• Today is: Wednesday, April 17, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo_Credit

#Federal_Journal

၂၇ – အောက်တိုဘာ – ၂၀၂၁

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ အထိ သေဆုံးသူ (၁၂၁၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ဖမ်းဆီးခံခဲ့ရသူ (၉၂၈၁) ချုပ်နှောင်ခံထားရဆဲ (၇၀၃၂) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

  • ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်စစ်ကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့များက ဖြိုခွင်းခံရသည့် (၈)လပြည့်နေ့အဖြစ် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် “ပန်းပေါင်းတစ်ရာပွင့်ပါစေ။ ကြွေလွှင့်ပန်းများ သင်းပျံ့စေ” ခေါင်းစဉ်ဖြင့် လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ယနေ့မနက် အောက်တိုဘာ ၂၇ ရက်နေ့၊ ရက်ပေါင်း ၂၆၂ ရက်မြောက်နေ့အဖြစ် ကလေးမြို့ပြည်သူများမှ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှု သပိတ်စစ် ကြောင်း ဆက်လက်ချီတ်ခဲ့ကြောင်း သိရသည်။
  • မန္တလေးတိုင်း၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးတွင် ယနေ့ နံနက် ၁၁ နာရီတွင် ဗုံးပေါက် ကွဲပြီး ဆိုင်ကယ်တချို့မီးလောင်းကျွမ်းသွားကြောင်းသိရသည်။ မန္တလေး တိုင်း ကညနရုံးသည် ၃ ကြိမ်ထက်မနည်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာဖြစ်ပြီး စစ်ကောင်စီအားပေးသည့် အခွန်ဆောင်ခြင်းမပြုရန် ဒေသ ကာကွယ်ရေးတပ်များက သတိပေးချက် ထုတ်ပြန်ထားသော နေရာလည်းဖြစ်သည်။
  • တနင်္သာရီတိုင်းဒေသ ပုလောမြို့နယ် မီကျောင်းသိုက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပုလော PDF၊ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LPDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၃ ဦး ဖမ်းဆီးရမိပြီးတော့ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၈ လက်၊ ယူနီဖောင်း၊ ငွေနဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိကြောင်း ပုလော PDF က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
  • အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့်အနေနှင့် ယနေ့ အောက်တိုဘာ ၂၇ တွင် ‘ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ’ စာတန်းကိုင်ဆွဲကာ မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြကြသည်။
  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
  • မန္တလေးတွင် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြည်ကြီးတံခွန် ဆရာတော်က မန္တလေးမြို့ လမ်းမကြီး တစ်ေနရာတွင် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တစ်ကိုယ် တော် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။
  • ယင်းမာပင်အရှေ့​ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရွာပေါင်းစုံ သပိတ် ၂၃၁ရက်မြောက်နေ့ ချီတက်မှုတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မတ်လ ၂၇ ရက်နေ့ရွှေတောင်ဦးအနီး ပုသိမ်မုံရွာ လမ်းစုံတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ပစ်ခက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြရင်းကျဆုံးသွားတဲ့ ကိုချမ်းမြေ့ကျော်ရဲ့ အုတ်ဂူရှိရာသို့ ပန်းတပွင့်စီကိုင် အနက်ရောင်ဝတ်ဆင်ကာ ချီတက်ရင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန္ဒပြခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီဆန့် ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော် လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်တွင်ကျေးရွာလူထုစုပေါင်း၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ်တော်လှန်သည့် သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြခဲ့ကြသည်။
  • ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့က အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက် အာဏာရှင်ဆန့်ကျင်ရေး လူထု သပိတ်စစ်ကြောင်းကို လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေးရွာ ပြည်သူများက အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း အာဏာရှင်တော်လှန်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ဝက်လက်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန်ကျင်ရေး ကနီမြို့နယ် လူထုသပိတ်ကို ယနေ့ ​အောက် တိုဘာလ ၂၇ ရက်နေ့တွင် ချီတက် သပိတ်​မှောက်ကြသည်။
  • ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂနှင့် အခြေခံပညာကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ ယနေ့အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းတွင် ‘ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိတယ်’ စာသားအပါအဝင် အကြမ်းဖက်စစ်တပ်ဆန့်ကျင်သည့် စာသားများပါသည့် စာရွက်များ လမ်းပေါ်ကျဲဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၂၇ တွင်ပြုလုပ်ခဲ့သည်။