• Today is: Friday, March 29, 2024

သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ခဲ့

                                         ဖက်ဒရယ်ဂျာနယ် ( မေလ – ၁၉)

မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်း နံဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ မေလ (၁၈) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

မေလ (၁၈)ရက်နေ့ နံနက် (၉) နာရီမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအား ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ (၄)နာရီ အချိန်အထိ တိုက်ပွဲချိန် ကြာမြင့်ခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ ATR – 42 အမျိုးအစား ကင်းထောက်လေယာဉ်များ၊ တိုက်လေယာဉ် များဖြင့်  တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းအဖွဲ့မှ သတင်းထုတ်ပြန် သည်။

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆)ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်ကြောင်းသိရသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် ၊ ၆၀ မမ ဗုံးသီး (၁၀)လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆)လုံး ယမ်းတောင့် (၁၆)တောင့်၊ တိုက်မိုင်း (၅)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ နင်းမိုင်း အကြီး(၃)လုံး၊ နင်းမိုင်းအသေး(၅)လုံး၊ အချက်ပြ သေနတ်(၂)လက်၊ ဒရုန်း(၁)စီး၊ မှန်ဘီလူး(၂)လက်၊ ကျည်ကာဦးထုတ်(၄)လုံး၊ ကျည်ဘောက်(၂၇)ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင်(၁)ခု၊ မြေပုံ(၁)ချပ်၊ မိုင်းရှာစက်(၁)ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ(၁)ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁)ခု၊ ၅.၅၆ ကျည် (၃၀၀၀)တောင့် ခန်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊ အချက်ပြကျည်(၁၀)တောင့်၊ ဆက်သွယ်ရေးစက် အသေး(၁)လုံး၊ ဂျန်မာစက် (၁) လုံး တို့အား (ကနေဦး) သိမ်းဆည်းရမိသည်ဟုဖော်ပြထားသည်။

      (ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ)

အရှင်ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများမှာ

(၁)တပ်ကြပ်ကြီး နိုင်အော (ကပ – ၈****၉)

(၂)တပ်ကြပ်ကြီး တင်စိုး (တ – ၁***၂)

(၃)တပ်ကြပ် ကျော်ထွန်း(တ – ၂****၆)

(၄)ဒုတပ်ကြပ် မျိုးလင်းဇော် (တ -၂****၇)

(၅)တပ်သားမောင်ထိုက် (တ – ၄****၃)

(၆) တပ်သား နိုင်လင်းအောင် (တ – ၅****၇) တို့ဖြစ်ပြီး စစ်သုံ့ပန်း များအတွက် ချမှတ်ထားသော စည်းမျဉ်း၊ ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သော ဆေးဝါးကုသမှုများကိုလည်း ဆောင်ရွက် ပေးထားကြောင်း ဆိုသည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် (၃)ဦးကျဆုံးခဲ့ပြီး (၄)ဦးမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်း တပ်ဖွဲ့များမှ အဆိုပါဒေသအား နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။