာက္ကေလးေတြ ရြာထဲဝင္မလာေစနဲ႔
ရြာျပင္မွာ မင္းတို႔ဘာသာခ်၊ ပစ္ခ်င္တာနဲ႔ပစ္
ေအာ္…. တို႔ဘႀကီး ဥာဏ္အေျမာ္အျမင္ႀကီးမားလုိက္တာ
စစ္ႀကီးၿပီးၿပီ
ညေန ဗြီဒီယိုရံုမွာ ဆံုရေအာင္။
လင္းသဏ္ညီ

 

Unicode

တရားဥပဒေချိန်ခွင်ဟာ ပုံလျက်သားပြုတ်ကျနေတယ်
ငြိမ်းချမ်းရေးဆိုတာ
အိမ်နောက်ဖေးကန်စွန်းခင်းက ကန်စွန်းစိုက်သူနဲ့
ရူးသူနှစ်ယောက်ရဲ့ဝေစားမျှစားကိစ္စပဲ။

ကန်ရေလယ်က စိမ်းလဲ့ကြည်လင်ပါတယ်
အနားသတ်မျဉ်းတွေကတော့ ငါးမျှားသူ ကွန်ပစ်သူ
ရေကူးသူ ခြေရာအထပ်ထပ်နဲ့ နောက်ကျိနေရတယ်။

လက်ထိပ်ဟာ ခင်ဗျားပိုင်ဆိုင်မှုနဲ့
အမြဲအချိုးကျနေမှာပဲ ကြိုက်တာလုပ် မိုက်တာလုပ်
တရားမျှတသူတွေအတွက် ကျည်တစ်တောင့်အမြဲအသင့်
နောက်လှည့်မကြည့်နဲ့ နောက်မှာ
ခင်ဗျားကိုထောက်ထားတဲ့ ဓားပဲရှိတယ်။

တီဗွီဖန်သားပြင်ပေါ်ကနေ
ဒါတွေဟာ ဟာသတွေပါ ပျက်လုံးတွေပါ ရယ်ရအောင်ပါ
ခင်ဗျားပစ်ပြီးရင် ကျွန်တော့်အလှည့်ပဲလေ
သားရေကွင်းပစ်ကြတယ်
ခေါင်ထိအကုန်စားပေါ့ ခေါင်ထိဖို့တော့ ဘယ်လွယ်မလဲကိုယ့်လူ
ဆော့ပဲဆော့နိုင်လွန်းတဲ့ကောင်တွေ
သေနတ်ပစ်တမ်းကစားရတယ်လို့ ဘကြီးလှမ်းအော်တယ်
(ပစ်ချင်တဲ့နေရာသွားပစ်ကြကွာ ငါ့အိမ်တော့မထိစေနဲ့)
ငယ်ငယ်တုန်းက မြေနီခဲတွေ လေးဂွတွေ ရွံ့ခဲတွေနဲ့
စစ်တိုက်တမ်းကစားတုန်းကပေါ့။

အတော်ဆိုးတဲ့ကလေးတွေ လက်ပစ်ဗုံးကိုရွာထဲယူ
သေအောင်ဆော့ရတယ်လို့
ဒိုင်း အား မင်းသေပြီ မထနဲ့တော့
ကလေးတွေစစ်တိုက်တမ်းဆော့တာ
ကိုယ်ဝန်ဆောင်တွေရော အဘွားကြီးတွေပါ သေကြေဒဏ်ရာရ
ဟေ့ရောင် ဖိုးထောင် ထတော့လေကွာ စစ်ကြီးပြီးပြီ
ထတော့လေကွာ ထတော့လေကွာ ဖိုးထောင်ထတော့
(ရွာတောင်ကြားကဂုတ်ကျား ကျယ်လောင်ဆီးကြိုဟောင်သော်
ဖိုးထောင်လာပြီဆိုဆဲပင်)
ကျွန်တော့်ကို ရေမတိုက်ပါနဲ့တော့အမေ
ကျွန်တော်အရမ်းပင်ပန်းလွန်းနေပါပြီ။

စစ်အတွင်းဟာခက်ခဲလွန်းပါတယ် ငတ်လွန်းပါတယ်
ကြက်အသည်းအမြစ် ကလီစာတွေလည်းကုန်ပြီ
အမေ ကျွန်တော့်ကလီစာတွေလည်း အားလုံးကြေမွပျက်စီးနေပါပြီ
သူတို့ငတ်လွန်းလို့ထင်ပါရဲ့အမေ
သူတို့မှာ အချင်းချင်းပြန်စားလွန်းကြလို့
ဦးဏှောက်တစ်ယောက်မှ မရှိတော့တာဖြစ်မယ်။

ငါတို့သူပုန်လုပ်တမ်းကစားရအောင်
သူပုန်လုပ်တမ်းကစားရအောင်
စစ်တိုက်တမ်းကစားရအောင်
စစ်သားလုပ်တမ်းကစားရအောင်
ဖမ်းကွာ ဖမ်းကွာ လက်ကိုခေါင်းမှာချိတ်ထား
ဒူးထောက် တစ်ယောက်မှမလှုပ်နဲ့
ထွက်ပြေးတဲ့ကောင် အကုန်ပစ်သတ်
ရွာအစပ်မှာ ထင်းခုတ်ရင်း ဟင်းရှာရင်း
ရွာကို ပြန်မရောက်ကြတော့ဘူး
ငါတို့ စစ်တိုက်တမ်းကစားရအောင်
မင်းတို့တစ်ဖွဲ့ ငါတို့တစ်ဖွဲ့
လက်နက်နဲ့ ငြိမ်းချမ်းရေးမလဲကြေး
မင်းတို့အဖွဲ့နိုင်ရင် သကြားလုံးတစ်လုံးစီငါတို့ကိုပေး
ငါတို့နိုင်ရင် ထန်းလျက်တစ်ခဲစီ မင်းတို့ကိုပေးမယ်
လူလည်လုပ်တမ်းကစားနေကြမှန်း
ကျွန်တော်တို့မသိခဲ့ဘူးအမေ
ဓနိတောချောင်းလေးရဲ့ တစ်ဖက်တစ်ချက်မှာ
ကျွန်တော်တို့ နေရာယူကြတယ်
ဓနိတောကိုဖြတ်ထိုးထားတဲ့ တံတားအလယ်ဟာ နယ်နိမိတ်ပဲ
သတ္တိရှိသူရှေ့တက် သတ္တိပိုကောင်းတဲ့သူ တံတားပေါ်တက်ပစ်
လေးခွနဲ့ စစ်တိုက်ကြတယ်
ဓနိလက်တွေ ဓနိဘောင်တွေကို တဖောင်းဖောင်းနဲ့
ဓားစာခံ ဓနိပင်တွေ စုတ်ပြတ်ကြေမွ
အင်း အား အော်သံတွေနဲ့ ပျော်လိုက်ကြတာ
နာရကောင်းမှန်းမသိ
ခုထိလည်း နာရကောင်းမှန်းမသိ
စောက်ကလေးတွေ ရွာထဲဝင်မလာစေနဲ့
ရွာပြင်မှာ မင်းတို့ဘာသာချ၊ ပစ်ချင်တာနဲ့ပစ်
အော်…. တို့ဘကြီး ဉာဏ်အမြော်အမြင်ကြီးမားလိုက်တာ
စစ်ကြီးပြီးပြီ
ညနေ ဗွီဒီယိုရုံမှာ ဆုံရအောင်။
လင်းသဏ်ညီ