• Today is: Saturday, April 20, 2024

တိုင်းရင်းသားတော်လှန်လူငယ် အတွေးအသံများ | ကချင်ပြည်နယ်

တိုင်းရင်းသားတော်လှန်လူငယ် အတွေးအသံများ
မမိုင်ခါး
ကချင်အမျိုးသမီး၊ ကချင်ပြည်နယ်။
(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့(၁) လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ လူငယ်တွေဦးဆောင်နေတာကိုက အင်မတန်အင်အားပြင်းတဲ့ တော်လှန်ရေးတခုဖြစ်နေစေတယ်။ နွေဦးတော် လှန်ရေးက စစ်အာဏာရှင်သာမက အာဏာရှင်ဆန်တဲ့ စိတ်ဓါတ်၊ ဗိုလ်ကျအုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေ အကုန် အမြစ် ဖြတ်တော်လှန်ရမဲ့ တော်လှန်နေတဲ့ အခင်းအကြင်းတခု အခြေအနေတခုလို့ ယုံကြည်ပါတယ်။
(၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။ ကျွန်မတို့ နိုင်ငံက စစ်အာဏာရှင်စနစ်တခုတည်းကိုပဲ တွန်းလှန်ပစ်ဖို့ လိုတာမဟုတ်ဘူး၊ ဗမာ မဟာလူမျိုးကြီးဝါဒကိုလည်း တွန်းလှန်ဖို့ လိုပါမယ်။
ဒီမြေပေါ်မှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို ကိုယ့်ထက် အင်အားနည်းတဲ့ လူမျိုးစုတွေအပေါ်မှာ လက်ဝါးကြီးအုပ် ဗိုလ်ကျစိုးမိုးတာမျိုးကို လက်ခံလို့မရပါဘူး။ ဒီအလို အမူအကျင့်တွေ အားလုံးကို တွန်းလှန်ပစ်ဖို့ လိုပါတယ်။
တချို့လူမျိုးတွေက ဗမာလူမျိုးကြီး ပပျောက်ဖို့ တဖွဖွပြော နေပြီးတော့မှ ကိုယ်ကိုယ်တိုင်က လူမျိုးကြီးစိတ်ဝင်သွားတာတွေလည်း အများကြီးမြင်နေရတယ်။
နောက်တခုက ကျွန်မတို့နိုင်ငံမှာတွေ့မြင်နေရတဲ့ ဖိုဝါဒ ကြီးစိုးရေးအပြင် အခြားအခြားသော အရာများကိုပါ ဒီတော်လှန်ရေးနဲ့အတူ တွန်းလှန်ဖို့လိုပါတယ်။ ဒါမှသာ ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားလို့ရမှာ ဖြစ်ပြီးတော့ လူမျိုးတမျိုးနဲ့တမျိုးကြား၊ လူတစ်ဦးနဲ့တစ်ဦးကြားမှာ တဟဇာတဖြစ်ပြီး ဒီပြည်တွင်း စစ်ကြီး လည်း ချုပ်ငြိမ်းသွားမယ်လို့ ထင်ပါတယ်။
(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။
ဖြေ။ ။ နှစ်ပေါင်း ၇၀ကျော် တည်ဆောက်ထားတဲ့ ခိုင်မာနေတဲ့ institution တခုကို ဖြိုချနေတာဖြစ်တယ်၊ အရှိန်၊ အချိန်ယူနေရတာဖြစ်တယ်။ နောက်တခုက ဒီအာဏာရှင်ကို ထောက်ခံအားပေး မလွန်ဆန်နိုင်နေတဲ့သူတွေ ကြောင့်ဖြစ်တယ်။ ဒါကြောင့် စုပေါင်းညီညွှတ်မှုနဲ့ အခိိန်တခုမှာတော့ သေချာအမြစ်ဖြုတ်ချေမှုန်းနိုင်မာဖြစ်တယ်။
(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။
ဖြေ။ ။ မြန်မာပြည်အတွက် လေ့လာစရာ အတုယူစရာ နိုင်ငံတွေအများကြီးရှိပါတယ်။ အဓိကအကျဆုံးက တန်းတူညီမျှ အခွင့်အရေးရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ညီတဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့လိုပါတယ်။
(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြတယ်၊ အောင်မြင်ဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။
ဖြေ။ ။ ဗမာတိုင်းရင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ အရင်ကတည်းက တောင်းဆိုလာခဲ့တဲ့အရာ ဖြစ်တယ်။ ဒါကို ဗမာလူမျိုးစုခေတ်အဆက်ဆက်က မသိကျိုးကျွံပြုခဲ့ကြတယ်၊ အုပ်ချုပ်သူလူတန်းစားသာမက ဗမာလူထုကိုယ်တိုင်က နှုတ်ဆိတ်ခဲ့ကြတယ်၊ နွေဦးတော်လှန်ရေးမာမှ ဗမာလူထုက ဒီအသံထွက်လာတာဖြစ်တယ်။
ဆိုတော့ ဗမာလူမျိုးနဲ့ တခြားလူမျိုးတွေကြား နားလည်မှု ယုံကြည်မှုတွေ တည်ဆောက်ဖို့ အချိန်တခုလိုအပ်တယ်၊ ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေဟာFederal Democracy ကို willing ဖြစ်ပြီးသားဖြစ်တယ်။
ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်နဲ့အတူ ကျွန်တော်တို့ရဲ့ အာဏာရှင်စိတ်ဓါတ် အတွေးအခေါ်တွေ အကုန် တော်လှန်တိုက်ထုတ်နိုင်မှ အောင်မြင်မာဖြစ်တယ်။
(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။
ဖြေ။ ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲက ဖြစ်မြောက်မှာ မဟုတ်ဘူးလို့မြင်တယ်။ စကစ ကိုယ်တိုင်ကိုက ဒါကိုလုပ်ဖို့ ယုံကြည်မှုရှိမနေတာ သူတို့ရဲ့ အင်တာဗျူးတွေ ကြည့်ရင် သိသာပါတယ်။
တော်လှန်ရေးအုပ်စုတွေလည်း ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ ဟန့်တာနေတယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်မခံဘူးဆိုတာတွေ တွေ့ရတယ်။
KIA ဘက်ကလည်း သက်ဆိုင်ရာနိုင်ငံ( တရုတ်)တွေကို စကစရဲ့ ရွေးကောက်ပွဲမထောက်ခံဖို့နဲ့ ဒါကို လည်း မိမိတို့ဘက်က တတ်နိုင်သမျှ ဟန့်တားသွားမှာဖြစ်တဲ့အကြောင်းတွေ အသိပေးစာတွေ ပို့ထား ပြီးဖြစ် တယ်လို့ သိရပါတယ်။