• Today is: Friday, March 29, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

ဒီဇင်ဘာလ – ၁၀ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကိုပြုလုပ်သည့်အပေါ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၃၂၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၈၅၀)ဦးပြီး ဖမ်းဝရမ်းထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၆၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်း အမှတ်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးနောက် ရဲ နဲ့ စစ်သားများ အရပ်ဝတ်ဖြင့် တင်းကြပ်စွာ စောင့်ကြည့်နေသည့်ကြား မြစ်ကြီးနား KSCM အဖွဲ့ကျောင်းသား လူငယ်များမှ စစ်အာဏာ ရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

  • ယ​နေ့ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ Campaign တွင် ဗန်း​မော်လူငယ်များ ပါဝင်ကြခဲ့သည်။ “လူသားတိုင်းသည်လူ့ဂုဏ်သိက္ခာနှင့်အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးများရှိကြပါတယ်။ အခုအချိန်မှာ​​တော့ တခြားပြည်နယ်နဲ့ တိုင်းများလိုပဲ ကျွန်​တော်တို့ ကချင်ပြည်နယ်မှာလည်း လူ့အခွင့်အရေးလုံးဝဆိတ်သုဥ်းနေတာပါ။ အကြမ်း ဖက်စစ်ကောင်စီရဲ့ လူမဆန်စွာဖမ်းစီးနှိပ်စက်ခြင်းတွေငွေညှစ်မှုတွေကို ခါးစည်းခံနေကြရပါတယ်”ဟု campaign မှာပါဝင်သူ လူငယ်တစ်ဦးကဆိုသည်။

 

  • ဖားကန့်မြို့အပါအဝင် မိုးညှင်းနှင့် ကချင် ပြည်နယ်မြို့နယ်များအားလုံးတွင် စစ်အာ ဏာရှင်တော်လှန် ရေး အသံတိတ် သပိတ်တွင် ပါဝင်နေကြပြီဖြစ်သည်။

 

  • ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ တော်လှန်တက်ကြွလူငယ်များ အမျိုးသမီးများသည် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၆ နာရီတွင် အနက်ရောင်ဝတ်စုံများဝတ်ဆင်ကာ ‘ဆိတ်သုန်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနှင့် သိမ်းပိုက်ကြ’ ‘အာဏာ ရှင် စနစ်အောက် ရှိနေသမျှ လူ့အခွင့် အရေးအကြောင်း စကားတောင် ဟလို့မရ၊ ငါတို့ မြို့ ကို ငါတို့ ပိုင်တယ် ငါတို့ကို ငြိမ်ချင်ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်၊ တိတ်ဆိတ်ခြင်းရဲ့ အကျယ် လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေ ရမယ်’ စသည်တို့ဖြင့် စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြကြသည်။

 

  • အကြမ်းဖက် စစ်အာ ဏာရှင် အမြစ်ဖြတ်ရေး ကရင် ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ သံမဏိနှင်းဆီ အမျိုး သမီးမဟာမိတ်အင်အားစုမှ တော်လှန်တက်ကြွ အမျိုး သမီးများသည် အနက်ရောင်တူညီဝတ်စုံများဝတ်ဆင်ကာ ဒီဇင်ဘာလ ၁၀ ရက်တွင် ဆန္ဒပြကြသည်။

 

  • ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသ၊ လွတ်မြောက် နယ်မြေတွင် “ဆိတ်သုဉ်းနေသောလူ့အခွင့်ရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” ခေါင်းစဉ်ဖြင့် ယနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆို ပါ ဆန္ဒပြပွဲကို ကျေးရွာ ပေါင်းစုံမှ လူငယ်များ၊ ကော့ကရိတ်မြို့နယ် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီမှ အဖွဲဝင်များပါဝင်ခဲ့ကြပြီး တော်လှန် ရေးတွင်း ကျဆုံးသွာသော အာဇာနည်များအတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ဆု‌ တောင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်ရေးနေ့သမိုင်းကြောင်း အား ရှင်းလင်းတင်ပြခြင်း၊ မြန်မာပြည်၏ လူ့အခွင့် အရေးနှင့် တော်လှန်ရေးအကြောင်း ပြောကြားခြင်း၊ ယနေ့ လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများအား ဟော ပြောခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်းသိရသည်။

 

  • ကရင်ပြည်နယ် တောင်ပိုင်းဒေသ၊ လွတ်မြောက်နယ်မြေရောက် PDF တော်လှန်ရေး ရဲဘော်များ ဦးဆောင်ကာ ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ နှင့် Silent Strike Camping တွင် တော်လှန်ရေးအတွင်း ကျဆုံးသွာသော အာဇာ နည် များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ဆု‌တောင်းခြင်း၊ ယနေ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အာဏာသိမ်းစစ်ကောင် စီ၏ လုပ်ရပ်များအားရှုံ့ချကြောင်းနှင့် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးကို တော်လှန် ရေးနဲ့ သိမ်းပိုက်ကြ” စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးကို တော် လှန်ရေးနဲ့သိမ်းပိုက်ကြ” ခေါင်းစဉ်ဖြင့် စစ်အာဏာ ရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဒီဇင်ဘာ ၈ ရက်နေ့ ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများနှင့် CDf-ThanTlang တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ရာတွင် CDF-ThanTlang ဘက်မှကျဆုံးသွားသော ရဲဘော်သုံးဦးကို ၎င်းတို့၏ ဇာတိရွာများတွင် ယနေ့ သဂြိုလ်ခဲ့ကြကြောင်းသိရသည်။

 

  • တနင်္သာရီတိုင်း မြိတ်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရှမ်းပြည်နယ် တောင်ကြီး၊လားရှိုးနှင့် နမ့်ခမ်းတို့တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မွန်ပြည်နယ် မြို့တော်မော်လမြိုင်၊ကျိုက်ထိုနှင့်သထုံမြို့များ စစ်အာဏာ ရှင် တော်လှန်ရေး အသံတိတ်သပိတ်တွင် ပါဝင်ကြောင်း သိရှိရသည်။

 

  • အကြမ်းဖက်စစ်အာဏာ ရှင် ဆန့်ကျင်ရေး Black Campaign လှုပ်ရှား မှုဖြင့် အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး ‘ငါတို့မြို့ ငါတို့ပိုင်တယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်၊ လှုပ်ချင်လှုပ်မယ်’ ပိုစတာများကိုင်ဆောင်ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက်အစောပိုင်းတွင် ကလေးမြို့ရှိ တော်လှန်ပြည်သူများ ဆန္ဒပြကြသည်။

 

  • ရန်ကုန်၊ သာကေတမြို့နယ်၊ ၇ ဈေးလမ်းမကြီးဘေး အထက ၂ ကျောင်းနံရံတွင် ‘စစ်ဖိနပ်အောက် လုံးဝ ဒူးမထောက်’ ပိုစတာကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် တော်လှန်လူငယ်များက ချိတ်ဆွဲကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒပြကြသည်။

 

  • မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး ပျောက်ဆုံးနေသည့် ပြည်သူ တစ်ရပ်လုံးနှင့် အတူရပ်တည်ကြောင်း သံဃ သပိတ်မှောက် ကမ်ပိန်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဒါ့အပြင် မန္တလေးတွင် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “အာဏာ ရှင်စနစ်အာက် ရှိနေသမျှ လူ့အခွင့်အရေးအ ကြောင်း စကားတောင် ဟခွင့်မရပါ – သံဃသမဂ္ဂ ” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#Photo_Credit

  • မန္တလေး ပြည်ကြီးတံခွန်တွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” ခေါင်းစဉ်ဖြင့် စစ်အာ ဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဒီဇင်ဘာ(၁၀) ရက် ညနေပိုင်း အသံတိတ်သပိတ် ပြီးချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။ “တိတ်ဆိတ် ခြင်းအကျယ်လှောင်ဆုံး ဟစ်ကြွေးသံ” ဆိုတဲ့စာသားကို ကိုင်ဆောင်ပြီးလူထုအင်အားအများအပြားနဲ့ ချီတက်ခဲ့ကြသလို မုံရွာသပိတ်ဦးဆောင်ကော်မတီက တစ်ဦးလည်း ပူးပေါင်းချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

  • ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန် ရေး ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဒီဇင်ဘာလ ၁၀ ရက် ညနေပိုင်းတွင် အနက်ရောင်တူညီဝတ်စုံများ ဝတ်ဆင်ကာ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ တော်လှန်လူငယ်ပြည်သူများသည် ဒီဇင်ဘာလ ၁၀ ရက် နံနက်တွင် အနက်ရောင်ဝတ်စုံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် လှည့် လည်ချီတက်ဆန္ဒပြကြသည်။

 

  • မုံရွာမြို့နယ် အနောက် မြောက်လွင်ပြင်ဒေသတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • နတ်မောက်မြို့တွင် ပြည်သူများကအကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး အိမ်တွင်းကို ယနေ့ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၅ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

 

  • (၉.၁၂.၂၀၂၁) ရက်နေ့တွင် ကညုံကျွန်းရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းစဉ် ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာန တတိယနှစ်ကျောင်းသူ မဇူးဇူးပြည့်စုံဝင်း အပြင် မိန်းကလေး (၂)ဦးနှင့် ယောင်္ကျားလေးတချို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တချို့ကို လောင်းလုံရဲစခန်းတွင်ထားခဲ့၍ တချို့ကို ထားဝယ်မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရှိရပါသည်။ ထို့အပြင် ယနေ့ (၁၀.၁၂. ၂၀၂၁) နံနက်တွင် ထားဝယ်တက္ကသိုလ် သင်္ချာကျောင်း သားဟောင်းဖြစ်သော ကိုအောင်ကိုလွင် နှင့် ကိုကောင်းထက်စွမ်း အပါ အဝင် သူငယ်ချင်း ၅ ဦးတို့ သည် ထားဝယ်မြို့ ၊ မြို့ တွင်းရပ်ကွက်တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပါသည်။

 

  • မနေ့ ဒီဇင်ဘာ ၉ ရက်မှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Gan Gaw PDF)ရဲ့ အ ပတ်စဥ်(၂) အခြေခံ စစ် ပညာ သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။သင်တန်းဆင်းပွဲ အခမ်း အနားသို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။

 

  • မြန်မာနိုင်ငံအနှံ့အပြားမှ တော်လှန်ရဟန်းသံဃာ၊ ကျောင်းသားလူငယ်များ သည် ဒီဇင်ဘာလ ၁၀ ရက်တွင် အကြမ်းဖက် စစ်အာ ဏာရင်ဆန့်ကျင်ရေးလှုပ် ရှားမှုဖြစ်သည့် Silent Strike၊ Black Campaign လှုပ်ရှားမှုတွင် ပါဝင်ကာ ဆန္ဒပြကြသည်။