• Today is: Friday, March 29, 2024

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း

ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီရေး ပြည်သူ့ အရေးတော်ပုံကာလက မွေးဖွားခဲ့သည့်ပါတီဖြစ်သည်။ ကျွန်ုပ်တို့ပါတီကို ရခိုင်မြန်မာပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း နှင့် ဒေါက်တာစောမြအောင်တို့က ဦးစီးဦးဆောင်ပြုကာ ရခိုင်ပြည်နယ် (၁၇) မြို့နယ်တို့မှ ကိုယ်စားလှယ်များဖြင့်  (၁၉၈၈)တွင် စတင်တည်ထောင်ခဲ့ကြသည်။ တည်ထောင်စဉ်ကပင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားလူမျိုးများတန်းတူရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိရေးတို့ အပေါ် အခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် မူဝါဒများချမှတ်ထားပြီး တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ဤမူဝါဒများသည် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းစေပြီး စစ်မှန်သောငြိမ်းချမ်းရေးရရှိကာ ရခိုင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဟု ယုံကြည်သည်။ ဤသို့ ယုံကြည်သည်နှင့်အညီ ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ချမှတ်ထားသည့် မူဝါဒများကို မျက်ခြေပြတ်မခံပဲ မဖြစ်မနေအကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရခိုင်ပြည်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင်ရှိပြီး၊ ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလာပင်လယ် တို့ကြားတွင် လခြမ်းပုံတည်ရှိနေသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် ဘင်္ဂလားပင်လယ်အော် တစ်လျောက် မိုင်ပေါင်း (၃၆၀) ရှည်လျားသော ရခိုင်ကမ်းရိုးတန်း၊ တောတောင်ထူထပ်သည့် နွယ်ချိုဖိုးခေါင်ရိုးမ တောင်တန်းတို့သည် ရခိုင်ပြည်၏ အသက်သွေးကြောသဖွယ်တည်ရှိနေကြသည့် မြစ်ချောင်း၊ အင်းအိုင်များတို့ကို ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များပင်ဖြစ်ကြသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် မြန်မာပြည်မနှင့် တောင်တန်းဒေသတိုင်းရင်းသား လူမျိုးများ တို့ကြား ချုပ်ဆိုခဲ့ကြသည့် ပင်လုံစာချုပ်ကို အကြောင်းပြုကာ ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဟု ပေါ်ထွန်းလာခဲ့သည်။ ထို့နောက်တွင် ရခိုင်တို့သည် ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၆၂)၊ တော်လှန်ရေး ကောင်စီခေတ် (၁၉၆၂ – ၁၉၇၄) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄ – ၁၉၈၈)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရခေတ် (၁၉၈၉ – ၁၉၉၂)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရခေတ် (၁၉၉၂ – ၂၀၁၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေတ် (၂၀၁၁ – ၂၀၁၅)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေတ် (၂၀၁၅ – ) စသည့်ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ကြပြီး နေက်တွင် ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်နေသည်။ ပင်လုံစာချုပ်ပေါ် အခြေခံ၍ တည်ထောင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ တွင် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော တိုင်းရင်းသားလူမျိုးများအားလုံးကို တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အကောင်အထည်ဖော်ရန် ခေတ်အဆက်ဆက်သော ပြည်ထောင်စုအစိုးရတို့ ပျက်ကွက်ခဲ့ကြသည်။ ထိုအကျိုးဆက်အဖြစ် နိုင်ငံရေးအရမညီမျှမှု၊ စီးပွားရေးအရမညီမျှမှု၊ အခွင့်အလမ်းများ မညီ မျှမှု၊ တရားဥပဒေရေးရာတွင်မညီမျှမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ဤမညီမျှမှုတို့ကို အကြောင်းပြုကာ တရားမျှတမှု ပျောက်ကွယ်ရသည်။ တရားမျှတမှုမရှိတော့ဟု ခံစားချက်က နောက်ဆုံးတွင် စစ်ရေးပဋိပက္ခဆီသို့ ဦးတည်ကာ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေသည်။

ယနေ့ရခိုင်ပြည်နယ်တွင် တန်ဖိုးမြင့်သဘာဝသယံဇာတဖြစ်သော ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်များ ရှာဖွေ တွေ့ရှိထုတ်လုပ်လာမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံရောက်ရှိလာကြသည်။ ရေနက်ဆိပ်ကမ်း စီမံကိန်း များ၊ အထူးစီးပွားရေးဇုန် စီမံကိန်းများ၊ ဟိုတယ်ဇုန်စီမံကိန်းများ၊ စိုက်ပျိုးရေးစီမံကိန်းများ၊ သတ္တုတူးဖော် ထုတ်လုပ် ရေးစီမံကိန်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ရခိုင် ကမ်းလွန်မှထွက်ရှိသည့် ရွှေသဘာဝဓါတ်ငွေ့ကို နိုင်ငံခြားသို့တင်ပို့ရောင်းချမှုအပါအဝင် အခြားသောအကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့်ဝင်ငွေများမှာ မြန်မာနိုင်ငံအတွက် အများဆုံးရရှိစေသည့် ဝင်ငွေများဖြစ်သည်။ ကျွန်ုပ်တို့မှာ သဘာဝသယံဇာတတို့၏ မူရင်းပိုင်ရှင်များဖြစ်ကြေသော်လည်း အဆိုပါ သယံဇာတများမှရရှိလာသည့် အကျိုးအမြတ်များတွင် ရခိုင်ပြည်သူများအနေနှင့် မည်သည့်အခွင့်အရေး မည်သည့်အကျိုးခံစားခွင့်များမှ မရှိသည့် အပြင် လူမှုရေးနှင့် စီးပွားရေးဘဝများကိုပင် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့နေရသည်။

ထို့အပြင် ရခိုင်ပြသည် ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် တဆက်တစပ်တည်းတည်ရှိ နေမှုတို့ ကြောင့် စီးပွားရေးနှင့်စစ်ရေးတို့အရ အချက်အချာကျမှုတို့က အိမ်နီးချင်းနိုင်ငံကြီးများအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများကပါ မျက်စိကျလာကြသည်။

သို့ရာတွင် လက်ရှိရခိုင်ပြည်မှ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးအဆင့်မှ မတက်နိုင်ပဲရှိနေသည့် အနေအထား တွင် ပြည်တွင်းစစ်မီးမှာလည်း တနေ့ထက်တနေ့ပြင်းထန်လာနေသဖြင့် အပြစ်မဲ့ပြည်သူများမှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် တွေ့ကြုံနေရသည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်ပြည်ရှိ ရခိုင်လူမျိုးများအပါအဝင် တိုင်းရင်းသား မျိုးနွယ်စုများ၏ အကျိုးစီးပွားနှင့်ပြည်တွင်းစစ်ချုပ်ငြိမ်းကာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးတို့အတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို အခြားသောတိုင်းရင်းသားလူမျိုးများနှင့်လက်တွဲ၍ တည်ဆောက်သွားရန် သန္နိဌါန်ချမှတ် ထားပြီးဖြစ်သည်။

ထို့ကြောင့် ဤသို့သောပြည်ထောင်စုမျိုးကို တည်ဆောက်ရန်ဆိုလျှင် လက်ရှိအုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေးတို့တွင် ပြုပြင်ပြောင်းလဲမှုများကို မဖြစ်အနေပြုလုပ်ရမည်ဖြစ်သည်။ ယင်းကြောင့် ကျွန်ုပ်တို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အောက်ပါတိုင်း ပြင်ဆင်ပြောင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍတွင် လက်ရှိကျင့်သုံးနေသော အုပ်ချုပ်ရေးစနစ်မှ ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်နှင့် ကိုက်ညီမည့်ပြောင်းလဲမှုများကို ပြုလုပ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်နယ်တွင်းရှိ ပြည်သူ များ၏အကျိုးကို အပြည့်အဝစီမံခန့်ခွဲ ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအာဏာသည် လွတ်လပ်မှု ရှိရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်နယ်တွင်းရှိ ပြည်သူများသည်သာ အချုပ်အချာအာဏာ၏ မူရင်းပိုင်ရှင်းများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်၏အုပ်ချုပ်ရေးအာဏာသည် ပြည်နယ်အစိုးရ၌သာ တည်ရမည်။ ပြည်နယ်တွင်းရှိ ဘဏ္ဍာရေးရာကိစ္စရပ်များတွင်လည်း ဖက်ဒရယ်စနစ်နှင့်အညီ မူဝါဒများချမှတ်၍ အဆိုပါမူဝါဒများ နှင့်အညီ စီမံခန့်ဆောင်ရွက်ပိုင်ခွင့်ရှိရမည်။

ပြည်နယ်၏စီးပွားရေးတွင်လည်း ပြည်နယ်တွင်းရှိ သဘာဝသယံဇာတများဖြစ်သော ရေနံနှင့်ဓါတ်ငွေ့၊ သတ္တုများ၊ ရေထွက်ပစ္စည်းများကို တူးဖော်ထုတ်လုပ်ရာတွင် စီမံခန့်ပိုင်ခွင့် ရရှိသော ဝင်ငွေများကို ခွဲဝေသုံးစွဲ ပိုင်ခွင့်များ၊ နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်မှုများကို စီမံခန့်ခွဲပိုင်ခွင့်စသည်များ ရှိရမည်။ ကုန်သွယ်ရာတွင်လည်း ပြည်နယ်အချင်းချင်း လွတ်လပ်စွာကူးသန်းရောင်းဝယ်မှုများ လုပ်ပိုင်ခွင့်၊ နယ်စပ် ကုန်သွယ်ရေးအတွင် ညှိနှိုင်း၍ ခွင့်ပြုချက်ပေးပိုင်ခွင့်၊ ပြည်နယ်၏ လယ်ယာနှင့် သစ်တောကဏ္ဍတွင်လည်း ပြည်နယ် အတွင်းရှိ လယ်ယာမြေများနှင့် သစ်တောများကို ကာကွယ်ရန်အပြင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပြီး စီမံပိုင်ခွင့်ရှိရမည်။ ထို့အပြင် ပြည်နယ်၏ အခွန်ကဏ္ဍတွင်လည်း ပြည်နယ်အတွင်းမှ ထွက်ရှိသော သဘာဝ အရင်းအမြစ်များထုတ်လုပ်ခြင်းမှ ရရှိသည့်ဝင်ငွေများအပေါ် ကောက်ခံရရှိသည့် အခွန်အပါအဝင် အခြားလုပ်ငန်း များမှ ရရှိသည့် အခွန်ငွေတို့ကို ချမှတ်ထားသည့် မူဝါဒများနှင့်အညီ စီမံခန့်ခွဲပိုင်ခွင့် ရှိစေရမည်။ ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်၏ စီရင်ပိုင်ခွင့်အတွင်း ပြည်သူများအား ကာကွယ်ရန်နှင့် မူခင်းများကိုစုံစမ်းစစ်ဆေးဖြေရှင်းပေးနိုင်ရမည်။ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လွတ်လပ်သည့် မြူနီစပယ်များကို တည်ထောင်ရန် စီမံခန့်ခွဲပိုင်ခွင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာန က အကောင်အထည်ဖော်သည့် လုပ်ငန်းများကို ကြီးကြပ်ရသောအစိုးရများ မဖြစ်စေရ။ အထက်တွင်ဖော်ပြခဲ့သည့် အခွန်ဘဏ္ဍာများကို ပြည်နယ်ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍတွင် ထည့်သွင်းထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တရားစီရင်ရေးစနစ်နှင့် ကိုက်ညီမှုရှိ အောင် လက်ရှတရားစီရင်ရေးစနစ်တွင် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ တရားစီရင်ရေးတွင် ပြည်ထောင်စုတရားစီရင်ပိုင်ခွင့်နှင့် ပြည်နယ်တရား စီရင်ပိုင်ခွင့်ကို ခွဲခြားသတ်မှတ် ထားရမည်ဖြစ်ပြီး အဆင့်ဆင့်သောတရားစီရင်ပိုင်ခွင့်များနှင့်အညီ စစ်ဆေးစီရင်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ရာဇဝတ်မှုနှင့် တရားမမှုများကို စစ်ဆေးစီရင်ရန် ပြည်ထောင်စု တရားရုံးနှင့် ပြည်နယ်တရားရုံးတို့သည် အဆင့်ဆင့် သော တရားရုံးများကို ဖွဲ့စည်းတည်ထောင်သွားရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥအဒေပြုရေးကဏ္ဍတွင်လည်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူများနှင့်အညီ သက်ဆိုင်ရာပြည်နယ်လွတ်တော်များကို ပြည်နယ်တွင်းနေထိုင်နေကြသည့် ပြည်သူများက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားရမည်။ ပြည်နယ်အတွက်လိုအပ်သည့် ဥပဒေများကို ပြဌာန်း ပေးနိုင်ရမည်ဖြစ်သည်။ ဥပမာ – ဒေသခံ တောင်သူ လယ်သမားများ၏ ရိုးရာအစဉ်အလာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ကာကွယ်မည့် ဥပဒေများကို ပြဌာန်းပေးနိုင်ရ မည်ဖြစ်သည်။

ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖော်ပြခဲ့သည့် နိုင်ငံရေးမူဝါဒများနှင့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်းသားမဟာမိတ်ပါတီများအပြင် ပြည်မမှ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အမှန်တကယ်လိုလားသည့် ပါတီများနှင့်လည်း ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ကို သန္နိဌာန်ချမှတ်ထားပြီးဖြစ်သည်။ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ကြာမြင့်လာပြီဖြစ်သည့် ပြည်တွင်းစစ်မီးသည် အထူးသဖြင့် ရခိုင်ဒေသတွင် ပိုမိုပြင်းထန်လာနေပြီးဖြစ်သည်။ ဤပြည်တွင်းစစ်မီးကို ငြိမ်းအေးစေရန်မှာ တရားမျှတ ခြင်း ယဉ်ကျေးမှုတစ်ရပ်ကို အခိုင်အမာတည်ဆောက်နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းသည် မိမိတို့နိုင်ငံ၌ တည်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြင့် ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းစေပြီး စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ကြပါစို့

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

Zawgyi

ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္၏ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲ ေၾကညာစာတမ္း

ကြ်ႏ္ုပ္တို႔ ရခိုင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္သည္ ၁၉၈၈ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ရွစ္ေလးလံုးဒီမိုကေရစီေရး ျပည္သူ႔ အေရးေတာ္ပံုကာလက ေမြးဖြားခဲ့သည့္ပါတီျဖစ္သည္။ ကြ်ႏ္ုပ္တို႔ပါတီကို ရခိုင္ျမန္မာပ႑ိတ္ဆရာႀကီး ဦးဦးသာထြန္း ႏွင့္ ေဒါက္တာေစာျမေအာင္တုိ႔က ဦးစီးဦးေဆာင္ျပဳကာ ရခိုင္ျပည္နယ္ (၁၇) ၿမိဳ႕နယ္တို႔မွ ကိုယ္စားလွယ္မ်ားျဖင့္ (၁၉၈၈)တြင္ စတင္တည္ေထာင္ခဲ့ၾကသည္။ တည္ေထာင္စဥ္ကပင္ ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္သည္ ဒီမိုကေရစီအေရး၊ တိုင္းရင္းသားလူမ်ိဳးမ်ားတန္းတူေရး၊ အမ်ိဳးသားကုိယ္ပိုင္ျပဌာန္းခြင့္ႏွင့္ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးပိုင္ခြင့္ရွိေရးတို႔ အေပၚ အေျခခံသည့္ စစ္မွန္ေသာဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ရန္ မူဝါဒမ်ားခ်မွတ္ထားၿပီး တည္ေထာင္ ခဲ့ျခင္းျဖစ္သည္။ ဤမူဝါဒမ်ားသည္ ျမန္မာႏိုင္ငံတြင္ ျပည္တြင္းစစ္ကိုခ်ဳပ္ၿငိမ္းေစၿပီး စစ္မွန္ေသာၿငိမ္းခ်မ္းေရးရရွိကာ ရခိုင္ေဒသအပါအဝင္ ျမန္မာတစ္ႏိုင္ငံလံုး ဖြံ႔ၿဖိဳးတိုးတက္ေစႏိုင္မည္ဟု ယံုၾကည္သည္။ ဤသို႔ ယံုၾကည္သည္ႏွင့္အညီ ကြ်ႏ္ုပ္တို႔ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္သည္ ခ်မွတ္ထားသည့္ မူဝါဒမ်ားကို မ်က္ေျချပတ္မခံပဲ မျဖစ္မေနအေကာင္ အထည္ ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္သည္။
ရခိုင္ျပည္သည္ ျမန္မာႏိုင္ငံ၏ အေနာက္ဘက္ျခမ္းတြင္ရွိၿပီး၊ ရခိုင္ရိုးမေတာင္တန္းႏွင့္ ဘဂၤလာပင္လယ္ တို႔ၾကားတြင္ လျခမ္းပံုတည္ရွိေနသည္။ ထို႔ေၾကာင့္ ရခိုင္ျပည္တြင္ ဘဂၤလားပင္လယ္ေအာ္ တစ္ေလ်ာက္ မိုင္ေပါင္း (၃၆၀) ရွည္လ်ားေသာ ရခိုင္ကမ္းရိုးတန္း၊ ေတာေတာင္ထူထပ္သည့္ ႏြယ္ခ်ိဳဖိုးေခါင္ရိုးမ ေတာင္တန္းတို႔သည္ ရခိုင္ျပည္၏ အသက္ေသြးေၾကာသဖြယ္တည္ရွိေနၾကသည့္ ျမစ္ေခ်ာင္း၊ အင္းအိုင္မ်ားတို႔ကို ပိုင္ဆိုင္ထားသည့္ သဘာဝအရင္းအျမစ္မ်ားပင္ျဖစ္ၾကသည္။
၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၂)ရက္ေန႔တြင္ ျမန္မာျပည္မႏွင့္ ေတာင္တန္းေဒသတိုင္းရင္းသား လူမ်ိဳးမ်ား တို႔ၾကား ခ်ဳပ္ဆိုခဲ့ၾကသည့္ ပင္လံုစာခ်ဳပ္ကို အေၾကာင္းျပဳကာ ၁၉၄၈ ခုႏွစ္တြင္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံဟု ေပၚထြန္းလာခဲ့သည္။ ထို႔ေနာက္တြင္ ရခိုင္တို႔သည္ ပါလီမန္ဒီမိုကေရစီေခတ္ (၁၉၄၈ – ၁၉၆၂)၊ ေတာ္လွန္ေရး ေကာင္စီေခတ္ (၁၉၆၂ – ၁၉၇၄) ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္ (၁၉၇၄ – ၁၉၈၈)၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအစိုးရေခတ္ (၁၉၈၉ – ၁၉၉၂)၊ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရးေကာင္စီအစိုးရေခတ္ (၁၉၉၂ – ၂၀၁၁)၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီေခတ္ (၂၀၁၁ – ၂၀၁၅)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီေခတ္ (၂၀၁၅ – ) စသည့္ေခတ္အဆက္ဆက္ကုိ ျဖတ္သန္းခဲ့ၾကၿပီး ေနက္တြင္ ရခိုင္ျပည္သည္ ျမန္မာႏိုင္ငံတြင္ ဖြံ႔ၿဖိဳးမႈအနည္းဆံုး ျပည္နယ္တစ္ခုျဖစ္ေနသည္။ ပင္လံုစာခ်ဳပ္ေပၚ အေျခခံ၍ တည္ေထာင္ဖြဲ႔စည္းခဲ့သည့္ ျမန္မာႏိုင္ငံ တြင္ ပင္လံုစာခ်ဳပ္၏ အႏွစ္သာရျဖစ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားအားလံုးကို တန္းတူညီမွ်ေရး၊ ကိုယ့္ၾကမၼာကို ဖန္တီးခြင့္ႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ကို အေကာင္အထည္ေဖာ္ရန္ ေခတ္အဆက္ဆက္ေသာ ျပည္ေထာင္စုအစိုးရတို႔ ပ်က္ကြက္ခဲ့ၾကသည္။ ထိုအက်ိဳးဆက္အျဖစ္ ႏိုင္ငံေရးအရမညီမွ်မႈ၊ စီးပြားေရးအရမညီမွ်မႈ၊ အခြင့္အလမ္းမ်ား မညီ မွ်မႈ၊ တရားဥပေဒေရးရာတြင္မညီမွ်မႈတို႔ကို ျဖစ္ေပၚေစခဲ့သည္။ ဤမညီမွ်မႈတို႔ကို အေၾကာင္းျပဳကာ တရားမွ်တမႈ ေပ်ာက္ကြယ္ရသည္။ တရားမွ်တမႈမရွိေတာ့ဟု ခံစားခ်က္က ေနာက္ဆံုးတြင္ စစ္ေရးပဋိပကၡဆီသို႔ ဦးတည္ကာ တိုင္းရင္းသားမ်ားေနထိုင္ရာေဒသမ်ားတြင္ ျပည္တြင္းစစ္မီးကို ပိုမိုေတာက္ေလာင္ေစသည္။
ယေန႔ရခိုင္ျပည္နယ္တြင္ တန္ဖိုးျမင့္သဘာဝသယံဇာတျဖစ္ေသာ ေရနံႏွင့္သဘာဝဓါတ္ေငြ႔သိုက္မ်ား ရွာေဖြ ေတြ႔ရွိထုတ္လုပ္လာမႈေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈမ်ား ထပ္မံေရာက္ရွိလာၾကသည္။ ေရနက္ဆိပ္ကမ္း စီမံကိန္း မ်ား၊ အထူးစီးပြားေရးဇုန္ စီမံကိန္းမ်ား၊ ဟိုတယ္ဇုန္စီမံကိန္းမ်ား၊ စိုက္ပ်ိဳးေရးစီမံကိန္းမ်ား၊ သတၱဳတူးေဖာ္ ထုတ္လုပ္ ေရးစီမံကိန္းမ်ား၊ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိသည္။ ထိုကဲ့သို႔ ရခိုင္ ကမ္းလြန္မွထြက္ရွိသည့္ ေရႊသဘာဝဓါတ္ေငြ႔ကို ႏိုင္ငံျခားသို႔တင္ပို႔ေရာင္းခ်မႈအပါအဝင္ အျခားေသာအႀကီးစား ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈမွ ရရွိသည့္ဝင္ေငြမ်ားမွာ ျမန္မာႏိုင္ငံအတြက္ အမ်ားဆံုးရရွိေစသည့္ ဝင္ေငြမ်ားျဖစ္သည္။ ကြ်ႏ္ုပ္တို႔မွာ သဘာဝသယံဇာတတို႔၏ မူရင္းပိုင္ရွင္မ်ားျဖစ္ေၾကေသာ္လည္း အဆုိပါ သယံဇာတမ်ားမွရရွိလာသည့္ အက်ိဳးအျမတ္မ်ားတြင္ ရခိုင္ျပည္သူမ်ားအေနႏွင့္ မည္သည့္အခြင့္အေရး မည္သည့္အက်ိဳးခံစားခြင့္မ်ားမွ မရွိသည့္ အျပင္ လူမႈေရးႏွင့္ စီးပြားေရးဘဝမ်ားကိုပင္ ထိခိုက္ပ်က္စီးမႈမ်ားႏွင့္ ႀကံဳေတြ႔ေနရသည္။
ထုိ႔အျပင္ ရခိုင္ျပသည္ ဘဂၤလားပင္လယ္ေအာ္၊ အိႏၵိ္ယသမုဒၵရာတို႔ႏွင့္ တဆက္တစပ္တည္းတည္ရွိ ေနမႈတုိ႔ ေၾကာင့္ စီးပြားေရးႏွင့္စစ္ေရးတို႔အရ အခ်က္အခ်ာက်မႈတို႔က အိမ္နီးခ်င္းႏိုင္ငံႀကီးမ်ားအပါအဝင္ ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားကပါ မ်က္စိက်လာၾကသည္။
သို႔ရာတြင္ လက္ရွိရခိုင္ျပည္မွ ျမန္မာႏိုင္ငံတြင္ အဆင္းရဲဆံုးအဆင့္မွ မတက္ႏိုင္ပဲရွိေနသည့္ အေနအထား တြင္ ျပည္တြင္းစစ္မီးမွာလည္း တေန႔ထက္တေန႔ျပင္းထန္လာေနသျဖင့္ အျပစ္မဲ့ျပည္သူမ်ားမွာ ဒုကၡမ်ိဳးစံုႏွင့္ ရင္ဆိုင္ ေတြ႔ႀကံဳေနရသည္။
သို႔ျဖစ္၍ ကြ်ႏ္ုပ္တို႔ ရခိုင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္သည္ ရခိုင္ျပည္ရွိ ရခိုင္လူမ်ိဳးမ်ားအပါအဝင္ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား၏ အက်ိဳးစီးပြားႏွင့္ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းကာ စစ္မွန္ေသာ ထာဝရၿငိမ္းခ်မ္းေရးတို႔အတြက္ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုကို အျခားေသာတိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္လက္တြဲ၍ တည္ေဆာက္သြားရန္ သႏိၷဌါန္ခ်မွတ္ ထားၿပီးျဖစ္သည္။
ထုိ႔ေၾကာင့္ ဤသို႔ေသာျပည္ေထာင္စုမ်ိဳးကို တည္ေဆာက္ရန္ဆိုလွ်င္ လက္ရွိအုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ႏွင့္ ဥပေဒျပဳေရးတို႔တြင္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို မျဖစ္အေနျပဳလုပ္ရမည္ျဖစ္သည္။ ယင္းေၾကာင့္ ကြ်ႏ္ုပ္တုိ႔ ရခိုင္ ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနျဖင့္ ေအာက္ပါတိုင္း ျပင္ဆင္ေျပာင္းမႈမ်ား ျပဳလုပ္ရန္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ သည္။
ျမန္မာႏိုင္ငံ၏ အုပ္ခ်ဳပ္ေရးက႑တြင္ လက္ရွိက်င့္သံုးေနသော အုပ္ခ်ဳပ္ေရးစနစ္မွ ဖက္ဒရယ္ျပည္ေထာင္စု အုပ္ခ်ဳပ္ေရးစနစ္ႏွင့္ ကိုက္ညီမည့္ေျပာင္းလဲမႈမ်ားကို ျပဳလုပ္ရမည္ျဖစ္သည္။ ဆိုလိုသည္မွာ ျပည္နယ္တြင္းရွိ ျပည္သူ မ်ား၏အက်ိဳးကို အျပည့္အဝစီမံခန္႔ခြဲ ေဆာင္ရြက္ေပးႏိုင္ရန္ ျပည္နယ္အစိုးရ အုပ္ခ်ဳပ္ေရးအာဏာသည္ လြတ္လပ္မႈ ရွိရမည္ျဖစ္သည္။ အေၾကာင္းမွာ ျပည္နယ္တြင္းရွိ ျပည္သူမ်ားသည္သာ အခ်ဳပ္အခ်ာအာဏာ၏ မူရင္းပိုင္ရွင္းမ်ား ျဖစ္ၾကေသာေၾကာင့္ျဖစ္သည္။ ထုိ႔ေၾကာင့္ ျပည္နယ္၏အုပ္ခ်ဳပ္ေရးအာဏာသည္ ျပည္နယ္အစိုးရ၌သာ တည္ရမည္။ ျပည္နယ္တြင္းရွိ ဘ႑ာေရးရာကိစၥရပ္မ်ားတြင္လည္း ဖက္ဒရယ္စနစ္ႏွင့္အညီ မူဝါဒမ်ားခ်မွတ္၍ အဆိုပါမူဝါဒမ်ား ႏွင့္အညီ စီမံခန္႔ေဆာင္ရြက္ပိုင္ခြင့္ရွိရမည္။
ျပည္နယ္၏စီးပြားေရးတြင္လည္း ျပည္နယ္တြင္းရွိ သဘာဝသယံဇာတမ်ားျဖစ္ေသာ ေရနံႏွင့္ဓါတ္ေငြ႔၊ သတၱဳမ်ား၊ ေရထြက္ပစၥည္းမ်ားကို တူးေဖာ္ထုတ္လုပ္ရာတြင္ စီမံခန္႔ပိုင္ခြင့္ ရရွိေသာ ဝင္ေငြမ်ားကို ခြဲေဝသံုးစြဲ ပိုင္ခြင့္မ်ား၊ ႏိုင္ငံျခားစီးပြားေရးအဖြဲ႔အစည္းမ်ားႏွင့္ ျပည္တြင္းရင္းႏွီးျမွဳပ္မႈမ်ားကို စီမံခန္႔ခြဲပိုင္ခြင့္စသည္မ်ား ရွိရမည္။ ကုန္သြယ္ရာတြင္လည္း ျပည္နယ္အခ်င္းခ်င္း လြတ္လပ္စြာကူးသန္းေရာင္းဝယ္မႈမ်ား လုပ္ပိုင္ခြင့္၊ နယ္စပ္ ကုန္သြယ္ေရးအတြင္ ညွိႏိႈင္း၍ ခြင့္ျပဳခ်က္ေပးပိုင္ခြင့္၊ ျပည္နယ္၏ လယ္ယာႏွင့္ သစ္ေတာက႑တြင္လည္း ျပည္နယ္ အတြင္းရွိ လယ္ယာေျမမ်ားႏွင့္ သစ္ေတာမ်ားကို ကာကြယ္ရန္အျပင္ အက်ိဳးရွိစြာ အသံုးခ်ႏိုင္ေရးအတြက္ မူဝါဒမ်ား ခ်မွတ္ၿပီး စီမံပိုင္ခြင့္ရွိရမည္။ ထို႔အျပင္ ျပည္နယ္၏ အခြန္က႑တြင္လည္း ျပည္နယ္အတြင္းမွ ထြက္ရွိေသာ သဘာဝ အရင္းအျမစ္မ်ားထုတ္လုပ္ျခင္းမွ ရရွိသည့္ဝင္ေငြမ်ားအေပၚ ေကာက္ခံရရွိသည့္ အခြန္အပါအဝင္ အျခားလုပ္ငန္း မ်ားမွ ရရွိသည့္ အခြန္ေငြတို႔ကို ခ်မွတ္ထားသည့္ မူဝါဒမ်ားႏွင့္အညီ စီမံခန္႔ခြဲပိုင္ခြင့္ ရွိေစရမည္။ ျပည္နယ္ရဲတပ္ဖြဲ႔ကို ျပည္နယ္၏ စီရင္ပိုင္ခြင့္အတြင္း ျပည္သူမ်ားအား ကာကြယ္ရန္ႏွင့္ မူခင္းမ်ားကိုစံုစမ္းစစ္ေဆးေျဖရွင္းေပးႏိုင္ရမည္။ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ လြတ္လပ္သည့္ ျမဴနီစပယ္မ်ားကို တည္ေထာင္ရန္ စီမံခန္႔ခြဲပိုင္ခြင့္ အေကာင္ အထည္ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္သည္။ ျပည္နယ္အစိုးရသည္ ျပည္ေထာင္စုအစိုးရ၏ သက္ဆိုင္ရာ ဝန္ႀကီးဌာန က အေကာင္အထည္ေဖာ္သည့္ လုပ္ငန္းမ်ားကို ႀကီးၾကပ္ရေသာအစိုးရမ်ား မျဖစ္ေစရ။ အထက္တြင္ေဖာ္ျပခဲ့သည့္ အခြန္ဘ႑ာမ်ားကို ျပည္နယ္ဘ႑ာေရးႏွင့္ စီမံကိန္းက႑တြင္ ထည့္သြင္းထားရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ တရားစီရင္ေရးစနစ္ကိုလည္း ဖက္ဒရယ္ျပည္ေထာင္စု တရားစီရင္ေရးစနစ္ႏွင့္ ကိုက္ညီမႈရွိ ေအာင္ လက္ရွတရားစီရင္ေရးစနစ္တြင္ လိုအပ္သည့္ျပဳျပင္ေျပာင္းလဲမႈမ်ားကိုလည္း ျပဳလုပ္ရမည္ျဖစ္သည္။ သို႔ျဖစ္ရာ တရားစီရင္ေရးတြင္ ျပည္ေထာင္စုတရားစီရင္ပိုင္ခြင့္ႏွင့္ ျပည္နယ္တရား စီရင္ပိုင္ခြင့္ကို ခဲြျခားသတ္မွတ္ ထားရမည္ျဖစ္ၿပီး အဆင့္ဆင့္ေသာတရားစီရင္ပိုင္ခြင့္မ်ားႏွင့္အညီ စစ္ေဆးစီရင္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္လည္း ရာဇဝတ္မႈႏွင့္ တရားမမႈမ်ားကို စစ္ေဆးစီရင္ရန္ ျပည္ေထာင္စု တရားရံုးႏွင့္ ျပည္နယ္တရားရံုးတို႔သည္ အဆင့္ဆင့္ ေသာ တရားရံုးမ်ားကို ဖြဲ႔စည္းတည္ေထာင္သြားရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ ဥအေဒျပဳေရးက႑တြင္လည္း စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စု အေျခခံမူမ်ားႏွင့္အညီ သက္ဆိုင္ရာျပည္နယ္လြတ္ေတာ္မ်ားကို ျပည္နယ္တြင္းေနထိုင္ေနၾကသည့္ ျပည္သူမ်ားက ေရြးခ်ယ္တင္ေျမွာက္ ထားသည့္ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႔စည္းသြားရမည္။ ျပည္နယ္အတြက္လိုအပ္သည့္ ဥပေဒမ်ားကို ျပဌာန္း ေပးႏိုင္ရမည္ျဖစ္သည္။ ဥပမာ – ေဒသခံ ေတာင္သူ လယ္သမားမ်ား၏ ရိုးရာအစဥ္အလာ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ကာကြယ္မည့္ ဥပေဒမ်ားကို ျပဌာန္းေပးႏိုင္ရ မည္ျဖစ္သည္။
ကြ်ႏ္ုပ္တို႔ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္သည္ ေဖာ္ျပခဲ့သည့္ ႏိုင္ငံေရးမူဝါဒမ်ားႏွင့္ လုပ္ငန္းစဥ္မ်ားကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္ရာတြင္ တိုင္းရင္းသားမဟာမိတ္ပါတီမ်ားအျပင္ ျပည္မမွ စစ္မွန္ေသာ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ကို အမွန္တကယ္လိုလားသည့္ ပါတီမ်ားႏွင့္လည္း ပူးေပါင္းကာ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ကို သႏိၷဌာန္ခ်မွတ္ထားၿပီးျဖစ္သည္။ လြတ္လပ္ေရးသက္တမ္းႏွင့္အမွ် ၾကာျမင့္လာၿပီျဖစ္သည့္ ျပည္တြင္းစစ္မီးသည္ အထူးသျဖင့္ ရခိုင္ေဒသတြင္ ပိုမိုျပင္းထန္လာေနၿပီးျဖစ္သည္။ ဤျပည္တြင္းစစ္မီးကို ၿငိမ္းေအးေစရန္မွာ တရားမွ်တ ျခင္း ယဥ္ေက်းမႈတစ္ရပ္ကို အခုိင္အမာတည္ေဆာက္ႏိုင္ရန္ အားလံုးဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ရမည္ျဖစ္သည္။ သို႔မွသာ တရားမွ်တျခင္းႏွင့္ လြတ္လပ္ျခင္းသည္ မိမိတို႔ႏိုင္ငံ၌ တည္လိမ့္မည္ျဖစ္သည္။
ထို႔ေၾကာင့္ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ျခင္းျဖင့္ ျပည္တြင္းစစ္မီးကို ခ်ဳပ္ၿငိမ္းေစၿပီး စစ္မွန္ေသာ ထာဝရၿငိမ္းခ်မ္းေရးကို ႀကိဳးစားတည္ေဆာက္ၾကပါစို႔

ရခိုင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္