• Today is: Thursday, March 28, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

နိုဝင်ဘာလ – ၂၁ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယမန်နေ့ ​ နိုဝင်ဘာလ ၂၀ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၂၈၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၃၄၀)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ထားဝယ်ခရိုင်၊ရေဖြူမြို့နယ် အောက်ဖက်ကျေးလက်ဒေသရှိ ပြည်သူများက နိုဝင်ဘာ လ၂၁ ရက်နေ့မွန်းလွဲပိုင်း အကြမ်း ဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ၂၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို စုဝေးချီတက်ခဲ့ကြပါတယ်။ ကလေးမြို့မှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်ကို အခက်အခဲတွေ၊ တားဆီးပိတ်ဆို့မှုတွေ၊ကြားထဲကနေ ရက်မပျက်ချီတက်နေကြတာ ဖြစ်ပြီး ရက်ပေါင်း ၂၈၇ ရက်ထိ ရှိလာပြီဖြစ်ပါတယ်။

 

  • ရန်ကုန် ကမာရွတ်မြို့နယ် ဘူတာရုံလမ်းတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့၌ “ရန်ကုန်လူထုသပိတ်” ခေါင်းစဉ်ဖြင့် ဖက်ဆစ် စစ်တပ် အင်္ကျီ မီးရှို့ကာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာသိမ်းစစ်တပ်၏ ဆေးလိပ်၊ ဘီယာ စသည့် လူကို မူးယစ်စေသည့် ထုတ်ကုန်များ အပါအဝင် အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သည့် ထုတ်ကုန်မှန်သမျှကို မသုံးစွဲကြရေးနှင့် စစ်အာဏာရှင် ကျဆုံးရေးအတွက် မန္တလေးပြည်သူများ၏ စုပေါင်းသပိတ်စစ်ကြောင်းက စစ်ကျွန်မခံ “ဘူး”ငြင်းဆန် အမျိုးသားနေ့ အဓိဌာန် စာတန်းကိုင်ဆောင်ကာ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက် ညသပိတ် လုပ် ဆောင်ခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာ ပို့ကာ အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ပြည်ကြီးတံခွန် ဆရာတော် ဦး ဆောင်ကာ ယနေ့ နိုဝင်ဘာ လ ၂၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန် ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များက ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် “နောင်မျိုးဆက်အတွက် ထားခဲ့ရမည့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ – ဒေါ်အောင်ဆန်းစုကြည်” စာတန်းများ ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာခရိုင် အရှေ့ပိုင်းဒေသမှ ပြည်သူများက” မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ကြွေးကြော်သံဖြင့် အကြမ်း ဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ တော်လှန်ရေး သပိတ်စစ်ကြောင်းကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည် သူလူထုပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အာဏာ ရှင်စနစ်ဆုံးခန်းတိုင်ကျဆုံးရေးအ တွက် ပြည်သူလူထုအား ဖြင့်အုံကြွတော်လှန်ကြရန် ချီတက်ဆန္ဒဖော်ထုတ်ကြသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းသည် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့က အကြမ်း ဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး အတွက်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်း နှင့်ဆားလင်းကြီးမြောက်ခြမ်းက ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၅၆ရက်မြောက်နေ့အဖြစ် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ဘိန်းနွယ်ချောင်ရွာမှာ ဒီကနေ့ နို၀င်ဘာ(၂၁) ရက်မနက်ပိုင်းက စစ်အာ ဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လာရောက်ပြီး မှ သပိတ်စစ်ကြောင်းထွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ရေကြည်ပင်ရွာမှာ ဒီကနေ့ နို၀င်ဘာ(၂၁)ရက် ညနေပိုင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဆက် လက်ချီတက်ခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျရွာ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာလူထုမှ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့ ကျေးရွာတစ်ရွာတွင် ကျေးရွာလူထု စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို နိုဝင် ဘာလ ၂၁ ရက် နံနက် ခင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းတွင် အာဏာရှင်ဆန့်ကျင်ရေး ပိုစတာများ ချိတ်ဆွဲ၍ ဆန္ဒပြလှုပ်ရှားကြသည်။

 

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အောင်မြင်ကျေးရွာက အိမ် ၃ လုံးကို ပျူစောထီးနဲ့ စစ်တပ်က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်တွင် မီးရှို့ဖျက်ဆီးသွားတယ်လို့သတင်းရရှိပါတယ်။ အဆိုပါအကြမ်းဖက်စစ်တပ်ဟာ ‌မင်းရွာတိုက်နယ်ကနေ ကားငါးစီးနဲ့ထွက်လာတာဖြစ်ပြီး ပျူစောထီးအချို့လည်း တူမီးတွေနဲ့လိုက်လာတယ်လို့ မျက်မြင်‌တွေ့လိုက်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

 

  • CDF-YKK နှင့် YDF-Gangaw ပူးပေါင်းတပ်ဖွဲ့မှ စကစယာဉ်တန်းအား မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ရာ စစ်ကား ၂ စီး ထိခိုက်ပျက်ဆီးသွားခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရကြောင်းနှင့် မိုင်းဆွဲခံရတဲ့ စကစ တပ်သားများက ရှောင်ပင်ရွာမှ နေအိမ် ၃ လုံးကို မီးရှို့သွားခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw မှ ထုတ်ပြန်သည်။

 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်ရှိ ကျိုက်နဲ ရေလယ်ဘုရားသွား ပင်လယ်နိဗ္ဗာန်လမ်းသို့ယနေ့ (၂၁-၁၁-၂၀၂၁) ဘုရားဖူးသွားကြသူများကို လှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ၁၅ ဦးအလောင်း ဆယ်ယူရရှိပြီး ၂၀ ဦးပျောက်ဆုံးနေဆဲဟု သိရသည်။ (ကနဦးသတင်းဖြစ်စဉ်က စက်လှေမှောက်မှုကြောင့်ဟု ဖော်ပြထားပြီး ဖြစ်သည်။) လက်ရှိ၌ တာဝန်ရှိသူများက ရှာဖွေစီစစ်ဆဲ ဖြစ်သည်။