• Today is: Friday, March 29, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 32, June 5, 2020)

 

၁။       အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္ ပူးေပါင္း၊ RCSS/SSA  စခန္းကို ပစ္ခတ္

၂။       ဆီဆိုင္တြင္ ေတာင္သူမ်ား ထြန္တံုးတိုက္ပြဲ ျပဳလုပ္

၃။       တပ္မေတာ္၏ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေဒသခံရြာသား ၂ ဦး ထိခုိက္ဒဏ္ရာရရွိ

၄။       လက္နက္ကိုင္အႏၲရာယ္ေၾကာင့္ ပလက္ဝမွာ ရိကၡာျပတ္

၅။       တပ္ဖြဲ႔ဝင္ သံုးဦးကို  AA  ဖမ္းသြားတယ္လို႔  ALP  စြပ္စြဲ

၆။       ရီမုမိုင္းျဖင့္ တိုက္ခိုက္ခံရသျဖင့္ ပုဏၰားကြ်န္းအဝင္တြင္ တပ္မေတာ္သားတခ်ိဳ႕ က်ဆံုး

၇။       ကခ်င္တစ္ေက်ာ့ျပန္စစ္ပြဲ ၉ ႏွစ္ျပည့္ေန႔ စစ္ေရွာင္စခန္းမ်ားတြင္ ေက်ာက္တိုင္စိုက္ထူမည္

၈။       ေက်ာင္းအပ္ခ်ိန္ တိုင္းရင္းသားအမည္ ထည့္သြင္းေရးအေၾကာင္းၾကားစာ ျပည္နယ္ ကရင္စာ/ ယဥ္မွ လက္ခံရရွိျခင္း မရွိေသး

၉။       AA ဖမ္းဆီးခဲ့သည့္ ခ်င္းအမ်ိဳးသမီး ေသဆံုးမႈ လူ႔အခြင့္အေရးအဖြ႔ဲမ်ားထံ တင္ျပမည္

၁၀။     KNU ေညာင္ေလးပင္ခ႐ုိင္ရွိ Covid -19 ထိန္းခ်ဳပ္ကာကြယ္ေရးဂိတ္တစ္ခု ဖ်က္ဆီးခံရ

၁၁။     ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္းက်င္းပမည္ျဖစ္ၿပီး COVID-19 ေရာဂါေၾကာင့္ မဲဆြယ္စည္း ရံုးမႈႏွင့္ပတ္                     သက္၍ စည္းကမ္းခ်က္အသစ္မ်ားရွိလာမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္ေျပာၾကား

၁၂။     ဘိန္းစာပင္မ်ား မဖ်က္ဆီးဘဲထားရွိပါက မူးယစ္ဥပေဒျဖင့္ အေရးယူမည္ဟု KNPF စာထုတ္

၁၃။     ေျမပံုေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႕ တရားစြဲခံထားရ

၁၄။     ျမဝတီ သစ္ေတာပုိင္ေျမကုိ ၿခံကြက္႐ုိက္ ေရာင္းခ်ေနသူမ်ားအား ေဖာ္ထုတ္အေရးယူမည္ဟု သစ္ေတာဌာနေျပာ

၁၅။     ႏုိင္ငံေရးအက်ဳိးအျမတ္အတြက္ COVID-19 ကုိလက္နက္အျဖစ္အသုံးခ်ဟု ေရွ႕ေျပးအသံအဖြဲ႔အစီရင္ခံစာထုတ္ျပန္

၁၆။     နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဒံုဟီးၿမိဳ႕နယ္အတြင္းရွိ ေျပာင္းခင္းမ်ား ပိုးက်မႈေၾကာင့္ပ်က္စီးမႈရွိ၍ ေဒသအတြင္း လာမည့္ႏွစ္                စားနပ္ရိကၡာအတြက္ အခက္အခဲ ျဖစ္ႏိုင္ဟုဆို

၁၇။     ေျပာင္းစိုက္ခင္းမ်ားတြင္ ငေျမွာင္ေတာင္ပိုး ဖ်က္ဆီးမႈနဲ႔ ရင္ဆိုင္ေနရ

၁၈။     မဟာဓာတ္အားလိုင္းသြယ္သည့္ လုပ္သားကား ေခ်ာက္ထဲက်  ၂ ဦးေသ

၁၉။     ေတာင္ကုတ္ၿမိဳ႕နယ္ ပန္းတင္ (ငေမာက္ေခ်ာင္း) တိုက္နယ္ေဆးရံုတြင္ တာဝန္က်ဝန္ထမ္း လတ္တေလာ မရွိသျဖင့္ ပိတ္ထား

ရၿပီး က်န္းမာေရးႏွင့္ ပတ္သက္၍ ေဒသခံမ်ား စိုးရိမ္

၂၀။     ခိုလမ္တြင္ ကြ်န္းတင္ ကား(၁၃)စီး ႏွင့္ အတူ ယာဥ္ေမာင္း တဦး ဖမ္းဆီးရ

၂၁။   ေမချမစ္ေပၚေရကာတာ ၆ ခု၏ အခ်က္အလက္မသိရသျဖင့္ ဧရာဝတီျမစ္ေရအတက္အက်ခန႔္မွန္းရန္ ခက္ခဲေနဟုဆို

၂၂။     COVID-19 လူနာသစ္ Case-231 သည္ မူဆယ္ၿမိဳ႕နယ္ မံုးေပၚတိုက္နယ္ က်န္းမာေရးမွဴးျဖစ္ၿပီး မူဆယ္ရွိ က်န္းမာေရး ဝန္ထမ္း               မ်ားကို COVID -19  ပိုးရွိ မရွိ စစ္ေဆးရာမွ ပိုးေတြ႔ ျခင္းျဖစ္

၂၃။     သွ်မ္းျပည္တြင္း ၂ လ ေက်ာ္ ဖြင့္လွစ္ခဲ့သည္ က်န္းမာေရး စစ္ေဆးေရးဂိတ္မ်ား ပိတ္သိမ္း

၂၄။     ေတာင္ႀကီးၿမိဳ႕နယ္ တြင္ ထိုင္းျပည္ေတာ္ျပန္ ၆၀ဝ ေက်ာ္ ရွိ

****************

၁။        အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္ ပူးေပါင္း၊ RCSS/SSA  စခန္းကို ပစ္ခတ္

June 3, 2020

ကိုဗစ္ကာလၾကား သွ်မ္းျပည္ အေရွ႕ပိုင္း ပံုပါက်င္ၿမိဳ႕နယ္တြင္ အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔ ပူးေပါင္းၿပီး RCSS/SSA တို႔ ယေန႔ မနက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြါးခဲ့ေၾကာင္း စံုစမ္းသိရသည္။

ဇြန္ ၃ ရက္ ယေန႔မနက္ပိုင္းက မိုင္းဆတ္ခရိုင္ ပံုပါက်င္ၿမိဳ႕နယ္အတြင္း အမွတ္ ၆၅ ေျခလ်င္တပ္ရင္း ႏွင့္ အမွတ္ ၁၀ဝ၇ နယ္ျခားေစာင့္တပ္တို႔ ပူးေပါင္းၿပီး သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊သွ်မ္းျပည္တပ္ေတာ္( RCSS/SSA) ယာယီတပ္ စခန္းကို လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး ခမ္းစံ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“တိုက္ပြဲကေတာ့ မနက္ ၈ နာရီ ကေန ၁၀ နာရီထိျဖစ္သြားတယ္။ တပ္နဲ႔ နယ္ျခားေစာင့္တပ္ ပူးေပါင္းၿပီး က်ေနာ္တို႔ တပ္စခန္း ရွိတဲ့ေနရာကို ပစ္တာပါ။ လူထိခိုက္မႈေတာ့မရွိဘူး” ဟု ဗိုလ္မွဴး ခမ္းစံ ကဆိုသည္။

အစိုးရတပ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔ ပူးေပါင္းၿပီး စစ္အင္အား ၁၀ဝ တို႔သည္ ေမာ္တာ ၆၀ မမ၊ M 79 ၊တို႔ျဖင့္ RCSS/SSA ၏ ယာယီတပ္စခန္းကို ပစ္ခတ္ေၾကာင္းသိရသည္။ လက္ရွိမွာ အစိုးရတပ္မေတာ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔သည္ စစ္အင္အား မ်ား ျဖည့္ေနမႈေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ ျဖစ္ပြားမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။ ဧၿပီလကလည္း RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲမ်ားထပ္မံ မျဖစ္ပြားေအာင္ ၂ ဖက္ ထိန္းသိမ္းေနထိုင္သြားမည္ဟုလည္း ႏႈတ္ကတိမ်ား အျပန္အလွန္ေပးခဲ့ၿပီး ကိုဗစ္-၁၉ ကာလ အတြင္း ပူးေပါင္းေဆာင္ရြက္ရန္လည္း ေျပာဆိုထားၾကသည္။

ထုိ႔ျပင္ အစိုးရတပ္မေတာ္ ဘက္မွလည္း အၾကမ္းဖက္ဟု ေၾကညာထားသည့္ အဖြဲ႔အစည္းရွိသည့္ေနရာမွ အပ က်န္ နယ္ေျမ မ်ားတြင္ ေမ ၁၀ ရက္မွ ၾသဂုတ္ ၃၁ ရက္ထိ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္သည့္ ကာလအေနျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲ ထားေၾကာင္း ေၾကညာခ်က္ထုတ္ခဲ့ေသးသည္။ RCSS/SSA သည္ တႏိုင္ငံလံုး အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔ တခုျဖစ္သည္။ https://burmese.shannews.org/archiv es/16919

**************

၂။       ဆီဆိုင္တြင္ ေတာင္သူမ်ား ထြန္တံုးတိုက္ပြဲ ျပဳလုပ္

June 2, 2020

သွ်မ္းျပည္ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္အတြင္း အစိုးရတပ္သည္ ေတာင္သူမ်ား၏ ေျမယာ မ်ား၊ လယ္ထြန္စက္မ်ားကို သိမ္းဆည္းသြားသျဖင့္ ေတာင္သူမ်ားက ထြန္တံုးတိုက္ပြဲ ျပဳလုပ္သည္။ ေမလ ေႏွာင္းပိုင္းက အစိုးရတပ္ႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ ေက်းရြာ ၅ ရြာမွ ေတာင္သူမ်ား ေျမယာအျငင္းပြားမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ အစိုးရတပ္မွ ေဒသခံ ေတာင္သူ ၇၀ ကို တရားစြဲခဲ့ၾကၿပီး ၎တို႔၏ လယ္ထြန္စက္ ၂၉ စီး ပါသိမ္းဆည္းျခင္းခံရေၾကာင္း ဆီဆိုင္ၿမိဳ႕နယ္ ေဒသခံမ်ား ေျပာျပခ်က္အရသိရသည္။“စစ္တပ္က ေတာင္သူေတြရဲ႕ လယ္ထြန္စက္ကိုသိမ္းထားေတာ့ ေတာင္သူေတြက ကြ်ဲ ၊ ႏြားေတြ မရွိေတာ့ အရင္ကလို လူေတြ နဲ႔ ျပန္လုပ္ေနရတယ္။ စိုက္ပ်ိဳးဖို႔ အရမ္းအခက္ခဲ ျဖစ္ေနၾကတယ္ ” ဟု ဆီဆိုင္ၿမိဳ႕ ေအာင္ခ်မ္း သာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစံဝင္းေမာင္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

ဆီဆိုင္ၿမိဳ႕ အေျခစိုက္ အမွတ္ (၄၂၃) ေျခလ်င္တပ္ရင္း ႏွင့္ (၄၂၄) ေျခလ်င္တပ္ရင္းမ်ားက ေမလ ၃၀ ရက္ တြင္ ေျမဧက ၉၀ဝ ကို သိမ္းယူခဲ့ေၾကာင္းသိရသည္။“ဒီျပသနာက ဒီကေန႔ထိပဲ မၿပီးေသးဘူး။ သူတို႔ သိမ္းထားတဲ့ ေျမေတြက ဘိုးဘြား ပိုင္ေျမျဖစ္တယ္။ ျပည္ထဲေရးမွာလည္း အမည္ေပါက္ျဖစ္ထားတယ္။ အခု ေတာင္သူေတြ အရမ္းဒုကၡေရာက္ေနတယ္။ မိုး ရာသီလည္းေရာက္ၿပီ ေျပာင္းေတြ စပါး ေတြ စိုက္ပ်ိဳးခ်ိန္ေရာက္ၿပီေလ”ဟု ဦးစံဝင္းေမာင္ ကေျပာသည္။ လက္ရွိမွာ စစ္တပ္ မွ ေတာင္သူ ၇၀ ဦး ကို ဆီဆိုင္ၿမိဳ႕မ ရဲစခန္းတြင္ ပုဒ္မ ၄၄၇ ႏွင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဆီဆိုင္ၿမိဳ႕နယ္ ေက်းရြာ ၅ ရြာမွ ေဒသခံမ်ားသည္ ေျမအျငင္းပြားမႈေၾကာင့္ စိုက္ပ်ိဳးေရးေကာင္းေကာင္းမြန္မြန္ မလုပ္ႏိုင္သလို တဖက္တြင္လည္း ေျမယာအမႈကိုဆက္လက္ရင္ဆိုင္သြားရဦးမည္ျဖစ္သျဖင့္ ခက္အခဲမ်ားရင္ဆိုင္ေနရေၾကာင္းလည္း ဆီဆိုင္ ၿမိဳ႕နယ္ ေဒသခံေတာင္သူမ်ားကဆိုသည္။“က်ေနာ္တို႔ ဒီေျမယာမွာ စိုက္ပ်ိဳးလာတာၾကာၿပီ၊ ဒီလယ္မလုပ္ရင္ က်ေနာ္တို႔ ဘာသြားလုပ္ရမွာလဲ။ တဖက္ကလည္း ကိုဗစ္-၁၉ ျဖစ္ေတာ့  ႏိုင္ငံျခားသြားလည္းမရဘူး။ တပ္က မတရားသိမ္းတာ၊ လုပ္ေန တာ” ဟု ဆီဆိုင္ၿမိဳ႕နယ္ ေတာင္ယာလုပ္ကိုင္သူတဦး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ စစ္တပ္မွ သိမ္းဆည္း သည့္ ေျမယာမ်ားသည္ ပအိုဝ္း ေတာင္သူမ်ားပိုင္ဆိုင္သည့္ ေျမယာမ်ားျဖစ္ေၾကာင္း၊ ကိုဗစ္ကာလအတြင္း ေတာင္သူမ်ား စားဝတ္ ေနေရးအတြက္ လယ္ယာေကာင္းမြန္စြာစိုက္ပ်ိဳးႏိုင္ရန္အတြက္ အစိုးရတပ္အေနျဖင့္ ကူညီေပးသင့္ေၾကာင္းလည္း ၎ ေတာင္သူက ေျပာသည္။ေမ ၃၀ ရက္တြင္ ေတာင္သူမ်ားသည္ မိမိပိုင္ေျမယာေပၚ ထြန္ယက္ စိုက္ပ်ိဳးေနစဥ္ တပ္မွ ဝင္ေရာက္ကာ အမိန္႔အာဏာ ေပး ျခင္း၊ လယ္ထြန္ေနသည့္ စက္မ်ားကို ဆီဆိုင္ရဲစခန္းသို႔ ပို႔ေဆာင္လိုက္သည့္ ဗြီဒီယိုဖိုင္သည္ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေတြ႔ရသည္။ ထို႔ျပင္ စစ္တပ္ ေျမယာသိမ္းျခင္းခံရသည့္ ေတာင္သူမ်ား၊အမႈဖြင့္ခံရသည့္ အသက္အရြယ္ႀကီးသည့္ အမ်ိဳးသမီး မ်ား ငိုေၾကြးသည့္ ရုပ္သံလည္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။ အစိုးရ တပ္၏ ေျမယာသိမ္းမႈသည္ ယခုရက္ပိုင္း သွ်မ္းျပည္ေတာင္ပိုင္းသာမက သွ်မ္းျပည္ေျမာက္ပိုင္းတြင္ သိမ္းဆည္းမႈမ်ားရွိေနသျဖင့္ သွ်မ္းျပည္သူမ်ားလည္း စိုးရိမ္ပူပန္မႈ ျဖစ္ပြားေနၾကသည္။ https://burmese.shannews.org/archives/16897

*************

၃။       တပ္မေတာ္၏ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေဒသခံရြာသား ၂ ဦး ထိခုိက္ဒဏ္ရာရရွိ

June 3, 2020

ကရင္ျပည္နယ္၊ ဖာပြန္ေဒသတြင္ ျမန္မာ့တပ္မေတာ္ လက္ေအာက္ခံတပ္ရင္းမွ ေဒသခံေက်းရြာမ်ားထဲသုိ႔ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ယမန္ေန႔ ဇြန္လ ၂ ရက္ေန႔က ေဒသခံရြာသား (၂) ဦး ထိခုိက္ဒဏ္ရာရရွိခဲ့ၿပီး နီးစပ္ရာ ေဆးရုံသုိ႔ ပုိ႔ေဆာင္ ခဲ့ရေၾကာင္း ေဒသတြင္း သတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။

မူတေရာ္(ဖာပြန္)ခရုိင္၊ ဒြယ္လုိးၿမဳိ႕နယ္၊ ေမာေလာ္ကလုိးေက်းရြာအနီးတြင္ ယမန္ေန႔က တပ္မေတာ္ႏွင့္ KNLA တပ္ဖဲြ႔တုိ႔ အ ၾကား ပစ္ခတ္မႈျဖစ္ပြားရာတြင္ ေမာေလာ္ကလုိး ေက်းရြာအေနာက္ဘက္ရွိ ဝါးကလုိး ထေက်းရြာသုိ႔ တပ္မေတာ္ အမွတ္(၈) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ လက္ေအာက္ခံ ေျချမန္တပ္ရင္း(ခမရ-၄၁၀) စခန္းမွ လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈေၾကာင့္ ဝါးကလုိးထေက်းရြာ ေဒသခံ သားအဖႏွစ္ဦးကုိ ထိမွန္ခဲ့ေၾကာင္း အမည္မေဖာ္လုိသူ ေဒသခံတစ္ဦးက ယခုလုိေျပာသည္။ “မေန႔က ၂ နာရီေက်ာ္ေလာက္မွာ KNLA နဲ႔ ပစ္ၾကတာ။ အဲ့ဒါ သူတုိ႔ (စစ္တပ္) ဘက္က လက္နက္ႀကီး ၂ လုံး ပစ္လုိက္တာ ရြာထဲကုိ က်ၿပီး ရြာထဲက သားအဖႏွစ္ဦးကုိ သြားထိတာပဲ။ သူတုိ႔ကုိ ကမေမာင္းေဆးရုံကုိ ပုိ႔လုိက္တယ္” ဟု ၎ေဒသခံက ေကအုိင္စီသုိ႔ ေျပာသည္။

အဆုိပါ လက္နက္ႀကီးထိမွန္သူ သားအဖႏွစ္ဦးမွာ အသက္ (၅၂) ႏွစ္အရြယ္ ေစာဖားပုိေကးႏွင့္ ၎၏ သမီး ျဖစ္သူ အသက္ (၁၆)ႏွစ္အရြယ္ ေနာ္ေမရီတုိ႔ ျဖစ္ၾကသည္ဟုလည္း အဆုိပါ ေဒသခံက ဆက္ေျပာသည္။ ယင္း ေဒသခံ ေက်းရြာသားႏွစ္ဦး လက္နက္ႀကီးထိမွန္ၿပီး ကမေမာင္း ေဆးရုံသုိ႔ လာေရာက္ပုိ႔ေဆာင္ကုသခဲ့ ေၾကာင္း ကမေမာင္းေဆး႐ုံတြင္ တာဝန္က်ေန သည့္ အမည္မေဖာ္လုိသူ က်န္းမာေရး ဝန္ထမ္းတစ္ဦးကလည္း ေကအုိင္စီသုိ႔ အတည္ျပဳေျပာဆုိသည္။ ၎က “မုိင္း အစထိ တာ။ ရြာသားပဲ၊ သူ႔အေဖနဲ႔ သမီးနဲ႔။ သူ႔အေဖက ေျခေထာက္မွာထိတာ၊ သူ႔သမီးက လက္မွာထိတာ။ သိပ္ေတာ့ ဆုိးဆုိးဝါးဝါး မျဖစ္ဘူး။ ဒီေန႔မနက္ ေဆးရုံကေတာင္ ဆင္းသြားၿပီး။ ေရပူရြာက လုိ႔ေတာ့ ေျပာတယ္။ ကေလးမေလးက ၁၃ ႏွစ္ပဲရွိေသး တယ္”ဟု ေျပာသည္။

အဆုိပါ ပစ္ခတ္မႈႏွင့္ ေဒသခံ ထိခုိက္ခံရမႈႏွင့္ပတ္သက္ၿပီး ကရင္အမ်ဳိးသားအစည္းအ႐ုံး-KNU တပ္မဟာ (၅)၊ မူတေရာ္ (ဖာပြန္)ခရုိင္မွ ေျမျပင္သတင္းမတက္လာေသးေသာေၾကာင့္ တစုံတရာမသိရွိရေသးေၾကာင္းေျပာဆုိသလုိ တပ္မေတာ္ တာဝန္ရွိ သူဘက္ကုိလည္း ဆက္သြယ္ေမးျမန္း၍ မရရွိေပ။ လတ္တေလာကာလတြင္လည္း KNU တပ္မဟာ (၅) လက္ ေအာက္ခံ တပ္ရင္းတပ္ဖြဲ႔မ်ားႏွင့္ ျမန္မာတပ္မေတာ္ လက္ေအာက္ခံတပ္ရင္းတုိ႔အၾကား ပစ္ခတ္တုိက္ခုိက္မႈ မၾကာခဏ ဆက္လက္ျဖစ္ပြားေနၿပီး ၿပီးခဲ့သည့္ လ တြင္လည္း အရပ္သားထိခုိက္မႈ ထြက္ေျပးတိမ္းေရွာင္ရမႈရွိခဲ့ေၾကာင္း ေဒသတြင္း သတင္းအရင္း အျမစ္မ်ားထံမွ သိရသည္။ http://kicnews.org/2020/06/%e1%80%90%e1%80%95%e1%80%  b9%e1%80%99%e1%80%b1%e1%

*************

၄။       လက္နက္ကိုင္အႏၲရာယ္ေၾကာင့္ ပလက္ဝမွာ ရိကၡာျပတ္

June 3, 2020

ပလက္ဝၿမိဳ႕နယ္မွာ ေနထိုင္ၾကတဲ့ ေဒသခံအမ်ားစုဟာ ေတာင္ယာလုပ္ငန္းကို လုပ္ကိုင္ၾကတာျဖစ္ၿပီး ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ဆက္သြယ္ထားတဲ့ ကုလားတန္ေရလမ္းေၾကာင္းကို အသံုးျပဳကာ ကုန္ပစၥည္းေတြ ဖလွယ္ၿပီး စားဝတ္ေနေရးေတြကို ေျဖရွင္းေနရတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ကို သြားတဲ့ေရလမ္းေၾကာင္းမွာ လက္နက္ကိုင္တပ္ဖြဲ႔ေတြက ေခၚယူစစ္ေဆးတာေတြ ပစ္ခတ္တာေတြ ရွိေနတာေၾကာင့္ ကုန္စည္စီးဆင္းမႈမရွိဘဲ ပလက္ဝၿမိဳ႕ေပၚမွာ စာနပ္ရိကၡာေတြ ျပတ္လပ္ေနတယ္လို႔ ပလက္ဝ ေဒသခံ ဆလိုင္းခင္ေမာင္က ေျပာပါတယ္။ “ေဖေဖာ္ဝါရီလ ၉ ရက္ေလာက္ကတည္းက မသြားရတာဗ်။ မသြားရ ဘူးဆိုတာကလည္း ဘယ္သူမွတားျမစ္ထားတာမ်ိဳး မဟုတ္ဘူး။ ဒါေပမဲ့ သြားရင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာ နား ေလာက္ ျမန္မာ့တပ္မေတာ္သားေတြက ပစ္ခတ္တာေတြရွိတယ္။ ေလွေပၚက လူေတြကိုေခၚတယ္ ေမးျမန္းတယ္၊ သတ္ျဖတ္ တယ္။ ပစ္ခတ္တာေတြရွိတယ္ တခ်ိဳ႕ဆိုရင္ ဒဏ္ရာ ရသြားတာေတြရွိတယ္။ ဟိုတစ္ေလာကဆိုရင္ ေသသြားတဲ့ သူေတြ ေတာင္ရွိတယ္။ က်ေနာ္တို႔မွာ လမ္းေၾကာင္းက ဒီေရလမ္းေၾကာင္းတစ္ခုပဲ ရွိတာေပါ့ေနာ္။ ရခိုင္ျပည္နယ္နဲ႔ ဆက္သြယ္ထား တာေပါ့။ အခုက ကားလမ္းကေတာ့ ေပါက္ေနၿပီ သြားလို႔မရဘူး။ ကုန္းလမ္းကသြားရင္လည္း ပစ္တယ္၊ ေရလမ္းကသြားရင္ လည္းပစ္တယ္ ဘယ္ကမွ သြားလို႔မရဘူးအခုက။”  လက္ရွိအခ်ိန္ထိ ပလက္ဝၿမိဳ႕ဘက္မွာ စားနပ္ရိကၡာေတြ ရွားပါးေနသလို ကုန္းေစ်းႏႈန္းေတြလည္း ဆက္လက္ျမင့္တက္ေနတယ္လို႔ သူကဆက္ေျပာပါတယ္။

ပလက္ဝေဒသခံေတြ ႀကံဳေတြ႔ေနရတဲ့ စားနပ္ရိကၡာျပတ္လပ္တာေတြကို သက္ဆိုင္ရာဌာနဆိုင္ရာေတြကို အခ်ိန္နဲ႔ တေျပးညီ တင္ျပထားေပမဲ့ လက္ရွိအခ်ိန္ထိ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္တာေတြကို ရင္ဆိုင္ေနရတုန္းပဲလို႔ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဆလိုင္မ်ိဳးထိုက္က ေျပာပါတယ္။ “အခက္အခဲရွိတယ္ဆိုတာက ၿမိဳ႕ေပၚမွာေနတဲ့ သူေတြေရာ ၿပီးေတာ့အနီးအနားေက်းရြာေတြမွာ ေနတဲ့သူေတြေရာ ေက်းရြာေတြမွာ တိုက္ပြဲေရွာင္တဲ့အေနနဲ႔ ေနတဲ့ တခ်ိဳ႕ ၿမိဳ႕ျပင္ပ ေက်းရြာေတြမွာ ရွိတယ္ေလ။ သူတို႔မွာ စားဖို႔မရွိဘူးဆိုၿပီးေတာ့ က်ေနာ့္ကိုလွမ္းၿပီးေတာ့ ဖုန္းနဲ႔ အေၾကာင္းၾကားတာ ေတြ ရွိတယ္။ ကုန္ေစ်းႏႈန္းက ရိကၡာျပတ္တယ္ဆိုေတာ့ တက္မွာပဲေလ။ က်ေနာ္ကေတာ့ သိပ္ေျပာစရာ မရွိဘူး။ က်ေနာ္ကေတာ့ သက္ဆိုင္ရာ ေတြကို အေၾကာင္းၾကားေပးတယ္။ လူထုေတြ လွမ္းၿပီးေတာ့ အကူအညီေတာင္းတာေတြကို ခ်င္းျပည္နယ္ အစိုးရအဖြ႔ဲ႔ကိုေရာက္ အခ်ိန္နဲ႔ တေျပးညီအေၾကာင္းၾကားေပးပါတယ္။”

ၿပီးခဲ့လပိုင္းေလာက္ကလည္း ပလက္ဝနယ္ကို စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးဖို႔ သြားတဲ့ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP ယာဥ္တန္းက လက္နက္ကိုင္အဖြဲ႔ေတြက ပစ္ခတ္ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ပလက္ဝၿမိဳ႕နယ္ေတြမွာ ႀကိဳၾကားႀကိဳၾကား ပစ္ခတ္မႈေတြ ဆက္လက္ရွိေနေသးလို႔ ပလက္ဝေဒသခံေတြက ေျပာဆိုၾကပါတယ္။ https://burmese .voanews.com/a/chin-pa-lat-wa/5447344.html

*************

၅။  တပ္ဖြဲ႔ဝင္ သံုးဦးကို  AA  ဖမ္းသြားတယ္လို႔  ALP  စြပ္စြဲ

June 3, 2020

တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ/ ရခိုင္ လြတ္ေျမာက္ေရးတပ္မေတာ္ (ALP/ALA) ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီးခိုင္စိုးျမက သူတို႔အဖြဲ႔ဝင္တခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီး သတ္ျဖတ္ေနတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔က ေတာင္ကုတ္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ခိုင္ဝင္းလိႈင္ကို AA အဖြဲ႔က ဖမ္းဆီးသြားတယ္လို႔ ဗိုလ္မွဴး ႀကီး ခိုင္စိုးျမက ေျပာပါတယ္။“ကြ်န္ေတာ္တို႔ ဖမ္းသြားတဲ့ဟာကေတာ့ AA အဖြဲ႔ကလို႔တစ္ထစ္ခ်ေျပာႏိုင္တယ္။ သူ႔ကို မဖမ္း ခင္ သံုးရက္ေလာက္က ၿခိမ္းေျခာက္မႈတစ္ခု AA ကလုပ္ခဲ့တယ္လို႔ ကြ်န္ေတာ္တို႔ကို အေၾကာင္းၾကားခဲ့တယ္။ ကြ်န္ေတာ္တို႔ ေလ့လာၾကည့္ေတာ့ AA ကဖမ္းသြားတယ္လို႔ သိရတယ္။ ဖမ္းသြားၿပီးေနာက္ပိုင္းမွာ ေတာင္ကုတ္ၿမိဳ႕နယ္လံုးဆိုင္ရာ အမ်ိဳး သားလံုၿခံဳေရးအဖြဲ႔ဆိုၿပီး သူတို႔က ေခါင္းေရာင္း၊ ေခါင္းဝယ္နဲ႔ သတ္ပစ္လိုက္ၿပီလို႔ ထုတ္ျပန္ခ်က္စာတမ္း ထြက္ေပၚလာတာ ေတြ႔ရတယ္”ေပါက္ေတာ့ၿမိဳ႕နယ္ ဗရက္ခ်ိဳင္ေက်းရြာက ရဲေဘာ္ခိုင္ေမာင္ခင္ဝင္းနဲ႔ ခိုင္ေမာင္လံုးတို႔ကို ေမလ ၂၃ ရက္ေန႔က AA အဖြဲ႔ဝင္ ၁၅ ဦးေလာက္က လာေရာက္ဖမ္းဆီးသြားတာေၾကာင့္ AA အဖြဲ႔ရဲ႕ သက္ဆိုင္ရာ ၾကားခံတာဝန္ရွိသူေတြက တဆင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ညွိႏိႈင္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈရခဲ့ဘူးလို႔လည္း ဆိုပါတယ္။

ဇြန္လ ၁ ရက္ေန႔ ေတာင္ကုတ္ၿမိဳ႕နယ္လံုးဆိုင္ရာ အမ်ိဳးသားလံုၿခံဳေရး အဖြဲ႔အစည္းက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ အမ်ားအက်ိဳးကို နစ္နာဆံုးရႈံးေစရန္ ရည္ရြယ္လုပ္ေဆာင္ခဲ့တဲ့ ခိုင္ဝင္းလိႈင္ကို အဲဒီ ေန႔ညေနပိုင္း ေခါင္းေရာင္း၊ ေခါင္းဝယ္ စနစ္နဲ႔ သုတ္သင္လိုက္ၿပီျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ အဲဒီ အဖြဲ႔အစည္းနဲ႔ AA တို႔ ဘယ္လို ပတ္သက္ေနလဲဆိုတာ အေျဖရွာေနဆဲျဖစ္ၿပီး ခိုင္ဝင္းလိႈင္ကို သတ္လိုက္တာဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ ေလ့လာေနဆဲျဖစ္တယ္လို႔ ဗိုလ္မွဴး ႀကီး ခိုင္စိုးျမက ေျပာပါတယ္။ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီဝင္ေတြ သတ္ျဖတ္ ခံရတာဟာ AA အဖြဲ႔နဲ႔ သက္ဆိုင္ျခင္းမရွိအေၾကာင္း ျငင္းဆိုပါတယ္။AA အဖြြဲ႔နဲ႔ ALP ၾကား ျပႆနာဟာ အခုမွစတဲ့ ျပႆနာမဟုတ္သလို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြၾကား သေဘာထားမတူ ကြဲျပားလာတဲ့အခါ တစ္ခ်ိဳ႕ျပႆနာေတြမွာ အင္အားသံုး ေျဖရွင္းတာေတြ ေတြ႔ရၿပီး ျပည္တြင္းစစ္အတြင္း မွာ လက္နက္ကိုင္အဖြဲ႔ေတြၾကား ေတြ႔ရတဲ့ ျပႆနာျဖစ္တာေၾကာင့္ သိပ္ထူးဆန္းတဲ့ ျဖစ္ရပ္ေတာ့ မဟုတ္ဘူးလို႔ ႏိုင္ငံေရးနဲ႔ တိုင္းရင္းသားအေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။ ေတာင္ကုတ္ၿမိဳ႕နယ္လံုးဆိုင္ရာ အမ်ဳိးသားလံုၿခံဳ ေရးအဖြဲ႔လို႔ အမည္ေပးထားတဲ့ အဖြဲ႔က ဘယ္သူေတြနဲ႔ ဆက္ႏြယ္သလည္းဆိုတာ ခန္႔မွန္းဖို႔ မလြယ္ဘူးလို႔ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္တဲ့ နာမည္ေက်ာ္ ေျမာက္ဦးစစ္တမ္း စာအုပ္ကိုလည္း ေရးသားျပဳစုထားတဲ့ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

“ALP ကို ၁၉၆၇ ခုႏွစ္မွာ တည္ေထာင္ခဲ့တာျဖစ္ၿပီး ဦးသိန္းစိန္ အစိုးရလက္ထက္ တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္မွာ ပါဝင္လက္မွတ္ထိုးထားတဲ့အဖြဲ႔ ျဖစ္ပါတယ္။ AA အဖြဲ႔ကေတာ့ ၂၀ဝ၈ ခုႏွစ္မွာ ေပၚေပါက္လာတာျဖစ္ၿပီး  ၿပီးခဲ့တဲ့ႏွစ္နဲ႔ ဒီႏွစ္မွာ ရခိုင္ျပည္နယ္အတြင္း  အစိုးရတပ္မေတာ္နဲ႔ အဆက္မျပတ္တိုက္ခိုက္မႈေတြ ရွိေနတဲ့ အဖြဲ႔ျဖစ္ပါတယ္။ https://www.rfa.org/burmese/news/aa-alp-06032020200944.html

************

၆။   ရီမုမိုင္းျဖင့္ တိုက္ခိုက္ခံရသျဖင့္ ပုဏၰားကြ်န္းအဝင္တြင္ တပ္မေတာ္သားတခ်ိဳ႕ က်ဆံုး

June, 3, 2020

ရန္ကုန္ – စစ္ေတြ ကားလမ္းမေပၚ ပုဏၰားကြ်န္းၿမိဳ႕အဝင္ ကင္းေခ်ာင္းတံတားထိပ္သို႔ လမ္းလံုၿခံဳေရး ကင္းလွည့္သည့္ တပ္မ ေတာ္ စစ္ေၾကာင္းတခု ေရာက္ရွိလာစဥ္ ရီမုမိုင္း ၂ လံုး ေပါက္ကြဲသျဖင့္ တပ္မေတာ္သားတခ်ိဳ႕ က်ဆံုးၿပီး ဒဏ္ရာ ရရွိမ်ား လည္းရွိေၾကာင္း တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။ ယင္းေပါက္ကြဲမႈ ျဖစ္စဥ္ ပုဏၰားကြ်န္းၿမိဳ႕ ဘက္မွ စစ္ေတြဘက္သို႔ ဆိုင္ကယ္ စီးနင္းလာသူ အရပ္သား ၂ ဦးကိုလည္း ထိခိုက္မိၿပီး ၁ ဦး ေသဆံုးသြား ခဲ့သည္။ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက“တပ္မေတာ္က ရန္ကုန္-စစ္ေတြ လမ္းမႀကီး လံုၿခံဳေရးအတြက္ ကင္းလွည့္လည္ဖို႔ အတြက္ လမ္းေလွ်ာက္သြားေနတာ ျဖစ္တယ္။ အဲဒီအခ်ိန္မွာပဲ အရပ္သား ၂ ဦးကလည္း ဆိုင္ကယ္နဲ႔ ျဖတ္ေမာင္းလာတယ္။ အဲဒီမွာ ျဖစ္တာ”ဟု ရွင္းျပသည္။

ပုဏၰားကြ်န္းၿမိဳ႕နယ္တြင္ မိုင္းေပါက္ကြဲသည့္ ျဖစ္စဥ္မ်ားမွာ ၿမိဳ႕ေပၚတြင္ ျဖစ္ေလ့နည္းၿပီး နယ္ဘက္တြင္သာ ျဖစ္ေပၚေလ့ရွိ ေၾကာင္း၊ ယခုအခါ ၿမိဳ႕အဝင္အထိ ေရာက္ရွိလာသျဖင့္ ယခုလို မျဖစ္ပြားေစခ်င္ေၾကာင္း ပုဏၰားကြ်န္းၿမိဳ႕နယ္ ျပည္နည္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ေျပာသည္။“မိုင္းျဖစ္စဥ္ကေတာ့မွန္တယ္။ အရပ္သားတေယာက္ ဒဏ္ရာ ရတယ္။ တေယာက္က ဆံုးသြားၿပီ။ တပ္မေတာ္သားေတြ က်၊ မက်ေတာ့ မသိဘူး။ ဒဏ္ရာရတဲ့ အရပ္သား တေယာက္ကို ေတာ့ စစ္ေတြကို ေခၚသြားၿပီ။ မိုင္းကေတာ့ ဘယ္က ေထာင္မွန္းလည္း မသိဘူး။ ဘယ္က လုပ္လိုက္မွန္း မသိဘူး”ဟု ဦးေအာင္သန္းတင္က ေျပာသည္။

တပ္မေတာ္ကမူ ရကၡိဳင့္ တပ္မေတာ္ (AA) အဖြဲ႔၏ လက္ခ်က္ဟု စြပ္စြဲထားၿပီး ယခုေနာက္ပိုင္းတြင္ ႀကီးမားသည့္ မိုင္းအမ်ိဳး အစားမ်ားကို တင္ဆင္ အသံုးျပဳလာ၍ လူ၊ ယာဥ္မ်ားကိုပါ ထိခိုက္ပ်က္စီးမႈ ႀကီးမားလာေၾကာင္း ေျပာသည္။“သူတို႔ အရင္ ကတည္းက ရခိုင္ဝန္ႀကီးခ်ဳပ္ရဲ႕ ယာဥ္တန္းကို ရီမုနဲ႔ တိုက္ခိုက္ဖူးပါတယ္။ အခု ေနာက္ပိုင္းမွာ အိႏၵိယ တပ္မေတာ္က ဒီဘက္ ကို သတင္းေပးတဲ့အခါမွာ အိႏၵိယ သတင္းစာတခ်ိဳ႕မွာလည္း ေရးခဲ့တာ ရွိတယ္။ AA အေနနဲ႔ ရီမု နည္းပညာနဲ႔ ပတ္သက္ၿပီး ေတာ့က် နည္းပညာျမင့္တဲ့ဆီက အေထာက္အပံ့ ရရွိထားတယ္”ဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာသည္။ယခု ျဖစ္စဥ္ႏွင့္ ပတ္သက္၍ AA အဖြဲ႔ထံမွ လြတ္လပ္သည့္ သေဘာထား ရရွိႏိုင္ျခင္း မရွိေသးပါ။ သို႔ေသာ္ ယခင္ မိုင္းျဖစ္စဥ္ မ်ားတြင္ AA က ၎တို႔အဖြဲ႔၏ လက္ခ်က္ျဖစ္ေၾကာင္း ဝန္ခံေျပာဆိုေလ့ ရွိသည္။ မိုင္းအႏၱရာယ္ အသိပညာေပး လုပ္ငန္းအဖြဲ႔ ၏ စာရင္းျပဳစုခ်က္မ်ားအရ ၂၀၁၉ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ မိုင္းနင္းမိသည့္ အရပ္သား ၅၈ ဦး ရွိၿပီး ထိုအထဲမွ ၁၉ ဦးမွာ အသက္ေသဆံုးခဲ့သည္။ ၂၀၂၀ ခုႏွစ္ထဲတြင္ မိုင္းနင္း မိသူ မည္မွ်ရွိေၾကာင္း မသိရွိရေသးပါ။ လက္ရွိ အခ်ိန္အထိ အစိုးရႏွင့္ AA တို႔ၾကားတြင္လည္း ၿငိမ္းခ်မ္းေရးအတြက္ သေဘာတူညီမႈ တစံုတရာမရရွိသည့္ အျပင္ AA ကို အစိုးရက အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္လိုက္သျဖင့္ ရခိုင္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လ်က္ရွိသလို အရပ္သား ေသဆံုး ထိခိုက္မႈမ်ားမွာလည္း ေန႔စဥ္ ဆက္တိုက္ ျဖစ္ပြားေနသည္။ https://burma.irrawaddy.com/news /2020/06/03/223941.html

***************

၇။       ကခ်င္တစ္ေက်ာ့ျပန္စစ္ပြဲ ၉ ႏွစ္ျပည့္ေန႔ စစ္ေရွာင္စခန္းမ်ားတြင္ ေက်ာက္တိုင္စိုက္ထူမည္

June 3, 2020

ျမန္မာ့တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔၏ ကခ်င္ေဒသတစ္ေက်ာ့ျပန္ တိုက္ပြဲ ၉ ႏွစ္ျပည့္ ဇြန္လ ၉ ရက္ေန႔တြင္ အထိမ္းအမွတ္ေက်ာက္တိုင္မ်ားကို စစ္ေရွာင္စခန္းမ်ားတြင္ စိုက္ထူသြားမည္ဟု သိရသည္။ ‘ANHTE GALOI N MALAP NA GA AI’ (ကၽြႏိုပ္တို႔ ဘယ္ေတာ့မွ ေမ့မည္မဟုတ္) ဆိုသည့္ စာတမ္းထိုး ေက်ာက္တိုင္ကို ျမစ္ႀကီးနားၿမိဳ႕တြင္း တပ္ကုန္း (COC) စခန္း၊ ဂ်န္မိုင္ေကာင္ (RC) ႏွင့္ လယ္ကုန္း (ဗက္လင္) စစ္ေရွာင္စခန္း စသည့္ ၃ ေနရာတြင္ စိုက္ထူ မည္ျဖစ္သည္။

“တကယ္တမ္းေတာ့ ဦးဆုံးေရာက္တဲ့ စခန္းနဲ႔ ေနာက္ဆုံးေရာက္တဲ့ စခန္းေတြမွာ အရင္စိုက္ထူဖို႔ စီစဥ္ထားတာ။ ဒါေပမယ့္ တစ္ခ်ိဳ႕စခန္းေတြမွာက ေနရာအခက္အခဲရွိေနတယ္။ အဲေၾကာင့္ ဒီ ၃ ေနရာတြင္မွာ သာျပဳလုပ္ႏိုင္ေသးတာေပါ့။ အခုလိုလုပ္ ေဆာင္တာကလည္း ရွင္းရွင္းေလးဘဲ။ စစ္ေရွာင္စခန္းျပဳလုပ္ခဲ့တဲ့ ေနရာေတြကို ဘယ္ေတာ့မွမေမ့ဖို႔ အၿမဲတမ္းအမွတ္ရေနဖို႔ ျဖစ္တယ္။ က်န္တဲ့စခန္းေတြမွာလဲေနာက္ေနာင္ျပဳလုပ္သြားဖို႔ရွိတယ္”ဟုကခ်င္လူငယ္ေခါင္းေဆာင္တစ္ဦး မဆြတ္ဆိုင္းထြယ္ က ေျပာသည္။ ေနရာအခက္အခဲေၾကာင့္ စစ္ေရွာင္စခန္းတခ်ိဳ႕တြင္ ယခုႏွစ္ေက်ာက္တိုင္ စိုက္ထူႏိုင္ျခင္းမရွိခဲ့ေသာ္လည္း လာမည့္ႏွစ္မ်ားတြင္ ဆက္လက္စိုက္ထူသြားမည္ဟု သိရသည္။ ထို႔အျပင္ စစ္ေရွာင္မ်ား၏ ခံစားခ်က္မ်ားႏွင့္ စစ္ေရွာင္မ်ား၏ အေျခအေနကို ေဆြးေႏြးမည့္အစီစဥ္ကိုလည္း ကခ်င္လူငယ္မ်ားဦးေဆာင္ကာ ဇြန္လ ၆ ရက္ေန႔မွ ၈ ရက္ေန႔အထိ အြန္လိုင္း မွတဆင့္ ၃ ရက္သာ ထုတ္လြင့္သြားမည္ဟု ေျပာသည္။

“လူငယ္ေတြက စစ္ေရွာင္ ၉ ႏွစ္ျပည့္ အခမ္းအနားကို ၃ ရက္ျပဳလုပ္ဖို႔ စီစဥ္ထားတယ္။ အဲ့မွာက စစ္ေရွာင္ေတြနဲ႔ ပတ္သက္ ၿပီး စကားဝိုင္းေဆြးေႏြးမႈေတြျပဳလုပ္သြားမယ္။ အဓိကေတာ့ စစ္ေရွာင္ေတြက သူတို႔ရဲ့ ၉ ႏွစ္တာျဖတ္သန္းခဲ့တဲ့ အေတြ႔ အႀကဳံေတြ ေျပာျပမယ္။ ၿပီးရင္သူတို႔ရဲ့ အနာဂတ္နဲ႔ ေမၽွာ္လင့္ခ်က္ေတြကို ေဆြးေႏြးမယ္” ဟု ေျပာသည္။ အဆိုပါ ၃ ရက္ စကားဝိုင္းတြင္ စစ္ေရွာင္မ်ား၏ ၉ ႏွစ္တာႀကဳံေတြ႕ခဲ့ရသည့္ အခက္အခဲမ်ား၊ အနာဂတ္ေမၽွာ္လင့္ခ်က္မ်ားႏွင့္ အစိုးရ၏ ျပန္လည္ထူေထာင္ေရးႏွင့္ပတ္သက္ေသာ ေဆာင္ရြက္မွုမ်ားကို စကားဝိုင္းအျဖစ္ ေဆြးေႏြးသြားမည္ျဖစ္သည္ဟု သိရသည္။

အဆိုပါေဆြးေႏြးမႈတြင္ ကခ်င္ျပည္နယ္လူမွုေရးဝန္ႀကီး အပါအဝင္ Kachin Humanitarian Concern Committee KHCC တာဝန္ရွိသူမ်ားႏွင့္ စစ္ေရွာင္ျပည္သူမ်ာက အဓိက ပါဝင္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ကခ်င္တစ္ေက်ာ့ျပန္ တိုက္ပြဲ ၉ ႏွစ္ျပည့္သည့္ ဇြန္လ ၉ ရက္ေန႔တြင္ ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖြဲ႕ WMR မွလည္း ဝတ္ျပဳအစီစဥ္မ်ားကို အြန္လိုင္းမွတဆင့္ ထုတ္လြင့္သြားမည္ဟု ေျပာသည္။ https://burmese.kachinnews.com/2020/06/03/%e1%80%  80%e1%80%81%e1%80%bb%e1

*************

၈။       ေက်ာင္းအပ္ခ်ိန္ တိုင္းရင္းသားအမည္ ထည့္သြင္းေရးအေၾကာင္းၾကားစာ ျပည္နယ္ ကရင္စာ/ ယဥ္မွ လက္ခံရရွိျခင္း မရွိေသး

June 3, 2020ပ

ညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနက ညႊန္ၾကားထားသည့္ ေက်ာင္းအပ္ခ်ိန္၌ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ အမည္ မ်ားထည့္သြင္းလက္ခံေပးႏုိင္ေရး အေၾကာင္းၾကားစာကုိ ကရင္ျပည္နယ္ စာေပႏွင့္ယဥ္ေက်းမႈတိုး တက္ျပန္႔ပြားေရး အသင္း အေနျဖင့္ လက္ခံရရွိျခင္း မရွိေသးေၾကာင္း သိရသည္။

ဧရာဝတီတုိင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္ရွိ ကရင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမ်ားထံသုိ႔ အဆုိပါ အေၾကာင္းၾကား စာမ်ား လက္ခံရရွိၿပီျဖစ္ေသာ္လည္း မိမိတုိ႔အေနျဖင့္ လက္ခံရရွိျခင္းမရွိေသးေၾကာင္း ကရင္ျပည္နယ္၊ စာ/ယဥ္အသင္း အတြင္းေရး မွဴး နန္းျမင့္တင္က ယခုလုိေျပာသည္။ “ အေၾကာင္းၾကားစာေတြေရာက္လာတာေတာ့ တစ္ခုမွ မရွိပါဘူး။ တရားဝင္မႈအေနနဲ႔ စာထုတ္ရင္ ပုိ ေတာ့ေကာင္းတာ ေပါ့ေနာ္။ မြန္ျပည္နယ္ဆုိ လဝကလည္းထုတ္တယ္။ ေအာင္ျမင့္ခုိင္(ကရင္ေရးရာဝန္ႀကီး) လည္းထုတ္တယ္ေလ။”ဟု ယေန႔(ဇြန္ ၃ ရက္)တြင္ ေကအုိင္စီသုိ႔ေျပာသည္။ အဆုိပါ တုိင္းရင္းသားအမည္ ကိစၥကုိ ကရင္ ျပည္နယ္အတြင္းရွိ ကရင္၊ မြန္၊ ပအုိဝ္း၊ ရွမ္း စသည့္ စာ/ယဥ္ ေကာ္မတီ အသင္းအဖြဲ႔မ်ားထံသုိ႔ တုိင္းရင္းသားေရးရာဝန္ႀကီး ဌာန၊ ကရင္ျပည္နယ္ ညႊန္ၾကားေရးမွဴးရုံးအေနျဖင့္ အေၾကာင္းၾကားစာမ်ား ေပးပုိ႔ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ညႊန္ၾကား ေရးမွဴးရုံး တာဝန္ရွိသူမ်ားက ေကအုိင္စီသုိ႔ ယေန႔တြင္ေျပာသည္။

၂၀၂၀-၂၁ ပညာသင္ႏွစ္မွစတင္၍ အေျခခံပညာဦးစီးဌာနက ဧၿပီလ ၁ ရက္ေန႔မွစတင္ကာ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ အမည္ေရွ႕တြင္ ၎တို႔ကုိကိုယ္စားျပဳသည့္ အမွတ္သေကၤတ စကားလံုးမ်ား ထည့္သြင္း လက္ခံေပးႏိုင္ေရး ညႊန္ၾကားထား မွႈမ်ား ရွိခဲ့သည္ဟုလည္း သိရသည္။ အဆုိပါညႊန္ၾကားမႈအတုိင္း ကရင္ျပည္နယ္၊ ပညာေရးမႉးရုံးမွ ဧၿပီလ ၂ ရက္ေန႔စြဲျဖင့္ သက္ဆုိင္ရာ၊ ခရုိင္၊ ၿမိဳ႕နယ္ပညာ ေရးမွဴးရုံးအသီးသီးထံသုိ႔ စာထုတ္ေပးပုိ႔ခဲ့ၿပီး ေက်ာင္းအဆင့္အထိစာမ်ား ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း ျပည္နယ္ပညာေရးမႉးရံုး ဒုတိယ ညြန္ၾကားေရးမွဴး ဦးစုိးဝင္းက ေျပာသည္။ “ေက်ာင္းသြားအပ္တဲ့အခါ မိဘ အုပ္ထိန္းသူေတြအေနနဲ႔ ကရင္လူမ်ိဳးျဖစ္တဲ့အတြက္ေၾကာင့္ ေစာထည့္ ေပးပါ၊ နန္း ထည့္ေပးပါ။ ေနာ္ ထည့္ေပးပါလို႔ ေျပာရ မယ္ေပါ့။ ဆရာမေတြကလည္း ေက်ာင္းသား လက္ခံတဲ့အခါ ေမးရမယ္ေပါ့။ အဲလုိ ႏွစ္ဦးႏွစ္ဖက္ ေျပာၾကပါ။ ဒါက အေရးႀကီး တာကုိး။ ဒီႏွစ္ ကေတာ့ တရားဝင္စာထုတ္ေတာ့ မွန္မွန္ကန္ကန္ေလးျဖစ္လာ တယ္ေပါ့။” ဟု ေျပာသည္။

ဧရာဝတီတုိင္းေဒသႀကီးအတြင္းရွိ ကရင္လူမ်ိဳးမ်ားအေနျဖင့္ မိမိတုိ႔၏ကေလးမ်ားကို ေက်ာင္းအပ္ခ်ိန္တြင္ နာမည္အစ၌ ကရင္ အမည္မ်ားျဖစ္သည့္ (ေစာ၊ စ၊ နန္႔၊ ေနာ္) မ်ားထည့္သြင္းရန္ ဧရာဝတီတုိင္းေဒသႀကီး ကရင္စာႏွင့္ယဥ္ေက်းမႈ ေကာ္မတီက ေမ ၁၈ ရက္ေန႔တြင္ ၿမိဳ႕နယ္စာယဥ္ အသီးသီးသို႔ စာထုတ္တုိက္တြန္းခဲ့သည္။ အလားတူ မြန္ျပည္နယ္အတြင္း ေနထိုင္ၾကသည့္ ကရင္တိုင္းရင္းသားမ်ားအေနျဖင့္ လာမည့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ တြင္ ေစာ၊ နန္း၊ ေနာ္ တို႔ကို ထည့္ သြင္း အပ္ႏွံသြားၾကေရး မြန္ျပည္နယ္ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေစာေအာင္ျမင့္ခိုင္က ေမလ ၂၆ ရက္ေန႔ ရက္စြဲျဖင့္ ကရင္ စာ/ယဥ္ ေကာ္မတီအပါအဝင္ သက္ဆုိင္ရာသုိ႔ အေၾကာင္းၾကား စာေပးပုိ႔ကာ တိုက္တြန္းခဲ့ေသးသည္။ http://kicnews.org/2020/06/%e1%80%b1%e1%80%80%e1%8 0%ba%e1%80%ac%e1%80%84%e1%8

**************

၉။       AA ဖမ္းဆီးခဲ့သည့္ ခ်င္းအမ်ိဳးသမီး ေသဆံုးမႈ လူ့အခြင့္အေရးအဖြဲ႕မ်ားထံ တင္ျပမည္

June 3, 2020

ရခိုင္ျပည္နယ္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္တြင္ ရကၡိဳင္စစ္တပ္ (AA) ၏ ဖမ္းဆီးမႈခံခဲ့ရၿပီး ျပန္လြတ္လာသည့္ေနာက္ ေသဆံုး သြားသည့္ အမ်ိဳးသမီး၏ ျဖစ္စဥ္ကို လူ႔အခြင့္အေရးအဖြဲ႔မ်ားထံ စာပို႔ အေၾကာင္းၾကားသြားမည္ဟု ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ေက်ာင္းသား/သူမ်ားအဖြဲ႔ (CUSR) က ေျပာသည္။

ေသဆံုးသြားသည့္ အမ်ိဳးသမီးမွာ အသက္ ၄၈ ႏွစ္အရြယ္ ေဒၚစိန္မဦး ျဖစ္ၿပီး မင္းျပားၿမိဳ႕နယ္ သိုင္းက်ပ္ေက်းရြာမွ ခ်င္း အမ်ိဳးသမီးတဦး ျဖစ္သည္။ ၎သည္ ေမ ၃ ရက္က အျခားအမ်ိဳးသား ၃ ဦးႏွင့္ အတူ ဖမ္းဆီးခံခဲ့ရၿပီး ဇြန္ ၁ ရက္တြင္ ျပန္ လႊတ္ေပးလိုက္သျဖင့္ လြတ္ေျမာက္လာျခင္း ျဖစ္သည္။ လြတ္လာၿပီးေနာက္ စိတ္ကေယာင္ေျခာက္ျခား ျဖစ္ျခင္း၊ ေၾကာက္ လန႔္ ျခင္းမ်ား၊ အသက္ရႈမဝျခင္းမ်ား ျဖစ္ေနသျဖင့္ မင္းျပားၿမိဳ႕နယ္ ေဆးရံုသို႔ မိသားစုဝင္မ်ားက ပို႔ေဆာင္ၿပီး ဇြန္ ၂ ရက္ မနက္ပိုင္း၌ ေသဆံုးသြားျခင္း ျဖစ္သည္ဟု သိရသည္။ CUSR ၏ ဥကၠ႒ ဆလိုင္းထြန္းလွေက်ာ္က “အဓိက ကေတာ့ အခု ျဖစ္ေနတာ သူတေယာက္တည္း မဟုတ္ဘူး။ ရခိုင္ျပည္နယ္မွာ တိုင္းရင္းသား လူမ်ိဳးစုျဖစ္တဲ့ က်ေနာ္တို႔ ခ်င္းေတြ လူ႔အခြင့္ အေရး ခ်ိဳးေဖာက္ခံရတာ အမ်ားႀကီးရွိပါတယ္။ ျပန္လြတ္လာတယ္၊ မေျပာရဲဘူး။ တခ်ိဳ႕လံုးဝကို ေပ်ာက္သြားတယ္။ ဒါကို က်ေနာ္တို႔က ရခိုင္ျပည္နယ္ထဲက ခ်င္းေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရပါတယ္ဆိုတာကို တင္ျပမယ္လို႔ စီစဥ္ထားပါ တယ္” ဟု ေျပာသည္။

ခ်င္းလူ႔အခြင့္အေရး အဖြဲ႔သည္ ၁၉၉၅ ခုႏွစ္က စတင္ဖြဲ႔စည္းထားျခင္းျဖစ္ကာ အေမရိကန္ႏွင့္ ကေနဒါတြင္ တရားဝင္ မွတ္ပံု တင္ထားၿပီး အစိုးရ မဟုတ္သည့္ အဖြဲ႔အစည္း ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္း ခ်င္းလူမ်ိဳးမ်ား၏ လူ႔အခြင့္အေရး အေျခအေန မ်ားကို ေစာင့္ၾကည့္ေလ့လာျခင္း၊ မွတ္တမ္းျပဳလုပ္ျခင္းမ်ားအျပင္ ေဒသတြင္း အေျခအေနမ်ားကိုလည္း ႏိုင္ငံတကာ လူ႔ အခြင့္အေရး အဖြဲ႔မ်ားသို႔ ေပးပို႔ကာ ခ်ိတ္ဆက္ ေဆာင္ရြက္ေနသည့္ အဖြဲ႔ ျဖစ္သည္။

ဆလိုင္း ထြန္းလွေက်ာ္က ေသဆံုးသြားသည့္ ေဒၚစိန္မဦးမွာလည္း အဖမ္းမခံရခင္က က်န္းမာေရး ေကာင္းမြန္သူျဖစ္ၿပီး ၁ လၾကာ ဖမ္းခံရၿပီး ျပန္လြတ္လာသည့္အခ်ိန္တြင္ စိတ္ကေယာင္ေျခာက္ျခားျဖစ္ကာ ေၾကာက္လန္႔ေနသျဖင့္ ဖမ္းခံရစဥ္ ညွင္းပန္းႏွိပ္စက္ခံခဲ့ရေၾကာင္း သံသယရွိပါသည္ဟု ဆိုသည္။

ေဒၚစိန္မဦးႏွင့္အတူ ျပန္လြတ္လာသူမ်ားကလည္း AA ႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို ေျဖဆိုရန္ ျငင္းဆိုၿပီး ေရွာင္တိမ္းေနၾကသည္ဟု ဆလိုင္းထြန္းလွေက်ာ္က ေျပာ သည္။ ခ်င္း လူ႔အခြင့္အေရးအဖြဲ႔ (CHRO) မွ ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းလ်န္က “က်ေနာ္တို႔ ျမန္မာႏိုင္ငံက တရားဥပေဒ စိုးမိုးမႈ လံုးဝမရွိေတာ့ ဒီစနစ္ႀကီးမွာ ေျပာင္းလဲမႈမရွိသေရႊ႕ေတာ့ တရားမွ်တမႈ ရဖို႔ကေတာ့ မလြယ္ပါဘူး။ ပထမဆံုး လိုအပ္ တာကေတာ့ တရားဥပေဒ စိုးမိုးေရးရွိဖို႔ လိုပါတယ္။ သူ႔အတြက္ ဟိုအတြက္ Justice ကို တဦးတေယာက္ခ်င္းစီ အတြက္ လုပ္ေပးႏိုင္တာ မရွိပါဘူး”ဟု ေျပာသည္။ သို႔ေသာ္ ေျမျပင္မွ စုေဆာင္းထားသည့္ အခ်က္အလက္မ်ား၊ လူ႔အခြင့္အေရး မွတ္တမ္းမ်ားက တခ်ိန္ခ်ိန္တြင္ တရားမွ်တမႈ ရႏိုင္ေရးအတြက္ အသံုးဝင္လာမည္ကို ယံုၿကည္ပါသည္ဟု ဆလိုင္းလ်န္က ဆိုသည္။

တပ္မေတာ္ဘက္မွလည္း ပဋိပကၡကာလအတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ အရပ္သား ၂၀ဝ ႏွင့္ အထက္ကို ဖမ္းဆီး စစ္ေဆးျခင္း၊ ရိုက္ႏွက္ျခင္းမ်ား ျပဳလုပ္သျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား က်ဴးလြန္ေၾကာင္း ရခိုင္ႏိုင္ငံေရး အသိုင္း အဝိုင္းတြင္ ေဝဖန္ခံေနရသည္။ https://burma.irrawaddy.com/news/2020/06/03/223950.html

*************

၁၀။     KNU ေညာင္ေလးပင္ခ႐ုိင္ရွိ Covid -19 ထိန္းခ်ဳပ္ကာကြယ္ေရးဂိတ္တစ္ခု ဖ်က္ဆီးခံရ

June 3, 2020

KNU-ကရင္အမ်ိဳးသားအစည္းအရံုး ထိန္းခ်ဳပ္နယ္ေျမ ေညာင္ေလးပင္ခရိုင္ (တပ္မဟာ ၃) ေဆာထီး(ေရႊက်င္) ၿမိဳ႕နယ္ ခလိန္-ေခ်ာင္းဝလမ္းဆုံရွိ ေဆာက္လုပ္ၿပီးခါစ KNU ၏ Covid-19 ကာကြယ္ေရးဂိတ္တစ္ခု ဇြန္လ ၂ ရက္ေန႔က ဖ်က္ဆီးခံ လိုက္ရေၾကာင္း KNU ေညာင္ေလးပင္ခရိုင္တာ၀န္ရွိသူမ်ားထံမွ သိရသည္။

အဆိုပါ ေရာဂါႀကိဳတင္ကာကြယ္တားဆီးေရးဂိတ္ကို Covid -19 ကာလ ေတာင္ေပၚေဒသရွိ လူဝင္ထြက္သြား လာမႈမ်ား စစ္ေဆးႏိုင္ရန္ ေဒသအတြင္းရွိ ေရာဂါ ကာကြယ္ေရးေကာ္မတီမွ ဇြန္လ ၂ ရက္ေန႔ မနက္ပိုင္းတြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး ေနာက္ ညေနပိုင္းတြင္ ထိုသို႔ဖ်က္ဆီးခံလိုက္ရျခင္းျဖစ္သည္ဟု KNU ေညာင္ေလး ပင္ခရိုင္ Covid -19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးေကာ္မတီ ဆက္သြယ္ေရးတာဝန္ခံ ပဒိုေစာကလယ္မူထူးက ေျပာသည္။ “သူတို႔က ဘယ္လိုေျပာလဲဆိုေတာ့ ညႊန္ၾကားခ်က္မရွိဘူးတဲ့။ က်ေနာ္တို႔ကလည္း ေရာဂါအတြက္ မျဖစ္မေန လုပ္ဖို႔လိုတယ္ ေျပာေတာ့ ပထမေတာ့ ေစ်းဆိုင္ထဲ မွာသြားလုပ္ပါ။ အဲမွာသြားလုပ္ရင္ သူတို႔ သြားကူေနေပး မယ္ေျပာတယ္။ သူမ်ားဆိုင္ထဲမွာ က်ေနာ္တို႔က သြားလုပ္လုိ႔အဆင္ မေျပဘူးေလ။ က်ေနာ္တို႔ေဆာက္မွာက ဂိတ္တစ္လံုးဘဲ မနက္ ၁၁နာရီေလာက္မွာ ဂိတ္ေဆာက္ၿပီးတယ္။ ထမင္းျပန္စားတဲ့ အခ်ိန္ ေန႔လည္ ၂ နာရီ ေလာက္ေတာ့ တပ္မေတာ္ဘက္က က်ေနာ္တို႔ဂိတ္ကို လာဖ်က္လိုက္တယ္” ဟု ေကအိုင္စီသို႔ေျပာ သည္။

အဆိုပါ KNU ေဆာက္လက္စ Covid -19 ေရာဂါကာကြယ္ေရးဂိတ္ကို အထက္က ညႊန္ၾကားခ်က္ မရရွိသည့္ အေၾကာင္းျပ ခ်က္ျဖင့္ ေဒသအတြင္းရွိ တပ္မေတာ္ ခမရ ၂၀ တပ္ရင္းမွ တပ္ရင္းမွဴး ၁ ဦး အပါအဝင္အင္အား ၅ဦးမွ သြားေရာက္ဖ်က္ လိုက္ျခင္းလည္း ျဖစ္သည္ဟုလည္း KNU ေညာင္ေလးပင္ခရိုင္တာဝန္ရွိသူမ်ား၏ ေျပာျပခ်က္အရ သိရသည္။ ထို႔အျပင္ ၎ဂိတ္ကို လက္ရွိေနရာမွ ေနာက္ဆုတ္ၿပီး ေဆာက္လုပ္ေပးရန္ ေဒသတြင္းအေျခစိုက္သည့္ တပ္မေတာ္ဘက္က ေျပာဆိုမႈ မ်ားရွိခဲ့သလို လတ္တေလာျဖစ္ပြားခဲ့သည့္ အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး KNU ဗဟို ႏွင့္ ေကာ္သူးေလ က်န္းမာေရးႏွင့္ ကယ္ဆယ္ေရးဌာန – KDHW ထံသို႔ တင္ျပထားၿပီးျဖစ္သည္ဟု လည္း ပဒို ေစာကလယ္မူထူးက ျဖည့္စြက္ေျပာသည္။

KNU တပ္မဟာ ၃ ေညာင္ေလးပင္ခရိုင္တြင္ ေဒသတြင္း၀င္ထြက္သြားလာမႈမ်ားကို စစ္ေဆးႏိုင္ရန္ႏွင့္ Covid-19 ကာကြယ္ ထိန္းခ်ဳပ္ႏိုင္ေရးရည္ရြယ္ကာ ယခုဖ်က္ဆီးခံလိုက္ရသည့္ဂိတ္အပါအဝင္ ဂိတ္ေပါင္း ၁၄ ဂိတ္ဖြင့္ လွစ္ထားရွိေၾကာင္းသိရၿပီး ယခုဂိတ္မွာ KNU ေညာင္ေလးပင္ခရိုင္အတြင္း ပထမဦးဆံုး ဖ်က္ဆီးခံရသည္ ဂိတ္ျဖစ္သည္ဟု လည္းသိရသည္။http://kicnews.org/2020/06/ knu%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1

**************

၁၁။  ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္းက်င္းပမည္ျဖစ္ၿပီး COVID-19 ေရာဂါေၾကာင့္ မဲဆြယ္စည္းရံုး မႈႏွင့္

ပတ္သက္၍ စည္းကမ္းခ်က္ အသစ္မ်ား ရွိလာမည္ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္ ေျပာၾကား

June 4, 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပမည္ျဖစ္ၿပီး COVID-19 ေရာဂါေျကာင့္ မဲဆြယ္စည္းရံုးမႈႏွင့္ ပတ္သက္၍ လိုက္နာရမည့္ စည္းကမ္းခ်က္အသစ္မ်ား ရွိလာမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္  ဦးျမင့္ႏိုင္က ေျပာၾကားသည္။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ရံုးတြင္ ဇြန္ ၄ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္း လင္းပြဲ၌ သတင္းေထာက္မ်ား၏ေမးျမန္းမႈကို ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ဝင္ ဦးျမင့္ႏိုင္က အထက္ပါကဲ့ သို့ ထည့္ သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေရြးေကာက္ပြဲရက္ကေတာ့ အရင္တုန္းက ပထမတုန္းက ႏွစ္လနဲ႔ ၂၄ ရက္။ ေနာက္တစ္ခါမွာ ေလးလႀကိဳေၾကညာတယ္။ အဲဒီအတိုင္းပဲမေျပာင္းလဲပါဘူး။ နဂိုက်င္းပတဲ့အတိုင္း ႏိုဝင္ဘာလထဲမွာပဲ ကြ်န္ေတာ္တို႔ ျဖစ္မွာပါ။ ႏိုဝင္ဘာ ၇ ရက္ေန႔ က်င္းပေတာ့ ေလးလအလိုအႀကိဳေၾကညာတာေပါ့။ ႏွစ္ လ နဲ႔ ၂၄ ရက္ အလိုေၾကညာတာရွိတာေပါ့။ ဘယ္ေန႔သင့္ေတာ္ သလဲ။ အမ်ားအတြက္ သင့္ေတာ္မယ့္။ ေကာင္းမယ့္ရက္ကိုယူၿပီး ေၾကညာမွာေပါ့။ ပါတီအမ်ားအတြက္ စည္းရံုးႏိုင္မယ့္ အားလံုးအတြက္ အဆင္ေျပမယ့္ရက္ ကို ေရြးၿပီး ေၾကညာမွာပါ။ ဒါဆိုခန္႔မွန္းလို႔ရပါတယ္” ဟု ဦးျမင့္ႏိုင္က ေျပာၾကားသည္။

COVID-19 ေရာဂါေၾကာင့္ မဲဆြယ္စည္းရံုးေရးႏွင့္ မဲေပးသည့္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႔ေစေရးအတြက္ ယခင္ ေရြး ေကာက္ မ်ားကဲ့သို႔ ဖြဲ႔စည္းခဲ့သည့္ အဖြဲ႔အစည္းမ်ားႏွင့္မတူဘဲ က်န္းမာေရးဝန္ႀကီးဌာန အပါအဝင္ ဌာနအဖြဲ႔ရွစ္ဖြဲ႔ျဖင့္ သီးသန္႔ ဖြဲ႔စည္းသြားရန္ရွိေၾကာင္းသိရသည္။“မဲဆြယ္တာနဲ႔ပတ္သက္ၿပီးေတာ့ စည္းကမ္းခ်က္ေတြရွိလာႏိုင္သလားဆိုေတာ့ ရွိလာ ႏိုင္တာေပါ့။ အဲဒါေၾကာင့္ ဘယ္လို က်င္းပမလဲ။ ဘယ္လိုမဲဆြယ္ခြင့္လုပ္မလဲ။ COVID ကာလလည္း ရွိေနတယ္ဆိုေတာ့ ဒါကိုအဆင္ေျပေခ်ာေမာေအာင္ ရွစ္ဖြဲ႔ေလာက္နဲ႔ သပ္သပ္အဖြဲ႔တစ္ဖြဲ႔ဖြဲ႔မယ္။ ဖြဲ႔ၿပီးေတာ့မွ ဘယ္လိုအေျခအေနဆိုရင္ ဘယ္လို ဘယ္လို စည္းကမ္းခ်က္ေတြ လိုက္နာမလဲ။ အဓိက ေတာ့ က်န္းမာေရးဝန္ႀကီးဌာန ရွိမွာေပါ့။  သူတို႔ စည္းကမ္းခ်က္ေတြနဲ႔ ခ်မွတ္ၿပီးေတာ့ သက္ဆိုင္ရာႏိုင္ငံေရးမဲဆႏၵရွင္ေတြ အကုန္အသိေပးမွာေပါ့။ စည္းကမ္းခ်က္ အသစ္ေတြ ရွိလာႏိုင္ပါတယ္”ဟု ဦးျမင့္ႏိုင္က ေျပာၾကားသည္။

COVID-19 ေရာဂါေၾကာင့္ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားအား မဲေပးခြင့္ရွိ မရွိအေပၚ စိစစ္ ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေနၿပီး မဲစာရင္းတြင္ အားလံုးပါဝင္ရန္အတြက္ ေဆာင္ရြက္ေနေၾကာင္း ဦးျမင့္ႏိုင္က ေျပာၾကား သည္။ https://news-eleven.com/article/176906

***************

၁၂။     ဘိန္းစာပင္မ်ား မဖ်က္ဆီးဘဲထားရွိပါက မူးယစ္ဥပေဒျဖင့္ အေရးယူမည္ဟု KNPF စာထုတ္

June 3, 2020

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ KNU- ကရင္အမ်ိဳးသားအစည္းအ႐ုံး ဝင္းေရးၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးထားသည့္ ဘိန္းစာပင္မ်ားကုိ တပတ္အတြင္း ခုတ္ထြင္ရွင္းလင္းမႈမရွိပါက ေကာ္သူးေလ မူးယစ္ဥပေဒျဖင့္ အေရးယူမည္ဟု ေမလ ၃၁ ရက္ ေန႔တြင္ ကရင္အမ်ဳိးသားရဲတပ္ဖဲြ႔က စာထုတ္ျပန္ခဲ့သည္။ ဘိန္းစာပင္စိုက္ပ်ိဳးျခင္းကို KNU အဖြဲ႔အေနျဖင့္ လုံးဝခြင့္ျပဳ မည္မဟုတ္ဘဲ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ၿပီး ေက်းရြာအတြင္း စိုက္ပ်ိဳးထားမႈရွိခဲ့လွ်င္လည္း ဇြန္လ ၇ ရက္ေန႔ ေနာက္ ဆုံးထား၍ ဖ်က္ဆီးရမည္ဟု KNFP ၏ ထုတ္ျပန္စာထဲတြင္ ေဖာ္ျပထား သည္။

KNPF ဝင္းေရးၿမိဳ႕နယ္ အမွတ္(၄) စခန္းမွဴးေစာၿငိမ္းခ်မ္းက “ မူးယစ္ေဆးျပားအစား ဘိန္းစာရြက္ေတြကို အစားထိုးသုံးစြဲလာ ၾကတယ္။ ေဒသအတြင္းမွာ ဆက္ရွိေနမယ္ဆုိရင္ အနာဂတ္လူငယ္ေတြ မူးယစ္သားေကာင္ျဖစ္သြားႏိုင္တယ္။ တုိင္းျပည္ အေရးအရာ အမ်ိဳးသားအေရးအရာေတြမွာ လုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ လူထုေတြလည္း ဝိုင္းဝန္းပူးေပါင္းတုိက္ဖ်က္ၾကဖို႔ တိုက္ တြန္းခ်င္တယ္” ဟု ဇြန္လ ၁ ရက္ေန႔က ေကအိုင္စီ သို႔ေျပာသည္။

ေမလ ၂ဝ ရက္ႏွင့္ ၂၄ ရက္ေန႔တြင္ ဝင္းေရးၿမိဳ႕နယ္အတြင္း ဘိန္းစာပင္ ၆,၅ဝဝ ေက်ာ္ကို KNU ႏွင့္ အစုိးရတုိ႔ ပူးေပါင္းကာ မီး႐ႈိ႕ဖ်က္ဆီးႏုိင္ခဲ့ၾကၿပီး စိုက္ပ်ိဳးသူမ်ားကိုလည္း ေကာ္သူးေလ မူးယစ္အထူးအက္ဥပေဒအရ အေရးယူမည္ျဖစ္သလို က်န္ရွိ မည့္ အပင္မ်ားကိုလည္း ဖ်က္ဆီးမႈမျပဳလုပ္လွ်င္ ေဒသတည္ၿငိမ္ေရးႏွင့္အမ်ိဳးသားလုံၿခဳံေရးအက္ဥပေဒအရ အေရးယူမည္ဟု လည္း ကရင္အမ်ိဳးသားရဲတပ္ဖြဲ႔တာဝန္ရွိသူမ်ားထံမွသိရသည္။ “ေစ်းေကာင္းရတယ္ဆုိၿပီးသူမ်ားစိုက္ၾကေတာ့ ရြာမွာလုိက္ စိုက္ၾကတယ္။ ဆိုးက်ိဳးေတြ ျပစ္မႈျပစ္ဒဏ္ေတြ ဥပေဒေတြ သူတုိ႔ နားမလည္ၾကဘူး။ ကိုကာကိုလာအခ်ိဳရည္၊ ေခ်ာင္းဆိုး ေပ်ာက္ေဆးေတြနဲ႔ ေရာေသာက္တယ္။ ၾကာရင္စြဲတာပါပဲ။ ဘိန္းစာပင္ မရွိရင္ေကာင္းတယ္။ လူငယ္ေတြ အနာဂတ္ မထိ ခိုက္ဘူးေပါ့ေနာ္”ဟု ဝင္းေရးၿမိဳ႕နယ္ ေဒသခံ ေစာထြန္႔ေဖာင္က ေကအိုင္စီသို႔ ေျပာသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္တုိ႔တြင္ ဘိန္းစာပင္စိုက္ပ်ိဳးမႈအမ်ားဆုံးရွိၿပီး စိတ္ကိုေျပာင္းလဲေစ ေသာ မူးယစ္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ ႏိုင္ငံေတာ္အစိုးရက ဥပေဒအရ တားျမစ္ထားလ်က္ရွိသည္။ KNU အေနျဖင့္ လည္း ၁/၂ဝ၁၄ ေကာ္သူးေလ မူးယစ္ေဆးဝါးမ်ား အထူးအက္ဥပေဒအရ တားျမစ္ထားသည္ဟု ကရင္အမ်ဳိးသားရဲတပ္ဖြဲ႔ တာဝန္ရွိ သူမ်ားထံမွ သိရသည္။  http://kicnews.org/2020/06/%e1%80%98%e1%80%ad%e1%80%94%e1%  80%b9%e1%80%b8%e1%8

*************

၁၃။     ေျမပံုေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႕ တရားစြဲခံထားရ

June 3, 2020

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမပံုၿမိဳ႕နယ္က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ႏွစ္ေယာက္ကို ရကၡိဳင့္တပ္ေတာ္ AA နဲ႔ ပတ္သက္မႈ ရွိတယ္ဆိုၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ နဲ႔ အာဏာပိုင္ေတြက တရားစြဲဆို ဆိုထားပါတယ္။ ေျမပံုၿမိဳ႕နယ္ အငူသစ္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေဇာ္၊ ရြာသစ္ေကေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္တို႔ကို တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔က ေမလ ၃၀ ရက္ေန႔မွာ အစည္းအေဝးရွိတယ္လို႔ ေခၚယူသြားရာကေန ျပန္မလႊတ္ေပးဘဲ အခုလို တရားစြဲခံရတာျဖစ္တယ္လို႔  မိသားစုဝင္ေတြက ေျပာပါတယ္။ ဒီအုပ္ခ်ဳပ္ေရးမွဴးႏွစ္ေယာက္ကို AA အဖြဲ႔နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ သံသယနဲ႔ အျကမ္းဖက္ မႈတိုက္ဖ်က္ေရး ဥပေဒ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ္မေတြနဲ႔ အမႈဖြင့္ထားတယ္လို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေဖသန္းက RFA ကို ေျပာပါတယ္။

သူတို႔ကို ေျမပံုၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားၿပီး မေန႔တုန္းကေတာ့ ရဲက ဆက္ၿပီးဖမ္းထားဖို႔အတြက္ တရားရံုးခြင့္ျပဳ ခ်က္ ယူခဲ့ေၾကာင္း၊ ေနအိမ္ေတြကိုလည္း ရဲနဲ႔ စစ္သားေတြက ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း မိသားစုဝင္ေတြက ေျပာပါတယ္။ ဘာေၾကာင့္ ဖမ္းတယ္ဆိုတာ မသိရေသးဘူးလို႔ ရြာသစ္ေက အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ျမင့္ဇနီး ေဒၚလွသိန္းၾကည္က ေျပာပါ တယ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ႏွစ္ဦး ဖမ္းဆီးထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေျမပံုၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေအာင္သန္းေဇာ္ကို ဆက္သြယ္ေမးျမန္းတဲ့အခါ စခန္းမွဴး အျပင္သြားတယ္ဆိုၿပီး ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ေျမပံုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဇာနည္ေက်ာ္ ကိုလည္း RFA က ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားမႈ မရွိခဲ့ပါဘူး။ ေျမပံုၿမိဳ႕ နယ္မွာ အရင္က တပ္မေတာ္က တပ္စြဲတာမရွိေပမယ့္ ၿပီးခဲ့တဲ့ တစ္လေလာက္က စလို႔ ေျမပံုၿမိဳ႕မရဲစခန္းမွာ တပ္မေတာ္က စခန္းခ်ၿပီး ရွာေဖြစစ္ေဆးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိ အုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦးကို ဖမ္းဆီး တရားစြဲဆိုတာေၾကာင့္ အျခားအုပ္ခ်ဳပ္ေရးမွဴးေတြဟာလည္း စိုးရိမ္ၿပီး ႏုတ္ထြက္ဖို႔ ျပင္ဆင္ေနသူ တခ်ိဳ႕လည္း ရွိပါတယ္။ အမည္မေဖာ္လိုတဲ့ အုပ္ခ်ဳပ္ေရးမွဴး တစ္ဦးကေတာ့ ခုရက္ပိုင္းအတြင္း ႏုတ္ထြက္စာတင္သြားမယ္လို႔ ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမွဴးေတြဆိုတာ ႏွစ္ဘက္ၾကားမွာ ၾကားညပ္တတ္တာေၾကာင့္ အစိုးရနဲ႔တပ္မေတာ္အေနနဲ႔ နားလည္ေပးသင့္တယ္ လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ကေတာ့ လက္ရွိတရားစြဲဆိုခံထားရတဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦးကို စစ္ေဆးခ်က္ေတြအရ AA နဲ႔ ပတ္သက္မႈ ရွိတယ္ဆိုတာကို ေတြ႔ရတယ္လို႔ ေျပာပါတယ္။ အၾကမ္းဖက္ဥပေဒပုဒ္မနဲ႔ တရားစြဲဆိုတာကေတာ့ စစ္ေဆးေတြ႔ ရွိခ်က္အေပၚမွာ အစိုးရ ေရွ႕ေနေတြက ဆံုးျဖတ္တာျဖစ္တယ္လို႔ RFA ကို ေျပာဆိုပါတယ္။

AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ဒီအုပ္ခ်ဳပ္ေရးမွဴး ႏွစ္ဦးဟာ AA နဲ႔ လံုးဝ ပတ္သက္မႈမရွိဘူးလို႔ RFA ကို ေျပာပါ တယ္။ သူတို႔ဟာ သာမန္ေဒသခံျပည္သူေတြသာျဖစ္ၿပီး၊ အရင္က ျမန္မာစစ္တပ္ကေန ေတာက္ေလွ်ာက္ အသံုးျပဳလာတဲ့ ဒီရြာလူႀကီးေတြကို အခုလို အၾကမ္းဖက္ဥပေဒပုဒ္မေတြနဲ႔ တရားစြဲတာဟာ မျဖစ္သင့္တဲ့ ကိစၥလို႔လည္း ခိုင္သုခက ေျပာပါ တယ္။ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA တိုက္ပြဲေတြျဖစ္ၿပီး ေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမွဴးေတြဟာ ဖမ္းဆီးခံရတာေတြ ရွိတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အတြင္း ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ အုပ္ခ်ဳပ္ေရးမွဴး တာဝန္ ေတြကေန ႏုတ္ထြက္ခြင့္ျပဳဖို႔ စာတင္တာေတြ ရွိခဲ့ပါတယ္။ https://www.rfa.org/burmese/news/myaypon-two-villa ge-administrators-being-sued-06032020085107.html

***************

၁၄။     ျမဝတီ သစ္ေတာပုိင္ေျမကုိ ၿခံကြက္႐ုိက္ ေရာင္းခ်ေနသူမ်ားအား ေဖာ္ထုတ္အေရးယူမည္ဟု သစ္ေတာဌာနေျပာ

June 2, 2020

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ ေျမနီကုန္းရပ္ အေနာက္ဘက္ ျမဝတီသစ္ေတာႀကိဳးဝုိင္း ႀကိဳးျပင္ ကာကြယ္ ေတာ အတြင္းရွိေျမကုိ ၿခံကြက္မ်ားရိုက္၍ ေရာင္းခ် ေရာင္းခ်ေနသူမ်ားအား စုံစမ္းေဖာ္ထုတ္ၿပီး ဥပေဒေၾကာင္းအရ အေရး ယူသြားမည္ျဖစ္ေၾကာင္း ျမဝတီၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွဦးစီးအရာရွိ ဦးေက်ာ္မ်ဳိးသူက ေျပာသည္။

ျမဝတီသစ္ေတာႀကိဳးဝုိင္း ႀကိဳးျပင္ကာကြယ္ေတာအတြင္းရွိ ေျမဧက ၅၀ ခန္႔အား ၿခံကြက္မ်ား ႐ုိက္၍ ေရာင္းခ်မႈမ်ားရွိ ေၾကာင္း သတင္းအရ ဇြန္လ ၁ ရက္ နံနက္ ၁ဝ နာရီအခ်ိန္က ျမဝတီၿမိဳ႕နယ္ သစ္ေတာဦး စီးဌာနမွ တာဝန္ ရွိသူမ်ား၊ အမွတ္ ၄ ရပ္ကြက္ရွိ ဆယ္အိမ္မႉး ရာအိမ္မွဴးမ်ားနွင့္ တာဝန္ရွိသူမ်ားက ကြင္းဆင္းစစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့စဥ္ ၿမိဳ႕နယ္ သစ္ေတာ ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္မ်ဳိးသူက ယခုလုိ ေျပာသည္။ “သစ္ေတာပိုင္ေျမထဲမွာ ၿခံကြက္ေတြ႐ုိက္ၿပီး ေရာင္းခ်ေန ေၾကာင္းသိရလုိ႔ က်ေနာ္တုိ႔ ၿမိဳ႕နယ္ သစ္ေတာဦး စီးဌာနအေနျဖင့္ လာေရာက္ၾကည့္႐ႈစစ္ေဆးရာမွာ အမွန္တကယ္ပဲ ၿခံကြက္ေတြ႐ုိက္ထားတာကုိ ေတြ႔ရွိရပါတယ္။ ဒီၿခံကြက္ေတြကို ဘယ္သူေတြက ႐ိုက္ၿပီး တရားမဝင္အေရာင္းအဝယ္ လုပ္ေန သလဲဆိုတာ စံုစမ္းေဖာ္ထုတ္ ရပါ မယ္။ ယခုလို သစ္ေတာပိုင္ေျမေပၚမွာ က်ဴးေက်ာ္ၿပီး ၿခံကြက္႐ုိက္တဲ့သူေတြကုိ သိရရင္ ေတာ့ ၂ဝ၁၈ သစ္ ေတာ ဥပေဒပုဒ္မ ၄ဝ နဲ႔ ျမဝတီၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူသြားမွာျဖစ္ပါတယ္” ဟု ဦးေက်ာ္မ်ဳိးသူက ေျပာသည္။

ျမဝတီၿမိဳ႕ေန ျပည္သူတစ္ဦးက “ျမဝတီၿမိဳ႕မွာက ယခုလို သစ္ေတာေျမ (သို႔မဟုတ္)အစိုးရ စီမံခန္႔ခြဲခြင့္ရ ေျမေပၚမွာ တရား ဝင္ခြင့္ျပဳခ်က္ျဖင့္ မဟုတ္ဘဲ တရားမဝင္ ၿခံကြက္႐ိုက္ကာ ေျမအေရာင္းအဝယ္မ်ား ျပဳလုပ္လ်က္ရွိေနပါတယ္။ ဒါေတြ ကို သက္ဆိုင္ရာဌာနမ်ားအေနျဖင့္ အခ်ိန္မွီတားဆီးဖို႔ လိုအပ္ပါတယ္။ တရားမ ဝင္ၿခံကြက္႐ိုက္ၿပီး တရားဝင္သဖြယ္ လိမ္လည္ ေရာင္းခ်ေနသူမ်ား၏ စကားကိုယံု၍ ရွိစုမဲ့စုေခြၽးနည္းစာမ်ားျဖင့္ ဝယ္ယူခဲ့သူေတြလည္း မ်ားစြာ႐ွိေနၿပီး ေနာက္ပိုင္း လူေနအိမ္ ေတြျဖစ္လာမွ ထိုးၿဖိဳဖယ္႐ွားမႈေတြ ျပဳလုပ္ေနျခင္းဟာ ျပည္သူေတြရဲ႕ အိုးအိမ္စည္စိမ္ေတြကို မ်ားစြာထိခိုက္ေစသလို အစိုးရဲ႕ ပံုရိပ္လည္း က်ဆင္းေစတယ္”ဟု ေျပာသည္။

၎အျပင္ ျမဝတီၿမိဳ႕ တိုးခ်ဲ႕ ရပ္ကြက္၆/၇ ေျမေနရာ၌ ယခင္ ၂၀၁၅ ခုႏွစ္အေစာပိုင္းကာလမ်ားက တရားမဝင္ ေျမကြက္႐ိုက္ ေရာင္းခ်သူမ်ားထံမွ ျပည္သူမ်ားဝယ္ယူ၍ အိမ္ေဆာက္ေနထိုင္ခဲ့ၾကသည္။ ယခုအခါ ထိုေနရာအား အစိုးရစီမံခန္႔ခြဲခြင့္ရ ေျမဟုသတ္မွတ္ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွစ၍ ယေန႔ ၂၀၂၀ခုႏွစ္ ဇြန္လ ၂ ရက္ေန႔ထိ တိုင္ ေအာင္ေနအိမ္မ်ားအား ဖယ္ရွား ရွင္းလင္းမႈမ်ားျပဳလုပ္ေနၿပီး ေျမကြက္ဝယ္ယူထားေသာ ျပည္သူမ်ားအေနျဖင့္ ဆံုးရံႈးမႈမ်ားစြာႀကံဳေနရေၾကာင္း ေျပာဆုိၾက သည္။ http://kicnews.org/2020/06/% e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae

*************

၁၅။     ႏုိင္ငံေရးအက်ဳိးအျမတ္အတြက္ COVID-19 ကုိ လက္နက္အျဖစ္အသုံးခ်ဟု ေရွ႕ေျပးအသံအဖြဲ႔ အစီရင္ခံစာ ထုတ္ျပန္

June 2, 2020

ျမန္မာစစ္တပ္သည္ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္(NLD) ပါတီဦးေဆာင္သည့္ အစုိးရ၏ ေထာက္ခံအားေပးမႈ ျဖင့္ ႏုိင္ငံေရး အက်ဳိးအျမတ္အတြက္ လက္ရွိ ျဖစ္ပြားေနသည့္ COVID-19 ကပ္ေရာဂါကုိ လက္နက္သဖြယ္ အသုံးခ်ေန ေၾကာင္း အေရွ႕ေျပးအသံ(Progressive Voice) အဖြဲ႔က ယေန႔ ဇြန္လ ၂ ရက္ေန႔တြင္ အစီရင္ခံစာ ထုတ္ျပန္ေျပာ ဆုိလုိက္သည္။ “ေနာက္က်က်န္ခဲ့ေသာ တုိင္းျပည္- ျမန္မာႏုိင္ငံမွ COVID-19 ကုိ လက္နက္အျဖစ္အသုံးခ်ျခင္း ” အမည္ျဖင့္ ထုတ္ျပန္သည့္ ၎အစီရင္ခံစာတြင္ ျမန္မာစစ္တပ္ႏွင့္ အစုိးရတုိ႔သည္ တုိင္းရင္းသားလူထုအသုိင္းအဝုိင္းမ်ား၊ လူ႔အခြင့္အေရး ကာကြယ္ ေစာင့္ေရွာက္သူမ်ားႏွင့္ သတင္းမီဒီယာသမား မ်ားအေပၚ ဖိႏွိပ္မႈမ်ား တုိးျမႇင့္လုပ္ ေဆာင္ရန္ႏွင့္ ႏုိင္ငံေရး အက်ဳိးအျမတ္ အတြက္ ကပ္ေရာဂါကုိ လက္နက္သဖြယ္ အသုံးျပဳေနေၾကာင္း ေဖာ္ျပ ထားသည္။

ေရွ႕ေျပး အသံအဖြဲ႔၏ အႀကံေပး ဘုတ္အဖြဲ႔ ဥကၠ႒ ခင္ဥမၼာက “အစုိးရရဲ႕ “မည္သူမွ် ဖယ္ခ်န္မထားေရး” ဆုိတဲ့ မူကုိ ျမန္မာ စစ္တပ္က ပ်က္ရယ္ျပဳလုိက္တာပဲျဖစ္တယ္။ သူတုိ႔က တုိင္းရင္းသား ေဒသေတြမွာ ရာနဲ႔ခ်ီၿပီး ႏွိပ္စက္သတ္ျဖတ္တာကုိ ခံေနရတဲ့ ရခုိင္ျပည္နယ္က လူထုေတြအေပး ဆက္လက္က်ဴးလြန္းေနတဲ့ စစ္ရာ ဇဝတ္မႈနဲ႔ လူသားမ်ဳိးႏြယ္ကုိ ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြကုိ ဖုံးကြယ္ဖုိ႔အတြက္ COVID-19 ကုိ အကာအကြယ္အေနနဲ႔ သုံးေနတယ္”ဟု အစီရင္ခံစာ၏ သတင္းထုတ္ ျပန္ခ်က္၌ ေျပာဆုိထားသည္။ အဆုိပါ အစီရင္ခံစာသည္ သတင္းမီဒီယာမ်ား၏ သတင္းတင္ျပမႈမ်ား၊ မတ္လ ၂၃ ရက္ေန႔မွ ေမလ ၁၀ ရက္အထိ အစုိးရ၊ အရပ္ဖက္ႏွင့္တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းမ်ား (EAOs) စသည့္ အဖြဲ႔အစည္းမ်ား ထုတ္ျပန္ခ်က္မ်ားအေပၚ အေျခခံ၍ ျပန္လည္ဆန္းစစ္သုံးသပ္ၿပီး ကပ္ေရာဂါ ကာလတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ား ဆက္လက္ျဖစ္ေပၚေနေၾကာင္း မီးေမာင္းထုိးျပသည့္ အစီရင္ခံစားျဖစ္သည္ဟု အဆုိပါ အဖြဲ႔က ဆုိသည္။

ထုိအစီရင္ခံစာ၌ ကပ္ေရာဂါ ကာလအတြင္း ရခုိင္ႏွင့္ခ်င္းျပည္နယ္တုိ႔တြင္ ျမန္မာစစ္တပ္၏ ထုိးစစ္ဆင္မႈမ်ား ပုိမုိလုပ္ေဆာင္ လာျခင္းႏွင့္အတူ အစုိးရ၏ အင္တာနက္ ျဖတ္ေတာက္မႈကုိ အခြင့္ေကာင္းယူ၍ အၾကမ္းဖက္ လုပ္ေဆာင္မႈမ်ားကုိ တုိးျမႇင့္ လုပ္ေဆာင္ေနျခင္းေၾကာင့္ ေဒသခံအရပ္သားျပည္သူမ်ားမွာ ၎အၾကမ္းဖက္မႈကုိ အဓိက ခံစားေနရေၾကာင္း ေဖာ္ျပထား သည္။ ထုိ႔အျပင္ COVID-19 ကပ္ေရာဂါအေပၚ အစုိးရ ႏွင့္ EAOs အဖြဲ႔မ်ား၏ တုန္႔ျပန္ေဆာင္ရြက္မႈအေပၚ သုံးသပ္ထား သလုိ ျမန္မာစစ္တပ္မွ အပစ္ရပ္လက္မွတ္ေရးထုိးထားသည့္ ကရင္အမ်ဳိးသားအစည္းအရုံး-KNU၊ သွ်မ္းျပည္ ျပန္လည္ ထူေထာင္ေရးေကာ္စီ -RCSS တုိ႔လုိ အဖြဲ႔အစည္းမ်ား၏ ကပ္ေရာဂါ တုန္႔ျပန္တားဆီးေဆာင္ရြက္မႈအေပၚ ျမန္မာ စစ္တပ္၏ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားကုိပါ ေဖာ္ျပထားၿပီး တုိင္းရင္းသား ျပည္သူမ်ားအား ကပ္ေရာဂါ ကူးစက္မႈျဖစ္ပြားမည့္အေပၚ ျမန္မာစစ္တပ္အေနျဖင့္ ဂရုမစုိက္ေၾကာင္းျပသေန သည္ဟု ဆန္းစစ္ေဝဖန္ထားသည္။

“NLD အစုိးရက ဗုိင္းရပ္စ္ျပန္႔ပြားမႈ ကာကြယ္ေရးအတြက္ EAO ေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖုိ႔ ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ တစ္ရပ္ ဖြဲ႔စည္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ေပမဲ့ လက္ေတြ႔မွာ တုိင္းရင္းသားက်န္းမာေရး ဝန္ေဆာင္မႈေတြက ဖယ္က်ဥ္ခံထားရၿပီး တမင္သက္သက္ ဖ်က္ဆီးတာကုိ ခံေနရတယ္။ ေဒသခံ က်န္းမာေရး ဝန္ေဆာင္မႈ ေပးသူေတြအေပၚ ဘာကန္႔သတ္ခ်က္မွ မထားဖုိ႔နဲ႔ သူတုိ႔ဆီကုိ လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီေတြ တုိက္ရုိက္ေရာက္ရွိဖုိ႔က အရမ္းအေရးႀကီးတယ္”ဟု ခင္ဥမၼာက အစီရင္ခံစာ သတင္းထုတ္ျပန္ခ်က္၌ ေျပာဆုိထားသည္။

ေရွ႕ေျပး အသံ (Progressive Voice) သည္ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရး ႏွင့္ ဒီမုိကေရစီအေရးအတြက္ စည္းရုံး လႈံ႔ေဆာ္ေရး လုပ္ေဆာင္ ေနသည့္ အာရွ-ပစိဖိတ္ေဒသတြင္းမွ အဖြဲ႔မ်ားျဖင့္ ၂၀၀၆ ခုႏွစ္တြင္ ကြန္ရက္အျဖစ္ ခ်ိတ္ဆက္ ဖြဲ႔စည္းခဲ့သည့္ ျမန္မာ့အေရး ပူးေပါင္းေဆာင္ရြက္သူမ်ားအဖြဲ႔ (Burma Partnership) မွ အေျခခံ ေပါက္ဖြားလာသည့္ အဖြဲ႔အစည္းျဖစ္သည္။ http:/ /kicnews.org/2020/06/% e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80

***************

၁၆။     နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဒံုဟီးၿမိဳ႕နယ္အတြင္းရွိ ေျပာင္းခင္းမ်ား ပိုးက်မႈေၾကာင့္ပ်က္စီးမႈရွိ၍ ေဒသအတြင္း လာမည့္ႏွစ္                စားနပ္ရိကၡာအတြက္ အခက္အခဲ ျဖစ္ႏိုင္ဟုဆို

June 3, 2020

ကိုင္းတိုင္းေဒသႀကီး နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဒံုဟီးၿမိဳ႕နယ္အတြင္းရွိ ေတာင္ယာမ်ားတြင္ စိုက္ပ်ိဳးထားေသာ ေျပာင္းခင္းမ်ား ပိုးက်မႈေၾကာင့္ ပ်က္စီးမႈရွိေနၿပီး ေဒသခံမ်ားအေနႏွင့္ လာမည့္ႏွစ္ စားနပ္ရိကၡာအတြက္ အခက္အခဲမ်ား ျဖစ္လာႏိုင္သည္ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိမ္းေမာင္၏ ေျပာၾကားခ်က္အရ သိရသည္။“ေျပာင္းက အထူးသျဖင့္ ဒံုဟီးၿမိဳ႕နယ္အတြင္းမွာ ေတာင္ယာအေနနဲ႔ စိုက္ပ်ိဳးၾကတာ မ်ားပါတယ္။ သူတို႔က ေတာင္ယာကို အေလ့က် စိုက္ပ်ိဳးတဲ့စနစ္နဲ႔ စိုက္တယ္။ သူတို႔ရဲ႕ အဓိက အစားအစာကလည္း ေျပာင္းပဲ။ ေျပာင္းက အေျခခံအစားအစာ ျဖစ္တယ္။ ေျပာင္း၊ ဖြဲမီး၊ လူး၊ ဆပ္၊ ပီေလာပီနံတို႔ကို စိုက္ၿပီး အသက္ေမြးၾကတယ္။ ေျပာင္းေတြမွာ ပိုးက်ေတာ့ ေတာင္ယာေတြမွာ ကြ်န္ေတာ္ကိုယ္တိုင္ ကြင္းဆင္းၾကည့္တယ္။ ကြင္းဆင္းၾကည့္ေတာ့ အရြက္ႏုထြက္ေတာ့ ရြက္ႏုက ကန္ေတာ့ပံုရွိတယ္။ အဲဒီ ထဲက ဝင္ၿပီးေတာ့အညြန္႔ေတြပါ စားတယ္။ ပိုးေတြကေတာ့ စိမ္းႏုေရာင္ေလးေတြ။ ေျပာင္းပင္ရဲ႕ အဆစ္ေရာက္ရင္ ဆက္စား လို႔ မရေတာ့ဘူး။ ဆက္မစားေတာ့ေပမယ့္ ေျပာင္းပင္က ေသသြားၿပီ။ အခု အေနအထားက ေျပာင္းပင္တစ္ပင္နဲ႔ တစ္ပင္ကူး စက္မႈက တကယ္ျမန္တယ္။ အဲဒီလိုျဖစ္ေနေတာ့ စိုက္ပ်ိဳးေရးပညာရွင္နဲ႔ ေမးၾကည့္ေတာ့ ဒီပိုးက မ်ိဳးဆက္သစ္ပိုးေတြ ျဖစ္ တယ္။ မ်ိဳးေဟာင္းမဟုတ္ဘူး။ ဒီဟာကို ဘယ္လိုသတ္လို႔ရသလဲ နည္းလမ္းေတြ ရွာၾကည့္တယ္။ ကြ်န္ေတာ္တို႔ကလည္း တစ္ပတ္ဆို တစ္ပတ္အတြင္းမွာ မကယ္ႏိုင္ေတာ့  ၾကာလာရင္ ေျပာင္းပင္ေတြက ထြားမလာဘဲ ေသသြားတယ္။ ဒီလိုပိုးက် တာက ဒံုဟီးနယ္တစ္နယ္လံုးက ေျပာင္းစိုက္တာဆိုေတာ့ ဒံုဟီးၿမိဳ႕နယ္အတြင္းမွာ အကုန္ျဖစ္တယ္။ နန္းယြန္းဘက္က ေျပာင္းက သိပ္မစိုက္ဘူး။ ပိုးလည္းမက်ဘူး။ အေျခခံအစားအစာ မဟုတ္ဘူး။ အဓိက ဒံုဟီးနယ္မွာ ျဖစ္တယ္။ အဲဒီဘက္က ေတာင္ယာအကုန္က ေျပာင္းေတြပဲမ်ားတယ္” ဟု ဦးစိမ္းေမာင္က ေျပာျကားသည္။

နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဒံုဟီးၿမိဳ႕တြင္ ၂၀၂၀ ျပည့္ႏွစ္အတြင္း မိုးရာသီ အေစ့ထုတ္ေျပာင္းစိုက္ဧက ၆၈၄ ဧက စိုက္ပ်ိဳးခဲ့ၿပီး ငေျမွာင္ေတာင္ပိုး က်ေရာက္သျဖင့္ စိုက္ဧက ၂၀ဝ ေက်ာ္ ထိခိုက္ခဲ့သည္ဟု နန္းယြန္းၿမိဳ႕ စိုက္ပ်ိဳးေရးဦးစီးဌာန ၏ မွတ္တမ္းမ်ားအရ သိရသည္။ ပိုးက်ေရာက္ခဲ့သည့္ ေျပာင္းခင္းမ်ားသို႔ စိုက္ပ်ိဳးေရးဌာနမွ ပိုးသတ္ေဆးမ်ားကို ေဆးဖ်န္းပံုး မ်ားျဖင့္ ႏွိမ္နင္းေပးခဲ့ေၾကာင္း သိရသည္။

“ေျပာင္းက သူတို႔ ႏွစ္စဥ္ပ်မ္းမွ် ဘယ္ေလာက္ရသလဲ။ ဒီႏွစ္ ဘယ္ေလာက္ထြက္သလဲ ဆိုတာကိုရမွ ရာခိုင္ႏႈန္းကို တြက္ ခ်က္လို႔ရမွာ။ ဒီအခ်ိန္မွာ စားနပ္ရိကၡာ ဘယ္ေလာက္ လိုအပ္တယ္မလိုအပ္ဘူးေတာ့ ေျပာမရေသးဘူး။ ေျပာင္းကေတာ့ သူတို႔ အေျခခံ အစားအစာဆိုေတာ့ အခုလို အေျခအေနမ်ိဳးဆိုရင္ သူတို႔ရဲ႕ စားနပ္ရိကၡာ အခက္အခဲျဖစ္မွာ ေသခ်ာပါတယ္။ အစားအစာျပတ္လပ္မႈ ျဖစ္ႏိုင္ဖို႔အတြက္ ေသခ်ာပါတယ္။ လာမယ့္ႏွစ္မွာ စားနပ္ရိကၡာထူေထာင္ေရးမွာ ေလ်ာ့သြားမယ္။ ပ်က္စီးသြားတဲ့ဟာကို စိုက္ပ်ိဳးေရးဌာနက ေထာက္ပံ့မႈေပးမယ္ဆိုရင္လည္း အလုပ္မျဖစ္ဘူးဗ်။ အခုဟာက ပိုးက်တာကို ပိုးသတ္ေဆးဖ်န္းလို႔ ရသေလာက္ ဖ်န္းမယ္။ ဘယ္ေလာက္ေကာင္းမလဲ ဘယ္ေလာက္ပ်က္သလဲ သံုးသပ္မယ္။ ခ်င့္ခ်ိန္ၿပီး အခ်ိဳးက် တြက္ခ်က္ၿပီး ဘယ္ႏွလစာေလာက္ေတာ့ စားနပ္ရိကၡာ ျပတ္ႏိုင္တယ္ဆိုတာ တြက္ခ်က္ၿပီး အစိုးရကို တင္ျပမယ္” ဟု ဦးစိမ္းေမာင္က ဆက္လက္ေျပာၾကားသည္။ https://news-eleven.com/article/176669

**************

၁၇။          ေျပာင္းစိုက္ခင္းမ်ားတြင္ ငေျမွာင္ေတာင္ပိုး ဖ်က္ဆီးမႈနဲ႔ ရင္ဆိုင္ေနရ

June 04, 2020

ကယားျပည္နယ္အတြင္း စိုက္ပ်ိဳးထားတဲ့ ေျပာင္းစိုက္ခင္းေတြမွာ ငေျမွာင္ေတာင္ပိုးက်ေရာက္ေနၿပီး ဖ်က္ဆီးထားမႈကိုလည္း ေျပာင္းစိုက္ေတာင္သူေတြ ရင္ဆိုင္ေနရပါတယ္။ ဒီေမာ့ဆိုၿမိဳ႕နယ္ ေသးဆူလဲေက်းရြာအုပ္စုမွာလည္း ေျပာင္းစိုက္ခင္းေတြမွာ ၿပီးခဲ့တဲ့ ႏွစ္ကစၿပီး ငေျမွာင္ေတာင္ပိုး အမ်ားအျပားက်ေရာက္ခဲ့ၿပီး အထြက္ႏႈန္းက်ဆင္း မႈနဲ႔ရင္ဆိုင္ခဲ့ရသလို ဒီႏွစ္မွာလည္း စိုက္ခင္းမွာ ပိုးက်ေရာက္မႈကို ဆက္လက္ရင္ဆိုင္ေနရပါတယ္။ ေျပာင္းစိုက္ဧက ၅၀ဝ ေက်ာ္မွာ ပိုးက်ေနတာေၾကာင့္ ပိုး သတ္ေဆးကို ျဖန္းေနရသလို ပိုးသတ္ေဆးလည္း ေဈးမ်ားတာေၾကာင့္ မတတ္ႏိုင္ဘူးလို႔ ေသးဆူလဲေက်းရြာမွ ေတာင္သူ ျဖစ္တဲ့ ညားရယ္ကေျပာပါတယ္။“တခ်ိဳ႕ခင္းေတြေတာင္မွ ေဆးမႏိုင္ေတာ့ဘူး။ ေဆးႏိုင္တဲ့ေတာင္သူေတြက်ေတာ့ ေဆးႏိုင္ တယ္ သံုးေလးေခါက္ျဖန္းရတာေပါ့ေနာ။ အဲဒါကုန္က်စရိတ္မ်ားသြားတယ္။ မတတ္ႏိုင္တဲ့သူေတြက်ေတာ့ အရံႈးခံတဲ့သေဘာ ေပါ့ အထြက္ကေတာ့ တစ္ဝက္ေလာက္က်တယ္”လို႔ သူက ေျပာပါတယ္။ ပိုးက်ေနတဲ့အျပင္ မိုးေခါင္တာေၾကာင့္ သီးႏွံကို ႏွစ္ခါျပန္စိုက္ေနရတယ္လို႔ ၎က ဆက္ေျပာပါတယ္။

ပိုးမက်မွီႏွစ္ေတြက ေျပာင္းတစ္ဧကမွာ ၂၅ ပိႆာဆန္႔တဲ့ အိတ္ ၈၀ နဲ႔ ၁၂၀ ၾကားရရွိၿပီး ပိုးက်တဲ့အခါမွာေတာ့ အိတ္ ၈၀ ေအာက္သာ ထြက္ရွိေတာ့တာေၾကာင့္ ေျပာင္းစိုက္ေတာင္သူေတြ အရံႈးေပၚေနၾကတယ္လို႔ သိရပါတယ္။ ေတာင္သူေတြကို ပိုးက်ေရာက္မႈသက္သာေအာင္ အသိပညာေပးမႈေတြေဆာင္ရြက္ေနၿပီး လက္ရွိမွာလည္း COVID-19 ေၾကာင့္ လူစုလူေဝး မလုပ္ရတာေျကာင့္ အသိပညာေပးမႈကို မလုပ္ရေသးဘူးလို႔ ဒီေမာ့ဆိုၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴး ေဒၚရို႕စ္ထူးေဒးျမာက ဆိုပါတယ္။“ကူညီေဆာင္ရြက္ေပးတာကေတာ့ ေတာင္သူပညာေပးတို႔ ဘာတို႔ရွိတာေပါ့ေနာ။     ဒါေပမယ့္ အခု COVID ေၾကာင့္ေပါ့ေနာ အခု လူစုလူေဝးမလုပ္ရဘူးဆိုေတာ့ အခုေတာင္သူပညာေပးေတာ့ မလုပ္ျဖစ္ေသး ဘူးေပါ့။ လုပ္ဖို႔ကေတာ့ အစီအစဥ္ရွိၿပီေနာ ရွိထားၿပီးသား ဒါေပမယ့္ လူစုလူေဝးမလုပ္ရဘူးဆိုေတာ့ေလ”လို႔ ၎က ေျပာပါတယ္။ ပိုးသတ္ေဆးကလည္း ေဈးမ်ားတာေၾကာင့္ ေငြေၾကးမတတ္ႏိုင္တဲ့ေတာင္သူေတြအေနနဲ႔ ပိုးက်မႈသက္သာ ေအာင္ သဘာဝနည္းလမ္း ပိုးသတ္ေဆးကို အသိပညာေပးေနတယ္လို့ ေဒၚရိုစ့္ထူးေဒးျမာက ေျပာပါတယ္။“အရင္နွစ္က ေသးဆူ လဲအုပ္စု ကုန္းသာေက်းရြာမွာလုပ္တာေပါ့ေနာ သူတို႔ကို ဘယ္လိုနည္းစနစ္ေပးလဲဆိုရင္ ဂ်င္းရယ္ ၾကက္သြန္ရယ္ ငရုပ္သီးရယ္ အဲဒါကိုေဖ်ာ္စပ္ၿပီးေတာ့မွ ေရနဲ႔ေလးဆတစ္ဆ အဲလိုေဖ်ာ္ၿပီးမွ ျဖန္းခိုင္းတယ္ သူ႔ကိုထိထိမိမိျဖန္းခိုင္းတယ္။ ပိုးကို အျမတ္ျပတ္ေအာင္ေတာ့မဟုတ္ဘူး သူတို႔ကိုေျခက်ိဳးလက္က်ိဳးျဖစ္သြားေအာင္ အဲလိုပဲလုပ္ရတာေပါ့။”လို႔ ေဒၚရိုစ့္ထူး ေဒးျမာ က ဆက္ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက ဖယ္ခံုၿမိဳ႕နယ္အတြင္းက ေျပာင္းစိုက္ခင္းေတြမွာ ငေျမွာင္ေတာင္ပိုးက်ေရာက္ခဲ့ၿပီး စိုက္ခင္း အမ်ားအျပားကို မီးရိႈ႕ဖ်က္ဆီးခဲ့ရသလို လက္ရွိ ကယားျပည္နယ္မွာလည္း ငေျမွာင္ေတာင္ပိုးက်ေရာက္ ဖ်က္ဆီးမႈကို ခံေနရ တယ္လို႔ ေတာင္သူေတြက ေျပာၾကပါတယ္။ ငေျမွာင္ေတာင္ပိုးက်တာက တစ္ျပည္နယ္လံုးျဖစ္ေနၿပီး ေျပာင္းနဲ႔ အျခားသီးႏွံ ေတြျဖစ္တဲ့ စပါး၊ ေျမပဲ၊ ဟင္းသီးဟင္းရြက္အပါအဝင္ သီးႏွံအမ်ိုးေပါင္း (၈၀)ေက်ာ္ကို စားေသာက္ဖ်က္ဆီးႏိုင္တဲ့အျပင္ တစ္ ညအတြင္းကီလိုမီတာ(၁၀ဝ)အထိ ပ်ံသန္းႏိုင္စြမ္းရွိတဲ့ဖ်က္ပိုးျဖစ္ပါတယ္။ https://www.bnionline.net/mm/news73200

**************

၁၈။     မဟာဓာတ္အားလိုင္းသြယ္သည့္ လုပ္သားကား ေခ်ာက္ထဲက်  ၂ ဦးေသ

June 4, 2020

သွ်မ္းျပည္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္ တံုတာၿမိဳ႕ အနီးရွိ ေခ်ာက္ထဲသို႔ မဟာဓာတ္အားလိုင္းသြယ္တန္းသည့္ အလုပ္သမား ၃၀ ဦး စီးလာသည့္ ဒိုင္းနာကားသည္ ေခ်ာက္ထဲသို႔က်ကာ ၂ ဦးေသဆံုသြားေၾကာင္း ရွိသည္။ မနက္ ၁၁ နာရီခြဲတြင္ မဟာ ဓာတ္ အားလိုင္း သြယ္တန္းသည့္ လုပ္သား ၃၀ စီးလာသည့္ ဒိုင္နာကားသည္ တံုတာၿမိဳ႕အဝင္ ေပ ၅၀ ရွိသည့္ ေခ်ာက္ထဲ သို႔ က်ကာ ၂ ဦးေသဆံုးၿပီး၊ လက္ရွိ ဒဏ္ရာ ျပင္းထန္သည့္ သူ ၈ ဦးကို က်ိဳင္းတံု ေဆးရံုသို႔ ပို႔ ေဆာင္ထားေၾကာင္း လူမႈကူ ညီေရးအသင္းမွ တာဝန္ရွိသူ တဦးက ေျပာသည္။

“ ဒဏ္ရာ ျပင္းထန္တဲ့ သူ ၁၀ ဦးကိုေတာ့ က်ိဳင္းတံု ေဆးရံုပို႔လိုက္တယ္။ အဲ့ထဲမွာ ၂ ဦးဆံုးသြားတယ္။ က်န္တဲ့ သူေတြ ကေတာ့ အနည္းငယ္ပဲထိတယ္။ မိုင္းပ်ဥ္း ေဆးရံုမွာ တက္ေနတယ္”ဟု ၎ ကေျပာသည္။ အဆိုပါ ကား ေခ်ာက္ထဲက်ရ ျခင္းသည္ ကားဘရိတ္ေပါက္မႈေၾကာင့္ ျဖစ္သြားသည္ဟုလည္း စံုစမ္းသိရသည္။ ထိုကား ေခ်ာက္ထဲသို႔ က်သြားသူမ်ားကို တံုတာ လူမႈကူညီေရး အသင္း ႏွင့္ တပ္မေတာ္တို႔က သြားေရာက္ ကယ္ထုတ္ခဲ့ေၾကာင္းသိ ရသည္။

လြန္ခဲ့သည့္ ေမ ၁၂ ရက္ တြင္လည္း မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း ခရီးသည္ယာဥ္ အေသးတစီးသည္ ေခ်ာက္ထဲက်ကာ ခရီး သည္ ၅ ဦး ေသဆံုးခဲ့သည္။ https://burmese.shannews.org/archives/16951

*************

၁၉။     ေတာင္ကုတ္ၿမိဳ႕နယ္ ပန္းတင္ (ငေမာက္ေခ်ာင္း) တိုက္နယ္ေဆးရံုတြင္ တာဝန္က်ဝန္ထမ္း လတ္တေလာ မရွိသျဖင့္ ပိတ္ထား

ရၿပီး က်န္းမာေရးႏွင့္ ပတ္သက္၍ ေဒသခံမ်ား စိုးရိမ္

June 3, 2020

ရခိုင္ျပည္နယ္ သံတြဲခရိုင္ ေတာင္ကုတ္ၿမိဳ႕နယ္ ပန္းတင္ (ငေမာက္ေခ်ာင္း) တိုက္နယ္ေဆးရံုတြင္ လတ္တေလာ၌ တာဝန္ က် က်န္းမာေရးဝန္ထမ္း တစ္ေယာက္မွမရွိေနဘဲ ပိတ္ထားရသည့္အတြက္ က်န္းမာေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္ေၾကာင္း ေဒသခံမ်ားက ေျပာၾကားသည္။ ထိုသို႔ ပိတ္ထားရျခင္းအေၾကာင္းအရင္းမွာ တာဝန္ခံဆရာဝန္မွာ အထူးကုတက္ေရာက္ရန္ ထြက္ခြာသြားခဲ့ရၿပီး က်န္ရွိသည့္ က်န္းမာေရးဝန္ထမ္းမ်ားျဖင့္ ေဒသေနျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ ေဆာင္ ရြက္ေနစဥ္ သားဖြားဆရာမႏွစ္ဦးမွာလည္း ေက်ာက္ျဖဴၿမိဳ႕နယ္သို႔ ေျပာင္းေရႊ႕သြားခဲ့ေၾကာင္းႏွင့္ (၃၀. ၅. ၂၀၂၀) ရက္တြင္ က်န္ရွိသည့္ အထက္တန္းသူနာျပဳႏွစ္ဦးစလံုးကို ၿမိဳ႕နယ္ဆရာဝန္က လိုအပ္ခ်က္အရဟုဆိုကာ ေခၚယူသြားခဲ့ျခင္းေၾကာင့္ ျဖစ္သည္ဟု အဆိုပါ တိုက္နယ္ေဆးရံု၏ ေဒသခံ က်န္းမာေရးအေထာက္အကူျပဳ ေကာ္မတီ ဥကၠ႒ထံမွ သိရသည္။

ေဒသခံ က်န္းမာေရး အေထာက္အကူျပဳ ေကာ္မတီဥကၠ႒ ဦးခ်စ္ေက်ာ္က “ကြ်န္ေတာ္က ေဆးရံုရဲ့လိုအပ္ခ်က္ေတြကိုလည္း ထဲထဲဝင္ဝင္ ကူညီျဖည့္စြက္ထားတဲ့အတြက္ ဝန္ထမ္းကိစၥေတြကလြဲရင္ တျခားကိစၥတခ်ိဳ႕ကို သိေနတယ္။ ကြ်န္ေတာ္တို႔ ဘက္က ေဆးရံုမွာ လိုအပ္တဲ့ပစၥည္းေတြ ကူညီေထာက္ပံ့မႈေတြလည္းအမ်ားႀကီး လုပ္ထားတယ္။ ဒါေပမယ့္ အခုက ဝန္ထမ္း ေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းတာေတြလုပ္ေတာ့ ပိတ္ထားရတဲ့အဆင့္ ရွိပါတယ္။ က်န္းမာေရးဝန္ထမ္း တစ္ ေယာက္မွမရွိတဲ့အတြက္ တိုက္နယ္ေဆးရံုကို ပိတ္ထားပါတယ္။ ဒါေၾကာင့္ သက္ဆိုင္သူေတြကို ေျပာခ်င္တာကေတာ့ ျပန္ လည္ဖြင့္ေပးဖို႔ ေတာင္းဆိုခ်င္တယ္။ ေဒသခံေတြရဲ့ က်န္းမာေရးအတြက္ ကြ်န္ေတာ္တို႔ စိုးရိမ္မိပါတယ္။ တစ္ခုခုျဖစ္ရင္ ၿမိဳ႕ေပၚကိုသြားဖို႔က ေရမိုင္ ၁၃ မိုင္ေက်ာက္ေလာက္ကို စက္ေလွနဲ႔သြားရတဲ့ ခရီးမို႔လိုပါ။ ျပန္လည္ဖြင့္ေပးေစခ်င္ပါတယ္” ဟု ေျပာၾကားသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီးဌာနမွ ျပည္နယ္မွဴး ေဒါက္တာစိုင္းဝင္းေဇာ္လိႈင္က “ေဆးရံုမွာ လူမရွိတာေတာ့ မဟုတ္ဘူး။ လူနည္းေနတာ၊ သတ္မွတ္ထားတဲ့ ဝန္ထမ္းနည္းေနတာ။ အခုက ေတာင္ကုတ္မွာ COVID Positive တစ္ေယာက္ေတြ႔ထားလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တရားဝင္ခြင့္ျပဳထားလို႔ လိုအပ္တဲ့လူအင္အား ကို ကြ်န္ေတာ္တို႔ကထည့္ၿပီး အလွည့္က်သံုးေနတာ။ ေဆးရံုပိတ္ထားတာ မဟုတ္ဘူး။ သူနာျပဳေရာ ဆရာဝန္ေရာ လိုအပ္တဲ့ အင္အားထက္ နည္းေနတယ္။ ေဆးရံုပိတ္ထားတာ မဟုတ္ဘူး၊ ၿခံတံခါးပိတ္ထားတာက လူနာမရွိလို႔ ပိတ္ထားတာ။ အဲဒီ ေဆးရံုမွာက ဆရာဝန္မရွိတာ ၾကာေနၿပီ၊ ျပန္ျဖည့္လို႔ မရေသးဘူး။ ရခိုင္တစ္ျပည္နယ္လံုးမွာ ဆရာဝန္ေတြ အမ်ားႀကီးက လစ္လပ္ေနတာ” ဟု ေျပာၾကားသည္။

အဆိုပါ တိုက္နယ္ေဆးရံုအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ (၂၈. ၃. ၂၀၁၅) ရက္စြဲပါ စာအမွတ္ ကမဘ/ဃ ၁၃၇၂/၄၆ ျဖင့္ ဖြင့္လွစ္ခြင့္ျပဳခဲ့ၿပီး (၂၃. ၃. ၂၀၁၆) ရက္တြင္ အေဆာက္အအံုမ်ား ေဆာက္လုပ္ၿပီးစီးကာ (၂၅. ၅. ၂၀၁၉) ရက္တြင္ တာဝန္ခံ ဆရာဝန္တစ္ဦး၊ အထက္တန္း သူနာျပဳႏွစ္ဦး၊ သားဖြားဆရာမႏွစ္ဦးႏွင့္ အေထြေထြလုပ္သား ေလးဦး၊ စုစုေပါင္းကိုးဦး ခန္႔ထားေပးၿပီး ေဆးရံုလုပ္ငန္းႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ စတင္လည္ပတ္ခဲ့ျခင္းျဖစ္သည္။ https://ne ws-eleven.com/article/176672

****************

၂၀။     ခိုလမ္တြင္ ကြ်န္းတင္ ကား(၁၃)စီး ႏွင့္ အတူ ယာဥ္ေမာင္း တဦး ဖမ္းဆီးရ

June 3, 2020

သွ်မ္းျပည္ေတာင္ပိုင္း ခိုလမ္ၿမိဳ႕နယ္အတြင္း ကြ်န္းသစ္ တင္ေဆာင္သည့္ ေမာ္ေတာ္ယာဉ္ (၁၃) စီး ဖမ္းဆီးမိရာ၊ တရားခံ တဦးသာ ဖမ္းဆီးရမိေၾကာင္း စံုစမ္းသိရသည္။

လြိဳင္လင္ၿမိဳ႕နယ္ ခိုလမ္ၿမိဳ႕နယ္အတြင္း ခိုလမ္- ကြန္ဟိန္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဇြန္ ၁ရက္ ေန႔လည္ ၁၁ နာရီ ၌ ရပ္တန္႔ထားသည့္ စူပါကာစတန္ အမ်ိဳးအစား ယာဥ္ငယ္ ၁၃ စီးကို စစ္ေဆးရာ ကြ်န္းခြဲသားေပါင္း (၈၃၇)ေခ်ာင္း (၁၅)တန္ ကို ဖမ္းဆီးရမိခဲ့ေသာ္လည္း ထိုထဲတြင္ ကားသမား တဦးသာ ဖမ္းဆီးရမိၿပီး က်န္ ၁၂ ဦး မွာ ထြက္ေျပးလႊတ္ေျမာက္ ေန ေၾကာင္း လြိဳင္လင္ၿမိဳ႕နယ္ သစ္ေတာ ဦးစီးအရာရွိ ဦးျပည့္ဟိန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။“ယာဥ္ ၁၃ စီးမွာ တစ္စီးက တရားခံ မိတယ္။ ၁၂ စီးက ပိုင္ရွင္ မေတြ႔ရွိရပဲ ဖမ္းဆီး ရမိတယ္” ဟု လြိဳင္လင္ၿမိဳ႕နယ္ သစ္ေတာ ဦးစီးအရာရွိ ဦးျပည့္ဟိန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

တရားခံကို ဆက္လက္ရွာေဖြေနၿပီး၊ လက္ရွိ ဖမ္းဆီးရမိသူကို ခိုလမ္ရဲစခန္းတြင္ သစ္ေတာ ဥပေဒ ပုဒ္မ (၄၃) (က) ႏွင့္ အမႈဖြင့္ထားေၾကာင္း ဦးျပည့္ဟိန္း က ဆိုသည္။ ထိုနည္းတူ သွ်မ္းျပည္ ေတာင္ပိုင္း က်ိဳင္းေတာင္းၿမိဳ႕နယ္တြင္ ဇြန္ ၂ ရက္ မနက္ ၁၁ နာရီ ၌ တရားမဝင္ ပိေတာက္သစ္ခြဲသားဆိုဒ္စံု ၁၀တန္ ႏွင့္ ကြ်န္းသစ္ခြဲသားဆိုဒ္ စံု ၂၀ တန္ ႏွင့္ အတူ လိုင္စင္မဲ့ ယာဥ္  ၅ စီး ကို သိမ္းဆည္းရမိေၾကာင္းသိရသည္။ https://burmese.shannews.org/archives/16923

**************

၂၁။     ေမချမစ္ေပၚကေရကာတာ ၆ ခု၏အခ်က္အလက္မသိရသျဖင့္ ဧရာဝတီျမစ္ေရအတက္အက်ခန႔္မွန္းရန္ခက္ခဲေနဟုဆို

June 2, 2020

ေမခ ျမစ္ေပၚရွိ ေရကာတာ ၆ ခု၏ ေရစီးဆင္းမႈႏွင့္ပတ္သက္သည့္ အခ်က္လက္မရရွိေသးသေရႊ႕ ဧရာဝတီျမစ္ေရအတက္ အက်အေျခအေနကို ႀကိဳတင္ခန႔္မွန္းရန္ခက္ခဲေနသည္ဟု သိရသည္။

မလိခအထက္ပိုင္း ေရကာတာ ၂ ခု၏ ေရစီးဆင္းမႈအခ်က္အလက္ကို လြယ္ကူစြာရရွိႏိုင္ေသာ္လည္း ေမချမစ္ေပၚရွိ ေရ ကာတာ ၆ ခု ၏ ေရစီးဆင္းမွုအခ်က္အလက္ကိုရရွိရန္ မျဖစ္ႏိုင္သည့္အတြက္ ဧရာဝတီျမစ္ေရအတက္က် ႀကိဳခန႔္မွန္းရန္ အခက္ခဲရွိေနေၾကာင္း ကခ်င္ျပည္နယ္မိုးေလဝသနဲ႔ ဇလေဗသဦးစီးအရာရွိ ဦးႏိုင္လင္းေထြး က ေျပာသည္။ “အဓိကသည္ ျမစ္ႀကီးနား အတြက္ဆိုရင္ ျမစ္ႏွစ္သြယ္ျဖစ္တဲ့ အေပၚက ေမခနဲ႔ မလိခေပါင္းၿပီးမွ Focus လုပ္ရတာ ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေမခဘက္က Information မရွိဘူး။ အခ်က္လက္ရယူဖို႔တြက္ အားနည္းတယ္။ အေပၚမွာရွိေနတဲ့ တ႐ုတ္က လုပ္ထားတဲ့ေရကာတာ ၆ ခုက က်ေနာ္တို႔ ပိုင္တာမဟုတ္တဲ့အတြက္ အဲဒီကေနေရလႊတ္ျခင္း မလႊတ္ျခင္းကို မသိႏိုင္တဲ့ တြက္ ေမချမစ္ေပၚကဆင္းလာတဲ့ေရကို က်ေနာ္တို႔ကမသိႏိုင္ဘူး။ အဲေၾကာင့္ အဲကေနဆင္းလာတဲ့ ေရအေျခေနေပၚမွာဘဲ မူတည္ၿပီးေတာ့ အခ်က္လက္ေတြ ထုတ္ျပန္ႏိုင္ပါေသးတယ္။” ဟု ေျပာသည္။

လက္ရွိ မလိချမစ္ေပၚတြင္ မခ်မ္းေဘာေရအားလွ်ပ္စစ္ႏွင့္ဆြမ္ပရာဘြမ္ေရအားလွ်ပ္စစ္ ၂ ခုရွိေနၿပီး ေမချမစ္ေပၚတြင္မူ ခ်ီေဖြ ငယ္ေရကာတာအပါအဝင္ တ႐ုတ္ႏိုင္ငံဘက္ျခမ္းမွ ေရကာတာ ၆ ခု ရွိေၾကာင္း ၎ကဆက္ေျပာသည္။ “ဥပမာ ခ်ီေဖြငယ္ ေရကာတာဆိုလို႔ရွိရင္ ဘယ္ခ်ိန္မွာေရကာတာေဆးမယ္၊ ဘယ္ခ်ိန္မွာေတာ့ေရလႊတ္မယ္ဘယ္ေန႔ထိေတာ့ ေရကာတာေဆး မယ္၊ ေရကိုဘယ္ခ်ိန္မွလႊတ္မယ္၊ အဲလိုအခ်က္လက္ေတြထုတ္ျပန္ေပးရင္ေတာ့က်ေနာ္တို႔က ႀကိဳတင္ျပင္ဆင္လို႔ရမယ္။ ဒါဆိုရင္ေတာ့ေရဘယ္ေလာက္တက္လာႏိုင္တယ္၊ ႐ုတ္တရက္တက္လာတာမ်ိဳးဆိုရင္ ဒီ Dam ေၾကာင့္ ျဖစ္တယ္ဆိုၿပီး က်ေနာ္တို႔ကတစ္ခါတည္းတန္းတြက္လို႔ရတယ္။” ဟု ကခ်င္ျပည္နယ္မိုးေလဝသနဲ႔ဇလေဗသဦးစီးအရာရွိ ဦးႏိုင္လင္းေထြးက ေျပာသည္။

သမိုင္းတစ္ေလၽွာက္ ကခ်င္ျပည္နယ္ ဧရာဝတီျမစ္ေရ၏ စိုးရိမ္ေရအမွတ္သည္ ၁၉၇၉ ခုႏွစ္တြင္ (၁၄၁၄) ၊ ၂၀၀၄ ခုႏွစ္တြင္ (၁၄၀၈) ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ (၁၂၂၉) အထိရွိခဲ့သည္။

မိုးေလဝသနဲ႔ပတ္သက္သည့္ သတင္းအခ်က္လက္မ်ားအား ေစာလွ်င္စြာျပည္သူမ်ားထံ သတင္းေပးပို႔ႏိုင္ရန္တြက္လည္း သက္ဆိုင္ရာၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ၊ ရပ္ကြက္မွဴးမ်ား၏ ဖုန္းနံပါတ္မ်ား ေတာင္းဆိုထားၿပီး သတင္းခ်က္လက္ျမန္ဆန္စြာ ေပးပို႔ ႏိုင္ရန္ Viber Group ဖြဲ႕ထားမည့္အစီစဥ္ စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ မိုးေလဝသႏွင့္ သက္ဆိုင္သည့္သတင္းမ်ားကို ေန႔စဥ္မနက္ ၇နာရီ ေန႔လည္ ၂နာရီ ည ၇နာရီ ပုံမွန္ထုတ္ျပန္ေပးေနေၾကာင္း ၎က ဆက္ေျပာသည္။ https://burmese.kachinnews.com/2020/06/02/%e1%80%99%e1%80%b1%e1%80%81%  e1%80%99%e1

*************

၂၂။     COVID-19 လူနာသစ္ Case-231 သည္ မူဆယ္ၿမိဳ႕နယ္ မံုးေပၚတိုက္နယ္ က်န္းမာေရးမွဴးျဖစ္ၿပီး မူဆယ္ရွိ က်န္းမာေရး ဝန္ထမ္း              မ်ားကို COVID -19  ပိုးရွိ မရွိ စစ္ေဆးရာမွ ပိုးေတြ႔ ျခင္းျဖစ္

June 3, 2020

COVID-19 လူနာသစ္ Case-231 သည္ မူဆယ္ၿမိဳ႕နယ္ မံုးေပၚတိုက္နယ္က်န္းမာေရးဌာနမွ အသက္ ၃၀ ႏွစ္အရြယ္ အမ်ိဳးသမီး က်န္းမာေရးမွဴးျဖစ္ၿပီး မူဆယ္ေဆးရံုႀကီးတြင္ က်န္းမာေရးဝန္ထမ္းမ်ားကို COVID -19 ပိုးရွိ မရွိစစ္ေဆးရာမွ ပိုးေတြ႔ျခင္းျဖစ္ေၾကာင္း သိရသည္။ က်န္းမာေရးဝန္ႀကီးဌာန၏ ဇြန္ ၂ ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ Case-231 လူနာသည္  COVID-19 အတည္ျပဳလူနာႏွင့္ ထိေတြ႕မႈမရွိ၊ ျပည္ပသို႔ ခရီးသြားရာဇဝင္မရွိႏွင့္ အသြားအလာ ကန္႔သတ္ခံထားရျခင္း မရွိသူျဖစ္ေၾကာင္း သိရသည္။ Case-231 သည္ မူဆယ္ေဆးရံုသို႔ လပတ္အစည္းအေဝးႏွင့္ လစာထုတ္ရက္မ်ားသာ လာေရာက္ တက္သူျဖစ္ကာ မူဆယ္ျပည္သူ႕ေဆးရံုႀကီးတြင္ က်န္းမာေရး ဝန္ထမ္းမ်ားအား COVID-19 ေရာဂါပိုးစစ္ေဆးရန္ ေမ ၂၉ က ဓါတ္ခြဲနမူနာမ်ား ရယူခဲ့ၿပီး ဓါတ္ခြဲအေျဖအရ ပိုးေတြ႔ရွိခဲ့သူျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ Case-231 ႏွင့္ ၎၏ ခင္ပြန္းအား မူဆယ္ခရိုင္ ျပည္သူ႔ေဆးရံုသစ္ႀကီးသို႔ ပို႔ေဆာင္ကာ ေဆးဝါးကုသ ေပးလ်က္ရွိေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးဌာနမွ ထုတ္ျပန္ခ်က္မ်ားကို အဓိကလိုက္နာေနထိုင္ရန္လိုအပ္ေၾကာင္း ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ျပည္နယ္က်န္းမာေရးမွဴး ေဒါက္တာတင္ေမာင္ညြန္႔က တိုက္တြန္းေျပာၾကားသည္။“Social Distancing ကို ခရိုင္ COVID-19 ကာကြယ္ကုသ ထိန္ခ်ဳပ္ေရးေကာ္မတီက ဆက္လက္ လုပ္ေဆာင္သြားပါမယ္။ ျပည္နယ္က်န္းမာေရးဌာန အေနနဲ႔ကေတာ့ သူနဲ႔ထိေတြ႔တဲ့ contact ရွိသူေတြနဲ႔ သက္ဆိုင္တဲ့ Contact Treating ေတြလိုက္ၿပီးလုပ္ေနတယ္၊ Positive လူနာကိုလည္း ကုသဖို႔လည္း လုပ္ေနပါတယ္။ က်န္းမာေရးဌာနက ေျဖေလွ်ာ့တာေတြကလႊဲလို႔ က်န္တာေတြ Social Distancing ေကာ၊ Mask  တက္တာေတြေကာ၊ စားေသာက္ဆိုင္ေတြကအစ ကြ်န္ေတာ္တို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက သက္မွတ္ထားတဲ့ ပံုစံအတိုင္း ေနထိုင္ဖို႔သတ္မွတ္ထားၿပီးသား။ ဒါေၾကာင့္ အဓိကကေတာ့ ထုတ္ျပန္ခ်က္ေတြ ကို ျပည္သူေတြက လိုက္နာဖို႔ဘဲ အေရးႀကီးပါတယ္”ဟု ျပည္နယ္က်န္းမာေရးမွဴး ေဒါက္တာတင္‌ေမာင္ညြန္႔က ေျပာၾကား သည္။

ရွမ္းျပည္နယ္အတြင္း Social Distancing အတြက္ ကန္႔သတ္မႈမ်ား ေျဖေလွ်ာ့ေပးေနခ်ိန္ မူဆယ္ၿမိဳ႕တြင္ ျပည္သူမ်ား သတိရွိ ၿပီး ေပါ့ဆရန္မသင့္ေၾကာင္း၊ က်န္းမာေရး အသိရွိၿပီး အျပင္ထြက္တိုင္း Mask တပ္ကာ လူခြဲေနရန္ လိုအပ္ေၾကာင္း ကရုဏာ လူမႈကူညီေရး အသင္းဥကၠ႒ ဦးေသာင္းထြန္းက ေျပာၾကားသည္။ https://news-eleven.com/article/176761

***************

၂၃။       သွ်မ္းျပည္တြင္း ၂ လ ေက်ာ္ ဖြင့္လွစ္ခဲ့သည္ က်န္းမာေရး စစ္ေဆးေရးဂိတ္မ်ား ပိတ္သိမ္း

June 2, 2020

သွ်မ္းျပည္အတြင္းရွိ Covid-19 ကူးစက္ေရာဂါ စစ္ေဆးဂိတ္မ်ားအားလံုး ပိတ္သိမ္းလိုက္ၿပီ ျဖစ္ေၾကာင္း စံုစမ္းသိရွိရသည္။ ဇြန္လ ၁ ရက္ေန႔က ေလဆိပ္ဂိတ္ ၅ ခု ႏွင့္ နယ္စပ္ ဝင္/ထြက္ ဂိတ္မ်ားမွ အပ က်န္ရွိသည့္ သွ်မ္းျပည္တြင္းရွိ ဂိတ္မ်ား အားလံုး ပိတ္သိမ္းလိုက္ၿပီ ျဖစ္သည္။ “အခုလက္ရွိမွာေတာ့ ေလဆိပ္ နဲ႔ နယ္စပ္ ဂိတ္ေတြမွာပဲ စစ္ေဆးေရး ဂိတ္ထားေတာ့ တယ္။ အကုန္လံုး နီးပါး ပိတ္သိမ္းလိုက္ၿပီ” ဟု လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း ကေျပာသည္။

ေလဆိပ္ဂိတ္ ၅ ခု ျဖစ္ေသာ ဟဲဟိုးေလဆိပ္၊ လားရိႈးေလဆိပ္၊ က်ိဳင္းတံုေလဆိပ္၊တာခ်ီလိတ္ေလဆိပ္ႏွင့္ မိုင္းဆတ္ ေလဆိပ္တို႔ ဆက္လက္ စစ္ေဆးထားေၾကာင္း သိရသည္။“မေန႔က စၿပီး ပိတ္လိုက္တယ္။ ေတာင္ႀကီးက က်န္းမာေရး စစ္ေဆးတဲ့ ဂိတ္ ၄ ဂိတ္ စလံုး ပိတ္လိုက္ၿပီ။”ဟု ေတာင္ႀကီး စစ္ေဆးေရးဂိတ္မွာ စစ္ေဆးေနသည့္ ေစတနာ့ဝန္ထမ္း တစ္ဦး ကေျပာသည္။ နယ္စပ္ ဝင္ထြက္ ဂိတ္မ်ားျဖစ္သည့္ နမ့္ခမ္း၊ မူဆယ္၊ ေလာက္ကိုင္၊ ခ်င္းေရႊေဟာ္၊ တာခ်ီလိတ္၊ မိုင္းယု၊ ဝမ္ပံု ရွိ ဂိတ္မ်ားတြင္ က်န္းမာေရ း စစ္ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္ထားေၾကာင္း သိရသည္။ Covid-19 ကူးစက္ ေရာဂါ မျပန္႔ပြားေရးအတြက္ သွ်မ္းျပည္တြင္းရွိ ၿမိဳ႕အဝင္အထြက္တိုင္းမွာ က်န္းမာေရး စစ္ေဆးဂိတ္မ်ား ကို ေမလ ၂၄ ရက္ ဝန္းက်င္မွ စၿပီးဖြင့္လွစ္ကာ ျဖတ္သန္းသြားလားသူမ်ားကို က်န္းမာေရး စစ္ေဆးေပးခဲ့ျခင္း ျဖစ္သည္။ https://burmese.s hannews.org/archives/16895

*************

၂၄။     ေတာင္ႀကီးၿမိဳ႕နယ္ တြင္ ထိုင္းျပည္ေတာ္ျပန္ ၆၀ဝ ေက်ာ္ ရွိ

June 3, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ထိုင္းျပည္ေတာ္ျပန္ ၆၀ဝ ေက်ာ္ Quarantine ျပဳလုပ္ထားေၾကာင္း စံုစမ္းသိရွိရ သည္။ ထိုင္း – ျမန္မာ နယ္စပ္ ကရင္ျပည္နယ္ ျမဝတီ အမွတ္(၂) ခ်စ္ၾကည္ေရး တံတားမွ ျပန္လည္ဝင္ေရာက္လာသူျဖစ္ၿပီး သွ်မ္းျပည္သို႔ျပန္လာမည့္ ျပည္ေတာ္ျပန္မ်ားကို ေတာင္ႀကီးခရိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားကို Quarantine ထားရွိျခင္းျဖစ္သည္။

“သူတို႔ကို ပိုးစစ္ၿပီးမွ ဘယ္ႏွရက္ ထားမယ္ဆိုတာ ေျပာလို႔ရပါ့မယ္။ ေလာေလာဆယ္ေတာ့ ၁၀ ရက္ေလာက္ ထားမယ္လို႔ ခန္႔မွန္းထားပါတယ္။”ဟု ေစတနာ့ဝန္ထမ္း ကိုဝင္းႏိုင္စိုး ကေျပာသည္။ ေမလ ၂၇ ရက္မွ ဇြန္ ၃ ရက္ေန႔ထိ ျပည္ေတာ္ျပန္ ၆၀ဝ ေက်ာ္ ေရာက္ရွိထားေျကာင္း သိရသည္။“Quarantine ဝင္တဲ့သူ အားလံုးကို ဓါတ္ခြဲနမူနာ စစ္မယ္။ တစ္ခ်ိဳ႕ တစ္ဝက္ စစ္ၿပီးတာလဲ ရွိပါတယ္။ ေန႔စဥ္ ဝင္ေရာက္ေနပါတယ္။ ၂၀ဝ၀ ေက်ာ္ ဝင္လာမယ္လို႔ သိရပါတယ္”ဟု ကိုဝင္းႏိုင္စိုး ကေျပာ သည္။

ထိုင္းျပည္ေတာ္ျပန္မ်ားသည္ ေတာင္ႀကီးၿမိဳ႕နယ္ရွိ မိုးကုတ္ဝိပႆနာ ရိပ္သာ၊ ေညာင္ေရႊ တည္းခိုေရး စခန္း၊ ပင္းတယၿမိဳ႕ရွိ မိုးကုတ္ဝိပႆနာ၊ ေညာင္ေရႊၿမိဳ႕နယ္ သက္ေမြး သင္တန္းေက်ာင္း၊ ေညာင္ေရႊၿမိဳ႕ရွိ ေခတ္ဆန္းယဥ္၊ ကေလာၿမိဳ႕နယ္ ဟဲဟိုးၿမိဳ႕စိုက္ သိပၸံေက်ာင္း၊ ေတာင္ႀကီး ကြန္ဗ်ဴတာ တကၠသိုလ္တို႔မွာ ထိုင္းျပည္ေတာ္ျပန္မ်ား ထားရွိေၾကာင္း သိရသည္။ https://burmese.shannews.org/archives/16927

**************

 

 

မွတ္ခ်က္။   သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 32, June 5, 2020)

 

၁။        အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA  စခန်းကို ပစ်ခတ်

၂။         ဆီဆိုင်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်

၃။        တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

၄။        လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ်

၅။        တပ်ဖွဲ့ဝင် သုံးဦးကို  AA  ဖမ်းသွားတယ်လို့  ALP  စွပ်စွဲ

၆။        ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

၇။        ကချင်တစ်ကျော့ပြန်စစ်ပွဲ ၉ နှစ်ပြည့်နေ့ စစ်ရှောင်စခန်းများတွင် ကျောက်တိုင်စိုက်ထူမည်

၈။        ကျောင်းအပ်ချိန် တိုင်းရင်းသားအမည် ထည့်သွင်းရေးအကြောင်းကြားစာ ပြည်နယ် ကရင်စာ/ ယဉ်မှ လက်ခံရရှိခြင်း မရှိသေး

၉။        AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်

၁၀။      KNU ညောင်လေးပင်ခရိုင်ရှိ Covid -19 ထိန်းချုပ်ကာကွယ်ရေးဂိတ်တစ်ခု ဖျက်ဆီးခံရ

၁၁။      ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် မဲဆွယ်စည်း ရုံးမှုနှ              င့်ပတ်သက်၍ စည်းကမ်းချက်အသစ်များရှိလာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား

၁၂။      ဘိန်းစာပင်များ မဖျက်ဆီးဘဲထားရှိပါက မူးယစ်ဥပဒေဖြင့် အရေးယူမည်ဟု KNPF စာထုတ်

၁၃။      မြေပုံကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရ

၁၄။      မြဝတီ သစ်တောပိုင်မြေကို ခြံကွက်ရိုက် ရောင်းချနေသူများအား ဖော်ထုတ်အရေးယူမည်ဟု သစ်တောဌာနပြော

၁၅။      နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကိုလက်နက်အဖြစ်အသုံးချဟု ရှေ့ပြေးအသံအဖွဲ့အစီရင်ခံစာထုတ်ပြန်

၁၆။      နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ်အတွင်းရှိ ပြောင်းခင်းများ ပိုးကျမှုကြောင့်ပျက်စီးမှုရှိ၍ ဒေသအတွင်း                    လာမည့်နှစ် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နိုင်ဟုဆို

၁၇။      ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေရ

၁၈။      မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားကား ချောက်ထဲကျ  ၂ ဦးသေ

၁၉။      တောင်ကုတ်မြို့နယ် ပန်းတင် (ငမောက်ချောင်း) တိုက်နယ်ဆေးရုံတွင် တာဝန်ကျဝန်ထမ်း လတ်တလော မရှိသဖြင့် ပိတ်               ထား ရပြီး ကျန်းမာရေးနှင့် ပတ်သက်၍ ဒေသခံများ စိုးရိမ်

၂၀။      ခိုလမ်တွင် ကျွန်းတင် ကား(၁၃)စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

၂၁။   မေခမြစ်ပေါ်ရေကာတာ ၆ ခု၏ အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန် ခက်ခဲနေဟုဆို

၂၂။       COVID-19 လူနာသစ် Case-231 သည် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ကျန်းမာရေးမှူးဖြစ်ပြီး မူဆယ်ရှိ ကျန်းမာရေး                      ဝန်ထမ်းများကို COVID -19  ပိုးရှိ မရှိ စစ်ဆေးရာမှ ပိုးတွေ့ ခြင်းဖြစ်

၂၃။      သျှမ်းပြည်တွင်း ၂ လ ကျော် ဖွင့်လှစ်ခဲ့သည် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပိတ်သိမ်း

၂၄။      တောင်ကြီးမြို့နယ် တွင် ထိုင်းပြည်တော်ပြန် ၆၀ဝ ကျော် ရှိ

****************

၁။  အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA  စခန်းကို ပစ်ခတ်

June 3, 2020

ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ်တွင် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး RCSS/SSA တို့ ယနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန် ၃ ရက် ယနေ့မနက်ပိုင်းက မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ်အတွင်း အမှတ် ၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ် ၁၀ဝ၇ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်တော်( RCSS/SSA) ယာယီတပ် စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။“တိုက်ပွဲကတော့ မနက် ၈ နာရီ ကနေ ၁၀ နာရီထိဖြစ်သွားတယ်။ တပ်နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းပြီး ကျနော်တို့ တပ်စခန်း ရှိတဲ့နေရာကို ပစ်တာပါ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဗိုလ်မှူး ခမ်းစံ ကဆိုသည်။

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး စစ်အင်အား ၁၀ဝ တို့သည် မော်တာ ၆၀ မမ၊ M 79 ၊တို့ဖြင့် RCSS/SSA ၏ ယာယီတပ်စခန်းကို ပစ်ခတ်ကြောင်းသိရသည်။ လက်ရှိမှာ အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့သည် စစ်အင်အား များ ဖြည့်နေမှုကြောင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဧပြီလကလည်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများထပ်မံ မဖြစ်ပွားအောင် ၂ ဖက် ထိန်းသိမ်းနေထိုင်သွားမည်ဟုလည်း နှုတ်ကတိများ အပြန်အလှန်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာလ အတွင်း ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုထားကြသည်။

ထို့ပြင် အစိုးရတပ်မတော် ဘက်မှလည်း အကြမ်းဖက်ဟု ကြေညာထားသည့် အဖွဲ့အစည်းရှိသည့်နေရာမှ အပ ကျန် နယ်မြေ များတွင် မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်ထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ထားကြောင်း ကြေညာချက်ထုတ်ခဲ့သေးသည်။ RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည်။ https://burmese.shannews.org/archiv es/16919

**************

၂။         ဆီဆိုင်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်

June 2, 2020

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း အစိုးရတပ်သည် တောင်သူများ၏ မြေယာ များ၊ လယ်ထွန်စက်များကို သိမ်းဆည်းသွားသဖြင့် တောင်သူများက ထွန်တုံးတိုက်ပွဲ ပြုလုပ်သည်။ မေလ နှောင်းပိုင်းက အစိုးရတပ်နှင့် ဆီဆိုင်မြို့နယ် ကျေးရွာ ၅ ရွာမှ တောင်သူများ မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မှ ဒေသခံ တောင်သူ ၇၀ ကို တရားစွဲခဲ့ကြပြီး ၎င်းတို့၏ လယ်ထွန်စက် ၂၉ စီး ပါသိမ်းဆည်းခြင်းခံရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံများ ပြောပြချက်အရသိရသည်။“စစ်တပ်က တောင်သူတွေရဲ့ လယ်ထွန်စက်ကိုသိမ်းထားတော့ တောင်သူတွေက ကျွဲ ၊ နွားတွေ မရှိတော့ အရင်ကလို လူတွေ နဲ့ ပြန်လုပ်နေရတယ်။ စိုက်ပျိုးဖို့ အရမ်းအခက်ခဲ ဖြစ်နေကြတယ် ” ဟု ဆီဆိုင်မြို့ အောင်ချမ်း သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆီဆိုင်မြို့ အခြေစိုက် အမှတ် (၄၂၃) ခြေလျင်တပ်ရင်း နှင့် (၄၂၄) ခြေလျင်တပ်ရင်းများက မေလ ၃၀ ရက် တွင် မြေဧက ၉၀ဝ ကို သိမ်းယူခဲ့ကြောင်းသိရသည်။“ဒီပြသနာက ဒီကနေ့ထိပဲ မပြီးသေးဘူး။ သူတို့ သိမ်းထားတဲ့ မြေတွေက ဘိုးဘွား ပိုင်မြေဖြစ်တယ်။ ပြည်ထဲရေးမှာလည်း အမည်ပေါက်ဖြစ်ထားတယ်။ အခု တောင်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ မိုး ရာသီလည်းရောက်ပြီ ပြောင်းတွေ စပါး တွေ စိုက်ပျိုးချိန်ရောက်ပြီလေ”ဟု ဦးစံဝင်းမောင် ကပြောသည်။ လက်ရှိမှာ စစ်တပ် မှ တောင်သူ ၇၀ ဦး ကို ဆီဆိုင်မြို့မ ရဲစခန်းတွင် ပုဒ်မ ၄၄၇ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် မြေအငြင်းပွားမှုကြောင့် စိုက်ပျိုးရေးကောင်းကောင်းမွန်မွန် မလုပ်နိုင်သလို တဖက်တွင်လည်း မြေယာအမှုကိုဆက်လက်ရင်ဆိုင်သွားရဦးမည်ဖြစ်သဖြင့် ခက်အခဲများရင်ဆိုင်နေရကြောင်းလည်း ဆီဆိုင် မြို့နယ် ဒေသခံတောင်သူများကဆိုသည်။“ကျနော်တို့ ဒီမြေယာမှာ စိုက်ပျိုးလာတာကြာပြီ၊ ဒီလယ်မလုပ်ရင် ကျနော်တို့ ဘာသွားလုပ်ရမှာလဲ။ တဖက်ကလည်း ကိုဗစ်-၁၉ ဖြစ်တော့  နိုင်ငံခြားသွားလည်းမရဘူး။ တပ်က မတရားသိမ်းတာ၊ လုပ်နေ တာ” ဟု ဆီဆိုင်မြို့နယ် တောင်ယာလုပ်ကိုင်သူတဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ စစ်တပ်မှ သိမ်းဆည်း သည့် မြေယာများသည် ပအိုဝ်း တောင်သူများပိုင်ဆိုင်သည့် မြေယာများဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း တောင်သူများ စားဝတ် နေရေးအတွက် လယ်ယာကောင်းမွန်စွာစိုက်ပျိုးနိုင်ရန်အတွက် အစိုးရတပ်အနေဖြင့် ကူညီပေးသင့်ကြောင်းလည်း ၎င်း တောင်သူက ပြောသည်။မေ ၃၀ ရက်တွင် တောင်သူများသည် မိမိပိုင်မြေယာပေါ် ထွန်ယက် စိုက်ပျိုးနေစဉ် တပ်မှ ဝင်ရောက်ကာ အမိန့်အာဏာ ပေး ခြင်း၊ လယ်ထွန်နေသည့် စက်များကို ဆီဆိုင်ရဲစခန်းသို့ ပို့ဆောင်လိုက်သည့် ဗွီဒီယိုဖိုင်သည် လူမှုကွန်ယက် စာမျက်နှာတွင် တွေ့ရသည်။ ထို့ပြင် စစ်တပ် မြေယာသိမ်းခြင်းခံရသည့် တောင်သူများ၊အမှုဖွင့်ခံရသည့် အသက်အရွယ်ကြီးသည့် အမျိုးသမီး များ ငိုကြွေးသည့် ရုပ်သံလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ အစိုးရ တပ်၏ မြေယာသိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းပြည်တောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်းတွင် သိမ်းဆည်းမှုများရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေကြသည်။ https://burmese.shannews.org/archives/16897

*************

၃။        တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

June 3, 2020

ကရင်ပြည်နယ်၊ ဖာပွန်ဒေသတွင် မြန်မာ့တပ်မတော် လက်အောက်ခံတပ်ရင်းမှ ဒေသခံကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယမန်နေ့ ဇွန်လ ၂ ရက်နေ့က ဒေသခံရွာသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မူတရော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မောလော်ကလိုးကျေးရွာအနီးတွင် ယမန်နေ့က တပ်မတော်နှင့် KNLA တပ်ဖွဲ့တို့ အ ကြား ပစ်ခတ်မှုဖြစ်ပွားရာတွင် မောလော်ကလိုး ကျေးရွာအနောက်ဘက်ရှိ ဝါးကလိုး ထကျေးရွာသို့ တပ်မတော် အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၁၀) စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝါးကလိုးထကျေးရွာ ဒေသခံ သားအဖနှစ်ဦးကို ထိမှန်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “မနေ့က ၂ နာရီကျော်လောက်မှာ KNLA နဲ့ ပစ်ကြတာ။ အဲ့ဒါ သူတို့ (စစ်တပ်) ဘက်က လက်နက်ကြီး ၂ လုံး ပစ်လိုက်တာ ရွာထဲကို ကျပြီး ရွာထဲက သားအဖနှစ်ဦးကို သွားထိတာပဲ။ သူတို့ကို ကမမောင်းဆေးရုံကို ပို့လိုက်တယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီးထိမှန်သူ သားအဖနှစ်ဦးမှာ အသက် (၅၂) နှစ်အရွယ် စောဖားပိုကေးနှင့် ၎င်း၏ သမီး ဖြစ်သူ အသက် (၁၆)နှစ်အရွယ် နော်မေရီတို့ ဖြစ်ကြသည်ဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။ ယင်း ဒေသခံ ကျေးရွာသားနှစ်ဦး လက်နက်ကြီးထိမှန်ပြီး ကမမောင်း ဆေးရုံသို့ လာရောက်ပို့ဆောင်ကုသခဲ့ ကြောင်း ကမမောင်းဆေးရုံတွင် တာဝန်ကျနေ သည့် အမည်မဖော်လိုသူ ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။ ၎င်းက “မိုင်း အစထိ တာ။ ရွာသားပဲ၊ သူ့အဖေနဲ့ သမီးနဲ့။ သူ့အဖေက ခြေထောက်မှာထိတာ၊ သူ့သမီးက လက်မှာထိတာ။ သိပ်တော့ ဆိုးဆိုးဝါးဝါး မဖြစ်ဘူး။ ဒီနေ့မနက် ဆေးရုံကတောင် ဆင်းသွားပြီး။ ရေပူရွာက လို့တော့ ပြောတယ်။ ကလေးမလေးက ၁၃ နှစ်ပဲရှိသေး တယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ဒေသခံ ထိခိုက်ခံရမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)၊ မူတရော် (ဖာပွန်)ခရိုင်မှ မြေပြင်သတင်းမတက်လာသေးသောကြောင့် တစုံတရာမသိရှိရသေးကြောင်းပြောဆိုသလို တပ်မတော် တာဝန်ရှိ သူဘက်ကိုလည်း ဆက်သွယ်မေးမြန်း၍ မရရှိပေ။ လတ်တလောကာလတွင်လည်း KNU တပ်မဟာ (၅) လက် အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာတပ်မတော် လက်အောက်ခံတပ်ရင်းတို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် လ တွင်လည်း အရပ်သားထိခိုက်မှု ထွက်ပြေးတိမ်းရှောင်ရမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များထံမှ သိရသည်။ http://kicnews.org/2020/06/%e1%80%90%e1%80%95%e1%80%  b9%e1%80%99%e1%80%b1%e1%

*************

၄။        လက်နက်ကိုင်အန္တရာယ်ကြောင့် ပလက်ဝမှာ ရိက္ခာပြတ်

June 3, 2020

ပလက်ဝမြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ကုလားတန်ရေလမ်းကြောင်းကို အသုံးပြုကာ ကုန်ပစ္စည်းတွေ ဖလှယ်ပြီး စားဝတ်နေရေးတွေကို ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကျောက်တော်မြို့နယ်ကို သွားတဲ့ရေလမ်းကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးတာတွေ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ပလက်ဝမြို့ပေါ်မှာ စာနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ပလက်ဝ ဒေသခံ ဆလိုင်းခင်မောင်က ပြောပါတယ်။ “ဖေဖော်ဝါရီလ ၉ ရက်လောက်ကတည်းက မသွားရတာဗျ။ မသွားရ ဘူးဆိုတာကလည်း ဘယ်သူမှတားမြစ်ထားတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သွားရင် ကျောက်တော်မြို့နယ် တင်းမရွာ နား လောက် မြန်မာ့တပ်မတော်သားတွေက ပစ်ခတ်တာတွေရှိတယ်။ လှေပေါ်က လူတွေကိုခေါ်တယ် မေးမြန်းတယ်၊ သတ်ဖြတ် တယ်။ ပစ်ခတ်တာတွေရှိတယ် တချို့ဆိုရင် ဒဏ်ရာ ရသွားတာတွေရှိတယ်။ ဟိုတစ်လောကဆိုရင် သေသွားတဲ့ သူတွေ တောင်ရှိတယ်။ ကျနော်တို့မှာ လမ်းကြောင်းက ဒီရေလမ်းကြောင်းတစ်ခုပဲ ရှိတာပေါ့နော်။ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်ထား တာပေါ့။ အခုက ကားလမ်းကတော့ ပေါက်နေပြီ သွားလို့မရဘူး။ ကုန်းလမ်းကသွားရင်လည်း ပစ်တယ်၊ ရေလမ်းကသွားရင် လည်းပစ်တယ် ဘယ်ကမှ သွားလို့မရဘူးအခုက။”  လက်ရှိအချိန်ထိ ပလက်ဝမြို့ဘက်မှာ စားနပ်ရိက္ခာတွေ ရှားပါးနေသလို ကုန်းဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ သူကဆက်ပြောပါတယ်။

ပလက်ဝဒေသခံတွေ ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြတ်လပ်တာတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အချိန်နဲ့ တပြေးညီ တင်ပြထားပေမဲ့ လက်ရှိအချိန်ထိ ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်တာတွေကို ရင်ဆိုင်နေရတုန်းပဲလို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဆလိုင်မျိုးထိုက်က ပြောပါတယ်။ “အခက်အခဲရှိတယ်ဆိုတာက မြို့ပေါ်မှာနေတဲ့ သူတွေရော ပြီးတော့အနီးအနားကျေးရွာတွေမှာ နေတဲ့သူတွေရော ကျေးရွာတွေမှာ တိုက်ပွဲရှောင်တဲ့အနေနဲ့ နေတဲ့ တချို့ မြို့ပြင်ပ ကျေးရွာတွေမှာ ရှိတယ်လေ။ သူတို့မှာ စားဖို့မရှိဘူးဆိုပြီးတော့ ကျနော့်ကိုလှမ်းပြီးတော့ ဖုန်းနဲ့ အကြောင်းကြားတာ တွေ ရှိတယ်။ ကုန်ဈေးနှုန်းက ရိက္ခာပြတ်တယ်ဆိုတော့ တက်မှာပဲလေ။ ကျနော်ကတော့ သိပ်ပြောစရာ မရှိဘူး။ ကျနော်ကတော့ သက်ဆိုင်ရာ တွေကို အကြောင်းကြားပေးတယ်။ လူထုတွေ လှမ်းပြီးတော့ အကူအညီတောင်းတာတွေကို ချင်းပြည်နယ် အစိုးရအဖွဲ့့ကိုရောက် အချိန်နဲ့ တပြေးညီအကြောင်းကြားပေးပါတယ်။”

ပြီးခဲ့လပိုင်းလောက်ကလည်း ပလက်ဝနယ်ကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ သွားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ယာဉ်တန်းက လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ပလက်ဝမြို့နယ်တွေမှာ ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ဆက်လက်ရှိနေသေးလို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။ https://burmese .voanews.com/a/chin-pa-lat-wa/5447344.html

*************

၅။  တပ်ဖွဲ့ဝင် သုံးဦးကို  AA  ဖမ်းသွားတယ်လို့  ALP  စွပ်စွဲ

June 3, 2020

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင် လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခိုင်စိုးမြက သူတို့အဖွဲ့ဝင်တချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး သတ်ဖြတ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်မှာနေထိုင်တဲ့ ခိုင်ဝင်းလှိုင်ကို AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဗိုလ်မှူး ကြီး ခိုင်စိုးမြက ပြောပါတယ်။“ကျွန်တော်တို့ ဖမ်းသွားတဲ့ဟာကတော့ AA အဖွဲ့ကလို့တစ်ထစ်ချပြောနိုင်တယ်။ သူ့ကို မဖမ်း ခင် သုံးရက်လောက်က ခြိမ်းခြောက်မှုတစ်ခု AA ကလုပ်ခဲ့တယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။ ကျွန်တော်တို့ လေ့လာကြည့်တော့ AA ကဖမ်းသွားတယ်လို့ သိရတယ်။ ဖမ်းသွားပြီးနောက်ပိုင်းမှာ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုး သားလုံခြုံရေးအဖွဲ့ဆိုပြီး သူတို့က ခေါင်းရောင်း၊ ခေါင်းဝယ်နဲ့ သတ်ပစ်လိုက်ပြီလို့ ထုတ်ပြန်ချက်စာတမ်း ထွက်ပေါ်လာတာ တွေ့ရတယ်”ပေါက်တော့မြို့နယ် ဗရက်ချိုင်ကျေးရွာက ရဲဘော်ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကို မေလ ၂၃ ရက်နေ့က AA အဖွဲ့ဝင် ၁၅ ဦးလောက်က လာရောက်ဖမ်းဆီးသွားတာကြောင့် AA အဖွဲ့ရဲ့ သက်ဆိုင်ရာ ကြားခံတာဝန်ရှိသူတွေက တဆင့် အကြိမ်ကြိမ် ဆက်သွယ်ညှိနှိုင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုရခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အများအကျိုးကို နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ခိုင်ဝင်းလှိုင်ကို အဲဒီ နေ့ညနေပိုင်း ခေါင်းရောင်း၊ ခေါင်းဝယ် စနစ်နဲ့ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ အဖွဲ့အစည်းနဲ့ AA တို့ ဘယ်လို ပတ်သက်နေလဲဆိုတာ အဖြေရှာနေဆဲဖြစ်ပြီး ခိုင်ဝင်းလှိုင်ကို သတ်လိုက်တာဟာ ဘယ်သူ့လက်ချက်လဲဆိုတာ လေ့လာနေဆဲဖြစ်တယ်လို့ ဗိုလ်မှူး ကြီး ခိုင်စိုးမြက ပြောပါတယ်။ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တွေ သတ်ဖြတ် ခံရတာဟာ AA အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိအကြောင်း ငြင်းဆိုပါတယ်။AA အဖွဲ့နဲ့ ALP ကြား ပြဿနာဟာ အခုမှစတဲ့ ပြဿနာမဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား သဘောထားမတူ ကွဲပြားလာတဲ့အခါ တစ်ချို့ပြဿနာတွေမှာ အင်အားသုံး ဖြေရှင်းတာတွေ တွေ့ရပြီး ပြည်တွင်းစစ်အတွင်း မှာ လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ရတဲ့ ပြဿနာဖြစ်တာကြောင့် သိပ်ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ဘူးလို့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံ ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ အဖွဲ့က ဘယ်သူတွေနဲ့ ဆက်နွယ်သလည်းဆိုတာ ခန့်မှန်းဖို့ မလွယ်ဘူးလို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ နာမည်ကျော် မြောက်ဦးစစ်တမ်း စာအုပ်ကိုလည်း ရေးသားပြုစုထားတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ALP ကို ၁၉၆၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ AA အဖွဲ့ကတော့ ၂၀ဝ၈ ခုနှစ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး  ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်မှာ ရခိုင်ပြည်နယ်အတွင်း  အစိုးရတပ်မတော်နဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/aa-alp-06032020200944.html

************

၆။    ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

June, 3, 2020

ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားထိပ်သို့ လမ်းလုံခြုံရေး ကင်းလှည့်သည့် တပ်မ တော် စစ်ကြောင်းတခု ရောက်ရှိလာစဉ် ရီမုမိုင်း ၂ လုံး ပေါက်ကွဲသဖြင့် တပ်မတော်သားတချို့ ကျဆုံးပြီး ဒဏ်ရာ ရရှိများ လည်းရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ယင်းပေါက်ကွဲမှု ဖြစ်စဉ် ပုဏ္ဏားကျွန်းမြို့ ဘက်မှ စစ်တွေဘက်သို့ ဆိုင်ကယ် စီးနင်းလာသူ အရပ်သား ၂ ဦးကိုလည်း ထိခိုက်မိပြီး ၁ ဦး သေဆုံးသွား ခဲ့သည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“တပ်မတော်က ရန်ကုန်-စစ်တွေ လမ်းမကြီး လုံခြုံရေးအတွက် ကင်းလှည့်လည်ဖို့ အတွက် လမ်းလျှောက်သွားနေတာ ဖြစ်တယ်။ အဲဒီအချိန်မှာပဲ အရပ်သား ၂ ဦးကလည်း ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာတယ်။ အဲဒီမှာ ဖြစ်တာ”ဟု ရှင်းပြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်များမှာ မြို့ပေါ်တွင် ဖြစ်လေ့နည်းပြီး နယ်ဘက်တွင်သာ ဖြစ်ပေါ်လေ့ရှိ ကြောင်း၊ ယခုအခါ မြို့အဝင်အထိ ရောက်ရှိလာသဖြင့် ယခုလို မဖြစ်ပွားစေချင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နည် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။“မိုင်းဖြစ်စဉ်ကတော့မှန်တယ်။ အရပ်သားတယောက် ဒဏ်ရာ ရတယ်။ တယောက်က ဆုံးသွားပြီ။ တပ်မတော်သားတွေ ကျ၊ မကျတော့ မသိဘူး။ ဒဏ်ရာရတဲ့ အရပ်သား တယောက်ကို တော့ စစ်တွေကို ခေါ်သွားပြီ။ မိုင်းကတော့ ဘယ်က ထောင်မှန်းလည်း မသိဘူး။ ဘယ်က လုပ်လိုက်မှန်း မသိဘူး”ဟု ဦးအောင်သန်းတင်က ပြောသည်။

တပ်မတော်ကမူ ရက္ခိုင့် တပ်မတော် (AA) အဖွဲ့၏ လက်ချက်ဟု စွပ်စွဲထားပြီး ယခုနောက်ပိုင်းတွင် ကြီးမားသည့် မိုင်းအမျိုး အစားများကို တင်ဆင် အသုံးပြုလာ၍ လူ၊ ယာဉ်များကိုပါ ထိခိုက်ပျက်စီးမှု ကြီးမားလာကြောင်း ပြောသည်။“သူတို့ အရင် ကတည်းက ရခိုင်ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းကို ရီမုနဲ့ တိုက်ခိုက်ဖူးပါတယ်။ အခု နောက်ပိုင်းမှာ အိန္ဒိယ တပ်မတော်က ဒီဘက် ကို သတင်းပေးတဲ့အခါမှာ အိန္ဒိယ သတင်းစာတချို့မှာလည်း ရေးခဲ့တာ ရှိတယ်။ AA အနေနဲ့ ရီမု နည်းပညာနဲ့ ပတ်သက်ပြီး တော့ကျ နည်းပညာမြင့်တဲ့ဆီက အထောက်အပံ့ ရရှိထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့ထံမှ လွတ်လပ်သည့် သဘောထား ရရှိနိုင်ခြင်း မရှိသေးပါ။ သို့သော် ယခင် မိုင်းဖြစ်စဉ် များတွင် AA က ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုလေ့ ရှိသည်။ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ၏ စာရင်းပြုစုချက်များအရ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုင်းနင်းမိသည့် အရပ်သား ၅၈ ဦး ရှိပြီး ထိုအထဲမှ ၁၉ ဦးမှာ အသက်သေဆုံးခဲ့သည်။ ၂၀၂၀ ခုနှစ်ထဲတွင် မိုင်းနင်း မိသူ မည်မျှရှိကြောင်း မသိရှိရသေးပါ။ လက်ရှိ အချိန်အထိ အစိုးရနှင့် AA တို့ကြားတွင်လည်း ငြိမ်းချမ်းရေးအတွက် သဘောတူညီမှု တစုံတရာမရရှိသည့် အပြင် AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သဖြင့် ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိသလို အရပ်သား သေဆုံး ထိခိုက်မှုများမှာလည်း နေ့စဉ် ဆက်တိုက် ဖြစ်ပွားနေသည်။ https://burma.irrawaddy.com/news /2020/06/03/223941.html

***************

၇။        ကချင်တစ်ကျော့ပြန်စစ်ပွဲ ၉ နှစ်ပြည့်နေ့ စစ်ရှောင်စခန်းများတွင် ကျောက်တိုင်စိုက်ထူမည်

June 3, 2020

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲ ၉ နှစ်ပြည့် ဇွန်လ ၉ ရက်နေ့တွင် အထိမ်းအမှတ်ကျောက်တိုင်များကို စစ်ရှောင်စခန်းများတွင် စိုက်ထူသွားမည်ဟု သိရသည်။ ‘ANHTE GALOI N MALAP NA GA AI’ (ကျွနိုပ်တို့ ဘယ်တော့မှ မေ့မည်မဟုတ်) ဆိုသည့် စာတမ်းထိုး ကျောက်တိုင်ကို မြစ်ကြီးနားမြို့တွင်း တပ်ကုန်း (COC) စခန်း၊ ဂျန်မိုင်ကောင် (RC) နှင့် လယ်ကုန်း (ဗက်လင်) စစ်ရှောင်စခန်း စသည့် ၃ နေရာတွင် စိုက်ထူ မည်ဖြစ်သည်။

“တကယ်တမ်းတော့ ဦးဆုံးရောက်တဲ့ စခန်းနဲ့ နောက်ဆုံးရောက်တဲ့ စခန်းတွေမှာ အရင်စိုက်ထူဖို့ စီစဉ်ထားတာ။ ဒါပေမယ့် တစ်ချို့စခန်းတွေမှာက နေရာအခက်အခဲရှိနေတယ်။ အဲကြောင့် ဒီ ၃ နေရာတွင်မှာ သာပြုလုပ်နိုင်သေးတာပေါ့။ အခုလိုလုပ် ဆောင်တာကလည်း ရှင်းရှင်းလေးဘဲ။ စစ်ရှောင်စခန်းပြုလုပ်ခဲ့တဲ့ နေရာတွေကို ဘယ်တော့မှမမေ့ဖို့ အမြဲတမ်းအမှတ်ရနေဖို့ ဖြစ်တယ်။ ကျန်တဲ့စခန်းတွေမှာလဲနောက်နောင်ပြုလုပ်သွားဖို့ရှိတယ်”ဟုကချင်လူငယ်ခေါင်းဆောင်တစ်ဦး မဆွတ်ဆိုင်းထွယ် က ပြောသည်။ နေရာအခက်အခဲကြောင့် စစ်ရှောင်စခန်းတချို့တွင် ယခုနှစ်ကျောက်တိုင် စိုက်ထူနိုင်ခြင်းမရှိခဲ့သော်လည်း လာမည့်နှစ်များတွင် ဆက်လက်စိုက်ထူသွားမည်ဟု သိရသည်။ ထို့အပြင် စစ်ရှောင်များ၏ ခံစားချက်များနှင့် စစ်ရှောင်များ၏ အခြေအနေကို ဆွေးနွေးမည့်အစီစဉ်ကိုလည်း ကချင်လူငယ်များဦးဆောင်ကာ ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ အွန်လိုင်း မှတဆင့် ၃ ရက်သာ ထုတ်လွင့်သွားမည်ဟု ပြောသည်။

“လူငယ်တွေက စစ်ရှောင် ၉ နှစ်ပြည့် အခမ်းအနားကို ၃ ရက်ပြုလုပ်ဖို့ စီစဉ်ထားတယ်။ အဲ့မှာက စစ်ရှောင်တွေနဲ့ ပတ်သက် ပြီး စကားဝိုင်းဆွေးနွေးမှုတွေပြုလုပ်သွားမယ်။ အဓိကတော့ စစ်ရှောင်တွေက သူတို့ရဲ့ ၉ နှစ်တာဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံတွေ ပြောပြမယ်။ ပြီးရင်သူတို့ရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေကို ဆွေးနွေးမယ်” ဟု ပြောသည်။ အဆိုပါ ၃ ရက် စကားဝိုင်းတွင် စစ်ရှောင်များ၏ ၉ နှစ်တာကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အနာဂတ်မျှော်လင့်ချက်များနှင့် အစိုးရ၏ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သော ဆောင်ရွက်မှုများကို စကားဝိုင်းအဖြစ် ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါဆွေးနွေးမှုတွင် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး အပါအဝင် Kachin Humanitarian Concern Committee KHCC တာဝန်ရှိသူများနှင့် စစ်ရှောင်ပြည်သူမျာက အဓိက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကချင်တစ်ကျော့ပြန် တိုက်ပွဲ ၉ နှစ်ပြည့်သည့် ဇွန်လ ၉ ရက်နေ့တွင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR မှလည်း ဝတ်ပြုအစီစဉ်များကို အွန်လိုင်းမှတဆင့် ထုတ်လွင့်သွားမည်ဟု ပြောသည်။ https://burmese.kachinnews.com/2020/06/03/%e1%80%  80%e1%80%81%e1%80%bb%e1

*************

၈။        ကျောင်းအပ်ချိန် တိုင်းရင်းသားအမည် ထည့်သွင်းရေးအကြောင်းကြားစာ ပြည်နယ် ကရင်စာ/ ယဉ်မှ လက်ခံရရှိခြင်း မ                ရှိသေး

June 3, 2020

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည့် ကျောင်းအပ်ချိန်၌ တိုင်းရင်းသားလူမျိုးစုများ၏ အမည် များထည့်သွင်းလက်ခံပေးနိုင်ရေး အကြောင်းကြားစာကို ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုတိုး တက်ပြန့်ပွားရေး အသင်း အနေဖြင့် လက်ခံရရှိခြင်း မရှိသေးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများထံသို့ အဆိုပါ အကြောင်းကြား စာများ လက်ခံရရှိပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် လက်ခံရရှိခြင်းမရှိသေးကြောင်း ကရင်ပြည်နယ်၊ စာ/ယဉ်အသင်း အတွင်းရေး မှူး နန်းမြင့်တင်က ယခုလိုပြောသည်။ “ အကြောင်းကြားစာတွေရောက်လာတာတော့ တစ်ခုမှ မရှိပါဘူး။ တရားဝင်မှုအနေနဲ့ စာထုတ်ရင် ပို တော့ကောင်းတာ ပေါ့နော်။ မွန်ပြည်နယ်ဆို လဝကလည်းထုတ်တယ်။ အောင်မြင့်ခိုင်(ကရင်ရေးရာဝန်ကြီး) လည်းထုတ်တယ်လေ။”ဟု ယနေ့(ဇွန် ၃ ရက်)တွင် ကေအိုင်စီသို့ပြောသည်။ အဆိုပါ တိုင်းရင်းသားအမည် ကိစ္စကို ကရင် ပြည်နယ်အတွင်းရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စသည့် စာ/ယဉ် ကော်မတီ အသင်းအဖွဲ့များထံသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် အကြောင်းကြားစာများ ပေးပို့ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ညွှန်ကြား ရေးမှူးရုံး တာဝန်ရှိသူများက ကေအိုင်စီသို့ ယနေ့တွင်ပြောသည်။

၂၀၂၀-၂၁ ပညာသင်နှစ်မှစတင်၍ အခြေခံပညာဦးစီးဌာနက ဧပြီလ ၁ ရက်နေ့မှစတင်ကာ တိုင်းရင်းသား လူမျိုးစုများ၏ အမည်ရှေ့တွင် ၎င်းတို့ကိုကိုယ်စားပြုသည့် အမှတ်သင်္ကေတ စကားလုံးများ ထည့်သွင်း လက်ခံပေးနိုင်ရေး ညွှန်ကြားထား မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။ အဆိုပါညွှန်ကြားမှုအတိုင်း ကရင်ပြည်နယ်၊ ပညာရေးမှူးရုံးမှ ဧပြီလ ၂ ရက်နေ့စွဲဖြင့်

သက်ဆိုင်ရာ၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးအသီးသီးထံသို့ စာထုတ်ပေးပို့ခဲ့ပြီး ကျောင်းအဆင့်အထိစာများ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။ “ကျောင်းသွားအပ်တဲ့အခါ မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့် စောထည့် ပေးပါ၊ နန်း ထည့်ပေးပါ။ နော် ထည့်ပေးပါလို့ ပြောရ မယ်ပေါ့။ ဆရာမတွေကလည်း ကျောင်းသား လက်ခံတဲ့အခါ မေးရမယ်ပေါ့။ အဲလို နှစ်ဦးနှစ်ဖက် ပြောကြပါ။ ဒါက အရေးကြီး တာကိုး။ ဒီနှစ် ကတော့ တရားဝင်စာထုတ်တော့ မှန်မှန်ကန်ကန်လေးဖြစ်လာ တယ်ပေါ့။” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ကလေးများကို ကျောင်းအပ်ချိန်တွင် နာမည်အစ၌ ကရင် အမည်များဖြစ်သည့် (စော၊ စ၊ နန့်၊ နော်) များထည့်သွင်းရန် ဧရာဝတီတိုင်းဒေသကြီး ကရင်စာနှင့်ယဉ်ကျေးမှု ကော်မတီက မေ ၁၈ ရက်နေ့တွင် မြို့နယ်စာယဉ် အသီးသီးသို့ စာထုတ်တိုက်တွန်းခဲ့သည်။ အလားတူ မွန်ပြည်နယ်အတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် စော၊ နန်း၊ နော် တို့ကို ထည့် သွင်း အပ်နှံသွားကြရေး မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကရင် စာ/ယဉ် ကော်မတီအပါအဝင် သက်ဆိုင်ရာသို့ အကြောင်းကြား စာပေးပို့ကာ တိုက်တွန်းခဲ့သေးသည်။ http://kicnews.org/2020/06/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%8

**************

၉။        AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်

June 3, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်တွင် ရက္ခိုင်စစ်တပ် (AA) ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ပြန်လွတ်လာသည့်နောက် သေဆုံး သွားသည့် အမျိုးသမီး၏ ဖြစ်စဉ်ကို လူ့အခွင့်အရေးအဖွဲ့များထံ စာပို့ အကြောင်းကြားသွားမည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (CUSR) က ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်စိန်မဦး ဖြစ်ပြီး မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာမှ ချင်း အမျိုးသမီးတဦး ဖြစ်သည်။ ၎င်းသည် မေ ၃ ရက်က အခြားအမျိုးသား ၃ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ဇွန် ၁ ရက်တွင် ပြန် လွှတ်ပေးလိုက်သဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ လွတ်လာပြီးနောက် စိတ်ကယောင်ခြောက်ခြား ဖြစ်ခြင်း၊ ကြောက် လန့် ခြင်းများ၊ အသက်ရှုမဝခြင်းများ ဖြစ်နေသဖြင့် မင်းပြားမြို့နယ် ဆေးရုံသို့ မိသားစုဝင်များက ပို့ဆောင်ပြီး ဇွန် ၂ ရက် မနက်ပိုင်း၌ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။ CUSR ၏ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က “အဓိက ကတော့ အခု ဖြစ်နေတာ သူတယောက်တည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ကျနော်တို့ ချင်းတွေ လူ့အခွင့် အရေး ချိုးဖောက်ခံရတာ အများကြီးရှိပါတယ်။ ပြန်လွတ်လာတယ်၊ မပြောရဲဘူး။ တချို့လုံးဝကို ပျောက်သွားတယ်။ ဒါကို ကျနော်တို့က ရခိုင်ပြည်နယ်ထဲက ချင်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်ဆိုတာကို တင်ပြမယ်လို့ စီစဉ်ထားပါ တယ်” ဟု ပြောသည်။

ချင်းလူ့အခွင့်အရေး အဖွဲ့သည် ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းထားခြင်းဖြစ်ကာ အမေရိကန်နှင့် ကနေဒါတွင် တရားဝင် မှတ်ပုံ တင်ထားပြီး အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေး အခြေအနေ များကို စောင့်ကြည့်လေ့လာခြင်း၊ မှတ်တမ်းပြုလုပ်ခြင်းများအပြင် ဒေသတွင်း အခြေအနေများကိုလည်း နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့များသို့ ပေးပို့ကာ ချိတ်ဆက် ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။

ဆလိုင်း ထွန်းလှကျော်က သေဆုံးသွားသည့် ဒေါ်စိန်မဦးမှာလည်း အဖမ်းမခံရခင်က ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး ၁ လကြာ ဖမ်းခံရပြီး ပြန်လွတ်လာသည့်အချိန်တွင် စိတ်ကယောင်ခြောက်ခြားဖြစ်ကာ ကြောက်လန့်နေသဖြင့် ဖမ်းခံရစဉ် ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း သံသယရှိပါသည်ဟု ဆိုသည်။

ဒေါ်စိန်မဦးနှင့်အတူ ပြန်လွတ်လာသူများကလည်း AA နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေဆိုရန် ငြင်းဆိုပြီး ရှောင်တိမ်းနေကြသည်ဟု ဆလိုင်းထွန်းလှကျော်က ပြော သည်။ ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က “ကျနော်တို့ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးမှု လုံးဝမရှိတော့ ဒီစနစ်ကြီးမှာ ပြောင်းလဲမှုမရှိသရွှေ့တော့ တရားမျှတမှု ရဖို့ကတော့ မလွယ်ပါဘူး။ ပထမဆုံး လိုအပ် တာကတော့ တရားဥပဒေ စိုးမိုးရေးရှိဖို့ လိုပါတယ်။ သူ့အတွက် ဟိုအတွက် Justice ကို တဦးတယောက်ချင်းစီ အတွက် လုပ်ပေးနိုင်တာ မရှိပါဘူး”ဟု ပြောသည်။ သို့သော် မြေပြင်မှ စုဆောင်းထားသည့် အချက်အလက်များ၊ လူ့အခွင့်အရေး မှတ်တမ်းများက တချိန်ချိန်တွင် တရားမျှတမှု ရနိုင်ရေးအတွက် အသုံးဝင်လာမည်ကို ယုံကြည်ပါသည်ဟု ဆလိုင်းလျန်က ဆိုသည်။

တပ်မတော်ဘက်မှလည်း ပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရပ်သား ၂၀ဝ နှင့် အထက်ကို ဖမ်းဆီး စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်း အဝိုင်းတွင် ဝေဖန်ခံနေရသည်။ https://burma.irrawaddy.com/news/2020/06/03/223950.html

*************

၁၀။      KNU ညောင်လေးပင်ခရိုင်ရှိ Covid -19 ထိန်းချုပ်ကာကွယ်ရေးဂိတ်တစ်ခု ဖျက်ဆီးခံရ

June 3, 2020

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် (တပ်မဟာ ၃) ဆောထီး(ရွှေကျင်) မြို့နယ် ခလိန်-ချောင်းဝလမ်းဆုံရှိ ဆောက်လုပ်ပြီးခါစ KNU ၏ Covid-19 ကာကွယ်ရေးဂိတ်တစ်ခု ဇွန်လ ၂ ရက်နေ့က ဖျက်ဆီးခံ လိုက်ရကြောင်း KNU ညောင်လေးပင်ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရောဂါကြိုတင်ကာကွယ်တားဆီးရေးဂိတ်ကို Covid -19 ကာလ တောင်ပေါ်ဒေသရှိ လူဝင်ထွက်သွား လာမှုများ စစ်ဆေးနိုင်ရန် ဒေသအတွင်းရှိ ရောဂါ ကာကွယ်ရေးကော်မတီမှ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး နောက် ညနေပိုင်းတွင် ထိုသို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု KNU ညောင်လေး ပင်ခရိုင် Covid -19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ ဆက်သွယ်ရေးတာဝန်ခံ ပဒိုစောကလယ်မူထူးက ပြောသည်။ “သူတို့က ဘယ်လိုပြောလဲဆိုတော့ ညွှန်ကြားချက်မရှိဘူးတဲ့။ ကျနော်တို့ကလည်း ရောဂါအတွက် မဖြစ်မနေ လုပ်ဖို့လိုတယ် ပြောတော့ ပထမတော့ ဈေးဆိုင်ထဲ မှာသွားလုပ်ပါ။ အဲမှာသွားလုပ်ရင် သူတို့ သွားကူနေပေး မယ်ပြောတယ်။ သူများဆိုင်ထဲမှာ ကျနော်တို့က သွားလုပ်လို့အဆင် မပြေဘူးလေ။ ကျနော်တို့ဆောက်မှာက ဂိတ်တစ်လုံးဘဲ မနက် ၁၁နာရီလောက်မှာ ဂိတ်ဆောက်ပြီးတယ်။ ထမင်းပြန်စားတဲ့ အချိန် နေ့လည် ၂ နာရီ လောက်တော့ တပ်မတော်ဘက်က ကျနော်တို့ဂိတ်ကို လာဖျက်လိုက်တယ်” ဟု ကေအိုင်စီသို့ပြော သည်။

အဆိုပါ KNU ဆောက်လက်စ Covid -19 ရောဂါကာကွယ်ရေးဂိတ်ကို အထက်က ညွှန်ကြားချက် မရရှိသည့် အကြောင်းပြ ချက်ဖြင့် ဒေသအတွင်းရှိ တပ်မတော် ခမရ ၂၀ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး အပါအဝင်အင်အား ၅ဦးမှ သွားရောက်ဖျက် လိုက်ခြင်းလည်း ဖြစ်သည်ဟုလည်း KNU ညောင်လေးပင်ခရိုင်တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။ ထို့အပြင် ၎င်းဂိတ်ကို လက်ရှိနေရာမှ နောက်ဆုတ်ပြီး ဆောက်လုပ်ပေးရန် ဒေသတွင်းအခြေစိုက်သည့် တပ်မတော်ဘက်က ပြောဆိုမှု များရှိခဲ့သလို လတ်တလောဖြစ်ပွားခဲ့သည့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး KNU ဗဟို နှင့် ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန – KDHW ထံသို့ တင်ပြထားပြီးဖြစ်သည်ဟု လည်း ပဒို စောကလယ်မူထူးက ဖြည့်စွက်ပြောသည်။

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်တွင် ဒေသတွင်းဝင်ထွက်သွားလာမှုများကို စစ်ဆေးနိုင်ရန်နှင့် Covid-19 ကာကွယ် ထိန်းချုပ်နိုင်ရေးရည်ရွယ်ကာ ယခုဖျက်ဆီးခံလိုက်ရသည့်ဂိတ်အပါအဝင် ဂိတ်ပေါင်း ၁၄ ဂိတ်ဖွင့် လှစ်ထားရှိကြောင်းသိရပြီး ယခုဂိတ်မှာ KNU ညောင်လေးပင်ခရိုင်အတွင်း ပထမဦးဆုံး ဖျက်ဆီးခံရသည် ဂိတ်ဖြစ်သည်ဟု လည်းသိရသည်။http://kicnews.org/2020/06/knu%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1

**************

၁၁။  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံး မှုနှင့်            ပတ်သက်၍ စည်းကမ်းချက် အသစ်များ ရှိလာမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောကြား

June 4, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်အသစ်များ ရှိလာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးမြင့်နိုင်က ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးတွင် ဇွန် ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ သတင်းထောက်များ၏မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါကဲ့ သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲရက်ကတော့ အရင်တုန်းက ပထမတုန်းက နှစ်လနဲ့ ၂၄ ရက်။ နောက်တစ်ခါမှာ လေးလကြိုကြေညာတယ်။ အဲဒီအတိုင်းပဲမပြောင်းလဲပါဘူး။ နဂိုကျင်းပတဲ့အတိုင်း နိုဝင်ဘာလထဲမှာပဲ ကျွန်တော်တို့ ဖြစ်မှာပါ။ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပတော့ လေးလအလိုအကြိုကြေညာတာပေါ့။ နှစ် လ နဲ့ ၂၄ ရက် အလိုကြေညာတာရှိတာပေါ့။ ဘယ်နေ့သင့်တော် သလဲ။ အများအတွက် သင့်တော်မယ့်။ ကောင်းမယ့်ရက်ကိုယူပြီး ကြေညာမှာပေါ့။ ပါတီအများအတွက် စည်းရုံးနိုင်မယ့် အားလုံးအတွက် အဆင်ပြေမယ့်ရက် ကို ရွေးပြီး ကြေညာမှာပါ။ ဒါဆိုခန့်မှန်းလို့ရပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

COVID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ယခင် ရွေး ကောက် များကဲ့သို့ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများနှင့်မတူဘဲ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဌာနအဖွဲ့ရှစ်ဖွဲ့ဖြင့် သီးသန့် ဖွဲ့စည်းသွားရန်ရှိကြောင်းသိရသည်။“မဲဆွယ်တာနဲ့ပတ်သက်ပြီးတော့ စည်းကမ်းချက်တွေရှိလာနိုင်သလားဆိုတော့ ရှိလာ နိုင်တာပေါ့။ အဲဒါကြောင့် ဘယ်လို ကျင်းပမလဲ။ ဘယ်လိုမဲဆွယ်ခွင့်လုပ်မလဲ။ COVID ကာလလည်း ရှိနေတယ်ဆိုတော့ ဒါကိုအဆင်ပြေချောမောအောင် ရှစ်ဖွဲ့လောက်နဲ့ သပ်သပ်အဖွဲ့တစ်ဖွဲ့ဖွဲ့မယ်။ ဖွဲ့ပြီးတော့မှ ဘယ်လိုအခြေအနေဆိုရင် ဘယ်လို ဘယ်လို စည်းကမ်းချက်တွေ လိုက်နာမလဲ။ အဓိက တော့ ကျန်းမာရေးဝန်ကြီးဌာန ရှိမှာပေါ့။  သူတို့ စည်းကမ်းချက်တွေနဲ့ ချမှတ်ပြီးတော့ သက်ဆိုင်ရာနိုင်ငံရေးမဲဆန္ဒရှင်တွေ အကုန်အသိပေးမှာပေါ့။ စည်းကမ်းချက် အသစ်တွေ ရှိလာနိုင်ပါတယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

COVID-19 ရောဂါကြောင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မဲပေးခွင့်ရှိ မရှိအပေါ် စိစစ် ဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး မဲစာရင်းတွင် အားလုံးပါဝင်ရန်အတွက် ဆောင်ရွက်နေကြောင်း ဦးမြင့်နိုင်က ပြောကြား သည်။ https://news-eleven.com/article/176906

***************

၁၂။      ဘိန်းစာပင်များ မဖျက်ဆီးဘဲထားရှိပါက မူးယစ်ဥပဒေဖြင့် အရေးယူမည်ဟု KNPF စာထုတ်

June 3, 2020

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU- ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစာပင်များကို တပတ်အတွင်း ခုတ်ထွင်ရှင်းလင်းမှုမရှိပါက ကော်သူးလေ မူးယစ်ဥပဒေဖြင့် အရေးယူမည်ဟု မေလ ၃၁ ရက် နေ့တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့က စာထုတ်ပြန်ခဲ့သည်။ ဘိန်းစာပင်စိုက်ပျိုးခြင်းကို KNU အဖွဲ့အနေဖြင့် လုံးဝခွင့်ပြု မည်မဟုတ်ဘဲ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာအတွင်း စိုက်ပျိုးထားမှုရှိခဲ့လျှင်လည်း ဇွန်လ ၇ ရက်နေ့ နောက် ဆုံးထား၍ ဖျက်ဆီးရမည်ဟု KNFP ၏ ထုတ်ပြန်စာထဲတွင် ဖော်ပြထား သည်။

KNPF ဝင်းရေးမြို့နယ် အမှတ်(၄) စခန်းမှူးစောငြိမ်းချမ်းက “ မူးယစ်ဆေးပြားအစား ဘိန်းစာရွက်တွေကို အစားထိုးသုံးစွဲလာ ကြတယ်။ ဒေသအတွင်းမှာ ဆက်ရှိနေမယ်ဆိုရင် အနာဂတ်လူငယ်တွေ မူးယစ်သားကောင်ဖြစ်သွားနိုင်တယ်။ တိုင်းပြည် အရေးအရာ အမျိုးသားအရေးအရာတွေမှာ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ လူထုတွေလည်း ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြဖို့ တိုက် တွန်းချင်တယ်” ဟု ဇွန်လ ၁ ရက်နေ့က ကေအိုင်စီ သို့ပြောသည်။

မေလ ၂ဝ ရက်နှင့် ၂၄ ရက်နေ့တွင် ဝင်းရေးမြို့နယ်အတွင်း ဘိန်းစာပင် ၆,၅ဝဝ ကျော်ကို KNU နှင့် အစိုးရတို့ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး စိုက်ပျိုးသူများကိုလည်း ကော်သူးလေ မူးယစ်အထူးအက်ဥပဒေအရ အရေးယူမည်ဖြစ်သလို ကျန်ရှိ မည့် အပင်များကိုလည်း ဖျက်ဆီးမှုမပြုလုပ်လျှင် ဒေသတည်ငြိမ်ရေးနှင့်အမျိုးသားလုံခြုံရေးအက်ဥပဒေအရ အရေးယူမည်ဟု လည်း ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူများထံမှသိရသည်။ “ဈေးကောင်းရတယ်ဆိုပြီးသူများစိုက်ကြတော့ ရွာမှာလိုက် စိုက်ကြတယ်။ ဆိုးကျိုးတွေ ပြစ်မှုပြစ်ဒဏ်တွေ ဥပဒေတွေ သူတို့ နားမလည်ကြဘူး။ ကိုကာကိုလာအချိုရည်၊ ချောင်းဆိုး ပျောက်ဆေးတွေနဲ့ ရောသောက်တယ်။ ကြာရင်စွဲတာပါပဲ။ ဘိန်းစာပင် မရှိရင်ကောင်းတယ်။ လူငယ်တွေ အနာဂတ် မထိ ခိုက်ဘူးပေါ့နော်”ဟု ဝင်းရေးမြို့နယ် ဒေသခံ စောထွန့်ဖောင်က ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဘိန်းစာပင်စိုက်ပျိုးမှုအများဆုံးရှိပြီး စိတ်ကိုပြောင်းလဲစေ သော မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အစိုးရက ဥပဒေအရ တားမြစ်ထားလျက်ရှိသည်။ KNU အနေဖြင့် လည်း ၁/၂ဝ၁၄ ကော်သူးလေ မူးယစ်ဆေးဝါးများ အထူးအက်ဥပဒေအရ တားမြစ်ထားသည်ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိ သူများထံမှ သိရသည်။  http://kicnews.org/2020/06/%e1%80%98%e1%80%ad%e1%80%94%e1%  80%b9%e1%80%b8%e1%8

*************

၁၃။      မြေပုံကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရ

June 3, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်ကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ နဲ့ အာဏာပိုင်တွေက တရားစွဲဆို ဆိုထားပါတယ်။ မြေပုံမြို့နယ် အငူသစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မေလ ၃၀ ရက်နေ့မှာ အစည်းအဝေးရှိတယ်လို့ ခေါ်ယူသွားရာကနေ ပြန်မလွှတ်ပေးဘဲ အခုလို တရားစွဲခံရတာဖြစ်တယ်လို့  မိသားစုဝင်တွေက ပြောပါတယ်။ ဒီအုပ်ချုပ်ရေးမှူးနှစ်ယောက်ကို AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေ ၅၀ (ည)၊ ၅၂ (ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။

သူတို့ကို မြေပုံမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မနေ့တုန်းကတော့ ရဲက ဆက်ပြီးဖမ်းထားဖို့အတွက် တရားရုံးခွင့်ပြု ချက် ယူခဲ့ကြောင်း၊ နေအိမ်တွေကိုလည်း ရဲနဲ့ စစ်သားတွေက ဝင်ရောက်ရှာဖွေခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူးလို့ ရွာသစ်ကေ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဇနီး ဒေါ်လှသိန်းကြည်က ပြောပါ တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြေပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဇော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ စခန်းမှူး အပြင်သွားတယ်ဆိုပြီး ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် ကိုလည်း RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားမှု မရှိခဲ့ပါဘူး။ မြေပုံမြို့ နယ်မှာ အရင်က တပ်မတော်က တပ်စွဲတာမရှိပေမယ့် ပြီးခဲ့တဲ့ တစ်လလောက်က စလို့ မြေပုံမြို့မရဲစခန်းမှာ တပ်မတော်က စခန်းချပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီး တရားစွဲဆိုတာကြောင့် အခြားအုပ်ချုပ်ရေးမှူးတွေဟာလည်း စိုးရိမ်ပြီး နုတ်ထွက်ဖို့ ပြင်ဆင်နေသူ တချို့လည်း ရှိပါတယ်။ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးကတော့ ခုရက်ပိုင်းအတွင်း နုတ်ထွက်စာတင်သွားမယ်လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေဆိုတာ နှစ်ဘက်ကြားမှာ ကြားညပ်တတ်တာကြောင့် အစိုးရနဲ့တပ်မတော်အနေနဲ့ နားလည်ပေးသင့်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ လက်ရှိတရားစွဲဆိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို စစ်ဆေးချက်တွေအရ AA နဲ့ ပတ်သက်မှု ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ ပြောပါတယ်။ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာကတော့ စစ်ဆေးတွေ့ ရှိချက်အပေါ်မှာ အစိုးရ ရှေ့နေတွေက ဆုံးဖြတ်တာဖြစ်တယ်လို့ RFA ကို ပြောဆိုပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီအုပ်ချုပ်ရေးမှူး နှစ်ဦးဟာ AA နဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ RFA ကို ပြောပါ တယ်။ သူတို့ဟာ သာမန်ဒေသခံပြည်သူတွေသာဖြစ်ပြီး၊ အရင်က မြန်မာစစ်တပ်ကနေ တောက်လျှောက် အသုံးပြုလာတဲ့ ဒီရွာလူကြီးတွေကို အခုလို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့လည်း ခိုင်သုခက ပြောပါ တယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေဟာ ဖမ်းဆီးခံရတာတွေ ရှိတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူး တာဝန် တွေကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်တာတွေ ရှိခဲ့ပါတယ်။ https://www.rfa.org/burmese/news/myaypon-two-villa ge-administrators-being-sued-06032020085107.html

***************

၁၄။      မြဝတီ သစ်တောပိုင်မြေကို ခြံကွက်ရိုက် ရောင်းချနေသူများအား ဖော်ထုတ်အရေးယူမည်ဟု သစ်တောဌာနပြော

June 2, 2020

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ် အနောက်ဘက် မြဝတီသစ်တောကြိုးဝိုင်း ကြိုးပြင် ကာကွယ် တော အတွင်းရှိမြေကို ခြံကွက်များရိုက်၍ ရောင်းချ ရောင်းချနေသူများအား စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေး ယူသွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ်သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးကျော်မျိုးသူက ပြောသည်။

မြဝတီသစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောအတွင်းရှိ မြေဧက ၅၀ ခန့်အား ခြံကွက်များ ရိုက်၍ ရောင်းချမှုများရှိ ကြောင်း သတင်းအရ ဇွန်လ ၁ ရက် နံနက် ၁ဝ နာရီအချိန်က မြဝတီမြို့နယ် သစ်တောဦး စီးဌာနမှ တာဝန် ရှိသူများ၊ အမှတ် ၄ ရပ်ကွက်ရှိ ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများပြု လုပ်ခဲ့စဉ် မြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူက ယခုလို ပြောသည်။ “သစ်တောပိုင်မြေထဲမှာ ခြံကွက်တွေရိုက်ပြီး ရောင်းချနေ ကြောင်းသိရလို့ ကျနော်တို့ မြို့နယ် သစ်တောဦး စီးဌာနအနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးရာမှာ အမှန်တကယ်ပဲ ခြံကွက်တွေရိုက်ထားတာကို တွေ့ရှိရပါတယ်။ ဒီခြံကွက်တွေကို ဘယ်သူတွေက ရိုက်ပြီး တရားမဝင်အရောင်းအဝယ် လုပ်နေ သလဲဆိုတာ စုံစမ်းဖော်ထုတ် ရပါ မယ်။ ယခုလို သစ်တောပိုင်မြေပေါ်မှာ ကျူးကျော်ပြီး ခြံကွက်ရိုက်တဲ့သူတွေကို သိရရင် တော့ ၂ဝ၁၈ သစ် တော ဥပဒေပုဒ်မ ၄ဝ နဲ့ မြဝတီမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်” ဟု ဦးကျော်မျိုးသူက ပြောသည်။

မြဝတီမြို့နေ ပြည်သူတစ်ဦးက “မြဝတီမြို့မှာက ယခုလို သစ်တောမြေ (သို့မဟုတ်)အစိုးရ စီမံခန့်ခွဲခွင့်ရ မြေပေါ်မှာ တရား ဝင်ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ တရားမဝင် ခြံကွက်ရိုက်ကာ မြေအရောင်းအဝယ်များ ပြုလုပ်လျက်ရှိနေပါတယ်။ ဒါတွေ ကို သက်ဆိုင်ရာဌာနများအနေဖြင့် အချိန်မှီတားဆီးဖို့ လိုအပ်ပါတယ်။ တရားမ ဝင်ခြံကွက်ရိုက်ပြီး တရားဝင်သဖွယ် လိမ်လည် ရောင်းချနေသူများ၏ စကားကိုယုံ၍ ရှိစုမဲ့စုချွေးနည်းစာများဖြင့် ဝယ်ယူခဲ့သူတွေလည်း များစွာရှိနေပြီး နောက်ပိုင်း လူနေအိမ် တွေဖြစ်လာမှ ထိုးဖြိုဖယ်ရှားမှုတွေ ပြုလုပ်နေခြင်းဟာ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်တွေကို များစွာထိခိုက်စေသလို အစိုးရဲ့ ပုံရိပ်လည်း ကျဆင်းစေတယ်”ဟု ပြောသည်။

၎င်းအပြင် မြဝတီမြို့ တိုးချဲ့ ရပ်ကွက်၆/၇ မြေနေရာ၌ ယခင် ၂၀၁၅ ခုနှစ်အစောပိုင်းကာလများက တရားမဝင် မြေကွက်ရိုက် ရောင်းချသူများထံမှ ပြည်သူများဝယ်ယူ၍ အိမ်ဆောက်နေထိုင်ခဲ့ကြသည်။ ယခုအခါ ထိုနေရာအား အစိုးရစီမံခန့်ခွဲခွင့်ရ မြေဟုသတ်မှတ်ပြီးနောက် ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ ၂၀၂၀ခုနှစ် ဇွန်လ ၂ ရက်နေ့ထိ တိုင် အောင်နေအိမ်များအား ဖယ်ရှား ရှင်းလင်းမှုများပြုလုပ်နေပြီး မြေကွက်ဝယ်ယူထားသော ပြည်သူများအနေဖြင့် ဆုံးရှုံးမှုများစွာကြုံနေရကြောင်း ပြောဆိုကြ သည်။ http://kicnews.org/2020/06/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae

*************

၁၅။      နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ်အသုံးချဟု ရှေ့ပြေးအသံအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

June 2, 2020

မြန်မာစစ်တပ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဦးဆောင်သည့် အစိုးရ၏ ထောက်ခံအားပေးမှု ဖြင့် နိုင်ငံရေး အကျိုးအမြတ်အတွက် လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေ ကြောင်း အရှေ့ပြေးအသံ(Progressive Voice) အဖွဲ့က ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြော ဆိုလိုက်သည်။ “နောက်ကျကျန်ခဲ့သော တိုင်းပြည်- မြန်မာနိုင်ငံမှ COVID-19 ကို လက်နက်အဖြစ်အသုံးချခြင်း ” အမည်ဖြင့် ထုတ်ပြန်သည့် ၎င်းအစီရင်ခံစာတွင် မြန်မာစစ်တပ်နှင့် အစိုးရတို့သည် တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် သတင်းမီဒီယာသမား များအပေါ် ဖိနှိပ်မှုများ တိုးမြှင့်လုပ် ဆောင်ရန်နှင့် နိုင်ငံရေး အကျိုးအမြတ် အတွက် ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ဖော်ပြ ထားသည်။

ရှေ့ပြေး အသံအဖွဲ့၏ အကြံပေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ခင်ဥမ္မာက “အစိုးရရဲ့ “မည်သူမျှ ဖယ်ချန်မထားရေး” ဆိုတဲ့ မူကို မြန်မာ စစ်တပ်က ပျက်ရယ်ပြုလိုက်တာပဲဖြစ်တယ်။ သူတို့က တိုင်းရင်းသား ဒေသတွေမှာ ရာနဲ့ချီပြီး နှိပ်စက်သတ်ဖြတ်တာကို ခံနေရတဲ့ ရခိုင်ပြည်နယ်က လူထုတွေအပေး ဆက်လက်ကျူးလွန်းနေတဲ့ စစ်ရာ ဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် COVID-19 ကို အကာအကွယ်အနေနဲ့ သုံးနေတယ်”ဟု အစီရင်ခံစာ၏ သတင်းထုတ် ပြန်ချက်၌ ပြောဆိုထားသည်။ အဆိုပါ အစီရင်ခံစာသည် သတင်းမီဒီယာများ၏ သတင်းတင်ပြမှုများ၊ မတ်လ ၂၃ ရက်နေ့မှ မေလ ၁၀ ရက်အထိ အစိုးရ၊ အရပ်ဖက်နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) စသည့် အဖွဲ့အစည်းများ ထုတ်ပြန်ချက်များအပေါ် အခြေခံ၍ ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ကပ်ရောဂါ ကာလတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မီးမောင်းထိုးပြသည့် အစီရင်ခံစားဖြစ်သည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။

ထိုအစီရင်ခံစာ၌ ကပ်ရောဂါ ကာလအတွင်း ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ ပိုမိုလုပ်ဆောင် လာခြင်းနှင့်အတူ အစိုးရ၏ အင်တာနက် ဖြတ်တောက်မှုကို အခွင့်ကောင်းယူ၍ အကြမ်းဖက် လုပ်ဆောင်မှုများကို တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ၎င်းအကြမ်းဖက်မှုကို အဓိက ခံစားနေရကြောင်း ဖော်ပြထား သည်။ ထို့အပြင် COVID-19 ကပ်ရောဂါအပေါ် အစိုးရ နှင့် EAOs အဖွဲ့များ၏ တုန့်ပြန်ဆောင်ရွက်မှုအပေါ် သုံးသပ်ထား သလို မြန်မာစစ်တပ်မှ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကော်စီ -RCSS တို့လို အဖွဲ့အစည်းများ၏ ကပ်ရောဂါ တုန့်ပြန်တားဆီးဆောင်ရွက်မှုအပေါ် မြန်မာ စစ်တပ်၏ နှောင့်ယှက်ဟန့်တားမှုများကိုပါ ဖော်ပြထားပြီး တိုင်းရင်းသား ပြည်သူများအား ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားမည့်အပေါ် မြန်မာစစ်တပ်အနေဖြင့် ဂရုမစိုက်ကြောင်းပြသနေ သည်ဟု ဆန်းစစ်ဝေဖန်ထားသည်။

“NLD အစိုးရက ဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် EAO တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ တိုင်းရင်းသားကျန်းမာရေး ဝန်ဆောင်မှုတွေက ဖယ်ကျဉ်ခံထားရပြီး တမင်သက်သက် ဖျက်ဆီးတာကို ခံနေရတယ်။ ဒေသခံ ကျန်းမာရေး ဝန်ဆောင်မှု ပေးသူတွေအပေါ် ဘာကန့်သတ်ချက်မှ မထားဖို့နဲ့ သူတို့ဆီကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့က အရမ်းအရေးကြီးတယ်”ဟု ခင်ဥမ္မာက အစီရင်ခံစာ သတင်းထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ရှေ့ပြေး အသံ (Progressive Voice) သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီအရေးအတွက် စည်းရုံး လှုံ့ဆော်ရေး လုပ်ဆောင် နေသည့် အာရှ-ပစိဖိတ်ဒေသတွင်းမှ အဖွဲ့များဖြင့် ၂၀ဝ၆ ခုနှစ်တွင် ကွန်ရက်အဖြစ် ချိတ်ဆက် ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) မှ အခြေခံ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။ http:/ /kicnews.org/2020/06/%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80

***************

၁၆။      နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ်အတွင်းရှိ ပြောင်းခင်းများ ပိုးကျမှုကြောင့်ပျက်စီးမှုရှိ၍ ဒေသအတွင်း                       လာမည့်နှစ် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နိုင်ဟုဆို

June 3, 2020

ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ်အတွင်းရှိ တောင်ယာများတွင် စိုက်ပျိုးထားသော ပြောင်းခင်းများ ပိုးကျမှုကြောင့် ပျက်စီးမှုရှိနေပြီး ဒေသခံများအနေနှင့် လာမည့်နှစ် စားနပ်ရိက္ခာအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။“ပြောင်းက အထူးသဖြင့် ဒုံဟီးမြို့နယ်အတွင်းမှာ တောင်ယာအနေနဲ့ စိုက်ပျိုးကြတာ များပါတယ်။ သူတို့က တောင်ယာကို အလေ့ကျ စိုက်ပျိုးတဲ့စနစ်နဲ့ စိုက်တယ်။ သူတို့ရဲ့ အဓိက အစားအစာကလည်း ပြောင်းပဲ။ ပြောင်းက အခြေခံအစားအစာ ဖြစ်တယ်။ ပြောင်း၊ ဖွဲမီး၊ လူး၊ ဆပ်၊ ပီလောပီနံတို့ကို စိုက်ပြီး အသက်မွေးကြတယ်။ ပြောင်းတွေမှာ ပိုးကျတော့ တောင်ယာတွေမှာ ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းကြည့်တယ်။ ကွင်းဆင်းကြည့်တော့ အရွက်နုထွက်တော့ ရွက်နုက ကန်တော့ပုံရှိတယ်။ အဲဒီ ထဲက ဝင်ပြီးတော့အညွန့်တွေပါ စားတယ်။ ပိုးတွေကတော့ စိမ်းနုရောင်လေးတွေ။ ပြောင်းပင်ရဲ့ အဆစ်ရောက်ရင် ဆက်စား လို့ မရတော့ဘူး။ ဆက်မစားတော့ပေမယ့် ပြောင်းပင်က သေသွားပြီ။ အခု အနေအထားက ပြောင်းပင်တစ်ပင်နဲ့ တစ်ပင်ကူး စက်မှုက တကယ်မြန်တယ်။ အဲဒီလိုဖြစ်နေတော့ စိုက်ပျိုးရေးပညာရှင်နဲ့ မေးကြည့်တော့ ဒီပိုးက မျိုးဆက်သစ်ပိုးတွေ ဖြစ် တယ်။ မျိုးဟောင်းမဟုတ်ဘူး။ ဒီဟာကို ဘယ်လိုသတ်လို့ရသလဲ နည်းလမ်းတွေ ရှာကြည့်တယ်။ ကျွန်တော်တို့ကလည်း တစ်ပတ်ဆို တစ်ပတ်အတွင်းမှာ မကယ်နိုင်တော့  ကြာလာရင် ပြောင်းပင်တွေက ထွားမလာဘဲ သေသွားတယ်။ ဒီလိုပိုးကျ တာက ဒုံဟီးနယ်တစ်နယ်လုံးက ပြောင်းစိုက်တာဆိုတော့ ဒုံဟီးမြို့နယ်အတွင်းမှာ အကုန်ဖြစ်တယ်။ နန်းယွန်းဘက်က ပြောင်းက သိပ်မစိုက်ဘူး။ ပိုးလည်းမကျဘူး။ အခြေခံအစားအစာ မဟုတ်ဘူး။ အဓိက ဒုံဟီးနယ်မှာ ဖြစ်တယ်။ အဲဒီဘက်က တောင်ယာအကုန်က ပြောင်းတွေပဲများတယ်” ဟု ဦးစိမ်းမောင်က ပြောကြားသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ဧက ၆၈၄ ဧက စိုက်ပျိုးခဲ့ပြီး ငမြှောင်တောင်ပိုး ကျရောက်သဖြင့် စိုက်ဧက ၂၀ဝ ကျော် ထိခိုက်ခဲ့သည်ဟု နန်းယွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ၏ မှတ်တမ်းများအရ သိရသည်။ ပိုးကျရောက်ခဲ့သည့် ပြောင်းခင်းများသို့ စိုက်ပျိုးရေးဌာနမှ ပိုးသတ်ဆေးများကို ဆေးဖျန်းပုံး များဖြင့် နှိမ်နင်းပေးခဲ့ကြောင်း သိရသည်။

“ပြောင်းက သူတို့ နှစ်စဉ်ပျမ်းမျှ ဘယ်လောက်ရသလဲ။ ဒီနှစ် ဘယ်လောက်ထွက်သလဲ ဆိုတာကိုရမှ ရာခိုင်နှုန်းကို တွက် ချက်လို့ရမှာ။ ဒီအချိန်မှာ စားနပ်ရိက္ခာ ဘယ်လောက် လိုအပ်တယ်မလိုအပ်ဘူးတော့ ပြောမရသေးဘူး။ ပြောင်းကတော့ သူတို့ အခြေခံ အစားအစာဆိုတော့ အခုလို အခြေအနေမျိုးဆိုရင် သူတို့ရဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်မှာ သေချာပါတယ်။ အစားအစာပြတ်လပ်မှု ဖြစ်နိုင်ဖို့အတွက် သေချာပါတယ်။ လာမယ့်နှစ်မှာ စားနပ်ရိက္ခာထူထောင်ရေးမှာ လျော့သွားမယ်။ ပျက်စီးသွားတဲ့ဟာကို စိုက်ပျိုးရေးဌာနက ထောက်ပံ့မှုပေးမယ်ဆိုရင်လည်း အလုပ်မဖြစ်ဘူးဗျ။ အခုဟာက ပိုးကျတာကို ပိုးသတ်ဆေးဖျန်းလို့ ရသလောက် ဖျန်းမယ်။ ဘယ်လောက်ကောင်းမလဲ ဘယ်လောက်ပျက်သလဲ သုံးသပ်မယ်။ ချင့်ချိန်ပြီး အချိုးကျ တွက်ချက်ပြီး ဘယ်နှလစာလောက်တော့ စားနပ်ရိက္ခာ ပြတ်နိုင်တယ်ဆိုတာ တွက်ချက်ပြီး အစိုးရကို တင်ပြမယ်” ဟု ဦးစိမ်းမောင်က ဆက်လက်ပြောကြားသည်။ https://news-eleven.com/article/176669

**************

၁၇။            ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေရ

June 04, 2020

ကယားပြည်နယ်အတွင်း စိုက်ပျိုးထားတဲ့ ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးကျရောက်နေပြီး ဖျက်ဆီးထားမှုကိုလည်း ပြောင်းစိုက်တောင်သူတွေ ရင်ဆိုင်နေရပါတယ်။ ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စုမှာလည်း ပြောင်းစိုက်ခင်းတွေမှာ ပြီးခဲ့တဲ့ နှစ်ကစပြီး ငမြှောင်တောင်ပိုး အများအပြားကျရောက်ခဲ့ပြီး အထွက်နှုန်းကျဆင်း မှုနဲ့ရင်ဆိုင်ခဲ့ရသလို ဒီနှစ်မှာလည်း စိုက်ခင်းမှာ ပိုးကျရောက်မှုကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ ပြောင်းစိုက်ဧက ၅၀ဝ ကျော်မှာ ပိုးကျနေတာကြောင့် ပိုး သတ်ဆေးကို ဖြန်းနေရသလို ပိုးသတ်ဆေးလည်း ဈေးများတာကြောင့် မတတ်နိုင်ဘူးလို့ သေးဆူလဲကျေးရွာမှ တောင်သူ ဖြစ်တဲ့ ညားရယ်ကပြောပါတယ်။“တချို့ခင်းတွေတောင်မှ ဆေးမနိုင်တော့ဘူး။ ဆေးနိုင်တဲ့တောင်သူတွေကျတော့ ဆေးနိုင် တယ် သုံးလေးခေါက်ဖြန်းရတာပေါ့နော။ အဲဒါကုန်ကျစရိတ်များသွားတယ်။ မတတ်နိုင်တဲ့သူတွေကျတော့ အရှုံးခံတဲ့သဘော ပေါ့ အထွက်ကတော့ တစ်ဝက်လောက်ကျတယ်”လို့ သူက ပြောပါတယ်။ ပိုးကျနေတဲ့အပြင် မိုးခေါင်တာကြောင့် သီးနှံကို နှစ်ခါပြန်စိုက်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပိုးမကျမှီနှစ်တွေက ပြောင်းတစ်ဧကမှာ ၂၅ ပိဿာဆန့်တဲ့ အိတ် ၈၀ နဲ့ ၁၂၀ ကြားရရှိပြီး ပိုးကျတဲ့အခါမှာတော့ အိတ် ၈၀ အောက်သာ ထွက်ရှိတော့တာကြောင့် ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။ တောင်သူတွေကို ပိုးကျရောက်မှုသက်သာအောင် အသိပညာပေးမှုတွေဆောင်ရွက်နေပြီး လက်ရှိမှာလည်း COVID-19 ကြောင့် လူစုလူဝေး မလုပ်ရတာကြောင့် အသိပညာပေးမှုကို မလုပ်ရသေးဘူးလို့ ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက ဆိုပါတယ်။“ကူညီဆောင်ရွက်ပေးတာကတော့ တောင်သူပညာပေးတို့ ဘာတို့ရှိတာပေါ့နော။     ဒါပေမယ့် အခု COVID ကြောင့်ပေါ့နော အခု လူစုလူဝေးမလုပ်ရဘူးဆိုတော့ အခုတောင်သူပညာပေးတော့ မလုပ်ဖြစ်သေး ဘူးပေါ့။ လုပ်ဖို့ကတော့ အစီအစဉ်ရှိပြီနော ရှိထားပြီးသား ဒါပေမယ့် လူစုလူဝေးမလုပ်ရဘူးဆိုတော့လေ”လို့ ၎င်းက ပြောပါတယ်။ ပိုးသတ်ဆေးကလည်း ဈေးများတာကြောင့် ငွေကြေးမတတ်နိုင်တဲ့တောင်သူတွေအနေနဲ့ ပိုးကျမှုသက်သာ အောင် သဘာဝနည်းလမ်း ပိုးသတ်ဆေးကို အသိပညာပေးနေတယ်လို့ ဒေါ်ရိုစ့်ထူးဒေးမြာက ပြောပါတယ်။“အရင်နှစ်က သေးဆူ လဲအုပ်စု ကုန်းသာကျေးရွာမှာလုပ်တာပေါ့နော သူတို့ကို ဘယ်လိုနည်းစနစ်ပေးလဲဆိုရင် ဂျင်းရယ် ကြက်သွန်ရယ် ငရုပ်သီးရယ် အဲဒါကိုဖျော်စပ်ပြီးတော့မှ ရေနဲ့လေးဆတစ်ဆ အဲလိုဖျော်ပြီးမှ ဖြန်းခိုင်းတယ် သူ့ကိုထိထိမိမိဖြန်းခိုင်းတယ်။ ပိုးကို အမြတ်ပြတ်အောင်တော့မဟုတ်ဘူး သူတို့ကိုခြေကျိုးလက်ကျိုးဖြစ်သွားအောင် အဲလိုပဲလုပ်ရတာပေါ့။”လို့ ဒေါ်ရိုစ့်ထူး ဒေးမြာ က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဖယ်ခုံမြို့နယ်အတွင်းက ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးကျရောက်ခဲ့ပြီး စိုက်ခင်း အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ရသလို လက်ရှိ ကယားပြည်နယ်မှာလည်း ငမြှောင်တောင်ပိုးကျရောက် ဖျက်ဆီးမှုကို ခံနေရ တယ်လို့ တောင်သူတွေက ပြောကြပါတယ်။ ငမြှောင်တောင်ပိုးကျတာက တစ်ပြည်နယ်လုံးဖြစ်နေပြီး ပြောင်းနဲ့ အခြားသီးနှံ တွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း (၈၀)ကျော်ကို စားသောက်ဖျက်ဆီးနိုင်တဲ့အပြင် တစ် ညအတွင်းကီလိုမီတာ(၁၀ဝ)အထိ ပျံသန်းနိုင်စွမ်းရှိတဲ့ဖျက်ပိုးဖြစ်ပါတယ်။ https://www.bnionline.net/mm/news73200

**************

၁၈။      မဟာဓာတ်အားလိုင်းသွယ်သည့် လုပ်သားကား ချောက်ထဲကျ  ၂ ဦးသေ

June 4, 2020

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် တုံတာမြို့ အနီးရှိ ချောက်ထဲသို့ မဟာဓာတ်အားလိုင်းသွယ်တန်းသည့် အလုပ်သမား ၃၀ ဦး စီးလာသည့် ဒိုင်းနာကားသည် ချောက်ထဲသို့ကျကာ ၂ ဦးသေဆုံသွားကြောင်း ရှိသည်။ မနက် ၁၁ နာရီခွဲတွင် မဟာ ဓာတ် အားလိုင်း သွယ်တန်းသည့် လုပ်သား ၃၀ စီးလာသည့် ဒိုင်နာကားသည် တုံတာမြို့အဝင် ပေ ၅၀ ရှိသည့် ချောက်ထဲ သို့ ကျကာ ၂ ဦးသေဆုံးပြီး၊ လက်ရှိ ဒဏ်ရာ ပြင်းထန်သည့် သူ ၈ ဦးကို ကျိုင်းတုံ ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ ဒဏ်ရာ ပြင်းထန်တဲ့ သူ ၁၀ ဦးကိုတော့ ကျိုင်းတုံ ဆေးရုံပို့လိုက်တယ်။ အဲ့ထဲမှာ ၂ ဦးဆုံးသွားတယ်။ ကျန်တဲ့ သူတွေ ကတော့ အနည်းငယ်ပဲထိတယ်။ မိုင်းပျဉ်း ဆေးရုံမှာ တက်နေတယ်”ဟု ၎င်း ကပြောသည်။ အဆိုပါ ကား ချောက်ထဲကျရ ခြင်းသည် ကားဘရိတ်ပေါက်မှုကြောင့် ဖြစ်သွားသည်ဟုလည်း စုံစမ်းသိရသည်။ ထိုကား ချောက်ထဲသို့ ကျသွားသူများကို တုံတာ လူမှုကူညီရေး အသင်း နှင့် တပ်မတော်တို့က သွားရောက် ကယ်ထုတ်ခဲ့ကြောင်းသိ ရသည်။

လွန်ခဲ့သည့် မေ ၁၂ ရက် တွင်လည်း မိုင်းပျဉ်းမြို့နယ်အတွင်း ခရီးသည်ယာဉ် အသေးတစီးသည် ချောက်ထဲကျကာ ခရီး သည် ၅ ဦး သေဆုံးခဲ့သည်။ https://burmese.shannews.org/archives/16951

*************

၁၉။      တောင်ကုတ်မြို့နယ် ပန်းတင် (ငမောက်ချောင်း) တိုက်နယ်ဆေးရုံတွင် တာဝန်ကျဝန်ထမ်း လတ်တလော မရှိသဖြင့် ပိတ်                ထား ရပြီး ကျန်းမာရေးနှင့် ပတ်သက်၍ ဒေသခံများ စိုးရိမ်

June 3, 2020

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် ပန်းတင် (ငမောက်ချောင်း) တိုက်နယ်ဆေးရုံတွင် လတ်တလော၌ တာဝန် ကျ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မှမရှိနေဘဲ ပိတ်ထားရသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ဒေသခံများက ပြောကြားသည်။ ထိုသို့ ပိတ်ထားရခြင်းအကြောင်းအရင်းမှာ တာဝန်ခံဆရာဝန်မှာ အထူးကုတက်ရောက်ရန် ထွက်ခွာသွားခဲ့ရပြီး ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများဖြင့် ဒေသနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင် ရွက်နေစဉ် သားဖွားဆရာမနှစ်ဦးမှာလည်း ကျောက်ဖြူမြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်းနှင့် (၃၀. ၅. ၂၀၂၀) ရက်တွင် ကျန်ရှိသည့် အထက်တန်းသူနာပြုနှစ်ဦးစလုံးကို မြို့နယ်ဆရာဝန်က လိုအပ်ချက်အရဟုဆိုကာ ခေါ်ယူသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ တိုက်နယ်ဆေးရုံ၏ ဒေသခံ ကျန်းမာရေးအထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

ဒေသခံ ကျန်းမာရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးချစ်ကျော်က “ကျွန်တော်က ဆေးရုံရဲ့လိုအပ်ချက်တွေကိုလည်း ထဲထဲဝင်ဝင် ကူညီဖြည့်စွက်ထားတဲ့အတွက် ဝန်ထမ်းကိစ္စတွေကလွဲရင် တခြားကိစ္စတချို့ကို သိနေတယ်။ ကျွန်တော်တို့ ဘက်က ဆေးရုံမှာ လိုအပ်တဲ့ပစ္စည်းတွေ ကူညီထောက်ပံ့မှုတွေလည်းအများကြီး လုပ်ထားတယ်။ ဒါပေမယ့် အခုက ဝန်ထမ်း တွေကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းတာတွေလုပ်တော့ ပိတ်ထားရတဲ့အဆင့် ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်း တစ် ယောက်မှမရှိတဲ့အတွက် တိုက်နယ်ဆေးရုံကို ပိတ်ထားပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေကို ပြောချင်တာကတော့ ပြန် လည်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်။ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ တစ်ခုခုဖြစ်ရင် မြို့ပေါ်ကိုသွားဖို့က ရေမိုင် ၁၃ မိုင်ကျောက်လောက်ကို စက်လှေနဲ့သွားရတဲ့ ခရီးမို့လိုပါ။ ပြန်လည်ဖွင့်ပေးစေချင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က “ဆေးရုံမှာ လူမရှိတာတော့ မဟုတ်ဘူး။ လူနည်းနေတာ၊ သတ်မှတ်ထားတဲ့ ဝန်ထမ်းနည်းနေတာ။ အခုက တောင်ကုတ်မှာ COVID Positive တစ်ယောက်တွေ့ထားလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားလို့ လိုအပ်တဲ့လူအင်အား ကို ကျွန်တော်တို့ကထည့်ပြီး အလှည့်ကျသုံးနေတာ။ ဆေးရုံပိတ်ထားတာ မဟုတ်ဘူး။ သူနာပြုရော ဆရာဝန်ရော လိုအပ်တဲ့ အင်အားထက် နည်းနေတယ်။ ဆေးရုံပိတ်ထားတာ မဟုတ်ဘူး၊ ခြံတံခါးပိတ်ထားတာက လူနာမရှိလို့ ပိတ်ထားတာ။ အဲဒီ ဆေးရုံမှာက ဆရာဝန်မရှိတာ ကြာနေပြီ၊ ပြန်ဖြည့်လို့ မရသေးဘူး။ ရခိုင်တစ်ပြည်နယ်လုံးမှာ ဆရာဝန်တွေ အများကြီးက လစ်လပ်နေတာ” ဟု ပြောကြားသည်။

အဆိုပါ တိုက်နယ်ဆေးရုံအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၈. ၃. ၂၀၁၅) ရက်စွဲပါ စာအမှတ် ကမဘ/ဃ ၁၃၇၂/၄၆ ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး (၂၃. ၃. ၂၀၁၆) ရက်တွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးကာ (၂၅. ၅. ၂၀၁၉) ရက်တွင် တာဝန်ခံ ဆရာဝန်တစ်ဦး၊ အထက်တန်း သူနာပြုနှစ်ဦး၊ သားဖွားဆရာမနှစ်ဦးနှင့် အထွေထွေလုပ်သား လေးဦး၊ စုစုပေါင်းကိုးဦး ခန့်ထားပေးပြီး ဆေးရုံလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ https://ne ws-eleven.com/article/176672

***************

၂၀။      ခိုလမ်တွင် ကျွန်းတင် ကား(၁၃)စီး နှင့် အတူ ယာဉ်မောင်း တဦး ဖမ်းဆီးရ

June 3, 2020

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်အတွင်း ကျွန်းသစ် တင်ဆောင်သည့် မော်တော်ယာဉ် (၁၃) စီး ဖမ်းဆီးမိရာ၊ တရားခံ တဦးသာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

လွိုင်လင်မြို့နယ် ခိုလမ်မြို့နယ်အတွင်း ခိုလမ်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇွန် ၁ရက် နေ့လည် ၁၁ နာရီ ၌ ရပ်တန့်ထားသည့် စူပါကာစတန် အမျိုးအစား ယာဉ်ငယ် ၁၃ စီးကို စစ်ဆေးရာ ကျွန်းခွဲသားပေါင်း (၈၃၇)ချောင်း (၁၅)တန် ကို ဖမ်းဆီးရမိခဲ့သော်လည်း ထိုထဲတွင် ကားသမား တဦးသာ ဖမ်းဆီးရမိပြီး ကျန် ၁၂ ဦး မှာ ထွက်ပြေးလွှတ်မြောက် နေ ကြောင်း လွိုင်လင်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။“ယာဉ် ၁၃ စီးမှာ တစ်စီးက တရားခံ မိတယ်။ ၁၂ စီးက ပိုင်ရှင် မတွေ့ရှိရပဲ ဖမ်းဆီး ရမိတယ်” ဟု လွိုင်လင်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရားခံကို ဆက်လက်ရှာဖွေနေပြီး၊ လက်ရှိ ဖမ်းဆီးရမိသူကို ခိုလမ်ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ (၄၃) (က) နှင့် အမှုဖွင့်ထားကြောင်း ဦးပြည့်ဟိန်း က ဆိုသည်။ ထိုနည်းတူ သျှမ်းပြည် တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်တွင် ဇွန် ၂ ရက် မနက် ၁၁ နာရီ ၌ တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၁၀တန် နှင့် ကျွန်းသစ်ခွဲသားဆိုဒ် စုံ ၂၀ တန် နှင့် အတူ လိုင်စင်မဲ့ ယာဉ်  ၅ စီး ကို သိမ်းဆည်းရမိကြောင်းသိရသည်။ https://burmese.shannews.org/archives/16923

**************

၂၁။      မေခမြစ်ပေါ်ကရေကာတာ ၆ ခု၏အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန်ခက်ခဲနေဟုဆို

June 2, 2020

မေခ မြစ်ပေါ်ရှိ ရေကာတာ ၆ ခု၏ ရေစီးဆင်းမှုနှင့်ပတ်သက်သည့် အချက်လက်မရရှိသေးသရွှေ့ ဧရာဝတီမြစ်ရေအတက် အကျအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲနေသည်ဟု သိရသည်။

မလိခအထက်ပိုင်း ရေကာတာ ၂ ခု၏ ရေစီးဆင်းမှုအချက်အလက်ကို လွယ်ကူစွာရရှိနိုင်သော်လည်း မေခမြစ်ပေါ်ရှိ ရေ ကာတာ ၆ ခု ၏ ရေစီးဆင်းမှုအချက်အလက်ကိုရရှိရန် မဖြစ်နိုင်သည့်အတွက် ဧရာဝတီမြစ်ရေအတက်ကျ ကြိုခန့်မှန်းရန် အခက်ခဲရှိနေကြောင်း ကချင်ပြည်နယ်မိုးလေဝသနဲ့ ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။ “အဓိကသည် မြစ်ကြီးနား အတွက်ဆိုရင် မြစ်နှစ်သွယ်ဖြစ်တဲ့ အပေါ်က မေခနဲ့ မလိခပေါင်းပြီးမှ Focus လုပ်ရတာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ မေခဘက်က Information မရှိဘူး။ အချက်လက်ရယူဖို့တွက် အားနည်းတယ်။ အပေါ်မှာရှိနေတဲ့ တရုတ်က လုပ်ထားတဲ့ရေကာတာ ၆ ခုက ကျနော်တို့ ပိုင်တာမဟုတ်တဲ့အတွက် အဲဒီကနေရေလွှတ်ခြင်း မလွှတ်ခြင်းကို မသိနိုင်တဲ့ တွက် မေခမြစ်ပေါ်ကဆင်းလာတဲ့ရေကို ကျနော်တို့ကမသိနိုင်ဘူး။ အဲကြောင့် အဲကနေဆင်းလာတဲ့ ရေအခြေနေပေါ်မှာဘဲ မူတည်ပြီးတော့ အချက်လက်တွေ ထုတ်ပြန်နိုင်ပါသေးတယ်။” ဟု ပြောသည်။

လက်ရှိ မလိခမြစ်ပေါ်တွင် မချမ်းဘောရေအားလျှပ်စစ်နှင့်ဆွမ်ပရာဘွမ်ရေအားလျှပ်စစ် ၂ ခုရှိနေပြီး မေခမြစ်ပေါ်တွင်မူ ချီဖွေ ငယ်ရေကာတာအပါအဝင် တရုတ်နိုင်ငံဘက်ခြမ်းမှ ရေကာတာ ၆ ခု ရှိကြောင်း ၎င်းကဆက်ပြောသည်။ “ဥပမာ ချီဖွေငယ် ရေကာတာဆိုလို့ရှိရင် ဘယ်ချိန်မှာရေကာတာဆေးမယ်၊ ဘယ်ချိန်မှာတော့ရေလွှတ်မယ်ဘယ်နေ့ထိတော့ ရေကာတာဆေး မယ်၊ ရေကိုဘယ်ချိန်မှလွှတ်မယ်၊ အဲလိုအချက်လက်တွေထုတ်ပြန်ပေးရင်တော့ကျနော်တို့က ကြိုတင်ပြင်ဆင်လို့ရမယ်။ ဒါဆိုရင်တော့ရေဘယ်လောက်တက်လာနိုင်တယ်၊ ရုတ်တရက်တက်လာတာမျိုးဆိုရင် ဒီ Dam ကြောင့် ဖြစ်တယ်ဆိုပြီး ကျနော်တို့ကတစ်ခါတည်းတန်းတွက်လို့ရတယ်။” ဟု ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ပြောသည်။

သမိုင်းတစ်လျှောက် ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၉၇၉ ခုနှစ်တွင် (၁၄၁၄) ၊ ၂၀ဝ၄ ခုနှစ်တွင် (၁၄၀၈) နှင့် ၂၀၁၉ ခုနှစ်တွင် (၁၂၂၉) အထိရှိခဲ့သည်။

မိုးလေဝသနဲ့ပတ်သက်သည့် သတင်းအချက်လက်များအား စောလျှင်စွာပြည်သူများထံ သတင်းပေးပို့နိုင်ရန်တွက်လည်း သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်မှူးများ၏ ဖုန်းနံပါတ်များ တောင်းဆိုထားပြီး သတင်းချက်လက်မြန်ဆန်စွာ ပေးပို့ နိုင်ရန် Viber Group ဖွဲ့ထားမည့်အစီစဉ် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ မိုးလေဝသနှင့် သက်ဆိုင်သည့်သတင်းများကို နေ့စဉ်မနက် ၇နာရီ နေ့လည် ၂နာရီ ည ၇နာရီ ပုံမှန်ထုတ်ပြန်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။ https://burmese.kachinnews.com/2020/06/02/%e1%80%99%e1%80%b1%e1%80%81%  e1%80%99%e1

*************

၂၂။       COVID-19 လူနာသစ် Case-231 သည် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ကျန်းမာရေးမှူးဖြစ်ပြီး မူဆယ်ရှိ ကျန်းမာရေး                        ဝန်ထမ်းများကို COVID -19  ပိုးရှိ မရှိ စစ်ဆေးရာမှ ပိုးတွေ့ ခြင်းဖြစ်

June 3, 2020

COVID-19 လူနာသစ် Case-231 သည် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်ကျန်းမာရေးဌာနမှ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ကျန်းမာရေးမှူးဖြစ်ပြီး မူဆယ်ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများကို COVID -19 ပိုးရှိ မရှိစစ်ဆေးရာမှ ပိုးတွေ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၂ ရက် ညပိုင်းထုတ်ပြန်ချက်အရ Case-231 လူနာသည်  COVID-19 အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိနှင့် အသွားအလာ ကန့်သတ်ခံထားရခြင်း မရှိသူဖြစ်ကြောင်း သိရသည်။ Case-231 သည် မူဆယ်ဆေးရုံသို့ လပတ်အစည်းအဝေးနှင့် လစာထုတ်ရက်များသာ လာရောက် တက်သူဖြစ်ကာ မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ရောဂါပိုးစစ်ဆေးရန် မေ ၂၉ က ဓါတ်ခွဲနမူနာများ ရယူခဲ့ပြီး ဓါတ်ခွဲအဖြေအရ ပိုးတွေ့ရှိခဲ့သူဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Case-231 နှင့် ၎င်း၏ ခင်ပွန်းအား မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသ ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို အဓိကလိုက်နာနေထိုင်ရန်လိုအပ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာတင်မောင်ညွန့်က တိုက်တွန်းပြောကြားသည်။“Social Distancing ကို ခရိုင် COVID-19 ကာကွယ်ကုသ ထိန်ချုပ်ရေးကော်မတီက ဆက်လက် လုပ်ဆောင်သွားပါမယ်။ ပြည်နယ်ကျန်းမာရေးဌာန အနေနဲ့ကတော့ သူနဲ့ထိတွေ့တဲ့ contact ရှိသူတွေနဲ့ သက်ဆိုင်တဲ့ Contact Treating တွေလိုက်ပြီးလုပ်နေတယ်၊ Positive လူနာကိုလည်း ကုသဖို့လည်း လုပ်နေပါတယ်။ ကျန်းမာရေးဌာနက ဖြေလျှော့တာတွေကလွှဲလို့ ကျန်တာတွေ Social Distancing ကော၊ Mask  တက်တာတွေကော၊ စားသောက်ဆိုင်တွေကအစ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သက်မှတ်ထားတဲ့ ပုံစံအတိုင်း နေထိုင်ဖို့သတ်မှတ်ထားပြီးသား။ ဒါကြောင့် အဓိကကတော့ ထုတ်ပြန်ချက်တွေ ကို ပြည်သူတွေက လိုက်နာဖို့ဘဲ အရေးကြီးပါတယ်”ဟု ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာတင်‌မောင်ညွန့်က ပြောကြား သည်။

ရှမ်းပြည်နယ်အတွင်း Social Distancing အတွက် ကန့်သတ်မှုများ ဖြေလျှော့ပေးနေချိန် မူဆယ်မြို့တွင် ပြည်သူများ သတိရှိ ပြီး ပေါ့ဆရန်မသင့်ကြောင်း၊ ကျန်းမာရေး အသိရှိပြီး အပြင်ထွက်တိုင်း Mask တပ်ကာ လူခွဲနေရန် လိုအပ်ကြောင်း ကရုဏာ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။ https://news-eleven.com/article/176761

***************

၂၃။  သျှမ်းပြည်တွင်း ၂ လ ကျော် ဖွင့်လှစ်ခဲ့သည် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ပိတ်သိမ်း

June 2, 2020

သျှမ်းပြည်အတွင်းရှိ Covid-19 ကူးစက်ရောဂါ စစ်ဆေးဂိတ်များအားလုံး ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၁ ရက်နေ့က လေဆိပ်ဂိတ် ၅ ခု နှင့် နယ်စပ် ဝင်/ထွက် ဂိတ်များမှ အပ ကျန်ရှိသည့် သျှမ်းပြည်တွင်းရှိ ဂိတ်များ အားလုံး ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ “အခုလက်ရှိမှာတော့ လေဆိပ် နဲ့ နယ်စပ် ဂိတ်တွေမှာပဲ စစ်ဆေးရေး ဂိတ်ထားတော့ တယ်။ အကုန်လုံး နီးပါး ပိတ်သိမ်းလိုက်ပြီ” ဟု လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

လေဆိပ်ဂိတ် ၅ ခု ဖြစ်သော ဟဲဟိုးလေဆိပ်၊ လားရှိုးလေဆိပ်၊ ကျိုင်းတုံလေဆိပ်၊တာချီလိတ်လေဆိပ်နှင့် မိုင်းဆတ် လေဆိပ်တို့ ဆက်လက် စစ်ဆေးထားကြောင်း သိရသည်။“မနေ့က စပြီး ပိတ်လိုက်တယ်။ တောင်ကြီးက ကျန်းမာရေး စစ်ဆေးတဲ့ ဂိတ် ၄ ဂိတ် စလုံး ပိတ်လိုက်ပြီ။”ဟု တောင်ကြီး စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေသည့် စေတနာ့ဝန်ထမ်း တစ်ဦး ကပြောသည်။ နယ်စပ် ဝင်ထွက် ဂိတ်များဖြစ်သည့် နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မိုင်းယု၊ ဝမ်ပုံ ရှိ ဂိတ်များတွင် ကျန်းမာရေ း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ထားကြောင်း သိရသည်။ Covid-19 ကူးစက် ရောဂါ မပြန့်ပွားရေးအတွက် သျှမ်းပြည်တွင်းရှိ မြို့အဝင်အထွက်တိုင်းမှာ ကျန်းမာရေး စစ်ဆေးဂိတ်များ ကို မေလ ၂၄ ရက် ဝန်းကျင်မှ စပြီးဖွင့်လှစ်ကာ ဖြတ်သန်းသွားလားသူများကို ကျန်းမာရေး စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်။ https://burmese.s hannews.org/archives/16895

*************

၂၄။      တောင်ကြီးမြို့နယ် တွင် ထိုင်းပြည်တော်ပြန် ၆၀ဝ ကျော် ရှိ

June 3, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ထိုင်းပြည်တော်ပြန် ၆၀ဝ ကျော် Quarantine ပြုလုပ်ထားကြောင်း စုံစမ်းသိရှိရ သည်။ ထိုင်း – မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး သျှမ်းပြည်သို့ပြန်လာမည့် ပြည်တော်ပြန်များကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များကို Quarantine ထားရှိခြင်းဖြစ်သည်။

“သူတို့ကို ပိုးစစ်ပြီးမှ ဘယ်နှရက် ထားမယ်ဆိုတာ ပြောလို့ရပါ့မယ်။ လောလောဆယ်တော့ ၁၀ ရက်လောက် ထားမယ်လို့ ခန့်မှန်းထားပါတယ်။”ဟု စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုး ကပြောသည်။ မေလ ၂၇ ရက်မှ ဇွန် ၃ ရက်နေ့ထိ ပြည်တော်ပြန် ၆၀ဝ ကျော် ရောက်ရှိထားကြောင်း သိရသည်။“Quarantine ဝင်တဲ့သူ အားလုံးကို ဓါတ်ခွဲနမူနာ စစ်မယ်။ တစ်ချို့ တစ်ဝက် စစ်ပြီးတာလဲ ရှိပါတယ်။ နေ့စဉ် ဝင်ရောက်နေပါတယ်။ ၂၀ဝဝ ကျော် ဝင်လာမယ်လို့ သိရပါတယ်”ဟု ကိုဝင်းနိုင်စိုး ကပြော သည်။

ထိုင်းပြည်တော်ပြန်များသည် တောင်ကြီးမြို့နယ်ရှိ မိုးကုတ်ဝိပဿနာ ရိပ်သာ၊ ညောင်ရွှေ တည်းခိုရေး စခန်း၊ ပင်းတယမြို့ရှိ မိုးကုတ်ဝိပဿနာ၊ ညောင်ရွှေမြို့နယ် သက်မွေး သင်တန်းကျောင်း၊ ညောင်ရွှေမြို့ရှိ ခေတ်ဆန်းယဉ်၊ ကလောမြို့နယ် ဟဲဟိုးမြို့စိုက် သိပ္ပံကျောင်း၊ တောင်ကြီး ကွန်ဗျူတာ တက္ကသိုလ်တို့မှာ ထိုင်းပြည်တော်ပြန်များ ထားရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/16927

 

 

မှတ်ချက်။   သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

 

*** ပြီး ***