• Today is: Saturday, April 20, 2024

ဒီမိုကေရစီ ဆိတ္သုန္းျခင္း

Zawgyi

ဒီမိုကေရစီ ဆိတ္သုန္းျခင္း

 

အာဏာသိမ္းၿပီးလွ်င္ ၿပီးျခင္း စစ္ေကာ္စီ အလ်င္အျမန္တာ၀န္ေပးအပ္ခံရသည့္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ၂၀၂၀ ျပည့္ႏွစ္ ႏုိ၀င္ဘာလ 8 ရက္ေန႔ က်င္းပျပဳလုပ္ခဲ့သည့္ အေထြေထြ ေရြးေကာက္ပဲြ ရလဒ္မ်ားကုိ ပယ္ဖ်က္ ေၾကာင္း (၂၆/၇/ ၂၀၂၁) ရက္ေန႔က ေၾကညာခဲ့သည္။ ပယ္ဖ်က္ရသည့္ အေၾကာင္းအရင္းမွာ ၂၀၂၀ ခုႏွစ္ေရြးေကာက္ပဲြတြင္ အသုံးျပဳခဲ့ေသာ မဲလက္မွတ္မ်ား၊ မဲစာရင္းမ်ားကုိ စစ္ေဆးခဲ့ရာတြင္ မသမာမႈ၊ မဲစာရင္းမွားယြင္းမႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရွိရ၍ ဟု ထုတ္ျပန္ေၾကညာခဲ့သည္။

 

စစ္ေကာင္စီခန္႔ ေကာ္မရွင္၏ ထုတ္ျပန္ေၾကညာခ်က္အေပၚ ၂၀၂၀ ေရြးေကာက္ပဲြတြင္ မဲဆႏၵနယ္ အမ်ားအျပား အႏုိင္ရရွိခဲ့သည့္ အန္အယ္လ္ဒီပါတီ၊ အက္စ္အန္အယ္ဒီပါတီႏွင့္ ေအအယ္လ္ဒီပါတီတုိ႔က ကန္႔ကြက္ခဲ့ၾကသည္။ တုိင္းရင္းသားပါတီႏွစ္ခုျဖစ္သည့္ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီ (SNLD) ၏အေထြေထြအတြင္းေရးမွဴး ဦးစုိင္းလတ္က ဗီြအုိေအသတင္းဌာနသုိ႔ေျပာၾကားရာတြင္ “ အတုိခ်ဳပ္ေျပာရရင္  အဲဒီလုိပယ္ဖ်က္တာဟာ လုံး၀တရားမွ်တမႈ မရွိဘူးေပါ့ေနာ္။ ေနာက္ ၂၀၂၀ ေရြးေကာက္ပဲြမွာ မဲစာရင္းမွားတာ ေတြ၊ ရွိေကာင္းရွိေပမယ့္လုိ႔ တစ္ႏုိင္ငံလုံးအတုိင္းအတာ အရ ထြက္ေပၚလာေသာ မဲရလဒ္က အမ်ားျပည္သူလူထုရဲ႕ဆႏၵကုိ ကုိယ္စားျပဳတယ္လုိ႔ ယုံၾကည္တယ္။ ေရြးေကာက္ပဲြ ဆုိင္ရာ အျငင္းပြားမႈေတြ တရားမဲ့ျပဳက်င့္တာေတြ ရွိခဲ့ရင္ေတာင္မွဘဲ ဥပေဒနဲ႔အညီခုံရုံးဖဲြ႔ၿပီးမွ ေျဖရွင္းေဆာင္ရြက္ခြင့္ေပးရ မယ္။  အခုေတာ့ ဥပေဒအတုိင္းေျဖရွင္းခြင့္ေတြ၊ ေလွ်ာက္လဲြခြင့္ေတြမေပးဘဲ ေရြးေကာက္ပဲြတစ္ခုလုံးကုိ သိမ္းႀကံဳးပယ္ဖ်က္ လုိက္တာဟာ ဥပေဒနဲ႔မညီဘူး။ မဲေပးခဲ့တဲ့လူေတြကုိေရာ၊ ေရြးေကာက္ပဲြ၀င္ခဲ့တဲ့ ကုိယ္စားလွယ္ေတြကုိပါ ႏုိင္တက္စီး နင္းျပဳရ ေရာက္တယ္လုိ႔ ျမင္တယ္“ဟု ဆုိခဲ့သည္။

 

ရခုိင္အမ်ဳိးသားပါတီ (ANP) ပါတီဥကၠ႒ ဦးသာထြန္းလွကလည္း “ေရြးေကာက္ပဲြ ေနာက္တစ္ခုလုပ္မယ္ ၊မလုပ္ဘူး ဆုိတာထက္ ဒီျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြတစ္ခုထပ္လုပ္မယ္ဆုိရင္ တည္ၿငိမ္တဲ့ႏုိင္ငံေရးအခင္းအက်င္းတစ္ရပ္ မျဖစ္မ ေနရွိဖုိ႔လုိပါတယ္။ ေရြးေကာက္ပဲြတစ္ခုလုပ္မယ္ဆုိတာ ကေတာ့ ေလာေလာဆယ္အေျခအေနမွာ ဘယ္လုိမွ မျဖစ္ႏုိင္ ေသးဘူး“ဟု ဆုိခဲ့သည္။

 

၂၀၀၈ ခုႏွစ္ ဖဲြ႕စည္းပုံအေျခခံဥပေဒအရ အေထြေထြေရြးေကာက္ပဲြမ်ားကုိ ၂၀၁၀ ခုႏွစ္၊ ၂၀၁၅ ခုႏွစ္၊ ၂၀၂၀ ခုႏွစ္တုိ႔တြင္ က်င္းပခဲ့ၿပီး၊ ၾကားျဖတ္ေရြးေကာက္ပဲြမ်ားကိုလည္း က်င္းပခဲ့သည္။ ၂၀၁၀ ခုႏွစ္ ေရြးေကာက္ပဲြအား နအဖ စစ္အစုိးရက  က်င္းပေပးခဲ့ျခင္းျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၂၀ ခုႏွစ္ေရြးေကာက္ပဲြမ်ားကုိမူ ဒီမုိကေရစီနည္းက် ေရြးေကာက္ တင္ေျမာက္ခံအစုိးရမ်ားကသာ က်င္းပေပးခဲ့ျခင္းျဖစ္၏။

 

၂၀၂၀ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေ၀းမတုိင္မီ စစ္တပ္က အခ်ိန္ကုိက္ အာဏာသိမ္းယူမႈမွာ ျပည္သူတစ္ရပ္လုံးေရြးေကာက္တင္ေျမာက္ထားသည့္ ျပည္သူ႔ကိုယ္စားလွယ္ မ်ားကုိ အသိအမွတ္မျပဳရုံသာမက ျပည္သူ႔ဆႏၵကုိပါ မ်က္ကြယ္ျပဳလုိက္ျခင္းျဖစ္သည္။ ထုိအက်ဳိးဆက္ေၾကာင့္ ႏုိင္ငံအ၀န္းရွိ သန္းႏွင့္ခ်ီေသာျပည္သူမ်ားလမ္းေပၚထြက္၍ ဆႏၵျပၾကသည္။ ထုိဆႏၵျပမႈမ်ားကုိစစ္တပ္က အင္အားအလြန္အကၽြံသံုးကာ ႏွိမ္နင္းသည္။ ပစ္ခတ္သတ္ျဖတ္သည္။ ဖမ္းဆီးႏွိပ္စက္သည္။ ကေလးအရြယ္ကအစ လူရာေပါင္းမ်ားစြာကုိ သတ္ျဖတ္ခဲ့သည္။ ေထာင္ႏွင့္ခ်ီေသာ တက္ျကြလႈပ္ရွားသူမ်ားကို ဖမ္းဆီးသည္။ အက်ဥ္းနည္းျဖင့္ ေသဒဏ္အမိန္႔မ်ား ခ်သည္။ သတင္းေထာက္မ်ားစြာ အဖမ္းခံရသည္။

 

ရက္ပုိင္းလပုိင္းအတြင္းျမန္မာႏုိင္ငံတြင္ ဒီမုိကေရစီ ဆိတ္သုန္းသြားခဲ့သည္။ စစ္တပ္က ၂၀၀၈ ဖဲြ႕စည္းပုံႏွင့္အညီ ေရြးေကာက္ပဲြထပ္မံက်င္းပမည္ဟုဆုိသည္။ မၾကာမီက ပူပူေႏြးေႏြး မဲဆႏၵေပးခဲ့ၾကသည့္ ျပည္သူလူထုကုိအယုံ အၾကည္ မရွိဘဲ ေနာက္ထပ္ေရြးေကာက္ပဲြတစ္ခုထပ္မံက်င္းပမည္ကုိ ျပည္သူကအလြယ္တကူလက္ခံမည္ဟု စိတ္ကူးယဥ္ေနပုံ ရသည္။

 

၁၉၉၀ ခုႏွစ္ ပါတီစုံဒီမုိကေရစီ အေထြေထြေရြးေကာက္ပဲြကုိ ၁၉၈၈ ခုႏွစ္တြင္ အာဏာသိမ္းခဲ့သည္။ စစ္အစုိးရ (န၀တ)က ဦးစီးက်င္းပေပးခဲ့သည္။  တစ္ပါတီစစ္အာဏာရွင္ စနစ္ဆုိးဒဏ္ကုိ ၂၆ ႏွစ္တာ ခံစားခဲ့ရေသာ ျပည္သူလူထုက ဒီမုိကေရစီ ရရွိေရးအတြက္ NLD ပါတီကုိ တစ္ခဲနက္မဲေပးခဲ့ၾကသည္။ စစ္တပ္လုိလားေထာက္ခံေသာ တုိင္းရင္းသား စည္းလုံးညီညြတ္ေရးပါတီ ကုိယ္စားလွယ္အနည္းငယ္သာရခဲ့သည္။ ထုိစဥ္ကလည္း စစ္တပ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး ေစာေမာင္က ေရြးေကာက္ပဲြၿပီးလွ်င္ စစ္တန္းလ်ားျပန္မွာပါဟုဆုိခဲ့သည္။ ၿပီးေနာက္ စစ္တပ္ကပင္ ၁၉၉၀ ေရြးေကာက္ပဲြရလဒ္ကုိ မ်က္ကြယ္ျပဳခဲ့သည္။

 

ေျပာခ်င္သည္က ျမန္မာစစ္တပ္သည္ ေရြးေကာက္ပဲြရလဒ္ကုိ ႏွစ္ႀကိမ္တိတိ( ၁၉၉၀ ခုႏွစ္ကတစ္ႀကိမ္၊ ၂၀၂၀ ျပည့္ႏွစ္)တြင္တစ္ႀကိမ္ဖ်က္သိမ္းခဲ့ဖူးသည္ျဖစ္သည္။  သူလုိခ်င္သည့္ရလဒ္ရမွသာ ေရြးေကာက္ပဲြရလဒ္ကုိ အတည္ျပဳမည့္ သူေတြျဖစ္သည္။ ၁၉၉၀ ေရြးေကာက္ပဲြရလဒ္အား ဖဲြ႕စည္းပုံအေျခခံဥပေဒေရးဆဲြရန္ဆုိသည့္ အေၾကာင္းျပခ်က္ျဖင့္ ဖ်က္သိမ္းခဲ့သည္။ ယခု ၂၀၂၀ ခုႏွစ္ေရြးေကာက္ပဲြရလဒ္ကုိလည္း မဲမသာမႈ၊ မဲစာရင္းမွားမႈဆုိေသာအေၾကာင္းျပခ်က္ျဖင့္ ဖ်က္သိမ္းျပန္သည္။

 

အမွန္တကယ္ မဲမသာမႈရွိခဲ့ေသာ ေရြးေကာက္ပဲြမွာ ၄င္းတုိ႔ဦးစီးက်င္းပခဲ့သည့္ ၂၀၁၀ ေရြးေကာက္ပဲြပင္ျဖစ္သည္။ ေရြးေကာက္ပဲြဆုိင္ရာေစာင့္ၾကည့္ေလ့လာေရးအဖဲြ႕မ်ား၊ ျပည္တြင္းျပည္ပသတင္းေထာက္မ်ားကုိ ေလ့လာသတင္းယူခြင့္ မေပးဘဲ ေရြးေကာက္ပဲြကုိ သူတုိ႔လုိခ်င္သည့္ရလဒ္ရေအာင္ က်င္းပသြားခဲ့သည္။  ယခုလည္းထုိပုံစံမ်ဳိးျဖင့္ ေရြးေကာက္ပဲြက်င္းပရန္စီစဥ္ထားျပန္သည္။

 

ဒီမုိကေရစီစနစ္၏ အႏွစ္သာရမွာ ေရြးေကာက္ပဲြမ်ားပင္ျဖစ္၏။ ေရြးေကာက္ပဲြမ်ားမရွိလွ်င္၊ ေရြးေကာက္ပဲြရလဒ္မ်ား ကုိ  ဖ်က္လုိဖ်က္စီးလုပ္လွ်င္၊ ေရြးေကာက္ပဲြရလဒ္အားလိုရာသုိ႔  ႀကိဳးစဲြခုိင္းေစလွ်င္၊ ဒီမုိကေရစီစနစ္အစစ္မဟုတ္ေတာ့ေပ။ စစ္ေကာင္စီ၏လုပ္ရပ္မွာ ျပည္သူလူထုက  ေရြးေကာက္ပဲြမ်ားအေပၚတြင္စိတ္ပ်က္သြားေစရန္ ေဆာင္ရြက္ေနျခင္းပင္ျဖစ္၏။ ထုိအတြက္လည္း ၄င္းတို႔က စုိးရိမ္လိမ့္မည္ မဟုတ္ေပ။ အဘယ္ေၾကာင့္ဆုိေသာ္ ၄င္းတုိ႔သည္ ဒီမုိကေရစီကုိအလုိမရွိေသာ  အာဏာရွင္မ်ားျဖစ္ေန၍ျဖစ္၏။ အာဏာရွင္စနစ္ကုိ အၿပီးတုိင္သုတ္သင္ႏုိင္မွသာ ဒီမုိကေရစီရထားျပန္လည္ခုတ္ေမာင္းႏုိင္ မည္ျဖစ္သည္။

 

ေမာဂၢလိ

 

 

Unicode

ဒီမိုကရေစီ ဆိတ်သုန်းခြင်း

 

အာဏာသိမ်းပြီးလျှင် ပြီးခြင်း စစ်ကော်စီ အလျင်အမြန်တာဝန်ပေးအပ်ခံရသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ 8 ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက် ကြောင်း (၂၆/၇/ ၂၀၂၁) ရက်နေ့က ကြေညာခဲ့သည်။ ပယ်ဖျက်ရသည့် အကြောင်းအရင်းမှာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲလက်မှတ်များ၊ မဲစာရင်းများကို စစ်ဆေးခဲ့ရာတွင် မသမာမှု၊ မဲစာရင်းမှားယွင်းမှုများရှိခဲ့ကြောင်း တွေ့ရှိရ၍ ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

စစ်ကောင်စီခန့် ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အပေါ် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများအပြား အနိုင်ရရှိခဲ့သည့် အန်အယ်လ်ဒီပါတီ၊ အက်စ်အန်အယ်ဒီပါတီနှင့် အေအယ်လ်ဒီပါတီတို့က ကန့်ကွက်ခဲ့ကြသည်။ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏အထွေထွေအတွင်းရေးမှူး ဦးစိုင်းလတ်က ဗွီအိုအေသတင်းဌာနသို့ပြောကြားရာတွင် “ အတိုချုပ်ပြောရရင်  အဲဒီလိုပယ်ဖျက်တာဟာ လုံးဝတရားမျှတမှု မရှိဘူးပေါ့နော်။ နောက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာ တွေ၊ ရှိကောင်းရှိပေမယ့်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ အရ ထွက်ပေါ်လာသော မဲရလဒ်က အများပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုတယ်လို့ ယုံကြည်တယ်။ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေ တရားမဲ့ပြုကျင့်တာတွေ ရှိခဲ့ရင်တောင်မှဘဲ ဥပဒေနဲ့အညီခုံရုံးဖွဲ့ပြီးမှ ဖြေရှင်းဆောင်ရွက်ခွင့်ပေးရ မယ်။  အခုတော့ ဥပဒေအတိုင်းဖြေရှင်းခွင့်တွေ၊ လျှောက်လွဲခွင့်တွေမပေးဘဲ ရွေးကောက်ပွဲတစ်ခုလုံးကို သိမ်းကြုံးပယ်ဖျက် လိုက်တာဟာ ဥပဒေနဲ့မညီဘူး။ မဲပေးခဲ့တဲ့လူတွေကိုရော၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေကိုပါ နိုင်တက်စီး နင်းပြုရ ရောက်တယ်လို့ မြင်တယ်“ဟု ဆိုခဲ့သည်။

 

ရခိုင်အမျိုးသားပါတီ (ANP) ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း “ရွေးကောက်ပွဲ နောက်တစ်ခုလုပ်မယ် ၊မလုပ်ဘူး ဆိုတာထက် ဒီမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတစ်ခုထပ်လုပ်မယ်ဆိုရင် တည်ငြိမ်တဲ့နိုင်ငံရေးအခင်းအကျင်းတစ်ရပ် မဖြစ်မ နေရှိဖို့လိုပါတယ်။ ရွေးကောက်ပွဲတစ်ခုလုပ်မယ်ဆိုတာ ကတော့ လောလောဆယ်အခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင် သေးဘူး“ဟု ဆိုခဲ့သည်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး၊ ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း ကျင်းပခဲ့သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား နအဖ စစ်အစိုးရက  ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲများကိုမူ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြောက်ခံအစိုးရများကသာ ကျင်းပပေးခဲ့ခြင်းဖြစ်၏။

 

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမတိုင်မီ စစ်တပ်က အချိန်ကိုက် အာဏာသိမ်းယူမှုမှာ ပြည်သူတစ်ရပ်လုံးရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များကို အသိအမှတ်မပြုရုံသာမက ပြည်သူ့ဆန္ဒကိုပါ မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် နိုင်ငံအဝန်းရှိ သန်းနှင့်ချီသောပြည်သူများလမ်းပေါ်ထွက်၍ ဆန္ဒပြကြသည်။ ထိုဆန္ဒပြမှုများကိုစစ်တပ်က အင်အားအလွန်အကျွံသုံးကာ နှိမ်နင်းသည်။ ပစ်ခတ်သတ်ဖြတ်သည်။ ဖမ်းဆီးနှိပ်စက်သည်။ ကလေးအရွယ်ကအစ လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသည်။ အကျဉ်းနည်းဖြင့် သေဒဏ်အမိန့်များ ချသည်။ သတင်းထောက်များစွာ အဖမ်းခံရသည်။

 

ရက်ပိုင်းလပိုင်းအတွင်းမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုန်းသွားခဲ့သည်။ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲထပ်မံကျင်းပမည်ဟုဆိုသည်။ မကြာမီက ပူပူနွေးနွေး မဲဆန္ဒပေးခဲ့ကြသည့် ပြည်သူလူထုကိုအယုံ အကြည် မရှိဘဲ နောက်ထပ်ရွေးကောက်ပွဲတစ်ခုထပ်မံကျင်းပမည်ကို ပြည်သူကအလွယ်တကူလက်ခံမည်ဟု စိတ်ကူးယဉ်နေပုံ ရသည်။

 

၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်။ စစ်အစိုးရ (နဝတ)က ဦးစီးကျင်းပပေးခဲ့သည်။  တစ်ပါတီစစ်အာဏာရှင် စနစ်ဆိုးဒဏ်ကို ၂၆ နှစ်တာ ခံစားခဲ့ရသော ပြည်သူလူထုက ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီကို တစ်ခဲနက်မဲပေးခဲ့ကြသည်။ စစ်တပ်လိုလားထောက်ခံသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်အနည်းငယ်သာရခဲ့သည်။ ထိုစဉ်ကလည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်က ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မှာပါဟုဆိုခဲ့သည်။ ပြီးနောက် စစ်တပ်ကပင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခဲ့သည်။

 

ပြောချင်သည်က မြန်မာစစ်တပ်သည် ရွေးကောက်ပွဲရလဒ်ကို နှစ်ကြိမ်တိတိ( ၁၉၉၀ ခုနှစ်ကတစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်)တွင်တစ်ကြိမ်ဖျက်သိမ်းခဲ့ဖူးသည်ဖြစ်သည်။  သူလိုချင်သည့်ရလဒ်ရမှသာ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုမည့် သူတွေဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အား ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခဲ့သည်။ ယခု ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုလည်း မဲမသာမှု၊ မဲစာရင်းမှားမှုဆိုသောအကြောင်းပြချက်ဖြင့် ဖျက်သိမ်းပြန်သည်။

 

အမှန်တကယ် မဲမသာမှုရှိခဲ့သော ရွေးကောက်ပွဲမှာ ၎င်းတို့ဦးစီးကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲပင်ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပသတင်းထောက်များကို လေ့လာသတင်းယူခွင့် မပေးဘဲ ရွေးကောက်ပွဲကို သူတို့လိုချင်သည့်ရလဒ်ရအောင် ကျင်းပသွားခဲ့သည်။  ယခုလည်းထိုပုံစံမျိုးဖြင့် ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားပြန်သည်။

 

ဒီမိုကရေစီစနစ်၏ အနှစ်သာရမှာ ရွေးကောက်ပွဲများပင်ဖြစ်၏။ ရွေးကောက်ပွဲများမရှိလျှင်၊ ရွေးကောက်ပွဲရလဒ်များ ကို  ဖျက်လိုဖျက်စီးလုပ်လျှင်၊ ရွေးကောက်ပွဲရလဒ်အားလိုရာသို့  ကြိုးစွဲခိုင်းစေလျှင်၊ ဒီမိုကရေစီစနစ်အစစ်မဟုတ်တော့ပေ။ စစ်ကောင်စီ၏လုပ်ရပ်မှာ ပြည်သူလူထုက  ရွေးကောက်ပွဲများအပေါ်တွင်စိတ်ပျက်သွားစေရန် ဆောင်ရွက်နေခြင်းပင်ဖြစ်၏။ ထိုအတွက်လည်း ၎င်းတို့က စိုးရိမ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဒီမိုကရေစီကိုအလိုမရှိသော  အာဏာရှင်များဖြစ်နေ၍ဖြစ်၏။ အာဏာရှင်စနစ်ကို အပြီးတိုင်သုတ်သင်နိုင်မှသာ ဒီမိုကရေစီရထားပြန်လည်ခုတ်မောင်းနိုင် မည်ဖြစ်သည်။

 

မောဂ္ဂလိ