• Today is: Tuesday, April 16, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 69 , October 30, 2020)

၁။ မိုင္းဆတ္ “ဝ” တပ္ဖြဲ႕ထိန္းခ်ဳပ္နယ္ေျမ မဲဆြယ္စည္း႐ုံးေရး ခက္ခဲ ႏိုင္ငံေရးပါတီမ်ားေျပာ

၂။ ကုလားတန္စီမံကိန္းကို ပစ္မွတ္ထားတဲ့ ေနာက္ကြယ္မွာ တ႐ုတ္လက္ပါေနဟု အိႏၵိယ သတင္းစာေဖာ္ျပ

၃။ မ႐ိုးသားမႈမ်ားရွိ၍ ေဒသတြင္း ႀကိဳတင္မဲမ်ား ကိုးကန္႔ပါတီကန္႔ကြက္

၄။ ဗန္းေမာ္မွ အမ်ိဳးသမီးတဦး အသတ္ခံရမႈ က်ဴးလြန္သူကို ဖမ္းမိၿပီဟု ရဲတပ္ဖြဲ႕ေျပာ

၅။ ရခိုင္တြင္ တရက္အတြင္း လက္နက္ႀကီး က်ည္ထိမွန္မႈေၾကာင့္ ၉ ဦး ဒဏ္ရာရ

၆။ ဆမီးၿမိဳ႕တြင္ ဆရာဝန္တစ္ဦးမွ်မရွိသျဖင့္ မီးဖြားမည့္ မိခင္မ်ားအတြက္ အခက္အခဲႀကဳံရ

၇။ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေတာင္ႀကီးခ႐ိုင္ ငါးၿမိဳ႕နယ္တြင္ ႀကိဳတင္မဲေပးမည့္ လူဦးေရ ၅၄၀၀၀ ေက်ာ္ရွိေၾကာင္း သိရ

၈။ ဖယ္ခုံၿမိဳ႕နယ္တြင္ တပ္မေတာ္သားအခ်ိဳ႕မွ အရပ္သားတစ္ဦးကို ထိုးႀကိတ္မႈျဖစ္ပြားဟုဆို

၉။ ေရြးေကာက္ပြဲကာလ တိုင္းရင္းမီဒီယာလြတ္လပ္ခြင့္ ခ်ဳိးေဖာက္ခံေနရမႈအေပၚ BNI သေဘာထားထုတ္ျပန္

၁၀။ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲ မက်င္းပျခင္းက ပါတီကို ၿဖိဳခြင္းျခင္းျဖစ္ၿပီး မၿပီးဆုံးေသးေသာ အမ်ိဳးသားေရး ခရီးပန္းတိုင္သို႔ ပါတီကို မဲေပးၿပီး အတူတကြ ခ်ီတက္ရန္ ရခိုင္အမ်ိဳးသားပါတီ ပန္ၾကား

၁၁။ ဝိုင္းေမာ္ၿမိဳ႕ ရပ္ကြက္ (၄) တြင္ ႀကိဳတင္မဲပုံးရွိ မဲထည့္သည့္အေပါက္အား တိပ္ျဖင့္ပိတ္ထားျခင္းကို NLD ပါတီ စည္း႐ုံးေရးမႉးက လူမစုံမီဖြင့္သျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ခံရ

၁၂။ မြန္ျပည္နယ္ ကိုဗစ္လူနာမ်ား၏ ဆယ္ပုံတစ္ပုံတြင္ ကေလးငယ္မ်ားျဖစ္ေန

၁၃။ ကရင္နီလူမ်ိဳးစု လူငယ္ဦးေဆာင္ေကာ္မတီက ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီႏွင့္ ကယန္း အမ်ိဳးသားပါတီ တံဆိပ္ပါ မီးပုံပ်ံမ်ားအား ေငြေတာင္ဆည္တြင္ လႊတ္တင္ရာ သက္ဆိုင္ရာမွ လူစုခြဲ

၁၄။ လြိဳင္ေကာ္ၿမိဳ႕တြင္ ႀကိဳတင္မဲေပးခ်ိန္ အျငင္းပြားမႈျဖစ္ပြား

၁၅။ ဝန္ႀကီးခ်ဳပ္ပုံရိပ္ႏွင့္ ေငြေၾကးအခက္အခဲ ရင္ဆိုင္ေနရဟု KySDP ကိုယ္စားလွယ္ေလာင္းေျပာ

၁၆။ ေမာ္ခ်ီးသတၳဳတြင္းက ေနအိမ္တခ်ိဳ႕ ေျမၿပိဳႏိုင္တာေၾကာင့္ ေ႐ႊ႕ေျပာင္းဖို႔ အစိုးရ ၫႊန္ၾကား

၁၇။ မင္းျပားၿမိဳ႕နယ္မွ ၁၄ ႏွစ္အ႐ြယ္ ၆ တန္းေက်ာင္းသူ လက္နက္ႀကီးထိမွန္၍ စစ္ေတြ ေဆး႐ုံေရာက္၊ တပ္မေတာ္ ေရယာဥ္က ပစ္ခတ္မႈမ်ား ရွိ၍ ေက်း႐ြာသားမ်ား ပုန္းခိုေနရ

၁၈။ ေတာင္ႀကီးၿမိဳ႕နယ္ ႀကိဳတင္မဲေပးရာတြင္ မိမိသေဘာဆႏၵအရ မေပးခဲ့ရ

၁၉။ ႀကိဳတင္မဲလာေပးသူမ်ားကို NLD မဲ႐ုံကိုယ္စားလွယ္က မလိုအပ္ဘဲ မဲေပးပုံ လိုက္ရွင္းျပမႈ ျဖစ္ပြားေန

၂၀။ ေျမပုံၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ ႏွစ္ေထာင္ေက်ာ္ စားနပ္ရိကၡာျပတ္လပ္ေန

၂၁။ မြန္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ဆားလုပ္ငန္းေတြ ထိခိုက္

၂၂။ မယ္စဲ့ၿမိဳ႕နယ္တြင္ KNP က အင္အားျပ မဲဆြယ္၊ ေ႐ြးေကာ္ကို ႀကိဳအေၾကာင္းၾကားထားဟု ေျပာ

၂၃။ တပ္မေတာ္မွ ဖမ္းဆီးထိန္းသိမ္းထားသူ အမ္းဒါးလက္႐ြာသား ၁၄ ဦးကိုျပန္လႊတ္ေပး

၂၄။ အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကို တိုက္ခိုက္၊ အမုန္းစကားျဖန႔္မႈကို ဆန႔္က်င္သည့္ ကမ္ပိန္းျပဳလုပ္

၂၅။ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဖားအံၿမိဳ႕ရွိ မဲ႐ုံမ်ားတြင္ သြားေရာက္ၾကည့္ရႈခဲ့

၂၆။ မိုးၿဗဲေတာင္သူအဖြဲ႕ကို အစိုးရဘ႑ာေငြခ်ေပးဖူးတာမရွိခဲ့ဘူးလို႔ ဝန္ႀကီးေျပာၾကား

၂၇။ မဲဆြယ္စည္းရံုးရာ မေရာက္ေစသည့္ တိုင္းရင္းသား၀တ္စံု၀တ္ဆင္ၿပီး မဲေပးႏိုင္ေၾကာင္း ဧရာ၀တီတိုင္းေရြးေကာ္ ေျပာ

***************

၁။ မိုင္းဆတ္ “ဝ” တပ္ဖြဲ႕ထိန္းခ်ဳပ္နယ္ေျမ မဲဆြယ္စည္း႐ုံးေရး ခက္ခဲ ႏိုင္ငံေရးပါတီမ်ားေျပာ
October 30, 2020

သွ်မ္းျပည္ အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္ အတြင္းရွိ “ဝ”တပ္ဖြဲ႕မ်ားထိန္းခ်ဳပ္လႈပ္ရွားသည့္နယ္ေျမအတြင္း ႏိုင္ငံေရးပါတီမ်ား မဲဆြယ္စည္း႐ုံးေရး သြားလာရန္ ခက္ခဲေနေၾကာင္း စုံစမ္းသိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္ အတြင္းရွိ “ ဝ”တပ္ဖြဲ႕ ထိန္းခ်ဳပ္နယ္ေျမမ်ားမွာ ဝမ္ဟုံ၊ ဆီဟုတ္၊ မိုင္းယြန္း၊ တာကူး စသည့္ ေနရာမ်ား ျဖစ္ၿပီး၊ ထိုေနရာမ်ားအတြင္းသို႔ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံးရန္ ခက္ခဲေနေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္( SNLD) ကိုယ္စားျပဳ မိုင္းဆတ္ၿမိဳ႕နယ္ ျပည္နယ္ မဲဆႏၵနယ္ အမွတ္(၁) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ စိုင္းေက်ာ္ေအာင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ မိုင္းဆတ္ၿမိဳ႕နယ္မွာရွိတဲ့ ဝ နယ္ေျမမွာ မဲဆြယ္ဆင္းဖို႔ခက္ခဲတယ္။ “ဝ” နယ္ေျမဝင္ဖို႔က ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကို စာတင္ရမယ္။ ဝတပ္ဖြဲ႕ဘက္ အေၾကာင္းၾကားမွ သြားရမယ္။ အဲ့နယ္ထဲသြား ရင္ လည္း ဂိတ္ေတြ ျဖတ္ရတာ အခ်ိန္အရမ္းၾကာတယ္။ ခက္ခဲတယ္”ဟု စိုင္းေက်ာ္ေအာင္ က ေျပာသည္။

ထို “ဝ”တပ္ဖြဲ႕ထိန္းခ်ဳပ္သည့္ နယ္ေျမအတြင္း တိုင္းရင္းသားပါတီမ်ား လြတ္လပ္စြာသြားလာ မဲဆြယ္ခြင့္မရသျဖင့္ တိုင္းရင္း သားပါတီမ်ားအတြက္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲလုံးဝမဟုတ္ေၾကာင္းလည္း လားဟူအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရး ပါတီ (LNDP) ကိုယ္စားျပဳၿပီး မိုင္းဆတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ေနရာဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒၚေအးသီတာျမင့္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“မိုင္းဆတ္နယ္ထဲ က “ဝ”နယ္ထဲမွာ သြားလို႔မရဘူး။ တိုင္းရင္း သားပါတီေတြလည္း သြားလို႔မရဘူး။ က်မတို႔လည္း သြားလို႔မရဘူး။ ၂ ရက္ ႀကိဳတင္ၿပီးမွ သြားရမယ္ေျပာတယ္။ ေနာက္ “ ဝ” အႀကီးအကဲေတြက ပိတ္ထားတယ္ေျပာတယ္”ဟု ေဒၚေအးသီတာျမင့္ က ဆိုသည္။

သွ်မ္းျပည္ အေရွ႕ပိုင္းတြင္ ေနထိုင္သည့္ ဌာေန တိုင္းရင္းသားအမ်ားစုသည္ တိုင္းရင္းသားပါတီမ်ားကို ယခင္ကထက္ ပိုၿပီး အားေပးလာၾကေသာ္လည္း တိုင္းရင္းသားပါတီမ်ားမွာ ယေန႔ခ်ိန္ထိ ၿခိမ္းေျခာက္မႈမ်ားရွိေနေသးေၾကာင္းလည္း ထိုေဒသ တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ပါတီ ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာဆိုလိုက္သည္။ မိုင္းဆတ္ၿမိဳ႕နယ္တြင္ အစိုးရတပ္မေတာ္၊ “၀” လက္နက္ကိုင္တပ္ဖြဲ႕၊ လားဟူနယ္ျခားေစာင့္တပ္ႏွင့္ RCSS/SSA အနည္းငယ္လႈပ္ရွားပါသည္။ https://burmese.sha nnews.org/archives/19145

***************

၂။ ကုလားတန္စီမံကိန္းကို ပစ္မွတ္ထားတဲ့ ေနာက္ကြယ္မွာ တ႐ုတ္လက္ပါေနဟု အိႏၵိယ သတင္းစာေဖာ္ျပ
31 October 2020

ရခိုင္ျပည္နယ္မွာ ေဆာက္လုပ္ေနဆဲျဖစ္တဲ့ ကုလားတန္ျမစ္စီမံကိန္းကို ရကၡိဳင္စစ္တပ္ (AA) က တိုက္ခိုက္ေနတာဟာ ထိခိုက္မႈေတြရွိေနၿပီး စီမံကိန္းၿပီးစီးဖို႔ အခက္အခဲေတြ ႀကဳံေနရေၾကာင္း အိႏၵိယ အေျခစိုက္ Hindustan Times သတင္းစာ မွာ ေအာက္တိုဘာ ၂၆ ရက္ေန႔က သတင္းအျဖစ္ ေဖာ္ျပပါရွိခဲ့ပါတယ္။ ဒီလိုတိုက္ခိုက္မႈေတြမွာ တ႐ုတ္ႏိုင္ငံထုတ္ လက္နက္ ပစၥည္းေတြကို AA အဖြဲ႕ဆီကေန ရရွိခဲ့ေၾကာင္းလည္း သတင္းစာမွာ ေဖာ္ျပထားပါတယ္။ AA အေနနဲ႔ ကုလားတန္ျမစ္ စီမံကိန္းကို ၄ ႀကိမ္ထက္ မနည္း တိုက္ခိုက္ခဲ့ေၾကာင္း ဒါ့အျပင္ လုံၿခဳံေရး ယူထားတဲ့ တပ္ေတြကိုလည္း တိုက္ခိုက္ခဲ့ေၾကာင္း သတင္းက ေဖာ္ျပခဲ့ပါတယ္။
အိႏၵိယနဲ႔ ျမန္မာဟာ စစ္ေတြဆိပ္ကမ္းကိုလည္း ေနာက္ႏွစ္မွာ အၿပီးၿပီးစီးေအာင္ ေဆာက္လုပ္ဖို႔စီစဥ္ေနၿပီး Kolkata ဆိပ္ကမ္းကပို႔တဲ့ ကုန္ပစၥည္းေတြကို ကုလားတန္ျမစ္ကို အသုံျပဳကာ ကုန္းတြင္းပိုင္းျဖစ္တဲ့ အေရွ႕ေျမာက္ေဒသကို တင္ပို႔ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

အဲဒီသတင္းစာႀကီးမွာဘဲ ဇြန္လ ၂၃ ရက္ေန႔က ထိုင္း-ျမန္မာ နယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ဖမ္းဆီးမိခဲ့တဲ့ လက္နက္ခဲယမ္း မီးေက်ာက္ေတြကလည္း ေဒၚလာ တသန္းဖိုးခန႔္ တန္ဖိုးရွိၿပီး ဒီလက္နက္ေတြက ရခိုင္က AA နဲ႔ အာရကန္႐ိုဟင္ဂ်ာ ကယ္တင္ေရးတပ္ (ARSA) ဆီကို ပို႔ဖို႔ရည္႐ြယ္ခဲ့တာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီလက္နက္ေတြ ဟာ တ႐ုတ္က ထုတ္တဲ့ လက္နက္ေတြျဖစ္ၿပီး ဒီလိုလက္နက္ေမွာင္ခိုသယ္ယူမႈေတြေၾကာင့္ ေဒသတြင္း တည္ၿငိမ္မႈကို အႏၲရာယ္ရွိတဲ့အျပင္ ကုလားတန္စီမံကိန္းအေပၚမွာလည္း ထိခိုက္သက္ေရာက္မႈေတြ ရွိတယ္လို႔ အိႏၵိယႏိုင္ငံက လုံၿခဳံေရး ဆိုင္ရာ အရာရွိရဲ႕ ေျပာဆိုခ်က္ကို သတင္းစာမွာ ကိုးကား ေဖာ္ျပထားပါတယ္။
တကယ္ေတာ့ တ႐ုတ္ဟာ ဒီလိုပဲ အိႏၵိယကို ဆန႔္က်င္တဲ့ လုပ္ရပ္ေတြကို ၁၉၆၀ နဲ႔ ၁၉၇၀ မွာ ျပဳလုပ္ခဲ့ၿပီး အိႏၵိယနယ္ အေရွ႕ေျမာက္ေဒသက လက္နက္ကိုင္သူပုန္ေတြကို လက္နက္ေတြေပးခဲ့တာ၊ သင္တန္းေတြေပးခဲ့တာေတြကို အရင္က လည္း လုပ္ခဲ့ဖူးေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္အေနနဲ႔ သူ႔ရဲ႕ CMEC စီမံကိန္းေတြကို အျမန္အေကာင္အထည္ေဖာ္ၿပီး ကုလားတန္ စီမံကိန္းကို ေနာက္က်ေအာင္၊ အလုပ္မျဖစ္ေအာင္ ကပ်က္ကရက္ လုပ္ေနတာျဖစ္ၿပီး ျမန္မာကိုလည္း ကုလားတန္ စီမံကိန္းဟာ အလုပ္မျဖစ္ေၾကာင္းျပၿပီး ဒီေဒသမွာ လုံၿခဳံေရး အရခက္ခဲေအာင္ လုပ္ေနတာျဖစ္တယ္လို႔ ႏိုင္ငံ တကာ လုံၿခဳံေရးကို ေလ့လာတဲ့ Gateway House ကေလ့လာသူ Sameer Patil က Hindustan Times သတင္းစာကို ေျပာၾကားထားပါတယ္။ https://burma.irrawaddy.com/ news/2020/10/31/232603.html

**************

၃။ မ႐ိုးသားမႈမ်ားရွိ၍ ေဒသတြင္း ႀကိဳတင္မဲမ်ား ကိုးကန္႔ပါတီကန္႔ကြက္
2 November 2020

ႀကိဳတင္မဲ ေပးသည့္ မဲ႐ုံ၌ မ႐ိုးသားမႈမ်ားေတြ႔၍ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွ ႀကိဳတင္မဲ အားလုံးကို ကန္႔ကြက္ေၾကာင္း ရွမ္းျပည္ ကိုးကန္႔ဒီမိုကရက္တစ္ပါတီ(SSKDP)မွ ကိုယ္စားလွယ္ေလာင္း ၇ ဦးက ကိုးကန္႔ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီး ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးထံ စာတင္ထားေၾကာင္း သတင္းရရွိသည္။ ႏိုဝင္ဘာ ၁ ရက္က ေလာက္ကိုင္ၿမိဳ႕နယ္၊ ထင္ပါက်ိဳင္းေက်း႐ြာအုပ္စုရွိ မဲ႐ုံ၌ မဲလာေပးသည့္ သက္ႀကီး႐ြယ္အိုမ်ားကို မည့္ သည့္ေနရာတြင္ တံဆိပ္တုံး ထုရမည္ဟု အုပ္ခ်ဳပ္ေရးပိုင္းက ေျပာဆိုျခင္း၊ ျပည္သူ႔စစ္ ယူနီေဖာင္းဝတ္တဦးႏွင့္ အရပ္ဝတ္ မ်ား မဲ႐ုံအတြင္းႏွင့္ ပရဝုဏ္တြင္ရွိျခင္း၊ ယင္းအေျခအေနကို ကန္႔ကြက္သည့္ ကိုယ္စားလွယ္ေလာင္းကို မဲ႐ုံအတြင္းမွ ဆြဲထုတ္ျခင္း၊ ကိုဗစ္ေရာဂါ ကာကြယ္ေရးႏွင့္ အညီ မဲ႐ုံကိုမဖြင့္ဘဲ လူစုလူေဝး ျဖစ္ေစျခင္း၊ သက္ႀကီး႐ြယ္အို မဟုတ္သည့္ အသက္ ၃၀ အ႐ြယ္ကို ႀကိဳတင္မဲ လက္မွတ္ထုတ္ေပးျခင္း စသည့္ ၅ ခ်က္ျဖင့္ မ႐ိုးသားမႈမ်ား ရွိသျဖင့္ ေဒသတခုလုံးမွ ႀကိဳတင္မဲ အားလုံးကို ကန္႔ကြက္ျခင္း ျဖစ္သည္ဟု သိရသည္။

ကုန္းၾကမ္းၿမိဳ႕နယ္ ျပည္နယ္မဲဆႏၵနယ္ (၁)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္ကိုးကန္႔ဒီမိုကရက္တစ္ပါတီမွ ကိုယ္စား လွယ္ေလာင္း ဦးျမင့္ခိုင္က “က်ေနာ္တို႔ ကိုယ္စားလွယ္ေလာင္းကိုေတာင္ ေမာင္းထုတ္ၿပီး ဖမ္းမယ္၊ ျပဳမယ္ပုံစံနဲ႔ လုပ္တာ။ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြက ၿမိဳ႕နဲ႔မနီးတဲ့ မဲ႐ုံေတြသြားဖို႔ကိုေတာင္ စိုးရိမ္ေနရတယ္။ ဒီအခ်က္ေတြ စုၿပီးမွ က်ေနာ္တို႔ ကိုယ္စားလွယ္ေလာင္း ၇ ေယာက္လုံး အစည္းအေဝးထိုင္ၿပီး ဆုံးျဖတ္လိုက္တာပါ။ ကိုးကန္႔နယ္တြင္းက မဲဆႏၵနယ္ အားလုံးမွာ ႀကိဳတင္မဲေတြကို က်ေနာ္တို႔ လုံးဝလက္မခံႏိုင္ဘူးဆိုၿပီး ကန္႔ကြက္လိုက္တာပါ”ဟု ေျပာသည္။ ရွမ္းျပည္ကိုးကန္႔ဒီမိုကရက္တစ္ပါတီ၏ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္သူက ႏိုဝင္ဘာ ၁ ရက္တြင္ ထင္ပါက်ိဳင္းေက်း႐ြာအုပ္စုတြင္းမွ ႀကိဳတင္မဲ႐ုံသို႔ သြားေရာက္ ေစာင့္ၾကည့္ရာ မဲလာထည့္သည့္ သက္ႀကီး႐ြယ္အိုမ်ားကို မည္သည့္ေနရာတြင္ တံဆိပ္တုံးထုရမည္ဟု အုပ္ခ်ဳပ္ေရးပိုင္းမွ လက္ျဖင့္ ေထာက္ျပေၾကာင္း၊ ေထာက္ျပေနသည့္ ေနရာမွာ အျခားပါတီတခု၏ ေနရာသို႔ ၫႊန္ျပျခင္း ျဖစ္၍ ၎ကတားျမစ္ရာ မဲ႐ုံအတြင္းမွ လူတစုက ဝိုင္းဝန္းေမာင္းထုတ္ကာ မဲ႐ုံ အတြင္း အဝင္မခံေတာ့ျခင္း ျဖစ္သည္ဟု သိရသည္။

မဲ႐ုံသို႔ ဦးေက်ာ္သူ ေရာက္ရွိေနခ်ိန္တြင္ မဲ႐ုံအျပင္ ပရဝုဏ္တြင္ ျပည္သူ႔စစ္ ယူနီေဖာင္းဝတ္ကာ ပစၥတို ခါးၾကားထိုးထားသူ တဦးက ရွိေနၿပီး မဲဆႏၵရွင္မ်ား လွ်ိဳ႕ဝွက္ မဲေပးသည့္ ဆႏၵျပဳခန္း အနီးတြင္လည္း အရပ္ဝတ္ျဖင့္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားက ရွိေနသည္ဟု သိရသည္။ ဦးျမင့္ခိုင္က “ က်ေနာ္တို႔ ဒီမွာ ၂ ပါတီပဲရွိတယ္။ ၂ ပါတီမွာ သူတို႔က မဲလက္မွတ္ ထိုးတဲ့ ေနရာမွာ ေဘးမွာ ဒီဟာမထုနဲ႔ ဟိုဟာ ထုနဲ႔ လုပ္ေနတာ။ ပါးစပ္နဲ႔ေတာ့ မေျပာေပမယ့္ ျပေနတာ။ ဒီက လူထုက ေ႐ြးေကာက္ပြဲကို မသိနားမလည္ဘူး။ မဲထည့္ပုံ ထည့္နည္းလည္း မသိဘူး။ အဲ့ဒါကို ေကာ္မရွင္ကို ေျပာတယ္။ ဟိုမွာ သြားၿပီး တခ်ိဳ႕က ထည့္မယ့္ ေနရာ မသိတာ ကို ဒီကိုလာ ၊ဒီေနရာမွာ ထုရတယ္ ဆိုတာကို လုပ္တာ။ ေကာ္မရွင္႐ုံးက လက္ေထာက္ေတာင္ ေတြ႕တယ္”ဟု ေျပာသည္။
“အရပ္ဝတ္နဲ႔ လူကေတာ့ ျပည္သူ႔စစ္လို႔ ေျပာလို႔ မရဘူး။ ျပည္သူ႔စစ္လို႔ မွန္ခ်င္မွန္မယ္။ သူတို႔ေခၚၿပီး ဆြဲၿပီး သုံးတာပါ။ သူကေတာ့ ျပည္သူ႔စစ္ကလို႔ ေျပာတာေပါ့။ ေလာက္ကိုင္မွာက အမ်ိဳးမ်ိဳး၊ တခ်ိဳ႕က မီးသတ္ျဖစ္လိုက္ ရဲျဖစ္လိုက္ ျပည္သူ လူထု ျဖစ္လိုက္ဆိုေတာ့ ရပ္႐ြာက အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ေကာ္မရွင္အဖြဲ႕ေတြ တိုင္ပင္ၿပီးေတာ့ အထဲမွာ လုံၿခဳံေရး ထားတဲ့ သေဘာပါပဲ။ လက္နက္ေတြကိုင္ၿပီး ဝတ္စုံေတြ ဝတ္ၿပီး အဲ့လိုေတြ မဟုတ္ပါဘူး ”ဟုလည္း ေဒၚသန္းသန္းစိုးက ေျပာသည္။ ကုန္းၾကမ္းၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္ကိုးကန္႔ဒီမိုကရက္တစ္ပါတီ၏ ကိုယ္စားလွယ္ေလာင္းမ်ားမွာ ျပည္နယ္ မဲဆႏၵနယ္ (၁)တြင္ ဦးက်ဴဆန္းဟိုင္၊ ျပည္နယ္မဲဆႏၵနယ္ (၂)တြင္ ဦးယြီက်ားဆိုင္၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ ဦးလ်ဴစယ္စန္း (ခ) ဦးေအာင္စိုးပိုင္တို႔ ျဖစ္သည္။ https://burma.irrawaddy.com/election-2020/2020/11/02/23265 9.html

**************

၄။ ဗန္းေမာ္မွ အမ်ိဳးသမီးတဦး အသတ္ခံရမႈ က်ဴးလြန္သူကို ဖမ္းမိၿပီဟု ရဲတပ္ဖြဲ႕ေျပာ
31 October 2020

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕၊ ဂ်ဴဗလီလမ္းအနီးရွိ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) ေလယာဥ္လက္မွတ္ေရာင္း သည့္ အိမ္၌ ယမန္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေသာ အမ်ိဳးသမီးတဦး အသတ္ခံရမႈတြင္ က်ဴးလြန္သူကို ဖမ္းမိထားၿပီဟု ဗန္းေမာ္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။ က်ဴးလြန္သူသည္ ေသဆုံးသူအမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူ ဦးေအာင္ေဇာ္ျမင့္ဦးပင္ ျဖစ္ေၾကာင္း ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေအာင္မ်ိဳးေက်ာ္က ဧရာဝတီသို႔ ေျပာၾကားသည္။

“က်ေနာ္တို႔ စစ္ေဆးခ်က္ေတြအရ က်ဴးလြန္သူက ေသဆုံးသူရဲ႕ အမ်ိဳးသားျဖစ္သူ ေလေၾကာင္း႐ုံးမန္ေနဂ်ာပါ။ ရန္ျဖစ္ စကားမ်ားရာကလက္လြန္ၿပီးေသဆုံးသြားတာပါ။ ေသသြားတဲ့အခါက်မွ အဲဒီလူကသူ႔ရဲ႕တပည့္ျဖစ္သူကို အကူအညီေတာင္း ၿပီး သူ႔ကိုယ္သူ တိပ္ေတြနဲ႔ခ်ည္ တျခားလူေတြကလာၿပီး လုယက္သြားတဲ့ပုံစံလုပ္ထားတာပါ ” ဟု ၎က ဆိုသည္။ က်ဴးလြန္ သူမ်ားကို လက္ရွိတြင္ ဖမ္းဆီးရမိထားၿပီး တရားစြဲဆိုအေရးယူသြားမည္ျဖစ္ေၾကာင္း ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ကနဦး ၎ေလယာဥ္ လက္မွတ္အေရာင္းဌာန မန္ေနဂ်ာက အမည္မသိ အမ်ိဳးသား ၃ ဦး အိမ္သို႔ ေရာက္လာၿပီး ၎အား ႐ိုက္ႏွက္ႀကိဳးတုတ္ကာ ေငြေၾကးမ်ားကိုယူသြားေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုခဲ့ၿပီး၊ သူ၏အမ်ိဳးသမီးကိုလည္း ယင္း လူ ၃ ဦး က သတ္သြားျခင္း ျဖစ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့သည္။ လူသတ္မႈျဖစ္ပြားၿပီး ေနာက္တေန႔တြင္မူ အထက္ပါေျပာဆိုခ်က္မ်ား သည္ မွန္ကန္မႈမရွိဘဲ က်ဴးလြန္သူသည္ ေသဆုံးသူ အမ်ိဳးသမီး၏ ခင္ပြန္းျဖစ္သူပင္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာၾကားလာျခင္းျဖစ္သည္။ https://burma.irrawaddy.com/news/short-news/2020/10/31/232584.htm

**************

၅။ ရခိုင္တြင္ တရက္အတြင္း လက္နက္ႀကီး က်ည္ထိမွန္မႈေၾကာင့္ ၉ ဦး ဒဏ္ရာရ
30 October 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ႏွင့္ ေပါက္ေတာၿမိဳ႕နယ္တို႔တြင္ ေအာက္တိုဘာလ ၂၉ ရက္ေန႔က လက္နက္ႀကီး က်ည္ထိမွန္ မႈေၾကာင့္ လူ ၉ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္းစားလွယ္မ်ားထံမွ သိရသည္။

ဒဏ္ရာရွိသူတို႔မွာ မင္းျပားၿမိဳ႕နယ္ စကၠေရေက်း႐ြာ မွ ၃ ဦး၊ သက္ပုန္းေက်း႐ြာမွ ၁ ဦးႏွင့္ ေပါက္ေတာၿမိဳ႕နယ္ ရွင္ေက်ာ္ ေက်း႐ြာမွ ၅ ဦး တို႔ျဖစ္ၾကၿပီး တပ္မေတာ္ေရယာဥ္မွ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရွိျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။ ဒဏ္ရာရသူ မသန္းသန္းစိုး၏ ဖခင္ ဦးေက်ာ္ဆန္းက “က်ေနာ့အိမ္က ျမစ္ကမ္းနားမွာဆိုေတာ့ ျမစ္ေၾကာင္း အတိုင္းလာတဲ့ ေနဗီက လွမ္းပစ္လို႔ အိမ္ေပၚမွာေနတဲ့ က်ေနာ့္ သမီးတင္ပါးမွာ က်ည္ေဖာက္ဝင္သြားတာ။ အခုကေတာ့ သူ႔ကို စစ္ေတြ ေဆး႐ုံမွာ ခြဲစိပ္ခန္းထဲ သြင္းထားတယ္။ တျခား ေနအိမ္မွာေတြမွာလည္း က်ည္က်လို႔ ဒဏ္ရာရသူ ၂ ေယာက္ရွိတယ္” ဟုေျပာသည္။ ယင္းျဖစ္စဥ္ေၾကာင့္ စကၠေရေက်း႐ြာမွ အသက္ ၁၄ ႏွစ္အ႐ြယ္ မသန္းသန္းစိုးအပါဝင္ အသက္ ၁၃ ႏွစ္အ႐ြယ္ မေဌးေဌးေဝတြင္ ညာလက္မျပတ္ဒဏ္ရာႏွင့္ အသက္ ၆၀ ႏွစ္အ႐ြယ္ ဦးေအာင္ေက်ာ္ႏု ညာဘက္ပခုံးတို႔တြင္ ဒဏ္ရာ အသီး သီးရရွိခဲ့ျခင္း ျဖစ္သည္။

မင္းျပားၿမိဳ႕နယ္ သက္ပုန္းေက်း႐ြာတြင္လည္း ယမန္ေန႔ ၁၁ နာရီခန႔္တြင္ တပ္မေတာ္ေရယာဥ္မွ ပစ္ခတ္လိုက္သည့္ လက္နက္ႀကီး က်ည္တလုံးမွာ ဦးနားေပါက္ေက ေနအိမ္ေပၚသို႔ က်ေရာက္မႈေၾကာင့္ ေနအိမ္ေရွ႕ကားေအာက္တြင္ ဝပ္ေန သည့္ အသက္ ၄၂ ႏွစ္အ႐ြယ္ ကိုမ်ိဳးမင္းေဇာ္မွာ ဦးေခါင္းနားထင္တြင္ က်ည္စဝင္သြားေၾကာင္း ေက်း႐ြာတာဝန္ရွိသူ ကေျပာ သည္။ သက္ပုန္း အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေမာင္ဦးက “သူ႔ကို မင္းျပားေဆး႐ုံမွာ ေဆးကုသေနရတယ္။ က်ည္စ ဦးေခါင္း ထဲမွာ ရွိေနတယ္လို႔ ေျပာတယ္။ ျဖစ္စဥ္ကို ေၾကာက္လန႔္ၿပီးေတာ့ ႐ြာသားေတြက ေဘးလႊတ္ရာ တျခားေက်း႐ြာ ေတြကို ထြက္ေျပးေနၾကတယ္” ဟု ေျပာသည္။

ထို႔အျပင္ ေပါက္ေတာ္ၿမိဳ႕နယ္ ေက်ာ္ရွင္ ေက်း႐ြာတြင္လည္း ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားျခင္းမရွိပဲ တပ္မေတာ္ေရယာဥ္မွ လက္နက္ႀကီးမ်ားပစ္ခတ္မႈေၾကာင့္ ေဒသခံ ၅ ဦးဒဏ္ရာ ရရွိခဲ့ေၾကာင္း ေက်း႐ြာသားမ်ားက ေျပာဆိုၾကသည္။ ရပ္မိရပ္ဖ ျဖစ္သူ ဦးေအာင္စံဝင္းက “မင္းျပားဘက္ကေန ေပါက္ေတာဘက္သို႔ ဆင္းလာတဲ့ ေနဗီက ေပါက္ေတာ္ျမစ္နဲ႔ သမန႔္ေခ်ျမစ္ခြ ဆုံေရာက္မွာ က်ေနာ့္႐ြာဘက္ကို လွမ္းပစ္တာ။ လက္နက္ႀကီး ၂ ခ်က္ပစ္တဲ့အထဲက တလုံးက ဦးေအာင္ေခ်အိမ္မွာ က်ေရာက္ေပါက္ကြဲၿပီးေတာ့ လက္နက္ႀကီးက်ည္စေတြ လြင့္စဥ္က်တာ။ အဲဒီမွာ ေနအိမ္မွာ ထိုင္ေနၾကတဲ့ လူေတြ ဒဏ္ရာရ သြားၾကတာပါ” ဟုေျပာသည္။ https://burma.irrawaddy.com/news/2020/1 0/30/232554.html

*************

၆။ ဆမီးၿမိဳ႕တြင္ ဆရာဝန္တစ္ဦးမွ်မရွိသျဖင့္ မီးဖြားမည့္ မိခင္မ်ားအတြက္ အခက္အခဲႀကဳံရ
November 02, 2020

စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ လူဦးေရေထာင္ခ်ီရွိသည့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕တြင္ ဆရာဝန္ တစ္ဦးမွ်မရွိ ေသာေၾကာင့္ မီးဖြားမည့္မိခင္မ်ား အခက္ခဲမ်ားစြာႀကဳံ ေနရေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ဆလိုင္းမ်ိဳးထိုက္က “ဆမီးၿမိဳ႕မွာ ဆရာဝန္မရွိတာၾကာပါၿပီ ပလက္ဝၿမိဳ႕မွာ ဆရာဝန္ မရွိေတာ့ အဲဒီကို ယာယီထားၿပီးေတာ့ ေနာက္ပိုင္းအခုေတာ့ ဆမီးမွာ ဆရာဝန္မရွိတာၾကာပါၿပီ ျပည္ေထာင္စု ဒုဝန္ႀကီးကို လည္း စာေရးလက္မွတ္ထိုးၿပီးေတာ့ အေရးေပၚ လိုၿပီလို႔ အေရးေပၚ စာတင္ထားတာ ျပည္နယ္အစိုးရဖြဲ႕ကိုလည္း တင္ျပ ၿပီးၿပီ အရင္က ဝန္ႀကီးလာေတာ့ သူကိုယ္တိုင္လည္း သိၿပီးသားပါ ဒီမွာက စစ္ေဘးေရွာင္နဲ႔ ျပည္သူလူထု ေထာင္နဲ႔ခ်ီရွိတဲ့ ေနရာမွာ ဆရာဝန္အရမ္းလိုအပ္တာ သိရဲ႕သားနဲ႔ တစ္ေယာက္ေလာက္ ထားေပးသင့္တယ္ ကိုယ္ဝန္ေဆာင္ မိခင္ေတြဆိုရင္

မီးဖြားခ်င္ရန္ ဒီကေန မတူပီပို႔မယ္ဆိုရင္လည္း လမ္းခရီးေဝးတာေၾကာင့္ ပလက္ဝဖက္ကို လုံၿခဳံေရးပိုင္းနဲ႔ ညႇိႏႈိင္းၿပီးေတာ့ သြားရတာေတြရွိေနတယ္”ဟုေျပာသည္။ ဆမီးၿမိဳ႕တြင္ တိုက္ပြဲေရွာင္ စခန္း(၅)ခုရွိၿပီး အိမ္ေထာင္စု (၇၉၅)စု၊ လူဦးေရ အားျဖင့္ ၃၄၃၆ ဦး တည္ရွိၿပီး ၿမိဳ႕ေပၚေန ေဒသခံ လူဦးေရ ၄ေထာင္ နီးနီးေနထိုင္သည့္ ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။ https://www.bnionline.net/mm/news-76640

**************

၇။ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေတာင္ႀကီးခ႐ိုင္ ငါးၿမိဳ႕နယ္တြင္ ႀကိဳတင္မဲေပးမည့္ လူဦးေရ ၅၄၀၀၀ ေက်ာ္ရွိေၾကာင္း သိရ
3 November 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးခ႐ိုင္ရွိ ေတာင္ႀကီး၊ ေညာင္ေ႐ႊ၊ ကေလာ၊ ရပ္ေစာက္၊ ဖယ္ခုံငါးၿမိဳ႕နယ္တြင္ ႀကိဳတင္ မဲ ေပးမည့္ လူဦးေရ ၅၄၀၀၀ ေက်ာ္ရွိေၾကာင္း ေတာင္ႀကီးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မွ သတင္းရရွိသည္။

ေတာင္ႀကီးၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဖယ္ခုံၿမိဳ႕နယ္တို႔တြင္ မဲ႐ုံ ၇၂၃ ႐ုံ၊ မဲဆႏၵရွင္ ၇၇၀၀၀၀ ေက်ာ္ရွိၿပီး ႏိုဝင္ဘာ ၁ ရက္အထိ အသက္ ၆၀ ႏွင့္အထက္ သက္ႀကီး႐ြယ္အိုမ်ား ႀကိဳတင္မဲေပးမႈ အေျခအေနမွာ မဲဆႏၵရွင္ဦးေရ ၃၀၀၀၀ ခန႔္ လာေရာက္မဲေပးခဲ့ေၾကာင္း သိရသည္။ ေတာင္ႀကီးခ႐ိုင္တြင္းရွိ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသႏွင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အပါအဝင္ ၁၀ ၿမိဳ႕နယ္တို႔တြင္ မဲေပးႏိုင္သည့္ မဲဆႏၵရွင္ဦးေရမွာ ၁၂ သိန္း ေက်ာ္ ရွိၿပီး ေကာ္မရွင္႐ုံး အေရအတြက္ ၃၉၇ ႐ုံး၊ မဲ႐ုံအေရအတြက္ ၁၁၆၉ ႐ုံရွိေၾကာင္း ေတာင္ႀကီးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန စာရင္းအရ သိရသည္။ ေတာင္ႀကီးခ႐ိုင္၌ ေတာင္ႀကီးၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ကေလာၿမိဳ႕နယ္၊ ရပ္ေစာက္ ၿမိဳ႕နယ္ႏွင့္ ဖယ္ခုံၿမိဳ႕နယ္တို႔အျပင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ဟိုပုံး၊ ဆီဆိုင္၊ ပင္ေလာင္းႏွင့္ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ႐ြာငံ၊ ပင္းတယတို႔ ငါးၿမိဳ႕နယ္၊ စုစုေပါင္း ၁၀ ၿမိဳ႕နယ္ရွိေၾကာင္း သိရသည္။

ေတာင္ႀကီးခ႐ိုင္အတြင္းရွိ ဆႏၵမဲေပးႏိုင္ေသာ မဲဆႏၵရွင္ဦးေရမွာ ေတာင္ႀကီးၿမိဳ႕နယ္တြင္ ၃၂၀၀၀၀ ခန႔္၊ ေညာင္ေ႐ႊၿမိဳ႕နယ္ တြင္ ၁၃၆၅၃၂ ဦး၊ ကေလာၿမိဳ႕နယ္တြင္ ၁၃၅၈၁၂ ဦး၊ ရပ္ေစာက္ၿမိဳ႕နယ္တြင္ ၁၀၉၁၀၀ ဦး ေက်ာ္၊ ဖယ္ခုံၿမိဳ႕နယ္တြင္ ၆၆၀၅၀ ဦး၊ ခ႐ိုင္ခ်ဳပ္အားျဖင့္ ၇၇၀၀၀၀ ခန႔္ရွိေၾကာင္း ေတာင္ႀကီးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စာရင္းအရ သိရ သည္။ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ မဲ႐ုံ ၃၁၆ ႐ုံ၊ မဲဆႏၵရွင္ ၃၁၅၆၅၀၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ မဲ႐ုံ ၁၃၀ မဲဆႏၵရွင္ ၁၂၁၉၄၅ ဦးရွိေၾကာင္း သိရသည္။ ေတာင္ႀကီးခ႐ိုင္ ေတာင္ႀကီးၿမိဳ႕နယ္တြင္ မဲ႐ုံ ၂၄၅ ႐ုံ၊ မဲဆႏၵရွင္ ၃၂၀၀၀၀ ေက်ာ္ရွိၿပီး ပုံစံ(၁၅) ႏွင့္ အသက္ ၆၀ ႏွင့္အထက္ မဲဆႏၵရွင္မ်ား ႀကိဳတင္မဲမ်ား ေအာက္တိုဘာ ၂၉ ရက္တြင္ စတင္မဲေပးခဲ့ ျခင္း ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ မွ သိရသည္။ https://news-eleven.com/articl e/196926

**************

၈။ ဖယ္ခုံၿမိဳ႕နယ္တြင္ တပ္မေတာ္သားအခ်ိဳ႕မွ အရပ္သားတစ္ဦးကို ထိုးႀကိတ္မႈျဖစ္ပြားဟုဆို
November 2, 2020

ေအာက္တိုဘာလ ၂၉ ရက္ေန႔ ညေန ၅ နာရီဝန္းက်င္အခ်ိန္ေလာက္မွာ ရွမ္း/ေတာင္၊ ဖယ္ခုံၿမိဳ႕နယ္၊ သိက်ိတ္ေက်း႐ြာ အုပ္စုရွိ အမွတ္၊ ၃၀၂ ေျခလ်င္တပ္ရင္း စစ္ေၾကာင္း(၂) လက္ေအာက္ခံ ေလဒူေခါင္တပ္စခန္းမွ ဗိုလ္ႀကီးတစ္ဦးနဲ႔ တပ္သား သုံးေယာက္တို႔က အရပ္ဝတ္ေတြနဲ႔ သိက်ိတ္ေက်း႐ြာကို လာေရာက္ ေသာက္စားၿပီးေတာ့ အရပ္သားျပည္သူတစ္ဦးကို ထိုးႀကိတ္ခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အမည္မေဖာ္လို႔တဲ့ ေဒသခံတစ္ဦးက “စားေသာက္ၿပီးေတာ့ အလြန္အက်ဴး ေတြျဖစ္လာေတာ့ မူးၿပီးမွ အေၾကာင္းမဲ့သက္သက္ပဲ တာလည္း။ ကေလးတစ္ေယာက္က၊ လူငယ္တစ္ ေယာက္က သူရပ္ကြက္ (၂) ဖက္ကေန ရပ္ကြက္(၁) သူ႔အေမအိမ္ရွိရာကို ဆိုင္ကယ္စီးၿပီးသြားမယ္ဆိုၿပီးေတာ့ ဒီလမ္းမႀကီးဖက္ျဖတ္သြားတဲ့အခါ အဲ့ဗိုလ္ႀကီးက အမိန႔္ေပးလိုက္တာ အဲ့ဆိုင္ကယ္တားၿပီးေတာ့ ထိုးပစ္ကြာ၊ ႐ိုက္ခြဲပစ္ကြာဆိုတဲ့ ပုံစံနဲ႔ ေျပာၿပီးေတာ့မွ သူ႔လူေတြက ထြက္လာ ၿပီးေတာ့ အဲ့ဆိုင္ကယ္သမားကို ႐ိုက္ၿပီးေတာ့မွ ထိုးတယ္။”လို႔ ကႏၲာရဝတီတိုင္းမ္ကို ေျပာပါတယ္။ ဒါ့အျပင္ ၎က တပ္မေတာ္သားေတြက ဆိုင္ေရွ႕ဓါတ္ဆီစဥ္မွာ ေရသန႔္ဗူးနဲ႔ ထည့္ထားတဲ့ ဓါတ္ဆီဗူး (၂) ဗူးကို ယူၿပီး လမ္းလယ္ေခါင္မွာ ေလာင္းခ်မီးရႈိတာေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ တပ္မေတာ္သားေတြဟာ အရပ္ဝတ္ေတြနဲ႔လာၿပီးေတာ့ သိက်ိတ္ ေက်း႐ြာထဲက စားေသာက္ဆိုင္ (၂) ဆိုင္မွာ ဝင္ေရာက္ေသာက္စား ခဲ့ၾကသူေတြျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

အခုလို ထိုးႀကိတ္ခံရတဲ့ လူငယ္ဟာ ႏွာေခါင္း၊ ဦးေခါင္းေတြမွာ ငါးခ်က္ေလာက္ အထိုးခံခဲ့ရၿပီး ေဆးခန္းကို သြားေရာက္ ျပသတာမရွိပဲ အိမ္မွာပဲ အနားယူေနတယ္လို႔ ဆိုပါတယ္။ ဒီလို ထိုးႀကိတ္မႈျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး အမွတ္၊ ၃၀၂ ေျခလ်င္ တပ္ရင္း ဒုတပ္ရင္းမွဴး ဦးေအာင္ေဇျမင့္ကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာ ၎က “ေလာေလာဆယ္ က်ေနာ္တို႔ စိစစ္တုန္းပဲ” လို႔ ေျဖဆိုထားပါတယ္။ သိက်ိတ္ေဒသဟာ ကယန္းျပည္သစ္ပါတီရဲ႕ အုပ္ခ်ဳပ္ေရးနယ္ေျမျဖစ္တာေၾကာင့္ ကယန္းျပည္သစ္ ရဲေဘာ္ ေတြကို အဆိုပါျဖစ္စဥ္ကို ထိန္းသိမ္းခိုင္းခဲ့ၿပီး ၎တပ္မေတာ္သား (၄) ဦးကို ျပန္လည္ ပို႔ေဆာင္ေပးခဲ့တယ္လို႔ လို႔ ကယန္းျပည္သစ္ပါတီရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ျဖစ္တဲ့ အမွတ္ (၂) ၿမိဳ႕နယ္ ဥကၠဌ ဗိုလ္မွဴးအံ့ေက်ာ္က ေျပာပါတယ္။ သိက်ိတ္ ေဒသခံေတြကေတာ့ ေႏွာက္ေနာင္မွာ အဆိုပါကိစၥမ်ိဳးကို မျဖစ္ေစခ်င္တဲ့အျပင္ ထိုးႀကိတ္မႈကို က်ဴးလြန္ခဲ့တဲ့ တပ္မေတာ္ သား ေတြကိုလည္း တပ္ရဲ႕ စည္းမ်ဥ္း၊ စည္းကမ္းအတိုင္း အေရးယူေပးဖို႔ ဆႏၵရွိ ေနၾကပါတယ္။ https://www.bnionli ne.net/mm/news-76646

***************

၉။ ေရြးေကာက္ပြဲကာလ တိုင္းရင္းမီဒီယာလြတ္လပ္ခြင့္ ခ်ဳိးေဖာက္ခံေနရမႈအေပၚ BNI သေဘာထားထုတ္ျပန္
October 30, 2020

လက္ရွိ ျမန္မာႏိုင္ငံေရြးေကာက္ပြဲ ကာလအတြင္း ျပည္နယ္အေျချပဳ တိုင္းရင္းသားမီဒီယာမ်ား၏ သတင္းလြတ္ လပ္ခြင့္ ခ်ဳိးေဖာက္ခံရမႈအေပၚ တိုင္းရင္းသားမီဒီယာအဖြဲ႔အစည္းမ်ားျဖင့္ အဓိကဖြဲ႔စည္းထားသည့္ ႏိုင္ငံတကာ ျမန္မာ့သတင္း (BNI) က ယမန္ေန႔ ေအာက္တိုဘာ (၂၉)ရက္ေန႔ ရက္စြဲျဖင့္ သေဘာထားတစ္ခုထုတ္ ျပန္လိုက္ သည္။

လက္ရွိေရြးေကာက္ပြဲကာလ နီးကပ္လာေသာ္လည္း ရခိုင္ႏွင့္ ခ်င္းျပည္နယ္ေဒသမ်ားတြင္ အင္တာနက္ျဖတ္ ေတာက္ခံ ထားရမႈႏွင့္ တိုင္းရင္းသား မီဒီယာအခ်ဳိ႕၏ သတင္းစာမ်က္ႏွာမ်ားပိတ္ပင္တားျမစ္ခံရမႈမ်ားအျပင္ သတင္းအယ္ဒီတာခ်ဳပ္ မ်ားကို တရားစြဲဆိုထားမႈမ်ားေၾကာင့္ ေဒသတြင္း ေရြးေကာက္ပြဲဆိုင္ရာ သတင္း အခ်က္ အလက္မ်ားကို ေဒသခံျပည္သူမ်ား အခ်ိန္ႏွင့္တေျပးညီ လက္လွမ္းမီမႈ မရွိေၾကာင္း BNI က ဆိုသည္။“တိုင္ရင္းသား သတင္းေထာက္ေတြကို မီဒီယာ ဥပေဒနဲ႔ မသက္ဆိုင္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုထားမႈဟာ တိုင္းရင္းသား ေဒသမွာ ေရြးေကာက္ပြဲကာလ လြတ္လပ္စြာ သတင္းရ ယူမႈကို ခ်ဳိးေဖာက္သလို ျဖစ္ေစပါတယ္။ ဒီေတာ့ တကယ္ျဖစ္ပ်က္ေနတဲ့ ေရြးေကာက္ပြဲ အေျခေအေနေတြကို လူထုထံအသိ မေပး ႏိုင္ေတာ့ဘူး။ ဒါ့အျပင္ တိုင္းရင္းသား သတင္းဌာနေတြရဲ႕ အြန္လိုင္း သတင္းစာမ်က္ႏွာကို ပိတ္ထားျခင္းကလည္း လူထုေတြ အတြက္ လြတ္လပ္စြာ သတင္းလက္ခံသိရွိမႈအေပၚ အဟန္႔အတား ျဖစ္ေစပါတယ္”ဟု ထုတ္ျပန္ခ်က္၏ ေျပာခြင့္ ရသူ BNI မူဝါဒ ေရးေကာ္မတီဥကၠ႒ နန္းေဖာ့ေဂက ေျပာသည္။

တိုင္းရင္းသားမီဒီယာအဖြဲ႔မ်ားျဖစ္သည့္ ရခိုင္ျပည္နယ္အေျခစိုက္ နိရဥၨရာသတင္းဌာနႏွင့္ Development Media Group (DMG) ၊ ကရင္ျပည္နယ္ အေျခစိုက္ Karen News အျပင္ Voice of Myanmar သတင္းဌာနတို႔အပါအဝင္ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာေပါင္း၂,၁၄၇ ခုကို ပိတ္ပင္ရန္ ဆက္သြယ္ေရးလုပ္ငန္း ေအာ္ပေရတာမ်ားကို ၂၀၂ဝ ျပည့္ႏွစ္ မတ္လ ၁၉ မွ ေမလ ၁၁ရက္ေန႔တြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီး ဌာနက ဆက္သြယ္ေရး ဥပေဒပုဒ္မ (၇၇) အရ တားျမစ္ခဲ့ေၾကာင္း BNI ၏ ထုတ္ျပန္ခ်က္၌ ဆိုထားသည္။ BNI အဖြဲ႔ကုိ ျမန္မာႏုိင္ငံ အေနာက္ဘက္ နယ္စပ္ေဒသျဖစ္ေသာ ျမန္မာ-ဘဂၤလာေဒ့ရွ္၊ ျမန္မာ-အိႏၵိယ နယ္စပ္မ်ားတြင္ အေျချပဳသည့္ မီဒီယာအဖြဲ႔အစည္း ၄ ခုျဖင့္သည့္ Mizzima News, Narinjara News, Kaladan Press Networkႏွင့္ Khonumthung News တုိ႔ျဖင့္ ၂၀၀၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၁) ရက္ေန႔တြင္ အိႏၵိယ ႏုိင္ငံ ကလကတၱားတြင္ စတင္ထူေထာင္ခဲ့သည္။ ထုိေနာက္ ထုိင္းႏုိင္ငံႏွင့္ ထုိင္း-ျမန္မာနယ္စပ္ အေျခစုိက္ တုိင္းရင္း သားသတင္းဌာနအဖြဲ႔အစည္းမ်ားႏွင့္ ျပည္တြင္းအေျခစုိက္ သတင္းအဖြဲ႔အစည္းမ်ားျဖင့္ တုိးခ်ဲ႕ဖြဲ႔စည္းခဲ့ ၿပီး လက္ရွိတြင္ အဖြဲ႔ဝင္ (၁၆)ဖြဲ႔ရွိသည္။ http://kicnews.org/2020/10/%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8 %e1%80%b1%e1%

**************

၁၀။ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲ မက်င္းပျခင္းက ပါတီကို ၿဖိဳခြင္းျခင္းျဖစ္ၿပီး မၿပီးဆုံးေသးေသာ အမ်ိဳးသားေရး ခရီးပန္းတိုင္သို႔ ပါတီကို မဲေပးၿပီး အတူတကြ ခ်ီတက္ရန္ ရခိုင္အမ်ိဳးသားပါတီ ပန္ၾကား
1 November 2020

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ကိုးခုႏွင့္ ၿမိဳ႕နယ္အခ်ိဳ႕ရွိ ရပ္ကြက္၊ ေက်း႐ြာအုပ္စုအခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲ မက်င္းပျခင္းက အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ အင္အားေတာင့္တင္းခိုင္မာေသာ ရခိုင္အမ်ိဳးသားပါတီ (ANP) ကို ရည္႐ြယ္ခ်က္ရွိရွိ ၿဖိဳခြင္းရာ ေရာက္သည္ဟု မွတ္ယူေၾကာင္း ANP ပါတီက ႏိုဝင္ဘာ ၁ ရက္တြင္ ထုတ္ျပန္သည္။“ရခိုင္ျပည္နယ္ ၉ ၿမိဳ႕နယ္နဲ႔ အဲဒီ ေက်း႐ြာေတြ အားလုံးေပါင္းလိုက္ရင္ မဲမေပးႏိုင္တဲ့ လူဦးေရ တစ္သန္းေက်ာ္တယ္။ ကိုယ့္ႏိုင္ငံသားေတြရဲ႕ ႏိုင္ငံသား အခြင့္ အေရးနဲ႔ လူ႔အခြင့္အေရးကို မဲမေပးရဘူးဆိုၿပီး ပိတ္ပင္တားဆီးလိုက္တာကေတာ့ ရခိုင္အမ်ိဳးသားပါတီကို ရည္႐ြယ္ခ်က္ ရွိရွိနဲ႔ ပိတ္ပင္တားဆီး လိုက္တာ ျဖစ္သလို ႏိုင္ငံသားတစ္ေယာက္ရဲ႕ မူလ အခြင့္အေရးျဖစ္တဲ့ မဲေပးပိုင္ခြင့္ အခြင့္အေရးကို လုံၿခဳံေရးအေၾကာင္းျပၿပီး ပိတ္ပင္လိုက္တာ ျဖစ္တယ္”ဟု ANP ပါတီ မူဝါဒေရးရာဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္ က ေျပာၾကားသည္။

ထို႔္ေၾကာင့္ ရခိုင္ျပည္သူမ်ား အေနျဖင့္ ဘက္ေပါင္းစုံမွ ၀ိုင္းဝန္းပိတ္ဆို႔ ခံေနရေသာ အင္အားေတာင့္ တင္းသည့္ အမ်ိဳးသား ပါတီ ေအာင္ပြဲခံႏိုင္ေရးအတြက္ မျဖစ္မေနေထာက္ခံမဲေပးၿပီး မၿပီးဆုံးေသးေသာ အမ်ိဳးသားေရး ခရီးပန္းတိုင္သို႔ အတူတကြ ခ်ီတက္ရန္ ANP ပါတီက ပန္ၾကားလႊာ ထုတ္ျပန္သည္။ ရခိုင္အမ်ိဳးသားပါတီသည္ ရခိုင္လူမ်ိဳးတို႔၏ ကိုယ္ပိုင္ျပဌာန္းခြင့္ကို ဦးထိပ္ထားလွ်က္ စစ္မွန္ေသာဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေပၚထြန္းလာေရးအတြက္ လူမ်ိဳးေပါင္းစုံ၊ တိုင္းရင္းသား အင္အားစုမ်ားႏွင့္ ပူးတြဲတိုက္ပြဲဝင္လာသည့္ ပါတီတစ္ရပ္ျဖစ္သည့္အားေလ်ာ္စြာ ျပည္နယ္တြင္ အင္အားေတာင့္ တင္းေသာ အမ်ိဳးသားပါတီအျဖစ္ ရပ္တည္ရွင္သန္ေရးႏွင့္ ရခိုင္အမ်ိဳးသားေရးစိတ္ဓာတ္ထာဝရရွင္သန္ေရးတို႔အတြက္မည္သည့္ အခက္ အခဲ အေႏွာင့္အယွက္မ်ားကိုမဆို ရင္ဆိုင္ေက်ာ္ျဖတ္ရန္ သံႏၷိ႒ာန္ ခ်ၿပီးျဖစ္သည္ဟု ပန္ၾကားလႊာတြင္ ေဖာ္ျပထားသည္။

“ကြၽန္ေတာ္တို႔ အေနနဲ႔ ရခိုင္ျပည္နယ္မွာ အင္အားေတာင့္တင္းတဲ့ အမ်ိဳးသားပါတီ ျဖစ္ေပၚလာေအာင္ ႀကိဳးစားေနတာ။ စစ္မွန္တဲ့ ျပည္ေထာင္စု ေပၚေပါက္ေရးနဲ႔ ရခိုင္ျပည္နယ္မွာ အင္အားရွိတဲ့ အမ်ိဳးသား တပ္ဦးႏိုင္ငံေရးပါတီတစ္ရပ္ ျဖစ္ဖို႔ အတြက္ကေတာ့ ကြၽန္ေတာ္တို႔ကို ဘယ္ေလာက္ပဲ ကန႔္သတ္ကန႔္သတ္ မိမိတို႔ရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္ကို ျဖစ္ေအာင္ ခ်ီတက္သြားမယ္။ အဲ့လို ခ်ီတက္တဲ့ေနရာမွာ ျပည္သူေတြရဲ႕ဝိုင္းဝန္းအားေပးမႈ ေထာက္ခံမႈ လိုတယ္။ အဲဒါေၾကာင့္ အခုလို ကန႔္သတ္ထားတဲ့ ရခိုင္အမ်ိဳးသားပါတီကို အင္အားခ်ိနဲ႔ေအာင္ အမ်ိဳးမ်ိဳး တားဆီးပိတ္ပင္မႈကို ရင္ဆိုင္တဲ့အခါမွာ ျပည္သူေတြ အားကို လိုတယ္။ အဲဒါေၾကာင့္ ဒီ ၂၀၂၀ မွာ လက္ရွိ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္တဲ့ ၿမိဳ႕နယ္ အားလုံးမွာ ရ ခိုင္အမ်ိဳးသားပါတီကို ရခိုင္ျပည္သူေတြက အားလုံးဝိုင္းဝန္းၿပီးေတာ့ တစ္ခဲနက္ မဲေပးလိုက္ျခင္းအားျဖင့္ ရခိုင္အမ်ိဳးသားပါတီ အႏိုင္ရလာရင္ အင္အား တစ္ခုအေနနဲ႔ လႊတ္ေတာ္အသီးသီးမွာ တက္ႏိုင္မယ္”ဟု ဦးထြန္းေအာင္ေက်ာ္က ေျပာၾကားသည္။ https://n ews-eleven.com/article/196816

**************

၁၁။ ဝိုင္းေမာ္ၿမိဳ႕ ရပ္ကြက္ (၄) တြင္ ႀကိဳတင္မဲပုံးရွိ မဲထည့္သည့္အေပါက္အား တိပ္ျဖင့္ပိတ္ထားျခင္းကို NLD ပါတီ စည္း႐ုံးေရးမွဴးက လူမစုံမီဖြင့္သျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ခံရ
2 November 2020

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕ ရပ္ကြက္ (၄) တြင္ ႀကိဳတင္မဲပုံးရွိ မဲထည့္သည့္အေပါက္အား တိပ္ျဖင့္ပိတ္ထားျခင္းကို NLD ပါတီ စည္း႐ုံးေရးမႉးက လူမစုံမီ ဖြင့္သျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ခံရေၾကာင္း သိရသည္။ ျပည္ခိုင္းၿဖိဳးပါတီ စည္း႐ုံးေရးမႉး ဦးဘီဒူေလးသည္ ၎တာဝန္က်သည့္ ဝိုင္းေမာ္ၿမိဳ႕ ရပ္ကြက္(၄) ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးသို႔ ေအာက္တိုဘာ ၃၀ ရက္က နံနက္ ၆ နာရီ မိနစ္ ၅၀ တြင္ ေရာက္ရွိစဥ္ ပါတီအသီးသီးမွ ကိုယ္စားျပဳ ေစာင့္ၾကည့္သူမ်ား သေဘာတူထားသည့္ ႀကိဳတင္မဲပုံးရွိ မဲထည့္သည့္အေပါက္ ေနရာတြင္ ပိတ္ထားသည့္တိပ္မွာ ကြာေန သျဖင့္ မည္သူ ကခြာသြားေၾကာင္း စုံစမ္းရာ NLD စည္း႐ုံးေရးမွဴး ဦးသန္းေဌးက ၄င္းတိပ္ကို ခြာသြားေၾကာင္း သိရွိရ သျဖင့္ ေကာ္မရွင္ လူႀကီးမ်ား မရွိခ်ိန္တြင္ မဲပုံးဖြင့္လွစ္ျခင္းသည္ ႐ိုးသားေသာ သေဘာမရွိ၍ လိုအပ္သလို စစ္ေဆးအေရးယူ ေပးႏိုင္ ရန္ ကန႔္ကြက္လႊာ တင္သြင္းခဲ့သျဖင့္ ရပ္ေက်းေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးရီးျမင့္က တရားလိုျပဳလုပ္ကာ တိုင္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ယွဥ္ၿပိဳင္သည့္ပါတီ ကိုးပါတီမွ ကိုယ္စားလွယ္ အားလုံးနီးပါးႏွင့္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕တို႔ ညႇိႏႈိင္းၿပီး အေရးယူရန္ ေပၚေပါက္လာခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။ ေအာက္တိုဘာ ၃၁ ရက္တြင္ ညႇိႏႈိင္းေဆာင္ ႐ြက္ရာတြင္ ပါဝင္ခဲ့သည့္ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးေက်ာ္ေက်ာ္ေအာင္က ” ကြၽန္ေတာ္တို႔အဖြဲ႕ လက္ေတြ႕ျမင္ခဲ့ေတာ့ ကန႔္ကြက္လႊာတင္တယ္။ ပါတီစုံအဖြဲ႕ေတြနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ ေဆြးေႏြး ေတာ့ ဒီလူဟာ မေရာက္သင့္တဲ့ေနရာေရာက္တာ မွန္တယ္။ အေရးယူဖို႔ ေတာင္းဆိုတယ္။ မဲပုံးထဲက မဲေတြကို ပယ္မဲလုပ္ဖို႔ ေတာင္းဆိုတယ္။ အေရးယူဖို႔ေတာ့ သေဘာတူၾကၿပီး ကန႔္ကြက္မဲလုပ္ဖို႔က တစ္ျခားပါတီေတြက အားလုံးကန႔္ကြက္ေတာ့ သီးျခားခ်ိတ္ပိတ္ၿပီးထားဖို႔ သေဘာတူတယ္”ဟု ေျပာၾကားသည္။ အဆိုပါႀကိဳတင္မဲပုံးကို ရပ္ေက်းေကာ္မရွင္တြင္ထားရွိၿပီး ရပ္ေက်းေကာ္မရွင္အဖြဲ႕ဝင္အခ်ိဳ႕လည္း ေရာက္ေနေၾကာင္း၊ အေရးယူမွျဖစ္မည့္အေျခေန ျဖစ္လာသျဖင့္ အေရးယူရ ေၾကာင္း၊ မဲမသာမႈ ကိစၥရပ္မွာ ျဖစ္ႏိုင္သည့္ အေနအထားမရွိေၾကာင္း ဝိုင္းေမာ္ၿမိဳ႕ ရပ္ကြက္ (၄) ရပ္ေက်းေကာ္မရွင္ဥကၠ႒ ဦးရီျမင့္ က ေျပာၾကားသည္။

တရားစြဲခံရသူ ဦးသန္းေဌးက ” ေအာက္တိုဘာ ၂၉ ရက္မွာ သေဘာတူၿပီး မဲထည့္ေပါက္ကို တိပ္နဲ႔ပိတ္ၿပီး စာ႐ြက္ျဖဴခံ မင္စိုနိပ္ထားတယ္။ မနက္မွာ လူစုံဖြင့္မယ္ေပါ့။ ကြၽန္ေတာ္လည္း မဲ႐ုံကို ၆ နာရီ ၄၅ ေလာက္ေရာက္ေတာ့ ေကာ္မရွင္ တစ္ေယာက္၊ စာေရးတစ္ေယာက္ ရွိတယ္။ ကြၽန္ေတာ္က ေစ်းသြားစရာရွိေတာ့ ကြၽန္ေတာ္တို႔ ဖြင့္ၾကမလားလို႔ ေျပာၿပီး တိပ္ကိုခြာၿပီး ထြက္လာခဲ့တယ္။ ရဲတစ္ေယာက္လည္း တံျမက္လွည္းေနပါတယ္။ မဲေပးမယ့္သူလည္း ႏွစ္ဦး ေရာက္ေနပါၿပီ။ မနက္ ၁၀ နာရီေလာက္မွ ကြၽန္ေတာ္ မဲပုံးဖြင့္တဲ့ကိစၥကို ေျပာေနၾကလို႔ ကြၽန္ေတာ္သိတာ။ ကြၽန္ေတာ္ကလည္း စိတ္ေလာၿပီး တိပ္ခြာၿပီး ထြက္လာတာပါ။ အခုေတာ့ တရာစြဲထားတယ္ဆိုေတာ့ ရင္ဆိုင္ရမွာေပါ့။ ကိုယ္လည္း ေစတနာအမွားပါ ။ မဲပုံးထဲလည္း ဘာမွ မထည့္ခဲ့ပါဘူး”ဟု ေျပာၾကားသည္။ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒပုဒ္မ – ၅၉(င) မွာ မဲ႐ုံးမႉး၏ ခြင့္ျပဳ ခ်က္မရႈိပဲ မဲဆႏၵရွင္ မဲပုံးကို ေ႐ြ႕ေျပာင္းျခင္း၊ ဖ်က္ဆီးျခင္း၊ ဖြင့္ၾကည့့္ျခင္း၊ ကိုင္တြယ္ျခင္းမ်ား မျပဳလုပ္ရန္၊ ျပဳလုပ္ပါက က်ပ္ေငြ တစ္က်ပ္မွ တစ္သိန္းအထိေသာ္ လည္းေကာင္း၊ ေထာင္ဒဏ္ တစ္ရက္မွ တစ္ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္း ထားသည္။ https://news-eleven.com/article/196836

***************

၁၂။ မြန္ျပည္နယ္ ကိုဗစ္လူနာမ်ား၏ ဆယ္ပုံတစ္ပုံတြင္ ကေလးငယ္မ်ားျဖစ္ေန
November 2, 2020

မြန္ျပည္နယ္တြင္ ကိုဗစ္ ၁၉ ေရာဂါပိုးဓာတ္ခြဲအတည္ျပဳလူနာ၏ ဆယ္ပုံတစ္ပုံသည္ ကေလးငယ္မ်ားျဖစ္ေနေၾကာင္း မြန္ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုတိယျပည္နယ္မႉး(စီမံ) ေဒါက္တာဝတ္မႈံ ကဆိုသည္။ ေဒါက္တာဝတ္မႈံက “ကေလး ၁၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိမွာေပါ့။ ကေလးအမ်ားစုကေတာ့ ျပင္းထန္တဲ့ လကၡဏာမရွိဘူး ပိုးေတြ႕တဲ့ အခါက် ရင္ ကေလးေတြေစာင့္ေရွာက္ဖို႔ မိဘေတြထည့္ေပးရတာ မိဘမရွိတဲ့ကေလးေတြဆို အဖိုး အဖြားေတြ ထည့္ေပးရတာ တို႔ရွိတယ္” ဟု ေျပာသည္။

အဆိုပါေရာဂါပိုးေတြ႕ ကေလးငယ္မ်ားႏွင့္ ထိေတြ႕မိသူ လူနာေစာင့္အုပ္ထိန္းသူမ်ားလည္း ေရာဂါပိုးကူးစက္ခံရမႈမ်ားရွိ ေၾကာင္း သိရသည္။“ကေလးေတြကို ဒီတိုင္းလဲမထားခ်င္ဘူးေလ မိဘအုပ္ထိန္းသူမပါနဲ႔ အဲ့ဒီအခက္အခဲေလးေတာ့ ရွိတာ ေပါ့။ အမ်ားစုကေတာ့ မိသားစုလိုက္ပိုးေတြ႕ၾကတာကမ်ားတယ္ မိဘကပိုးေတြ႕ၿပီးေတာ့ သူတို႔မွာမေတြ႕တာမ်ိဳးေလး ေတြရွိ တယ္ သူတို႔မွာေတြ႕ၿပီး မိဘေတြမွာ မေတြ႕တာမ်ိဳးေတြရွိတယ္” ဟု ဆက္ေျပာသည္။

ေရာဂါပိုးကူးစက္မႈခံရတဲ့ ကေလးငယ္မ်ားထဲတြင္ အငယ္ဆုံးအျဖစ္ ႏွစ္လခြဲ အ႐ြယ္ကေလးတစ္ဦး ပါဝင္ခဲ့ၿပီး အသက္ ၁၀ ႏွစ္မွ ၁၁ ႏွစ္အ႐ြယ္ထိ အမ်ားဆုံးပါဝင္ေၾကာင္း သိရသည္။ http://burmese.monnews.org/2020/11/02/%e1%8 0%99%e1%80%bd%e1%80%94%e1%80%ba%e1%

****************

၁၃။ ကရင္နီလူမ်ိဳးစု လူငယ္ဦးေဆာင္ေကာ္မတီက ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီႏွင့္ ကယန္း အမ်ိဳးသားပါတီ တံဆိပ္ပါ မီးပုံပ်ံမ်ားအား ေငြေတာင္ဆည္တြင္ လႊတ္တင္ရာ သက္ဆိုင္ရာမွ လူစုခြဲ
1 November 2020

ကရင္နီလူမ်ိဳးစုလူငယ္ ဦးေဆာင္ေကာ္မတီက ဦးေဆာင္၍ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ(KySDP) ႏွင့္ ကယန္း အမ်ိဳးသားပါတီ( KNP) တံဆိပ္ပါ မီးပုံပ်ံမ်ားအား ( ေအာက္တိုဘာ ၃၁ ရက္) သီတင္းကြၽတ္လျပည့္ညတြင္ ေငြေတာင္ဆည္ ကန္ေရျပင္တြင္ လႊင့္တင္ရာ သက္ဆိုင္ရာမွ လူစုခြဲခဲ့သည္ဟုသိရသည္ ။

လူငယ္အင္အား ၅၀ ခန႔္က လျပည့္ေန႔အထိမ္းအမွတ္အျဖစ္ မီးပုံပ်ံငယ္ ၄၀၀ အား ပထမပိုင္းတြင္ ေငြေတာင္ဆည္ေဘာင္မွ လႊင့္တင္မည္ျပဳရာ အာဏာပိုင္မ်ားက ခြင့္မျပဳႏိုင္ေၾကာင္း ေျပာဆိုသျဖင့္ ေငြေတာင္ဆည္ ကန္ေရျပင္ျမက္ခင္းေပၚတြင္ လႊင့္တင္ၾကရာ ဒီးေမာ့ဆိုၿမိဳ႕နယ္ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္တားျမစ္သျဖင့္ လူစုခြဲလိုက္ရေၾကာင္းသိရသည္။” ဟိုဘက္မွာေတာ့လုပ္လို႔မရလို႔ ဒီဘက္မွာ လူအေယာက္ ၅၀ နဲ႔ ကယန္းအမ်ိဳးသားပါတီနဲ႔ KySDP ကိုဝန္းရံသူေတြလာ လုပ္ၾကတာပါ ”ဟု ကရင္နီလူငယ္ ေခါင္းေဆာင္တစ္ဦးျဖစ္ေသာ ခြန္းေသာမတ္စ္ကေျပာၾကားသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ မဟာမိတ္ပါတီမ်ားျဖစ္သည့္ KySDP ႏွင့္ KNP ပါတီတို႔မွာ မဲဆႏၵနယ္ ေျခာက္ေနရာတြင္ ကယန္း အမ်ိဳးသားပါတီ (KNP)က ႏွစ္ေနရာႏွင့္ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ( KySDP)က ေလးေနရာ ယွဥ္ၿပိဳင္မည္ျဖစ္ ေၾကာင္း၊ ေတာင္ယာလုပ္ငန္းကိုသာ အဓိကထားလုပ္ကိုင္ၾကသည့္ဌာေနတိုင္းရင္းသား ကယားႏွင့္ကယန္းလူမ်ိဳးမ်ား အမ်ား ဆုံးေနထိုင္ၿပီးလူဦးေရ ခုႏွစ္ေသာင္းခန႔္ရွိၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၅၆၃၉၁ ဦးရွိသည့္နယ္ေျမျဖစ္ေၾကာင္းသိရသည္ ။ http s://news-eleven.com/article/196774

************

၁၄။ လြိဳင္ေကာ္ၿမိဳ႕တြင္ ႀကိဳတင္မဲေပးခ်ိန္ အျငင္းပြားမႈျဖစ္ပြား
2 November 2020

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ေလာဓမၼရပ္ကြက္မွာ ႀကိဳတင္မဲေပးေနတဲ့အခ်ိန္ မဲ႐ုံတာဝန္ရွိသူေတြနဲ႔ ပါတီဘက္က ေစာင့္ၾကည့္သူေတြအၾကား အျငင္းပြားမႈ ျဖစ္ပြားခဲ့တာေၾကာင့္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္က လာေရာက္စစ္ေဆးခဲ့ရ တယ္လို႔ သိရပါတယ္။ ႀကိဳတင္မဲလာေရာက္ေပးတဲ့ သက္ႀကီး႐ြယ္အိုေတြကို ေလာဓမၼရပ္ကြက္ ေကာ္မရွင္တာဝန္က မဲေပးပုံ ေပးနည္းေတြ လွ်ိဳဝွကဆႏၵမဲေပး အခန္းနားမွာ ေျပာျပေနတဲ့ေပၚ ပါတီဘက္က ေစာင့္ၾကည့္တဲ့အဖြဲ႕က ေျပာဆိုရာကေန အျငင္းပြားမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဆိုပါ မဲ႐ုံမွာ ေစာင့္ၾကည့္မႈလုပ္ေဆာင္ေနတဲ့ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီမွ မသြယ္သြယ္စန္းက “မဲေပးတဲ့လူနဲ႔ သူနဲ႔အေဝးႀကီးမွာေနရမွာ။ အဲဒါသူက အေဝးႀကီးမေနဘဲနဲ႔ နီးနီးကပ္ကပ္သြားေနတယ္။ တအား..ေတာ္ေတာ္ကို နီးကပ္ ေအာင္ေနတယ္။ ေနၿပီးေတာ့မွ မဲစားရင္းစာ႐ြက္ထည့္ဖို႔ စာ႐ြက္ေတာင္မွ သူကိုင္ေပးတယ္။ ကိုင္ၿပီးပုံးထဲ ထည့္ေပးတဲ့ အဆင့္ ကိုေတာင္ က်မျမင္ခဲ့ရတယ္။ က်မအေနနဲ႔ လုံးဝ သည္းမခံႏိုင္တဲ့အဆုံး က်မဝင္ေျပာတယ္။ အဲအဖြဲ႕ကို က်မ ခြင့္ေတာင္းၿပီးမွဝင္တယ္။ ခြင့္ေပးလို႔ က်မ ဝင္သြားတယ္။ အဲဒီလို မျဖစ္သင့္ဘူး၊ မဲထည့္တဲ့လူနဲ႔ ေဝးေဝးေနေပးပါလို႔ က်မေျပာတယ္။ ဒါေပမဲ့ သူ က်မကို ရန္ေတြ႕တယ္။ နင္ ဒီထဲကို ဝင္ပိုင္ခြင့္မရွိဘူး သူက်မကို ေျပာတယ္။ တျခားပါတီေတြ ဝင္သြားတယ္ ခြင့္မေတာင္းဘူး၊ က်မ ခြင့္ေတာင္းၿပီးမွဝင္တာ က်မကို သူ လက္မခံဘူး။ လုံးဝ တရားနည္းလမ္းမက်ဘူးလို႔ က်မ ေျပာခ်င္တယ္။ ” မဲ႐ုံတြင္း လာေရာက္ေစာင့္ၾကည္ေနတဲ့ အန္အယ္ဒီပါတီဝင္ ေဒၚခင္ႏွင္းႏြယ္က ႀကိဳတင္မဲစတင္ေပးတဲ့ ၂၉ ရက္ေန႔ကတည္းက မဲ႐ုံတြင္းက ေကာ္မရွင္တာဝန္ရွိသူေတြက အခုလိုပုံစံမ်ိဳး လုပ္ေဆာင္ေနတာကို ေတြ႕ရွိခဲ့ရတယ္လို႔ ေျပာပါတယ္။

လွ်ိဳဝွက္မဲေပးတဲ့ေနရာနီး ေျပာဆိုေနမႈအေပၚ ေျပာဆိုလို႔ မရေၾကာင္း ေစာင့္ၾကည့္သူဘက္က ေျပာဆိုေပမယ့္ သူတို႔ ေကာ္မရွင္အေနနဲ႔ ေျပာလို႔ရေၾကာင္းသာ ေျပာလို႔ အျငင္းပြားခဲ့တာျဖစ္ပါတယ္။ ဒီလိုအျငင္းပြားမႈျဖစ္ပြားခဲ့လို႔ ၿမိဳ႕နယ္ ေကာ္မရွင္ ဥကၠ႒က ေလာဓမၼ ရပ္ကြက္မဲ႐ုံကို လာေရာက္ခဲ့ၿပီး ေကာ္မရွင္အဖြဲ႕ဝင္အေနနဲ႔ ဆႏၵမဲေပးသူအနီးေျပာဆိုလို႔ မရေၾကာင္း ရွင္းလင္းၫႊန္ၾကားခဲ့ပါတယ္။ ၿမိဳ႕နယ္ ေကာ္မရွင္ဥကၠ႒ ဦးလွသန္းက “အခုဟာက အမွားေတြ ရွိေနလို႔ တစ္ခ်ိဳ႕ေတြက နားမလည္ဘူး။ အဲဒီေတာ့ စစ္ရမယ္ေလ။ ေနာက္မွာ မဲ႐ိုက္ၿပီးလား မၿပီးလား၊ တံဆိပ္တုံး ပါလား မပါလား အဲဒါေတြေပါ့ေနာ္ အကုန္လုံးက က်ေနာ္တို႔ ေျပာျပရမွာေပါ့။ ပယ္မဲ မျဖစ္ေအာင္ အဓိကပဲေလ။ အဲဒါေလးကို ေျပာျပတာ ျဖစ္မွာပါ။”လွ်ိဳ႕ဝွက္မဲေပးတဲ့ အခန္းေဘးနားမွာေနၿပီး လုပ္ေဆာင္တာမ်ိဳးမလုပ္ဖို႔ ၫြန္ၾကားထားေၾကာင္းလည္း ဦးလွသန္း က မီဒီယာေတြကို ေျပာပါတယ္။ http://burmese.dvb.no/archives/420906

***************

၁၅။ ဝန္ႀကီးခ်ဳပ္ပုံရိပ္ႏွင့္ ေငြေၾကးအခက္အခဲ ရင္ဆိုင္ေနရဟု KySDP ကိုယ္စားလွယ္ေလာင္းေျပာ
2 November 2020

ေ႐ြးေကာက္ပြဲအတြက္ မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္-၂ မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိနဲ႔ ယွဥ္ၿပိဳင္ရတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ပုံရိပ္နဲ႔ ေငြေၾကးအခက္အခဲေတြ ရင္ဆိုင္ေနရတယ္လို႔ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ (KySDP) ကိုယ္စား လွယ္ေလာင္း ေနာ္ျမင့္ထူးက ေျပာပါတယ္။“စိန္ေခၚမႈေတြကေတာ့ အမ်ိဳးမ်ိဳးရွိတာေပါ့ေနာ္။ တိုင္းရင္းသားပါတီကို မဲေပး ျခင္းအားျဖင့္ တိုက္ပြဲျပန္ျဖစ္လာႏိုင္တယ္တိုတဲ့ ေျပာဆိုမႈတခု၊ ၿပီးေတာ့ က်မအေနနဲ႔ အခက္အခဲမွာဆိုရင္ သြားလာတဲ့ေနရာ မွာ က်မက အမ်ိဳးသမီးတဦးျဖစ္တဲ့အတြက္ သြားလာတဲ့ေနရာမွာ နည္းနည္းခက္ခဲတယ္။ ေနာက္ ေငြေရးေၾကးေရးမွာ သူမ်ား လို လည္း မသုံးႏိုင္ဘူး။ ၿပီးေတာ့ ကိုယ္ကလည္း အယ္လ္ေဖာင္းရႈိ ဆိုရင္လည္း တကယ့္ ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္တဲ့အတြက္ သူ႔ရဲ႕ပုံရိပ္တခ်ိဳ႕က က်န္ခဲ့ေသးတယ္။”ဒါ့အျပင္ ပါတီတခ်ိဳ႕က လိုက္လံစည္း႐ုံးမႈေတြ လုပ္တဲ့အခါမွာ တိုင္းရင္းသားပါတီကို မဲေပးရင္ တိုက္ပြဲျဖစ္မယ္ဆိုတဲ့ ေျပာဆိုမႈေတြရွိေနတယ္လို႔ ေနာ္ျမင့္ထူးက ေျပာပါတယ္။

“အခု ၾကားရာတာေပါ့ေနာ္။ တိုင္းရင္းသားပါတီကို မဲေပးျခင္းအားျဖင့္ တိုက္ပြဲျပန္ျဖစ္ႏိုင္တယ္ ဆိုတဲ့ဟာေပါ့ေနာ္။ အမ်ားအားျဖင့္ ေဒသခံဘယ္သူမဆို တိုက္ပြဲျဖစ္ရမွာ ေၾကာက္တယ္ေလေနာ္။ အဲလိုမ်ိဳး သြားေျပာလိုက္ျခင္းအားျဖင့္ ေဒသခံ ေတြက ေၾကာက္ေတာ့ ကိုယ့္ကို မဲမေပးရဲတဲ့အထိ ျဖစ္တယ္ေပါ့ေနာ္။ ဒါေပမဲ့ ကိုယ္က မနည္းျပန္လိုက္ရွင္းျပရ တာေပါ့။”ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိဟာ မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္-၂ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္တာျဖစ္ၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္ ေတြကေတာ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ေဒၚခင္ေမဦး၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီက ဦးခင္ေမာင္ဝင္း၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက ဦးေစာလယ္မူဒို၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီက ေဒၚတင္တင္ႏြဲ႕၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီက ေနာ္ျမင့္ထူး ျဖစ္ပါတယ္။

ေနာ္ျမင့္ထူးဟာ အသက္ ၂၈ ႏွစ္အ႐ြယ္လူငယ္လည္းျဖစ္၊ ရွမ္းကယားတိုင္းရင္းသူျဖစ္ၿပီး ပါတီက ေ႐ြးေကာက္ပြဲဝင္ ေရာက္ ယွဥ္ၿပိင္ဖို႔ သူ႔ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ သူသာ အႏိုင္ရခဲ့ရင္ေတာ့ ေဒသခံေတြ အဓိကရင္ဆိုင္ေနရတဲ့ စားဝတ္ေနေရး အခက္အခဲနဲ႔ ၿငိမ္းခ်မ္းမႈရရွိဖို႔ တက္ႂကြစြာ ပါဝင္လုပ္ေဆာင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ http://burmese.dvb.n o/archives/420884

***************

၁၆။ ေမာ္ခ်ီးသတၳဳတြင္းက ေနအိမ္တခ်ိဳ႕ ေျမၿပိဳႏိုင္တာေၾကာင့္ ေ႐ႊ႕ေျပာင္းဖို႔ အစိုးရ ၫႊန္ၾကား
October 31, 2020

ကယားျပည္နယ္ ေမာ္ခ်ီးခဲသတၳဳတူးေဖာ္ေရး လုပ္ကြက္ေတြအနီးမွာရွိတဲ့ ေနအိမ္တခ်ိဳ႕ကို ေျမၿပိဳႏိုင္တဲ့ အႏၲရာယ္ရွိတာ ေၾကာင့္ ျပည္နယ္အစိုးရနဲ႔ ကုမၸဏီေတြက ေနရာေျပာင္းေ႐ႊ႕ဖို႔ ညႇိႏႈိင္းေဆြးေႏြးေနပါတယ္။ ေဒသခံေတြကေတာ့ ေျပာင္းေ႐ႊ႕ ရမယ့္ေနရာကို အတိအက် မသိရေသးတာေၾကာင့္ မေျပာင္းေ႐ႊ႕ခ်င္ၾကဘဲ အဲဒီမွာဆက္လက္ေနထိုင္ဖို႔ လိုလားေနၾကပါ တယ္။ ကယားျပည္နယ္ ေမာ္ခ်ီးေဒသ ၁၃ ကုန္း (ေခၚ) ယူေကာ္ခိုေက်း႐ြာက ေနအိမ္တခ်ိဳ႕ အႏၲရာယ္ဇုန္ထဲမွာ ေရာက္ရွိေန ပါတယ္။ ေဒသခံေတြက မိုးရာသီမွာဆို ေနအိမ္ေတြမွာ မေနၾကပဲ တျခားေနရာမွာ ေ႐ႊ႕ေျပာင္းေနထိုင္ၿပီး ပြင့္လင္းရာသီမွာ ေန႔ဘက္ျပန္လာေနၿပီး ခဲသတၳဳရွာေဖြ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးနဲ႔ တျခားသက္ဆိုင္ရာဌာနေတြက သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြကို ကြင္းဆင္းစစ္ေဆးရာမွာ အဲ့ဒီအႏၲရာယ္ဇုန္ထဲက ေနအိမ္ ေတြကို အၿပီးေျပာင္းေ႐ႊ႕ဖို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးကို ၫြန္ၾကားခဲ့ပါတယ္။ ေမာ္ခ်ီး ခဲသတၳဳတူးေဖာ္ေရးေဒသက အႏၲရာယ္ ဇုန္ ထဲမွာရွိတဲ့ အိမ္ေတြကို ကုမၸဏီေတြက ဖယ္ရွားခိုင္းေပမယ့္ လက္ရွိေနထိုင္သူေတြက အၿပီးေ႐ႊ႕ေျပာင္းဖို႔ ဆႏၵမရွိၾကပဲ ျငင္းဆန္ေနၾကပါတယ္။ ေနအိမ္ေျပာင္းေ႐ႊ႕ရမယ့္အထဲမွာပါတဲ့ ေဒၚစိန္စိန္ေအးက အခက္အခဲေတြ ရွိတာေၾကာင့္ မေ႐ႊ႕ ေျပာင္းခ်င္ေၾကာင္း ေျပာပါတယ္။ ဌာနေပါင္းစုံက တာဝန္ရွိသူေတြနဲ႔ သက္ဆိုင္ရာ ကုမၸဏီေတြက ႏွစ္ရက္ဆက္တိုက္ ကြင္း ဆင္းစစ္ေဆးၿပီး ေ႐ႊ႕ေျပာင္းဖို႔ ရာအိမ္မွဴးေတြကို မွာၾကားသြားတာ ျဖစ္ပါတယ္။ အိမ္တန္ဖိုးနဲ႔ ေ႐ႊ႕ေျပာင္းသယ္ယူေရး စရိတ္ က ခန႔္မွန္း ငါးေသာင္းနဲ႔ တစ္သိန္းၾကားမွာသာ ရတဲ့အတြက္ မေ႐ႊ႕ေျပာင္းႏိုင္ဘူးလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

အႏၲရာယ္ရွိတဲ့ လုပ္ကြက္ေတြမွာ ေနထိုင္ေနၾကသူေတြကို ေနအိမ္ေတြအၿပီး ေျပာင္းေ႐ႊ႕ခိုင္းထားတဲ့ ေနရာမွာလည္း ခဲသတၱဳလုပ္ငန္းေတြ တိုးခ်ဲ႕ဖို႔ အစီအစဥ္မရွိတဲ့အျပင္ တျခားအႏၲရာယ္မ်ားတဲ့ ခဲက်င္းလုပ္ငန္းေတြကိုလည္း ရပ္နားထားခိုင္း ထားတယ္လို႔ ရဲထြဋ္ေက်ာ္ကုမၸဏီက မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးရဲထြဋ္တင္က ေျပာပါတယ္။

ေျပာင္းေ႐ႊ႕ဖို႔ ေျမေနရာေတြ အတြက္ လမ္းပန္းဆက္သြယ္ေရး၊ ေရ၊ လွ်ပ္စစ္မီး စတဲ့ လိုအပ္ခ်က္ေတြကို ႐ြားသားေတြနဲ႔ တိုင္ပင္ၿပီး ကုမၼဏီေတြဘက္ ကေန စီစဥ္ေပးႏိုင္တယ္လို႔ ရဲထြဋ္တင္က ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကယားျပည္နယ္ သတၱဳဦးစီးဌာနနဲ႔ သက္ဆိုင္ ရာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားျခင္းမ ရွိပါဘူး။ ေမာ္ခ်ီးေဒသမွာ လက္ရွိအခ်ိန္ထိ ႀကီးမားတဲ့ ေျမၿပိဳမႈ ၃ ႀကိမ္ျဖစ္ခဲ့ပါတယ္။ ၁၉၈၅ ခုႏွစ္၊ ၁၉၈၈ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္ ေတြမွာ ေျမၿပိဳမႈျဖစ္ခဲ့တာျဖစ္ၿပီး ေနအိမ္ေတြ ပ်က္ဆီးခဲ့တဲ့အျပင္ လူေသဆုံးမႈ တခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ https://www .rfa.org/burmese/news/government-orders-evacuation-mawchi-mine-homes-10312 020004512.html

***************

၁၇။ မင္းျပားၿမိဳ႕နယ္မွ ၁၄ ႏွစ္အ႐ြယ္ ၆ တန္းေက်ာင္းသူ လက္နက္ႀကီးထိမွန္၍ စစ္ေတြ ေဆး႐ုံေရာက္၊ တပ္မေတာ္ ေရယာဥ္က ပစ္ခတ္မႈမ်ား ရွိ၍ ေက်း႐ြာသားမ်ား ပုန္းခိုေနရ
November 1, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္တြင္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး လက္နက္ႀကီးက်ည္ ထိမွန္၍ စစ္ေတြၿမိဳ႕ ေဆး႐ုံ သို႔ ေရာက္ရွိေဆးကုသမႈ ခံယူေနရေၾကာင္း ယင္းျဖစ္စဥ္ကို ကူညီေပးေနသူ ဆရာေတာ္အရွင္ဇနက ရန္ကုန္ ေခတ္သစ္ သတင္းဌာနသို႔ ေျပာဆိုသည္။“ေအာက္တိုဘာလ ၂၉ ရက္ေန႔က ေနဗီ( တပ္မေတာ္ေရယာဥ္) ပစ္လိုက္တဲ့ လက္နက္ႀကီး က်ည္ ထိမွန္သြားတဲ့ မင္းျပားၿမိဳ႕နယ္၊ စကၠေရ ေက်း႐ြာက ၆ တန္းေက်ာင္းသူ မသန္းသန္းစိုးက အခု စစ္ေတြေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနပါတယ္။ အေျခအေနေကာင္းပါတယ္” ဟု ဆရာေတာ္အရွင္ဇနက ေျပာဆိုသည္။

အလားတူ ေအာက္တိုဘာလ ၂၉ ရက္ေန႔တြင္ပင္ ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕နယ္၊ ေက်ာ္ရွင္ေက်း႐ြာတြင္ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲသျဖင့္ေက်း႐ြာသား ၅ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ဒဏ္ရာရွိသူမ်ားမွာ ဦးေအာင္သာေမာင္ (၅၅) ႏွစ္၊ မထြန္းစိန္(၅၈) ႏွစ္၊ ပန္းႏုဝင္း (၂၅)ႏွစ္၊ ပန္းႏုခင္ (၂၇)ႏွစ္၊ ဦးလွဝင္း (၈) ႏွစ္တို႔ျဖစ္ၿပီး တပ္မေတာ္ဇက္ေရယာဥ္က ပစ္ခတ္သံၾကားၿပီးေနာက္ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ကာ ေက်း႐ြာသား ၅ ဦး ဒဏ္ရာရရွိျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ နံနက္ (၈:၃၀) ခန႔္ အခ်ိန္ တပ္မေတာ္ေရယာဥ္က ေပါက္ေတာႏွင့္ မင္းျပားၿမိဳ႕နယ္အစပ္နားရွိ ေလၿမိဳ႕ျမစ္ေၾကာင္း တေလ်ာက္ သက္ပုန္း၊ ေၾကာင္ရီေခ်ာင္း၊ စြန္ရဲ ၊ ေခ်ာင္းေလာင္းေခ်ာင္း‌ေက်း႐ြာမ်ားကို အေၾကာင္းမဲ့ ပစ္ခတ္ေနသည္ဟု ေဒသခံ႐ြာသားမ်ားက REC သို႔ သတင္းေပးပို႔လာေၾကာင္း၊ ႏွစ္ဖက္တိုက္ခိုက္မႈမဟုတ္ဘဲ တစ္ဖက္သက္ ျပည္သူလူထုေနထိုင္ရာ ေက်း႐ြာမ်ားသို႔ ပစ္ခတ္ျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ ပစ္ခတ္မႈမ်ားေၾကာင့္ ေက်း႐ြာသားမ်ားမွာ အသက္ေဘးလြတ္ရာ ေနရာမ်ားတြင္ ပုန္းခိုေနရေၾကာင္း ရခိုင္မ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး(REC) က သတင္းထုတ္ျပန္သည္။

REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက “က်ေနာ္တို႔ ေပါက္ေတာမွာ တိုက္ပြဲမရွိဘူးဆိုလို႔ ပစ္ခတ္မႈေတြလုပ္သလား လို႔ ေတာင္ ထင္မိတယ္။ အခုေတာ့ ျပည္သူေတြက စိုးရိမ္ေနၾကတယ္။ ႐ြာေတြမွာ ေနဗီကပစ္လို႔ ပုန္းခိုေနၾကတယ္။ ေတာ္ေတာ္ ေလးေတာ့ စိုးရိမ္ေနၾကတယ္။ အခုထက္ထိေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ မၾကားရေသးပါဘူး”ဟု ရန္ကုန္ေခတ္သစ္ သတင္း ဌာနသို႔ ေျပာဆိုသည္။ https://www.khitthitnews.com/2020/11/%e1%80%99%e1%80%84% e1%80%ba% e1%80%b8%e1%80

***************

၁၈။ ေတာင္ႀကီးၿမိဳ႕နယ္ ႀကိဳတင္မဲေပးရာတြင္ မိမိသေဘာဆႏၵအရ မေပးခဲ့ရ
November 2, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕နယ္ ေတာင္နီေက်း႐ြာအုပ္စု ေနထိုင္သည့္ အသက္ (၆၀) အထက္ ႀကိဳတင္မဲ ထည့္ရာ တြင္ မိမိသေဘာဆႏၵအရ မထည့္ခဲ့ရေၾကာင္း စုံစမ္းသိရသည္။ ေအာက္တိုဘာ ၂၉ ရက္မွ ႏိုဝင္ဘာ ၇ ရက္ထိ မနက္ ၈ နာရီ မွ ညေန ၆ နာရီထိ အသက္ ၆၀ ႏွစ္အထက္ သက္ႀကီး႐ြယ္အိုမ်ားသည္ ႏိုဝင္ဘာ ၈ ရက္ က်င္းပမည့္ ေ႐ြးေကာက္ပြဲ အတြက္ ႀကိဳတင္မဲမ်ားေပးေနရၿပီ ျဖစ္သည္။

“ တခ်ိဳ႕ ႀကိဳတင္မဲေပးတဲ့ သက္ႀကီး႐ြယ္အိုေတြက သူ႔တို႔ ဆႏၵမဟုတ္တဲ့ ပါတီေတြကို မဲေပးလာရတယ္လို႔ ေျပာလာၾက တယ္။ ႀကိဳတင္မဲေပးတဲ့အခ်ိန္မွာ မဲ႐ုံမႉးေတြကိုယ္တိုင္က ဖိအားေပးတာေၾကာင့္ တျခားပါတီကို မဲေပးေနရတယ္။ အဲ့ေဒသ မွာ အားေကာင္းတဲ့ ပါတီကို ပဲ မဲထည့္လိုက္ရတယ္။ ဒါကေတာ့မျဖစ္သင့္ဘူး”ဟု ေတာင္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ( SNLD) ကိုယ္စားလွယ္ေလာင္း နန္းယမင္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ ၎မဲဆႏၵနယ္တြင္ ႀကိဳတင္မဲေပးေနခ်ိန္ ပါတီ အက်ီဝတ္ဆင္ျခင္း၊ ပါတီသီခ်င္းမ်ားဖြင့္ၿပီး မဲဆြယ္ျခင္းမ်ားျပဳလုပ္ေနသည္ကိုေတြ႕ရေၾကာင္းလည္း နန္းယမင္း ကေျပာသည္။

“ႀကိဳတင္မဲေပးတဲ့ခ်ိန္မွာ မဲ႐ုံအနားမွာ ပါတီ အက်ီမဝတ္ရဘူး ပါတီ သီခ်င္းေတြမဖြင့္ရဘူးလို႔ ဆိုေသာ္ညားလည္း ပါတီ သီခ်င္းေတြ မဲဆြယ္တာ ပါတီအက်ီဝတ္ၿပီး မဲေတြ ေကာက္တာေတြက်မတို႔ ေတြ႕ရတယ္။ အဲ့လို ကိစၥရပ္ေတြ က်မတို႔ဆီမွာ ရွိေနပါတယ္။”ဟု နန္းယမင္း ကေျပာသည္။ သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္မွာလည္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီကို ေထာက္ခံအားေပးသည့္ မဲဆႏၵရွင္ ျပည္သူတစ္ခ်ိဳ႕ ျပည္မပါတီမွ ၿခိမ္းေျခာက္ျခင္း ခံရေၾကာင္း သိရသည္။ သွ်မ္းျပည္တြင္ႀကိဳတင္မဲမ်ားထည့္ရာတြင္ မိမိသေဘာဆႏၵအရ မထည့္ရဘဲ တဦးတေယာက္၏ အမိန႔္ျဖင့္သာထည့္ ေနရေၾကာင္း စုံစမ္းသိရသည္။ https://burmese.shannews.org/archives/19179

***************

၁၉။ ႀကိဳတင္မဲလာေပးသူမ်ားကို NLD မဲ႐ုံကိုယ္စားလွယ္က မလိုအပ္ဘဲ မဲေပးပုံ လိုက္ရွင္းျပမႈ ျဖစ္ပြားေန
November 2, 2020

ဖားအံၿမိဳ႕နယ္၊ ေကာ့ေထာ္ေက်း႐ြာအုပ္စု မဲ႐ုံ၌ ႀကိဳတင္မဲ လာေပးသူမ်ားကို NLD ပါတီ၏ မဲ႐ုံကိုယ္စားလွယ္က မလိုအပ္ဘဲ မဲေပးပုံ လိုက္လံ ရွင္းျပမႈမ်ား ျဖစ္ပြားခဲ့သည္ဟု ကြင္းဆင္းသတင္းရယူေနသည့္ ေကအိုင္စီ သတင္း ေထာက္က သတင္းေပး ပို႔သည္။

အဆိုပါ မဲ႐ုံအတြင္း မဲလာေပးသူမ်ားကို NLD ရင္ထိုးတံဆိပ္ တပ္ဆင္ထားသူ မဲ႐ုံကိုယ္စားလွယ္က မည္ကဲ့သို႔ မဲလက္မွတ္ မ်ားရယူကာ မည္သို႔ မဲေပးရသည္ကို မဲ႐ုံအတြင္းရွင္းျပမႈ ယေန႔ နံနက္ပိုင္းတြင္ မၾကာခဏ ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ မျပဳလုပ္ရန္ ဆိုင္ရာတာဝန္ရွိသူမ်ားက ယခင္ေန႔ကတည္းက ေျပာဆိုထားေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာသည္။ “ မဲလာေပးသူေတြကို မဲ႐ုံေစာင့္ၾကည့္တဲ့ ပါတီကိုယ္စားလွယ္ေတြက အဲလိုလိုက္ရွင္းျပတာေတာ့ လုပ္လို႔မရဘူး။ အခုျဖစ္စဥ္ ကိုေတာ့ က်ေနာ္အခ်ိန္ျပည့္မရွိတဲ့အတြက္ မသိလိုက္ဘူး”ဟု ေကာ့ေထာ္ေက်း႐ြာ အုပ္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ၊ ဥကၠ႒ ဦးျမင့္ေအာင္က ေကအိုင္စီသို႔ ေျပာသည္။

ယခုလို မဲေပးခ်ိန္တြင္ မဲ႐ုံအတြင္း မဲေပးမႈပုံစံမ်ားရွင္းျပျခင္းကို မဲ႐ုံမွဴးႏွင့္ မဲ႐ုံတာဝန္ရွိသူမ်ားကသာ လုပ္ေဆာင္ခြင့္ရွိၿပီး ေ႐ြးေကာက္ပြဲဝင္ ပါတီမ်ား၏ မဲ႐ုံကိုယ္စားလွယ္မ်ားအေနျဖင့္ ေစာင့္ၾကည့္ရန္သာ တာဝန္ရွိသည္ဟု ေ႐ြးေကာက္ပြဲေကာ္ မရွင္၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ အဆိုပါ ေကာ့ေထာ္ေက်း႐ြာအုပ္စုတြင္ မဲ႐ုံသုံး႐ုံရွိၿပီး မဲေပးခြင့္ရွိသူ ၄၀၀၀ နီးပါး ရွိေၾကာင္း ႀကိဳတင္မဲမ်ားကို ေအာက္တိုဘာ ၃၀ ရက္ေန႔တြင္ စတင္ေကာက္ယူခဲ့ၿပီး ႀကိဳတင္မဲေပးရန္ စာရင္းေပးထားသူ မဲဆႏၵရွင္ ၁၀၀၀ ခန႔္ ရွိသည္။ မဲ႐ုံေနရာေပၚမႈတည္ကာ ရက္အလိုက္ ႀကိဳတင္မဲေပးျခင္းကို လုပ္ေဆာင္လ်က္ရွိၿပီး ယေန႔တြင္ မဲ႐ုံ ၂ ကို ႀကိဳတင္မဲေပးရန္ ဖြင့္လွစ္ထားၿပီး တပ္မေတာ္သားမ်ား မဲလာေပးလ်က္ရွိသည္ဟု ေက်း႐ြာေကာ္မရွင္မဖြဲ႕ခြဲထံမွ သိရသည္။ http://kicnews.org/2020/11/%e1% 82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%9

**************

၂၀။ ေျမပုံၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ ႏွစ္ေထာင္ေက်ာ္ စားနပ္ရိကၡာျပတ္လပ္ေန
November 2, 2020

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ စညႇင္း၊ ပ်ားသုန္း၊ ကမ္းေထာင္းႀကီး၊ ေရရွင္စတဲ့႐ြာေတြက စစ္ေဘးဒုကၡသည္ ၂၀၀၀ ေက်ာ္ဟာ စားဝတ္ေနေရးျပတ္လပ္တဲ့ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က RFA ကို ဒီေန႔ ေျပာပါတယ္။ အစိုးရရဲ႕ ေထာက္ပံ့မႈေတြမရွိသလို သြားလာရခက္ခဲၿပီး ကပ္ေဘးကာလ ကန႔္သတ္ခ်က္ေတြ ေၾကာင့္ အလွဴရွင္ေတြ မသြားေရာက္ႏိုင္တာေတြေၾကာင့္ ရိကၡာျပတ္လပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတာလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) ရဲ႕ အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက RFA ကိုေျပာပါတယ္။

လူဦးေရ ၁၃၀၀ ေက်ာ္ခိုလႈံေနတဲ့ ကမ္းေထာင္းႀကီး စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္ အစိုးရဆီက စားနပ္ရိကၡာ အကူအညီ မရတာေၾကာင့္ ၿမိဳ႕နယ္တာဝန္ရွိသူေတြကို ေမးျမန္းစုံစမ္းရာမွာ ျပည္နယ္အစိုးရအဖြဲ႕က အခုလအတြက္ ဆန္ေထာက္ပံ့ တာကို ရပ္တန႔္ထားတယ္လို႔ အေၾကာင္းျပန္ခဲ့ေၾကာင္း စခန္းတာဝန္ခံ ဦးေမာင္ေအးသာက ေျပာပါတယ္။ ဒါေပမဲ့ဘာေၾကာင့္ ရပ္တန႔္ထားသလဲဆိုတာနဲ႔ ပတ္သက္လို႔ မသိရေၾကာင္းလည္းဆိုပါတယ္။ လူဦးေရ ၁၃၁၄ ဦးရွိတဲ့ ဒီစခန္းအတြက္ အစိုးရက အရင္လေတြက လူဦးေရ ၇၇၆ ဦးစာအတြက္ပဲ ပုံမွန္ေထာက္ပံ့လို႔ က်န္တဲ့ဒုကၡသည္ေတြအတြက္ အလွဴေငြေတြနဲ႔ ျဖစ္သလို ရွာေကြၽးေနရာကေန အခုလအတြက္ အစိုးရရဲ႕ ေထာက္ပံ့မႈမရေတာ့လို႔ အခက္အခဲနဲ႔ ပိုမိုရင္ဆိုင္ေနရတယ္လို႔လည္း ဆိုပါ တယ္။

ကမ္းေထာင္းႀကီး စစ္ေဘးဒုကၡသည္စခန္းမွာ အခုလအတြက္ အစိုးရရဲ႕ ေထာက္ပံ့မႈ ရပ္ဆိုင္းခံရတာအျပင္ စစ္ေဘး ဒုကၡသည္စခန္းေတြမွာ ရိကၡာျပတ္လပ္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ ေျပာခြင့္ရသူ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကို RFA က ဒီေန႔ေန႔လယ္က ဖုန္းနဲ႔ဆက္သြယ္ ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ လက္ခံ ေျဖၾကားျခင္း မရွိပါဘူး။ https://www.rfa.org/burmese/news/myaypon-refugees-food-shortage-11022020055 545.html

***************

၂၁။ မြန္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ဆားလုပ္ငန္းေတြ ထိခိုက္
October 30, 2020

ကပ္ေဘးကာလမွာ မြန္ျပည္နယ္ရဲ႕ ထုတ္ကုန္ျဖစ္တဲ့ အိမ္သုံးဆားကို သယ္ယူပို႔ေဆာင္ေရး အခက္အခဲေၾကာင့္ ဝယ္ယူသူ မရွိေတာ့လို႔ ကုန္ေခ်ာထုတ္ စက္႐ုံေတြ ပိတ္ထားရၿပီး အိမ္သုံးဆား ထုတ္လုပ္မႈလုပ္ငန္းေတြ အခက္အခဲေတြ ျဖစ္ေနပါ တယ္။ မြန္ျပည္နယ္က ထုတ္လုပ္တဲ့ အိမ္သုံးဆားကို တစ္ႏိုင္ငံလုံးကို ျဖန႔္ျဖဴးေရာင္းခ်ေနရာမွာ ကပ္ေဘးကာလအတြင္း တစ္ေနရာနဲ႔ တစ္ေနရာ သြားလာခြင့္အကန႔္အသတ္ေတြေၾကာင့္ ဆားဝယ္လိုအား မရွိေတာ့ဘဲ ဆားလုပ္ငန္းလုပ္ကိုင္သူ ေတြ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဝယ္ယူသူေတြနည္းပါးသြားၿပီး ဆားကုန္ၾကမ္းေတြပုံေနလို႔ လုပ္ငန္းဆက္လည္ ပတ္ဖို႔ အခက္အခဲျဖစ္ေနတယ္လို႔ သံျဖဴဇရပ္ၿမိဳ႕နယ္က ဆားလုပ္ငန္းရွင္ ႏိုင္ဟုက ေျပာပါတယ္။

“ဒုတိယလႈိင္း ကိုဗစ္ၾကမ္းလာေတာ့ သူ႔႐ြာသူ႔နယ္သူ ကာကြယ္တဲ့အေနနဲ႔ အဝင္အထြက္ ေပးမလုပ္ေတာ့ အဲဒီနယ္က အဇင္တို႔ ဇီးျဖဴေတာင္တို႔ ေရးဘက္ကေရာ၊ ထားဝယ္ဘက္ကေရာ သြားေရးလာေရးခက္ေတာ့ ဆားပို႔ဖို႔က အခုကြၽန္ေတာ္တို႔ ရပ္ဆိုင္းေနရတယ္။ သြားလို႔မရဘူးေပါ့ဗ်ာ။ အဲဒီအေျခအေနေပါ့။ အဲဒီလိုဆိုေတာ့ ဆားစက္ေတြက မလည္ပတ္ႏိုင္ေတာ့ဘူး။ မလည္ပတ္ႏိုင္ေတာ့ ကြၽန္ေတာ္တို႔မွာ ကုန္ၾကမ္းပဲ က်န္ေနတယ္။ ကုန္ၾကမ္းကို ေရာင္းဖို႔ ဝယ္လိုအားမရွိေတာ့ ေငြေဖာ္ဖို႔ အခက္အခဲျဖစ္တာေပါ့။ ဒါကေတာ့ ႀကီးမားတဲ့ ရင္ဆိုင္မႈ အခက္အခဲပါပဲ ဒီကိုဗစ္မွာ”မြန္ျပည္နယ္မွာဆိုရင္ ေမာ္လၿမိဳင္နဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္ေတြမွာ ဆားထုတ္လုပ္တဲ့ လုပ္ငန္းကို အဓိကထား လုပ္ကိုင္ေနၾကတာပါ။ ေမာ္လၿမိဳင္မွာ ဆားႀကိတ္စက္႐ုံ ၅ ႐ုံနဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ပင႐ြာမွာ စက္႐ုံ ၅ ႐ုံရွိပါတယ္။ ကုန္ေခ်ာထုတ္လုပ္တဲ့ ဆားႀကိတ္စက္ေတြ အမ်ားစုက ဝယ္သူ မရွိလို႔ လက္ရွိမွာ ရပ္နားထားပါတယ္။ ကုန္ေခ်ာစက္႐ုံေတြ ပိတ္လိုက္လို႔ ဆားေတာင္သူေတြလည္း သူတို႔ဆီက ဆားၾကမ္း ေတြကို ပို႔စရာ စက္႐ုံမရွိဘဲ အခက္အခဲေတြ ျဖစ္ေနပါတယ္။

ဆားလုပ္ငန္းမွာ ေဒသခံေတြအျပင္ ဧရာဝတီတိုင္း၊ မေကြးတိုင္းက ေ႐ႊ႕ေျပာင္းလုပ္သားေတြလည္း လာေရာက္လုပ္ကိုင္ ေနၾကတာျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈထိန္းခ်ဳပ္ေရးကာလအတြင္း ျဖစ္ေပၚလာႏိုင္တဲ့ စီးပြားေရးသက္ေရာက္မႈ မ်ား ကုစားႏိုင္ေရးအတြက္ ေဒသအသီးသီးက လုပ္ငန္းရွင္ ၁၂ ဦး ေခ်းေငြ ရရွိခဲ့ၿပီး အဲဒီထဲမွာ မြန္ျပည္နယ္က ဆား ေတာင္သူ ၆ ဦး ပါဝင္တယ္လို႔ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဒုတိယဝန္ႀကီး ေဒါက္တာရဲျမင့္ေဆြက ၾသဂုတ္ ၂၇ ရက္ေန႔ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ေျပာဆိုခဲ့ပါတယ္။ ဆားေတာင္သူေတြ၊ ဆားႀကိတ္စက္ လုပ္ငန္းရွင္ေတြ အတိုးႏႈန္းသက္သာတဲ့ ေခ်းေငြရရွိခဲ့တာဟာ သက္ဆိုင္ရာ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းေတြမွာ စာ႐ြက္စာတမ္း အေထာက္အထားနဲ႔ တင္ျပေလွ်ာက္ထားခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ဒုဝန္ႀကီးက ေျပာခဲ့ပါတယ္။ https://www.rfa.org/burmese/news/SaltproductionsandmarkedowninMo nstatedurin gpandemi10302020182

****************

၂၂။ မယ္စဲ့ၿမိဳ႕နယ္တြင္ KNP က အင္အားျပ မဲဆြယ္၊ ေ႐ြးေကာ္ကို ႀကိဳအေၾကာင္းၾကားထားဟု ေျပာ
October 31, 2020

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္တြင္ ကယန္းအမ်ိဳးသား ပါတီ (KNP) ကို ေထာက္ခံဝန္းရံသူမ်ားက ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္မ်ားႏွင့္ ေအာက္တိုဘာ ၃၀ ရက္ေန႔ နံနက္ ၈ နာရီခန႔္က အင္အား ၁၀၀၀ ခန႔္ျဖင့္ လွည့္လည္ မဲဆြယ္ခဲ့ၾကသည္။ ကယန္း အမ်ိဳးသားပါတီက ေအာက္တိုဘာလ ၃၀ ရက္ေန႔တြင္ လွည့္လည္မည္ကို သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ႀကိဳတင္ အေၾကာင္းၾကား ထားၿပီး ျဖစ္၍ ယခုကဲ့သို႔ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း KNP ပါတီမွ ေအာင္ႏိုင္ေရး႐ုံးအဖြဲ႕မွဴး ခြန္ေသာမတ္စ္က ေျပာသည္။ “ကြၽန္ေတာ္တို႔ ေကာ္မရွင္ကိုလည္း ေျပာျပထားၿပီးသားပဲ။ ၃၀ ရက္ေန႔ လုပ္မယ္ဆိုတဲ့ဟာကို။ သို႔ေသာ္ သိရသေလာက္ (ေအာက္တိုဘာ ၂၉) ည ၈ နာရီေလာက္မွပဲ ထုတ္ျပန္ခ်က္ေတြ ထြက္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ မတတ္ႏိုင္ ေတာ့ဘူး။ လူေတြလည္း ေရာက္ကုန္ၿပီး လူလည္းစုံၿပီး သြားဖို႔ပဲ က်န္ေတာ့တယ္။ လူေတြ ျပန္႐ုတ္ဖို႔ မရွိဘူးေပါ့ေလ။ မရွိေတာ့ ကြၽန္ေတာ္တို႔ ဒီေန႔ လွည့္လည္ရျခင္းပဲ ျဖစ္ပါတယ္” ဟု ခြန္ေသာမတ္စ္ကေျပာ သည္။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ထုတ္ျပန္ခ်က္တြင္ ႏိုင္ငံေရး ပါတီဝန္းရံသူမ်ား အေနျဖင့္ မဲဆြယ္စည္း႐ုံးေရး ဆိုင္ရာ ၫႊန္ၾကား ခ်က္မ်ား၊ အခ်ိန္ကာလ/ ေနရာေဒသအလိုက္ ထုတ္ျပန္ထားသည့္ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားကို လိုက္နာရန္ ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္၊ ေရယာဥ္၊ အေႏွးယာဥ္စသည့္ မည္သည့္ ယာဥ္အမ်ိဳးအစားျဖင့္ျဖစ္ေစ လိုက္ပါဝန္းရံသည့္အခါ ခပ္ခြာခြာေနရမည့္ social distancing မူမ်ားႏွင့္အညီ လူ ၅၀ ဦး ထက္မပိုေစဘဲ လိုက္ပါျခင္းျဖင့္ မလိုလားအပ္သည့္ျဖစ္စဥ္ မ်ား မျဖစ္ပြားေစေရး လိုက္နာေဆာင္႐ြက္ ၾကရန္ႏွင့္ လိုက္နာေဆာင္႐ြက္မႈ မရွိပါက တည္ဆဲဥပေဒမ်ားအရ သက္ဆိုင္ရာ၏ အေရးယူျခင္းကို ခံရမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။

ဝန္းရံသူမ်ားသည္ ဖားေဆာင္းၿမိဳ႕မွ မယ္စဲ့သို႔ သြားသည့္ ကားလမ္းမေဘးရွိ ေက်ာက္စူ ေက်း႐ြာတြင္ လူစုေဝးခဲ့ၿပီး လမ္းမ ေဘးတေလွ်ာက္ မယ္ဆည္နမ္၊ ပန္းတိန္၊ မယ္စဲ့၊ နန္းမန္းႏွင့္ ဟိုစဲ့ ေက်း႐ြာမ်ားသို႔ လွည့္လည္ခဲ့သည္။ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ကယန္းအမ်ိဳးသား ပါတီအေနျဖင့္ ကယားျပည္နယ္ရွိ ဒီးေမာ့ဆိုႏွင့္ မယ္စဲ့ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ရွိ ဖယ္ခုံၿမိဳ႕နယ္၊ ကရင္ျပည္နယ္ရွိ သံေတာင္ႀကီးၿမိဳ႕နယ္၊ ေနျပည္ေတာ္ရွိ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္ မဲဆႏၵနယ္ ၁၁ ေနရာ ဝင္ေရာက္ ယဥ္ၿပိဳင္မည္ ျဖစ္သည္။ http://www.mizzimaburmese.com/article/75064

**************

၂၃။ တပ္မေတာ္မွ ဖမ္းဆီးထိန္းသိမ္းထားသူ အမ္းဒါးလက္႐ြာသား ၁၄ ဦးကိုျပန္လႊတ္ေပး
November 2, 2020

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းမွ တပ္မေတာ္က ဖမ္းဆီးထားသူ ၁၄ ဦးကို ေအာက္တိုဘာ ၃၁ ရက္ေန႔ မြန္းလြဲက ျပန္လႊတ္ေပးလိုက္သည္ဟု သတင္းရရွိသည္။

လြတ္လာသူ ၁၄ ဦးတြင္ ဒါးလက္ ေျမာက္ဘက္႐ြာမွ ၁၂ ဦးႏွင့္ ရွမ္းကုန္း႐ြာမွ ၂ ေယာက္ျဖစ္ေၾကာင္း ဒါးလက္ အလယ္ ကြၽန္းဆရာေတာ္က မိန႔္ၾကားသည္။“ လြတ္လာတာ စုစုေပါင္း ၁၄ ေယာက္၊ ဒါးလက္ ေျမာက္႐ြာမွ ၁၂ ဦးႏွင့္ ရွမ္းကုန္း႐ြာမွ ၂ ေယာက္ျဖစ္တယ္။ သူတို႔ မေန႔က မြန္းလြဲပိုင္းမွာ ႐ြာကို ျပန္ေရာက္လာပါတယ္။ ႏွိပ္စက္တာ၊ ဒဏ္ရာရတာေတြ မရွိပါဘူး။ အဓိက နယ္ေျမကြၽမ္းသူေတြျဖစ္ၾကတဲ့ နယ္ေျမအေနအထားေတြကို ေမးစမ္းပုံရပါတယ္။ ရက္ေပါင္း တစ္ဆယ္ေက်ာ္ ေလာက္ေတာ့ ေနခဲ့ရတာေပါ့” ဟု ဆရာေတာ္က မိန႔္ၾကားသည္။

ဒါးလက္ေျမာက္ဘက္႐ြာမွ လြတ္လာသူ ၁၂ ဦးမွာ ဦးေဌးေမာင္(၄၃)ႏွစ္၊ ဦးညီညီေအာင္(၃၅) ႏွစ္၊ ဦးလင္းေဝ(၃၇) ႏွစ္၊ ဦးေက်ာ္ေဌးလႈိင္(၃၅) ႏွစ္၊ ဦးတင္ေ႐ႊ(၃ဝ) ႏွစ္၊ ဦးညီသိန္း(၃ဝ) ႏွစ္၊ ဦးညီဝင္း(၃၃) ႏွစ္၊ ဦးေမာင္ၾကည္သန္း (၂၈) ႏွစ္၊ ဦးခင္ေမာင္ျမင့္(၃ဝ) ႏွစ္၊ ဦးဆန္းဝင္ေမာင္(၄ဝ) ႏွစ္၊ ကိုစိုးမင္းေဌး(၂၅) ႏွစ္ ႏွင့္ ကိုစိုးမင္းခိုင္(၂ဝ) ႏွစ္တို႔ ျဖစ္ၾကသည္။ ရွမ္းကုန္း႐ြာမွ လူႏွစ္ေယာက္၏ အမည္ကို မသိရေၾကာင္း ေျပာၾကားသည္။ ၎တို႔သည္ ေရလုပ္သားမ်ားျဖစ္ၾကၿပီး ေအာက္တိုဘာလ ၂ဝ ရက္ေနက ငါးဖမ္း၍ အျပန္၎စစ္တပ္မွာရွမ္းကုန္းဒါးလက္အေနာက္ဖက္ေက်း႐ြာအနီး စခန္းခ်ေန သည့္ တပ္မွေမးျမန္းစရာရွိသည္ဟုဆိုကာ ေခၚယူစစ္ေဆးခံခဲ့ၾကရသူမ်ား ျဖစ္ၾကသည္။ အမ္းၿမိဳ႕နယ္မွ လူမႈေရး ေဆာင္႐ြက္ ေနသူ ကိုမ်ိဳးလြင္ကလည္း သူတို႔လြတ္ေျမာက္လာသည္ကို အတည္ျပဳေျပာၾကားသည္။ https://www.bnionline.net/m m/news-76659

****************

၂၄။ အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကို တိုက္ခိုက္၊ အမုန္းစကားျဖန႔္မႈကို ဆန႔္က်င္သည့္ ကမ္ပိန္းျပဳလုပ္
November 3, 2020

၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေပၚ တိုက္ခိုက္ေနၿပီး အမုန္းစကားမ်ား ျပဳမႈမ်ားရွိေနေၾကာင္း စုံစမ္းသိရသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေပၚ တိုက္ခိုက္ေနသည့္အေပၚ၊ အမုန္းစကားေျပာေနသည့္အေပၚကို ဆန႔္က်င္ သည့္ အေနျဖင့္ ႏိုဝင္ဘာ ၂ ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕ လယ္ Ocean ကုန္တိုက္ေရွ႕တြင္ ကမ္ပိန္း ျပဳလုပ္ေၾကာင္း သိရ သည္။ အဆိုပါ ကမ္ပိန္းကို “ ဒို႔အသံနဲ႔ ပံ့ပိုးမယ္” အဖြဲ႕က ျပဳလုပ္ၿပီး၊ ျပည္သူမ်ားကို လက္ကမ္းစာေစာင္မ်ား၊ စေတကာ မ်ား ကပ္ေပးျခင္းကို ျပဳလုပ္ေၾကာင္း သိရသည္။

“က်မတို႔အမ်ိဳးသမီးေတြက အၾကမ္းဖက္ခံရတယ္။ အမုန္းတရားေတြနဲ႔ တိုက္ခိုက္ျခင္းကို ခံစားရတယ္။ အဲဒါေၾကာင့္ အမ်ိဳးသမီးေတြက ဘာမွမလုပ္ခ်င္ၾကေတာ့ဘူး။ ႏိုင္ငံေရးနဲ ဆုံျဖတ္ခ်တဲ့ အခန္းက႑ေတြမွာ မပါဝင္ဘဲနဲ႔ ေနာက္ဆုတ္ သြားတာရွိတယ္” ဟု ကမ္ပိန္း ဦးေဆာင္သူ မမီမီသိန္းက ေျပာသည္။ ကမ္ပိန္း၏ အဓိက ရည္႐ြယ္ခ်က္မွာ ေ႐ြးေကာက္ပြဲ အခ်ိန္ကာလအတါင္း အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ပိုၿပီး အၾကမ္းဖက္မႈ မ်ိဳးစုံ၊ အမုန္းစကားမ်ိဳးစုံ ႏွင့္ မဟုတ္ မကန္သည့္ သတင္းမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာ (Facebook)ေပၚ တင္ျခင္းတို႔ ျပဳလုပ္ခံရၿပီး၊ ႏိုင္ငံေရးေလာက မွ စြန႔္ခြာ သြား ေအာင္ နည္းတမ်ိဳးျဖင့္ ၿခိမ္းေျခာက္သည့္ ကိစၥမ်ားျပဳလုပ္ေနမႈကို ဆန႔္က်င္ေၾကာင္း မမီမီသိန္း က ေျပာသည္။

“ ဒို႔အသံ နဲ႔ပံ့ပိုးမယ္” ကမ္ပိန္း ကို ေ႐ြးေကာက္ပြဲမတိုင္ခင္ တိုင္းႏွင့္ ျပည္ ၁၄ခုတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရ သည္။ tps://www.bnionline.n et/mm/news-76679

***************

၂၅။ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဖားအံၿမိဳ႕ရွိ မဲ႐ုံမ်ားတြင္ သြားေရာက္ၾကည့္ရႈခဲ့
November 2, 2020

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ႏွင့္ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားသည္ ဖားအံၿမိဳ႕နယ္ရွိ မဲ႐ုံမ်ားတြင္ ျပည္သူမ်ား ၏ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲထည့္ေနမႈမ်ားကို ေအာက္တိုဘာ ၃၀ရက္ေန႔မွစ၍ သြားေရာက္ၾကည့္ရႈခဲ့ ေၾကာင္း သိရသည္။

ျပည္သူလူထုအေနျဖင့္ လြတ္လပ္စြာ မဲေပးႏိုင္ေရးအတြက္ ရည္႐ြယ္ကာ အစိုးရအဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္ရႈ အားေပး ျခင္းျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ဝင္၊ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး မင္းတင္ဝင္းက ေကအိုင္စီသို႔ (ႏိုဝင္ဘာလ ၂ ရက္)တြင္ ေျပာသည္။“ဒီေန႔လည္း (ဝန္ႀကီးခ်ဳပ္က) သြားၿပီး အားေပးမယ္နဲ႔တူတယ္။ အန္ကယ္ေတာ့ မပါသြားဘူးေလ။ အရင္ရက္ေတြကေတာ့ အန္ကယ္လည္း သုံးရက္ဆက္တိုက္ မဲ႐ုံမွာသြားေနၾကည့္ပါတယ္။ လူထုၾကားထဲက ဘာညာ သိပ္ၿပီး ေတာ့ သတင္းမထြက္ပါဘူး။ အေျခအေနေကာင္းပါတယ္။’ဟု ဝန္ႀကီး မင္းတင္ဝင္းက ေျပာသည္။ ဖားအံၿမိဳ႕ရွိ အမွတ္(၆)၊ အမွတ္(၇)၊ အမွတ္(၈)ရပ္ကြက္မ်ား၊ လွာကေဒါင္၊ အုန္းတပင္ႏွင့္ လႈိင္ကမာၻေက်း႐ြာအုပ္စုမ်ား ရွိ မဲ႐ုံမ်ား၌ မဲဆႏၵရွင္ျပည္သူ မ်ား ႀကိဳတင္မဲေပးေနမႈကို ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ၾကည့္ရႈအားေပးခဲ့ေၾကာင္း ကရင္ျပည္ နယ္အစိုးရအဖြဲ႕၏ သတင္းစာ မ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ဖားအံမဲဆႏၵနယ္အမွတ္(၁)ရွိ ေကာ့မူးႏုတ္ေက်း႐ြာ ရာအိမ္မွဴးက “ဝန္ႀကီးခ်ဳပ္ေတာ့ ႐ြာစာသင္ေက်ာင္းက မဲ႐ုံကို မေန႔ (ႏိုဝင္ဘာ ၁ရက္)က လာေရာက္ၾကည့္ရႈသြားတယ္။ မနက္ ၉ နာရီခြဲေလာက္မွာေပါ့။ မဲ႐ုံထဲဝင္သြားတာကေတာ့ ၁၅ မိ နစ္အၾကာေလာက္ပါပဲ။ က်မတို႔က အျပင္မွာပဲရွိရတယ္ေလ။”ဟု ေကအိုင္စီသို႔ ေျပာသည္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ ဖားအံၿမိဳ႕နယ္ မဲ႐ုံမ်ားသို႔ လိုက္လံၾကည့္ရႈေနသည့္အေပၚ ကရင္ျပည္နယ္၊ ပအိုဝ္း တိုင္းရင္းသားေရးရာတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္သည့္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ခြန္မင္းေအာင္က သူ၏အျမင္အား ယခုလို ေျပာသည္။“လူထုအေပၚ ေစတနာထားၿပီး ၾကည့္ရႈအားေပးတယ္ဆိုရင္ သူ(ဝန္ႀကီးခ်ဳပ္) ေ႐ြးေကာက္မခံတဲ့မဲဆႏၵနယ္မွာ သြားသင့္တယ္။ ေ႐ြးေကာက္ ခံ နယ္ကိုပဲ သြားမယ္ဆိုရင္ အရွိန္အဝါသုံးၿပီး သြယ္ဝိုက္ မဲဆြယ္တာလို႔ ျမင္တယ္။ တကယ္လို႔ သူက ၾကာအင္းဆိပ္ႀကီးတို႔၊ ေကာ့ကရိတ္တို႔ကိုလည္း သြားတယ္ဆိုရင္ သူ႔ရဲ႕ ေစတနာမွန္တယ္လို႔ ေျပာလို႔ရတာေပါ့။”ဟု မွတ္ခ်က္ျပဳ ေျပာဆိုသည္။

ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္သည္ ျပည္နယ္၏ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီဥကၠဌျဖစ္သလို လက္ရွိ ၂၀၂၀ ေ႐ြးေကာက္ပြဲ၌ ျပည္နယ္လႊတ္ေတာ္၊ ဖားအံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းတစ္ဦးလည္း ျဖစ္သည္။ http://kicnews.org/2020/11/%e1%80%80%e1%80%9 b%e1%80%84%e1%80%b9%e1%80%bb%e1%

**************

၂၆။ မိုးၿဗဲေတာင္သူအဖြဲ႕ကို အစိုးရဘ႑ာေငြခ်ေပးဖူးတာမရွိခဲ့ဘူးလို႔ ဝန္ႀကီးေျပာၾကား
November 3, 2020

မိုးၿဗဲေတာင္သူလယ္သမားကြန္ယက္အဖြဲ႕ကို အားေပးေထာက္ခံတဲ့သေဘာထားမွတ္ခ်က္သာေပးဖူးၿပီး ႏိုင္ငံေတာ္ဘ႑ာေငြ ခ်ေပးတာမရွိခဲ့ဘူးလို႔ ရွမ္းျပည္နယ္၊ ကယန္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ခြန္းေအးေမာင္က ကႏၲာရဝတီတိုင္း(မ္)ကို ေျပာပါတယ္။

မိုးၿဗဲေတာင္သူလယ္သမားကြန္ယက္အဖြဲ႕ကို ႏိုင္ငံေတာ္ဘ႑ာေငြ အလြဲသုံးစားျပဳလုပ္သြားၾကတယ္လို႔ သတင္းေတြ ေဝဖန္ မႈေတြ ထြက္ေပၚတဲ့ကိစၥနဲ႔ပတ္သက္လို႔ ဝန္ႀကီးက အခုလို ျပန္လည္တုန္႔ျပန္ေျပာဆိုသြားတာျဖစ္ပါတယ္။“ဖယ္ခုံ ေတာင္သူ ကြန္ယက္တို႔၊ ဖယ္ခုံမွာ အားလုံးဘယ္ႏွစ္ဖြဲ႕လဲ။ ၁၁ ဖြဲ႕ေလာက္ရွိတယ္။ ေမတၱာကေန ပံ့ပိုးတာ။ ဒါေပမယ့္ ေမတၱာက အလုပ္ မလုပ္ခင္မွာ က်ေနာ္တို႔နဲ႔ ေတြ႕တဲ့အခ်ိန္မွာ က်ေနာ္က ေျပာတာေပါ့။ ဒီဖြဲ႕၊ ဒီဖြဲ႕အားေပး သင့္တယ္၊ က်ေနာ္ သေဘာထား မွတ္ခ်က္ေပးတဲ့ အဖြဲ႕ေတြေပါ့။ အခုေတာင္သူေတြက ပိုၿပီးေကာင္းေကာင္း အလုပ္လုပ္ေအာင္ သူတို႔လူႀကီးကို က်ေနာ္က အဲ့လိုေျပာတာ။ ေဘးကလူက မသိေတာ့။ ေဘးကလူက သူတို႔ကို ဝန္ႀကီးပိုက္ဆံေတာင္ ေပးၿပီးေတာ့မွ ဝန္ႀကီး ပိုက္ဆံကို ကုန္ေအာင္စားတာပဲဆိုတဲ့မ်ိဳးနဲ႔ သူတို႔ သူမ်ားသြားေျပာတာ။” လို႔ ခြန္းေအးေမာင္က ေျပာပါတယ္။

အခုလို ေျပာဆိုခံရတဲ့ မိုးၿဗဲေတာင္သူကြန္ရက္အဖြဲ႕က မဟုတ္မမွန္ေျပာဆိုစြပ္စြဲခံရတဲ့အေပၚမွာ အဖြဲ႕အစည္း သိကၡာထိခိုက္ ေစတယ္လို႔ မိုးၿဗဲေတာင္သူလယ္သမားကြန္ရက္အဖြဲ႕ရဲ႕ ဥကၠဌ ခြန္းေဌးဝင္းကေျပာပါတယ္။ ၎က “အဲ့ဒါက မိုးၿဗဲေတာင္သူ ကြန္ယက္အဖြဲ႕က ယာေျမနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္ဖို႔အတြက္ ပိုက္ဆံမရွိဘူးေပါ့ေလ။ တိုင္းရင္းသားေရးရာဝန္ႀကီးနဲ႔ လႊတ္ေတာ္က ႏိုင္ငံေတာ္ဆီကေန ပိုက္ဆံေတာင္းေပးထားတယ္တဲ့။ သိန္း ၃၀၀ က်လာတာေပါ့ေနာ္။ အဲ့ဒါက မိုးၿဗဲ ေတာင္သူက ေခါင္းေဆာင္ပိုင္းေတြ ခြဲေဝယူၾကတာေပါ့ေနာ္။ အလႊဲသုံစား လုပ္စားၾကတာေပါ့ေနာ္။ ၿပီးမွ ရန္ေတြလည္း ျဖစ္ၾကတယ္လို႔ ေျပာသြားတဲ့အေနအထားမွာ က်ေနာ္တို႔ မိုးၿဗဲေတာင္သူေတြအေနနဲ႔ အမ်ားႀကီး သိကၡာထိ ခိုက္တယ္။ ထိခိုက္ႏွစ္နာမႈျဖစ္ခဲ့တာေပါ့ေလ။”လို႔ ေျပာပါတယ္။ အခုလို စြပ္စြဲေျပာခဲ့တဲ့သူနဲ႔ မိုးၿဗဲေတာင္သူလယ္သမား ကြန္ယက္အဖြဲ႕ တို႔ မိုးၿဗဲေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ေအာက္တိုဘာလ ပထမပတ္ထဲ ေတြ႕ဆံညႇိဳႏႈိင္းတာ ရွိခဲ့ေပမယ့္လို႔လည္း ဝန္ခံ ေတာင္းပန္တာမရွိခဲ့ဘူးလို႔ မိုးၿဗဲေတာင္သူလယ္သမားကြန္ရက္အဖြဲ႕ဝင္ ခြန္းေအာင္မ်ိဳး ခန္႔က ေျပာပါတယ္။

၎ကိစၥရပ္နဲ႔ ပတ္သက္လို႔ မိုးၿဗဲေတာင္သူလယ္သမားကြန္ယက္အဖြဲ႕က ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၃၁က သတင္းစာရွင္း လင္းပြဲကို ကယား (ကရင္နီ)ျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢ႐ုံးမွာ ျပဳလုပ္ခဲ့တာျဖစ္ပါ တယ္။ မိုးၿဗဲေတာင္သူလယ္သမားကြန္ယက္အဖြဲ႕က ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေတာင္သူလယ္သမားအေရးေတြနဲ႔ ပတ္သက္လို႔ ေဆာင္႐ြက္ရာမွာ ေမတၱာေဖာင္ေဒးရွင္းကေန ေထာက္ပံ့ေပးေနတဲ့အဖြဲ႕အစည္းျဖစ္တယ္လို႔ဆိုပါတယ္။ https://www.bnionline.net/mm/news-76675

****************

၂၇။ မဲဆြယ္စည္းရံုးရာ မေရာက္ေစသည့္ တိုင္းရင္းသား၀တ္စံု၀တ္ဆင္ၿပီး မဲေပးႏိုင္ေၾကာင္း ဧရာ၀တီတိုင္းေရြးေကာ္ ေျပာ
November 1, 2020

ဧရာ၀တီတိုင္းေဒသႀကီးအတြင္း မဲေပးၾကမည့္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မဲေပးသည့္ေန႔တြင္ မဲဆြယ္စည္း ရံုးရာ ေရာက္ေစသည့္ ၀တ္စားဆင္ယင္မႈမ်ားမွလြဲ၍ မိမိတို႔၏ တိုင္းရင္းသား၀တ္စံုမ်ားကို ၀တ္ဆင္ကာလြတ္လပ္စြာ မဲေပးႏိုင္ ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ အတြင္းေရးမွဴးက ေျပာဆို သည္။ ၿပီးခဲ့သည့္ရက္ပိုင္း အတြင္း ဧရာ၀တီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္အတြင္းရွိ မဲဆႏၵနယ္အခ်ိဳ႕တြင္ အဆိုပါ မဲေပးသည့္ေန႔ ကရင္ရိုးရာ၀တ္စံု မ်ား၀တ္ဆင္ျခင္းမျပဳရန္ ညႊန္ၾကားထားမႈရွိေၾကာင္း သတင္းမ်ားထြက္ေပၚ ေနသည့္အတြက္ ၎က ယခုလို ေျပာဆို လိုက္ျခင္းလည္း ျဖစ္သည္။

“မဲေပးတဲ့သူေတြအေနနဲ႔မဲဆြယ္စည္းရံုးရာေရာက္မယ့္ ၀တ္စားဆင္ယင္မႈမ်ိဳးေပါ့။ တူညီ၀တ္စံုေတြေပါ့။ တူညီ ၀တ္စံုဆိုတာ က ဥပမာ ပါတီ၀တ္စံုလိုမ်ိဳးေပါ့။ တူညီတဲ့တံဆိပ္ေတြနဲ႔၀တ္ၿပီးလာတာမ်ိဳးေပါ့။ ဒါေတြေတာ့ လုပ္ လို႔မရဘူးေပါ့။ တိုင္းရင္း သား၀တ္စံုကို ၀တ္ဆင္လာလို႔ရပါတယ္။ ဘာမွမျဖစ္ပါဘူး။ ဒါေပမယ့္ မဲဆြယ္စည္းရံုး ေရးအသြင္မေဆာင္ဖို႔ေတာ့ အေရးႀကီး ပါတယ္”ဟု ဧရာ၀တီတိုင္းေဒသႀကီး ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ အတြင္းေရးမွဴးဦးျမင့္ႏိုင္က ေျပာသည္။ မဲေပး သည့္ ေန႔တြင္ ကရင္ရိုးရာ၀တ္ဆင္ျခင္းမျပဳၾကရန္ ေျမာင္းျမၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲမွတစ္ဆင့္ ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔အသီးသီထံ ညႊန္ၾကားမႈမ်ား ရွိေၾကာင္းၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၈ ရက္ေန႔က ဧရာ၀တီ တိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္ ေညာင္ေခ်ာင္းေပြးစု ေက်းရြာအုပ္စုအတြင္း အဆိုပါ သတင္းမ်ား ပ်ံ႕ႏွ႔ံမႈျဖစ္ေပၚခဲ့ျခင္း လည္းျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွ ေအာက္တိုဘာလ ၂၈ ရက္ေန႔ရက္စြဲျဖင့္ ေရြးေကာက္ပြဲေန႔ တြင္ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စနစ္တက် လိုက္နာေဆာင္ရြက္ေစေရးအတြက္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ား၊ ေရြးေကာက္ပြဲ၀င္ ကိုယ္စားလွယ္မ်ား၊ မဲရံုကိုယ္စားလွယ္မ်ားႏွင့္ အကူကိုယ္စားလွယ္မ်ား လိုက္နာေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္ ၍ ညႊန္ၾကားစာထုတ္ျပန္ထားၿပီးလည္းျဖစ္သည္။ ထုတ္ျပန္ထားသည့္ ညႊန္ၾကားစာမ်ားအရ အဆိုပါပုဂၢိဳလ္မ်ားအေနျဖင့္ မဲရံုသို႔လာေရာက္ရာတြင္ မိမိတို႔ႏွင့္ သက္ဆိုင္သည့္ ပါတီ၊ တစ္သီးပုဂၢလပါတီ ရင္ထိုးတံဆိပ္မွအပ ပါတီတံဆိပ္အမွတ္ အသားပါသည့္ သို႔မဟုတ္ မဲ ဆြယ္စည္းရံုးရာေရာက္သည့္ ၀တ္စားဆင္ယင္မႈ၊ အသံုးအေဆာင္ပစၥည္းမ်ား ၀တ္ဆင္၊ ယူေဆာင္ျခင္း ေရွာင္ၾကဥ္ေရး၊ အမ်ိဳးသား၀တ္စံု (တိုင္းရင္းသား၀တ္စံုအပါအ၀င္ )ကိုသာ ၀တ္ဆင္ေရး စသည့္အခ်က္မ်ား ပါ၀င္သည္။ http://kicnews.org/2020/11/%e1%80%99%e1%80%b2%e1%80% 86%e1%80%bc%e1%80% 9a%e1%

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

** ၿပီး **

 

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 69 , October 30, 2020)

၁။ မိုင်းဆတ် “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မဲဆွယ်စည်းရုံးရေး ခက်ခဲ နိုင်ငံရေးပါတီများပြော

၂။ ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ

၃။ မရိုးသားမှုများရှိ၍ ဒေသတွင်း ကြိုတင်မဲများ ကိုးကန့်ပါတီကန့်ကွက်

၄။ ဗန်းမော်မှ အမျိုးသမီးတဦး အသတ်ခံရမှု ကျူးလွန်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော

၅။ ရခိုင်တွင် တရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ၉ ဦး ဒဏ်ရာရ

၆။ ဆမီးမြို့တွင် ဆရာဝန်တစ်ဦးမျှမရှိသဖြင့် မီးဖွားမည့် မိခင်များအတွက် အခက်အခဲကြုံရ

၇။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ငါးမြို့နယ်တွင် ကြိုတင်မဲပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း သိရ

၈။ ဖယ်ခုံမြို့နယ်တွင် တပ်မတော်သားအချို့မှ အရပ်သားတစ်ဦးကို ထိုးကြိတ်မှုဖြစ်ပွားဟုဆို

၉။ ရွေးကောက်ပွဲကာလ တိုင်းရင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံနေရမှုအပေါ် BNI သဘောထားထုတ်ပြန်

၁၀။ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းက ပါတီကို ဖြိုခွင်းခြင်းဖြစ်ပြီး မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ ပါတီကို မဲပေးပြီး အတူတကွ ချီတက်ရန် ရခိုင်အမျိုးသားပါတီ ပန်ကြား

၁၁။ ဝိုင်းမော်မြို့ ရပ်ကွက် (၄) တွင် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက်အား တိပ်ဖြင့်ပိတ်ထားခြင်းကို NLD ပါတီ စည်းရုံးရေးမှူးက လူမစုံမီဖွင့်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခံရ

၁၂။ မွန်ပြည်နယ် ကိုဗစ်လူနာများ၏ ဆယ်ပုံတစ်ပုံတွင် ကလေးငယ်များဖြစ်နေ

၁၃။ ကရင်နီလူမျိုးစု လူငယ်ဦးဆောင်ကော်မတီက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် ကယန်း အမျိုးသားပါတီ တံဆိပ်ပါ မီးပုံပျံများအား ငွေတောင်ဆည်တွင် လွှတ်တင်ရာ သက်ဆိုင်ရာမှ လူစုခွဲ

၁၄။ လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးချိန် အငြင်းပွားမှုဖြစ်ပွား

၁၅။ ဝန်ကြီးချုပ်ပုံရိပ်နှင့် ငွေကြေးအခက်အခဲ ရင်ဆိုင်နေရဟု KySDP ကိုယ်စားလှယ်လောင်းပြော

၁၆။ မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား

၁၇။ မင်းပြားမြို့နယ်မှ ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လက်နက်ကြီးထိမှန်၍ စစ်တွေ ဆေးရုံရောက်၊ တပ်မတော် ရေယာဉ်က ပစ်ခတ်မှုများ ရှိ၍ ကျေးရွာသားများ ပုန်းခိုနေရ

၁၈။ တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ

၁၉။ ကြိုတင်မဲလာပေးသူများကို NLD မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲပေးပုံ လိုက်ရှင်းပြမှု ဖြစ်ပွားနေ

၂၀။ မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

၂၁။ မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဆားလုပ်ငန်းတွေ ထိခိုက်

၂၂။ မယ်စဲ့မြို့နယ်တွင် KNP က အင်အားပြ မဲဆွယ်၊ ရွေးကော်ကို ကြိုအကြောင်းကြားထားဟု ပြော

၂၃။ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ အမ်းဒါးလက်ရွာသား ၁၄ ဦးကိုပြန်လွှတ်ပေး

၂၄။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုက်ခိုက်၊ အမုန်းစကားဖြန့်မှုကို ဆန့်ကျင်သည့် ကမ်ပိန်းပြုလုပ်

၂၅။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖားအံမြို့ရှိ မဲရုံများတွင် သွားရောက်ကြည့်ရှုခဲ့

၂၆။ မိုးဗြဲတောင်သူအဖွဲ့ကို အစိုးရဘဏ္ဍာငွေချပေးဖူးတာမရှိခဲ့ဘူးလို့ ဝန်ကြီးပြောကြား

၂၇။ မဲဆွယ်စည်းရုံးရာ မရောက်စေသည့် တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီး မဲပေးနိုင်ကြောင်း ဧရာဝတီတိုင်းရွေးကော် ပြော

**************

၁။ မိုင်းဆတ် “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မဲဆွယ်စည်းရုံးရေး ခက်ခဲ နိုင်ငံရေးပါတီများပြော
October 30, 2020

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ “ဝ”တပ်ဖွဲ့များထိန်းချုပ်လှုပ်ရှားသည့်နယ်မြေအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး သွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်မြို့နယ် အတွင်းရှိ “ ဝ”တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများမှာ ဝမ်ဟုံ၊ ဆီဟုတ်၊ မိုင်းယွန်း၊ တာကူး စသည့် နေရာများ ဖြစ်ပြီး၊ ထိုနေရာများအတွင်းသို့ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် ခက်ခဲနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) ကိုယ်စားပြု မိုင်းဆတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းကျော်အောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ မိုင်းဆတ်မြို့နယ်မှာရှိတဲ့ ဝ နယ်မြေမှာ မဲဆွယ်ဆင်းဖို့ခက်ခဲတယ်။ “ဝ” နယ်မြေဝင်ဖို့က မြို့နယ် အုပ်ချုပ်ရေးမှူးကို စာတင်ရမယ်။ ဝတပ်ဖွဲ့ဘက် အကြောင်းကြားမှ သွားရမယ်။ အဲ့နယ်ထဲသွား ရင် လည်း ဂိတ်တွေ ဖြတ်ရတာ အချိန်အရမ်းကြာတယ်။ ခက်ခဲတယ်”ဟု စိုင်းကျော်အောင် က ပြောသည်။

ထို “ဝ”တပ်ဖွဲ့ထိန်းချုပ်သည့် နယ်မြေအတွင်း တိုင်းရင်းသားပါတီများ လွတ်လပ်စွာသွားလာ မဲဆွယ်ခွင့်မရသဖြင့် တိုင်းရင်း သားပါတီများအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲလုံးဝမဟုတ်ကြောင်းလည်း လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ (LNDP) ကိုယ်စားပြုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးသီတာမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။“မိုင်းဆတ်နယ်ထဲ က “ဝ”နယ်ထဲမှာ သွားလို့မရဘူး။ တိုင်းရင်း သားပါတီတွေလည်း သွားလို့မရဘူး။ ကျမတို့လည်း သွားလို့မရဘူး။ ၂ ရက် ကြိုတင်ပြီးမှ သွားရမယ်ပြောတယ်။ နောက် “ ဝ” အကြီးအကဲတွေက ပိတ်ထားတယ်ပြောတယ်”ဟု ဒေါ်အေးသီတာမြင့် က ဆိုသည်။

သျှမ်းပြည် အရှေ့ပိုင်းတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားအများစုသည် တိုင်းရင်းသားပါတီများကို ယခင်ကထက် ပိုပြီး အားပေးလာကြသော်လည်း တိုင်းရင်းသားပါတီများမှာ ယနေ့ချိန်ထိ ခြိမ်းခြောက်မှုများရှိနေသေးကြောင်းလည်း ထိုဒေသ တို့ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ကိုယ်စားလှယ်လောင်းများက ပြောဆိုလိုက်သည်။ မိုင်းဆတ်မြို့နယ်တွင် အစိုးရတပ်မတော်၊ “ဝ” လက်နက်ကိုင်တပ်ဖွဲ့၊ လားဟူနယ်ခြားစောင့်တပ်နှင့် RCSS/SSA အနည်းငယ်လှုပ်ရှားပါသည်။ https://burmese.sha nnews.org/archives/19145

***************

၂။ ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ
31 October 2020

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ ကုလားတန်မြစ်စီမံကိန်းကို ရက္ခိုင်စစ်တပ် (AA) က တိုက်ခိုက်နေတာဟာ ထိခိုက်မှုတွေရှိနေပြီး စီမံကိန်းပြီးစီးဖို့ အခက်အခဲတွေ ကြုံနေရကြောင်း အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာ မှာ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံထုတ် လက်နက် ပစ္စည်းတွေကို AA အဖွဲ့ဆီကနေ ရရှိခဲ့ကြောင်းလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။ AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ၄ ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့ကြောင်း ဒါ့အပြင် လုံခြုံရေး ယူထားတဲ့ တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ စစ်တွေဆိပ်ကမ်းကိုလည်း နောက်နှစ်မှာ အပြီးပြီးစီးအောင် ဆောက်လုပ်ဖို့စီစဉ်နေပြီး Kolkata ဆိပ်ကမ်းကပို့တဲ့ ကုန်ပစ္စည်းတွေကို ကုလားတန်မြစ်ကို အသုံပြုကာ ကုန်းတွင်းပိုင်းဖြစ်တဲ့ အရှေ့မြောက်ဒေသကို တင်ပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အဲဒီသတင်းစာကြီးမှာဘဲ ဇွန်လ ၂၃ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်း မီးကျောက်တွေကလည်း ဒေါ်လာ တသန်းဖိုးခန့် တန်ဖိုးရှိပြီး ဒီလက်နက်တွေက ရခိုင်က AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ဆီကို ပို့ဖို့ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီလက်နက်တွေ ဟာ တရုတ်က ထုတ်တဲ့ လက်နက်တွေဖြစ်ပြီး ဒီလိုလက်နက်မှောင်ခိုသယ်ယူမှုတွေကြောင့် ဒေသတွင်း တည်ငြိမ်မှုကို အန္တရာယ်ရှိတဲ့အပြင် ကုလားတန်စီမံကိန်းအပေါ်မှာလည်း ထိခိုက်သက်ရောက်မှုတွေ ရှိတယ်လို့ အိန္ဒိယနိုင်ငံက လုံခြုံရေး ဆိုင်ရာ အရာရှိရဲ့ ပြောဆိုချက်ကို သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။

တကယ်တော့ တရုတ်ဟာ ဒီလိုပဲ အိန္ဒိယကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ၁၉၆၀ နဲ့ ၁၉၇၀ မှာ ပြုလုပ်ခဲ့ပြီး အိန္ဒိယနယ် အရှေ့မြောက်ဒေသက လက်နက်ကိုင်သူပုန်တွေကို လက်နက်တွေပေးခဲ့တာ၊ သင်တန်းတွေပေးခဲ့တာတွေကို အရင်က လည်း လုပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့ပါတယ်။ တရုတ်အနေနဲ့ သူ့ရဲ့ CMEC စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ပြီး ကုလားတန် စီမံကိန်းကို နောက်ကျအောင်၊ အလုပ်မဖြစ်အောင် ကပျက်ကရက် လုပ်နေတာဖြစ်ပြီး မြန်မာကိုလည်း ကုလားတန် စီမံကိန်းဟာ အလုပ်မဖြစ်ကြောင်းပြပြီး ဒီဒေသမှာ လုံခြုံရေး အရခက်ခဲအောင် လုပ်နေတာဖြစ်တယ်လို့ နိုင်ငံ တကာ လုံခြုံရေးကို လေ့လာတဲ့ Gateway House ကလေ့လာသူ Sameer Patil က Hindustan Times သတင်းစာကို ပြောကြားထားပါတယ်။ https://b urma.irrawaddy.com/news/2020/10/31/232603.html

**************

၃။ မရိုးသားမှုများရှိ၍ ဒေသတွင်း ကြိုတင်မဲများ ကိုးကန့်ပါတီကန့်ကွက်
2 November 2020

ကြိုတင်မဲ ပေးသည့် မဲရုံ၌ မရိုးသားမှုများတွေ့၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ကြိုတင်မဲ အားလုံးကို ကန့်ကွက်ကြောင်း ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP)မှ ကိုယ်စားလှယ်လောင်း ၇ ဦးက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံ စာတင်ထားကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁ ရက်က လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စုရှိ မဲရုံ၌ မဲလာပေးသည့် သက်ကြီးရွယ်အိုများကို မည့် သည့်နေရာတွင် တံဆိပ်တုံး ထုရမည်ဟု အုပ်ချုပ်ရေးပိုင်းက ပြောဆိုခြင်း၊ ပြည်သူ့စစ် ယူနီဖောင်းဝတ်တဦးနှင့် အရပ်ဝတ် များ မဲရုံအတွင်းနှင့် ပရဝုဏ်တွင်ရှိခြင်း၊ ယင်းအခြေအနေကို ကန့်ကွက်သည့် ကိုယ်စားလှယ်လောင်းကို မဲရုံအတွင်းမှ ဆွဲထုတ်ခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် အညီ မဲရုံကိုမဖွင့်ဘဲ လူစုလူဝေး ဖြစ်စေခြင်း၊ သက်ကြီးရွယ်အို မဟုတ်သည့် အသက် ၃၀ အရွယ်ကို ကြိုတင်မဲ လက်မှတ်ထုတ်ပေးခြင်း စသည့် ၅ ချက်ဖြင့် မရိုးသားမှုများ ရှိသဖြင့် ဒေသတခုလုံးမှ ကြိုတင်မဲ အားလုံးကို ကန့်ကွက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကုန်းကြမ်းမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စား လှယ်လောင်း ဦးမြင့်ခိုင်က “ကျနော်တို့ ကိုယ်စားလှယ်လောင်းကိုတောင် မောင်းထုတ်ပြီး ဖမ်းမယ်၊ ပြုမယ်ပုံစံနဲ့ လုပ်တာ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မြို့နဲ့မနီးတဲ့ မဲရုံတွေသွားဖို့ကိုတောင် စိုးရိမ်နေရတယ်။ ဒီအချက်တွေ စုပြီးမှ ကျနော်တို့ ကိုယ်စားလှယ်လောင်း ၇ ယောက်လုံး အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တာပါ။ ကိုးကန့်နယ်တွင်းက မဲဆန္ဒနယ် အားလုံးမှာ ကြိုတင်မဲတွေကို ကျနော်တို့ လုံးဝလက်မခံနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာပါ”ဟု ပြောသည်။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူက နိုဝင်ဘာ ၁ ရက်တွင် ထင်ပါကျိုင်းကျေးရွာအုပ်စုတွင်းမှ ကြိုတင်မဲရုံသို့ သွားရောက် စောင့်ကြည့်ရာ မဲလာထည့်သည့် သက်ကြီးရွယ်အိုများကို မည်သည့်နေရာတွင် တံဆိပ်တုံးထုရမည်ဟု အုပ်ချုပ်ရေးပိုင်းမှ လက်ဖြင့် ထောက်ပြကြောင်း၊ ထောက်ပြနေသည့် နေရာမှာ အခြားပါတီတခု၏ နေရာသို့ ညွှန်ပြခြင်း ဖြစ်၍ ၎င်းကတားမြစ်ရာ မဲရုံအတွင်းမှ လူတစုက ဝိုင်းဝန်းမောင်းထုတ်ကာ မဲရုံ အတွင်း အဝင်မခံတော့ခြင်း ဖြစ်သည်ဟု သိရသည်။

မဲရုံသို့ ဦးကျော်သူ ရောက်ရှိနေချိန်တွင် မဲရုံအပြင် ပရဝုဏ်တွင် ပြည်သူ့စစ် ယူနီဖောင်းဝတ်ကာ ပစ္စတို ခါးကြားထိုးထားသူ တဦးက ရှိနေပြီး မဲဆန္ဒရှင်များ လျှို့ဝှက် မဲပေးသည့် ဆန္ဒပြုခန်း အနီးတွင်လည်း အရပ်ဝတ်ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရှိနေသည်ဟု သိရသည်။ ဦးမြင့်ခိုင်က “ ကျနော်တို့ ဒီမှာ ၂ ပါတီပဲရှိတယ်။ ၂ ပါတီမှာ သူတို့က မဲလက်မှတ် ထိုးတဲ့ နေရာမှာ ဘေးမှာ ဒီဟာမထုနဲ့ ဟိုဟာ ထုနဲ့ လုပ်နေတာ။ ပါးစပ်နဲ့တော့ မပြောပေမယ့် ပြနေတာ။ ဒီက လူထုက ရွေးကောက်ပွဲကို မသိနားမလည်ဘူး။ မဲထည့်ပုံ ထည့်နည်းလည်း မသိဘူး။ အဲ့ဒါကို ကော်မရှင်ကို ပြောတယ်။ ဟိုမှာ သွားပြီး တချို့က ထည့်မယ့် နေရာ မသိတာ ကို ဒီကိုလာ ၊ဒီနေရာမှာ ထုရတယ် ဆိုတာကို လုပ်တာ။ ကော်မရှင်ရုံးက လက်ထောက်တောင် တွေ့တယ်”ဟု ပြောသည်။

“အရပ်ဝတ်နဲ့ လူကတော့ ပြည်သူ့စစ်လို့ ပြောလို့ မရဘူး။ ပြည်သူ့စစ်လို့ မှန်ချင်မှန်မယ်။ သူတို့ခေါ်ပြီး ဆွဲပြီး သုံးတာပါ။ သူကတော့ ပြည်သူ့စစ်ကလို့ ပြောတာပေါ့။ လောက်ကိုင်မှာက အမျိုးမျိုး၊ တချို့က မီးသတ်ဖြစ်လိုက် ရဲဖြစ်လိုက် ပြည်သူ လူထု ဖြစ်လိုက်ဆိုတော့ ရပ်ရွာက အုပ်ချုပ်ရေးမှူးတွေနဲ့ ကော်မရှင်အဖွဲ့တွေ တိုင်ပင်ပြီးတော့ အထဲမှာ လုံခြုံရေး ထားတဲ့ သဘောပါပဲ။ လက်နက်တွေကိုင်ပြီး ဝတ်စုံတွေ ဝတ်ပြီး အဲ့လိုတွေ မဟုတ်ပါဘူး ”ဟုလည်း ဒေါ်သန်းသန်းစိုးက ပြောသည်။ ကုန်းကြမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းများမှာ ပြည်နယ် မဲဆန္ဒနယ် (၁)တွင် ဦးကျူဆန်းဟိုင်၊ ပြည်နယ်မဲဆန္ဒနယ် (၂)တွင် ဦးယွီကျားဆိုင်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးလျူစယ်စန်း (ခ) ဦးအောင်စိုးပိုင်တို့ ဖြစ်သည်။ https://burma.irrawaddy.com/election-2020/2020/11/02/23265 9.html

**************

၄။ ဗန်းမော်မှ အမျိုးသမီးတဦး အသတ်ခံရမှု ကျူးလွန်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော
31 October 2020

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဂျူဗလီလမ်းအနီးရှိ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ်လက်မှတ်ရောင်း သည့် အိမ်၌ ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အမျိုးသမီးတဦး အသတ်ခံရမှုတွင် ကျူးလွန်သူကို ဖမ်းမိထားပြီဟု ဗန်းမော်မြို့မ ရဲစခန်းမှ သိရသည်။ ကျူးလွန်သူသည် သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မြင့်ဦးပင် ဖြစ်ကြောင်း ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးကျော်က ဧရာဝတီသို့ ပြောကြားသည်။

“ကျနော်တို့ စစ်ဆေးချက်တွေအရ ကျူးလွန်သူက သေဆုံးသူရဲ့ အမျိုးသားဖြစ်သူ လေကြောင်းရုံးမန်နေဂျာပါ။ ရန်ဖြစ် စကားများရာကလက်လွန်ပြီးသေဆုံးသွားတာပါ။ သေသွားတဲ့အခါကျမှ အဲဒီလူကသူ့ရဲ့တပည့်ဖြစ်သူကို အကူအညီတောင်း ပြီး သူ့ကိုယ်သူ တိပ်တွေနဲ့ချည် တခြားလူတွေကလာပြီး လုယက်သွားတဲ့ပုံစံလုပ်ထားတာပါ ” ဟု ၎င်းက ဆိုသည်။ ကျူးလွန် သူများကို လက်ရှိတွင် ဖမ်းဆီးရမိထားပြီး တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့မရဲစခန်းမှ သိရသည်။

ကနဦး ၎င်းလေယာဉ် လက်မှတ်အရောင်းဌာန မန်နေဂျာက အမည်မသိ အမျိုးသား ၃ ဦး အိမ်သို့ ရောက်လာပြီး ၎င်းအား ရိုက်နှက်ကြိုးတုတ်ကာ ငွေကြေးများကိုယူသွားကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ပြီး၊ သူ၏အမျိုးသမီးကိုလည်း ယင်း လူ ၃ ဦး က သတ်သွားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီး နောက်တနေ့တွင်မူ အထက်ပါပြောဆိုချက်များ သည် မှန်ကန်မှုမရှိဘဲ ကျူးလွန်သူသည် သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ https://burma.irrawaddy.com/news/short-news/2020/10/31/232584.htm

**************

၅။ ရခိုင်တွင် တရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ၉ ဦး ဒဏ်ရာရ
30 October 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က လက်နက်ကြီး ကျည်ထိမှန် မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်းစားလှယ်များထံမှ သိရသည်။

ဒဏ်ရာရှိသူတို့မှာ မင်းပြားမြို့နယ် စက္ကရေကျေးရွာ မှ ၃ ဦး၊ သက်ပုန်းကျေးရွာမှ ၁ ဦးနှင့် ပေါက်တောမြို့နယ် ရှင်ကျော် ကျေးရွာမှ ၅ ဦး တို့ဖြစ်ကြပြီး တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒဏ်ရာရသူ မသန်းသန်းစိုး၏ ဖခင် ဦးကျော်ဆန်းက “ကျနော့အိမ်က မြစ်ကမ်းနားမှာဆိုတော့ မြစ်ကြောင်း အတိုင်းလာတဲ့ နေဗီက လှမ်းပစ်လို့ အိမ်ပေါ်မှာနေတဲ့ ကျနော့် သမီးတင်ပါးမှာ ကျည်ဖောက်ဝင်သွားတာ။ အခုကတော့ သူ့ကို စစ်တွေ ဆေးရုံမှာ ခွဲစိပ်ခန်းထဲ သွင်းထားတယ်။ တခြား နေအိမ်မှာတွေမှာလည်း ကျည်ကျလို့ ဒဏ်ရာရသူ ၂ ယောက်ရှိတယ်” ဟုပြောသည်။ ယင်းဖြစ်စဉ်ကြောင့် စက္ကရေကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မသန်းသန်းစိုးအပါဝင် အသက် ၁၃ နှစ်အရွယ် မဌေးဌေးဝေတွင် ညာလက်မပြတ်ဒဏ်ရာနှင့် အသက် ၆၀ နှစ်အရွယ် ဦးအောင်ကျော်နု ညာဘက်ပခုံးတို့တွင် ဒဏ်ရာ အသီး သီးရရှိခဲ့ခြင်း ဖြစ်သည်။

မင်းပြားမြို့နယ် သက်ပုန်းကျေးရွာတွင်လည်း ယမန်နေ့ ၁၁ နာရီခန့်တွင် တပ်မတော်ရေယာဉ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တလုံးမှာ ဦးနားပေါက်ကေ နေအိမ်ပေါ်သို့ ကျရောက်မှုကြောင့် နေအိမ်ရှေ့ကားအောက်တွင် ဝပ်နေ သည့် အသက် ၄၂ နှစ်အရွယ် ကိုမျိုးမင်းဇော်မှာ ဦးခေါင်းနားထင်တွင် ကျည်စဝင်သွားကြောင်း ကျေးရွာတာဝန်ရှိသူ ကပြော သည်။ သက်ပုန်း အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ဦးက “သူ့ကို မင်းပြားဆေးရုံမှာ ဆေးကုသနေရတယ်။ ကျည်စ ဦးခေါင်း ထဲမှာ ရှိနေတယ်လို့ ပြောတယ်။ ဖြစ်စဉ်ကို ကြောက်လန့်ပြီးတော့ ရွာသားတွေက ဘေးလွှတ်ရာ တခြားကျေးရွာ တွေကို ထွက်ပြေးနေကြတယ်” ဟု ပြောသည်။

ထို့အပြင် ပေါက်တော်မြို့နယ် ကျော်ရှင် ကျေးရွာတွင်လည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တပ်မတော်ရေယာဉ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။ ရပ်မိရပ်ဖ ဖြစ်သူ ဦးအောင်စံဝင်းက “မင်းပြားဘက်ကနေ ပေါက်တောဘက်သို့ ဆင်းလာတဲ့ နေဗီက ပေါက်တော်မြစ်နဲ့ သမန့်ချေမြစ်ခွ ဆုံရောက်မှာ ကျနော့်ရွာဘက်ကို လှမ်းပစ်တာ။ လက်နက်ကြီး ၂ ချက်ပစ်တဲ့အထဲက တလုံးက ဦးအောင်ချေအိမ်မှာ ကျရောက်ပေါက်ကွဲပြီးတော့ လက်နက်ကြီးကျည်စတွေ လွင့်စဉ်ကျတာ။ အဲဒီမှာ နေအိမ်မှာ ထိုင်နေကြတဲ့ လူတွေ ဒဏ်ရာရ သွားကြတာပါ” ဟုပြောသည်။ https://burma.irrawaddy.com/news/2020/1 0/30/232554.html

*************

၆။ ဆမီးမြို့တွင် ဆရာဝန်တစ်ဦးမျှမရှိသဖြင့် မီးဖွားမည့် မိခင်များအတွက် အခက်အခဲကြုံရ
November 02, 2020

စစ်ဘေးရှောင်ပြည်သူများနှင့် လူဦးရေထောင်ချီရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့တွင် ဆရာဝန် တစ်ဦးမျှမရှိ သောကြောင့် မီးဖွားမည့်မိခင်များ အခက်ခဲများစွာကြုံ နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ဆလိုင်းမျိုးထိုက်က “ဆမီးမြို့မှာ ဆရာဝန်မရှိတာကြာပါပြီ ပလက်ဝမြို့မှာ ဆရာဝန် မရှိတော့ အဲဒီကို ယာယီထားပြီးတော့ နောက်ပိုင်းအခုတော့ ဆမီးမှာ ဆရာဝန်မရှိတာကြာပါပြီ ပြည်ထောင်စု ဒုဝန်ကြီးကို လည်း စာရေးလက်မှတ်ထိုးပြီးတော့ အရေးပေါ် လိုပြီလို့ အရေးပေါ် စာတင်ထားတာ ပြည်နယ်အစိုးရဖွဲ့ကိုလည်း တင်ပြ ပြီးပြီ အရင်က ဝန်ကြီးလာတော့ သူကိုယ်တိုင်လည်း သိပြီးသားပါ ဒီမှာက စစ်ဘေးရှောင်နဲ့ ပြည်သူလူထု ထောင်နဲ့ချီရှိတဲ့ နေရာမှာ ဆရာဝန်အရမ်းလိုအပ်တာ သိရဲ့သားနဲ့ တစ်ယောက်လောက် ထားပေးသင့်တယ် ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင်

မီးဖွားချင်ရန် ဒီကနေ မတူပီပို့မယ်ဆိုရင်လည်း လမ်းခရီးဝေးတာကြောင့် ပလက်ဝဖက်ကို လုံခြုံရေးပိုင်းနဲ့ ညှိနှိုင်းပြီးတော့ သွားရတာတွေရှိနေတယ်”ဟုပြောသည်။ ဆမီးမြို့တွင် တိုက်ပွဲရှောင် စခန်း(၅)ခုရှိပြီး အိမ်ထောင်စု (၇၉၅)စု၊ လူဦးရေ အားဖြင့် ၃၄၃၆ ဦး တည်ရှိပြီး မြို့ပေါ်နေ ဒေသခံ လူဦးရေ ၄ထောင် နီးနီးနေထိုင်သည့် မြို့ဖြစ်ကြောင်းလည်း သိရသည်။ https://www.bnionline.net/mm/news-76640

**************

၇။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ငါးမြို့နယ်တွင် ကြိုတင်မဲပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း သိရ
3 November 2020

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်ရှိ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံငါးမြို့နယ်တွင် ကြိုတင် မဲ ပေးမည့် လူဦးရေ ၅၄၀၀၀ ကျော်ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သတင်းရရှိသည်။

တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် မဲရုံ ၇၂၃ ရုံ၊ မဲဆန္ဒရှင် ၇၇၀၀၀၀ ကျော်ရှိပြီး နိုဝင်ဘာ ၁ ရက်အထိ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးမှု အခြေအနေမှာ မဲဆန္ဒရှင်ဦးရေ ၃၀၀၀၀ ခန့် လာရောက်မဲပေးခဲ့ကြောင်း သိရသည်။ တောင်ကြီးခရိုင်တွင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ၁၀ မြို့နယ်တို့တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေမှာ ၁၂ သိန်း ကျော် ရှိပြီး ကော်မရှင်ရုံး အရေအတွက် ၃၉၇ ရုံး၊ မဲရုံအရေအတွက် ၁၁၆၉ ရုံရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းအရ သိရသည်။ တောင်ကြီးခရိုင်၌ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက် မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံ၊ ပင်းတယတို့ ငါးမြို့နယ်၊ စုစုပေါင်း ၁၀ မြို့နယ်ရှိကြောင်း သိရသည်။

တောင်ကြီးခရိုင်အတွင်းရှိ ဆန္ဒမဲပေးနိုင်သော မဲဆန္ဒရှင်ဦးရေမှာ တောင်ကြီးမြို့နယ်တွင် ၃၂၀၀၀၀ ခန့်၊ ညောင်ရွှေမြို့နယ် တွင် ၁၃၆၅၃၂ ဦး၊ ကလောမြို့နယ်တွင် ၁၃၅၈၁၂ ဦး၊ ရပ်စောက်မြို့နယ်တွင် ၁၀၉၁၀၀ ဦး ကျော်၊ ဖယ်ခုံမြို့နယ်တွင် ၆၆၀၅၀ ဦး၊ ခရိုင်ချုပ်အားဖြင့် ၇၇၀၀၀၀ ခန့်ရှိကြောင်း တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရ သည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲရုံ ၃၁၆ ရုံ၊ မဲဆန္ဒရှင် ၃၁၅၆၅၀၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မဲရုံ ၁၃၀ မဲဆန္ဒရှင် ၁၂၁၉၄၅ ဦးရှိကြောင်း သိရသည်။ တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် မဲရုံ ၂၄၅ ရုံ၊ မဲဆန္ဒရှင် ၃၂၀၀၀၀ ကျော်ရှိပြီး ပုံစံ(၁၅) နှင့် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲများ အောက်တိုဘာ ၂၉ ရက်တွင် စတင်မဲပေးခဲ့ ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။ https://news-eleven.com/articl e/196926

**************

၈။ ဖယ်ခုံမြို့နယ်တွင် တပ်မတော်သားအချို့မှ အရပ်သားတစ်ဦးကို ထိုးကြိတ်မှုဖြစ်ပွားဟုဆို
November 2, 2020

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်လောက်မှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာ အုပ်စုရှိ အမှတ်၊ ၃၀၂ ခြေလျင်တပ်ရင်း စစ်ကြောင်း(၂) လက်အောက်ခံ လေဒူခေါင်တပ်စခန်းမှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား သုံးယောက်တို့က အရပ်ဝတ်တွေနဲ့ သိကျိတ်ကျေးရွာကို လာရောက် သောက်စားပြီးတော့ အရပ်သားပြည်သူတစ်ဦးကို ထိုးကြိတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက “စားသောက်ပြီးတော့ အလွန်အကျူး တွေဖြစ်လာတော့ မူးပြီးမှ အကြောင်းမဲ့သက်သက်ပဲ တာလည်း။ ကလေးတစ်ယောက်က၊ လူငယ်တစ် ယောက်က သူရပ်ကွက် (၂) ဖက်ကနေ ရပ်ကွက်(၁) သူ့အမေအိမ်ရှိရာကို ဆိုင်ကယ်စီးပြီးသွားမယ်ဆိုပြီးတော့ ဒီလမ်းမကြီးဖက်ဖြတ်သွားတဲ့အခါ အဲ့ဗိုလ်ကြီးက အမိန့်ပေးလိုက်တာ အဲ့ဆိုင်ကယ်တားပြီးတော့ ထိုးပစ်ကွာ၊ ရိုက်ခွဲပစ်ကွာဆိုတဲ့ ပုံစံနဲ့ ပြောပြီးတော့မှ သူ့လူတွေက ထွက်လာ ပြီးတော့ အဲ့ဆိုင်ကယ်သမားကို ရိုက်ပြီးတော့မှ ထိုးတယ်။”လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။ ဒါ့အပြင် ၎င်းက တပ်မတော်သားတွေက ဆိုင်ရှေ့ဓါတ်ဆီစဉ်မှာ ရေသန့်ဗူးနဲ့ ထည့်ထားတဲ့ ဓါတ်ဆီဗူး (၂) ဗူးကို ယူပြီး လမ်းလယ်ခေါင်မှာ လောင်းချမီးရှိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တပ်မတော်သားတွေဟာ အရပ်ဝတ်တွေနဲ့လာပြီးတော့ သိကျိတ် ကျေးရွာထဲက စားသောက်ဆိုင် (၂) ဆိုင်မှာ ဝင်ရောက်သောက်စား ခဲ့ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ထိုးကြိတ်ခံရတဲ့ လူငယ်ဟာ နှာခေါင်း၊ ဦးခေါင်းတွေမှာ ငါးချက်လောက် အထိုးခံခဲ့ရပြီး ဆေးခန်းကို သွားရောက် ပြသတာမရှိပဲ အိမ်မှာပဲ အနားယူနေတယ်လို့ ဆိုပါတယ်။ ဒီလို ထိုးကြိတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အမှတ်၊ ၃၀၂ ခြေလျင် တပ်ရင်း ဒုတပ်ရင်းမှူး ဦးအောင်ဇေမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၎င်းက “လောလောဆယ် ကျနော်တို့ စိစစ်တုန်းပဲ” လို့ ဖြေဆိုထားပါတယ်။ သိကျိတ်ဒေသဟာ ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တာကြောင့် ကယန်းပြည်သစ် ရဲဘော် တွေကို အဆိုပါဖြစ်စဉ်ကို ထိန်းသိမ်းခိုင်းခဲ့ပြီး ၎င်းတပ်မတော်သား (၄) ဦးကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ လို့ ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အမှတ် (၂) မြို့နယ် ဥက္ကဌ ဗိုလ်မှူးအံ့ကျော်က ပြောပါတယ်။ သိကျိတ် ဒေသခံတွေကတော့ နှောက်နောင်မှာ အဆိုပါကိစ္စမျိုးကို မဖြစ်စေချင်တဲ့အပြင် ထိုးကြိတ်မှုကို ကျူးလွန်ခဲ့တဲ့ တပ်မတော် သား တွေကိုလည်း တပ်ရဲ့ စည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူပေးဖို့ ဆန္ဒရှိ နေကြပါတယ်။ https://www.bnionli ne.net/mm/news-76646

***************

၉။ ရွေးကောက်ပွဲကာလ တိုင်းရင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံနေရမှုအပေါ် BNI သဘောထားထုတ်ပြန်
October 30, 2020

လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲ ကာလအတွင်း ပြည်နယ်အခြေပြု တိုင်းရင်းသားမီဒီယာများ၏ သတင်းလွတ် လပ်ခွင့် ချိုးဖောက်ခံရမှုအပေါ် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများဖြင့် အဓိကဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ့သတင်း (BNI) က ယမန်နေ့ အောက်တိုဘာ (၂၉)ရက်နေ့ ရက်စွဲဖြင့် သဘောထားတစ်ခုထုတ် ပြန်လိုက် သည်။

လက်ရှိရွေးကောက်ပွဲကာလ နီးကပ်လာသော်လည်း ရခိုင်နှင့် ချင်းပြည်နယ်ဒေသများတွင် အင်တာနက်ဖြတ် တောက်ခံ ထားရမှုနှင့် တိုင်းရင်းသား မီဒီယာအချို့၏ သတင်းစာမျက်နှာများပိတ်ပင်တားမြစ်ခံရမှုများအပြင် သတင်းအယ်ဒီတာချုပ် များကို တရားစွဲဆိုထားမှုများကြောင့် ဒေသတွင်း ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက် အလက်များကို ဒေသခံပြည်သူများ အချိန်နှင့်တပြေးညီ လက်လှမ်းမီမှု မရှိကြောင်း BNI က ဆိုသည်။“တိုင်ရင်းသား သတင်းထောက်တွေကို မီဒီယာ ဥပဒေနဲ့ မသက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားမှုဟာ တိုင်းရင်းသား ဒေသမှာ ရွေးကောက်ပွဲကာလ လွတ်လပ်စွာ သတင်းရ ယူမှုကို ချိုးဖောက်သလို ဖြစ်စေပါတယ်။ ဒီတော့ တကယ်ဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲ အခြေအေနေတွေကို လူထုထံအသိ မပေး နိုင်တော့ဘူး။ ဒါ့အပြင် တိုင်းရင်းသား သတင်းဌာနတွေရဲ့ အွန်လိုင်း သတင်းစာမျက်နှာကို ပိတ်ထားခြင်းကလည်း လူထုတွေ အတွက် လွတ်လပ်စွာ သတင်းလက်ခံသိရှိမှုအပေါ် အဟန့်အတား ဖြစ်စေပါတယ်”ဟု ထုတ်ပြန်ချက်၏ ပြောခွင့် ရသူ BNI မူဝါဒ ရေးကော်မတီဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။

တိုင်းရင်းသားမီဒီယာအဖွဲ့များဖြစ်သည့် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္ဇရာသတင်းဌာနနှင့် Development Media Group (DMG) ၊ ကရင်ပြည်နယ် အခြေစိုက် Karen News အပြင် Voice of Myanmar သတင်းဌာနတို့အပါအဝင် ဝက်ဘ်ဆိုဒ် စာမျက်နှာပေါင်း၂,၁၄၇ ခုကို ပိတ်ပင်ရန် ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာများကို ၂၀၂ဝ ပြည့်နှစ် မတ်လ ၁၉ မှ မေလ ၁၁ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနက ဆက်သွယ်ရေး ဥပဒေပုဒ်မ (၇၇) အရ တားမြစ်ခဲ့ကြောင်း BNI ၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။ BNI အဖွဲ့ကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသဖြစ်သော မြန်မာ-ဘင်္ဂလာဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်း ၄ ခုဖြင့်သည့် Mizzima News, Narinjara News, Kaladan Press Networkနှင့် Khonumthung News တို့ဖြင့် ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယ နိုင်ငံ ကလကတ္တားတွင် စတင်ထူထောင်ခဲ့သည်။ ထိုနောက် ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်း သားသတင်းဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းအခြေစိုက် သတင်းအဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၆)ဖွဲ့ရှိသည်။ http://kicnews.or g/2020/10/%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8 %e1%80%b1%e1%

**************

၁၀။ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းက ပါတီကို ဖြိုခွင်းခြင်းဖြစ်ပြီး မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ ပါတီကို မဲပေးပြီး အတူတကွ ချီတက်ရန် ရခိုင်အမျိုးသားပါတီ ပန်ကြား
1 November 2020

ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုနှင့် မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ မကျင်းပခြင်းက အမျိုးသားရေးစိတ်ဓာတ်နှင့် အင်အားတောင့်တင်းခိုင်မာသော ရခိုင်အမျိုးသားပါတီ (ANP) ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းရာ ရောက်သည်ဟု မှတ်ယူကြောင်း ANP ပါတီက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။“ရခိုင်ပြည်နယ် ၉ မြို့နယ်နဲ့ အဲဒီ ကျေးရွာတွေ အားလုံးပေါင်းလိုက်ရင် မဲမပေးနိုင်တဲ့ လူဦးရေ တစ်သန်းကျော်တယ်။ ကိုယ့်နိုင်ငံသားတွေရဲ့ နိုင်ငံသား အခွင့် အရေးနဲ့ လူ့အခွင့်အရေးကို မဲမပေးရဘူးဆိုပြီး ပိတ်ပင်တားဆီးလိုက်တာကတော့ ရခိုင်အမျိုးသားပါတီကို ရည်ရွယ်ချက် ရှိရှိနဲ့ ပိတ်ပင်တားဆီး လိုက်တာ ဖြစ်သလို နိုင်ငံသားတစ်ယောက်ရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်လိုက်တာ ဖြစ်တယ်”ဟု ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် က ပြောကြားသည်။

ထို့်ကြောင့် ရခိုင်ပြည်သူများ အနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပိတ်ဆို့ ခံနေရသော အင်အားတောင့် တင်းသည့် အမျိုးသား ပါတီ အောင်ပွဲခံနိုင်ရေးအတွက် မဖြစ်မနေထောက်ခံမဲပေးပြီး မပြီးဆုံးသေးသော အမျိုးသားရေး ခရီးပန်းတိုင်သို့ အတူတကွ ချီတက်ရန် ANP ပါတီက ပန်ကြားလွှာ ထုတ်ပြန်သည်။ ရခိုင်အမျိုးသားပါတီသည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဦးထိပ်ထားလျှက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား အင်အားစုများနှင့် ပူးတွဲတိုက်ပွဲဝင်လာသည့် ပါတီတစ်ရပ်ဖြစ်သည့်အားလျော်စွာ ပြည်နယ်တွင် အင်အားတောင့် တင်းသော အမျိုးသားပါတီအဖြစ် ရပ်တည်ရှင်သန်ရေးနှင့် ရခိုင်အမျိုးသားရေးစိတ်ဓာတ်ထာဝရရှင်သန်ရေးတို့အတွက်မည်သည့် အခက် အခဲ အနှောင့်အယှက်များကိုမဆို ရင်ဆိုင်ကျော်ဖြတ်ရန် သံန္နိဋ္ဌာန် ချပြီးဖြစ်သည်ဟု ပန်ကြားလွှာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ အင်အားတောင့်တင်းတဲ့ အမျိုးသားပါတီ ဖြစ်ပေါ်လာအောင် ကြိုးစားနေတာ။ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ရခိုင်ပြည်နယ်မှာ အင်အားရှိတဲ့ အမျိုးသား တပ်ဦးနိုင်ငံရေးပါတီတစ်ရပ် ဖြစ်ဖို့ အတွက်ကတော့ ကျွန်တော်တို့ကို ဘယ်လောက်ပဲ ကန့်သတ်ကန့်သတ် မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖြစ်အောင် ချီတက်သွားမယ်။ အဲ့လို ချီတက်တဲ့နေရာမှာ ပြည်သူတွေရဲ့ဝိုင်းဝန်းအားပေးမှု ထောက်ခံမှု လိုတယ်။ အဲဒါကြောင့် အခုလို ကန့်သတ်ထားတဲ့ ရခိုင်အမျိုးသားပါတီကို အင်အားချိနဲ့အောင် အမျိုးမျိုး တားဆီးပိတ်ပင်မှုကို ရင်ဆိုင်တဲ့အခါမှာ ပြည်သူတွေ အားကို လိုတယ်။ အဲဒါကြောင့် ဒီ ၂၀၂၀ မှာ လက်ရှိ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ မြို့နယ် အားလုံးမှာ ရ ခိုင်အမျိုးသားပါတီကို ရခိုင်ပြည်သူတွေက အားလုံးဝိုင်းဝန်းပြီးတော့ တစ်ခဲနက် မဲပေးလိုက်ခြင်းအားဖြင့် ရခိုင်အမျိုးသားပါတီ အနိုင်ရလာရင် အင်အား တစ်ခုအနေနဲ့ လွှတ်တော်အသီးသီးမှာ တက်နိုင်မယ်”ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။ https://n ews-eleven.com/article/196816

**************

၁၁။ ဝိုင်းမော်မြို့ ရပ်ကွက် (၄) တွင် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက်အား တိပ်ဖြင့်ပိတ်ထားခြင်းကို NLD ပါတီ စည်းရုံးရေးမှူးက လူမစုံမီဖွင့်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခံရ
2 November 2020

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် (၄) တွင် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက်အား တိပ်ဖြင့်ပိတ်ထားခြင်းကို NLD ပါတီ စည်းရုံးရေးမှူးက လူမစုံမီ ဖွင့်သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း သိရသည်။ ပြည်ခိုင်းဖြိုးပါတီ စည်းရုံးရေးမှူး ဦးဘီဒူလေးသည် ၎င်းတာဝန်ကျသည့် ဝိုင်းမော်မြို့ ရပ်ကွက်(၄) ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ အောက်တိုဘာ ၃၀ ရက်က နံနက် ၆ နာရီ မိနစ် ၅၀ တွင် ရောက်ရှိစဉ် ပါတီအသီးသီးမှ ကိုယ်စားပြု စောင့်ကြည့်သူများ သဘောတူထားသည့် ကြိုတင်မဲပုံးရှိ မဲထည့်သည့်အပေါက် နေရာတွင် ပိတ်ထားသည့်တိပ်မှာ ကွာနေ သဖြင့် မည်သူ ကခွာသွားကြောင်း စုံစမ်းရာ NLD စည်းရုံးရေးမှူး ဦးသန်းဌေးက ၎င်းတိပ်ကို ခွာသွားကြောင်း သိရှိရ သဖြင့် ကော်မရှင် လူကြီးများ မရှိချိန်တွင် မဲပုံးဖွင့်လှစ်ခြင်းသည် ရိုးသားသော သဘောမရှိ၍ လိုအပ်သလို စစ်ဆေးအရေးယူ ပေးနိုင် ရန် ကန့်ကွက်လွှာ တင်သွင်းခဲ့သဖြင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရီးမြင့်က တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယှဉ်ပြိုင်သည့်ပါတီ ကိုးပါတီမှ ကိုယ်စားလှယ် အားလုံးနီးပါးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တို့ ညှိနှိုင်းပြီး အရေးယူရန် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၃၁ ရက်တွင် ညှိနှိုင်းဆောင် ရွက်ရာတွင် ပါဝင်ခဲ့သည့် ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်က ” ကျွန်တော်တို့အဖွဲ့ လက်တွေ့မြင်ခဲ့တော့ ကန့်ကွက်လွှာတင်တယ်။ ပါတီစုံအဖွဲ့တွေနဲ့ ရွေးကောက်ပွဲကော်မရှင် ဆွေးနွေး တော့ ဒီလူဟာ မရောက်သင့်တဲ့နေရာရောက်တာ မှန်တယ်။ အရေးယူဖို့ တောင်းဆိုတယ်။ မဲပုံးထဲက မဲတွေကို ပယ်မဲလုပ်ဖို့ တောင်းဆိုတယ်။ အရေးယူဖို့တော့ သဘောတူကြပြီး ကန့်ကွက်မဲလုပ်ဖို့က တစ်ခြားပါတီတွေက အားလုံးကန့်ကွက်တော့ သီးခြားချိတ်ပိတ်ပြီးထားဖို့ သဘောတူတယ်”ဟု ပြောကြားသည်။ အဆိုပါကြိုတင်မဲပုံးကို ရပ်ကျေးကော်မရှင်တွင်ထားရှိပြီး ရပ်ကျေးကော်မရှင်အဖွဲ့ဝင်အချို့လည်း ရောက်နေကြောင်း၊ အရေးယူမှဖြစ်မည့်အခြေနေ ဖြစ်လာသဖြင့် အရေးယူရ ကြောင်း၊ မဲမသာမှု ကိစ္စရပ်မှာ ဖြစ်နိုင်သည့် အနေအထားမရှိကြောင်း ဝိုင်းမော်မြို့ ရပ်ကွက် (၄) ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးရီမြင့် က ပြောကြားသည်။

တရားစွဲခံရသူ ဦးသန်းဌေးက ” အောက်တိုဘာ ၂၉ ရက်မှာ သဘောတူပြီး မဲထည့်ပေါက်ကို တိပ်နဲ့ပိတ်ပြီး စာရွက်ဖြူခံ မင်စိုနိပ်ထားတယ်။ မနက်မှာ လူစုံဖွင့်မယ်ပေါ့။ ကျွန်တော်လည်း မဲရုံကို ၆ နာရီ ၄၅ လောက်ရောက်တော့ ကော်မရှင် တစ်ယောက်၊ စာရေးတစ်ယောက် ရှိတယ်။ ကျွန်တော်က ဈေးသွားစရာရှိတော့ ကျွန်တော်တို့ ဖွင့်ကြမလားလို့ ပြောပြီး တိပ်ကိုခွာပြီး ထွက်လာခဲ့တယ်။ ရဲတစ်ယောက်လည်း တံမြက်လှည်းနေပါတယ်။ မဲပေးမယ့်သူလည်း နှစ်ဦး ရောက်နေပါပြီ။ မနက် ၁၀ နာရီလောက်မှ ကျွန်တော် မဲပုံးဖွင့်တဲ့ကိစ္စကို ပြောနေကြလို့ ကျွန်တော်သိတာ။ ကျွန်တော်ကလည်း စိတ်လောပြီး တိပ်ခွာပြီး ထွက်လာတာပါ။ အခုတော့ တရာစွဲထားတယ်ဆိုတော့ ရင်ဆိုင်ရမှာပေါ့။ ကိုယ်လည်း စေတနာအမှားပါ ။ မဲပုံးထဲလည်း ဘာမှ မထည့်ခဲ့ပါဘူး”ဟု ပြောကြားသည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ – ၅၉(င) မှာ မဲရုံးမှူး၏ ခွင့်ပြု ချက်မရှိုပဲ မဲဆန္ဒရှင် မဲပုံးကို ရွေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖွင့်ကြည့်ခြင်း၊ ကိုင်တွယ်ခြင်းများ မပြုလုပ်ရန်၊ ပြုလုပ်ပါက ကျပ်ငွေ တစ်ကျပ်မှ တစ်သိန်းအထိသော် လည်းကောင်း၊ ထောင်ဒဏ် တစ်ရက်မှ တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်း ထားသည်။ https://news-eleven.com/article/196836

***************

၁၂။ မွန်ပြည်နယ် ကိုဗစ်လူနာများ၏ ဆယ်ပုံတစ်ပုံတွင် ကလေးငယ်များဖြစ်နေ
November 2, 2020

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ၏ ဆယ်ပုံတစ်ပုံသည် ကလေးငယ်များဖြစ်နေကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်နယ်မှူး(စီမံ) ဒေါက်တာဝတ်မှုံ ကဆိုသည်။ ဒေါက်တာဝတ်မှုံက “ကလေး ၁၀ ရာခိုင်နှုန်းလောက်တော့ ရှိမှာပေါ့။ ကလေးအများစုကတော့ ပြင်းထန်တဲ့ လက္ခဏာမရှိဘူး ပိုးတွေ့တဲ့ အခါကျ ရင် ကလေးတွေစောင့်ရှောက်ဖို့ မိဘတွေထည့်ပေးရတာ မိဘမရှိတဲ့ကလေးတွေဆို အဖိုး အဖွားတွေ ထည့်ပေးရတာ တို့ရှိတယ်” ဟု ပြောသည်။

အဆိုပါရောဂါပိုးတွေ့ ကလေးငယ်များနှင့် ထိတွေ့မိသူ လူနာစောင့်အုပ်ထိန်းသူများလည်း ရောဂါပိုးကူးစက်ခံရမှုများရှိ ကြောင်း သိရသည်။“ကလေးတွေကို ဒီတိုင်းလဲမထားချင်ဘူးလေ မိဘအုပ်ထိန်းသူမပါနဲ့ အဲ့ဒီအခက်အခဲလေးတော့ ရှိတာ ပေါ့။ အများစုကတော့ မိသားစုလိုက်ပိုးတွေ့ကြတာကများတယ် မိဘကပိုးတွေ့ပြီးတော့ သူတို့မှာမတွေ့တာမျိုးလေး တွေရှိ တယ် သူတို့မှာတွေ့ပြီး မိဘတွေမှာ မတွေ့တာမျိုးတွေရှိတယ်” ဟု ဆက်ပြောသည်။

ရောဂါပိုးကူးစက်မှုခံရတဲ့ ကလေးငယ်များထဲတွင် အငယ်ဆုံးအဖြစ် နှစ်လခွဲ အရွယ်ကလေးတစ်ဦး ပါဝင်ခဲ့ပြီး အသက် ၁၀ နှစ်မှ ၁၁ နှစ်အရွယ်ထိ အများဆုံးပါဝင်ကြောင်း သိရသည်။ http://burmese.monnews.org/2020/11/02/%e1%8 0%99%e1%80%bd%e1%80% 94%e1%80%ba%e1%

****************

၁၃။ ကရင်နီလူမျိုးစု လူငယ်ဦးဆောင်ကော်မတီက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် ကယန်း အမျိုးသားပါတီ တံဆိပ်ပါ မီးပုံပျံများအား ငွေတောင်ဆည်တွင် လွှတ်တင်ရာ သက်ဆိုင်ရာမှ လူစုခွဲ
1 November 2020

ကရင်နီလူမျိုးစုလူငယ် ဦးဆောင်ကော်မတီက ဦးဆောင်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) နှင့် ကယန်း အမျိုးသားပါတီ( KNP) တံဆိပ်ပါ မီးပုံပျံများအား ( အောက်တိုဘာ ၃၁ ရက်) သီတင်းကျွတ်လပြည့်ညတွင် ငွေတောင်ဆည် ကန်ရေပြင်တွင် လွှင့်တင်ရာ သက်ဆိုင်ရာမှ လူစုခွဲခဲ့သည်ဟုသိရသည် ။

လူငယ်အင်အား ၅၀ ခန့်က လပြည့်နေ့အထိမ်းအမှတ်အဖြစ် မီးပုံပျံငယ် ၄၀၀ အား ပထမပိုင်းတွင် ငွေတောင်ဆည်ဘောင်မှ လွှင့်တင်မည်ပြုရာ အာဏာပိုင်များက ခွင့်မပြုနိုင်ကြောင်း ပြောဆိုသဖြင့် ငွေတောင်ဆည် ကန်ရေပြင်မြက်ခင်းပေါ်တွင် လွှင့်တင်ကြရာ ဒီးမော့ဆိုမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်သဖြင့် လူစုခွဲလိုက်ရကြောင်းသိရသည်။” ဟိုဘက်မှာတော့လုပ်လို့မရလို့ ဒီဘက်မှာ လူအယောက် ၅၀ နဲ့ ကယန်းအမျိုးသားပါတီနဲ့ KySDP ကိုဝန်းရံသူတွေလာ လုပ်ကြတာပါ ”ဟု ကရင်နီလူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သော ခွန်းသောမတ်စ်ကပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်တွင် မဟာမိတ်ပါတီများဖြစ်သည့် KySDP နှင့် KNP ပါတီတို့မှာ မဲဆန္ဒနယ် ခြောက်နေရာတွင် ကယန်း အမျိုးသားပါတီ (KNP)က နှစ်နေရာနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ( KySDP)က လေးနေရာ ယှဉ်ပြိုင်မည်ဖြစ် ကြောင်း၊ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်ကြသည့်ဌာနေတိုင်းရင်းသား ကယားနှင့်ကယန်းလူမျိုးများ အများ ဆုံးနေထိုင်ပြီးလူဦးရေ ခုနှစ်သောင်းခန့်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆၃၉၁ ဦးရှိသည့်နယ်မြေဖြစ်ကြောင်းသိရသည် ။ http s://news-eleven.com/article/196774

**************

၁၄။ လွိုင်ကော်မြို့တွင် ကြိုတင်မဲပေးချိန် အငြင်းပွားမှုဖြစ်ပွား
2 November 2020

ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်မှာ ကြိုတင်မဲပေးနေတဲ့အချိန် မဲရုံတာဝန်ရှိသူတွေနဲ့ ပါတီဘက်က စောင့်ကြည့်သူတွေအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့တာကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က လာရောက်စစ်ဆေးခဲ့ရ တယ်လို့ သိရပါတယ်။ ကြိုတင်မဲလာရောက်ပေးတဲ့ သက်ကြီးရွယ်အိုတွေကို လောဓမ္မရပ်ကွက် ကော်မရှင်တာဝန်က မဲပေးပုံ ပေးနည်းတွေ လျှိုဝှကဆန္ဒမဲပေး အခန်းနားမှာ ပြောပြနေတဲ့ပေါ် ပါတီဘက်က စောင့်ကြည့်တဲ့အဖွဲ့က ပြောဆိုရာကနေ အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ မဲရုံမှာ စောင့်ကြည့်မှုလုပ်ဆောင်နေတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ မသွယ်သွယ်စန်းက “မဲပေးတဲ့လူနဲ့ သူနဲ့အဝေးကြီးမှာနေရမှာ။ အဲဒါသူက အဝေးကြီးမနေဘဲနဲ့ နီးနီးကပ်ကပ်သွားနေတယ်။ တအား..တော်တော်ကို နီးကပ် အောင်နေတယ်။ နေပြီးတော့မှ မဲစားရင်းစာရွက်ထည့်ဖို့ စာရွက်တောင်မှ သူကိုင်ပေးတယ်။ ကိုင်ပြီးပုံးထဲ ထည့်ပေးတဲ့ အဆင့် ကိုတောင် ကျမမြင်ခဲ့ရတယ်။ ကျမအနေနဲ့ လုံးဝ သည်းမခံနိုင်တဲ့အဆုံး ကျမဝင်ပြောတယ်။ အဲအဖွဲ့ကို ကျမ ခွင့်တောင်းပြီးမှဝင်တယ်။ ခွင့်ပေးလို့ ကျမ ဝင်သွားတယ်။ အဲဒီလို မဖြစ်သင့်ဘူး၊ မဲထည့်တဲ့လူနဲ့ ဝေးဝေးနေပေးပါလို့ ကျမပြောတယ်။ ဒါပေမဲ့ သူ ကျမကို ရန်တွေ့တယ်။ နင် ဒီထဲကို ဝင်ပိုင်ခွင့်မရှိဘူး သူကျမကို ပြောတယ်။ တခြားပါတီတွေ ဝင်သွားတယ် ခွင့်မတောင်းဘူး၊ ကျမ ခွင့်တောင်းပြီးမှဝင်တာ ကျမကို သူ လက်မခံဘူး။ လုံးဝ တရားနည်းလမ်းမကျဘူးလို့ ကျမ ပြောချင်တယ်။ ” မဲရုံတွင်း လာရောက်စောင့်ကြည်နေတဲ့ အန်အယ်ဒီပါတီဝင် ဒေါ်ခင်နှင်းနွယ်က ကြိုတင်မဲစတင်ပေးတဲ့ ၂၉ ရက်နေ့ကတည်းက မဲရုံတွင်းက ကော်မရှင်တာဝန်ရှိသူတွေက အခုလိုပုံစံမျိုး လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

လျှိုဝှက်မဲပေးတဲ့နေရာနီး ပြောဆိုနေမှုအပေါ် ပြောဆိုလို့ မရကြောင်း စောင့်ကြည့်သူဘက်က ပြောဆိုပေမယ့် သူတို့ ကော်မရှင်အနေနဲ့ ပြောလို့ရကြောင်းသာ ပြောလို့ အငြင်းပွားခဲ့တာဖြစ်ပါတယ်။ ဒီလိုအငြင်းပွားမှုဖြစ်ပွားခဲ့လို့ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌက လောဓမ္မ ရပ်ကွက်မဲရုံကို လာရောက်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ဆန္ဒမဲပေးသူအနီးပြောဆိုလို့ မရကြောင်း ရှင်းလင်းညွှန်ကြားခဲ့ပါတယ်။ မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသန်းက “အခုဟာက အမှားတွေ ရှိနေလို့ တစ်ချို့တွေက နားမလည်ဘူး။ အဲဒီတော့ စစ်ရမယ်လေ။ နောက်မှာ မဲရိုက်ပြီးလား မပြီးလား၊ တံဆိပ်တုံး ပါလား မပါလား အဲဒါတွေပေါ့နော် အကုန်လုံးက ကျနော်တို့ ပြောပြရမှာပေါ့။ ပယ်မဲ မဖြစ်အောင် အဓိကပဲလေ။ အဲဒါလေးကို ပြောပြတာ ဖြစ်မှာပါ။”လျှို့ဝှက်မဲပေးတဲ့ အခန်းဘေးနားမှာနေပြီး လုပ်ဆောင်တာမျိုးမလုပ်ဖို့ ညွန်ကြားထားကြောင်းလည်း ဦးလှသန်း က မီဒီယာတွေကို ပြောပါတယ်။ http://burmese.dvb.no/archives/420906

***************

၁၅။ ဝန်ကြီးချုပ်ပုံရိပ်နှင့် ငွေကြေးအခက်အခဲ ရင်ဆိုင်နေရဟု KySDP ကိုယ်စားလှယ်လောင်းပြော
2 November 2020

ရွေးကောက်ပွဲအတွက် မယ်စဲ့မြို့နယ် မဲဆန္ဒနယ်-၂ မှာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ဝန်ကြီးချုပ်ပုံရိပ်နဲ့ ငွေကြေးအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စား လှယ်လောင်း နော်မြင့်ထူးက ပြောပါတယ်။“စိန်ခေါ်မှုတွေကတော့ အမျိုးမျိုးရှိတာပေါ့နော်။ တိုင်းရင်းသားပါတီကို မဲပေး ခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်တိုတဲ့ ပြောဆိုမှုတခု၊ ပြီးတော့ ကျမအနေနဲ့ အခက်အခဲမှာဆိုရင် သွားလာတဲ့နေရာ မှာ ကျမက အမျိုးသမီးတဦးဖြစ်တဲ့အတွက် သွားလာတဲ့နေရာမှာ နည်းနည်းခက်ခဲတယ်။ နောက် ငွေရေးကြေးရေးမှာ သူများ လို လည်း မသုံးနိုင်ဘူး။ ပြီးတော့ ကိုယ်ကလည်း အယ်လ်ဖောင်းရှို ဆိုရင်လည်း တကယ့် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့အတွက် သူ့ရဲ့ပုံရိပ်တချို့က ကျန်ခဲ့သေးတယ်။”ဒါ့အပြင် ပါတီတချို့က လိုက်လံစည်းရုံးမှုတွေ လုပ်တဲ့အခါမှာ တိုင်းရင်းသားပါတီကို မဲပေးရင် တိုက်ပွဲဖြစ်မယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေတယ်လို့ နော်မြင့်ထူးက ပြောပါတယ်။

“အခု ကြားရာတာပေါ့နော်။ တိုင်းရင်းသားပါတီကို မဲပေးခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်နိုင်တယ် ဆိုတဲ့ဟာပေါ့နော်။ အများအားဖြင့် ဒေသခံဘယ်သူမဆို တိုက်ပွဲဖြစ်ရမှာ ကြောက်တယ်လေနော်။ အဲလိုမျိုး သွားပြောလိုက်ခြင်းအားဖြင့် ဒေသခံ တွေက ကြောက်တော့ ကိုယ့်ကို မဲမပေးရဲတဲ့အထိ ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ်က မနည်းပြန်လိုက်ရှင်းပြရ တာပေါ့။”ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ်-၂ မှာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက် တွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်ခင်မေဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးခင်မောင်ဝင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးစောလယ်မူဒို၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ဒေါ်တင်တင်နွဲ့၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက နော်မြင့်ထူး ဖြစ်ပါတယ်။

နော်မြင့်ထူးဟာ အသက် ၂၈ နှစ်အရွယ်လူငယ်လည်းဖြစ်၊ ရှမ်းကယားတိုင်းရင်းသူဖြစ်ပြီး ပါတီက ရွေးကောက်ပွဲဝင် ရောက် ယှဉ်ပြိင်ဖို့ သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ သူသာ အနိုင်ရခဲ့ရင်တော့ ဒေသခံတွေ အဓိကရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ငြိမ်းချမ်းမှုရရှိဖို့ တက်ကြွစွာ ပါဝင်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ http://burmese.dvb.n o/archives/420884

***************

၁၆။ မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား
October 31, 2020

ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာ ကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒေသခံတွေကတော့ ပြောင်းရွှေ့ ရမယ့်နေရာကို အတိအကျ မသိရသေးတာကြောင့် မပြောင်းရွှေ့ချင်ကြဘဲ အဲဒီမှာဆက်လက်နေထိုင်ဖို့ လိုလားနေကြပါ တယ်။ ကယားပြည်နယ် မော်ချီးဒေသ ၁၃ ကုန်း (ခေါ်) ယူကော်ခိုကျေးရွာက နေအိမ်တချို့ အန္တရာယ်ဇုန်ထဲမှာ ရောက်ရှိနေ ပါတယ်။ ဒေသခံတွေက မိုးရာသီမှာဆို နေအိမ်တွေမှာ မနေကြပဲ တခြားနေရာမှာ ရွှေ့ပြောင်းနေထိုင်ပြီး ပွင့်လင်းရာသီမှာ နေ့ဘက်ပြန်လာနေပြီး ခဲသတ္ထုရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနဲ့ တခြားသက်ဆိုင်ရာဌာနတွေက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးရာမှာ အဲ့ဒီအန္တရာယ်ဇုန်ထဲက နေအိမ် တွေကို အပြီးပြောင်းရွှေ့ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ညွန်ကြားခဲ့ပါတယ်။ မော်ချီး ခဲသတ္ထုတူးဖော်ရေးဒေသက အန္တရာယ် ဇုန် ထဲမှာရှိတဲ့ အိမ်တွေကို ကုမ္ပဏီတွေက ဖယ်ရှားခိုင်းပေမယ့် လက်ရှိနေထိုင်သူတွေက အပြီးရွှေ့ပြောင်းဖို့ ဆန္ဒမရှိကြပဲ ငြင်းဆန်နေကြပါတယ်။ နေအိမ်ပြောင်းရွှေ့ရမယ့်အထဲမှာပါတဲ့ ဒေါ်စိန်စိန်အေးက အခက်အခဲတွေ ရှိတာကြောင့် မရွှေ့ ပြောင်းချင်ကြောင်း ပြောပါတယ်။ ဌာနပေါင်းစုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက နှစ်ရက်ဆက်တိုက် ကွင်း ဆင်းစစ်ဆေးပြီး ရွှေ့ပြောင်းဖို့ ရာအိမ်မှူးတွေကို မှာကြားသွားတာ ဖြစ်ပါတယ်။ အိမ်တန်ဖိုးနဲ့ ရွှေ့ပြောင်းသယ်ယူရေး စရိတ် က ခန့်မှန်း ငါးသောင်းနဲ့ တစ်သိန်းကြားမှာသာ ရတဲ့အတွက် မရွှေ့ပြောင်းနိုင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေမှာ နေထိုင်နေကြသူတွေကို နေအိမ်တွေအပြီး ပြောင်းရွှေ့ခိုင်းထားတဲ့ နေရာမှာလည်း ခဲသတ္တုလုပ်ငန်းတွေ တိုးချဲ့ဖို့ အစီအစဉ်မရှိတဲ့အပြင် တခြားအန္တရာယ်များတဲ့ ခဲကျင်းလုပ်ငန်းတွေကိုလည်း ရပ်နားထားခိုင်း ထားတယ်လို့ ရဲထွဋ်ကျော်ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်တင်က ပြောပါတယ်။

ပြောင်းရွှေ့ဖို့ မြေနေရာတွေ အတွက် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ လျှပ်စစ်မီး စတဲ့ လိုအပ်ချက်တွေကို ရွားသားတွေနဲ့ တိုင်ပင်ပြီး ကုမ္မဏီတွေဘက် ကနေ စီစဉ်ပေးနိုင်တယ်လို့ ရဲထွဋ်တင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ် သတ္တုဦးစီးဌာနနဲ့ သက်ဆိုင် ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမ ရှိပါဘူး။ မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်၊ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် တွေမှာ မြေပြိုမှုဖြစ်ခဲ့တာဖြစ်ပြီး နေအိမ်တွေ ပျက်ဆီးခဲ့တဲ့အပြင် လူသေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။ https://www .rfa.org/burmese/news/government-orders-evacuation-mawchi-mine-homes-10312 020004512.html

***************

၁၇။ မင်းပြားမြို့နယ်မှ ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လက်နက်ကြီးထိမှန်၍ စစ်တွေ ဆေးရုံရောက်၊ တပ်မတော် ရေယာဉ်က ပစ်ခတ်မှုများ ရှိ၍ ကျေးရွာသားများ ပုန်းခိုနေရ
November 1, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ စစ်တွေမြို့ ဆေးရုံ သို့ ရောက်ရှိဆေးကုသမှု ခံယူနေရကြောင်း ယင်းဖြစ်စဉ်ကို ကူညီပေးနေသူ ဆရာတော်အရှင်ဇနက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။“အောက်တိုဘာလ ၂၉ ရက်နေ့က နေဗီ( တပ်မတော်ရေယာဉ်) ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်သွားတဲ့ မင်းပြားမြို့နယ်၊ စက္ကရေ ကျေးရွာက ၆ တန်းကျောင်းသူ မသန်းသန်းစိုးက အခု စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ အခြေအနေကောင်းပါတယ်” ဟု ဆရာတော်အရှင်ဇနက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်ပင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျော်ရှင်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့်ကျေးရွာသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရှိသူများမှာ ဦးအောင်သာမောင် (၅၅) နှစ်၊ မထွန်းစိန်(၅၈) နှစ်၊ ပန်းနုဝင်း (၂၅)နှစ်၊ ပန်းနုခင် (၂၇)နှစ်၊ ဦးလှဝင်း (၈) နှစ်တို့ဖြစ်ပြီး တပ်မတော်ဇက်ရေယာဉ်က ပစ်ခတ်သံကြားပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ကာ ကျေးရွာသား ၅ ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ နံနက် (၈:၃၀) ခန့် အချိန် တပ်မတော်ရေယာဉ်က ပေါက်တောနှင့် မင်းပြားမြို့နယ်အစပ်နားရှိ လေမြို့မြစ်ကြောင်း တလျောက် သက်ပုန်း၊ ကြောင်ရီချောင်း၊ စွန်ရဲ ၊ ချောင်းလောင်းချောင်း‌ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံရွာသားများက REC သို့ သတင်းပေးပို့လာကြောင်း၊ နှစ်ဖက်တိုက်ခိုက်မှုမဟုတ်ဘဲ တစ်ဖက်သက် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများကြောင့် ကျေးရွာသားများမှာ အသက်ဘေးလွတ်ရာ နေရာများတွင် ပုန်းခိုနေရကြောင်း ရခိုင်မျိုးနွယ်စုများအစည်းအရုံး(REC) က သတင်းထုတ်ပြန်သည်။

REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့ ပေါက်တောမှာ တိုက်ပွဲမရှိဘူးဆိုလို့ ပစ်ခတ်မှုတွေလုပ်သလား လို့ တောင် ထင်မိတယ်။ အခုတော့ ပြည်သူတွေက စိုးရိမ်နေကြတယ်။ ရွာတွေမှာ နေဗီကပစ်လို့ ပုန်းခိုနေကြတယ်။ တော်တော် လေးတော့ စိုးရိမ်နေကြတယ်။ အခုထက်ထိတော့ ထိခိုက်ဒဏ်ရာရရှိမှု မကြားရသေးပါဘူး”ဟု ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။ https://www.khitthitnews.com/2020/11/%e1%80%99%e1%80%84%e1%80%ba% e1%80%b8%e1%80

***************

၁၈။ တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ
November 2, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု နေထိုင်သည့် အသက် (၆၀) အထက် ကြိုတင်မဲ ထည့်ရာ တွင် မိမိသဘောဆန္ဒအရ မထည့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈ နာရီ မှ ညနေ ၆ နာရီထိ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲများပေးနေရပြီ ဖြစ်သည်။

“ တချို့ ကြိုတင်မဲပေးတဲ့ သက်ကြီးရွယ်အိုတွေက သူ့တို့ ဆန္ဒမဟုတ်တဲ့ ပါတီတွေကို မဲပေးလာရတယ်လို့ ပြောလာကြ တယ်။ ကြိုတင်မဲပေးတဲ့အချိန်မှာ မဲရုံမှူးတွေကိုယ်တိုင်က ဖိအားပေးတာကြောင့် တခြားပါတီကို မဲပေးနေရတယ်။ အဲ့ဒေသ မှာ အားကောင်းတဲ့ ပါတီကို ပဲ မဲထည့်လိုက်ရတယ်။ ဒါကတော့မဖြစ်သင့်ဘူး”ဟု တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကိုယ်စားလှယ်လောင်း နန်းယမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ ၎င်းမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးနေချိန် ပါတီ အကျီဝတ်ဆင်ခြင်း၊ ပါတီသီချင်းများဖွင့်ပြီး မဲဆွယ်ခြင်းများပြုလုပ်နေသည်ကိုတွေ့ရကြောင်းလည်း နန်းယမင်း ကပြောသည်။

“ကြိုတင်မဲပေးတဲ့ချိန်မှာ မဲရုံအနားမှာ ပါတီ အကျီမဝတ်ရဘူး ပါတီ သီချင်းတွေမဖွင့်ရဘူးလို့ ဆိုသော်ညားလည်း ပါတီ သီချင်းတွေ မဲဆွယ်တာ ပါတီအကျီဝတ်ပြီး မဲတွေ ကောက်တာတွေကျမတို့ တွေ့ရတယ်။ အဲ့လို ကိစ္စရပ်တွေ ကျမတို့ဆီမှာ ရှိနေပါတယ်။”ဟု နန်းယမင်း ကပြောသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံအားပေးသည့် မဲဆန္ဒရှင် ပြည်သူတစ်ချို့ ပြည်မပါတီမှ ခြိမ်းခြောက်ခြင်း ခံရကြောင်း သိရသည်။ သျှမ်းပြည်တွင်ကြိုတင်မဲများထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ရဘဲ တဦးတယောက်၏ အမိန့်ဖြင့်သာထည့် နေရကြောင်း စုံစမ်းသိရသည်။ https://burmese.shannews.org/arch ives/19179

***************

၁၉။ ကြိုတင်မဲလာပေးသူများကို NLD မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲပေးပုံ လိုက်ရှင်းပြမှု ဖြစ်ပွားနေ
November 2, 2020

ဖားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု မဲရုံ၌ ကြိုတင်မဲ လာပေးသူများကို NLD ပါတီ၏ မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲပေးပုံ လိုက်လံ ရှင်းပြမှုများ ဖြစ်ပွားခဲ့သည်ဟု ကွင်းဆင်းသတင်းရယူနေသည့် ကေအိုင်စီ သတင်း ထောက်က သတင်းပေး ပို့သည်။

အဆိုပါ မဲရုံအတွင်း မဲလာပေးသူများကို NLD ရင်ထိုးတံဆိပ် တပ်ဆင်ထားသူ မဲရုံကိုယ်စားလှယ်က မည်ကဲ့သို့ မဲလက်မှတ် များရယူကာ မည်သို့ မဲပေးရသည်ကို မဲရုံအတွင်းရှင်းပြမှု ယနေ့ နံနက်ပိုင်းတွင် မကြာခဏ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ မပြုလုပ်ရန် ဆိုင်ရာတာဝန်ရှိသူများက ယခင်နေ့ကတည်းက ပြောဆိုထားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ “ မဲလာပေးသူတွေကို မဲရုံစောင့်ကြည့်တဲ့ ပါတီကိုယ်စားလှယ်တွေက အဲလိုလိုက်ရှင်းပြတာတော့ လုပ်လို့မရဘူး။ အခုဖြစ်စဉ် ကိုတော့ ကျနော်အချိန်ပြည့်မရှိတဲ့အတွက် မသိလိုက်ဘူး”ဟု ကော့ထော်ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးမြင့်အောင်က ကေအိုင်စီသို့ ပြောသည်။

ယခုလို မဲပေးချိန်တွင် မဲရုံအတွင်း မဲပေးမှုပုံစံများရှင်းပြခြင်းကို မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများကသာ လုပ်ဆောင်ခွင့်ရှိပြီး ရွေးကောက်ပွဲဝင် ပါတီများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စောင့်ကြည့်ရန်သာ တာဝန်ရှိသည်ဟု ရွေးကောက်ပွဲကော် မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ ကော့ထော်ကျေးရွာအုပ်စုတွင် မဲရုံသုံးရုံရှိပြီး မဲပေးခွင့်ရှိသူ ၄၀၀၀ နီးပါး ရှိကြောင်း ကြိုတင်မဲများကို အောက်တိုဘာ ၃၀ ရက်နေ့တွင် စတင်ကောက်ယူခဲ့ပြီး ကြိုတင်မဲပေးရန် စာရင်းပေးထားသူ မဲဆန္ဒရှင် ၁၀၀၀ ခန့် ရှိသည်။ မဲရုံနေရာပေါ်မှုတည်ကာ ရက်အလိုက် ကြိုတင်မဲပေးခြင်းကို လုပ်ဆောင်လျက်ရှိပြီး ယနေ့တွင် မဲရုံ ၂ ကို ကြိုတင်မဲပေးရန် ဖွင့်လှစ်ထားပြီး တပ်မတော်သားများ မဲလာပေးလျက်ရှိသည်ဟု ကျေးရွာကော်မရှင်မဖွဲ့ခွဲထံမှ သိရသည်။ http://kicnews.org/2020/11/%e1%82%80 %e1%80%80%e1%80%ad%e1%80%b3%e1%80%9

**************

၂၀။ မြေပုံမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ
November 2, 2020

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ စားဝတ်နေရေးပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က RFA ကို ဒီနေ့ ပြောပါတယ်။ အစိုးရရဲ့ ထောက်ပံ့မှုတွေမရှိသလို သွားလာရခက်ခဲပြီး ကပ်ဘေးကာလ ကန့်သတ်ချက်တွေ ကြောင့် အလှူရှင်တွေ မသွားရောက်နိုင်တာတွေကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက RFA ကိုပြောပါတယ်။

လူဦးရေ ၁၃၀၀ ကျော်ခိုလှုံနေတဲ့ ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် အစိုးရဆီက စားနပ်ရိက္ခာ အကူအညီ မရတာကြောင့် မြို့နယ်တာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းရာမှာ ပြည်နယ်အစိုးရအဖွဲ့က အခုလအတွက် ဆန်ထောက်ပံ့ တာကို ရပ်တန့်ထားတယ်လို့ အကြောင်းပြန်ခဲ့ကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးသာက ပြောပါတယ်။ ဒါပေမဲ့ဘာကြောင့် ရပ်တန့်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ မသိရကြောင်းလည်းဆိုပါတယ်။ လူဦးရေ ၁၃၁၄ ဦးရှိတဲ့ ဒီစခန်းအတွက် အစိုးရက အရင်လတွေက လူဦးရေ ၇၇၆ ဦးစာအတွက်ပဲ ပုံမှန်ထောက်ပံ့လို့ ကျန်တဲ့ဒုက္ခသည်တွေအတွက် အလှူငွေတွေနဲ့ ဖြစ်သလို ရှာကျွေးနေရာကနေ အခုလအတွက် အစိုးရရဲ့ ထောက်ပံ့မှုမရတော့လို့ အခက်အခဲနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့လည်း ဆိုပါ တယ်။

ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ အခုလအတွက် အစိုးရရဲ့ ထောက်ပံ့မှု ရပ်ဆိုင်းခံရတာအပြင် စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ရိက္ခာပြတ်လပ်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့နေ့လယ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။ https://www.rfa.org/burmese/news/myaypon-refugees-food-shortage-11022020055 545.html

***************

၂၁။ မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဆားလုပ်ငန်းတွေ ထိခိုက်
October 30, 2020

ကပ်ဘေးကာလမှာ မွန်ပြည်နယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်သုံးဆားကို သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဝယ်ယူသူ မရှိတော့လို့ ကုန်ချောထုတ် စက်ရုံတွေ ပိတ်ထားရပြီး အိမ်သုံးဆား ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်နေပါ တယ်။ မွန်ပြည်နယ်က ထုတ်လုပ်တဲ့ အိမ်သုံးဆားကို တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေရာမှာ ကပ်ဘေးကာလအတွင်း တစ်နေရာနဲ့ တစ်နေရာ သွားလာခွင့်အကန့်အသတ်တွေကြောင့် ဆားဝယ်လိုအား မရှိတော့ဘဲ ဆားလုပ်ငန်းလုပ်ကိုင်သူ တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝယ်ယူသူတွေနည်းပါးသွားပြီး ဆားကုန်ကြမ်းတွေပုံနေလို့ လုပ်ငန်းဆက်လည် ပတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သံဖြူဇရပ်မြို့နယ်က ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောပါတယ်။

“ဒုတိယလှိုင်း ကိုဗစ်ကြမ်းလာတော့ သူ့ရွာသူ့နယ်သူ ကာကွယ်တဲ့အနေနဲ့ အဝင်အထွက် ပေးမလုပ်တော့ အဲဒီနယ်က အဇင်တို့ ဇီးဖြူတောင်တို့ ရေးဘက်ကရော၊ ထားဝယ်ဘက်ကရော သွားရေးလာရေးခက်တော့ ဆားပို့ဖို့က အခုကျွန်တော်တို့ ရပ်ဆိုင်းနေရတယ်။ သွားလို့မရဘူးပေါ့ဗျာ။ အဲဒီအခြေအနေပေါ့။ အဲဒီလိုဆိုတော့ ဆားစက်တွေက မလည်ပတ်နိုင်တော့ဘူး။ မလည်ပတ်နိုင်တော့ ကျွန်တော်တို့မှာ ကုန်ကြမ်းပဲ ကျန်နေတယ်။ ကုန်ကြမ်းကို ရောင်းဖို့ ဝယ်လိုအားမရှိတော့ ငွေဖော်ဖို့ အခက်အခဲဖြစ်တာပေါ့။ ဒါကတော့ ကြီးမားတဲ့ ရင်ဆိုင်မှု အခက်အခဲပါပဲ ဒီကိုဗစ်မှာ”မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဆားထုတ်လုပ်တဲ့ လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာပါ။ မော်လမြိုင်မှာ ဆားကြိတ်စက်ရုံ ၅ ရုံနဲ့ သံဖြူဇရပ်မြို့နယ်၊ ပငရွာမှာ စက်ရုံ ၅ ရုံရှိပါတယ်။ ကုန်ချောထုတ်လုပ်တဲ့ ဆားကြိတ်စက်တွေ အများစုက ဝယ်သူ မရှိလို့ လက်ရှိမှာ ရပ်နားထားပါတယ်။ ကုန်ချောစက်ရုံတွေ ပိတ်လိုက်လို့ ဆားတောင်သူတွေလည်း သူတို့ဆီက ဆားကြမ်း တွေကို ပို့စရာ စက်ရုံမရှိဘဲ အခက်အခဲတွေ ဖြစ်နေပါတယ်။

ဆားလုပ်ငန်းမှာ ဒေသခံတွေအပြင် ဧရာဝတီတိုင်း၊ မကွေးတိုင်းက ရွှေ့ပြောင်းလုပ်သားတွေလည်း လာရောက်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုထိန်းချုပ်ရေးကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှု များ ကုစားနိုင်ရေးအတွက် ဒေသအသီးသီးက လုပ်ငန်းရှင် ၁၂ ဦး ချေးငွေ ရရှိခဲ့ပြီး အဲဒီထဲမှာ မွန်ပြည်နယ်က ဆား တောင်သူ ၆ ဦး ပါဝင်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သြဂုတ် ၂၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ ဆားတောင်သူတွေ၊ ဆားကြိတ်စက် လုပ်ငန်းရှင်တွေ အတိုးနှုန်းသက်သာတဲ့ ချေးငွေရရှိခဲ့တာဟာ သက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွေမှာ စာရွက်စာတမ်း အထောက်အထားနဲ့ တင်ပြလျှောက်ထားခဲ့တာကြောင့် ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောခဲ့ပါတယ်။ https://www.rfa.org/burmese/news/SaltproductionsandmarkedowninMonstateduringpandemi10302020182

****************

၂၂။ မယ်စဲ့မြို့နယ်တွင် KNP က အင်အားပြ မဲဆွယ်၊ ရွေးကော်ကို ကြိုအကြောင်းကြားထားဟု ပြော
October 31, 2020

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝင်ရောက် ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကယန်းအမျိုးသား ပါတီ (KNP) ကို ထောက်ခံဝန်းရံသူများက မော်တော်ယာဉ်၊ ဆိုင်ကယ်များနှင့် အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က အင်အား ၁၀၀၀ ခန့်ဖြင့် လှည့်လည် မဲဆွယ်ခဲ့ကြသည်။ ကယန်း အမျိုးသားပါတီက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လှည့်လည်မည်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံ ကြိုတင် အကြောင်းကြား ထားပြီး ဖြစ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း KNP ပါတီမှ အောင်နိုင်ရေးရုံးအဖွဲ့မှူး ခွန်သောမတ်စ်က ပြောသည်။ “ကျွန်တော်တို့ ကော်မရှင်ကိုလည်း ပြောပြထားပြီးသားပဲ။ ၃၀ ရက်နေ့ လုပ်မယ်ဆိုတဲ့ဟာကို။ သို့သော် သိရသလောက် (အောက်တိုဘာ ၂၉) ည ၈ နာရီလောက်မှပဲ ထုတ်ပြန်ချက်တွေ ထွက်လာတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ မတတ်နိုင် တော့ဘူး။ လူတွေလည်း ရောက်ကုန်ပြီး လူလည်းစုံပြီး သွားဖို့ပဲ ကျန်တော့တယ်။ လူတွေ ပြန်ရုတ်ဖို့ မရှိဘူးပေါ့လေ။ မရှိတော့ ကျွန်တော်တို့ ဒီနေ့ လှည့်လည်ရခြင်းပဲ ဖြစ်ပါတယ်” ဟု ခွန်သောမတ်စ်ကပြော သည်။

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် နိုင်ငံရေး ပါတီဝန်းရံသူများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ညွှန်ကြား ချက်များ၊ အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန် ဖြစ်ပြီး မော်တော်ယာဉ်၊ ရေယာဉ်၊ အနှေးယာဉ်စသည့် မည်သည့် ယာဉ်အမျိုးအစားဖြင့်ဖြစ်စေ လိုက်ပါဝန်းရံသည့်အခါ ခပ်ခွာခွာနေရမည့် social distancing မူများနှင့်အညီ လူ ၅၀ ဦး ထက်မပိုစေဘဲ လိုက်ပါခြင်းဖြင့် မလိုလားအပ်သည့်ဖြစ်စဉ် များ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက် ကြရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ၏ အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဝန်းရံသူများသည် ဖားဆောင်းမြို့မှ မယ်စဲ့သို့ သွားသည့် ကားလမ်းမဘေးရှိ ကျောက်စူ ကျေးရွာတွင် လူစုဝေးခဲ့ပြီး လမ်းမ ဘေးတလျှောက် မယ်ဆည်နမ်၊ ပန်းတိန်၊ မယ်စဲ့၊ နန်းမန်းနှင့် ဟိုစဲ့ ကျေးရွာများသို့ လှည့်လည်ခဲ့သည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယန်းအမျိုးသား ပါတီအနေဖြင့် ကယားပြည်နယ်ရှိ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်တို့တွင် မဲဆန္ဒနယ် ၁၁ နေရာ ဝင်ရောက် ယဉ်ပြိုင်မည် ဖြစ်သည်။ http://www.mizzim aburmese.com/article/75064

**************

၂၃။ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ အမ်းဒါးလက်ရွာသား ၁၄ ဦးကိုပြန်လွှတ်ပေး
November 2, 2020

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ချောင်းမှ တပ်မတော်က ဖမ်းဆီးထားသူ ၁၄ ဦးကို အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲက ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်လာသူ ၁၄ ဦးတွင် ဒါးလက် မြောက်ဘက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်ကြောင်း ဒါးလက် အလယ် ကျွန်းဆရာတော်က မိန့်ကြားသည်။“ လွတ်လာတာ စုစုပေါင်း ၁၄ ယောက်၊ ဒါးလက် မြောက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်တယ်။ သူတို့ မနေ့က မွန်းလွဲပိုင်းမှာ ရွာကို ပြန်ရောက်လာပါတယ်။ နှိပ်စက်တာ၊ ဒဏ်ရာရတာတွေ မရှိပါဘူး။ အဓိက နယ်မြေကျွမ်းသူတွေဖြစ်ကြတဲ့ နယ်မြေအနေအထားတွေကို မေးစမ်းပုံရပါတယ်။ ရက်ပေါင်း တစ်ဆယ်ကျော် လောက်တော့ နေခဲ့ရတာပေါ့” ဟု ဆရာတော်က မိန့်ကြားသည်။

ဒါးလက်မြောက်ဘက်ရွာမှ လွတ်လာသူ ၁၂ ဦးမှာ ဦးဌေးမောင်(၄၃)နှစ်၊ ဦးညီညီအောင်(၃၅) နှစ်၊ ဦးလင်းဝေ(၃၇) နှစ်၊ ဦးကျော်ဌေးလှိုင်(၃၅) နှစ်၊ ဦးတင်ရွှေ(၃ဝ) နှစ်၊ ဦးညီသိန်း(၃ဝ) နှစ်၊ ဦးညီဝင်း(၃၃) နှစ်၊ ဦးမောင်ကြည်သန်း (၂၈) နှစ်၊ ဦးခင်မောင်မြင့်(၃ဝ) နှစ်၊ ဦးဆန်းဝင်မောင်(၄ဝ) နှစ်၊ ကိုစိုးမင်းဌေး(၂၅) နှစ် နှင့် ကိုစိုးမင်းခိုင်(၂ဝ) နှစ်တို့ ဖြစ်ကြသည်။ ရှမ်းကုန်းရွာမှ လူနှစ်ယောက်၏ အမည်ကို မသိရကြောင်း ပြောကြားသည်။ ၎င်းတို့သည် ရေလုပ်သားများဖြစ်ကြပြီး အောက်တိုဘာလ ၂ဝ ရက်နေက ငါးဖမ်း၍ အပြန်၎င်းစစ်တပ်မှာရှမ်းကုန်းဒါးလက်အနောက်ဖက်ကျေးရွာအနီး စခန်းချနေ သည့် တပ်မှမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူစစ်ဆေးခံခဲ့ကြရသူများ ဖြစ်ကြသည်။ အမ်းမြို့နယ်မှ လူမှုရေး ဆောင်ရွက် နေသူ ကိုမျိုးလွင်ကလည်း သူတို့လွတ်မြောက်လာသည်ကို အတည်ပြုပြောကြားသည်။ https://www.bnionline.net/m m/news-76659

****************

၂၄။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုက်ခိုက်၊ အမုန်းစကားဖြန့်မှုကို ဆန့်ကျင်သည့် ကမ်ပိန်းပြုလုပ်
November 3, 2020

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေပြီး အမုန်းစကားများ ပြုမှုများရှိနေကြောင်း စုံစမ်းသိရသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေသည့်အပေါ်၊ အမုန်းစကားပြောနေသည့်အပေါ်ကို ဆန့်ကျင် သည့် အနေဖြင့် နိုဝင်ဘာ ၂ ရက်နေ့တွင် တောင်ကြီးမြို့ လယ် Ocean ကုန်တိုက်ရှေ့တွင် ကမ်ပိန်း ပြုလုပ်ကြောင်း သိရ သည်။ အဆိုပါ ကမ်ပိန်းကို “ ဒို့အသံနဲ့ ပံ့ပိုးမယ်” အဖွဲ့က ပြုလုပ်ပြီး၊ ပြည်သူများကို လက်ကမ်းစာစောင်များ၊ စတေကာ များ ကပ်ပေးခြင်းကို ပြုလုပ်ကြောင်း သိရသည်။

“ကျမတို့အမျိုးသမီးတွေက အကြမ်းဖက်ခံရတယ်။ အမုန်းတရားတွေနဲ့ တိုက်ခိုက်ခြင်းကို ခံစားရတယ်။ အဲဒါကြောင့် အမျိုးသမီးတွေက ဘာမှမလုပ်ချင်ကြတော့ဘူး။ နိုင်ငံရေးနဲ ဆုံဖြတ်ချတဲ့ အခန်းကဏ္ဍတွေမှာ မပါဝင်ဘဲနဲ့ နောက်ဆုတ် သွားတာရှိတယ်” ဟု ကမ်ပိန်း ဦးဆောင်သူ မမီမီသိန်းက ပြောသည်။ ကမ်ပိန်း၏ အဓိက ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ အချိန်ကာလအတါင်း အမျိုးသမီးများသည် အမျိုးသားများထက်ပိုပြီး အကြမ်းဖက်မှု မျိုးစုံ၊ အမုန်းစကားမျိုးစုံ နှင့် မဟုတ် မကန်သည့် သတင်းများကို လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ် တင်ခြင်းတို့ ပြုလုပ်ခံရပြီး၊ နိုင်ငံရေးလောက မှ စွန့်ခွာ သွား အောင် နည်းတမျိုးဖြင့် ခြိမ်းခြောက်သည့် ကိစ္စများပြုလုပ်နေမှုကို ဆန့်ကျင်ကြောင်း မမီမီသိန်း က ပြောသည်။

“ ဒို့အသံ နဲ့ပံ့ပိုးမယ်” ကမ်ပိန်း ကို ရွေးကောက်ပွဲမတိုင်ခင် တိုင်းနှင့် ပြည် ၁၄ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။ https://www.bnionlin e.net/mm/news-76679

***************

၂၅။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖားအံမြို့ရှိ မဲရုံများတွင် သွားရောက်ကြည့်ရှုခဲ့
November 2, 2020

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဖားအံမြို့နယ်ရှိ မဲရုံများတွင် ပြည်သူများ ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်နေမှုများကို အောက်တိုဘာ ၃၀ရက်နေ့မှစ၍ သွားရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ရည်ရွယ်ကာ အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေး ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက ကေအိုင်စီသို့ (နိုဝင်ဘာလ ၂ ရက်)တွင် ပြောသည်။“ဒီနေ့လည်း (ဝန်ကြီးချုပ်က) သွားပြီး အားပေးမယ်နဲ့တူတယ်။ အန်ကယ်တော့ မပါသွားဘူးလေ။ အရင်ရက်တွေကတော့ အန်ကယ်လည်း သုံးရက်ဆက်တိုက် မဲရုံမှာသွားနေကြည့်ပါတယ်။ လူထုကြားထဲက ဘာညာ သိပ်ပြီး တော့ သတင်းမထွက်ပါဘူး။ အခြေအနေကောင်းပါတယ်။’ဟု ဝန်ကြီး မင်းတင်ဝင်းက ပြောသည်။ ဖားအံမြို့ရှိ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက်များ၊ လှာကဒေါင်၊ အုန်းတပင်နှင့် လှိုင်ကမ္ဘာကျေးရွာအုပ်စုများ ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူ များ ကြိုတင်မဲပေးနေမှုကို ဝန်ကြီးချုပ်ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့ကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းစာ မျက်နှာတွင် ဖော်ပြထားသည်။

ဖားအံမဲဆန္ဒနယ်အမှတ်(၁)ရှိ ကော့မူးနုတ်ကျေးရွာ ရာအိမ်မှူးက “ဝန်ကြီးချုပ်တော့ ရွာစာသင်ကျောင်းက မဲရုံကို မနေ့ (နိုဝင်ဘာ ၁ရက်)က လာရောက်ကြည့်ရှုသွားတယ်။ မနက် ၉ နာရီခွဲလောက်မှာပေါ့။ မဲရုံထဲဝင်သွားတာကတော့ ၁၅ မိ နစ်အကြာလောက်ပါပဲ။ ကျမတို့က အပြင်မှာပဲရှိရတယ်လေ။”ဟု ကေအိုင်စီသို့ ပြောသည်။ ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ဖားအံမြို့နယ် မဲရုံများသို့ လိုက်လံကြည့်ရှုနေသည့်အပေါ် ကရင်ပြည်နယ်၊ ပအိုဝ်း တိုင်းရင်းသားရေးရာတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ခွန်မင်းအောင်က သူ၏အမြင်အား ယခုလို ပြောသည်။“လူထုအပေါ် စေတနာထားပြီး ကြည့်ရှုအားပေးတယ်ဆိုရင် သူ(ဝန်ကြီးချုပ်) ရွေးကောက်မခံတဲ့မဲဆန္ဒနယ်မှာ သွားသင့်တယ်။ ရွေးကောက် ခံ နယ်ကိုပဲ သွားမယ်ဆိုရင် အရှိန်အဝါသုံးပြီး သွယ်ဝိုက် မဲဆွယ်တာလို့ မြင်တယ်။ တကယ်လို့ သူက ကြာအင်းဆိပ်ကြီးတို့၊ ကော့ကရိတ်တို့ကိုလည်း သွားတယ်ဆိုရင် သူ့ရဲ့ စေတနာမှန်တယ်လို့ ပြောလို့ရတာပေါ့။”ဟု မှတ်ချက်ပြု ပြောဆိုသည်။

ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ပြည်နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဌဖြစ်သလို လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်သည်။ http://kicnews.org/2020/11/%e1%80%80%e1%80%9 b%e1%80%84%e1%80%b9%e1%80%bb%e1%

**************

၂၆။ မိုးဗြဲတောင်သူအဖွဲ့ကို အစိုးရဘဏ္ဍာငွေချပေးဖူးတာမရှိခဲ့ဘူးလို့ ဝန်ကြီးပြောကြား
November 3, 2020

မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့ကို အားပေးထောက်ခံတဲ့သဘောထားမှတ်ချက်သာပေးဖူးပြီး နိုင်ငံတော်ဘဏ္ဍာငွေ ချပေးတာမရှိခဲ့ဘူးလို့ ရှမ်းပြည်နယ်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့ကို နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်သွားကြတယ်လို့ သတင်းတွေ ဝေဖန် မှုတွေ ထွက်ပေါ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးက အခုလို ပြန်လည်တုန့်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။“ဖယ်ခုံ တောင်သူ ကွန်ယက်တို့၊ ဖယ်ခုံမှာ အားလုံးဘယ်နှစ်ဖွဲ့လဲ။ ၁၁ ဖွဲ့လောက်ရှိတယ်။ မေတ္တာကနေ ပံ့ပိုးတာ။ ဒါပေမယ့် မေတ္တာက အလုပ် မလုပ်ခင်မှာ ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်က ပြောတာပေါ့။ ဒီဖွဲ့၊ ဒီဖွဲ့အားပေး သင့်တယ်၊ ကျနော် သဘောထား မှတ်ချက်ပေးတဲ့ အဖွဲ့တွေပေါ့။ အခုတောင်သူတွေက ပိုပြီးကောင်းကောင်း အလုပ်လုပ်အောင် သူတို့လူကြီးကို ကျနော်က အဲ့လိုပြောတာ။ ဘေးကလူက မသိတော့။ ဘေးကလူက သူတို့ကို ဝန်ကြီးပိုက်ဆံတောင် ပေးပြီးတော့မှ ဝန်ကြီး ပိုက်ဆံကို ကုန်အောင်စားတာပဲဆိုတဲ့မျိုးနဲ့ သူတို့ သူများသွားပြောတာ။” လို့ ခွန်းအေးမောင်က ပြောပါတယ်။

အခုလို ပြောဆိုခံရတဲ့ မိုးဗြဲတောင်သူကွန်ရက်အဖွဲ့က မဟုတ်မမှန်ပြောဆိုစွပ်စွဲခံရတဲ့အပေါ်မှာ အဖွဲ့အစည်း သိက္ခာထိခိုက် စေတယ်လို့ မိုးဗြဲတောင်သူလယ်သမားကွန်ရက်အဖွဲ့ရဲ့ ဥက္ကဌ ခွန်းဌေးဝင်းကပြောပါတယ်။ ၎င်းက “အဲ့ဒါက မိုးဗြဲတောင်သူ ကွန်ယက်အဖွဲ့က ယာမြေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့အတွက် ပိုက်ဆံမရှိဘူးပေါ့လေ။ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ လွှတ်တော်က နိုင်ငံတော်ဆီကနေ ပိုက်ဆံတောင်းပေးထားတယ်တဲ့။ သိန်း ၃၀၀ ကျလာတာပေါ့နော်။ အဲ့ဒါက မိုးဗြဲ တောင်သူက ခေါင်းဆောင်ပိုင်းတွေ ခွဲဝေယူကြတာပေါ့နော်။ အလွှဲသုံစား လုပ်စားကြတာပေါ့နော်။ ပြီးမှ ရန်တွေလည်း ဖြစ်ကြတယ်လို့ ပြောသွားတဲ့အနေအထားမှာ ကျနော်တို့ မိုးဗြဲတောင်သူတွေအနေနဲ့ အများကြီး သိက္ခာထိ ခိုက်တယ်။ ထိခိုက်နှစ်နာမှုဖြစ်ခဲ့တာပေါ့လေ။”လို့ ပြောပါတယ်။ အခုလို စွပ်စွဲပြောခဲ့တဲ့သူနဲ့ မိုးဗြဲတောင်သူလယ်သမား ကွန်ယက်အဖွဲ့ တို့ မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာလ ပထမပတ်ထဲ တွေ့ဆံညှိုနှိုင်းတာ ရှိခဲ့ပေမယ့်လို့လည်း ဝန်ခံ တောင်းပန်တာမရှိခဲ့ဘူးလို့ မိုးဗြဲတောင်သူလယ်သမားကွန်ရက်အဖွဲ့ဝင် ခွန်းအောင်မျိုး ခန့်က ပြောပါတယ်။

၎င်းကိစ္စရပ်နဲ့ ပတ်သက်လို့ မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁က သတင်းစာရှင်း လင်းပွဲကို ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ မိုးဗြဲတောင်သူလယ်သမားကွန်ယက်အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်သူလယ်သမားအရေးတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ မေတ္တာဖောင်ဒေးရှင်းကနေ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။ https://www.bnionline.net/mm/news-76675

****************

၂၇။ မဲဆွယ်စည်းရုံးရာ မရောက်စေသည့် တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီး မဲပေးနိုင်ကြောင်း ဧရာဝတီတိုင်းရွေးကော် ပြော
November 1, 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးသည့်နေ့တွင် မဲဆွယ်စည်း ရုံးရာ ရောက်စေသည့် ဝတ်စားဆင်ယင်မှုများမှလွဲ၍ မိမိတို့၏ တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ကာလွတ်လပ်စွာ မဲပေးနိုင် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောဆို သည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အချို့တွင် အဆိုပါ မဲပေးသည့်နေ့ ကရင်ရိုးရာဝတ်စုံ များဝတ်ဆင်ခြင်းမပြုရန် ညွှန်ကြားထားမှုရှိကြောင်း သတင်းများထွက်ပေါ် နေသည့်အတွက် ၎င်းက ယခုလို ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

“မဲပေးတဲ့သူတွေအနေနဲ့မဲဆွယ်စည်းရုံးရာရောက်မယ့် ဝတ်စားဆင်ယင်မှုမျိုးပေါ့။ တူညီဝတ်စုံတွေပေါ့။ တူညီ ဝတ်စုံဆိုတာ က ဥပမာ ပါတီဝတ်စုံလိုမျိုးပေါ့။ တူညီတဲ့တံဆိပ်တွေနဲ့ဝတ်ပြီးလာတာမျိုးပေါ့။ ဒါတွေတော့ လုပ် လို့မရဘူးပေါ့။ တိုင်းရင်း သားဝတ်စုံကို ဝတ်ဆင်လာလို့ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် မဲဆွယ်စည်းရုံး ရေးအသွင်မဆောင်ဖို့တော့ အရေးကြီး ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးမြင့်နိုင်က ပြောသည်။ မဲပေး သည့် နေ့တွင် ကရင်ရိုးရာဝတ်ဆင်ခြင်းမပြုကြရန် မြောင်းမြမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အသီးသီထံ ညွှန်ကြားမှုများ ရှိကြောင်းပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့နယ် ညောင်ချောင်းပွေးစု ကျေးရွာအုပ်စုအတွင်း အဆိုပါ သတင်းများ ပျံ့နှံ့မှုဖြစ်ပေါ်ခဲ့ခြင်း လည်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အောက်တိုဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် ရွေးကောက်ပွဲနေ့ တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက် လွှတ်တော်ကိုယ်စား လှယ်များ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက် ၍ ညွှန်ကြားစာထုတ်ပြန်ထားပြီးလည်းဖြစ်သည်။ ထုတ်ပြန်ထားသည့် ညွှန်ကြားစာများအရ အဆိုပါပုဂ္ဂိုလ်များအနေဖြင့် မဲရုံသို့လာရောက်ရာတွင် မိမိတို့နှင့် သက်ဆိုင်သည့် ပါတီ၊ တစ်သီးပုဂ္ဂလပါတီ ရင်ထိုးတံဆိပ်မှအပ ပါတီတံဆိပ်အမှတ် အသားပါသည့် သို့မဟုတ် မဲ ဆွယ်စည်းရုံးရာရောက်သည့် ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်၊ ယူဆောင်ခြင်း ရှောင်ကြဉ်ရေး၊ အမျိုးသားဝတ်စုံ (တိုင်းရင်းသားဝတ်စုံအပါအဝင် )ကိုသာ ဝတ်ဆင်ရေး စသည့်အချက်များ ပါဝင်သည်။ http://kicnews.org/2020/11/%e1%80%99%e1%80%b2%e1%80%86%e1%80%bc%e1%80% 9a%e1%

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **