• Today is: Friday, April 19, 2024

“တအာင်း”ဥပဒေအကယ်ဒမီကျောင်း – Ta’ang Law Academy

“တအာင်း”ဥပဒေအကယ်ဒမီကျောင်း – Ta’ang Law Academy

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၁၊ ၂၀၂၁

တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) မှ ဦးစီးဖွင့်လှစ်သော – “တအာင်း”ဥပဒေအကယ်ဒမီကျောင်း – Ta’ang Law Academy အပတ်စဉ်(၁) လျှောက်လွှာခေါ်ယူနေကြောင်း Ta’ang Legal Aid – Facebook Page လူမှုကွန်ရက်မှ ကြေညာထားသည်ကို သိရသည်။

ပြည်တွင်း၊ ပြည်ပ ဥပဒေ ပညာရှင်များ၊ ရှေ့နေများ စုဖွဲ့ကာ ဖွင့်လှစ်ထားကြောင်း ဖော်ပြထားသည်။

သင်ကြားမှုကာလကို စုစုပေါင်း (၁၈)လ ဖြစ်ပြီး ပညာသင်နှစ် စီမီစာတာ (၃) ခု သတ်မှတ်ထားသည်။

သင်ကြားမှု ပြီးမြှောက်သူတိုင်းသည် ကျောင်းမှပေးအပ်မည့် ဥပဒေ ဒီပလိုမာဘွဲ့ ချီးမြှင့်ခံရမည်ဖြစ်သည်။

“အခုလိုမျိုး ဥပဒေကျောင်းမျိုး တိုင်းရင်းသား ဒေသတွေမှာ ပေါ်ထွန်းလာတဲ့ အတွက် တအာင်း လူမျိုးတဦးအနေဖြင့် များစွာ ဂုဏ်ယူမိပါတယ်၊ အခုဆိုရင် ဥပဒေနဲ့ ကျောင်းပြီးထားသည့် လူငယ်တွေအတွက်လည်း ပိုပြီးတော့ အခွင့်အလှမ်း တခု ဖြစ်လာမယ်၊ ဥပဒေ စိတ်ဝင်စားတဲ့ လူငယ်တွေအနေ ဥပဒေကို ကိုယ်ဒေသမှာ အခြေပြုပြီး လေ့လာခွင့်ရတော့မယ်လို့ ယုံကြည်ပါတယ်” ဟု ဥပဒေ နဲ့ကျောင်းပြီးထားသည့် တအာင်း အမျိုးသမီး လူငယ်တဦးက မှတ်ချက်ပြု ပြောသည်။

“ဒီလို တိုင်းရင်းဒေသတွေမှာ ဥပဒေကျောင်းတွေ ပေါ်ပေါက်လာတာက သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုလိုက်သာမက အခြားသော် တိုင်းရင်းသား ပေါင်းစုံ လူမျိုးစုများကြား ဥပဒေ ပညာကို တလေးတစား တန်ဖိုးထားပြီး လေ့လာ လာနိုင်မယ့် အခွင့်အလှမ်းတခု ဖြစ်တည်လာသာ ဖြစ်တယ်၊ တချိန်တည်းမှာပဲ သက်ဆိုင်ရာ လူမျိုးစုများအလိုက် သူတို့ရဲ့ ရိုးရာ ဥပဒေတွေကိုလည်း ပိုပြီး သွင်ကျယ်အောင် ပုံဖော်လာနိုင်မယ်၊ များမကြာမှီ ပေါ်ပေါက်လာဖို့ မျှော်မှန်းနေကြတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးမှာလည်း သက်ဆိုင်ရာ လူမျိုးစုများအလိုက် ဥပဒေကို စနစ်တကျ လေးစား လိုက်နာနိုင်ပြီး လူ့အခွင့်အရေး စံတန်ဖိုးများကို ပိုမိုပြီး စနစ်တကျ ကျင့်သုံးလာနိုင်ဖို့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဥပဒေ ပညာရှင်များ အစိတ်အပိုင်းတခုအနေနဲ့ အကျိုးပြုတည်ဆောက်လာနိုင်မှာ ဖြစ်တယ်” ဟု ကရင်အမျိုးသမီး တရားလွှတ်တော်ရှေ့နေ တဦးက မှတ်ချက်ပေး ပြောဆိုသည်။

“တအာင်း”ဥပဒေအကယ်ဒမီကျောင်း – Ta’ang Law Academy ကျောင်းသည် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဖွင့်လှစ်ထားသည့် ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းပြီးလျှင် ဒုတိယမြှောက် တိုင်းရင်းသား ဒေသတွင် ဖွင့်လှစ်သင်ကြားပေးမည့် ဥပဒေ အကယ်ဒမီ ကျောင်းအနေဖြင့် ရပ်တည် လာနိုင်မည်ဖြစ်သည်။

မူရင်းလင့်တွင် ဖတ်ရှုနိုင်ရန် –

လျှောက်လွှာဒေါင်းလော့ရယူရန်

https://docs.google.com/…/1AZNrkgkpHRu0jx7DsGgykh2…/edit

Application Announcement

https://drive.google.com/drive/my-drive

အသေးစိပ်သိရှိလိုပါက ဆက်သွယ်ရန်

09-459089277, 09-426247053, 09-47103247