• Today is: Friday, March 29, 2024

တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုပုံဖော်မလဲ

Unicode

တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုပုံဖော်မလဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေး ကောက်ပွဲမှာ NLD ပါတီကပဲ အပြတ် အသတ် အနိုင်ရရှိခဲ့ပါတယ်။ တိုင်း ဒေသကြီး တွေမှာသာမက ပြည်နယ် တွေမှာပါ အနိုင်ရခဲ့တာဖြစ် လို့ NLD ပါတီအပေါ် တိုင်းရင်းသားတွေရဲ့ မျှော် လင့် ချက်တွေကို ပုံအောလိုက်တာလို့ လည်းပြောနိုင်ပါတယ်။ အရေးကြီးတာက အခုလာမယ့် အစိုးရသစ် လက်ထက် အတွင်း တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ ဦးတည်ဖို့ပဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား ပါတီတွေက အနိုင်ရတဲ့ အရေအတွက် များပြားခဲ့တာ ကို တွေ့ရ တဲ့အတွက် ပူးပေါင်းလက်တွဲ လုပ်ကိုင်ဖို့ လိုအပ်နေပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ၄၂ နေရာအထိ အနိုင်ရရှိထားပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးအထိ ပါဝင်လာပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ပါတီ က ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ် တော် လေးနေရာ၊ ပြည်နယ်လွှတ်တော် ခုနစ်နေရာ အထိ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် သုံးမြို့နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိပါဘူး။
တိုင်းရင်းသားဒေသတွေမှာ အစိုးရသစ်အနေနဲ့ ဖြေရှင်းရမယ့် ကိစ္စတွေလည်း အများကြီးရှိနေပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရမှု တွေ ထပ်မဖြစ်စေဖို့ တိုက်ပွဲတွေ လျှော့ချဖို့လိုသလို တိုက်ပွဲရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့လည်း လိုပါ တယ်။ ဝမ်းသာစရာကောင်းတဲ့ အချက်ကတော့ ရခိုင် ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့အကြားက တိုက်ပွဲ တွေ ရပ်တန့်နေသလို တွေ့ဆုံဆွေးနွေးရေး ဖြစ်လာ နိုင်တဲ့ အလားအလာတွေ တွေ့လာရတာပါပဲ။ တကယ် လို့ တွေ့ဆုံဆွေးနွေးရေးတွေ အောင်မြင်မယ်၊ ငြိမ်းချမ်း ရေးအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာ ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုပါ မြင့်မားလာမှာပဲ ဖြစ်ပါတယ်။
NLD အစိုးရအနေနဲ့ ပထမသက်တမ်းအုပ်ချုပ်မှု အတွင်းမှာ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဆောင် ရွက်မှု အားနည်းခဲ့တာ အမှန်ပါ။ ဒါကြောင့် နောင် လာမယ့်သက်တမ်းအတွင်းမှာ တိုင်းရင်းသားပါတီတွေ နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှသာ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကိုပါ လိုက်လျောရာ ရောက်ပါလိမ့်မယ်။ NLD ဘက်ကတော့ ၈၀ ရာခိုင်နှုန်းကျော်အထိ အနိုင် ရရှိထားပေမယ့် လုပ်ပိုင်ခွင့်အားလုံးကို တစ်ပါတီတည်း ကယူမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ]အမျိုး သားညီညွတ်ရေးအစိုးရ} ပုံစံ ဖွဲ့စည်းမယ်လို့ NLD ပါတီဘက်က ထုတ်ဖော်ပြောကြားထားတာကို တိုင်း ရင်းသားပါတီတွေဘက်ကလည်း ကြိုဆိုကြပါတယ်။
]နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေ့ရှူ ရမည့် ပြည်ထောင်စု အရေးကိစ္စ}ဆိုတဲ့ စာကိုလည်း NLD ပါတီက တိုင်းရင်းသားပါတီတွေဆီ ပေးပို့ထား ပါတယ်။ တိုင်းရင်းသားပါတီတွေဘက်က အခုလိုပေးပို့ တာကို အပေါင်းလက္ခဏာဘက်က ရှုမြင်သလို ဖက် ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် ကမ်းလှမ်း တာလို့ ယူဆကြပါတယ်။ အရေးကြီးတာက NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေကြား ယုံကြည်မှုတည် ဆောက်နိုင်ဖို့လိုသလို တိုင်းရင်းသား လက်နက်ကိုင်၊ အစိုးရနဲ့ တပ်မတော်ကြားမှာလည်း ယုံကြည်မှု တည် ဆောက်နိုင်ဖို့ လိုအပ်နေပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပခဲ့ပေမယ့် ပထမသက်တမ်းအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။
ဒါကြောင့် အစိုးရရဲ့ ပထမသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတာတွေ၊ အားသာချက်၊ အားနည်းချက် တွေကို ပြန်လည်သုံးသပ်ပြီး ဒုတိယသက်တမ်းအတွက် အကောင်းဆုံး ပြင်ဆင်သွားရမှာပါ။ ၂၁ ရာစု ပင်လုံ ညီလာခံကို ဆက်လက်ကျင်းပခဲ့ရင် အားလုံးပါဝင်နိုင် တဲ့ (All Inclusive) ဆွေးနွေးပွဲတွေဖြစ်ဖို့ ပါဝင်သင့် သူအားလုံးကို ဖိတ်ခေါ်သင့်ပါတယ်။ NCA (တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) လက် မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သာမက လက်မှတ်ရေးထိုးမထားသေးတဲ့ အဖွဲ့တွေ ကိုပါ ပါဝင်အောင် လမ်းဖွင့်ပေးနိုင်ရင် အကောင်းဆုံး ပါပဲ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ၂၁ ရာစု ပင်လုံညီလာခံက သဘောတူခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းသုံးခုကို အခြေခံပြီး အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်ရလိမ့် မယ်လို့ ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ အောင်မြင်လာမှသာ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို လက်တွေ့ အကောင် အထည်ဖော်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြည်နယ်တွေ မှာ စီမံကိန်းတစ်ခုခု ဖော်ဆောင်မယ်ဆိုရင် ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောတူညီချက်ရရှိမှသာ ဖော် ဆောင်တာ အကောင်းဆုံးပါပဲ။ ဥပမာအားဖြင့် ကချင် ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက် လုပ်ဆောင်မယ်၊ မလုပ်ဆောင်ဘူးဆိုတာ ဒီနေ့ထက်ထိ တိတိကျကျ မသိရသေးပါဘူး။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ထဲမှာ သတ္တုစမ်းသပ်ရှာဖွေမယ့် ကိစ္စတွေ၊ ကယားပြည်နယ်၊ လွိုက်ကော်မြို့နယ်က သတ္တုသန့်စင်စီမံကိန်းကိစ္စ၊ ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ထဲမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကိစ္စတွေ မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို မေးမြန်းပြီးမှ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်သင့်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့စာမှာ ]မည်သည့်အခြေအနေကို ရောက်သည် ဖြစ်စေ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တိုင်းရင်းသားပါတီများ၏ ရည်မှန်း ချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီ ကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ် တွင် တိုင်းရင်း သားလူမျိုးစုများ၏ ဆန္ဒများကို အလေး ထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုင်းရင်းသား ပါတီ များအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေးကို တက် တက်ြွကြွက ပူးပေါင်းပါ ဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါ သည်}လို့ ဖော်ပြထားတာကို တွေ့ ရပါတယ်။ တိုင်း ရင်းသားပါတီ ၅၀ နီးပါးကို ပေးပို့ခဲ့တာဖြစ်ပြီး ရွေး ကောက်ပွဲမှာ အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေ ရော၊ အနိုင်မရတဲ့ပါတီတွေပါ ပါဝင် ပါတယ်။
ဒီနေရာမှာ အသေအချာ ပြန်သုံးသပ်ရမယ့် အချက်က လက်တွေ့မှာ အနိုင်ရ NLD ပါတီအနေနဲ့ တိုင်းရင်း သားလူမျိုးစုတွေရဲ့ ဆန္ဒကို ဘယ်လောက်အထိ အလေးထားဖော်ဆောင်မလဲဆိုတဲ့ အချက်ပါပဲ။ ပါတီထဲမှာ တိုင်းရင်းသားတွေ ပါဝင်နေတယ်။ တိုင်း ရင်းသားတွေကို အစိုးရအဖွဲ့ထဲမှာ ခန့်အပ်ထားတယ် ဆိုတာထက် ကျော်လွန်စဉ်းစားရမှာတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါြွကယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပေမယ့် သယံဇာတ စီမံခန့်ခွဲမှုကို ပြည် ထောင်စုအစိုးရကပဲ စီမံခန့်ခွဲတာကို ပြန်လည်စဉ်းစား သင့်ပါတယ်။
ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းနဲ့ပတ် သက်တဲ့ သယံဇာတစီမံခန့်ခွဲမှုကို ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုရင် ပြည်နယ်အစိုးရကပဲ စီမံခန့်ခွဲ မှုရရှိမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းကရတဲ့ အကျိုး အမြတ်ကို ဒေသခံတွေ ခံစားခွင့်မရှိတာ၊ ဖားကန့်မှာ လမ်းတွေ မကောင်းမွန်သေးတာ၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုတွေ တွေ့ကြုံနေရတာ၊ ရေအရင်းအမြစ် တွေ ဆုံးရှုံးလာနေတာကို စနစ်တကျ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ သတ္တုတူးဖော်ခွင့်ပြုမှုတွေကို ဒေသခံတိုင်းရင်းသား တွေ သဘောမတူရင် လုံးဝ ချမပေးသင့်ပါဘူး။
ဒါ့အပြင် ဗမာကလွဲလို့ ကျန်တဲ့ တိုင်းရင်းသား တွေဟာ လူနည်းစုတွေဖြစ်တယ်ဆိုတာ မေ့ထားလို့မရ တဲ့ အရှိတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူအများစု ကနေ လူနည်းစုရဲ့ အခွင့်အရေး ထုံးတမ်းစဉ်လာတွေ ကို လေးစားပြီး အကာအကွယ်ပေးရမှာပါ။ ဒီနေ့ထက် ထိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ တိုင်းရင်းသား ဒေသတွေ အများအပြား ရှိနေပါသေးတယ်။ အစိုးရ သစ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ ဘယ်သူကိုမှ၊ ဘယ်ဒေသကိုမှ ချန်မထားဘဲ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင်၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိအောင်၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လာမယ့် လွှတ်တော်မှာလည်း NLD ပါတီက ကိုယ်စားလှယ်တွေကပဲ အများစုလွှမ်းမိုးမှာပါ။ လွှတ် တော်မှာ ဆွေးနွေးကြတဲ့အခါမှာလည်း တိုင်းရင်းသား ပါတီတွေဘက်က တင်သွင်းလာမယ့် အဆိုတွေကို လက်ခံဆွေးနွေးတာ ပိုလုပ်သင့်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ တိုင်းရင်းသားပါတီတွေဘက် က တင်သွင်းမယ့်အဆိုတွေ ပယ်ချခံရတာ၊ ဆွေးနွေး ခွင့်ရခဲ့ရင်လည်း မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်တာတွေ ရှိခဲ့ပါတယ်။ ပုဒ် ၂၆၁ ကို ပြင်ဆင်ဖို့ကိစ္စမှာလည်း အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ပြင်ဆင် ရေးကို NLD ပါတီဘက်က ထောက်ခံခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာ မထောက်ခံခဲ့တာတွေကို ပြန် လည် သုံးသပ်ရမှာပါ။
အခြေခံဥပဒေပြင်ဆင်ရေးကို လာမယ့်အစိုးရ သစ်သက်တမ်းအတွင်း လက်တွေ့ ဆက်ကြိုးစားမှ သာ ယုံကြည်မှုပိုရလာမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေခံ ဥပဒေပြင်ဆင်ရေးမှာလည်း တစ်ပါတီတည်း မဟုတ်ဘဲ နဲ့ တိုင်းရင်းသားပါတီတွေဘက်က ပေးပို့လာတဲ့ ပြင်ဆင် ချင်တဲ့ ပုဒ်မတွေကို အလေးအနက်ထည့်သွင်း စဉ်းစား ရမှာပါ။ တိုင်းရင်းသားပါတီတွေဘက်က သယံဇာတ ခွဲဝေမှု၊ မိခင်တိုင်းရင်းသား ဘာသာစကား အခြေပြု အလေးဂရုမူဖို့ လိုပါတယ်။ လွှတ်တော်တွင်းကနေ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ခဲယဉ်းနေရင် ၂၁ ရာစု ပင်လုံညီလာခံကနေတစ်ဆင့် ဘယ်လိုပြင်ဆင်သွား မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့လည်း လိုပါ တယ်။ ဒါ့အပြင် တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ် မဖွဲ့ဘူးလို့ ပြောထားတဲ့ NLD ပါတီအနေနဲ့ ပြည်ထောင်စု အရေးကိစ္စကို ရှေ့ရှုမယ်ဆိုရင် ဘယ်လိုပူးပေါင်း လက်တွဲလုပ်ဆောင်မလဲဆိုတာကိုပါ ပြင်ဆင်ထားရမှာ လည်း ဖြစ်ပါတယ်။
တိုင်းရင်းသားတွေ မနှစ်သက်တဲ့ ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူတဲ့ကိစ္စ၊ တံတားအမည်ပေးတဲ့ကိစ္စ၊ ကန့်ကွက်သူတွေကို တရားစွဲတဲ့ကိစ္စတွေကို ထပ်မဖြစ် အောင် လုပ်ဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်နဲ့ ပိုနီးစပ်လာမှာပါ။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေ လူ့ဂုဏ်သိက္ခာ နဲ့အညီ နေရပ်ပြန်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်ဖို့၊ မိုင်းရှင်းလင်းဖို့တွေ ကိုလည်း ဦးစားပေး အကောင်အထည်ဖော်ရပါမယ်။
တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် NLD အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒကို အလေးအနက်ထားရမှာဖြစ်သလို တိုင်းရင်း သားပါတီတွေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ပါ ယုံကြည်မှုတည်ဆောက်နိုင်ရေး အထူးအရေးကြီး ပါတယ်။ ယုံကြည်မှုတည်ဆောက်နိုင်တာနဲ့အမျှ အတူ လက်တွဲဖော်ဆောင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးဟာလည်း အလှမ်းမဝေး နိုင်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

သွေး (စစ်ကိုင်း)

Zawgyi

တိုင္းရင္းသားေတြလိုလားတဲ့ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ဘယ္လိုပံုေဖာ္မလဲ

 

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ အေထြေထြ ေရြး ေကာက္ပြဲမွာ NLD ပါတီကပဲ အျပတ္ အသတ္ အႏိုင္ရရွိခဲ့ပါတယ္။ တိုင္း ေဒသႀကီး ေတြမွာသာမက ျပည္နယ္ ေတြမွာပါ အႏိုင္ရခဲ့တာျဖစ္ လို႔ NLD ပါတီအေပၚ တိုင္းရင္းသားေတြရဲ႕ ေမွ်ာ္ လင့္ ခ်က္ေတြကို ပံုေအာလိုက္တာလို႔ လည္းေျပာႏိုင္ပါတယ္။ အေရးႀကီးတာက အခုလာမယ့္ အစိုးရသစ္ လက္ထက္ အတြင္း တိုင္းရင္းသားေတြလိုလားေနတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုဆီ ဦးတည္ဖို႔ပဲ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္မွာ တိုင္းရင္းသား ပါတီေတြက အႏိုင္ရတဲ့ အေရအတြက္ မ်ားျပားခဲ့တာ ကို ေတြ႕ရ တဲ့အတြက္ ပူးေပါင္းလက္တြဲ လုပ္ကိုင္ဖို႔ လိုအပ္ေနပါတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD) က ၄၂ ေနရာအထိ အႏိုင္ရရွိထားၿပီး အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ ၁၃ ဦးအထိ ပါဝင္လာပါတယ္။ ရခိုင္အမ်ိဳးသားပါတီ (ANP) ပါတီ က ျပည္သူ႔လႊတ္ေတာ္ ေလးေနရာ၊ အမ်ိဳးသားလႊတ္ ေတာ္ ေလးေနရာ၊ ျပည္နယ္လႊတ္ေတာ္ ခုနစ္ေနရာ အထိ အႏိုင္ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္ သံုးၿမိဳ႕နယ္မွာေတာ့ ေရြးေကာက္ပြဲ က်င္းပ ႏိုင္ျခင္း မရွိပါဘူး။

တိုင္းရင္းသားေဒသေတြမွာ အစိုးရသစ္အေနနဲ႔ ေျဖရွင္းရမယ့္ ကိစၥေတြလည္း အမ်ားႀကီးရွိေနပါတယ္။ အထူးသျဖင့္ ပဋိပကၡေတြေၾကာင့္ ထိခိုက္ခံစားေနရမႈ ေတြ ထပ္မျဖစ္ေစဖို႔ တိုက္ပြဲေတြ ေလွ်ာ့ခ်ဖို႔လိုသလို တိုက္ပြဲေရွာင္ျပည္သူေတြ ေနရပ္ျပန္ႏိုင္ဖို႔လည္း လိုပါ တယ္။ ဝမ္းသာစရာေကာင္းတဲ့ အခ်က္ကေတာ့ ရခိုင္ ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA တို႔အၾကားက တိုက္ပြဲ ေတြ ရပ္တန္႔ေနသလို ေတြ႕ဆံုေဆြးေႏြးေရး ျဖစ္လာ ႏိုင္တဲ့ အလားအလာေတြ ေတြ႕လာရတာပါပဲ။ တကယ္ လို႔ ေတြ႕ဆံုေဆြးေႏြးေရးေတြ ေအာင္ျမင္မယ္၊ ၿငိမ္းခ်မ္း ေရးအတြက္ အခြင့္အလမ္းေကာင္းေတြ ေပၚေပါက္လာ ခဲ့မယ္ဆိုရင္ ရခိုင္ျပည္နယ္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈပါ ျမင့္မားလာမွာပဲ ျဖစ္ပါတယ္။

NLD အစိုးရအေနနဲ႔ ပထမသက္တမ္းအုပ္ခ်ဳပ္မႈ အတြင္းမွာ တိုင္းရင္းသားပါတီေတြနဲ႔ လက္တြဲေဆာင္ ရြက္မႈ အားနည္းခဲ့တာ အမွန္ပါ။ ဒါေၾကာင့္ ေနာင္ လာမယ့္သက္တမ္းအတြင္းမွာ တိုင္းရင္းသားပါတီေတြ နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္မွသာ တိုင္းရင္းသားေတြရဲ႕ သေဘာဆႏၵကိုပါ လိုက္ေလ်ာရာ ေရာက္ပါလိမ့္မယ္။ NLD ဘက္ကေတာ့ ၈၀ ရာခိုင္ႏႈန္းေက်ာ္အထိ အႏိုင္ ရရွိထားေပမယ့္ လုပ္ပိုင္ခြင့္အားလံုးကို တစ္ပါတီတည္း ကယူမွာ မဟုတ္ဘူးလို႔ ေျပာၾကားထားပါတယ္။ ]အမ်ိဳး သားညီညြတ္ေရးအစိုးရ} ပံုစံ ဖြဲ႕စည္းမယ္လို႔ NLD ပါတီဘက္က ထုတ္ေဖာ္ေျပာၾကားထားတာကို တိုင္း ရင္းသားပါတီေတြဘက္ကလည္း ႀကိဳဆိုၾကပါတယ္။

]ေနာင္အနာဂတ္ ျမန္မာႏိုင္ငံအတြက္ ေရွ႕႐ွဴ ရမည့္ ျပည္ေထာင္စု အေရးကိစၥ}ဆိုတဲ့ စာကိုလည္း NLD ပါတီက တိုင္းရင္းသားပါတီေတြဆီ ေပးပို႔ထား ပါတယ္။ တိုင္းရင္းသားပါတီေတြဘက္က အခုလိုေပးပို႔ တာကို အေပါင္းလကၡဏာဘက္က ႐ႈျမင္သလို ဖက္ ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုအတြက္ ကမ္းလွမ္း တာလို႔ ယူဆၾကပါတယ္။ အေရးႀကီးတာက NLD ပါတီနဲ႔ တိုင္းရင္းသားပါတီေတြၾကား ယံုၾကည္မႈတည္ ေဆာက္ႏိုင္ဖို႔လိုသလို တိုင္းရင္းသား လက္နက္ကိုင္၊ အစိုးရနဲ႔ တပ္မေတာ္ၾကားမွာလည္း ယံုၾကည္မႈ တည္ ေဆာက္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။ ၂၁ ရာစု ပင္လံု ညီလာခံ က်င္းပခဲ့ေပမယ့္ ပထမသက္တမ္းအတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့ပါဘူး။

ဒါေၾကာင့္ အစိုးရရဲ႕ ပထမသက္တမ္းအတြင္း ေတြ႕ႀကံဳခဲ့ရတာေတြ၊ အားသာခ်က္၊ အားနည္းခ်က္ ေတြကို ျပန္လည္သံုးသပ္ၿပီး ဒုတိယသက္တမ္းအတြက္ အေကာင္းဆံုး ျပင္ဆင္သြားရမွာပါ။ ၂၁ ရာစု ပင္လံု ညီလာခံကို ဆက္လက္က်င္းပခဲ့ရင္ အားလံုးပါဝင္ႏိုင္ တဲ့ (All Inclusive) ေဆြးေႏြးပြဲေတြျဖစ္ဖို႔ ပါဝင္သင့္ သူအားလံုးကို ဖိတ္ေခၚသင့္ပါတယ္။ NCA (တစ္ႏိုင္ငံ လံုး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္) လက္ မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို သာမက လက္မွတ္ေရးထိုးမထားေသးတဲ့ အဖြဲ႕ေတြ ကိုပါ ပါဝင္ေအာင္ လမ္းဖြင့္ေပးႏိုင္ရင္ အေကာင္းဆံုး ပါပဲ။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ၂၁ ရာစု ပင္လံုညီလာခံက သေဘာတူခဲ့တဲ့ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္းသံုးခုကို အေျခခံၿပီး အနာဂတ္ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ခ်မွတ္ရလိမ့္ မယ္လို႔ ေျပာၾကားထားပါတယ္။ ၿငိမ္းခ်မ္းေရးေဆြး ေႏြးပြဲေတြ ေအာင္ျမင္လာမွသာ တိုင္းရင္းသားေတြ လိုလားေတာင့္တေနတဲ့ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ ေထာင္စု တည္ေဆာက္ေရးကို လက္ေတြ႕ အေကာင္ အထည္ေဖာ္ႏိုင္မွာလည္း ျဖစ္ပါတယ္။ ျပည္နယ္ေတြ မွာ စီမံကိန္းတစ္ခုခု ေဖာ္ေဆာင္မယ္ဆိုရင္ ေဒသခံ တိုင္းရင္းသားေတြရဲ႕ သေဘာတူညီခ်က္ရရွိမွသာ ေဖာ္ ေဆာင္တာ အေကာင္းဆံုးပါပဲ။ ဥပမာအားျဖင့္ ကခ်င္ ျပည္နယ္က ျမစ္ဆံုေရကာတာစီမံကိန္းကို ဆက္လက္ လုပ္ေဆာင္မယ္၊ မလုပ္ေဆာင္ဘူးဆိုတာ ဒီေန႔ထက္ထိ တိတိက်က် မသိရေသးပါဘူး။ ဒါ့အျပင္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕နယ္ထဲမွာ  သတၲဳစမ္းသပ္ရွာေဖြမယ့္ ကိစၥေတြ၊ ကယားျပည္နယ္၊ လြိဳက္ေကာ္ၿမိဳ႕နယ္က သတၲဳသန္႔စင္စီမံကိန္းကိစၥ၊ ကရင္ျပည္နယ္၊ ဘားအံ ၿမိဳ႕နယ္ထဲမွာ အေကာင္အထည္ေဖာ္ဖို႔ စီစဥ္ထားတဲ့ ေက်ာက္မီးေသြးသံုး ဓာတ္အားေပးစက္႐ံု ကိစၥေတြ မွာလည္း တိုင္းရင္းသားေတြရဲ႕ သေဘာဆႏၵကို ေမးျမန္းၿပီးမွ လုပ္သင့္ မလုပ္သင့္ ဆံုးျဖတ္သင့္ပါတယ္။

ႏိုဝင္ဘာ ၁၂ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ NLD ပါတီရဲ႕စာမွာ ]မည္သည့္အေျခအေနကို ေရာက္သည္ ျဖစ္ေစ မိမိတို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သည္ ေနာင္အနာဂတ္၌ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု ေပၚထြန္းေရးအတြက္ မမွိတ္မသုန္ ဆက္လက္ ႀကိဳးပမ္း သြားမည္ ျဖစ္ပါသည္။

သို႔ျဖစ္ပါ၍ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္း ခ်က္မ်ားသည္ အဖြဲ႕ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီ ၾကသည္ျဖစ္ရာ အဖြဲ႕ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္ တြင္ တိုင္းရင္း သားလူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလး ထားေဆာင္ရြက္သြားမည္ ျဖစ္ပါသည္။ တိုင္းရင္းသား ပါတီ မ်ားအေနျဖင့္လည္း အဖြဲ႕ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုအေရးကို တက္ တက္ျြကျြက ပူးေပါင္းပါ ဝင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါ သည္}လို႔ ေဖာ္ျပထားတာကို ေတြ႕ ရပါတယ္။ တိုင္း ရင္းသားပါတီ ၅၀ နီးပါးကို ေပးပို႔ခဲ့တာျဖစ္ၿပီး ေရြး ေကာက္ပြဲမွာ အႏိုင္ရရွိတဲ့ တိုင္းရင္းသားပါတီေတြ ေရာ၊ အႏိုင္မရတဲ့ပါတီေတြပါ ပါဝင္ ပါတယ္။

ဒီေနရာမွာ အေသအခ်ာ ျပန္သံုးသပ္ရမယ့္ အခ်က္က လက္ေတြ႕မွာ အႏိုင္ရ NLD ပါတီအေနနဲ႔ တိုင္းရင္း သားလူမ်ိဳးစုေတြရဲ႕ ဆႏၵကို ဘယ္ေလာက္အထိ အေလးထားေဖာ္ေဆာင္မလဲဆိုတဲ့ အခ်က္ပါပဲ။ ပါတီထဲမွာ တိုင္းရင္းသားေတြ ပါဝင္ေနတယ္။ တိုင္း ရင္းသားေတြကို အစိုးရအဖြဲ႕ထဲမွာ ခန္႔အပ္ထားတယ္ ဆိုတာထက္ ေက်ာ္လြန္စဥ္းစားရမွာေတြ ရွိေနပါတယ္။ ျမန္မာႏိုင္ငံဟာ သယံဇာတေတြ ေပါျြကယ္ဝတဲ့ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေပမယ့္ သယံဇာတ စီမံခန္႔ခြဲမႈကို ျပည္ ေထာင္စုအစိုးရကပဲ စီမံခန္႔ခြဲတာကို ျပန္လည္စဥ္းစား သင့္ပါတယ္။

ကခ်င္ျပည္နယ္ကထြက္တဲ့ ေက်ာက္စိမ္းနဲ႔ပတ္ သက္တဲ့ သယံဇာတစီမံခန္႔ခြဲမႈကို ဖက္ဒရယ္ဒီမိုကေရစီ ေဖာ္ေဆာင္မယ္ဆိုရင္ ျပည္နယ္အစိုးရကပဲ စီမံခန္႔ခြဲ မႈရရွိမွာ ျဖစ္ပါတယ္။ ေက်ာက္စိမ္းကရတဲ့ အက်ိဳး အျမတ္ကို ေဒသခံေတြ ခံစားခြင့္မရွိတာ၊ ဖားကန္႔မွာ လမ္းေတြ မေကာင္းမြန္ေသးတာ၊ သဘာဝပတ္ဝန္း က်င္ ထိခိုက္မႈေတြ ေတြ႕ႀကံဳေနရတာ၊ ေရအရင္းအျမစ္ ေတြ ဆံုး႐ံႈးလာေနတာကို စနစ္တက် ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေစႏိုင္တဲ့ သတၲဳတူးေဖာ္ခြင့္ျပဳမႈေတြကို ေဒသခံတိုင္းရင္းသား ေတြ သေဘာမတူရင္ လံုးဝ ခ်မေပးသင့္ပါဘူး။

ဒါ့အျပင္ ဗမာကလြဲလို႔ က်န္တဲ့ တိုင္းရင္းသား ေတြဟာ လူနည္းစုေတြျဖစ္တယ္ဆိုတာ ေမ့ထားလို႔မရ တဲ့ အရွိတရားပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူအမ်ားစု ကေန လူနည္းစုရဲ႕ အခြင့္အေရး ထံုးတမ္းစဥ္လာေတြ ကို ေလးစားၿပီး အကာအကြယ္ေပးရမွာပါ။ ဒီေန႔ထက္ ထိ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ေနတဲ့ တိုင္းရင္းသား ေဒသေတြ အမ်ားအျပား ရွိေနပါေသးတယ္။ အစိုးရ သစ္အေနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဖာ္ေဆာင္ရာမွာ ဘယ္သူကိုမွ၊ ဘယ္ေဒသကိုမွ ခ်န္မထားဘဲ လမ္းပန္း ဆက္သြယ္ေရး ေကာင္းမြန္လာေအာင္၊ သန္႔ရွင္းတဲ့ ေသာက္သံုးေရရရွိေအာင္၊ ပညာေရး၊ က်န္းမာေရး တိုးတက္လာေအာင္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။

လာမယ့္ လႊတ္ေတာ္မွာလည္း NLD ပါတီက ကိုယ္စားလွယ္ေတြကပဲ အမ်ားစုလႊမ္းမိုးမွာပါ။ လႊတ္ ေတာ္မွာ ေဆြးေႏြးၾကတဲ့အခါမွာလည္း တိုင္းရင္းသား ပါတီေတြဘက္က တင္သြင္းလာမယ့္ အဆိုေတြကို လက္ခံေဆြးေႏြးတာ ပိုလုပ္သင့္ပါတယ္။ ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းမွာ တိုင္းရင္းသားပါတီေတြဘက္ က တင္သြင္းမယ့္အဆိုေတြ ပယ္ခ်ခံရတာ၊ ေဆြးေႏြး ခြင့္ရခဲ့ရင္လည္း မဲခြဲဆံုးျဖတ္တဲ့အခါ ႐ံႈးနိမ့္တာေတြ ရွိခဲ့ပါတယ္။ ပုဒ္ ၂၆၁ ကို ျပင္ဆင္ဖို႔ကိစၥမွာလည္း အရင္ ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက ျပင္ဆင္ ေရးကို NLD ပါတီဘက္က ေထာက္ခံခဲ့ေပမယ့္ NLD အစိုးရလက္ထက္မွာ မေထာက္ခံခဲ့တာေတြကို ျပန္ လည္ သံုးသပ္ရမွာပါ။

အေျခခံဥပေဒျပင္ဆင္ေရးကို လာမယ့္အစိုးရ သစ္သက္တမ္းအတြင္း လက္ေတြ႕ ဆက္ႀကိဳးစားမွ သာ ယံုၾကည္မႈပိုရလာမွာ ျဖစ္ပါတယ္။ အဲဒီလို အေျခခံ ဥပေဒျပင္ဆင္ေရးမွာလည္း တစ္ပါတီတည္း မဟုတ္ဘဲ နဲ႔ တိုင္းရင္းသားပါတီေတြဘက္က ေပးပို႔လာတဲ့ ျပင္ဆင္ ခ်င္တဲ့ ပုဒ္မေတြကို အေလးအနက္ထည့္သြင္း စဥ္းစား ရမွာပါ။ တိုင္းရင္းသားပါတီေတြဘက္က သယံဇာတ ခြဲေဝမႈ၊ မိခင္တိုင္းရင္းသား ဘာသာစကား အေျချပဳ အေလးဂ႐ုမူဖို႔ လိုပါတယ္။ လႊတ္ေတာ္တြင္းကေန အေျခခံဥပေဒကို ျပင္ဆင္ဖို႔ ခဲယဥ္းေနရင္ ၂၁ ရာစု ပင္လံုညီလာခံကေနတစ္ဆင့္ ဘယ္လိုျပင္ဆင္သြား မလဲဆိုတာကိုပါ ထည့္သြင္းစဥ္းစားဖို႔လည္း လိုပါ တယ္။  ဒါ့အျပင္ တိုင္းရင္းသားပါတီေတြနဲ႔ မဟာမိတ္ မဖြဲ႕ဘူးလို႔ ေျပာထားတဲ့ NLD ပါတီအေနနဲ႔ ျပည္ေထာင္စု အေရးကိစၥကို ေရွ႕႐ႈမယ္ဆိုရင္ ဘယ္လိုပူးေပါင္း လက္တြဲလုပ္ေဆာင္မလဲဆိုတာကိုပါ ျပင္ဆင္ထားရမွာ လည္း ျဖစ္ပါတယ္။

တိုင္းရင္းသားေတြ မႏွစ္သက္တဲ့ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္စိုက္ထူတဲ့ကိစၥ၊ တံတားအမည္ေပးတဲ့ကိစၥ၊ ကန္႔ကြက္သူေတြကို တရားစြဲတဲ့ကိစၥေတြကို ထပ္မျဖစ္ ေအာင္ လုပ္ေဆာင္ႏိုင္မွသာ ဖက္ဒရယ္ဒီမိုကေရစီ အိပ္မက္နဲ႔ ပိုနီးစပ္လာမွာပါ။ ဒါ့အျပင္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ တိုင္းရင္းသားေတြ လူ႔ဂုဏ္သိကၡာ နဲ႔အညီ ေနရပ္ျပန္ႏိုင္ဖို႔၊ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေတြ ျပန္လုပ္ကိုင္ႏိုင္ဖို႔၊ မိုင္းရွင္းလင္းဖို႔ေတြ ကိုလည္း ဦးစားေပး အေကာင္အထည္ေဖာ္ရပါမယ္။

တိုင္းရင္းသားေတြလိုလားတဲ့ ဖက္ဒရယ္ဒီမိုက ေရစီ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ဖို႔အတြက္ NLD အစိုးရအေနနဲ႔ တိုင္းရင္းသားလူမ်ိဳးစုေတြရဲ႕ ဆႏၵကို အေလးအနက္ထားရမွာျဖစ္သလို တိုင္းရင္း သားပါတီေတြနဲ႔ေရာ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြ နဲ႔ပါ ယံုၾကည္မႈတည္ေဆာက္ႏိုင္ေရး အထူးအေရးႀကီး ပါတယ္။ ယံုၾကည္မႈတည္ေဆာက္ႏိုင္တာနဲ႔အမွ် အတူ လက္တြဲေဖာ္ေဆာင္မယ့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ ေထာင္စု တည္ေဆာက္ေရးဟာလည္း အလွမ္းမေဝး ႏိုင္ပါေၾကာင္း သံုးသပ္ေရးသားလိုက္ရပါတယ္။

 

ေသြး (စစ္ကိုင္း)