• Today is: Thursday, April 18, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 66 , October 16, 2020)

၁။ ကရင္ပါတီမ်ားႏွင့္ ကရင္ကုိယ္စားလွယ္ေလာင္းမ်ားကို တခဲနက္ မဲေပးရန္ KNU တိုက္တြန္း

၂။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) သည္ ျပည္ခိုင္ၿဖိဳးပါတီ၊ NLD ပါတီ အပါအဝင္ တိုင္းေဒသႀကီးအေျခစိုက္ မည္သည့္ပါတီႏွင့္မွ် ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိေၾကာင္း ထုတ္ျပန္

၃။ ကရင္အမ်ိဳးသားအလံေတာ္ကို အသုံးျပဳသည့္အတြက္ ပဒိုမန္းၿငိမ္းေမာင္ကို NLD ကန႔္ကြက္၊ NLD ကိုယ္စားလွယ္ ေလာင္း အခ်ိဳ႕လည္း အသုံးျပဳမႈရွိေန

၄။ “၀”အမ်ိဳးသားပါတီအေနျဖင့္ COVID-19 ေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ ေႏွာင့္ေႏွးမႈမ်ားႀကဳံေတြ႕ေနရေၾကာင္း ပါတီ အတြင္းေရးမွဴးအဖြဲ႕ဝင္ ေျပာၾကား

၅။ ကရင္ပါတီ(KNDP) ကို ကရင္လူငယ္ကြန္ရက္ ဝန္းရံကူညီ

၆။ ေ႐ြးေကာက္ပြဲတြင္ အရပ္သားမ်ား မဲေပးခြင့္ ဆုံးရႈံးမည့္အလားအလာမ်ား ျမင္ေတြ႕ေနရၿပီး ပဋိပကၡမ်ား ပိုမိုႀကီးထြား လာျခင္း မျဖစ္ေပၚေစေရး တပ္မေတာ္ႏွင့္ RCSS တို႔ အပစ္ရပ္ေပးရန္ ရွမ္းအရပ္ဘက္အဖြဲ႕အစည္းမ်ား ေတာင္းဆို

၇။ ေသာင္းႏွင့္ခ်ီေသာ မြန္ညီၫြတ္ေရးပါတီ MUP ဝန္းရံသူမ်ား ဘီလူးကြၽန္းႏွင့္ ေရးၿမိဳ႕နယ္တြင္ လွည့္လည္အင္အားျပ

၈။ မူဆယ္ SNDP စည္း႐ုံးေရး ဆိုင္းဘုတ္မ်ားဖ်က္ဆီးခံရ

၉။ ေတာင္သူမ်ားအေပၚ ျပစ္ဒဏ္ထပ္တိုးရန္ တပ္မေတာ္က ေလွ်ာက္ထားသည့္အမႈ ပလပ္ခံရ

၁၀။ ေက်း႐ြာအုပ္စု ၇ စုကို မဲဆႏၵနယ္မွ ပယ္ဖ်က္ေပးရန္ ျပည္နယ္လႊတ္ေတာ္ဥကၠဌစာတင္

၁၁။ ရေသ့ေတာင္တြင္ လက္နက္ႀကီးက် ႐ြာသား ၄ ဦး ဒဏ္ရာရ

၁၂။ ေရမဲျပႆနာေျဖရွင္းေပးႏိုင္မည့္သူကိုသာ မဲထည့္မည္ဟု ေဒသခံမဲဆႏၵရွင္မ်ားေျပာ

၁၃။ ဖားကန႔္ စည္ပင္ ဥကၠဌ တင္ေျမာက္ရာတြင္ တရားမွ်တမႈမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ထံ ကန႔္ကြက္စာတင္

၁၄။ ႐ြာသားမ်ားစစ္ေဘးေရွာင္ေနစဥ္ ေနအိမ္မ်ားေမႊေႏွာက္ခံရ

၁၅။ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သည့္အေပၚ ဥပေဒအတိုင္းအေရးယူေပးရန္ ကန္ပက္လက္ အရပ္ ဘက္အဖြဲ႕အစည္းမ်ားေတာင္းဆို

၁၆။ စစ္ေတြေရာက္ စစ္ေဘးဒုကၡသည္ သုံးဦးနဲ႔ ရဟန္းတစ္ပါး အဖမ္းခံရ

၁၇။ ပလက္ဝၿမိဳ႕ကို တပ္မေတာ္လုံၿခဳံေရးယူၿပီး ဆန္အိတ္ေပါင္း ၁၇၀၀ ပို႔ေဆာင္ေပးေနၿပီ

၁၈။ ေက်ာက္မဲတြင္ ပစ္ခတ္သံၿငိမ္ ေသာ္လည္း စစ္ေရွာင္ ၃၅၀၀ ေက်ာ္ ထိရွိလာ

၁၉။ ပလက္ဝၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္မည္ကို အရပ္ဘက္အဖြဲ႕အစည္းမ်ားစိုးရိမ္

၂၀။ ရခိုင္မွာ ထိုးစစ္ေတြ ခ်က္ခ်င္းရပ္ဖို႔ Free Burma Rangers အဖြဲ႕ေတာင္းဆို

၂၁။ မတူကြဲျပားမ်ိဳးႏြယ္မ်ား၏ ျပႆနာကို ေျဖရွင္းႏိုင္ရန္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဝင္ၿပိဳင္ရျခင္းျဖစ္ဟု ကမန္အမ်ိဳးသား တိုးတက္ေရးပါတီဆို

၂၂။ ေတာင္ကုတ္ NLD အမတ္ေလာင္းေတြရဲ႕ အသက္အႏၲရာယ္ မိသားစုဝင္ေတြစိုးရိမ္

၂၃။ ဖားကန႔္တြင္ ၂၀၂၀ ခုႏွစ္ မဲေပးမည့္စာရင္းသည္ ၂၀၁၅ ခုႏွစ္စာရင္းထက္ လူဦးေရ ထက္ဝက္ခန႔္တိုး

၂၄။ ေျမာက္ဦးတြင္ FDA ဝန္ထမ္း ၁ ဦး ဖမ္းဆီးခံရ

၂၅။ မူဆယ္ၿမိဳ႕နယ္ မိုင္ယု ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဇုန္တြင္ ေဖာက္ခြဲေရးသုံး ပစၥည္းျဖစ္သည့္ Remote Mine Receiver မ်ား ဖမ္းဆီးရမိ

၂၆။ ကိုဗစ္ကာလ လုံၿခဳံစြာ မဲေပးႏိုင္ေရး အသိပညာေပးလႈပ္ရွားမႈ လူငယ္မ်ားျပဳလုပ္

၂၇။ လြိဳင္ေကာ္ အေဝးေျပးစခန္းမွ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ားအား ဆန္ႏွင့္ဆီ ေထာက္ပံ့

၂၈။ ဘူးသီေတာင္ၿမိဳ႕ေပၚရွိ NLD ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ၅ ခုဖ်က္ဆီးခံရ

**************

၁။ ကရင္ပါတီမ်ားႏွင့္ ကရင္ကုိယ္စားလွယ္ေလာင္းမ်ားကို တခဲနက္ မဲေပးရန္ KNU တိုက္တြန္း
October 15, 2020

ကရင္အမ်ဳိးသားမ်ားအေနျဖင့္ လာမည့္ေရြးေကာက္ပြဲတြင္ ကရင္ပါတီမ်ားႏွင့္ ကရင္အမ်ိဳးသားကုိယ္စားလွယ္ေလာင္းမ်ားကို တခဲနက္ မဲေပးရန္ ကရင္အမ်ဳိးသားအစည္းအ႐ုံး-KNUက ယေန႔ (ေအာက္တိုဘာလ ၁၅ရက္)တြင္ ထုတ္ျပန္သည့္ တစ္ႏိုင္ငံ လုံးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA) ၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ ေၾကညာခ်က္တြင္ တိုက္တြန္း လိုက္သည္။

ကရင္အမ်ဳိးသားမ်ား၏ မိမိကံၾကမၼာ ဖန္တီးေရးမွာ ကရင္အမ်ဳိးသားအားလုံး မတူညီသည့္ အေျခအေနေအာက္တြင္ ပါဝင္ သြားရန္ လိုအပ္ျခင္းေၾကာင့္ ယခုလို တိုက္တြန္းလိုက္ျခင္းျဖစ္ေၾကာင္း KNU အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမူး က ေကအုိင္စီသုိ႔ ယခုလို ေျပာသည္။ ၎က“ေရြးေကာက္ပြဲက ၂၀၀၈ ဖြဲ႔စည္းပုံေအာက္မွာ ရွိေနတယ္။ ၂၀၀၈ ေအာက္မွာ ရွိေနပါေစ ကိုယ့္အတြက္ ပြင့္လာတဲ့ Space (ေနရာ) ေလးတစ္ခုကို ပါဝင္ၿပီးေတာ့ ခ်ဲ႕ထြင္ဖို႔လိုအပ္သလို က်ေနာ္တို႔ ၂၀၀၈ ရဲ႕ ျပင္ပမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေျခခံတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြမွာလည္း က်ေနာ္တို႔ရရွိတဲ့ ႏိုင္ငံေရးေဆြး ေႏြးပြဲ ေတြမွာ ကရင္ေတြ လိုလားတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္နဲ႔ တန္းတူရည္တူ ကိစၥေတြကို က်ေနာ္တို႔ တြန္းတြန္းတိုက္တိုက္နဲ႔ သူ႔ေထာင့္ ကိုယ့္ေထာင့္ ပါဝင္ၿပီးေတာ့ လုပ္သြားဖို႔ လိုအပ္တယ္”ဟု ေျပာသည္။

ကရင္တိုင္းရင္းသား အပါအဝင္တစ္ႏိ္ုင္ငံလုံး၏ ဘုံရည္မွန္းခ်က္ျဖစ္ေသာ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္မႈတြင္ လႊတ္ေတာ္တြင္း လႊတ္ေတာ္ျပင္ပ ဟန္ခ်က္ညီညီသြားႏိုင္ရန္ ကရင္ပါတီႏွင့္ တစ္သီးပုဂၢလ ကရင္အမ်ဳိးသား ကိုယ္စားလွယ္ မ်ားအေနျဖင့္ ေနရာတစ္ခုရရွိသြားပါက ဥပေဒ ျပဳျပင္ေျပာင္းလဲ ေရးဆြဲသည့္ေနရာမ်ားတြင္ ပါဝင္သြားရန္လည္း ပဒိုေစာတာဒိုမူးက ဆက္ေျပာသည္။ ထို႔အျပင္ တျခားေသာပါတီတြင္ ေရာက္ရွိေနၾကသည့္ ကရင္အမ်ဳိးသား ကိုယ္စားလွယ္ ေလာင္းမ်ားအေနျဖင့္ လည္း ကရင္အမ်ဳိးသားမ်ား၏ ဘုံရည္မွန္းခ်က္အတိုင္း ပါဝင္ႏိုင္မည့္ မိမိအခန္းက႑မ်ားကိုလည္း ျမင့္တင္ သြားရန္ လိုအပ္ေၾကာင္းလည္း KNU ၏ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္က ျဖည့္စြက္ တိုက္တြန္းသည္။ လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႏွင့္ပတ္သက္၍လည္း အပစ္အခတ္ရပ္စဲေရး ခိုင္မာျခင္းႏွင့္ ႏိုင္ငံေရးေဆြးေႏြးညႇိ ႏႈိင္းမႈမ်ားတြင္ အျခား ေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းမ်ား အားလုံးပါဝင္ႏိုင္သည့္ လုပ္ငန္းစဥ္ တစ္ခု ျဖစ္လာေအာင္ ပါဝင္ ပတ္သက္ သူမ်ားအားလုံး ႀကိဳးပမ္းသြားရန္လည္း KNU ၏ NCA (၅)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ထုတ္ျပန္ခ်က္တြင္ တိုက္တြန္း ထားသည္။

ယေန႔ က်ေရာက္သည့္ NCA (၅)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အတြက္ သက္ဆိုင္ရာ အစိုးရ၊ တပ္မေတာ္တို႔မွ သဝဏ္လႊာ မ်ား အသီးသီးေပးပို႔ ခဲ့ၾကသလို အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႔အစည္းအသီးသီး ကလည္း သေဘာထား ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ခဲ့ၾကသည္။ http://kicnews.org/2020/10/%e1%80%80%e1%8 0%9b%e1%80%84%e1%80%b9%e1%80%95%e1%8

**************

၂။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) သည္ ျပည္ခိုင္ၿဖိဳးပါတီ၊ NLD ပါတီ အပါအဝင္ တိုင္းေဒသႀကီးအေျခစိုက္ မည္သည့္ပါတီႏွင့္မွ် ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိေၾကာင္း ထုတ္ျပန္
15 October 2020

ျပည္နယ္ေလးခုရွိ ေပါင္းစည္း တိုင္းရင္းသားပါတီမ်ားႏွင့္သာ လက္တြဲေဆာင္႐ြက္မႈရွိၿပီး USDP ပါတီ၊ NLD ပါတီ အပါအဝင္ တိုင္းေဒသႀကီးအေျခစိုက္ မည္သည့္ပါတီႏွင့္မွ် ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) က ေအာက္တိုဘာ ၁၅ ရက္တြင္ ထုတ္ျပန္သည္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီအေနျဖင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) ႏွင့္ နီးစပ္မႈရွိၿပီး ေငြေၾကးမ်ားပင္ ရယူသုံးစြဲထားေၾကာင္း Online ႏွင့္ ေျမျပင္အေျခအေနတြင္ စြပ္စြဲထုတ္လႊင့္မႈမ်ား ရွိေနသည့္အတြက္ ယခုကဲ့သို႔ ထုတ္ျပန္ ရွင္းလင္းရျခင္း ျဖစ္သည္ဟု ပါတီဒုတိယဥကၠ႒ (၂) ကြမ္ေဂါင္ေအာင္ခမ္းက ေျပာၾကားသည္။ “အဓိက ကေတာ့ ႀကံ့ခိုင္ဖြံ႕ၿဖိဳး ေရးနဲ႔ နီးစပ္တယ္။ ေငြေရးေၾကးေရး သုံးစြဲတယ္။ သူတို႔နဲ႔ မဟာမိတ္လုပ္တယ္ဆိုတဲ့ဟာမ်ိဳး ေျပာလာေတာ့ ကြၽန္ေတာ္တို႔ လည္း မဟုတ္ဘူးဆိုတဲ့ဟာကို ရွင္းရွင္းလင္းလင္း ျပည္သူေတြကို ခ်ျပတာျဖစ္ပါတယ္” ဟု ကြမ္ေဂါင္ေအာင္ခမ္းက ေျပာ ၾကားသည္။ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) သည္ ကခ်င္တိုင္းရင္းသားပါတီအခ်ိဳ႕ ဖ်က္သိမ္းၿပီး ေပါင္းစည္းတည္ ေထာင္သည့္ ပါတီျဖစ္ရာ KSPP ကဲ့သို႔ ျပည္နယ္ေလးခုရွိ ေပါင္းစည္းတိုင္းရင္းသားပါတီမ်ားႏွင့္သာ လက္ရွိတြင္ ပူးေပါင္း ေဆာင္႐ြက္မႈရွိေၾကာင္း KSPP ပါတီ ဒုဥကၠဌ (၁) ေဒၚဒြဲဘူက ဆိုသည္။

KSPP ပါတီနည္းတူ ကရင္ျပည္နယ္ရွိ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ၊ မြန္ျပည္နယ္ရွိ မြန္ညီၫြတ္ေရးပါတီ၊ ခ်င္းျပည္နယ္ရွိ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ကယားျပည္နယ္ရွိ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီမ်ားသည္ ေပါင္းစည္းတိုင္းရင္းသားပါတီမ်ား ျဖစ္သည္။ “သူတို႔လည္း ပူးေပါင္းထားတယ္။ ကြၽန္မတို႔လည္း ကခ်င္ျပည္နယ္မွာရွိတဲ့ ကခ်င္ပါတီေတြ ပူးေပါင္းထားတယ္ ဆိုတဲ့အခါက်ေတာ့ ကြၽန္မတို႔ တိုင္းရင္းသားေတြ အခ်င္းခ်င္းေတာ့ ခ်ိတ္ဆက္ လက္တြဲ မႈ၊ ေဆြးေႏြးတိုင္ပင္မႈ ရွိပါတယ္။ သို႔ေသာ္ USDP ပါတီတို႔၊ NLD ပါတီတို႔ ေနာက္တိုင္းမွာ အေျခစိုက္တဲ့ တစ္ျခားပါတီတို႔၊ သူရဦးေ႐ႊမန္းပါတီတို႔၊ ျပည္သူ႔ပါတီတို႔ UDP ပါတီတို႔ ဘယ္သူနဲ႔မွ မဟာမိတ္မရွိပါဘူး။ အခုၿပိဳင္ဆိုင္တဲ့ ေနရာမွာလည္း သူတို႔နဲ႔ အဓိက ၿပိဳင္ဆိုင္ရတာပါ” ဟု ေဒၚဒြဲဘူက ေျပာၾကားသည္။

ကခ်င္ျပည္နယ္ မဲဆႏၵနယ္အားလုံးတြင္ ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္မည့္ KSPP ပါတီ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံး ေရးပြဲမ်ားတြင္ ျပည္သူလူထုက အဆိုပါကိစၥရပ္မ်ားအပါအဝင္ ေမးျမန္းမႈမ်ားရွိသလို ကခ်င္လက္နက္ကိုင္အဖြဲ႕ (KIA) က ေနာက္ခံေပးထားသည္ဆိုေသာ စြပ္စြဲမႈမ်ားလည္း ႀကဳံေတြ႕ရသည္ဟု အဆိုပါ ပါတီဒုဥကၠ႒ ႏွစ္ဦး ေျပာၾကားခ်က္အရ သိရသည္။ KSPP ပါတီဥကၠ႒ ေဒါက္တာတူးဂ်ာ၏ ႐ုပ္ပုံမ်ား၊ ပါတီေပါင္းစည္းမႈတြင္ ပါဝင္သည့္ စည္းလုံးညီၫြတ္ေရးႏွင့္ ဒီမိုကေရစီပါတီ ကခ်င္ျပည္နယ္ဥကၠ႒ ဦးခက္ထိန္နန္၏ ႐ုပ္ပုံမ်ား၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီတံဆိပ္မ်ား အသုံးျပဳ၍ Online တြင္ လႊင့္တင္ေဖာ္ျပမႈမ်ား ရွိသလို၊ ၄င္းတို႔ တိုင္းရင္းသားပါတီကို မဲေပးလွ်င္ ျပည္ခိုင္ၿဖိဳး အာဏာရသြား မည္ဟု ေျပာဆိုမႈမ်ားက KSPP ပါတီ၏ စည္း႐ုံးေရးကို မ်ားစြာထိခိုက္ေၾကာင္း ၄င္းကဆိုသည္။ “ပါတီတစ္ခုထက္ေတာ့ မကပါဘူး။ ကြၽန္မတို႔ကို ဒီလိုမ်ိဳး မဟုတ္မမွန္ေတြ တင္ေနတာကေတာ့။ ပါတီႀကီးေတြ ပါသလို ပါတီငယ္ေတြလည္း ပါပါ တယ္” ဟု ေဒါာဒြဲဘူက ေျပာၾကားသည္။

ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ၊ ကခ်င္ဒီမိုကရက္တစ္ပါတီ၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဒီမိုကေရစီပါတီ ကခ်င္ျပည္နယ္တို႔ ပူးေပါင္းၿပီး ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာတြင္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီကို စတင္တည္ေထာင္ခဲ့သည္။ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ျပည္ေထာင္စုတိုင္းရင္းသားမ်ား ဖက္ဒရယ္ဒီမိုကေရစီပါတီက ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာတြင္ ထပ္မံ ပူးေပါင္းလာမႈေၾကာင့္ ကခ်င္ ျပည္နယ္ျပည္သူ႔ပါတီသည္ ကခ်င္ပါတီ ေလးပါတီ တရားဝင္ ဖ်က္သိမ္းၿပီး ေပါင္းစည္းထားသည့္ပါတီ ျဖစ္လာခဲ့သည္။https://news-eleven.com/article/195607

**************

၃။ ကရင္အမ်ိဳးသားအလံေတာ္ကို အသုံးျပဳသည့္အတြက္ ပဒိုမန္းၿငိမ္းေမာင္ကို NLD ကန႔္ကြက္၊ NLD ကိုယ္စားလွယ္ ေလာင္း အခ်ိဳ႕လည္း အသုံးျပဳမႈရွိေန
October 15, 2020

ကရင္ျပည္သူ႔ပါတီ (KPP)၏ ပန္းတေနာ္ ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ပဒိုမန္းၿငိမ္းေမာင္ ၏ မဲဆြယ္ ဗီႏိုင္းႏွင့္အတူ ကရင္အမ်ိဳးသားအလံေတာ္ လႊင့္ထူခဲ့ျခင္းအေပၚ ပန္းတေနာ္ NLD က ၿမိဳ႕နယ္ေ႐ြး ေကာက္ ပြဲေကာ္မရွင္အဖြဲ႕ ခြဲ ထံ တိုင္ၾကားမႈျဖစ္ပြားခဲ့သည္ဟု KPP တာဝန္ရွိသူမ်ားက ေကအိုင္စီသို႔ ေျပာသည္။ ပန္းတေနာ္ၿမိဳ႕နယ္၊ စစ္ကိုင္းေက်း႐ြာ အုပ္စု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသိန္းစိန္က KPP ကိုယ္စားလွယ္ေလာင္း ပဒိုမန္းၿငိမ္းေမာင္၏ ဗီးႏိုင္း ဆိုင္း ဘုတ္တင္သည့္ေနရာတြင္ ကရင္အမ်ိဳးသား အလံေတာ္လႊင့္ထူခဲ့ျခင္းမ်ားရွိသည့္အေပၚ အမ်ားထင္ေယာင္ထင္မွား ျဖစ္ေစ ရန္ အသုံးျပဳသည့္အတြက္ ေအာက္တိုဘာ ၉ ရက္ေန႔တြင္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ထံသို႔ တိုင္းၾကားခဲ့ျခင္းျဖစ္သည္။

“အထူးသျဖင့္ ကရင္အမ်ိဳးသားေတြေပါ့၊ ဒါနဲ႔ပတ္သက္ၿပီး သူတို႔က ေမးတယ္။ သူ႔ပါတီအလံရွိရဲ႕သားနဲ႔ ကရင္ အမ်ိဳးသား အလံ ထိုးတယ္ေပါ့၊ အဲ့ေတာ့ ေကာ္မရွင္ကို အေၾကာင္းၾကားေပါ့လို႔ေျပာေတာ့ ေကာ္မရွင္ကို တိုင္တာပါ”ဟု ပန္းတေနာ္ၿမိဳ႕ နယ္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠ႒ မန္းၫႊန႔္သိန္းက ေျပာသည္။ ထိုသို႔တိုင္ၾကားခဲ့မႈအေပၚ ေအာက္တိုဘာ ၁၃ ရက္ တြင္ ျပဳလုပ္သည့္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ စုံညီလုပ္ငန္းအစည္းအေဝးတြင္ ေဆြးေႏြးခဲ့ၿပီး ပါတီအလံအစား ကရင္ အမ်ိဳးသားအလံေတာ္ကို အသုံးမျပဳရန္ အေၾကာင္းၾကားခဲ့သည္ဟု ၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ေဒၚခင္သႏၲာျမင့္က ေျပာသည္။

ပန္းတေနာ္ KPP အေနျဖင့္ ပါတီအလံကိုသာ လႊင့္ထူခဲ့ေသာ္လည္း ပါတီအလံကုန္သြားသည့္အတြက္ ယခုလို အသုံး ျပဳမိျခင္းျဖစ္ၿပီး ေကာ္မရွင္၏ လမ္းၫႊန္ခ်က္အတိုင္းလိုက္နာသြားမည္ဟု ပန္းတေနာ္ တိုင္း-၂ ကိုယ္စား လွယ္ေလာင္း စရဲသူရိန္ဟန္က ေကအိုင္စီသို႔ ေျပာသည္။“ဗီႏုိင္းနဲ႔ ဆိုင္းဘုတ္ေတြတင္ေတာ့ ပါတီအလံပဲ လႊင့္တယ္။ ပါတီအလံကုန္သြား ေတာ့ ကရင္အလံ လႊင့္လိုက္ တာ။ တျခားပါတီအခ်ိဳ႕လည္း ကရင္အမ်ိဳးသားအလံကို ပုံစံမ်ိဳးစုံနဲ႔ သုံးတာေတြ႕ရတယ္”ဟု ၎က ေျပာသည္။ ကရင္အမ်ိဳးသားအလံေတာ္သည္ ကရင္တစ္မ်ိဳးသားလုံးႏွင့္ သက္ဆိုင္ၿပီး ပါတီ၊ အဖြဲ႕အစည္းတစ္ခုခု သည္ ကရင္ တစ္မ်ိဳးသားလုံးကို ကိုယ္စားမျပဳသည့္အတြက္ အသုံးျပဳရန္မသင့္ေၾကာင္း ကရင္အမ်ိဳးသားပါတီ ( KNP) ဒုဥကၠ႒ မန္းထိန္ဝင္းစိန္က မွတ္ခ်က္ျပဳေျပာသည္။

“ကရင္အမ်ိဳးသား အလံေတာ္က တစ္မ်ိဳးသားလုံးနဲ႔ဆိုင္တဲ့အတြက္ ဘယ္ပါတီမွ မသုံးသင့္ဘူး၊ pamphlet (လက္ကမ္း စာေစာင္)မွာ ဂါ့မိုးျမတ္ျမတ္သူသုံးေနတာ ေတြ႕တဲ့အတိုင္းပဲ” ဟု ၎က ေကအိုင္စီသို႔ ေျပာသည္။ ကရင္အမ်ိဳးသားအလံ ေတာ္သည္ ၁၉၃၇ ခုႏွစ္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူး ဥပေဒအရ တရားဝင္အလံ ျဖစ္ေၾကာင္း သိရသည္။ http://kicne ws.org/2020/10/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%a1%e1%

***************

၄။ “၀”အမ်ိဳးသားပါတီအေနျဖင့္ COVID-19 ေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ ေႏွာင့္ေႏွးမႈမ်ားႀကဳံေတြ႕ေနရေၾကာင္း ပါတီ အတြင္းေရးမွဴးအဖြဲ႕ဝင္ ေျပာၾကား
13 October 2020

“၀” အမ်ိဳးသားပါတီအေနျဖင့္ COVID-19 ေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ ေႏွာင့္ေႏွးမႈမ်ား ႀကဳံေတြ႕ေနရၿပီး ေ႐ြးေကာက္ပြဲ အႏိုင္ရရွိခဲ့ပါက ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားတြင္ ပါဝင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ပါတီအတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဆိုင္နပ္က

ေျပာၾကားသည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ “၀”အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္၊ “၀” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ဟိုပန္ႏွင့္ မက္မန္းၿမိဳ႕နယ္တြင္ မဲဆႏၵနယ္အျပည့္ယွဥ္ၿပိဳင္မည္ျဖစ္ကာ က်န္ၿမိဳ႕နယ္မ်ားျဖစ္ေသာ တန႔္ယန္း၊ က်ိဳင္းတုံ၊ မိုင္းဆတ္၊ မိုင္းပ်ဥ္း၊ မိုင္းတုံတို႔တြင္လည္း ဝင္ၿပိဳင္သြားမည္ျဖစ္ၿပီး ၿမိဳ႕နယ္ ခုနစ္ၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း ေနရာ ၂၀ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

“ သက္ဆိုင္ရာ မဲဆႏၵနယ္ေတြမွာ ခြဲၿပီး လႈပ္ရွားၾကတာေပ့ါ။ ကြၽန္ေတာ္က မက္မန္းဘက္မွာက်တယ္။ တခ်ိဳ႕အဖြဲ႕ေတြက ဟိုပန္တို႔ တန႔္ယန္းတို႔ေပ့ါ။ အဓိကေတာ့ COVID-19 ေၾကာင့္ သိပ္အလုပ္မတြင္ဘဲ ေႏွာင့္ေႏွးတာေပ့ါ။ ေနာက္ၿပီး လမ္းပန္း ဆက္သြယ္ေရးေပါ့။ ဒါက ခက္ခဲတယ္။ COVID-19 ရဲ႕ အေျခအေနက သိတဲ့အတိုင္းပဲ။ ေနာက္လမ္းပန္းဆက္သြယ္ေရး ေပါ့။ ေတာင္ေပၚေဒသေပါ့။ ေတာင္ေပၚေဒသျဖစ္ေတာ့ ပါတီေတြလည္း သိပ္မမ်ားဘူးေပါ့။ မက္မန္းမွာ ေလးဦးေပါ့။ ျပည္သူ တစ္ဦး၊ အမ်ိဳးသား တစ္ဦး၊ ျပည္နယ္ ႏွစ္ဦးေပါ့။ ရွမ္းေရွ႕ ရွမ္းေျမာက္မ်ားတယ္။ “၀”တိုင္းေပ့ါ။ ေနရာေပါင္း ၃၀ နီးပါး ေလာက္ရွိမယ္ေပါ့။ UDP ေခၚတဲ့ ႏွင္းဆီပါတီရယ္၊ ျပည္ခိုင္ၿဖိဳးပါတီ နဲ႔ NLD ပါတီေပါ့။ ေလးပါတီရွိတယ္။ လုပ္လို႔ရတာ ေတြေတာ့ အကုန္လုပ္ပါတယ္။ ပိုစတာေထာင္တာတို႔ စီတန္းလွည့္လည္တာတို႔ လက္ကမ္းစာေစာင္ေဝတာတို႔ေပ့ါ။ မက္မန္း မွာလည္း တစ္ေနရာနဲ႔ တစ္ေနရာလွမ္းေတာ့ စီတန္းလွည့္လည္တာမရွိဘူး။ ပါတီဆိုေတာ့ ေဒသကိုအေျခခံတယ္။ မက္မန္း အေနနဲ႔ ႏိုင္ေျခကေတာ့ ၅၀၊ ၅၀ ပါပဲ။ က်န္တဲ့ေနရာေတြကေတာ့ ငါးဦးနဲ႔ ခုနစ္ဦး ထင္ထားတာေပ့ါ။ ၂၀ ဦးမွာေပါ့။ တကယ္ လို႔ အႏိုင္ရမယ္ဆိုရင္ မူဝါဒမွာပါတဲ့အတိုင္းပဲ ၿငိမ္းခ်မ္းေရးေတြမွာ ဝင္ပါမယ္။ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ဆိုရင္ ႏိုင္ငံေတာ္အက်ိဳးအတြက္ဆိုရင္ ဘယ္ပါတီနဲ႔မဆို ကြၽန္ေတာ္တို႔က ပူးေပါင္းလုပ္ေဆာင္သြားမယ္ေပါ့။ ေဒသဖြံ႕ၿဖိဳးဖို႔ပဲ။ ဖြံ႕ၿဖိဳး ေရးပဲ ေတာင္းဆိုတာမ်ားတယ္။ က်န္းမာေရးအေဆာက္အအုံ၊ ပညာေရး အေဆာက္အအုံ၊ လမ္းပန္းဆက္သြယ္ေရးေတြ ဒီဘက္မွာ ဒါေတြပဲ ေမွ်ာ္လင့္တယ္” ဟု “၀” အမ်ိဳးသားပါတီ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဆိုင္နပ္က ေျပာၾကားသည္။

“၀” တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား ကြဲျပားေနလွ်င္ မဲမေပးေတာ့ဟု ျပည္သူလူထုေတာင္းဆိုခ်က္အရ “၀” အမ်ိဳးသား ပါတီ ကို “၀” ဒီမိုကရက္တစ္ပါတီ၊ “၀” အမ်ိဳးသား စည္းလုံးညီၫြတ္ေရးပါတီ၊ “၀” လစ္ဘရယ္ ဒီမိုကရက္တစ္ ဖြံ႕ၿဖိဳးတိုး တက္ေရးပါတီတို႔ကို ပူးေပါင္း၍ “၀” အမ်ိဳးသားပါတီကို တည္ေထာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၁၅ ရက္တြင္ “၀” ပါတီေပါင္းစည္းေရး လုပ္ေဆာင္ခဲ့ၿပီး “၀” အမ်ိဳးသားပါတီသည္ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလတြင္ ႏိုင္ငံေရး ပါတီအမွတ္စဥ္ (၁၂၈) ျဖင့္ မွတ္ပုံတင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ https://news-eleven.com/article/195427

***************

၅။ ကရင္ပါတီ(KNDP) ကို ကရင္လူငယ္ကြန္ရက္ ဝန္းရံကူညီ
October 14, 2020

ျပည္နယ္အေျခစိုက္ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ(KNDP)၏ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား ေအာင္ျမင္ေစေရး အတြက္ဝန္းရံကူညီအားျဖည့္ေပးလ်က္ရွိေၾကာင္း ကရင္ျပည္နယ္ရွိ ကရင္လူငယ္ကြန္ရက္(KYN) ဆက္သြယ္ခ်ိတ္ ဆက္ေရး တာဝန္ခံ ေစာသန႔္ေသာင္(စဝ္သိုင့္သုဂ္)က ေျပာသည္။ ၎က “ပါတီစည္း႐ုံးေရးေတြဆင္းရင္ က်ေနာ္တို႔လိုက္သြားၿပီး လိုအပ္တာကူညီေပးတယ္။ လူငယ္ေတြကို လာ join ခိုင္းတယ္။ online နဲ႔ ပတ္သက္ၿပီးေတာ့ Challenges ေခၚတဲ့ (အက) Video clip တို႔၊ ဓာတ္ပုံတို႔နဲ႔ ဝန္းရံလုပ္ေဆာင္ ေနတယ္။”ဟု ေကအိုင္စီသို႔ ေအာက္တိုဘာလ ၉ ရက္ေန႔က ေျပာသည္။ KYN အေနျဖင့္ ကရင္ျပည္နယ္အတြင္း ေအာက္တိုဘာ ၄ရက္ေန႔မွ စတင္ကာ မဲဆြယ္စည္း႐ုံးေရး ၿပီးဆုံးသည့္ ႏိုဝင္ဘာ ၆ ရက္ ေန႔အထိ ျပည္နယ္အေျခစိုက္ပါတီ KNDP အတြက္ ေျမျပင္တြင္ လႈပ္ရွားဝန္းရံေနေၾကာင္း ေစာသန႔္ေသာင္က ဆက္ ေျပာသည္။

ယင္းသို႔ ကူညီေပးရျခင္းမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ကရင္ပါတီမ်ားေအာင္ႏိုင္ၿပီး လႊတ္ေတာ္မ်ားထဲတြင္ ကရင့္အေရး အမွန္တကယ္ လုပ္ေဆာင္ေပးမည့္ ကိုယ္စားလွယ္မ်ားမွတဆင့္ ကရင္ျပည္သူအသံမ်ား ေရာက္ရွိႏိုင္ရန္အတြက္ ဝန္းရံ ေပးသြားမည္ဟု ႏိုင္ငံလုံးဆိုင္ရာ ကရင္လူငယ္ကြန္ရက္ (KYN)က ယခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးလည္း ျဖစ္သည္။ ၂၀၂၀ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကို ကရင္ျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကရင္အမ်ိဳး သား ဒီမိုကရက္တစ္ပါတီ(KNDP)ကို ျပည္နယ္အေျခစိုက္ ကရင္ပါတီ သုံးပါတီႏွင့္ ဖလုံစေဝၚဒီမိုကရက္တစ္ပါတီမွ ပါတီဝင္ တခ်ိဳ႕ ပူးေပါင္းဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၂ရက္ေန႔တြင္ တရားဝင္ ႏိုင္ငံေရးပါတီအျဖစ္ ထုတ္ ျပန္ေၾကညာခဲ့သည္။

KNDP သည္ ကရင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၇ခုတြင္ သံေတာင္ၿမိဳ႕နယ္မွလႊဲ၍ က်န္ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္တို႔တြင္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ဗမာတိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး လည္း အပါအဝင္ ျဖစ္သည္။ Karen Youth Network – KYN ကို ကရင္၊ ကရင္နီ(ကယား)၊ မြန္ျပည္နယ္မ်ား၊ တနသၤာရီ၊ ဧရာဝတီ၊ ရန္ကုန္၊ ပဲခူး တိုင္းေဒသႀကီးမ်ား၊ ေတာင္ငူ-သံေတာင္၊ အထက္ျမန္မာျပည္ အပါအဝင္ နယ္ေျမေဒသ (၁၁)ခုမွ ကရင္ လူငယ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ လူငယ္ကြန္ရက္ႀကီးတစ္ခု ျဖစ္သည္။ http://kicnews.org/2020/10/%e1%80 %80%e1% 80%9b%e1%80%84%e1%80%b9%e1%80%95%e1%8

***************

၆။ ေ႐ြးေကာက္ပြဲတြင္ အရပ္သားမ်ား မဲေပးခြင့္ ဆုံးရႈံးမည့္အလားအလာမ်ား ျမင္ေတြ႕ေနရၿပီး ပဋိပကၡမ်ား ပိုမိုႀကီးထြား လာျခင္း မျဖစ္ေပၚေစေရး တပ္မေတာ္ႏွင့္ RCSS တို႔ အပစ္ရပ္ေပးရန္ ရွမ္းအရပ္ဘက္အဖြဲ႕အစည္းမ်ား ေတာင္းဆို
14 October 2020

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ ေ႐ြးေကာက္ပြဲတြင္ အရပ္သားမ်ား မဲေပးခြင့္ဆုံးရႈံးမည့္ အလားအလာမ်ား ျမင္ေတြ႕ေနရၿပီး မလိုလားအပ္ေသာ ပဋိပကၡမ်ား ပိုမိုႀကီးထြားလာျခင္း မျဖစ္ေပၚ ေစေရးအတြက္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) တို႔အေနျဖင့္ တိုက္ပြဲမ်ား ရပ္တန႔္ေပးရန္ ရွမ္းအရပ္ဘက္အဖြဲ႕အစည္းေပါင္း ၄၀ ေက်ာ္ႏွင့္ ေဒသခံမ်ားက ေတာင္းဆိုသည္။ တိုက္ပြဲမ်ား ရပ္တန႔္ေပးရန္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ၊ ရွမ္းျပည္နယ္ဥကၠ႒သို႔ လိပ္မူ၍ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ားက ေအာက္တိုဘာ ၁၁ ရက္တြင္ စာေရးသားေပးပို႔ကာ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ RCSS တို႔ ေအာက္တိုဘာ ၁ ရက္မွစ၍ တိုက္ပြဲမ်ားျဖစ္ ပြားခဲ့ၿပီး လက္ရွိအခ်ိန္သည္ COVID-19 ေရာဂါေၾကာင့္ ျပည္သူလူထုမ်ားမွာ က်န္းမာေရး၊ အလုပ္အကိုင္ႏွင့္ စားဝတ္ေနေရး စသည့္က႑မ်ားတြင္ အေထြေထြအက်ပ္အတည္းမ်ား ႀကဳံေတြ႕ေနရေၾကာင္း အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ား က JMC-S ဥကၠ႒ (ရွမ္း) သို႔ ေပးပို႔ေသာ အပစ္ရပ္ေပးရန္ ေတာင္းဆိုစာတြင္ ေဖာ္ျပခဲ့သည္။ ထိုသို႔ အေထြေထြ အက်ပ္ အတည္းမ်ား ႀကဳံေတြ႕ေနရသည့္အျပင္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား၏ အသက္အႏၲရာယ္အတြက္လည္း ထပ္မံပူပန္ေနရ ၿပီး တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္သူ ၂၆၀၀ ေက်ာ္ ရွိလာကာ အဆိုပါစာရင္းတြင္ ကိုယ္ဝန္ေဆာင္မ်ား၊ ကေလးငယ္မ်ားႏွင့္ မသန္စြမ္းသူမ်ားလည္း ပါဝင္ခဲ့ေၾကာင္း ယင္းစာတြင္ ေဖာ္ျပခဲ့သည္။မၾကာမီက်င္းပမည့္ ေ႐ြးေကာက္ပြဲ ႀကီးအား ရပ္တန႔္ေ႐ႊ႕ဆိုင္းရမည့္ အေနအထားႏွင့္ အရပ္သားျပည္သူမ်ား မဲေပးခြင့္ ဆုံးရႈံးမည့္ အလားအလာမ်ား ျမင္ေနရၿပီး မလိုလားအပ္ေသာ ပဋိပကၡမ်ား ပိုမိုႀကီးထြားလာျခင္း မျဖစ္ေပၚေစရန္ တပ္မေတာ္ႏွင့္ RCSS တို႔က ပစ္ခတ္တိုက္ခိုက္မႈရပ္စဲ ၿပီး ေဆြးေႏြးညႇိႏႈိင္းၾကရန္ ၎တို႔က ေတာင္းဆိုခဲ့ၾကသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ပုံဝိုးေက်း႐ြာ၊ ခန႔္ခဲ႐ြာ၊ ကုန္းဟတ္႐ြာ အစရွိသည့္ ႐ြာမ်ားတြင္ တပ္မေတာ္ႏွင့္ RCSS တို႔ တိုက္ပြဲ ျဖစ္ပြားေနျခင္းျဖစ္ၿပီး အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ သာသနိက အေဆာက္အဦမ်ားတြင္ လာေရာက္ခိုလႈံ ေနရ သျဖင့္ COVID-19 ေရာဂါကာကြယ္ေရး အစိုးရက ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ အခက္အခဲ ႏွင့္ စားဝတ္ေနေရး အခက္အခဲမ်ား ႀကဳံေတြ႕ေနရေၾကာင္းလည္း ပုံဝိုး႐ြာႏွင့္ ဟဲကြီ႐ြာ ေဒသခံအခ်ိဳ႕က JMC-S (ရွမ္း) ဥကၠ႒ ထံ စာေရးသားေပးပို႔ခဲ့ၾကသည္။ လက္ရွိ ျဖစ္ပြားေနေသာ ပစ္ခတ္တိုက္ခိုက္မႈမ်ား မရပ္တန႔္ႏိုင္ဘဲ ဆက္လက္ျဖစ္ပြားေနပါက စစ္ျဖစ္ရာေဒသအတြင္းရွိ ျပည္သူမ်ား၏ က်န္းမာေရး၊ စိုက္ပ်ိဳးေရး၊ အသက္ေမြးဝမ္းေၾကာင္းမ်ားႏွင့္ စီးပြားေရးမ်ား ဆိုး႐ြား စြာထိခိုက္မႈရွိလာမည္ျဖစ္ေၾကာင္း အဆိုပါစာတြင္ ေဖာ္ျပခဲ့သည္။ https://news-eleven.com/article/195523

***************

၇။ ေသာင္းႏွင့္ခ်ီေသာ မြန္ညီၫြတ္ေရးပါတီ MUP ဝန္းရံသူမ်ား ဘီလူးကြၽန္းႏွင့္ ေရးၿမိဳ႕နယ္တြင္ လွည့္လည္အင္အားျပ
14 October 2020

မြန္တိုင္းရင္းသား အမ်ားစုေနထိုင္ၾကသည့္ ဘီလူးကြၽန္းႏွင့္ ေရးၿမိဳ႕ေပၚတို႔တြင္ ေသာင္းႏွင့္ခ်ီေသာ မြန္ညီၫြတ္ေရးပါတီ MUP ဝန္းရံသူလူငယ္မ်ားက ေအာက္တိုဘာလ (၁၂-၁၃ ) ရက္ေန႔မ်ားတြင္ လွည့္လည္ အင္အားျပခဲ့ေၾကာင္း သတင္းရရွိ သည္။

မြန္ညီၫြတ္ေရးပါတီ၏ အလံ၊ စတစ္ကာ၊ နဖူးစည္းႏွင့္ Mask မ်ား ကိုယ္စီတပ္ဆင္၍ ေမာ္ေတာ္ဆိုင္ကယ္၊ ေမာ္ေတာ္ကား မ်ားျဖင့္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး မဲဆြယ္သီခ်င္းမ်ားဖြင့္လွစ္သီဆိုကာ ၿမိဳ႕ေပၚႏွင့္ ေက်း႐ြာမ်ားသို႔လွည့္ လည္ကာ မြန္ တိုင္းရင္းသားတို႔၏ စည္း႐ုံးမႈအင္အားကို ဝန္းရံျပသခဲ့ၾကျခင္း ျဖစ္ေၾကာင္း မြန္လူငယ္ေခါင္းေဆာင္တစ္ဦးက မြန္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။ အထူးသျဖင့္ မြန္လူငယ္မ်ားဆုံရပ္ MYF မွ ဦးစီး၍ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ေက်း႐ြာအသီးသီး ရွိ မြန္လူငယ္မ်ားက မြန္ညီၫြတ္ေရးပါတီအား ဝန္းရံၾကျခင္းျဖစ္ေၾကာင္း၊ ကိုဗစ္ကပ္ေရာဂါကာလျဖစ္ေန သည့္အတြက္ ၿမိဳ႕နယ္တစ္ခုႏွင့္တစ္ခု သြားလာကူးလူးျခင္း မျပဳၾကဘဲ ၿမိဳ႕နယ္အတြင္းရွိ မြန္လူငယ္မ်ားက ဝန္းရံလႈပ္ရွားခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

ဘီလူးကြၽန္းတြင္ အဓိကၿပိဳင္ဖက္ျဖစ္ေနၾကသည္မွာ မြန္ျပည္နယ္လႊတ္ေတာ္ ေခ်ာင္းဆုံၿမိဳ႕နယ္ အမွတ္(၁) မဲဆႏၵနယ္ေျမ ျဖစ္ၿပီး ၂၀၁၀ /၂၀၁၅ ေ႐ြးေကာက္ပြဲႏွစ္ႀကိမ္ ဆက္တိုက္အႏိုင္ရရွိထားသူ မြန္ညီၫြတ္ေရးပါတီမွ ျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ ေဒါက္တာေအာင္ႏိုင္ဦးႏွင့္ တစ္ႀကိမ္တစ္ခါမွ ေ႐ြးေကာက္ပြဲမဝင္ခဲ့ဖူးသူ NLD ပါတီဝင္ လက္ရွိမြန္ျပည္နယ္ စည္ပင္ သာယာေရးဝန္ႀကီး ဦးမင္းေက်ာ္လြင္တို႔က ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။ အလားတူ ေရးၿမိဳ႕နယ္တြင္လည္း အဓိက ၿပိဳင္ ဖက္ျဖစ္ေနသည့္ မြန္ပါတီမွ ၂၀၁၀ ေ႐ြးေကာက္ပြဲ အႏိုင္ရအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဗညားေအာင္မိုး ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲ အႏိုင္ရ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းတို႔က ယခုေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပန္လည္အေ႐ြးခံၾကမည္ျဖစ္သည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ေမာ္လၿမိဳင္ခ႐ိုင္ ၆ ၿမိဳ႕နယ္၌ မြန္ညီၫြတ္ေရးပါတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီ(NLD)သာ အဓိကၿပိဳင္ဖက္မ်ား ျဖစ္ေနေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားက သုံးသပ္ၾကသည္။ http://burmese.mo nnews.org/2020/10/13/%e1%80%9e%e1%80% b1%e1%80%ac%e1%80%84%e1%

***************

၈။ မူဆယ္ SNDP စည္း႐ုံးေရး ဆိုင္းဘုတ္မ်ားဖ်က္ဆီးခံရ
October 14, 2020

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္တြင္ ေအာက္တိုဘာလအတြင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(SNDP) ပါတီ ဆိုင္းဘုတ္ ၂ ေနရာ ဖ်က္ဆီးခံရေၾကာင္း စုံစမ္းသိရသည္။

မူဆယ္ၿမိဳ႕နယ္ မန႔္ဟိုင္းေက်း႐ြာႏွင့္ တာလုံ ေက်း႐ြာတြင္ စိုက္ထူထားသည့္ မဲဆြယ္စည္း႐ုံးေရး ဆိုင္းဘုတ္မ်ားျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕ မဲဆႏၵနယ္အမွတ္(၁)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ စိုင္းဘိုးေအာင္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။“ ဖ်က္ ခံရတာ မန႔္ဟိုင္းမွာ၂ႀကိမ္၊ တာလုံမွာ ၂ ႀကိမ္ ဖ်က္ခံရတယ္။ ပထမႀကိမ္ ဖ်က္လို႔က်ေနာ္တို႔ ျပန္ေထာင္တယ္။ ထပ္ဖ်က္ တယ္။ ဓားနဲ႔လာခုတ္သြားတာပါ”ဟု စိုင္းဘိုးေအာင္ က ေျပာသည္။ ထို မဲဆြယ္စည္း႐ုံးေရး ဆိုင္းဘုတ္ဖ်က္ဆီးခံရသည့္ ေနရာသည္ သွ်မ္းလူမ်ိဳးမ်ားေနထိုင္သည့္ေနရာ ျဖစ္သည့္အတြက္ ျပႆနာ မျဖစ္ေစလိုမႈေၾကာင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ကို မတိုင္ၾကား ေၾကာင္း စိုင္းဘိုးေအာင္ ကေျပာသည္။

“ကိုယ့္လူမ်ိဳးေတြေနတဲ့ေနရာပဲ က်ေနာ္တို႔ျပႆနာမျဖစ္ခ်င္ဘူး။ ဒါေပမယ့္ က်ေနာ္တို႔ေျပာခ်င္တာကေတာ့ စိတ္ဓာတ္ ေတြျပဳျပင္ေစခ်င္တယ္”ဟု စိုင္းဘိုးေအာင္က ထပ္ေလာင္းေျပာသည္။ မူဆယ္ခ႐ိုင္အတြင္း SNDP အေနျဖင့္ အမ်ိဳးသား လႊတ္ေတာ္ မဲဆႏၵနယ္ေနရာကို ေဒၚနန္းေငြေငြ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး၊ ျပည္သူ႔လႊတ္ေတာ္ ေနရာကို စိုင္းေအာင္ျမင့္ က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္းသိရသည္။ ထို႔အျပင္ မူဆယ္ၿမိဳ႕ ျပည္နယ္ အမွတ္(၁)မဲဆႏၵနယ္ကို စိုင္းဘိုးေအာင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး၊ အမွတ္(၂) မဲဆႏၵနယ္ ကို နန္းဟန္ႏု က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ https://burme se.shannews.org/archives/18878

**************

၉။ ေတာင္သူမ်ားအေပၚ ျပစ္ဒဏ္ထပ္တိုးရန္ တပ္မေတာ္က ေလွ်ာက္ထားသည့္အမႈ ပလပ္ခံရ
15 October 2020

ေျမယာအျငင္းပြားမႈနဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီးျဖစ္တဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က ကရင္နီေတာင္သူ ေတြေပၚ ေနာက္ထပ္ ျပစ္ဒဏ္ထပ္တိုးခ်မွတ္ေပးဖို႔ တပ္မေတာ္က ျပင္ဆင္ခ်က္ ေလွ်ာက္ထားမႈနဲ႔ပတ္သက္ၿပီး ကယား ျပည္နယ္ တရားလႊတ္ေတာ္က ဒီကေန႔ ပလပ္လိုက္ပါတယ္။ တပ္မေတာ္ အေျမာက္တပ္ရင္း အမတ အမွတ္ (၃၆၀) ကေန တရားစြဲဆိုထားတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေတာင္သူ ၁၇ ဦးအမႈတို႔ကို ဒီးေမာ့ဆိုၿမိဳ႕နယ္ တရား႐ုံးကေန ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔က ေထာင္ဒဏ္နဲ႔ ေငြဒဏ္ခ်မွတ္လိုက္တာမွာ ခ်ဳပ္ရက္နဲ႔ ျပန္လြတ္လာခဲ့ၿပီး စစ္တပ္ဘက္က မေက်နပ္လို႔ တရား႐ုံးမွာ ျပန္လည္ ျပင္ဆင္ခ်က္တက္တာ ျဖစ္ပါတယ္။

ဒီျပင္ဆင္ခ်က္နဲ႔ပတ္သက္လို႔ ခ႐ိုင္တရား႐ုံးကိုတက္ရာမွာခ႐ိုင္က ပလပ္လိုက္သလို ျပည္နယ္တရားလႊတ္ေတာ္မွာ ထပ္မံ ေလွ်ာက္ထားခဲ့ရာမွာလည္း ဒီကေန႔ ေနာက္ဆုံးအမိန႔္ခ်ရာမွာလည္း ပလပ္လိုက္တာလို႔ ေတာင္သူေတြရဲ႕ေရွ႕ေန ဦးေစာခူးတေလ က ေျပာပါတယ္။“အမႈက ၆ မႈရွိမယ္။ ၄၄၇ နဲ႔က ၄ မႈ၊ ေနာက္ ၆၁ နဲ႔က ၂ မႈ၊ အဓိကကေတာ့ ဒီ မူလ တရား႐ုံးက ခ်မွတ္တဲ့အမိန႔္က တရားစီရင္ေရးကို ေတာ္ေတာ္ယိမ္းယိုင္ေစတဲ့ အေျခအေနအထိမရွိဘူးေပါ့။ အဲဒါေၾကာင့္မို႔ ဝင္ေရာက္ၿပီးမွ စြက္ဖက္ဖို႔ မသင့္ဘူးဆိုၿပီးေတာ့ အဲလိုသုံးသပ္ၿပီးေတာ့မွ စီရင္ခ်က္ခ်လိုက္တာ။”ဒီအမႈနဲ႔ပတ္သက္ၿပီး ျပည္နယ္တရားလႊတ္ေတာ္ကေနၿပီး အခုလို အမိန႔္ခ်မွတ္လိုက္တာဟာ မွန္ကန္သင့္ျမတ္ ေၾကာင္းလည္း ဦးေစာခူးတေလက ေျပာပါတယ္။

ေျမယာအျငင္းပြားမႈနဲ႔ပတ္သက္ၿပီး လြိဳင္ေကာ္အေျခစိုက္ အေျမာက္တပ္ ၃၅၆ တပ္ရင္းနဲ႔ ခလရ ၂၅၀ တပ္ရင္းတို႔ကလည္း ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢအဖြဲ႕ဝင္ ၃ ဦးအပါအဝင္ ေတာင္သူ ၁၈ ေပၚ ေနာက္ထပ္ ျပစ္ဒဏ္ထပ္တိုးခ်မွတ္ ေပးဖို႔ တပ္မေတာ္က ေလွ်ာက္ထားတဲ့အမႈနဲ႔ ပတ္သက္လို႔ ကယားျပည္နယ္တရား႐ုံးက ဩဂုတ္ ၁၄ ရက္က ပလပ္ခဲ့ပါ တယ္။ လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ၂၀၁၉ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ေျမယာအျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္က တရားစြဲဆိုထားတဲ့ ေဒသခံေတာင္သူေပါင္း ၄၁ ဦး ရွိပါတယ္။ http://burmese.dvb.no/archives/417068

**************

၁၀။ ေက်း႐ြာအုပ္စု ၇ စုကို မဲဆႏၵနယ္မွ ပယ္ဖ်က္ေပးရန္ ျပည္နယ္လႊတ္ေတာ္ဥကၠဌစာတင္
October 14, 2020

ကရင္ျပည္နယ္ လႈိင္းဘြဲၿမိဳ႕နယ္ မဲဆႏၵနယ္ႏွစ္ခုတြင္ ပါဝင္ေနသည့္ ေက်း႐ြာအုပ္စု ၇စုကို မဲဆႏၵနယ္ေျမအျဖစ္မွ ပယ္ဖ်က္ ႐ုပ္သိမ္းေပးရန္ ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ လက္ရွိ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ ေစာခ်စ္ခင္က ေအာက္တိုဘာလ ၁၂ ရက္ေန႔က အေၾကာင္းၾကား တင္ျပထားသည္။

ထိုကိစၥႏွင့္ပတ္သက္၍ ကရင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး အတြင္းေရးမွဴး ဦးေမာင္ေမာင္ႏိုင္ထံ ေကအိုင္စီက ဆက္သြယ္ေမးျမန္းရာ စာေရာက္ရွိေနေၾကာင္းႏွင့္ လက္ရွိအခ်ိန္တြင္ အဆိုပါတင္ျပထားသည့္ အေၾကာင္းၾကားစာႏွင့္ ပတ္သက္၍ ေသခ်ာမဖတ္ရေသးေၾကာင္း ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ အတည္ျပဳ ေျပာဆိုခဲ့သည္။“ေလာေလာ ဆယ္ အဲဒီစာက ေရာက္ေတာ့ ေရာက္ေနၿပီး။ က်ေနာ္က အဲဒီစာ မဖတ္ရေသးဘူး။ ဝင္တဲ့အေနအထားပဲ ရွိေသးတယ္။ ဘယ္လိုဆုံးျဖတ္မလဲေတာ့ အဲဒါက မေျပာတတ္ေသးဘူး။ အခ်ိန္ေစာေနေသးတယ္။ က်ေနာ္တို႔လည္း စာကိုေသခ်ာ ဂဃနဏ မဖတ္ရေသးေတာ့ေလ။”ဟု ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးေမာင္ေမာင္ ႏိုင္က ေကအိုင္စီ သို႔ ေျပာသည္။

ယင္းေက်း႐ြာအုပ္စု ၇ စုမွာ ကရင္ျပည္နယ္ လႈိင္းဘြဲၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၉)ႏွင့္ ျပည္နယ္ လႊတ္ေတာ္ လႈိင္းဘြဲမဲဆႏၵနယ္အမွတ္(၂)တြင္ ပါဝင္ၿပီး ထိုေဒသတြင္ လက္နက္ကိုင္အဖြဲ႕အစည္းတခ်ိဳ႕ ရွိေနသည့္အတြက္ လုံၿခဳံစိတ္ခ်မႈ မရွိျခင္း၊ ကိုဗစ္ေၾကာင့္ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ ဝင္ေရာက္ရန္ ပိတ္ဆို႔ခံရၿပီး ကြင္းဆင္းစည္း႐ုံးရန္ ခက္ခဲျခင္းႏွင့္ လမ္းပန္းဆက္သြယ္ေရး လြန္စြာခက္ခဲျခင္း စေသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းမ်ား၏ တင္ျပခ်က္အရ မဲဆႏၵနယ္ေျမအျဖစ္မွ ပယ္ဖ်က္႐ုပ္သိမ္းေပးရန္ လႊတ္ေတာ္ဥကၠဌက ညႇိႏႈိင္းအေၾကာင္းၾကားစာ ေပးပို႔ထား ျခင္းျဖစ္သည္။ မဲဆႏၵနယ္မွ ပယ္ဖ်က္ေပးရန္ တင္ျပထားသည့္ လႈိင္းဘြဲၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၇ စုမွာ ေရတံခြန္ေက်း႐ြာ အုပ္စု၊ တာလယ္ေက်း႐ြာအုပ္စု၊ ဝင္းေစာေက်း႐ြာအုပ္စု၊ မဲလေရာေက်း႐ြာအုပ္စု၊ သမိုေက်း႐ြာအုပ္စု၊ မိေၾကာင္ေက်း႐ြာ အုပ္စု၊ ရင္းဘိုင္းေက်း႐ြာအုပ္စုမ်ားျဖစ္သည္ဟု အေၾကာင္းၾကားစာတြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ ၎ေဒသအတြင္း စည္း႐ုံးေရးဝင္ရန္ႏွင့္ မဲထည့္ရန္ အသိပညာေပးမႈ ဝင္ေရာက္လုပ္ေဆာင္ေရး ေက်း႐ြာအုပ္ ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံအခ်ိဳ႕ကို ကမ္းလွမ္းထားၿပီး ကြင္းဆင္းရန္ အစီအစဥ္ရွိသည့္အတြက္ မဲဆႏၵနယ္မွ ဖ်က္ေပးရန္ ေတာင္းဆိုျခင္းတြင္ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ-KNDP ကိုယ္စားလွယ္ေလာင္းမ်ား၏ သေဘာထားမပါဝင္ေၾကာင္း ၎မဲဆႏၵနယ္၌ ကိုယ္တိုင္ ဝင္ေရာက္အေ႐ြးခံမည့္ KNDP ဥကၠဌ မန္းေအာင္ျပည္စိုးက ေကအိုင္စီသို႔ ေျပာဆို သည္။ http://kicnews.org/2020/10/%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%82%90%e1%8

***************

၁၁။ ရေသ့ေတာင္တြင္ လက္နက္ႀကီးက် ႐ြာသား ၄ ဦး ဒဏ္ရာရ
14 October 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ျပာပင္ရင္းေက်း႐ြာအတြင္း ေအာက္တိုဘာလ ၁၄ ရက္ မြန္းလြဲ ၃ နာရီဝန္းက်င္အခ်ိန္ က လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲသည့္အတြက္ ႐ြာသား ၄ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္း ရရွိသည္။ အဆိုပါ လက္နက္ႀကီး ထိမွန္သူမ်ားမွာ ျပာပင္ရင္းေက်း႐ြာသားမွာ အသက္ ၅၅ ႏွစ္အ႐ြယ္ ဦးေမာင္ျမထြန္း၊ အသက္ ၅၆ ႏွစ္ အ႐ြယ္ ဦးဘခ်ိဳ၊ အသက္၂၈ ႏွစ္ အ႐ြယ္ ကိုေမာင္ျမခိုင္၊ အသက္ ၃၇ ႏွစ္အ႐ြယ္ ကိုသန္းစိန္ေမာင္တို႔ ျဖစ္သည္။ ဒဏ္ရာ ရရွိသူ ကိုသန္းစိန္ေမာင္က “က်ေနာ္တို႔ ဒီေန႔ ညေန ၃ နာရီေလာက္မွာ ပထမ ႐ြာထဲကို လက္နက္ႀကီး တလုံးလာ က်တယ္။ က်ေနာ္တို႔ ႐ြာသားေတြက စာသင္ေက်ာင္းထဲမွာ စုၿပီး ဝပ္ေနၾကတဲ့အခ်ိန္ ေနာက္ ထပ္ ၃ လုံး လာက်တယ္။ အဲဒီမွာ က်ည္ အစ ေတြ လာမွန္တာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

တပ္မေတာ္ႏွင့္ AA တို႔သည္ ေအာက္တိုဘာ ၄ ရက္ကတည္းက ရေသ့ေတာင္ၿမိဳ႕နယ္ ထီးဆြဲ႐ြာအနီး စိုးမိုးကုန္းမ်ား သိမ္း ပိုက္ႏိုင္ေရးအတြက္ အျပန္အလွန္ တိုက္ပြဲမ်ားျဖစ္ေနျခင္းျဖစ္သည္။ ျပာပင္ေက်း႐ြာသားမ်ားက ၎တို႔ ႐ြာထဲသို႔ က်ေရာက္ သည့္ လက္နက္ႀကီးက်ည္ဆန္မ်ားမွာ ရေသ့ေတာင္ အေျခစိုက္ တပ္မေတာ္ တပ္ရင္းမ်ားမွ ပစ္ခတ္လိုက္ျခင္း ျဖစ္ေၾကာင္း ေျပာ ဆိုေသာ္လည္း သီးျခားအတည္ျပဳခ်က္ ရယူႏိုင္ျခင္း မရွိေပ။ ဤျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဧရာဝတီမွ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြ႕ဲ ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းႏွင့္ ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ဝင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းအား အႀကိမ္ႀကိမ္ ဆက္သြယ္ ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ပါ။ ဒဏ္ရာ ရရွိသူမ်ားကို သြားေရာက္ သယ္ေဆာင္ၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သူ ရေသ့ေတာင္ၿမိဳ႕ခံ ကိုဘကၠာက “ဒဏ္ရာ ရသူ ၄ ေယာက္မွာ ၃ ေယာက္ကေတာ့ ဒဏ္ရာ ျပင္းတယ္။ အခုေတာ့ က်ေနာ္တို႔ စက္ေလွနဲ႔ ရေသ့ေတာင္ ေဆး႐ုံကို ပို႔ ေဆာင္ေပးလိုက္ပါတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါ လက္နက္ႀကီး ထိမွန္ခဲ့သူ ျပာပင္ရင္း ေက်း႐ြာသား ၄ ဦးမွာ ဦးေခါင္း၊ ဝမ္းဗိုက္၊ ေျခေထာက္၊ လက္ေမာင္း စသည့္ ေနရာမ်ားတြင္ လက္နက္ႀကီးအစအန ထိမွန္သည့္ဒဏ္ရာမ်ားျဖင့္ ရေသ့ေတာင္ ေဆး႐ုံ၌ တက္ေရာက္၍ ေဆးကုသမႈ ခံယူ ေနရေၾကာင္းလည္း သိရသည္။ ယမန္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ထီးဆြဲေက်း႐ြာအနီး AA တပ္ဖြဲ႕မ်ား စိုးမိုးထားသည့္ ေတာင္ကုန္းမ်ားကို တပ္မေတာ္က တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း၊ AA တို႔ ေအာင္သာစည္၊ ေက်ာက္တန္း စသည့္ ေက်း႐ြာမ်ားဘက္သို႔ ဆုတ္ခြာသြား ေၾကာင္း၊ ၎ ေက်း႐ြာမ်ားကို AA တို႔က မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္သည္။ ကိုဗစ္ကာလအတြင္း တပ္မေတာ္ႏွင့္ AA တို႔၏ တိုက္ပြဲေၾကာင့္ ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ေျမာက္ဦးၿမိဳ႕နယ္တို႔တြင္ စစ္ေရွာင္ အေရအတြက္ ၃ ေသာင္းေက်ာ္ ထပ္မံတိုးပြားလာကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္မ်ားတြင္ စစ္ေရွာင္ အေရအတြက္ ၂၂၀၀၀၀ ေက်ာ္ထိ မ်ားျပားလာေၾကာင္း ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္ မ်ား အစည္းအ႐ုံး (REC) က ေအာက္တိုဘာ ၁ ရက္တြင္ ထုတ္ျပန္ထားသည္။ https://burma.irrawaddy.com/news /2 020/10/4/231634.html

***************

၁၂။ ေရမဲျပႆနာေျဖရွင္းေပးႏိုင္မည့္သူကိုသာ မဲထည့္မည္ဟု ေဒသခံမဲဆႏၵရွင္မ်ားေျပာ
October 14, 2020

၂၀၂၀ ေရြးေကာက္ပြဲတြင္ ေရမဲျပႆနာကိုင္တြယ္ေျဖရွင္းေပးႏိုင္မည့္ ပါတီႏွင့္ကိုယ္စားလွယ္ေလာင္း မ်ားကိုသာ မဲေပးမည္ ဟု တစ္ႏွစ္ေက်ာ္ၾကာ ေသာက္သံုးေရ အခက္အခဲျဖစ္ေနဆဲ ဖားအံၿမိဳ႕၊ သံလြင္ ျမစ္အေနာက္ဖက္ျခမ္း ရွိ ေဒသခံမဲဆႏၵရွင္ မ်ားက ေျပာဆိုလိုက္သည္။ ေရတြင္းကုန္း(ေကာဝ္ထိုင့္ဍာ္)ရြာမွ နန္းထူးလိုင္က “ေရသန္႔ဝယ္ေသာက္ရတာ ၁ ႏွစ္ျပည့္ သြား ၿပီးေပါ့။ ရြာက ေရေတြဟာ ဟိုးအရင္ကအတိုင္းျပန္သန္႔လာၿပီးေတာ့ တသက္လံုး ျပန္ေသာက္သံုးလို႔ရေအာင္ လုပ္ေပးႏိုင္ မယ့္ လူကို မဲထည့္ေပးမယ္။”ဟု ေကအိုင္စီသို႔ ေအာက္တိုဘာ ၁၃ ရက္တြင္ေျပာသည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလဆန္းပုိင္းက ဘားကပ္၊ ေအာက္ေကာ့ရင္း၊ ရေသ့ပ်ံ၊ ပန္းကုန္း စသည့္ ေက်းရြာအုပ္စုမ်ား အ တြင္းရွိ ေက်းရြာမ်ားတြင္ ေဒသခံမ်ားအသုံးျပဳေသာက္သုံးေနေသာ ေသာက္သုံးေရကန္၊ ေရတြင္းမ်ားအတြင္းပုံမွန္ မဟုတ္ သည့္ ေရမ်ားမဲနက္လာျခင္းႏွင့္အတူ ငါးမ်ားေသဆုံးမႈမ်ား ျဖစ္ေပၚျခင္းေၾကာင့္ ေသာက္သံုးေရ ခက္ခဲလာခဲ့ျခင္းျဖစ္ သည္။ လက္ရွိအခ်ိန္အထိလည္း ဖားအံၿမိဳ႕နယ္၊ အေနာက္ဖက္ျခမ္းေဒသရွိ ေက်းရြာေပါင္း ၇ ရြာေက်ာ္ တို႔တြင္ ၁ ႏွစ္ ေက်ာ္ ၾကာ ေသာက္ေရသန္႔မ်ားကိုသာ ဝယ္ေသာက္ေနရဆဲဟု ေရတြင္းကုန္းရြာ အုပ္ခ်ဳပ္ေရးမွဴး ေစာေငြလြန္းက ေကအိုင္စီသို႔ ေျပာ သည္။ နတ္ကုန္းရြာမွ လူငယ္တစ္ဦးကလည္း “က်ေနာ္တို႔ ေဒသမွာ အခုထိႀကံဳေတြ႕ေနရတာကေတာ့ ေရကိစၥေပါ့ေနာ္။

ေသာက္သံုးလို႔ရ၊ မရ အာမခံတဲ့ Data အေျဖ ထုတ္ျပန္ခ်က္ေတြ မေတြ႕ရေသးဘူး။ ဆိုးက်ိဳးေတြျဖစ္လာရင္ အစိုးရ သစ္အေနနဲ႔ ဘယ္လိုတာဝန္ခံ လုပ္ေပးမလဲေပါ့ေနာ္။ လုပ္ေပးႏိုင္တဲ့ ကိုယ္စားလွယ္ကိုပဲ ေရြးခ်ယ္ မဲေပးသြားမွာပါ။” ဟု ေကအိုင္စီသို႔ ေျပာသည္။

အစိုးရဌာန တာဝန္ရွိသူအခ်ိဳ႕မွ ေရမ်ားသည္ ေသာက္သံုး၍ရေၾကာင္း ထုိရြာမ်ားအတြင္း စာကပ္ျခင္း၊ ေျပာဆိုျခင္းမ်ားရွိခဲ့ ေသာ္လည္း ေရရွည္တြင္ ဆိုးက်ိဳးမ်ားျဖစ္ေပၚလာပါက တာဝန္ယူ၊ တာဝန္ခံေျဖရွင္းေပးမည့္သူမရွိသျဖင့္ ေသာက္မရဲေသး ေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။ အဆိုပါ ေရမဲမႈျဖစ္ပြားသည့္ေဒသတြင္ ၂၀၂၀ ေရြးေကာက္ပြဲ၏ ျပည္သူ႔၊ အမ်ိဳးသား၊ ျပည္နယ္လႊတ္ေတာ္ ၃ ရပ္၌ ပါတီ ၉ ပါတီႏွင့္ တစ္သီးပုဂၢလ ၃ ဦးအပါအဝင္ ကိုယ္စားလွယ္ေလာင္းစုစုေပါင္း ၃၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ဟု သိရသည္။ ၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာ ၁၀ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေသာ KNDP ၏ သတင္းစာရွင္းလင္းပြဲ၌ လႊတ္ေတာ္ထဲ ေရာက္ရွိပါက ေရမဲျပႆနာမ်ားကို ေျဖရွင္းေဆာင္ရြက္ေပးသြားမည္ဟု ျပည္နယ္ လႊတ္ေတာ္၊ ဖာပြန္အမွတ္(၂) ကိုယ္စားလွယ္ေလာင္း ေနာ္သဇင္တုပ္က ေျဖၾကားသြားခဲ့သည္။ http://kicnews.org/2020 /10/%e1%80%b1%e1%80%9b%e1%80%99%e1%80%b 2%e1%80%

**************

၁၃။ ဖားကန႔္ စည္ပင္ ဥကၠဌ တင္ေျမာက္ရာတြင္ တရားမွ်တမႈမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ထံ ကန႔္ကြက္စာတင္
13 October 2020

ဖားကန႔္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌအသစ္တင္ေျမာက္ရာတြင္ တရားမွ်တမႈမရွိေသာေၾကာင့္ ကန႔္ကြက္ရႈံ႕ခ် ေၾကာင္း ဖားကန႔္အရပ္ဖက္အဖြဲ႕အစည္းမ်ားက ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံသို႔ ေအာက္တိုဘာ ၁၃ ရက္ေန႔က တင္ျပထား သည္ဟုသိရသည္။ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌေနရာ အေျပာင္းအလဲျပဳလုပ္ရန္ ၾသဂုတ္လ ၁၈ ရက္ေန႔ ဖားကန႔္ ၿမိဳ႕ေပၚ ၅ ရပ္ကြက္မွ သတ္မွတ္ထားသည့္ အရည္အခ်င္းႏွင့္ ျပည္စုံသည့္ ၈ ဦးအား ေ႐ြးခ်ယ္ခဲ့ၿပီး ၎တို႔ကို ေ႐ြးခ်ယ္ေရး ေကာ္မတီမ်ားေရွ႕၌ မဲခြဲဆုံးျဖတ္ခဲ့ရာ ဦးေနာ္ဆန႔္ ၃ မဲ၊ ဦးမင္းမင္စိုးႏွင့္ ဦးျမင့္ေအး ၂ ဦးက တန္းတူ ၂ မဲစီ ရရွိခဲ့ေၾကာင္း ေ႐ြးခ်ယ္ေရးေကာ္မတီအဖြဲ႕ထံမွ သိရသည္။

မဲအမ်ားဆုံးရရွိသူ ဦးေနာ္ဆန႔္ က ဥကၠဌရာထူးေနရာကို ဆက္ခံရမည္ ျဖစ္ေသာ္လည္း၊ ၂မဲ သာရရွိေသာ ဦးမင္းမင္းစိုးကို ဖားကန႔္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ အျဖစ္ခန႔္အပ္လိုက္ေသာေၾကာင့္ ေဒသခံတစ္ခ်ိဳ႕က ကန႔္ကြက္ေနေၾကာင္း ဖားကန႔္ေဒသခံ ဦးလေမာင္လေတာင္ က ယခုလိုေျပာဆိုသည္။“အခုသူတို႔ရဲ႕လုပ္ပုံက မဲမ်ားဆုံးရရွိသူကို ဥကၠဌ မခန႔္ဘဲ ၂မဲသာရရွိတဲ့သူကိုမွ ဥကၠဌ ျပန္ခန႔္လိုက္တယ္ ဆိုတာက တရားမွ်တမႈမရွိဘူဆိုတာ အရမ္းေပၚလြင္ေနတယ္ေပါ့။ အဲ့ဒါကို ဒီမွာရွိတဲ့ ေဒသခံတစ္ခ်ိဳ႕က သေဘာမတူဘဲ ကန႔္ကြက္ေနၾကတယ္။ ၃မဲနဲ႔ႏိုင္တဲ့ ဦးေနာ္ဆန႔္ကို ဥကၠဌ မခန႔္အပ္တဲ့ ေျဖရွင္းခ်က္ကိုသိခ်င္တယ္”ဟု ေျပာဆိုသည္။ လက္ရွိ ဖားကန႔္ၿမိဳ႕နယ္စည္ပင္ဥကၠဌအျဖစ္ခန႔္အပ္လိုက္သည့္ ဦးမင္းမင္းစိုး မွာ NLD ပါတီဝင္တစ္ဦးျဖစ္သည့္အျပင္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ဖားကန႔္ မရွီကေထာင္ရပ္ကြက္ စီး႐ုံးေရးမွဴး ျဖစ္သည္ဟုလည္း ဦးလေမာင္လေတာင္က ေျပာဆိုသည္။

ဖားကန႔္ၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠဌအျဖစ္ေ႐ြးခ်ယ္ႏိုင္ရန္ ေ႐ြးခ်ယ္ေရးေကာ္မတီ၏ မဲရလဒ္ႏွင့္အမည္စာရင္းမ်ားကို ျပည္နယ္အစိုးရထံသို႔တင္ျပခဲ့ၿပီး ျပည္နယ္အစိုးရအဖြဲ႕မွ ဦးမင္းမင္းစိုးကို ဥကၠဌအျဖစ္ခန႔္အပ္ရန္ႏွင့္ ဦးေနာ္ဆန႔္ကို အဖြဲ႕ဝင္ အျဖစ္သာ ျပန္လည္ခန႔္အပ္ေပးလိုက္ျခင္းျဖစ္သည္ဟု ေ႐ြးခ်ယ္ေရးေကာ္မတီအဖြဲ႕ တာဝန္ခံ ဦး Tangbau La Seng က ေျပာသည္။“သူရဲ႕ ဥပေဒအရဆိုရင္ေတာ့ မဲပိုမ်ားတဲ့သူကို ဥကၠဌ ခန႔္ရမွာေတာ့ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္တို႔က ေ႐ြးခ်ယ္ ၿပီးစီးေၾကာင္းကို ျပည္နယ္အစိုးရကို တင္ျပခဲ့တယ္။ ျပည္နယ္အစိုးရကေန ဘယ္လိုအခ်က္ေတြနဲ႔ ျပန္ၿပီးစီစစ္လည္းေတာ့ မသိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ကိုယ္တိုင္လည္း ၃မဲနဲ႔အႏိုင္ရရွိတဲ့ ဦးေနာ္ဆန႔္ကိုဘဲ ဥကၠဌအျဖစ္ထင္ခဲ့တာ။ အခုက အဲ့လိုမဟုတ္ဘူး။

မဲမ်ားတဲ့ သူကိုကအဖြဲ႕ဝင္စာရင္းထဲထည့္လိုက္တယ္။ ၂မဲသာရရွိတဲ့ သူကိုက ဥကၠဌ ျပန္ခန႔္တယ္ ဆိုတာက က်ေနာ္တို႔ လည္း နားလည္ရခက္ေနတယ္။ အဲ့လိုလုပ္လိုက္ေတာ့ ေဒသခံေတြၾကား အခ်င္းခ်င္းေျပာစရာေတြျဖစ္လာတာေပါ့။ ဒါေၾကာင့္ ျပည္နယ္အစိုးရကလည္း ဒါကိုေသေသခ်ာခ်ာ ေျဖရွင္းေပးသင့္တယ္”ဟု ေျပာဆိုသည္။ မဲအမ်ားဆုံးရရွိေသာ ဦးေနာ္ဆန္ ကို ဥကၠဌေနရာမေပးဘဲ ၂ မဲရေသာ ဦးမင္းမင္းစိုးကို ဥကၠဌ ခန႔္သည့္ကိစၥကို ဖားကန႔္ အရပ္ဖက္အဖြဲ႕အစည္း တခ်ိဳ႕က ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။ https://b urmese.kachinne ws.c om/2020/10/13/l1-

**************

၁၄။ ႐ြာသားမ်ားစစ္ေဘးေရွာင္ေနစဥ္ ေနအိမ္မ်ားေမႊေႏွာက္ခံရ
October 15, 2020

သွ်မ္းျပည္ေျမာက္ပိုင္းတြင္ ၁၀ ရက္ခန႔္အၾကာ တိုက္ပြဲျဖစ္ပြါးခဲ့ေသာ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ နမ့္မဟင္႐ြာတြင္ ႐ြာသား မ်ား ဘုန္းႀကီးေက်ာင္းသို႔ စစ္ေဘးတိမ္းေရွာင္ေနစဥ္ ေနအိမ္မ်ား ေမႊေႏွာက္ ခံရေၾကာင္းစုံစမ္းသိရွိရသည္။ ေအာက္တို ဘာလ ၁၄ ရက္က စစ္ေရွာင္႐ြာသားမ်ား ေနအိမ္ခဏတျဖဳတ္ျပန္သြားၾကည့္ရာ ႐ြာလုံးကြၽတ္ေနအိမ္မ်ား ထိုသို႔ ေမႊေႏွာက္ခံ ထားရသည္ကိုေတြ႕ရေၾကာင္း စစ္ေရွာင္႐ြာသူတဉီးကျပန္လည္ေျပာျပသည္။“တိုက္ပြဲၿငိမ္ေနလို႔က်မတို႔ တအိမ္တေယာက္ ၂ ေယာက္ လူစုၿပီး အိမ္ျပန္သြားၾကည့္တယ္။ ဗမာစစ္သားေတြ႐ြာထဲမွာရွိေနတုန္းဘဲ။ က်မတို႔ကြၽဲႏြား၀က္ေတြကို သူတို႔ သတ္စားၾကတာ ႐ြာအ၀င္ကတည္းက အ႐ိုးေတြ အေသေတြအႂကြင္းအက်န္ေတြ ေတြ႕ရတယ္။ အိမ္ေရာက္ေတာ့ ေမႊေႏွာက္ ခံထားရတယ္က်မတို႔အိမ္ေတြ။ အိမ္တိုင္းနီးပါးဘဲ။ က်မတို႔အၾကာႀကီးမေနရဲၾကဘူး ဘုန္းႀကီးေက်ာင္းကိုအျမန္ျပန္လာၾက တယ္”– ဟု စစ္ေရွာင္႐ြာသူက သွ်မ္းသံေတာ္ဆင့္အားေျပာျပသည္။

တာလုံေရကာတာ တည္ေဆာက္ေရးစီမံကိန္းရွိရာ တာလုံ႐ြာအသြားလမ္းတြင္ရွိ စစ္ဒဏ္သင့္ နမ့္မဟင္႐ြာသည္ အိမ္ေထာင္ စု ၃၅ စု ၊ လူဉီးေရ ၁၅၀ ေက်ာ္ရွိပါသည္။လက္ရွိတြင္ ႐ြာလုံးကြၽတ္ ဘုန္းႀကီးေက်ာင္းတြင္စစ္ေရွာင္ခိုလႈံေနၾကရေၾကာင္း စစ္ ေဘးေရွာင္မ်ားအား အစားအေသာက္အသုံးအေဆာင္သြားေရာက္ ကူညီေထာက္ပံ့ေသာ ေက်ာက္မဲၿမိဳ႕ခံ အလွဴရွင္ လူငယ္ အဖြဲ႕က သွ်မ္းသံေတာ္ဆင့္အားေျပာသည္။ အဆိုလူငယ္အဖြဲ႕မွ အဖြဲ႕၀င္လူငယ္ တဉီးက “တိုက္ပြဲမရွိေတာ့လို႔ ႐ြာျပန္ေန ၾကဖို႔ စစ္တပ္က ႐ြာသားေတြကိုေခၚတာ။ အဲတာ႐ြာသားေတြက ႐ြာျပန္အေျခအေနၾကည့္ေတာ့ က်ေနာ္တို႔ပါလိုက္သြား တယ္။ အိမ္တိုင္းလိုလို ပစၥည္းေတြ အစားအေသာက္ေတြကိုေမႊေႏွာက္ထားတာ ႐ြာထဲမွာ အရပ္၀တ္ေတြနဲ႔ေရာယူနီေဖာင္း ၀တ္ေတြနဲ႔ေရာ ဗမာစစ္သားေတြရွိေနတယ္။ ႐ြာလမ္းတခ်ိဳ႕ထဲဆို သူတို႔ေပးမ၀င္ဘူး ႐ြာသားေတြကို။ မိုင္းဗုံးေတြ ေထာင္ထား တယ္။ အဲ့ေၾကာင့္႐ြာသားေတြေရာ က်ေနာ္တို႔ပါအျမန္ျပန္ထြက္ လာတယ္။”ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။

တိုက္ပြဲမ်ားျဖစ္ပြါးသည့္အဆိုပါ နမ့္မဟင္႐ြာ၊ ခန္ခိုင္း႐ြာ၊ လုံ၀ိုင္၊ နားဖင့္၊ နားေအာ္၊ နားခ်မ္ ႐ြာမ်ားအတြင္း အစိုးရတပ္မေတာ္ တပ္မ ၂၂၊ ၇၇၊ ၈၈ လက္ေအာက္ခံတပ္မ်ားအျပင္ ခမရ ၅၀၁ တပ္ စုစုေပါင္း ၁၀ တပ္ရင္းထက္မနည္း လႈပ္ရွားေနေၾကာင္း စစ္ေရွာင္႐ြာသား ေျပာျပခ်က္အရသိရသည္။ အစိုးရတပ္မေတာ္သည္ ေအာက္တိုဘာလကုန္အထိ အပစ္ရပ္ေၾကာင္း ေၾကညာၿပီးေနာက္တရက္ အဆိုပါေဒသတြင္လႈပ္ရွားေနေသာ RCSS/SSA တပ္မ်ားအား ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ပစ္ခတ္ မႈမ်ားေၾကာင့္ ကိုဗစ္ကူးစက္မႈျမင့္မားေနခ်ိန္ စစ္ေဘးေရွာင္႐ြာသား ၃၅၀၀ ေက်ာ္အထိရွိလာၿပီး ေက်ာက္မဲၿမိဳ႕ရွိ ဘုန္းႀကီး ေက်ာင္း ၇ ေက်ာင္းတြင္ စစ္ေရွာင္ခိုလႈံေနခဲ့ရသည္။ https://burmese.shannews.org/archives/18899

**************

၁၅။ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သည့္အေပၚ ဥပေဒအတိုင္းအေရးယူေပးရန္ ကန္ပက္လက္ အရပ္ ဘက္အဖြဲ႕အစည္းမ်ားေတာင္းဆို
October 16, 2020

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ အသက္မျပည့္ေသးသူ အမ်ိဳးသမီးငယ္တစ္ဦးအား မုဒိမ္းမႈက်ဴး လြန္ခဲ့သည့္အေပၚ ဥပေဒအတိုင္းအေရးယူေဆာင္႐ြက္ေပးရန္ ကန္ပက္လက္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေအာက္တိုဘာ ၁၄ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေတာင္းဆိုလိုက္သည္။

ျဖစ္စဥ္မွာ ကန္ပလက္ၿမိဳ႕၊ အမွတ္ (၁) ၿမိဳ႕မရပ္ကြက္ေန အသက္(၁၇) ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးအား ကန္ပလက္ၿမိဳ႕ ၊ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ ၿပီးခဲ့သည့္ စက္တင္ဘာ(၁၃)ရက္ေန႔က အလိုမတူပဲအဓမၼျပဳက်င့္ခဲ့ၿပီး အမႈဖြင့္တိုင္ၾကားခဲ့ ေသာ္လည္း ခ်က္ျခင္းလက္မခံခဲ့ေၾကာင္း ယင္းအမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနေသာ ေခၚႏူးစုမ္ေက်းလက္ေဒသ လူမႈ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (KRDO) မွ ဦးကီးဘူ ကေျပာသည္။“ အဓိကဒီသက္ငယ္မုဒိမ္းမႈကို အမႈဖြင့္ေပမယ့္ အမႈကိုေတာ္ေတာ္နဲ႔ မဖြင့္ေပးဘူး ၊ ေနာက္တခုက သူတို႔ပိုက္ဆံနဲ႔ေက်းေအး ဖို႔ႀကိဳးစားတယ္၊ ျပစ္မႈက်ဳးလြန္တဲ့သူကရဲဆိုေတာ့ ရဲေတြအေနနဲ႔ ဒီဟာကို ေသခ်ာဥပေဒအတိုင္း ကိုယ္တြယ္မႈအားနည္းတယ္လို႔ ကြၽန္ေတာ္တို႔ျမင္တယ္”ဟု ဦးကီးဘူကေျပာသည္။ ရဲတပ္ဖြဲ႕ဝင္တစ္ဦးသည္ ျပည္သူမ်ား၏ လုံၿခဳံေရးကို ေစာင့္ေရွာက္ရမည့္အစား လူသားမဆန္စြာ အသက္မျပည့္ေသးသည့္ ကေလးသူငယ္အား မုဒိမ္းမႈက်ဴးလြန္ျခင္းသည္ ကန္ပက္လက္ၿမိဳ႕နယ္အတြင္း တရားဥေပေဒစိုးမိုးေရးႏွင့္ ျပည္သူလူထု၏ လုံၿခဳံေရးကို အလြန္စိုးရိမ္မိေၾကာင္း ကန္ပက္လက္အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ေဖာ္ျပထားသည္။

ယခုကဲ့သို႔ မုဒိမ္းမႈက်ဴးလြန္သူႏွင့္ ေငြေၾကးအသုံးျပဳၿပီး အမႈကိုဖုံးဖိရန္ ႀကိဳးပမ္းသူမ်ားအား ထိေရာက္စြာ အေရးယူေပးရန္ႏွင့္ ျပည္သူလူထု၏ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးမႈ ရွိေစေရးအတြက္ ျပစ္မႈက်ဴးလြန္သူႏွင့္ ျပစ္မႈကို ဖုံးကြယ္ရန္ လုပ္ေဆာင္သူ မ်ားအား ကေလးသူငယ္ ဥပေဒႏွင့္အညီ ထိေရာက္စြာ ေရးယူေဆာင္႐ြက္ေပးပါရန္ သက္ဆိုင္ရာ အစိုးရအဆင့္ဆင့္သို႔ ကန္ပက္လက္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေတာင္းဆိုထားသည္။ ယင္းကိစၥႏွင့္ပက္သက္၍ ကန္ပလက္ၿမိဳ႕ အမ်ိဳးသမီး အဖြဲ႕၊ လူမႈဝန္ထမ္းအဖြဲ႕တို႔မွ ကူညီေဆာင္႐ြက္ေပးေသာေၾကာင့္ ေအာက္တိုဘာလ ၁၄ ရက္တြင္ကန္ပလက္ၿမိဳ႕ ရဲစခန္းမွ အမႈဖြင့္ေနေၾကာင္းသိရသည္။ https://www.bnionline.net/mm/news-76292

**************

၁၆။ စစ္ေတြေရာက္ စစ္ေဘးဒုကၡသည္ သုံးဦးနဲ႔ ရဟန္းတစ္ပါး အဖမ္းခံရ
October 10, 2020

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ ဇီးေတာေတာရဘုန္းႀကီးေက်ာင္း စစ္ေဘးဒုကၡသည္စခန္းမွာရွိေနတဲ့ ပလက္ဝ ၿမိဳ႕နယ္က ရဟန္းတစ္ပါး၊ စစ္ေဘးဒုကၡသည္ေတြထဲက အသက္မျပည့္ေသးသူ ႏွစ္ဦး နဲ႔ လူငယ္တစ္ဦးကို ေအာက္တို ဘာလ ၁၃ ရက္ေန႔ ညေနပိုင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခုနဲ႔ရဲက ဖမ္းဆီးသြားတယ္လို႔ မိသားစုဝင္ေတြနဲ႔ ေက်ာင္းထိုင္ ဆရာေတာ္ က RFA ကို ေျပာပါတယ္။ ပလက္ဝၿမိဳ႕နယ္ သူေဌးကုန္းေက်း႐ြာက အသက္ ၁၆ ႏွစ္အ႐ြယ္ ေမာင္ေက်ာ္ေဇာ္လွ၊ အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္သန္းဝင္း၊ အသက္ ၂၀ အ႐ြယ္ ေမာင္ေနဆန္းဦးနဲ႔ အဲဒီစစ္ေဘးဒုကၡသည္စခန္းမွာ ကူညီေဆာင္႐ြက္ ေပးေနတဲ့ ရဟန္းေတာ္ ဦးပညာသာမိတို႔ ျဖစ္ပါတယ္။ သူတို႔ဟာ အဲဒီေန႔ညေနပိုင္းက စစ္ေတြၿမိဳ႕ကိုျပန္လာမယ့္ ေက်ာင္း ထိုင္ ဆရာေတာ္ကို ႀကိဳဖို႔သြားစဥ္ လမ္းမွာစစ္ေဆးေရးလုပ္ေနတဲ့ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ေတြနဲ႔ေတြ႕ၿပီး အဖမ္းခံခဲ့ရ တာလို႔ ေမာင္ေက်ာ္ေဇာလွရဲ႕ အေမ ေဒၚဘီခ်ာဘီက RFA ကို ေျပာပါတယ္။

ဖမ္းဆီးခံေနရတဲ့ ေမာင္ေက်ာ္ေဇာ္လွဟာ ၈ တန္းတက္မယ့္ ေက်ာင္းသားတစ္ဦးျဖစ္ၿပီး၊ ေမာင္သန္းဝင္းဟာလည္း ၉ တန္း တက္မယ့္ ေက်ာင္းသားတစ္ဦးျဖစ္ပါတယ္။ ေမာင္ေနဆန္းဦးကေတာ့ သာမာန္လက္လုပ္လက္စားတစ္ဦးျဖစ္ၿပီး သူတို႔ဟာ ႐ြာအနီးအနားမွာ တိုက္ပြဲေတြ ျပင္းထန္တာေၾကာင့္ ၿပီးခဲ့တဲ့ ဇြန္နဝါရီလ ၂၄ ရက္ေန႔ကတည္းက မိသားစုနဲ႔အတူ အဲဒီ စစ္ေဘးဒုကၡသည္စခန္းကို ထြက္ေျပးလာတဲ့သူေတြျဖစ္တယ္လို႔လည္း သူဆိုပါတယ္။ သူတို႔ကိုဘာေၾကာင့္ ဖမ္းဆီးသြား တယ္ဆိုတာကို မသိရသလို အခုအခ်ိန္အထိ တစ္စုံတစ္ရာ အဆက္အသြယ္လည္း မရေသးတဲ့အတြက္ စိုးရိမ္ေနၾကၿပီး အျမန္ဆုံးျပန္လႊတ္ေပးေစခ်င္တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ အခုျဖစ္စဥ္နဲ႔ပတ္သက္လို႔ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ရဲစခန္းေတြကို ဆက္သြယ္ေပမယ့္ တစ္စုံတစ္ရာ မသိရေသးဘူး လို႔လည္း ဇီးေတာေတာရေက်ာင္း ေက်ာင္းထိုင္ဆရာေတာ္ ဦးေခမာစာရက RFA ကို မိန႔္ပါ တယ္။

အခုလို စစ္ေဘးဒုကၡသည္ သုံးဦးနဲ႔ ရဟန္းေတာ္တစ္ပါးကို ဖမ္းဆီးတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို RFA က ဆက္ သြယ္ေမးျမန္းေနဆဲပါ။ ရခိုင္ျပည္နယ္အတြင္းမွာ တပ္ေတာ္မေတာ္က အခုလိုအရပ္သားေတြကို ေအေအအဖြဲ႕ဝင္ ဒါမွမဟုတ္ ေအေအ အမာခံေတြဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးတာ ၂၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္ သူ မ်ားအဖြဲ႕ရဲ႕ စာရင္းအရ သိရပါတယ္။ RFA က စုေဆာင္းရရွိထားတဲ့ အခ်က္အလက္ေတြအရ ရခိုင္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂ဝ၁၉ ႏွစ္ဆန္းပိုင္းကေန ဒီေန႔အခ်ိန္အထိ စစ္ေၾကာေရးစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးသြားသူ စုစုေပါင္း ၃၂ ဦး အထိရွိပါတယ္။ https://www.rfa.org/burmese/news/soldiers-arrest-three-young-men-and-one-monk-in-sittwe-10152020055009.html

**************

၁၇။ ပလက္ဝၿမိဳ႕ကို တပ္မေတာ္လုံၿခဳံေရးယူၿပီး ဆန္အိတ္ေပါင္း ၁၇၀၀ ပို႔ေဆာင္ေပးေနၿပီ
October 13, 2020

ပလက္ဝၿမိဳ႕ ကို ဆန္အိတ္ ၁၇၀၀ အိတ္အျပင္ အျခားစားနပ္ရိကၡာႏွင့္ ကုန္ပစၥည္း အခ်ိဳ႕ကို ကုန္တင္ကားအစီး ၂၉ စီးႏွင့္ တပ္မေတာ္လုံၿခဳံေရးယူကာ ပို႔ေဆာင္ေနၿပီ ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “မေန႔ကတည္းက စပို႔ေနတယ္ ေရာက္တာေတာ့မေရာက္ေသးဘူး လမ္းလုံၿခဳံေရး အေျခအေန အရ ျဖည္းျဖည္းဘဲ သြားေနရေတာ့ ဒီေန႔ေတာ့ ေရာက္မယ္ထင္တယ္ ဒါမွမဟုတ္ မနက္ျဖန္ေတာ့ ေရာက္မယ္ထင္တယ္ ဒီေန႔ေရာက္ေအာင္လည္း ႀကိဳးစားေနပါတယ္။ ကား ၁၂ စီးနဲ႔ ဆန္အိတ္ ၁၇၀၀ ပါတယ္ ေနာက္ၿပီး ေဒသ ကုန္သည္ေတြ ေဆာက္လုပ္ေရး ကိစၥအတြက္ ဘိလပ္ေျမ သံ၊ သံေခ်ာင္း အျပင္ အျခား စားနပ္ရိကၡာအျပင္ အဝတ္အထည္ေတြလည္း သည္သြားတယ္ အရပ္ဖက္ အဖြဲ႕အစည္းအေနနဲ႔ ကား ၁၇ စီးနဲ႔သယ္တယ္ စုစုေပါင္း ကားအစီး ၂၉ စီးနဲ႔သည္သြားတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ကိုဗစ္-၁၉ ေရာဂါကပ္ေဘးႏွင့္ စစ္ပြဲတို႔ေၾကာင့္ အသြားအလာကန႔္သတ္ထားသည့္ အတြက္ ေရာင္း စရာ ဆန္မရွိေတာ့ဘဲ စားေသာက္ကုန္မ်ား၏ ေစ်းႏႈန္းမွာလည္း အဆမတန္ ျမင့္တတ္သြားခဲ့ၿပီး ေဒသခံမ်ား အခက္ခဲ ႀကဳံေတြ႔ခဲ့ရေၾကာင္းလည္း သိရသည္။ လက္ရွိပလက္ဝၿမိဳ႕နယ္ကို ပို႔ေပးသည့္ ဆန္မ်ားကို ျပည္ေထာင္စု လူကယ္ျပန္မွ ေထာက္ပံ့ေပးသည့္ ဆန္အိတ္ ၇၅၀ အိတ္ပါဝင္ၿပီး က်န္ ၉၅၀ အိတ္ကို ျပည္သူလူထု လႉထားသည့္ ပိုက္ဆံျဖင့္ဝယ္ယူထား ေၾကာင္းလည္း စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။ https://www.chinworld.org/2020/10/13/%e1%80%95 %e1%80%9c% e1%80%80%e1%80%ba%e1%80

***************

၁၈။ ေက်ာက္မဲတြင္ ပစ္ခတ္သံၿငိမ္ ေသာ္လည္း စစ္ေရွာင္ ၃၅၀၀ ေက်ာ္ ထိရွိလာ
October 14, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္း RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔ၾကား တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၅၀၀ ဝန္းက်င္ ရွိလာေၾကာင္း လူမႈ ပရဟိတ အဖြဲ႕မ်ားထံမွ စုံစမ္းသိရသည္။ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္(RCSS/SSA)ႏွင့္ အစိုးရတပ္မေတာ္တို႔ၾကား တိုက္ပြဲမ်ားၿငိမ္ေနေသာ္လည္း ယမန္ေန႔ ေအာက္တိုဘာ ၁၃ ရက္ေန႔ကအထိ စစ္ေရွာင္႐ြာသားမ်ား ထပ္မံေရာက္ရွိလာေၾကာင္း ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း (ေနာင္ပိန္)မွ စိုင္းေနေအာင္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။“တိုက္ပြဲက ေတာ့မျဖစ္ေတာ့ဘူး။ ဒါေပမယ့္ စစ္ေၾကာင္း ေတြ က ေက်း႐ြာကိုျဖတ္ၿပီးသြားလာေနေတာ့ သူတို႔ေၾကာက္လို႔ ေရွာင္လာတာ ပါ။ စစ္ေရွာင္ အားလုံး ၃၅၀၀ ေက်ာ္ရွိၿပီ” ဟု စိုင္းေနေအာင္ က ဆိုသည္။

အဆိုပါ စစ္ေရွာင္ ၃၅၀၀ ေက်ာ္သည္ ေက်ာက္မဲၿမိဳ႕နယ္ ေတာင္ထိပ္႐ြာမွ ၆၄၈ ဦး၊ နားေဆာင္း ႐ြာသား ၁၇၀ ဦး၊ ပုံဝိုးေက်း႐ြာ ၇၁၈ ဦး၊ ကြန္ဟင္ေက်း႐ြာ ၃၉၇ ဦး၊ ေကာင္းလန္းေက်း႐ြာ ၂၈၆ ဦး၊ ဟိုနမ့္ေက်း႐ြာ ၃၈၆ ဦး၊ ေနာင္ကြမ္ေက်း႐ြာ ၉၅ ဦး၊ ဟဲကြီေက်း႐ြာ ၁၂၅ဦး၊ ေကာင္းမွဴးခံ ေက်း႐ြာ ၂၅၀ ဦး ႏွင့္ အုမ္ဟစ္ေက်း႐ြာတြင္ ၄၃၀ ဦးတို႔ ျဖစ္ ေၾကာင္းသိရသည္။ ရပ္႐ြာမ်ားအတြင္ဝင္ေရာက္လႈပ္ရွားစခန္းခ်ေသာ အစိုးရတပ္မေတာ္သည္ ယေန႔ခ်ိန္ထိ တပ္ဆုတ္ေပး ျခင္းမရွိသျဖင့္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြါးမည္ကို စိုးရိမ္ရေၾကာင္း စစ္ေရွာင္မ်ားက ေျပာသည္။ “ တိုက္ပြဲကေတာ့ၿငိမ္ ေနတယ္။ ဒါေပမယ့္ စစ္ေၾကာင္းေတြက ႐ြာနားမွာရွိေနေသးတယ္။ က်ေနာ္တို႔ မျပန္ရဲေသးဘူး။ ေနာက္ထပ္အေျခအေန ေစာင့္ၾကည့္ၿပီးမွ ျပန္မယ္” ဟု ပုံဝိုးေက်း႐ြာတြင္ စစ္ေရွာင္ေနသည့္ အမ်ိဳးသားတဦးက ေျပာသည္။

ကိုဗစ္-၁၉ ကူးစက္မႈေၾကာင့္ လူစုလူေဝးျခင္း ခရီးသြားလာျခင္းမ်ားကန႔္သတ္ထားသျဖင့္ အလွဴရွင္မ်ားကူညီေထာက္ပံ့မႈ ေပးရန္ မလာႏိုင္ေသာေၾကာင့္ စစ္ေဘးေရွာင္ျပည္သူမ်ား ေနထိုင္စားေသာက္မႈ အစစအရာရာ အခက္အခဲရင္ဆိုင္ေန ရေၾကာင္းလည္း စစ္ေဘးေရွာင္မ်ားကို ကူညီသည့္အဖြဲ႕မ်ားက ေျပာသည္။ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲ က်င္းပ ရန္ ရက္ေပါင္း ၂၄ ရက္သာက်န္ေနသည့္အခ်ိန္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အသီးသီး မဲဆြယ္ေနသည့္ ကာလ လည္း ျဖစ္သျဖင့္ စစ္ေရွာင္လူထု ေနရပ္ျပန္ႏိုင္ရန္ အစိုးရတပ္မေတာ္အေနျဖင့္ တပ္ဆုတ္ခြာေပးရန္လည္း လူထုက ေျပာဆိုလိုက္သည္။ ၂၀၁၅ ေ႐ြးေကာက္ပြဲ ကာလကလည္း သွ်မ္းျပည္ေတာင္ပိုင္း မိုင္းရႉးၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္၊ မိုင္းေနာင္ၿမိဳ႕နယ္ အတြင္း ရွမ္းျပည္တိုးတက္ေရးပါတီ၊ ရွမ္းျပည္တပ္မေတာ္ (SSPP/SSA)ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲ ျပင္းထန္သျဖင့္ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းခဲ့ရသည္ ။https://burmese.shannews.org/ar chives/1 8886

***************

၁၉။ ပလက္ဝၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္မည္ကို အရပ္ဘက္အဖြဲ႕အစည္းမ်ားစိုးရိမ္
October 16, 2020

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔အၾကားျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ အေထြေထြေ႐ြးေကာက္ပြဲကို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ မက်င္းပႏိုင္မည္ကို အထူးစိုးရိမ္မိသည္ ဟု ခူမီးခ်င္းမ်ိဴးႏြယ္စုအဖြဲ႕အစည္းမ်ားက ေအာက္တိုဘာလ ၁၄ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္လိုက္ သည္။ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ လြန္ခဲ့သည့္ ၂၀၁၅ ခုႏွစ္ကစ၍ ယေန႔ခ်ိန္ထိ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္ တပ္ေတာ္(AA) အၾကား တိုက္ပြဲျဖစ္ပြားလ်က္ရွိၿပီး ထိုကဲ့သို႔ျဖစ္ပြားလ်က္ရွိေသာ လက္နက္ကိုင္ပဋိပကၡေၾကာင့္ ေ႐ြးေကာက္

ပြဲအေပၚ ထိခိုက္မႈျဖစ္ပြားမည္ကို အထူးစိုးရိမ္ေၾကာင္း ျပည္တြင္းျပည္ပအေျခစိုက္ ခူမီခ်င္းမ်ိဴးႏြယ္စုအဖြဲ႕အစည္း (၇) ဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ခူမီးခ်င္းမ်ိဴးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ (KACC) မွေျပာေရး ဆိုခြင့္ရွိသူ ကိုေစာျမက “က်ေနာ္တို႔နယ္မွာ ေအေအ ေတြလည္း လႈပ္ရွားေနတုန္းဆိုေတာ့ေလ မဲဆြယ္စည္း႐ုံးေရးေတြလည္း ေကာင္း ေကာင္းမလုပ္ႏိုင္ဘူး၊ ေ႐ြးေကာက္ပြဲ အသိပညာေပးမႈေတြလည္း ေကာင္းေကာင္းမလုပ္ႏိုင္ဘူး ေ႐ြးေကာက္ပြဲေကာ္မရွင္ ေတြရဲ႕ လုပ္ငန္းစဥ္ေတြမွာလည္းေႏွာင့္ေႏွးတယ္ေပါ့ဗ်ာ။ အစိုးရတပ္ဖက္ကလည္း သြားလာဖို႔ လုံၿခဳံေရးအရ ကန႔္သတ္ထား တာေတြရွိတယ္ အဲဒါေၾကာင့္ေ႐ြးေကာက္ပြဲမျဖစ္မွာကို က်ေနာ္တို႔အထူးစိုးရိမ္မိတယ္’’ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္တြင္ မဲဆႏၵရွင္အမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္ျဖစ္ၿပီး ႏိုဝင္ဘာလ ၈ ရက္ေန႔ေ႐ြးေကာက္ပြဲ တြင္ မဲဆႏၵေပးပိုင္ခြင့္ရွိသူ (၆၂၈၄၅) ဦးရွိသည္ဟု ခ်င္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွ ဒုတိယအႀကိမ္မဲ စာရင္းေၾကညာခ်က္အရသိရသည္။ လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၅) ခုရွိသည့္ ပလက္ဝၿမိဳ႕နယ္တြင္ လာမည့္ေ႐ြးေကာက္ပြဲ တြင္ ႏိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၄ ဦးဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

“ တကယ္လို႔ ပလက္ဝၿမိ့နယ္မွာေ႐ြးေကာက္ပြဲမက်င္းပႏိုင္ဘူးဆိုရင္ေတာ့ က်ေနာ္တို႔ရဲ႕ ကိုယ္စားျပဳမႈကေပ်ာက္သြားမယ္၊ ပလက္ဝနယ္က ခ်င္းျပည္နယ္လူဦးေရရဲ႕ ၅ ပုံ ၁ ပုံက ပလက္ဝနယ္မွာရွိတယ္၊ အဲဒီ ၅ ပုံ ၁ ပုံေသာ ကိုယ္စားျပဳမႈကို ေပ်ာက္သြားမယ္ ၿပီးေတာ့ စစ္မက္ျဖစ္ပြားတာလည္းပိုစိုးသြားႏိုင္တယ္ ဘာလို႔လည္းဆိုရင္ ေျပာေပးဆိုေပးဖို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကမရွိေတာ့ဘူးဆိုရင္ေတာ့ေလ ေဒသခံျပည္သူေတြအေနနဲ႔လည္း အစိုးရအေပၚ ယုံၾကည္မႈလည္း တစ္နည္းမဟုတ္တစ္နည္းေတာ့ က်သြားႏိုင္တယ္ ဘာလို႔လဲဆိုေတာ့ေ႐ြးေကာက္ပြဲေတာင္ မလုပ္ေပးႏိုင္ဘူးဆိုတာမ်ိဴးေလ ေနာက္တစ္ခုက ေအာ္ ငါတို႔ကိုက်ေတာ့ ဝိုင္းဖယ္ခံရပါလားဆိုတဲ့စိတ္မ်ိဴးလည္းဝင္သြား ႏိုင္တယ္ေလ’’ဟု ကိုေစာျမ ကေျပာသည္။ https://www.bnionline.net/mm/news-76293

**************

၂၀။ ရခိုင္မွာ ထိုးစစ္ေတြ ခ်က္ခ်င္းရပ္ဖို႔ Free Burma Rangers အဖြဲ႕ေတာင္းဆို
October 14, 2020

အခုလို ကပ္ေဘးကာလ လူသားခ်င္းစာနာတဲ့အေနနဲ႔ ရခိုင္ျပည္နယ္မွာ ထိုးစစ္ေတြ ခ်က္ခ်င္းရပ္ဖို႔ တပ္မေတာ္ ကို Free Burma Rangers အဖြဲ႕က ေတာင္းဆိုလိုက္ပါတယ္။ NLD အစိုးရအေနနဲ႔လည္း ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ ေတြ႕ဆုံေဆြး ေႏြးေရး အျမန္ဆုံးလုပ္ဖို႔ တိုက္တြန္းထားပါတယ္။ အခုလို ကပ္ေရာဂါကာလအတြင္း မေန႔ကစလို႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္ေတာ္ (AA) ကို တပ္မေတာ္ရဲ႕ အျပင္းအထန္ ထိုးစစ္ဆင္ တိုက္ပြဲေတြေၾကာင့္ တစ္ပူေပၚ ႏွစ္ပူဆင့္ဆိုသလို ေဒသခံ ၁,ဝဝဝ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။ စစ္ေဘးဒုကၡသည္ေတြကို ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ ေနတဲ့ Free Burma Rangers အဖြဲ႕ တည္ေထာင္သူ David Eubank က – လူသားခ်င္းစာနာတဲ့အေနနဲ႔ ဒီတိုက္ပြဲေတြ ခ်က္ ခ်င္းရပ္ဖို႔ တပ္မေတာ္ကို ေတာင္းဆို လိုက္ပါတယ္။

“ရခိုင္ျပည္သူေတြအေပၚ ျမန္မာစစ္တပ္က တိုက္ခိုက္ေနတာေတြ ရပ္စဲေစလိုပါတယ္။ ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီး ပစ္ခတ္မႈေတြ၊ တပ္အင္အားေတြ တိုးျမႇင့္ၿပီး၊ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ေတြ ထိခိုက္ ေသေက်ေအာင္ လုပ္ေနတာေတြကို ရပ္ေစခ်င္ပါတယ္။ ဒီႏွစ္ ၂ဝ၂ဝ ျပည့္ႏွစ္ထဲမွာပဲ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြလို အရပ္သား ေတြကို သတ္ျဖတ္ၿပီး ျမန္မာစစ္တပ္က စစ္ရာဇဝတ္မႈ က်ဳးလြန္တာေတြ ရွိခဲ့ပါတယ္။ ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးေတြနဲ႔ သိမ္းက်ဳံးပစ္ခတ္မႈေတြ ေျခလ်င္တပ္ေတြရဲ႕ တိုက္ ခိုက္မႈေတြနဲ႔ ရခိုင္ျပည္နယ္မွာ က်ဳးလြန္ခဲ့တာပါ။ ဒီတိုက္ခိုက္မႈေတြဟာ လူသားမ်ိဳးႏြယ္အေပၚ က်ဳးလြန္တဲ့ ရာဇဝတ္မႈနဲ႔ စစ္ရာဇဝတ္မႈ ေျမာက္ပါတယ္။ ဒါေတြဟာ ျမန္မာ ႏိုင္ငံမွာ အေျခအေနေတြကို ပိုၿပီးေတာ့သာ ဆိုး႐ြားလာေစပါတယ္။”“ဘုံရန္သူျဖစ္တဲ့ ကပ္ေရာဂါဆိုးႀကီးကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတဝွမ္းမွာျဖစ္ေနတဲ့ စစ္ပြဲေတြအားလုံး ရပ္ဆိုင္းထားဖို႔”ကုလသမဂၢ အတြင္းေရးမွဴး ခ်ဳပ္ အန္တိုနီယို ဂုတားရတ္စ္က ဒီႏွစ္ မတ္လက တိုက္တြန္းထားတာပါ။

ဒီတိုက္တြန္းမႈကို တုံ႔ျပန္တဲ့အေနနဲ႔ တပ္မေတာ္က အပစ္အခတ္ရပ္စဲေရး ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အၾကမ္း ဖက္အဖြဲ႕အစည္းအျဖစ္ တရားဝင္ေၾကညာထားတဲ့ AA အဖြဲ႕လႈပ္ရွားရာ ရခိုင္ျပည္နယ္ေတာ့ မပါဝင္ခဲ့သလို၊ AA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ကလည္း အပစ္အခတ္ရပ္စဲေရး ေၾကညာထားၿပီး၊ တိုက္ခိုက္လာရင္ေတာ့ ခုခံစစ္လုပ္ သြားမယ္ လို႔ ေျပာဆိုထားပါတယ္။ vFree Burma Rangers အဖြဲ႕ဟာ ျမန္မာႏိုင္ငံက လက္နက္ကိုင္ပဋိပကၡျဖစ္ပြားရာ ေဒသေတြမွာ လူသားခ်င္းစာနာမႈ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတာ ၂၇ ႏွစ္ရွိသြားပါၿပီ။ Free Burma Rangers အဖြဲ႕ ခြဲ ၁ဝဝ ေက်ာ္ သင္တန္းပို႔ခ်ၿပီးျဖစ္သလို၊ ရခိုင္ျပည္နယ္မွာလည္း အဖြဲ႕ခြဲေပါင္း ၃ဝ ေက်ာ္ ရွိပါတယ္။ အခုလို ကပ္ေဘးကာ လမွာ ေနထိုင္မေကာင္းျဖစ္သူေတြ အထူးသျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္တဲ့သူေတြအတြက္ က်န္းမာေရး ေစာင့္ ေရွာက္မႈေပးႏိုင္ေအာင္လည္း အစိုးရက ေဆာင္႐ြက္ေပးေစခ်င္တယ္လို႔ Free Burma Rangers အဖြဲ႕က ေျပာဆို ခဲ့ပါတယ္။ https://www.rfa.org/burmese/news/Free-Burma-Rangers-calls-to-end-fighting-in-

**************

၂၁။ မတူကြဲျပားမ်ိဳးႏြယ္မ်ား၏ ျပႆနာကို ေျဖရွင္းႏိုင္ရန္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဝင္ၿပိဳင္ရျခင္းျဖစ္ဟု ကမန္အမ်ိဳးသား တိုးတက္ေရးပါတီဆို
October 14, 2020

၂၀၂၀ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းသည္ ရခိုင္ျပည္နယ္အတြင္းက မတူကြဲျပားမ်ိဳးႏြယ္စု မ်ား၏ ျပႆနာကို သဟဇတျဖစ္ေစရန္ တစ္ဖက္တစ္လမ္းမွ ပါဝင္ေျဖရွင္းႏိုင္ရန္အတြက္ ျဖစ္ေၾကာင္း ကမန္အမ်ိဳးသားတိုး တက္ေရးပါတီမွ ေထြေထြအတြင္းေရးမွဴး ဦးတင္လႈိင္ဝင္းက ေျပာသည္။ “ကမန္အမ်ိဳးသားတိုးတက္ေရးပါတီအေနနဲ႔ သံတြဲၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကေသာ္လည္းေကာင္း၊ ျပည္နယ္လႊတ္ေတာ္က ေသာ္လည္းေကာင္း အႏိုင္ရခဲ့လို႔ရွိရင္ ရခိုင္ျပည္နယ္မွာ ႀကဳံေတြ႔ေနရတဲ့ မတူကြဲျပားတဲ့ လူမ်ိဳးစုေတြ၊ ႏိုင္ငံေရးအက်ပ္အတည္းေတြကို ေျဖရွင္းလိုစိတ္၊ ေဆာင္႐ြက္ လိုစိတ္ က်ေနာ္တို႔ ကမန္မွာလည္း တာဝန္ရွိတယ္လို႔ ခံယူတဲ့အတြက္ေၾကာင့္ ရခိုင္ျပည္နယ္ရဲ႕ အက်ပ္အတည္းကို ပါဝင္ပူး ေပါင္းေျဖရွင္းရမယ္ဆိုတဲ့ အသိနဲ႔ ေဒသခံေတြက တာဝန္ေပးလာလို႔ ေအာင္ႏိုင္မႈမ်ိဳးသာရွိမယ္ဆိုရင္ ဒီတာဝန္ကိုထမ္း ေဆာင္ သြား မယ္ဆိုၿပီး ေ႐ြးေကာက္ပြဲ ဝင္ေရာက္ျခင္းျဖစ္ပါတယ္။”ဟု ဦးတင္လႈိင္ဝင္းက ေျပာသည္။

လက္ရွိတြင္ ပါတီအေနျဖင့္ ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္အတြင္းမွ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္(၁)ေနရာႏွင့္ ျပည္သူ႔လႊတ္ေတာ္တစ္ေနရာ အျပင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ တာေမြၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)၊ မရမ္းကုန္းၿမိဳ႕နယ္ ႏွင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္မွ မဲဆႏၵနယ္ အမွတ္ (၁) တို႔တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေနရာစီ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီသည္ ၿပီးခဲ့သည့္ ၁၉၉၀၊ ၂၀၁၀ ႏွင့္ ၂၀၁၅ ခုႏွစ္တို႔တြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ႏွင့္ ရမ္းၿဗဲၿမိဳ႕နယ္ မဲဆႏၵနယ္မ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ ေငြေၾကး အခက္ခဲ အရ မဲဆႏၵနယ္ေလွ်ာ့ခ်ခဲ့ရ ေၾကာင္း ဆိုသည္။

ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ သံတြဲၿမိဳ႕နယ္တြင္ ကမန္တိုင္းရင္းသား တစ္ေသာင္း ေက်ာ္ရွိၿပီး ကမန္လူမ်ိဳး မ်ားအေနျဖင့္ ပါတီအားမဲေပးမည္ဆိုပါက အႏိုင္ရရွိႏိုင္ေၾကာင္း အေထြေထြအတြင္းေရးမွဴး ဦးတင္လႈိင္ဝင္းက ေျပာသည္။ ၿပီးခဲ့သည္ ၂၀၁၈ ခုႏွစ္ က တကၠသိုလ္ဝင္စာေမးပြဲစစ္ေဆးရာတြင္လည္း သံတြဲၿမိဳ႕နယ္မွ ကမန္ေက်ာင္းသားမ်ားအား “ဘဂၤလီ”ေက်ာင္းသား မ်ားဟုဆိုကာ ပညာေရးဌာနမွ စာရင္းထုတ္ျပန္ၿပီး သီးျခားစာေမးပြဲေျဖဆိုခိုင္းခဲ့ျခင္းမ်ားလည္း ရွိခဲ့ေၾကာင္း ကမန္လူမ်ိဳးမ်ား က ေျပာသည္။ ထိုသို႔ ခြဲျခားဆက္ဆံမႈမ်ိဳးမရွိေစခ်င္သည့္အျပင္ လမ္းပန္းဆက္သြယ္ေရး၊မီးလင္းေရးတို႔တြင္လည္း တန္းတူ ညီမွ်ျဖစ္ေစခ်င္ေၾကာင္း ကမန္အမ်ိဳးသားပါတီအား ဝန္းရံေထာက္ခံသူ မေဆာင္းႏွင္းေဝက ဆိုသည္။

ကမန္လူမ်ိဳးမ်ားသည္ အစၥလာမ္ဘာသာအား ကိုးကြယ္ၾကေသာ္လည္း ရခိုင္မ်ိဳးႏြယ္စုဝင္ တိုင္းရင္းသား လူမ်ိဳးစုတစ္ခုလည္း ျဖစ္သည္။ ရခိုင္ျပည္ နယ္ စစ္ေတြ၊ ရမ္းၿဗဲႏွင့္ သံတြဲၿမိဳ႕နယ္တို႔တြင္ အမ်ားစုေနထိုင္ၾကၿပီး တခ်ိဳ႕မွာ ၂၀၁၂ ခုႏွစ္ အေရး အခင္းေနာက္ပိုင္းတြင္ ရမ္းၿဗဲၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္သူမ်ားလည္း ရွိေၾကာင္း သိရသည္။ http://www .mizzimaburmese.c om/article/74452

***************

၂၂။ ေတာင္ကုတ္ NLD အမတ္ေလာင္းေတြရဲ႕ အသက္အႏၲရာယ္ မိသားစုဝင္ေတြစိုးရိမ္
October 15, 2020

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္က NLD ကိုယ္စားလွယ္ေလာင္းေတြကို ဖမ္းထားတာ ၁ ရက္ေက်ာ္ၾကာလာၿပီျဖစ္ေပမယ့္ ဘာသတင္းမွမၾကားေသးတာေၾကာင့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အသက္အႏၲရာယ္ကို မိသားစုေတြက စိုးရိမ္ေနၾကပါ တယ္။ အဖမ္းမခံရဘဲ လြတ္လာသူေတြက AA ဘက္က ဖမ္းသြားတာလို႔ေျပာေပမယ့္ ရခိုင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ ရွိသူကေတာ့ ဒီကိစၥကို ဘာသတင္းမွ မရေသးဘူးလို႔ေျပာပါတယ္။ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚနီနီေမျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာ နဲ႔ ျပည္နယ္လႊတ္ ေတာ္အတြက္ ယွဥ္ၿပိဳင္မယ့္ ဦးမင္းေအာင္တို႔ သုံးဦးကို မဲဆြယ္သြားေနတုန္း ေတာင္ကုတ္ၿမိဳ႕နယ္ ေဖာင္းခါးေက်း႐ြာမွာ လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕က ႐ိုက္ႏွက္ဖမ္းဆီးသြားတာပါ။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာရဲ႕ မိခင္ျဖစ္သူ ေဒၚမယ္သီက သမီးျဖစ္သူရဲ႕ အသက္ အႏၲရာယ္ စိုးရိမ္ေနတယ္လို႔ RFA ကိုေျပာပါတယ္။ “အေမႀကီးက သမီးပဲအားကိုးရတယ္ေလ။ အားကိုးရၿပီး သူလုပ္ခ်င္တာ ကို ခြင့္ျပဳထားတာ။ အခုလို အခက္အခဲျဖစ္လာေတာ့လည္း အားကိုးစရာမရွိဘူးေပါ့။ လူႀကီး သူႀကီးေတြကိုလည္း အန္တီ ေတာင္းပန္ပါတယ္။ ပါတီက သမီးနဲ႔ ကေလးႏွစ္ေယာက္ကိုလည္း အျမန္ဆုံးလြတ္ေစခ်င္တယ္။ အခုဖမ္းဆီးသြားတဲ့ အဖြဲ႕က ကေလးေတြကိုလည္း ေတာင္းပန္ပါတယ္။ ညီအကိုေမာင္ႏွမေတြလို သေဘာထားၿပီး ဒီကေလးေတြကို အျမန္ဆုံးျပန္လႊတ္ ေပးပါလို႔ ေတာင္းပန္ခ်င္ပါတယ္” ေဒၚနီနီေမျမင့္ရဲ႕ခင္ပြန္း ျဖစ္သူ ကိုလင္းႏိုင္ကေတာ့ ဇနီးရဲ႕ သတင္း ခုထိဘာမွ မသိရေသး တာေၾကာင့္ စိုးရိမ္ေနတယ္လို႔ေျပာပါတယ္။

ျပည္နယ္လႊတ္ေတာ္အတြက္ ယွဥ္ၿပိဳင္မယ့္ ဦးမင္းေအာင္ရဲ႕ ဇနီးျဖစ္သူ ေဒၚျမတ္ဝတ္ရည္ကေတာ့ ေနထိုင္မေကာင္းတာ ေၾကာင့္ RFA ကို ေျဖဆိုႏိုင္ျခင္းမရွိပါဘူး။ ဒီကိုယ္စားလွယ္ေလာင္းေတြ အဖမ္းခံရတဲ့စဥ္ အတူရွိေနတဲ့ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းရဲ႕ ကိုယ္စားလွယ္နဲ႔ NLD ပါတီဝန္းရံသူေတြျဖစ္တဲ့ မေအးေအးႏိုင္၊ ကိုသန႔္ဇင္ၿဖိဳးတို႔ သုံးဦး ျပန္လြတ္ လာပါတယ္။ ျပန္လြတ္လာတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ မခ်စ္ခ်စ္ေခ်ာရဲ႕ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ကိုယ္စား လွယ္ေလာင္း မေအးေအးႏိုင္ ကလည္း သူတို႔သုံးေယာက္လုံးကို အျမန္ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ ျပန္လြတ္လာတဲ့ သူေတြကို မေန႔က ေတာင္ကုတ္ၿမိဳ႕နယ္ ရဲစခန္းမွာ ရဲစစ္ခ်က္ရယူခဲ့ပါတယ္။ ေတာင္ကုတ္ၿမိဳ႕ နယ္ ရဲစခန္းမႉးကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ အစည္းအေဝးတက္ေနလို႔ဆိုၿပီး ေျဖဖို႔ ျငင္းဆန္ပါတယ္။ ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ အေရးေပၚ သတင္းစာရွင္းလင္းပြဲအတြင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကို ဒီကိစၥနဲ႔ပတ္သက္လို႔ သတင္းေထာက္ ေတြက ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ဒီကိစၥကို မေျပာဖို႔ ႏိုင္ငံေတာ္အႀကီးအကဲေတြက မွာထား တယ္လို႔ တုံ႔ျပန္ပါတယ္။ https://www.rfa.org/burmese/news/family-members-of-three-NLD-candidates-abduct ed-in-Rakhine-10152020105102.html

**************

၂၃။ ဖားကန႔္တြင္ ၂၀၂၀ ခုႏွစ္ မဲေပးမည့္စာရင္းသည္ ၂၀၁၅ ခုႏွစ္စာရင္းထက္ လူဦးေရ ထက္ဝက္ခန႔္တိုး
15 October 2020

ဖားကန႔္ၿမိဳ႕နယ္တြင္ ၂၀၂၀ ေ႐ြးေကာက္ပြဲ၌ မဲေပးႏိုင္မည့္ လူဦးေရသည္ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ လူဦးေရ ထက္ဝက္ခန႔္ တိုးလာေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံမွ သိရသည္။

လြန္ခဲ့သည့္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဖားကန႔္ၿမိဳ႕နယ္တစ္ခုလုံး မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ ၈၉၄၈၈ ရွိခဲ့ေသာ္ လည္း လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵရွင္ဦးေရ ၁သိန္း ၈ေသာင္းေက်ာ္ရွိၿပီျဖစ္ေၾကာင္း ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ အရာရွိ ဦးေအာင္ေက်ာ္သူ က ေျပာသည္။“ေလာေလာဆယ္ က်ေနာ္တို႔စာရင္းေတာ့မပိတ္ေသးဘူး။ သို႔ေသာ္ျငားလည္း ဘယ္လိုအေျခေနရွိလဲဆိုေတာ့ တစ္ခ်ိဳ႕မဲဆႏၵရွင္ေတြက မဲစာရင္းကိုသြားမၾကည့္ၾကဘူး။ အဲလိုသြားမၾကည့္ၾကေတာ့ မဲ စာရင္းမွာပါမွန္းမသိ မပါမွန္းမသိ အဲေတာ့ ျပန္ျပန္ၿပီးေလွ်ာက္ခဲ့တာေတြရွိတယ္။ အဲေၾကာင့္ တစ္ခ်ိဳ႕မဲစာရင္းေတြက ထပ္ တယ္။ အဲေတာ့ က်ေနာ္တို႔က မဲစာရင္းကိုျပန္စစ္ မဲစာရင္းမွာမပါဘူး။ ေသခ်ာၿပီ ေ႐ြးေကာက္ပြဲ ဥပေဒျပဌာန္းခ်က္နဲ႔ ကိုက္ညီ ၿပီဆိုမွ မဲစာရင္းထဲကိုထည့္မယ္။ အဲေတာ့ ခုစီစစ္ဆဲကာလျဖစ္တဲ့အတြက္ တိတိက်က်ေတာ့ မသိရေသးပါဘူး။ ေလာေလာ ဆယ္ေတာ့ အၾကမ္းအားျဖင့္ေတာ့ ၁သိန္း ၈ေသာင္းေက်ာ္ရွိတယ္။” ဟု ဖားကန႔္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အရာရွိ ဦးေအာင္ေက်ာ္သူကေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္တြင္ မဲစာရင္းထက္ဝက္ခန႔္တိုးလာျခင္းနဲ႔ပတ္သက္ၿပီး ကခ်င္အမ်ိဳးသားကြန္ကရက္ပါတီ KNC မွ ျပည္နယ္ လႊတ္ေတာ္ ကိုယ္သားလွယ္ေလာင္း ဦး ဂ်န္မာေနာင္လတ္ က ယခုလိုသုံးသပ္ေျပာဆိုသည္။“ဖားကန႔္မွာ မဲထည့္ခြင့္ရွိသည့္ ဌာေနလူထုေတြက က်ေနာ္သိရသေလာက္ ၃ေသာင္းေလာက္ဘဲရွိတယ္။ ဒီေ႐ႊ႕ေျပာင္းကိစၥက ႀကံံ့ခိုင္ေရးအစိုးရက ၂၀၂၀ လုပ္လာတယ္။ အဲဒါကို NLD ကလည္း အလိုက္သိ သူတို႔မဲရဖို႔ က်ေနာ္တို႔ KNC ေတြ ဒီေလာက္ထိကန႔္ကြက္ ေနတဲ့ၾကား ထဲကကို အတည္ျပဳျဖစ္ေအာင္ျပဳေပးတယ္။ ဆိုေတာ့ ႏိုင္ငံေရးအရ ဝင္ေရာက္စြက္ဖက္ျခင္း ခံေနရတယ္ေလ။ တိုင္းရင္း ေဒသမွာ ဒီေ႐ႊ႕ေျပာင္းက လုံးဝမျဖစ္သင့္တဲ့ကိစၥပါ။”ဟု ကခ်င္အမ်ိဳးသားကြန္ကရက္ပါတီမွ ကိုယ္စားလွယ္ေလာင္း ဦးဂ်န္မာေနာင္လတ္ ကေျပာသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံသားမ်ား မဲေပးပိုင္ခြင့္မဆုံးရႈံးေစရန္ မိမိေရာက္ရာေဒသတြင္ ရက္ေပါင္း ၁၈၀ ေနထိုင္သူ သည္ မဲေပးႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္ခဲ့ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္မူ ရက္ေပါင္း ၉၀ သို႔ ေလွ်ာ့ခ်လိုက္သည့္အတြက္ တိုင္းရင္းသားေဒသမ်ားတြင္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ပတ္သက္ၿပီး ကန႔္ကြက္မူမ်ားရွိခဲ့ သည္။ ဖားကန႔္ၿမိဳ႕နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီမ်ားသည္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ(KSPP)၊ ကခ်င္အမ်ိဳးသား ကြန္ကရက္ပါတီ(KNC)၊ ညီၫႊြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ျပည္ေထာင္စုႀကံံံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (USDP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)၊ တိုင္းလိုင္ရွမ္းနီအမ်ိဳးသားမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ(TNDP) စသည့္ ပါတီ ၆ ပါတီႏွင့္ တစ္သီးပုဂၢလ တစ္ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သက္ဆိုင္ရာဌာန မွ သိရသည္။ https://burmese.kachinnews.com/2020/10/15/l2-9/

***************

၂၄။ ေျမာက္ဦးတြင္ FDA ဝန္ထမ္း ၁ ဦး ဖမ္းဆီးခံရ
15 October 2020

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန FDA မွ ဝန္ထမ္း ၁ ဦးမွာ ေအာက္တို ဘာလ ၁၄ ရက္ ည ၉ နာရီေက်ာ္အခ်ိန္ခန႔္က ၿမိဳ႕ဝင္ကားဂိတ္၊ ေငြေတာင္ေပါက္တံတားတြင္ ဖမ္းဆီးခံခဲ့ရေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။

ဖမ္းဆီးခံရသူမွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ကိုဦးေက်ာ္တင္ျဖစ္ၿပီး ၎မွာ ေျမာက္ဦး ကားဂိတ္ဘက္မွ ၎ေနထိုင္ရာ လက္ေကာင္ေဈးရပ္ကြက္သို႔ ဆိုင္ကယ္ျဖင့္ လာေရာက္စဥ္ လမ္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း၊ ၎သည္ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ ဇာတိ ျဖစ္ၿပီး FDA ႐ုံးတြင္ စာေရးအျဖစ္ တာဝန္ထမ္းေဆာင္ေနသည္မွာ ၃ ႏွစ္ခန႔္ ရွိၿပီ ျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။ ဖမ္းဆီးခံရသူ၏ ဖခင္ျဖစ္သူ ဦးေမာင္သန္းေ႐ႊက “မေန႔ည ၉ နာရီ ေက်ာ္မွာ ကားဂိတ္ကေန ဆိုင္ကယ္နဲ႔ တဦးတည္း ျပန္လာတဲ့အခါ တံတားနားမွာ ရဲတပ္ဖြဲ႕က ဖမ္းသြားတာ။ သူက အုတ္ဖိုကန္အနီး က FDA ႐ုံးမွာ စာေရးအျဖစ္ တာဝန္က်ေနတာ ” ဟု ေျပာသည္။ ၎ႏွင့္ ေဆြမ်ိဳးေတာ္သူတဦးျဖစ္သည့္ အုတ္ဖိုကံေက်း႐ြာ ေန ေဒၚမေသာင္းေဌးက “ သူ႔မွာ ဝန္ထမ္း အေထာက္အထား ကဒ္ေတြ အစုံရွိတယ္။ FDA တာဝန္ရွိ အထက္လူႀကီးေတြကို လည္း တိုင္ၾကားထားတယ္။ သူ႔တို႔ကလည္း ရဲစခန္းကို ဆက္သြယ္ထားၿပီးေတာ့ ေထာက္ခံထားတယ္။ ေနာက္ၿပီး ေက်း႐ြာ လူႀကီးေတြကလည္း ေထာက္ခံထားတာ ရွိတယ္ ” ဟု ေျပာသည္။

ကိုဦးေက်ာ္တင္ကို လက္ရွိတြင္ ေျမာက္ဦးၿမိဳ႕မ ရဲစခန္းတြင္ ထိန္းသိမ္းထားၿပီး မည့္သည့္ ပုဒ္မႏွင့္ အေရးယူမည္ကို မသိရ ေသးေၾကာင္း ဖခင္ျဖစ္သူက ေျပာသည္။ ၎က “ ဒီေန႔ ရဲစခန္းကို သြားေတာ့ အခ်ဳပ္ထဲမွာ သားကို ေတြ႕ခဲ့တယ္။ ရဲဘက္ ကေတာ့ သူ႔ကိုခ်ဳပ္ထားအုံးမယ္လို႔ ေျပာတယ္။ ဘာေၾကာင့္ဖမ္းတယ္။ ပုဒ္ပုဒ္မနဲ႔အေရးယူမယ္ ဆိုတာကိုေတာ့ မေျပာဘူး။ သားကို ေမးျမန္းဖို႔ႀကိဳးစားလည္း မရခဲ့ဘူး ” ဟု ဆိုသည္။ ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားခဲ့ေသာ စစ္ပြဲကာလအတြင္း လုံၿခဳံေရး တပ္ဖြဲ႔ဝင္မ်ားထံ အရပ္သားမ်ား ဖမ္းဆီးခံရမႈမ်ားရွိကာ စစ္ေဆးေရးကာလအတြင္း ေသဆုံးမႈမ်ား ရွိသည့္အတြက္ ၎ အတြက္ အလြန္စိုးရိမ္မိေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။ ေျမာက္ဦးၿမိဳ႕နယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က အရပ္သားမ်ားကို သံသယႏွင့္ ဖမ္းဆီးရာတြင္ ဥပေဒလုပ္ထုံးႏွင့္ အညီေဆာင္႐ြက္သင့္ေၾကာင္း ေထာက္ျပ သည္။ ဦးထြန္းသာစိန္က “ အရပ္သားျပည္သူေတြ ဖမ္းခံရတဲ့ အေပၚမွာ က်ေနာ္တို႔လည္း စိုးရိမ္မႈ ျမင့္တက္ေနတယ္။ ေဒသခံ ေတြကို သံသယနဲ႔ ဖမ္းဆီးရင္လည္း တရားဥပေဒ ေဘာင္အတြင္းက အလုပ္ပဲ လုပ္ေစခ်င္တယ္ ” ဟု ဆိုသည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဧရာဝတီမွ ေျမာက္ဦးၿမိဳ႕မရဲစခန္း စခန္းမွဴးကို ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ဆက္သြယ္၍ မရွိခဲ့ပါ။ https://burma.irrawaddy.co m/news/2020/10/15/231718.html

***************

၂၅။ မူဆယ္ၿမိဳ႕နယ္ မိုင္ယု ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဇုန္တြင္ ေဖာက္ခြဲေရးသုံး ပစၥည္းျဖစ္သည့္ Remote Mine Receiver မ်ား ဖမ္းဆီးရမိ
15 October 2020

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ မိုင္ယု ၁၀၅ မိုင္ နယ္စပ္ကုန္သြယ္ေရးဇုန္တြင္ ေအာက္တိုဘာ ၁၄ ရက္ မြန္းလြဲ ၂ နာရီခန႔္က ေဖာက္ခြဲေရးသုံး ပစၥည္းျဖစ္သည့္ Remote Mine Receiver မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရရွိမႈျဖစ္စဥ္မွာ ယာဥ္အမွတ္ SHN-1G/—– ဖူဆိုအျဖဴေရာင္ ၁၂ ဘီး ကုန္တင္ယာဥ္သည္ မိုင္ယု ၁၀၅ မိုင္ နယ္စပ္ ကုန္သြယ္ေရး ဇုန္အတြင္း သြင္းကုန္ထုတ္ကုန္ဌာနတြင္ အစစ္ေဆးခံရန္ ေရာက္ရွိလာခဲ့ရာမွ နမူနာ စစ္ေဆးရန္ ကားေပၚရွိ အမ်ိဳးသားဝတ္ အတြင္းခံ ေဘာင္းဘီတိုမ်ား ထည့္ထားသည့္ ဂ်က္ဖာကိုယူ၍ နမူနာစစ္ေဆးရာမွ ဂ်က္ဖာအတြင္း ၀ိုင္ယာႀကိဳးႏွင့္ ေဆာ့ကက္မ်ား သိုဝွက္သယ္ေဆာင္လာသည္ကို ေတြ႕ရွိခဲ့ရာမွ ပူးေပါင္းအဖြဲ႕မ်ားက စစ္ေဆးရာ ေဘာင္ဘီ တို ဘူးမ်ားအတြင္း Remote Mine Receiver မ်ား စုစုေပါင္း ၁၇၀၀ ခုကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေတြ႕ရွိမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာဌာနမ်ားက လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လုပ္ေဆာင္‌ေနၿပီး ေတြ႕ရွိဖမ္းဆီး ရခဲ့သူ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္ႏွင့္ ေအးဂ်င့္ တို႔ကို ေအာက္တိုဘာ ၁၄ ရက္ ည ၇ နာရီ ေက်ာ္ခန႔္က မူဆယ္ၿမိဳ႕မ ရဲစခန္းသို႔ ေခၚေဆာင္လာၿပီး စတင္စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနကာ ဥပေဒအရ အေရးယူႏိုင္ရန္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းမႈကို ဌာနဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။ https://news-eleven.com/article/195578

**************

၂၆။ ကိုဗစ္ကာလ လုံၿခဳံစြာ မဲေပးႏိုင္ေရး အသိပညာေပးလႈပ္ရွားမႈ လူငယ္မ်ားျပဳလုပ္
13 October 2020

လာမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္သူမ်ား ေဘးကင္းလုံၿခဳံစြာ မဲေပးႏိုင္ေရးႏွင့္ မဲစာရင္းကိုလည္းေနာက္ဆုံး အျမန္စစ္ေဆး ၾကဖို႔တိုက္တြန္းေသာ လူငယ္အဖြဲ႕မ်ားက စက္ဘီးစီးလႈပ္ရွားမႈအစီစဥ္ကို ျမစ္ႀကီးနား ၿမိဳ႕နယ္တြင္ ျပဳလုပ္ခဲ့ၾကသည္။ ကခ်င္ျပည္နယ္လူငယ္ေရးရာေကာ္မတီအဖြဲ႕ႏွင့္ We Generation လူငယ္အဖြဲ႕တို႔ ပူးေပါင္းဦးေဆာင္ၿပီး ေအာက္တိုဘာလ ၁၁ ရက္ေန႔ မနက္ လူငယ္အေယာက္ ၃၀ ခန႔္က ျမစ္ႀကီးနားစီတာပူရပ္ကြက္မွ အာလမ္ေက်း႐ြာအထိ စက္ဘီးစီးကာ လမ္းတစ္ေလွ်ာက္ ပညာေပးစာေစာင္မ်ား ကပ္ခဲ့သည္။

“ၿမိဳ႕နယ္ျပည္သူမ်ားအေနနဲ႔ကိုယ့္ရဲ႕နာမည္ မဲဆႏၵရွင္စာရင္းထဲမွာ ပါမပါ သြားေရာက္စစ္ေဆးၾကဖို႔ႏွင့္ ေနာက္တစ္ခုက ခုခ်ိန္က ကိုဗစ္ကာလျဖစ္တယ္။ ဒီကာလမွာ ေဘးကင္းလုံၿခဳံစြာမဲေပးႏိုင္ဖို႔ ကြၽန္မတို႔ရည္႐ြယ္ပါတယ္။”ဟု ကခ်င္ျပည္နယ္ လူငယ္ေရးရာ ျမစ္ႀကီးနားခ႐ိုင္တြဲဖက္အတြင္းေရးမွဴး မဆိုင္းဆန႔္ က ေျပာသည္။ Covid ကာလ ျပည္သူမ်ားအေနျဖင့္ မပ်က္မကြက္ဘဲ ေဘးကင္းလုံၿခဳံစြာ မဲေပးၾကဖို႔ လက္ကမ္းစာေစာင္မ်ားကို အမ်ားေတြ႕ျမင္ႏိုင္ေသာေနရာမ်ားတြင္ လိုက္ ကပ္ခဲ့ၾကသည္။“ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲေပးၾကဖို႔ ျပည္သူအားလုံးမွာတာဝန္ရွိတယ္။ အေရးႀကီးတယ္။ ကိုဗစ္ကာလ လည္းျဖစ္တယ္။ ေ႐ြးေကာက္ပြဲလည္းေရာက္လာၿပီဆိုေတာ့ မဲသြားေပးတဲ့ခ်ိန္မွာ က်န္းမာေရးႏွင့္ပတ္သက္ၿပီး ဘယ္လိုမ်ိဳး ေတြ သြားေရာက္ေပးသင့္တယ္ဆိုတဲ့အရာေတြ လိုက္လံအသိေပးတဲ့အရာမို႔ ပါဝင္ရျခင္းျဖစ္တယ္။”ဟု လႈပ္ရွားမႈတြင္ ပါဝင္ သူလူငယ္ တစ္ဦး ေျပာသည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒေအာက္ ေပါက္ထြက္လာေသာ တတိယအႀကိမ္ အေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပေတာ့မည္ျဖစ္သည္။ https://burmese.kachinnews.com/2020/10/13/l2-8/

**************

၂၇။ လြိဳင္ေကာ္ အေဝးေျပးစခန္းမွ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ားအား ဆန္ႏွင့္ဆီ ေထာက္ပံ့
October 15, 2020

ကယားျပည္နယ္သို႔ ဝင္ထြက္ သြားလာေနသည့္ ယာဥ္လိုင္းမ်ားရပ္နားထားသျဖင့္ လြိဳင္ေကာ္ အေဝးေျပး ယာဥ္ရပ္နား စခန္းမွ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္အပါအဝင္ လူေပါင္း ၇၀၀ ခန႔္အားကယားျပည္နယ္ ပုဂၢလိက ေမာ္ေတာ္ယာဥ္ လုပ္ငန္းမ်ား စနစ္တက် ႀကီးၾကပ္ေရး ေကာ္မတီမွ ဆန္ႏွင့္ ဆီမ်ားကို ေအာက္တိုဘာ ၁၅ ရက္ေန႔က တတိယအႀကိမ္အျဖစ္ ေထာက္ပံ့ေပးခဲ့သည္။

ယာဥ္လိုင္းမ်ား ရပ္နားထားသည့္ အတြက္ စားဝတ္ေနေရးအခက္ျဖစ္ေနသည့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ႏွင့္ ကားဝင္း အတြင္းရွိ ႐ုံးဝန္ထမ္းမ်ားအား တစ္ဦးလွ်င္ ဆန္ ၁၂ ျပည္၊ ဆီတစ္ပိသာႏႈန္းျဖင့္ ကူညီေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း ကယား ျပည္နယ္ ပုဂၢလိက ေမာ္ေတာ္ယာဥ္လုပ္ငန္းမ်ား စနစ္တက် ႀကီးၾကပ္ေရး ေကာ္မတီ အမႈေဆာင္အဖြဲ႔ ဥကၠဌ ဦးစံေအး က ေျပာသည္။ “ ၁၂ ရက္ေန႔ကေန ဒီေန႔ အထိ ၁ လနဲ႔ ၃ ရက္ျဖစ္သြားၿပီးေပါ့ ။ က်ေနာ္တို႔ ယာဥ္ေမာင္း၊ ယာဥ္ ေနာက္လိုက္ ေတြလည္း ဒီလုပ္ငန္း တခုကိုသာ ဦးတည္လုပ္ေနတာ ဒီလုပ္ငန္း မလုပ္တဲ့ အခါက်ေတာ့ စားဝတ္ေနေရး ခက္ခဲတဲ့ အတြက္ေၾကာင့္မလို႔ က်ေနာ္တို႔ ေကာ္မီတီေတြက ဆင့္ကဲ အစည္းအေဝးထိုင္ၿပီးေတာ့ ဒါေပးသင့္တယ္၊ ဒီထက္ၾကာရင္ လည္း ထပ္ေပးဖို႔ က်ေနာ္တို႔ စီမံ ေဆာင္႐ြက္ထားတာရွိတယ္ ”ဟု ေျပာသည္။

“ က်ေနာ္တို႔ ကိုဗစ္ ကင္းစင္တဲ့ ျပည္နယ္ျဖစ္တဲ့ အေလ်ာက္ ဒီလိုကင္းစင္ေအာင္ ေနႏိုင္ဖို႔အတြက္ က်ေနာ္တို႔ ယာဥ္ ေမာင္း၊ ယာဥ္ေနာက္လိုက္ အားလုံးနဲ႔ က်ေနာ္တို႔ ထိန္းခ်ဳပ္ႏိုင္တယ္ ဆိုတာကို က်ေနာ္တို႔ ျပည္နယ္ ကိုယ္စား ေကာ္မတီ အေနနဲ႔မ်ားစြာ ဂုဏ္ယူပါတယ္”ဟု ဦးစံေအးက ရွင္းျပသည္။ ကယားျပည္နယ္သို႔ ဝင္ထြက္သြားလာေနသည့္ ခရီးသည္တင္ ယဥ္လိုင္း အားလုံးကို စက္တင္ဘာ ၁၂ ရက္မွ စတင္၍ ယေန႔အထိ ရပ္ဆိုင္းထားရန္ ျပည္နယ္ အစိုးရမွ ၫႊန္ၾကားျခင္းျဖစ္ ကာ ကယားျပည္နယ္တြင္ ယာဥ္လိုင္းေပါင္း ၇၀ နီးပါရွိေၾကာင္း သိရသည္။ ကယားျပည္နယ္သည္ ယေန႔အထိ ျမန္မာႏိုင္ငံ တြင္ ကိုဗစ္ေရာဂါ ကင္းစင္းေနသည့္ တစ္ခုတည္းေသာ ျပည္နယ္အျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး ျပည္နယ္အတြင္း အဝင္ အထြက္ ေစာင့္ၾကည့္ေနသည့္ ဂိတ္မ်ားကိုလည္း အထူး ၾကပ္မတ္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။ http://www. mizzimaburmese.com/article/74530

**************

၂၈။ ဘူးသီေတာင္ၿမိဳ႕ေပၚရွိ NLD ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ၅ ခုဖ်က္ဆီးခံရ
October 16, 2020

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ေပၚတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီက ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး အတြက္ စိုက္ထူထားသည့္ ဆိုင္းဘုတ္အခု ၄၀ ရွိသည့္အနက္ ၅ ခုမွာ ဖ်က္ဆီးခံလိုက္ရေၾကာင္း ယင္းပါတီထံမွသိရသည္။

ဆိုင္းဘုတ္မ်ား ဖ်က္ဆီးခံရသည္မွာ သုံးႀကိမ္ရွိၿပီျဖစ္ၿပီး ဖ်က္ဆီးသူမ်ားအား အေရးယူႏိုင္ရန္ ဘူးသီးေတာင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္၏ NLD ပါတီအတြင္းေရးမႉး ဦးေအာင္ၿငိမ္းက DMG သို႔ ေျပာသည္။“ဖ်က္ဆီး ရတာ အခုတစ္ႀကိမ္နဲ႔ဆို ၃ ႀကိမ္ရွိၿပီ။ ေန႔စြဲေတြ မွတ္မရေတာ့ဘူး။ မေန႔က ၂ ခု ဖ်က္ဆီးခံ ရတယ္။ ေအာက္တိုဘာ ၁၅ မနက္မွာ သြားၾကည့္ေတာ့ ၅ ခုအထိပ်က္စီးေနတယ္”ဟု ၎ကဆိုသည္။ တပ္မေတာ္ႏွင့္ ေအေအတို႔တိုက္ပြဲမ်ားေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေက်း႐ြာအမ်ားစုတြင္ လူေနထိုင္ျခင္းမရွိသည့္အတြက္ ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္မ်ားကို ဘူးသီးေတာင္ၿမိဳ႕ေပၚ၌သာ ေထာင္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ေတာင္ကုတ္ႏွင့္ ရမ္းၿဗဲၿမိဳ႕နယ္တို႔တြင္လည္း ရခိုင္အမ်ိဳးသားပါတီ(ANP)၏ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ အခ်ိဳ႕ဖ်က္ ဆီးခံရမႈရွိခဲ့ၿပီး ေတာင္ကုတ္၊ ေျမပုံ၊ မာန္ေအာင္ႏွင့္ စစ္ေတြၿမိဳ႕နယ္တို႔တြင္လည္း NLD မွ စိုက္ထူထားသည့္ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္အနည္းဆုံး ၁၀ ခုခန႔္ ဖ်က္ဆီးခံထားရေၾကာင္း သက္ဆိုင္ရာပါတီမ်ားထံမွ သိရသည္။ ႏိုဝင္ဘာလ ၈ ရက္ေန႔ တြင္က်င္းပမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ ကာလကို စက္တင္ဘာလ ၈ ရက္ေန႔ နံနက္ ၆ နာရီမွ ႏိုဝင္ဘာလ ၆ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ထိ ရက္ေပါင္း ၆၀ ခြင့္ျပဳေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကျငာထားသည္။ https://www.bnionline.net/mm/news-76297

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 66 , October 16, 2020)

၁။ ကရင်ပါတီများနှင့် ကရင်ကိုယ်စားလှယ်လောင်းများကို တခဲနက် မဲပေးရန် KNU တိုက်တွန်း

၂။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ထုတ်ပြန်

၃။ ကရင်အမျိုးသားအလံတော်ကို အသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ် လောင်း အချို့လည်း အသုံးပြုမှုရှိနေ

၄။ “ဝ”အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများကြုံတွေ့နေရကြောင်း ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား

၅။ ကရင်ပါတီ(KNDP) ကို ကရင်လူငယ်ကွန်ရက် ဝန်းရံကူညီ

၆။ ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့် ဆုံးရှုံးမည့်အလားအလာများ မြင်တွေ့နေရပြီး ပဋိပက္ခများ ပိုမိုကြီးထွား လာခြင်း မဖြစ်ပေါ်စေရေး တပ်မတော်နှင့် RCSS တို့ အပစ်ရပ်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

၇။ သောင်းနှင့်ချီသော မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူများ ဘီလူးကျွန်းနှင့် ရေးမြို့နယ်တွင် လှည့်လည်အင်အားပြ

၈။ မူဆယ် SNDP စည်းရုံးရေး ဆိုင်းဘုတ်များဖျက်ဆီးခံရ

၉။ တောင်သူများအပေါ် ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်က လျှောက်ထားသည့်အမှု ပလပ်ခံရ

၁၀။ ကျေးရွာအုပ်စု ၇ စုကို မဲဆန္ဒနယ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော်ဥက္ကဌစာတင်

၁၁။ ရသေ့တောင်တွင် လက်နက်ကြီးကျ ရွာသား ၄ ဦး ဒဏ်ရာရ

၁၂။ ရေမဲပြဿနာဖြေရှင်းပေးနိုင်မည့်သူကိုသာ မဲထည့်မည်ဟု ဒေသခံမဲဆန္ဒရှင်များပြော

၁၃။ ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်

၁၄။ ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

၁၅။ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်သည့်အပေါ် ဥပဒေအတိုင်းအရေးယူပေးရန် ကန်ပက်လက် အရပ် ဘက်အဖွဲ့အစည်းများတောင်းဆို

၁၆။ စစ်တွေရောက် စစ်ဘေးဒုက္ခသည် သုံးဦးနဲ့ ရဟန်းတစ်ပါး အဖမ်းခံရ

၁၇။ ပလက်ဝမြို့ကို တပ်မတော်လုံခြုံရေးယူပြီး ဆန်အိတ်ပေါင်း ၁၇၀၀ ပို့ဆောင်ပေးနေပြီ

၁၈။ ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ

၁၉။ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်

၂၀။ ရခိုင်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ Free Burma Rangers အဖွဲ့တောင်းဆို

၂၁။ မတူကွဲပြားမျိုးနွယ်များ၏ ပြဿနာကို ဖြေရှင်းနိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရခြင်းဖြစ်ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီဆို

၂၂။ တောင်ကုတ် NLD အမတ်လောင်းတွေရဲ့ အသက်အန္တရာယ် မိသားစုဝင်တွေစိုးရိမ်

၂၃။ ဖားကန့်တွင် ၂၀၂၀ ခုနှစ် မဲပေးမည့်စာရင်းသည် ၂၀၁၅ ခုနှစ်စာရင်းထက် လူဦးရေ ထက်ဝက်ခန့်တိုး

၂၄။ မြောက်ဦးတွင် FDA ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံရ

၂၅။ မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိ

၂၆။ ကိုဗစ်ကာလ လုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေးလှုပ်ရှားမှု လူငယ်များပြုလုပ်

၂၇။ လွိုင်ကော် အဝေးပြေးစခန်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဆန်နှင့်ဆီ ထောက်ပံ့

၂၈။ ဘူးသီတောင်မြို့ပေါ်ရှိ NLD အောင်နိုင်ရေးဆိုင်းဘုတ် ၅ ခုဖျက်ဆီးခံရ

**************

၁။ ကရင်ပါတီများနှင့် ကရင်ကိုယ်စားလှယ်လောင်းများကို တခဲနက် မဲပေးရန် KNU တိုက်တွန်း
October 15, 2020

ကရင်အမျိုးသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပါတီများနှင့် ကရင်အမျိုးသားကိုယ်စားလှယ်လောင်းများကို တခဲနက် မဲပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNUက ယနေ့ (အောက်တိုဘာလ ၁၅ရက်)တွင် ထုတ်ပြန်သည့် တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကြေညာချက်တွင် တိုက်တွန်း လိုက်သည်။

ကရင်အမျိုးသားများ၏ မိမိကံကြမ္မာ ဖန်တီးရေးမှာ ကရင်အမျိုးသားအားလုံး မတူညီသည့် အခြေအနေအောက်တွင် ပါဝင် သွားရန် လိုအပ်ခြင်းကြောင့် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ကေအိုင်စီသို့ ယခုလို ပြောသည်။ ၎င်းက“ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရှိနေတယ်။ ၂၀၀၈ အောက်မှာ ရှိနေပါစေ ကိုယ့်အတွက် ပွင့်လာတဲ့ Space (နေရာ) လေးတစ်ခုကို ပါဝင်ပြီးတော့ ချဲ့ထွင်ဖို့လိုအပ်သလို ကျနော်တို့ ၂၀၀၈ ရဲ့ ပြင်ပမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ရရှိတဲ့ နိုင်ငံရေးဆွေး နွေးပွဲ တွေမှာ ကရင်တွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရည်တူ ကိစ္စတွေကို ကျနော်တို့ တွန်းတွန်းတိုက်တိုက်နဲ့ သူ့ထောင့် ကိုယ့်ထောင့် ပါဝင်ပြီးတော့ လုပ်သွားဖို့ လိုအပ်တယ်”ဟု ပြောသည်။

ကရင်တိုင်းရင်းသား အပါအဝင်တစ်နိုင်ငံလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မှုတွင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားနိုင်ရန် ကရင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကရင်အမျိုးသား ကိုယ်စားလှယ် များအနေဖြင့် နေရာတစ်ခုရရှိသွားပါက ဥပဒေ ပြုပြင်ပြောင်းလဲ ရေးဆွဲသည့်နေရာများတွင် ပါဝင်သွားရန်လည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။ ထို့အပြင် တခြားသောပါတီတွင် ရောက်ရှိနေကြသည့် ကရင်အမျိုးသား ကိုယ်စားလှယ် လောင်းများအနေဖြင့် လည်း ကရင်အမျိုးသားများ၏ ဘုံရည်မှန်းချက်အတိုင်း ပါဝင်နိုင်မည့် မိမိအခန်းကဏ္ဍများကိုလည်း မြင့်တင် သွားရန် လိုအပ်ကြောင်းလည်း KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ်က ဖြည့်စွက် တိုက်တွန်းသည်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍လည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာခြင်းနှင့် နိုင်ငံရေးဆွေးနွေးညှိ နှိုင်းမှုများတွင် အခြား သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်လာအောင် ပါဝင် ပတ်သက် သူများအားလုံး ကြိုးပမ်းသွားရန်လည်း KNU ၏ NCA (၅)နှစ်မြောက် နှစ်ပတ်လည်ထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။

ယနေ့ ကျရောက်သည့် NCA (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်တို့မှ သဝဏ်လွှာ များ အသီးသီးပေးပို့ ခဲ့ကြသလို အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအသီးသီး ကလည်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။ http://kicnews.org/2020/10/%e1%80%80%e1%8 0%9b%e1%80%84%e1%80%b9%e1%80%95%e1%8

***************

၂။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ထုတ်ပြန်
15 October 2020

ပြည်နယ်လေးခုရှိ ပေါင်းစည်း တိုင်းရင်းသားပါတီများနှင့်သာ လက်တွဲဆောင်ရွက်မှုရှိပြီး USDP ပါတီ၊ NLD ပါတီ အပါအဝင် တိုင်းဒေသကြီးအခြေစိုက် မည်သည့်ပါတီနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် နီးစပ်မှုရှိပြီး ငွေကြေးများပင် ရယူသုံးစွဲထားကြောင်း Online နှင့် မြေပြင်အခြေအနေတွင် စွပ်စွဲထုတ်လွှင့်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန် ရှင်းလင်းရခြင်း ဖြစ်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။ “အဓိက ကတော့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးနဲ့ နီးစပ်တယ်။ ငွေရေးကြေးရေး သုံးစွဲတယ်။ သူတို့နဲ့ မဟာမိတ်လုပ်တယ်ဆိုတဲ့ဟာမျိုး ပြောလာတော့ ကျွန်တော်တို့ လည်း မဟုတ်ဘူးဆိုတဲ့ဟာကို ရှင်းရှင်းလင်းလင်း ပြည်သူတွေကို ချပြတာဖြစ်ပါတယ်” ဟု ကွမ်ဂေါင်အောင်ခမ်းက ပြော ကြားသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်တိုင်းရင်းသားပါတီအချို့ ဖျက်သိမ်းပြီး ပေါင်းစည်းတည် ထောင်သည့် ပါတီဖြစ်ရာ KSPP ကဲ့သို့ ပြည်နယ်လေးခုရှိ ပေါင်းစည်းတိုင်းရင်းသားပါတီများနှင့်သာ လက်ရှိတွင် ပူးပေါင်း ဆောင်ရွက်မှုရှိကြောင်း KSPP ပါတီ ဒုဥက္ကဌ (၁) ဒေါ်ဒွဲဘူက ဆိုသည်။

KSPP ပါတီနည်းတူ ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်ပြည်နယ်ရှိ မွန်ညီညွတ်ရေးပါတီ၊ ချင်းပြည်နယ်ရှိ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယားပြည်နယ်ရှိ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီများသည် ပေါင်းစည်းတိုင်းရင်းသားပါတီများ ဖြစ်သည်။ “သူတို့လည်း ပူးပေါင်းထားတယ်။ ကျွန်မတို့လည်း ကချင်ပြည်နယ်မှာရှိတဲ့ ကချင်ပါတီတွေ ပူးပေါင်းထားတယ် ဆိုတဲ့အခါကျတော့ ကျွန်မတို့ တိုင်းရင်းသားတွေ အချင်းချင်းတော့ ချိတ်ဆက် လက်တွဲ မှု၊ ဆွေးနွေးတိုင်ပင်မှု ရှိပါတယ်။ သို့သော် USDP ပါတီတို့၊ NLD ပါတီတို့ နောက်တိုင်းမှာ အခြေစိုက်တဲ့ တစ်ခြားပါတီတို့၊ သူရဦးရွှေမန်းပါတီတို့၊ ပြည်သူ့ပါတီတို့ UDP ပါတီတို့ ဘယ်သူနဲ့မှ မဟာမိတ်မရှိပါဘူး။ အခုပြိုင်ဆိုင်တဲ့ နေရာမှာလည်း သူတို့နဲ့ အဓိက ပြိုင်ဆိုင်ရတာပါ” ဟု ဒေါ်ဒွဲဘူက ပြောကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် KSPP ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး ရေးပွဲများတွင် ပြည်သူလူထုက အဆိုပါကိစ္စရပ်များအပါအဝင် မေးမြန်းမှုများရှိသလို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က နောက်ခံပေးထားသည်ဆိုသော စွပ်စွဲမှုများလည်း ကြုံတွေ့ရသည်ဟု အဆိုပါ ပါတီဒုဥက္ကဋ္ဌ နှစ်ဦး ပြောကြားချက်အရ သိရသည်။ KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၏ ရုပ်ပုံများ၊ ပါတီပေါင်းစည်းမှုတွင် ပါဝင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦးခက်ထိန်နန်၏ ရုပ်ပုံများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်များ အသုံးပြု၍ Online တွင် လွှင့်တင်ဖော်ပြမှုများ ရှိသလို၊ ၎င်းတို့ တိုင်းရင်းသားပါတီကို မဲပေးလျှင် ပြည်ခိုင်ဖြိုး အာဏာရသွား မည်ဟု ပြောဆိုမှုများက KSPP ပါတီ၏ စည်းရုံးရေးကို များစွာထိခိုက်ကြောင်း ၎င်းကဆိုသည်။ “ပါတီတစ်ခုထက်တော့ မကပါဘူး။ ကျွန်မတို့ကို ဒီလိုမျိုး မဟုတ်မမှန်တွေ တင်နေတာကတော့။ ပါတီကြီးတွေ ပါသလို ပါတီငယ်တွေလည်း ပါပါ တယ်” ဟု ဒေါာဒွဲဘူက ပြောကြားသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စတင်တည်ထောင်ခဲ့သည်။မြစ်ကြီးနားမြို့အခြေစိုက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီက ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံ ပူးပေါင်းလာမှုကြောင့် ကချင် ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပါတီ လေးပါတီ တရားဝင် ဖျက်သိမ်းပြီး ပေါင်းစည်းထားသည့်ပါတီ ဖြစ်လာခဲ့သည်။ https://news-eleven.com/article/195607

**************

၃။ ကရင်အမျိုးသားအလံတော်ကို အသုံးပြုသည့်အတွက် ပဒိုမန်းငြိမ်းမောင်ကို NLD ကန့်ကွက်၊ NLD ကိုယ်စားလှယ် လောင်း အချို့လည်း အသုံးပြုမှုရှိနေ
October 15, 2020

ကရင်ပြည်သူ့ပါတီ (KPP)၏ ပန်းတနော် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင် ၏ မဲဆွယ် ဗီနိုင်းနှင့်အတူ ကရင်အမျိုးသားအလံတော် လွှင့်ထူခဲ့ခြင်းအပေါ် ပန်းတနော် NLD က မြို့နယ်ရွေး ကောက် ပွဲကော်မရှင်အဖွဲ့ ခွဲ ထံ တိုင်ကြားမှုဖြစ်ပွားခဲ့သည်ဟု KPP တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။ ပန်းတနော်မြို့နယ်၊ စစ်ကိုင်းကျေးရွာ အုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းစိန်က KPP ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ ဗီးနိုင်း ဆိုင်း ဘုတ်တင်သည့်နေရာတွင် ကရင်အမျိုးသား အလံတော်လွှင့်ထူခဲ့ခြင်းများရှိသည့်အပေါ် အများထင်ယောင်ထင်မှား ဖြစ်စေ ရန် အသုံးပြုသည့်အတွက် အောက်တိုဘာ ၉ ရက်နေ့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ကရင်အမျိုးသားတွေပေါ့၊ ဒါနဲ့ပတ်သက်ပြီး သူတို့က မေးတယ်။ သူ့ပါတီအလံရှိရဲ့သားနဲ့ ကရင် အမျိုးသား အလံ ထိုးတယ်ပေါ့၊ အဲ့တော့ ကော်မရှင်ကို အကြောင်းကြားပေါ့လို့ပြောတော့ ကော်မရှင်ကို တိုင်တာပါ”ဟု ပန်းတနော်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မန်းညွှန့်သိန်းက ပြောသည်။ ထိုသို့တိုင်ကြားခဲ့မှုအပေါ် အောက်တိုဘာ ၁၃ ရက် တွင် ပြုလုပ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ပါတီအလံအစား ကရင် အမျိုးသားအလံတော်ကို အသုံးမပြုရန် အကြောင်းကြားခဲ့သည်ဟု မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်သန္တာမြင့်က ပြောသည်။

ပန်းတနော် KPP အနေဖြင့် ပါတီအလံကိုသာ လွှင့်ထူခဲ့သော်လည်း ပါတီအလံကုန်သွားသည့်အတွက် ယခုလို အသုံး ပြုမိခြင်းဖြစ်ပြီး ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်းလိုက်နာသွားမည်ဟု ပန်းတနော် တိုင်း-၂ ကိုယ်စား လှယ်လောင်း စရဲသူရိန်ဟန်က ကေအိုင်စီသို့ ပြောသည်။“ဗီနိုင်းနဲ့ ဆိုင်းဘုတ်တွေတင်တော့ ပါတီအလံပဲ လွှင့်တယ်။ ပါတီအလံကုန်သွား တော့ ကရင်အလံ လွှင့်လိုက် တာ။ တခြားပါတီအချို့လည်း ကရင်အမျိုးသားအလံကို ပုံစံမျိုးစုံနဲ့ သုံးတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။ ကရင်အမျိုးသားအလံတော်သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး ပါတီ၊ အဖွဲ့အစည်းတစ်ခုခု သည် ကရင် တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အတွက် အသုံးပြုရန်မသင့်ကြောင်း ကရင်အမျိုးသားပါတီ ( KNP) ဒုဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်က မှတ်ချက်ပြုပြောသည်။

“ကရင်အမျိုးသား အလံတော်က တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အတွက် ဘယ်ပါတီမှ မသုံးသင့်ဘူး၊ pamphlet (လက်ကမ်း စာစောင်)မှာ ဂါ့မိုးမြတ်မြတ်သူသုံးနေတာ တွေ့တဲ့အတိုင်းပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။ ကရင်အမျိုးသားအလံ တော်သည် ၁၉၃၇ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူး ဥပဒေအရ တရားဝင်အလံ ဖြစ်ကြောင်း သိရသည်။ http://kicne ws.org/2020/10/%e1%80%80%e1%80%9b%e1 %80%84%e1%80 %b9%e1%80%a1%e1%

***************

၄။ “ဝ”အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများကြုံတွေ့နေရကြောင်း ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား
13 October 2020

“ဝ” အမျိုးသားပါတီအနေဖြင့် COVID-19 ကြောင့် မဲဆွယ်စည်းရုံးရာတွင် နှောင့်နှေးမှုများ ကြုံတွေ့နေရပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဆိုင်နပ်က ပြောကြားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် “ဝ”အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်းမြို့နယ်တွင် မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်မည်ဖြစ်ကာ ကျန်မြို့နယ်များဖြစ်သော တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းတုံတို့တွင်လည်း ဝင်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ် ခုနစ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် လောင်း နေရာ ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ခွဲပြီး လှုပ်ရှားကြတာပေ့ါ။ ကျွန်တော်က မက်မန်းဘက်မှာကျတယ်။ တချို့အဖွဲ့တွေက ဟိုပန်တို့ တန့်ယန်းတို့ပေ့ါ။ အဓိကတော့ COVID-19 ကြောင့် သိပ်အလုပ်မတွင်ဘဲ နှောင့်နှေးတာပေ့ါ။ နောက်ပြီး လမ်းပန်း ဆက်သွယ်ရေးပေါ့။ ဒါက ခက်ခဲတယ်။ COVID-19 ရဲ့ အခြေအနေက သိတဲ့အတိုင်းပဲ။ နောက်လမ်းပန်းဆက်သွယ်ရေး ပေါ့။ တောင်ပေါ်ဒေသပေါ့။ တောင်ပေါ်ဒေသဖြစ်တော့ ပါတီတွေလည်း သိပ်မများဘူးပေါ့။ မက်မန်းမှာ လေးဦးပေါ့။ ပြည်သူ တစ်ဦး၊ အမျိုးသား တစ်ဦး၊ ပြည်နယ် နှစ်ဦးပေါ့။ ရှမ်းရှေ့ ရှမ်းမြောက်များတယ်။ “ဝ”တိုင်းပေ့ါ။ နေရာပေါင်း ၃၀ နီးပါး လောက်ရှိမယ်ပေါ့။ UDP ခေါ်တဲ့ နှင်းဆီပါတီရယ်၊ ပြည်ခိုင်ဖြိုးပါတီ နဲ့ NLD ပါတီပေါ့။ လေးပါတီရှိတယ်။ လုပ်လို့ရတာ တွေတော့ အကုန်လုပ်ပါတယ်။ ပိုစတာထောင်တာတို့ စီတန်းလှည့်လည်တာတို့ လက်ကမ်းစာစောင်ဝေတာတို့ပေ့ါ။ မက်မန်း မှာလည်း တစ်နေရာနဲ့ တစ်နေရာလှမ်းတော့ စီတန်းလှည့်လည်တာမရှိဘူး။ ပါတီဆိုတော့ ဒေသကိုအခြေခံတယ်။ မက်မန်း အနေနဲ့ နိုင်ခြေကတော့ ၅၀၊ ၅၀ ပါပဲ။ ကျန်တဲ့နေရာတွေကတော့ ငါးဦးနဲ့ ခုနစ်ဦး ထင်ထားတာပေ့ါ။ ၂၀ ဦးမှာပေါ့။ တကယ် လို့ အနိုင်ရမယ်ဆိုရင် မူဝါဒမှာပါတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးတွေမှာ ဝင်ပါမယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် နိုင်ငံတော်အကျိုးအတွက်ဆိုရင် ဘယ်ပါတီနဲ့မဆို ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်သွားမယ်ပေါ့။ ဒေသဖွံ့ဖြိုးဖို့ပဲ။ ဖွံ့ဖြိုး ရေးပဲ တောင်းဆိုတာများတယ်။ ကျန်းမာရေးအဆောက်အအုံ၊ ပညာရေး အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးတွေ ဒီဘက်မှာ ဒါတွေပဲ မျှော်လင့်တယ်” ဟု “ဝ” အမျိုးသားပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဆိုင်နပ်က ပြောကြားသည်။

“ဝ” တိုင်းရင်းသားနိုင်ငံရေးပါတီများ ကွဲပြားနေလျှင် မဲမပေးတော့ဟု ပြည်သူလူထုတောင်းဆိုချက်အရ “ဝ” အမျိုးသား ပါတီ ကို “ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုး တက်ရေးပါတီတို့ကို ပူးပေါင်း၍ “ဝ” အမျိုးသားပါတီကို တည်ထောင်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် “ဝ” ပါတီပေါင်းစည်းရေး လုပ်ဆောင်ခဲ့ပြီး “ဝ” အမျိုးသားပါတီသည် ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် နိုင်ငံရေး ပါတီအမှတ်စဉ် (၁၂၈) ဖြင့် မှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ https://news-eleven.com/article/195427

***************

၅။ ကရင်ပါတီ(KNDP) ကို ကရင်လူငယ်ကွန်ရက် ဝန်းရံကူညီ
October 14, 2020

ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အောင်မြင်စေရေး အတွက်ဝန်းရံကူညီအားဖြည့်ပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ရှိ ကရင်လူငယ်ကွန်ရက်(KYN) ဆက်သွယ်ချိတ် ဆက်ရေး တာဝန်ခံ စောသန့်သောင်(စဝ်သိုင့်သုဂ်)က ပြောသည်။ ၎င်းက “ပါတီစည်းရုံးရေးတွေဆင်းရင် ကျနော်တို့လိုက်သွားပြီး လိုအပ်တာကူညီပေးတယ်။ လူငယ်တွေကို လာ join ခိုင်းတယ်။ online နဲ့ ပတ်သက်ပြီးတော့ Challenges ခေါ်တဲ့ (အက) Video clip တို့၊ ဓာတ်ပုံတို့နဲ့ ဝန်းရံလုပ်ဆောင် နေတယ်။”ဟု ကေအိုင်စီသို့ အောက်တိုဘာလ ၉ ရက်နေ့က ပြောသည်။ KYN အနေဖြင့် ကရင်ပြည်နယ်အတွင်း အောက်တိုဘာ ၄ရက်နေ့မှ စတင်ကာ မဲဆွယ်စည်းရုံးရေး ပြီးဆုံးသည့် နိုဝင်ဘာ ၆ ရက် နေ့အထိ ပြည်နယ်အခြေစိုက်ပါတီ KNDP အတွက် မြေပြင်တွင် လှုပ်ရှားဝန်းရံနေကြောင်း စောသန့်သောင်က ဆက် ပြောသည်။

ယင်းသို့ ကူညီပေးရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပါတီများအောင်နိုင်ပြီး လွှတ်တော်များထဲတွင် ကရင့်အရေး အမှန်တကယ် လုပ်ဆောင်ပေးမည့် ကိုယ်စားလှယ်များမှတဆင့် ကရင်ပြည်သူအသံများ ရောက်ရှိနိုင်ရန်အတွက် ဝန်းရံ ပေးသွားမည်ဟု နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ကွန်ရက် (KYN)က ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကရင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ(KNDP)ကို ပြည်နယ်အခြေစိုက် ကရင်ပါတီ သုံးပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ ပါတီဝင် တချို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် ထုတ် ပြန်ကြေညာခဲ့သည်။

KNDP သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ခုတွင် သံတောင်မြို့နယ်မှလွှဲ၍ ကျန်မြို့နယ် ၆မြို့နယ်တို့တွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး လည်း အပါအဝင် ဖြစ်သည်။ Karen Youth Network – KYN ကို ကရင်၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်များ၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးများ၊ တောင်ငူ-သံတောင်၊ အထက်မြန်မာပြည် အပါအဝင် နယ်မြေဒေသ (၁၁)ခုမှ ကရင် လူငယ်များဖြင့် ဖွဲ့စည်းထားသော လူငယ်ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။ http://kicnews.org/2020/10/%e1%80 %80%e1%80%9b%e1%80%84%e1%80%b9%e1%80%95%e1%8

***************

၆။ ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့် ဆုံးရှုံးမည့်အလားအလာများ မြင်တွေ့နေရပြီး ပဋိပက္ခများ ပိုမိုကြီးထွား လာခြင်း မဖြစ်ပေါ်စေရေး တပ်မတော်နှင့် RCSS တို့ အပစ်ရပ်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
14 October 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲတွင် အရပ်သားများ မဲပေးခွင့်ဆုံးရှုံးမည့် အလားအလာများ မြင်တွေ့နေရပြီး မလိုလားအပ်သော ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ် စေရေးအတွက် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အနေဖြင့် တိုက်ပွဲများ ရပ်တန့်ပေးရန် ရှမ်းအရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀ ကျော်နှင့် ဒေသခံများက တောင်းဆိုသည်။ တိုက်ပွဲများ ရပ်တန့်ပေးရန် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌသို့ လိပ်မူ၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက အောက်တိုဘာ ၁၁ ရက်တွင် စာရေးသားပေးပို့ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့ အောက်တိုဘာ ၁ ရက်မှစ၍ တိုက်ပွဲများဖြစ် ပွားခဲ့ပြီး လက်ရှိအချိန်သည် COVID-19 ရောဂါကြောင့် ပြည်သူလူထုများမှာ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် စားဝတ်နေရေး စသည့်ကဏ္ဍများတွင် အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများ က JMC-S ဥက္ကဋ္ဌ (ရှမ်း) သို့ ပေးပို့သော အပစ်ရပ်ပေးရန် တောင်းဆိုစာတွင် ဖော်ပြခဲ့သည်။ ထိုသို့ အထွေထွေ အကျပ် အတည်းများ ကြုံတွေ့နေရသည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံများ၏ အသက်အန္တရာယ်အတွက်လည်း ထပ်မံပူပန်နေရ ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၂၆၀၀ ကျော် ရှိလာကာ အဆိုပါစာရင်းတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့် မသန်စွမ်းသူများလည်း ပါဝင်ခဲ့ကြောင်း ယင်းစာတွင် ဖော်ပြခဲ့သည်။မကြာမီကျင်းပမည့် ရွေးကောက်ပွဲ ကြီးအား ရပ်တန့်ရွှေ့ဆိုင်းရမည့် အနေအထားနှင့် အရပ်သားပြည်သူများ မဲပေးခွင့် ဆုံးရှုံးမည့် အလားအလာများ မြင်နေရပြီး မလိုလားအပ်သော ပဋိပက္ခများ ပိုမိုကြီးထွားလာခြင်း မဖြစ်ပေါ်စေရန် တပ်မတော်နှင့် RCSS တို့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ပြီး ဆွေးနွေးညှိနှိုင်းကြရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ပုံဝိုးကျေးရွာ၊ ခန့်ခဲရွာ၊ ကုန်းဟတ်ရွာ အစရှိသည့် ရွာများတွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံများမှာ သာသနိက အဆောက်အဦများတွင် လာရောက်ခိုလှုံ နေရ သဖြင့် COVID-19 ရောဂါကာကွယ်ရေး အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အခက်အခဲ နှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ပုံဝိုးရွာနှင့် ဟဲကွီရွာ ဒေသခံအချို့က JMC-S (ရှမ်း) ဥက္ကဋ္ဌ ထံ စာရေးသားပေးပို့ခဲ့ကြသည်။ လက်ရှိ ဖြစ်ပွားနေသော ပစ်ခတ်တိုက်ခိုက်မှုများ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါက စစ်ဖြစ်ရာဒေသအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကြောင်းများနှင့် စီးပွားရေးများ ဆိုးရွား စွာထိခိုက်မှုရှိလာမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြခဲ့သည်။ https://news-eleven.com/article/195523

***************

၇။ သောင်းနှင့်ချီသော မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူများ ဘီလူးကျွန်းနှင့် ရေးမြို့နယ်တွင် လှည့်လည်အင်အားပြ
14 October 2020

မွန်တိုင်းရင်းသား အများစုနေထိုင်ကြသည့် ဘီလူးကျွန်းနှင့် ရေးမြို့ပေါ်တို့တွင် သောင်းနှင့်ချီသော မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံသူလူငယ်များက အောက်တိုဘာလ (၁၂-၁၃ ) ရက်နေ့များတွင် လှည့်လည် အင်အားပြခဲ့ကြောင်း သတင်းရရှိ သည်။

မွန်ညီညွတ်ရေးပါတီ၏ အလံ၊ စတစ်ကာ၊ နဖူးစည်းနှင့် Mask များ ကိုယ်စီတပ်ဆင်၍ မော်တော်ဆိုင်ကယ်၊ မော်တော်ကား များဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်သီချင်းများဖွင့်လှစ်သီဆိုကာ မြို့ပေါ်နှင့် ကျေးရွာများသို့လှည့် လည်ကာ မွန် တိုင်းရင်းသားတို့၏ စည်းရုံးမှုအင်အားကို ဝန်းရံပြသခဲ့ကြခြင်း ဖြစ်ကြောင်း မွန်လူငယ်ခေါင်းဆောင်တစ်ဦးက မွန်သတင်း အေဂျင်စီ သို့ ပြောသည်။ အထူးသဖြင့် မွန်လူငယ်များဆုံရပ် MYF မှ ဦးစီး၍ သက်ဆိုင်ရာမြို့နယ်အလိုက် ကျေးရွာအသီးသီး ရှိ မွန်လူငယ်များက မွန်ညီညွတ်ရေးပါတီအား ဝန်းရံကြခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါကာလဖြစ်နေ သည့်အတွက် မြို့နယ်တစ်ခုနှင့်တစ်ခု သွားလာကူးလူးခြင်း မပြုကြဘဲ မြို့နယ်အတွင်းရှိ မွန်လူငယ်များက ဝန်းရံလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘီလူးကျွန်းတွင် အဓိကပြိုင်ဖက်ဖြစ်နေကြသည်မှာ မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ဖြစ်ပြီး ၂၀၁၀ /၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ် ဆက်တိုက်အနိုင်ရရှိထားသူ မွန်ညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် တစ်ကြိမ်တစ်ခါမှ ရွေးကောက်ပွဲမဝင်ခဲ့ဖူးသူ NLD ပါတီဝင် လက်ရှိမွန်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အလားတူ ရေးမြို့နယ်တွင်လည်း အဓိက ပြိုင် ဖက်ဖြစ်နေသည့် မွန်ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး နှင့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဝင်းတို့က ယခုရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်အရွေးခံကြမည်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်ခရိုင် ၆ မြို့နယ်၌ မွန်ညီညွတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)သာ အဓိကပြိုင်ဖက်များ ဖြစ်နေကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။ http://burmese.mo nnews.org/2020/10/13/%e1%80 %9e%e1%80% b1%e1%80%ac%e1%80%84%e1%

***************

၈။ မူဆယ် SNDP စည်းရုံးရေး ဆိုင်းဘုတ်များဖျက်ဆီးခံရ
October 14, 2020

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင် အောက်တိုဘာလအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီ ဆိုင်းဘုတ် ၂ နေရာ ဖျက်ဆီးခံရကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့နယ် မန့်ဟိုင်းကျေးရွာနှင့် တာလုံ ကျေးရွာတွင် စိုက်ထူထားသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များဖြစ်ကြောင်း မူဆယ်မြို့ မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဘိုးအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ ဖျက် ခံရတာ မန့်ဟိုင်းမှာ၂ကြိမ်၊ တာလုံမှာ ၂ ကြိမ် ဖျက်ခံရတယ်။ ပထမကြိမ် ဖျက်လို့ကျနော်တို့ ပြန်ထောင်တယ်။ ထပ်ဖျက် တယ်။ ဓားနဲ့လာခုတ်သွားတာပါ”ဟု စိုင်းဘိုးအောင် က ပြောသည်။ ထို မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ဖျက်ဆီးခံရသည့် နေရာသည် သျှမ်းလူမျိုးများနေထိုင်သည့်နေရာ ဖြစ်သည့်အတွက် ပြဿနာ မဖြစ်စေလိုမှုကြောင့် ရွေးကောက်ပွဲကော်မရှင် ကို မတိုင်ကြား ကြောင်း စိုင်းဘိုးအောင် ကပြောသည်။

“ကိုယ့်လူမျိုးတွေနေတဲ့နေရာပဲ ကျနော်တို့ပြဿနာမဖြစ်ချင်ဘူး။ ဒါပေမယ့် ကျနော်တို့ပြောချင်တာကတော့ စိတ်ဓာတ် တွေပြုပြင်စေချင်တယ်”ဟု စိုင်းဘိုးအောင်က ထပ်လောင်းပြောသည်။ မူဆယ်ခရိုင်အတွင်း SNDP အနေဖြင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်နေရာကို ဒေါ်နန်းငွေငွေ ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ပြည်သူ့လွှတ်တော် နေရာကို စိုင်းအောင်မြင့် က ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် မူဆယ်မြို့ ပြည်နယ် အမှတ်(၁)မဲဆန္ဒနယ်ကို စိုင်းဘိုးအောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမှတ်(၂) မဲဆန္ဒနယ် ကို နန်းဟန်နု က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives/18878

**************

၉။ တောင်သူများအပေါ် ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်က လျှောက်ထားသည့်အမှု ပလပ်ခံရ
15 October 2020

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ကရင်နီတောင်သူ တွေပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့ တပ်မတော်က ပြင်ဆင်ချက် လျှောက်ထားမှုနဲ့ပတ်သက်ပြီး ကယား ပြည်နယ် တရားလွှတ်တော်က ဒီကနေ့ ပလပ်လိုက်ပါတယ်။ တပ်မတော် အမြောက်တပ်ရင်း အမတ အမှတ် (၃၆၀) ကနေ တရားစွဲဆိုထားတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၇ ဦးအမှုတို့ကို ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်တာမှာ ချုပ်ရက်နဲ့ ပြန်လွတ်လာခဲ့ပြီး စစ်တပ်ဘက်က မကျေနပ်လို့ တရားရုံးမှာ ပြန်လည် ပြင်ဆင်ချက်တက်တာ ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်နဲ့ပတ်သက်လို့ ခရိုင်တရားရုံးကိုတက်ရာမှာခရိုင်က ပလပ်လိုက်သလို ပြည်နယ်တရားလွှတ်တော်မှာ ထပ်မံ လျှောက်ထားခဲ့ရာမှာလည်း ဒီကနေ့ နောက်ဆုံးအမိန့်ချရာမှာလည်း ပလပ်လိုက်တာလို့ တောင်သူတွေရဲ့ရှေ့နေ ဦးစောခူးတလေ က ပြောပါတယ်။“အမှုက ၆ မှုရှိမယ်။ ၄၄၇ နဲ့က ၄ မှု၊ နောက် ၆၁ နဲ့က ၂ မှု၊ အဓိကကတော့ ဒီ မူလ တရားရုံးက ချမှတ်တဲ့အမိန့်က တရားစီရင်ရေးကို တော်တော်ယိမ်းယိုင်စေတဲ့ အခြေအနေအထိမရှိဘူးပေါ့။ အဲဒါကြောင့်မို့ ဝင်ရောက်ပြီးမှ စွက်ဖက်ဖို့ မသင့်ဘူးဆိုပြီးတော့ အဲလိုသုံးသပ်ပြီးတော့မှ စီရင်ချက်ချလိုက်တာ။”ဒီအမှုနဲ့ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်ကနေပြီး အခုလို အမိန့်ချမှတ်လိုက်တာဟာ မှန်ကန်သင့်မြတ် ကြောင်းလည်း ဦးစောခူးတလေက ပြောပါတယ်။

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့ကလည်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးအပါအဝင် တောင်သူ ၁၈ ပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ် ပေးဖို့ တပ်မတော်က လျှောက်ထားတဲ့အမှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်တရားရုံးက ဩဂုတ် ၁၄ ရက်က ပလပ်ခဲ့ပါ တယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။ http://burmese.dvb.no/archives/417068

**************

၁၀။ ကျေးရွာအုပ်စု ၇ စုကို မဲဆန္ဒနယ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော်ဥက္ကဌစာတင်
October 14, 2020

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်နှစ်ခုတွင် ပါဝင်နေသည့် ကျေးရွာအုပ်စု ၇စုကို မဲဆန္ဒနယ်မြေအဖြစ်မှ ပယ်ဖျက် ရုပ်သိမ်းပေးရန် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ လက်ရှိ ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်က အောက်တိုဘာလ ၁၂ ရက်နေ့က အကြောင်းကြား တင်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးမောင်မောင်နိုင်ထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ စာရောက်ရှိနေကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါတင်ပြထားသည့် အကြောင်းကြားစာနှင့် ပတ်သက်၍ သေချာမဖတ်ရသေးကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် အတည်ပြု ပြောဆိုခဲ့သည်။“လောလော ဆယ် အဲဒီစာက ရောက်တော့ ရောက်နေပြီး။ ကျနော်က အဲဒီစာ မဖတ်ရသေးဘူး။ ဝင်တဲ့အနေအထားပဲ ရှိသေးတယ်။ ဘယ်လိုဆုံးဖြတ်မလဲတော့ အဲဒါက မပြောတတ်သေးဘူး။ အချိန်စောနေသေးတယ်။ ကျနော်တို့လည်း စာကိုသေချာ ဂဃနဏ မဖတ်ရသေးတော့လေ။”ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင် နိုင်က ကေအိုင်စီ သို့ ပြောသည်။

ယင်းကျေးရွာအုပ်စု ၇ စုမှာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)နှင့် ပြည်နယ် လွှတ်တော် လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၂)တွင် ပါဝင်ပြီး ထိုဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းတချို့ ရှိနေသည့်အတွက် လုံခြုံစိတ်ချမှု မရှိခြင်း၊ ကိုဗစ်ကြောင့် အချို့ကျေးရွာများတွင် ဝင်ရောက်ရန် ပိတ်ဆို့ခံရပြီး ကွင်းဆင်းစည်းရုံးရန် ခက်ခဲခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်း စသော အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ တင်ပြချက်အရ မဲဆန္ဒနယ်မြေအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းပေးရန် လွှတ်တော်ဥက္ကဌက ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထား ခြင်းဖြစ်သည်။ မဲဆန္ဒနယ်မှ ပယ်ဖျက်ပေးရန် တင်ပြထားသည့် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ စုမှာ ရေတံခွန်ကျေးရွာ အုပ်စု၊ တာလယ်ကျေးရွာအုပ်စု၊ ဝင်းစောကျေးရွာအုပ်စု၊ မဲလရောကျေးရွာအုပ်စု၊ သမိုကျေးရွာအုပ်စု၊ မိကြောင်ကျေးရွာ အုပ်စု၊ ရင်းဘိုင်းကျေးရွာအုပ်စုများဖြစ်သည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းဒေသအတွင်း စည်းရုံးရေးဝင်ရန်နှင့် မဲထည့်ရန် အသိပညာပေးမှု ဝင်ရောက်လုပ်ဆောင်ရေး ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် ဒေသခံအချို့ကို ကမ်းလှမ်းထားပြီး ကွင်းဆင်းရန် အစီအစဉ်ရှိသည့်အတွက် မဲဆန္ဒနယ်မှ ဖျက်ပေးရန် တောင်းဆိုခြင်းတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ကိုယ်စားလှယ်လောင်းများ၏ သဘောထားမပါဝင်ကြောင်း ၎င်းမဲဆန္ဒနယ်၌ ကိုယ်တိုင် ဝင်ရောက်အရွေးခံမည့် KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောဆို သည်။ http://kicnews.org/2020/10/%e1%80%b1%e1%80%80%e1 %80%ba%e1%80%b8%e1%82%90%e1%8

***************

၁၁။ ရသေ့တောင်တွင် လက်နက်ကြီးကျ ရွာသား ၄ ဦး ဒဏ်ရာရ
14 October 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာအတွင်း အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် က လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့်အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ လက်နက်ကြီး ထိမှန်သူများမှာ ပြာပင်ရင်းကျေးရွာသားမှာ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြထွန်း၊ အသက် ၅၆ နှစ် အရွယ် ဦးဘချို၊ အသက်၂၈ နှစ် အရွယ် ကိုမောင်မြခိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုသန်းစိန်မောင်တို့ ဖြစ်သည်။ ဒဏ်ရာ ရရှိသူ ကိုသန်းစိန်မောင်က “ကျနော်တို့ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ပထမ ရွာထဲကို လက်နက်ကြီး တလုံးလာ ကျတယ်။ ကျနော်တို့ ရွာသားတွေက စာသင်ကျောင်းထဲမှာ စုပြီး ဝပ်နေကြတဲ့အချိန် နောက် ထပ် ၃ လုံး လာကျတယ်။ အဲဒီမှာ ကျည် အစ တွေ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်နှင့် AA တို့သည် အောက်တိုဘာ ၄ ရက်ကတည်းက ရသေ့တောင်မြို့နယ် ထီးဆွဲရွာအနီး စိုးမိုးကုန်းများ သိမ်း ပိုက်နိုင်ရေးအတွက် အပြန်အလှန် တိုက်ပွဲများဖြစ်နေခြင်းဖြစ်သည်။ ပြာပင်ကျေးရွာသားများက ၎င်းတို့ ရွာထဲသို့ ကျရောက် သည့် လက်နက်ကြီးကျည်ဆန်များမှာ ရသေ့တောင် အခြေစိုက် တပ်မတော် တပ်ရင်းများမှ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ပြော ဆိုသော်လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွ့ဲ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။ ဒဏ်ရာ ရရှိသူများကို သွားရောက် သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ရသေ့တောင်မြို့ခံ ကိုဘက္ကာက “ဒဏ်ရာ ရသူ ၄ ယောက်မှာ ၃ ယောက်ကတော့ ဒဏ်ရာ ပြင်းတယ်။ အခုတော့ ကျနော်တို့ စက်လှေနဲ့ ရသေ့တောင် ဆေးရုံကို ပို့ ဆောင်ပေးလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီး ထိမှန်ခဲ့သူ ပြာပင်ရင်း ကျေးရွာသား ၄ ဦးမှာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်၊ လက်မောင်း စသည့် နေရာများတွင် လက်နက်ကြီးအစအန ထိမှန်သည့်ဒဏ်ရာများဖြင့် ရသေ့တောင် ဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူ နေရကြောင်းလည်း သိရသည်။ ယမန်နေ့က ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး AA တပ်ဖွဲ့များ စိုးမိုးထားသည့် တောင်ကုန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ AA တို့ အောင်သာစည်၊ ကျောက်တန်း စသည့် ကျေးရွာများဘက်သို့ ဆုတ်ခွာသွား ကြောင်း၊ ၎င်း ကျေးရွာများကို AA တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။ ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်တို့တွင် စစ်ရှောင် အရေအတွက် ၃ သောင်းကျော် ထပ်မံတိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင် အရေအတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ် များ အစည်းအရုံး (REC) က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ https://burma.irrawaddy.com/news/2 020/10/4/231634.html

***************

၁၂။ ရေမဲပြဿနာဖြေရှင်းပေးနိုင်မည့်သူကိုသာ မဲထည့်မည်ဟု ဒေသခံမဲဆန္ဒရှင်များပြော
October 14, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ရေမဲပြဿနာကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ပါတီနှင့်ကိုယ်စားလှယ်လောင်း များကိုသာ မဲပေးမည် ဟု တစ်နှစ်ကျော်ကြာ သောက်သုံးရေ အခက်အခဲဖြစ်နေဆဲ ဖားအံမြို့၊ သံလွင် မြစ်အနောက်ဖက်ခြမ်း ရှိ ဒေသခံမဲဆန္ဒရှင် များက ပြောဆိုလိုက်သည်။ ရေတွင်းကုန်း(ကောဝ်ထိုင့်ဍာ်)ရွာမှ နန်းထူးလိုင်က “ရေသန့်ဝယ်သောက်ရတာ ၁ နှစ်ပြည့် သွား ပြီးပေါ့။ ရွာက ရေတွေဟာ ဟိုးအရင်ကအတိုင်းပြန်သန့်လာပြီးတော့ တသက်လုံး ပြန်သောက်သုံးလို့ရအောင် လုပ်ပေးနိုင် မယ့် လူကို မဲထည့်ပေးမယ်။”ဟု ကေအိုင်စီသို့ အောက်တိုဘာ ၁၃ ရက်တွင်ပြောသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက ဘားကပ်၊ အောက်ကော့ရင်း၊ ရသေ့ပျံ၊ ပန်းကုန်း စသည့် ကျေးရွာအုပ်စုများ အ တွင်းရှိ ကျေးရွာများတွင် ဒေသခံများအသုံးပြုသောက်သုံးနေသော သောက်သုံးရေကန်၊ ရေတွင်းများအတွင်းပုံမှန် မဟုတ် သည့် ရေများမဲနက်လာခြင်းနှင့်အတူ ငါးများသေဆုံးမှုများ ဖြစ်ပေါ်ခြင်းကြောင့် သောက်သုံးရေ ခက်ခဲလာခဲ့ခြင်းဖြစ် သည်။ လက်ရှိအချိန်အထိလည်း ဖားအံမြို့နယ်၊ အနောက်ဖက်ခြမ်းဒေသရှိ ကျေးရွာပေါင်း ၇ ရွာကျော် တို့တွင် ၁ နှစ် ကျော် ကြာ သောက်ရေသန့်များကိုသာ ဝယ်သောက်နေရဆဲဟု ရေတွင်းကုန်းရွာ အုပ်ချုပ်ရေးမှူး စောငွေလွန်းက ကေအိုင်စီသို့ ပြော သည်။ နတ်ကုန်းရွာမှ လူငယ်တစ်ဦးကလည်း “ကျနော်တို့ ဒေသမှာ အခုထိကြုံတွေ့နေရတာကတော့ ရေကိစ္စပေါ့နော်။ သောက်သုံးလို့ရ၊ မရ အာမခံတဲ့ Data အဖြေ ထုတ်ပြန်ချက်တွေ မတွေ့ရသေးဘူး။ ဆိုးကျိုးတွေဖြစ်လာရင် အစိုးရ သစ်အနေနဲ့ ဘယ်လိုတာဝန်ခံ လုပ်ပေးမလဲပေါ့နော်။ လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကိုပဲ ရွေးချယ် မဲပေးသွားမှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရဌာန တာဝန်ရှိသူအချို့မှ ရေများသည် သောက်သုံး၍ရကြောင်း ထိုရွာများအတွင်း စာကပ်ခြင်း၊ ပြောဆိုခြင်းများရှိခဲ့ သော်လည်း ရေရှည်တွင် ဆိုးကျိုးများဖြစ်ပေါ်လာပါက တာဝန်ယူ၊ တာဝန်ခံဖြေရှင်းပေးမည့်သူမရှိသဖြင့် သောက်မရဲသေး ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။ အဆိုပါ ရေမဲမှုဖြစ်ပွားသည့်ဒေသတွင် ၂၀၂၀ ရွေးကောက်ပွဲ၏ ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်လွှတ်တော် ၃ ရပ်၌ ပါတီ ၉ ပါတီနှင့် တစ်သီးပုဂ္ဂလ ၃ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၃၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော KNDP ၏ သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်ထဲ ရောက်ရှိပါက ရေမဲပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ် လွှတ်တော်၊ ဖာပွန်အမှတ်(၂) ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ဖြေကြားသွားခဲ့သည်။ http://kicnews.org/2020 /10/%e1%80%b1%e1%80%9b%e1%80%99%e1%80%b2%e1%80%bb%e1%

**************

၁၃။ ဖားကန့် စည်ပင် ဥက္ကဌ တင်မြောက်ရာတွင် တရားမျှတမှုမရှိကြောင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်
13 October 2020

ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌအသစ်တင်မြောက်ရာတွင် တရားမျှတမှုမရှိသောကြောင့် ကန့်ကွက်ရှုံ့ချ ကြောင်း ဖားကန့်အရပ်ဖက်အဖွဲ့အစည်းများက ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အောက်တိုဘာ ၁၃ ရက်နေ့က တင်ပြထား သည်ဟုသိရသည်။ စည်ပင်သာယာရေးကော်မတီ ဥက္ကဌနေရာ အပြောင်းအလဲပြုလုပ်ရန် သြဂုတ်လ ၁၈ ရက်နေ့ ဖားကန့် မြို့ပေါ် ၅ ရပ်ကွက်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည်စုံသည့် ၈ ဦးအား ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို ရွေးချယ်ရေး ကော်မတီများရှေ့၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးနော်ဆန့် ၃ မဲ၊ ဦးမင်းမင်စိုးနှင့် ဦးမြင့်အေး ၂ ဦးက တန်းတူ ၂ မဲစီ ရရှိခဲ့ကြောင်း ရွေးချယ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။

မဲအများဆုံးရရှိသူ ဦးနော်ဆန့် က ဥက္ကဌရာထူးနေရာကို ဆက်ခံရမည် ဖြစ်သော်လည်း၊ ၂မဲ သာရရှိသော ဦးမင်းမင်းစိုးကို ဖားကန့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ အဖြစ်ခန့်အပ်လိုက်သောကြောင့် ဒေသခံတစ်ချို့က ကန့်ကွက်နေကြောင်း ဖားကန့်ဒေသခံ ဦးလမောင်လတောင် က ယခုလိုပြောဆိုသည်။“အခုသူတို့ရဲ့လုပ်ပုံက မဲများဆုံးရရှိသူကို ဥက္ကဌ မခန့်ဘဲ ၂မဲသာရရှိတဲ့သူကိုမှ ဥက္ကဌ ပြန်ခန့်လိုက်တယ် ဆိုတာက တရားမျှတမှုမရှိဘူဆိုတာ အရမ်းပေါ်လွင်နေတယ်ပေါ့။ အဲ့ဒါကို ဒီမှာရှိတဲ့ ဒေသခံတစ်ချို့က သဘောမတူဘဲ ကန့်ကွက်နေကြတယ်။ ၃မဲနဲ့နိုင်တဲ့ ဦးနော်ဆန့်ကို ဥက္ကဌ မခန့်အပ်တဲ့ ဖြေရှင်းချက်ကိုသိချင်တယ်”ဟု ပြောဆိုသည်။ လက်ရှိ ဖားကန့်မြို့နယ်စည်ပင်ဥက္ကဌအဖြစ်ခန့်အပ်လိုက်သည့် ဦးမင်းမင်းစိုး မှာ NLD ပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဖားကန့် မရှီကထောင်ရပ်ကွက် စီးရုံးရေးမှူး ဖြစ်သည်ဟုလည်း ဦးလမောင်လတောင်က ပြောဆိုသည်။

ဖားကန့်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌအဖြစ်ရွေးချယ်နိုင်ရန် ရွေးချယ်ရေးကော်မတီ၏ မဲရလဒ်နှင့်အမည်စာရင်းများကို ပြည်နယ်အစိုးရထံသို့တင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဦးမင်းမင်းစိုးကို ဥက္ကဌအဖြစ်ခန့်အပ်ရန်နှင့် ဦးနော်ဆန့်ကို အဖွဲ့ဝင် အဖြစ်သာ ပြန်လည်ခန့်အပ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရွေးချယ်ရေးကော်မတီအဖွဲ့ တာဝန်ခံ ဦး Tangbau La Seng က ပြောသည်။“သူရဲ့ ဥပဒေအရဆိုရင်တော့ မဲပိုများတဲ့သူကို ဥက္ကဌ ခန့်ရမှာတော့ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ရွေးချယ် ပြီးစီးကြောင်းကို ပြည်နယ်အစိုးရကို တင်ပြခဲ့တယ်။ ပြည်နယ်အစိုးရကနေ ဘယ်လိုအချက်တွေနဲ့ ပြန်ပြီးစီစစ်လည်းတော့ မသိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်တိုင်လည်း ၃မဲနဲ့အနိုင်ရရှိတဲ့ ဦးနော်ဆန့်ကိုဘဲ ဥက္ကဌအဖြစ်ထင်ခဲ့တာ။ အခုက အဲ့လိုမဟုတ်ဘူး။

မဲများတဲ့ သူကိုကအဖွဲ့ဝင်စာရင်းထဲထည့်လိုက်တယ်။ ၂မဲသာရရှိတဲ့ သူကိုက ဥက္ကဌ ပြန်ခန့်တယ် ဆိုတာက ကျနော်တို့ လည်း နားလည်ရခက်နေတယ်။ အဲ့လိုလုပ်လိုက်တော့ ဒေသခံတွေကြား အချင်းချင်းပြောစရာတွေဖြစ်လာတာပေါ့။ ဒါကြောင့် ပြည်နယ်အစိုးရကလည်း ဒါကိုသေသေချာချာ ဖြေရှင်းပေးသင့်တယ်”ဟု ပြောဆိုသည်။ မဲအများဆုံးရရှိသော ဦးနော်ဆန် ကို ဥက္ကဌနေရာမပေးဘဲ ၂ မဲရသော ဦးမင်းမင်းစိုးကို ဥက္ကဌ ခန့်သည့်ကိစ္စကို ဖားကန့် အရပ်ဖက်အဖွဲ့အစည်း တချို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ https://b urmese.kachinne ws.c om/2020/10/13/l1-10/

**************

၁၄။ ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ
October 15, 2020

သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသား များ ဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ် နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တို ဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံ ထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။“တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။ ဗမာစစ်သားတွေရွာထဲမှာရှိနေတုန်းဘဲ။ ကျမတို့ကျွဲနွားဝက်တွေကို သူတို့ သတ်စားကြတာ ရွာအဝင်ကတည်းက အရိုးတွေ အသေတွေအကြွင်းအကျန်တွေ တွေ့ရတယ်။ အိမ်ရောက်တော့ မွှေနှောက် ခံထားရတယ်ကျမတို့အိမ်တွေ။ အိမ်တိုင်းနီးပါးဘဲ။ ကျမတို့အကြာကြီးမနေရဲကြဘူး ဘုန်းကြီးကျောင်းကိုအမြန်ပြန်လာကြ တယ်”– ဟု စစ်ရှောင်ရွာသူက သျှမ်းသံတော်ဆင့်အားပြောပြသည်။

တာလုံရေကာတာ တည်ဆောက်ရေးစီမံကိန်းရှိရာ တာလုံရွာအသွားလမ်းတွင်ရှိ စစ်ဒဏ်သင့် နမ့်မဟင်ရွာသည် အိမ်ထောင် စု ၃၅ စု ၊ လူဉီးရေ ၁၅၀ ကျော်ရှိပါသည်။လက်ရှိတွင် ရွာလုံးကျွတ် ဘုန်းကြီးကျောင်းတွင်စစ်ရှောင်ခိုလှုံနေကြရကြောင်း စစ် ဘေးရှောင်များအား အစားအသောက်အသုံးအဆောင်သွားရောက် ကူညီထောက်ပံ့သော ကျောက်မဲမြို့ခံ အလှူရှင် လူငယ် အဖွဲ့က သျှမ်းသံတော်ဆင့်အားပြောသည်။ အဆိုလူငယ်အဖွဲ့မှ အဖွဲ့ဝင်လူငယ် တဉီးက “တိုက်ပွဲမရှိတော့လို့ ရွာပြန်နေ ကြဖို့ စစ်တပ်က ရွာသားတွေကိုခေါ်တာ။ အဲတာရွာသားတွေက ရွာပြန်အခြေအနေကြည့်တော့ ကျနော်တို့ပါလိုက်သွား တယ်။ အိမ်တိုင်းလိုလို ပစ္စည်းတွေ အစားအသောက်တွေကိုမွှေနှောက်ထားတာ ရွာထဲမှာ အရပ်ဝတ်တွေနဲ့ရောယူနီဖောင်း ဝတ်တွေနဲ့ရော ဗမာစစ်သားတွေရှိနေတယ်။ ရွာလမ်းတချို့ထဲဆို သူတို့ပေးမဝင်ဘူး ရွာသားတွေကို။ မိုင်းဗုံးတွေ ထောင်ထား တယ်။ အဲ့ကြောင့်ရွာသားတွေရော ကျနော်တို့ပါအမြန်ပြန်ထွက် လာတယ်။”ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တိုက်ပွဲများဖြစ်ပွါးသည့်အဆိုပါ နမ့်မဟင်ရွာ၊ ခန်ခိုင်းရွာ၊ လုံဝိုင်၊ နားဖင့်၊ နားအော်၊ နားချမ် ရွာများအတွင်း အစိုးရတပ်မတော် တပ်မ ၂၂၊ ၇၇၊ ၈၈ လက်အောက်ခံတပ်များအပြင် ခမရ ၅၀၁ တပ် စုစုပေါင်း ၁၀ တပ်ရင်းထက်မနည်း လှုပ်ရှားနေကြောင်း စစ်ရှောင်ရွာသား ပြောပြချက်အရသိရသည်။ အစိုးရတပ်မတော်သည် အောက်တိုဘာလကုန်အထိ အပစ်ရပ်ကြောင်း ကြေညာပြီးနောက်တရက် အဆိုပါဒေသတွင်လှုပ်ရှားနေသော RCSS/SSA တပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ် မှုများကြောင့် ကိုဗစ်ကူးစက်မှုမြင့်မားနေချိန် စစ်ဘေးရှောင်ရွာသား ၃၅၀၀ ကျော်အထိရှိလာပြီး ကျောက်မဲမြို့ရှိ ဘုန်းကြီး ကျောင်း ၇ ကျောင်းတွင် စစ်ရှောင်ခိုလှုံနေခဲ့ရသည်။ https://burmese.shannews.org/archives/18899

**************

၁၅။ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်သည့်အပေါ် ဥပဒေအတိုင်းအရေးယူပေးရန် ကန်ပက်လက် အရပ် ဘက်အဖွဲ့အစည်းများတောင်းဆို
October 16, 2020

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူး လွန်ခဲ့သည့်အပေါ် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးရန် ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၄ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ကန်ပလက်မြို့၊ အမှတ် (၁) မြို့မရပ်ကွက်နေ အသက်(၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကန်ပလက်မြို့ ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က အလိုမတူပဲအဓမ္မပြုကျင့်ခဲ့ပြီး အမှုဖွင့်တိုင်ကြားခဲ့ သော်လည်း ချက်ခြင်းလက်မခံခဲ့ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ခေါ်နူးစုမ်ကျေးလက်ဒေသ လူမှု ဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ ဦးကီးဘူ ကပြောသည်။“ အဓိကဒီသက်ငယ်မုဒိမ်းမှုကို အမှုဖွင့်ပေမယ့် အမှုကိုတော်တော်နဲ့ မဖွင့်ပေးဘူး ၊ နောက်တခုက သူတို့ပိုက်ဆံနဲ့ကျေးအေး ဖို့ကြိုးစားတယ်၊ ပြစ်မှုကျုးလွန်တဲ့သူကရဲဆိုတော့ ရဲတွေအနေနဲ့ ဒီဟာကို သေချာဥပဒေအတိုင်း ကိုယ်တွယ်မှုအားနည်းတယ်လို့ ကျွန်တော်တို့မြင်တယ်”ဟု ဦးကီးဘူကပြောသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရမည့်အစား လူသားမဆန်စွာ အသက်မပြည့်သေးသည့် ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်ခြင်းသည် ကန်ပက်လက်မြို့နယ်အတွင်း တရားဥပေဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အလွန်စိုးရိမ်မိကြောင်း ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ မုဒိမ်းမှုကျူးလွန်သူနှင့် ငွေကြေးအသုံးပြုပြီး အမှုကိုဖုံးဖိရန် ကြိုးပမ်းသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် ပြစ်မှုကျူးလွန်သူနှင့် ပြစ်မှုကို ဖုံးကွယ်ရန် လုပ်ဆောင်သူ များအား ကလေးသူငယ် ဥပဒေနှင့်အညီ ထိရောက်စွာ ရေးယူဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်သို့ ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။ ယင်းကိစ္စနှင့်ပက်သက်၍ ကန်ပလက်မြို့ အမျိုးသမီး အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးသောကြောင့် အောက်တိုဘာလ ၁၄ ရက်တွင်ကန်ပလက်မြို့ ရဲစခန်းမှ အမှုဖွင့်နေကြောင်းသိရသည်။ https://www.bnionli ne.net/mm/news-76292

**************

၁၆။ စစ်တွေရောက် စစ်ဘေးဒုက္ခသည် သုံးဦးနဲ့ ရဟန်းတစ်ပါး အဖမ်းခံရ
October 10, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇီးတောတောရဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာရှိနေတဲ့ ပလက်ဝ မြို့နယ်က ရဟန်းတစ်ပါး၊ စစ်ဘေးဒုက္ခသည်တွေထဲက အသက်မပြည့်သေးသူ နှစ်ဦး နဲ့ လူငယ်တစ်ဦးကို အောက်တို ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနဲ့ရဲက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ကျောင်းထိုင် ဆရာတော် က RFA ကို ပြောပါတယ်။ ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် မောင်ကျော်ဇော်လှ၊ အသက် ၁၇ နှစ်အရွယ် မောင်သန်းဝင်း၊ အသက် ၂၀ အရွယ် မောင်နေဆန်းဦးနဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ကူညီဆောင်ရွက် ပေးနေတဲ့ ရဟန်းတော် ဦးပညာသာမိတို့ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီနေ့ညနေပိုင်းက စစ်တွေမြို့ကိုပြန်လာမယ့် ကျောင်း ထိုင် ဆရာတော်ကို ကြိုဖို့သွားစဉ် လမ်းမှာစစ်ဆေးရေးလုပ်နေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့တွေ့ပြီး အဖမ်းခံခဲ့ရ တာလို့ မောင်ကျော်ဇောလှရဲ့ အမေ ဒေါ်ဘီချာဘီက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ မောင်ကျော်ဇော်လှဟာ ၈ တန်းတက်မယ့် ကျောင်းသားတစ်ဦးဖြစ်ပြီး၊ မောင်သန်းဝင်းဟာလည်း ၉ တန်း တက်မယ့် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ မောင်နေဆန်းဦးကတော့ သာမာန်လက်လုပ်လက်စားတစ်ဦးဖြစ်ပြီး သူတို့ဟာ ရွာအနီးအနားမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ပြီးခဲ့တဲ့ ဇွန်နဝါရီလ ၂၄ ရက်နေ့ကတည်းက မိသားစုနဲ့အတူ အဲဒီ စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်လို့လည်း သူဆိုပါတယ်။ သူတို့ကိုဘာကြောင့် ဖမ်းဆီးသွား တယ်ဆိုတာကို မသိရသလို အခုအချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်လည်း မရသေးတဲ့အတွက် စိုးရိမ်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းတွေကို ဆက်သွယ်ပေမယ့် တစ်စုံတစ်ရာ မသိရသေးဘူး လို့လည်း ဇီးတောတောရကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက RFA ကို မိန့်ပါ တယ်။

အခုလို စစ်ဘေးဒုက္ခသည် သုံးဦးနဲ့ ရဟန်းတော်တစ်ပါးကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို RFA က ဆက် သွယ်မေးမြန်းနေဆဲပါ။ ရခိုင်ပြည်နယ်အတွင်းမှာ တပ်တော်မတော်က အခုလိုအရပ်သားတွေကို အေအေအဖွဲ့ဝင် ဒါမှမဟုတ် အေအေ အမာခံတွေဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာ ၂၀၀ ကျော်လောက်ရှိတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူ များအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်းကနေ ဒီနေ့အချိန်အထိ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားသူ စုစုပေါင်း ၃၂ ဦး အထိရှိပါတယ်။ https://www.rfa.org/burmese/news/soldiers-arrest-three-young-men-and-one-monk-in-sittwe-10152020055009.html

**************

၁၇။ ပလက်ဝမြို့ကို တပ်မတော်လုံခြုံရေးယူပြီး ဆန်အိတ်ပေါင်း ၁၇၀၀ ပို့ဆောင်ပေးနေပြီ
October 13, 2020

ပလက်ဝမြို့ ကို ဆန်အိတ် ၁၇၀၀ အိတ်အပြင် အခြားစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း အချို့ကို ကုန်တင်ကားအစီး ၂၉ စီးနှင့် တပ်မတော်လုံခြုံရေးယူကာ ပို့ဆောင်နေပြီ ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “မနေ့ကတည်းက စပို့နေတယ် ရောက်တာတော့မရောက်သေးဘူး လမ်းလုံခြုံရေး အခြေအနေ အရ ဖြည်းဖြည်းဘဲ သွားနေရတော့ ဒီနေ့တော့ ရောက်မယ်ထင်တယ် ဒါမှမဟုတ် မနက်ဖြန်တော့ ရောက်မယ်ထင်တယ် ဒီနေ့ရောက်အောင်လည်း ကြိုးစားနေပါတယ်။ ကား ၁၂ စီးနဲ့ ဆန်အိတ် ၁၇၀၀ ပါတယ် နောက်ပြီး ဒေသ ကုန်သည်တွေ ဆောက်လုပ်ရေး ကိစ္စအတွက် ဘိလပ်မြေ သံ၊ သံချောင်း အပြင် အခြား စားနပ်ရိက္ခာအပြင် အဝတ်အထည်တွေလည်း သည်သွားတယ် အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ ကား ၁၇ စီးနဲ့သယ်တယ် စုစုပေါင်း ကားအစီး ၂၉ စီးနဲ့သည်သွားတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် စစ်ပွဲတို့ကြောင့် အသွားအလာကန့်သတ်ထားသည့် အတွက် ရောင်း စရာ ဆန်မရှိတော့ဘဲ စားသောက်ကုန်များ၏ ဈေးနှုန်းမှာလည်း အဆမတန် မြင့်တတ်သွားခဲ့ပြီး ဒေသခံများ အခက်ခဲ ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။ လက်ရှိပလက်ဝမြို့နယ်ကို ပို့ပေးသည့် ဆန်များကို ပြည်ထောင်စု လူကယ်ပြန်မှ ထောက်ပံ့ပေးသည့် ဆန်အိတ် ၇၅၀ အိတ်ပါဝင်ပြီး ကျန် ၉၅၀ အိတ်ကို ပြည်သူလူထု လှူထားသည့် ပိုက်ဆံဖြင့်ဝယ်ယူထား ကြောင်းလည်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ https://www.chinworld. org/2020/10/13/%e1%80%95 %e1%80%9c%e1%80%80%e1%80%ba%e1%80

***************

၁၈။ ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ
October 14, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံမှ စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကအထိ စစ်ရှောင်ရွာသားများ ထပ်မံရောက်ရှိလာကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)မှ စိုင်းနေအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။“တိုက်ပွဲက တော့မဖြစ်တော့ဘူး။ ဒါပေမယ့် စစ်ကြောင်း တွေ က ကျေးရွာကိုဖြတ်ပြီးသွားလာနေတော့ သူတို့ကြောက်လို့ ရှောင်လာတာ ပါ။ စစ်ရှောင် အားလုံး ၃၅၀၀ ကျော်ရှိပြီ” ဟု စိုင်းနေအောင် က ဆိုသည်။

အဆိုပါ စစ်ရှောင် ၃၅၀၀ ကျော်သည် ကျောက်မဲမြို့နယ် တောင်ထိပ်ရွာမှ ၆၄၈ ဦး၊ နားဆောင်း ရွာသား ၁၇၀ ဦး၊ ပုံဝိုးကျေးရွာ ၇၁၈ ဦး၊ ကွန်ဟင်ကျေးရွာ ၃၉၇ ဦး၊ ကောင်းလန်းကျေးရွာ ၂၈၆ ဦး၊ ဟိုနမ့်ကျေးရွာ ၃၈၆ ဦး၊ နောင်ကွမ်ကျေးရွာ ၉၅ ဦး၊ ဟဲကွီကျေးရွာ ၁၂၅ဦး၊ ကောင်းမှူးခံ ကျေးရွာ ၂၅၀ ဦး နှင့် အုမ်ဟစ်ကျေးရွာတွင် ၄၃၀ ဦးတို့ ဖြစ် ကြောင်းသိရသည်။ ရပ်ရွာများအတွင်ဝင်ရောက်လှုပ်ရှားစခန်းချသော အစိုးရတပ်မတော်သည် ယနေ့ချိန်ထိ တပ်ဆုတ်ပေး ခြင်းမရှိသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးမည်ကို စိုးရိမ်ရကြောင်း စစ်ရှောင်များက ပြောသည်။ “ တိုက်ပွဲကတော့ငြိမ် နေတယ်။ ဒါပေမယ့် စစ်ကြောင်းတွေက ရွာနားမှာရှိနေသေးတယ်။ ကျနော်တို့ မပြန်ရဲသေးဘူး။ နောက်ထပ်အခြေအနေ စောင့်ကြည့်ပြီးမှ ပြန်မယ်” ဟု ပုံဝိုးကျေးရွာတွင် စစ်ရှောင်နေသည့် အမျိုးသားတဦးက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူစုလူဝေးခြင်း ခရီးသွားလာခြင်းများကန့်သတ်ထားသဖြင့် အလှူရှင်များကူညီထောက်ပံ့မှု ပေးရန် မလာနိုင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်စားသောက်မှု အစစအရာရာ အခက်အခဲရင်ဆိုင်နေ ရကြောင်းလည်း စစ်ဘေးရှောင်များကို ကူညီသည့်အဖွဲ့များက ပြောသည်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ ရန် ရက်ပေါင်း ၂၄ ရက်သာကျန်နေသည့်အချိန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလ လည်း ဖြစ်သဖြင့် စစ်ရှောင်လူထု နေရပ်ပြန်နိုင်ရန် အစိုးရတပ်မတော်အနေဖြင့် တပ်ဆုတ်ခွာပေးရန်လည်း လူထုက ပြောဆိုလိုက်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကာလကလည်း သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ပြင်းထန်သဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသည်။ https://burmese.shannews.org/archives/18886

***************

၁၉။ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်
October 16, 2020

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိသည် ဟု ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက် ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေး ဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်း လှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်း ကောင်း ကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲ အသိပညာပေးမှုတွေလည်း ကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင် တွေရဲ့ လုပ်ငန်းစဉ်တွေမှာလည်းနှောင့်နှေးတယ်ပေါ့ဗျာ။ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရ ကန့်သတ်ထား တာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ဟုပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။ လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“ တကယ်လို့ ပလက်ဝမြိ့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တော့ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုကပျောက်သွားမယ်၊ ပလက်ဝနယ်က ချင်းပြည်နယ်လူဦးရေရဲ့ ၅ ပုံ ၁ ပုံက ပလက်ဝနယ်မှာရှိတယ်၊ အဲဒီ ၅ ပုံ ၁ ပုံသော ကိုယ်စားပြုမှုကို ပျောက်သွားမယ် ပြီးတော့ စစ်မက်ဖြစ်ပွားတာလည်းပိုစိုးသွားနိုင်တယ် ဘာလို့လည်းဆိုရင် ပြောပေးဆိုပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကမရှိတော့ဘူးဆိုရင်တော့လေ ဒေသခံပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ် ယုံကြည်မှုလည်း တစ်နည်းမဟုတ်တစ်နည်းတော့ ကျသွားနိုင်တယ် ဘာလို့လဲဆိုတော့ရွေးကောက်ပွဲတောင် မလုပ်ပေးနိုင်ဘူးဆိုတာမျိူးလေ နောက်တစ်ခုက အော် ငါတို့ကိုကျတော့ ဝိုင်းဖယ်ခံရပါလားဆိုတဲ့စိတ်မျိူးလည်းဝင်သွား နိုင်တယ်လေ’’ဟု ကိုစောမြ ကပြောသည်။ https://www.bnionline.net/mm/news-76293

**************

၂၀။ ရခိုင်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ Free Burma Rangers အဖွဲ့တောင်းဆို
October 14, 2020

အခုလို ကပ်ဘေးကာလ လူသားချင်းစာနာတဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ တပ်မတော် ကို Free Burma Rangers အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ NLD အစိုးရအနေနဲ့လည်း ရက္ခိုင့်တပ်တော် (AA) နဲ့ တွေ့ဆုံဆွေး နွေးရေး အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အခုလို ကပ်ရောဂါကာလအတွင်း မနေ့ကစလို့ ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ကို တပ်မတော်ရဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ပွဲတွေကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဒေသခံ ၁,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက် နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ David Eubank က – လူသားချင်းစာနာတဲ့အနေနဲ့ ဒီတိုက်ပွဲတွေ ချက် ချင်းရပ်ဖို့ တပ်မတော်ကို တောင်းဆို လိုက်ပါတယ်။

“ရခိုင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေ ရပ်စဲစေလိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ တပ်အင်အားတွေ တိုးမြှင့်ပြီး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက် သေကျေအောင် လုပ်နေတာတွေကို ရပ်စေချင်ပါတယ်။ ဒီနှစ် ၂ဝ၂ဝ ပြည့်နှစ်ထဲမှာပဲ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလို အရပ်သား တွေကို သတ်ဖြတ်ပြီး မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျုးလွန်တာတွေ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ သိမ်းကျုံးပစ်ခတ်မှုတွေ ခြေလျင်တပ်တွေရဲ့ တိုက် ခိုက်မှုတွေနဲ့ ရခိုင်ပြည်နယ်မှာ ကျုးလွန်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒါတွေဟာ မြန်မာ နိုင်ငံမှာ အခြေအနေတွေကို ပိုပြီးတော့သာ ဆိုးရွားလာစေပါတယ်။”“ဘုံရန်သူဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံး ရပ်ဆိုင်းထားဖို့”ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယို ဂုတားရတ်စ်က ဒီနှစ် မတ်လက တိုက်တွန်းထားတာပါ။

ဒီတိုက်တွန်းမှုကို တုံ့ပြန်တဲ့အနေနဲ့ တပ်မတော်က အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာထားတဲ့ AA အဖွဲ့လှုပ်ရှားရာ ရခိုင်ပြည်နယ်တော့ မပါဝင်ခဲ့သလို၊ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး၊ တိုက်ခိုက်လာရင်တော့ ခုခံစစ်လုပ် သွားမယ် လို့ ပြောဆိုထားပါတယ်။ vFree Burma Rangers အဖွဲ့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ၂၇ နှစ်ရှိသွားပါပြီ။ Free Burma Rangers အဖွဲ့ ခွဲ ၁ဝဝ ကျော် သင်တန်းပို့ချပြီးဖြစ်သလို၊ ရခိုင်ပြည်နယ်မှာလည်း အဖွဲ့ခွဲပေါင်း ၃ဝ ကျော် ရှိပါတယ်။ အခုလို ကပ်ဘေးကာ လမှာ နေထိုင်မကောင်းဖြစ်သူတွေ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့သူတွေအတွက် ကျန်းမာရေး စောင့် ရှောက်မှုပေးနိုင်အောင်လည်း အစိုးရက ဆောင်ရွက်ပေးစေချင်တယ်လို့ Free Burma Rangers အဖွဲ့က ပြောဆို ခဲ့ပါတယ်။ https://www.rfa.org/burmese/news/Free-Burma-Rangers-calls-to-end-fighting-in-Rakhine-State-

**************

၂၁။ မတူကွဲပြားမျိုးနွယ်များ၏ ပြဿနာကို ဖြေရှင်းနိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရခြင်းဖြစ်ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီဆို
October 14, 2020

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ရခိုင်ပြည်နယ်အတွင်းက မတူကွဲပြားမျိုးနွယ်စု များ၏ ပြဿနာကို သဟဇတဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြေရှင်းနိုင်ရန်အတွက် ဖြစ်ကြောင်း ကမန်အမျိုးသားတိုး တက်ရေးပါတီမှ ထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။ “ကမန်အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်က သော်လည်းကောင်း အနိုင်ရခဲ့လို့ရှိရင် ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းလိုစိတ်၊ ဆောင်ရွက် လိုစိတ် ကျနော်တို့ ကမန်မှာလည်း တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်ရဲ့ အကျပ်အတည်းကို ပါဝင်ပူး ပေါင်းဖြေရှင်းရမယ်ဆိုတဲ့ အသိနဲ့ ဒေသခံတွေက တာဝန်ပေးလာလို့ အောင်နိုင်မှုမျိုးသာရှိမယ်ဆိုရင် ဒီတာဝန်ကိုထမ်း ဆောင် သွား မယ်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ခြင်းဖြစ်ပါတယ်။”ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။

လက်ရှိတွင် ပါတီအနေဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နေရာနှင့် ပြည်သူ့လွှတ်တော်တစ်နေရာ အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ မရမ်းကုန်းမြို့နယ် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ မဲဆန္ဒနယ် အမှတ် (၁) တို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်နေရာစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင် ငွေကြေး အခက်ခဲ အရ မဲဆန္ဒနယ်လျှော့ချခဲ့ရ ကြောင်း ဆိုသည်။

ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် သံတွဲမြို့နယ်တွင် ကမန်တိုင်းရင်းသား တစ်သောင်း ကျော်ရှိပြီး ကမန်လူမျိုး များအနေဖြင့် ပါတီအားမဲပေးမည်ဆိုပါက အနိုင်ရရှိနိုင်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။ ပြီးခဲ့သည် ၂၀၁၈ ခုနှစ် က တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရာတွင်လည်း သံတွဲမြို့နယ်မှ ကမန်ကျောင်းသားများအား “ဘင်္ဂလီ”ကျောင်းသား များဟုဆိုကာ ပညာရေးဌာနမှ စာရင်းထုတ်ပြန်ပြီး သီးခြားစာမေးပွဲဖြေဆိုခိုင်းခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း ကမန်လူမျိုးများ က ပြောသည်။ ထိုသို့ ခွဲခြားဆက်ဆံမှုမျိုးမရှိစေချင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊မီးလင်းရေးတို့တွင်လည်း တန်းတူ ညီမျှဖြစ်စေချင်ကြောင်း ကမန်အမျိုးသားပါတီအား ဝန်းရံထောက်ခံသူ မဆောင်းနှင်းဝေက ဆိုသည်။

ကမန်လူမျိုးများသည် အစ္စလာမ်ဘာသာအား ကိုးကွယ်ကြသော်လည်း ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား လူမျိုးစုတစ်ခုလည်း ဖြစ်သည်။ ရခိုင်ပြည် နယ် စစ်တွေ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်တို့တွင် အများစုနေထိုင်ကြပြီး တချို့မှာ ၂၀၁၂ ခုနှစ် အရေး အခင်းနောက်ပိုင်းတွင် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိကြောင်း သိရသည်။ http://www .mizzimaburmese.c om/article/74452

***************

၂၂။ တောင်ကုတ် NLD အမတ်လောင်းတွေရဲ့ အသက်အန္တရာယ် မိသားစုဝင်တွေစိုးရိမ်
October 15, 2020

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတာ ၁ ရက်ကျော်ကြာလာပြီဖြစ်ပေမယ့် ဘာသတင်းမှမကြားသေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ကို မိသားစုတွေက စိုးရိမ်နေကြပါ တယ်။ အဖမ်းမခံရဘဲ လွတ်လာသူတွေက AA ဘက်က ဖမ်းသွားတာလို့ပြောပေမယ့် ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူကတော့ ဒီကိစ္စကို ဘာသတင်းမှ မရသေးဘူးလို့ပြောပါတယ်။ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ပြည်နယ်လွှတ် တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦးကို မဲဆွယ်သွားနေတုန်း တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောရဲ့ မိခင်ဖြစ်သူ ဒေါ်မယ်သီက သမီးဖြစ်သူရဲ့ အသက် အန္တရာယ် စိုးရိမ်နေတယ်လို့ RFA ကိုပြောပါတယ်။ “အမေကြီးက သမီးပဲအားကိုးရတယ်လေ။ အားကိုးရပြီး သူလုပ်ချင်တာ ကို ခွင့်ပြုထားတာ။ အခုလို အခက်အခဲဖြစ်လာတော့လည်း အားကိုးစရာမရှိဘူးပေါ့။ လူကြီး သူကြီးတွေကိုလည်း အန်တီ တောင်းပန်ပါတယ်။ ပါတီက သမီးနဲ့ ကလေးနှစ်ယောက်ကိုလည်း အမြန်ဆုံးလွတ်စေချင်တယ်။ အခုဖမ်းဆီးသွားတဲ့ အဖွဲ့က ကလေးတွေကိုလည်း တောင်းပန်ပါတယ်။ ညီအကိုမောင်နှမတွေလို သဘောထားပြီး ဒီကလေးတွေကို အမြန်ဆုံးပြန်လွှတ် ပေးပါလို့ တောင်းပန်ချင်ပါတယ်” ဒေါ်နီနီမေမြင့်ရဲ့ခင်ပွန်း ဖြစ်သူ ကိုလင်းနိုင်ကတော့ ဇနီးရဲ့ သတင်း ခုထိဘာမှ မသိရသေး တာကြောင့် စိုးရိမ်နေတယ်လို့ပြောပါတယ်။

ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြတ်ဝတ်ရည်ကတော့ နေထိုင်မကောင်းတာ ကြောင့် RFA ကို ဖြေဆိုနိုင်ခြင်းမရှိပါဘူး။ ဒီကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရတဲ့စဉ် အတူရှိနေတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်နဲ့ NLD ပါတီဝန်းရံသူတွေဖြစ်တဲ့ မအေးအေးနိုင်၊ ကိုသန့်ဇင်ဖြိုးတို့ သုံးဦး ပြန်လွတ် လာပါတယ်။ ပြန်လွတ်လာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မချစ်ချစ်ချောရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စား လှယ်လောင်း မအေးအေးနိုင် ကလည်း သူတို့သုံးယောက်လုံးကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပြန်လွတ်လာတဲ့ သူတွေကို မနေ့က တောင်ကုတ်မြို့နယ် ရဲစခန်းမှာ ရဲစစ်ချက်ရယူခဲ့ပါတယ်။ တောင်ကုတ်မြို့ နယ် ရဲစခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးတက်နေလို့ဆိုပြီး ဖြေဖို့ ငြင်းဆန်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အရေးပေါ် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက် တွေက မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စကို မပြောဖို့ နိုင်ငံတော်အကြီးအကဲတွေက မှာထား တယ်လို့ တုံ့ပြန်ပါတယ်။ https://www.rfa.org/burmese/news/family-members-of-three-NLD-candidates-abduct ed-in-Rakhine-10152020105102.html

**************

၂၃။ ဖားကန့်တွင် ၂၀၂၀ ခုနှစ် မဲပေးမည့်စာရင်းသည် ၂၀၁၅ ခုနှစ်စာရင်းထက် လူဦးရေ ထက်ဝက်ခန့်တိုး
15 October 2020

ဖားကန့်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးနိုင်မည့် လူဦးရေသည် ၂၀၁၅ ရွေးကောက်ပွဲထက် လူဦးရေ ထက်ဝက်ခန့် တိုးလာကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လွန်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်တစ်ခုလုံး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၈၉၄၈၈ ရှိခဲ့သော် လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၁သိန်း ၈သောင်းကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးအောင်ကျော်သူ က ပြောသည်။“လောလောဆယ် ကျနော်တို့စာရင်းတော့မပိတ်သေးဘူး။ သို့သော်ငြားလည်း ဘယ်လိုအခြေနေရှိလဲဆိုတော့ တစ်ချို့မဲဆန္ဒရှင်တွေက မဲစာရင်းကိုသွားမကြည့်ကြဘူး။ အဲလိုသွားမကြည့်ကြတော့ မဲ စာရင်းမှာပါမှန်းမသိ မပါမှန်းမသိ အဲတော့ ပြန်ပြန်ပြီးလျှောက်ခဲ့တာတွေရှိတယ်။ အဲကြောင့် တစ်ချို့မဲစာရင်းတွေက ထပ် တယ်။ အဲတော့ ကျနော်တို့က မဲစာရင်းကိုပြန်စစ် မဲစာရင်းမှာမပါဘူး။ သေချာပြီ ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်နဲ့ ကိုက်ညီ ပြီဆိုမှ မဲစာရင်းထဲကိုထည့်မယ်။ အဲတော့ ခုစီစစ်ဆဲကာလဖြစ်တဲ့အတွက် တိတိကျကျတော့ မသိရသေးပါဘူး။ လောလော ဆယ်တော့ အကြမ်းအားဖြင့်တော့ ၁သိန်း ၈သောင်းကျော်ရှိတယ်။” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးအောင်ကျော်သူကပြောသည်။

ဖားကန့်မြို့နယ်တွင် မဲစာရင်းထက်ဝက်ခန့်တိုးလာခြင်းနဲ့ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ KNC မှ ပြည်နယ် လွှတ်တော် ကိုယ်သားလှယ်လောင်း ဦး ဂျန်မာနောင်လတ် က ယခုလိုသုံးသပ်ပြောဆိုသည်။“ဖားကန့်မှာ မဲထည့်ခွင့်ရှိသည့် ဌာနေလူထုတွေက ကျနော်သိရသလောက် ၃သောင်းလောက်ဘဲရှိတယ်။ ဒီရွှေ့ပြောင်းကိစ္စက ကြံံ့ခိုင်ရေးအစိုးရက ၂၀၂၀ လုပ်လာတယ်။ အဲဒါကို NLD ကလည်း အလိုက်သိ သူတို့မဲရဖို့ ကျနော်တို့ KNC တွေ ဒီလောက်ထိကန့်ကွက် နေတဲ့ကြား ထဲကကို အတည်ပြုဖြစ်အောင်ပြုပေးတယ်။ ဆိုတော့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်း ခံနေရတယ်လေ။ တိုင်းရင်း ဒေသမှာ ဒီရွှေ့ပြောင်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”ဟု ကချင်အမျိုးသားကွန်ကရက်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဂျန်မာနောင်လတ် ကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မိမိရောက်ရာဒေသတွင် ရက်ပေါင်း ၁၈၀ နေထိုင်သူ သည် မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရက်ပေါင်း ၉၀ သို့ လျှော့ချလိုက်သည့်အတွက် တိုင်းရင်းသားဒေသများတွင် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်ပြီး ကန့်ကွက်မူများရှိခဲ့ သည်။ ဖားကန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ(KNC)၊ ညီညွှွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကြံံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) စသည့် ပါတီ ၆ ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန မှ သိရသည်။ https://burmese.kachinnews.com/2020/10/15/l2-9/

***************

၂၄။ မြောက်ဦးတွင် FDA ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံရ
15 October 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ဝန်ထမ်း ၁ ဦးမှာ အောက်တို ဘာလ ၁၄ ရက် ည ၉ နာရီကျော်အချိန်ခန့်က မြို့ဝင်ကားဂိတ်၊ ငွေတောင်ပေါက်တံတားတွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၆ နှစ်အရွယ် ကိုဦးကျော်တင်ဖြစ်ပြီး ၎င်းမှာ မြောက်ဦး ကားဂိတ်ဘက်မှ ၎င်းနေထိုင်ရာ လက်ကောင်ဈေးရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် လာရောက်စဉ် လမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မြောက်ဦးမြို့နယ် အုတ်ဖိုကန် ဇာတိ ဖြစ်ပြီး FDA ရုံးတွင် စာရေးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၃ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံရသူ၏ ဖခင်ဖြစ်သူ ဦးမောင်သန်းရွှေက “မနေ့ည ၉ နာရီ ကျော်မှာ ကားဂိတ်ကနေ ဆိုင်ကယ်နဲ့ တဦးတည်း ပြန်လာတဲ့အခါ တံတားနားမှာ ရဲတပ်ဖွဲ့က ဖမ်းသွားတာ။ သူက အုတ်ဖိုကန်အနီး က FDA ရုံးမှာ စာရေးအဖြစ် တာဝန်ကျနေတာ ” ဟု ပြောသည်။ ၎င်းနှင့် ဆွေမျိုးတော်သူတဦးဖြစ်သည့် အုတ်ဖိုကံကျေးရွာ နေ ဒေါ်မသောင်းဌေးက “ သူ့မှာ ဝန်ထမ်း အထောက်အထား ကဒ်တွေ အစုံရှိတယ်။ FDA တာဝန်ရှိ အထက်လူကြီးတွေကို လည်း တိုင်ကြားထားတယ်။ သူ့တို့ကလည်း ရဲစခန်းကို ဆက်သွယ်ထားပြီးတော့ ထောက်ခံထားတယ်။ နောက်ပြီး ကျေးရွာ လူကြီးတွေကလည်း ထောက်ခံထားတာ ရှိတယ် ” ဟု ပြောသည်။

ကိုဦးကျော်တင်ကို လက်ရှိတွင် မြောက်ဦးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မည့်သည့် ပုဒ်မနှင့် အရေးယူမည်ကို မသိရ သေးကြောင်း ဖခင်ဖြစ်သူက ပြောသည်။ ၎င်းက “ ဒီနေ့ ရဲစခန်းကို သွားတော့ အချုပ်ထဲမှာ သားကို တွေ့ခဲ့တယ်။ ရဲဘက် ကတော့ သူ့ကိုချုပ်ထားအုံးမယ်လို့ ပြောတယ်။ ဘာကြောင့်ဖမ်းတယ်။ ပုဒ်ပုဒ်မနဲ့အရေးယူမယ် ဆိုတာကိုတော့ မပြောဘူး။ သားကို မေးမြန်းဖို့ကြိုးစားလည်း မရခဲ့ဘူး ” ဟု ဆိုသည်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များထံ အရပ်သားများ ဖမ်းဆီးခံရမှုများရှိကာ စစ်ဆေးရေးကာလအတွင်း သေဆုံးမှုများ ရှိသည့်အတွက် ၎င်း အတွက် အလွန်စိုးရိမ်မိကြောင်း မိသားစုဝင်များက ပြောသည်။ မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အရပ်သားများကို သံသယနှင့် ဖမ်းဆီးရာတွင် ဥပဒေလုပ်ထုံးနှင့် အညီဆောင်ရွက်သင့်ကြောင်း ထောက်ပြ သည်။ ဦးထွန်းသာစိန်က “ အရပ်သားပြည်သူတွေ ဖမ်းခံရတဲ့ အပေါ်မှာ ကျနော်တို့လည်း စိုးရိမ်မှု မြင့်တက်နေတယ်။ ဒေသခံ တွေကို သံသယနဲ့ ဖမ်းဆီးရင်လည်း တရားဥပဒေ ဘောင်အတွင်းက အလုပ်ပဲ လုပ်စေချင်တယ် ” ဟု ဆိုသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ မြောက်ဦးမြို့မရဲစခန်း စခန်းမှူးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆက်သွယ်၍ မရှိခဲ့ပါ။ https://burma.irrawaddy.com /news/2020/10/15/231718.html

***************

၂၅။ မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိ
15 October 2020

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုဖြစ်စဉ်မှာ ယာဉ်အမှတ် SHN-1G/—– ဖူဆိုအဖြူရောင် ၁၂ ဘီး ကုန်တင်ယာဉ်သည် မိုင်ယု ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး ဇုန်အတွင်း သွင်းကုန်ထုတ်ကုန်ဌာနတွင် အစစ်ဆေးခံရန် ရောက်ရှိလာခဲ့ရာမှ နမူနာ စစ်ဆေးရန် ကားပေါ်ရှိ အမျိုးသားဝတ် အတွင်းခံ ဘောင်းဘီတိုများ ထည့်ထားသည့် ဂျက်ဖာကိုယူ၍ နမူနာစစ်ဆေးရာမှ ဂျက်ဖာအတွင်း ဝိုင်ယာကြိုးနှင့် ဆော့ကက်များ သိုဝှက်သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရာမှ ပူးပေါင်းအဖွဲ့များက စစ်ဆေးရာ ဘောင်ဘီ တို ဘူးများအတွင်း Remote Mine Receiver များ စုစုပေါင်း ၁၇၀၀ ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်‌နေပြီး တွေ့ရှိဖမ်းဆီး ရခဲ့သူ ယာဉ်မောင်း ယာဉ်နောက်လိုက်နှင့် အေးဂျင့် တို့ကို အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ကျော်ခန့်က မူဆယ်မြို့မ ရဲစခန်းသို့ ခေါ်ဆောင်လာပြီး စတင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ဥပဒေအရ အရေးယူနိုင်ရန် သက်သေခံပစ္စည်းများ သိမ်းဆည်းမှုကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။ https://news-eleven.com/article/195578

**************

၂၆။ ကိုဗစ်ကာလ လုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေးလှုပ်ရှားမှု လူငယ်များပြုလုပ်
13 October 2020

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးနှင့် မဲစာရင်းကိုလည်းနောက်ဆုံး အမြန်စစ်ဆေး ကြဖို့တိုက်တွန်းသော လူငယ်အဖွဲ့များက စက်ဘီးစီးလှုပ်ရှားမှုအစီစဉ်ကို မြစ်ကြီးနား မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့နှင့် We Generation လူငယ်အဖွဲ့တို့ ပူးပေါင်းဦးဆောင်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မနက် လူငယ်အယောက် ၃၀ ခန့်က မြစ်ကြီးနားစီတာပူရပ်ကွက်မှ အာလမ်ကျေးရွာအထိ စက်ဘီးစီးကာ လမ်းတစ်လျှောက် ပညာပေးစာစောင်များ ကပ်ခဲ့သည်။

“မြို့နယ်ပြည်သူများအနေနဲ့ကိုယ့်ရဲ့နာမည် မဲဆန္ဒရှင်စာရင်းထဲမှာ ပါမပါ သွားရောက်စစ်ဆေးကြဖို့နှင့် နောက်တစ်ခုက ခုချိန်က ကိုဗစ်ကာလဖြစ်တယ်။ ဒီကာလမှာ ဘေးကင်းလုံခြုံစွာမဲပေးနိုင်ဖို့ ကျွန်မတို့ရည်ရွယ်ပါတယ်။”ဟု ကချင်ပြည်နယ် လူငယ်ရေးရာ မြစ်ကြီးနားခရိုင်တွဲဖက်အတွင်းရေးမှူး မဆိုင်းဆန့် က ပြောသည်။ Covid ကာလ ပြည်သူများအနေဖြင့် မပျက်မကွက်ဘဲ ဘေးကင်းလုံခြုံစွာ မဲပေးကြဖို့ လက်ကမ်းစာစောင်များကို အများတွေ့မြင်နိုင်သောနေရာများတွင် လိုက် ကပ်ခဲ့ကြသည်။“ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြည်သူအားလုံးမှာတာဝန်ရှိတယ်။ အရေးကြီးတယ်။ ကိုဗစ်ကာလ လည်းဖြစ်တယ်။ ရွေးကောက်ပွဲလည်းရောက်လာပြီဆိုတော့ မဲသွားပေးတဲ့ချိန်မှာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်လိုမျိုး တွေ သွားရောက်ပေးသင့်တယ်ဆိုတဲ့အရာတွေ လိုက်လံအသိပေးတဲ့အရာမို့ ပါဝင်ရခြင်းဖြစ်တယ်။”ဟု လှုပ်ရှားမှုတွင် ပါဝင် သူလူငယ် တစ်ဦး ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက် ပေါက်ထွက်လာသော တတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ https://burmese.kachinnews.com/2020/10/13/l2-8/

**************

၂၇။ လွိုင်ကော် အဝေးပြေးစခန်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဆန်နှင့်ဆီ ထောက်ပံ့
October 15, 2020

ကယားပြည်နယ်သို့ ဝင်ထွက် သွားလာနေသည့် ယာဉ်လိုင်းများရပ်နားထားသဖြင့် လွိုင်ကော် အဝေးပြေး ယာဉ်ရပ်နား စခန်းမှ ယာဉ်မောင်း ယာဉ်နောက်လိုက်အပါအဝင် လူပေါင်း ၇၀၀ ခန့်အားကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီမှ ဆန်နှင့် ဆီများကို အောက်တိုဘာ ၁၅ ရက်နေ့က တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးခဲ့သည်။

ယာဉ်လိုင်းများ ရပ်နားထားသည့် အတွက် စားဝတ်နေရေးအခက်ဖြစ်နေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကားဝင်း အတွင်းရှိ ရုံးဝန်ထမ်းများအား တစ်ဦးလျှင် ဆန် ၁၂ ပြည်၊ ဆီတစ်ပိသာနှုန်းဖြင့် ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကယား ပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးစံအေး က ပြောသည်။ “ ၁၂ ရက်နေ့ကနေ ဒီနေ့ အထိ ၁ လနဲ့ ၃ ရက်ဖြစ်သွားပြီးပေါ့ ။ ကျနော်တို့ ယာဉ်မောင်း၊ ယာဉ် နောက်လိုက် တွေလည်း ဒီလုပ်ငန်း တခုကိုသာ ဦးတည်လုပ်နေတာ ဒီလုပ်ငန်း မလုပ်တဲ့ အခါကျတော့ စားဝတ်နေရေး ခက်ခဲတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ကော်မီတီတွေက ဆင့်ကဲ အစည်းအဝေးထိုင်ပြီးတော့ ဒါပေးသင့်တယ်၊ ဒီထက်ကြာရင် လည်း ထပ်ပေးဖို့ ကျနော်တို့ စီမံ ဆောင်ရွက်ထားတာရှိတယ် ”ဟု ပြောသည်။

“ ကျနော်တို့ ကိုဗစ် ကင်းစင်တဲ့ ပြည်နယ်ဖြစ်တဲ့ အလျောက် ဒီလိုကင်းစင်အောင် နေနိုင်ဖို့အတွက် ကျနော်တို့ ယာဉ် မောင်း၊ ယာဉ်နောက်လိုက် အားလုံးနဲ့ ကျနော်တို့ ထိန်းချုပ်နိုင်တယ် ဆိုတာကို ကျနော်တို့ ပြည်နယ် ကိုယ်စား ကော်မတီ အနေနဲ့များစွာ ဂုဏ်ယူပါတယ်”ဟု ဦးစံအေးက ရှင်းပြသည်။ ကယားပြည်နယ်သို့ ဝင်ထွက်သွားလာနေသည့် ခရီးသည်တင် ယဉ်လိုင်း အားလုံးကို စက်တင်ဘာ ၁၂ ရက်မှ စတင်၍ ယနေ့အထိ ရပ်ဆိုင်းထားရန် ပြည်နယ် အစိုးရမှ ညွှန်ကြားခြင်းဖြစ် ကာ ကယားပြည်နယ်တွင် ယာဉ်လိုင်းပေါင်း ၇၀ နီးပါရှိကြောင်း သိရသည်။ ကယားပြည်နယ်သည် ယနေ့အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်ရောဂါ ကင်းစင်းနေသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပြည်နယ်အတွင်း အဝင် အထွက် စောင့်ကြည့်နေသည့် ဂိတ်များကိုလည်း အထူး ကြပ်မတ် ဆောင်ရွက်ထားကြောင်း သိရသည်။ http://www. mizzimaburmese.com/art icle/74530

**************

၂၈။ ဘူးသီတောင်မြို့ပေါ်ရှိ NLD အောင်နိုင်ရေးဆိုင်းဘုတ် ၅ ခုဖျက်ဆီးခံရ
October 16, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်အခု ၄၀ ရှိသည့်အနက် ၅ ခုမှာ ဖျက်ဆီးခံလိုက်ရကြောင်း ယင်းပါတီထံမှသိရသည်။

ဆိုင်းဘုတ်များ ဖျက်ဆီးခံရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး ဖျက်ဆီးသူများအား အရေးယူနိုင်ရန် ဘူးသီးတောင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဘူးသီးတောင်မြို့နယ်၏ NLD ပါတီအတွင်းရေးမှူး ဦးအောင်ငြိမ်းက DMG သို့ ပြောသည်။“ဖျက်ဆီး ရတာ အခုတစ်ကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီ။ နေ့စွဲတွေ မှတ်မရတော့ဘူး။ မနေ့က ၂ ခု ဖျက်ဆီးခံ ရတယ်။ အောက်တိုဘာ ၁၅ မနက်မှာ သွားကြည့်တော့ ၅ ခုအထိပျက်စီးနေတယ်”ဟု ၎င်းကဆိုသည်။ တပ်မတော်နှင့် အေအေတို့တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအများစုတွင် လူနေထိုင်ခြင်းမရှိသည့်အတွက် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကို ဘူးသီးတောင်မြို့ပေါ်၌သာ ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင်လည်း ရခိုင်အမျိုးသားပါတီ(ANP)၏ အောင်နိုင်ရေးဆိုင်းဘုတ် အချို့ဖျက် ဆီးခံရမှုရှိခဲ့ပြီး တောင်ကုတ်၊ မြေပုံ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း NLD မှ စိုက်ထူထားသည့် အောင်နိုင်ရေး ဆိုင်းဘုတ်အနည်းဆုံး ၁၀ ခုခန့် ဖျက်ဆီးခံထားရကြောင်း သက်ဆိုင်ရာပါတီများထံမှ သိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားသည်။ https://www.bnionline.net/mm/news-76297

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **