• Today is: Thursday, March 28, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo_Credit

#Federal_Journal

၃ – ​နိုဝင်ဘာလ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယမန်နေ့ ​ နိုဝင်ဘာလ ၂ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၂၃၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၉၆၂၆)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ယနေ့မနက်ပိုင်းက မတူပီမှ ပြန်ဆင်းလာသော သံချပ်ကား ၂ စီး အပါအဝင် စစ်ကား ၇၅ စီးကို CDF-Mindat မှ ကြားဖြတ်တိုက်ခိုက်ပြီး CDF-Mindat ရဲဘော်တစ်ဦးကျဆုံးကာ စကစဘက်တွင် ၁၀ ဦးခန့်သေဆုံးသွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန် သည်။ တိုက်ပွဲတွင်ကျဆုံးသွားသော အာဇာနည်အဖိုးကြီးသည် အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး တော်လှန်ရေးအတွက်လိုအပ်သော ခဲ၊ ယမ်းများကိုလည်း ကြိုးစားလုပ်‌ဆောင်ပေးနေခဲ့သူ အားကိုးရတဲ့ CDF-Mindat ရဲဘော်ကြီးဖြစ်‌‌ ကြောင်းသိရသည်။

 

  • ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဝင်းရော်ဒေသတွင် သံမဏိနှင်းဆီ အမျိုးသမီး မဟာမိတ် အင်အားစု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကလေးမြို့ရှိ တော်လှန်ပြည်သူများ ၂၆၉ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ချီတက်ခဲ့ကြပြီး ကျဆုံးသူရဲကောင်း ဇင်မျိုးမောင် ၈ လပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုဝင်ဘာလ ၃ ရက်တွင် ဆန္ဒပြကြသည်။

 

  • ယနေ့ နို၀င်ဘာလ (၃)ရက်နေ့တွင် ‘ကျူးခေါ်အဖိနှိပ်ခံများဘက် ပြည်သူအားလုံးရပ်တည်လျက်အာဏာရှင်အစိုးရအမြစ်ဖြတ်”သပိတ်မလှန် အလံမလှဲ တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ’ ပိုစတာ များကိုင်ဆောင်ကာ “ပြည်သူ့‌ဒီမိုကရေစီရရှိရေး”၊ “စစ်အာဏာရှင်ကျရှုံးရေး” ကြွေးကြော်သံများနှင့်အတူ တောင်တန်းနှင့်ပြည်မဟာ တစ်သွေးတစ်သားတည်းဖြစ်ကြောင်း ကျောင်းသားများက ပြောကြားပြီး ဖက်ဆစ်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံအား မီးရှို့ဖျက်ဆီးခြင်းကို မီးရှို့ဖျက်ဆီးဆန္ဒကြခြင်းဖြစ်သည်။

 

  • မန္တလေးတွင် ချမ်းအေးသာစံမြို့နယ် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ချမ်းမြသာစည် ကျောင်းသားများသမဂ္ဂတို့ ဦးဆောင်ကာ ယနေ့ နိုင်ဝင်ဘာလ ၃ ရက်နေ့တွင် တိုင်းရင်းသား ညီကိုမောင်နှမများနှင့် အတူရပ်တည်ရေးနှင့် စစ်တပ်ပိုင် ထုတ်ကုန်များ မသုံးစွဲရေး လူထုလှုံ့ဆော်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ဒါ့အပြင် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ရက်နေ့တွင် “ဘာမှ ကျူးလွန်မထားဘူး။ ဘာအပြစ်မှ မရှိဘူး” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသ အမျိုးသမီး ဦးဆောင်သော သပိတ်စစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် “ဝတ်ချင်တာဝတ်မယ် မုဒိမ်းတော့လာမကျင့်နဲ့” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ‘အကြမ်းဖက်စစ်တပ် တပ်ပျက်နေပြီ၊ တော်လှန်မှာလား ငြိမ်ခံမှာလား’ စာတန်းအား ပဲခူးတိုင်း၊ ပြည်မြို့လယ်ခေါင်တွင် တော်လှန်လူငယ်များက နိုဝင်ဘာလ ၃ ရက်တွင် သွားရောက်ချိတ်ဆွဲကာ စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ပင်မဆန္ဒပြသပိတ်နှင့်မုံရွာကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ” ငြိမ်းချမ်းရေးတွက်တိုက်ပွဲရှိရမယ်” ဟု ကြွေးကြော်ကာချီတက်၍ ယနေ့ နိုဝင်ဘာလ ၃ရက်က စစ်အာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် “သွေးမအေးတဲ့ ရွှေနွယ်သွေး” သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်းဒေသ ကြီး ယင်းမာပင် အရှေ့ ခြမ်းနှင့် ဆားလင်းကြီးမြောက် ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၃၈ရက်မြောက်နေ့အဖြစ် အမျိုးသမီးများဦးဆောင်ကာ “မုဒိန်းမှုဟူသည် ပြုကျင့်သူ၏ အပြစ်သာဖြစ်သည်”ဆိုသော စာသားကိုကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ် ရွှေပေကုန်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာတွင် ကျေးရွာလူထုစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြချီတက်မှုကို နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း ရက်မပြတ်ဆက်လက်ချီတက်ခဲ့ကြသည်။

 

. မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ (၃)ရက်နေ့ ညတွင် အကြမ်းဖက် ဖက်ဆစ် အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေမရမချင်း အဆုံးသတ်ထိတော်လှန်ကြရန် ညသပိတ်စစ်ကြောင်း ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အာဏာ ရှင် ချေမှုန်းရေးအတွက် ပြည်သူများက နိုဝင် ဘာလ ၃ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် ကျေးရွာ ၁ရွာတွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့၌ “ဝတ်ချင်တာ ဝတ်မယ် မုဒိမ်းတော့လာမကျင့်နဲ့” အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • သရက်ချောင်းမြို့နယ် ကျေးလက်ဒေသတစ်ခုတွင် ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် “ဝတ်ချင်တာ ဝတ်မယ် မုဒိမ်းမကျင့်နဲ့” အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဝက်လက်မြို့နယ် အမျိုးသမီး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် “ဝတ်ချင်တာဝတ်မယ် မုဒိမ်းတော့လာမကျင့်” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။