• Today is: Friday, April 19, 2024

တပ်မ ၆၆ ၊ ခလ၇-၈၀ (အင်းမ) မှ ဗိုလ်ကြီးအောင်မျိုးထက် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာ

ဖက်ဒရယ်ဂျာနယ် (အောက်တိုဘာ ၂၃ )

 

တပ်မ ၆၆ ၊ ခလ၇ – ၈၀ (အင်းမ) မှ စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီး အောင်မျိုးထက်သည် စစ်ကာင်စီတပ်ကို စွန့်ခွာ၍ CDM လုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ပြည်သူ့စစ်သားအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

 

“စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၂) မှ ဗိုလ်ကြီး အောင်မျိုးထက်ဟာ စစ်ကာင်စီကို စွန့်ခွါပြီး ပြည်သူ့ဘက်ရပ်တည်ခဲ့ပါတယ်။ စစ်တပ်တွင်းမှာ စစ်ကောင်စီကို စွန့်ခွါလိုသူတွေများပြားနေပြီး စွန့်ခွါဖို့အခက်အခဲရှိနေပါက ပြည်သူ့စစ်သားအဖွဲ့သို့ ဆက်သွယ်ပါ။ တန်ဖိုးမရှိတော့တဲ့ စစ်ကောင်စီစစ်သားလုပ်မလား ၊ တန်ဖိုးရှိရှိ ပြည်သူ့တပ်မတော်သားလုပ်မလားဆိုတာကို ရဲရဲရွေးချယ်ကြပါ ရဲဘော်တို့ ” ဟု ပြည်သူ့စစ်သားအဖွဲ့က သတင်းထုတ်ပြန်သည်။

 

CDM ပြုလုပ်သော ပြည်သူ့စစ်သားများအနေဖြင့် ပြည်သူ့စစ်သားအဖွဲ့သို့ https://www.peoplesoldiers.org မှတဆင့် ကူညီနိုင်ကြောင်း၊ ပြည်သူ့စစ်သားအဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်သည့် ပြည်သူ့စစ်သားကောင်းများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်သားအဖွဲ့အနေဖြင့် NUG အစိုးရအား တင်ပြနိုင်ခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးအစိုးရ မှ “ တပ်မတော်သားနှင့်စပ်လျဉ်းသော မူဝါဒ” ထုတ်ပြန်ခဲ့ကြောင်း၊ ထိုမူဝါဒနှင့်အညီ ပြည်သူ့စစ်သားအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။