• Today is: Saturday, April 20, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

နိုဝင်ဘာလ – ၂၇ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၂၉၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၅၁၇)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ဒေသခံပြည်သူများက စစ်အာဏာရှင်ကို အလိုမရှိကြောင်း ယနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီး “KIA နဲ့ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ အကြမ်းဖက်စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။ ဖားကန့်တွင် အာဏာသိမ်း စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထား သည်မှာ ၃ လကျော်လာပြီ ဖြစ်သော်လည်း ဖားကန့်ဒေသခံများကမူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ထိတိုင် ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

 

  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ် တနေရာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ပြောကြားခြင်းနှင့် Photo campaign ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျူးလွန်သူတွေ ဘာဝတ်ထားလဲ မေးဖူးကြလား၊အမျိုး သမီး များသည် စစ်၏သားကောင်မဟုတ်၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှုများ ချက်ချင်းရပ် ၊ အစရှိတဲ့ ကမ်ပိန်းစာသားများဖြင့် (BWU)အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

  • ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့တွင် သံမဏိနှင်းဆီ အမျိုးသမီးမဟာမိတ်အင်အားစု ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတော် လှန်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်း လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှလူငယ်များက နိုဝင်ဘာလ၂၇ရက်နေ့တွင် “စစ်မီးတောက်နေပြီး ပြည်သူအချင်းချင်းကူညီပါ” ပိုစတာကို အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ် ဦးပျောက်ကြားသပိတ်အဖြစ် မြို့ပေါ်တွင် ချိတ်ဆွဲဆန္ဒထုတ်ဖော်ကြပါတယ်။

 

  • အကြမ်းဖက် မုဒိမ်းစစ်တပ် အမြစ်ဖြတ်ရေး ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ၂၉၃ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် နိုဝင်ဘာလ ၂၇ ရက် နံနက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
  • ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီးတွင် လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်တို့၏ စစ်ဒေါက်တိုင်မှန်သမျှကို ဆန့်ကျင်သပိတ်မှောက်ရန်နှင့် တော်လှန်ရေးကို ကောက်ရိုး မီးမလုပ်ကြရေး ကြွေး ကြော်သံနှင့်အတူ ပျောက်ကြားသပိတ်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်ခဲ့ပါတယ်။

 

  • ရန်ကုန် ကြည်မြင်တိုင် ညစျေးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်ထုတ်ကုန် မသုံးစွဲရေး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

 

  • မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်ကို အလိုမရှိသည့် ပြည်သူများ၏ သပိတ်စစ်ကြောင်းများက “ဒီနိုင်ငံအတွက် တရားမျှတမှုဆိုတာဘာလဲ”စာတန်းကို ကိုင်ဆောင်ကာ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် အတူ ညသပိတ် လုပ်ဆောင်ခဲ့ကြသည်။

 

  • မန္တလေးမြို့ အဝင် ဆိုင်းဘုတ်ရှေ့တွင် စက်မှု သပိတ်စစကြောင်း လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် “အာဏာရှင် စရိုက်ဆိုး ဖက်ဆစ်အမိုက်မျိုး ရိုက်ချိုးကြ” စာတန်းချိတ် ဆွဲခဲ့ကြောင်း သိရပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး လှုပ်ရှားမှုပြု လုပ်ခဲ့သည်။ မန္တလေးမြို့ ပြည်ကြီးတံခွန် ဦးဆောင်ဆရာတော်နဲ့ ဒေသခံ တွေစုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ကို ဒီကနေ့(နိုဝင်ဘာလ ၂၇ရက်)ညမှာလည်း ကျင်းပပြု့လုပ်ခဲ့ကြပါတယ်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် ဖြုတ်ချရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသား EAO တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ထောက်ခံကြိုဆိုကြောင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာမှ တော်လှန်ပြည်သူများသည် နိုဝင်ဘာလ ၂၇ ရက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြပါတယ်။

 

  • ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသတွင် ကျေးရွာသူများက လယ်လုပ်ရင်း အမျိုး သမီးများအားအကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ် ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က အကြမ်း ဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းကို ဖက်ဆစ် စစ် တပ် ပစ်ခတ်ဖြိုခွင်းစဉ် ကျဆုံးခဲ့သည့် အာဇာ နည် ကိုဖိုးချမ်း ၈ လပြည့်နေ့အဖြစ် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ချီတက် အလေးပြုခဲ့ကြောင်း သိရပါတယ်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းက အခြေခံပညာ ကျောင်းသားပြည်သူများနှင့် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရပါတယ်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာမှာ နို၀င်ဘာ(၂၇)ရက် ညနေပိုင်းက စစ်အာဏာပြုတ်ကျရေး ညနေခင်းသပိတ်စစ် ကြောင်း ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • စစ်အာဏာသိမ်းမှုကို အလို မရှိသည့် မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ ( ဗကသများ အဖွဲ့ချုပ် )မှ လူငယ်များက အတားအဆီးများအကြားမှ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက လမ်းပေါ်တွင် ခွပ်ဒေါင်းအလံဖြန့်ပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း မုံရွာခရိုင်အရှေ့ပိုင်းရွာတစ်ရွာမှာ ဒီကနေ့ နို၀င်ဘာ(၂၇)ရက် ညနေပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းချီတက်ခဲ့ပြီး “စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း” ကြွေးကြော် သံနဲ့ အတူ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

 

  • ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂမှ စစ်အာဏာရှင်စနစ်အမြစ်ပြတ်​ချေမှုန်းရေး၊ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ၊ အဖမ်းဆီးခံ နိုင်ငံအကျဥ်းသားအားလုံးလွတ် မြောက်ရေး ကြွေးကြော်သံများကို ကြွေးကြော် ၍ အမျိုးသားကဒေါင်းအလံ ဆွဲကိုင်၍ အမျိုးသားနေ့အကြိုသပိတ် ချီတက်ခဲ့ကြပါတယ်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေးအနေနှင့် “ပြည်သူ့ CDM “ဘူး” သပိတ်နှနဲ့ ဆက်တော်လှန်” စာတန်းကိုင်ဆွဲကာ နိုဝင်ဘာ ၂၇ ရက်နေ့တွင် သပိတ်ပြုလုပ်ခဲ့ပါတယ်။

 

  • အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည် “စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း” စာသားပါဘန်နာအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

 

  • စစ်ကိုင်းတိုင်း တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့ နို၀င်ဘာ(၂၇)ရက် ညနေပိုင်းမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အလံမလိပ် သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

 

  • ကရင်နီပြည်နယ် ဒီးမော့ဆို တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ကရင်နီအမျိုးသား ကာကွယ် ရေးတပ် KNDF မှ ရဲဘော်လေးဦးရဲ့ ရုပ်အ လောင်းကို ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်တွင်းက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA)၊ ကရင်နီ အမျိုးသားကာကွယ် ရေးတပ်( KNDF ) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF ဘက်က ရဲဘော် လေးဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

 

  • ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် အသစ်ဆောက်ထားသော ခရိုင်ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခွဲ၌ Chinland Defense Force – Matupi က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-မတူပီ က သတင်းထုတ်ပြန်ပါတယ်။

 

  • မကွေးတိုင်း ရေစကြိုမှ မအူကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ မော်တော် ၅ စီးကို မြင်းခြံ တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။ မြင်းခြံအင်းအားစု တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ MGN Ranger၊Burmese Guerrilla Force-BGF ၊ PDF Taloke ၊ MGN Tiger တို့နှင့် မြောင်မြို့နယ် ပြည့်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ (CDSOM) ၊ မြင်းမူလျှက်စီးပြောက် ကျားအဖွဲ့ (မြင်းမူ) ညီနောင်မဟာမိတ်များ စည်းလုံးညီညွတ်စွာ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်စစ်တပ်ဖွဲ့ဝင် ၄ သေဆုံးပြီး ထိခိုက်မှုများလည်း ရှိနိုင်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေး ၂ ဖွဲ့ဖြစ်သည့် Fight for Freedom (F.F.F) နှင့် ခင်ဦးမဟာမိတ်ညီအစ်ကိုများ အဖွဲ့က နိုဝင်ဘာလ ၂၇ ရက် ယနေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရကြောင်း (F.F.F) အဖွဲ့က သတင်းထုတ်ပြန်သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အင်ကြင်းပင်သင်္ချိုင်းအနီးတွင် ၂ နာရီခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်က လက်ဖြောင့်တပ်သားများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ တိုက်ပွဲဖြစ်ရာနေရာသို့ နေရာအနှံ့မှ ဝင်ရောက်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်နယ် မြေ ၇ ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ နိုဝင်ဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်က မီးလောင်ခဲ့မှုဖြစ်ပွားခဲ့‌‌ကြောင်းသိရပါတယ်။