• Today is: Saturday, April 20, 2024

တရုတ်တို့ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက် စတင်ခြင်း

တရုတ်တို့ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက် စတင်ခြင်း

ဩဂုတ် -၂၈ ရက်၊ ၂၀၂၁

မောင်မောင်စိုး

ကိုဗစ်ကာလနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းကာလတွေ ဖြတ်သန်းကြုံတွေ့နေရချိန်မှာ ဘဲ တရုတ်ပြည်ဟာ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း တိုင်းရင်းသားရေး နှင့် ပြည်တွင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးသည် ၎င်း၏ လူမှုကွန်ရက်မှ တဆင့် မျှဝေထား သည်ကို သိရှိရသည်။

မူလက တရုတ်ရဲ့ မီးရထားလမ်းဟာ ရွှေလီမြို့အထိရောက်မယ်လို့ သတင်းထွက်‌နေပေမဲ့ တရုတ်မီးရထားလမ်းဟာ ယူနန်ပြည်နယ် ခွင်းမင်၊ ပေါက်စန်း၊ လင်ချန်းခရိုင်ကိုဖြတ်သန်ပြိး ကိုးကန့်ဒေသ ချင်းရွှေဟော် တဖက်ထိကမ်းအထိ ရောက်လာတာတွေ့ရပါတယ်။ လက်ရှိကျောက်ဖြူထိ ရထားလမ်းမဖေါက်နိုင်သေးတဲ့ အချိန်မှာ ရန်ကုန် ဆိပ်ကမ်းကို အသုံးပြုတာတွေ့ရပါတယ်။

ရန်ကုန်ဆိပ်ကမ်းက တဆင့် အိန္နိယ သမုဒ္ဒရာကို ဖြတ်ဝင်ဖြတ်ထွက်တဲ့ ကွန်တိန်နာတွေဟာ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ချင်ရွှေဟော်လမ်းကြောင်းကနေ တရုတ်ပြည် လင်ချန်းကို ကားနဲ့သယ်မှာဖြစ်ပါတယ်။ လင်ချန်းကနေ တရုတ်ပြည်တွင်းကို မီးရထားနဲ့ ဆက်လက်သယ်ဆောင်မှာဖြစ်ပါတယ်။ လင်ချန်းကနေ ယူနန်ပြည်နယ် မြို့တော် ခွင်းမင်မှတဆင့် စစ်ချွမ်းပြည်နယ် ( ယူနန်ပြည်နဲ့ကပ်ရက်နောက်ပြည်နယ်) မြို့တော် ချင်တူးအထိ မီးရထားနဲ့ ၃ ရက်ခရီးလို့ သိရပါတယ်။ လောလောဆယ်တော့ လမ်းပွင့်သွားပါပြီ။

လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာသည့် တရုတ် ပြည်တွင်း သတင်းဌာနမှ တင်ဆက်ထားသည့် ရထားလမ်းဖွင့်ပွဲ အခမ်းအနားသည် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်က ရထမ်းလမ်း စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ဩဂုတ် ၂၆ ရက် မှ စတင်ပြီး ရန်ကုန် ဆိပ်ကမ်းကရောက်ရှိလာတဲ့ ကွန်တိန်နာတွေကို  လင်ချန်းမှတဆင့်  ချင်တူးကို မီးရထားနဲ့ ခရီးဆက်နေပါပြီ ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောထားသေးသည်။

သူဆက်ပြောထားသာက

တရုတ်တို့ ကြိုးစားနေတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကိုရတဲ့အခြေအနေအောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းကို အသုံးပြုပြီး တရုတ်တို့ ဖွင့်နိုင်ခဲ့ပါပြီ။

တရုတ်တို့ရဲ့ ကုန်သွယ်မှု ပမာဏ ပေါ်မူတည်ပြီး မြန်မာပြည် နစရက ကောင်စီအနေနဲ့ ဝင်ငွေ ရပေါက်ရလမ်း တခုပွင့်သွားမယ်ထင်ပါတယ်။

တရုတ်တို့ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို အာရုံစိုက်နေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စု ဘယ်လိုတုန့်ပြန် မလဲဆိုတာကတော့ စောင့်ကြည်ရအုံးမှာဖြစ်ပါတယ်။ စစ်ရေးကိစ္စမပါတဲ့ သာမန် ကုန်သွယ်မှုကိုတော့ ဟန့်တားဖို့ ဖြစ်နိင်ချေ နည်းပါးမယ်ထင်ပါတယ်။

တရုတ်တွေအတွက် မြန်မာပြည်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ဒေသအဖြစ် သဘောထားပါတယ်။ သူရဲ့ အနာဂါတ် စီမံကိန်းများနဲ့ပတ်သက်ပြီး မြန်မာပြည်ကို ဖြတ်ပြီးအကောင်အထည်ဖေါ်ဖို့ နည်းမျိုးစုံနဲ့ ဆက်လက် ကြိုးစားမယ် ထင်ပါတယ်လို့ ဦးမောင်မောင်စိုး သုံးသပ်ထားသည်ကို တွေ့ရှိရသည်။

#မောင်မောင်စိုး #တရုတ်မြန်မာ #အိန္ဒိယသမုဒ္ဒရာ #ဖက်ဒရယ်ဂျာနယ်