• Today is: Saturday, April 20, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 59 , September 22, 2020)

၁။ RCSS ဖမ္းထားသူ လႊတ္ေပးဖို႔ တအာင္းပါတီ ေတာင္းဆို

၂။ ျမန္မာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ က်ယ္ျပန္႔သည့္ ပါဝင္မႈျဖင့္ ေလးနက္စြာလုပ္ေဆာင္ရန္ KNU တိုက္တြန္း

၃။ ေက်ာက္ေတာ္၊ေက်း႐ြာ ၂ ခု မီးရႈိ႕ ခံရမႈတြင္ ယမ္းထုပ္မ်ားႏွင့္ ယူနီေဖာင္းမ်ား သိမ္း ဆည္းရထားဟု AHRDPA ေျပာ

၄။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္သည္ KNU မူဝါဒႏွင့္ ေသြဖည္ေနၿပီးျဖစ္၍ ျပန္လည္တည့္မတ္ဖုိ႔လုိအပ္ဟု KNU Concerned Group ေျပာ

၅။ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေရးၿမိဳ႕နယ္ ငါးမွ်ားစခန္းတြင္ ငါးလွန္းစင္မ်ားႏွင့္ ေနအိမ္အခ်ိဳ႕ပ်က္စီး

၆။ ဖာပြန္တြင္ ႀကံ႕ခိုင္ေရး ႀကီးစိုးသည့္ အစဥ္အလာကို ထုိးေဖာက္မည္ဟု KNDP ကိုယ္စားလွယ္ေလာင္း ေျပာ

၇။ သီေပါ က်ားျဖဴ ပါတီ ဆိုင္းဘုတ္ ဖ်က္ဆီးခံရ

၈။ ကရင္နီလူငယ္အင္အားစုမ်ားက ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ ေအာင္ႏိုင္ေရးအတြက္ ဝန္းရံ၍ ရွားေတာၿမိဳ႕ နယ္ ေက်း႐ြာမ်ား၌ မဲဆြယ္စည္း႐ုံး

၉။ ေတာင္ႀကီးၿမိဳ႕ ျပည္တြင္းစစ္ ဆန႔္က်င္ၾက Photo Campaing ျပဳလုပ္

၁၀။ ျပည္တြင္းစစ္မ်ား ရပ္တန႔္ရန္ ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖြဲ႕ေတာင္းဆို

၁၁။ က်ိဳက္မေရာၿမိဳ႕နယ္ NLD ဆိုင္းဘုတ္ဖ်က္ဆီးသူ ေၾကေအးေတာင္းပန္ျခင္းမျပဳသျဖင့္ ဖမ္းဆီးအေရးယူ

၁၂။ မိုင္းလားၿမိဳ႕မွ ေ႐ႊ႕ေျပာင္းအလုပ္သမား (၆၀)ေက်ာ္ ေတာင္ႀကီးေရာက္

၁၃။ မြန္ႏွင့္ကရင္ျပည္နယ္အျပင္ ရန္ကုန္ ဧရာဝတီ တနသၤာရီတိုင္းတို႔တြင္ မြန္အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံးေရးစတင္

၁၄။ သွ်မ္းေျမာက္ သတ္ျဖတ္ခံရသည့္ အရပ္သားမ်ားအတြက္ အမႈမွန္ မျဖစ္ေသး

၁၅။ ေကအဲန္ယူ သထုံခ႐ိုင္ ကိုဗစ္ကာကြယ္ေရးဂိတ္ဖြင့္လွစ္မႈအေပၚ အစိုးရတပ္ဟန႔္တား

၁၆။ မယ္စဲ့တြင္ မဲဆြယ္ပြဲ ရက္တိုက္ေနေၾကာင္း NLD တင္ျပမႈေၾကာင့္ ေကာ္မရွင္က ရက္မ်ား ေျပာင္းလဲ

၁၇။ ဘူးသီးေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း ေညာင္ေခ်ာင္းအနီး ေမယုေတာင္ေက်ာ္လမ္းတြင္ ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္

၁၈။ ကိုဗစ္ကာလ သွ်မ္းေျမာက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ ျမင့္တက္ HST-NSS ေထာက္ျပ

၁၉။ ေနျပည္ေတာ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ခြဲ ဥကၠဌ အိမ္တြင္ လက္ပစ္ဗုံးတလုံး ထပ္ေတြ႕

၂၀။ ေမာ္လၿမိဳင္ အမွတ္(၁)ေဈးႀကီးတြင္ ပိတ္ထားသည့္ဆိုင္ခန္းပစၥည္းမ်ား ယာယီထုတ္ယူခြင့္ျပဳ

၂၁။ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးရန္ ကရင္နီအမ်ိဳးသမီးအစည္းအ႐ုံးတိုက္တြန္း

၂၂။ ေျမာက္ဦးတြင္ ပစ္ခတ္ခံရၿပီး ေဒသခံတစ္ဦးဒဏ္ရာရ၊ တစ္ဦးမွာ ဖမ္းဆီးခံထားရ

၂၃။ ေ႐ြးေကာက္ပြဲအတြင္း ကူးစက္မူမရွိေစရန္မဲ႐ုံတိုးခ်ဲ႕ ျပင္ဆင္ေနဟုဆို

၂၄။ စစ္ေရွာင္အသစ္ တစ္ေထာင္ခန႔္ အကူအညီမ်ား လိုအပ္

၂၅။ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ႏိုင္ငံေရးပါတီ ၉၂ ပါတီ ရွိသည့္အနက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ပါတီ သုံးပါတီသာရွိ

****************

၁။ RCSS ဖမ္းထားသူ လႊတ္ေပးဖို႔ တအာင္းပါတီ ေတာင္းဆို
September 21, 2020

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တပ္ဖြဲ႕က ထိန္းသိမ္းထားတဲ့ ရွမ္းျပည္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ ေခးအုံေအြ႕ေက်း႐ြာအုပ္စု ေဒသခံ မိုင္းလွစိန္ကို ျပန္လႊတ္ေပးဖို႔ တအာင္း(ပေလာင္)အမ်ိဳးသားပါတီက ေတာင္းဆိုလိုက္ပါ တယ္။ စက္တင္ဘာ ၁၅ ရက္ေန႔မွာ ေခၚယူထိန္းသိမ္းထားတာလို႔ မိုင္းကိုင္ၿမိဳ႕နယ္ တအာင္း(ပေလာင္) အမ်ိဳးသားပါတီ ဥကၠ႒ မိုင္းႏုမ္ဟန္က RFA ကို ေျပာပါတယ္။

စက္တင္ဘာလ ၁၄ ရက္ေန႔မွာ RCSS တပ္ဖြဲ႕ဝင္ေတြ ပန္မြမ္း႐ြာကို ဝင္ေရာက္လာခဲ့ၿပီး ေနာက္တစ္ေန႔မွာ မႈိရွာဖို႔ ေတာထဲ သြားတဲ့ မိုင္းလွစိန္ကို ႐ြာအျပင္လမ္းမွာ ဖမ္းဆီးေခၚေဆာင္သြားတာလို႔ ဆိုပါတယ္။ မိသားစုဝင္ေတြကေတာ့ ေတာထဲမွာ အဖမ္းခံထားရတဲ့ မိုင္းလွစိန္နဲ႔ ေတြ႕ခြင့္ရခဲ့တယ္လို႔ သိရပါတယ္။ မိုင္းလွစိန္ကို သံသယရွိလို႔ ေခၚယူစစ္ေဆးရာမွာ မူးယစ္ေဆး သုံးစြဲေၾကာင္းေတြ႕ရလို႔ ထိန္းသိမ္းထားတာလို႔ RCSS ေျပာခြင့္ရသူ ဒုတိယဗိုလ္မွဴးႀကီး စိုင္းအြမ္ေခးက RFA ကို ေျပာပါတယ္။ သူ႔ကို ဘယ္ေတာ့ျပန္လႊတ္မလဲလို႔ ေမးျမန္းရာမွာေတာ့ မူးယစ္ေဆးသုံးစြဲမႈ အေျခအေန စစ္ေဆးခ်က္အရ ထြက္လာတဲ့ အေျဖအေပၚမွာ မူတည္တယ္လို႔ ဆိုပါတယ္။

မိုင္းလွစိန္ဟာ မိုင္းကိုင္ၿမိဳ႕နယ္ တအာင္း(ပေလာင္)အမ်ိဳးသားပါတီ ေအာင္ႏိုင္ေရးအတြက္ ကူညီေနသူတစ္ဦးျဖစ္ၿပီး ပါတီဝင္ေဟာင္းတစ္ဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။ တအာင္းလူမ်ိဳးေတြ ေနထိုင္မႈမ်ားတဲ့ မိုင္းကိုင္ၿမိဳ႕နယ္မွာ တအာင္း (ပေလာင္) အမ်ိဳးသားပါတီက မဲဆႏၵနယ္အားလုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနပါတယ္။ ေဒသတြင္း လႈပ္ရွားေနတဲ့ RCSS တပ္မွဴးက ဝင္မၿပိဳင္ဖို႔ ဖိအားေပးတယ္လို႔ မိုင္းကိုင္ၿမိဳ႕နယ္ ပါတီ ဥကၠ႒ မိုင္းႏုမ္ဟန္က ေျပာပါတယ္။ ပါတီဆိုင္းဘုတ္ ေတြ စိုက္ထူတဲ့ေနရာမွာလည္း ဟန႔္တားခဲ့တယ္လို႔ ဆိုပါတယ္။

တအာင္း(ပေလာင္)အမ်ိဳးသားပါတီ ဗဟိုအတြင္းေရးမွဴး မိုင္းအုဏ္ခိုင္က မိုင္းကိုင္ၿမိဳ႕နယ္က အေျခအေနနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ တာဝန္ရွိသူေတြကို အေၾကာင္းၾကားဖို႔ စီစဥ္ထားၿပီး ပါတီဗဟို တာဝန္ရွိသူေတြ သြားေရာက္ေဆြးေႏြးမယ့္ အေျခအေနရွိတယ္လို႔ ေျပာပါတယ္။ မိုင္းကိုင္ၿမိဳ႕နယ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ ေ႐ြးေကာက္ပြဲဝင္ၾကမွာပါ။ https://www.rfa.org/burmese/news/tnp-party-demands-release-rcss-detainee-0921 2 020062725.html

****************

၂။ ျမန္မာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ က်ယ္ျပန္႔သည့္ ပါဝင္မႈျဖင့္ ေလးနက္စြာလုပ္ေဆာင္ရန္ KNU တိုက္တြန္း
September 21, 2020

ျမန္မာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ပကတိ အေျခအေနႏွင့္ကိုက္ညီေအာင္ ျပင္ဆင္မြမ္းမံၿပီး က်ယ္ျပန္႔သည့္ ပါဝင္မႈျဖင့္ ေလးနက္စြာ လုပ္ေဆာင္ရန္ ကရင္အမ်ဳိးအသားအစည္းအ႐ုံး-KNUက ယေန႔ (စက္တင္ဘာ ၂၁) တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔တြင္ တိုက္တြန္းလုိက္သည္။ တိုက္ပြဲျဖစ္ေနသည့္ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႔ အစည္းမ်ားအားလုံး ၿငိမ္ခ်မ္းေရး လုပ္ငန္းစဥ္တြင္ ပါဝင္ရမည္ျဖစ္ၿပီး ဖယ္ၾကဥ္ထားျခင္းခံရသည့္ လူထုအေျချပဳ အဖြဲ႔အစည္း မ်ား၊ ပါတီအဖြဲ႔အစည္းမ်ား၏ ပါဝင္မႈ ကို လည္း ေသခ်ာေစရန္ လိုအပ္ေၾကာင္း ယေန႔ ၿငိမ္းခ်မ္းေရးေန႔အေပၚ ထုတ္ျပန္သည့္ KNU ၏ သေဘာထား ထုတ္ျပန္ခ်က္၌ ဆိုထားသည္။“ အျပန္အလွန္ေလးစားကာ ဖိအားေပးလိုက္ေလ်ာေစမႈကင္းၿပီး ညႇိႏႈိင္းေဆြးေႏြး အေျဖရွာသည့္ ရလဒ္ကိုအေျခခံသည့္ လုပ္ငန္းစဥ္ျဖစ္ရပါမည္”ဟု ၎တို႔၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

ရခိုင္၊ ခ်င္းႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားအတြင္း တပ္မေတာ္၏ လူနည္းစုအေပၚ အၾကမ္းဖက္လုပ္ရပ္မ်ားက်ဴးလြန္ေနမႈႏွင့္ ၎က်ဴးလြန္မႈႏွင့္ပတ္သက္၍ လက္ရွိအစိုးရ၏ လ်စ္လ်ဴရႈထားမႈအေပၚ ကန္႔ကြက္ရႈတ္ခ်ေၾကာင္း ကရင္လူငယ္ကြန္ယက္(KYN)မွ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၉ရက္ ေန႔က ထုတ္ျပန္သည့္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔အတြက္ သေဘာထားထုတ္ျပန္ခ်က္တြင္လည္း ေျပာဆို ထားသည္။

ႏွစ္စဥ္ စက္တင္ဘာလ ၂၁ ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ကို ယခင္ႏွစ္မ်ားက ျမန္မာျပည္ေဒသအခ်ဳိ႕တြင္ အခမ္းအနားမ်ားျပဳလုပ္က်င္းပေလ့ရွိေသာ္လည္း လက္ရွိကမ႓ာ့ကပ္ေရာဂါက်ေရာက္မႈ အေျခ အေနမ်ားေၾကာင့္ လူစုလူေဝး အခမ္းအနားမ်ားက်င္းပႏိုင္ျခင္းမရွိဘဲ သက္ဆိုင္ရာအဖြဲ႔အစည္းမ်ား အသီးသီးမွ သေဘာထား ေၾကညာခ်က္မ်ား အသီးသီး ထုတ္ျပန္ေၾကညာၾကသည္။ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ကို ၁၉၈၂ ခုႏွစ္တြင္ ပထမဦးဆုံးအႀကိမ္အျဖစ္ စတင္က်င္းပခဲ့ၿပီး ၂၀၀၁ ခုႏွစ္တြင္ ကမၻာ့ကုလသမဂၢမွ စက္တင္ဘာလ ၂၁ ရက္ေန႔အား တရားဝင္က်င္းပသည့္ေန႔အျဖစ္ သတ္မွတ္ ခဲ့သည္။ ယေန႔က်ေရာက္သည့္ (၃၉) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ အတြက္ ကမ႓ာ့ ကုလ သမဂၢမွ အတူတကြ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ျခင္း(Shaping Peace Together) ဟူ၍ ေဆာင္ပုဒ္ခ် မွတ္ထားသည္။ http://kicnews.org/2020/09/%e1% 80%bb% e1%80%99%e1%80%94%e1 %80%b9%e1%80%99%e1%

***************

၃။ ေက်ာက္ေတာ္၊ေက်း႐ြာ ၂ ခု မီးရႈိ႕ ခံရမႈတြင္ ယမ္းထုပ္မ်ားႏွင့္ ယူနီေဖာင္းမ်ား သိမ္း ဆည္းရထားဟု AHRDPA ေျပာ
September 19, 2020

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ဘုရားေပါင္းေက်း႐ြာႏွင့္ေတာင္ေပါက္ေက်း႐ြာမီးရႈိခံရမႈတြင္ အိမ္မီးရႈိ႕ရာတြင္ အသုံးျပဳ ခဲ့သည့္ ယမ္းထုပ္မ်ား၊ ယူနီေဖာင္းမ်ားကို သိမ္းဆည္းရမိထားေၾကာင္း ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူ မ်ားအဖြဲ႕ (AHRDPA) မွ ဒါ႐ိုက္တာဦးျမတ္ထြန္းက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

“ဘုရားေပါင္းက ၉၇ ေဆာင္၊ ေတာင္ေပါက္ဆိုရင္ ၆၇ ေဆာင္အကုန္လုံး ၁၀၀ ေက်ာ္မီးတိုက္ခံရတဲ့အခါက်ေတာ့ အမ်ားဆႏၵကို ယူၿပီးလုပ္ရမွာပါ။ တခ်ိဳ႕အိမ္ေတြဆိုရင္ အိမ္ႀကီးေတြပါသြားတယ္။ အိမ္ေသးေသးေလးေတြကို မီးမရႈိ႕ခဲ့ဘူး။ ေနာက္ၿပီးေတာ့ သက္ေသခံပစၥည္းက သူတို႔မွာ မီးရႈိ႕ဖို႔ ပါလာတဲ့ ယမ္းထုပ္ေတြ ဘာေတြပါလာတယ္။ ယမ္းထုပ္ေတြ တြဲၿပီး ေတာ့ တမင္တကာ ရည္႐ြယ္ၿပီးေတာ့ မီးတိုက္တာ။ အဲဒီဟာေလး သက္ေသခံ ပစၥည္းသိမ္းဆည္းရလို႔ေတာ့ရွိပါတယ္။ သိမ္းထားပါတယ္။ ရဲလည္းပါတယ္။ တပ္လည္းပါတယ္။ တခ်ိဳ႕ဆိုရင္ ရဲက ယူနီေဖာင္းေတြ အက်ႌေတြ ေမ့က်န္ေနခဲ့တာ ေတြလည္းရွိတယ္။ အဲဒီဟာေတြကိုလည္း သိမ္းထားပါတယ္”ဟု ဦးျမတ္ထြန္းက ေျပာဆိုသည္။ AHRDPAက ယင္းေက်း႐ြာ ၂ ခုသို႔ ကြင္းဆင္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီးစက္တင္ ဘာလ ၁၃ ရက္ေန႔တြင္ ေနအိမ္ဆုံးရႈံးခဲ့သူ ဘုရားေပါင္း ေက်း႐ြာသား ဦးေမာင္ေမာင္သန္း ၏ ေျပာဆိုခ်က္ ဗီဒီယို၊ စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ ေနအိမ္မီးရႈိခံခဲ့ရသူ ေတာင္ေပါက္ေက်း႐ြာမွ ဦးခိုင္တို႔၏ ေျပာဆိုခ်က္ကို ဗီဒီယိုဖိုင္ႏွင့္တကြ ထုတ္ျပန္ခဲ့သည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က စက္တင္ဘာလ ၈ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္တြင္မူ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဘုရားေပါင္းေက်း႐ြာႏွင့္ ေတာင္ေပါက္ေက်း႐ြာတို႔အား တပ္မေတာ္က ႐ြာလုံးကြၽတ္ မီးရႈိ႕ခဲ့သည္ဆိုသည့္ သတင္းမွားမ်ား ကိုအဖြဲ႕အစည္းတခ်ိဳ႕က လုပ္ႀကံသတင္းမ်ား ျဖန႔္ေဝလ်က္ရွိေၾကာင္း၊ AA က မီးရႈိ႕ျခင္းျဖစ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။ https://www.khitthitnews.com/2020/09/%e1%80%80%e1%80%bb%e1% 80%b1% e1%80%ac%e1%80

**************

၄။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္သည္ KNU မူဝါဒႏွင့္ ေသြဖည္ေနၿပီးျဖစ္၍ ျပန္လည္တည့္မတ္ဖုိ႔လုိအပ္ဟု KNU Concerned Group ေျပာ
September 18, 2020 1361

လတ္တေလာ ေဖာ္ေဆာင္ေနဆဲ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သည္ ကရင္အမ်ဳိးသားအစည္းအ႐ံုး-KNU၏ ခ်မွတ္ထားသည့္ မူဝါဒ လမ္းစဥ္မ်ားႏွင့္ လုံးဝေသြဖည္ေနၿပီးျဖစ္၍ ျပန္လည္တည့္မတ္ရန္လုိအပ္ၿပီဟု KNU Concerned Group က ေျပာဆို လိုက္သည္။ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ရာစု ပင္လုံ စတုတၳ အစည္းအေဝးမွ ေနာက္ဆုံးထြက္ရွိလာသည့္ ရလဒ္မ်ားအေပၚ အေျခခံ၍ စက္တင္ဘာလ ၁၄ရက္မွ ၁၆ရက္ေန႔အထိ ျပဳလုပ္ခဲ့သည့္ ျပည္တြင္း၊ ျပည္ပ နယ္စပ္ရွိ ကရင္ မ်ားပါဝင္ေသာ ၎တို႔၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚသုံးသပ္မႈ အြန္လုိင္းအစည္းအေဝးအၿပီး ထိုသို႔ ေျပာဆိုခဲ့ျခင္းျဖစ္ သည္။

လက္ရွိ ေနာက္ဆုံးထြက္ေပၚလာသည့္ ျပည္ေထာင္စု သေဘာတူညီခ်က္မ်ားပါ အခ်က္အလက္မ်ားအရ NCA အေကာင္အ ထည္ေဖာ္မႈအတိုင္း ေရွ႕ဆက္သြားရာတြင္ ေရွ႕ဆက္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၏ အဆုံးသတ္သည့္ လက္နက္ကိုင္လမ္း စဥ္စြန္႔လႊတ္၍ ဥပေဒ ေဘာင္အတြင္းသြားရန္သာ ဦးတည္ေနေၾကာင္း အဖြဲ႔၏ ေျပာခြင့္ရ KNU ဒု-ဥကၠ႒ ေဟာင္း ပဒိုေနာ္စီ ဖိုးရာစိန္က ယခုလို ေျပာသည္။ ၎က “ ဒီ NCA လမ္းစဥ္အတိုင္း ေရွ႕ဆက္သြားမယ္ဆိုရင္ ေနာက္ဆုံးက လက္နက္ကိုင္ လမ္းစဥ္စြန္႔လႊတ္ ေရးကိုပဲ ေရာက္သြားမွာပဲ။ ဒါက က်မတို႔ ေကအဲန္ယူ ခ်မွတ္ထားခဲ့တဲ့ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးေရးမူ၊ လမ္းစဥ္ ေတြ ေစာဘဦးႀကီးရဲ႕ မူဝါဒ လမ္းစဥ္ေတြနဲ႔ အကုန္ဆန္႔က်င္ေနတာ ပဲျဖစ္တယ္” ဟု ေကအိုင္စီသို႔ ေျပာသည္။

၃ ရက္တာ ျပဳလုပ္ခဲ့သည့္ ယင္းအြန္လုိင္းအစည္းအေဝးတြင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လုံ စတုတၳ အႀကိမ္အစည္းအေဝး ရလဒ္အား သုံးသပ္ျခင္း၊ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ ( အဲန္စီေအ) ႏွင့္ ႏုိင္ငံေရးေဆြးေႏြးမႈဆုိင္ရာ မူေဘာင္အား သုံးသပ္ျခင္း၊ ကရင့္ေတာ္လွန္ေရး အေျခခံလမ္းစဥ္ႏွင့္ အနာဂတ္ ဖက္ဒရယ္ ျပည္ေထာင္စု ဖဲြ႔စည္းပုံဆုိင္ရာ အေျခခံမူ စသည္တုိ႔ကို အဓိက ေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။ KNU Concerned Group သည္ ၿပီးခ့ဲသည့္ ၂၀၁၇ ခုႏွစ္၊ ဇြန္လပိုင္းတြင္ ယခင္ ေကအဲန္ယူ ဒု-ဥကၠ႒ေဟာင္း ပဒိုေနာ္စီဖုိး ရာစိန္ပါဝင္သည့္ ေကအဲန္ယူ ေခါင္းေဆာင္ေဟာင္းအခ်ဳိ႕တုိ႔ ဦးေဆာင္ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၎တုိ႔၏ စုိးရိမ္ခ်က္ မ်ား၊ ရပ္တည္ခ်က္မ်ားကို အလ်င္းသင့္သလုိ သေဘာထား ထုတ္ျပန္မႈမ်ားျပဳလုပ္သည့္ အဖြဲ႔တစ္ဖဲြ႔ျဖစ္သည္။ http://kicn ews.org/2020/09/%e1%81%bf%e1%80%84% e1%80%ad%e1 %80%99%e1%80%b9%e1%80

***************

၅။ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေရးၿမိဳ႕နယ္ ငါးမွ်ားစခန္းတြင္ ငါးလွန္းစင္မ်ားႏွင့္ ေနအိမ္အခ်ိဳ႕ပ်က္စီး
September 20, 2020

ေရးၿမိဳ႕နယ္ေျမာက္ပိုင္း အံဒင္ေက်း႐ြာအုပ္စု ငါးမွ်ားစခန္းေက်း႐ြာ၌ စက္တင္ဘာ ၂၀ ရက္ေန႔ နံနက္ေစာေစာအခ်ိန္ခန႔္တြင္ ေလျပင္းတိုက္ခတ္မႈႏွင့္ ဒီေရတိုက္စားမႈတို႔ေၾကာင့္ ငါးလွန္းစင္မ်ားႏွင့္ ေနအိမ္အခ်ိဳ႕ ၿပိဳက်ပ်က္စီးခဲ့ေၾကာင္း သတင္းရရွိ သည္။ နံနက္ ၁ နာရီအခ်ိန္ခန႔္တြင္ ေလျပင္းစတိုက္ခတ္ခဲ့ၿပီး ငါးလွန္းစင္ ၂၀ ေက်ာ္ ၿပိဳက်ပ်က္စီးသြားေၾကာင္း ငါးမွ်ားစခန္း ေက်း႐ြာ အတြင္းေရးမွဴး ႏိုင္ဝင္းက ေျပာသည္။“ဒီ ၁၉ ရက္ေန႔၊ ည ၁ နာရီေက်ာ္ေလာက္မွာ ဒီေရလည္းတက္တယ္ ေလျပင္းလည္းတိုက္ေတာ့ ငါးလွန္းစင္ ၂၀ စင္ေလာက္ေတာ့ ပ်က္စီးသြားတယ္၊ ဆုံရႈံးမႈတန္ဖိုးကေတာ့ စင္တစ္စင္ဆိုရင္ သိန္း ၂၀၊ ၃၀ ေလာက္က်မယ္။ ခုက်ေနာ္တို႔ စာရင္းလိုက္ေကာက္ေနတယ္ ခန႔္မွန္းေျခအရဆို ဆုံးရႈံးမႈတန္ဖိုးအားလုံး သိန္း ၂၀၀ ဝန္းက်င္ေလာက္ရွိမယ္” ဟု ႏိုင္ဝင္းက ဆိုသည္။

ငါးမွ်ားစခန္းေက်း႐ြာတြင္ အိမ္ေျခ ၃၀၀ ေက်ာ္ရွိၿပီး၊ တံငါလုပ္ငန္းမ်ား လုပ္ကိုင္ေနၾကေသာ အလုပ္သမားမ်ားသည္ ေနအိမ္ ႏွင့္ ငါးလွန္းစင္ တြဲကပ္လ်က္ၿပီးေနထိုင္ၾကေၾကာင္း၊ ယင္းေက်း႐ြာ၌ ငါးလွန္းစင္ စုစုေပါင္း ၅၀ စင္ေက်ာ္ရွိေၾကာင္း သိရ သည္။ ေလျပင္းတိုက္ခတ္မႈ၌ ငါးလွန္းစင္ပ်က္စီးသြားသူ မိဇာေလးက “ခုဆိုမိုးလည္းကုန္ခါနီးၿပီးဆိုေတာ့ ေရမလာေတာ့ ဘူးထင္လို႔ ငါးလွန္းစင္ေတြထုတ္ၾကတာေပါ့ ခုေတာ့အားလုံးကုန္သြားတာ ေရကေတာ့ ထပ္ၿပီးေတာ့ စိုးရိမ္ေနရေသးတယ္။ ပင္လယ္ကလည္း ငါးဖမ္းခြင့္ပိတ္ထားတာဆိုေတာ့ အလုပ္သမားခတို႔ စားဝတ္ေနေရးတို႔ကေတာ့ ခက္ခဲျဖစ္တာေပါ့ေနာ္။ အလုပ္ကလည္းအဆင္မေျပေတာ့ ခုကအသစ္ျပန္ရင္းဖို႔က အခက္ခဲျဖစ္တယ္၊ ဒါေပမယ့္ ရွိသေလာက္နဲ႔ ျပန္လုပ္ရတာေပါ့ ေငြေရးေၾကးေရးကေတာ့ တအားခက္ခဲျဖစ္တာေပါ့” ဟု ၎က မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထို႔အတူ စက္တင္ဘာလ ၂၀၊ နံနက္ ၄ နာရီခန႔္၌ ေပါင္ၿမိဳ႕နယ္ အလွပ္ေက်း႐ြာအုပ္စု ေတာင္ပိုင္းေက်း႐ြာတြင္ ပင္လယ္ ဒီေရတိုက္စားမႈေၾကာင့္ ပင္လယ္ေရတားတမံတစ္ခုႏွင့္ လူေနအိမ္ ၄ လုံးပ်က္စီးသြားေၾကာင္း သိရသည္။ အလားတူ သံျဖဴဇရပ္ၿမိဳ႕နယ္ စက္စဲကမ္းေျခ၊ ျမအဏၰဝါ စားေသာက္ဆိုင္ ဝင္းေရွ႕တြင္ စက္တင္ဘာ ၂၀ ရက္ မြန္းလြဲပိုင္းအခ်ိန္ခန႔္က မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္တစ္ပင္ ၿပိဳလဲက်ခဲ့သျဖင့္ အမ်ိဳးသမီးတစ္ဦး သစ္ပင္ပိ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂ ရက္ေန႔၊ ကုလားဂုတ္ကြၽန္း အေပၚဆိပ္အနီး (ပသွ်ဴး ေခ်ာင္း) ၌လည္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ (၄၀) ေက်ာ္ပ်က္စီးခဲ့ၿပီး၊ ဆုံးရႈံးမႈတန္ဖိုး သိန္း (၁) ေထာင္ေက်ာ္ရွိ ေၾကာင္း သိရသည္။ http://burmese.monnew s.org/2020/09/21/%e1%80%9c%e1%80% b1%e1%8%95%e 1%80%bc%e1%

***************

၆။ ဖာပြန္တြင္ ႀကံ႕ခိုင္ေရး ႀကီးစိုးသည့္ အစဥ္အလာကို ထုိးေဖာက္မည္ဟု KNDP ကိုယ္စားလွယ္ေလာင္း ေျပာ
September 18, 2020

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္တြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ႀကီးစိုးေနသည့္ အစဥ္အလာကို ထုိးေဖာက္ မည္ဟု ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) ဖာပြန္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ ကိုယ္စားလွယ္ ေလာင္း ေနာ္သဇင္တုပ္ က ေကအိုင္စီသို႔ေျပာသည္။ “ဖာပြန္မွာစည္း႐ုံးေရး ဆင္းေတာ့ ကိုယ့္ဖက္တခ်ိဳ႕ျပန္ပါလာတယ္။ အမ်ိဳးသမီးကိုယ္စားလွယ္လည္း ျဖစ္ေတာ့။ အရင္က ေ႐ြးေကာက္ပြဲ အေတြ႕အႀကဳံမရွိေပမဲ့ ႀကံခိုင္ေရး ႀကီးစိုးတဲ့အစဥ္ အလာကို ထိုးေဖာက္ သြားမယ္။ ကရင္ပါတီအတြက္ အေျခကုတ္တခုခုရဖို႔ ရည္႐ြယ္ထားတယ္” ဟု သူမက ေျပာသည္။

ဖာပြန္တြင္ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္နယ္ေျမ အမ်ားအျပားရွိသည့္အတြက္ ၿမိဳ႕ေပၚ အနီးတဝိုက္ တြင္သာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ၿပီး ၂၀၁၀၊ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ က ရာႏႈန္းျပည့္ အႏိုင္ရရွိခဲ့သည့္ နယ္ေျမျဖစ္သည္။

“ အခုတေခါက္ေျပာေနၾကတာရွိတယ္၊ တိုင္းရင္းသားပါတီေတြ အလွည့္လို႔ေလ။ က်ေနာ္တို႔ေတာ့ ဒီလိုမ မွတ္ယူ ထားဘူး။ အတတ္ႏိုင္ဆုံး ႀကိဳးစားမယ္။ ရတာ မရတာ တစ္ပိုင္းေပါ့၊ ကိုယ္လုပ္ႏိုင္သေလာက္ လုပ္သြားမယ္” ဟု KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက ေျပာသည္။ လာမည့္ ေ႐ြးေကာက္ပြဲတြင္ ဖာပြန္ၿမိဳ႕နယ္၌ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ ရာႏႈန္း ျပည့္ပါဝင္ ယွဥ္ၿပိဳင္သြားမည္ျဖစ္သည္။ http://kicnews.org/2020/09/%e1%80%96%e1%80%ac%e1%80%95% e1%80%bc %e1%80%94%e1%80

**************

၇။ သီေပါ က်ားျဖဴ ပါတီ ဆိုင္းဘုတ္ ဖ်က္ဆီးခံရ
September 21, 2020

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္းရွိ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (SNDP) က်ားျဖဴပါတီ ဆိုင္းဘုတ္ ဖ်က္ဆီးခံရေၾကာင္း စုံစမ္းသိရွိရသည္။ အဆိုပါ SNDP ဆိုင္းဘုတ္ ဖ်က္ဆီးခံရျခင္းႏွင့္ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ကို ေသခ်ာမသိရွိေသးေၾကာင္း၊ လက္ရွိမွာ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ သာေတြ႕ရွိထားေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (SNDP) ပါတီ၏ အေထြေထြအတြင္းေရးမႉး စိုင္းဘိုးေအာင္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

“ဒီ ကိစၥနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔လူ အေၾကာင္းၾကားလာျခင္းမရွိေသးဘူး။ ဘယ္လို အေရးယူသြားမယ္ ဆိုတာ က်ေနာ္တို႔ မဆုံးျဖတ္ရေသးဘူး။ အြန္လိုင္းမွာပဲ ျမင္ေသးေတာ့ ဘာမွေတာ့ ေျပာလို႔မရေသးဘူး” ဟု စိုင္းဘိုးေအာင္ က ေျပာသည္။ ပါတီ ဆိုင္းဘုတ္ ဖ်က္ဆီးခံရသည့္အေပၚ စိစစ္သြားၿပီး အေရးယူမည့္ ကိစၥ ဆုံးျဖတ္သြားမည္ ဟုလည္း စိုင္းဘိုးေအာင္ က ေျပာသည္။ သွ်မ္းျပည္တြင္း တိုင္းရင္းသား စည္းလုံးညီၫႊတ္မႈ မရွိေၾကာင္း ျပသသည့္ ျပယုဒ္ ျဖစ္သည့္အတြက္ေၾကာင့္ သွ်မ္းျပည္တြက္ ဆုံးရႈံးမႈျဖစ္ေစေၾကာင္း က်ားျဖဴပါတီ၏ အေထြေထြ အတြင္းေရးမွဴး ဦးဘိုးေအာင္ ကေျပာသည္။ “သွ်မ္းအခ်င္းခ်င္း ေျခထိုးေနျခင္း၊ သွ်မ္းျပည္သားအခ်င္းခ်င္း ဖ်က္ဆီးျခင္းဟာ သွ်မ္းျပည္အတြက္ ဆုံးရႈံးမႈ ပဲျဖစ္ ပါတယ္” ဟု ဦးဘိုးေအာင္ ကေျပာသည္။

သီေပါၿမိဳ႕နယ္ တြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲခ်ဳပ္ (SNLD)၊ ႀကံ့ခိုင္ေရး ပါတီ( USDP)၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီ (SNDP)၊ တအာင္း အမ်ိဳးသားပါတီ (TNP) ၊ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP)၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစု (NDF) ႏွင့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ (UBP) တို႔ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟုသိရသည္။ https://burmese.shannews.org/archives/18558

****************

၈။ ကရင္နီလူငယ္အင္အားစုမ်ားက ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ ေအာင္ႏိုင္ေရးအတြက္ ဝန္းရံ၍ ရွားေတာၿမိဳ႕ နယ္ ေက်း႐ြာမ်ား၌ မဲဆြယ္စည္း႐ုံး
19 September 2020

ကရင္နီလူငယ္အင္အားစုမ်ားက ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ ေအာင္ႏိုင္ေရးအတြက္ ဝန္းရံ၍ ရွားေတာၿမိဳ႕နယ္ ေက်း႐ြာမ်ားသို႔ သြားေရာက္ၿပီး လူငယ္အင္အား ၁၀၀ ေက်ာ္ခန႔္ျဖင့္ မဲဆြယ္စည္း႐ုံး လ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ ဝန္းရံ ရာတြင္ အျခားၿမိဳ႕နယ္မ်ားမွ ဝင္ေရာက္၍ ေ႐ြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္း လူငယ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“ ဒီရွားေတာၿမိဳ႕နယ္မွာ ဝင္ၿပိဳင္မယ့္ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီက ကိုယ္စားလွယ္ေတြက ေ႐ြးေကာက္ပြဲနီးမွ မဲလိုခ်င္လို႔ေနရာရခ်င္လို႔ ဝင္အေ႐ြးခံတဲ့ပုဂၢိဳလ္ေတြ မဟုတ္ဘူး။ သူတို႔သမိုင္းေၾကာင္း အရင္ေလ့လာဖို႔ ကြၽန္ေတာ္အေနနဲ႔ ေမတၱာရပ္ခံပါတယ္။ သူတို႔က အရင္ကတည္းက ကြၽန္ေတာ္တို႔ ကယားျပည္နယ္ အေရး၊ ၿငိမ္းခ်မ္းေရး၊ လူငယ္အေရး၊ အမ်ိဳးသမီးေရးလုပ္ခဲ့တဲ့သူေတြ ျဖစ္တယ္။ ခုမွ ေ႐ြးေကာက္ပြဲနီးမွ ေပၚလာတဲ့လူေတြ မဟုတ္ဘူးဆိုတာ အသိေပးေစခ်င္ တယ္။ ေနာက္တစ္ခုကသူတို႔က ျပည္နယ္က လူေတြသိတယ္။ ေဒသခံေတြျဖစ္တယ္။ ျပည္နယ္ကိုခ်စ္ျမတ္ႏိုးတဲ့ သူေတြ ျဖစ္တယ္။ တခ်ိဳ႕က ေနရာမရခင္ ကိုယ္စားလွယ္မျဖစ္ခင္ ပါတီထက္ ျပည္နယ္အေရးကို ဦးစားေပးမယ္လို႔ ေႂကြးေၾကာ္ၿပီးမွ ျပည္နယ္အေရးႀကဳံလာတဲ့အခ်ိန္မွာ ျပည္နယ္ဘက္ မရပ္တည္ဘဲ ပါတီဘက္ရပ္တည္တဲ့သူေတြရွိတယ္။ ကြၽန္ေတာ္တို႔ ကရင္နီျပည္ရဲ႕သမိုင္းကို မထီေလးစားျပဳတဲ့သူေတြရွိတယ္။ ဒီလိုလူကို ေနာက္ထပ္ ေနရာထပ္ေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ျပည္နယ္ကို ထပ္ေစာ္ကားလိမ့္မယ္။ သူတို႔ျပည္နယ္သမိုင္းကို ေမွးမွိန္ေအာင္ လုပ္ၾကလိမ့္မယ္။

ဒီလိုလူေတြကို ထပ္မေ႐ြးဖို႔ လိုမယ္။ ကိုယ့္ျပည္နယ္ကိုခ်စ္ၿပီး ကိုယ့္ျပည္နယ္ကို ေစာင့္ေရွာက္မယ့္ ပုဂၢိဳလ္ေတြကို ေ႐ြးခ်ယ္ၾကဖို႔ ကြၽန္ေတာ့္အေနနဲ႔ ေမတၱာရပ္ခံခ်င္တယ္” ဟု ကရင္နီလူငယ္ေခါင္းေဆာင္တစ္ဦးျဖစ္ေသာ ကိုဒီးဒီးက ေဒါဝယ္ေရာေက်း႐ြာေန ျပည္သူမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားသည္။

ကရင္နီလူငယ္မ်ားမွာ လြိဳင္ေကာ္ၿမိဳ႕မွ ေတာင္ကုန္းေတာင္တန္းထူထပ္ေသာ ရွားေတာၿမိဳ႕နယ္ ေက်း႐ြာမ်ားသို႔ တစ္႐ြာဝင္ တစ္႐ြာထြက္ သြားေရာက္၍ မဲဆြယ္စည္း႐ုံးေရးအတြက္ ဝန္းရံလွည့္လည္ၾကၿပီး ေဒသခံမ်ားအား ေဟာေျပာၾကသည္ဟု သိရသည္။ ကရင္နီလူငယ္အင္အားစုမ်ားမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲကာလတြင္ NLD ပါတီႏွင့္ ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္မ်ားတြင္ ဝန္းရံ၍ လုံၿခဳံေရးတာဝန္၊ ဌာေနတိုင္းရင္းသားဘာသာစကား စကားျပန္တာဝန္ႏွင့္ မဲ႐ုံ ေစာင့္ၾကည့္ေလ့လာေရးတာဝန္မ်ားအား ကူညီေပးခဲ့ၾကသူမ်ား ျဖစ္ေၾကာင္းသိရသည္။ ရွားေတာၿမိဳ႕နယ္သည္ ေတာင္ယာ လုပ္ငန္း ကိုသာ အဓိကထားလုပ္ကိုင္ၾကသည့္ ဌာေနတိုင္းရင္းသား ကယားလူမ်ိဳးမ်ား အမ်ားဆုံးေနထိုင္ၿပီး လူဦးေရ ၇၀၀၀ ေက်ာ္ရွိကာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၅၁၄၇ ဦးရွိေၾကာင္း သိရသည္။ https://news-eleven.com/article/193051

***************

၉။ ေတာင္ႀကီးၿမိဳ႕ ျပည္တြင္းစစ္ ဆန႔္က်င္ၾက Photo Campaing ျပဳလုပ္
September 22, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးတြင္ စက္တင္ဘာ ၂၁ရက္က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔၌ ျပည္တြင္းစစ္ဆန႔္က်င္ၾက “ Photo Campaing” ကို ျပဳလုပ္ခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။ ေ႐ြးေကာက္ပြဲနီးလာခ်ိန္ ျဖစ္သည့္ အတြက္ ရခိုင္ျပည္ ႏွင့္ ခ်င္းျပည္ အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားရပ္တန႔္ေပးရန္ တြန႔္အားေပးခ်င္သည့္အေနျဖင့္ “ ျပည္တြင္းစစ္ကိုဆန႔္က်င္”သည့္ ကမ္ပိန္း ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ျမန္မာ့ ၿငိမ္းခ်မ္းေရး ႏွင့္ လုံၿခဳံေရး သိပၸံ ဒါ႐ိုက္တာ ကိုဝင့္ထည္ေကာင္းျမတ္ က ေျပာသည္။

“ ေ႐ြးကာက္ပြဲရွိေနတာနဲ႔တစ္ၿပိဳင္နက္ထဲဘဲ ရခိုင္ျပည္ နဲ႔ ခ်င္းျပည္နယ္ မွာ စစ္ပြဲေတြျဖစ္ေနတယ္။ လူထုေတြကလည္း သိရွိမႈအားနည္းတယ္။ အစိုးရေတြကေတာ့ သိရွိေပမယ့္ ဒီအေပၚမွာကို က်ယ္က်ယ္ေလာင္းေလာင္းနဲ ျပည္သူထိခိုက္မႈေတြ ကို လုပ္ေဆာင္ေပးဖို႔ ပ်က္ကြက္ေနတယ္။ အဲေပၚမွာ က်ေနာ္တို႔ တြန္းအားတစ္ခုေပးခ်င္တဲ့ အေနနဲ႔ ျပဳလုပ္တာပါ” ကိုဝင့္ထည္ေကာင္းျမတ္ က ေျပာသည္။ လက္ရွိအခ်ိန္ထိ ရခိုင္ျပည္ စစ္ပြဲ အတြင္း ေသဆုံးသူ (၂၉၀) ရွိၿပီး၊ မသန္းစြမ္းသူ ၆၅၀ ႏွင့္ စစ္ေဘးေရွာင္း ျပည္သူ ၂ သိန္းေက်ာ္ရွိၿပီး ျဖစ္ေၾကာင္း ကိုဝင့္ထည္ေကာင္းျမတ္ ကေျပာသည္။“က်ေနာ္တို႔ လူငယ္ အေနနဲ႔ ျပည္တြင္းစစ္ကို အတူဆန႔္က်င္မယ္ဆိုရင္ တေန႔က်ရင္ က်ေနာ္တို႔လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးကို ရႏိုင္မယ္။ က်ေနာ္တို႔ ျပည္သူေတြအားလုံး က ဒီျပည္တြင္းစစ္ကို ဆန္က်င္မယ္ဆိုရင္ က်ေနာ္တို႔လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မယ္” ဟု ကမ္ပိန္းပြဲကို တက္ေရာက္လာသည့္ လူငယ္ ကိုေဇာ္ ကေျပာသည္။

အဆိုပါ Photo Campaing ကို အရပ္အဖြဲ႕အစည္းမ်ား၊ မိုင္းပန္လူငယ္အဖြဲ႕အစည္း၊သွ်မ္းေတာင္း အမ်ိဳးသမီးအဖြဲ႕၊ တရားဥပေဒစိုးမိုးေရး အဖြဲ႕ ႏွင့္ လူငယ္ (၆၀) ခန႔္ တို႔ပူေပါင္းပါဝင္ခဲ့ၿပီး၊ “ျပည္တြင္းစစ္ဆန႔္က်င္ၾက” ဆိုသည့္ စာသားကို ကိုင္ကာ ဓာတ္ပုံ႐ိုက္ျခင္း၊ ၿငိမ္းခ်မ္းေရး အတြက္ စကားေျပာၾကားျခင္းတို႔ ျပဳလုပ္ေၾကာင္းသိရသည္။ စက္တင္ဘာ ၂၁ ရက္ သည္ ကမာၻ႔ကုလသမဂၢ အဖြဲ႕မွသတ္မွတ္ထားသည့္ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ျဖစ္သည္။ https://burmese. shannews.org/archives/18573

***********

၁၀။ ျပည္တြင္းစစ္မ်ား ရပ္တန႔္ရန္ ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖြဲ႕ေတာင္းဆို
22 September 2020

ႏွစ္ေပါင္း (၇၀) နီးပါးျဖစ္ပြားခဲ့ေသာ ျမန္မာ့ျပည္တြင္းစစ္ကို အဆုံးသတ္ရန္ စက္တင္ဘာလ ၂၁ ရက္ေန႔ ကမာၻ႔ၿငိမ္းခ်မ္းေရး ေန႔တြင္ ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕ WMR က ထုတ္ျပန္ေတာင္းဆိုခဲ့သည္။ တိုင္ရင္းသားေတာ္လွန္ေရးအဖြဲ႕မ်ား ႏွင့္ အစိုးရ၊ တပ္မေတာ္ၾကား အသိတရားျဖင့္ နားလည္မႈတည္ေဆာက္ၿပီး ၿငိမ္းခ်မ္းေရးကို အတူတကြေဖာ္ေဆာင္ရန္ ထုတ္ျပန္ျခင္းျဖစ္သည္ဟု ဆိုသည္။ လက္ရွိ Covid-19 ေရာဂါ ကူးစက္မႈႏႈန္းျမင့္တက္ေနခ်ိန္တြင္ အပစ္အခတ္ရပ္ဆိုင္းေရး ကို လက္ေတြ႕လုပ္ေဆာင္ျခင္းမရွိပဲ ရခိုင္ျပည္နယ္တြင္ ျပင္းထန္သည့္ထိုးစစ္ႏွင့္အတူ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္လည္း စစ္ဆင္ေရးမ်ား ထပ္မံျပဳလုပ္လာသည္ကို ေတြ႕ေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ရွမ္းျပည္နယ္ေျမာက္ပိုင္းဘက္မွာလည္း ထိုးစစ္ဆင္မႈေတြ ျပန္ၿပီးမွရွိလာတယ္၊ ၿပီးရင္ ရခိုင္ျပည္မွာလည္း တိုက္ပြဲေတြႏွင့္ ထိုးစစ္ဆင္မႈေတြဆက္တိုက္ရွိေနတယ္ ဆိုေတာ့ တစ္ဖက္မွာလည္း ကမာၻ႔ကပ္ေရာဂါ Covid-19 လည္း ျမန္မာျပည္အႏွံ႔ ကူးစက္မႈႏႈန္းအရွိန္ျမင့္လာေနတယ္။ ဒါေတြကိုစဥ္းစားၿပီး တစ္ႏိုင္ငံလုံး ေအးခ်မ္းသာယာဝေျပာလာဖို႔ရန္ႏွင့္ တန္းတူညီမွ် ေရး၊ တို႔ကိုေရွ႕ရႈၿပီး စစ္ပြဲမ်ား၊ ပဋိပကၡမ်ားရပ္တန႔္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ေတြ႕ဆုံေဆြးေႏြးရန္ တိုက္တြန္းလိုတာေၾကာင့္ ထုတ္ျပန္ရျခင္းျဖစ္တယ္”ဟု ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဆရာဦးအင္ခြမ္တန္ဂြန္း က ေျပာသည္။

ကခ်င္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ျပည္သူမ်ားလုံၿခဳံစိတ္ခ်စြာေနရပ္ျပန္ႏိုင္ေရးအတြက္ တပ္မေတာ္ႏွင့္ ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ၾကား Bilateral အဆင့္ အပစ္ရပ္သေဘာတူလက္မွတ္ထိုးထားႏိုင္မွ ယုံၾကည္မႈရရွိ ႏိုင္မည္ဟု ဆိုသည္။ ကမာၻ႔ကုလသမဂၢမွ ၁၉၈၁ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႔တြင္ ကမာၻ႔ၿငိမ္းခ်မ္းေရးေန႔အျဖစ္ UNGAS တြင္ သေဘာတူညီမႈရရွိခဲ့ၾကသည္။ https://burmese.kachinnews.com/2020/09/2 2/%e1%80 %95%e 1%80%bc%e1%80%8a%e1%80%ba%e1

*****************

၁၁။ က်ိဳက္မေရာၿမိဳ႕နယ္ NLD ဆိုင္းဘုတ္ဖ်က္ဆီးသူ ေၾကေအးေတာင္းပန္ျခင္းမျပဳသျဖင့္ ဖမ္းဆီးအေရးယူ
September 19, 2020

မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ ေကာ့သပ္ေက်း႐ြာ၌ စိုက္ထူထားေသာ NLD ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္ ဖ်က္ဆီးသူ လူငယ္တစ္ဦးက ေၾကေအးေတာင္းပန္ျခင္းမျပဳသျဖင့္ က်ိဳက္မေရာၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးအေရးယူထားေၾကာင္း သတင္းရ ရွိသည္။ မြန္ေက်း႐ြာတြင္ NLD ဆိုင္းဘုတ္ေထာင္ျခင္းကို လုံးဝလက္မခံသလို ေတာင္းပန္ျခင္းလည္းမျပဳသည့္ အဆိုပါ အသက္ ၂၈ ႏွစ္အ႐ြယ္ ေကာ့သပ္ေက်း႐ြာသားက စက္တင္ဘာလ ၁၁ ရက္ေန႔ မြန္းလြဲ ၃ နာရီအခ်ိန္ခန႔္တြင္ ယင္းကဲ့သို႔ ဆိုင္းဘုတ္ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။

က်ိဳက္မေရာၿမိဳ႕နယ္ NLD အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေဇာ္ဦးက “က်ေနာ္တို႔ဖက္က ပထမစဥ္းစားပါတယ္ ေကာင္ေလးဖက္က ေၾကေအးဖို႔ေတာင္းပန္ရင္ က်ေနာ္တို႔ဖက္က ေၾကးေအးဖို႔အဆင္သင့္ပါ သူ႔ရဲ႕အေနအထားက လုံးဝေတာင္းပန္တဲ့အေနအထားမဟုတ္ဘူး က်ေနာ္တို႔ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒ ပုဒ္မ ၅၇၊ ၅၈ နဲ႔ အမႈဖြင့္ခဲ့တာေပါ့၊ တကယ္လို႔ သူ႔ဖက္က က်ေနာ္တို႔ကို ေတာင္းပန္မယ္ဆိုရင္ ဒီဟာကို ဆက္လုပ္ဖို႔အစီအစဥ္မရွိဘူး၊ ဒါေပမယ့္ သူ႔ပုံစံက လုံးဝလက္မခံေတာ့ အဲဒါနဲ႔က်ေနာ္တို႔အမႈဖြင့္တာပါ”ဟု ဆိုသည္။ ေကာ့သပ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴးက “ သူ႔မိဘေတြကို က်ေနာ္တို႔ေခၚေတြ႕တယ္ NLD ကိုေခၚတယ္ ဒါကိုယ့္႐ြာသားေတြအားလုံးျဖစ္ၾကတဲ့အတြက္ က်ေနာ့္အေနနဲ႔ ညႇိႏႈိင္းေျဖရွင္း ေပးမယ္ ဆုံးရႈံးမႈေတြအတြက္ ေလ်ာ္ေပးလိုက္ပါဆိုေတာ့ သူျပန္ေျပာတာက မေလ်ာ္ႏိုင္ဘူး မြန္႐ြာမွာ NLD ဆိုင္းဘုတ္ လာၿပီးမေထာင္နဲ႔ဆိုေတာ့ က်ေနာ္ကလည္း ညီေလးေရဒါမ်ိဳးမေျပာသင့္ဘူး ခြင့္ျပဳခ်က္နဲ႔အားလုံး ေထာင္လို႔ရပါတယ္လို႔၊ ဒါကိုသူကလုံးဝလက္မခံဘူးဆိုေတာ့ ရဲလက္ကိုပဲ အပ္လိုက္တာေပါ့” ဟု ဆိုသည္။

ေ႐ြးေကာက္ပြဲ ဥပေဒပါ ပုဒ္မ ၅၇၊ ပုဒ္မ ၅၈(ခ)၊ ပုဒ္မ ၅၈(ဃ)၊ ပုဒ္မ ၆၀၊ ပုဒ္မ ၆၁(ခ)ႏွင့္ ပုဒ္မ ၆၁(ဂ)တို႔သည္ ရဲ အေရးပိုင္ သည့္ ပုဒ္မမ်ားျဖစ္သည့္အတြက္ ရဲစခန္းတြင္ အမႈဖြင့္ႏိုင္ၿပီး ေ႐ြးေကာက္ပြဲ မတိုင္မီျဖစ္ေစ၊ ေ႐ြးေကာက္ပြဲေန႔ တြင္ျဖစ္ေစ၊ ေ႐ြးေကာက္ပြဲအၿပီး ၁၅ ရက္အတြင္းျဖစ္ေစ အေရးယူပိုင္ခြင့္ရွိေၾကာင္း၊ ျပစ္မႈထင္ရွားပါက ၁ ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ က်ပ္ ၁ သိန္းထက္ မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ခံရႏိုင္ေၾကာင္း ျပဌာန္းထားသည္။ https ://www.bnionline.net/mm/news-75614

****************

၁၂။ မိုင္းလားၿမိဳ႕မွ ေ႐ႊ႕ေျပာင္းအလုပ္သမား (၆၀)ေက်ာ္ ေတာင္ႀကီးေရာက္
September 21, 2020

အထူးေဒသ(၄) မိုင္းလားတြင္ သြားေရာက္အလုပ္လုပ္သည့္ ေ႐ႊ႕ေျပာင္းအလုပ္သမား (၆၀)သည္ ယေန႔ မြန္းလႊဲပိုင္း ၂ နာရီ ခန႔္ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။

ထို ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ မိုင္းလား မွျပန္လာၿပီး ေတာင္ႀကီးသို႔ ေခတၱခဏနားကာ သက္ဆိုင္ရာ ၿမိဳ႕သို႔ ျပန္လည္ပို႔ေဆာင္ေပးသြားမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစီးဌာန ဒုတိယဦးစီးမွဴး ဦးခြန္သက္ေႏွာင္း က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“မိုင္းလာကေနတစ္ဆင့္ ျပန္လာမဲ့သူေတြျဖစ္ပါတယ္။ ဒီတစ္ေခါက္ ကေတာ့ (၆၀) ေက်ာ္ထက္ဝင္လာတယ္။ က်ေတာ္တို႔ က ဒီကေနတစ္ဆင့္ ကားကို ျပန္စီစဥ္ေပးၿပီး သင္ဆိုင္ရာၿမိဳ႕နယ္ကို ျပန္ပို႔ေပးတာပါ”ဟု ဒုတိယဦးစီးမွဴး ဦးခြန္သက္ေႏွာင္း က ေျပာသည္။ အဆိုပါဝင္လာသူမ်ားကို သက္ဆိုင္ရာၿမိဳ႕သို႔ ျပန္ပို႔ ရာတြင္ ကားခမ်ားကို တစ္ခ်ိဳ႕ကိုသာ အစိုးရဘက္မွ ေထာက္ပံ့ေပးေၾကာင္း သိရသည္။“ဒီကိုေရာက္လာတဲ့ သူေတြကေတာ့ တစ္ခ်ိဳ႕က ကားခကို တက္ႏိုင္ၾကတယ္။ လုံး၀ ေငြေၾကး အခက္ခဲရွိတဲ့သူ ေတြကိုေတာ့ က်ေတာ္တို႔ဖက္ေန ၿပီးေထာက္ပံ့ ေပးတယ္” ဟု ဦးခြန္သက္ေႏွာင္းက ေျပာသည္။ သွ်မ္းျပည္နယ္ေတာင္းပိုင္း ေတာင္ႀကီးၿမိဳ႕ထဲ သို႔ ေ႐ႊေျပာင္း အလုပ္သမား မ်ားကို မိမိေနထိုင္ရာသို႔ ျပန္ပို႔ေဆာင္ေပးရာတြင္ ဧၿပီလ မွ စတင္လက္ခံၿပီး အခုခ်ိနိထိ (၅၀၀၀) ေက်ာ္ရွိၿပီးျဖစ္ေၾကာင္း သိရသည္။ ေတာင္ႀကီးၿမိဳ႕ထဲသို႔ ျမဝတီမွ တရားဝင္ ျဖင့္ ဝင္ေရာက္လာသူမ်ားကို Quarantine ထားရာတြင္ အစိုးရဖက္မွ စားစရိတ္မ်ားကို ေထာက္ပံ့ေပး့ၿပီး ကိုယ့္ၿမိဳ႕နယ္ ကိုယ္အစီနဲလာသူမ်ားကို တစ္ရက္ကို (၄၀၀၀) ႏႈန္းျဖင့္ Quarantine ဝင္ရသည္ ဟု ဦးခြန္သက္ေႏွာင္း က ေျပာသည္။ https://burmese.sha nnews.org/archives/18566

*************

၁၃။ မြန္ႏွင့္ကရင္ျပည္နယ္အျပင္ ရန္ကုန္ ဧရာဝတီ တနသၤာရီတိုင္းတို႔တြင္ မြန္အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံးေရးစတင္
September 19, 2020

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မြန္ႏွင့္ ကရင္ျပည္နယ္အျပင္ ရန္ကုန္၊ ဧရာဝတီႏွင့္ တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္မ်ားတြင္ မြန္အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ယခူအခါ မဲဆြယ္စည္း႐ုံးေရးမ်ား စတင္ေဆာင္႐ြက္ ေနၿပီဟု ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
“က်မတို႔ကားတန္းနဲ႔ လွည့္လိုက္တယ္ တစ္ေခါက္ၿပီးသြားၿပီ အဆင္ေတာ့ေျပပါတယ္ က်မတို႔အတြက္ မဲေသခ်ာေပါက္ရ မယ္လို႔ေတာ့ မေျပာႏိုင္ဘူး ဒါေပမယ့္ မြန္အမ်ိဳးသမီးေတြက်ေတာ့လည္း လူေတြကအမ်ားႀကီး လက္ခံတဲ့အေနအထား ခ်စ္ခင္တဲ့အေနအထားေတြေတာ့ ျမင္ေနရ တာေပါ့ေနာ္ က်မတို႔အတြက္လမ္းပြင့္ေနၿပီလို႔ေျပာလို႔ ရပါတယ္၊ က်မတို႔ပါတီ ေတာ့ လူေတြအားလုံးက သိသြားတာေပါ့ေနာ္ ပါတီေၾကာ္ျငာတာေလာက္ကေတာ့ ရမယ္ ဒါေပမယ့္ ေျပာလို႔မရဘူးေလ အေျခအေနကလည္း ရႏိုင္တဲ့အေနအထားလည္း ရခ်င္ရသြားမွာေပါ့ ျပည္သူက်ေတာ့လည္း က်မတို႔ကိုလိုလားေနတဲ့အပိုင္း ေတြ ရွိပါတယ္” ဟု မိသန္းရွင္က ဆိုသည္။

မိေအးဇာဝင္းက “က်မတို႔ေတာင္ဥကၠလာေပါ့ေနာ္ ဆိုင္းဘုတ္တင္အခမ္းအနားလုပ္ၿပီးေတာ့ ဆိုင္းဘုတ္တင္တယ္ က်မတို႔ ရပ္ကြက္က မြန္နည္းနည္းပါးပါး ေခၚၿပီးေတာ့ က်မတို႔ကိုယ္ မိတ္ဆက္တယ္ အဲေလာက္ပဲ က်မတို႔လုပ္ထားပါေသးတယ္ မြန္ျပည္နယ္နဲ႔ေတာ့ မတူးဘူးေပါ့ရွင္ ဒီမွာမဲဆြယ္စည္း႐ုံးေရးလုပ္ရတဲ့အခါက်ေတာ့ မြန္ျပည္နယ္က်ေတာ့ အင္တိုက္အား တိုက္ရွိတာေပါ့ေနာ္ က်မတို႔က်ေတာ့ တိုင္းရင္းသားေပါင္းစုံကို က်မတို႔က စုၿပီးေနထိုင္တဲ့ေဒသျဖစ္လို႔မို႔လို႔ က်မတို႔က တိုင္းရင္းသားအားလုံးအတြက္ကိုပဲ အခုဟာက ဖက္ဒရယ္ကိုသြားမွာဆိုလို႔ရွိရင္ ဖက္ဒရယ္ကိုပဲ က်မတို႔က မဲဆြယ္စည္း႐ုံး ေရး ဆင္းရမွာပါရွင့္”ဟု ေျပာသည္။

“အခုလက္ရွိေလာေလာဆယ္ ျပည္သူေတြရဲ႕တုံ႔ျပန္မႈက အေျခအေနေကာင္းတယ္လို႔ ေျပာရမွာေပါ့ေနာ္ ဒီသြားခဲ့တဲ့ ေနရာ ဆိုလို႔ရွိရင္ ေကာ့ဘိန္းရယ္ ေကာ့ေပါက္ရယ္ ၿပီးလို႔ရွိရင္ မင္း႐ြာရယ္ အဲဒါက်ေတာ့ ပါတီဆိုင္းဘုတ္ႀကီး ကိုယ့္ရဲ႕ပိုစတာေတြ ေပါ့ေနာ္ တင္ျဖစ္ခဲ့တယ္ အဲမွာဆိုလို႔ရွိရင္ လူငယ္ေတြ ဆိုလို႔ရွိရင္ ပိုၿပီးအားရတာေပါ့ေနာ္ က်မဝင္ၿပိဳင္လိုက္တဲ့အတြက္ေပါ့ ေနာ္ တခ်ိဳ႕႐ြာေတြမွာဆိုလို႔ရွိရင္ မိန္းခေလးေတြ ႏိုင္ငံေရးဘက္ကို ပိုၿပီးေတာ့စိတ္ဝင္စားလာတယ္ အဲဒီအတြက္ က်မဝမ္း သာတာေပါ့ေနာ္ ေနာက္တစ္ခု ကိုယ္က မိန္းခေလးျဖစ္တဲ့အတြက္ ကိုယ္က ႏိုင္ငံေရးအေတြ႕အႀကဳံလည္း အျခားသူေတြနဲ႔ စာလို႔ရွိရင္ ကိုယ္ကနည္းနည္း အားနည္းတာေပါ့ေနာ္ အခ်ိဳ႕ဆိုလို႔ရွိရင္ ေျပာၾကတယ္ ႏုေသးတာေပါ့ အဲလိုေျပာၾကတဲ့ လူလည္း ရွိတာေပါ့ေနာ္”ဟု မိေအးယဥ္ဝင္းက ဆိုသည္။ https://www.bnionline.net/mm/news-75613

***************

၁၄။ သွ်မ္းေျမာက္ သတ္ျဖတ္ခံရသည့္ အရပ္သားမ်ားအတြက္ အမႈမွန္ မျဖစ္ေသး
September 20, 2020

သွ်မ္းျပည္အတြင္း အရပ္သားမ်ား မၾကာခဏ သတ္ျဖတ္ခံရေသာ္လည္း က်ဴးလြန္သည့္ တရားခံမ်ား တႀကိမ္တခါမွ မေပၚ ေပါက္ မဖမ္းမိဘဲ အမႈမ်ားမွာ အလိုအေလ်ာက္ၿပီးဆုံးခဲ့ရသည္။ မ်ားေသာအားျဖင့္ သတ္ခံရသည့္ အရပ္သားမ်ားသည္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ ႏွင့္ ဆက္စပ္သူမ်ားဟု အစိုးရ တပ္မေတာ္ဘက္မွ အစဥ္အၿမဲ ေျပာဆိုထားသည္ကို ေတြ႕ျမင္ရသည္။ သို႔ေသာ္ သတ္ျဖတ္ခံရသည့္ အရပ္သားမ်ားသည္ ေတာေတာင္ လယ္ယာထဲတြင္ အလုပ္လုပ္ေနၾကသည့္ ေတာင္ေပၚတိုင္းရင္းသားမ်ားျဖစ္ၿပီး မိခင္ဘာသာစကားမွလြဲၿပီး တျခားဘာသာစကားအားနဲၾကကာ စစ္ေၾကာင္းႏွင့္ ေတြ႕ခ်ိန္၊ လက္နက္ကိုင္မ်ားႏွင့္ေတြ႕ခ်ိန္ ထိတ္လွန႔္ ေၾကာက္႐ြံၿပီး ထြက္ေျပးၾကသလို တခ်ိဳ႕မွာလည္း စစ္ေဆးေမးျမန္းသည္ကို ျပန္မေျဖတတ္၊ မေျဖႏိုင္ၾကသျဖင့္ ႐ိုက္ႏွက္ဖမ္းခ်ဳပ္သတ္ျဖတ္ျခင္းခံၾကရသည္။

လက္ရွိ ယခု လပိုင္းအတြင္း ျဖစ္ပြားခဲ့သည့္ သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ ႏွင့္ မူဆယ္ၿမိဳ႕နယ္ အတြင္း တအာင္း (ပေလာင္) ႐ြာသားမ်ား သတ္ျဖတ္ခံရသည့္ အေပၚ အမႈမွန္ေပၚေပါက္ရန္ လိုအပ္ေၾကာင္း တအာင္း ျပည္သူမ်ားက ေတာင္း ဆိုၾကသည္။ လြန္ခဲ့သည့္ ၾသဂုတ္ ၂၁ ရက္ကလည္း သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ နမ့္ကတ္ေက်း႐ြာအုပ္စုတြင္ ေဒသခံ(၂)ဦးႏွင့္ နမ့္ခမ္းၿမိဳ႕နယ္ လြယ္မြန္းေက်း႐ြာ ေဒသခံ (၁) ဦး၏ ႐ုပ္အေလာင္းကို တူးေဖာ္ေတြ႕ရွိခဲ့သည္။ ထိုသူ (၃)ဦးသည္ လြန္ခဲ့သည္ ေမလကုန္က စတင္ေပ်ာက္ဆုံးခဲ့သူျဖစ္ၿပီး၊ ၃လ အၾကာမွ အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း မူဆယ္ၿမိဳ႕ တအာင္းစာေပ ယဥ္ေက်းမႈ ေကာ္မတီ ဥကၠဌ ဦးညီေအာင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ထိုနယ္ေျမ အတြင္းသို႔ လြန္ခဲ့သည့္ ၃ လခန႔္က အစိုးရ တပ္မေတာ္ တပ္မ(၉၉ ) လာေရာက္ လႈပ္ရွားခဲ့ေၾကာင္း ေဒသခံ သံဃာမ်ားႏွင့္ ျပည္သူမ်ားက ေျပာဆိုၾကသည္။“ အခု မူဆယ္ အေလာင္း (၃)ေလာင္းကိစၥက ခက္ေတာ့ခက္တယ္။ တပ္မ(၉၉) ကလည္း အဲ့နယ္ေျမမွာ လႈပ္ရွားမႈမရွိဘူးေျပာတယ္။ သူတို႔ ကျငင္းဆိုထားတယ္”ဟု ဦးညီေအာင္ ကေျပာ သည္။ ထိုသို႔သတ္ခံရၿပီး ေျမျမဳပ္ထားသည့္ အေလာင္း (၃)ေလာင္းသည္ ေတာထဲတြင္ မီးေသြးဖုတ္သည့္ ႐ြာသားမ်ား၊ ေတာထဲတြင္ ရွာေဖြစားေသာက္ေနသည့္ အရပ္သားျပည္သူမ်ားျဖစ္ေၾကာင္း ဦးညီေအာင္ က ေျပာျပသည္။

သွ်မ္းျပည္ေျမာက္ပိုင္း အတြင္း အစိုးရတပ္မေတာ္ မွ က်ဴးလြန္သည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အမႈေပါင္း (၁၄၅) ခုရွိၿပီး စုစုေပါင္း ျပစ္မႈ က်ဴးလြန္ခံရသည့္ ေဒသခံ ၄၁၇ ဦးရွိေၾကာင္း တအာင္း အမ်ိဳးသမီးအဖြဲ႕အစည္း (TWO) ထုတ္ျပန္ခ်က္ အရ သိရသည္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားမွာ တပ္သားမ်ားမွ ျပည္သူမ်ားကို ႐ိုက္ႏွက္ျခင္း၊ စစ္သားစုေဆာင္းျခင္း၊ စစ္ဘြတ္ ဖိနပ္စီးၿပီး ကန္ျခင္း၊ တုတ္-ဝါးလုံးျဖင့္ ႐ိုက္ႏွက္ျခင္း၊ လက္သီးျဖင့္ ထိုးႏွက္ျခင္း၊ ေသနတ္ျဖင့္ ႐ိုက္ႏွက္ျခင္း တို႔ျဖစ္ေၾကာင္း TWO ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။“အရာရာကို စိုးရိမ္ေနရတယ္။ တိုက္ပြဲျဖစ္မွာကို စိုးရိမ္ရသလိုတိုက္ပြဲ မျဖစ္ ရင္လည္း စစ္ေၾကာင္းတက္လာရင္ ေပၚတာဆြဲတာ။ စစ္ေဆးတာခံရတယ္။ မေျဖႏိုင္ရင္ ႐ိုက္တယ္။ ေၾကာက္ေနရတယ္”ဟု သွ်မ္းေျမာက္ ကြတ္ခိုင္နယ္ေျမတြင္ ေနထိုင္သည့္ အမ်ိဳးသမီး တဦးကေျပာသည္။ https://burmese.shannews.org /archives/18545

***************

၁၅။ ေကအဲန္ယူ သထုံခ႐ိုင္ ကိုဗစ္ကာကြယ္ေရးဂိတ္ဖြင့္လွစ္မႈအေပၚ အစိုးရတပ္ဟန႔္တား
September 19, 2020

ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္အတြင္းရွိ၊ ေကအဲန္ယူ၊ သထုံခ႐ိုင္ ထိန္းခ်ဳပ္နယ္ေျမ ခလယ္ဟယ္႐ြာ (ေညာင္တုန္း႐ြာ) လမ္း၌ ကိုဗစ္ ကာကြယ္ေရးဂိတ္ ဖြင့္လွစ္မႈအေပၚ ေဒသတြင္း စခန္းလာထိုင္ထားသည့္ အစိုးရစစ္တပ္က စက္တင္ ဘာ ၁၈ ႏွင့္ ၁၉ ရက္မ်ားတြင္ လာေရာက္ဟန႔္တားမႈ ျပဳလုပ္ခဲ့သည္ဟု သထုံခ႐ိုင္ အတြင္းေရးမႉး ပဒိုေစာစိုးျမင့္က ေျပာသည္။“က်ေနာ္တို႔ ကိုဗစ္ကာကြယ္ေရးဂိတ္ကို ခြင့္ျပဳခ်က္မရွိဘဲဖြင့္လို႔မရဘူးဆိုၿပီး လာကန႔္ကြက္တယ္။ ဂိတ္ကို ျဖဳတ္ခိုင္း တယ္။ က်ေနာ္တို႔ကလည္း ျပန္ရွင္းျပေတာ့ စကားအေခ်အတင္မ်ားတယ္”ဟု ပဒိုေစာစိုးျမင့္က စက္တင္ဘာ ၁၉ ရက္ေန႔တြင္ ေကအိုင္စီသို႔ ေျပာသည္။

ေကအဲန္ယူ-ကရင္အမ်ိဳးသား အစည္းအ႐ုံး၊ သထုံခ႐ိုင္ႏွင့္ အနီးတဝိုက္တြင္ ကိုဗစ္ အတည္ျပဳလူနာေတြ႕ရွိလာမႈ ႏွင့္အတူ ထိန္းခ်ဳပ္နယ္ေျမအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လာမည္ကို ေဒသခံမ်ားစိုးရိမ္ကာ ကာကြယ္တားဆီးေရးဂိတ္ထားရွိရန္ ေတာင္းဆိုမႈေၾကာင့္ သထုံခ႐ိုင္တာဝန္ရွိသူမ်ားက က်န္းမာေရး စစ္ေဆးေရးဂိတ္ကို စက္တင္ ဘာ ၁၈ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ျခင္းျဖစ္သည္။ ထိုသို႔ က်န္းမာေရးလုပ္သားမ်ားက ကိုဗစ္ကာကြယ္ေရးဂိတ္ ဖြင့္လွစ္ထားမႈအေပၚ အစိုးရ စစ္တပ္ စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္-စကခ ၄၊ ေျချမန္တပ္ရင္း -ခမရ ၄၀၉ လက္ေအာက္ခံ ေညာင္႐ြာစခန္းရွိ အရာရွိ တဦီးပါအဖြဲ႕က စက္တင္ဘာ ၁၈ ရက္၊ ေန႔လည္ ၁၂ နာရီခန႔္တြင္ လာေရာက္ဟန႔္တားၿပီး ဂိတ္ကို ဓါတ္ပုံ႐ိုက္ယူရန္ ျပဳလုပ္ခဲ့သည္။

အဆိုပါ ေကအဲန္ယူ၊ သထုံခ႐ိုင္၊ ဖားအံၿမိဳ႕နယ္၊ ခလယ္ဟယ္႐ြာတြင္ ကိုဗစ္ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ဧၿပီလ အတြင္း က်န္းမာေရး စစ္ေဆးသည့္ဂိတ္ ထားရွိခဲ့ဖူးၿပီး ကိုဗစ္ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈနည္းသြားခ်ိန္တြင္ ဂိတ္ကို ျပန္လည္ ပိတ္သိမ္းခဲ့ကာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈမ်ား ျပားလာသည့္ ယခုအခ်ိန္တြင္ တဖန္ျပန္ဖြင့္လွစ္ျခင္းျဖစ္သည္ဟု ခ႐ိုင္တာဝန္ရွိသူမ်ားက ေျပာသည္။ ၿပီးခဲ့သည့္ ဧၿပီလတုန္းကလည္း ေကအဲန္ယူ သထံုခရိုင္ ေမာ္စကိုေဒသ ေထာင္မွဴး ေက်းရြာအုပ္စု ေစ်းမသြယ္ရြာတြင္ ဖြင့္လွစ္ထားသည့္ Covid -19 ေရာဂါကာကြယ္ေရး က်န္းမာေရး စစ္ေဆး ေရးဂိတ္တစ္ခုအား တပ္မေေတာ္၏ ဖိအားေပးမႈေၾကာင့္ ဖ်က္သိမ္းခဲ့ရဖူးသည္ဟု ေကအဲန္ယူဘက္က ေျပာသည္။ http://kicnews.org/2020/09/%e1% 80%b1%e1%80%80%e1%80%a1%e1%80%b2%e1%80%94%e1%

***************

၁၆။ မယ္စဲ့တြင္ မဲဆြယ္ပြဲ ရက္တိုက္ေနေၾကာင္း NLD တင္ျပမႈေၾကာင့္ ေကာ္မရွင္က ရက္မ်ား ေျပာင္းလဲ
19 September 2020

ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္တြင္ ကယန္းအမ်ိဳးသား ပါတီ (KNP) ႏွင့္ မဲဆြယ္စည္း႐ုံးေရး ရက္တိုက္သြားေသာေၾကာင့္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီက ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးကို တင္ျပခဲ့ၿပီး ေကာ္မရွင္က မဲဆြယ္ပြဲရက္မ်ား ေျပာင္းလဲေပးခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာလ ၁၂ ရက္ေန႔က ကယားျပည္နယ္ မယ္စဲ့ၿမိဳ႕နယ္၊ မယ္စဲ့ေက်း႐ြာအုပ္စု၊ ဟိုစဲ့ေက်း႐ြာတြင္ ကယန္းအမ်ိဳးသား ပါတီဝင္မ်ားႏွင့္ NLD ပါတီမွ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိတို႔ မဲဆြယ္ စည္း႐ုံးေရး ဆင္းသည့္ရက္ တိုက္ဆိုင္သြားေသာေၾကာင့္ NLD က ေ႐ြးေကာက္ပြဲ ေကာ္မရွင္သို႔ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း KNP ပါတီ ဥကၠ႒ ခြန္းဘီထူး (ခ) လြီးစီၿငိမ္းက ေျပာသည္။ မယ္စဲ့ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးမွ အမည္မေဖာ္လိုသည့္ တာဝန္ရွိသူတစ္ဦးက ဦးအယ္လ္ေဖာင္းရႈိ ကိုယ္တိုင္ ဖုန္းျဖင့္ ေကာ္မရွင္႐ုံးသို႔ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း မဇၩိမကို အတည္ျပဳသည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္း႐ုံးေရးဆင္းမည့္ ေန႔ရက္မ်ားကို မတိုက္ေအာင္ ပါတီ ရွစ္ခုမွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ႏွစ္ဦးတို႔ကို ေခၚၿပီး ရက္ျပန္လည္ သတ္မွတ္ေပး ခဲ့ၿပီး ျဖစ္ေၾကာင္းလည္း ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးက ေျပာသည္။

KNP ပါတီ ဥကၠ႒ ခြန္းဘီထူးက “ဥပမာ ေက်ာက္စု ဆိုတဲ့႐ြာကို ကြၽန္ေတာ္တို႔ သြားခဲ့ၿပီးၿပီ။ ဒါေပမယ့္ အခု အခ်ိန္ဇယား ျပန္ဆြဲေတာ့ မနက္ျဖန္ဆို ေက်ာက္စု႐ြာကို ကြၽန္ေတာ္ ျပန္သြားရေတာ့မလိုလို ျဖစ္သြားတယ္။ ဘယ္လိုေခၚမလဲ၊ ရက္ေတြ အေျပာင္းအလဲ ျဖစ္သြားတဲ့အတြက္ ကေမာက္ကမ ျဖစ္သြားကုန္တယ္” ဟု ေျပာသည္။ မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး KNP ပါတီ ဥကၠ႒ ခြန္းဘီထူးက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ပါဝင္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ KNP ပါတီကို အသက္အငယ္ဆုံး ၂၈ ႏွစ္အ႐ြယ္မွ အသက္ ၄၀ အ႐ြယ္အတြင္း လူလတ္ ပိုင္းမ်ားက ဦးေဆာင္၍ ကယားျပည္နယ္ရွိ ဒီးေမာ့ဆိုႏွင့္ မယ္စဲ့ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ရွိ ဖယ္ခုံၿမိဳ႕နယ္ ၊ ကရင္ျပည္နယ္ရွိ သံေတာင္ႀကီးၿမိဳ႕နယ္၊ ေနျပည္ေတာ္ရွိ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္ ဝင္ေရာက္ ယဥ္ၿပိဳင္သြားမည္ ျဖစ္သည္။ http://www.mi zzimaburmese.com/article/73623

**************

၁၇။ ဘူးသီးေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း ေညာင္ေခ်ာင္းအနီး ေမယုေတာင္ေက်ာ္လမ္းတြင္ ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္
September 19, 2020

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမယုေတာင္ထဲ ေညာင္ေခ်ာင္းေက်ာ္လမ္းတြင္ ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္ တပ္ေတာ္ (AA) တို႔အၾကား ၂ ရက္ဆက္တိုက္တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု သတင္းရရွိသည္။ တိုက္ပြဲျဖစ္ပြားရာ ကံ့ေကာ္ၿမိဳင္ နတလစံျပေက်း႐ြာသား တစ္ဦးက “ပထမျဖစ္တာက စက္တင္ဘာ ၁၆ ရက္ ေန႔လယ္မွာ ဒိုးတန္းေခ်ာင္းထဲမွာ ျဖစ္ပါတယ္။ မေန႔က စက္တင္ဘာ ၁၇ ရက္ေန႔မွာ ေညာင္ေခ်ာင္း ေတာင္ေက်ာ္လမ္းမွာ ျဖစ္ပါတယ္။ တိုက္ပြဲျဖစ္ေနတာ ႏွစ္ရက္ဆက္ တိုက္ရွိေနပါၿပီ။ ဒီေန႔ေတာ့ အသံမၾကားရေသးပါဘူး”ဟု ေျပာၾကားသည္။ ယခုတိုက္ပြဲျဖစ္ပြားေနသည့္ ေနရာသည္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းမွ ေမာင္ေတာၿမိဳ႕နယ္ ဥေဒါင္းေက်း႐ြာကို ေမယုေတာင္ကို ျဖတ္ၿပီး ေဖာက္လုပ္ေန သည့္ ကားလမ္း အနီးဝန္းက်င္တြင္ ျဖစ္ပြားေနသည္ဟု သိရသည္။

“ ပထမေန႔ ျဖစ္တာက ၁၂ နာရီေက်ာ္ ၁ နာရီေလာက္ စျဖစ္တယ္။ မိနစ္ ၂ဝ ၾကာခဲ့ပါတယ္။ ဒိုးတန္းေခ်ာင္းထဲ ဒညင္းေတာ ရွိတယ္။ အဲဒီမွာ လင္းလုပ္ေခါင္းေတာင္ဆိုတာ ရွိတယ္။ အဲဒီမွာ ျဖစ္ၾကတယ္။ မေန႔ကေတာ့ ဦးေ႐ႊေမာင္ ႏြား႐ုံေနာက္မွာ ႏြားစားက်က္ကြင္းရွိတယ္။ အဲဒီေနာက္က ေတာင္ခ်ိဳင္မွာ ျဖစ္ၾကတယ္။ မြန္းလြဲ ၂ နာရီေက်ာ္ ၃ နာရီေလာက္စၿပီး ည ၆ နာရီ ေက်ာ္ထိ ျဖစ္ၾကတယ္။ ႐ြာကေတာ့ အျပန္အလွန္ပစ္သံေတြ ဒီအတိုင္းၾကားေနရတယ္။ ႐ြာမွာက အမ်ိဳးသမီးေတြ၊ ကေလး ေတြေတာ့ တစ္ျခားေနရာကို ေရွာင္ေနၾကတယ္။ ႐ြာကို လက္နက္ႀကီးက်ည္ေတြက်တာလည္း မရွိပါဘူး”ဟု ေျပာၾကား သည္။“ပထမေန႔က မိနစ္ ၂ဝ၊ နာရီဝက္ေလာက္ျဖစ္တယ္။ မေန႔ကေတာ့ ညေန ၃ နာရီက ေနဝင္ ၆ နာရီေက်ာ္ထိ ျဖစ္တယ္။ ဒီေန႔ေတာ့ အသံတိတ္ေနတယ္။ ေသနတ္သံေတြကို ေပါက္ေပါက္ ေဖာက္သလိုၾကားရတယ္။ ျဖစ္တဲ့ ေနရာက ႐ြာနဲ႔ နည္းနည္းေဝးၿပီး ေတာင္ထဲမွာ ျဖစ္ေနၾကတာဆိုေတာ့ ႐ြာဘက္ကို လက္နက္ႀကီး က်ည္ေတြ လာက်တာေတာ့ မရွိပါဘူး။ ႐ြာသားေတြကေတာ့ ဘယ္မွ ထြက္မေျပးပါဘူး။ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနၾကတယ္” ဟု ၎က ေျပာၾကားသည္။

ေညာင္ေခ်ာင္းတြင္ နယ္ျခားေစာင့္တပ္ရွိေနၿပီး အနီးဝန္းက်င္တြင္ အေျခအေနမွာ တိတ္ဆိတ္ ၿငိမ္သက္ေနေၾကာင္း၊ ေတာင္ထဲတြင္ ျဖစ္ပြားျခင္းျဖစ္၍ ေညာင္ေခ်ာင္းေက်း႐ြာအနီးတြင္ ေအးေအးေဆးေဆးရွိေနေၾကာင္း ၎ အရပ္လူႀကီးက ေျပာၾကားသည္။ https://www.bnionline.net/mm/news-75610

****************

၁၈။ ကိုဗစ္ကာလ သွ်မ္းေျမာက္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ ျမင့္တက္ HST-NSS ေထာက္ျပ
September 21, 2020

ကိုဗစ္-၁၉ ကာလအတြင္း သွ်မ္းျပည္ေျမာက္ပိုင္းတြင္ စစ္ေရးပဋိပကၡမ်ားၾကား လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈ မ်ားစြာ ရွိေနေၾကာင္း စုံစမ္းရွိရသည္။ ယခုႏွစ္ ေဖေဖာ္ဝါရီ လမွ ၾသဂုတ္လအထိ ကိုဗစ္-၁၉ ကာလအတြင္း လက္နက္ကိုင္ ပဋိပကၡ ေၾကာင့္ ေျမျမဳပ္မိုင္းနင့္မိ ေသဆုံးသူ (၂၃)ဦး ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၂၀)ဦး၊ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသူ (၂၅)ဦး ႏွင့္ ဒဏ္ရာရရွိသူ (၆)ဦး တို႔ ရွိေၾကာင္း သွ်မ္းျပည္ ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ HST-NSS က ယေန႔ စက္တင္ဘာ ၂၁ ရက္စြဲျဖင့္ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့သည္။

ထိုထုတ္ျပန္ခ်က္တြင္ ျပည္တြင္း ေနရပ္စြန႔္ခြာသူ ၁၂၈၀ ေက်ာ္၊ ကေလးစစ္သား စုေဆာင္းခံရမႈ ၂ ဦး၊ ႐ိုက္ႏွက္ႏွိပ္စက္ခံရသူ ၇ ဦး ႏွင့္ ဖမ္းဆီးခံရသူ ၁၀ ဦးထိေၾကာင္း ေရးသားထားသည္။ အဆိုပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူ မ်ားသည္ သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ ၊ သီေပါၿမိဳ႕နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၊ နမၼတူၿမိဳ႕နယ္၊ မန္တုံ၊ နမ့္ခမ္း ႏွင့္ မူဆယ္ၿမိဳ႕နယ္ တို႔ျဖစ္ေၾကာင္း (HST-NSS) မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေဟာင္းေဒါင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ ကိုဗစ္ ကာလအတြင္းမွာ ျဖစ္တဲ့ ကိစၥပါ။ ေတာ္ေတာ္မ်ားတယ္။တေယာက္တေယာက္ ဆိုရင္လူေတြက သိပ္ၿပီး အာ႐ုံမထား ၾကဘူး။ တကယ္ေတာ့ အားလုံး ျပန္ေပါင္းၾကည့္လိုက္ရင္ တလကို ၁၃ ေယာက္ေလာက္ ရွိတယ္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ ခံေနရတာ ” ဟု ဦးေဟာင္းေဒါင္ က ေျပာသည္။

“ အခု အခ်ိန္က ဒုကၡသည္စခန္းမွာေနတဲ့သူက အရမ္းခက္ခဲတယ္။ ဒုကၡသည္ စခန္းမွာ စားဝတ္ေနေရးကလည္း ဖူလုံမႈ မရွိဘူး။ လြတ္လပ္သြားလာတဲ့ခ်ိန္ေတာင္ ေထာက္ပံ့မႈအရမ္းနည္းတယ္ လုံေလာက္မႈ မရွိဘူး။ အစိုးရကိုယ္တိုင္က ေထာက္ပံ့မႈ မရွိဘူး။ ကိုဗစ္ကာလမွာပိုၿပီး ဆိုး႐ြာတယ္လို႔ ေျပာလို႔ရတယ္” ဟု HST-NSS မွ ေျပာခြင့္ရ ေလြးလွား႐ိုန္း က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ လက္ရွိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္မႈႏႈန္း တရက္ထက္ တရက္ျမင့္တက္လာခ်ိန္ တြင္ သွ်မ္းျပည္ေျမာက္ပိုင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကလည္း ျမင့္တက္လာေၾကာင္း၊ ကိုဗစ္-၁၉ ကာကြယ္တားဆီး ခ်ိန္တြင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား မျဖစ္ေစခ်င္ေၾကာင္းလည္း ဦးေဟာင္းေဒါင္ က ေထာက္ျပေျပာသည္။ ကိုဗစ္-၁၉ ကာလအတြင္း သွ်မ္းျပည္ ေျမာက္ပိုင္း ရွိ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ တပ္မေတာ္တို႔ တိုက္ပြဲ မျဖစ္ပြားရန္ အတြက္ႏွင့္ အရပ္သားျပည္သူမ်ားကို လူ႔အခြင့္အေရးမခ်ိဳးေဖာက္ရန္ သွ်မ္းေျမာက္လူ႔အခြင့္အေရး တက္ႂကြ လႈပ္ရွားသူမ်ား က ေတာင္းဆိုလိုက္သည္။ https://burmese.shannews.org/archives/18571

*****************

၁၉။ ေနျပည္ေတာ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ခြဲ ဥကၠဌ အိမ္တြင္ လက္ပစ္ဗုံးတလုံး ထပ္ေတြ႕
21 September 2020

ေနျပည္ေတာ္ ျပည္ေထာင္စု နယ္ေျမ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲ ဥကၠဌ၏ ေနအိမ္တြင္ စက္တင္ဘာ ၁၉ ရက္ေန႔က လက္ပစ္ဗုံးတလုံး ေတြ႕ ရွိရၿပီးေနာက္ ယင္းအိမ္တြင္ရွိသည့္ CCTV မွတ္တမ္းမ်ားကို ထပ္မံစစ္ေဆးရာမွတဆင့္ ေနာက္ထပ္ လက္ပစ္ဗုံးတလုံး ထပ္မံ ေတြ႕ ရွိရေၾကာင္း သိရသည္။ ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ ထန္းတပင္ကြက္သစ္တြင္ ေနထိုင္သည့္ ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ခြဲ ဥကၠဌ ဦးသိန္းေထြးမွာ ထိုေန႔က အိမ္တြင္ ရွိေနစဥ္ ပစၥည္းတခုျဖင့္ ပစ္လိုက္သည့္ အသံေၾကာင့္ ၿခံဝန္းအတြင္း စစ္ေဆးၾကည့္ရာ ကားေဘးတြင္ လက္ပစ္ဗုံးတလုံးကို စတင္ေတြ႕ ရွိခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ လုံၿခဳံေရး တာဝန္ရွိသူမ်ားက ဦးသိန္းေထြး၏ ေနအိမ္တြင္ တပ္ဆင္ထားေသာ CCTV ကို စက္တင္ဘာလ ၂၀ ရက္ေန႔တြင္ ထပ္မံ စိစစ္ရာ ပထမဗုံးသီး ျပဳတ္က်သည့္ အသံၾကားသည့္ စက္တင္ဘာ ၁၉ ရက္ေန႔ ည ၉ နာရီ ၄၈ မိနစ္ ခန္႔တြင္ ၿခဳံထဲ၌ လႈပ္ရွားမႈတခ်ိဳ႕ ရွိခဲ့ေၾကာင္း သတိျပဳမိခဲ့သည္ဟု တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္း ထြန္းက ေျပာသည္။ ယင္းဗုံးေနာက္တလုံး ထပ္ေတြ႕ ရသည့္ အခ်ိန္မွာ မေနက ေန႔လယ္ ၂ နာရီ မိနစ္၂၀ တြင္ ျဖစ္ၿပီး ယင္းလက္ပစ္ဗုံးမွာလည္း ပထမ အ ႀကိမ္ ေတြ႕ ခဲ့သည့္ လက္ပစ္ဗုံးအတိုင္းပင္ ျဖစ္ေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံတခုက ထုတ္လုပ္သည့္ ဗုံးပုံစံ ျဖစ္ၿပီး ျမန္မာႏိုင္ငံ တြင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တခ်ိဳ႕ ထံတြင္လည္း ရွိေၾကာင္း တပ္မေတာ္ဘက္က ေျပာသည္။

ကာယကံရွင္ ျဖစ္သူ ေနျပည္ေတာ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ခြဲ ဥကၠဌ ဦးသိန္းေထြးထံ ဆက္သြယ္ခဲ့ရာ သတင္း မီဒီ ယာမ်ားကို လက္ရွိ အခ်ိန္တြင္ မေျပာခ်င္ေသးေၾကာင္း ဆိုသည္။ ေကာ္မရွင္ အတြင္းေရးမႉး ဦးေအာင္စိုးဝင္းကမူ ဗုံးတလုံး ထပ္ေတြ႕ ရွိမႈ မွန္ကန္ေၾကာင္း၊ ဦးသိန္းေထြးမွာလည္း အိမ္တြင္ ဆက္လက္ ေနထိုင္ၿပီး ႐ုံးလည္း ပုံမွန္တက္ေရာက္ ေနေၾကာင္း ေျပာသည္။ https://burma.irrawaddy.com/news/2020/09/21/230230.html

***************

၂၀။ ေမာ္လၿမိဳင္ အမွတ္(၁)ေဈးႀကီးတြင္ ပိတ္ထားသည့္ဆိုင္ခန္းပစၥည္းမ်ား ယာယီထုတ္ယူခြင့္ျပဳ
September 19, 2020

ေမာ္လၿမိဳင္ အမွတ္(၁)ေဈးႀကီးတြင္ ပိတ္ထားရေသာ ဆိုင္ရွင္မ်ားေတာင္းဆိုလာသျဖင့္ စက္တင္ဘာလ ၁၈ ရက္ေန႔မွ စတင္ၿပီး မနက္ပိုင္းတြင္ ေဈး႐ုံ B ႏွင့္ C ကိုခြင့္ျပဳၿပီး ေန႔လည္ပိုင္းတြင္ ေဈး႐ုံ A ႏွင့္ D ကို ယာယီထုတ္ယူခြင့္ျပဳထားေၾကာင္း ေဈးတာဝန္ခံ႐ုံးမွသိရသည္။

ေဈးတာဝန္ခံ ဦးစိုးလြင္က“သူတို႔ပစၥည္းေတြကိုယူသြားၿပီးေတာ့ အိမ္ကေနတစ္ဆင့္ ေဖာက္သည္ေတြကို ျပန္ၿပီးေပးလို႔ရ ေအာင္ စီစဥ္ေပးလိုက္တာေပါ့။ သူတို႔ဆိုင္မွာရွိတဲ့ ပစၥည္းေတြနဲ႔မိသားစုအဆင္ေျပေအာင္ ႏွစ္ဖက္ၾကည့္ၿပီးစဥ္းစားၿပီး ယာယီ ခြင့္ျပဳထားေပးတာ”ဟု ေျပာသည္။ ေမာ္လၿမိဳင္အမွတ္(၁)ေဈးႀကီးမွာ မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္၊ေက်း႐ြာအခ်ိဳ႕တို႔မွ ကုန္ပစၥည္း မ်ားကို လက္လီ၊လက္ကား ေဖာက္သည္ယူေရာင္းခ်မႈမ်ားရွိသည့္အတြက္ ပိတ္ထားရသည့္ဆိုင္မ်ား အခက္ခဲျဖစ္ေပၚေနၿပီး ယခုလိုခြင့္ျပဳေပးသည့္အတြက္ အနည္းငယ္အဆင္ေျပမႈရွိေၾကာင္း ဆိုင္ရွင္အခ်ိဳ႕က ဆိုသည္။

ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈႏႈန္းျမင့္တက္လာသည့္အတြက္ အေျခခံစားေသာက္ကုန္ႏွင့္ ေဆးဆိုင္မ်ားကိုသာဖြင့္ခြင့္ျပဳထားၿပီး ပိတ္ထားသည့္ဆိုင္ခန္မ်ားက စက္တင္ဘာလ ၁၈ ရက္ေန႔မွစတင္ၿပီး တစ္ပတ္တစ္ရက္ႏႈန္းျဖင့္ ပစၥည္းမ်ားထုတ္ခြင့္ျပဳရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။ ေဈးတာဝန္ခံရွိတယ္ ေဈးတာဝန္ခံကေနၿပီးေတာ့ ၿမိဳ႕နယ္စည္ပင္ကိုတင္ျပတယ္ အခက္ အခဲေလးေတြဒီလိုရွိတယ္ဆိုတာ ရက္နည္းနည္းၾကာေနၿပီး ဒီပိတ္ထားတာလဲ။ ပစၥည္းေတြပ်က္စီးမွာစိုးလို႔ ထုတ္ခြင့္ျပဳဖို႔ ဆိုင္ေတြစစ္ေဆးခြင့္ျပဳဖို႔ ေတာင္းဆိုရင္ေတာ့လဲ လုပ္ေပးပါတယ္” ဟု ေမာ္လၿမိဳင္ အမွတ္(၁) ေဈးေကာ္မတီ ဒုတိယဥကၠဌ ဦးေမာင္စိုးမွ ဆိုသည္။

ေမာ္လၿမိဳင္ၿမိဳ႕ေပၚ Stay at home ရပ္ကြက္သတ္မွတ္ေနရာရွိ ေဈးမ်ားတြင္ စက္တင္ဘာလ ၁၁ ရက္ေန႔မွစတင္ၿပီး အေျခခံစားေသာက္ကုန္မ်ားသာ ေရာင္းခ်သည့္ဆိုင္မ်ားကိုသာ ေရာင္းခ်ခြင့္ျပဳေၾကာင္း မြန္ျပည္နယ္ စည္ပင္သာယာေရး အဖြဲ႕မွ ထုတ္ျပန္ခဲ့သည္။ http://burmese.monnews.org/2020/09/19/%e1%80%99%e1%80%b1%e1%80%ac %e1%80%ba%e1%8

***************

၂၁။ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးရန္ ကရင္နီအမ်ိဳးသမီးအစည္းအ႐ုံးတိုက္တြန္း
22 September 2020

ကယားျပည္နယ္လႊတ္ေတာ္နဲ႔ ႏိုင္ငံေရးအဆုံးအျဖတ္ေပးတဲ့ေနရာမွာ အမ်ိဳးသမီးေတြ ပါဝင္ဖို႔ လိုအပ္ေနတဲ့အတြက္ အမ်ိဳးသမီး ကိုယ္စားလွယ္ေလာင္းေတြကိုမဲေပးဖို႔ ကရင္နီ အမ်ိဳးသမီးအစည္းအ႐ုံးက တိုက္တြန္းလႈံ႕ေဆာ္ေနပါတယ္။ ၿပီးခဲ့ တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲမွာ အမ်ိဳးသမီးမပါဝင္တဲ့ အျပင္ ႏိုင္ငံေရး အဆုံး အျဖတ္ ေပးတဲ့ေနရာမွာ အမ်ိဳးသမီးေတြ ပါဝင္မႈ အားနည္းေနတဲ့အတြက္ကို အခုလို တိုက္တြန္းရတာလို႔ ကရင္နီအမ်ိဳးသမီး အစည္းအ႐ုံး အတြင္းေရးမွဴး ၂ ေမာ္ဖေရးျမာက ေျပာပါတယ္။

“က်မတို႔ ကရင္နီျပည္နယ္မွာ ဒီလႊတ္ေတာ္ထဲမွာပဲ ေျပာေျပာ၊ ေနာက္ၿပီး ႏိုင္ငံေရး ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာပဲ ေျပာေျပာ အမ်ိဳးသမီးပါဝင္မႈက ကိုယ္မွန္းထားသေလာက္ မေရာက္ေနေသးတဲ့အေျခအေနမ်ိဳးမွာ ဒီလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ က်မတို႔ အမ်ိဳးသမီးေတြက ပါဝင္ဖို႔ အေရးႀကီးတယ္ဆိုတဲ့ဟာမ်ိဳးေတြနဲ႔ က်မတို႔က vote for women လုပ္ရျခင္းျဖစ္ပါတယ္။

”ဒီအစီအစဥ္ကို ဩဂုတ္လကတည္းကစတင္လုပ္ေဆာင္တာျဖစ္ၿပီး လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ အမ်ိဳးသမီးေတြကို စြမ္းရည္ျမႇင့္တင္ေပးတာအျပင္ ျပည္နယ္အတြင္းက လူထုေတြနဲ႔ေတြ႕ဆုံၿပီး မိမိကို ကိုယ္စားျပဳႏိုင္မယ့္ အမ်ိဳးသမီးေတြကို မဲေပးဖို႔ စည္း႐ုံးေဟာေျပာတာ ေတြလုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသမီးေတြအႏိုင္ရရွိမယ္ဆိုရင္ေတာ့ ျပည္နယ္အတြက္ အမ်ိဳးသမီးေတြကို ကာကြယ္ေပးႏိုင္တဲ့ ဥပေဒနဲ႔ က်န္းမာေရး၊ ပညာေရးနဲ႔ဖြံ႕ၿဖိဳးေရးပိုင္းမွာလည္း အမ်ားႀကီးေျပာင္းလဲႏိုင္မယ္လို႔ယုံၾကည္ေၾကာင္းလည္း အမ်ိဳးသမီး အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ http://burmese.dvb.no/ archives/411923

***************

၂၂။ ေျမာက္ဦးတြင္ ပစ္ခတ္ခံရၿပီး ေဒသခံတစ္ဦးဒဏ္ရာရ၊ တစ္ဦးမွာ ဖမ္းဆီးခံထားရ
September 22, 2020

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕မွ ေငြေတာင္ေပါက္တံတားအနီးတြင္ စက္တင္ဘာလ ၂၀ ရက္၊ ည ၈ နာရီ အခ်ိန္က ေဒသခံ ႏွစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။ ၎တို႔ႏွစ္ဦးမွာ ေျမာက္ဦးၿမိဳ႕ ဘီးလူးကန္ရပ္ကြက္ေန ဦးထြန္းထြန္းျမင့္ ၃၄ ႏွစ္ႏွင့္ ဆင္ခ်ဆိပ္ရပ္ကြက္ေန ဦးထြန္းၿငိမ္း ၃၃ ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

ေျမာက္ဦးေဆး႐ုံႀကီးေရွ႕ရွိ ေျမာင္၌ ငါးၿမဳံးေထာင္ၿပီးအျပန္ ေငြေတာင္ေပါက္တံတားအနီးအေရာက္တြင္ စစ္ေဆးေရးဂိတ္မွ ေသနတ္ျဖင့္ ၈ ခ်က္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဒဏ္ရာရရွိသြားသူ ဦးထြန္းထြန္းျမင့္က ေျပာသည္။“ကြၽန္ေတာ့ေပါင္ကို က်ည္ထိေတာ့ လဲက်သြားၿပီး ထလို႔မရလိုက္ေတာ့ဘူး။ အဲ့မွာက်ေနာ့္ကလွိမ့္ၿပီးေတာ့ ေခ်ာင္းထဲကိုေရာက္သြားတာပါ။ ကြၽန္ေတာ့ ညီကိုေတာ့ေခၚသြားၾကတယ္။ သူ႔ေအာ္သံကိုလည္း ၾကားလိုက္ရတယ္။ ႐ိုက္တဲ့အသံေတြကိုလည္း ကြၽန္ေတာ့ နားနဲ႔ ၾကားလိုက္တယ္”ဟု ဦးထြန္းထြန္းျမင့္က ဆိုသည္။

ေျမာက္ဦးၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေငြေတာက္ေပါက္တံတားအနီးတြင္ ပစ္ခတ္မႈျဖစ္ ပြားခဲ့ၿပီး အေသးစိတ္ကို မသိရွိေသးေၾကာင္း ေျပာသည္။ အဆိုပါျဖစ္စဥ္တြင္ ဖမ္းဆီးခံထားရသူႏွင့္ပတ္သက္ၿပီး ေျမာက္ဦးၿမိဳ႕မရဲစခန္းအား DMG က ဆက္သြယ္ ေမးျမန္းခဲ့ေသာ္လည္း ဖုန္းစက္ပိတ္ထားသျဖင့္ အဆက္အသြယ္မရရွိခဲ့ပါ။ https://www.bnionline.net/mm/news-75665

***************

၂၃။ ေ႐ြးေကာက္ပြဲအတြင္း ကူးစက္မူမရွိေစရန္မဲ႐ုံတိုးခ်ဲ႕ ျပင္ဆင္ေနဟုဆို
September 22, 2020

ကမာၻ႔ကပ္ေရာဂါ COVID-19 (ေခၚ) ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျမန္မာႏိုင္ငံတြင္ကူးစက္မူ႔ျမင့္မားလာျခင္းေၾကာင့္ လာမည့္ ေ႐ြးေကာက္ပြဲ မဲေပးရာတြင္ ကူးစက္မူမရွိေစရန္ ျပင္ဆင္လ်က္ရွိေၾကာင္း ခ်င္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲအတြင္းေရးမူး ဦးလင္းေက်ာ္က ေျပာသည္။ ခ်င္းျပည္နယ္တြင္ ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္(စ္) ကူးစက္မူျပန္ျဖစ္ပြား လာျခင္းေၾကာင့္ခ်င္းျပည္နယ္အတြင္း ျပင္ဆင္မူေမးျမန္းျခင္းကို ဦးလင္းေက်ာ္က ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။

ဦးလင္းေက်ာ္ ”ကြၽန္ေတာ္တို႔ ဘက္ကေတာ့ မဲ႐ုံပိုင္းနဲ႔ မဲ႐ုံတာဝန္က်တဲ့သူ အပိုင္းကို ျပင္ဆင္တာေပါ့၊ ပစၥည္းပိုင္းက ေတာ့ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ေပၚ မူတည္မယ္၊ မဲဆႏၵရွင္ ၁၀၀ ရွိတဲ့ေနရာဆိုရင္ ပုံမွန္အတိုင္း ဆိုဒ္တစ္ဆိုဒ္နဲ႔ လုပ္ေဆာင္သြားမယ္၊ ၿပီးေတာ့ ၁၀၀ နဲ႔ ၅၀၀ ၾကားဆိုရင္ေတာ့ အခန္းက်ယ္တဲ့ေနရာကို ေ႐ြးၿပီးေတာ့ ဆိုဒ္ ၂ ဆိုဒ္ လုပ္ေဆာင္သြားမယ္၊ အဲ့ဒီအတြက္ အခန္းက်ယ္နဲ႔ ေနရာက်ယ္ကို ေ႐ြးခ်ယ္သြားမယ္၊ ဆိုဒ္ ႏွစ္ ဆိုဒ္လုပ္မယ္၊ မဲေပးတာ လည္း ျမန္မွာေပါ့“ ဟု ေျပာသည္။

” ၂၀၁၅ မွာတုန္းကေတာ့ ၁၀၃၁ ႐ုံထိမဲ႐ုံေတြ လုပ္ေဆာင္တယ္၊ အခု ၂၀၂၀ လက္ရွိအေနအထားမွာကေတာ့ ၁၁၁၄ ႐ုံထိျပင္ဆင္ထားတယ္၊ ရဲဌာနကေန ဘယ္ေလာက္ထိ ကူညီေပးမလဲဆိုေတာ့ မသိဘူး၊ ဒါေပမဲ့ အထဲမွာ က်န္းမာေရး အေထာက္အကူျပဳတဲ့သူေတြကေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ က်န္းမာေရးအေထာက္အကူျပဳကေတာ့ အေသးစိတ္ ေဆြးေႏြး ၿပီးၿပီ၊ သူတို႔ကေတာ့ မဲ႐ုံကိစၥေတြကို အကုန္လုံးစီမံေပးမယ္၊ ဟု ဆိုသည္။ လာမည့္ ၂၀၂ဝခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ထုတ္ျပန္ခ်က္အရ မဲေပးပိုင္ခြင့္ ရွိသူ မဲဆႏၵရွင္ဦးေရ ၃၄၀၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။ https://www.bnionline.net/mm/news-75672

****************

၂၄။ စစ္ေရွာင္အသစ္ တစ္ေထာင္ခန႔္ အကူအညီမ်ား လိုအပ္
September 19, 2020

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း မၾကာေသးမီက ေရာက္ရွိလာၾကေသာ စစ္ေရွာင္ တစ္ေထာင္နီးပါးအတြက္ အေရးေပၚ အကူအညီမ်ားလိုအပ္ေနသည္ဟု အကူအညီေပးေနသူမ်ားက ေျပာသည္။ ေက်ာက္ေတာ္ၿမိဳ႕နယ္က မဟာမုနိ ဘုရားဝန္းအတြင္း ေက်း႐ြာေပါင္း ၆ ႐ြာက စစ္ေရွာင္ တစ္ေထာင္နီးပါး ေရာက္ရွိေနၿပီး ၎တို႔အတြက္ စားနပ္ရိကၡာ၊ COVID-19 ကာကြယ္ေရး အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ ယာယီတဲမ်ားေဆာက္လုပ္ရန္အတြက္ အကူအညီမ်ား လိုအပ္ေန သည္ဟု စစ္ေရွာင္မ်ားအား ကူညီေန သူ မ်ားက ေျပာသည္။

“လူဦးေရ တစ္ေထာင္ဝန္းက်င္ေပါ့၊ ၉၄၃ ဦးလို႔ေတာ့ ေျပာတယ္။ အခုေရာက္ေနတာက မဟာမုနိ ဓမၼာ႐ုံရယ္၊ မဟာမုနိ ပုရဝုဏ္အတြင္းမွာ။ ေမ်ာက္ေတာင္၊ သာစည္ရယ္၊ ေ႐ႊျပည္သစ္၊ ေ႐ႊျပည္႐ြာေဟာင္း၊ အလယ္ကြၽန္း၊ ေက်ာက္ဂူစု႐ြာ အဲ့က လူေတြပဲ။ သူတို႔က ေနရာက က်ပ္သည္းမႈေတြရွိေနတယ္။ လူကမ်ားတယ္ေလ။ ၿပီးေတာ့သူတို႔ အခု စားနပ္ရိကၡာ လိုတယ္။ ၿပီးေတာ့ COVID-19 အတြက္ အေထာက္အကူပစၥည္းေတြ လိုအပ္ေနတယ္။ သူတို႔ ဒီကိုေရာက္ေနတာ ႏွစ္ပတ္ေက်ာ္ၿပီ” စစ္ေရွာင္မ်ားအား ကူညီေပးေနသူ ေက်ာ္ေတာ္ၿမိဳ႕ က ေဒသခံတစ္ဦးက ေျပာသည္။

ထို႔အျပင္ “လိုအပ္တာက စားနပ္ရိကၡာရယ္၊ ေဆးဝါးပစၥည္းေတြ လိုတယ္။ ေလာေလာဆယ္က COVID ကာလလည္း ျဖစ္ေတာ့ ပိုၿပီး လိုအပ္တာေပါ့။ Mask တို႔ ဘာတို႔လိုတာေပါ့။ ဘုန္းဘုန္းတို႔က စားဝတ္ေနေရး၊ ေနစရာမရွိ အဲ့လိုျဖစ္ေနေတာ့ ကူညီထားတာပါ။ အစကေတာ့ ဓမၼာ႐ုံမွာထားတယ္။ မဆံ့ေတာ့ ေနာက္ ဘုန္းႀကီးေက်ာင္းေတြမွာ အဲ့နားက မဟာမုနိ ဘုန္းႀကီးေက်ာင္းမွာ ထားတယ္။ ေနာက္ဓမၼ႐ုံ သုံး႐ုံမွာ မွ်ၿပီးေတာ့ ထားပါတယ္။ အခက္အခဲက ေနရာထိုင္ခင္းအခက္ အခဲျဖစ္တယ္။ ေနာက္ၿပီး အဝတ္အထည္ အခက္အခဲရွိတယ္”ဟု စစ္ေရွာင္မ်ားအား ယာယီကူညီေရးေကာ္မတီ၏ နာယက ဆရာေတာ္ ဦးပညာသီရိ က မိန႔္ၾကားသည္။

အဆိုပါ စစ္ေရွာင္မ်ားမွာ အနီးအနားတြင္ တစ္စုံတစ္ရာ တိုက္ပြဲျဖစ္ပြားျခင္းမရွိပဲ ေက်း႐ြာမ်ားထဲသို႔ တပ္မေတာ္ စစ္ေၾကာင္းက ဝင္ေရာက္လာၿပီး ဖမ္းဆီးစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးလာၾကျခင္း ျဖစ္သည္ဟု အခင္းျဖစ္ပြားစဥ္ ေဒသခံမ်ားအား ဆက္သြယ္ေမးျမန္းရာတြင္ ေျပာဆိုခဲ့သည္ လက္ရွိ မဟာမုနိဘုရားဝန္း အတြင္းေရာက္ရွိေနေသာ စစ္ေရွာင္အမ်ားစုမွ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သာစည္ ေက်း႐ြာအုပ္စုထဲက ေက်း႐ြာအခ်ိဳ႕မွ ေဒသခံ ႐ြာသားမ်ား ျဖစ္ၾကၿပီး အခ်ိဳ႕မွာ ၾသဂုတ္လ ၃၁ ရက္ေန႔က ေ႐ႊျပည္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ တပ္မေတာ္က ဖမ္းဆီး စစ္ေဆး ခံခဲ့ရသူမ်ား ျဖစ္သည္။ https://www.bnionline.net/mm/news-75621

***************

၂၅။ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ႏိုင္ငံေရးပါတီ ၉၂ ပါတီ ရွိသည့္အနက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ပါတီ သုံးပါတီသာရွိ
21 September 2020

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ႏိုင္ငံေရးပါတီ ၉၂ ပါတီရွိသည့္အနက္ တစ္ႏိုင္ငံလုံး အတိုင္း အတာျဖင့္ မဲဆႏၵနယ္ တစ္ေထာင္ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီ သုံးပါတီသာ ရွိၿပီး ပါတီ ၅၀ ေက်ာ္က မဲဆႏၵနယ္ ၁၀ ေနရာ ထက္ ပိုမိုယွဥ္ၿပိဳင္ျခင္း မရွိဟု ျပည္ေထာင္စု ေ႐ြးေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာၾကားသည္။

စက္တင္ဘာ ၂၀ ရက္က ျပဳလုပ္သည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ သတင္း မီဒီယာမ်ား အခန္းက႑ အြန္လိုင္း ေဆြးေႏြးပြဲတြင္ The Daily Eleven သတင္းစာ၏ ေမးျမန္းမႈအေပၚ ေကာ္မရွင္အဖြဲ႕ဝင္က ယင္းသို႔ ျပန္လည္ေျဖၾကား ျခင္းျဖစ္သည္။“တကယ္တမ္း တစ္ေထာင္ေက်ာ္ ဝင္တာက သုံးပါတီပဲ ရွိပါတယ္။ အဲေတာ့ ပါတီေပါင္း ၉၂ ပါတီ ဝင္ေရာက္ ယွဥ္ၿပိဳင္တယ္ဆိုေသာ္လည္း ပါတီအမ်ားစုက ေနရာအနည္းေတြပဲ ဝင္ေရာက္ယွဥ္ၿပိဳင္တာ ေတြ႕ရတယ္”ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာၾကားသည္။ႏိုင္ငံေရးပါတီတစ္ခုသည္ ပါတီတည္ ေထာင္ၿပီးေနာက္ အနီးစပ္ဆုံးေ႐ြးေကာက္ ပြဲတစ္ခုတြင္ မဲဆႏၵအနည္းဆုံး သုံးေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည့္ ဥပေဒကန႔္သတ္ခ်က္ရွိရာ လာမည့္ေ႐ြးေကာက္ပြဲကို မဲဆႏၵ နယ္ ၁၀ ေနရာ အမ်ားဆုံး ဝင္ေရာက္ ယွဥ္ၿပိဳင္သည့္ ပါတီ ၅၁ ပါတီရွိေၾကာင္း ၎က ေျပာၾကားသည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ စာရင္းအရ တည္ဆဲႏိုင္ငံေရးပါတီ ၉၄ ပါတီ ရွိေသာ္လည္း ေကာ္မရွင္ၫႊန္ၾကား ခ်က္မ်ား ႏွင့္အညီ ေဆာင္႐ြက္ထားျခင္း မရွိ၍ ယာယီဆိုင္းငံ့ျပစ္ဒဏ္ခ်မွတ္ခံရၿပီး ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိသည့္ ပါတီအခ်ိဳ႕ရွိေၾကာင္းသိရသည္။ ေကာ္မရွင္စာရင္းမ်ားအရ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းဦးေရ အမ်ားဆုံး ယွဥ္ၿပိဳင္သည့္ ပါတီသုံးခုမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ (UDP) ႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တို႔ျဖစ္သည္။ NLD ပါတီႏွင့္ UDP ပါတီမွာ ကိုယ္စားလွယ္ေလာင္း ၁၁၄၃ ဦးျဖင့္ ကိုယ္စားလွယ္ ေလာင္းဦးေရအမ်ားဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး USDP ပါတီမွာ ကိုယ္စားလွယ္ေလာင္း ၁၁၂၉ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။ https://news-eleven.com/article/193299

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 59 , September 22, 2020)

၁။ RCSS ဖမ်းထားသူ လွှတ်ပေးဖို့ တအာင်းပါတီ တောင်းဆို

၂။ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာလုပ်ဆောင်ရန် KNU တိုက်တွန်း

၃။ ကျောက်တော်၊ကျေးရွာ ၂ ခု မီးရှို့ ခံရမှုတွင် ယမ်းထုပ်များနှင့် ယူနီဖောင်းများ သိမ်း ဆည်းရထားဟု AHRDPA ပြော

၄။ ငြိမ်းချမ်းရေးဖြစ်စဉ်သည် KNU မူဝါဒနှင့် သွေဖည်နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ဖို့လိုအပ်ဟု KNU Concerned Group ပြော

၅။ လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ် ငါးမျှားစခန်းတွင် ငါးလှန်းစင်များနှင့် နေအိမ်အချို့ပျက်စီး

၆။ ဖာပွန်တွင် ကြံ့ခိုင်ရေး ကြီးစိုးသည့် အစဉ်အလာကို ထိုးဖောက်မည်ဟု KNDP ကိုယ်စားလှယ်လောင်း ပြော

၇။ သီပေါ ကျားဖြူ ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ

၈။ ကရင်နီလူငယ်အင်အားစုများက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံ၍ ရှားတောမြို့ နယ် ကျေးရွာများ၌ မဲဆွယ်စည်းရုံး

၉။ တောင်ကြီးမြို့ ပြည်တွင်းစစ် ဆန့်ကျင်ကြ Photo Campaing ပြုလုပ်

၁၀။ ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

၁၁။ ကျိုက်မရောမြို့နယ် NLD ဆိုင်းဘုတ်ဖျက်ဆီးသူ ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ဖမ်းဆီးအရေးယူ

၁၂။ မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်

၁၃။ မွန်နှင့်ကရင်ပြည်နယ်အပြင် ရန်ကုန် ဧရာဝတီ တနင်္သာရီတိုင်းတို့တွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်

၁၄။ သျှမ်းမြောက် သတ်ဖြတ်ခံရသည့် အရပ်သားများအတွက် အမှုမှန် မဖြစ်သေး

၁၅။ ကေအဲန်ယူ သထုံခရိုင် ကိုဗစ်ကာကွယ်ရေးဂိတ်ဖွင့်လှစ်မှုအပေါ် အစိုးရတပ်ဟန့်တား

၁၆။ မယ်စဲ့တွင် မဲဆွယ်ပွဲ ရက်တိုက်နေကြောင်း NLD တင်ပြမှုကြောင့် ကော်မရှင်က ရက်များ ပြောင်းလဲ

၁၇။ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းအနီး မေယုတောင်ကျော်လမ်းတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

၁၈။ ကိုဗစ်ကာလ သျှမ်းမြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မြင့်တက် HST-NSS ထောက်ပြ

၁၉။ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့

၂၀။ မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားသည့်ဆိုင်ခန်းပစ္စည်းများ ယာယီထုတ်ယူခွင့်ပြု

၂၁။ အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မဲပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးတိုက်တွန်း

၂၂။ မြောက်ဦးတွင် ပစ်ခတ်ခံရပြီး ဒေသခံတစ်ဦးဒဏ်ရာရ၊ တစ်ဦးမှာ ဖမ်းဆီးခံထားရ

၂၃။ ရွေးကောက်ပွဲအတွင်း ကူးစက်မူမရှိစေရန်မဲရုံတိုးချဲ့ ပြင်ဆင်နေဟုဆို

၂၄။ စစ်ရှောင်အသစ် တစ်ထောင်ခန့် အကူအညီများ လိုအပ်

၂၅။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည့်အနက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့်ပါတီ သုံးပါတီသာရှိ

****************

၁။ RCSS ဖမ်းထားသူ လွှတ်ပေးဖို့ တအာင်းပါတီ တောင်းဆို
September 21, 2020

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ဒေသခံ မိုင်းလှစိန်ကို ပြန်လွှတ်ပေးဖို့ တအာင်း(ပလောင်)အမျိုးသားပါတီက တောင်းဆိုလိုက်ပါ တယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ ခေါ်ယူထိန်းသိမ်းထားတာလို့ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာ RCSS တပ်ဖွဲ့ဝင်တွေ ပန်မွမ်းရွာကို ဝင်ရောက်လာခဲ့ပြီး နောက်တစ်နေ့မှာ မှိုရှာဖို့ တောထဲ သွားတဲ့ မိုင်းလှစိန်ကို ရွာအပြင်လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ မိသားစုဝင်တွေကတော့ တောထဲမှာ အဖမ်းခံထားရတဲ့ မိုင်းလှစိန်နဲ့ တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ မိုင်းလှစိန်ကို သံသယရှိလို့ ခေါ်ယူစစ်ဆေးရာမှာ မူးယစ်ဆေး သုံးစွဲကြောင်းတွေ့ရလို့ ထိန်းသိမ်းထားတာလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက RFA ကို ပြောပါတယ်။ သူ့ကို ဘယ်တော့ပြန်လွှတ်မလဲလို့ မေးမြန်းရာမှာတော့ မူးယစ်ဆေးသုံးစွဲမှု အခြေအနေ စစ်ဆေးချက်အရ ထွက်လာတဲ့ အဖြေအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မိုင်းလှစိန်ဟာ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ အောင်နိုင်ရေးအတွက် ကူညီနေသူတစ်ဦးဖြစ်ပြီး ပါတီဝင်ဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ တအာင်းလူမျိုးတွေ နေထိုင်မှုများတဲ့ မိုင်းကိုင်မြို့နယ်မှာ တအာင်း (ပလောင်) အမျိုးသားပါတီက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒေသတွင်း လှုပ်ရှားနေတဲ့ RCSS တပ်မှူးက ဝင်မပြိုင်ဖို့ ဖိအားပေးတယ်လို့ မိုင်းကိုင်မြို့နယ် ပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က ပြောပါတယ်။ ပါတီဆိုင်းဘုတ် တွေ စိုက်ထူတဲ့နေရာမှာလည်း ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

တအာင်း(ပလောင်)အမျိုးသားပါတီ ဗဟိုအတွင်းရေးမှူး မိုင်းအုဏ်ခိုင်က မိုင်းကိုင်မြို့နယ်က အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ စီစဉ်ထားပြီး ပါတီဗဟို တာဝန်ရှိသူတွေ သွားရောက်ဆွေးနွေးမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။ မိုင်းကိုင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေးကောက်ပွဲဝင်ကြမှာပါ။ https://www.rfa.org/burmese/ne ws/tnp-party-demands-release-rcss-detainee-0921 2 020062725.html

****************

၂။ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာလုပ်ဆောင်ရန် KNU တိုက်တွန်း
September 21, 2020

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပကတိ အခြေအနေနှင့်ကိုက်ညီအောင် ပြင်ဆင်မွမ်းမံပြီး ကျယ်ပြန့်သည့် ပါဝင်မှုဖြင့် လေးနက်စွာ လုပ်ဆောင်ရန် ကရင်အမျိုးအသားအစည်းအရုံး-KNUက ယနေ့ (စက်တင်ဘာ ၂၁) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တိုက်တွန်းလိုက်သည်။ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများအားလုံး ငြိမ်ချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဖြစ်ပြီး ဖယ်ကြဉ်ထားခြင်းခံရသည့် လူထုအခြေပြု အဖွဲ့အစည်း များ၊ ပါတီအဖွဲ့အစည်းများ၏ ပါဝင်မှု ကို လည်း သေချာစေရန် လိုအပ်ကြောင်း ယနေ့ ငြိမ်းချမ်းရေးနေ့အပေါ် ထုတ်ပြန်သည့် KNU ၏ သဘောထား ထုတ်ပြန်ချက်၌ ဆိုထားသည်။“ အပြန်အလှန်လေးစားကာ ဖိအားပေးလိုက်လျောစေမှုကင်းပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာသည့် ရလဒ်ကိုအခြေခံသည့် လုပ်ငန်းစဉ်ဖြစ်ရပါမည်”ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရခိုင်၊ ချင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တပ်မတော်၏ လူနည်းစုအပေါ် အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေမှုနှင့် ၎င်းကျူးလွန်မှုနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ လျစ်လျူရှုထားမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကရင်လူငယ်ကွန်ယက်(KYN)မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက် နေ့က ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် သဘောထားထုတ်ပြန်ချက်တွင်လည်း ပြောဆို ထားသည်။

နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ယခင်နှစ်များက မြန်မာပြည်ဒေသအချို့တွင် အခမ်းအနားများပြုလုပ်ကျင်းပလေ့ရှိသော်လည်း လက်ရှိကမ္ဘာ့ကပ်ရောဂါကျရောက်မှု အခြေ အနေများကြောင့် လူစုလူဝေး အခမ်းအနားများကျင်းပနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများ အသီးသီးမှ သဘောထား ကြေညာချက်များ အသီးသီး ထုတ်ပြန်ကြေညာကြသည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ စက်တင်ဘာလ ၂၁ ရက်နေ့အား တရားဝင်ကျင်းပသည့်နေ့အဖြစ် သတ်မှတ် ခဲ့သည်။ ယနေ့ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် ကမ္ဘာ့ ကုလ သမဂ္ဂမှ အတူတကွ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်း(Shaping Peace Together) ဟူ၍ ဆောင်ပုဒ်ချ မှတ်ထားသည်။ http://kicnews.org/2020/09/%e1%80%bb%e1%80%99%e1%80%94%e1 %80%b9%e1%80%99%e1%

***************

၃။ ကျောက်တော်၊ကျေးရွာ ၂ ခု မီးရှို့ ခံရမှုတွင် ယမ်းထုပ်များနှင့် ယူနီဖောင်းများ သိမ်း ဆည်းရထားဟု AHRDPA ပြော
September 19, 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ဘုရားပေါင်းကျေးရွာနှင့်တောင်ပေါက်ကျေးရွာမီးရှိုခံရမှုတွင် အိမ်မီးရှို့ရာတွင် အသုံးပြု ခဲ့သည့် ယမ်းထုပ်များ၊ ယူနီဖောင်းများကို သိမ်းဆည်းရမိထားကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ များအဖွဲ့ (AHRDPA) မှ ဒါရိုက်တာဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဘုရားပေါင်းက ၉၇ ဆောင်၊ တောင်ပေါက်ဆိုရင် ၆၇ ဆောင်အကုန်လုံး ၁၀၀ ကျော်မီးတိုက်ခံရတဲ့အခါကျတော့ အများဆန္ဒကို ယူပြီးလုပ်ရမှာပါ။ တချို့အိမ်တွေဆိုရင် အိမ်ကြီးတွေပါသွားတယ်။ အိမ်သေးသေးလေးတွေကို မီးမရှို့ခဲ့ဘူး။ နောက်ပြီးတော့ သက်သေခံပစ္စည်းက သူတို့မှာ မီးရှို့ဖို့ ပါလာတဲ့ ယမ်းထုပ်တွေ ဘာတွေပါလာတယ်။ ယမ်းထုပ်တွေ တွဲပြီး တော့ တမင်တကာ ရည်ရွယ်ပြီးတော့ မီးတိုက်တာ။ အဲဒီဟာလေး သက်သေခံ ပစ္စည်းသိမ်းဆည်းရလို့တော့ရှိပါတယ်။ သိမ်းထားပါတယ်။ ရဲလည်းပါတယ်။ တပ်လည်းပါတယ်။ တချို့ဆိုရင် ရဲက ယူနီဖောင်းတွေ အင်္ကျီတွေ မေ့ကျန်နေခဲ့တာ တွေလည်းရှိတယ်။ အဲဒီဟာတွေကိုလည်း သိမ်းထားပါတယ်”ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။ AHRDPAက ယင်းကျေးရွာ ၂ ခုသို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးစက်တင် ဘာလ ၁၃ ရက်နေ့တွင် နေအိမ်ဆုံးရှုံးခဲ့သူ ဘုရားပေါင်း ကျေးရွာသား ဦးမောင်မောင်သန်း ၏ ပြောဆိုချက် ဗီဒီယို၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် နေအိမ်မီးရှိုခံခဲ့ရသူ တောင်ပေါက်ကျေးရွာမှ ဦးခိုင်တို့၏ ပြောဆိုချက်ကို ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ် မီးရှို့ခဲ့သည်ဆိုသည့် သတင်းမှားများ ကိုအဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း၊ AA က မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ https://www.khitthitnews.com/ 2020/09/%e1%80%80%e1%80%bb%e1%80%b1% e1%80%ac%e1%80

**************

၄။ ငြိမ်းချမ်းရေးဖြစ်စဉ်သည် KNU မူဝါဒနှင့် သွေဖည်နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ဖို့လိုအပ်ဟု KNU Concerned Group ပြော
September 18, 2020 1361

လတ်တလော ဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ကရင်အမျိုးသားအစည်းအရုံး-KNU၏ ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များနှင့် လုံးဝသွေဖည်နေပြီးဖြစ်၍ ပြန်လည်တည့်မတ်ရန်လိုအပ်ပြီဟု KNU Concerned Group က ပြောဆို လိုက်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးမှ နောက်ဆုံးထွက်ရှိလာသည့် ရလဒ်များအပေါ် အခြေခံ၍ စက်တင်ဘာလ ၁၄ရက်မှ ၁၆ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ပြည်တွင်း၊ ပြည်ပ နယ်စပ်ရှိ ကရင် များပါဝင်သော ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်သုံးသပ်မှု အွန်လိုင်းအစည်းအဝေးအပြီး ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

လက်ရှိ နောက်ဆုံးထွက်ပေါ်လာသည့် ပြည်ထောင်စု သဘောတူညီချက်များပါ အချက်အလက်များအရ NCA အကောင်အ ထည်ဖော်မှုအတိုင်း ရှေ့ဆက်သွားရာတွင် ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဆုံးသတ်သည့် လက်နက်ကိုင်လမ်း စဉ်စွန့်လွှတ်၍ ဥပဒေ ဘောင်အတွင်းသွားရန်သာ ဦးတည်နေကြောင်း အဖွဲ့၏ ပြောခွင့်ရ KNU ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီ ဖိုးရာစိန်က ယခုလို ပြောသည်။ ၎င်းက “ ဒီ NCA လမ်းစဉ်အတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် နောက်ဆုံးက လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ် ရေးကိုပဲ ရောက်သွားမှာပဲ။ ဒါက ကျမတို့ ကေအဲန်ယူ ချမှတ်ထားခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးမူ၊ လမ်းစဉ် တွေ စောဘဦးကြီးရဲ့ မူဝါဒ လမ်းစဉ်တွေနဲ့ အကုန်ဆန့်ကျင်နေတာ ပဲဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၃ ရက်တာ ပြုလုပ်ခဲ့သည့် ယင်းအွန်လိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အကြိမ်အစည်းအဝေး ရလဒ်အား သုံးသပ်ခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( အဲန်စီအေ) နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အား သုံးသပ်ခြင်း၊ ကရင့်တော်လှန်ရေး အခြေခံလမ်းစဉ်နှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူ စသည်တို့ကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ကေအဲန်ယူ ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုး ရာစိန်ပါဝင်သည့် ကေအဲန်ယူ ခေါင်းဆောင်ဟောင်းအချို့တို့ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက် များ၊ ရပ်တည်ချက်များကို အလျင်းသင့်သလို သဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ http://kicn ews.org/2020/09/%e1%81%bf%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80

***************

၅။ လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ် ငါးမျှားစခန်းတွင် ငါးလှန်းစင်များနှင့် နေအိမ်အချို့ပျက်စီး
September 20, 2020

ရေးမြို့နယ်မြောက်ပိုင်း အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက်စောစောအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုနှင့် ဒီရေတိုက်စားမှုတို့ကြောင့် ငါးလှန်းစင်များနှင့် နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိ သည်။ နံနက် ၁ နာရီအချိန်ခန့်တွင် လေပြင်းစတိုက်ခတ်ခဲ့ပြီး ငါးလှန်းစင် ၂၀ ကျော် ပြိုကျပျက်စီးသွားကြောင်း ငါးမျှားစခန်း ကျေးရွာ အတွင်းရေးမှူး နိုင်ဝင်းက ပြောသည်။“ဒီ ၁၉ ရက်နေ့၊ ည ၁ နာရီကျော်လောက်မှာ ဒီရေလည်းတက်တယ် လေပြင်းလည်းတိုက်တော့ ငါးလှန်းစင် ၂၀ စင်လောက်တော့ ပျက်စီးသွားတယ်၊ ဆုံရှုံးမှုတန်ဖိုးကတော့ စင်တစ်စင်ဆိုရင် သိန်း ၂၀၊ ၃၀ လောက်ကျမယ်။ ခုကျနော်တို့ စာရင်းလိုက်ကောက်နေတယ် ခန့်မှန်းခြေအရဆို ဆုံးရှုံးမှုတန်ဖိုးအားလုံး သိန်း ၂၀၀ ဝန်းကျင်လောက်ရှိမယ်” ဟု နိုင်ဝင်းက ဆိုသည်။

ငါးမျှားစခန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး၊ တံငါလုပ်ငန်းများ လုပ်ကိုင်နေကြသော အလုပ်သမားများသည် နေအိမ် နှင့် ငါးလှန်းစင် တွဲကပ်လျက်ပြီးနေထိုင်ကြကြောင်း၊ ယင်းကျေးရွာ၌ ငါးလှန်းစင် စုစုပေါင်း ၅၀ စင်ကျော်ရှိကြောင်း သိရ သည်။ လေပြင်းတိုက်ခတ်မှု၌ ငါးလှန်းစင်ပျက်စီးသွားသူ မိဇာလေးက “ခုဆိုမိုးလည်းကုန်ခါနီးပြီးဆိုတော့ ရေမလာတော့ ဘူးထင်လို့ ငါးလှန်းစင်တွေထုတ်ကြတာပေါ့ ခုတော့အားလုံးကုန်သွားတာ ရေကတော့ ထပ်ပြီးတော့ စိုးရိမ်နေရသေးတယ်။ ပင်လယ်ကလည်း ငါးဖမ်းခွင့်ပိတ်ထားတာဆိုတော့ အလုပ်သမားခတို့ စားဝတ်နေရေးတို့ကတော့ ခက်ခဲဖြစ်တာပေါ့နော်။ အလုပ်ကလည်းအဆင်မပြေတော့ ခုကအသစ်ပြန်ရင်းဖို့က အခက်ခဲဖြစ်တယ်၊ ဒါပေမယ့် ရှိသလောက်နဲ့ ပြန်လုပ်ရတာပေါ့ ငွေရေးကြေးရေးကတော့ တအားခက်ခဲဖြစ်တာပေါ့” ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့အတူ စက်တင်ဘာလ ၂၀၊ နံနက် ၄ နာရီခန့်၌ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စု တောင်ပိုင်းကျေးရွာတွင် ပင်လယ် ဒီရေတိုက်စားမှုကြောင့် ပင်လယ်ရေတားတမံတစ်ခုနှင့် လူနေအိမ် ၄ လုံးပျက်စီးသွားကြောင်း သိရသည်။ အလားတူ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၊ မြအဏ္ဏဝါ စားသောက်ဆိုင် ဝင်းရှေ့တွင် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင် ပြိုလဲကျခဲ့သဖြင့် အမျိုးသမီးတစ်ဦး သစ်ပင်ပိ၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့၊ ကုလားဂုတ်ကျွန်း အပေါ်ဆိပ်အနီး (ပသျှူး ချောင်း) ၌လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄၀) ကျော်ပျက်စီးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုး သိန်း (၁) ထောင်ကျော်ရှိ ကြောင်း သိရသည်။ http://burmese.monnew s.org/20 20/09/21/%e1%80%9c%e1%80%b1%e1%8%95%e 1%80%bc%e1%

***************

၆။ ဖာပွန်တွင် ကြံ့ခိုင်ရေး ကြီးစိုးသည့် အစဉ်အလာကို ထိုးဖောက်မည်ဟု KNDP ကိုယ်စားလှယ်လောင်း ပြော
September 18, 2020

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြီးစိုးနေသည့် အစဉ်အလာကို ထိုးဖောက် မည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် လောင်း နော်သဇင်တုပ် က ကေအိုင်စီသို့ပြောသည်။ “ဖာပွန်မှာစည်းရုံးရေး ဆင်းတော့ ကိုယ့်ဖက်တချို့ပြန်ပါလာတယ်။ အမျိုးသမီးကိုယ်စားလှယ်လည်း ဖြစ်တော့။ အရင်က ရွေးကောက်ပွဲ အတွေ့အကြုံမရှိပေမဲ့ ကြံခိုင်ရေး ကြီးစိုးတဲ့အစဉ် အလာကို ထိုးဖောက် သွားမယ်။ ကရင်ပါတီအတွက် အခြေကုတ်တခုခုရဖို့ ရည်ရွယ်ထားတယ်” ဟု သူမက ပြောသည်။

ဖာပွန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အများအပြားရှိသည့်အတွက် မြို့ပေါ် အနီးတဝိုက် တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် နယ်မြေဖြစ်သည်။

“ အခုတခေါက်ပြောနေကြတာရှိတယ်၊ တိုင်းရင်းသားပါတီတွေ အလှည့်လို့လေ။ ကျနော်တို့တော့ ဒီလိုမ မှတ်ယူ ထားဘူး။ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ရတာ မရတာ တစ်ပိုင်းပေါ့၊ ကိုယ်လုပ်နိုင်သလောက် လုပ်သွားမယ်” ဟု KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ လာမည့် ရွေးကောက်ပွဲတွင် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရာနှုန်း ပြည့်ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ http://kicnews.org/2020/09/%e1%80 %96%e1%80 %ac%e1%80%95% e1%80%bc%e1%80%94%e1%80

**************

၇။ သီပေါ ကျားဖြူ ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရ
September 21, 2020

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ SNDP ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို သေချာမသိရှိသေးကြောင်း၊ လက်ရှိမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သာတွေ့ရှိထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့လူ အကြောင်းကြားလာခြင်းမရှိသေးဘူး။ ဘယ်လို အရေးယူသွားမယ် ဆိုတာ ကျနော်တို့ မဆုံးဖြတ်ရသေးဘူး။ အွန်လိုင်းမှာပဲ မြင်သေးတော့ ဘာမှတော့ ပြောလို့မရသေးဘူး” ဟု စိုင်းဘိုးအောင် က ပြောသည်။ ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်အပေါ် စိစစ်သွားပြီး အရေးယူမည့် ကိစ္စ ဆုံးဖြတ်သွားမည် ဟုလည်း စိုင်းဘိုးအောင် က ပြောသည်။ သျှမ်းပြည်တွင်း တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိကြောင်း ပြသသည့် ပြယုဒ် ဖြစ်သည့်အတွက်ကြောင့် သျှမ်းပြည်တွက် ဆုံးရှုံးမှုဖြစ်စေကြောင်း ကျားဖြူပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဘိုးအောင် ကပြောသည်။ “သျှမ်းအချင်းချင်း ခြေထိုးနေခြင်း၊ သျှမ်းပြည်သားအချင်းချင်း ဖျက်ဆီးခြင်းဟာ သျှမ်းပြည်အတွက် ဆုံးရှုံးမှု ပဲဖြစ် ပါတယ်” ဟု ဦးဘိုးအောင် ကပြောသည်။

သီပေါမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲချုပ် (SNLD)၊ ကြံ့ခိုင်ရေး ပါတီ( USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ တအာင်း အမျိုးသားပါတီ (TNP) ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။ https://burmese.sha nnews. org/archives/18558

****************

၈။ ကရင်နီလူငယ်အင်အားစုများက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံ၍ ရှားတောမြို့ နယ် ကျေးရွာများ၌ မဲဆွယ်စည်းရုံး
19 September 2020

ကရင်နီလူငယ်အင်အားစုများက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံ၍ ရှားတောမြို့နယ် ကျေးရွာများသို့ သွားရောက်ပြီး လူငယ်အင်အား ၁၀၀ ကျော်ခန့်ဖြင့် မဲဆွယ်စည်းရုံး လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝန်းရံ ရာတွင် အခြားမြို့နယ်များမှ ဝင်ရောက်၍ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း လူငယ်များလည်း ပါဝင်ကြောင်း သိရသည်။

“ ဒီရှားတောမြို့နယ်မှာ ဝင်ပြိုင်မယ့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲနီးမှ မဲလိုချင်လို့နေရာရချင်လို့ ဝင်အရွေးခံတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့သမိုင်းကြောင်း အရင်လေ့လာဖို့ ကျွန်တော်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ သူတို့က အရင်ကတည်းက ကျွန်တော်တို့ ကယားပြည်နယ် အရေး၊ ငြိမ်းချမ်းရေး၊ လူငယ်အရေး၊ အမျိုးသမီးရေးလုပ်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ခုမှ ရွေးကောက်ပွဲနီးမှ ပေါ်လာတဲ့လူတွေ မဟုတ်ဘူးဆိုတာ အသိပေးစေချင် တယ်။ နောက်တစ်ခုကသူတို့က ပြည်နယ်က လူတွေသိတယ်။ ဒေသခံတွေဖြစ်တယ်။ ပြည်နယ်ကိုချစ်မြတ်နိုးတဲ့ သူတွေ ဖြစ်တယ်။ တချို့က နေရာမရခင် ကိုယ်စားလှယ်မဖြစ်ခင် ပါတီထက် ပြည်နယ်အရေးကို ဦးစားပေးမယ်လို့ ကြွေးကြော်ပြီးမှ ပြည်နယ်အရေးကြုံလာတဲ့အချိန်မှာ ပြည်နယ်ဘက် မရပ်တည်ဘဲ ပါတီဘက်ရပ်တည်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ ကရင်နီပြည်ရဲ့သမိုင်းကို မထီလေးစားပြုတဲ့သူတွေရှိတယ်။ ဒီလိုလူကို နောက်ထပ် နေရာထပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ်ကို ထပ်စော်ကားလိမ့်မယ်။ သူတို့ပြည်နယ်သမိုင်းကို မှေးမှိန်အောင် လုပ်ကြလိမ့်မယ်။

ဒီလိုလူတွေကို ထပ်မရွေးဖို့ လိုမယ်။ ကိုယ့်ပြည်နယ်ကိုချစ်ပြီး ကိုယ့်ပြည်နယ်ကို စောင့်ရှောက်မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်” ဟု ကရင်နီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဒီးဒီးက ဒေါဝယ်ရောကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ကရင်နီလူငယ်များမှာ လွိုင်ကော်မြို့မှ တောင်ကုန်းတောင်တန်းထူထပ်သော ရှားတောမြို့နယ် ကျေးရွာများသို့ တစ်ရွာဝင် တစ်ရွာထွက် သွားရောက်၍ မဲဆွယ်စည်းရုံးရေးအတွက် ဝန်းရံလှည့်လည်ကြပြီး ဒေသခံများအား ဟောပြောကြသည်ဟု သိရသည်။ ကရင်နီလူငယ်အင်အားစုများမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ဝန်းရံ၍ လုံခြုံရေးတာဝန်၊ ဌာနေတိုင်းရင်းသားဘာသာစကား စကားပြန်တာဝန်နှင့် မဲရုံ စောင့်ကြည့်လေ့လာရေးတာဝန်များအား ကူညီပေးခဲ့ကြသူများ ဖြစ်ကြောင်းသိရသည်။ ရှားတောမြို့နယ်သည် တောင်ယာ လုပ်ငန်း ကိုသာ အဓိကထားလုပ်ကိုင်ကြသည့် ဌာနေတိုင်းရင်းသား ကယားလူမျိုးများ အများဆုံးနေထိုင်ပြီး လူဦးရေ ၇၀၀၀ ကျော်ရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၁၄၇ ဦးရှိကြောင်း သိရသည်။ https://news-eleven.com/article/193051

***************

၉။ တောင်ကြီးမြို့ ပြည်တွင်းစစ် ဆန့်ကျင်ကြ Photo Campaing ပြုလုပ်
September 22, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် စက်တင်ဘာ ၂၁ရက်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ ပြည်တွင်းစစ်ဆန့်ကျင်ကြ “ Photo Campaing” ကို ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ရွေးကောက်ပွဲနီးလာချိန် ဖြစ်သည့် အတွက် ရခိုင်ပြည် နှင့် ချင်းပြည် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ပေးရန် တွန့်အားပေးချင်သည့်အနေဖြင့် “ ပြည်တွင်းစစ်ကိုဆန့်ကျင်”သည့် ကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ ဒါရိုက်တာ ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။

“ ရွေးကာက်ပွဲရှိနေတာနဲ့တစ်ပြိုင်နက်ထဲဘဲ ရခိုင်ပြည် နဲ့ ချင်းပြည်နယ် မှာ စစ်ပွဲတွေဖြစ်နေတယ်။ လူထုတွေကလည်း သိရှိမှုအားနည်းတယ်။ အစိုးရတွေကတော့ သိရှိပေမယ့် ဒီအပေါ်မှာကို ကျယ်ကျယ်လောင်းလောင်းနဲ ပြည်သူထိခိုက်မှုတွေ ကို လုပ်ဆောင်ပေးဖို့ ပျက်ကွက်နေတယ်။ အဲပေါ်မှာ ကျနော်တို့ တွန်းအားတစ်ခုပေးချင်တဲ့ အနေနဲ့ ပြုလုပ်တာပါ” ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။ လက်ရှိအချိန်ထိ ရခိုင်ပြည် စစ်ပွဲ အတွင်း သေဆုံးသူ (၂၉၀) ရှိပြီး၊ မသန်းစွမ်းသူ ၆၅၀ နှင့် စစ်ဘေးရှောင်း ပြည်သူ ၂ သိန်းကျော်ရှိပြီး ဖြစ်ကြောင်း ကိုဝင့်ထည်ကောင်းမြတ် ကပြောသည်။“ကျနော်တို့ လူငယ် အနေနဲ့ ပြည်တွင်းစစ်ကို အတူဆန့်ကျင်မယ်ဆိုရင် တနေ့ကျရင် ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်။ ကျနော်တို့ ပြည်သူတွေအားလုံး က ဒီပြည်တွင်းစစ်ကို ဆန်ကျင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်” ဟု ကမ်ပိန်းပွဲကို တက်ရောက်လာသည့် လူငယ် ကိုဇော် ကပြောသည်။

အဆိုပါ Photo Campaing ကို အရပ်အဖွဲ့အစည်းများ၊ မိုင်းပန်လူငယ်အဖွဲ့အစည်း၊သျှမ်းတောင်း အမျိုးသမီးအဖွဲ့၊ တရားဥပဒေစိုးမိုးရေး အဖွဲ့ နှင့် လူငယ် (၆၀) ခန့် တို့ပူပေါင်းပါဝင်ခဲ့ပြီး၊ “ပြည်တွင်းစစ်ဆန့်ကျင်ကြ” ဆိုသည့် စာသားကို ကိုင်ကာ ဓာတ်ပုံရိုက်ခြင်း၊ ငြိမ်းချမ်းရေး အတွက် စကားပြောကြားခြင်းတို့ ပြုလုပ်ကြောင်းသိရသည်။ စက်တင်ဘာ ၂၁ ရက် သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှသတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သည်။ https://burmese. shannews.org/archives/18573

*************

၁၀။ ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို
22 September 2020

နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေး နေ့တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ထုတ်ပြန်တောင်းဆိုခဲ့သည်။ တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် အစိုးရ၊ တပ်မတော်ကြား အသိတရားဖြင့် နားလည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးကို အတူတကွဖော်ဆောင်ရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိ Covid-19 ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေချိန်တွင် အပစ်အခတ်ရပ်ဆိုင်းရေး ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိပဲ ရခိုင်ပြည်နယ်တွင် ပြင်းထန်သည့်ထိုးစစ်နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ဆင်ရေးများ ထပ်မံပြုလုပ်လာသည်ကို တွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာလည်း ထိုးစစ်ဆင်မှုတွေ ပြန်ပြီးမှရှိလာတယ်၊ ပြီးရင် ရခိုင်ပြည်မှာလည်း တိုက်ပွဲတွေနှင့် ထိုးစစ်ဆင်မှုတွေဆက်တိုက်ရှိနေတယ် ဆိုတော့ တစ်ဖက်မှာလည်း ကမ္ဘာ့ကပ်ရောဂါ Covid-19 လည်း မြန်မာပြည်အနှံ့ ကူးစက်မှုနှုန်းအရှိန်မြင့်လာနေတယ်။ ဒါတွေကိုစဉ်းစားပြီး တစ်နိုင်ငံလုံး အေးချမ်းသာယာဝပြောလာဖို့ရန်နှင့် တန်းတူညီမျှ ရေး၊ တို့ကိုရှေ့ရှုပြီး စစ်ပွဲများ၊ ပဋိပက္ခများရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာဦးအင်ခွမ်တန်ဂွန်း က ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများလုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ကြား Bilateral အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားနိုင်မှ ယုံကြည်မှုရရှိ နိုင်မည်ဟု ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် UNGAS တွင် သဘောတူညီမှုရရှိခဲ့ကြသည်။ https://burmese.kachinnews.com/2020/09/22/%e1%80%95%e 1%80%bc%e1%80%8a%e1%80%ba%e1

*****************

၁၁။ ကျိုက်မရောမြို့နယ် NLD ဆိုင်းဘုတ်ဖျက်ဆီးသူ ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ဖမ်းဆီးအရေးယူ
September 19, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာ၌ စိုက်ထူထားသော NLD ပါတီအောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးသူ လူငယ်တစ်ဦးက ကြေအေးတောင်းပန်ခြင်းမပြုသဖြင့် ကျိုက်မရောမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရ ရှိသည်။ မွန်ကျေးရွာတွင် NLD ဆိုင်းဘုတ်ထောင်ခြင်းကို လုံးဝလက်မခံသလို တောင်းပန်ခြင်းလည်းမပြုသည့် အဆိုပါ အသက် ၂၈ နှစ်အရွယ် ကော့သပ်ကျေးရွာသားက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ယင်းကဲ့သို့ ဆိုင်းဘုတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကျိုက်မရောမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက “ကျနော်တို့ဖက်က ပထမစဉ်းစားပါတယ် ကောင်လေးဖက်က ကြေအေးဖို့တောင်းပန်ရင် ကျနော်တို့ဖက်က ကြေးအေးဖို့အဆင်သင့်ပါ သူ့ရဲ့အနေအထားက လုံးဝတောင်းပန်တဲ့အနေအထားမဟုတ်ဘူး ကျနော်တို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၅၇၊ ၅၈ နဲ့ အမှုဖွင့်ခဲ့တာပေါ့၊ တကယ်လို့ သူ့ဖက်က ကျနော်တို့ကို တောင်းပန်မယ်ဆိုရင် ဒီဟာကို ဆက်လုပ်ဖို့အစီအစဉ်မရှိဘူး၊ ဒါပေမယ့် သူ့ပုံစံက လုံးဝလက်မခံတော့ အဲဒါနဲ့ကျနော်တို့အမှုဖွင့်တာပါ”ဟု ဆိုသည်။ ကော့သပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ သူ့မိဘတွေကို ကျနော်တို့ခေါ်တွေ့တယ် NLD ကိုခေါ်တယ် ဒါကိုယ့်ရွာသားတွေအားလုံးဖြစ်ကြတဲ့အတွက် ကျနော့်အနေနဲ့ ညှိနှိုင်းဖြေရှင်း ပေးမယ် ဆုံးရှုံးမှုတွေအတွက် လျော်ပေးလိုက်ပါဆိုတော့ သူပြန်ပြောတာက မလျော်နိုင်ဘူး မွန်ရွာမှာ NLD ဆိုင်းဘုတ် လာပြီးမထောင်နဲ့ဆိုတော့ ကျနော်ကလည်း ညီလေးရေဒါမျိုးမပြောသင့်ဘူး ခွင့်ပြုချက်နဲ့အားလုံး ထောင်လို့ရပါတယ်လို့၊ ဒါကိုသူကလုံးဝလက်မခံဘူးဆိုတော့ ရဲလက်ကိုပဲ အပ်လိုက်တာပေါ့” ဟု ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေပါ ပုဒ်မ ၅၇၊ ပုဒ်မ ၅၈(ခ)၊ ပုဒ်မ ၅၈(ဃ)၊ ပုဒ်မ ၆၀၊ ပုဒ်မ ၆၁(ခ)နှင့် ပုဒ်မ ၆၁(ဂ)တို့သည် ရဲ အရေးပိုင် သည့် ပုဒ်မများဖြစ်သည့်အတွက် ရဲစခန်းတွင် အမှုဖွင့်နိုင်ပြီး ရွေးကောက်ပွဲ မတိုင်မီဖြစ်စေ၊ ရွေးကောက်ပွဲနေ့ တွင်ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းဖြစ်စေ အရေးယူပိုင်ခွင့်ရှိကြောင်း၊ ပြစ်မှုထင်ရှားပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဌာန်းထားသည်။ https ://www.bnionline.net/mm/news-75614

****************

၁၂။ မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်
September 21, 2020

အထူးဒေသ(၄) မိုင်းလားတွင် သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား (၆၀)သည် ယနေ့ မွန်းလွှဲပိုင်း ၂ နာရီ ခန့် တောင်ကြီးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ထို ရွှေ့ပြောင်းအလုပ်သမားများသည် မိုင်းလား မှပြန်လာပြီး တောင်ကြီးသို့ ခေတ္တခဏနားကာ သက်ဆိုင်ရာ မြို့သို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်သက်နှောင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။“မိုင်းလာကနေတစ်ဆင့် ပြန်လာမဲ့သူတွေဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ (၆၀) ကျော်ထက်ဝင်လာတယ်။ ကျတော်တို့ က ဒီကနေတစ်ဆင့် ကားကို ပြန်စီစဉ်ပေးပြီး သင်ဆိုင်ရာမြို့နယ်ကို ပြန်ပို့ပေးတာပါ”ဟု ဒုတိယဦးစီးမှူး ဦးခွန်သက်နှောင်း က ပြောသည်။ အဆိုပါဝင်လာသူများကို သက်ဆိုင်ရာမြို့သို့ ပြန်ပို့ ရာတွင် ကားခများကို တစ်ချို့ကိုသာ အစိုးရဘက်မှ ထောက်ပံ့ပေးကြောင်း သိရသည်။“ဒီကိုရောက်လာတဲ့ သူတွေကတော့ တစ်ချို့က ကားခကို တက်နိုင်ကြတယ်။ လုံး၀ ငွေကြေး အခက်ခဲရှိတဲ့သူ တွေကိုတော့ ကျတော်တို့ဖက်နေ ပြီးထောက်ပံ့ ပေးတယ်” ဟု ဦးခွန်သက်နှောင်းက ပြောသည်။ သျှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ထဲ သို့ ရွှေပြောင်း အလုပ်သမား များကို မိမိနေထိုင်ရာသို့ ပြန်ပို့ဆောင်ပေးရာတွင် ဧပြီလ မှ စတင်လက်ခံပြီး အခုချိနိထိ (၅၀၀၀) ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့ထဲသို့ မြဝတီမှ တရားဝင် ဖြင့် ဝင်ရောက်လာသူများကို Quarantine ထားရာတွင် အစိုးရဖက်မှ စားစရိတ်များကို ထောက်ပံ့ပေး့ပြီး ကိုယ့်မြို့နယ် ကိုယ်အစီနဲလာသူများကို တစ်ရက်ကို (၄၀၀၀) နှုန်းဖြင့် Quarantine ဝင်ရသည် ဟု ဦးခွန်သက်နှောင်း က ပြောသည်။ https://burmese.shannews.org/archives/18566

************

၁၃။ မွန်နှင့်ကရင်ပြည်နယ်အပြင် ရန်ကုန် ဧရာဝတီ တနင်္သာရီတိုင်းတို့တွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်
September 19, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်နှင့် ကရင်ပြည်နယ်အပြင် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်များတွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခူအခါ မဲဆွယ်စည်းရုံးရေးများ စတင်ဆောင်ရွက် နေပြီဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ကျမတို့ကားတန်းနဲ့ လှည့်လိုက်တယ် တစ်ခေါက်ပြီးသွားပြီ အဆင်တော့ပြေပါတယ် ကျမတို့အတွက် မဲသေချာပေါက်ရ မယ်လို့တော့ မပြောနိုင်ဘူး ဒါပေမယ့် မွန်အမျိုးသမီးတွေကျတော့လည်း လူတွေကအများကြီး လက်ခံတဲ့အနေအထား ချစ်ခင်တဲ့အနေအထားတွေတော့ မြင်နေရ တာပေါ့နော် ကျမတို့အတွက်လမ်းပွင့်နေပြီလို့ပြောလို့ ရပါတယ်၊ ကျမတို့ပါတီ တော့ လူတွေအားလုံးက သိသွားတာပေါ့နော် ပါတီကြော်ငြာတာလောက်ကတော့ ရမယ် ဒါပေမယ့် ပြောလို့မရဘူးလေ အခြေအနေကလည်း ရနိုင်တဲ့အနေအထားလည်း ရချင်ရသွားမှာပေါ့ ပြည်သူကျတော့လည်း ကျမတို့ကိုလိုလားနေတဲ့အပိုင်း တွေ ရှိပါတယ်” ဟု မိသန်းရှင်က ဆိုသည်။

မိအေးဇာဝင်းက “ကျမတို့တောင်ဥက္ကလာပေါ့နော် ဆိုင်းဘုတ်တင်အခမ်းအနားလုပ်ပြီးတော့ ဆိုင်းဘုတ်တင်တယ် ကျမတို့ ရပ်ကွက်က မွန်နည်းနည်းပါးပါး ခေါ်ပြီးတော့ ကျမတို့ကိုယ် မိတ်ဆက်တယ် အဲလောက်ပဲ ကျမတို့လုပ်ထားပါသေးတယ် မွန်ပြည်နယ်နဲ့တော့ မတူးဘူးပေါ့ရှင် ဒီမှာမဲဆွယ်စည်းရုံးရေးလုပ်ရတဲ့အခါကျတော့ မွန်ပြည်နယ်ကျတော့ အင်တိုက်အား တိုက်ရှိတာပေါ့နော် ကျမတို့ကျတော့ တိုင်းရင်းသားပေါင်းစုံကို ကျမတို့က စုပြီးနေထိုင်တဲ့ဒေသဖြစ်လို့မို့လို့ ကျမတို့က တိုင်းရင်းသားအားလုံးအတွက်ကိုပဲ အခုဟာက ဖက်ဒရယ်ကိုသွားမှာဆိုလို့ရှိရင် ဖက်ဒရယ်ကိုပဲ ကျမတို့က မဲဆွယ်စည်းရုံး ရေး ဆင်းရမှာပါရှင့်”ဟု ပြောသည်။

“အခုလက်ရှိလောလောဆယ် ပြည်သူတွေရဲ့တုံ့ပြန်မှုက အခြေအနေကောင်းတယ်လို့ ပြောရမှာပေါ့နော် ဒီသွားခဲ့တဲ့ နေရာ ဆိုလို့ရှိရင် ကော့ဘိန်းရယ် ကော့ပေါက်ရယ် ပြီးလို့ရှိရင် မင်းရွာရယ် အဲဒါကျတော့ ပါတီဆိုင်းဘုတ်ကြီး ကိုယ့်ရဲ့ပိုစတာတွေ ပေါ့နော် တင်ဖြစ်ခဲ့တယ် အဲမှာဆိုလို့ရှိရင် လူငယ်တွေ ဆိုလို့ရှိရင် ပိုပြီးအားရတာပေါ့နော် ကျမဝင်ပြိုင်လိုက်တဲ့အတွက်ပေါ့ နော် တချို့ရွာတွေမှာဆိုလို့ရှိရင် မိန်းခလေးတွေ နိုင်ငံရေးဘက်ကို ပိုပြီးတော့စိတ်ဝင်စားလာတယ် အဲဒီအတွက် ကျမဝမ်း သာတာပေါ့နော် နောက်တစ်ခု ကိုယ်က မိန်းခလေးဖြစ်တဲ့အတွက် ကိုယ်က နိုင်ငံရေးအတွေ့အကြုံလည်း အခြားသူတွေနဲ့ စာလို့ရှိရင် ကိုယ်ကနည်းနည်း အားနည်းတာပေါ့နော် အချို့ဆိုလို့ရှိရင် ပြောကြတယ် နုသေးတာပေါ့ အဲလိုပြောကြတဲ့ လူလည်း ရှိတာပေါ့နော်”ဟု မိအေးယဉ်ဝင်းက ဆိုသည်။ https://www.bnionline.net/mm/news-75613

***************

၁၄။ သျှမ်းမြောက် သတ်ဖြတ်ခံရသည့် အရပ်သားများအတွက် အမှုမှန် မဖြစ်သေး
September 20, 2020

သျှမ်းပြည်အတွင်း အရပ်သားများ မကြာခဏ သတ်ဖြတ်ခံရသော်လည်း ကျူးလွန်သည့် တရားခံများ တကြိမ်တခါမှ မပေါ် ပေါက် မဖမ်းမိဘဲ အမှုများမှာ အလိုအလျောက်ပြီးဆုံးခဲ့ရသည်။ များသောအားဖြင့် သတ်ခံရသည့် အရပ်သားများသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ နှင့် ဆက်စပ်သူများဟု အစိုးရ တပ်မတော်ဘက်မှ အစဉ်အမြဲ ပြောဆိုထားသည်ကို တွေ့မြင်ရသည်။ သို့သော် သတ်ဖြတ်ခံရသည့် အရပ်သားများသည် တောတောင် လယ်ယာထဲတွင် အလုပ်လုပ်နေကြသည့် တောင်ပေါ်တိုင်းရင်းသားများဖြစ်ပြီး မိခင်ဘာသာစကားမှလွဲပြီး တခြားဘာသာစကားအားနဲကြကာ စစ်ကြောင်းနှင့် တွေ့ချိန်၊ လက်နက်ကိုင်များနှင့်တွေ့ချိန် ထိတ်လှန့် ကြောက်ရွံပြီး ထွက်ပြေးကြသလို တချို့မှာလည်း စစ်ဆေးမေးမြန်းသည်ကို ပြန်မဖြေတတ်၊ မဖြေနိုင်ကြသဖြင့် ရိုက်နှက်ဖမ်းချုပ်သတ်ဖြတ်ခြင်းခံကြရသည်။

လက်ရှိ ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း တအာင်း (ပလောင်) ရွာသားများ သတ်ဖြတ်ခံရသည့် အပေါ် အမှုမှန်ပေါ်ပေါက်ရန် လိုအပ်ကြောင်း တအာင်း ပြည်သူများက တောင်း ဆိုကြသည်။ လွန်ခဲ့သည့် သြဂုတ် ၂၁ ရက်ကလည်း သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စုတွင် ဒေသခံ(၂)ဦးနှင့် နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာ ဒေသခံ (၁) ဦး၏ ရုပ်အလောင်းကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုသူ (၃)ဦးသည် လွန်ခဲ့သည် မေလကုန်က စတင်ပျောက်ဆုံးခဲ့သူဖြစ်ပြီး၊ ၃လ အကြာမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မူဆယ်မြို့ တအာင်းစာပေ ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးညီအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနယ်မြေ အတွင်းသို့ လွန်ခဲ့သည့် ၃ လခန့်က အစိုးရ တပ်မတော် တပ်မ(၉၉ ) လာရောက် လှုပ်ရှားခဲ့ကြောင်း ဒေသခံ သံဃာများနှင့် ပြည်သူများက ပြောဆိုကြသည်။“ အခု မူဆယ် အလောင်း (၃)လောင်းကိစ္စက ခက်တော့ခက်တယ်။ တပ်မ(၉၉) ကလည်း အဲ့နယ်မြေမှာ လှုပ်ရှားမှုမရှိဘူးပြောတယ်။ သူတို့ ကငြင်းဆိုထားတယ်”ဟု ဦးညီအောင် ကပြော သည်။ ထိုသို့သတ်ခံရပြီး မြေမြုပ်ထားသည့် အလောင်း (၃)လောင်းသည် တောထဲတွင် မီးသွေးဖုတ်သည့် ရွာသားများ၊ တောထဲတွင် ရှာဖွေစားသောက်နေသည့် အရပ်သားပြည်သူများဖြစ်ကြောင်း ဦးညီအောင် က ပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း အတွင်း အစိုးရတပ်မတော် မှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမှုပေါင်း (၁၄၅) ခုရှိပြီး စုစုပေါင်း ပြစ်မှု ကျူးလွန်ခံရသည့် ဒေသခံ ၄၁၇ ဦးရှိကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) ထုတ်ပြန်ချက် အရ သိရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ တပ်သားများမှ ပြည်သူများကို ရိုက်နှက်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ စစ်ဘွတ် ဖိနပ်စီးပြီး ကန်ခြင်း၊ တုတ်-ဝါးလုံးဖြင့် ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ထိုးနှက်ခြင်း၊ သေနတ်ဖြင့် ရိုက်နှက်ခြင်း တို့ဖြစ်ကြောင်း TWO ထုတ်ပြန်ချက်တွင် ရေးသားထားသည်။“အရာရာကို စိုးရိမ်နေရတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ရသလိုတိုက်ပွဲ မဖြစ် ရင်လည်း စစ်ကြောင်းတက်လာရင် ပေါ်တာဆွဲတာ။ စစ်ဆေးတာခံရတယ်။ မဖြေနိုင်ရင် ရိုက်တယ်။ ကြောက်နေရတယ်”ဟု သျှမ်းမြောက် ကွတ်ခိုင်နယ်မြေတွင် နေထိုင်သည့် အမျိုးသမီး တဦးကပြောသည်။ https://burmese.shannews.org /archives/18545

***************

၁၅။ ကေအဲန်ယူ သထုံခရိုင် ကိုဗစ်ကာကွယ်ရေးဂိတ်ဖွင့်လှစ်မှုအပေါ် အစိုးရတပ်ဟန့်တား
September 19, 2020

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ၊ ကေအဲန်ယူ၊ သထုံခရိုင် ထိန်းချုပ်နယ်မြေ ခလယ်ဟယ်ရွာ (ညောင်တုန်းရွာ) လမ်း၌ ကိုဗစ် ကာကွယ်ရေးဂိတ် ဖွင့်လှစ်မှုအပေါ် ဒေသတွင်း စခန်းလာထိုင်ထားသည့် အစိုးရစစ်တပ်က စက်တင် ဘာ ၁၈ နှင့် ၁၉ ရက်များတွင် လာရောက်ဟန့်တားမှု ပြုလုပ်ခဲ့သည်ဟု သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောသည်။“ကျနော်တို့ ကိုဗစ်ကာကွယ်ရေးဂိတ်ကို ခွင့်ပြုချက်မရှိဘဲဖွင့်လို့မရဘူးဆိုပြီး လာကန့်ကွက်တယ်။ ဂိတ်ကို ဖြုတ်ခိုင်း တယ်။ ကျနော်တို့ကလည်း ပြန်ရှင်းပြတော့ စကားအချေအတင်များတယ်”ဟု ပဒိုစောစိုးမြင့်က စက်တင်ဘာ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ သထုံခရိုင်နှင့် အနီးတဝိုက်တွင် ကိုဗစ် အတည်ပြုလူနာတွေ့ရှိလာမှု နှင့်အတူ ထိန်းချုပ်နယ်မြေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမည်ကို ဒေသခံများစိုးရိမ်ကာ ကာကွယ်တားဆီးရေးဂိတ်ထားရှိရန် တောင်းဆိုမှုကြောင့် သထုံခရိုင်တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို စက်တင် ဘာ ၁၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။ ထိုသို့ ကျန်းမာရေးလုပ်သားများက ကိုဗစ်ကာကွယ်ရေးဂိတ် ဖွင့်လှစ်ထားမှုအပေါ် အစိုးရ စစ်တပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ၄၊ ခြေမြန်တပ်ရင်း -ခမရ ၄၀၉ လက်အောက်ခံ ညောင်ရွာစခန်းရှိ အရာရှိ တဦီးပါအဖွဲ့က စက်တင်ဘာ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် လာရောက်ဟန့်တားပြီး ဂိတ်ကို ဓါတ်ပုံရိုက်ယူရန် ပြုလုပ်ခဲ့သည်။

အဆိုပါ ကေအဲန်ယူ၊ သထုံခရိုင်၊ ဖားအံမြို့နယ်၊ ခလယ်ဟယ်ရွာတွင် ကိုဗစ် စတင်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ အတွင်း ကျန်းမာရေး စစ်ဆေးသည့်ဂိတ် ထားရှိခဲ့ဖူးပြီး ကိုဗစ် ဗိုင်းရပ်စ် ပျံ့နှံ့မှုနည်းသွားချိန်တွင် ဂိတ်ကို ပြန်လည် ပိတ်သိမ်းခဲ့ကာ ဗိုင်းရပ်စ် ပျံ့နှံ့မှုများ ပြားလာသည့် ယခုအချိန်တွင် တဖန်ပြန်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ကေအဲန်ယူ သထုံခရိုင် မော်စကိုဒေသ ထောင်မှူး ကျေးရွာအုပ်စု ဈေးမသွယ်ရွာတွင် ဖွင့်လှစ်ထားသည့် Covid -19 ရောဂါကာကွယ်ရေး ကျန်းမာရေး စစ်ဆေး ရေးဂိတ်တစ်ခုအား တပ်မေတော်၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းခဲ့ရဖူးသည်ဟု ကေအဲန်ယူဘက်က ပြောသည်။ http://kicnews.org/202 0/09/%e1% 80%b1%e1%80%80%e1%80%a1%e1%80%b2%e1%80%94%e1%

***************

၁၆။ မယ်စဲ့တွင် မဲဆွယ်ပွဲ ရက်တိုက်နေကြောင်း NLD တင်ပြမှုကြောင့် ကော်မရှင်က ရက်များ ပြောင်းလဲ
19 September 2020

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကယန်းအမျိုးသား ပါတီ (KNP) နှင့် မဲဆွယ်စည်းရုံးရေး ရက်တိုက်သွားသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တင်ပြခဲ့ပြီး ကော်မရှင်က မဲဆွယ်ပွဲရက်များ ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတွင် ကယန်းအမျိုးသား ပါတီဝင်များနှင့် NLD ပါတီမှ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုတို့ မဲဆွယ် စည်းရုံးရေး ဆင်းသည့်ရက် တိုက်ဆိုင်သွားသောကြောင့် NLD က ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး (ခ) လွီးစီငြိမ်းက ပြောသည်။ မယ်စဲ့မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ဦးအယ်လ်ဖောင်းရှို ကိုယ်တိုင် ဖုန်းဖြင့် ကော်မရှင်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမကို အတည်ပြုသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆင်းမည့် နေ့ရက်များကို မတိုက်အောင် ပါတီ ရှစ်ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ကို ခေါ်ပြီး ရက်ပြန်လည် သတ်မှတ်ပေး ခဲ့ပြီး ဖြစ်ကြောင်းလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြောသည်။

KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ဥပမာ ကျောက်စု ဆိုတဲ့ရွာကို ကျွန်တော်တို့ သွားခဲ့ပြီးပြီ။ ဒါပေမယ့် အခု အချိန်ဇယား ပြန်ဆွဲတော့ မနက်ဖြန်ဆို ကျောက်စုရွာကို ကျွန်တော် ပြန်သွားရတော့မလိုလို ဖြစ်သွားတယ်။ ဘယ်လိုခေါ်မလဲ၊ ရက်တွေ အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် ကမောက်ကမ ဖြစ်သွားကုန်တယ်” ဟု ပြောသည်။ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် KNP ပါတီကို အသက်အငယ်ဆုံး ၂၈ နှစ်အရွယ်မှ အသက် ၄၀ အရွယ်အတွင်း လူလတ် ပိုင်းများက ဦးဆောင်၍ ကယားပြည်နယ်ရှိ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ် ၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်တို့တွင် ဝင်ရောက် ယဉ်ပြိုင်သွားမည် ဖြစ်သည်။ http://www.mi zzimaburmese.com/article/73623

**************

၁၇။ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ညောင်ချောင်းအနီး မေယုတောင်ကျော်လမ်းတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်
September 19, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ထဲ ညောင်ချောင်းကျော်လမ်းတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA) တို့အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ တိုက်ပွဲဖြစ်ပွားရာ ကံ့ကော်မြိုင် နတလစံပြကျေးရွာသား တစ်ဦးက “ပထမဖြစ်တာက စက်တင်ဘာ ၁၆ ရက် နေ့လယ်မှာ ဒိုးတန်းချောင်းထဲမှာ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ညောင်ချောင်း တောင်ကျော်လမ်းမှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ဆက် တိုက်ရှိနေပါပြီ။ ဒီနေ့တော့ အသံမကြားရသေးပါဘူး”ဟု ပြောကြားသည်။ ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းမှ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာကို မေယုတောင်ကို ဖြတ်ပြီး ဖောက်လုပ်နေ သည့် ကားလမ်း အနီးဝန်းကျင်တွင် ဖြစ်ပွားနေသည်ဟု သိရသည်။

“ ပထမနေ့ ဖြစ်တာက ၁၂ နာရီကျော် ၁ နာရီလောက် စဖြစ်တယ်။ မိနစ် ၂ဝ ကြာခဲ့ပါတယ်။ ဒိုးတန်းချောင်းထဲ ဒညင်းတော ရှိတယ်။ အဲဒီမှာ လင်းလုပ်ခေါင်းတောင်ဆိုတာ ရှိတယ်။ အဲဒီမှာ ဖြစ်ကြတယ်။ မနေ့ကတော့ ဦးရွှေမောင် နွားရုံနောက်မှာ နွားစားကျက်ကွင်းရှိတယ်။ အဲဒီနောက်က တောင်ချိုင်မှာ ဖြစ်ကြတယ်။ မွန်းလွဲ ၂ နာရီကျော် ၃ နာရီလောက်စပြီး ည ၆ နာရီ ကျော်ထိ ဖြစ်ကြတယ်။ ရွာကတော့ အပြန်အလှန်ပစ်သံတွေ ဒီအတိုင်းကြားနေရတယ်။ ရွာမှာက အမျိုးသမီးတွေ၊ ကလေး တွေတော့ တစ်ခြားနေရာကို ရှောင်နေကြတယ်။ ရွာကို လက်နက်ကြီးကျည်တွေကျတာလည်း မရှိပါဘူး”ဟု ပြောကြား သည်။“ပထမနေ့က မိနစ် ၂ဝ၊ နာရီဝက်လောက်ဖြစ်တယ်။ မနေ့ကတော့ ညနေ ၃ နာရီက နေဝင် ၆ နာရီကျော်ထိ ဖြစ်တယ်။ ဒီနေ့တော့ အသံတိတ်နေတယ်။ သေနတ်သံတွေကို ပေါက်ပေါက် ဖောက်သလိုကြားရတယ်။ ဖြစ်တဲ့ နေရာက ရွာနဲ့ နည်းနည်းဝေးပြီး တောင်ထဲမှာ ဖြစ်နေကြတာဆိုတော့ ရွာဘက်ကို လက်နက်ကြီး ကျည်တွေ လာကျတာတော့ မရှိပါဘူး။ ရွာသားတွေကတော့ ဘယ်မှ ထွက်မပြေးပါဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ညောင်ချောင်းတွင် နယ်ခြားစောင့်တပ်ရှိနေပြီး အနီးဝန်းကျင်တွင် အခြေအနေမှာ တိတ်ဆိတ် ငြိမ်သက်နေကြောင်း၊ တောင်ထဲတွင် ဖြစ်ပွားခြင်းဖြစ်၍ ညောင်ချောင်းကျေးရွာအနီးတွင် အေးအေးဆေးဆေးရှိနေကြောင်း ၎င်း အရပ်လူကြီးက ပြောကြားသည်။ https://www.bni onlin e.net/mm/news-75610

****************

၁၈။ ကိုဗစ်ကာလ သျှမ်းမြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မြင့်တက် HST-NSS ထောက်ပြ
September 21, 2020

ကိုဗစ်-၁၉ ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခများကြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ရှိနေကြောင်း စုံစမ်းရှိရသည်။ ယခုနှစ် ဖေဖော်ဝါရီ လမှ သြဂုတ်လအထိ ကိုဗစ်-၁၉ ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့် မြေမြုပ်မိုင်းနင့်မိ သေဆုံးသူ (၂၃)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူ (၂၅)ဦး နှင့် ဒဏ်ရာရရှိသူ (၆)ဦး တို့ ရှိကြောင်း သျှမ်းပြည် မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ HST-NSS က ယနေ့ စက်တင်ဘာ ၂၁ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ပြည်တွင်း နေရပ်စွန့်ခွာသူ ၁၂၈၀ ကျော်၊ ကလေးစစ်သား စုဆောင်းခံရမှု ၂ ဦး၊ ရိုက်နှက်နှိပ်စက်ခံရသူ ၇ ဦး နှင့် ဖမ်းဆီးခံရသူ ၁၀ ဦးထိကြောင်း ရေးသားထားသည်။ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရသူ များသည် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ် ၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံ၊ နမ့်ခမ်း နှင့် မူဆယ်မြို့နယ် တို့ဖြစ်ကြောင်း (HST-NSS) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ ကိုဗစ် ကာလအတွင်းမှာ ဖြစ်တဲ့ ကိစ္စပါ။ တော်တော်များတယ်။တယောက်တယောက် ဆိုရင်လူတွေက သိပ်ပြီး အာရုံမထား ကြဘူး။ တကယ်တော့ အားလုံး ပြန်ပေါင်းကြည့်လိုက်ရင် တလကို ၁၃ ယောက်လောက် ရှိတယ် လူ့အခွင့်အရေးချိုးဖောက် ခံနေရတာ ” ဟု ဦးဟောင်းဒေါင် က ပြောသည်။

“ အခု အချိန်က ဒုက္ခသည်စခန်းမှာနေတဲ့သူက အရမ်းခက်ခဲတယ်။ ဒုက္ခသည် စခန်းမှာ စားဝတ်နေရေးကလည်း ဖူလုံမှု မရှိဘူး။ လွတ်လပ်သွားလာတဲ့ချိန်တောင် ထောက်ပံ့မှုအရမ်းနည်းတယ် လုံလောက်မှု မရှိဘူး။ အစိုးရကိုယ်တိုင်က ထောက်ပံ့မှု မရှိဘူး။ ကိုဗစ်ကာလမှာပိုပြီး ဆိုးရွာတယ်လို့ ပြောလို့ရတယ်” ဟု HST-NSS မှ ပြောခွင့်ရ လွေးလှားရိုန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တရက်ထက် တရက်မြင့်တက်လာချိန် တွင် သျှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း မြင့်တက်လာကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တားဆီး ချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်စေချင်ကြောင်းလည်း ဦးဟောင်းဒေါင် က ထောက်ပြပြောသည်။ ကိုဗစ်-၁၉ ကာလအတွင်း သျှမ်းပြည် မြောက်ပိုင်း ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ မဖြစ်ပွားရန် အတွက်နှင့် အရပ်သားပြည်သူများကို လူ့အခွင့်အရေးမချိုးဖောက်ရန် သျှမ်းမြောက်လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ က တောင်းဆိုလိုက်သည်။ https://burmese.shannews.org/archives/18571

*****************

၁၉။ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့
21 September 2020

နေပြည်တော် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်တွင် စက်တင်ဘာ ၁၉ ရက်နေ့က လက်ပစ်ဗုံးတလုံး တွေ့ ရှိရပြီးနောက် ယင်းအိမ်တွင်ရှိသည့် CCTV မှတ်တမ်းများကို ထပ်မံစစ်ဆေးရာမှတဆင့် နောက်ထပ် လက်ပစ်ဗုံးတလုံး ထပ်မံ တွေ့ ရှိရကြောင်း သိရသည်။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကွက်သစ်တွင် နေထိုင်သည့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးမှာ ထိုနေ့က အိမ်တွင် ရှိနေစဉ် ပစ္စည်းတခုဖြင့် ပစ်လိုက်သည့် အသံကြောင့် ခြံဝန်းအတွင်း စစ်ဆေးကြည့်ရာ ကားဘေးတွင် လက်ပစ်ဗုံးတလုံးကို စတင်တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လုံခြုံရေး တာဝန်ရှိသူများက ဦးသိန်းထွေး၏ နေအိမ်တွင် တပ်ဆင်ထားသော CCTV ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထပ်မံ စိစစ်ရာ ပထမဗုံးသီး ပြုတ်ကျသည့် အသံကြားသည့် စက်တင်ဘာ ၁၉ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ် ခန့်တွင် ခြုံထဲ၌ လှုပ်ရှားမှုတချို့ ရှိခဲ့ကြောင်း သတိပြုမိခဲ့သည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။ ယင်းဗုံးနောက်တလုံး ထပ်တွေ့ ရသည့် အချိန်မှာ မနေက နေ့လယ် ၂ နာရီ မိနစ်၂၀ တွင် ဖြစ်ပြီး ယင်းလက်ပစ်ဗုံးမှာလည်း ပထမ အ ကြိမ် တွေ့ ခဲ့သည့် လက်ပစ်ဗုံးအတိုင်းပင် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတခုက ထုတ်လုပ်သည့် ဗုံးပုံစံ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ ထံတွင်လည်း ရှိကြောင်း တပ်မတော်ဘက်က ပြောသည်။

ကာယကံရှင် ဖြစ်သူ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဦးသိန်းထွေးထံ ဆက်သွယ်ခဲ့ရာ သတင်း မီဒီ ယာများကို လက်ရှိ အချိန်တွင် မပြောချင်သေးကြောင်း ဆိုသည်။ ကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးဝင်းကမူ ဗုံးတလုံး ထပ်တွေ့ ရှိမှု မှန်ကန်ကြောင်း၊ ဦးသိန်းထွေးမှာလည်း အိမ်တွင် ဆက်လက် နေထိုင်ပြီး ရုံးလည်း ပုံမှန်တက်ရောက် နေကြောင်း ပြောသည်။ https://burma.irrawaddy.com/news/2020/09/21/230230.html

***************

၂၀။ မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားသည့်ဆိုင်ခန်းပစ္စည်းများ ယာယီထုတ်ယူခွင့်ပြု
September 19, 2020

မော်လမြိုင် အမှတ်(၁)ဈေးကြီးတွင် ပိတ်ထားရသော ဆိုင်ရှင်များတောင်းဆိုလာသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မနက်ပိုင်းတွင် ဈေးရုံ B နှင့် C ကိုခွင့်ပြုပြီး နေ့လည်ပိုင်းတွင် ဈေးရုံ A နှင့် D ကို ယာယီထုတ်ယူခွင့်ပြုထားကြောင်း ဈေးတာဝန်ခံရုံးမှသိရသည်။

ဈေးတာဝန်ခံ ဦးစိုးလွင်က“သူတို့ပစ္စည်းတွေကိုယူသွားပြီးတော့ အိမ်ကနေတစ်ဆင့် ဖောက်သည်တွေကို ပြန်ပြီးပေးလို့ရ အောင် စီစဉ်ပေးလိုက်တာပေါ့။ သူတို့ဆိုင်မှာရှိတဲ့ ပစ္စည်းတွေနဲ့မိသားစုအဆင်ပြေအောင် နှစ်ဖက်ကြည့်ပြီးစဉ်းစားပြီး ယာယီ ခွင့်ပြုထားပေးတာ”ဟု ပြောသည်။ မော်လမြိုင်အမှတ်(၁)ဈေးကြီးမှာ မွန်ပြည်နယ်ရှိ မြို့နယ်၊ကျေးရွာအချို့တို့မှ ကုန်ပစ္စည်း များကို လက်လီ၊လက်ကား ဖောက်သည်ယူရောင်းချမှုများရှိသည့်အတွက် ပိတ်ထားရသည့်ဆိုင်များ အခက်ခဲဖြစ်ပေါ်နေပြီး ယခုလိုခွင့်ပြုပေးသည့်အတွက် အနည်းငယ်အဆင်ပြေမှုရှိကြောင်း ဆိုင်ရှင်အချို့က ဆိုသည်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် အခြေခံစားသောက်ကုန်နှင့် ဆေးဆိုင်များကိုသာဖွင့်ခွင့်ပြုထားပြီး ပိတ်ထားသည့်ဆိုင်ခန်များက စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး တစ်ပတ်တစ်ရက်နှုန်းဖြင့် ပစ္စည်းများထုတ်ခွင့်ပြုရန် တောင်းဆိုထားကြောင်း သိရသည်။ ဈေးတာဝန်ခံရှိတယ် ဈေးတာဝန်ခံကနေပြီးတော့ မြို့နယ်စည်ပင်ကိုတင်ပြတယ် အခက် အခဲလေးတွေဒီလိုရှိတယ်ဆိုတာ ရက်နည်းနည်းကြာနေပြီး ဒီပိတ်ထားတာလဲ။ ပစ္စည်းတွေပျက်စီးမှာစိုးလို့ ထုတ်ခွင့်ပြုဖို့ ဆိုင်တွေစစ်ဆေးခွင့်ပြုဖို့ တောင်းဆိုရင်တော့လဲ လုပ်ပေးပါတယ်” ဟု မော်လမြိုင် အမှတ်(၁) ဈေးကော်မတီ ဒုတိယဥက္ကဌ ဦးမောင်စိုးမှ ဆိုသည်။

မော်လမြိုင်မြို့ပေါ် Stay at home ရပ်ကွက်သတ်မှတ်နေရာရှိ ဈေးများတွင် စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး အခြေခံစားသောက်ကုန်များသာ ရောင်းချသည့်ဆိုင်များကိုသာ ရောင်းချခွင့်ပြုကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ http://burmese. monn ews.org/2020/09/19/%e1%80%99%e1%80%b1%e1%80%ac %e1%80%ba%e1%8

***************

၂၁။ အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မဲပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးတိုက်တွန်း
22 September 2020

ကယားပြည်နယ်လွှတ်တော်နဲ့ နိုင်ငံရေးအဆုံးအဖြတ်ပေးတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်နေတဲ့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့ ကရင်နီ အမျိုးသမီးအစည်းအရုံးက တိုက်တွန်းလှုံ့ဆော်နေပါတယ်။ ပြီးခဲ့ တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးမပါဝင်တဲ့ အပြင် နိုင်ငံရေး အဆုံး အဖြတ် ပေးတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတဲ့အတွက်ကို အခုလို တိုက်တွန်းရတာလို့ ကရင်နီအမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး ၂ မော်ဖရေးမြာက ပြောပါတယ်။

“ကျမတို့ ကရင်နီပြည်နယ်မှာ ဒီလွှတ်တော်ထဲမှာပဲ ပြောပြော၊ နောက်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်ချတဲ့နေရာမှာပဲ ပြောပြော အမျိုးသမီးပါဝင်မှုက ကိုယ်မှန်းထားသလောက် မရောက်နေသေးတဲ့အခြေအနေမျိုးမှာ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျမတို့ အမျိုးသမီးတွေက ပါဝင်ဖို့ အရေးကြီးတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ ကျမတို့က vote for women လုပ်ရခြင်းဖြစ်ပါတယ်။

”ဒီအစီအစဉ်ကို ဩဂုတ်လကတည်းကစတင်လုပ်ဆောင်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးတာအပြင် ပြည်နယ်အတွင်းက လူထုတွေနဲ့တွေ့ဆုံပြီး မိမိကို ကိုယ်စားပြုနိုင်မယ့် အမျိုးသမီးတွေကို မဲပေးဖို့ စည်းရုံးဟောပြောတာ တွေလုပ်ဆောင်နေကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေအနိုင်ရရှိမယ်ဆိုရင်တော့ ပြည်နယ်အတွက် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ဖွံ့ဖြိုးရေးပိုင်းမှာလည်း အများကြီးပြောင်းလဲနိုင်မယ်လို့ယုံကြည်ကြောင်းလည်း အမျိုးသမီး အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/411923

***************

၂၂။ မြောက်ဦးတွင် ပစ်ခတ်ခံရပြီး ဒေသခံတစ်ဦးဒဏ်ရာရ၊ တစ်ဦးမှာ ဖမ်းဆီးခံထားရ
September 22, 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ငွေတောင်ပေါက်တံတားအနီးတွင် စက်တင်ဘာလ ၂၀ ရက်၊ ည ၈ နာရီ အချိန်က ဒေသခံ နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ ၎င်းတို့နှစ်ဦးမှာ မြောက်ဦးမြို့ ဘီးလူးကန်ရပ်ကွက်နေ ဦးထွန်းထွန်းမြင့် ၃၄ နှစ်နှင့် ဆင်ချဆိပ်ရပ်ကွက်နေ ဦးထွန်းငြိမ်း ၃၃ နှစ်တို့ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဆေးရုံကြီးရှေ့ရှိ မြောင်၌ ငါးမြုံးထောင်ပြီးအပြန် ငွေတောင်ပေါက်တံတားအနီးအရောက်တွင် စစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ ဦးထွန်းထွန်းမြင့်က ပြောသည်။“ကျွန်တော့ပေါင်ကို ကျည်ထိတော့ လဲကျသွားပြီး ထလို့မရလိုက်တော့ဘူး။ အဲ့မှာကျနော့်ကလှိမ့်ပြီးတော့ ချောင်းထဲကိုရောက်သွားတာပါ။ ကျွန်တော့ ညီကိုတော့ခေါ်သွားကြတယ်။ သူ့အော်သံကိုလည်း ကြားလိုက်ရတယ်။ ရိုက်တဲ့အသံတွေကိုလည်း ကျွန်တော့ နားနဲ့ ကြားလိုက်တယ်”ဟု ဦးထွန်းထွန်းမြင့်က ဆိုသည်။

မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ငွေတောက်ပေါက်တံတားအနီးတွင် ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး အသေးစိတ်ကို မသိရှိသေးကြောင်း ပြောသည်။ အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသူနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းအား DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။ https://www.bnionline.net/mm/news-75665

**************

၂၃။ ရွေးကောက်ပွဲအတွင်း ကူးစက်မူမရှိစေရန်မဲရုံတိုးချဲ့ ပြင်ဆင်နေဟုဆို
September 22, 2020

ကမ္ဘာ့ကပ်ရောဂါ COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါမြန်မာနိုင်ငံတွင်ကူးစက်မူ့မြင့်မားလာခြင်းကြောင့် လာမည့် ရွေးကောက်ပွဲ မဲပေးရာတွင် ကူးစက်မူမရှိစေရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအတွင်းရေးမူး ဦးလင်းကျော်က ပြောသည်။ ချင်းပြည်နယ်တွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မူပြန်ဖြစ်ပွား လာခြင်းကြောင့်ချင်းပြည်နယ်အတွင်း ပြင်ဆင်မူမေးမြန်းခြင်းကို ဦးလင်းကျော်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဦးလင်းကျော် ”ကျွန်တော်တို့ ဘက်ကတော့ မဲရုံပိုင်းနဲ့ မဲရုံတာဝန်ကျတဲ့သူ အပိုင်းကို ပြင်ဆင်တာပေါ့၊ ပစ္စည်းပိုင်းက တော့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပေါ် မူတည်မယ်၊ မဲဆန္ဒရှင် ၁၀၀ ရှိတဲ့နေရာဆိုရင် ပုံမှန်အတိုင်း ဆိုဒ်တစ်ဆိုဒ်နဲ့ လုပ်ဆောင်သွားမယ်၊ ပြီးတော့ ၁၀၀ နဲ့ ၅၀၀ ကြားဆိုရင်တော့ အခန်းကျယ်တဲ့နေရာကို ရွေးပြီးတော့ ဆိုဒ် ၂ ဆိုဒ် လုပ်ဆောင်သွားမယ်၊ အဲ့ဒီအတွက် အခန်းကျယ်နဲ့ နေရာကျယ်ကို ရွေးချယ်သွားမယ်၊ ဆိုဒ် နှစ် ဆိုဒ်လုပ်မယ်၊ မဲပေးတာ လည်း မြန်မှာပေါ့“ ဟု ပြောသည်။

” ၂၀၁၅ မှာတုန်းကတော့ ၁၀၃၁ ရုံထိမဲရုံတွေ လုပ်ဆောင်တယ်၊ အခု ၂၀၂၀ လက်ရှိအနေအထားမှာကတော့ ၁၁၁၄ ရုံထိပြင်ဆင်ထားတယ်၊ ရဲဌာနကနေ ဘယ်လောက်ထိ ကူညီပေးမလဲဆိုတော့ မသိဘူး၊ ဒါပေမဲ့ အထဲမှာ ကျန်းမာရေး အထောက်အကူပြုတဲ့သူတွေကတော့ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကတော့ အသေးစိတ် ဆွေးနွေး ပြီးပြီ၊ သူတို့ကတော့ မဲရုံကိစ္စတွေကို အကုန်လုံးစီမံပေးမယ်၊ ဟု ဆိုသည်။ လာမည့် ၂၀၂ဝခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ https://www.bnionline.net/mm/news-75672

****************

၂၄။ စစ်ရှောင်အသစ် တစ်ထောင်ခန့် အကူအညီများ လိုအပ်
September 19, 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မကြာသေးမီက ရောက်ရှိလာကြသော စစ်ရှောင် တစ်ထောင်နီးပါးအတွက် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။ ကျောက်တော်မြို့နယ်က မဟာမုနိ ဘုရားဝန်းအတွင်း ကျေးရွာပေါင်း ၆ ရွာက စစ်ရှောင် တစ်ထောင်နီးပါး ရောက်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ COVID-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် ယာယီတဲများဆောက်လုပ်ရန်အတွက် အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များအား ကူညီနေ သူ များက ပြောသည်။

“လူဦးရေ တစ်ထောင်ဝန်းကျင်ပေါ့၊ ၉၄၃ ဦးလို့တော့ ပြောတယ်။ အခုရောက်နေတာက မဟာမုနိ ဓမ္မာရုံရယ်၊ မဟာမုနိ ပုရဝုဏ်အတွင်းမှာ။ မျောက်တောင်၊ သာစည်ရယ်၊ ရွှေပြည်သစ်၊ ရွှေပြည်ရွာဟောင်း၊ အလယ်ကျွန်း၊ ကျောက်ဂူစုရွာ အဲ့က လူတွေပဲ။ သူတို့က နေရာက ကျပ်သည်းမှုတွေရှိနေတယ်။ လူကများတယ်လေ။ ပြီးတော့သူတို့ အခု စားနပ်ရိက္ခာ လိုတယ်။ ပြီးတော့ COVID-19 အတွက် အထောက်အကူပစ္စည်းတွေ လိုအပ်နေတယ်။ သူတို့ ဒီကိုရောက်နေတာ နှစ်ပတ်ကျော်ပြီ” စစ်ရှောင်များအား ကူညီပေးနေသူ ကျော်တော်မြို့ က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “လိုအပ်တာက စားနပ်ရိက္ခာရယ်၊ ဆေးဝါးပစ္စည်းတွေ လိုတယ်။ လောလောဆယ်က COVID ကာလလည်း ဖြစ်တော့ ပိုပြီး လိုအပ်တာပေါ့။ Mask တို့ ဘာတို့လိုတာပေါ့။ ဘုန်းဘုန်းတို့က စားဝတ်နေရေး၊ နေစရာမရှိ အဲ့လိုဖြစ်နေတော့ ကူညီထားတာပါ။ အစကတော့ ဓမ္မာရုံမှာထားတယ်။ မဆံ့တော့ နောက် ဘုန်းကြီးကျောင်းတွေမှာ အဲ့နားက မဟာမုနိ ဘုန်းကြီးကျောင်းမှာ ထားတယ်။ နောက်ဓမ္မရုံ သုံးရုံမှာ မျှပြီးတော့ ထားပါတယ်။ အခက်အခဲက နေရာထိုင်ခင်းအခက် အခဲဖြစ်တယ်။ နောက်ပြီး အဝတ်အထည် အခက်အခဲရှိတယ်”ဟု စစ်ရှောင်များအား ယာယီကူညီရေးကော်မတီ၏ နာယက ဆရာတော် ဦးပညာသီရိ က မိန့်ကြားသည်။

အဆိုပါ စစ်ရှောင်များမှာ အနီးအနားတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာများထဲသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက်လာပြီး ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားစဉ် ဒေသခံများအား ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့သည် လက်ရှိ မဟာမုနိဘုရားဝန်း အတွင်းရောက်ရှိနေသော စစ်ရှောင်အများစုမှ ကျောက်တော်မြို့နယ်၊ သာစည် ကျေးရွာအုပ်စုထဲက ကျေးရွာအချို့မှ ဒေသခံ ရွာသားများ ဖြစ်ကြပြီး အချို့မှာ သြဂုတ်လ ၃၁ ရက်နေ့က ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်က ဖမ်းဆီး စစ်ဆေး ခံခဲ့ရသူများ ဖြစ်သည်။ https://www.bnionline.net/mm/news-75621

***************

၂၅။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၂ ပါတီ ရှိသည့်အနက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့်ပါတီ သုံးပါတီသာရှိ
21 September 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မဲဆန္ဒနယ် တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ သုံးပါတီသာ ရှိပြီး ပါတီ ၅၀ ကျော်က မဲဆန္ဒနယ် ၁၀ နေရာ ထက် ပိုမိုယှဉ်ပြိုင်ခြင်း မရှိဟု ပြည်ထောင်စု ရွေးကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် သတင်း မီဒီယာများ အခန်းကဏ္ဍ အွန်လိုင်း ဆွေးနွေးပွဲတွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင်က ယင်းသို့ ပြန်လည်ဖြေကြား ခြင်းဖြစ်သည်။“တကယ်တမ်း တစ်ထောင်ကျော် ဝင်တာက သုံးပါတီပဲ ရှိပါတယ်။ အဲတော့ ပါတီပေါင်း ၉၂ ပါတီ ဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုသော်လည်း ပါတီအများစုက နေရာအနည်းတွေပဲ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။နိုင်ငံရေးပါတီတစ်ခုသည် ပါတီတည် ထောင်ပြီးနောက် အနီးစပ်ဆုံးရွေးကောက် ပွဲတစ်ခုတွင် မဲဆန္ဒအနည်းဆုံး သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဥပဒေကန့်သတ်ချက်ရှိရာ လာမည့်ရွေးကောက်ပွဲကို မဲဆန္ဒ နယ် ၁၀ နေရာ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီ ၅၁ ပါတီရှိကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စာရင်းအရ တည်ဆဲနိုင်ငံရေးပါတီ ၉၄ ပါတီ ရှိသော်လည်း ကော်မရှင်ညွှန်ကြား ချက်များ နှင့်အညီ ဆောင်ရွက်ထားခြင်း မရှိ၍ ယာယီဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံရပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ပါတီအချို့ရှိကြောင်းသိရသည်။ ကော်မရှင်စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံး ယှဉ်ပြိုင်သည့် ပါတီသုံးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ဖြစ်သည်။ NLD ပါတီနှင့် UDP ပါတီမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ကိုယ်စားလှယ် လောင်းဦးရေအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး USDP ပါတီမှာ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။ https://news-eleven.com/article/193299

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။