• Today is: Friday, April 19, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

ဒီဇင်ဘာလ – ၉ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ် ရှား မှုကိုပြုလုပ်သည့်အပေါ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၃၂၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၈၅၁)ဦး ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် မည်သူမှ လမ်းမပေါ်မထွက်၊ ဈေးဆိုင်များဖွင့်လှစ်ခြင်းမရှိဘဲ တိတ် ဆိတ်ခြင်းသပိတ်တွင် ပါဝင်ကြရန် လူငယ်အချို့က ဝိုင်းမော်မြို့တွင် လက်ကမ်းစာစောင်များ လိုက်လံ ဖြန့်ဝေခဲ့သည်။

 

  • ဗန်းမော်မြို့မှ လူငယ်အချို့က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် မည်သူမှ လမ်းမပေါ်မထွက်၊ ဈေးဆိုင်များဖွင့်လှစ်ခြင်းမရှိဘဲ တိတ်ဆိတ် ခြင်းသပိတ်တွင် ပါဝင်ကြရန် လက်ကမ်းစာစောင်များ ယနေ့မနက်က လိုက် လံ ဖြန့်ဝေခဲ့ကြသည်။

 

  • ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ လူငယ်များက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး အသံတိတ်သပိတ်တွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန် လှုံ့ဆော်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်၊ ညနေပိုင်းတွင် အကြမ်း ဖက် ဖက်ဆစ် စစ်အာဏာ ရှင် စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • ကျောက်မဲလူငယ်များက ပြည်သူတွေကို မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်ရေးနေ့မှာ အသံတိတ်သပိတ် လုပ်ဆောင်ကြဖို့ ဒီနေ့မနက်အစောပိုင်းက တိုက်တွန်းနှိုးဆော်ပြီး စစ်အာဏာရှင် ကျရှုံးရေး ဆန္ဒပြခဲ့ကြပါတယ်။

‌‌

  • ကလေးမြို့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကဒေသခံပြည်သူတွေ ဒီကနေ့ (ဒီဇင်ဘာ လ ၉ ရက်) မနက်မှာ “ဆိတ်သုန်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” စာတန်းကိုင်ဆောင်ကာ ၃၀၅ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ “ဖက်ဆစ်သွေးနဲ့ အောင် မြေနင်းမယ်” စာသားပါ ဘန်နာဆွဲကိုင်၍ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးလှုပ်ရှား မှုတရပ် ပြုလုပ်ခဲ့ပါသည်။

‌‌‌

  • ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ ဒီကနေ့ (ဒီဇင်ဘာလ ၉ရက်)မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်အတွင်းက ကျောင်း သားသမဂ္ဂတွေစုပေါင်းပြီး စစ်အာဏာ ရှင်စနစ်ဆန့် ကျင်ရေး လှုံ့ဆော်စာများကို လမ်းမတွေပေါ်ကြဲချဖြန့်ဝေပြီး စစ်အာဏာ ရှင်တိုက်ဖျက်ရေးလှုပ်ရှားမှုလုပ် ဆောင်ခဲ့ကြပါတယ်။

 

  • ရန်ကုန်မြို့YBS ကားများပေါ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အနေနှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူအား လုံး Silent Strike ကမ်ပိန်းတွင် ပါဝင်ရန် လူ ငယ်များက နှိုးဆော်သည့် စာများကပ်ခြင်းကို ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

  • အကြမ်းဖက် စစ်အာဏာ ရှင် အမြစ်ဖြတ်ရေး မန္တလေး လူငယ်များသပိတ်စစ် ကြောင်း၊ ဖမ်းဆီးခံပြည်သူများကိုယ် စားပြုသပိတ်စစ်ကြောင်းများ ပူးပေါင်းကာ “Respect Human Rights” စာတန်းပါ တူညီဝတ်စုံများဝတ်ဆင်၍ ဒီဇင် ဘာ လ ၉ ရက် ညနေပိုင်းတွင် ချီတက်ခဲ့ကြပြီး Silent Strike Campaign တွင် ပြည်သူများ ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ဆန္ဒပြကြသည်။

 

  • မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက် (လူ့အခွင့်အရေးနေ့) မှာပြု့လုပ်မယ့် နိုင်ငံတစ်ဝှမ်းအသံတိတ်သပိတ် (Silent Strike) မှာ ပြည်သူအားလုံးပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ သွေးမအေးကြောင်းပြသဖို့ ဒီကနေ့ (ဒီဇင်ဘာလ ၉ ရက်)မှာ မန္တလေးကလူငယ်တွေက နှိုးဆော်စာတွေဖြန့်ဝေခဲ့ကြပါတယ်။

 

  • မန္တလေးတွင် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် “ငါတို့မြို့ ငါတို့ပိုင်တယ်။ ငါတို့ ငြိမ်ချင်ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။ လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဖက်ဆစ် စစ်ကောင် စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ပခုက္ကူလူထုတိုက်ပွဲကော်မတီက လူငယ်တွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက် (လူ့အခွင့် အရေးနေ့)မှာပြု့လုပ်မယ့် စစ်အာ ဏာရှင်ဆန့် ကျင်ရေးအသံတိတ်သပိတ်ကို ပြည်သူ လူထု အားလုံးပါဝင်ကြဖို့ အတွက် နိုးဆော်စာတွေကို ဒီကနေ့ (ဒီဇင်ဘာ လ ၉ ရက်) မှာ ပခုက္ကူမြို့က လမ်းမတွေပေါ်မှာ ဖြန့်ဝေခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် “လောင်းကျွမ်းမှုထက် ပိုပြင်းတဲ့ တော်လှန်မှုနဲ့ လူထုလာပြီ” ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသတွင် ပြည်သူများက NLD ပါတီကို အားပေးထောက်ခံဆဲဖြစ်ကြောင်း၊ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ညနေ ခင်းသပိတ်ကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာ လက်ပံတောင်းတောင်ဒေသ ပြည်သူများက ယနေ့ ဒီဇင်ဘာလ ၉ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ကောင်စီတော် လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသခံပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်သည့် အနေနှင့် ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် သံပုံးတီးညသပိတ်ပြုလုပ်ခဲ့ကြသည်။

 

  • မကွေးတိုင်းတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ပြီး လူ့အ ခွင့်အရေး ချိုးဖောက်နေခြင်းကြောင့် ပြည်သူအားလုံး တော်လှန်ကြရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာခရိုင်တွင် အမြင့်တိုက်နယ် သပိတ်စစ် ကြောင်းနှင့် မုံရွာ-အမြင့်လမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဝက်လက်တွင် အခြေခံ ပညာကျောင်းသားထု ကိုယ်စားပြု လုပ်ငန်းဦးဆောင် ကော်မတီ (ACBES)၊ ဝက်လမြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ ၊ ဝက်လက်မြို့ နယ် ကျောင်းသားများသမဂ္ဂ၊ ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ ၊ အ.ထ.က (၁) ဝက်လက် ကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် “ဆိတ်သုန်းနေတဲ့ လူ့အခွင့်ရေးတော် လှန်ရေးနဲ့သိမ်းပိုက်ကြ” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့ နယ်တွင် တိုက်ပွဲများ ပြင်း ထန်နေသော်လည်း စစ်အာ ဏာရှင်ဆန့်ကျင်ရေး တောတွင်း သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင် ဒေါက်တိုင်များ ရှင်းလင်းရေး ကြွေးကြော် ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုစည်း၍ အကြမ်း ဖက် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြ သပိတ်မှောက်ချီတက်မှုကို ဒီဇင်ဘာလ ၉ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ချီတက်ကြသည်။

 

  • တန့်ဆည်မြို့နယ် သပိတ်အင်အားစု စစ်ကြောင်း ဦး ဆောင်ကာ ယနေ့ ဒီဇင်ဘာ လ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီတော်လှန် ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကယား (ကရင်နီ) ပြည် နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ၏ ခမရ ၄၂၇ တပ်ရင်း၏ ကင်းပုန်းတစ်ခုကို ဒီဇင်ဘာလ ၇ ရက် ည ၇ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဒုတိယ အကြိမ်ဝင်ရောက်တိုက် ခိုက်ပြီး စစ်သား ၇ ဦး သေ ဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာ ရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အင်ကြင်းတောင်လမ်းခွဲတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၉ နာရီခွဲတွင် ဒေသကာကွယ်ရေးမဟာမိတ် ၇ ဖွဲ့က မိုင်း ၁၁ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးကြောင်း ဒီမိုကရက်တစ်ပြောက်ကျား တပ်ဖွဲ့ (ယင်းမာပင်) က သတင်းထုတ်ပြန်သည်။