• Today is: Thursday, April 18, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

နိုဝင်ဘာလ – ၂၉ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၂၉ ရက်နေ့ အထိ နွေဦးတော် လှန်ရေးတွင် အသက် သေ ဆုံးသူ (၁၂၉၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၅၃၆)ဦး ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့တွင် KIA PDF NUG NUCC ထောက်ခံပွဲ နှင့် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ပည်သူများက ချီတက် ဆန္ဒထုတ် ဖော်ကြသည်။ ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၃ လ ကျော်ပြီဖြစိယ်သည်။

 

  • စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ သွေးစွန်း campaign သပိတ်ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အထကခွဲ ကျုံခဝန် ကျောင်းမှာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အကသ)က ပြုလုပ်ခဲ့ပါသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ပြည်သူ များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး သွေးမအေးကြောင်း၊ အရှုံးမပေးကြောင်းကြွေးကြော်ပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ၂၉၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့်လှည့်လည်ဆန္ဒပြကြသည်။

 

  • လှည်းတန်း ဂမုန်းပွင့်တွင် မင်္ဂလာဒုံမြို့နယ် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကြည့်မြင်တိုင်မြို့နယ် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လူထုဒေါ်အမာ ၁၀၆ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် အကြမ်း ဖက် စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် ကျောက်တံတားမြို့နယ် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထက ကျောက်တံတား ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် “တော်လှန်စစ်ကို ထောက်ခံကြ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်စနစ် တော်လှန် ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ရန်ကုန် မြို့လယ်ခေါင်တွင် သန်လျင်သမဝါမတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် “ပြည်သူ့ဒီမိုကရေစီအတွက် စစ်အာဏာရှင်အမြစ်ဖြတ်” စာတန်းပါ ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာ ပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော်လှန် ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ဈေးတစ်ခုတွင် နိုဝင်ဘာလ ၂၉ ရက် နံနက်၌ မုံရွာကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ကြွေးကြော်လှည့်လည်ဆန္ဒပြကြသည်။

 

  • မုံရွာမြို့နယ် အ​ခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် “ငါတို့ခန္ဓာကိုယ်သာ အကျဉ်းကျနိုင်မယ်။ ငါတို့တော်လှန်စိတ်ကိုတော့ အကျဉ်းကျမရ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းမြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျကျေးရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင်လက်ပံတောင်းတောင်ဒေသ အခြေခံပညာကျောင်းသားများနှင့် ပြည်သူများက ယနေ့တွင် ဖက်ဆစ် စစ်ပတ်တော်လှန်ရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန် ရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး စုန်းချောင်းကျေးရွာတွင် တောင်သူများက လယ်လုပ်ငန်းလုပ်ဆောင်ရင်း အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုစည်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြ ချီတက်မှု နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကမ္ဘာနှင့်အဝန်း ပြုလုပ်လေ့ ရှိသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအနေ ဖြင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ဆင်နွဲခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင် ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည် “အာဏာရှင်လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး ဖြတ်ယူမှရမယ်” စာသားပါဘန်နာအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ (လူထုဒေါ်အမာ၏ ၁၀၆ နှစ်ပြည့်မွေးနေ့) တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • တမူးမြို့တွင် ချောင်းနက်ကြီးရဲကင်းကို Burmese Student Organization (BSO) ပြည်သူကာကွယ် ရေးတပ်ဖွဲ့(တမူးမြို့) ၏ တပ်ရင်း ၁၊ တပ်ခွဲ ၃ ကျောင်းသားတပ်ခွဲက ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် အလစ်ငိုက်ခြုံခိုတိုက်ခိုက်ရာမှ အပြန်အလန်ပစ်ခတ်မှု ဖြစ်ပွားပြီး အကြမ်းဖက် ဖက်ဆစ် တပ်သား ၂ ဦး ကျဆုံးကြောင်း BSO က သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုမှ သေနတ် ၂ လက်၊ ကျည်ဆန်အချို့ သိမ်းဆည်းရမိကာ BSO တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

  • မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးရုံးတွင် တပ်ဆွဲ ထားသည့် အာဏာသိမ်းစစ်တပ်အား မန္တလေး ပြည်သူ့ကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့က ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ရာ အာဏာသိမ်း စစ်တပ်ဘက်က (၄)ဦးဝန်းကျင် သေဆုံကြောင်း မန္တလေး ပြည်သူ့ကာကွယ် ရေးပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

 

  • Myaing PDF သည် ယနေ့ နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ ခန့် လက်ပံတို-အရာတော်လမ်းမ ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်လေး တစ်ဦး ပေါင်ပြတ်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဗိုလ်လေး စီးလာသော ကားပျက်စီးပြီး ဗိုလ်လေးပေါင်ပြတ်ကာ ဆိုင်ကယ်စီးလာသော ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာပြင်း ထန်စွာရရှိသွားခဲ့သည်ဟု Myaing PDFက ထုတ်ပြန်ထားသည်။