• Today is: Thursday, March 28, 2024

ရခိုင်အမျိုသားပါတီ ရွေးကောက်ပွဲကြေညာစာတမ်း

Unicode

ရခိုင်အမျိုးသားပါတီ (ရအပ)
ARAKAN NATIOAL FARTY (ANP)
ဗဟိုဌာနချုပ်
HEADQUARTERS
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
SITTWE, RAKHINE STATE

ရခိုင်အမျိုသားပါတီ ရွေးကောက်ပွဲကြေညာစာတမ်း
(လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးသော ရခိုင့်လူ့အဖွဲ့အစည်းသစ်ဆီသို့)

နိဒါန်း
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် ရခိုင် လူမျိုးများအတွက် သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအတွက် အလွန်အရေးကြီးပါသည်။
ခေတ်အဆက်ဆက်၌ ရခိုင်လူမျိုးများသည် ဆုံးရှုံးနေသော အမျိုးသားအခွင့်အာဏာများကို ရရှိစေရန် အတွက် နည်းလမ်းပေါင်းများစွာကို အသုံးပြု၍ သက်စွန့်ဆံဖျားကြိုးစားခဲ့ကြပါသည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်သူများ အခက်အခဲ၊ အကျပ်အတည်းကြုံတိုင်း ရခိုင့်အကျိုးစီးပွား အတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့်အတူ ထိုအခက်အခဲများမှ ရုန်းထွက်နိုင်အောင် ပြည်သူနှင့် တစ်ထပ်တည်းကြိုးပမ်းဆောင်ရွက်နေခြင်းကိုလည်း ရခိုင်ပြည်သူများအသိပင်ဖြစ်ပါသည်။
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ရခိုင်ကိုယ်စားပြုပါတီမှ တတိယအများဆုံး အောင်ပွဲရခဲ့ခြင်းသည် ရခိုင်ပါတီသာမက ရခိုင်တစ်မျိုးသားလုံး၏ အမျိုးသားစိတ်ဓါတ်ကို မြန်မာနိုင်ငံအစိုးရမှ တိုင်းရင်းသားခေါင်းဆောင် များ၊ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကပင် အသိအမှတ်ပြုခံခဲ့ ရသည်။
ရခိုင်အမျိုးသားပါတီသည် ရေတိုရေရှည်စီမံကိန်းများကို ချမှတ်ရေးဆွဲပြီး ရခိုင်အမျိုးသားအကျိုးစီးပွားကို ထိထိရောက်ရောက် ကိုယ်စားပြုဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍကြီး (၄)ရပ်ကို အခြေခံထားပါသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် စုစုပေါင်း မဲဆန္ဒနယ် (၆၄)နေရာအတွက် ကိုယ်စားလှယ်လောင်း (၃၈၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အရေးကြီးသော အချို့နေရာများတွင် မဲကွဲမှု၏ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့် အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးချယ်မူဆိုင် စဉ်းစားဆင်ခြင်ဆုံးဖြတ်ရမည့်ကိစ္စမှာ အထူးအရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ သုံးသပ်ထားပါသည်။ ရခိုင်အမျိုးသားပါတီတရပ်လုံး၏ အမျိုးသားရေးစိတ်ဓါတ်ဖြင့် ယုံကြည်စွာပေးအပ်ကြ မည့်သမိုင်းတာဝန်အရ ရခိုင်အမျိုးသားပါတီ၏ အောင်ပွဲကို မလွဲမသွေရရှိနိုင်မည်ဟု အလေးအနက်ခံယူထားပါသည်။

ရခိုင်အမျိုးသားပါတီမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ
၁။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး
၂။ ရခိုင်အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေး
၃။ ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားရေး
၄။ ရခိုင်အပါအဝင် တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ်ထွန်းရေး

၁။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး
(က) အုပ်ချုပ်ရေး
(၁) တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြည်နယ်အစိုးရအဖြစ် ဆောင်ရွက်ပေးသွားမည်။
(၂) အဂတိကင်းရှင်းသော အစိုးရအဖွဲ့အဖြစ် စီစဉ်ဆောင်ရွက်မည်။
(၃) ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်လျှက် ဘေးကင်းလုံခြုံသော ဘဝကို တည်ဆောက်ပြီး တရားမျှတစွာ စီမံအုပ်ချုပ်သွားမည်။

(ခ) စီးပွားရေး
၁။ ရခိုင်အမျိုးသားပိုင် ဘဏ်များဖြစ်ထွန်းပေါ်ပေါက်ရေးကို တွန်းအားပေးလုပ်ဆောင်မည်။
၂။ အရည်အသွေး၊ စံချိန်စံညွှန်များပြည့်ဝပြီး နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေမည်။
၃။ ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကို ဖော်ဆောင်ပေးမည်။
၄။ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရေးနှင့် အရည် အသွေးမြင့် ထုတ်ကုန်များပြုလုပ်လျက် ပြည်တွင်းပြည်ပများသို့ ဈေကွက်ဖြန့်ချီနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်။
၅။ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချေးငွေများထုတ်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်။

(ဂ) လမ်းပန်းဆက်သွယ်ရေး
၁။ ကျေးရွာချင်းလမ်းများ၊ တံတားများဖြစ်ထွန်းရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲလျက် ဘက်ပေါင်းစုံမှ ဘဏ္ဍာငွေများဖြင့် စီမံဆောင်ရွက်မည်။
၂။ ဆက်သွယ်ရေးအော်ပရယ်တာများနှင့် ညှိနှိုင်းလျှက် ကျေးလက်အစွန်အဖျားအထိ ဆက်သွယ်ရေး များကောင်မွန်စေရန် ဆောင်ရွက်မည်။
၃။ ပုဂ္ဂလိကရေယာဉ်လိုင်းများကို အဆင့်မီသော ရေယာဉ်များဖြင့် ပြေးဆွဲနိုင်ရေး၊ စည်းကမ်းပြည့်ဝစွာ ဖြင့် ခရီးသည်များ၏ အခွင့်အရေးကို တန်ဖိုးထားပြေးဆွဲရေး၊ သန့်ရှင်းပြီးခိုင်မာသော ဆိပ်ခံ တံတားများထားရှိရေးတို့ကို တွန်းအားပေးဆောင်ရွက်မည်။
၄။ ခရီးသည်များကို တန်ဖိုးထားကာ စည်းကမ်းရှိသော မော်တော်ယာဉ်လိုင်းများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးသွားမည်။

(ဃ) တောင်သူလယ်သမား
၁။ အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာဈေးကွက်ရရှိနိုင်သော မျိုးစေ့များကို တောင်သူများလက်ထဲသို့ ရောက်ရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်မည်။
၂။ စိုက်ပျိုးမြေအမျိုးအစားများကို ခွဲခြားသုံးသပ်ပြီး မှန်ကန်သောစိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံဈေးကွက် ဖန်တီးရေးများကိုလည်း ဆောင်ရွက်သွားမည်။
၂။ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် အလွယ်တကူ ဝယ်ယူ နိုင်ရေးတွန်းအားပေးဆောင်ရွက်သွားမည်။
၃။ လွတ်လပ်သည့် တောင်သူလယ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်နိုင်ရေးအားပေးဆောင်ရွက် မည်။
၄။ တောင်သူလယ်သမားများ၏ ဥပဒေမဲ့ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျောကြေး၊ နစ်နာကြေးများ ရရှိရေးဆောင်ရွက်မည်။
၅။ ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် လယ်ယာမြေဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းသွားမည်။

(င) မွေးမြူရေးနှင့်ရေလုပ်ငန်း
၁။ ကမ်းနီးငါးဖမ်းလုပ်ငန်းအပါအဝင် ရေလုပ်ငန်းကဏ္ဍအတွက် အရေးပါသည့် အရင်းအနှီး၊ နည်းပညာ နှင့် စက်ကိရိယာများရရှိနိုင်ရေး ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်။
၂။ မွေးမြူရေးလုပ်ငန်းများတွင် ချေးငွေများရရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်။
၃။ မျိုးစိပ်ကောင်း၊ မျိုးရင်းကောင်းသော မွေးမြူရေးတိရိစ္ဆာန်များ ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက် မည်။

(စ) ပညာရေး
၁။ ရခိုင်ပြည်နယ်တွင် အရည်အချင်းရှိသော ဆရာ/မ အရေအတွက် ပိုမိုများပြားလာစေရေးကို ဦးတည်လျက် ပညာရေးကောလိပ်တစ်ခု ထပ်မံဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
၂။ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွား မည်။
၃။ စစ်တွေတက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများဖွင့်လှစ်နိုင်ရေး တွန်းအားပေးလုပ်ဆောင် သွားမည်။
၄။ အခြေခံပညာကျောင်းများတွင် ဝန်တမ်းအိမ်ရာများ တည်ဆောက်နိုင်ရေး ဘက်ပေါင်းစုံမှ လုပ်ဆောင်သွားမည်။
၅။ အခြေခံအထက်တန်းအဆင့်ထိ ပညာသင်ယူခွင့် လက်လှမ်းမီနိုင်ရေးအတွက် အကောင်းအထည် ဖော်ဆောင်ရွက်သွားမည်။

(ဆ) ကျန်းမာရေး
၁။ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးဝန်ဆောင်မှုရရှိစေရေးအတွက် စီမံချက်များ ရေးဆွဲလျက် အမြန်ဆုံးဦးစားပေးဆောင်ရွက်မည်။
၂။ ကျန်းမာရေးအာမခံစနစ် ဖြစ်ထွန်းစေရေး တွန်းအားပေးလုပ်ဆောင်မည်။
၃။ ကျန်းမာရေးဝန်ထမ်းများနှင့် လူဦးရေအချိုးမျှတမှုရှိစေရေး ဆောင်ရွက်ပေးမည်။
၄။ ကူးစက်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကူးစက်တတ်သော ရောဂါများဖြစ်သော်လည်း ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသည့် ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ အစရှိသည်တို့အတွက် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်းလျော့ချမည်။
၅။ ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျေးလက်ကျန်းမာရေး ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ အဆောက်အဦးများ ကောင်းမွန်စေရေးနှင့် စနစ်ကျသော ကျန်းမာရေး ဝန်ဆောင်မှုစနစ်ဖြစ်ထွန်းရန် တွန်းအားပေးလုပ်ဆောင်သွားမည်။
၆။ ဆေးရုံကြီးများတွင် စံနှုန်းပြည့်အဆောက်အဦးရရှိရေးအပါအဝင် အရည်အသွေးမြင့် စက်ပစ္စည်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်။

(ဇ) စွမ်းအင်နှင့် လျှပ်စစ်
၁။ ကျေးလက်တောရွာများအားလုံး လျှပ်စစ်မီး သုံးစွဲခွင့်ရရှိနိုင်ရေး စီမံကိန်းများ ရေးဆွဲဆောင်ရွက် သွားမည်။
၂။ လျှပ်စစ်မီးရရှိနိုင်ရေး ခက်ခဲနိုင်မည့် ကျေးရွာများနှင့် စီမံကိန်းများအရ နှစ်ကာလတချို့ကြာနိုင် သော ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိရေးကို ညှိနှိုင်းဆောင်ရွက်သွားမည်။

(ဈ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၁။ သစ်တောကဏ္ဍတွင် အလွန်အကျွံသစ်ထုတ်လုပ်မှုနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုကို လျော့ချမည်။
၂။ စက်ရုံ၊ အလုပ်ရုံများမမှ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ်တွင် ဒေသခံပြည်သူများ ပါဝင်ခွင့်ရရှိစေရေး ဆောင်ရွက်သွားမည်။
၃။ သဘာဝရေအရင်းအမြစ်များဖြစ်သည့် ရေဝေရေလဲဒေသ၊ မြေအောက်ရေ၊ ရေတိမ်ဒေသ၊ ရေချိုရေငံ ဂေဟစနစ်ပျက်စီးမှု၊ ရေစီးရေလာကောင်းမွန်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် ဥပဒေ ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်။
၄။ သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်း၊ ရေလွှမ်းမိုးခြင်းနှင့် ရေရှားပါးခြင်းတို့ကြောင့် ဖြစ်ပေါ်လာ သော ဘေးဒဏ်တို့မှ ကာကွယ်ခြင်း၊ သက်သာခွင့်ရရှိစေရန် ပညာပေးခြင်းနှင့် ရေရှည်အစိအစဉ် များ ရေးဆွဲဆောင်ရွက်မည်။
၅။ သဘာဝအရင်းအမြစ်များကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခြင်း၊ ညီမျှခြင်းမရှိသော ခွဲဝေသုံးစွဲခြင်း တို့ကို ပပျောက်အောင်ဆောင်ရွက်မည်။
၆။ ဂေဟဗေဒ လေ့လာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းများ ထူထောင်ခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်မည်။

(ည) မြို့ပြဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေး
၁။ ရခိုင်ပြည်နယ် သဘာဝနှင့်လိုက်လျောညီထွေရှိမည့် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်း ပေးသွား မည်။
၂။ မြို့နယ်စည်ပင်သာယာရေးကောမတီများ၏ အခန်းကဏ္ဍပိုမိုအားကောင်းလာရေးမှတဆင့် မြို့ပြစီမံ ကိန်းများ ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်မည်။
၃။ မြို့ပြအိမ်ရာများ ရေ၊ မီး အပါအဝင် အမှိုက်နှင့် မိလ္လာစွန့်ပစ်ရေး ကဏ္ဍများကို တိုးတက်အောင် ဆောင်ရွက်သွားမည်။
၄။ မြို့တွင်း လမ်းနှင့်တံတားများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမည်။

(ဋ) စက်မှု
၁။ ပုဏ္ဏားကျွန်းစက်မှုဇုံ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
၂။ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းရေးကို တွန်းအားပေး ဆောင်ရွက်မည်။

(ဋ္ဌ) အထွေထွေ
၁။ လူငယ်နှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်။
၂။ ရခိုင့်ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေထိန်းသိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည်။
၃။ ရခိုင်စာပေကို ဥပဒေအဖြစ်ပြဋ္ဌာန်းလျှက် အတည်ပြုသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
၄။ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ဖွံ့ဖြိုးရေးကို အကောင်အထည် ဖော်ဆောင်ရွက်မည်။
၅။ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း နေရပ်စွန့်ခွာလုပ်သားများ နေရပ်သို့ပြန်လာ နိုင်ရေးကို ဦးတည်ဆောင်ရွက်မည်။

၂။ ရခိုင်အပါအဝင် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေးရရှိရေး
(က) တိုင်းရင်းသားပြည်နယ်များသည် ပြည်မတိုင်းဒေသကြီးများအတိုင်း တန်းတူဖွံ့ဖြိုးတိုးတက် သော ဒေသဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်။
(ခ) တိုင်းရင်းသားဒေသများမှ ထွက်ရှိသော သယံဇာတများကို ထုတ်ယူသုံးစွဲရာမှရရှိသော အကျိုး အမြတ်ထဲမှ ရာခိုင်နှုန်းတချို့တဝက်ကို တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးတွင် သုံးစွဲခွင့် ရရှိရေး ပူးပေါင်း ဆောင်ရွက်သွားမည်။

၃။ ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားရေး
(က) အပစ်အခတ်ရပ်စဲရေးနှင့် စာပွဲဝိုင်းဆွေးနွေးသောယဉ်ကျေးမှုသို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
(ခ) ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်များ လုံခြုံရေးနှင့် ငြိမ်းချမ်းသော လူ့ဘောင်တွင် ဒီမိုကရေစီကျင့်စဉ်များအတိုင်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် သွားမည်။

၄။ ရခိုင်အပါအဝင် တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ပေါ်ထွန်းရေး
(က) ဖက်ဒရယ်ဖွဲ့စည်းပုံပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားပြည်နယ်များ၏ ဖွဲ့စည်းပုံပေါ်ပေါက်နိုင်ရေး ဦးတည်ဆောင်ရွက်မည်။
(ခ) တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကကြမ္မာကိုယ်တိုင် ဖန်တီးပေးနိုင်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ရန်။

ရခိုင်အမျိုးသားပါတီ

Zawgyi

ရခိုင္အမ်ိဳးသားပါတီ (ရအပ)

ARAKAN NATIOAL FARTY (ANP)

ဗဟိုဌာနခ်ဳပ္

HEADQUARTERS

စစ္ေတြၿမိဳ႕၊ ရခိုင္ျပည္နယ္

SITTWE, RAKHINE STATE

 

ရခိုင္အမ်ိဳသားပါတီ ေရြးေကာက္ပြဲေၾကညာစာတမ္း

(လံုၿခံဳၿငိမ္းခ်မ္းဖြံ႔ၿဖိဳးေသာ ရခိုင့္လူ႔အဖြဲ႔အစည္းသစ္ဆီသို႔)

 

နိဒါန္း

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ(၈)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပြဲသည္ ရခိုင္ လူမ်ိဳးမ်ားအတြက္ သာမက ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျပာင္းအလဲအတြက္ အလြန္အေရးႀကီးပါသည္။

ေခတ္အဆက္ဆက္၌ ရခိုင္လူမ်ိဳးမ်ားသည္ ဆံုးရႈံးေနေသာ အမ်ိဳးသားအခြင့္အာဏာမ်ားကို ရရွိေစရန္ အတြက္ နည္းလမ္းေပါင္းမ်ားစြာကို အသံုးျပဳ၍ သက္စြန္႔ဆံဖ်ားႀကိဳးစားခဲ့ၾကပါသည္။

ရခိုင္အမ်ိဳးသားပါတီသည္ ရခိုင္ျပည္သူမ်ား အခက္အခဲ၊ အက်ပ္အတည္းႀကံဳတိုင္း ရခိုင့္အက်ိဳးစီးပြား အတြက္ ေဆာင္ရြက္ေနၾကေသာ အဖြဲ႔အစည္းမ်ားႏွင့္အတူ ထိုအခက္အခဲမ်ားမွ ရုန္းထြက္ႏိုင္ေအာင္ ျပည္သူႏွင့္ တစ္ထပ္တည္းႀကိဳးပမ္းေဆာင္ရြက္ေနျခင္းကိုလည္း ရခိုင္ျပည္သူမ်ားအသိပင္ျဖစ္ပါသည္။

၂၀၁၀ ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲတို႔တြင္ ရခိုင္ကိုယ္စားျပဳပါတီမွ တတိယအမ်ားဆံုး ေအာင္ပြဲရခဲ့ျခင္းသည္ ရခိုင္ပါတီသာမက ရခိုင္တစ္မ်ိဳးသားလံုး၏ အမ်ိဳးသားစိတ္ဓါတ္ကို ျမန္မာႏိုင္ငံအစိုးရမွ တိုင္းရင္းသားေခါင္းေဆာင္ မ်ား၊ ႏိုင္ငံတကာအစိုးရမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႔အစည္းမ်ားကပင္ အသိအမွတ္ျပဳခံခဲ့ ရသည္။

ရခိုင္အမ်ိဳးသားပါတီသည္ ေရတိုေရရွည္စီမံကိန္းမ်ားကို ခ်မွတ္ေရးဆြဲၿပီး ရခိုင္အမ်ိဳးသားအက်ိဳးစီးပြားကို ထိထိေရာက္ေရာက္ ကိုယ္စားျပဳေဆာင္ရြက္ႏိုင္ရန္အတြက္ က႑ႀကီး (၄)ရပ္ကို အေျခခံထားပါသည္။

၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ (၈)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပြဲ၌ ရခိုင္ျပည္နယ္တြင္ စုစုေပါင္း မဲဆႏၵနယ္ (၆၄)ေနရာအတြက္ ကိုယ္စားလွယ္ေလာင္း (၃၈၆)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ရာ အေရးႀကီးေသာ အခ်ိဳ႕ေနရာမ်ားတြင္ မဲကြဲမႈ၏ဆိုးက်ိဳးမ်ား ျဖစ္ေပၚႏိုင္သည့္ အတြက္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ ေရြးခ်ယ္မူဆိုင္ စဥ္းစားဆင္ျခင္ဆံုးျဖတ္ရမည့္ကိစၥမွာ အထူးအေရးႀကီးေသာ ကိစၥရပ္ျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသား ပါတီမွ သံုးသပ္ထားပါသည္။ ရခိုင္အမ်ိဳးသားပါတီတရပ္လံုး၏ အမ်ိဳးသားေရးစိတ္ဓါတ္ျဖင့္ ယံုၾကည္စြာေပးအပ္ၾက မည့္သမိုင္းတာဝန္အရ ရခိုင္အမ်ိဳးသားပါတီ၏ ေအာင္ပြဲကို မလြဲမေသြရရွိႏိုင္မည္ဟု အေလးအနက္ခံယူထားပါသည္။

 

ရခိုင္အမ်ိဳးသားပါတီမွ ေဆာင္ရြက္မည့္လုပ္ငန္းစဥ္မ်ား

၁။       ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရး

၂။       ရခိုင္အပါအဝင္ တိုင္းရင္းသားအားလံုး တန္းတူအခြင့္အေရးရရွိေရး

၃။       ဒီမိုကေရစီစနစ္ ထြန္းကားျပန္႔ပြားေရး

၄။       ရခိုင္အပါအဝင္ တိုင္းရင္းသားမ်ားအတြက္ အာမခံခ်က္ေပးႏိုင္မည့္ ဖက္ဒရယ္ဖြဲ႔စည္းပံု အေျခခံဥပေဒ တစ္ရပ္ေပၚထြန္းေရး

 

၁။       ရခိုင္ျပည္နယ္ဖြံ႔ၿဖိဳးတိုးတက္ေရး

(က)    အုပ္ခ်ဳပ္ေရး

(၁)     တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ ျပည္နယ္အစိုးရအျဖစ္ ေဆာင္ရြက္ေပးသြားမည္။

(၂)     အဂတိကင္းရွင္းေသာ အစိုးရအဖြဲ႔အျဖစ္ စီစဥ္ေဆာင္ရြက္မည္။

(၃)     ရခိုင္ျပည္သူမ်ား၏ အက်ိဳးစီးပြားကို ဦးထိပ္ပန္ဆင္လွ်က္ ေဘးကင္းလံုၿခံဳေသာ ဘဝကို တည္ေဆာက္ၿပီး တရားမွ်တစြာ စီမံအုပ္ခ်ဳပ္သြားမည္။

 

(ခ)     စီးပြားေရး

၁။       ရခိုင္အမ်ိဳးသားပိုင္ ဘဏ္မ်ားျဖစ္ထြန္းေပၚေပါက္ေရးကို တြန္းအားေပးလုပ္ေဆာင္မည္။

၂။       အရည္အေသြး၊ စံခ်ိန္စံညႊန္မ်ားျပည့္ဝၿပီး ႏိုင္ငံတကာႏွင့္ ျပည္တြင္းရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းမ်ား ျဖစ္ထြန္းေပၚေပါက္လာေစမည္။

၃။       ရခိုင္တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအတြက္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္မည့္ အခြင့္ အလမ္းမ်ားကို ေဖာ္ေဆာင္ေပးမည္။

၄။       စိုက္ပ်ိဳးေရးက႑၊ ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑တို႔တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ရရွိႏိုင္ေရးႏွင့္ အရည္ အေသြးျမင့္ ထုတ္ကုန္မ်ားျပဳလုပ္လ်က္ ျပည္တြင္းျပည္ပမ်ားသို႔ ေဈကြက္ျဖန္႔ခ်ီႏိုင္ေရး ႀကိဳးပမ္း ေဆာင္ရြက္မည္။

၅။       အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ားဖြံ႔ၿဖိဳးေရးအတြက္ ေခ်းေငြမ်ားထုတ္ေပးႏိုင္ေရး တြန္းအားေပးေဆာင္ရြက္သြားမည္။

 

(ဂ)     လမ္းပန္းဆက္သြယ္ေရး

၁။       ေက်းရြာခ်င္းလမ္းမ်ား၊ တံတားမ်ားျဖစ္ထြန္းေရးအတြက္ ေရတိုေရရွည္စီမံကိန္းမ်ား ေရးဆြဲလ်က္ ဘက္ေပါင္းစံုမွ ဘ႑ာေငြမ်ားျဖင့္ စီမံေဆာင္ရြက္မည္။

၂။       ဆက္သြယ္ေရးေအာ္ပရယ္တာမ်ားႏွင့္ ညွိႏိႈင္းလွ်က္ ေက်းလက္အစြန္အဖ်ားအထိ ဆက္သြယ္ေရး မ်ားေကာင္မြန္ေစရန္ ေဆာင္ရြက္မည္။

၃။       ပုဂၢလိကေရယာဥ္လိုုင္းမ်ားကို အဆင့္မီေသာ ေရယာဥ္မ်ားျဖင့္ ေျပးဆြဲႏိုင္ေရး၊ စည္းကမ္းျပည့္ဝစြာ ျဖင့္ ခရီးသည္မ်ား၏ အခြင့္အေရးကို တန္ဖိုးထားေျပးဆြဲေရး၊ သန္႔ရွင္းၿပီးခိုင္မာေသာ ဆိပ္ခံ တံတားမ်ားထားရွိေရးတို႔ကို တြန္းအားေပးေဆာင္ရြက္မည္။

၄။       ခရီးသည္မ်ားကို တန္ဖိုးထားကာ စည္းကမ္းရွိေသာ ေမာ္ေတာ္ယာဥ္လိုင္းမ်ား ျဖစ္ေပၚလာေရး ေဆာင္ရြက္ေပးသြားမည္။

 

(ဃ)    ေတာင္သူလယ္သမား

၁။       အရည္အေသြးျပည့္ဝၿပီး ႏိုင္ငံတကာေဈးကြက္ရရွိႏိုင္ေသာ မ်ိဳးေစ့မ်ားကို ေတာင္သူမ်ားလက္ထဲသို႔ ေရာက္ရွိႏိုင္ေရးႀကိဳးပမ္းေဆာင္ရြက္မည္။

၂။       စိုက္ပ်ိဳးေျမအမ်ိဳးအစားမ်ားကို ခြဲျခားသံုးသပ္ၿပီး မွန္ကန္ေသာစိုက္ပ်ိဳးသီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ေရးႏွင့္ သီးႏွံေဈးကြက္ ဖန္တီးေရးမ်ားကိုလည္း ေဆာင္ရြက္သြားမည္။

၂။       ေတာင္သူမ်ားအေနျဖင့္ လယ္ယာသံုးစက္ကိရိယာမ်ားကို အရစ္က်စနစ္ျဖင့္ အလြယ္တကူ ဝယ္ယူ ႏိုင္ေရးတြန္းအားေပးေဆာင္ရြက္သြားမည္။

၃။       လြတ္လပ္သည့္ ေတာင္သူလယ္သမားအဖြဲ႔အစည္းမ်ား ေပၚေပါက္ႏိုင္ေရးအားေပးေဆာင္ရြက္ မည္။

၄။       ေတာင္သူလယ္သမားမ်ား၏ ဥပေဒမဲ့ဆံုးရႈံးခဲ့ေသာ လယ္ယာေျမမ်ား ျပန္လည္ရရွိေရး၊ ေလ်ာေၾကး၊ နစ္နာေၾကးမ်ား ရရွိေရးေဆာင္ရြက္မည္။

၅။       ေခတ္ကာလႏွင့္ ေလ်ာ္ညီမႈမရွိသည့္ လယ္ယာေျမဥပေဒမ်ားကို ျပင္ဆင္ျပ႒ာန္းသြားမည္။

 

(င)     ေမြးျမဴေရးႏွင့္ေရလုပ္ငန္း

၁။       ကမ္းနီးငါးဖမ္းလုပ္ငန္းအပါအဝင္ ေရလုပ္ငန္းက႑အတြက္ အေရးပါသည့္ အရင္းအႏွီး၊ နည္းပညာ ႏွင့္ စက္ကိရိယာမ်ားရရွိႏိုင္ေရး ျပည္တြင္း/ျပည္ပအဖြဲ႔အစည္းမ်ားႏွင့္ ညွိႏိႈင္းေဆာင္ရြက္သြားမည္။

၂။       ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ ေခ်းေငြမ်ားရရွိႏိုင္ေရး စီစဥ္ေဆာင္ရြက္သြားမည္။

၃။       မ်ိဳးစိပ္ေကာင္း၊ မ်ိဳးရင္းေကာင္းေသာ ေမြးျမဴေရးတိရိစာၦန္မ်ား ျဖန္႔ျဖဴးႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္ မည္။

 

(စ)     ပညာေရး

၁။       ရခိုင္ျပည္နယ္တြင္ အရည္အခ်င္းရွိေသာ ဆရာ/မ အေရအတြက္ ပိုမိုမ်ားျပားလာေစေရးကို ဦးတည္လ်က္ ပညာေရးေကာလိပ္တစ္ခု ထပ္မံဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္မည္။

၂။       အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းေဆာင္လုိအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္ရြက္သြား မည္။

၃။       စစ္ေတြတကၠသိုလ္တြင္ ဘြဲ႔လြန္ဒီပလိုမာသင္တန္းမ်ားဖြင့္လွစ္ႏိုင္ေရး တြန္းအားေပးလုပ္ေဆာင္ သြားမည္။

၄။       အေျခခံပညာေက်ာင္းမ်ားတြင္ ဝန္တမ္းအိမ္ရာမ်ား တည္ေဆာက္ႏိုင္ေရး ဘက္ေပါင္းစံုမွ လုပ္ေဆာင္သြားမည္။

၅။       အေျခခံအထက္တန္းအဆင့္ထိ ပညာသင္ယူခြင့္ လက္လွမ္းမီႏိုင္ေရးအတြက္ အေကာင္းအထည္ ေဖာ္ေဆာင္ရြက္သြားမည္။

 

(ဆ)    က်န္းမာေရး

၁။       လူတိုင္းလက္လွမ္းမီေသာ က်န္းမာေရးဝန္ေဆာင္မႈရရွိေစေရးအတြက္ စီမံခ်က္မ်ား ေရးဆြဲလ်က္ အျမန္ဆံုးဦးစားေပးေဆာင္ရြက္မည္။

၂။       က်န္းမာေရးအာမခံစနစ္ ျဖစ္ထြန္းေစေရး တြန္းအားေပးလုပ္ေဆာင္မည္။

၃။       က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ လူဦးေရအခ်ိဳးမွ်တမႈရွိေစေရး ေဆာင္ရြက္ေပးမည္။

၄။       ကူးစက္ေရာဂါကာကြယ္ကုသေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ၿပီး မကူးစက္တတ္ေသာ ေရာဂါမ်ားျဖစ္ေသာ္လည္း ျပည္သူလူထု၏ က်န္းမာေရးကို ထိခိုက္ေစသည့္ ဆီးခ်ိဳေရာဂါ၊ ေသြးတိုး ေရာဂါ၊ ႏွလံုးေရာဂါ အစရွိသည္တို႔အတြက္ ကာကြယ္ကုသေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းျဖင့္ ျဖစ္ပြားမႈႏႈန္းေလ်ာ့ခ်မည္။

၅။       ေက်းလက္ေနျပည္သူမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈေပးေနေသာ ေက်းလက္က်န္းမာေရး ဌာန၊ ေက်းလက္က်န္းမာေရးဌာနခြဲမ်ား၏ အေဆာက္အဦးမ်ား ေကာင္းမြန္ေစေရးႏွင့္ စနစ္က်ေသာ က်န္းမာေရး ဝန္ေဆာင္မႈစနစ္ျဖစ္ထြန္းရန္ တြန္းအားေပးလုပ္ေဆာင္သြားမည္။

၆။       ေဆးရံုႀကီးမ်ားတြင္ စံႏႈန္းျပည့္အေဆာက္အဦးရရွိေရးအပါအဝင္ အရည္အေသြးျမင့္ စက္ပစၥည္းမ်ား ရရွိႏိုင္ေရး ေဆာင္ရြက္ေပးသြားမည္။

 

(ဇ)     စြမ္းအင္ႏွင့္ လွ်ပ္စစ္

၁။       ေက်းလက္ေတာရြာမ်ားအားလံုး လွ်ပ္စစ္မီး သံုးစြဲခြင့္ရရွိႏိုင္ေရး စီမံကိန္းမ်ား ေရးဆြဲေဆာင္ရြက္ သြားမည္။

၂။       လွ်ပ္စစ္မီးရရွိႏိုင္ေရး ခက္ခဲႏိုင္မည့္ ေက်းရြာမ်ားႏွင့္ စီမံကိန္းမ်ားအရ ႏွစ္ကာလတခ်ိဳ႕ၾကာႏိုင္ ေသာ ေက်းရြာမ်ားကိုလည္း လွ်ပ္စစ္မီးရရွိေရးကို ညွိႏိႈင္းေဆာင္ရြက္သြားမည္။

 

(ဈ)     သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး

၁။       သစ္ေတာက႑တြင္ အလြန္အကြ်ံသစ္ထုတ္လုပ္မႈႏွင့္ သစ္ေတာထြက္ပစၥည္း ထုတ္လုပ္မႈကို ေလ်ာ့ခ်မည္။

၂။       စက္ရံု၊ အလုပ္ရံုမ်ားမမွ ေရဆိုးႏွင့္ စြန္႔ပစ္ပစၥည္းမ်ား စီမံခန္႔ခြဲမႈစနစ္တြင္ ေဒသခံျပည္သူမ်ား ပါဝင္ခြင့္ရရွိေစေရး ေဆာင္ရြက္သြားမည္။

၃။       သဘာဝေရအရင္းအျမစ္မ်ားျဖစ္သည့္ ေရေဝေရလဲေဒသ၊ ေျမေအာက္ေရ၊ ေရတိမ္ေဒသ၊ ေရခ်ိဳေရငံ ေဂဟစနစ္ပ်က္စီးမႈ၊ ေရစီးေရလာေကာင္းမြန္မႈတို႔ကို ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေရး အတြက္ ဥပေဒ ထုတ္ျပန္ႏိုင္ေရးေဆာင္ရြက္သြားမည္။

၄။       သဘာဝေဘးအႏၱရာယ္ျဖစ္ေသာ မုန္တိုင္း၊ ေရလႊမ္းမိုးျခင္းႏွင့္ ေရရွားပါးျခင္းတို႔ေၾကာင့္ ျဖစ္ေပၚလာ ေသာ ေဘးဒဏ္တို႔မွ ကာကြယ္ျခင္း၊ သက္သာခြင့္ရရွိေစရန္ ပညာေပးျခင္းႏွင့္ ေရရွည္အစိအစဥ္ မ်ား ေရးဆြဲေဆာင္ရြက္မည္။

၅။       သဘာဝအရင္းအျမစ္မ်ားကို လက္ဝါးႀကီးအုပ္ စီမံခန္႔ခြဲျခင္း၊ ညီမွ်ျခင္းမရွိေသာ ခြဲေဝသံုးစြဲျခင္း တို႔ကို ပေပ်ာက္ေအာင္ေဆာင္ရြက္မည္။

၆။       ေဂဟေဗဒ ေလ့လာေရးဆိုင္ရာ ခရီးသြားလုပ္ငန္းမ်ား ထူေထာင္ျခင္းတို႔ကို တြန္းအားေပး ေဆာင္ရြက္မည္။

 

(ည)    ၿမိဳ႕ျပဖြံ႔ၿဖိဳးေရးႏွင့္ စည္ပင္သာယာေရး

၁။       ရခိုင္ျပည္နယ္ သဘာဝႏွင့္လိုက္ေလ်ာညီေထြရွိမည့္ စည္ပင္သာယာေရး ဥပေဒကို ျပ႒ာန္း ေပးသြား မည္။

၂။       ၿမိဳ႕နယ္စည္ပင္သာယာေရးေကာမတီမ်ား၏ အခန္းက႑ပိုမိုအားေကာင္းလာေရးမွတဆင့္ ၿမိဳ႕ျပစီမံ ကိန္းမ်ား ဖြံ႔ၿဖိဳးေရးကို ဦးတည္ေဆာင္ရြက္မည္။

၃။       ၿမိဳ႕ျပအိမ္ရာမ်ား ေရ၊ မီး အပါအဝင္ အမိႈက္ႏွင့္ မိလႅာစြန္႔ပစ္ေရး က႑မ်ားကို တိုးတက္ေအာင္ ေဆာင္ရြက္သြားမည္။

၄။       ၿမိဳ႕တြင္း လမ္းႏွင့္တံတားမ်ားကို ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္ေပးသြားမည္။

 

(ဋ)     စက္မႈ

၁။       ပုဏၰားကြ်န္းစက္မႈဇံု အျမန္ဆံုးအေကာင္အထည္ေဖာ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္မည္။

၂။       အေသးစားႏွင့္ အလတ္စား စက္မႈလုပ္ငန္းမ်ား ပိုမိုျဖစ္ထြန္းေရးကို တြန္းအားေပး ေဆာင္ရြက္မည္။

 

(႒)     အေထြေထြ

၁။       လူငယ္ႏွင့္ အမ်ိဳးသမီးက႑ဖြံ႔ၿဖိဳးတိုးတက္ေရးကို ႀကိဳးပမ္းေဆာင္ရြက္သြားမည္။

၂။       ရခိုင့္ျဒပ္ရွိ၊ ျဒပ္မဲ့ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ရွာေဖြထိန္းသိမ္းႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္သြား မည္။

၃။       ရခိုင္စာေပကို ဥပေဒအျဖစ္ျပ႒ာန္းလွ်က္ အတည္ျပဳသံုးစြဲႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္သြားမည္။

၄။       သက္ႀကီးရြယ္အိုႏွင့္ မသန္စြမ္းသူမ်ားအား ကူညီေထာက္ပံ့ဖြံ႔ၿဖိဳးေရးကို အေကာင္အထည္ ေဖာ္ေဆာင္ရြက္မည္။

၅။       အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးျခင္း ေနရပ္စြန္႔ခြာလုပ္သားမ်ား ေနရပ္သို႔ျပန္လာ ႏိုင္ေရးကို ဦးတည္ေဆာင္ရြက္မည္။

 

၂။       ရခိုင္အပါအဝင္ တိုင္းရင္းသားမ်ားအားလံုး တန္းတူအခြင့္အေရးရရွိေရး

(က)    တိုင္းရင္းသားျပည္နယ္မ်ားသည္ ျပည္မတိုင္းေဒသႀကီးမ်ားအတိုင္း တန္းတူဖြံ႔ၿဖိဳးတိုးတက္ ေသာ ေဒသျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္။

(ခ)     တိုင္းရင္းသားေဒသမ်ားမွ ထြက္ရွိေသာ သယံဇာတမ်ားကို ထုတ္ယူသံုးစြဲရာမွရရွိေသာ အက်ိဳး အျမတ္ထဲမွ ရာခိုင္ႏႈန္းတခ်ိဳ႕တဝက္ကို တိုင္းရင္းသားေဒသမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးတြင္ သံုးစြဲခြင့္ ရရိွေရး ပူးေပါင္း ေဆာင္ရြက္သြားမည္။

 

၃။       ဒီမိုကေရစီစနစ္ ထြန္းကားျပန္႔ပြားေရး

(က)    အပစ္အခတ္ရပ္စဲေရးႏွင့္ စာပြဲဝိုင္းေဆြးေႏြးေသာယဥ္ေက်းမႈသို႔ ကူးေျပာင္းႏိုင္ေရး ႀကိဳးပမ္း ေဆာင္ရြက္သြားမည္။

(ခ)     ျပည္သူမ်ား အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ား လံုၿခံဳေရးႏွင့္ ၿငိမ္းခ်မ္းေသာ လူ႔ေဘာင္တြင္ ဒီမိုကေရစီက်င့္စဥ္မ်ားအတိုင္း စိတ္ေအးခ်မ္းသာစြာ ေနထိုင္ႏိုင္ေရးကို ႀကိဳးပမ္းေဆာင္ရြက္ သြားမည္။

 

၄။       ရခိုင္အပါအဝင္ တုိင္းရင္းသားမ်ားအတြက္ အာမခံခ်က္ေပးႏိုင္မည့္ ဖက္ဒရယ္ဖြဲ႔စည္းပံုအေျခခံဥပေဒ တစ္ရပ္ေပၚထြန္းေရး

(က)    ဖက္ဒရယ္ဖြဲ႔စည္းပံုေပၚေပါက္ေရးႏွင့္ တိုင္းရင္းသားျပည္နယ္မ်ား၏ ဖြဲ႔စည္းပံုေပၚေပါက္ႏိုင္ေရး ဦးတည္ေဆာင္ရြက္မည္။

(ခ)     တိုင္းရင္းသားမ်ားအေနျဖင့္ ကိုယ့္ကၾကမၼာကိုယ္တိုင္ ဖန္တီးေပးႏိုင္ေသာ ဖက္ဒရယ္ဖြဲ႔စည္းပံု ျဖစ္ထြန္းေရးကို ႀကိဳးပမ္းေဆာင္ရြက္ရန္။

 

 

 

 

ရခိုင္အမ်ိဳးသားပါတီ