• Today is: Thursday, April 25, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 61 , September 29, 2020)

၁။ မဲဆြယ္မႈကို ၿခိမ္းေျခာက္သည့္ RCSS ကို TNP ပါတီက ေကာ္မရွင္ထံ တိုင္ၾကား

၂။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ NCA-S EAO တပ္ဖြဲ႕ဝင္မ်ားမဲထည့္ေရး အျမင္တူညီမႈမရွိ

၃။ ဦးခြန္ထြန္းဦး ပါတီဥကၠ႒ ရာထူး ကေန ႏုတ္ထြက္မယ္လို႔ေၾကညာ

၄။ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (DNDP) ၏ ပထမဆုံး မဲဆြယ္စည္း႐ုံးေရး စီတန္းလွည့္လည္ျခင္းကို ႐ြာငံၿမိဳ႕နယ္ တြင္ ျပဳလုပ္

၅။ အေနာက္အုပ္စုက ျမန္မာ NGO မ်ားကို ေငြေပး ဆန္႔က်င္ခိုင္းေနေၾကာင္း တ႐ုတ္မီဒီယာ စြပ္စြဲ

၆။ တ႐ုတ္ဘက္အားကိုးေနရတဲ့ ေခါင္လန္ဖူးေဒသမွာ ရိကၡာခက္ခဲေန

၇။ တီးတိန္ ေဒသခံတခ်ိဳ႕ အစိုးရ အေထာက္အပံ့ လိုအပ္ေန

၈။ သိန္းနီၿမိဳ႕နယ္တြင္ ေရႀကီးမႈျဖစ္ကာ ဆုံးရႈံးမႈမ်ားစြာရွိ
၉။ တပ္မေတာ္မွ အျပည့္အဝ တာဝန္ယူပါက ပလက္ဝၿမိဳ႕နယ္တခုလုံး ေ႐ြးေကာက္ပြဲက်င္းပႏိုင္မည့္ အေနထားရွိဟုဆို

၁၀။ ရွမ္းေျမာက္ KIA ႏွင့္ ျဖစ္ပြားေသာ တိုက္ပြဲတြင္ ျမန္မာ စစ္သား ၆ ဦးေသ၊ ၅ ဦး ထိခိုက္

၁၁။ တပ္မေတာ္၏ ဖမ္းဆီးခံရသည့္ ေျမာက္ဦးမွ သုံးဘီးယာဥ္ေမာင္း ဦးေအးေက်ာ္ ဦးေခါင္းေသြးယို စုတ္ၿပဲဒဏ္ရာမ်ားျဖင့္ ေသဆုံး

၁၂။ ကပ္ေရာဂါကာလအတြင္း ေျပာင္းေဈးက်ၿပီး ေတာင္သူေတြစိုးရိမ္မႈေတြျမင့္တက္လာ

၁၃။ ရခိုင္မွာ တိုက္ပြဲေတြေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ခက္ခဲေန

၁၄။ ဖားအံကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူႏွင့္ ဆက္စပ္သူမ်ားအား ႏွာေခါင္း၊အာေခါင္တို႔ဖတ္(Swab) ရယူထား

၁၅။ ပန္နန္းဒင္သြားလမ္း ေတာင္ၿပိဳမႈေၾကာင့္ ျပတ္ေတာက္

၁၆။ သိႏၵီႏွင့္ မိုင္းပြန္ေဟာ္နန္းတို႔ကို တပ္မေတာ္က ျပဳျပင္ထိန္းသိမ္းေပးမည္

၁၇။ ဖားေဆာင္းတြင္ ကရင္အမ်ိဳးသားပါတီ အင္အားရာခ်ီ လွည့္လည္ မဲဆြယ္

၁၈။ ခ်င္းျပည္နယ္တြင္ တာဝန္က်ရာ ေက်း႐ြာမ်ားရွိမဲ႐ုံမ်ားသို႔ သြားေရာက္ၾကမည့္ ေက်ာင္းဆရာ/ဆရာမမ်ားအေနျဖင့္ အခက္ အခဲမ်ားစြာရွိ

၁၉။ မြန္အမ်ိဳးသားေက်ာင္း ဆရာေတြကို အစိုးရမွ လစာေထာက္ပံ့ေပးဖို႔ ေတာင္းဆို

၂၀။ ကပ္ေဘးေၾကာင့္အပစ္ရပ္ခ်င္ေပမယ့္ ရခိုင္မွာေတာ့ လက္ေတြ႕မျဖစ္ႏိုင္လို႔ တပ္မေတာ္ေျပာၾကား၂၁။ သီေပါတြင္ မူးယစ္ေဆးဝါးဖမ္းဆီးစဥ္ အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး က်ဆုံး

၂၂။ တစ္သီးပုဂၢလ ဝင္ေရာက္မည့္သူ ျပည္နယ္အတြင္း ၁၃ ဦးရွိ\

၂၃။ ကရင္ျပည္နယ္အတြင္းရွိ ေက်း႐ြာအမ်ားစုတြင္ Covid ေၾကာင့္ လူဝင္လူထြက္ပိတ္ထား

၂၄။ မူဆယ္(၁၀၅)မိုင္ ကားသမားတဦးထံ ကိုဗစ္-၁၉ ပိုးေတြ႕၊ မႏၲေလးထပ္မံ စစ္ေဆးထား

၂၅။ ေမာင္ေတာခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ အပါအဝင္ ၁၀ ဦး ကိုဗစ္-၁၉ ကူးစက္ခံရ

၂၆။ တ႐ုတ္ျပည္သို႔ ျမန္မာကုန္တင္ယာဥ္ တရက္ အစီး ( ၁၅၀ )သာ ဝင္ႏိုင္

၂၇။ တာခ်ီလိတ္- မယ္ဆိုင္ ကုန္သြယ္ေရး အကန႔္အသတ္မ်ား ျပန္ေျဖေလွ်ာ့ရန္ သေဘာတူမႈရ

**************

၁။ မဲဆြယ္မႈကို ၿခိမ္းေျခာက္သည့္ RCSS ကို TNP ပါတီက ေကာ္မရွင္ထံ တိုင္ၾကား
28 September 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းကိုင္ၿမိဳ႕နယ္တြင္ ႏိုင္ငံေရးပါတီမ်ား မဲလာဆြယ္သည္ကို လက္ခံပါက ေက်း႐ြာ ဥကၠ႒မ်ား ေငြ ၁၀ သိန္းေပးရမည္ဟု ၿခိမ္းေျခာက္သျဖင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS)ကို တအန္း (ပေလာင္) အမ်ိဳး သားပါတီက ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ထံတြင္ တိုင္ၾကားထားသည္ဟု သတင္းရရွိသည္။

လြိဳင္လင္ခ႐ိုင္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ၏ အတြင္းေရးမွဴး ဦးသိန္းႏိုင္က “တအန္း(ပေလာင္)ပါတီက တိုင္ၾကား လာတာ ဟုတ္ပါတယ္။ သူတို႔ အခက္အခဲေတြ ေပၚေပါက္တယ္ေပါ့။ တိုင္ထားတာ ရွိပါတယ္။ ပါတီက ေျပာတဲ့ထဲမွာေတာ့ ပန္ေကတုအုပ္စုက ႐ြာ ၃ ႐ြာလို႔ ေျပာပါတယ္။ အျခားပါတီေတြကေတာ့ တင္ျပတာ မရွိဘူး”ဟု ေျပာသည္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီအခ်င္းခ်င္း မေျပမလည္ျဖစ္ပါက ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီမွတဆင့္ေျဖရွင္းေပးႏိုင္ ေသာ္လည္း လက္နက္ကိုင္အဖြဲ႕အစည္းႏွင့္ မေျပမလည္ျဖစ္သည့္ ျပႆနာတြင္ ေစ့စပ္ညႇိႏႈိင္းလွ်င္လည္း ထိေရာက္မႈ မရွိႏိုင္ပါဟု ဦးသိန္းႏိုင္က မွတ္ခ်က္ျပဳသည္။ TNP မွ တိုင္ၾကားစာကို ျပည္နယ္အဆင့္၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံသို႔ တင္ျပထားသည္ဟုလည္း သိရသည္။

ျဖစ္စဥ္မွာ RCSS သည္ ၎တို႔၏ ႐ုံးတံဆိပ္၊ အဖြဲ႕အစည္း အမွတ္အသားပါ စာ႐ြက္မ်ားျဖင့္ အေၾကာင္းၾကားျခင္း မဟုတ္ဘဲ မိုင္းကိုင္ ၿမိဳ႕နယ္တြင္းမွ တပ္ဖြဲ႕ဝင္တာဝန္ခံဆိုသူ ၁ ဦးက ပန္ေကတုေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာအုပ္စု စာေရးကို ေျပာဆိုကာ စာျဖင့္အေၾကာင္းၾကားခိုင္းျခင္း ျဖစ္သည္ဟု သိရသည္။ ၿခိမ္းေျခာက္စာ ပို႔ခံရသည့္ ပန္ေကတုေက်း႐ြာအုပ္စု သည္ မိုင္းကိုင္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၁) တြင္ ပါဝင္သည့္ ေက်း႐ြာအုပ္စု ျဖစ္သည္။ RCSS သည္ ၎တို႔ လႈပ္ရွားသည့္ နယ္ေျမအားလုံးတြင္ မဲဆြယ္စည္း႐ုံးမည္ဆိုပါက ႏိုင္ငံေရးပါတီ အားလုံးက ၎တို႔ကို ႀကိဳတင္ ခြင့္ေတာင္းကာ ခြင့္ျပဳခ်က္ ယူၿပီးမွသာ မဲလာဆြယ္ႏိုင္မည္ဟုလည္း စက္တင္ဘာ ၁ ရက္က ထုတ္ျပန္ထားရာ TNP ပါတီ၊ ဗဟိုႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ အေျခစိုက္ပါတီ႐ုံးတို႔မွ RCSS ထံသို႔ ၂ ႀကိမ္ခန႔္စာပို႔ထားေသာ္လည္း အေၾကာင္းျပန္ စာမရဟု မိုင္းကိုင္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၂) တြင္ ဝင္ၿပိဳင္မည့္ TNP ပါတီမွ ကိုယ္စားလွယ္ေလာင္း ဦးမိုင္း ေအာင္ခမ္းထံက သိရသည္။

RCSS ၏ လုပ္ေဆာင္ခ်က္သည္ ဥပေဒႏွင့္ ကိုက္ညီျခင္း မရွိဘဲ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ကိုယ္စားလွယ္ေလာင္း မ်ား၏ မဲဆြယ္စည္း႐ုံးခြင့္မွာ ေကာ္မရွင္တြင္သာ ခြင့္ျပဳခ်က္တင္ရမည္ ျဖစ္ၿပီး မည္သည့္ လက္နက္ကိုင္ တပ္ဖြဲ႕ကိုမွ တင္ရန္ မလိုေၾကာင္း လြိဳင္လင္ခ႐ိုင္၊ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးက ေျပာဆိုထားသည္။ ေက်း႐ြာဥကၠ႒မ်ားကို ၿခိမ္းေျခာက္စာ ေပးျခင္း၊ ေက်း႐ြာမ်ားကို မဲလာမဆြယ္ႏိုင္ရန္ ပိတ္ဆို႔ထားျခင္းမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းရန္ RCSS ၏ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စိုင္းအုဏ္ေခးကို ဖုန္းျဖင့္ အႀကိမ္ႀကိမ္ဆက္သြယ္ေသာ္လည္း ဆက္သြယ္မရသျဖင့္ သီးျခားမွတ္ခ်က္ ရယူ ႏိုင္ျခင္း မရွိပါ။ https://burma.irrawaddy.com/news/2020/09/28/230647.html

****************

၂။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ NCA-S EAO တပ္ဖြဲ႕ဝင္မ်ားမဲထည့္ေရး အျမင္တူညီမႈမရွိ
September 28, 2020

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ NCA-S EAO အဖြဲ႕ဝင္အၾကား ၎တို႔၏တပ္ဖြဲ႕ဝင္မ်ားအား ၂၀၂၀ ေ႐ြးေကာက္ပြဲ တပ္ဖြဲ႕ဝင္မ်ားမဲထည့္ေရးတြင္ အျမင္တူညီမႈမရွိ ေၾကာင္း ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။

မြန္ျပည္သစ္ပါတီ NMSP က ၎တို႔၏တပ္ဖြဲ႕ဝင္မ်ားကို မဲထည့္ခြင့္ျပဳထားသျဖင့္ သက္ဆိုင္ရာမဲဆႏၵနယ္ေျမမ်ားတြင္ မိမိ ႏွစ္သက္ရာ ပါတီကို မဲေပးႏိုင္သည္ဟု မြန္ျပည္သစ္ပါတီ (NMSP) ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ႏိုင္ေအာင္မေငးက ဆို သည္။“ကြၽန္ေတာ္တို႔ကေတာ့ လက္နက္ကိုင္အဖြဲ႕ဟာ သူ႔ဆီမွာ အိမ္ေထာင္စုစာရင္းပုံစံ ၁၀ နဲ႔ မွတ္ပုံတင္ရွိရင္ သူတို႔ စိတ္ႀကိဳက္ မဲသြားထည့္လို႔ရတယ္ မဲထည့္တဲ့ မဲဧရိယာရွိတာေပါ့ေနာ္ သူတို႔မွတ္ပုံတင္နဲ႔ သူတို႔ ဧရိယာ သူတို႔ကိုေတာ့ မပိတ္ ပင္ဘူး သူတို႔အခြင့္အေရးဆိုေတာ့ မဲသြားထည့္ဖို႔ ခြင့္ျပဳပါတယ္ခင္ဗ်ား”ဟု ႏိုင္ေအာင္မေငးက ဆိုသည္။ ေ႐ြးေကာက္ပြဲ ဆိုသည္မွာ လူတိုင္း၏ အမ်ိဳးသားေရးတာဝန္အရ မဲထည့္ရမွာျဖစ္ၿပီး မိမိႏွစ္သက္ရာပါတီကို မဲေပးသင့္သည္ဟု ႏိုင္ေအာင္မေငး က ဆက္လက္တိုက္တြန္းထားသည္။

ရွမ္းျပည္ျပည္လည္ထူေထာင္ေရးေကာ္စီ RCSS တပ္ဖြဲ႕ဝင္မ်ားအား မဲထည့္ခြင့္ မေပးထားဟု ေျပာေရးဆိုခြင့္ ရွိသူ ဒုတိယ ဗိုလ္မွဴးႀကီး အုမ္းေခးက ဆိုသည္။“မဲေပးခြင့္ေတာ့ မေပးထားဘူး ဘာျဖစ္လို႔လည္းဆိုေတာ့ RCSS တပ္ဖြဲ႕အေနနဲ႔ ဘယ္ ပါတီ ထည့္ကိုမွ အားမေပးဘူး ကန႔္ကြက္တာလည္း မရွိဘူးေပါ့ေလ အဲလိုပဲ ရပ္တည္ထားတာေပါ့ေနာ တပ္သားေတြ အေနနဲ႔ မဲထည့္ခြင့္ရဖို႔ ေတာင္းဆိုတာ မရွိဘူး သူတို႔လည္း နားလည္ၿပီးသားပဲ ေတာင္းဆိုတာ ရွိခဲ့ရင္လည္း မေပးဘူးထင္တယ္ အဖြဲ႕တစ္ခုရဲ႕ စည္းမ်ဥ္းစည္းကမ္းရွိၿပီးသားေလ သူတို႔လည္း မေတာင္းဆိုပါဘူး”ဟု ၎က ေျပာသည္။“ကြၽန္ေတာ္တို႔ ကိုယ္တိုင္ပါဝင္ဖို႔က ခက္မွာေပါ့ေနာ္ ဘာေၾကာင့္လည္းဆိုေတာ့ ဒါက ၂၀၀၈ အေျခခံေအာက္မွာ လုပ္တဲ့ ကိစၥ ကြၽန္ေတာ္ တို႔က ၂၀၀၈ ရဲ႕ အဓိက ကြၽန္ေတာ္တို႔ ဖက္ဒရယ္ကို ဆန႔္က်င္တဲ့ ကိစၥေတြကို ျပဳျပင္ေျပာင္းလဲမႈလုပ္ၿပီး ေတာ့ ဒီမိုကေရစီကို ဆန႔္က်င္တဲ့ကိစၥေတြကို ျပဳျပင္ေျပာင္းလဲမႈ လုပ္ဖို႔ဆိုတဲ့အေျခခံနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ျဖစ္လာတာကိုး ဆိုေတာ့ေလာ ေလာဆယ္ေတာ့ မဲထည့္ခြင့္ရရင္ေတာင္ ကြၽန္ေတာ္တို႔ ထည့္ဖို႔ေတာ့ မရွိေသးပါဘူး” ဟု ပဒိုေစာတာဒိုမႈးကေျပာသည္။

ဒီမိုကေရစီ ထူေထာင္ပါက ေ႐ြးေကာက္ပြဲသည္ အေရးႀကီးေသာ္လည္း တဖက္တြင္ ဒီမိုကေရစီ၏ အႏွစ္သာရမ်ား ပါဝင္ သည့္ ေ႐ြးေကာက္ပြဲအေလ့အထႏွင့္ အက်င့္စ႐ိုက္ပိုင္း ထိန္းသိမ္းရန္လိုအပ္ေနၿပီး ျပည္သူမ်ား ေ႐ြးခ်ယ္တင္ေျမာက္ထား သည့္ ကိုယ္စားလွယ္မ်ားအေနျဖင့္ ေျပာပိုင္ခြင့္၊ လုပ္ပိုင္ခြင့္ႏွင့္ ပတ္သက္၍ တားဆီးပိတ္ပင္မႈမ်ားလည္း ရွိေနေသး သည္ဟု ဆိုသည္။ http://burmese.monnews.org/2020/09/28/%e1%81%82%e1%81%80%e1% 81%82%e1%81%8

****************

၃။ ဦးခြန္ထြန္းဦး ပါတီဥကၠ႒ ရာထူး ကေန ႏုတ္ထြက္မယ္လို႔ေၾကညာ
September 28, 2020

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)ပါတီ စတင္ထူေထာင္ခဲ့သူလည္းျဖစ္၊ ဥကၠ႒အျဖစ္ ႏွစ္ေပါင္း ၃၀ေက်ာ္ တာဝန္ယူခဲ့သူလည္း ျဖစ္တဲ့ ဦးခြန္ထြန္းဦးဟာ ရာထူးကေန ႏုတ္ထြက္မယ္လို႔ ရန္ကုန္ အေျခစိုက္ 7Day News သတင္းစာမွာ စက္တင္ဘာ ၂၇ ရက္ ကေၾကာ္ျငာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ဥကၠ႒ ဦးခြန္ထြန္းဦး ႏုတ္ထြက္မယ့္ကိစၥနဲ႔ပတ္သက္လို႔ ပါတီကို တရားဝင္ ႏုတ္ထြက္စာေပးပို႔တာ မရွိေၾကာင္းနဲ႔ သတင္းစာမွာ ေၾကာ္ျငာခ်က္ ေဖာ္ျပမွသာ သူတို႔အေနနဲ႔ သိရွိရတယ္လို႔ ပါတီရဲ႕ ဒုတိယ ဥကၠ႒(၁) စိုင္းၫြန႔္လြင္က ဘီဘီစီကိုေျပာပါတယ္။ ဦးခြန္ထြန္းဦး ပါတီက အနားယူမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ပါတီနဲ႔ ႏွစ္ဖက္ ေျပာဆိုထားတာရွိၿပီး လာမယ့္ေ႐ြးေကာက္ပြဲၿပီးမွ အနားယူဖို႔ ေျပာထားတာ ျဖစ္ေၾကာင္း၊ အခုလို ႐ုတ္တရက္ ႏုတ္ထြက္ တယ္လို႔ ေၾကာ္ျငာထည့္လိုက္တဲ့အေပၚ သူတို႔အေနနဲ႔လည္း နားမလည္ႏိုင္ေၾကာင္းလည္း စိုင္းၫြန႔္လြင္ ကဘီဘီစီကို ေျပာပါ တယ္။ အခုလို ဥကၠ႒အျဖစ္က ႏုတ္ထြက္တယ္ဆိုတဲ့ ကိစၥကလည္း ပါတီဗဟိုေကာ္မတီ အစည္းအေဝးက အတည္ျပဳၿပီးမွ သာ ဥကၠ႒ အျဖစ္က ႏုတ္ထြက္တာကို အတည္ျပဳလို႔ရမွာ ျဖစ္ေၾကာင္းလည္း စိုင္းၫႊန္႔လြင္က ရွင္းျပပါတယ္။

SNLD ဥကၠ႒အျဖစ္ကေန စက္တင္ဘာ ၂၇ ရက္မွာ ႏုတ္ထြက္တယ္ဆိုတာနဲ႔ ပတ္သက္လို႔ ကာယကံရွင္ဦးခြန္ထြန္းဦးကို ဘီဘီစီက ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ပါတီဥကၠ႒ တာဝန္က အနားယူၿပီး မ်ိဳးဆက္သစ္မ်ားကို လမ္းဖြင့္ ေပးထားရမယ္လို႔ ဦးခြန္းထြန္းဦးက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ အတြင္းကလည္း မီဒီယာေတြကို ထုတ္ေဖာ္ေျပာ ၾကားခဲ့ပါ ေသးတယ္။ ႏုတ္ထြက္ေၾကာင္း ေၾကာ္ျငာထည့္ခဲ့တဲ့ ပါတီဥကၠ႒ နဲ႔ ပါတီဗဟိုေကာ္မတီ အဖြဲ႕ဝင္ေတြဟာ ဒီလိုႏုတ္ထြက္ ေၾကာင္း ေၾကာ္ျငာပါအၿပီးမွာ အဆက္အသြယ္ မရသလို မေတြ႕ရေသးတဲ့အတြက္ ဘာေၾကာင့္ အခုလိုႏုတ္ထြက္ရတယ္ဆို တာကို မေျပာႏိုင္ေသးဘူးလို႔လည္း စိုင္းၫြန္႔လြင္ကေျပာပါတယ္။

သူ႔ရဲ႕ က်န္းမာေရး၊ မိသားစုအေရးကိစၥေတြေၾကာင့္ အနားယူခ်င္တယ္လို႔ ေျပာတာမ်ိဳးေတာ့ ရွိတယ္လို႔ စိုင္းၫြန႔္လြင္က ဦးခြန္ထြန္းဦး ႏုတ္ထြက္တာနဲ႔ ပတ္သက္လို႔ ဘီဘီစီကို ေျပာပါတယ္။ ပါတီ ဗဟိုေကာ္မတီ အစည္းအေဝး မထိုင္ေသးဘဲနဲ႔ အခုလိုမ်ိဳး ပါတီကႏုတ္ထြက္တဲ့ ဒီကိစၥဟာ အတည္ ျဖစ္ၿပီလို႔ေျပာလို႔ မရေသးေၾကာင္းလည္း သူကေျပာပါတယ္။ https:/ /www.bbc.com/burmese/54315615

****************

၄။ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (DNDP) ၏ ပထမဆုံး မဲဆြယ္စည္း႐ုံးေရး စီတန္းလွည့္လည္ျခင္းကို ႐ြာငံၿမိဳ႕နယ္ တြင္ ျပဳလုပ္
26 September 2020

ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (DNDP) ၏ ပထမဆုံး မဲဆြယ္စည္း႐ုံးေရး စီတန္းလွည့္လည္ျခင္းကို ႐ြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးဇုန္တြင္ စက္တင္ဘာ ၂၆ ရက္က ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ ထိုသို႔ မဲဆြယ္စည္း႐ုံးေရး လွည့္လည္ရာတြင္ ေမာ္ေတာ္ယာဥ္အစီးေရ ၈၀ ေက်ာ္၊ လူအင္အား တစ္ေထာင္ခန႔္ရွိၿပီး၊ က်န္းမာေရးၫႊန္ၾကားခ်က္ႏွင့္အညီ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဆည္႐ြာတြင္ ဆိုင္းဘုတ္တင္ျခင္း ျပဳလုပ္ခဲ့ေၾကာင္း၊ ေနာက္ပိုင္းတြင္ Door to Door စနစ္ျဖင့္ ႐ြာတစ္႐ြ လွ်င္ သုံးေနရာခြဲ၍ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

“ ဒီေန႔မွာ စီတန္းလွည့္လည္တယ္။ ဆည္႐ြာမွာ ဆိုင္းဘုတ္တင္တယ္ေပါ့။ စီတန္းလွည့္လည္တာေပ့ါ။ စည္း႐ုံးေရး ခရီးစဥ္ ကေတာ့ သြားေနတာေတြေတာ့ ရွိပါတယ္။ အားလုံးအဆင္ေျပပါတယ္။ ဒီေန႔ အားရေက်နပ္တယ္ေပါ့။ သြားမယ္လို႔ လိုင္းေပၚ ေၾကညာတဲ့အေနအထားပဲ၊ ဝန္းရံမယ္ဆိုၿပီး ႐ြာအသီးသီးက ထြက္လာတာအားရတယ္။ တိုင္းရင္းသားျပည္သူေတြအားလုံး ကြၽန္ေတာ္တို႔ ပါတီကိုဆက္လက္ဝန္းရံေပးဖို႔ေပ့ါ။ ကိုဗစ္မျဖစ္ရင္ ဒီထက္ဝန္းရံမယ့္ တိုင္းရင္းသားျပည္သူေတြ အမ်ားႀကီးရွိ ေသးတယ္။ အႀကီးအက်ယ္လည္း လုပ္လို႔မရဘူးေပါ့။ ၿမိဳ႕နယ္ေပါင္း ေလးၿမိဳ႕နယ္မွာ ကိုယ္စားလွယ္ေလာင္းေပါင္း ၁၂ ေယာက္၊ အမ်ိဳးသမီးသုံးေယာက္ပါတာ ျဖစ္တဲ့အတြက္ အမ်ိဳးသမီးပါဝင္မႈႏႈန္းက ၂၅ ရာခိုင္ႏႈန္းေပါ့”ဟု ဓႏုတိုင္းရင္းသား လူမ်ိဳးမ်ား ဒီမိုကေရစီပါတီဥကၠဌ ဦးခင္ေမာင္ခ်ိဳက ေျပာၾကားသည္။

ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (DNDP) ပါတီက အေထြေထြေ႐ြးေကာက္ပြဲတြင္ ႐ြာငံၿမိဳ႕နယ္ႏွင့္ ပင္းတယ ၿမိဳ႕နယ္တို႔တြင္ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ ႏွစ္ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ ေလးေနရာ၊ ကေလာၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ႏွစ္ေနရာ၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္တစ္ေနရာ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ေနရာ စုစုေပါင္း ၁၂ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။ https://news-eleven.com/article/194105

****************

၅။ အေနာက္အုပ္စုက ျမန္မာ NGO မ်ားကို ေငြေပး ဆန္႔က်င္ခိုင္းေနေၾကာင္း တ႐ုတ္မီဒီယာ စြပ္စြဲ
26 September 2020

အေနာက္ႏိုင္ငံမ်ားမွ အဖြဲ႕အစည္းမ်ားသည္ ျမန္မာႏိုင္ငံႏွင့္ အျခားအေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားမွ အစိုးရမဟုတ္သည့္ အဖြဲ႕ အစည္းမ်ား (NGOs) တ႐ုတ္ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ားျမႇင့္တင္ရန္ႏွင့္ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ ျမႇင့္တင္သည့္ ပုံစံျဖင့္ တ႐ုတ္ေက်ာေထာက္ေနာက္ခံျပဳ စီမံကိန္းမ်ားကို ဆန္႔က်င္ရန္ အားေပးေနေၾကာင္း တ႐ုတ္အစိုးရ မီဒီယာက စြပ္စြဲ လိုက္သည္။

အေရွ႕ေတာင္အာရွမွ အခ်ိဳ႕ေသာ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းမ်ား (NGOs) အနက္ အခ်ိဳ႕သည္ အေနာက္ႏိုင္ငံမ်ားမွ ဝါဒျဖန္႔ခ်ိမႈတြင္ အသုံးခ်ခံမ်ားျဖစ္ေနၿပီး တ႐ုတ္ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ားတြင္ပါဝင္ေနသည္ဟု တ႐ုတ္ကြန္ျမဴနစ္ပါတီ အာေဘာ္ ျပည္သူ႔ေန႔စဥ္ သတင္းစာက ထုတ္ေဝသည္ ဂလိုဘယ္တိုင္းမ္ Global Times သတင္းစာက အဂၤါေန႔တြင္ စြပ္စြဲၿပီး ထိုကဲ့သို႔ေသာလုပ္ရပ္မ်ားသည္ အမ်ားျပည္သူအက်ိဳးေဆာင္႐ြက္သည့္ နယ္ပယ္ထက္ ေက်ာ္လြန္ေနေၾကာင္းေျပာၾကား လိုက္သည္။ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအၾကားတြင္ ျမန္မာႏိုင္ငံမွ မၿငိမ္သက္ေသာ ႏိုင္ငံေရး အေျခအေနသည္ အေနာက္ ႏိုင္ငံ NGOs မ်ားအတြက္ လြန္စြာေကာင္းမြန္သည့္ အေနအထားကို ႏွစ္ေပါင္းမ်ားစြာ ဖန္တီးေပးခဲ့ေၾကာင္း ထိုသတင္းစာက ဆိုသည္။ တ႐ုတ္ႏိုင္ငံအကူအညီျဖင့္ သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ျပဳလုပ္သည့္ အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကို ေဝဖန္သည့္ အစီရင္ခံစာမ်ား ထုတ္ျပန္ျခင္းျဖင့္ တ႐ုတ္စီမံကိန္းမ်ားကို အယုံအၾကည္ကင္းမဲ့ေအာင္ လုပ္ေဆာင္ရာတြင္ NGOs ဝန္ထမ္းမ်ားသည္ အခန္းက႑တခုမွ ပါဝင္ေနၾကာင္း ျမန္မာႏိုင္ငံၿမိဳ႕ေတာ္ ေနျပည္ေတာ္မွ “ေက်ာင္” အမည္ရွိ တ႐ုတ္တဦးကို ကိုးကားၿပီးေနာက္ ဂလိုဘယ္တိုင္းသတင္းစာေရးသားသည္။ လြတ္လပ္ၿပီး အက်ိဳးအျမတ္မယူသည့္ အေမရိကန္ အဖြဲ႕အစည္းတခုျဖစ္ေသာ National Endowment for Democracy (NED) သည္ တ႐ုတ္ႏိုင္ငံ၏ စီမံကိန္းမ်ား ကို ဆန္႔က်င္ရန္ ျမန္မာ NGOs မ်ားကို ေငြေၾကးေထာက္ပံ့ေနသည္ဟု ထိုသတင္းစာက စြပ္စြဲသည္။

NGOs မ်ားသည္ ၎တို႔၏ လုပ္ငန္းသေဘာသဘာဝအရ ျပည္ပအကူအညီႏွင့္ အျခားအလွဴရွင္မ်ားကို မွီခိုရေၾကာင္း Equality Myanmar မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက တ႐ုတ္မီဒီယာ၏ စြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ဧရာဝတီသို႔ ေျပာသည္။ သို႔ေသာ္ “က်ေနာ္တို႔က ႐ုပ္ေသးေတြ မဟုတ္ဘူး။ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြအတြက္ ရပ္တည္တာျဖစ္ တယ္”ဟု သူေျပာသည္။ ျမန္မာႏိုင္ငံမွ သဘာဝသယံဇာတ ထုတ္ယူျခင္းႏွင့္ သဘာဝပတ္ဝန္းက်င္ ဖ်က္ဆီးမႈ အမ်ားစုကို ၾကည့္လွ်င္ တ႐ုတ္ကုမၸဏီမ်ား ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ေသာ စီမံက္ိန္းမ်ားေၾကာင့္ အမ်ားဆုံးျဖစ္ၿပီး အေနာက္ႏိုင္ငံလုပ္ငန္း မ်ားက ထိုသို႔ျပႆနာမ်ား မျဖစ္ေစေၾကာင္းလည္း သူေျပာသည္။“က်ေနာ္တို႔ရဲ႕ NGOs သေဘာထားက လူ႔အခြင့္အေရး ျမႇင့္တင္ၿပီး ဖိႏွိပ္ခံျပည္သူေတြရဲ႕အသံကိုနားေထာင္ျခင္းျဖင့္ အမွန္တရားအတြက္ ရပ္တည္ျခင္းျဖစ္တယ္”ဟု သူေျပာသည္။ https://burma.irrawaddy.com/news/2020/09/26/230568.html

***************

၆။ တ႐ုတ္ဘက္အားကိုးေနရတဲ့ ေခါင္လန္ဖူးေဒသမွာ ရိကၡာခက္ခဲေန
26 September 2020

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏႈန္း ျမင့္တက္ေနခ်ိန္ ျမန္မာ-တ႐ုတ္ နယ္စပ္ဂိတ္ေတြကို ပိတ္လိုက္တာေၾကာင့္ ရိကၡာအတြက္ နယ္ျခားျဖတ္တင္သြင္းမႈကို အားကိုးေနရတဲ့ ကခ်င္ျပည္နယ္ ေခါင္လန္ဖူးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာ စားနပ္ရိကၡာ အခက္အခဲႀကဳံေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကပ္ေဘးကာလ ေဒသအသီးသီးမွာ မတူညီတဲ့ အခက္အခဲေတြ ရွိေနၿပီး တစ္႐ြာနဲ႔တစ္႐ြာ သြားလာေရးခက္ခဲလြန္းတဲ့ ေခါင္လန္ဖူးၿမိဳ႕နယ္မွာ ရင္ဆိုင္ေနရတာကေတာ့ စားနပ္ရိကၡာ ဝယ္ယူရ ခက္ခဲေနျခင္းပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဘက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏႈန္း ျမင့္တက္ေနခ်ိန္မွာ ေခါင္လန္ဖူးၿမိဳ႕နယ္ထဲက တရားမဝင္ တ႐ုတ္နယ္စပ္ဂိတ္ေတြျဖစ္တဲ့ နယ္စပ္မွတ္တိုင္ ၃၀၊ ၃၁၊ ၄၅ နဲ႔ ၄၁ ေနရာေတြကို တ႐ုတ္ဘက္က ၿပီးခဲ့တဲ့ မတ္လ ကတည္းက ပိတ္ထားလိုက္တာပါ။

ဒီလို ပိတ္ထားၿပီေနာက္ပိုင္း ကုန္စည္စီးဆင္းမႈ ရပ္တန႔္ေနတာ ေျခာက္လ ေက်ာ္လာၿပီျဖစ္လို႔ ရိကၡာရွားပါးေနၿပီလို႔ ေခါင္လန္ဖူး ေဒသခံ တစ္ဦးျဖစ္တဲ့ ဉီးဒခြမ္ေဖရမ္ က ေျပာပါတယ္။ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ ေခါင္လန္ဖူးေဒသက ေက်း႐ြာေတြမွာ ဆန္အိတ္ အမ်ားအျပား လွဴဒါန္းခဲ့တယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က ေျပာပါတယ္။ ေခါင္လန္းဖူးၿမိဳ႕ကေန ႐ြာတစ္႐ြာနဲ႔တစ္႐ြာဟာ ၅ မိုင္ကေန မိုင္ ၇၀ ေလာက္အထိ အကြာ အေဝးရွိၿပီး အနည္းဆုံး ၇ ရက္ကေန ၁၀ ရက္အထိ လမ္းေလွ်ာက္သြားရတာပါ။ အစိုးရ ေထာက္ပံ့ေပးတဲ့ဆန္ရိကၡာဟာ လမ္း တစ္ဝက္ေလာက္အထိပဲ ပို႔ေပးႏိုင္တာေၾကာင့္ တကယ္လိုအပ္တဲ့ ႐ြာေတြအထိ ေရာက္ဖို႔ ခက္ခဲေနတယ္လို႔ ေဒသခံ ေနာက္တစ္ဦးျဖစ္တဲ့ ကိုဆားေအာင္က ေျပာပါတယ္။
ေခါင္လန္ဖူးၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္စု ႏွစ္ဆယ့္ေလးခုက အိမ္ေျခ ႏွစ္ေထာင္ေက်ာ္မွာ လူဉီးေရ တစ္ေသာင္းေက်ာ္ ေနထိုင္ ေနၾကတာပါ။ https://www.rfa.org/burmese/news/food-difficulty-in-khaunglanhpu-kachin-09262020040945.

***************

၇။ တီးတိန္ ေဒသခံတခ်ိဳ႕ အစိုးရ အေထာက္အပံ့ လိုအပ္ေန
28 September 2020

ျမန္မာႏိုင္ငံမွာ အဆင္းရဲဆုံးျပည္နယ္လို႔ သတ္မွတ္ခံထားရတဲ့ ခ်င္းျပည္နယ္က ေဒသခံတခ်ိဳ႕ ကို႐ိုနာဗိုင္းရပ္စ္ (Covid 19) ကူးစက္ပ်ံ႕ႏွံ႔မႈ အႏၲရာယ္ရွိေနတဲ့ကာလမွာ အစိုးရရဲ႕ ကူညီေထာက္ပံ့မႈကို မရဘဲျဖစ္ေနတာပါ။ ေထာက္ပံ့ေၾကးမရသူ ေတြထဲ မွာ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္က သိုင္းငင္းေက်း႐ြာက ဦးနန္ပီးတို႔ မိသားစုလည္း ပါဝင္ပါတယ္။“ကိုဗစ္ကာလမွာ ကြၽန္ေတာ္တို႔ ဘာတစ္ခုမွလည္း ေရာင္းလို႔မရဘူး ဆိုေတာ့ ကြၽန္ေတာ္တို႔ သိုင္းငင္း႐ြာ ကဆိုရင္ ကားကို အားကိုးၿပီးေတာ့မွ အသက္ရွင္တယ္။ ကားလည္း မထြက္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ အဲဒီခ်ိန္မွာ အရမ္းကို ဒုကၡေရာက္တဲ့ အခ်ိန္မွာ ေတာင္ယာ လည္း မလုပ္ရဘူး။ ေတာင္ယာလုပ္ကိုင္တဲ့ ဦးနန္ပီးတို႔ မိသားစုဟာ သူတို႔စိုက္ထားတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို သိုင္းငင္း ကားလမ္း ေဘးကေန ခရီးသြားေတြကို ေရာင္းခ်ေနတာပါ။ အခုလို ခရီးသြားေတြ မရွိသေလာက္ နည္းပါး သြားခ်ိန္မွာ ဝင္ေငြ မရေတာ့တဲ့အျပင္ ေထာက္ပံ့မႈလည္း မရတာေၾကာင့္ အခက္ခဲျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ပထမအႀကိမ္ ေထာက္ပံ့ပစၥည္း ေပးအပ္ရာမွာ ကန႔္သတ္ခ်က္ ၁၅ ခ်က္နဲ႔ ညီတဲ့ အိမ္ေထာင္စုေတြကိုသာ ေပးအပ္ရမယ္ ဆိုၿပီး ၫႊန္ၾကားထားတာေၾကာင့္ မရသူေတြရွိတာလို႔ တီးတိန္ၿမိဳ႕နယ္ ေမာင္ကင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဒါးလ္ခန႔္ခုပ္က RFA ကို ေျပာပါတယ္။ အဲဒီသတ္မွတ္ခ်က္ေတြေၾကာင့္ ေထာက္ပံ့ေၾကးမရတဲ့ ေဒသခံေတြလည္း ရွိေနၿပီး ပိုးကူးစက္မႈ အႏၲရာယ္ ရွိေနတဲ့ကာလမွာ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတယ္လို႔ ဆိုပါတယ္။ ေခၚဆေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ကိုခိုင္က်င့္ ဒါလ္းကလည္း အဲဒီလို ေဒသခံေတြနဲ႔ အျငင္းပြားစရာေတြ ရွိလာတာေၾကာင့္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးကို ေနာက္ထပ္ေပးမယ့္ အစိုးရေထာက္ပံ့မႈမွာ စာရင္းထပ္မံတင္ျပဖို႔ စာတင္ထားတယ္လို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္မွာ အစိုးရရဲ႕ ေထာက္ပံ့တဲ့ အစီအစဥ္ထဲ မပါေသးတာေၾကာင့္ ထပ္မံတင္ျပေတာင္းခံထားတဲ့ မိသားစုဝင္ ဘယ္ေလာက္ရွိတယ္ဆိုတာကိုေတာ့ ေျပာဆိုႏိုင္သူ မရွိပါဘူး။ ကပ္ေဘးကာလ စားဝတ္ေနေရး အခက္အခဲျဖစ္ေနၿပီး ေထာက္ပံ့ေၾကးမရတဲ့ ေဒသခံေတြဟာ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးေတြက က်န္ရွိေနတဲ့စာရင္း ျပန္လည္စိစစ္တင္ျပေပးရင္ ေထာက္ပံ့ေၾကးရမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ https://www.rfa.org/burmese/news/chin-refugees-0928202005

**************

၈။ သိန္းနီၿမိဳ႕နယ္တြင္ ေရႀကီးမႈျဖစ္ကာ ဆုံးရႈံးမႈမ်ားစြာရွိ
September 28, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း သိန္းနီၿမိဳ႕နယ္ နမ့္စလပ္ေက်း႐ြာတြင္ မိုးသည္ထန္း႐ြာသြန္းမႈၾကာင့္ ေနအိမ္ႏွင့္ လယ္ယာပ်က္စီး ဆုံးရႈံးမႈမ်ားေၾကာင္း စုံစမ္းသိရသည္။

စက္တင္ဘာ ၂၆ ရက္ မနက္ပိုင္း ၁ နာရီအခ်ိန္တြင္ မိုးသည္ထန္းစြာ႐ြာသြန္းၿပီး ေတာင္က်ေရ ႏွင့္ ေပါင္းစပ္မႈေၾကာင့္ ေရႀကီး ေရလွ်ံျဖစ္ပြားကာ ေနအိမ္မ်ားေရဝင္ၿပီး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း။ လယ္ယာေျမမ်ားစြာလည္း ပ်က္စီးခဲ့ေၾကာင္း သိႏၷီ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။“ မိုးက တစ္ညလုံး႐ြာၿပီး ေတာင္က်ေရနဲ ဆိုေတာ့ ေရႀကီးသြားတာ။ အိမ္ေျခ ၃၆ အိမ္ ေလာက္ေတာ့ ေရႏွစ္သြားတယ္။ အိမ္ပ်က္စီး ဆုံးရႈံးတာက ေတာ့ (၃) အိမ္ရွိ တယ္။ ၿပိဳသြားတာအိမ္ေတြက နဲနဲေဟာင္းေနၿပီး။ အိမ္ကလည္း ၾကာေနၿပီး” ဟု စိုင္းဦးခမ္းက ေျပာသည္။

ထို႔ျပင္ ေရႀကီးမႈေၾကာင့္ လယ္ယာေျမမ်ားစြာ နစ္ခဲ့ေၾကာင္း၊ လက္ရွိမွာ ဆုံးရႈံးသြားသည့္ လယ္ယာေျမမ်ားကို စာရင္း ေကာက္ေနေၾကာင္းလည္း သိရသည္။ အဆိုပါ ေရႀကီးမႈ ျဖစ္ရျခင္းသည္ အဓိကအားျဖင့္ ေရေျမာင္းထဲအမႈိက္မ်ား စြန႔္ပစ္ ျခင္း၊ သစ္ခုတ္မႈမ်ားျဖစ္ပြားျခင္း၊ တို႔ ေၾကာင့္ ျဖစ္ေၾကာင္းလည္း စိုင္းဦးခမ္းက ထပ္ေလာင္းေျပာသည္။“ မိုး႐ြာက ည ၁၁ နာရီ ေလာက္က။ ၂ နာရီမွာ ေရေတြ အိမ္ထဲဝင္ေတာ့ အိပ္မရေတာ့ဘူး။ ညႀကီးထြက္ေျပးရတာ။ ဘာပစၥည္းမွ မရခဲ့ဘူး။ အိမ္ ထဲမွာရွိတဲ့ ပစၥည္းေတြ အားလုံးဆုံးရႈံ႕းတယ္”ဟု နန္းယိင္းဆိုင္ က ေျပာသည္။“က်မတို႔ လယ္ေတြအားလုံးပ်က္စီးသြားၿပီ။ ဘာမွ မရဘူး။ ဒီႏွစ္ေတာ့ မလွဴႏိုင္ မဒါန္းႏိုင္ေတာ့ဘူး။ တခါမွ မျဖစ္ဖူးဘူး”ဟု စပါး ဆုံးရႈံးသြားသည့္ အသက္ ၅၀ အ႐ြယ္ရွိ အမ်ိဳးသမီး ကေျပာသည္။ သိန္းနီၿမိဳ႕နယ္ နမ့္စလပ္ေက်း႐ြာရွိ ေရေဘးဒုကၡသင့္ေနသည့္ ျပည္သူမ်ားကို သက္ဆိုင္ရာမွ ကူညီေထာက္ပံ့ၿပီး၊ ဆုံးရႈံးသြားသည့္ ပစၥည္းမ်ား၊ လယ္ယာမ်ားစာရင္းကို ေကာက္ၿပီး ကူညီေထာက္ပံ့ေပးရန္လည္းရွိ ေၾကာင္းသိရသည္။ https://burmese.shannews.org/archives/18679

***************

၉။ တပ္မေတာ္မွ အျပည့္အဝ တာဝန္ယူပါက ပလက္ဝၿမိဳ႕နယ္တခုလုံး ေ႐ြးေကာက္ပြဲက်င္းပႏိုင္မည့္ အေနထားရွိဟုဆို
September 28, 2020

၂၀၂ဝျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ တပ္မေတာ္မွအျပည့္အဝတာဝန္ယူပါက ပလက္ဝၿမိဳ႕နယ္တခုလုံး က်င္းပႏိုင္ မည္ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၊ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္ မွ ေျပာသည္။

“မဲဆႏၵနယ္အမွတ္(၁)ဘက္မွာဆိုရင္ ရပ္ကြက္ေက်း႐ြာအုပ္စုေပါင္း ၄၅ အုပ္စုရွိတယ္၊ ၄၅ အုပ္စုမွာ က်င္းပလို႔ရတဲ့ အုပ္စု က ၃၄ အုပ္စု က်င္းပလို႔ရတယ္၊ က်င္းပလို႔မရတာ ၁၁ အုပ္စုရွိတယ္၊ အဲတာ ရာခိုင္ႏႈန္းနဲ႔တြက္လို႔ရွိရင္ ရ၅.၅၅ ရာခိုင္ႏႈန္း ေလာက္ကက်င္းပလို႔ရတယ္လို႔ ကြၽန္ေတာ္ေျပာလိုတယ္၊ ဒါမဲဆႏၵနယ္(၁)၊ မဲဆႏၵနယ္(၂)မွာေတာ့ ေက်း႐ြာအုပ္စုေပါင္း (၅၇)အုပ္စုရွိတယ္၊ က်င္းပလို႔ရတာ(၄၃)အုပ္စုရွိတယ္၊ သူလည္းပဲ ရာခိုင္ႏႈန္းအရတြက္မယ္ဆိုရင္ ၇၅.၄၄ ရာခိုင္ႏႈန္းရွိတယ္၊ အဲတာေၾကာင့္ မဲဆႏၵနယ္ (၁)ေရာ မဲဆႏၵနယ္(၂)မွာေရာ ႏွစ္ခုလုံးက က်င္းပလို႔ရတဲ့ အေနထားရွိတယ္၊ကြၽန္ေတာ္တို႔ သုံးပုံႏွစ္ပုံ က်င္းပလို႔ရတဲ့ အေနထားရွိတာေပါ့ေနာ္၊က်န္တဲ့ သုံးပုံတစ္ပုံကလည္း တပ္မေတာ္ကသာလုံၿခဳံေရး အျပည့္ဝ တာဝန္ယူေပးမယ္ဆိုရင္လည္း က်င္းပလို႔ရတယ္အဲတာလည္းေျပာခ်င္တယ္”ဟု စည္ပင္ဝန္ႀကီးဦးစိုးထက္မွေျပာသည္။

လက္ရွိပလက္ဝၿမိဳ႕နယ္ အခ်ိဳ႕ေနရာမ်ားတြင္ စစ္ျဖစ္သည့္ေနရမ်ားျဖစ္ၿပီး တစ္ၿမိဳ႕နယ္လုံးစစ္ျဖစ္ၿပီး မေအးခ်မ္းသည့္ နယ္ေျမမျဖစ္ေသာေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ အေနထားပိုမ်ားေၾကာင္းလည္းသိရသည္။ ပလက္ဝသြားမည့္ ကုန္းလမ္းသည္ လက္ရွိမိုးရာသီအတြင္း သြားလာေရးအဆင္မေျပမႈေၾကာင့္ မဲ႐ုံသုံးပစၥည္းမ်ား အျပည့္အဝမေရာက္ရွိႏိုင္ေသ ေၾကာလည္းင္းသိရသည္။ https://www.chinworld.org/2020/09/28/%e1%80%90%e1%80% 95%e1%80%ba% e1%80%99%e1%80

**************

၁၀။ ရွမ္းေျမာက္ KIA ႏွင့္ ျဖစ္ပြားေသာ တိုက္ပြဲတြင္ ျမန္မာ စစ္သား ၆ ဦးေသ၊ ၅ ဦး ထိခိုက္
29 September 2020

မူဆယ္ခ႐ိုင္ မုံကိုးၿမိဳ႕ကို ျဖတ္သြားတဲ့ နယ္ေျမရွင္းလင္းေရး စစ္ဆင္လႈပ္ရွားေနတဲ့ ျမန္မာစစ္တပ္ တပ္မ (၉၉) တပ္ဖြဲ႕ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္အတြင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA အား နယ္ေျမရွင္းလင္းေရး’ စစ္ဆင္တိုက္ ခိုက္ရာတြင္ စက္တင္ဘာ (၂၈) တနလၤာေန႔ က ျမန္မာ စစ္သား အနည္းဆုံး (၆)ဦး ေသဆုံးၿပီး ဒဏ္ရာရရွိသူ အနည္းဆုံး (၅)ဦး ရွိေၾကာင္း KIA ဘက္မွ ဆိုပါသည္။ တနလၤာေန႔ နံနက္ပိုင္းမွ ညေနပိုင္း ထိ KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲ သုံးေနရာတြင္ တိုက္ပြဲမ်ားျဖစ္ပြားကာ တပ္မေတာ္ဘက္က ထိခိုက္ ေသဆုံးမႈႏွင့္ပတ္သက္ၿပီး KIA တပ္မဟာ (၆) အရာရွိ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ယခုလို ေျပာပါသည္။ “အနည္း ဆုံး (၆)ဦး (၇)ဦးခန္႔ ေသဆုံးႏိုင္တယ္။ ဒဏ္ရာ ရတာကေတာ့ (၅)ဦးမွ (၇)ဦးထိ ရွိႏိုင္တယ္။”KIA ဘက္မွ ထိခိုက္မႈ မရွိ ေၾကာင္း သူက ဆိုပါသည္။

တပ္မ (၈၈) စစ္ေၾကာင္းမ်ား မုန္းေဘာ္ (Mungbaw) ေက်း႐ြာပတ္၀န္းက်င္ ေတာင္းကုန္မ်ားရွိ KIA တပ္ရင္း (၃၆) စခန္းမ်ားကို သုံးေနရာမွ ‘နယ္ေျမရွင္းလင္းေရး’ထိုးစစ္ဆင္တိုက္မႈ ျပဳလုပ္ၿပီး ျပန္ဆင္းလာစဥ္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားျခင္း ျဖစ္သည္။ “မိုင္ဖန္ (Mai Hpang) ဘက္ကေန ဆင္းလာတဲ့ စစ္ေၾကာင္းဟာ နမ္ေတာင္း (Nam Tau)၊ မေခါယန္ (Mahkaw Yang)နားမွာ ေစာင့္ႀကိဳတိုက္ခိုက္တယ္၊ အဲဒီမွာ ထိခိုက္ေသဆုံးမႈ အနည္းငယ္ ရွိတယ္။ မနက္ပိုင္းမွာပဲ မန္ေနာင္ယန္ (Man Nawng Yang)မွာ ႏွစ္ဖက္ ထိေတြ႕ တိုက္ပြဲျဖစ္ပြားတယ္၊ အဲဒီမွာေတာ့ အေတာ္ေလး အထိနာလို႔ ၾကားရတယ္။ ညေနပိုင္း မွာေတာ့ မုန္ေဘာ္ (Mungbaw)မွ ပလဲခက္ (Pale Hkyet) ဘက္ဆီ တက္လာတဲ့ စစ္ေၾကာင္းကို ခက်န္ခေရာ့ (Hka Chyang Hkaraw) ဆိုတဲ့ ေနရာမွာ ထပ္ၿပီး မိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္ေတာ့ ထိခိုက္မႈမ်ားတယ္”ဟု လုံၿခဳံေရးအရ အမည္ မေဖာ္လိုသူ တိုက္ပြဲျဖစ္ပြားရာ နယ္ေျမမွေဒသခံ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

ႏွစ္ဖက္ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ႐ြာသား (၆၀)ေက်ာ္သည္ မန္ေနာင္ေကာင္ (Man Nawng Kawng) ေက်း႐ြာ ခရစ္ယာန္အသင္းေတာ္ ဘုရားေက်ာင္း၀င္းတြင္ စက္တင္ဘာ (၂၄)ကတည္း ခိုလႈံေနေၾကာင္း ၾကားသိရေသာ္လည္း လက္ရွိ တိုက္ပြဲျဖစ္ပြားေနေသည့္ အေျခအေနေၾကာင့္ ျပင္ပမွ အကူအညီမ်ား သယ္လာေပးရန္ ခက္ခဲေနသည္ဟု မုန္းေဘာ္ (Mungbaw)ေက်း႐ြာ လူမႈကူညီေရးအဖြဲ႕ တစ္ဖြဲ႕မွ သိရသည္။ https://burmese.kachinnews.com /2020/09/29/%e1 %80%9b%e1%80%be%e1%80%99%e1%80%ba%e1

****************

၁၁။ တပ္မေတာ္၏ ဖမ္းဆီးခံရသည့္ ေျမာက္ဦးမွ သုံးဘီးယာဥ္ေမာင္း ဦးေအးေက်ာ္ ဦးေခါင္းေသြးယို စုတ္ၿပဲဒဏ္ရာမ်ားျဖင့္ ေသဆုံး
September 28, 2020

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕တြင္ ေအာင္တိုက္အုပ္စု၊ ၿမိဳ႕သစ္ရပ္ကြက္တြင္ေနထိုင္ေသာ သုံးဘီးယာဥ္ေမာင္း တစ္ဦးကို စက္တင္ဘာလ ၂၇ရက္ေန႔ တပ္မေတာ္ ၃၇၇ တပ္ရင္းက ဖမ္းဆီးသြားၿပီးေနာက္ တစ္ရက္အၾကာ ယေန႔ စက္တင္ဘာလ ၂၈ ရက္ေန႔ ေဆး႐ုံတြင္ အေလာင္းသာ ျပန္လည္ေတြ႕ရွိရဟု ေသဆုံးသြားသူ ဦးေအးေက်ာ္၏ ေယာကၡထီးျဖစ္သူ ဦးေမာင္ႏု ကေျပာဆိုသည္။“ ဦးေအးေက်ာ္ (ေသဆုံးသူ အမ်ိဳးသားအမည္) ေဆး႐ုံကိုေရာက္ေနတယ္လို႔ၾကားလို႔ လာေရာက္ေတြ႔တဲ့ အခ်ိန္မွာေတာ့ ညေန ၄နာရီ ၄ဝေလာက္ရွိပါတယ္။ ကြၽန္ေတာ္ အေလာင္းကို ေခတၱခဏ ၾကည့္လိုက္တဲ့အခါမွာ ေခါင္းမွာ ေသြးေတြယိုၿပီးေတာ့ စုတ္ၿပဲၿပီးေတာ့ျဖစ္ေနပါတယ္။ ေနာက္ကိုယ္ခႏၶာေတြလည္း ဘယ္လိုျဖစ္တယ္ဆိုတာ အခုေတာ့ ကြၽန္ေတာ္မၾကည့္ရေသးဘူး။ ဆရာဝန္ဆီက အေျဖမရေသးေတာ့ ဘယ္လို ေသဆုံးလဲဆိုတာေတာ့ တိတိက်က်မသိရ ေသးဘူး။ ေျမာက္ဦးေဆး႐ုံကို ေဆး႐ုံကားနဲ႔ပို႔တာပါ ” ဟု ၎ကေျပာဆိုသည္။

အဆိုပါ ေသဆုံးသူ သုံးဘီးယာဥ္ေမာင္း ဦးေအးေက်ာ္သည္ စက္တင္ဘာလ ၂၇ ရက္ နံနက္ပိုင္းတြင္ လက္က်ိဳးေနသည့္ အသက္ ၈၀ ေက်ာ္အဖြားတစ္ဦးကို ေဆးကုသရန္ နထင္ေက်း႐ြာသို႔ သုံးဘီးဆိုင္ကယ္ျဖင့္ ပို႔ေဆာင္စဥ္ ၃၇၇ တပ္ရင္းက ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၊ထိုသို႔ဖမ္းဆီးခံရျခင္းေၾကာင့္ မိသားစုဝင္မ်ားက တပ္ရင္းသို႔ သြားေရာက္ေမးျမန္းေသာ္လည္း ဖမ္းဆီးထားမႈမရွိျပန္လည္ေျပာဆိုေၾကာင္း၊ ထိုေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေျမာက္ဦးၿမိဳ႕ ရဲစခန္းကို တိုင္ၾကားၿပီးေနာက္ ယေန႔တြင္ ေသဆုံးလ်က္ျပန္လည္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဦးေမာင္ႏုကေျပာဆိုသည္။ ေျမာက္ဦးၿမိဳ႕နယ္မွ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကလည္း တပ္မေတာ္၏ ဖမ္းဆီးျခင္းခံရသူ ဦးေအးေက်ာ္ ေသဆုံးသြားေၾကာင္းကို မိသားစုဝင္မ်ား၏ ေျပာၾကားခ်က္အရ သိရေၾကာင္း အတည္ျပဳေျပာဆိုသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းျပန္လည္ေျဖဆိုျခင္းမရွိေပ။ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္ဂူစုေက်း႐ြာတြင္ စက္တင္ဘာလ ၂၇ ရက္ေန႔ ညေနပိုင္းက တပ္မေတာ္စစ္ေၾကာင္း ႐ြာသို႔ဝင္ေရာက္ခဲ့ၿပီး အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္ကေျပာဆိုသည္။ https://www.khitthitn ews.com/2020/09/ %e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80

**************

၁၂။ ကပ္ေရာဂါကာလအတြင္း ေျပာင္းေဈးက်ၿပီး ေတာင္သူေတြစိုးရိမ္မႈေတြျမင့္တက္လာ
September 29, 2020

ကို႐ိုနာဗိုင္းရပ္(စ္)ထိန္းခ်ဳပ္ေရးလုပ္ငန္းမွာ ကုန္သြယ္ေရးလမ္းေၾကာင္းေတြ ပိတ္ထားတဲ့အတြက္ ေျပာင္းဝယ္သူေတြ နည္းလာၿပီးေတာ့ ေဈးေတြလည္း တျဖည္းျဖည္းထိုးက်လာတဲ့အေပၚ ေျပာင္းစိုက္ေတာင္သူေတြ အခက္ေတြ႕ၿပီး စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။ အခုလိုေျပာင္းေဈးေတြက်လာတဲ့အတြက္ လုပ္အားခနဲ႔ကုန္က်စရိတ္ေတြက အျမတ္မရွိတဲ့အျပင္ အရႈံးေပၚ မွာကို စိုးရိမ္ေနၾကရပါတယ္။

“ တစ္ကယ္လို႔ေဈးမရွိတဲ့အခ်ိန္ဆိုရင္ အလုပ္သမားေခၚတဲ့အေပၚမွာလည္း တစ္ေန႔ကို ၆၀၀၀ က်ပ္ ေပးရတယ္။ ဒါေပမယ့္ က်ေနာ္တို႔တစ္ခါတစ္ေလျပန္တြက္ၾကည့္မယ္ဆိုရင္ ဒီေဈးႏႈန္းနဲ႔ ဒီအလုပ္သမားခနဲ႔ ျပန္ၿပီးေတာ့ ရႏိုင္မလား မရႏိုင္ဘူးလား ဆိုၿပီး အဲ့လိုမ်ိဳးစိုးရိမ္တယ္ေပါ့။” လို႔ ႐ုမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ ေနာင္လႈိင္ေက်း႐ြာ ကိုဘီးဒူ ကေျပာ ပါတယ္။

အရင္ႏွစ္က အခုခ်ိန္ဆိုရင္ ေျပာင္းေဈး အႏွိမ့္ဆုံး တစ္ပိသာ၄၁၀ ရွိၿပီးေတာ့ ယခုခ်ိန္မွာေတာ့ ၃၇၀ က်ပ္ အထိ ေဈးက် သြားၿပီး တျဖည္းျဖည္းဆက္က်သြားမွာကို ေျပာင္းစိုက္ ေတာင္သူေတြ စိုးရိမ္ေနၾကရတာျဖစ္ပါတယ္။“လာမယ့္ အစိုးရ တက္လာခဲ့မယ္ဆိုရင္လည္း က်ေနာ္တို႔ေျပာင္းေတာင္သူေတြအတြက္ အဆင္ေျပတဲ့ေဈးႏႈန္းကို တိတိက်က်သတ္မွတ္ၿပီး ေတာ့မွ ေတာင္သူေတြမနစ္နာေအာင္ ေတာင္သူေတြအက်ိဳးခံစားခြင့္က အဲ့တာေလးပဲရွိေတာ့ တင့္တင့္မွ်တတဲ့ေဈးႏႈန္းကို စီစဥ္ေပးဖို႔က်ေနာ့္အေနနဲ႔ ေတာင္းဆိုခ်င္တယ္။” လို႔ ကြိဳင္ငံ႐ြာေဟာင္း ေက်း႐ြာေန ဦးပိုပီးယို ကေျပာပါတယ္။

ေျပာင္းေဈးမေကာင္းလို႔ လက္ရွိလုပ္ကိုင္ေနတဲ့ ေျပာင္း႐ုံကိုနားေတာ့မယ့္လို႔ ေဒါးငံခါး ရပ္ကြက္ (၁) ေျပာင္း႐ုံပိုင္ရွင္ ဦးေမာင္ေကာင္း က ေျပာပါတယ္။“ က်ေနာ္တို႔လည္း ဒီတစ္စီးတင္ၿပီးရင္ေတာ့ နားမယ္လို႔ေတာ့ဆုံးျဖတ္ထားတယ္ေပါ့ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ေဈးကဆက္တိုက္က်ေနေတာ့ နားမယ္လို႔ေတာ့ စီစဥ္ထားတယ္ေပါ့။”လို႔ေျပာပါတယ္။ ျပည္သူ မ်ားကေတာ့ ထိုျပာသနာမ်ားေျပလည္ဖို႔ဆိုရင္ အစိုးရမွာတာဝန္ရွိၿပီး ကိုင္တြယ္ေျဖရွင္းေပးဖို႔လိုတယ္လို႔ ၂၀၂၀ ေ႐ြးေကာက္ ပြဲ မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကယားျပည္နယ္ ဒီမိုကရက္တစ္ ပါတီမွ ေစားခူးတေလ ကေျပာပါတယ္။ ကယားျပည္နယ္အတြင္းရွိေက်း႐ြာေပါင္း (၁၀၀)ရွိေတာင္သူေတြရဲ႕ ေက်း႐ြာအလိုက္ ဦးစားေပးသီးႏွံေတြကို အခ်က္အလက္လိုက္လံေကာက္ခံရာမွာ ေျပာင္းသီးႏွံက ဒုတိယအမ်ားဆုံး ဦးစားေပးစိုက္ပ်ိဳးတဲ့ သီးႏွံ ျဖစ္တယ္လို႔ LAIN နည္းပညာအေထာက္အကူျပဳအဖြဲ႕ရဲ႕ သီးႏွံမ်ားရဲ႕ ေဈးကြက္ခ်ိတ္ဆက္မႈ အတြက္ စစ္တမ္းစာအုပ္မွာ ေဖာ္ျပပါရွိပါတယ္။ https://www.bnionline.net/mm/news-75825

**************

၁၃။ ရခိုင္မွာ တိုက္ပြဲေတြေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ခက္ခဲေန
28 September 2020

ရခိုင္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့လူနာေတြ႕ ေနစဥ္နဲ႔အမွ် တိုးလာေနသလို စစ္ေရးပဋိပကၡေၾကာင့္ ထြက္ ေျပးရတဲ့ ေဒသခံေတြ ေန႔စဥ္နဲ႔အမွ် တိုးေနပါတယ္။ တိုက္ပြဲေတြ မရပ္ရင္ ကပ္ေရာဂါထိန္းခ်ဳပ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ရခိုင္ေဒသ မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ ေတြက ေထာက္ျပပါတယ္။ ရခိုင္ျပည္နယ္မွာ ဒီေန႔ စက္တင္ဘာလ ၂၈ ရက္ေန႔ မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာ ၁၂၅၈ ဦးနဲ႔ ေသဆုံးလူနာ သုံးဦးအထိရွိေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန က ထုတ္ျပန္ထားပါတယ္။

ပိုးေတြ႕လူနာေတြ တစ္ေန႔တျခားတိုးလာသလို တစ္ဖက္မွာလည္း တိုက္ပြဲေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ဒီလအတြင္း ရေသ့ေတာင္ၿမိဳ႕နယ္ အပါအဝင္ တျခားေဒသေတြက လူေပါင္းေသာင္းခ်ီ ေဘးလႊတ္ရာကို ထြက္ေျပးတိမ္းေရွာင္ ေနရပါ တယ္။ ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ ရတဲ့ေနရာမွာ ေနထိုင္ရတာေၾကာင့္ အစိုးရကထုတ္ျပန္ထားတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ေနထိုင္ႏိုင္တဲ့ အေျခအေနမရွိဘဲ ပိုးကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ အခက္အခဲျဖစ္ေနတာပါ။ အဲဒီလိုေျပးလာသူေတြဟာ ပိုမို လုံၿခဳံတဲ့ေနရာ ေရာက္ေနေပမယ့္ ေနရာသစ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၲရာယ္မ်ားတဲ့ေနရာျဖစ္ေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္က ဆရာဝန္ေဒါက္တာ တင္ျမင့္ဦး က RFA ကို ေျပာ ပါတယ္။ ရေသ့ေတာင္ကေန ထြက္ေျပးလာရသူ အမ်ားစုဟာ စစ္ေတြၿမိဳ႕က ေသာဗိတာရာမေက်ာင္း စစ္ေဘးဒုကၡသည္ စခန္းနဲ႔ နီးစပ္ရာ ေဆြမ်ိဳးေတြအိမ္မွာ ခိုလႈံေနၾကပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေ႐ႊေလာင္းတင္ေက်း႐ြာကေန စစ္ေတြကို ေရာက္လာတဲ့ ဦးၿငိမ္းခ်မ္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ထက္ က်ည္ဆန္ကို ပိုေၾကာက္ရတယ္လို႔ ေျပာပါတယ္။ လူေတြအစုလိုက္ အၿပဳံလိုက္ထြက္ေျပးလာတာဟာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ဖို႔ အခက္အခဲျဖစ္ေစတယ္လို႔ စစ္ေတြေဆး႐ုံက အထူးကုဆရာဝန္ ေဒါက္တာ ေအာင္ႏိုင္လင္းက RFA ကို ေျပာပါ တယ္။ ရခိုင္ေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ ရခိုင္ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္ေရးအဖြဲ႕ (AHCT) အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းကေတာ့ အခက္အခဲႀကီး ႏွစ္ခုနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာပါတယ္။ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေပါင္းကလည္း လက္ရွိအခ်ိန္အထိ ႏွစ္သိန္း တစ္ေသာင္းေက်ာ္ ေလာက္ရွိေနၿပီလို႔ REC က ဆိုပါတယ္။ https://www.rfa.org/burmese/news/rathedaung-villag ers-flee-9282020035940.html

***************

၁၄။ ဖားအံကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူႏွင့္ ဆက္စပ္သူမ်ားအား ႏွာေခါင္း၊အာေခါင္တို႔ဖတ္(Swab) ရယူထား
September 28, 2020

ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္၊ ေကာ့ဒါန္းမယ္႐ြာသားတစ္ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္(Covid-19) ေရာဂါပိုး စစ္ေဆးေတြ႔ရွိခဲ့ သည့္အတြက္ေၾကာင့္ ၎ႏွင့္ ထိေတြ႕ဆက္ဆံခဲ့သူမ်ားအား ႏွာေခါင္း၊ အာေခါင္ တို႔ဖတ္(Swab)မ်ားကို (စက္ တင္ဘာ ၂၈) တြင္ ရယူၿပီးစီးထားေၾကာင္း သိရသည္။ အဆိုပါ ႏွာေခါင္း၊ အာေခါင္ တို႔ဖတ္မ်ားကို အမ်ိဳးသားဓာတ္ခြဲဌာန(ရန္ကုန္)သို႔ ေပးပို႔ စစ္ေဆးရမည္ျဖစ္ၿပီး ေရာဂါပိုးရွိ မရွိ အေျဖရရန္ ရက္အတိအက် မခန႔္မွန္းႏိုင္ေၾကာင္း ကရင္ျပည္နယ္၊ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာ ေက်ာ္စြာျမင့္ က ယခုလို ေျပာသည္။“ရန္ကုန္မွာက ေသာင္းဂဏန္းနဲ႔ စစ္ရတာကိုး။ (အေျဖသိဖို႔) သုံးေလးရက္ ၾကာသြားတတ္တယ္ ေပါ့ေနာ္။ အေရးတႀကီး လည္းျဖစ္တယ္။ ေရာဂါသည္လည္း ျဖစ္တယ္ဆို ဖားအံ(ေဆး႐ုံ)မွာ စစ္လို႔ရတာေပါ့။”ဟု ေကအိုင္စီသို႔ ေျပာသည္။

စက္တင္ဘာလ ၁၉ ရက္ေန႔က ေကာ့လႈိက္ေက်း႐ြာအုပ္စု၊ ဝါးဆူးေက်း႐ြာ၌ ျပဳလုပ္ခဲ့ေသာ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ ပါတီ-KNDP ၏ မဲဆြယ္ပြဲ ျပဳလုပ္ခဲ့ေသာ ကိုယ္စားလွယ္ေလာင္း ၃ ဦးႏွင့္အတူ စက္တင္ဘာ ၂၃ ရက္ေန႔မွစ၍ ဖားအံ တကၠသိုလ္ဝင္းရွိ အေဆာင္တစ္ခု၌ Q ဝင္ခဲ့သည့္ ဝါးဆူး႐ြာႏွင့္ အျခားေက်း႐ြာအခ်ိဳ႕မွ ႐ြာသူ႐ြာသား ၄၇ ဦး၏ ႏွာေခါင္း၊ အာေခါင္ တို႔ဖတ္တို႔ကိုမူ ယေန႔မွသာ စတင္ ရယူထားျခင္းလည္းျဖစ္သည္။ Q ဝင္ေနသူ KNDP ၏ ဖားအံၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း နန္းေစးအြာ က “က်မတို႔ ကိုယ္စားလွယ္ေလာင္း ၃ဦးကေတာ့ ဒီေန႔ ႏွာေခါင္း၊အာေခါင္တို႔ဖတ္ ယူၿပီးၿပီေပါ့ေနာ္။ က်န္တဲ့သူေတြကိုလည္း အကုန္ယူထားၿပီးပါၿပီ။”ဟု ေကအိုင္စီသို႔ ေျပာသည္။

လက္ရွိအခ်ိန္တြင္ ကရင္ျပည္နယ္ အတိုင္းအတာျဖင့္ ဓာတ္ခြဲစစ္ေဆးရန္ ေစာင့္ၾကည့္ခံထားရသူ ၅၀၀ဦးခန႔္ရွိေၾကာင္း လည္း ေဒါက္တာေက်ာ္စြာျမင့္က ျဖည့္စြက္ ေျပာဆိုသည္။ http://kicnews.org/2020/09/%e1%80%96%e1%80 %ac%e1%80%b8%e1%80%a1%e1%80%b6%e1%

****************

၁၅။ ပန္နန္းဒင္သြားလမ္း ေတာင္ၿပိဳမႈေၾကာင့္ ျပတ္ေတာက္
28 September 2020

ကခ်င္ျပည္နယ္ေျမာက္ဖ်ားပိုင္း ပန္နန္းဒင္ၿမိဳ႕သြားသည့္လမ္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေတာင္မ်ားၿပိဳက်ကာ လမ္းပိတ္ဆို႔မႈရွိေနသျဖင့္ အလြန္ခက္ခဲေနေၾကာင္း ေဒသခံမ်ား ေျပာဆိုခ်က္မွ သိရသည္။

မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ စက္တင္ဘာလ ၂၇ ရက္ေန႔ ေနာင္မြန္းၿမိဳ႕မွ ပန္နန္းဒင္ၿမိဳ႕သို႔ သြားေသာလမ္းမႀကီးတြင္ ေတာင္ကမ္းပါးမ်ားၿပိဳက်ၿပီး၊ ႀကိဳးတံတားလည္း ပ်က္စီးသြားေၾကာင္း ေနာင္မြန္းေဒသခံ ဦး ကူရွင္မင္းထံမွ သိရသည္။“ၿပီးတဲ့အပတ္မွာဘဲ မိုးတအား႐ြာေတာ့ ေနာင္မြန္းေက်း႐ြာနဲ႔ ပန္းနန္းဒင္ဘက္ သြားတဲ့ လမ္းမႀကီးေပၚမွာ ၃ေနရာေလာက္မွာ ေျမၿပိဳက်ၿပီး လမ္းေတြလူသြားလို႔မရေအာင္ပိတ္ဆို႔ေနတယ္။ ေနာက္ၿပီး ပန္နန္းဒင္ကိုသြားတဲ့ လမ္းေပၚက ႀကိဳးတံတားလည္း ကမ္းပါးေတြၿပိဳေတာ့ တစ္ဖက္ေစာင္းသြားတယ္။ အခုက သြားလို႔မရတဲ့ အေျခအေနျဖစ္ေနတယ္လို႔ေတာ့ ၾကားတယ္” ဟု ေျပာဆိုသည္။ ေနာင္မြန္းၿမိဳ႕မွ ပန္နန္းဒင္သို႔သြားေသာလမ္းတြင္ ခက္ခဲေနသျဖင့္ ေဒသခံမ်ား၏ စာနပ္ရိကၡာအတြက္လည္း မ်ားစြာအခက္အခဲရွိလာ ႏိုင္ေသာေၾကာင့္လမ္းအျမန္ျပဳျပင္ေပးရန္ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

“အရင္ႏွစ္ေတြမွာက ၿပိဳေတာ့ၿပိဳတယ္။ ဒီေလာက္ဆိုးဆိုး႐ြား႐ြာမျဖစ္ဘူး။ ေခ်ာင္းေရေတြလည္း ေတာ္ေတာ္ႀကီးတယ္။ အဲ့ဒီေတာ့ ပ်က္ေနတဲ့လမ္းေတြကို အစိုးရက ျမန္ျမန္ဆန္ဆန္ မလုပ္ႏိုင္ေသးရင္ အဲ့ဒီဘက္မွာရွိတဲ့ ေဒသခံေတြက စားေရး ေသာက္ေရးအတြက္ အင္မတန္ခက္ခဲလာမယ္လို႔ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဘက္က စားနပ္ရိကၡာေတြက ေနာင္မြန္းၿမိဳ႕ထဲကဘဲ လာဝယ္ယူၾကတာေလ။ ေနာက္အဲ့မွာက ေတာင္ယာေတြလည္း သိပ္မလုပ္ၾကဘူး။ အဲ့ေၾကာင့္ လမ္း ပ်က္ေနရင္ ဘယ္သူမွ လာႏိုင္ၾကမွာ မဟုတ္ဘူး။ ၿပီးရင္ ကူညီေထာက္ပံ့ေပးမယ့္ သူေတြလည္း သြားလို႔ရမွာ မဟုတ္ဘူး။ ဒါေၾကာင့္ တာဝန္ရွိတဲ့ သူေတြအနနဲ႔ အခ်ိန္သိပ္မဆြဲေစခ်င္ဘူး”ဟု ေျပာသည္။ https://burmese.kachinnews .com/ 2020/09/28/%e1%80%95%e 1%80%94%e1%80%ba%e1%80%94%e1

***************

၁၆။ သိႏၵီႏွင့္ မိုင္းပြန္ေဟာ္နန္းတို႔ကို တပ္မေတာ္က ျပဳျပင္ထိန္းသိမ္းေပးမည္
28 September 2020

ရွမ္းျပည္နယ္ရွိ သိႏၵီေဟာ္နန္းႏွင့္ မိုင္းပြန္ေဟာ္နန္းတို႔ကို တပ္မေတာ္ GE တပ္က ျပဳျပင္ ထိန္းသိမ္းေပးမည္ျဖစ္ရာ ယခု အခါ နယ္ေျမကြင္းဆင္းၿပီး ေျမျပင္အေျခအေနမ်ားကိုေလ့လာျခင္း၊ ဓါတ္ပုံမွတ္တမ္းမ်ား ရယူျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ က်ိဳင္းတုံႏွင့္လားရႈိး ခရီးစဥ္မ်ားတြင္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံခဲ့ရာ ယင္းအဖြဲ႕မ်ားက ေဟာ္နန္းမ်ားကို ျပင္ဆင္ေပးရန္ တင္ျပမႈမ်ားရွိသျဖင့္ အထက္ပါ အတိုင္း စတင္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။“သမိုင္းေၾကာင္းေတြရယ္၊ အခုေလာေလာဆယ္ လက္ရွိ ရွိေနတဲ့ ပုံေလးေတြရယ္၊ သိႏၵီေဟာ္နန္းကေတာ့ အစအဆုံး ျပင္ရ မွာဆိုေတာ့ သူက ၾကည့္ေနတုန္းပဲ ရွိေသးတယ္။ မိုင္းပြန္ေဟာ္နန္းကေတာ့ ဘာေတြ ျပင္ရမလဲဆိုတာ ထည့္ေရးထားတာ ရွိတယ္။ ျပင္မွာကေတာ့ GE တပ္က ျပင္မွာ”ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

သိႏၵီေဟာ္နန္းကို ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းက ထိန္းသိမ္းထားၿပီး ယင္းေဟာ္နန္းကို ေစာ္ဘြားႀကီးကိုယ္တိုင္က စာ ခြၽန္ေတာ့္ျဖင့္ ၎တို႔အသင္းသို႔ လႊဲေျပာင္းေပးထားျခင္း ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ ေဟာ္နန္းမွာ အုပ္ခုံသာသာရွိၿပီး အစိုးရ ကလည္း ၎တို႔၏ ထိန္းသိမ္းမႈေအာက္တြင္ မရွိသျဖင့္ ပံ့ပိုးကူညီမႈ မေပးႏိုင္ေၾကာင္း သိန္းနီၿမိဳ႕ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈ အသင္း ဥကၠဌ ဦးစိုင္းျမင့္ထြန္းက ေျပာသည္။“က်ေနာ္တို႔ သြားေတာင္းတာ မဟုတ္ဘူး။ အခုေတာ့ က်ေနာ္တို႔ကိုေခၚေတြ႕ တာေပါ့။ က်ေနာ္တို႔ ျဖစ္ခ်င္တဲ့ ပုံစံေလးေတြ တပ္ခ်ဳပ္ဆီကို တင္ျပေတာ့ ဝိုင္းလုပ္ၾကတာေပါ့။ ကူညီေပးပါ့မယ္ဆိုၿပီ ရခဲ့ တယ္။ GE တပ္ကေတာ့ Survey ဆင္းေနတယ္။ က်ေနာ္တို႔ကလည္း ဒါက တည္ေဆာက္ေရး ေကာ္မတီ ဖြဲ႕ ထားၿပီးသား ရွိပါတယ္”ဟု ဥကၠဌ ဦးစိုင္းျမင့္ထြန္းက ေျပာသည္။

မိုင္းပြန္ေဟာ္နန္းမွာလည္း အေဆာက္အဦမွာ ပ်က္စီးယိုယြင္းေနၿပီး လိုအပ္သည့္ အပိုင္းလိုက္ျပဳျပင္မည္ဆိုပါက အမိုးမိုးျခင္း၊ ၾကမ္းခင္းခင္းျခင္း၊ ေရနံေခ်းသုတ္ျခင္း၊ ကြန္ကရက္တိုင္အေျဖာင့္ ၿခံစည္း႐ိုးကာရံျခင္းမ်ား ေဆာင္႐ြက္ရန္လိုအပ္ လ်က္ရွိ ေၾကာင္း၊ ယင္းေဟာ္နန္းကိုျပဳျပင္ရန္ က်န္ရွိသူ မိသားစုဝင္မ်ား၏ သေဘာထားကို ရယူထားေၾကာင္း သိရသည္။ ရွမ္းျပည္ နယ္ရွိ ေဟာ္နန္းမ်ားမွာ မိုင္းပြန္ေဟာ္နန္း၊ က်ိဳင္းတုံေဟာ္နန္း၊ ေက်းသီးေဟာ္နန္း၊ လဲခ်ားေဟာ္နန္း၊ သီေပါေဟာ္နန္း၊ မိုင္းပန္ေဟာ္နန္း၊ မိုင္းပန္ေဟာ္နန္း၊ ေညာင္ေ႐ႊေဟာ္နန္း၊ သိႏၵီေဟာ္နန္း၊ မိုင္းေနာင္ေဟာ္နန္း၊ မိုးနဲေဟာ္နန္း၊ မိုးမိတ္ ေဟာ္နန္း၊ ေမာက္မယ္ေဟာ္နန္၊ မိုင္းကိုင္ေဟာ္နန္းႏွင့္ ပင္ေလာင္းေဟာ္နန္းတို႔ ျဖစ္ၾကသည္။ https://burma.irrawaddy .com/news/2020/09/28/230630.html

**************

၁၇။ ဖားေဆာင္းတြင္ ကရင္အမ်ိဳးသားပါတီ အင္အားရာခ်ီ လွည့္လည္ မဲဆြယ္
September 26, 2020

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕တြင္ ကရင္အမ်ိဳးသားပါတီက ဖားေဆာင္း-ေမာ္ခ်ီး လမ္းတေလွ်ာက္ အင္းအား ရာခ်ီ လွည့္လည္ မဲဆြယ္ပြဲကို စက္တင္ဘာ ၂၆ ရက္ေန႔၊ နံနက္ပိုင္းတြင္ ျပဳလုပ္လွ်က္ရွိေၾကာင္း ကရင္အမ်ိဳးသားပါတီ ဖားေဆာင္း ၿမိဳ႕နယ္၊ ျပည္နယ္အမွတ္-၁ ကိုယ္စားလွယ္ေလာင္း ေစာေထာေနမူးက ေကအိုင္စီသို႔ ေျပာသည္။ ၎က “ ဒီေန႔မနက္ပိုင္း မွာ ဝတ္ျပဳဆုေတာင္းၿပီးေတာ့ ဖားေဆာင္းကေန ေမာ္ခ်ီးကို က်ေနာ္တို႔ ကားေတြ၊ ဆိုင္ကယ္ေတြနဲ႔ တက္လာတယ္။ လမ္းက ကရင္မ်ားတဲ့ ႐ြာေတြမွာ ေဟာေျပာတယ္။ ေဟာေျပာတယ္ဆိုတာက အသံသြင္းထားတဲ့ အေခြေတြကို ဖြင့္ျပတာ။ ေမာ္ခ်ီး ေရာက္ေတာ့ မိုးအရမ္း႐ြာတယ္။ က်ေနာ္အခု ျပန္ဆင္းလာၿပီ” ဟု ေျပာသည္။

ကရင္အမ်ိဳးသားပါတီ၏ ယေန႔မဲဆြယ္ပြဲတြင္ ကား ၁၇ စီး၊ ဆိုင္ကယ္ အစီး ၃၀ ႏွင့္ လူအင္အား ၂၀၀ ေက်ာ္ပါဝင္ကာ ပါတီလက္ကမ္းစာေစာင္မ်ားေဝငွျခင္း၊ ပါတီ တီရွပ္မ်ားေဝငွျခင္းမ်ားလုပ္ေဆာင္ကာ ေဒသခံ ကရင္ ျပည္သူမ်ားကလည္း ႀကိဳဆိုမႈမ်ား ျပဳလုပ္ခဲ့သည္ဟု မဲဆြယ္ပြဲတြင္ ပါဝင္ခဲ့သူမ်ားက ေျပာသည္။ ကရင္အမ်ိဳးသားပါတီ အေနျဖင့္ ကယားျပည္နယ္ (ကရင္နီျပည္) ဖားေဆာင္းၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ ေစာဆာကဘ႐ူရွီး၊ အမ်ိဳးသားလႊတ္ေတာ္တြင္ ဦးေက်ာ္စိုး (ခ) ဘိုဘိုေ႐ႊႏွင့္ ျပည္နယ္ လႊတ္ေတာ္ အမွတ္ -၁ တြင္ ေစာေထာေနမူးတို႔ အသီးသီးဝင္ၿပိဳင္သြားမည္ျဖစ္သည္။

ကယားျပည္နယ္တြင္ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္တို႔ စက္တင္ဘာ ၂၅ ရက္ေန႔ တြင္ အင္အားရာခ်ီကာ လြိဳင္ေကာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္တို႔ တြင္ မဲဆြယ္မႈအသီးသီး ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ http://kicnews.org/2020/09/%e1%80%96%e1%80 %ac%e1%80% b8%e1%80%b1%e1%80%86%e1%

**************

၁၈။ ခ်င္းျပည္နယ္တြင္ တာဝန္က်ရာ ေက်း႐ြာမ်ားရွိမဲ႐ုံမ်ားသို႔ သြားေရာက္ၾကမည့္ ေက်ာင္းဆရာ/ဆရာမမ်ားအေနျဖင့္ အခက္ အခဲမ်ားစြာရွိ
September 28, 2020

အေထြေထြေ႐ြးေကာက္ပြဲအတြက္ ခ်င္းျပည္နယ္ေတာင္ ေပၚေဒသတြင္ တာဝန္က်ရာေက်း႐ြာမ်ားရွိ မဲ႐ုံမ်ားသို႔ သြားေရာက္ ၾကမည့္ ေက်ာင္းဆရာ/ဆရာမမ်ားအေနျဖင့္ အခက္အခဲမ်ားစြာရွိေနေၾကာင္းသိရသည္။

ဖလမ္းၿမိဳ႕နယ္ ဗန္ဗား အ.လ.က ေက်ာင္းဆရာမ ေဒၚေဝေဝတင္က “ေက်ာင္းဖက္ကလည္း ေအာက္တိုဘာလ (၁) ရက္ေန႔ ေရာက္ရမယ္လို႔ ေျပာတယ္ အထက္ကေန အမိန႔္စာနဲ႔ ျဖစ္တဲ့အတြက္ မလာရင္လည္း ကိုယ့္ဘာသာ ေျဖရွင္းလို႔ေျပာတယ္ ႏို႔္ဆို႔အ႐ြယ္ကေလးေတြနဲ႔ဆိုေတာ့ အႏၲရယ္မ်ားတယ္ လူလြတ္ဆိုရင္ေတာ္ေသးတယ္ ကေလးနဲ႔ဆိုေတာ့ အခုလိုမ်ိဳး ကာလ မွာ လုံးဝအဆင္မေျပဘူး ကားေတြကလည္း မရွိဘူး ေအာက္တိုဘာလ (၁)ရက္ေန႔ ေရာက္ၿပီးေတာ့ Quarantine ကို (၂၁) ရက္ ကိုယ့္အိမ္ယာမွာ ေနရမယ္ေပါ့ အဲလိုမ်ိဳးေျပာတယ္”ဟုုဆိုသည္။

ကိုဗစ္ကာလတြင္ ခ်င္းျပည္နယ္ဖက္သို႔ မဲ႐ုံကိစၥႏွင့္ ပက္သက္ၿပီး တာဝန္ထမ္း ေဆာင္မည့္ ေက်ာင္းဆရာ/ ဆရာမမ်ားတြက္ ျပည္နယ္ပညာေရးမွဴး႐ုံး၊ ျပည္နယ္ ကိုဗစ္ကာကြယ္ေရး ေကာ္မတီမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္မႈမ်ား လုပ္ေနေၾကာင္း ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္က ေျပာသည္။ ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္က “က်ေတာ္တို႔ႏွစ္ပိုင္းခြဲဲၿပီး စဥ္းစားပါတယ္ ျပည္နယ္ပညာေရးမွဴး႐ုံးကေန ေအာက္တိုဘာ(၁) ရက္ေန႔ ေခၚတာရွိေတာ့ ဒီလိုကာလမွာ ကန႔္သက္ခ်က္ေတြကို ေတာ့ ဆရာ/ဆရာမေတြဖက္ကေတာ့ အခက္အခဲေတာ့ ႀကဳံရမွာဘဲ ႀကဳံရတဲ့အခါမွာ လည္း ေျဖေလ်ာ့ႏိုင္ဖို႔ ျပည္နယ္အဆင့္ ကိုဗစ္ကာကြယ္ေရး ေကာ္မတီလမ္းၫႊန္ခ်က္က ဘာရွိမလဲမသိရေသးဘူး အစည္း အေဝးမွာေတာ့ ထည့္သြင္း ေဆြးေႏြးထားတယ္ ေနာက္ဆုံးမျဖစ္မေန လာၿပီးတာဝန္ထမ္းေဆာင္ဖို႔ ခက္ခဲတဲ့ ဆရာ/ဆရာမ ေတြ ရွိရင္ ဒီဖက္မွာရွိတဲ့ မဲစာရင္းမွာ ပါတဲ့သူ အမ်ားက ေလးစားယုံၾကည္တဲ့သူ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း ေတြနဲ႔ အမ်ိဳးမေတာ္တဲ့ မဲစာရင္းမွာပါတဲ့ သူေတြကို တာဝန္ေပးႏို္င္ဖို႔ကို လ်ာထားတာေတြရွိတယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္ေတာင္ေပၚေဒသဖက္တြင္ ေက်ာင္းဆရာ/ဆရာမတာဝန္ထမ္းေဆာင္သည့္အမ်ားစုမွာ ေျမျပန႔္ေဒသမွ အမ်ားစု ျဖစ္ၿပီး ကိုဗစ္ကာလတြင္ ခရီးသြား စသည့္ ကန႔္သက္ခ်က္ မ်ားစြာရွိသည့္တြက္ တာဝန္က် ေဒသဖက္သို႔ သြားေရာက္ရန္ အခက္ခဲမ်ားစြာရွိေၾကာင္း သိရသည္။ https://www.chinworl d.org/2020/09/28/%e1%80%81%e1%80%bb%e1 %80%84%e1%80%ba%e1%80

***************

၁၉။ မြန္အမ်ိဳးသားေက်ာင္း ဆရာေတြကို အစိုးရမွ လစာေထာက္ပံ့ေပးဖို႔ ေတာင္းဆို
September 29, 2020

မြန္အမ်ိဳးသားပညာေရးေက်ာင္းေတြက ဆရာ ဆရာမေတြကို အစိုးရမွ လစာေထာက္ပံ့ေပးဖို႔ အပါအဝင္ အခ်က္သုံးခ်က္ကို ေတာင္းဆိုထားတယ္လို႔ မြန္အမ်ိဳးသားပညာေရးေကာ္မတီက ေျပာပါတယ္။ ေဒသခံေတြရဲ႕ အလႉေငြေတြနဲ႔ ရပ္တည္ေနရတဲ့ မြန္အမ်ိဳးသားေက်ာင္းေတြဟာ ဘ႑ာေရးအခက္အခဲရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တိုင္းရင္းသားေရးရာဝန္ႀကီးနဲ႔ ေတြ႕ဆုံခဲ့ၿပီး အစိုးရ ေက်ာင္းဆရာေတြကို ေပးတဲ့ လစာရဲ႕ (၄၀)ရာခိုင္ႏႈန္းကို မြန္အမ်ိဳးသားေက်ာင္းဆရာေတြကို ေထာက္ပံ့ ေပးဖို႔ ၊မြန္အမ်ိဳးသားေက်ာင္းေတြလည္း အစိုးရရဲ႕ေထာက္ပံ့မႈ ရရွိဖို႔ နဲ႔ ပ်က္စီးယိုယြင္းေနတဲ့ ေက်ာင္းေတြကို ျပန္လည္ ျပင္ဆင္ေပးဖို႔ အစရွိတာေတြကို ေတာင္းဆိုခဲ့တယ္လို႔ ေျပာပါတယ္။

“အကုန္လုံးညိႏႈိင္းထားၿပီးၿပီး သေဘာတူတယ္။ အဓိကေတာ့ ေက်ာင္းဆရာေတြရဲ႕ ေထာက္ပံ့လစာကို (၄၀) ရာခိုင္ႏႈန္း ေလာက္ ေပးဖို႔ေပါ့။ ဥပမာ အစိုးရ ေက်ာင္းဆရာေတြက တစ္သိန္းရွစ္ေသာင္းရရင္ အာ့တာရဲ႕ ေလးဆယ္ရာခိုင္ႏႈန္းေလာက္ ကို ေထာက္ပံ့ေပးဖို႔ေပါ့ က်န္တာက အလႉရွင္ေတြရဲ႕ ေထာက္ပံ့မႈနဲ႔ ေပးမယ္ေပါ့”လို႔ မြန္အမ်ိဳးသားေက်ာင္း တာဝန္ခံဆရာ မင္းေအာင္ေဇက ေျပာပါတယ္။ မြန္အမ်ိဳးသားေက်ာင္းေတြဟာ ျမန္မာစကားနားမလည္တဲ့ ေဒသခံ တိုင္ရင္းသား ကေလး ေတြကို မိခင္မြန္ဘာသာစကားအေျချပဳကာ မူလတန္းအဆင့္မွစတင္ၿပီးေတာ့ ျမန္မာစကားကိုသင္ၾကားေပးေနတာ ျဖစ္ပါ တယ္။ မူလတန္းၿပီးေျမာက္ပါက ျမန္မာစကားတတ္ေျမာက္ၿပီးျဖစ္လို႔ အလယ္တန္းအဆင့္မွာ မြန္စာနဲ႔ မြန္သမိုင္းကို ထပ္ေဆာင္းဘာသာအေနနဲ႔ သင္ၾကားေနသလို အစိုးရသင္႐ိုးၫႊန္းတမ္းေတြကိုလည္းသင္ၾကားေပးေနတာ ျဖစ္ပါတယ္။

မြန္အမ်ိဳးသားေက်ာင္းေတြရဲ႕ ဆရာ ဆရာမေတြဟာ လစာနည္းပါးတဲ့အျပင္ အစိုးရရဲ႕ အသိအမွတ္ျပဳမႈကိုလည္း မခံရတာ ေၾကာင့္ ေစတနာေရွ႕ထားၿပီးေတာ့သာ လုပ္ကိုင္ေနရတယ္လို႔ ဆိုပါတယ္။“ဆရာေတြက ေစတနာ ေရွ႕ထားၿပီးေတာ့ လုပ္ေနၾကတာပါ လစာက နည္းတယ္ေလ အစိုးရရဲ႕ အသိမွတ္ျပဳမႈကိုလည္း မခံရဘူး စိတ္ဓာတ္နဲ႔ပဲ လုပ္ေနရတာပါ”လို႔ မြန္ပညာေရးဌာန(ဗဟို)တာဝန္ခံ မိစာထားက ေျပာပါတယ္။ မြန္ ကရင္ တနသၤာရီ ေဒသေတြမွာေတာ့ မြန္အမ်ိဳးသားေက်ာင္း ၁၃၃ ေက်ာင္းရွိၿပီး ဆရာ ဆရာမ ၇၀၀ ေက်ာ္နဲ႔ ေက်ာင္းသူ ေက်ာင္းသား တစ္ေသာင္းေက်ာ္တို႔က ပညာသင္ၾကား ေနပါ တယ္။ https://www.bnionline.net/mm/news-75823

****************

၂၀။ ကပ္ေဘးေၾကာင့္အပစ္ရပ္ခ်င္ေပမယ့္ ရခိုင္မွာေတာ့ လက္ေတြ႕မျဖစ္ႏိုင္လို႔ တပ္မေတာ္ေျပာၾကား
September 26, 2020

ကပ္ေရာဂါျဖစ္ပြားေနတဲ့ လက္ရွိကာလမ်ိဳးမွာ တပ္မေတာ္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အပစ္အခတ္ရပ္စဲေရး ေၾကညာ သင့္တယ္လို႔ ေဝဖန္ၾကေပမယ့္ ရခိုင္ျပည္နယ္မွာ AA အဖြဲ႕က တိုက္ခိုက္ေနတာရွိတဲ့အတြက္ လက္ေတြ႕ အေကာင္အထည္ ေဖာ္လို႔မရဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက သတင္းစာ ရွင္းလင္းပြဲမွာေျပာပါတယ္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အင္တာနက္အြန္လိုင္းကေန ဒီေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ တစ္ဦးရဲ႕ ေမးခြန္းကို ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖၾကားခဲ့တာပါ။

ကပ္ေဘးကာလအတြင္း ရခိုင္မွာ တပ္မေတာ္က ထိုးစစ္ဆင္မႈေတြနဲ႔ တိုက္ပြဲေတြကို ေလွ်ာ့ခ်ဖို႔ ႏိုင္ငံတကာအဖြဲ႕အစည္း ေတြအပါအဝင္ အရပ္ဘက္အဖြဲ႕အစည္းေတြက ေတာင္းဆိုေနတာနဲ႔ ပတ္သက္လို႔ RFA သတင္းဌာနက ေမးျမန္းရာမွာ တပ္မေတာ္ဘက္က ထိုးစစ္ဆင္တိုက္ခိုက္တာေတြမရွိပဲ AA အဖြဲ႕က စစ္ေရယာဥ္ေတြကို ေခ်ာင္းေျမာင္းပစ္ခတ္တဲ့အတြက္ ထိခိုက္ဒဏ္ရာရတာေတြရွိၿပီး ခုခံကာကြယ္တဲ့အေနနဲ႔ ျပန္လည္ပစ္ခတ္တာေတြ ရွိတယ္လို႔ ေျပာပါတယ္။ ရခိုင္ျပည္နယ္ ထဲမွာ ၾသဂုတ္လ လယ္ေလာက္ကစၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး တစ္ေက်ာ့ျပန္ျဖစ္ပြားခဲ့ရာ အခုဆိုရင္ ရန္ကုန္နဲ႔ ျပည္နယ္တိုင္း ေလးခုတို႔မွာ ကူစက္ႏႈန္းေတြ ျမင့္တက္ေနပါတယ္။ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္အရ ေမယုျမစ္မွာရွိတဲ့ တပ္မေတာ္ဇက္ ေရယာဥ္က လက္နက္ႀကီးေတြ၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေတြေၾကာင့္ ႐ြာထဲကို လက္နက္ႀကီးက်ည္က်ၿပီး ႐ြာသား ေတြ ေသဆုံးတာ၊ ဒဏ္ရာရတာေတြရွိလို႔ ေၾကာက္လန႔္ၿပီး ထြက္ေျပးလာရတာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္ကို စိန္ေခၚတာ၊ အခ်ဳပ္အျခာအာဏာကို ေစာ္ကားတဲ့သေဘာမ်ိဳး ျဖစ္ေနတဲ့ အတြက္ အစိုးရကို ျပန္လႊဲေျပာင္းေပးသင့္တယ္လို႔ ဆိုပါတယ္။ https://www.rfa.org/burmese/news/cannot-stop-war-in-rakh ine-09262020063720.html

**************

၂၁။ သီေပါတြင္ မူးယစ္ေဆးဝါးဖမ္းဆီးစဥ္ အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၁ ဦး က်ဆုံး
29 September 2020

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕မွာ မေန႔ ေန႔လယ္ပိုင္းက မူးယစ္ေဆးဝါးဖမ္းဆီးရာမွာ အျပန္အလွန္ ပစ္ခတ္တာေၾကာင့္ ရဲတပ္ဖြဲ႕ ဝင္ ၁ ေယာက္ က်ဆုံးခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က တပ္ဖြဲ႕ဝင္ေတြဟာ သတင္းအရ သီေပါတံတားအဝင္မွာ လားရႈိးၿမိဳ႕ကေန သီေပါၿမိဳ႕ဘက္ကို ေမာင္းႏွင္လာတဲ့ Mark II အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ကို စစ္ေဆးဖို႔ တားဆီးခဲ့တာမွာ ေနာက္ျပန္လွည့္ေမာင္းႏွင္ထြက္ေျပး သြားပါတယ္။

အတားအဆီးေတြနဲ႔ ပိတ္ဆို႔ခဲ့တာေၾကာင့္ ကားရပ္တန႔္ၿပီး အမ်ိဳးသား ၃ ေယာက္ ဆင္းလာကာ ၁ ေယာက္က ေသနတ္ အတိုနဲ႔ ပစ္ခတ္လို႔ အျပန္အလွန္ ပစ္ခတ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ေသနတ္နဲ႔ပစ္တဲ့ အမ်ိဳးသားက ထြက္ေျပးလြတ္ေျမာက္သြားၿပီး က်န္ ၂ ေယာက္ကိုေတာ့ အရွင္ဖမ္းဆီးရမိတယ္လို႔ ဆိုပါ တယ္။ အျပန္အလွန္ပစ္ခတ္တာေၾကာင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ရဲတပ္ၾကပ္ႀကီး ေအးလြင္မွာ က်ည္ထိ မွန္က်ဆုံးခဲ့ပါတယ္။ ဖမ္းဆီးရမိတဲ့သူေတြကေတာ့ သီေပါၿမိဳ႕နယ္ နမ့္လန္႐ြာေန စိုင္းစံေဌးနဲ႔ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္း႐ြာ ေန စိုင္းမြမ္းဦးတို႔ျဖစ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသူကေတာ့ မိုင္းကိုင္ၿမိဳ႕နယ္ ရပ္ကြက္ ၂ မွာ ေနတဲ့ စိုင္းေစာထြန္း ျဖစ္ တယ္လို႔ ဆိုပါတယ္။ ကားေပၚကေန ဘိန္းျဖဴ ၁၁၀ ဂရမ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁,၉၉၅ ျပား၊ ပြိဳင့္ ၂၂ က်ည္ ၁၇ ေတာင့္ တို႔ကို သိမ္းဆည္း ရမိခဲ့ၿပီး က်ဆုံးသြားတဲ့ တပ္ဖြဲ႕ဝင္ရဲ႕ က်န္ရစ္သူ မိသားစုကို လူမႈေရးေထာက္ပံ့ေပးမယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါ တယ္။ http://burmese.dvb.no/archives/413296

***************

၂၂။ တစ္သီးပုဂၢလ ဝင္ေရာက္မည့္သူ ျပည္နယ္အတြင္း ၁၃ ဦးရွိ
September 29, 2020

ကယားျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္သူေတြထဲမွာ တစ္သီးပုဂၢလအေနျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ မည့္ လူဦးေရသည္ ၁၃ ဦးရွိပါတယ္။ လက္ရွိ ဖ႐ူဆိုၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမွတ္(၅) ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ေဒၚရွားမူ က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ျပန္လည္ေ႐ြးျခယ္ျခင္းမခံရတဲ့အတြက္ တစ္သီးပုဂၢလအေနျဖင့္ ျပန္လည္ ဝင္ ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ ဆိုပါတယ္။ ” ျပည္သူေပးလာတဲ့တာဝန္ေတြကို တစ္ေခါက္မဟုတ္ရင္ ႏွစ္ေခါက္၊ ႏွစ္ေခါက္မဟုတ္ရင္ သုံးေခါက္ ရေအာင္လုပ္ေဆာင္ေပးမယ္။ အရင္တုန္းကလည္း ဒီလိုပဲလုပ္ေပးခဲ့တယ္။ ဘာလုပ္ေပးမယ္၊ ညာလုပ္ေပးမယ္ အန္တီကတိမေပးဘူး ျပည္သူက ေတာင္းဆိုလာတဲ့ဟာ အန္တီလုပ္ေပးမယ္။ ″ လို႔ ေဒၚဆားမူက ေျပာပါတယ္။

တစ္သီးပုဂၢလအေနျဖင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၂)မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ခြန္း႐ို ေမာင္းဒို ကလည္း ၎အေနျဖင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရသည့္ အေၾကာင္းရင္းကိုအခုလိုေျပာပါတယ္။ ″ အဓိက က်ေနာ္ရဲ႕ရည္႐ြယ္ခ်က္က ၂၀၂၀မွာ ႏိုင္ခဲ့မယ္ဆိုရင္ ေတာင္သူလယ္သမားအေရး၊ အလုပ္သမားအေရးကို ထိထိေရာက္ ေရာက္နဲ႔ အတတ္ႏိုင္ဆုံး၊ က်ေနာ္တို႔ ေတာင္သူလယ္သမားက အရမ္းႀကီးနိမ့္က်တာေကာ က်ေနာ္တို႔ ကယားျပည္နယ္ မွာေလး။ အဲ့ဒါ က်ေနာ္တို႔ ေတာင္သူလယ္သမားေတြ အမ်ားႀကီးလိုအပ္တာကိုး။ က်ေနာ္တို႔ျပည္နယ္မွာ အလုပ္လက္မဲ့ေတြ အမ်ားႀကီးရွိတာကို။ ျပန္ၾကည့္လိုက္ပါ။ က်ေနာ္တို႔ေတြ အပင္ေလးေတြက ျဖစ္လာတဲ့ဟာ ေဈးကြက္မရွိတာေတြလည္း က်ေနာ္တို႔ေတြ႕ရတယ္။ ဒါ ေတာင္သူေတြ ရင္ဆိုင္ရတဲ့ အခက္အခဲေပါ့ေနာ။ ဒါေတြကို လုပ္ေပးမယ္လို႔ က်ေနာ္ရည္႐ြယ္ ခ်က္ရွိပါတယ္။″လို႔ ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ ကယား(ကရင္နီ)ျပည္တြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ပါတီ (၁၃)ပါတီရွိၿပီး ကိုယ္စားလွယ္ေလာင္းအပါအဝင္ ၂၇၂ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည့္အထဲမွာမွ တစ္သီးပုဂၢလကအေနနဲ႔ ၁၃ ဦးပါဝင္ပါတယ္။ ၿမိဳ႕နယ္အသီးသီးမွ တစ္သီးပုဂၢလ အေနျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းေတြက လြိဳင္ေကာ္ၿမိဳ႕နယ္မွာ (၁)ဦး၊ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ (၁)ဦး၊ ဖ႐ူဆိုၿမိဳ႕နယ္တြင္(၅)ဦး၊ ေဘာလခဲၿမိဳ႕နယ္မွာ (၁)ဦး၊ ဖားေဆာင္းၿမိဳ႕နယ္(၂)ဦး၊ မယ္စဲၿမိဳ႕နယ္(၂)ဦးႏွင့္ ရွားေတာၿမိဳ႕နယ္ (၁)ဦး စုစုေပါင္း ၁၃ဦးျဖစ္ပါတယ္။ https://www.bnionline.net/mm/news-75824

**************

၂၃။ ကရင္ျပည္နယ္အတြင္းရွိ ေက်း႐ြာအမ်ားစုတြင္ Covid ေၾကာင့္ လူဝင္လူထြက္ပိတ္ထား
September 29, 2020

လက္ရွိကရင္ျပည္နယ္တြင္ Covid-19 ေရာဂါ ကူးစက္မႈ အနည္းငယ္တိုးလာသည့္အတြက္ ကရင္ျပည္နယ္အတြင္းရွိ ေက်း႐ြာအမ်ားစုသည္ Covid ေရာဂါပိုးကို ကာကြယ္တားဆီးသည့္အေနျဖင့္ ျပင္ပမွ လူဝင္လူထြက္ သြားလာခြင့္ကို ပိတ္ထားသည္ဟု သိရသည္။ မိမိေက်း႐ြာအတြင္း ကပ္ေရာဂါကူးစက္မႈ မရွိေစရန္အတြက္ ျပင္ပဧည့္သည္မ်ား ေက်း႐ြာ အတြင္း ဝင္ခြင့္မေပးသည့္ ႐ြာ မ်ားရွိသလို ေက်း႐ြာအတြင္း ေနထိုင္သည့္သူမ်ားကလည္း စားဝတ္ေနေရးအတြက္ လိုအပ္မွ သာ အျပင္ထြက္ၿပီး ထြက္ပါကလည္း သက္ဆိုင္ရာေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးထံ ေထာက္ခံစာပါမွ ထြက္ခြင့္ေပးေၾကာင္းလည္း သိရသည္။ အဆိုပါ တင္းၾကပ္ထားမႈသည္ ၿမိဳ႕ျပႏွင့္ နီးစပ္သည့္ ေက်း႐ြာမ်ားမွ ေရာဂါပိုးေတြ႕ရွိသူႏွင့္ နီးစပ္သည့္ ေက်း႐ြာ အခ်ိဳ႕အျပင္ အစိုးရႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ႏွစ္ဖက္ ေရာေႏွာအုပ္ခ်ဳပ္ေနသည့္ ေက်း႐ြာမ်ားတြင္ ပို၍ တင္းၾကပ္ထားေၾကာင္းလည္း သိရသည္။

KNU ထိန္းခ်ဳပ္နယ္ေျမ ေကာ့ကရိတ္ေတာင္ပိုင္းတြင္ ေဒသခံမ်ား Covid ေရာဂါ မကူးစက္ရန္အတြက္ ေကာ့ကရိတ္ႏွင့္ ျမဝတီၿမိဳ႕မ်ားသို႔ သြားခြင့္မျပဳသလို ေကာ့ကရိတ္ၿမိဳ႕နယ္ ေတာင္ပိုင္းနယ္ေျမတစ္ခုလုံးကို ပိတ္ပင္မႈ(Lock Down) ခ်ထား ေၾကာင္းလည္း သိရသည္။ KNU ေကာ့ကရိတ္ၿမိဳ႕နယ္ Covid ၁၉ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီ အတြင္းေရးမွဴး-၂ မန္းျမေအး က “အခု ျမဝတီမွာ ပိုးေတြ႕လူနာတိုးလာတယ္။ အဲဒီပိုးေတြ႕လူနာနဲ႔ ထိစပ္တဲ့လူေတြကလည္း ေကာ့ကရိတ္ၿမိဳ႕ မွာ သြားလာတာရွိတာ ေၾကာင့္ က်ေနာ္တို႔ ေကာ့ကရိတ္ေတာင္ပိုင္းတစ္ခုလုံးမွာ ၿမိဳ႕ေတြကို လုံးဝ ေပးမသြားေတာ့ဘူး။ က်ေနာ္တို႔ ဒီလိုလုပ္ တာကလည္း အစိုးရအုပ္ခ်ဳပ္ေရးအပိုင္းလည္း သူတို႔အားေပးတယ္။ ဒါက ကိုယ့္ျပည္သူလူထုေတြကို ႀကိဳတင္ကာကြယ္ ေပးထားတာပဲ။”ဟု ေကအိုင္စီသို႔ ေျပာသည္။

“ေအာက္ေျခမွာေတာ့ အဲလိုသြားလာကန႔္သတ္ စီစစ္တာေတြ ရွိတယ္လို႔ သိရတယ္။ တရားဝင္ေတာ့ က်ေနာ္တို႔ စာထုတ္ ထားတာေတာ့ မရွိဘူး။ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ အားကစားနဲ႔က်န္းမာေရးဝန္ႀကီးဌာနတို႔ သက္ဆိုင္ရာ ျပည္နယ္ အစိုးရအဖြဲ႕ကေန ထုတ္ျပန္ထားတာတို႔ စသျဖင့္ အဲဒီလိုေပၚမွာပဲ က်ေနာ္တို႔က ထုတ္ရတာေပါ့ေနာ္။ အခုတေလာ ေက်း႐ြာ ေသာ္လည္းေကာင္း၊ ကန႔္သတ္တားဆီးတာတို႔ စသျဖင့္ ဒါနဲ႔ပတ္သက္ၿပီး ၫြန္ၾကားထားတာေတာ့ မရွိပါဘူး။”ဟု ေကအိုင္စီ သို႔ ေျပာသည္။ ျပည္ေထာင္စု ဝန္ႀကီးဌာနမ်ားမွ Covid-19 ကာကြယ္ ထိန္းခ်ဳပ္တား ဆီးေရးအတြက္ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားခဲ့ေသာ ျပည္သူသို႔ ပန္ၾကားခ်က္၊ အမိန႔္၊ အမိန႔္ေၾကာ္ ျငာစာ၊ ၫႊန္ၾကား ခ်က္မ်ားအား ေအာက္တိုဘာလ ၃၁ရက္ေန႔အထိ ရက္တိုးျမႇင့္ သတ္မွတ္ေဆာင္႐ြက္ထားပါေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက စက္တင္ဘာလ ၂၈ ရက္(ယမန္ေန႔) တြင္ အသိေပး ေၾကညာ လိုက္သည္။ http://kicnews.org/2020/09/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%

**************

၂၄။ မူဆယ္(၁၀၅)မိုင္ ကားသမားတဦးထံ ကိုဗစ္-၁၉ ပိုးေတြ႕၊ မႏၲေလးထပ္မံ စစ္ေဆးထား
September 29, 2020

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္တြင္ ကားသမားတဦးထံ ကိုဗစ္-၁၉ ေတြ႕ရွိေၾကာင္း စုံစမ္း သိရသည္။ အဆိုပါ ကားသမား၏ ဓာတ္ခြဲနမူနာကို မူဆယ္ေဆး႐ုံတြင္ စစ္ေဆးခဲ့ရာ ကိုဗစ္-၁၉ (positive) ေတြ႕ရွိၿပီး၊ မႏၲေလးသို႔ ဓာတ္ခြဲနမူနာထပ္မံစစ္ေဆးရန္ ပို႔ထားေၾကာင္း မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈေရး အသင္းမွ ဦးေသာင္းထြန္း က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။ အဆိုပါ ကားသမားသည္ ေက်ာက္မဲၿမိဳ႕တြင္ ေနထိုင္သည့္ အသက္ ၃၁ႏွစ္ အ႐ြယ္ ျဖစ္ၿပီး၊ ယမန္ေန႔(စက္တင္ဘာ ၂၈) ရက္ တြင္ အနံ႔မရျခင္း၊ ေခါင္းေႏွာက္ျခင္း၊ ေမာျခင္း စသည့္ ေဝဒနာခံစားရသျဖင့္ ကိုဗစ္-၁၉ ပိုးရွိ၊ မရွိ စစ္ေဆးခဲ့ရာ ကိုဗစ္-၁၉ Positive ေတြ႕ရေၾကာင္း ဦးေသာင္းထြန္း က ေျပာသည္။

ထိုကားသမားထံတြင္ ကိုဗစ္-၁၉ ျဖစ္ေၾကာင္းကို မူဆယ္ေဆး႐ုံ မွဆရာဝန္ႀကီး ကိုယ္တိုင္ ေျပာၾကားျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ ေသခ်ာရန္ အတြက္ မႏၲေလးကို ထပ္မံပို႔ေဆာင္စစ္ေဆးျခင္းျဖစ္ေၾကာင္း လည္း သိရသည္။“မႏၲေလးကို ပို႔တာက ေသခ်ာေအာင္လို႔ပါ။ ဒီေန႔ ည အေျဖပါခ်င္ပါမယ္။ ဒါေပမယ့္ မူဆယ္ ေဆး႐ုံကေတာ့ Positive ဆိုတာ အတည္ျပဳတယ္” ဟု ဦးေသာင္းထြန္း ကဆိုသည္။ ထို ကာသမားႏွင့္ထိေတြ႕ခဲ့သည့္ ကား (၄) စီး မွာ ကားသမား ၆ ဦးရွိၿပီး ၎တို႔ကိုလည္း ဓါတ္ခြဲနမူနာ စစ္ေဆးရန္ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။“သူနဲ႔ ထိေတြ႕ ဆက္စပ္သူက အားလုံး ကား (၄) စီးမွာ သူအပါအဝင္ဆို ၇ ဦးပါ။ က်န္တဲ့သူေတြကိုလည္း ေဆးစစ္ဖို႔ ေဆာင္႐ြက္ေနပါတယ္။ ၁၀၅ မိုင္မွာပဲ ကားတန္းေနတုန္းပဲ ရွိေသးတယ္” ဟု ဦးေသာင္းထြန္း ကေျပာသည္။

ထိုကိစၥႏွင့္ ပတ္သက္ၿပီး မူဆယ္ေဆး႐ုံမွ ကိုဗစ္-၁၉ ကာကြယ္၊တားဆီးေရး မွ ဆရာဝန္မ်ားကို သွ်မ္းသံေတာ္ဆင့္ မွ ဆက္သြယ္ခဲ့ရာ ဖုန္းကိုင္ျခင္းမရွိခဲ့ေပ။ သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕သည္ ျမန္မာ – တ႐ုတ္ နယ္စပ္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံး ကုန္သြယ္ေရးဇုန္ျဖစ္သည္။ ျမန္မာႏိုင္ငံမွ တ႐ုတ္သို႔ဝင္မည့္ ကုန္ကားမ်ားသည္ ယာဥ္ေမာင္း အစားထိုး ေမာင္းရ ေၾကာင္းသိရသည္။ https://burmese.shannews.org/archives/18688

***************

၂၅။ ေမာင္ေတာခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ အပါအဝင္ ၁၀ ဦး ကိုဗစ္-၁၉ ကူးစက္ခံရ
29 September 2020

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွာ ေမာင္ေတာခ႐ိုင္ေ႐ြးေကာင္ပြဲေကာ္မရွင္ဥကၠ႒ အပါအဝင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံရ သူ လူနာသစ္ ၈ ဦးနဲ႔ ဘူးသီးေတာင္ၿမိဳ႕မွာ လူနာသစ္ ၂ ဦး ထပ္တိုးလာပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာ ကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးေကာ္မတီ ဥကၠ႒ ၿမိဳ႕နယ္အုပ္ခ်ဳပ္မွဴး ဦးေအာင္ရဲက “ဟုတ္ပါတယ္။ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မ ရွင္ ဥကၠ႒ အပါအဝင္ ေမာင္ေတာမွာ လူနာသစ္ ၈ ဦး ေရာဂါပိုးထပ္ေတြ႕တယ္။ ေဆး႐ုံကဆင္းတာက ၁၃ ဦးရွိတယ္။ က်န္တာကေတာ ၂၀ ဦးက်န္တယ္။”လို႔ ေျပာပါတယ္။

ေမာင္ေတာခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဟာ အနံ႔မရတာေၾကာင့္ ၿပီးခဲ့တဲ့ ၆ ရက္ေလာက္က ေဆး႐ုံသြားျပရာမွ သူ႔ကို Home Quarantine ေနထိုင္ေစခဲ့ၿပီး သူရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္တို႔ဖတ္ေတြကို စစ္ေဆးရာမွာ စက္တင္ဘာလ ၂၈ ရက္ ညေန ၈နာရီ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိေၾကာင္း သိရွိခဲ့ရတာ ျဖစ္ပါတယ္။ လက္ရွိမွာ ေကာ္မရွင္ဥကၠ႒ကို ေမာင္ေတာခ႐ိုင္ျပည္သူေဆး႐ုံႀကီးရဲ႕ အထူးၾကပ္မတ္ေဆာင္ မွာ ေဆးကုသမႈခံယူေနၿပီး က်န္းမာေနတယ္လို႔ ခ႐ိုင္က်န္းမားေရးဌာနက သိရပါတယ္။ ေမာင္ေတာၿမိဳ႕က ကိုဗစ္-၁၉ လူနာ ၈ ဦးကေတာ့ ေမာင္ေတာခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ၁ ဦး၊ ေဝသာလီေက်း႐ြာသား ၂ ဦး၊ ၿမိဳ႕မ ကညင္တန္း ေက်း႐ြာသား ၂ ဦး၊ နယ္စည္းမျခားဆရာဝန္မ်ားအသင္းMFS မွ ပိုးေတြ႕သူရဲ႕ မိသားစုဝင္ ၂ ဦးနဲ႔ အနံ႔မရတဲ့အတြက္ စစ္ေဆးရာမွ ပိုးေတြ႕သူအမ်ိဳးသမီး ၁ ဦး တို႔ျဖစ္ၾကပါတယ္။

ေမာင္ေတာခ႐ိုင္အတြင္း ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသူေတြ ဒုတိယလႈိင္းအျဖစ္ ၾသဂုတ္ ၂၆ ရက္မွ စတင္ေတြ႕ရွိလာရာ စက္တင္ဘာလ ၂၈ ရက္အထိ ေရာဂါပိုးေတြ႕ရွိသူ ေမာင္ေတာၿမိဳ႕မွာ ၅၉ ဦး၊ ဘူးသီေတာင္ၿမိဳ႕မွာ ၂၉ ဦး စုစုေပါင္း ၈၈ ဦးအထိ ရွိလာေနတာပါ။ http://burmese.dvb.no/archives/413293

***************

၂၆။ တ႐ုတ္ျပည္သို႔ ျမန္မာကုန္တင္ယာဥ္ တရက္ အစီး ( ၁၅၀ )သာ ဝင္ႏိုင္
September 28, 2020

ကိုဗစ္-၁၉ ကာလမွာ တ႐ုတ္ႏိုင္ငံသို႔ ကုန္တင္ယာဥ္ တစ္ရက္လွ်င္ ကားအစီးေရ (၁၅၀) ဝန္းက်င္ သာ ပို႔ေဆာင္ႏိုင္ေၾကာင္း သစ္သီးဝလံ ကုန္စည္ဒိုင္ မွ စုံစမ္းသိရွိရသည္။ သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ရွိ ျမန္မာ – တ႐ုတ္ နယ္စပ္မွာ ျမန္မာႏိုင္ငံ ဘက္မွ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ သည့္ကုန္တင္ယာဥ္ တစ္ရက္လွ်င္ ကားအစီးေရ (၁၅၀) ခန႔္သာ ရွိေၾကာင္း မူဆယ္ ၁၀၅ မိုင္ သစ္သီးဝလံ ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးခင္ေမာင္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။“တစ္ရက္ကို ကား အစီး (၁၅၀) ေလာက္ပဲ ဝင္လို႔ရတယ္။ တန္းစီ ထားတဲ့ ကားေတြက ၃၀၀ ေလာက္ရွိတယ္။ အကုန္ဝင္လို႔ မရဘူး။ ” ဟု ဦးခင္ေမာင္ ကေျပာသည္။

ျမန္မာႏိုင္ငံမွ တ႐ုတ္သို႔ဝင္မည့္ ကုန္ကားမ်ားသည္ ယာဥ္ေမာင္း အစားထိုးေမာင္းရသျဖင့္ အခက္အခဲရွိၿပီး အခ်ိန္ကုန္ ေၾကာင္း ၊ တ႐ုတ္ျပည္သို႔ဝင္ရန္ အတြက္ တစီးလွ်င္ တပတ္ေစာင့္ဆိုင္းရေၾကာင္း လည္း ဦးခင္ေမာ္ငက ေျပာသည္။ ကိုဗစ္-၁၉ မျဖစ္ခင္ ကာလတြင္ ျမန္မာ မွ တ႐ုတ္ႏိုင္ငံသို႔ တစ္ရက္လွ်င္ ကုန္တင္ယာဥ္ေပါင္း (၆၀၀) ဝန္းက်င္ခန႔္ရွိေၾကာင္း သိရ သည္။“ကိုဗစ္ မျဖစ္ခင္ကေတာ့ ကုန္တင္ယာဥ္ေတြ တစ္ရက္ ၅၀၀ ၊ ၆၀၀ ေလာက္ တ႐ုတ္ဘက္ျခမ္း ဝင္လို႔ရတယ္”ဟု ဦးခင္ေမာင္ ကေျပာသည္။ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ -၁၉ အတည္ျပဳ လူနာရွိသည့္အတြက္ ေ႐ႊလီ၊ က်ယ္ေဂါင္နဲ႔ ဝမ္တိန္ၿမိဳ႕ တို႔မွာ ေနထိုင္သည့္ ျပည္သူ အားလုံးကို ကိုဗစ္-၁၉ စစ္ေဆးေပးခဲ့ၿပီး ပိုးေတြ႕လူနာ မရွိသည့္အတြက္ တ႐ုတ္ဘက္မွ Lockdown ေျဖေလ်ာ့ေပးခဲ့ေၾကာင္းသိရသည္။

မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္သည္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးေသာ ကုန္သြယ္ေရးဇုန္ တစ္ခုျဖစ္သည္။ျမန္မာ-တ႐ုတ္ နယ္စပ္ ဝင္၊ ထြက္ ဂိတ္မ်ားတြင္ ကုန္ပစၥည္း စီးဆင္းမႈ သာဖြင့္လွစ္ေပးခဲ့ၿပီး၊ လူဝင္ ၊ လူထြက္မ်ားကို ဧၿပီလ ေႏွာင္းပိုင္း က စတင္ၿပီး ပိတ္လိုက္ေၾကာင္း သိရသည္။ https://burmese.shan news.org/archives/18671

***************

၂၇။ တာခ်ီလိတ္- မယ္ဆိုင္ ကုန္သြယ္ေရး အကန႔္အသတ္မ်ား ျပန္ေျဖေလွ်ာ့ရန္ သေဘာတူမႈရ
28 September 2020

ထိုင္း-ျမန္မာ နယ္စပ္ ကုန္သြယ္ေရးစခန္း တခုျဖစ္သည့္ တာခ်ီလိတ္- မယ္ဆိုင္ ကုန္သြယ္ေရး အကန႔္အသတ္မ်ားကို ျပန္လည္ ေျဖေလွ်ာ့ရန္ ၂ ႏိုင္ငံ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရသည္။ ႏွစ္ႏိုင္ငံမွ ကုန္သြယ္ေရးႏွင့္ အုပ္ခ်ဳပ္ေရး တာဝန္ရွိ သူတို႔က ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၅ ရက္တြင္ အလြတ္သေဘာ ေတြ႕ ဆုံ ညႇိႏႈိင္းၿပီးေနာက္ စက္တင္ဘာလ ၂၈ (ယေန႔) တြင္ ထပ္မံ ေဆြးေႏြးကာ သေဘာတူညီခ်က္မ်ား ရရွိခဲ့ေၾကာင္း တာခ်ီလိတ္ ကုန္သြယ္ေရးတာဝန္ခံ ၫႊန္ၾကားေရးမွဴး ဦးစိန္ဝင္းက ဧရာဝတီသို႔ ေျပာသည္။“အကန႔္အသတ္ေတြ လုပ္တာမွာႏွစ္ဖက္ နားလည္မႈ လြဲေနတဲ့ကိစၥေတြ ျပန္လည္သြား တယ္။ ဒီဘက္က ေလွ်ာ့ခ်ေပးဖို႔ေတာင္းဆိုတဲ့ တခ်ိဳ႕အခြန္ေတြက ထိုင္းအစိုးရက ကိုဗစ္ စျဖစ္ကတည္းက ေလွ်ာ့ခ် ေပးထားၿပီးေပါ့။ ဒါေပမယ့္ ေအာက္ေျခ မွာက ဒီအတိုင္း ေကာက္ေနတာမ်ိဳး ျဖစ္တာကို သူတို႔ စိစစ္ေပးမယ္လို႔ ေျပာသြား တယ္”ဟု ဆိုသည္။

ယင္းေၾကာင့္ ထိုင္းႏိုင္ငံဘက္သို႔ ဝင္ေရာက္ခြင့္ျပဳထားေသာ ကုန္တင္ေမာ္ေတာ္ယာဥ္အေရအတြက္ ၁၆၈ စီး(၁ရက္ ဝင္ ေရာက္ခြင့္ျပဳေသာ အေရအတြက္) တြင္ ျမန္မာမွတ္ပုံတင္ ေမာ္ေတာ္ယာဥ္သည္လည္း ျပန္လည္ အက်ဳံးဝင္ၿပီး ျဖတ္သန္း ခြင့္ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ ထို ႏွစ္ႏိုင္ငံကုန္သြယ္ေရးကိစၥႏွင့္ ပတ္သက္ၿပီး ယေန႔ ေဆြးေႏြးခဲ့ၾကေသာ သေဘာတူ ညီခ်က္မ်ားကို ရွမ္းျပည္နယ္အစိုးရသို႔ တင္ျပၿပီးခြင့္ျပဳၫႊန္ၾကားပါက စက္တင္ဘာလ ၂၉ ရက္ သို႔မဟုတ္ စက္တင္ဘာလ ကုန္ပိုင္း၌ ပုံမွန္ကုန္သြယ္ေရး အေျခအေနနီးပါး ျပန္လည္ ျဖစ္ႏိုင္မည္ ဟု ၫႊန္ၾကားေရးမႉး ဦးစိန္ဝင္းက ေျပာသည္။ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းေျမ့ေစာက “ကားေတြကို မကန႔္သတ္ေတာ့ဘဲ ပုံမွန္အတိုင္း သြားမယ္ေပါ့။ ေနာက္ ျဖတ္သန္းခြင့္ စလစ္ ရက္လြန္ဒဏ္ေၾကးေတြ မေကာက္ဘဲနဲ႔ ဒီအတိုင္း ျပန္လုပ္ေပးသြားမယ္။ ေနာက္တံတား ျဖတ္သန္းခြင့္ စလစ္အတြက္ ဘတ္သုံးေလးေသာင္းကိုလည္း ဘတ္တေသာင္းခြဲအထိ ေလွ်ာ့ခ်ေပးသြားမယ္ဆိုၿပီး သေဘာတူညီမႈေတြ ရခဲ့တယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

တာခ်ီလိတ္-မယ္ဆိုင္ၾကား ပုံမွန္အခ်ိန္ကာလတြင္ ကုန္စည္ယာဥ္မ်ား ျဖတ္သန္းမႈမွာ ေန႔စဥ္ အစီးေရ ၂၀၀ ခန႔္ရွိၿပီး ယခုတြင္ ကုန္စည္ယာဥ္ျဖတ္သန္းမႈသည္ အစီးေရ ၅၀ ခန႔္သာ ရွိေတာ့ၿပီး ကုန္သြယ္မႈပမာဏမွာ သုံးပုံတပုံခန႔္ ေလ်ာ့က် သြားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနက သိရသည္။ https://burma.irrawaddy.com/news/2020/09/28 /230649.html

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

 

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 61 , September 29, 2020)

၁။ မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

၂။ ၂၀၂၀ ရွေးကောက်ပွဲတွင် NCA-S EAO တပ်ဖွဲ့ဝင်များမဲထည့်ရေး အမြင်တူညီမှုမရှိ

၃။ ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်မယ်လို့ကြေညာ

၄။ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၏ ပထမဆုံး မဲဆွယ်စည်းရုံးရေး စီတန်းလှည့်လည်ခြင်းကို ရွာငံမြို့နယ် တွင် ပြုလုပ်

၅။ အနောက်အုပ်စုက မြန်မာ NGO များကို ငွေပေး ဆန့်ကျင်ခိုင်းနေကြောင်း တရုတ်မီဒီယာ စွပ်စွဲ

၆။ တရုတ်ဘက်အားကိုးနေရတဲ့ ခေါင်လန်ဖူးဒေသမှာ ရိက္ခာခက်ခဲနေ

၇။ တီးတိန် ဒေသခံတချို့ အစိုးရ အထောက်အပံ့ လိုအပ်နေ

၈။ သိန်းနီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ

၉။ တပ်မတော်မှ အပြည့်အဝ တာဝန်ယူပါက ပလက်ဝမြို့နယ်တခုလုံး ရွေးကောက်ပွဲကျင်းပနိုင်မည့် အနေထားရှိဟုဆို

၁၀။ ရှမ်းမြောက် KIA နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ စစ်သား ၆ ဦးသေ၊ ၅ ဦး ထိခိုက်

၁၁။ တပ်မတော်၏ ဖမ်းဆီးခံရသည့် မြောက်ဦးမှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် ဦးခေါင်းသွေးယို စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံး

၁၂။ ကပ်ရောဂါကာလအတွင်း ပြောင်းဈေးကျပြီး တောင်သူတွေစိုးရိမ်မှုတွေမြင့်တက်လာ

၁၃။ ရခိုင်မှာ တိုက်ပွဲတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး ခက်ခဲနေ

၁၄။ ဖားအံကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူနှင့် ဆက်စပ်သူများအား နှာခေါင်း၊အာခေါင်တို့ဖတ်(Swab) ရယူထား

၁၅။ ပန်နန်းဒင်သွားလမ်း တောင်ပြိုမှုကြောင့် ပြတ်တောက်

၁၆။ သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်
၁၇။ ဖားဆောင်းတွင် ကရင်အမျိုးသားပါတီ အင်အားရာချီ လှည့်လည် မဲဆွယ်

၁၈။ ချင်းပြည်နယ်တွင် တာဝန်ကျရာ ကျေးရွာများရှိမဲရုံများသို့ သွားရောက်ကြမည့် ကျောင်းဆရာ/ဆရာမများအနေဖြင့် အခက် အခဲများစွာရှိ

၁၉။ မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို

၂၀။ ကပ်ဘေးကြောင့်အပစ်ရပ်ချင်ပေမယ့် ရခိုင်မှာတော့ လက်တွေ့မဖြစ်နိုင်လို့ တပ်မတော်ပြောကြား

၂၁။ သီပေါတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

၂၂။ တစ်သီးပုဂ္ဂလ ဝင်ရောက်မည့်သူ ပြည်နယ်အတွင်း ၁၃ ဦးရှိ

၂၃။ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် Covid ကြောင့် လူဝင်လူထွက်ပိတ်ထား

၂၄။ မူဆယ်(၁၀၅)မိုင် ကားသမားတဦးထံ ကိုဗစ်-၁၉ ပိုးတွေ့၊ မန္တလေးထပ်မံ စစ်ဆေးထား

၂၅။ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

၂၆။ တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်

၂၇။ တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ

**************

၁။ မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား
28 September 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေးပါတီများ မဲလာဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများ ငွေ ၁၀ သိန်းပေးရမည်ဟု ခြိမ်းခြောက်သဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ကို တအန်း (ပလောင်) အမျိုး သားပါတီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံတွင် တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးသိန်းနိုင်က “တအန်း(ပလောင်)ပါတီက တိုင်ကြား လာတာ ဟုတ်ပါတယ်။ သူတို့ အခက်အခဲတွေ ပေါ်ပေါက်တယ်ပေါ့။ တိုင်ထားတာ ရှိပါတယ်။ ပါတီက ပြောတဲ့ထဲမှာတော့ ပန်ကေတုအုပ်စုက ရွာ ၃ ရွာလို့ ပြောပါတယ်။ အခြားပါတီတွေကတော့ တင်ပြတာ မရှိဘူး”ဟု ပြောသည်။ ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီအချင်းချင်း မပြေမလည်ဖြစ်ပါက စေ့စပ်ညှိနှိုင်းရေး ကော်မတီမှတဆင့်ဖြေရှင်းပေးနိုင် သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပြေမလည်ဖြစ်သည့် ပြဿနာတွင် စေ့စပ်ညှိနှိုင်းလျှင်လည်း ထိရောက်မှု မရှိနိုင်ပါဟု ဦးသိန်းနိုင်က မှတ်ချက်ပြုသည်။ TNP မှ တိုင်ကြားစာကို ပြည်နယ်အဆင့်၊ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြထားသည်ဟုလည်း သိရသည်။

ဖြစ်စဉ်မှာ RCSS သည် ၎င်းတို့၏ ရုံးတံဆိပ်၊ အဖွဲ့အစည်း အမှတ်အသားပါ စာရွက်များဖြင့် အကြောင်းကြားခြင်း မဟုတ်ဘဲ မိုင်းကိုင် မြို့နယ်တွင်းမှ တပ်ဖွဲ့ဝင်တာဝန်ခံဆိုသူ ၁ ဦးက ပန်ကေတုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်စု စာရေးကို ပြောဆိုကာ စာဖြင့်အကြောင်းကြားခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။ ခြိမ်းခြောက်စာ ပို့ခံရသည့် ပန်ကေတုကျေးရွာအုပ်စု သည် မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) တွင် ပါဝင်သည့် ကျေးရွာအုပ်စု ဖြစ်သည်။ RCSS သည် ၎င်းတို့ လှုပ်ရှားသည့် နယ်မြေအားလုံးတွင် မဲဆွယ်စည်းရုံးမည်ဆိုပါက နိုင်ငံရေးပါတီ အားလုံးက ၎င်းတို့ကို ကြိုတင် ခွင့်တောင်းကာ ခွင့်ပြုချက် ယူပြီးမှသာ မဲလာဆွယ်နိုင်မည်ဟုလည်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ထားရာ TNP ပါတီ၊ ဗဟိုနှင့် မိုင်းကိုင်မြို့နယ် အခြေစိုက်ပါတီရုံးတို့မှ RCSS ထံသို့ ၂ ကြိမ်ခန့်စာပို့ထားသော်လည်း အကြောင်းပြန် စာမရဟု မိုင်းကိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၂) တွင် ဝင်ပြိုင်မည့် TNP ပါတီမှ ကိုယ်စားလှယ်လောင်း ဦးမိုင်း အောင်ခမ်းထံက သိရသည်။

RCSS ၏ လုပ်ဆောင်ချက်သည် ဥပဒေနှင့် ကိုက်ညီခြင်း မရှိဘဲ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးခွင့်မှာ ကော်မရှင်တွင်သာ ခွင့်ပြုချက်တင်ရမည် ဖြစ်ပြီး မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ကိုမှ တင်ရန် မလိုကြောင်း လွိုင်လင်ခရိုင်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောဆိုထားသည်။ ကျေးရွာဥက္ကဋ္ဌများကို ခြိမ်းခြောက်စာ ပေးခြင်း၊ ကျေးရွာများကို မဲလာမဆွယ်နိုင်ရန် ပိတ်ဆို့ထားခြင်းများနှင့် ပတ်သက်၍ မေးမြန်းရန် RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မရသဖြင့် သီးခြားမှတ်ချက် ရယူ နိုင်ခြင်း မရှိပါ။ https://burma.irrawaddy.com/n ews/2020/09/ 28/230647.html

****************

၂။ ၂၀၂၀ ရွေးကောက်ပွဲတွင် NCA-S EAO တပ်ဖွဲ့ဝင်များမဲထည့်ရေး အမြင်တူညီမှုမရှိ
September 28, 2020

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO အဖွဲ့ဝင်အကြား ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ၂၀၂၀ ရွေးကောက်ပွဲ တပ်ဖွဲ့ဝင်များမဲထည့်ရေးတွင် အမြင်တူညီမှုမရှိ ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီ NMSP က ၎င်းတို့၏တပ်ဖွဲ့ဝင်များကို မဲထည့်ခွင့်ပြုထားသဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် မိမိ နှစ်သက်ရာ ပါတီကို မဲပေးနိုင်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ဆို သည်။“ကျွန်တော်တို့ကတော့ လက်နက်ကိုင်အဖွဲ့ဟာ သူ့ဆီမှာ အိမ်ထောင်စုစာရင်းပုံစံ ၁၀ နဲ့ မှတ်ပုံတင်ရှိရင် သူတို့ စိတ်ကြိုက် မဲသွားထည့်လို့ရတယ် မဲထည့်တဲ့ မဲဧရိယာရှိတာပေါ့နော် သူတို့မှတ်ပုံတင်နဲ့ သူတို့ ဧရိယာ သူတို့ကိုတော့ မပိတ် ပင်ဘူး သူတို့အခွင့်အရေးဆိုတော့ မဲသွားထည့်ဖို့ ခွင့်ပြုပါတယ်ခင်ဗျား”ဟု နိုင်အောင်မငေးက ဆိုသည်။ ရွေးကောက်ပွဲ ဆိုသည်မှာ လူတိုင်း၏ အမျိုးသားရေးတာဝန်အရ မဲထည့်ရမှာဖြစ်ပြီး မိမိနှစ်သက်ရာပါတီကို မဲပေးသင့်သည်ဟု နိုင်အောင်မငေး က ဆက်လက်တိုက်တွန်းထားသည်။

ရှမ်းပြည်ပြည်လည်ထူထောင်ရေးကော်စီ RCSS တပ်ဖွဲ့ဝင်များအား မဲထည့်ခွင့် မပေးထားဟု ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်းခေးက ဆိုသည်။“မဲပေးခွင့်တော့ မပေးထားဘူး ဘာဖြစ်လို့လည်းဆိုတော့ RCSS တပ်ဖွဲ့အနေနဲ့ ဘယ် ပါတီ ထည့်ကိုမှ အားမပေးဘူး ကန့်ကွက်တာလည်း မရှိဘူးပေါ့လေ အဲလိုပဲ ရပ်တည်ထားတာပေါ့နော တပ်သားတွေ အနေနဲ့ မဲထည့်ခွင့်ရဖို့ တောင်းဆိုတာ မရှိဘူး သူတို့လည်း နားလည်ပြီးသားပဲ တောင်းဆိုတာ ရှိခဲ့ရင်လည်း မပေးဘူးထင်တယ် အဖွဲ့တစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းရှိပြီးသားလေ သူတို့လည်း မတောင်းဆိုပါဘူး”ဟု ၎င်းက ပြောသည်။“ကျွန်တော်တို့ ကိုယ်တိုင်ပါဝင်ဖို့က ခက်မှာပေါ့နော် ဘာကြောင့်လည်းဆိုတော့ ဒါက ၂၀၀၈ အခြေခံအောက်မှာ လုပ်တဲ့ ကိစ္စ ကျွန်တော် တို့က ၂၀၀၈ ရဲ့ အဓိက ကျွန်တော်တို့ ဖက်ဒရယ်ကို ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုလုပ်ပြီး တော့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတဲ့အခြေခံနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်လာတာကိုး ဆိုတော့လော လောဆယ်တော့ မဲထည့်ခွင့်ရရင်တောင် ကျွန်တော်တို့ ထည့်ဖို့တော့ မရှိသေးပါဘူး” ဟု ပဒိုစောတာဒိုမှုးကပြောသည်။

ဒီမိုကရေစီ ထူထောင်ပါက ရွေးကောက်ပွဲသည် အရေးကြီးသော်လည်း တဖက်တွင် ဒီမိုကရေစီ၏ အနှစ်သာရများ ပါဝင် သည့် ရွေးကောက်ပွဲအလေ့အထနှင့် အကျင့်စရိုက်ပိုင်း ထိန်းသိမ်းရန်လိုအပ်နေပြီး ပြည်သူများ ရွေးချယ်တင်မြောက်ထား သည့် ကိုယ်စားလှယ်များအနေဖြင့် ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တားဆီးပိတ်ပင်မှုများလည်း ရှိနေသေး သည်ဟု ဆိုသည်။ http://burmese.monnews.org/2 020/09/28/%e1%81%82%e1%81%80%e1%81%82%e1%81%8

****************

၃။ ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်မယ်လို့ကြေညာ
September 28, 2020

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ စတင်ထူထောင်ခဲ့သူလည်းဖြစ်၊ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ယူခဲ့သူလည်း ဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ ရန်ကုန် အခြေစိုက် 7Day News သတင်းစာမှာ စက်တင်ဘာ ၂၇ ရက် ကကြော်ငြာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နုတ်ထွက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပါတီကို တရားဝင် နုတ်ထွက်စာပေးပို့တာ မရှိကြောင်းနဲ့ သတင်းစာမှာ ကြော်ငြာချက် ဖော်ပြမှသာ သူတို့အနေနဲ့ သိရှိရတယ်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ(၁) စိုင်းညွန့်လွင်က ဘီဘီစီကိုပြောပါတယ်။ ဦးခွန်ထွန်းဦး ပါတီက အနားယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပါတီနဲ့ နှစ်ဖက် ပြောဆိုထားတာရှိပြီး လာမယ့်ရွေးကောက်ပွဲပြီးမှ အနားယူဖို့ ပြောထားတာ ဖြစ်ကြောင်း၊ အခုလို ရုတ်တရက် နုတ်ထွက် တယ်လို့ ကြော်ငြာထည့်လိုက်တဲ့အပေါ် သူတို့အနေနဲ့လည်း နားမလည်နိုင်ကြောင်းလည်း စိုင်းညွန့်လွင် ကဘီဘီစီကို ပြောပါ တယ်။ အခုလို ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်တယ်ဆိုတဲ့ ကိစ္စကလည်း ပါတီဗဟိုကော်မတီ အစည်းအဝေးက အတည်ပြုပြီးမှ သာ ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်တာကို အတည်ပြုလို့ရမှာ ဖြစ်ကြောင်းလည်း စိုင်းညွှန့်လွင်က ရှင်းပြပါတယ်။

SNLD ဥက္ကဋ္ဌအဖြစ်ကနေ စက်တင်ဘာ ၂၇ ရက်မှာ နုတ်ထွက်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကာယကံရှင်ဦးခွန်ထွန်းဦးကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပါတီဥက္ကဋ္ဌ တာဝန်က အနားယူပြီး မျိုးဆက်သစ်များကို လမ်းဖွင့် ပေးထားရမယ်လို့ ဦးခွန်းထွန်းဦးက ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းကလည်း မီဒီယာတွေကို ထုတ်ဖော်ပြော ကြားခဲ့ပါ သေးတယ်။ နုတ်ထွက်ကြောင်း ကြော်ငြာထည့်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ နဲ့ ပါတီဗဟိုကော်မတီ အဖွဲ့ဝင်တွေဟာ ဒီလိုနုတ်ထွက် ကြောင်း ကြော်ငြာပါအပြီးမှာ အဆက်အသွယ် မရသလို မတွေ့ရသေးတဲ့အတွက် ဘာကြောင့် အခုလိုနုတ်ထွက်ရတယ်ဆို တာကို မပြောနိုင်သေးဘူးလို့လည်း စိုင်းညွန့်လွင်ကပြောပါတယ်။

သူ့ရဲ့ ကျန်းမာရေး၊ မိသားစုအရေးကိစ္စတွေကြောင့် အနားယူချင်တယ်လို့ ပြောတာမျိုးတော့ ရှိတယ်လို့ စိုင်းညွန့်လွင်က ဦးခွန်ထွန်းဦး နုတ်ထွက်တာနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။ ပါတီ ဗဟိုကော်မတီ အစည်းအဝေး မထိုင်သေးဘဲနဲ့ အခုလိုမျိုး ပါတီကနုတ်ထွက်တဲ့ ဒီကိစ္စဟာ အတည် ဖြစ်ပြီလို့ပြောလို့ မရသေးကြောင်းလည်း သူကပြောပါတယ်။ https:/ /www.bbc.com/burmese/54315615

****************

၄။ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၏ ပထမဆုံး မဲဆွယ်စည်းရုံးရေး စီတန်းလှည့်လည်ခြင်းကို ရွာငံမြို့နယ် တွင် ပြုလုပ်
26 September 2020

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၏ ပထမဆုံး မဲဆွယ်စည်းရုံးရေး စီတန်းလှည့်လည်ခြင်းကို ရွာငံမြို့နယ်၊ မြို့ကြီးဇုန်တွင် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ မဲဆွယ်စည်းရုံးရေး လှည့်လည်ရာတွင် မော်တော်ယာဉ်အစီးရေ ၈၀ ကျော်၊ လူအင်အား တစ်ထောင်ခန့်ရှိပြီး၊ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆည်ရွာတွင် ဆိုင်းဘုတ်တင်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် Door to Door စနစ်ဖြင့် ရွာတစ်ရွ လျှင် သုံးနေရာခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့မှာ စီတန်းလှည့်လည်တယ်။ ဆည်ရွာမှာ ဆိုင်းဘုတ်တင်တယ်ပေါ့။ စီတန်းလှည့်လည်တာပေ့ါ။ စည်းရုံးရေး ခရီးစဉ် ကတော့ သွားနေတာတွေတော့ ရှိပါတယ်။ အားလုံးအဆင်ပြေပါတယ်။ ဒီနေ့ အားရကျေနပ်တယ်ပေါ့။ သွားမယ်လို့ လိုင်းပေါ် ကြေညာတဲ့အနေအထားပဲ၊ ဝန်းရံမယ်ဆိုပြီး ရွာအသီးသီးက ထွက်လာတာအားရတယ်။ တိုင်းရင်းသားပြည်သူတွေအားလုံး ကျွန်တော်တို့ ပါတီကိုဆက်လက်ဝန်းရံပေးဖို့ပေ့ါ။ ကိုဗစ်မဖြစ်ရင် ဒီထက်ဝန်းရံမယ့် တိုင်းရင်းသားပြည်သူတွေ အများကြီးရှိ သေးတယ်။ အကြီးအကျယ်လည်း လုပ်လို့မရဘူးပေါ့။ မြို့နယ်ပေါင်း လေးမြို့နယ်မှာ ကိုယ်စားလှယ်လောင်းပေါင်း ၁၂ ယောက်၊ အမျိုးသမီးသုံးယောက်ပါတာ ဖြစ်တဲ့အတွက် အမျိုးသမီးပါဝင်မှုနှုန်းက ၂၅ ရာခိုင်နှုန်းပေါ့”ဟု ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီဥက္ကဌ ဦးခင်မောင်ချိုက ပြောကြားသည်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ပါတီက အထွေထွေရွေးကောက်ပွဲတွင် ရွာငံမြို့နယ်နှင့် ပင်းတယ မြို့နယ်တို့တွင် အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် လေးနေရာ၊ ကလောမြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ၊ နောင်ချိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်နေရာ စုစုပေါင်း ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
https://news-eleven.com/article/194105

****************

၅။ အနောက်အုပ်စုက မြန်မာ NGO များကို ငွေပေး ဆန့်ကျင်ခိုင်းနေကြောင်း တရုတ်မီဒီယာ စွပ်စွဲ
26 September 2020

အနောက်နိုင်ငံများမှ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများမှ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ (NGOs) တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမြှင့်တင်ရန်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်သည့် ပုံစံဖြင့် တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများကို ဆန့်ကျင်ရန် အားပေးနေကြောင်း တရုတ်အစိုးရ မီဒီယာက စွပ်စွဲ လိုက်သည်။

အရှေ့တောင်အာရှမှ အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) အနက် အချို့သည် အနောက်နိုင်ငံများမှ ဝါဒဖြန့်ချိမှုတွင် အသုံးချခံများဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်နေသည်ဟု တရုတ်ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့နေ့စဉ် သတင်းစာက ထုတ်ဝေသည် ဂလိုဘယ်တိုင်းမ် Global Times သတင်းစာက အင်္ဂါနေ့တွင် စွပ်စွဲပြီး ထိုကဲ့သို့သောလုပ်ရပ်များသည် အများပြည်သူအကျိုးဆောင်ရွက်သည့် နယ်ပယ်ထက် ကျော်လွန်နေကြောင်းပြောကြား လိုက်သည်။ အရှေ့တောင်အာရှ နိုင်ငံများအကြားတွင် မြန်မာနိုင်ငံမှ မငြိမ်သက်သော နိုင်ငံရေး အခြေအနေသည် အနောက် နိုင်ငံ NGOs များအတွက် လွန်စွာကောင်းမွန်သည့် အနေအထားကို နှစ်ပေါင်းများစွာ ဖန်တီးပေးခဲ့ကြောင်း ထိုသတင်းစာက ဆိုသည်။ တရုတ်နိုင်ငံအကူအညီဖြင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် ပြုလုပ်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဝေဖန်သည့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းဖြင့် တရုတ်စီမံကိန်းများကို အယုံအကြည်ကင်းမဲ့အောင် လုပ်ဆောင်ရာတွင် NGOs ဝန်ထမ်းများသည် အခန်းကဏ္ဍတခုမှ ပါဝင်နေကြာင်း မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှ “ကျောင်” အမည်ရှိ တရုတ်တဦးကို ကိုးကားပြီးနောက် ဂလိုဘယ်တိုင်းသတင်းစာရေးသားသည်။ လွတ်လပ်ပြီး အကျိုးအမြတ်မယူသည့် အမေရိကန် အဖွဲ့အစည်းတခုဖြစ်သော National Endowment for Democracy (NED) သည် တရုတ်နိုင်ငံ၏ စီမံကိန်းများ ကို ဆန့်ကျင်ရန် မြန်မာ NGOs များကို ငွေကြေးထောက်ပံ့နေသည်ဟု ထိုသတင်းစာက စွပ်စွဲသည်။

NGOs များသည် ၎င်းတို့၏ လုပ်ငန်းသဘောသဘာဝအရ ပြည်ပအကူအညီနှင့် အခြားအလှူရှင်များကို မှီခိုရကြောင်း Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက တရုတ်မီဒီယာ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဧရာဝတီသို့ ပြောသည်။ သို့သော် “ကျနော်တို့က ရုပ်သေးတွေ မဟုတ်ဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက် ရပ်တည်တာဖြစ် တယ်”ဟု သူပြောသည်။ မြန်မာနိုင်ငံမှ သဘာဝသယံဇာတ ထုတ်ယူခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှု အများစုကို ကြည့်လျှင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော စီမံကိန်းများကြောင့် အများဆုံးဖြစ်ပြီး အနောက်နိုင်ငံလုပ်ငန်း များက ထိုသို့ပြဿနာများ မဖြစ်စေကြောင်းလည်း သူပြောသည်။“ကျနော်တို့ရဲ့ NGOs သဘောထားက လူ့အခွင့်အရေး မြှင့်တင်ပြီး ဖိနှိပ်ခံပြည်သူတွေရဲ့အသံကိုနားထောင်ခြင်းဖြင့် အမှန်တရားအတွက် ရပ်တည်ခြင်းဖြစ်တယ်”ဟု သူပြောသည်။ https://burma.irrawaddy.com/news/2020/09/26/230568.html

***************

၆။ တရုတ်ဘက်အားကိုးနေရတဲ့ ခေါင်လန်ဖူးဒေသမှာ ရိက္ခာခက်ခဲနေ
26 September 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာအတွက် နယ်ခြားဖြတ်တင်သွင်းမှုကို အားကိုးနေရတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက ကျေးရွာတွေမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကပ်ဘေးကာလ ဒေသအသီးသီးမှာ မတူညီတဲ့ အခက်အခဲတွေ ရှိနေပြီး တစ်ရွာနဲ့တစ်ရွာ သွားလာရေးခက်ခဲလွန်းတဲ့ ခေါင်လန်ဖူးမြို့နယ်မှာ ရင်ဆိုင်နေရတာကတော့ စားနပ်ရိက္ခာ ဝယ်ယူရ ခက်ခဲနေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်နေချိန်မှာ ခေါင်လန်ဖူးမြို့နယ်ထဲက တရားမဝင် တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ နယ်စပ်မှတ်တိုင် ၃၀၊ ၃၁၊ ၄၅ နဲ့ ၄၁ နေရာတွေကို တရုတ်ဘက်က ပြီးခဲ့တဲ့ မတ်လ ကတည်းက ပိတ်ထားလိုက်တာပါ။

ဒီလို ပိတ်ထားပြီနောက်ပိုင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ ခြောက်လ ကျော်လာပြီဖြစ်လို့ ရိက္ခာရှားပါးနေပြီလို့ ခေါင်လန်ဖူး ဒေသခံ တစ်ဦးဖြစ်တဲ့ ဉီးဒခွမ်ဖေရမ် က ပြောပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ခေါင်လန်ဖူးဒေသက ကျေးရွာတွေမှာ ဆန်အိတ် အများအပြား လှူဒါန်းခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။ ခေါင်လန်းဖူးမြို့ကနေ ရွာတစ်ရွာနဲ့တစ်ရွာဟာ ၅ မိုင်ကနေ မိုင် ၇၀ လောက်အထိ အကွာ အဝေးရှိပြီး အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်အထိ လမ်းလျှောက်သွားရတာပါ။ အစိုးရ ထောက်ပံ့ပေးတဲ့ဆန်ရိက္ခာဟာ လမ်း တစ်ဝက်လောက်အထိပဲ ပို့ပေးနိုင်တာကြောင့် တကယ်လိုအပ်တဲ့ ရွာတွေအထိ ရောက်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံ နောက်တစ်ဦးဖြစ်တဲ့ ကိုဆားအောင်က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာ ကျေးရွာအုပ်စု နှစ်ဆယ့်လေးခုက အိမ်ခြေ နှစ်ထောင်ကျော်မှာ လူဉီးရေ တစ်သောင်းကျော် နေထိုင် နေကြတာပါ။ https://www.rfa.org/burmese/news/food-difficulty-in-khaunglanhpu-kachin-09262020040945.

***************

၇။ တီးတိန် ဒေသခံတချို့ အစိုးရ အထောက်အပံ့ လိုအပ်နေ
28 September 2020

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်လို့ သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်က ဒေသခံတချို့ ကိုရိုနာဗိုင်းရပ်စ် (Covid 19) ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ကာလမှာ အစိုးရရဲ့ ကူညီထောက်ပံ့မှုကို မရဘဲဖြစ်နေတာပါ။ ထောက်ပံ့ကြေးမရသူ တွေထဲ မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က သိုင်းငင်းကျေးရွာက ဦးနန်ပီးတို့ မိသားစုလည်း ပါဝင်ပါတယ်။“ကိုဗစ်ကာလမှာ ကျွန်တော်တို့ ဘာတစ်ခုမှလည်း ရောင်းလို့မရဘူး ဆိုတော့ ကျွန်တော်တို့ သိုင်းငင်းရွာ ကဆိုရင် ကားကို အားကိုးပြီးတော့မှ အသက်ရှင်တယ်။ ကားလည်း မထွက်တော့ဘူး။ ကျွန်တော်တို့ အဲဒီချိန်မှာ အရမ်းကို ဒုက္ခရောက်တဲ့ အချိန်မှာ တောင်ယာ လည်း မလုပ်ရဘူး။ တောင်ယာလုပ်ကိုင်တဲ့ ဦးနန်ပီးတို့ မိသားစုဟာ သူတို့စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို သိုင်းငင်း ကားလမ်း ဘေးကနေ ခရီးသွားတွေကို ရောင်းချနေတာပါ။ အခုလို ခရီးသွားတွေ မရှိသလောက် နည်းပါး သွားချိန်မှာ ဝင်ငွေ မရတော့တဲ့အပြင် ထောက်ပံ့မှုလည်း မရတာကြောင့် အခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ပထမအကြိမ် ထောက်ပံ့ပစ္စည်း ပေးအပ်ရာမှာ ကန့်သတ်ချက် ၁၅ ချက်နဲ့ ညီတဲ့ အိမ်ထောင်စုတွေကိုသာ ပေးအပ်ရမယ် ဆိုပြီး ညွှန်ကြားထားတာကြောင့် မရသူတွေရှိတာလို့ တီးတိန်မြို့နယ် မောင်ကင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒါးလ်ခန့်ခုပ်က RFA ကို ပြောပါတယ်။ အဲဒီသတ်မှတ်ချက်တွေကြောင့် ထောက်ပံ့ကြေးမရတဲ့ ဒေသခံတွေလည်း ရှိနေပြီး ပိုးကူးစက်မှု အန္တရာယ် ရှိနေတဲ့ကာလမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ ခေါ်ဆကျေးရွာ အုပ်ချုပ်ရေးမှူး ကိုခိုင်ကျင့် ဒါလ်းကလည်း အဲဒီလို ဒေသခံတွေနဲ့ အငြင်းပွားစရာတွေ ရှိလာတာကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို နောက်ထပ်ပေးမယ့် အစိုးရထောက်ပံ့မှုမှာ စာရင်းထပ်မံတင်ပြဖို့ စာတင်ထားတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ အစိုးရရဲ့ ထောက်ပံ့တဲ့ အစီအစဉ်ထဲ မပါသေးတာကြောင့် ထပ်မံတင်ပြတောင်းခံထားတဲ့ မိသားစုဝင် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ပြောဆိုနိုင်သူ မရှိပါဘူး။ ကပ်ဘေးကာလ စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး ထောက်ပံ့ကြေးမရတဲ့ ဒေသခံတွေဟာ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ကျန်ရှိနေတဲ့စာရင်း ပြန်လည်စိစစ်တင်ပြပေးရင် ထောက်ပံ့ကြေးရမယ်လို့ မျှော်လင့်နေကြပါတယ်။ https://www.rfa.org/burmese/news/chin-refugees-0928202005

**************

၈။ သိန်းနီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ
September 28, 2020

သျှမ်းပြည် မြောက်ပိုင်း သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာတွင် မိုးသည်ထန်းရွာသွန်းမှုကြာင့် နေအိမ်နှင့် လယ်ယာပျက်စီး ဆုံးရှုံးမှုများကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း ၁ နာရီအချိန်တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေ နှင့် ပေါင်းစပ်မှုကြောင့် ရေကြီး ရေလျှံဖြစ်ပွားကာ နေအိမ်များရေဝင်ပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း။ လယ်ယာမြေများစွာလည်း ပျက်စီးခဲ့ကြောင်း သိန္နီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ မိုးက တစ်ညလုံးရွာပြီး တောင်ကျရေနဲ ဆိုတော့ ရေကြီးသွားတာ။ အိမ်ခြေ ၃၆ အိမ် လောက်တော့ ရေနှစ်သွားတယ်။ အိမ်ပျက်စီး ဆုံးရှုံးတာက တော့ (၃) အိမ်ရှိ တယ်။ ပြိုသွားတာအိမ်တွေက နဲနဲဟောင်းနေပြီး။ အိမ်ကလည်း ကြာနေပြီး” ဟု စိုင်းဦးခမ်းက ပြောသည်။

ထို့ပြင် ရေကြီးမှုကြောင့် လယ်ယာမြေများစွာ နစ်ခဲ့ကြောင်း၊ လက်ရှိမှာ ဆုံးရှုံးသွားသည့် လယ်ယာမြေများကို စာရင်း ကောက်နေကြောင်းလည်း သိရသည်။ အဆိုပါ ရေကြီးမှု ဖြစ်ရခြင်းသည် အဓိကအားဖြင့် ရေမြောင်းထဲအမှိုက်များ စွန့်ပစ် ခြင်း၊ သစ်ခုတ်မှုများဖြစ်ပွားခြင်း၊ တို့ ကြောင့် ဖြစ်ကြောင်းလည်း စိုင်းဦးခမ်းက ထပ်လောင်းပြောသည်။“ မိုးရွာက ည ၁၁ နာရီ လောက်က။ ၂ နာရီမှာ ရေတွေ အိမ်ထဲဝင်တော့ အိပ်မရတော့ဘူး။ ညကြီးထွက်ပြေးရတာ။ ဘာပစ္စည်းမှ မရခဲ့ဘူး။ အိမ် ထဲမှာရှိတဲ့ ပစ္စည်းတွေ အားလုံးဆုံးရှုံ့းတယ်”ဟု နန်းယိင်းဆိုင် က ပြောသည်။“ကျမတို့ လယ်တွေအားလုံးပျက်စီးသွားပြီ။ ဘာမှ မရဘူး။ ဒီနှစ်တော့ မလှူနိုင် မဒါန်းနိုင်တော့ဘူး။ တခါမှ မဖြစ်ဖူးဘူး”ဟု စပါး ဆုံးရှုံးသွားသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီး ကပြောသည်။ သိန်းနီမြို့နယ် နမ့်စလပ်ကျေးရွာရှိ ရေဘေးဒုက္ခသင့်နေသည့် ပြည်သူများကို သက်ဆိုင်ရာမှ ကူညီထောက်ပံ့ပြီး၊ ဆုံးရှုံးသွားသည့် ပစ္စည်းများ၊ လယ်ယာများစာရင်းကို ကောက်ပြီး ကူညီထောက်ပံ့ပေးရန်လည်းရှိ ကြောင်းသိရသည်။ https://burmese.shannews.org/archives/18679

***************

၉။ တပ်မတော်မှ အပြည့်အဝ တာဝန်ယူပါက ပလက်ဝမြို့နယ်တခုလုံး ရွေးကောက်ပွဲကျင်းပနိုင်မည့် အနေထားရှိဟုဆို
September 28, 2020

၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှအပြည့်အဝတာဝန်ယူပါက ပလက်ဝမြို့နယ်တခုလုံး ကျင်းပနိုင် မည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် မှ ပြောသည်။

“မဲဆန္ဒနယ်အမှတ်(၁)ဘက်မှာဆိုရင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၅ အုပ်စုရှိတယ်၊ ၄၅ အုပ်စုမှာ ကျင်းပလို့ရတဲ့ အုပ်စု က ၃၄ အုပ်စု ကျင်းပလို့ရတယ်၊ ကျင်းပလို့မရတာ ၁၁ အုပ်စုရှိတယ်၊ အဲတာ ရာခိုင်နှုန်းနဲ့တွက်လို့ရှိရင် ရ၅.၅၅ ရာခိုင်နှုန်း လောက်ကကျင်းပလို့ရတယ်လို့ ကျွန်တော်ပြောလိုတယ်၊ ဒါမဲဆန္ဒနယ်(၁)၊ မဲဆန္ဒနယ်(၂)မှာတော့ ကျေးရွာအုပ်စုပေါင်း (၅၇)အုပ်စုရှိတယ်၊ ကျင်းပလို့ရတာ(၄၃)အုပ်စုရှိတယ်၊ သူလည်းပဲ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင် ၇၅.၄၄ ရာခိုင်နှုန်းရှိတယ်၊ အဲတာကြောင့် မဲဆန္ဒနယ် (၁)ရော မဲဆန္ဒနယ်(၂)မှာရော နှစ်ခုလုံးက ကျင်းပလို့ရတဲ့ အနေထားရှိတယ်၊ကျွန်တော်တို့ သုံးပုံနှစ်ပုံ ကျင်းပလို့ရတဲ့ အနေထားရှိတာပေါ့နော်၊ကျန်တဲ့ သုံးပုံတစ်ပုံကလည်း တပ်မတော်ကသာလုံခြုံရေး အပြည့်ဝ တာဝန်ယူပေးမယ်ဆိုရင်လည်း ကျင်းပလို့ရတယ်အဲတာလည်းပြောချင်တယ်”ဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှပြောသည်။

လက်ရှိပလက်ဝမြို့နယ် အချို့နေရာများတွင် စစ်ဖြစ်သည့်နေရများဖြစ်ပြီး တစ်မြို့နယ်လုံးစစ်ဖြစ်ပြီး မအေးချမ်းသည့် နယ်မြေမဖြစ်သောကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေထားပိုများကြောင်းလည်းသိရသည်။ ပလက်ဝသွားမည့် ကုန်းလမ်းသည် လက်ရှိမိုးရာသီအတွင်း သွားလာရေးအဆင်မပြေမှုကြောင့် မဲရုံသုံးပစ္စည်းများ အပြည့်အဝမရောက်ရှိနိုင်သေ ကြောလည်းင်းသိရသည်။ https://www.chinworld.org/2 020/09/28/%e1%80%90%e1%80%95%e1%80%ba% e1%80%99%e1%80

**************

၁၀။ ရှမ်းမြောက် KIA နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ စစ်သား ၆ ဦးသေ၊ ၅ ဦး ထိခိုက်
29 September 2020

မူဆယ်ခရိုင် မုံကိုးမြို့ကို ဖြတ်သွားတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်လှုပ်ရှားနေတဲ့ မြန်မာစစ်တပ် တပ်မ (၉၉) တပ်ဖွဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အား နယ်မြေရှင်းလင်းရေး’ စစ်ဆင်တိုက် ခိုက်ရာတွင် စက်တင်ဘာ (၂၈) တနင်္လာနေ့ က မြန်မာ စစ်သား အနည်းဆုံး (၆)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၅)ဦး ရှိကြောင်း KIA ဘက်မှ ဆိုပါသည်။ တနင်္လာနေ့ နံနက်ပိုင်းမှ ညနေပိုင်း ထိ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ သုံးနေရာတွင် တိုက်ပွဲများဖြစ်ပွားကာ တပ်မတော်ဘက်က ထိခိုက် သေဆုံးမှုနှင့်ပတ်သက်ပြီး KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။ “အနည်း ဆုံး (၆)ဦး (၇)ဦးခန့် သေဆုံးနိုင်တယ်။ ဒဏ်ရာ ရတာကတော့ (၅)ဦးမှ (၇)ဦးထိ ရှိနိုင်တယ်။”KIA ဘက်မှ ထိခိုက်မှု မရှိ ကြောင်း သူက ဆိုပါသည်။

တပ်မ (၈၈) စစ်ကြောင်းများ မုန်းဘော် (Mungbaw) ကျေးရွာပတ်ဝန်းကျင် တောင်းကုန်များရှိ KIA တပ်ရင်း (၃၆) စခန်းများကို သုံးနေရာမှ ‘နယ်မြေရှင်းလင်းရေး’ထိုးစစ်ဆင်တိုက်မှု ပြုလုပ်ပြီး ပြန်ဆင်းလာစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ “မိုင်ဖန် (Mai Hpang) ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ နမ်တောင်း (Nam Tau)၊ မခေါယန် (Mahkaw Yang)နားမှာ စောင့်ကြိုတိုက်ခိုက်တယ်၊ အဲဒီမှာ ထိခိုက်သေဆုံးမှု အနည်းငယ် ရှိတယ်။ မနက်ပိုင်းမှာပဲ မန်နောင်ယန် (Man Nawng Yang)မှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်၊ အဲဒီမှာတော့ အတော်လေး အထိနာလို့ ကြားရတယ်။ ညနေပိုင်း မှာတော့ မုန်ဘော် (Mungbaw)မှ ပလဲခက် (Pale Hkyet) ဘက်ဆီ တက်လာတဲ့ စစ်ကြောင်းကို ခကျန်ခရော့ (Hka Chyang Hkaraw) ဆိုတဲ့ နေရာမှာ ထပ်ပြီး မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တော့ ထိခိုက်မှုများတယ်”ဟု လုံခြုံရေးအရ အမည် မဖော်လိုသူ တိုက်ပွဲဖြစ်ပွားရာ နယ်မြေမှဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

နှစ်ဖက် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ရွာသား (၆၀)ကျော်သည် မန်နောင်ကောင် (Man Nawng Kawng) ကျေးရွာ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းတွင် စက်တင်ဘာ (၂၄)ကတည်း ခိုလှုံနေကြောင်း ကြားသိရသော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသေည့် အခြေအနေကြောင့် ပြင်ပမှ အကူအညီများ သယ်လာပေးရန် ခက်ခဲနေသည်ဟု မုန်းဘော် (Mungbaw)ကျေးရွာ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ သိရသည်။ https://burmese.kachinnews.com/2020/09/29/%e1 %80%9b%e1%80%be%e1%80%99%e1%80%ba%e1

****************

၁၁။ တပ်မတော်၏ ဖမ်းဆီးခံရသည့် မြောက်ဦးမှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် ဦးခေါင်းသွေးယို စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံး
September 28, 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အောင်တိုက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သော သုံးဘီးယာဉ်မောင်း တစ်ဦးကို စက်တင်ဘာလ ၂၇ရက်နေ့ တပ်မတော် ၃၇၇ တပ်ရင်းက ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ဆေးရုံတွင် အလောင်းသာ ပြန်လည်တွေ့ရှိရဟု သေဆုံးသွားသူ ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နု ကပြောဆိုသည်။“ ဦးအေးကျော် (သေဆုံးသူ အမျိုးသားအမည်) ဆေးရုံကိုရောက်နေတယ်လို့ကြားလို့ လာရောက်တွေ့တဲ့ အချိန်မှာတော့ ညနေ ၄နာရီ ၄ဝလောက်ရှိပါတယ်။ ကျွန်တော် အလောင်းကို ခေတ္တခဏ ကြည့်လိုက်တဲ့အခါမှာ ခေါင်းမှာ သွေးတွေယိုပြီးတော့ စုတ်ပြဲပြီးတော့ဖြစ်နေပါတယ်။ နောက်ကိုယ်ခန္ဓာတွေလည်း ဘယ်လိုဖြစ်တယ်ဆိုတာ အခုတော့ ကျွန်တော်မကြည့်ရသေးဘူး။ ဆရာဝန်ဆီက အဖြေမရသေးတော့ ဘယ်လို သေဆုံးလဲဆိုတာတော့ တိတိကျကျမသိရ သေးဘူး။ မြောက်ဦးဆေးရုံကို ဆေးရုံကားနဲ့ပို့တာပါ ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ သုံးဘီးယာဉ်မောင်း ဦးအေးကျော်သည် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် လက်ကျိုးနေသည့် အသက် ၈၀ ကျော်အဖွားတစ်ဦးကို ဆေးကုသရန် နထင်ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ပို့ဆောင်စဉ် ၃၇၇ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ထိုသို့ဖမ်းဆီးခံရခြင်းကြောင့် မိသားစုဝင်များက တပ်ရင်းသို့ သွားရောက်မေးမြန်းသော်လည်း ဖမ်းဆီးထားမှုမရှိပြန်လည်ပြောဆိုကြောင်း၊ ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် မြောက်ဦးမြို့ ရဲစခန်းကို တိုင်ကြားပြီးနောက် ယနေ့တွင် သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်နုကပြောဆိုသည်။ မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း တပ်မတော်၏ ဖမ်းဆီးခြင်းခံရသူ ဦးအေးကျော် သေဆုံးသွားကြောင်းကို မိသားစုဝင်များ၏ ပြောကြားချက်အရ သိရကြောင်း အတည်ပြုပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်း ရွာသို့ဝင်ရောက်ခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောဆိုသည်။ https://www.khitthitn ews.com/2020/09/ %e1%80%90%e1%80%95%e1%80 %ba%e1%80%99%e1%80

**************

၁၂။ ကပ်ရောဂါကာလအတွင်း ပြောင်းဈေးကျပြီး တောင်သူတွေစိုးရိမ်မှုတွေမြင့်တက်လာ
September 29, 2020

ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးလုပ်ငန်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ပြောင်းဝယ်သူတွေ နည်းလာပြီးတော့ ဈေးတွေလည်း တဖြည်းဖြည်းထိုးကျလာတဲ့အပေါ် ပြောင်းစိုက်တောင်သူတွေ အခက်တွေ့ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အခုလိုပြောင်းဈေးတွေကျလာတဲ့အတွက် လုပ်အားခနဲ့ကုန်ကျစရိတ်တွေက အမြတ်မရှိတဲ့အပြင် အရှုံးပေါ် မှာကို စိုးရိမ်နေကြရပါတယ်။

“ တစ်ကယ်လို့ဈေးမရှိတဲ့အချိန်ဆိုရင် အလုပ်သမားခေါ်တဲ့အပေါ်မှာလည်း တစ်နေ့ကို ၆၀၀၀ ကျပ် ပေးရတယ်။ ဒါပေမယ့် ကျနော်တို့တစ်ခါတစ်လေပြန်တွက်ကြည့်မယ်ဆိုရင် ဒီဈေးနှုန်းနဲ့ ဒီအလုပ်သမားခနဲ့ ပြန်ပြီးတော့ ရနိုင်မလား မရနိုင်ဘူးလား ဆိုပြီး အဲ့လိုမျိုးစိုးရိမ်တယ်ပေါ့။” လို့ ရုမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နောင်လှိုင်ကျေးရွာ ကိုဘီးဒူ ကပြော ပါတယ်။

အရင်နှစ်က အခုချိန်ဆိုရင် ပြောင်းဈေး အနှိမ့်ဆုံး တစ်ပိသာ၄၁၀ ရှိပြီးတော့ ယခုချိန်မှာတော့ ၃၇၀ ကျပ် အထိ ဈေးကျ သွားပြီး တဖြည်းဖြည်းဆက်ကျသွားမှာကို ပြောင်းစိုက် တောင်သူတွေ စိုးရိမ်နေကြရတာဖြစ်ပါတယ်။“လာမယ့် အစိုးရ တက်လာခဲ့မယ်ဆိုရင်လည်း ကျနော်တို့ပြောင်းတောင်သူတွေအတွက် အဆင်ပြေတဲ့ဈေးနှုန်းကို တိတိကျကျသတ်မှတ်ပြီး တော့မှ တောင်သူတွေမနစ်နာအောင် တောင်သူတွေအကျိုးခံစားခွင့်က အဲ့တာလေးပဲရှိတော့ တင့်တင့်မျှတတဲ့ဈေးနှုန်းကို စီစဉ်ပေးဖို့ကျနော့်အနေနဲ့ တောင်းဆိုချင်တယ်။” လို့ ကွိုင်ငံရွာဟောင်း ကျေးရွာနေ ဦးပိုပီးယို ကပြောပါတယ်။

ပြောင်းဈေးမကောင်းလို့ လက်ရှိလုပ်ကိုင်နေတဲ့ ပြောင်းရုံကိုနားတော့မယ့်လို့ ဒေါးငံခါး ရပ်ကွက် (၁) ပြောင်းရုံပိုင်ရှင် ဦးမောင်ကောင်း က ပြောပါတယ်။“ ကျနော်တို့လည်း ဒီတစ်စီးတင်ပြီးရင်တော့ နားမယ်လို့တော့ဆုံးဖြတ်ထားတယ်ပေါ့ ဘာဖြစ်လို့လဲဆိုရင်တော့ ဈေးကဆက်တိုက်ကျနေတော့ နားမယ်လို့တော့ စီစဉ်ထားတယ်ပေါ့။”လို့ပြောပါတယ်။ ပြည်သူ များကတော့ ထိုပြာသနာများပြေလည်ဖို့ဆိုရင် အစိုးရမှာတာဝန်ရှိပြီး ကိုင်တွယ်ဖြေရှင်းပေးဖို့လိုတယ်လို့ ၂၀၂၀ ရွေးကောက် ပွဲ မှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီမှ စေားခူးတလေ ကပြောပါတယ်။ ကယားပြည်နယ်အတွင်းရှိကျေးရွာပေါင်း (၁၀၀)ရှိတောင်သူတွေရဲ့ ကျေးရွာအလိုက် ဦးစားပေးသီးနှံတွေကို အချက်အလက်လိုက်လံကောက်ခံရာမှာ ပြောင်းသီးနှံက ဒုတိယအများဆုံး ဦးစားပေးစိုက်ပျိုးတဲ့ သီးနှံ ဖြစ်တယ်လို့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ရဲ့ သီးနှံများရဲ့ ဈေးကွက်ချိတ်ဆက်မှု အတွက် စစ်တမ်းစာအုပ်မှာ ဖော်ပြပါရှိပါတယ်။ https://www.bnionline.net/mm/news-75825

**************

၁၃။ ရခိုင်မှာ တိုက်ပွဲတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး ခက်ခဲနေ
28 September 2020

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေ့ နေစဉ်နဲ့အမျှ တိုးလာနေသလို စစ်ရေးပဋိပက္ခကြောင့် ထွက် ပြေးရတဲ့ ဒေသခံတွေ နေ့စဉ်နဲ့အမျှ တိုးနေပါတယ်။ တိုက်ပွဲတွေ မရပ်ရင် ကပ်ရောဂါထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရခိုင်ဒေသ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တွေက ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၁၂၅၈ ဦးနဲ့ သေဆုံးလူနာ သုံးဦးအထိရှိနေပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာတွေ တစ်နေ့တခြားတိုးလာသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒီလအတွင်း ရသေ့တောင်မြို့နယ် အပါအဝင် တခြားဒေသတွေက လူပေါင်းသောင်းချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါ တယ်။ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ရတဲ့နေရာမှာ နေထိုင်ရတာကြောင့် အစိုးရကထုတ်ပြန်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရေး ညွှန်ကြား ချက်တွေနဲ့အညီ နေထိုင်နိုင်တဲ့ အခြေအနေမရှိဘဲ ပိုးကူးစက်မှုကို ထိန်းချုပ်ဖို့ အခက်အခဲဖြစ်နေတာပါ။ အဲဒီလိုပြေးလာသူတွေဟာ ပိုမို လုံခြုံတဲ့နေရာ ရောက်နေပေမယ့် နေရာသစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်များတဲ့နေရာဖြစ်နေတယ်လို့ ရသေ့တောင်မြို့နယ်က ဆရာဝန်ဒေါက်တာ တင်မြင့်ဦး က RFA ကို ပြော ပါတယ်။ ရသေ့တောင်ကနေ ထွက်ပြေးလာရသူ အများစုဟာ စစ်တွေမြို့က သောဗိတာရာမကျောင်း စစ်ဘေးဒုက္ခသည် စခန်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြပါတယ်။

ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာကနေ စစ်တွေကို ရောက်လာတဲ့ ဦးငြိမ်းချမ်းကတော့ ကိုရိုနာဗိုင်းရပ်စ်ထက် ကျည်ဆန်ကို ပိုကြောက်ရတယ်လို့ ပြောပါတယ်။ လူတွေအစုလိုက် အပြုံလိုက်ထွက်ပြေးလာတာဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ အခက်အခဲဖြစ်စေတယ်လို့ စစ်တွေဆေးရုံက အထူးကုဆရာဝန် ဒေါက်တာ အောင်နိုင်လင်းက RFA ကို ပြောပါ တယ်။ ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရခိုင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကတော့ အခက်အခဲကြီး နှစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်းကလည်း လက်ရှိအချိန်အထိ နှစ်သိန်း တစ်သောင်းကျော် လောက်ရှိနေပြီလို့ REC က ဆိုပါတယ်။ https://www.rfa.org/burmese/news/rathedaung-villag ers-flee-9282020035940.html

***************

၁၄။ ဖားအံကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူနှင့် ဆက်စပ်သူများအား နှာခေါင်း၊အာခေါင်တို့ဖတ်(Swab) ရယူထား
September 28, 2020

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကော့ဒါန်းမယ်ရွာသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ သည့်အတွက်ကြောင့် ၎င်းနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား နှာခေါင်း၊ အာခေါင် တို့ဖတ်(Swab)များကို (စက် တင်ဘာ ၂၈) တွင် ရယူပြီးစီးထားကြောင်း သိရသည်။ အဆိုပါ နှာခေါင်း၊ အာခေါင် တို့ဖတ်များကို အမျိုးသားဓာတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရမည်ဖြစ်ပြီး ရောဂါပိုးရှိ မရှိ အဖြေရရန် ရက်အတိအကျ မခန့်မှန်းနိုင်ကြောင်း ကရင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့် က ယခုလို ပြောသည်။“ရန်ကုန်မှာက သောင်းဂဏန်းနဲ့ စစ်ရတာကိုး။ (အဖြေသိဖို့) သုံးလေးရက် ကြာသွားတတ်တယ် ပေါ့နော်။ အရေးတကြီး လည်းဖြစ်တယ်။ ရောဂါသည်လည်း ဖြစ်တယ်ဆို ဖားအံ(ဆေးရုံ)မှာ စစ်လို့ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ကော့လှိုက်ကျေးရွာအုပ်စု၊ ဝါးဆူးကျေးရွာ၌ ပြုလုပ်ခဲ့သော ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ-KNDP ၏ မဲဆွယ်ပွဲ ပြုလုပ်ခဲ့သော ကိုယ်စားလှယ်လောင်း ၃ ဦးနှင့်အတူ စက်တင်ဘာ ၂၃ ရက်နေ့မှစ၍ ဖားအံ တက္ကသိုလ်ဝင်းရှိ အဆောင်တစ်ခု၌ Q ဝင်ခဲ့သည့် ဝါးဆူးရွာနှင့် အခြားကျေးရွာအချို့မှ ရွာသူရွာသား ၄၇ ဦး၏ နှာခေါင်း၊ အာခေါင် တို့ဖတ်တို့ကိုမူ ယနေ့မှသာ စတင် ရယူထားခြင်းလည်းဖြစ်သည်။ Q ဝင်နေသူ KNDP ၏ ဖားအံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းစေးအွာ က “ကျမတို့ ကိုယ်စားလှယ်လောင်း ၃ဦးကတော့ ဒီနေ့ နှာခေါင်း၊အာခေါင်တို့ဖတ် ယူပြီးပြီပေါ့နော်။ ကျန်တဲ့သူတွေကိုလည်း အကုန်ယူထားပြီးပါပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးရန် စောင့်ကြည့်ခံထားရသူ ၅၀၀ဦးခန့်ရှိကြောင်း လည်း ဒေါက်တာကျော်စွာမြင့်က ဖြည့်စွက် ပြောဆိုသည်။ http://kicnews.org/2020/09/%e1%80%96%e1%80 %ac%e1%80%b8%e1%80%a 1%e1%80%b6 %e1%

****************

၁၅။ ပန်နန်းဒင်သွားလမ်း တောင်ပြိုမှုကြောင့် ပြတ်တောက်
28 September 2020

ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပန်နန်းဒင်မြို့သွားသည့်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုရှိနေသဖြင့် အလွန်ခက်ခဲနေကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့ နောင်မွန်းမြို့မှ ပန်နန်းဒင်မြို့သို့ သွားသောလမ်းမကြီးတွင် တောင်ကမ်းပါးများပြိုကျပြီး၊ ကြိုးတံတားလည်း ပျက်စီးသွားကြောင်း နောင်မွန်းဒေသခံ ဦး ကူရှင်မင်းထံမှ သိရသည်။“ပြီးတဲ့အပတ်မှာဘဲ မိုးတအားရွာတော့ နောင်မွန်းကျေးရွာနဲ့ ပန်းနန်းဒင်ဘက် သွားတဲ့ လမ်းမကြီးပေါ်မှာ ၃နေရာလောက်မှာ မြေပြိုကျပြီး လမ်းတွေလူသွားလို့မရအောင်ပိတ်ဆို့နေတယ်။ နောက်ပြီး ပန်နန်းဒင်ကိုသွားတဲ့ လမ်းပေါ်က ကြိုးတံတားလည်း ကမ်းပါးတွေပြိုတော့ တစ်ဖက်စောင်းသွားတယ်။ အခုက သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့တော့ ကြားတယ်” ဟု ပြောဆိုသည်။ နောင်မွန်းမြို့မှ ပန်နန်းဒင်သို့သွားသောလမ်းတွင် ခက်ခဲနေသဖြင့် ဒေသခံများ၏ စာနပ်ရိက္ခာအတွက်လည်း များစွာအခက်အခဲရှိလာ နိုင်သောကြောင့်လမ်းအမြန်ပြုပြင်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အရင်နှစ်တွေမှာက ပြိုတော့ပြိုတယ်။ ဒီလောက်ဆိုးဆိုးရွားရွာမဖြစ်ဘူး။ ချောင်းရေတွေလည်း တော်တော်ကြီးတယ်။ အဲ့ဒီတော့ ပျက်နေတဲ့လမ်းတွေကို အစိုးရက မြန်မြန်ဆန်ဆန် မလုပ်နိုင်သေးရင် အဲ့ဒီဘက်မှာရှိတဲ့ ဒေသခံတွေက စားရေး သောက်ရေးအတွက် အင်မတန်ခက်ခဲလာမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က စားနပ်ရိက္ခာတွေက နောင်မွန်းမြို့ထဲကဘဲ လာဝယ်ယူကြတာလေ။ နောက်အဲ့မှာက တောင်ယာတွေလည်း သိပ်မလုပ်ကြဘူး။ အဲ့ကြောင့် လမ်း ပျက်နေရင် ဘယ်သူမှ လာနိုင်ကြမှာ မဟုတ်ဘူး။ ပြီးရင် ကူညီထောက်ပံ့ပေးမယ့် သူတွေလည်း သွားလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ သူတွေအနနဲ့ အချိန်သိပ်မဆွဲစေချင်ဘူး”ဟု ပြောသည်။ https://burmese.k achinnews .com/ 2020/09/28/%e1%80%95%e1%80%94%e1%80%ba%e1%80%94%e1

***************

၁၆။ သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်
28 September 2020

ရှမ်းပြည်နယ်ရှိ သိန္ဒီဟော်နန်းနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော် GE တပ်က ပြုပြင် ထိန်းသိမ်းပေးမည်ဖြစ်ရာ ယခု အခါ နယ်မြေကွင်းဆင်းပြီး မြေပြင်အခြေအနေများကိုလေ့လာခြင်း၊ ဓါတ်ပုံမှတ်တမ်းများ ရယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျိုင်းတုံနှင့်လားရှိုး ခရီးစဉ်များတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံခဲ့ရာ ယင်းအဖွဲ့များက ဟော်နန်းများကို ပြင်ဆင်ပေးရန် တင်ပြမှုများရှိသဖြင့် အထက်ပါ အတိုင်း စတင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။“သမိုင်းကြောင်းတွေရယ်၊ အခုလောလောဆယ် လက်ရှိ ရှိနေတဲ့ ပုံလေးတွေရယ်၊ သိန္ဒီဟော်နန်းကတော့ အစအဆုံး ပြင်ရ မှာဆိုတော့ သူက ကြည့်နေတုန်းပဲ ရှိသေးတယ်။ မိုင်းပွန်ဟော်နန်းကတော့ ဘာတွေ ပြင်ရမလဲဆိုတာ ထည့်ရေးထားတာ ရှိတယ်။ ပြင်မှာကတော့ GE တပ်က ပြင်မှာ”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

သိန္ဒီဟော်နန်းကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ထိန်းသိမ်းထားပြီး ယင်းဟော်နန်းကို စော်ဘွားကြီးကိုယ်တိုင်က စာ ချွန်တော့်ဖြင့် ၎င်းတို့အသင်းသို့ လွှဲပြောင်းပေးထားခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဟော်နန်းမှာ အုပ်ခုံသာသာရှိပြီး အစိုးရ ကလည်း ၎င်းတို့၏ ထိန်းသိမ်းမှုအောက်တွင် မရှိသဖြင့် ပံ့ပိုးကူညီမှု မပေးနိုင်ကြောင်း သိန်းနီမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ ဦးစိုင်းမြင့်ထွန်းက ပြောသည်။“ကျနော်တို့ သွားတောင်းတာ မဟုတ်ဘူး။ အခုတော့ ကျနော်တို့ကိုခေါ်တွေ့ တာပေါ့။ ကျနော်တို့ ဖြစ်ချင်တဲ့ ပုံစံလေးတွေ တပ်ချုပ်ဆီကို တင်ပြတော့ ဝိုင်းလုပ်ကြတာပေါ့။ ကူညီပေးပါ့မယ်ဆိုပြီ ရခဲ့ တယ်။ GE တပ်ကတော့ Survey ဆင်းနေတယ်။ ကျနော်တို့ကလည်း ဒါက တည်ဆောက်ရေး ကော်မတီ ဖွဲ့ ထားပြီးသား ရှိပါတယ်”ဟု ဥက္ကဌ ဦးစိုင်းမြင့်ထွန်းက ပြောသည်။

မိုင်းပွန်ဟော်နန်းမှာလည်း အဆောက်အဦမှာ ပျက်စီးယိုယွင်းနေပြီး လိုအပ်သည့် အပိုင်းလိုက်ပြုပြင်မည်ဆိုပါက အမိုးမိုးခြင်း၊ ကြမ်းခင်းခင်းခြင်း၊ ရေနံချေးသုတ်ခြင်း၊ ကွန်ကရက်တိုင်အဖြောင့် ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်ရန်လိုအပ် လျက်ရှိ ကြောင်း၊ ယင်းဟော်နန်းကိုပြုပြင်ရန် ကျန်ရှိသူ မိသားစုဝင်များ၏ သဘောထားကို ရယူထားကြောင်း သိရသည်။ ရှမ်းပြည် နယ်ရှိ ဟော်နန်းများမှာ မိုင်းပွန်ဟော်နန်း၊ ကျိုင်းတုံဟော်နန်း၊ ကျေးသီးဟော်နန်း၊ လဲချားဟော်နန်း၊ သီပေါဟော်နန်း၊ မိုင်းပန်ဟော်နန်း၊ မိုင်းပန်ဟော်နန်း၊ ညောင်ရွှေဟော်နန်း၊ သိန္ဒီဟော်နန်း၊ မိုင်းနောင်ဟော်နန်း၊ မိုးနဲဟော်နန်း၊ မိုးမိတ် ဟော်နန်း၊ မောက်မယ်ဟော်နန်၊ မိုင်းကိုင်ဟော်နန်းနှင့် ပင်လောင်းဟော်နန်းတို့ ဖြစ်ကြသည်။ https://burma.irrawaddy .com/news/2020/09/28/230630.html

**************

၁၇။ ဖားဆောင်းတွင် ကရင်အမျိုးသားပါတီ အင်အားရာချီ လှည့်လည် မဲဆွယ်
September 26, 2020

ကယားပြည်နယ်၊ ဖားဆောင်းမြို့တွင် ကရင်အမျိုးသားပါတီက ဖားဆောင်း-မော်ချီး လမ်းတလျှောက် အင်းအား ရာချီ လှည့်လည် မဲဆွယ်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်လျှက်ရှိကြောင်း ကရင်အမျိုးသားပါတီ ဖားဆောင်း မြို့နယ်၊ ပြည်နယ်အမှတ်-၁ ကိုယ်စားလှယ်လောင်း စောထောနေမူးက ကေအိုင်စီသို့ ပြောသည်။ ၎င်းက “ ဒီနေ့မနက်ပိုင်း မှာ ဝတ်ပြုဆုတောင်းပြီးတော့ ဖားဆောင်းကနေ မော်ချီးကို ကျနော်တို့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တက်လာတယ်။ လမ်းက ကရင်များတဲ့ ရွာတွေမှာ ဟောပြောတယ်။ ဟောပြောတယ်ဆိုတာက အသံသွင်းထားတဲ့ အခွေတွေကို ဖွင့်ပြတာ။ မော်ချီး ရောက်တော့ မိုးအရမ်းရွာတယ်။ ကျနော်အခု ပြန်ဆင်းလာပြီ” ဟု ပြောသည်။

ကရင်အမျိုးသားပါတီ၏ ယနေ့မဲဆွယ်ပွဲတွင် ကား ၁၇ စီး၊ ဆိုင်ကယ် အစီး ၃၀ နှင့် လူအင်အား ၂၀၀ ကျော်ပါဝင်ကာ ပါတီလက်ကမ်းစာစောင်များဝေငှခြင်း၊ ပါတီ တီရှပ်များဝေငှခြင်းများလုပ်ဆောင်ကာ ဒေသခံ ကရင် ပြည်သူများကလည်း ကြိုဆိုမှုများ ပြုလုပ်ခဲ့သည်ဟု မဲဆွယ်ပွဲတွင် ပါဝင်ခဲ့သူများက ပြောသည်။ ကရင်အမျိုးသားပါတီ အနေဖြင့် ကယားပြည်နယ် (ကရင်နီပြည်) ဖားဆောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် စောဆာကဘရူရှီး၊ အမျိုးသားလွှတ်တော်တွင် ဦးကျော်စိုး (ခ) ဘိုဘိုရွှေနှင့် ပြည်နယ် လွှတ်တော် အမှတ် -၁ တွင် စောထောနေမူးတို့ အသီးသီးဝင်ပြိုင်သွားမည်ဖြစ်သည်။

ကယားပြည်နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ စက်တင်ဘာ ၂၅ ရက်နေ့ တွင် အင်အားရာချီကာ လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်တို့ တွင် မဲဆွယ်မှုအသီးသီး ပြုလုပ်ခဲ့ကြောင်း သိရသည်။ http://kicnews.org/2020/09/%e1% 80%96%e1%8 0%ac%e1%80%b8%e1%80%b1%e1%80%86%e1%

**************

၁၈။ ချင်းပြည်နယ်တွင် တာဝန်ကျရာ ကျေးရွာများရှိမဲရုံများသို့ သွားရောက်ကြမည့် ကျောင်းဆရာ/ဆရာမများအနေဖြင့် အခက် အခဲများစွာရှိ
September 28, 2020

အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တောင် ပေါ်ဒေသတွင် တာဝန်ကျရာကျေးရွာများရှိ မဲရုံများသို့ သွားရောက် ကြမည့် ကျောင်းဆရာ/ဆရာမများအနေဖြင့် အခက်အခဲများစွာရှိနေကြောင်းသိရသည်။

ဖလမ်းမြို့နယ် ဗန်ဗား အ.လ.က ကျောင်းဆရာမ ဒေါ်ဝေဝေတင်က “ကျောင်းဖက်ကလည်း အောက်တိုဘာလ (၁) ရက်နေ့ ရောက်ရမယ်လို့ ပြောတယ် အထက်ကနေ အမိန့်စာနဲ့ ဖြစ်တဲ့အတွက် မလာရင်လည်း ကိုယ့်ဘာသာ ဖြေရှင်းလို့ပြောတယ် နို့်ဆို့အရွယ်ကလေးတွေနဲ့ဆိုတော့ အန္တရယ်များတယ် လူလွတ်ဆိုရင်တော်သေးတယ် ကလေးနဲ့ဆိုတော့ အခုလိုမျိုး ကာလ မှာ လုံးဝအဆင်မပြေဘူး ကားတွေကလည်း မရှိဘူး အောက်တိုဘာလ (၁)ရက်နေ့ ရောက်ပြီးတော့ Quarantine ကို (၂၁) ရက် ကိုယ့်အိမ်ယာမှာ နေရမယ်ပေါ့ အဲလိုမျိုးပြောတယ်”ဟုဆိုသည်။

ကိုဗစ်ကာလတွင် ချင်းပြည်နယ်ဖက်သို့ မဲရုံကိစ္စနှင့် ပက်သက်ပြီး တာဝန်ထမ်း ဆောင်မည့် ကျောင်းဆရာ/ ဆရာမများတွက် ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ် ကိုဗစ်ကာကွယ်ရေး ကော်မတီများနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်နေကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က ပြောသည်။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က “ကျတော်တို့နှစ်ပိုင်းခွဲပြီး စဉ်းစားပါတယ် ပြည်နယ်ပညာရေးမှူးရုံးကနေ အောက်တိုဘာ(၁) ရက်နေ့ ခေါ်တာရှိတော့ ဒီလိုကာလမှာ ကန့်သက်ချက်တွေကို တော့ ဆရာ/ဆရာမတွေဖက်ကတော့ အခက်အခဲတော့ ကြုံရမှာဘဲ ကြုံရတဲ့အခါမှာ လည်း ဖြေလျော့နိုင်ဖို့ ပြည်နယ်အဆင့် ကိုဗစ်ကာကွယ်ရေး ကော်မတီလမ်းညွှန်ချက်က ဘာရှိမလဲမသိရသေးဘူး အစည်း အဝေးမှာတော့ ထည့်သွင်း ဆွေးနွေးထားတယ် နောက်ဆုံးမဖြစ်မနေ လာပြီးတာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ ဆရာ/ဆရာမ တွေ ရှိရင် ဒီဖက်မှာရှိတဲ့ မဲစာရင်းမှာ ပါတဲ့သူ အများက လေးစားယုံကြည်တဲ့သူ လွှတ်တော်ကိုယ်စားလှယ် လောင်း တွေနဲ့ အမျိုးမတော်တဲ့ မဲစာရင်းမှာပါတဲ့ သူတွေကို တာဝန်ပေးနိုင်ဖို့ကို လျာထားတာတွေရှိတယ်”ဟုပြောသည်။

ချင်းပြည်နယ်တောင်ပေါ်ဒေသဖက်တွင် ကျောင်းဆရာ/ဆရာမတာဝန်ထမ်းဆောင်သည့်အများစုမှာ မြေပြန့်ဒေသမှ အများစု ဖြစ်ပြီး ကိုဗစ်ကာလတွင် ခရီးသွား စသည့် ကန့်သက်ချက် များစွာရှိသည့်တွက် တာဝန်ကျ ဒေသဖက်သို့ သွားရောက်ရန် အခက်ခဲများစွာရှိကြောင်း သိရသည်။ https://www.chinworld.org/2020/09/28/%e1%80%81%e1%80%bb%e1 %80%84%e1%80%ba%e1%80

***************

၁၉။ မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို
September 29, 2020

မွန်အမျိုးသားပညာရေးကျောင်းတွေက ဆရာ ဆရာမတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုထားတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။ ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဘဏ္ဍာရေးအခက်အခဲရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရ ကျောင်းဆရာတွေကို ပေးတဲ့ လစာရဲ့ (၄၀)ရာခိုင်နှုန်းကို မွန်အမျိုးသားကျောင်းဆရာတွေကို ထောက်ပံ့ ပေးဖို့ ၊မွန်အမျိုးသားကျောင်းတွေလည်း အစိုးရရဲ့ထောက်ပံ့မှု ရရှိဖို့ နဲ့ ပျက်စီးယိုယွင်းနေတဲ့ ကျောင်းတွေကို ပြန်လည် ပြင်ဆင်ပေးဖို့ အစရှိတာတွေကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

“အကုန်လုံးညိနှိုင်းထားပြီးပြီး သဘောတူတယ်။ အဓိကတော့ ကျောင်းဆရာတွေရဲ့ ထောက်ပံ့လစာကို (၄၀) ရာခိုင်နှုန်း လောက် ပေးဖို့ပေါ့။ ဥပမာ အစိုးရ ကျောင်းဆရာတွေက တစ်သိန်းရှစ်သောင်းရရင် အာ့တာရဲ့ လေးဆယ်ရာခိုင်နှုန်းလောက် ကို ထောက်ပံ့ပေးဖို့ပေါ့ ကျန်တာက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ပေးမယ်ပေါ့”လို့ မွန်အမျိုးသားကျောင်း တာဝန်ခံဆရာ မင်းအောင်ဇေက ပြောပါတယ်။ မွန်အမျိုးသားကျောင်းတွေဟာ မြန်မာစကားနားမလည်တဲ့ ဒေသခံ တိုင်ရင်းသား ကလေး တွေကို မိခင်မွန်ဘာသာစကားအခြေပြုကာ မူလတန်းအဆင့်မှစတင်ပြီးတော့ မြန်မာစကားကိုသင်ကြားပေးနေတာ ဖြစ်ပါ တယ်။ မူလတန်းပြီးမြောက်ပါက မြန်မာစကားတတ်မြောက်ပြီးဖြစ်လို့ အလယ်တန်းအဆင့်မှာ မွန်စာနဲ့ မွန်သမိုင်းကို ထပ်ဆောင်းဘာသာအနေနဲ့ သင်ကြားနေသလို အစိုးရသင်ရိုးညွှန်းတမ်းတွေကိုလည်းသင်ကြားပေးနေတာ ဖြစ်ပါတယ်။

မွန်အမျိုးသားကျောင်းတွေရဲ့ ဆရာ ဆရာမတွေဟာ လစာနည်းပါးတဲ့အပြင် အစိုးရရဲ့ အသိအမှတ်ပြုမှုကိုလည်း မခံရတာ ကြောင့် စေတနာရှေ့ထားပြီးတော့သာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။“ဆရာတွေက စေတနာ ရှေ့ထားပြီးတော့ လုပ်နေကြတာပါ လစာက နည်းတယ်လေ အစိုးရရဲ့ အသိမှတ်ပြုမှုကိုလည်း မခံရဘူး စိတ်ဓာတ်နဲ့ပဲ လုပ်နေရတာပါ”လို့ မွန်ပညာရေးဌာန(ဗဟို)တာဝန်ခံ မိစာထားက ပြောပါတယ်။ မွန် ကရင် တနင်္သာရီ ဒေသတွေမှာတော့ မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ဆရာ ဆရာမ ၇၀၀ ကျော်နဲ့ ကျောင်းသူ ကျောင်းသား တစ်သောင်းကျော်တို့က ပညာသင်ကြား နေပါ တယ်။ https://www.bnionline.net/mm/news-75823

****************

၂၀။ ကပ်ဘေးကြောင့်အပစ်ရပ်ချင်ပေမယ့် ရခိုင်မှာတော့ လက်တွေ့မဖြစ်နိုင်လို့ တပ်မတော်ပြောကြား
September 26, 2020

ကပ်ရောဂါဖြစ်ပွားနေတဲ့ လက်ရှိကာလမျိုးမှာ တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာ သင့်တယ်လို့ ဝေဖန်ကြပေမယ့် ရခိုင်ပြည်နယ်မှာ AA အဖွဲ့က တိုက်ခိုက်နေတာရှိတဲ့အတွက် လက်တွေ့ အကောင်အထည် ဖော်လို့မရဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အင်တာနက်အွန်လိုင်းကနေ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးခွန်းကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့တာပါ။

ကပ်ဘေးကာလအတွင်း ရခိုင်မှာ တပ်မတော်က ထိုးစစ်ဆင်မှုတွေနဲ့ တိုက်ပွဲတွေကို လျှော့ချဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေတာနဲ့ ပတ်သက်လို့ RFA သတင်းဌာနက မေးမြန်းရာမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေမရှိပဲ AA အဖွဲ့က စစ်ရေယာဉ်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ထဲမှာ သြဂုတ်လ လယ်လောက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ အခုဆိုရင် ရန်ကုန်နဲ့ ပြည်နယ်တိုင်း လေးခုတို့မှာ ကူစက်နှုန်းတွေ မြင့်တက်နေပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မေယုမြစ်မှာရှိတဲ့ တပ်မတော်ဇက် ရေယာဉ်က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာထဲကို လက်နက်ကြီးကျည်ကျပြီး ရွာသား တွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေရှိလို့ ကြောက်လန့်ပြီး ထွက်ပြေးလာရတာဖြစ်တယ်လို့ ပြောကြပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်တာ၊ အချုပ်အခြာအာဏာကို စော်ကားတဲ့သဘောမျိုး ဖြစ်နေတဲ့ အတွက် အစိုးရကို ပြန်လွှဲပြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/cannot-stop-war-in-rakh ine-09262020063720.html

**************

၂၁။ သီပေါတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
29 September 2020

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ မနေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ အပြန်အလှန် ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သီပေါတံတားအဝင်မှာ လားရှိုးမြို့ကနေ သီပေါမြို့ဘက်ကို မောင်းနှင်လာတဲ့ Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးခဲ့တာမှာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေး သွားပါတယ်။

အတားအဆီးတွေနဲ့ ပိတ်ဆို့ခဲ့တာကြောင့် ကားရပ်တန့်ပြီး အမျိုးသား ၃ ယောက် ဆင်းလာကာ ၁ ယောက်က သေနတ် အတိုနဲ့ ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သေနတ်နဲ့ပစ်တဲ့ အမျိုးသားက ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိတယ်လို့ ဆိုပါ တယ်။ အပြန်အလှန်ပစ်ခတ်တာကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး အေးလွင်မှာ ကျည်ထိ မှန်ကျဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကတော့ သီပေါမြို့နယ် နမ့်လန်ရွာနေ စိုင်းစံဌေးနဲ့ ကျောက်မဲမြို့နယ် မိုင်းတင်းရွာ နေ စိုင်းမွမ်းဦးတို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူကတော့ မိုင်းကိုင်မြို့နယ် ရပ်ကွက် ၂ မှာ နေတဲ့ စိုင်းစောထွန်း ဖြစ် တယ်လို့ ဆိုပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ရဲ့ ကျန်ရစ်သူ မိသားစုကို လူမှုရေးထောက်ပံ့ပေးမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါ တယ်။ http://burmese.dvb.no/archives/413296

***************

၂၂။ တစ်သီးပုဂ္ဂလ ဝင်ရောက်မည့်သူ ပြည်နယ်အတွင်း ၁၃ ဦးရှိ
September 29, 2020

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူတွေထဲမှာ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် မည့် လူဦးရေသည် ၁၃ ဦးရှိပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်အမှတ်(၅) ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ရှားမူ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြန်လည်ရွေးခြယ်ခြင်းမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ပြန်လည် ဝင် ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ” ပြည်သူပေးလာတဲ့တာဝန်တွေကို တစ်ခေါက်မဟုတ်ရင် နှစ်ခေါက်၊ နှစ်ခေါက်မဟုတ်ရင် သုံးခေါက် ရအောင်လုပ်ဆောင်ပေးမယ်။ အရင်တုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တယ်။ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အန်တီကတိမပေးဘူး ပြည်သူက တောင်းဆိုလာတဲ့ဟာ အန်တီလုပ်ပေးမယ်။ ″ လို့ ဒေါ်ဆားမူက ပြောပါတယ်။

တစ်သီးပုဂ္ဂလအနေဖြင့် ဒီးမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်းရို မောင်းဒို ကလည်း ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းရင်းကိုအခုလိုပြောပါတယ်။ ″ အဓိက ကျနော်ရဲ့ရည်ရွယ်ချက်က ၂၀၂၀မှာ နိုင်ခဲ့မယ်ဆိုရင် တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးကို ထိထိရောက် ရောက်နဲ့ အတတ်နိုင်ဆုံး၊ ကျနော်တို့ တောင်သူလယ်သမားက အရမ်းကြီးနိမ့်ကျတာကော ကျနော်တို့ ကယားပြည်နယ် မှာလေး။ အဲ့ဒါ ကျနော်တို့ တောင်သူလယ်သမားတွေ အများကြီးလိုအပ်တာကိုး။ ကျနော်တို့ပြည်နယ်မှာ အလုပ်လက်မဲ့တွေ အများကြီးရှိတာကို။ ပြန်ကြည့်လိုက်ပါ။ ကျနော်တို့တွေ အပင်လေးတွေက ဖြစ်လာတဲ့ဟာ ဈေးကွက်မရှိတာတွေလည်း ကျနော်တို့တွေ့ရတယ်။ ဒါ တောင်သူတွေ ရင်ဆိုင်ရတဲ့ အခက်အခဲပေါ့နော။ ဒါတွေကို လုပ်ပေးမယ်လို့ ကျနော်ရည်ရွယ် ချက်ရှိပါတယ်။″လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ကယား(ကရင်နီ)ပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီ (၁၃)ပါတီရှိပြီး ကိုယ်စားလှယ်လောင်းအပါအဝင် ၂၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့်အထဲမှာမှ တစ်သီးပုဂ္ဂလကအနေနဲ့ ၁၃ ဦးပါဝင်ပါတယ်။ မြို့နယ်အသီးသီးမှ တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတွေက လွိုင်ကော်မြို့နယ်မှာ (၁)ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ (၁)ဦး၊ ဖရူဆိုမြို့နယ်တွင်(၅)ဦး၊ ဘောလခဲမြို့နယ်မှာ (၁)ဦး၊ ဖားဆောင်းမြို့နယ်(၂)ဦး၊ မယ်စဲမြို့နယ်(၂)ဦးနှင့် ရှားတောမြို့နယ် (၁)ဦး စုစုပေါင်း ၁၃ဦးဖြစ်ပါတယ်။ https://www.bn ionline.net/mm/news-75824

**************

၂၃။ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် Covid ကြောင့် လူဝင်လူထွက်ပိတ်ထား
September 29, 2020

လက်ရှိကရင်ပြည်နယ်တွင် Covid-19 ရောဂါ ကူးစက်မှု အနည်းငယ်တိုးလာသည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုသည် Covid ရောဂါပိုးကို ကာကွယ်တားဆီးသည့်အနေဖြင့် ပြင်ပမှ လူဝင်လူထွက် သွားလာခွင့်ကို ပိတ်ထားသည်ဟု သိရသည်။ မိမိကျေးရွာအတွင်း ကပ်ရောဂါကူးစက်မှု မရှိစေရန်အတွက် ပြင်ပဧည့်သည်များ ကျေးရွာ အတွင်း ဝင်ခွင့်မပေးသည့် ရွာ များရှိသလို ကျေးရွာအတွင်း နေထိုင်သည့်သူများကလည်း စားဝတ်နေရေးအတွက် လိုအပ်မှ သာ အပြင်ထွက်ပြီး ထွက်ပါကလည်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပါမှ ထွက်ခွင့်ပေးကြောင်းလည်း သိရသည်။ အဆိုပါ တင်းကြပ်ထားမှုသည် မြို့ပြနှင့် နီးစပ်သည့် ကျေးရွာများမှ ရောဂါပိုးတွေ့ရှိသူနှင့် နီးစပ်သည့် ကျေးရွာ အချို့အပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက် ရောနှောအုပ်ချုပ်နေသည့် ကျေးရွာများတွင် ပို၍ တင်းကြပ်ထားကြောင်းလည်း သိရသည်။

KNU ထိန်းချုပ်နယ်မြေ ကော့ကရိတ်တောင်ပိုင်းတွင် ဒေသခံများ Covid ရောဂါ မကူးစက်ရန်အတွက် ကော့ကရိတ်နှင့် မြဝတီမြို့များသို့ သွားခွင့်မပြုသလို ကော့ကရိတ်မြို့နယ် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ပိတ်ပင်မှု(Lock Down) ချထား ကြောင်းလည်း သိရသည်။ KNU ကော့ကရိတ်မြို့နယ် Covid ၁၉ အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူး-၂ မန်းမြအေး က “အခု မြဝတီမှာ ပိုးတွေ့လူနာတိုးလာတယ်။ အဲဒီပိုးတွေ့လူနာနဲ့ ထိစပ်တဲ့လူတွေကလည်း ကော့ကရိတ်မြို့ မှာ သွားလာတာရှိတာ ကြောင့် ကျနော်တို့ ကော့ကရိတ်တောင်ပိုင်းတစ်ခုလုံးမှာ မြို့တွေကို လုံးဝ ပေးမသွားတော့ဘူး။ ကျနော်တို့ ဒီလိုလုပ် တာကလည်း အစိုးရအုပ်ချုပ်ရေးအပိုင်းလည်း သူတို့အားပေးတယ်။ ဒါက ကိုယ့်ပြည်သူလူထုတွေကို ကြိုတင်ကာကွယ် ပေးထားတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

“အောက်ခြေမှာတော့ အဲလိုသွားလာကန့်သတ် စီစစ်တာတွေ ရှိတယ်လို့ သိရတယ်။ တရားဝင်တော့ ကျနော်တို့ စာထုတ် ထားတာတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ကနေ ထုတ်ပြန်ထားတာတို့ စသဖြင့် အဲဒီလိုပေါ်မှာပဲ ကျနော်တို့က ထုတ်ရတာပေါ့နော်။ အခုတလော ကျေးရွာ သော်လည်းကောင်း၊ ကန့်သတ်တားဆီးတာတို့ စသဖြင့် ဒါနဲ့ပတ်သက်ပြီး ညွန်ကြားထားတာတော့ မရှိပါဘူး။”ဟု ကေအိုင်စီ သို့ ပြောသည်။ ပြည်ထောင်စု ဝန်ကြီးဌာနများမှ Covid-19 ကာကွယ် ထိန်းချုပ်တား ဆီးရေးအတွက် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားခဲ့သော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြား ချက်များအား အောက်တိုဘာလ ၃၁ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၂၈ ရက်(ယမန်နေ့) တွင် အသိပေး ကြေညာ လိုက်သည်။ http://kicnews.org/2020/09/%e1 %80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%

**************

၂၄။ မူဆယ်(၁၀၅)မိုင် ကားသမားတဦးထံ ကိုဗစ်-၁၉ ပိုးတွေ့၊ မန္တလေးထပ်မံ စစ်ဆေးထား
September 29, 2020

သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိကြောင်း စုံစမ်း သိရသည်။ အဆိုပါ ကားသမား၏ ဓာတ်ခွဲနမူနာကို မူဆယ်ဆေးရုံတွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (positive) တွေ့ရှိပြီး၊ မန္တလေးသို့ ဓာတ်ခွဲနမူနာထပ်မံစစ်ဆေးရန် ပို့ထားကြောင်း မူဆယ်မြို့ ဂရုဏာလူမှုရေး အသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ ကားသမားသည် ကျောက်မဲမြို့တွင် နေထိုင်သည့် အသက် ၃၁နှစ် အရွယ် ဖြစ်ပြီး၊ယမန်နေ့(စက်တင်ဘာ ၂၈) ရက် တွင် အနံ့မရခြင်း၊ ခေါင်းနှောက်ခြင်း၊ မောခြင်း စသည့် ဝေဒနာခံစားရသဖြင့် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive တွေ့ရကြောင်း ဦးသောင်းထွန်း က ပြောသည်။

ထိုကားသမားထံတွင် ကိုဗစ်-၁၉ ဖြစ်ကြောင်းကို မူဆယ်ဆေးရုံ မှဆရာဝန်ကြီး ကိုယ်တိုင် ပြောကြားခြင်းဖြစ်ကြောင်း၊ သို့သော် သေချာရန် အတွက် မန္တလေးကို ထပ်မံပို့ဆောင်စစ်ဆေးခြင်းဖြစ်ကြောင်း လည်း သိရသည်။“မန္တလေးကို ပို့တာက သေချာအောင်လို့ပါ။ ဒီနေ့ ည အဖြေပါချင်ပါမယ်။ ဒါပေမယ့် မူဆယ် ဆေးရုံကတော့ Positive ဆိုတာ အတည်ပြုတယ်” ဟု ဦးသောင်းထွန်း ကဆိုသည်။ ထို ကာသမားနှင့်ထိတွေ့ခဲ့သည့် ကား (၄) စီး မှာ ကားသမား ၆ ဦးရှိပြီး ၎င်းတို့ကိုလည်း ဓါတ်ခွဲနမူနာ စစ်ဆေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။“သူနဲ့ ထိတွေ့ ဆက်စပ်သူက အားလုံး ကား (၄) စီးမှာ သူအပါအဝင်ဆို ၇ ဦးပါ။ ကျန်တဲ့သူတွေကိုလည်း ဆေးစစ်ဖို့ ဆောင်ရွက်နေပါတယ်။ ၁၀၅ မိုင်မှာပဲ ကားတန်းနေတုန်းပဲ ရှိသေးတယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မူဆယ်ဆေးရုံမှ ကိုဗစ်-၁၉ ကာကွယ်၊တားဆီးရေး မှ ဆရာဝန်များကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးဇုန်ဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်သို့ဝင်မည့် ကုန်ကားများသည် ယာဉ်မောင်း အစားထိုး မောင်းရ ကြောင်းသိရသည်။ https://burmese.shan news.org/archives/18688

***************

၂၅။ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
29 September 2020

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မောင်တောခရိုင်ရွေးကောင်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ သူ လူနာသစ် ၈ ဦးနဲ့ ဘူးသီးတောင်မြို့မှာ လူနာသစ် ၂ ဦး ထပ်တိုးလာပါတယ်။ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်မှူး ဦးအောင်ရဲက “ဟုတ်ပါတယ်။ ခရိုင်ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ အပါအဝင် မောင်တောမှာ လူနာသစ် ၈ ဦး ရောဂါပိုးထပ်တွေ့တယ်။ ဆေးရုံကဆင်းတာက ၁၃ ဦးရှိတယ်။ ကျန်တာကတော ၂၀ ဦးကျန်တယ်။”လို့ ပြောပါတယ်။

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အနံ့မရတာကြောင့် ပြီးခဲ့တဲ့ ၆ ရက်လောက်က ဆေးရုံသွားပြရာမှ သူ့ကို Home Quarantine နေထိုင်စေခဲ့ပြီး သူရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာမှာ စက်တင်ဘာလ ၂၈ ရက် ညနေ ၈နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကော်မရှင်ဥက္ကဋ္ဌကို မောင်တောခရိုင်ပြည်သူဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင် မှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာနေတယ်လို့ ခရိုင်ကျန်းမားရေးဌာနက သိရပါတယ်။ မောင်တောမြို့က ကိုဗစ်-၁၉ လူနာ ၈ ဦးကတော့ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ ဝေသာလီကျေးရွာသား ၂ ဦး၊ မြို့မ ကညင်တန်း ကျေးရွာသား ၂ ဦး၊ နယ်စည်းမခြားဆရာဝန်များအသင်းMFS မှ ပိုးတွေ့သူရဲ့ မိသားစုဝင် ၂ ဦးနဲ့ အနံ့မရတဲ့အတွက် စစ်ဆေးရာမှ ပိုးတွေ့သူအမျိုးသမီး ၁ ဦး တို့ဖြစ်ကြပါတယ်။

မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေ ဒုတိယလှိုင်းအဖြစ် သြဂုတ် ၂၆ ရက်မှ စတင်တွေ့ရှိလာရာ စက်တင်ဘာလ ၂၈ ရက်အထိ ရောဂါပိုးတွေ့ရှိသူ မောင်တောမြို့မှာ ၅၉ ဦး၊ ဘူးသီတောင်မြို့မှာ ၂၉ ဦး စုစုပေါင်း ၈၈ ဦးအထိ ရှိလာနေတာပါ။ http://burmese.dvb.no/archives/413293

***************

၂၆။ တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်
September 28, 2020

ကိုဗစ်-၁၉ ကာလမှာ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ဝန်းကျင် သာ ပို့ဆောင်နိုင်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် မှ စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မြန်မာ – တရုတ် နယ်စပ်မှာ မြန်မာနိုင်ငံ ဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့ သည့်ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ခန့်သာ ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးခင်မောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။“တစ်ရက်ကို ကား အစီး (၁၅၀) လောက်ပဲ ဝင်လို့ရတယ်။ တန်းစီ ထားတဲ့ ကားတွေက ၃၀၀ လောက်ရှိတယ်။ အကုန်ဝင်လို့ မရဘူး။ ” ဟု ဦးခင်မောင် ကပြောသည်။

မြန်မာနိုင်ငံမှ တရုတ်သို့ဝင်မည့် ကုန်ကားများသည် ယာဉ်မောင်း အစားထိုးမောင်းရသဖြင့် အခက်အခဲရှိပြီး အချိန်ကုန် ကြောင်း ၊ တရုတ်ပြည်သို့ဝင်ရန် အတွက် တစီးလျှင် တပတ်စောင့်ဆိုင်းရကြောင်း လည်း ဦးခင်မော်ငက ပြောသည်။ ကိုဗစ်-၁၉ မဖြစ်ခင် ကာလတွင် မြန်မာ မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်တင်ယာဉ်ပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိကြောင်း သိရ သည်။“ကိုဗစ် မဖြစ်ခင်ကတော့ ကုန်တင်ယာဉ်တွေ တစ်ရက် ၅၀၀ ၊ ၆၀၀ လောက် တရုတ်ဘက်ခြမ်း ဝင်လို့ရတယ်”ဟု ဦးခင်မောင် ကပြောသည်။ ရွှေလီမြို့မှာ ကိုဗစ် -၁၉ အတည်ပြု လူနာရှိသည့်အတွက် ရွှေလီ၊ ကျယ်ဂေါင်နဲ့ ဝမ်တိန်မြို့ တို့မှာ နေထိုင်သည့် ပြည်သူ အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပေးခဲ့ပြီး ပိုးတွေ့လူနာ မရှိသည့်အတွက် တရုတ်ဘက်မှ Lockdown ဖြေလျော့ပေးခဲ့ကြောင်းသိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်သည်။မြန်မာ-တရုတ် နယ်စပ် ဝင်၊ ထွက် ဂိတ်များတွင် ကုန်ပစ္စည်း စီးဆင်းမှု သာဖွင့်လှစ်ပေးခဲ့ပြီး၊ လူဝင် ၊ လူထွက်များကို ဧပြီလ နှောင်းပိုင်း က စတင်ပြီး ပိတ်လိုက်ကြောင်း သိရသည်။ https://burmese.shannews.org/archives/18671

***************

၂၇။ တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ
28 September 2020

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်း တခုဖြစ်သည့် တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များကို ပြန်လည် ဖြေလျှော့ရန် ၂ နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံမှ ကုန်သွယ်ရေးနှင့် အုပ်ချုပ်ရေး တာဝန်ရှိ သူတို့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်တွင် အလွတ်သဘော တွေ့ ဆုံ ညှိနှိုင်းပြီးနောက် စက်တင်ဘာလ ၂၈ (ယနေ့) တွင် ထပ်မံ ဆွေးနွေးကာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း တာချီလိတ် ကုန်သွယ်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ဧရာဝတီသို့ ပြောသည်။“အကန့်အသတ်တွေ လုပ်တာမှာနှစ်ဖက် နားလည်မှု လွဲနေတဲ့ကိစ္စတွေ ပြန်လည်သွား တယ်။ ဒီဘက်က လျှော့ချပေးဖို့တောင်းဆိုတဲ့ တချို့အခွန်တွေက ထိုင်းအစိုးရက ကိုဗစ် စဖြစ်ကတည်းက လျှော့ချ ပေးထားပြီးပေါ့။ ဒါပေမယ့် အောက်ခြေ မှာက ဒီအတိုင်း ကောက်နေတာမျိုး ဖြစ်တာကို သူတို့ စိစစ်ပေးမယ်လို့ ပြောသွား တယ်”ဟု ဆိုသည်။

ယင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခွင့်ပြုထားသော ကုန်တင်မော်တော်ယာဉ်အရေအတွက် ၁၆၈ စီး(၁ရက် ဝင် ရောက်ခွင့်ပြုသော အရေအတွက်) တွင် မြန်မာမှတ်ပုံတင် မော်တော်ယာဉ်သည်လည်း ပြန်လည် အကျုံးဝင်ပြီး ဖြတ်သန်း ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ဆွေးနွေးခဲ့ကြသော သဘောတူ ညီချက်များကို ရှမ်းပြည်နယ်အစိုးရသို့ တင်ပြပြီးခွင့်ပြုညွှန်ကြားပါက စက်တင်ဘာလ ၂၉ ရက် သို့မဟုတ် စက်တင်ဘာလ ကုန်ပိုင်း၌ ပုံမှန်ကုန်သွယ်ရေး အခြေအနေနီးပါး ပြန်လည် ဖြစ်နိုင်မည် ဟု ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောသည်။ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက “ကားတွေကို မကန့်သတ်တော့ဘဲ ပုံမှန်အတိုင်း သွားမယ်ပေါ့။ နောက် ဖြတ်သန်းခွင့် စလစ် ရက်လွန်ဒဏ်ကြေးတွေ မကောက်ဘဲနဲ့ ဒီအတိုင်း ပြန်လုပ်ပေးသွားမယ်။ နောက်တံတား ဖြတ်သန်းခွင့် စလစ်အတွက် ဘတ်သုံးလေးသောင်းကိုလည်း ဘတ်တသောင်းခွဲအထိ လျှော့ချပေးသွားမယ်ဆိုပြီး သဘောတူညီမှုတွေ ရခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တာချီလိတ်-မယ်ဆိုင်ကြား ပုံမှန်အချိန်ကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်းမှုမှာ နေ့စဉ် အစီးရေ ၂၀၀ ခန့်ရှိပြီး ယခုတွင် ကုန်စည်ယာဉ်ဖြတ်သန်းမှုသည် အစီးရေ ၅၀ ခန့်သာ ရှိတော့ပြီး ကုန်သွယ်မှုပမာဏမှာ သုံးပုံတပုံခန့် လျော့ကျ သွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။ https://burma.irrawaddy.com/news/2020/09/28 /230649.html

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **