• Today is: Friday, March 29, 2024

သပိတ်စစ်ကြောင်းလှုပ်ရှားမှုအသီးသီးမှ အသံများ

Zawgyi
“၂၀၁၀ ကစလို႔ စစ္တပ္ဟာ အရပ္သားအစိုးရ အသြင္ေျပာင္းခဲ့တယ္။ ဒါဟာလည္း စစ္ေဘာင္းဘီ ကေန ပုဆိုး လဲဝတ္႐ုံအဆင့္ပါပဲ။ ၂၀၁၅ NLD အႏိုင္ ရခဲ့တယ္ ၂၀ဝ၈ ေအာက္မွာမို႔ စစ္တပ္ဟာ ေအးေဆး ပါပဲ။ ၂၀၂၀ မွာေတာ့ မထင္ထားတဲ့ ရလဒ္အေပၚ မဲစာရင္း အေၾကာင္းျပဳၿပီး သူတို႔ သည္းမခံႏိုင္လို႔ စစ္တပ္ဟာ ငါးႏွစ္စာ ခဏေပးၿပီး အာဏာျပန္သိမ္း သြားတယ္လို႔ ျမင္မိတယ္”
ေႏြဦးေတာ္လွန္ေရးဟာ လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ အားေကာင္းေနၾကဆဲပါ။ အလုံး အရင္းနဲ႔ ၿဖိဳခြဲေနတဲ့ၾကား။ လူေတြေသေနတဲ့ၾကားက ဆက္လက္ ေတာ္လွန္ေရးသပိတ္ေတြ လုပ္ေနၾကတယ္။ ဒါဟာ ဘာလို႔လဲ ၁၉၆၂ ခုကတည္းက စစ္အာဏာကို တိုက္ခဲ့တာ မႏိုင္ခဲ့ဘူး၊ အခုမႏိုင္ရင္ ဒီလို ႏွစ္ရွည္လ မ်ား ဆင္းရဲမြဲေတ စုတ္ပ်တ္တဲ့ဘဝမ်ိဳး စစ္ဖိနပ္ ေအာက္ကို ျပန္မလိုခ်င္ၾကေတာ့လို႔ပဲ။
“ဒါကေတာ့ရွင္းပါတယ္ ၅၃ ပါတီက တကယ့္ တိုင္းရင္းသားကို ကိုယ္စားျပဳတဲ့ပါတီမွ မဟုတ္ဘဲ သူတို႔နဲ႔ ပုတင္းတူဗူးဆို႔ေတြပဲျဖစ္လို႔ သူတို႔နဲ႔လုပ္တဲ့ ဖယ္ဒရယ္ဟာ အစစ္ ဘယ္ျဖစ္ႏိုင္ပါ့မလဲ။ စစ္ေကာင္စီ နဲ႔ ၅၃ ပါတီ ပူးေပါင္းတဲ့အဖြဲ႕က ျပဳလုပ္ဖို႔ဆိုတာ ဖယ္ ဒရယ္နဲ႔ အေဝးႀကီးလို႔ ေျပာရမွာပါ”
“လက္ရွိမွာေတာ့ CRPH ရဲ႕ အဆိုျပဳခ်က္က ေတာ့ ဒီမိုကေရစီျပန္လည္ရရွိေရးနဲ႔ ဖယ္ဒရယ္စနစ္ ေပါ့။ ေပါင္ေရးဆိုတာကေတာ့ ႏိုင္ငံေရး ေမွ်ာ္မွန္း ခ်က္အဆင့္ကိုေတာ့ ေရာက္ေနပါၿပီ။ ဖယ္ဒရယ္ စစ္ တပ္ႀကီး ေပၚေပါက္လာခဲ့ရင္၊ ၿပီေတာ့ Gen-X,Y,Z ေတြ လက္တြဲညီညီ ေရွ႕ဆက္ႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ ေတာ္တို႔ လိုခ်င္တဲ့ ဖက္ဒရယ္ဟာ မေဝးေတာ့ဘူးလို႔ ဆိုႏိုင္မွာပါ”
“ျမန္မာျပည္သူျပည္သားေတြအားလုံး အႏၲရာယ္ ကင္းစြာ စိုးရိမ္ေၾကာင့္ၾကစိတ္ကင္းစြာနဲ႔ ႏိုင္ငံေရး ဒီမိုကေရစီေရး၊ ဖယ္ဒရယ္အေရး ေအာင္ျမင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။ အေရးေတာ္ပုံ ေအာင္ရမည္”
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားသပိတ္စစ္ေၾကာင္း

“၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စစ္ေကာင္စီ က တိုင္းျပည္အာဏာသိမ္းတဲ့ကိစၥဟာ ၂၀၂၀ ေ႐ြး ေကာက္ပြဲစာရင္း ရလာဒ္ကို လက္သင့္မခံႏိုင္လို႔ အာဏာသိမ္း တယ္ဆိုတာ အေၾကာင္းျပခ်က္တစ္ခု သာသာပါ။ ဒီအေၾကာင္းနဲ႔မရရင္ ေနာက္တစ္ေၾကာင္း ရွာမွာပါပဲ။ ဒါေၾကာင့္ အာဏာသိမ္းခ်င္လို႔ လုပ္ခ်င္တာ လုပ္ဖို႔ အတြက္ပါပဲ”
“စစ္ေကာင္စီသူပုန္တပ္ေတြ အာဏာသိမ္းၿပီး တစ္ႏိုင္ငံလုံးမွာ ဆႏၵျပပြဲေတြဆက္တိုက္ ျဖစ္ေပၚေန တယ္။ ဒီေႏြဦးေတာ္လွန္ေရးဟာ ျပည္သူအားလုံးရဲ႕ တိုက္ပြဲပဲ။ စစ္အုပ္ခ်ဳပ္မႈေအာက္က စုတ္ျပတ္ဆင္းရဲတဲ့ အေမွာင္လမ္းကို မေလွ်ာက္ခ်င္ၾကလို႔ က်ည္ဆန္ေတြ ၾကားက ေနာက္မဆုတ္စတမ္းေတာ္လွန္ေရးကို ဆက္ လုပ္ေနၾကတယ္။ ကာလတိုအတြင္းမွာေတာင္ သူတို႔ ဘယ္လိုဆက္ဆံေနလဲ။ အေၾကာက္တရားေတြ ဘယ္ ေလာက္႐ိုက္သြင္းေနလဲ။ ဒါေၾကာင့္ ဘယ္လိုမွ၊ ဘယ္ ေတာ့မွ အေလ်ာ့ေပး အညံခံလို႔မရဘူး။ တတ္ႏိုင္တာ ထက္ပိုၿပီး အာခံေတာ္လွန္သြားမွာပါ”
“စစ္သူပုန္ေတြနဲ႔ပူးေပါင္းခဲ့တဲ့ တိုင္းရင္းသား ပါတီ ၅၃ ပါတီဟာလည္း သူပုန္ေတြပဲမို႔ သူပုန္ပါးစပ္က ဖယ္ဒရယ္ဆိုတာ ဘာအဓိပၸာယ္ရွိပါ့မလဲ။ အဲဒီပါတီ ေတြဟာလည္း တိုင္းရင္းသားေတြကို ကိုယ္စားမျပဳပါ ဘူး။ စစ္သူပုန္နဲ႔ ပူးေပါင္းသြားတဲ့ ပါတီအားလုံးကို ရႈတ္ခ်ပါတယ္”
“စစ္သူပုန္ေတြဟာ သူတို႔အာဏာတည္ၿမဲဖို႔ ဘယ္လို နည္းလမ္းသုံးသုံး ဆႏၵျပပြဲေတြက ရပ္တန႔္ သြားမွာ မဟုတ္ဘူး။ ျပည္ေထာင္စု တိုင္းရင္းသား လက္နက္ကိုင္ေတြေပါင္းစုထားတဲ့ ဖယ္ဒရယ္တပ္ ႀကီးနဲ႔၊ Gen-X,Y,Z ေတြရဲ႕အားဟာ ဖယ္ဒရယ္ ဒီမို ကေရစီလမ္းကို အတူေဖာက္ အတူေလွ်ာက္ အတူ ေရာက္ရမွာပါ။ လက္ရွိမွာေတာ့ ေတာ္လွန္ေရးကို ရရာ နည္းနဲ႔ ပါဝင္ေနၿပီး ေနာက္ဆက္တြဲကိုေတာ့ သမိုင္း စာမ်က္ႏွာမွာ ဖတ္ေပးပါ”
“အလြတ္အလပ္မရွိျပည့္စုံတဲ့ မိသားစုထမင္း ဝိုင္းနဲ႔ အႏၲရာယ္ကင္းေဘးရွင္းေအးခ်မ္းစြာ ဖယ္ဒရယ္ ဒီမိုကေရစီေအာင္ျမင္တဲ့ေန႔ ေရာက္ကိုေရာက္လာ မွာပါ။ လူ႔အခြင့္အေရးေတြအျပည့္နဲ႔ ေနေပ်ာ္တဲ့ ေန႔သစ္ေတြအတြက္ အေရးေတာ္ပုံေအာင္ရမည္”
ကရင္ျပည္နယ္၊ ဖားအံသပိတ္စစ္ေၾကာင္း

“ဒီစစ္တပ္က အာဏာသိမ္းမူကို ျပည္သူတစ္ ေယာက္အေနနဲ႔ လုံးဝသေဘာမတူပါဘူး။ ျမန္မာႏိုင္ငံ က အခုမွ ဒီမိုကေရစီလမ္းေပၚစေရာက္ခါစ၊ တိုးတက္ ဖို႔ျပင္ေနစ ဒီလိုအခ်ိန္မွာ မတရားအာဏာလုတာဟာ ျမန္မာႏိုင္ငံရဲ႕ တိုးတက္မႈကို ပိတ္ပင္သလိုျဖစ္တယ္။ အခုလို အာဏာသိမ္းတာဟာ ျပည္သူ႔အက်ိဳးအတြက္ မဟုတ္ဘဲ သူတို႔ကိုယ္က်ိဳးအတြက္ လုပ္တယ္လို႔ပဲ ျမင္တယ္”
“ဒီလိုေတာ္လွန္ေရးလုပ္ေနၾကတာကိုေတာ့ လူငယ္တစ္ေယာက္အေနနဲ႔ ဂုဏ္ယူပါတယ္။ ေၾကာက္ စိတ္နဲ႔ ဘာမွမလုပ္ဘဲ ျပဳသမွ် ေပခံမေနဘဲ ေတာ္လွန္ရဲ တဲ့ ျမန္မာအားလုံးကို ေလးစားဦးၫႊတ္ပါတယ္။ မတရားတာကို မတရားမွန္းသိၿပီး ျပန္ေတာ္လွန္ဆႏၵျပ ေနတဲ့ ဘဝမွာ ဂ႐ုစိုက္ၾကပါ”
“သေဘာထားကြဲလြဲမႈဆိုတာက ျဖစ္ေလ့ျဖစ္ထ ရွိေပမယ့္ ပါတီရဲ႕လူႀကီးေတြကိုေျပာခ်င္တယ္။ အမွားနဲ႔ အမွန္ကို ခြဲျခားတတ္ပါေစ။ စစ္ေကာင္စီနဲ႔ အေပါင္းပါ တိုင္းရင္းသားပါတီ ၅၃ပါတီရဲ႕ ေဆြးေႏြးမူဟာ ျမန္မာ ႏိုင္ငံအေပၚ ဘာအေၾကာင္းမွ သက္ေရာက္မွာ မဟုတ္ ဘူး။ ျမန္မာႏိုင္ငံသူတစ္ေယာက္အေနနဲ႔ေရာ၊ တိုင္း ရင္းသူတစ္ေယာက္အေနနဲ႔ေရာ လုံးဝ သေဘာမတူပါ ဘူး။ လက္မခံႏိုင္ဘူး”
“မတရားတာက မတရားခဲ့သလို ျပန္ရႈံးနိမ့္မွာပါပဲ။ အမွားက အမွန္ကို ႏိုင္တယ္ဆိုတ ရွိလို႔လား အခြင့္သာ လို႔ ႏိုင္ခဲ့ရင္လည္း ခဏပါပဲ၊ အမွန္က ျပန္ႏိုင္မွာပါ။ ဒီလိုပါပဲ ျပည္သူေတြ အသက္တမွ် လိုခ်င္ေနတဲ့ ဒီမို ကေရစီ ရကိုရမွာပါ။ စစ္သူပုန္ေတြ ယုတ္မာသမွ် မေၾကာက္မ႐ြံ႕ ေတာင့္ခံႏိုင္ဖိုေတာ့ လိုတာေပါ့၊ သူတို႔ က အရမ္းကို ယုတ္မာၾကပါလိမ့္မယ္၊ ေတာင့္ခံေပးၾက ပါေနာ္။ အသက္ကို ဉာဏ္ေစာင့္ပါတယ္။ ဉာဏ္သုံးၿပီး တိုက္ေပးၾကပါ။ မေၾကာက္ပါနဲ႔ သူတို႔ လိုခ်င္တာ ေၾကာက္စိတ္ပါပဲ ျပည္သူေတြ သူတို႔ကို ေၾကာက္ေနရင္ သူတို႔ စိတ္ႀကိဳက္ခ်ယ္လွယ္လို႔ ရသြားၿပီေလ။ သူတို႔ လိုခ်င္တာ ဒါပဲ။ ဒါေၾကာင့္ ေၾကာက္စိတ္ကို ေမာင္း ထုတ္ထားပါ။ ေၾကာက္စိတ္အရင္ဝင္တဲ့သူ အရႈံးပဲေနာ္ ျပည္သူ/သားတို႔ေရ။ ကြၽႏု္ပ္တို႔ႀကိဳးစားမႈ အသီးအပြင့္ ကို ကြၽႏု္ပ္တို႔ ခံစားရမယ္၊ ကြၽႏု္ပ္တို႔ လုပ္သလို အက်ိဳး ခံစားရမယ္။ အခုလို ခဏေလးမွာေတာင္ လူတစ္ ေယာက္ အသက္ကို လြယ္လြယ္ သတ္ေနၾကာတာ ၾကာရင္ ျပည္သူတို႔ အသက္အိုးအိမ္ စည္းစိမ္ေတြဟာ လုံၿခဳံမႈ လုံးဝ ရွိေတာ့မွာမဟုတ္ပါဘူး။ ကိုယ့္အသက္ လုံၿခဳံၿပီး ေအးခ်မ္းစြာ ေနႏိုင္ဖို႔ ဒီအေရးေတာ္ပုံ ေအာင္မွ ရမယ္ေနာ္”
“မဟုတ္မမွန္တဲ့ သမိုင္းကို ဖတ္ၿပီး ဦးေႏွာက္ထဲ ႐ိုက္သြင္းခံရတာမ်ိဳး ထပ္မျဖစ္ေစခ်င္ေတာ့ဘူး။ မွန္ ကန္တဲ့သမိုင္း စစ္မွန္တဲ့ သမိုင္းကိုပဲ ေနာက္မ်ိဳးဆက္ ေတြကို သိေစခ်င္ေတာ့တယ္ မဟုတ္မမွန္သမိုင္းေတြ ကို မလိုခ်င္ေတာ့ဘူး”
“အခုခ်ိန္မွာ ေျပာခ်င္တာက အားတင္းထားပါ လူတိုင္းေသမွာ ေၾကာက္ၾကတာ သိပါတယ္။ ကြၽႏု္ပ္ လည္း ေၾကာက္တာပဲ အသက္အပိုမွ မပါတာ။ ေတာ္ လွန္လို႔ ေသတာက တစ္ခါထဲ ေသမွာပါ ၿငိမ္ခံေနရင္ စစ္သူပုန္ လက္ေအာက္မွာ ခဏခဏ ေသေနရမွာပါ။ စစ္သူပုန္ေတြ လူမဆန္ေအာင္ယုတ္မာၿပီး ဘယ္ ေလာက္ ရက္စက္သလဲဆိုတာ မ်က္ျမင္ပဲ မဟုတ္လား။ ျမန္မာႏိုင္ငံႀကီး ေရာင္းစားခံရလို႔ အခြံပဲက်န္ေတာ့ တာလည္း သိၾကမယ္ ထင္ပါတယ္။ ေကာင္းစားတဲ့ သူက ေကာင္းစားၿပီး ျပည္သူေတြ ဆင္းရဲငတ္ျပတ္ ခဲ့တာေတြ၊ ျပည္သူပိုင္ပစၥည္း မတရား သိမ္းပိုက္ခံရ တာေတြက ပုံျပင္မဟုတ္ဘူးေနာ္၊ ျပည္သူေတြ တကယ္ ခံစားခဲ့ရတာပါ”
“မ်က္ရည္ေတြ ေသြးေတြကို ျမင္ေအာင္ၾကည့္ ေပးၾကပါ။ ဒီေႏြဦးေတာ္လွန္ေရးႀကီး ေအာင္ျမင္ရင္ ျပည္သူေတြ အနာဂတ္လွပါၿပီ ျမန္မာႏိုင္ငံႀကီး တိုးတက္ ပါၿပီ။ ဒါေၾကာင့္ ျပည္သူ/သားတို႔ေရ စည္းလုံးၾကပါ၊ ေသြး မကြဲၾကပါနဲ႔၊ အားမေလ်ာ့ၾကပါနဲ႔လို႔ မွာခ်င္ပါ တယ္။ လွပတဲ့ အရာေတြက လြယ္လြယ္ မရပါဘူး ခက္ခဲပါတယ္။
“ဒါေၾကာင့္ ျမန္မာျပည္သူ/သားတို႔ေရ စည္းလုံး ၾကမယ္ ႏိုင္ေအာင္တိုက္ၾကမယ္ေနာ္။ အားလုံး အသက္ အႏၲရာယ္ ကင္းေဝးၾကပါေစရွင္”
ရန္ကုန္သပိတ္စစ္ေၾကာင္း

“အခ်က္ကေတာ့ ထုံးစံအတိုင္းပဲ ရႈတ္ခ်တယ္ ေပါ့။ ဘာလို႔ဆို စစ္အစိုးရကို မသိမ္းခင္ကတည္းက ကို ရႈတ္ခ်ေနတာ ေတာ္လွန္ေနတာပဲေလ။ မဲရလဒ္ကို အေၾကာင္းျပၿပီး အာဏာသိမ္းတယ္လို႔ဘဲ့ သုံးသပ္ရ တာေပါ့။
အာဏာရွင္စနစ္ကို ေတာ္လွန္တာ အခုမွ မဟုတ္ပါဘူး၊ အရင္ကတည္းက ရႈ႕ေထာင့္ေပါင္းစုံ ကေန ေတာ္လွန္လာခဲ့တာ။ ဒီေတာ့ ဘယ္ေနရာ အခ်ိန္ ခါမဆို အာဏာရွင္စနစ္ေပၚလာရင္ ေတာ္လွန္ရမွာပါပဲ။ အခု အေျခအေနမွာလည္း ဆက္ၿပီးအားေကာင္းတဲ့ လႈပ္ရွားမႈေတြ ပိုလုပ္လာရမွာပါ။
စစ္ေကာင္စီနဲ႔က သံတမန္အေရးကုန္သြားပါၿပီ။ အဓိကက တိုင္းရင္းသားပါတီေတြဟာ စုစည္းၾကမယ္ ဆိုရင္ ဖယ္ဒရယ္အတြက္ ပထမလမ္းစဥ္ပါပဲ။
တိုင္းရင္းသားလက္နက္ကိုင္ေတြ စုစည္းၿပီး CRPH အစိုးရေပါင္းလိုက္ရင္ အေတာ္ကို အားေကာင္း တဲ့ စစ္တပ္တစ္ခုျဖစ္လာမွာျဖစ္တဲ့အတြက္ အက်ိဳး သက္ေရာက္မႈအေနထားအရ ေကာင္းလာမွာပါ။ အဓိက က စစ္အာဏာရွင္ေတြကိုအျပဳတ္တိုက္ရမွာပါ ေျမျပင္ အေနထား စုစည္းမႈအားေကာင္းဖို႔ လိုပါတယ္။
အားလုံးေဘးကင္းပါေစ။ အေရးေတာ္ပုံ ေအာင္ ရမည္”
မႏၲေလးသပိတ္စစ္ေၾကာင္း

“မတရားတဲ့ လုပ္ရပ္ပါ၊ ဒီမိုကေရစီကို ဥပေဒမဲ့ အႏိုင္က်င့္ေစာ္ကားၿပီး လူထုကို လက္နက္နဲ႔ အႏိုင္ က်င့္တာပါ။ လုံးဝလက္မခံႏိုင္ပါဘူး။ ဒီမိုကေရစီရဲ႕ အႏွစ္သာရျဖစ္တဲ့ မဲေပးေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ျပည္သူ႔အစိုးရနဲ႔ျပည္သူ႔ ဆႏၵကို ႐ိုင္းျပေစာ္ကားတာ ပါပဲ။
လူထုက ကိုယ့္အလုပ္ကိုယ္လုပ္တာပါ၊ မတရား တဲ့ အမိန႔္အာဏာ ဟူသမွ်ကို တာဝန္အရ ဖီဆန္ေနတာ ပါ။ မိမိတို႔ရပိုင္ခြင့္အတြက္ မိမိကိုယ္တိုင္ ျပန္ေတာင္း ဆိုေနတာပါ။
စစ္ေကာင္စီနဲ႔ အေပါင္းအပါဟူသမွ် စစ္ေကာင္စီ နဲ႔ လက္တြဲတဲ့သူမွန္သမွ်ဟာ တိုင္းျပည္သစၥာေဖာက္ ေတြပါပဲ။ စစ္ေကာင္စီရဲ႕ လႈပ္ရွားမႈမွန္သမွ်ကို ျပည္သူ က အသိအမွန္ျပဳလက္ခံတာမ်ိဳးမရွိတဲ့အတြက္ သူတို႔ လုပ္ေဆာင္ေနတာေတြကိုလည္း လူထုက လုံးဝ အသိ အမွတ္မျပဳလက္မခံဘူး။ အဲဒီအစုအဖြဲ႕ေတြကိုလည္း ရႈံ႕ခ်တယ္၊ ႏိုင္ငံေရးအျမတ္ထုတ္ၿပီး တစ္သက္လုံး လူထုဆီကမရခဲ့တဲ့ အသိအမွတ္ျပဳမႈကို စစ္အာဏာရွင္ ဆီက ႏိုင္ငံေရးေပးစာကမ္းစာကို ယူၿပီး ကြၽန္သက္ ဆြဲဆန႔္ေနတဲ့သူေတြလို႔ပဲ မွတ္ယူပါတယ္။
လက္ရွိမွာ CRPH က အားေကာင္းေမာင္းသန္နဲ႔ ႏိုင္ငံေရး အရွိန္အဟုန္ျမင့္ျမင့္နဲ႔ လူထုကို ႏိုင္ငံေရး နည္းအရ အေကာင္းဆုံးပံ့ပိုးေပးေနတယ္လို႔ျမင္တယ္။ မၾကာခင္မွာ တိုင္းျပည္ရဲ႕ ဖက္ဒရယ္မူေတြကို အေျခခံ ထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ေတြ ေပၚေပါက္ လာႏိုင္ၿပီး တိုင္းရင္းသားအားလုံးရဲ႕ အားထားစရာ ဖက္ဒရယ္ ျပည္ေထာင္စုတပ္မေတာ္ႀကီး ေပၚေပါက္ လာၿပီး ဖက္ဆစ္အာဏာရွင္စစ္တပ္နဲ႔ စစ္အာဏာရွင္ လက္ပါးေစေတြကို အျမစ္ျဖတ္ေခ်မႈန္းႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။
ဒီပြဲက ဓမၼနဲ႔ အဓမၼ ယွဥ္ၿပိဳင္တဲ့ပြဲ။ ကြၽန္မတို႔ ျပည္သူေတြက ေခါင္းစဥ္လႊဲ စစ္ကြၽန္ျပဳမႈမ်ိဳးစုံနဲ႔ ဒီႏိုင္ငံ မွာ ရွင္သန္ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအာဏာ သိမ္းမႈကို အသိအမွတ္လည္းမျပဳဘူး လုံးဝလည္း လက္မခံဘူး။ ေနာက္ၿပီး ပါတီတစ္ခုအတြက္ လူတစ္ဦး တစ္ေယာက္အတြက္ ေတာ္လွန္ေနတာမ်ိဳးမဟုတ္ဘဲ တိုင္းျပည္အတြက္ ႏိုင္ငံသူႏိုင္ငံသားအားလုံး ပါဝင္တဲ့ ေတာ္လွန္ေရးျဖစ္လို႔ ကြၽန္မတို႔ျပည္သူကႏိုင္မွာ။ျပည္သူ က အၿမဲရပ္တည္ခ်က္ မွန္ကန္ခဲ့တယ္။
ဒါေၾကာင့္မို႔ အာဏာရွင္အျမစ္ျပတ္ေခ်မႈန္းတဲ့ ဒီေႏြဦးေတာ္လွန္ေရး အေရးေတာ္ပုံဟာ ေအာင္ကို ေအာင္ျမင္ရမွာျဖစ္လို႔ ျပည္သူအားလုံး ေအာင္ပြဲဆင္ ၾကပါစို႔လို႔ ဆႏၵျပဳလိုက္ပါတယ္”
မြန္ျပည္နယ္၊ သထုံသပိတ္စစ္ေၾကာင္း

Unicode
“၂၀၁၀ ကစလို့ စစ်တပ်ဟာ အရပ်သားအစိုးရ အသွင်ပြောင်းခဲ့တယ်။ ဒါဟာလည်း စစ်ဘောင်းဘီ ကနေ ပုဆိုး လဲဝတ်ရုံအဆင့်ပါပဲ။ ၂၀၁၅ NLD အနိုင် ရခဲ့တယ် ၂၀ဝ၈ အောက်မှာမို့ စစ်တပ်ဟာ အေးဆေး ပါပဲ။ ၂၀၂၀ မှာတော့ မထင်ထားတဲ့ ရလဒ်အပေါ် မဲစာရင်း အကြောင်းပြုပြီး သူတို့ သည်းမခံနိုင်လို့ စစ်တပ်ဟာ ငါးနှစ်စာ ခဏပေးပြီး အာဏာပြန်သိမ်း သွားတယ်လို့ မြင်မိတယ်”
နွေဦးတော်လှန်ရေးဟာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အားကောင်းနေကြဆဲပါ။ အလုံး အရင်းနဲ့ ဖြိုခွဲနေတဲ့ကြား။ လူတွေသေနေတဲ့ကြားက ဆက်လက် တော်လှန်ရေးသပိတ်တွေ လုပ်နေကြတယ်။ ဒါဟာ ဘာလို့လဲ ၁၉၆၂ ခုကတည်းက စစ်အာဏာကို တိုက်ခဲ့တာ မနိုင်ခဲ့ဘူး၊ အခုမနိုင်ရင် ဒီလို နှစ်ရှည်လ များ ဆင်းရဲမွဲတေ စုတ်ပျတ်တဲ့ဘဝမျိုး စစ်ဖိနပ် အောက်ကို ပြန်မလိုချင်ကြတော့လို့ပဲ။
“ဒါကတော့ရှင်းပါတယ် ၅၃ ပါတီက တကယ့် တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ပါတီမှ မဟုတ်ဘဲ သူတို့နဲ့ ပုတင်းတူဗူးဆို့တွေပဲဖြစ်လို့ သူတို့နဲ့လုပ်တဲ့ ဖယ်ဒရယ်ဟာ အစစ် ဘယ်ဖြစ်နိုင်ပါ့မလဲ။ စစ်ကောင်စီ နဲ့ ၅၃ ပါတီ ပူးပေါင်းတဲ့အဖွဲ့က ပြုလုပ်ဖို့ဆိုတာ ဖယ် ဒရယ်နဲ့ အဝေးကြီးလို့ ပြောရမှာပါ”
“လက်ရှိမှာတော့ CRPH ရဲ့ အဆိုပြုချက်က တော့ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖယ်ဒရယ်စနစ် ပေါ့။ ပေါင်ရေးဆိုတာကတော့ နိုင်ငံရေး မျှော်မှန်း ချက်အဆင့်ကိုတော့ ရောက်နေပါပြီ။ ဖယ်ဒရယ် စစ် တပ်ကြီး ပေါ်ပေါက်လာခဲ့ရင်၊ ပြီတော့ Gen-X,Y,Z တွေ လက်တွဲညီညီ ရှေ့ဆက်နိုင်မယ်ဆိုရင်တော့ ကျွန် တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဟာ မဝေးတော့ဘူးလို့ ဆိုနိုင်မှာပါ”
“မြန်မာပြည်သူပြည်သားတွေအားလုံး အန္တရာယ် ကင်းစွာ စိုးရိမ်ကြောင့်ကြစိတ်ကင်းစွာနဲ့ နိုင်ငံရေး ဒီမိုကရေစီရေး၊ ဖယ်ဒရယ်အရေး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ အရေးတော်ပုံ အောင်ရမည်”
ကချင်ပြည်နယ်၊ မြစ်ကြီးနားသပိတ်စစ်ကြောင်း

“၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီ က တိုင်းပြည်အာဏာသိမ်းတဲ့ကိစ္စဟာ ၂၀၂၀ ရွေး ကောက်ပွဲစာရင်း ရလာဒ်ကို လက်သင့်မခံနိုင်လို့ အာဏာသိမ်း တယ်ဆိုတာ အကြောင်းပြချက်တစ်ခု သာသာပါ။ ဒီအကြောင်းနဲ့မရရင် နောက်တစ်ကြောင်း ရှာမှာပါပဲ။ ဒါကြောင့် အာဏာသိမ်းချင်လို့ လုပ်ချင်တာ လုပ်ဖို့ အတွက်ပါပဲ”
“စစ်ကောင်စီသူပုန်တပ်တွေ အာဏာသိမ်းပြီး တစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေဆက်တိုက် ဖြစ်ပေါ်နေ တယ်။ ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူအားလုံးရဲ့ တိုက်ပွဲပဲ။ စစ်အုပ်ချုပ်မှုအောက်က စုတ်ပြတ်ဆင်းရဲတဲ့ အမှောင်လမ်းကို မလျှောက်ချင်ကြလို့ ကျည်ဆန်တွေ ကြားက နောက်မဆုတ်စတမ်းတော်လှန်ရေးကို ဆက် လုပ်နေကြတယ်။ ကာလတိုအတွင်းမှာတောင် သူတို့ ဘယ်လိုဆက်ဆံနေလဲ။ အကြောက်တရားတွေ ဘယ် လောက်ရိုက်သွင်းနေလဲ။ ဒါကြောင့် ဘယ်လိုမှ၊ ဘယ် တော့မှ အလျော့ပေး အညံခံလို့မရဘူး။ တတ်နိုင်တာ ထက်ပိုပြီး အာခံတော်လှန်သွားမှာပါ”
“စစ်သူပုန်တွေနဲ့ပူးပေါင်းခဲ့တဲ့ တိုင်းရင်းသား ပါတီ ၅၃ ပါတီဟာလည်း သူပုန်တွေပဲမို့ သူပုန်ပါးစပ်က ဖယ်ဒရယ်ဆိုတာ ဘာအဓိပ္ပာယ်ရှိပါ့မလဲ။ အဲဒီပါတီ တွေဟာလည်း တိုင်းရင်းသားတွေကို ကိုယ်စားမပြုပါ ဘူး။ စစ်သူပုန်နဲ့ ပူးပေါင်းသွားတဲ့ ပါတီအားလုံးကို ရှုတ်ချပါတယ်”
“စစ်သူပုန်တွေဟာ သူတို့အာဏာတည်မြဲဖို့ ဘယ်လို နည်းလမ်းသုံးသုံး ဆန္ဒပြပွဲတွေက ရပ်တန့် သွားမှာ မဟုတ်ဘူး။ ပြည်ထောင်စု တိုင်းရင်းသား လက်နက်ကိုင်တွေပေါင်းစုထားတဲ့ ဖယ်ဒရယ်တပ် ကြီးနဲ့၊ Gen-X,Y,Z တွေရဲ့အားဟာ ဖယ်ဒရယ် ဒီမို ကရေစီလမ်းကို အတူဖောက် အတူလျှောက် အတူ ရောက်ရမှာပါ။ လက်ရှိမှာတော့ တော်လှန်ရေးကို ရရာ နည်းနဲ့ ပါဝင်နေပြီး နောက်ဆက်တွဲကိုတော့ သမိုင်း စာမျက်နှာမှာ ဖတ်ပေးပါ”
“အလွတ်အလပ်မရှိပြည့်စုံတဲ့ မိသားစုထမင်း ဝိုင်းနဲ့ အန္တရာယ်ကင်းဘေးရှင်းအေးချမ်းစွာ ဖယ်ဒရယ် ဒီမိုကရေစီအောင်မြင်တဲ့နေ့ ရောက်ကိုရောက်လာ မှာပါ။ လူ့အခွင့်အရေးတွေအပြည့်နဲ့ နေပျော်တဲ့ နေ့သစ်တွေအတွက် အရေးတော်ပုံအောင်ရမည်”
ကရင်ပြည်နယ်၊ ဖားအံသပိတ်စစ်ကြောင်း

“ဒီစစ်တပ်က အာဏာသိမ်းမူကို ပြည်သူတစ် ယောက်အနေနဲ့ လုံးဝသဘောမတူပါဘူး။ မြန်မာနိုင်ငံ က အခုမှ ဒီမိုကရေစီလမ်းပေါ်စရောက်ခါစ၊ တိုးတက် ဖို့ပြင်နေစ ဒီလိုအချိန်မှာ မတရားအာဏာလုတာဟာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ပိတ်ပင်သလိုဖြစ်တယ်။ အခုလို အာဏာသိမ်းတာဟာ ပြည်သူ့အကျိုးအတွက် မဟုတ်ဘဲ သူတို့ကိုယ်ကျိုးအတွက် လုပ်တယ်လို့ပဲ မြင်တယ်”
“ဒီလိုတော်လှန်ရေးလုပ်နေကြတာကိုတော့ လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ကြောက် စိတ်နဲ့ ဘာမှမလုပ်ဘဲ ပြုသမျှ ပေခံမနေဘဲ တော်လှန်ရဲ တဲ့ မြန်မာအားလုံးကို လေးစားဦးညွှတ်ပါတယ်။ မတရားတာကို မတရားမှန်းသိပြီး ပြန်တော်လှန်ဆန္ဒပြ နေတဲ့ ဘဝမှာ ဂရုစိုက်ကြပါ”
“သဘောထားကွဲလွဲမှုဆိုတာက ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ပါတီရဲ့လူကြီးတွေကိုပြောချင်တယ်။ အမှားနဲ့ အမှန်ကို ခွဲခြားတတ်ပါစေ။ စစ်ကောင်စီနဲ့ အပေါင်းပါ တိုင်းရင်းသားပါတီ ၅၃ပါတီရဲ့ ဆွေးနွေးမူဟာ မြန်မာ နိုင်ငံအပေါ် ဘာအကြောင်းမှ သက်ရောက်မှာ မဟုတ် ဘူး။ မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ရော၊ တိုင်း ရင်းသူတစ်ယောက်အနေနဲ့ရော လုံးဝ သဘောမတူပါ ဘူး။ လက်မခံနိုင်ဘူး”
“မတရားတာက မတရားခဲ့သလို ပြန်ရှုံးနိမ့်မှာပါပဲ။ အမှားက အမှန်ကို နိုင်တယ်ဆိုတ ရှိလို့လား အခွင့်သာ လို့ နိုင်ခဲ့ရင်လည်း ခဏပါပဲ၊ အမှန်က ပြန်နိုင်မှာပါ။ ဒီလိုပါပဲ ပြည်သူတွေ အသက်တမျှ လိုချင်နေတဲ့ ဒီမို ကရေစီ ရကိုရမှာပါ။ စစ်သူပုန်တွေ ယုတ်မာသမျှ မကြောက်မရွံ့ တောင့်ခံနိုင်ဖိုတော့ လိုတာပေါ့၊ သူတို့ က အရမ်းကို ယုတ်မာကြပါလိမ့်မယ်၊ တောင့်ခံပေးကြ ပါနော်။ အသက်ကို ဉာဏ်စောင့်ပါတယ်။ ဉာဏ်သုံးပြီး တိုက်ပေးကြပါ။ မကြောက်ပါနဲ့ သူတို့ လိုချင်တာ ကြောက်စိတ်ပါပဲ ပြည်သူတွေ သူတို့ကို ကြောက်နေရင် သူတို့ စိတ်ကြိုက်ချယ်လှယ်လို့ ရသွားပြီလေ။ သူတို့ လိုချင်တာ ဒါပဲ။ ဒါကြောင့် ကြောက်စိတ်ကို မောင်း ထုတ်ထားပါ။ ကြောက်စိတ်အရင်ဝင်တဲ့သူ အရှုံးပဲနော် ပြည်သူ/သားတို့ရေ။ ကျွနု်ပ်တို့ကြိုးစားမှု အသီးအပွင့် ကို ကျွနု်ပ်တို့ ခံစားရမယ်၊ ကျွနု်ပ်တို့ လုပ်သလို အကျိုး ခံစားရမယ်။ အခုလို ခဏလေးမှာတောင် လူတစ် ယောက် အသက်ကို လွယ်လွယ် သတ်နေကြာတာ ကြာရင် ပြည်သူတို့ အသက်အိုးအိမ် စည်းစိမ်တွေဟာ လုံခြုံမှု လုံးဝ ရှိတော့မှာမဟုတ်ပါဘူး။ ကိုယ့်အသက် လုံခြုံပြီး အေးချမ်းစွာ နေနိုင်ဖို့ ဒီအရေးတော်ပုံ အောင်မှ ရမယ်နော်”
“မဟုတ်မမှန်တဲ့ သမိုင်းကို ဖတ်ပြီး ဦးနှောက်ထဲ ရိုက်သွင်းခံရတာမျိုး ထပ်မဖြစ်စေချင်တော့ဘူး။ မှန် ကန်တဲ့သမိုင်း စစ်မှန်တဲ့ သမိုင်းကိုပဲ နောက်မျိုးဆက် တွေကို သိစေချင်တော့တယ် မဟုတ်မမှန်သမိုင်းတွေ ကို မလိုချင်တော့ဘူး”
“အခုချိန်မှာ ပြောချင်တာက အားတင်းထားပါ လူတိုင်းသေမှာ ကြောက်ကြတာ သိပါတယ်။ ကျွနု်ပ် လည်း ကြောက်တာပဲ အသက်အပိုမှ မပါတာ။ တော် လှန်လို့ သေတာက တစ်ခါထဲ သေမှာပါ ငြိမ်ခံနေရင် စစ်သူပုန် လက်အောက်မှာ ခဏခဏ သေနေရမှာပါ။ စစ်သူပုန်တွေ လူမဆန်အောင်ယုတ်မာပြီး ဘယ် လောက် ရက်စက်သလဲဆိုတာ မျက်မြင်ပဲ မဟုတ်လား။ မြန်မာနိုင်ငံကြီး ရောင်းစားခံရလို့ အခွံပဲကျန်တော့ တာလည်း သိကြမယ် ထင်ပါတယ်။ ကောင်းစားတဲ့ သူက ကောင်းစားပြီး ပြည်သူတွေ ဆင်းရဲငတ်ပြတ် ခဲ့တာတွေ၊ ပြည်သူပိုင်ပစ္စည်း မတရား သိမ်းပိုက်ခံရ တာတွေက ပုံပြင်မဟုတ်ဘူးနော်၊ ပြည်သူတွေ တကယ် ခံစားခဲ့ရတာပါ”
“မျက်ရည်တွေ သွေးတွေကို မြင်အောင်ကြည့် ပေးကြပါ။ ဒီနွေဦးတော်လှန်ရေးကြီး အောင်မြင်ရင် ပြည်သူတွေ အနာဂတ်လှပါပြီ မြန်မာနိုင်ငံကြီး တိုးတက် ပါပြီ။ ဒါကြောင့် ပြည်သူ/သားတို့ရေ စည်းလုံးကြပါ၊ သွေး မကွဲကြပါနဲ့၊ အားမလျော့ကြပါနဲ့လို့ မှာချင်ပါ တယ်။ လှပတဲ့ အရာတွေက လွယ်လွယ် မရပါဘူး ခက်ခဲပါတယ်။
“ဒါကြောင့် မြန်မာပြည်သူ/သားတို့ရေ စည်းလုံး ကြမယ် နိုင်အောင်တိုက်ကြမယ်နော်။ အားလုံး အသက် အန္တရာယ် ကင်းဝေးကြပါစေရှင်”
ရန်ကုန်သပိတ်စစ်ကြောင်း

“အချက်ကတော့ ထုံးစံအတိုင်းပဲ ရှုတ်ချတယ် ပေါ့။ ဘာလို့ဆို စစ်အစိုးရကို မသိမ်းခင်ကတည်းက ကို ရှုတ်ချနေတာ တော်လှန်နေတာပဲလေ။ မဲရလဒ်ကို အကြောင်းပြပြီး အာဏာသိမ်းတယ်လို့ဘဲ့ သုံးသပ်ရ တာပေါ့။
အာဏာရှင်စနစ်ကို တော်လှန်တာ အခုမှ မဟုတ်ပါဘူး၊ အရင်ကတည်းက ရှု့ထောင့်ပေါင်းစုံ ကနေ တော်လှန်လာခဲ့တာ။ ဒီတော့ ဘယ်နေရာ အချိန် ခါမဆို အာဏာရှင်စနစ်ပေါ်လာရင် တော်လှန်ရမှာပါပဲ။ အခု အခြေအနေမှာလည်း ဆက်ပြီးအားကောင်းတဲ့ လှုပ်ရှားမှုတွေ ပိုလုပ်လာရမှာပါ။
စစ်ကောင်စီနဲ့က သံတမန်အရေးကုန်သွားပါပြီ။ အဓိကက တိုင်းရင်းသားပါတီတွေဟာ စုစည်းကြမယ် ဆိုရင် ဖယ်ဒရယ်အတွက် ပထမလမ်းစဉ်ပါပဲ။
တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းပြီး CRPH အစိုးရပေါင်းလိုက်ရင် အတော်ကို အားကောင်း တဲ့ စစ်တပ်တစ်ခုဖြစ်လာမှာဖြစ်တဲ့အတွက် အကျိုး သက်ရောက်မှုအနေထားအရ ကောင်းလာမှာပါ။ အဓိက က စစ်အာဏာရှင်တွေကိုအပြုတ်တိုက်ရမှာပါ မြေပြင် အနေထား စုစည်းမှုအားကောင်းဖို့ လိုပါတယ်။
အားလုံးဘေးကင်းပါစေ။ အရေးတော်ပုံ အောင် ရမည်”
မန္တလေးသပိတ်စစ်ကြောင်း

“မတရားတဲ့ လုပ်ရပ်ပါ၊ ဒီမိုကရေစီကို ဥပဒေမဲ့ အနိုင်ကျင့်စော်ကားပြီး လူထုကို လက်နက်နဲ့ အနိုင် ကျင့်တာပါ။ လုံးဝလက်မခံနိုင်ပါဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ မဲပေးရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရနဲ့ပြည်သူ့ ဆန္ဒကို ရိုင်းပြစော်ကားတာ ပါပဲ။
လူထုက ကိုယ့်အလုပ်ကိုယ်လုပ်တာပါ၊ မတရား တဲ့ အမိန့်အာဏာ ဟူသမျှကို တာဝန်အရ ဖီဆန်နေတာ ပါ။ မိမိတို့ရပိုင်ခွင့်အတွက် မိမိကိုယ်တိုင် ပြန်တောင်း ဆိုနေတာပါ။
စစ်ကောင်စီနဲ့ အပေါင်းအပါဟူသမျှ စစ်ကောင်စီ နဲ့ လက်တွဲတဲ့သူမှန်သမျှဟာ တိုင်းပြည်သစ္စာဖောက် တွေပါပဲ။ စစ်ကောင်စီရဲ့ လှုပ်ရှားမှုမှန်သမျှကို ပြည်သူ က အသိအမှန်ပြုလက်ခံတာမျိုးမရှိတဲ့အတွက် သူတို့ လုပ်ဆောင်နေတာတွေကိုလည်း လူထုက လုံးဝ အသိ အမှတ်မပြုလက်မခံဘူး။ အဲဒီအစုအဖွဲ့တွေကိုလည်း ရှုံ့ချတယ်၊ နိုင်ငံရေးအမြတ်ထုတ်ပြီး တစ်သက်လုံး လူထုဆီကမရခဲ့တဲ့ အသိအမှတ်ပြုမှုကို စစ်အာဏာရှင် ဆီက နိုင်ငံရေးပေးစာကမ်းစာကို ယူပြီး ကျွန်သက် ဆွဲဆန့်နေတဲ့သူတွေလို့ပဲ မှတ်ယူပါတယ်။
လက်ရှိမှာ CRPH က အားကောင်းမောင်းသန်နဲ့ နိုင်ငံရေး အရှိန်အဟုန်မြင့်မြင့်နဲ့ လူထုကို နိုင်ငံရေး နည်းအရ အကောင်းဆုံးပံ့ပိုးပေးနေတယ်လို့မြင်တယ်။ မကြာခင်မှာ တိုင်းပြည်ရဲ့ ဖက်ဒရယ်မူတွေကို အခြေခံ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွေ ပေါ်ပေါက် လာနိုင်ပြီး တိုင်းရင်းသားအားလုံးရဲ့ အားထားစရာ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ကြီး ပေါ်ပေါက် လာပြီး ဖက်ဆစ်အာဏာရှင်စစ်တပ်နဲ့ စစ်အာဏာရှင် လက်ပါးစေတွေကို အမြစ်ဖြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီပွဲက ဓမ္မနဲ့ အဓမ္မ ယှဉ်ပြိုင်တဲ့ပွဲ။ ကျွန်မတို့ ပြည်သူတွေက ခေါင်းစဉ်လွှဲ စစ်ကျွန်ပြုမှုမျိုးစုံနဲ့ ဒီနိုင်ငံ မှာ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဏာ သိမ်းမှုကို အသိအမှတ်လည်းမပြုဘူး လုံးဝလည်း လက်မခံဘူး။ နောက်ပြီး ပါတီတစ်ခုအတွက် လူတစ်ဦး တစ်ယောက်အတွက် တော်လှန်နေတာမျိုးမဟုတ်ဘဲ တိုင်းပြည်အတွက် နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်တဲ့ တော်လှန်ရေးဖြစ်လို့ ကျွန်မတို့ပြည်သူကနိုင်မှာ။ပြည်သူ က အမြဲရပ်တည်ချက် မှန်ကန်ခဲ့တယ်။
ဒါကြောင့်မို့ အာဏာရှင်အမြစ်ပြတ်ချေမှုန်းတဲ့ ဒီနွေဦးတော်လှန်ရေး အရေးတော်ပုံဟာ အောင်ကို အောင်မြင်ရမှာဖြစ်လို့ ပြည်သူအားလုံး အောင်ပွဲဆင် ကြပါစို့လို့ ဆန္ဒပြုလိုက်ပါတယ်”
မွန်ပြည်နယ်၊ သထုံသပိတ်စစ်ကြောင်း