• Today is: Thursday, March 28, 2024

ဖက်ဒရယ်ကဗျာ

“ဖက္ဒရယ္ကဗ်ာ”

KIA ဇာနည်ဘွား
ေမြးဖြားတဲ့ ‘ကခ်င္’ျပည္။
သတၱိအရာ လြန္ထင္ရွား၍
တင္စားလိုက္မည္။
‘ကယား’တို႔ ဝန္းရံၿပီ
ကူညီလို ‘ကရင္’မ်ား။
စစ္အာဏာ ျပည္မလႊမ္းဖို႔
ႀကိဳးပမ္းတယ္ဗ်ား။

ေပတစ္ရာ ေသြးမ်ားစီးေတာ့
တူမီးမ်ား ကိုယ္ဆီလြယ္။
တိုက္ပြဲမွာ ဘဝရင္းတဲ့
‘ခ်င္း’တို႔ျပည္နယ္။
‘မြန္’သားေကာင္းတို႔ ဝန္းရံတယ္
တကယ္တြယ္မယ့္ PDF။
ေပ်ာက္က်ားစစ္ ေန႔စဥ္ထိုးလို႔
ႀကိဳးပမ္းေနလ်က္။

‘ဗမာ’ေမာင္ သားေကာင္းမ်ား
လြတ္ေၾကာင္းတြက္ ေရွ႕ဆက္မည္။
တို႔တိုင္းျပည္ လြတ္ေျမာက္ေရးတြက္
ေသြးမ်ားရဲသည္။
ခြပ္ေဒါင္းနီမ်ား ပ်ံလာၿပီ
ေရာင္နီႀကိဳမယ့္ သေျပပန္း။
ဒီမိုကေရစီ ရရွိေရးတြက္
ေတြးရႈကာလွမ္း။

‘ရခိုင္’ျပည္ သာလီစြ
စံျပခဲ့ တိုက္ပြဲမွာ။
မဟုတ္မခံ ဇြဲမာန္တင္းလို႔
ေျဖရွင္းခဲ့တာ။
တို႔ညီကိုမ်ား အတုယူကာ
ျပည္သာေအာင္ တိုက္ထုတ္ေၾကး။
ညီညြတ္ကာ တို႔ဆင္ႏႊဲဖို႔
ရဲၾကမယ္ေလး။

‘ရွမ္း’ျပည္မွာ ပ်ံတဲ့ေဒါင္း
ေတာင္မေညာင္း ဆက္ႏွင္တယ္။
တိုင္းႏွင့္ျပည္ သာယာေရးတြက္
ေသြးေႂကြးဆပ္မယ္။
ေတာင္တန္းျပည္မ ေသြးစည္းဖြယ္
ဖက္ဒရယ္အစစ္ ရရွိေရး။
ေဒါင္းတမန္ တို႔ခြန္အားနဲ႔
စြန႔္စားမယ္ေလး။ ။

Ayar Wun ဧရာဝဏ္ (မအူပင္)
ဩဂုတ္ ၂၆ ရက္

Zawgyi

“ဖက်ဒရယ်ကဗျာ”

KIA ဇာနည်ဘွား

မွေးဖွားတဲ့ ‘ကချင်’ပြည်။

သတ္တိအရာ လွန်ထင်ရှား၍

တင်စားလိုက်မည်။

‘ကယား’တို့ ဝန်းရံပြီ

ကူညီလို ‘ကရင်’များ။

စစ်အာဏာ ပြည်မလွှမ်းဖို့

ကြိုးပမ်းတယ်ဗျား။

ပေတစ်ရာ သွေးများစီးတော့

တူမီးများ ကိုယ်ဆီလွယ်။

တိုက်ပွဲမှာ ဘဝရင်းတဲ့

‘ချင်း’တို့ပြည်နယ်။

‘မွန်’သားကောင်းတို့ ဝန်းရံတယ်

တကယ်တွယ်မယ့် PDF။

ပျောက်ကျားစစ် နေ့စဉ်ထိုးလို့

ကြိုးပမ်းနေလျက်။

‘ဗမာ’မောင် သားကောင်းများ

လွတ်ကြောင်းတွက် ရှေ့ဆက်မည်။

တို့တိုင်းပြည် လွတ်မြောက်ရေးတွက်

သွေးများရဲသည်။

ခွပ်ဒေါင်းနီများ ပျံလာပြီ

ရောင်နီကြိုမယ့် သပြေပန်း။

ဒီမိုကရေစီ ရရှိရေးတွက်

တွေးရှုကာလှမ်း။

‘ရခိုင်’ပြည် သာလီစွ

စံပြခဲ့ တိုက်ပွဲမှာ။

မဟုတ်မခံ ဇွဲမာန်တင်းလို့

ဖြေရှင်းခဲ့တာ။

တို့ညီကိုများ အတုယူကာ

ပြည်သာအောင် တိုက်ထုတ်ကြေး။

ညီညွတ်ကာ တို့ဆင်နွှဲဖို့

ရဲကြမယ်လေး။

‘ရှမ်း’ပြည်မှာ ပျံတဲ့ဒေါင်း

တောင်မညောင်း ဆက်နှင်တယ်။

တိုင်းနှင့်ပြည် သာယာရေးတွက်

သွေးကြွေးဆပ်မယ်။

တောင်တန်းပြည်မ သွေးစည်းဖွယ်

ဖက်ဒရယ်အစစ် ရရှိရေး။

ဒေါင်းတမန် တို့ခွန်အားနဲ့

စွန့်စားမယ်လေး။  ။

Ayar Wun ဧရာဝဏ် (မအူပင်)

ဩဂုတ် ၂၆ ရက်

Unicode