• Today is: Friday, March 29, 2024

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး

Unicode

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီမှ အပြတ်အသတ်အနိုင်ရပြီး နောက်ထပ် အစိုးရသက်တမ်း ၅ နှစ်တာကာလကို ပြန်လည်ဦးဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ NLD ၏ အနိုင်ရရှိမှုနှင့်အတူ အမျိုးသား ညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ကိစ္စတွေကို ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်မလဲဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။ ထိုအခြေအနေတွေနဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒီးဒီးနှင့် ဖက်ဒရယ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းမှုများကို တင်ပြလိုက်ပါသည်။

အရင်ဆုံး ဆရာ့ကိုယ်ရေးအကျဉ်း မိတ်ဆက်ပေးပါ။
ကျွန်တော့်နာမည် ဦးဒီးဒီးပါ။ ကယားပြည်နယ် ဒီမိုကရက်တီပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ယေဘူယျ အားဖြင့် ဘယ်လိုမျိုးလဲ၊ မြန်မာပြည်မှာရော ဘယ်လို ပုံစံမျိုးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တည် ဆောက်သင့်လဲ ဆရာ။
အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ပြည်တွင်း စစ် နှစ်(၇၀)ကျော်ပေါ့နော်၊ ဒါကိုဖြေရှင်းဖို့ပေါ့။ အစိုးရမဖွဲ့ခင် အားလုံးလို လားတဲ့ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးကိစ္စတွေကို ပြေလည်အောင် လုပ် ပြီးမှ အဲဒီသဘောတူညီချက်တွေကို စီမံခန့်ခွဲမယ်ဆို တဲ့အစိုးရတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်မယ့်အစီအစဉ်၊ ယန္တရားလေးတွေ ပေါ်ထွက်အောင် လုပ်ပေးနိုင်ရမယ် လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး တွေများပြားတဲ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို ဖော်ဆောင်မယ်ဆိုရင် လွယ်ကူပါ့ မလား၊ ဘယ်လိုအားသာချက်တွေ၊ အားနည်းချက် တွေ ရှိမလဲဆရာ။
ဒါကတော့ နိုင်ငံရေးဆုံးဖြတ်ချက်ချနိုင်တဲ့ အုပ်စုတွေ၊ အဖွဲ့အစည်းတွေရဲ့နိုင်ငံရေး စေတနာ၊ စိတ်ဆန္ဒအပေါ် မူတည်တာပေါ့၊ ကျွန်တော်တို့ နှစ် (၇၀)အတွင်း ပဋိပက္ခဖြစ်နေတဲ့ အကြောင်းအရင်းတွေ ဘာကြောင့်လဲဆိုတာ အားလုံးလည်း သိနေတာပေါ့၊ ပဋိပက္ခဖြစ်နေတဲ့အကြောင်းအရင်းကိုလည်းသိတယ်၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတာလည်း သိနေတယ်၊ ဒါပေမယ့် မလုပ်ချင် ကြဘူးပေါ့နော်။ ဖြစ်နေတဲ့ ပဋိပက္ခတွေကိုဖြေရှင်းဖို့ဝိုင်းလုပ်လိုက်ရင် အဆင်ပြေ သွားမှာပေါ့နော်၊ Identity တွေကို အသိအမှတ် အပြု မခံရခြင်းတွေ၊ မှေးမှိန်အောင်ပြုလုပ်ခံတာတွေ၊ ဖိနှိပ် ခံရတာတွေကို တန်းတူအခွင့်အရေး၊ မြှင့်တင်ဖော် ထုတ်ခွင့်တွေမရလို့ပဲ နိုင်ငံရေးပြသနာတွေဖြစ်နေတာ ပေါ့။ အဓိကတော့ နိုင်ငံရေးစိတ်စေတနာရယ်၊ တကယ်လုပ်ချင်တဲ့စိတ်ဆန္ဒတွေရှိဖို့လိုတာပေါ့၊
နောက်တစ်ခုမေးချင်တာက အမျိုးသားညီညွတ်ရေး အစိုးရဖြစ်ပေါ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်မှုက ဘယ်လိုများဆက်စပ်နေမလဲ၊ ဆရာ ဘယ်လိုမြင်မိလဲ။
ဒီနှစ်ခုက တစ်ခုဖြစ်မှတစ်ခုဖြစ်မယ်လို့ ကျွန်တော် မမြင်ဘူး၊ အတူတူသွားမှရမယ်ဗျ။ နိုင်ငံရေးအရ အာမခံ ချက်တွေ၊ သဘောတူညီချက်တွေမရှိဘဲနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့လည်း ဘာမှထူးမှာမဟုတ်ဘူး။ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဖက်ဒရယ် ဒီမိုကရေစီကို အကောင်အထည်ဖော်နိုင်မှသာ ညီညွတ်ရေးဆိုတာ ဖြစ်လာမယ်၊ အဲဒီနှစ်ခုက တွဲသွားရမယ်လို့ ကျွန်တော် မြင်တယ်ဗျ။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ အမျိုး သားညီညွတ်ရေးအစိုးရတို့၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာ အာဏာရ အစိုးရက ဖော်ဆောင်နိုင်ပါ့မလား၊ ဘယ်လိုအခြေအနေများ ဖြစ်လာနိုင်မလဲဆရာ။
ကျွန်တော်ထင်တာတော့ ၂၀ဝ၈ ခြေ/ဥ အောက်မှာတော့ ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ အဓိကတော့ တိုင်းရင်းသား ပြည်သူတွေက တကယ် လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေး အဲဒါတွေ ရမှသာ ဖော်ဆောင်နိုင်မယ်လို့ထင်တယ်။ အဲ့ဒါတွေ မရဘဲနဲ့တော့ မဖြစ်နိုင်ဘူး။
NLD ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းမှာ စစ်မှန် သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်း သော ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးဆိုပြီး ပြဠာန်းထားတယ်ပေါ့နော်။ NLD ကပဲ ဆက်လက် အနိုင်ရရှိထားတယ်ဆိုတော့ သူ့အနေနဲ့ လာမယ့် ငါးနှစ်သက်တမ်းအတွင်းမှာ ဘာတွေကိုဖော်ဆောင် သင့်တယ်လို့ ဆရာအနေနဲ့မြင်မိလဲ။
အရင်ဆုံး ပြည်သူတွေကိုပြန်ပြီးမှ ရှင်းလင်းရမယ့် ဟာရှိတယ်။ ပြီးခဲ့တဲ့သက်တမ်းငါးနှစ်အတွင်း ပြည်သူ တွေအပေါ်မှာ သူတို့ အမှားအယွင်းကျူးလွန်ခဲ့တာ ရှိတယ်ဗျ။ အဲ့ဒါတွေကို NLD အရင်ဖြေရှင်းရမယ်။ ပြီးမှသာ သူတို့ ဘယ်လောက်ထိ လက်တွေ့ လုပ်မလဲ။ ကြေညာစာတမ်းကတော့ မဲရရှိရေး၊ အာဏာရရှိရေး အတွက် ပြောကြဆိုကြတာပေါ့။ ကျွန်တော်တို့ကတော့ လက်တွေ့ပဲ ကြည့်ချင်တယ်၊ လက်တွေ့လုပ်ရပ်ကို ကြည့်ပြီးမှ ကျွန်တော်တို့လက်ခံနိုင်မှာဖြစ်တယ်။
ရခိုင်၊ ရှမ်း၊ ကယားပြည်နယ်တွေမှာ အနိုင်ရတိုင်းရင်း သားပါတီတွေရှိထားတယ်၊ အနိုင်ရတိုင်းရင်းသား ပါတီတွေအနေနဲ့ လာမယ့်ငါးနှစ်သက်တမ်းအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး အတွက် ဘာတွေကို လုပ်ဆောင်သင့်တယ်လို့ ထင်လဲ။
အစိုးရအဖွဲ့ထဲ ဥပဒေရေးဆွဲတဲ့ကိစ္စတွေမှာ တိုင်းရင်းသားတွေဖြစ်ချင်တဲ့ဟာတွေကို လိုက်လျော ပေးရမယ်၊ ဥပမာအားဖြင့် ဥပဒေပြင်မယ်လို့ အဆို တင်သွင်းရင် NLD က ပြည်ထောင်စုမှာ အများဆုံး အနိုင်ရတာ ဖြစ်တဲ့အတွက် သူတို့က မထောက်ခံဘူးဆို ရင်ဖြစ်လာနိုင်စရာမရှိဘူးပေါ့။ အဲဒီလိုကိစ္စတွေမှာ သူတို့ကဘယ်လောက်ထိ ကျွန်တော်တို့နဲ့ ရပ်တည် မလဲဆိုတာကြည့်ပြီးမှ ကျွန်တော်တို့က ဆုံးဖြတ်လို့ ရမယ်။ ကျွန်တော်တို့ကတော့ အဆိုတွေ၊ မေးခွန်းတွေ မှာ အောင်မြင်နိုင်စရာမရှိဘူးဆိုပေမယ့် ပြောနေ တင်နေမှာပဲ၊ တင်လိုက်လို့ရှုံးတယ်ဆိုရင် ကျွန်တော့် တို့က ကိုယ့်မဲဆန္ဒနယ်ပြည်သူတွေကို ဘာကြောင့် ရှုံးတယ်ဆိုတာ ပြန်ရှင်းပြလို့ ရတာပေါ့။ ရှင်းပြလို့ ပြည်သူတွေဖက်က ငါတို့အနိုင်စားခံနေရပါလား၊ ငါတို့အများကြီးအနိုင်ရဖို့လိုတယ်လို့ သိလာတဲ့ အချိန်မှာ သူတို့ရဲ့ရေရှည်အနိုင်ရနိုင်ဖို့ကို ထိခိုက်လိမ့် မယ်။ သူတို့ပြောတဲ့တိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ် ဆိုတာ စာရွက်ပေါ်မှာပဲရှိတယ်၊ အပြောပဲရှိတယ်၊ လက်တွေ့မရှိဘူးဆိုတာ ပြည်သူတွေ သဘောပေါက် လာလိမ့်မယ်။ အဲ့ဒီအခါကျရင် သူတို့ပိုပြီးမှ နိုင်ငံရေး အကြပ်အတည်းတွေကြုံလာရမယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ လာမယ့်သက်တမ်းအတွင်းမှာ NLD အစိုးရကို ဘာတွေ အဓိကထားပြီး လုပ်ဆောင်စေချင် လဲ၊ အချက် (၃) ချက်လောက် ပြောပြပေးပါဆရာ။
ပထမအချက်အနေနဲ့ သူတို့အစိုးရဖွဲ့တဲ့အခါမှာ တိုင်းရင်းသားတွေကအနည်းစုအနိုင်ရပေမယ့် တိုင်း ရင်းသားတွေကို အစိုးရအဖွဲ့ထဲမှာ ပါဝင်ထည့်သွင်းစေ ချင်တယ်။ နံပါတ် (၂)အနေနဲ့ ဥပဒေပြုရေးနဲ့ဆိုင်တဲ့ ဟာမှာ တိုင်းရင်းသားတွေနဲ့အဆင်မပြေ တဲ့ဥပဒေတွေ၊ ဘတ်ဂျက်ခွဲဝေမှုတွေမှာ ပြည်နယ်နဲ့တိုင်း၊ မြို့ပြ ကျေးလက် ကွာဟနေတဲ့အရာတွေကို မျှမျှတတဖြစ် အောင် လုပ်စေချင်တယ်။ နံပါတ်(၃)အချက်အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် မယ်လို့ပြောရင် NLD အနေနဲ့ မူဝါဒတွေ၊ လမ်းစဉ် တွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ချမှတ် ပြီးမှ အားလုံးပါဝင်နိုင်တဲ့ တန်းတူညီတူ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုတွေရှိတဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ကိုလုပ်ဖို့ ကျွန်တော်ကတော့ ဖြစ်စေ ချင်ပါတယ်။
အယ်ဒီတာအဖွဲ့

 

Zawgyi

အမ်ိဳးသားညီၫြတ္ေရးအစိုးရႏွင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚထြန္းေရး

၂၀၂၀ ေရြးေကာက္ပြဲအၿပီးတြင္ NLD ပါတီမွ အျပတ္အသတ္အႏိုင္ရၿပီး ေနာက္ထပ္ အစိုးရသက္တမ္း ၅ ႏွစ္တာကာလကို ျပန္လည္ဦးေဆာင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။ NLD ၏ အႏိုင္ရရွိမႈႏွင့္အတူ အမ်ိဳးသား ညီညြတ္ေရးအစိုးရ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေပၚထြန္းေရး ကိစၥေတြကို ဘယ္လိုအေကာင္အထည္ေဖာ္ ေဆာင္ရြက္မလဲဆိုတဲ့ အသံေတြလည္း ထြက္ေပၚလာပါတယ္။ ထိုအေျခအေနေတြနဲ႔ပတ္သက္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ကယားျပည္နယ္အေျခစိုက္ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒီးဒီးႏွင့္ ဖက္ဒရယ္ဂ်ာနယ္မွ ေတြ႕ဆံုေမးျမန္းမႈမ်ားကို တင္ျပလိုက္ပါသည္။

အရင္ဆံုး ဆရာ့ကိုယ္ေရးအက်ဥ္း မိတ္ဆက္ေပးပါ။
ကြ်န္ေတာ့္နာမည္ ဦးဒီးဒီးပါ။ ကယားျပည္နယ္ ဒီမိုကရက္တီပါတီကေန ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္အျဖစ္ ေရြးခ်ယ္ခံထားရသူျဖစ္ပါတယ္။
အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုတာ ေယဘူယ် အားျဖင့္ ဘယ္လိုမ်ိဳးလဲ၊ ျမန္မာျပည္မွာေရာ ဘယ္လို ပံုစံမ်ိဳးနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တည္ ေဆာက္သင့္လဲ ဆရာ။
အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုတာ ျပည္တြင္း စစ္ ႏွစ္(၇၀)ေက်ာ္ေပါ့ေနာ္၊ ဒါကိုေျဖရွင္းဖို႔ေပါ့။ အစိုးရမဖြဲ႕ခင္ အားလံုးလို လားတဲ့ အာဏာခြဲေဝေရး၊ သယံဇာတခြဲေဝေရးကိစၥေတြကို ေျပလည္ေအာင္ လုပ္ ၿပီးမွ အဲဒီသေဘာတူညီခ်က္ေတြကို စီမံခန္႔ခြဲမယ္ဆို တဲ့အစိုးရတစ္ရပ္ကို ေဖာ္ေဆာင္ေပးႏိုင္မယ့္အစီအစဥ္၊ ယႏၲရားေလးေတြ ေပၚထြက္ေအာင္ လုပ္ေပးႏိုင္ရမယ္ လို႔ ကြ်န္ေတာ္ထင္ပါတယ္။
ကြ်န္ေတာ္တို႔ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူမ်ိဳး ေတြမ်ားျပားတဲ့အတြက္ အမ်ိဳးသားညီၫြတ္ေရး အစိုးရတစ္ရပ္ကို ေဖာ္ေဆာင္မယ္ဆိုရင္ လြယ္ကူပါ့ မလား၊ ဘယ္လိုအားသာခ်က္ေတြ၊ အားနည္းခ်က္ ေတြ ရွိမလဲဆရာ။
ဒါကေတာ့ ႏိုင္ငံေရးဆံုးျဖတ္ခ်က္ခ်ႏိုင္တဲ့ အုပ္စုေတြ၊ အဖြဲ႕အစည္းေတြရဲ႕ႏိုင္ငံေရး ေစတနာ၊ စိတ္ဆႏၵအေပၚ မူတည္တာေပါ့၊ ကြ်န္ေတာ္တို႔ ႏွစ္ (၇၀)အတြင္း ပဋိပကၡျဖစ္ေနတဲ့ အေၾကာင္းအရင္းေတြ ဘာေၾကာင့္လဲဆိုတာ အားလံုးလည္း သိေနတာေပါ့၊ ပဋိပကၡျဖစ္ေနတဲ့အေၾကာင္းအရင္းကိုလည္းသိတယ္၊ ဘယ္လိုေျဖရွင္းရမယ္ဆိုတာလည္း သိေနတယ္၊ ဒါေပမယ့္ မလုပ္ခ်င္ ၾကဘူးေပါ့ေနာ္။ ျဖစ္ေနတဲ့ ပဋိပကၡေတြကိုေျဖရွင္းဖို႔ဝိုင္းလုပ္လိုက္ရင္ အဆင္ေျပ သြားမွာေပါ့ေနာ္၊ Identity ေတြကို အသိအမွတ္ အျပဳ မခံရျခင္းေတြ၊ ေမွးမွိန္ေအာင္ျပဳလုပ္ခံတာေတြ၊ ဖိႏွိပ္ ခံရတာေတြကို တန္းတူအခြင့္အေရး၊ ျမႇင့္တင္ေဖာ္ ထုတ္ခြင့္ေတြမရလို႔ပဲ ႏိုင္ငံေရးျပသနာေတြျဖစ္ေနတာ ေပါ့။ အဓိကေတာ့ ႏိုင္ငံေရးစိတ္ေစတနာရယ္၊ တကယ္လုပ္ခ်င္တဲ့စိတ္ဆႏၵေတြရွိဖို႔လိုတာေပါ့၊
ေနာက္တစ္ခုေမးခ်င္တာက အမ်ိဳးသားညီၫြတ္ေရး အစိုးရျဖစ္ေပၚမႈနဲ႔ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ျဖစ္ေပၚမႈက ဘယ္လိုမ်ားဆက္စပ္ေနမလဲ၊ ဆရာ ဘယ္လိုျမင္မိလဲ။
ဒီႏွစ္ခုက တစ္ခုျဖစ္မွတစ္ခုျဖစ္မယ္လို႔ ကြ်န္ေတာ္ မျမင္ဘူး၊ အတူတူသြားမွရမယ္ဗ်။ ႏိုင္ငံေရးအရ အာမခံ ခ်က္ေတြ၊ သေဘာတူညီခ်က္ေတြမရွိဘဲနဲ႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရဖြဲ႕လည္း ဘာမွထူးမွာမဟုတ္ဘူး။ အလုပ္ျဖစ္မွာမဟုတ္ဘူး။ ဖက္ဒရယ္ ဒီမိုကေရစီကို အေကာင္အထည္ေဖာ္ႏိုင္မွသာ ညီၫြတ္ေရးဆိုတာ ျဖစ္လာမယ္၊ အဲဒီႏွစ္ခုက တြဲသြားရမယ္လို႔ ကြ်န္ေတာ္ ျမင္တယ္ဗ်။
၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို မျပင္ဘဲနဲ႔ အမ်ိဳး သားညီၫြတ္ေရးအစိုးရတို႔၊ ဖက္ဒရယ္ျပည္ေထာင္စု ဆိုတာ အာဏာရ အစိုးရက ေဖာ္ေဆာင္ႏိုင္ပါ့မလား၊ ဘယ္လိုအေျခအေနမ်ား ျဖစ္လာႏိုင္မလဲဆရာ။
ကြ်န္ေတာ္ထင္တာေတာ့ ၂၀ဝ၈ ေျခ/ဥ ေအာက္မွာေတာ့ ေဖာ္ေဆာင္ႏိုင္မွာမဟုတ္ဘူး။ အဓိကေတာ့ တိုင္းရင္းသား ျပည္သူေတြက တကယ္ လိုလားတဲ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ တန္းတူေရး အဲဒါေတြ ရမွသာ ေဖာ္ေဆာင္ႏိုင္မယ္လို႔ထင္တယ္။ အဲ့ဒါေတြ မရဘဲနဲ႔ေတာ့ မျဖစ္ႏိုင္ဘူး။
NLD ရဲ႕ေရြးေကာက္ပြဲေၾကညာစာတမ္းမွာ စစ္မွန္ ေသာ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုျဖစ္ထြန္း ေသာ ဖြဲ႕စည္းပံု အေျခခံဥပေဒေပၚေပါက္ေရးဆိုၿပီး ျပဠာန္းထားတယ္ေပါ့ေနာ္။ NLD ကပဲ ဆက္လက္ အႏိုင္ရရွိထားတယ္ဆိုေတာ့ သူ႔အေနနဲ႔ လာမယ့္ ငါးႏွစ္သက္တမ္းအတြင္းမွာ ဘာေတြကိုေဖာ္ေဆာင္ သင့္တယ္လို႔ ဆရာအေနနဲ႔ျမင္မိလဲ။
အရင္ဆံုး ျပည္သူေတြကိုျပန္ၿပီးမွ ရွင္းလင္းရမယ့္ ဟာရွိတယ္။ ၿပီးခဲ့တဲ့သက္တမ္းငါးႏွစ္အတြင္း ျပည္သူ ေတြအေပၚမွာ သူတို႔ အမွားအယြင္းက်ဴးလြန္ခဲ့တာ ရွိတယ္ဗ်။ အဲ့ဒါေတြကို NLD အရင္ေျဖရွင္းရမယ္။ ၿပီးမွသာ သူတို႔ ဘယ္ေလာက္ထိ လက္ေတြ႕ လုပ္မလဲ။ ေၾကညာစာတမ္းကေတာ့ မဲရရွိေရး၊ အာဏာရရွိေရး အတြက္ ေျပာၾကဆိုၾကတာေပါ့။ ကြ်န္ေတာ္တို႔ကေတာ့ လက္ေတြ႕ပဲ ၾကည့္ခ်င္တယ္၊ လက္ေတြ႕လုပ္ရပ္ကို ၾကည့္ၿပီးမွ ကြ်န္ေတာ္တို႔လက္ခံႏိုင္မွာျဖစ္တယ္။
ရခိုင္၊ ရွမ္း၊ ကယားျပည္နယ္ေတြမွာ အႏိုင္ရတိုင္းရင္း သားပါတီေတြရွိထားတယ္၊ အႏိုင္ရတိုင္းရင္းသား ပါတီေတြအေနနဲ႔ လာမယ့္ငါးႏွစ္သက္တမ္းအတြင္းမွာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုေပၚထြန္းေရး အတြက္ ဘာေတြကို လုပ္ေဆာင္သင့္တယ္လို႔ ထင္လဲ။
အစိုးရအဖြဲ႕ထဲ ဥပေဒေရးဆြဲတဲ့ကိစၥေတြမွာ တိုင္းရင္းသားေတြျဖစ္ခ်င္တဲ့ဟာေတြကို လိုက္ေလ်ာ ေပးရမယ္၊ ဥပမာအားျဖင့္ ဥပေဒျပင္မယ္လို႔ အဆို တင္သြင္းရင္ NLD က ျပည္ေထာင္စုမွာ အမ်ားဆံုး အႏိုင္ရတာ ျဖစ္တဲ့အတြက္ သူတို႔က မေထာက္ခံဘူးဆို ရင္ျဖစ္လာႏိုင္စရာမရွိဘူးေပါ့။ အဲဒီလိုကိစၥေတြမွာ သူတို႔ကဘယ္ေလာက္ထိ ကြ်န္ေတာ္တို႔နဲ႔ ရပ္တည္ မလဲဆိုတာၾကည့္ၿပီးမွ ကြ်န္ေတာ္တို႔က ဆံုးျဖတ္လို႔ ရမယ္။ ကြ်န္ေတာ္တို႔ကေတာ့ အဆိုေတြ၊ ေမးခြန္းေတြ မွာ ေအာင္ျမင္ႏိုင္စရာမရွိဘူးဆိုေပမယ့္ ေျပာေန တင္ေနမွာပဲ၊ တင္လိုက္လို႔႐ံႈးတယ္ဆိုရင္ ကြ်န္ေတာ့္ တို႔က ကိုယ့္မဲဆႏၵနယ္ျပည္သူေတြကို ဘာေၾကာင့္ ႐ံႈးတယ္ဆိုတာ ျပန္ရွင္းျပလို႔ ရတာေပါ့။ ရွင္းျပလို႔ ျပည္သူေတြဖက္က ငါတို႔အႏိုင္စားခံေနရပါလား၊ ငါတို႔အမ်ားႀကီးအႏိုင္ရဖို႔လိုတယ္လို႔ သိလာတဲ့ အခ်ိန္မွာ သူတို႔ရဲ႕ေရရွည္အႏိုင္ရႏိုင္ဖို႔ကို ထိခိုက္လိမ့္ မယ္။ သူတို႔ေျပာတဲ့တိုင္းရင္းသားေတြနဲ႔ပူးေပါင္းၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္မယ္ ဆိုတာ စာရြက္ေပၚမွာပဲရွိတယ္၊ အေျပာပဲရွိတယ္၊ လက္ေတြ႕မရွိဘူးဆိုတာ ျပည္သူေတြ သေဘာေပါက္ လာလိမ့္မယ္။ အဲ့ဒီအခါက်ရင္ သူတို႔ပိုၿပီးမွ ႏိုင္ငံေရး အၾကပ္အတည္းေတြႀကံဳလာရမယ္လို႔ ထင္ပါတယ္။
ေနာက္ဆံုးအေနနဲ႔ လာမယ့္သက္တမ္းအတြင္းမွာ NLD အစိုးရကို ဘာေတြ အဓိကထားၿပီး လုပ္ေဆာင္ေစခ်င္ လဲ၊ အခ်က္ (၃) ခ်က္ေလာက္ ေျပာျပေပးပါဆရာ။
ပထမအခ်က္အေနနဲ႔ သူတို႔အစိုးရဖြဲ႕တဲ့အခါမွာ တိုင္းရင္းသားေတြကအနည္းစုအႏိုင္ရေပမယ့္ တိုင္း ရင္းသားေတြကို အစိုးရအဖြဲ႕ထဲမွာ ပါဝင္ထည့္သြင္းေစ ခ်င္တယ္။ နံပါတ္ (၂)အေနနဲ႔ ဥပေဒျပဳေရးနဲ႔ဆိုင္တဲ့ ဟာမွာ တိုင္းရင္းသားေတြနဲ႔အဆင္မေျပ တဲ့ဥပေဒေတြ၊ ဘတ္ဂ်က္ခြဲေဝမႈေတြမွာ ျပည္နယ္နဲ႔တိုင္း၊ ၿမိဳ႕ျပ ေက်းလက္ ကြာဟေနတဲ့အရာေတြကို မွ်မွ်တတျဖစ္ ေအာင္ လုပ္ေစခ်င္တယ္။ နံပါတ္(၃)အခ်က္အေနနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ မယ္လို႔ေျပာရင္ NLD အေနနဲ႔ မူဝါဒေတြ၊ လမ္းစဥ္ ေတြကို ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား ခ်မွတ္ ၿပီးမွ အားလံုးပါဝင္ႏိုင္တဲ့ တန္းတူညီတူ အျပန္အလွန္ ေလးစားအသိအမွတ္ျပဳမႈေတြရွိတဲ့ ပူးေပါင္းေဆာင္ ရြက္မႈေတြ ကိုလုပ္ဖို႔ ကြ်န္ေတာ္ကေတာ့ ျဖစ္ေစ ခ်င္ပါတယ္။

အယ္ဒီတာအဖြဲ႕