• Today is: Thursday, March 28, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 39, June 30, 2020)

၁။       ေက်ာက္မဲတြင္ RCSS ႏွင့္ တပ္မေတာ္ တိုက္ပြဲေၾကာင့္ ေဒသခံ ၃၀ဝ ေက်ာ္ ေဘးလြတ္ရာ တိမ္းေရွာင္

၂။       ျမန္မာ အစိုးရတပ္ ႏွင့္ KIA  တိုက္ပြဲ ကခ်င္ျပည္နယ္မွာ ျပန္လည္ ျဖစ္ပြားလာ

၃။       ေက်ာက္တန္း နယ္ေျမရွင္းလင္းေရးလုပ္မည့္ ထုတ္ျပန္ခ်က္ ျပန္ရုပ္သိမ္း

၄။       စစ္ေရးတင္းမာမႈေျကာင့္ ေက်ာက္မဲျမို့နယ္တြင္ အရပ္သားတဦးရိုက္နွက္ခံရ ဒဏ္ရာျပင္းထန္

၅။       စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးအဆင့္ မေရာက္ေသးဘူးလို႔  က.လ.လ.တ ေျပာ

၆။       ရွမ္းေျမာက္က KBZ ဘဏ္ခြဲတခ်ိဳ႕အတြက္ လံုၿခံဳေရးတာဝန္ယူေၾကာင္း  SSPP/ SSA  ေျပာ

၇။       တိုင္းရင္းသူမ်ား မုဒိန္းမႈကို စစ္လက္နက္အျဖစ္ အသံုးျပဳခံေနရဟု WLB ေျပာ

၈။       ရေသ့ေတာင္က တပ္မိသားစုဝင္ လူငယ္ ၃ ဦးကို AA ဖမ္းဆီးထား

၉။       ညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ UNDP ကို UNA အဖြဲ႔ဝင္အျဖစ္လက္ခံ

၁၀။     ဖားကန္႔လုပ္ကြက္မ်ား ဇူလိုင္ ၁ ရက္မွ သံုးလ ပိတ္သိမ္းရန္ႏွင့္ ခိုးက်င္း မတူးေဖာ္ရန္ အခ်က္ ၁၀ ခ်က္ ညႊန္ၾကား

၁၁။     ဖာပြန္ေဒသတြင္ ဖ်က္ဆီးခံရသည့္ KNU ၏ Covid စစ္ေဆးေရးဂိတ္ေနရာတြင္ အသစ္ျပန္ေဆာက္ၿပီး ထပ္ဖြင့္

၁၂။     စစ္တပ္က၊ ေတာင္သူေတြကို ပစ္ဒဏ္ထပ္မံခ်မွတ္ဖို႔  ျပင္ဆင္ခ်က္တက္တဲ့အေပၚ ေျဖေလ်ာ့ေပးဖို႔ ေတာင္းဆို

၁၃။     ျပည္သူ႔ဆႏၵႏွင့္ ေရြးေကာက္ပြဲရလဒ္ တထပ္တည္းက်ေစမည္ဟု UEC ဥကၠ႒ေျပာ

၁၄။     အစိုးရသင္ရိုးညြန္းတမ္းတြင္ ကခ်င္လူမ်ိဳးမ်ား၏အေခၚေဝၚမွားယြင္းေနမႈကို ျပင္ဆင္ေပးရန္ ေတာင္းဆိုသြားမည္

၁၅။     ပလက္ဝၿမိဳ႕မွ တျခားၿမိဳ႕သို႔ ဆက္သြယ္ေသာ လမ္းေၾကာင္းမ်ားစပြင့္

၁၆။     ခ်င္းျပည္နယ္တြင္ အိႏၵိယႏို္င္ငံမွ ျပန္လည္ေရာက္ရွိလာသူ ၃၃ ဦးအနက္ တီးတိန္ၿမိဳ႕ ဒိန္ပီးေက်းရြာ၌ Facility Quarantine ဝင္ေနသူတစ္ဦး ေသဆံုး

၁၇။     ေရး – ထားဝယ္သြား ကားလမ္းေပၚ၌ ယာဉ္တိုက္မႈ ၃ ေနရာ ျဖစ္ပြား

၁၈။     မိုးနဲၿမိဳ႕ကို ေရွးေဟာင္း ယဥ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ႏိုင္ရန္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေသာ္လည္း သတ္မွတ္ႏိုင္ျခင္းမရွိေသးသျဖင့္ ပ်က္စီးယိုယြင္းမႈမ်ား ေန႔စဥ္ျဖစ္လာ

၁၉။     ၂၀၂၀ ေရြးေကာက္ပြဲဆိုင္ရာက်င့္ဝတ္  Code of Conduct  တြင္ ျပည္ခိုင္ၿဖိဳးအပါအဝင္ ပါတီအခ်ိဳ႕လက္မွတ္မထိုး

၂၀။     ဇြဲကပင္ေတာင္ေပၚတြင္ ေပ်ာက္ဆံုးသြားသည့္ တကၠသိုလ္ေက်ာင္းသူအား ေသဆံုးလ်က္ျပန္ေတြ႔ရွိ

၂၁။     လူသားျခင္းစာနာေထာက္ထားမႈႏွင့္ လံုၿခံဳေရးအတြက္ အလြန္အမင္းစိုးရိမ္ေၾကာင္း သံရံုးအဖြဲ႔အစည္းမ်ားထုတ္ျပန္

၂၂။     မြန္ျပည္နယ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္သူ ၃၀ဝ ခန္႔ ရွိလာ၊ ကိုဗစ္နည္းတူ မေပါ့ဆၾကရန္ သတိေပး

၂၃။     ရေသ့ေတာင္ၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သား ၃ ဦး ထြက္ေျပး

၂၄။     ကရင္ဒံုးအကကုိ UNESCO အသိအမွတ္ျပဳ စာရင္းတင္သြင္းမည္

၂၆။     အမ္းၿမိဳ႕နယ္တြင္ ရက္ပိုင္းအတြင္း စစ္ေဘးေရွာင္လူဦးေရ ၂ဆေက်ာ္ ျမင့္တက္လာ

၂၇။     မိုးေကာင္းၿမိဳ႕ နန္႔ရင္း ရပ္ကြက္တြင္ ေရေျမာင္းတူးေဖာ္ရာမွ ေက်ာက္စိမ္းအပိုင္းအစမ်ားေတြ႔ရွိသျဖင့္ ရွာေဖြသူမ်ား

၂၈။     တာခ်ီလိတ္တြင္ ေငြက်ပ္ ၂၇ ဘီလီယံနီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္လက္နက္မ်ား သိမ္းဆည္းရမိ

၂၉။     မယ္လဒုကၡသည္စခန္းတြင္ မူးယစ္ေဆးဝါး ထပ္မံေတြ႔ရွိ၊ တရားခံေျပးကုိ ဖမ္းဆီးရမိျခင္းမရွိေသးဟု ဆုိ

*************

၁။       ေက်ာက္မဲတြင္ RCSS ႏွင့္ တပ္မေတာ္ တိုက္ပြဲေၾကာင့္ ေဒသခံ ၃၀ဝ ေက်ာ္ ေဘးလြတ္ရာ တိမ္းေရွာင္

June 29, 2020

ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲခရိုင္၊ ေက်ာက္မဲၿမိဳ႕နယ္ ပန္ေလာ့ေက်းရြာအုပ္စုထဲမွာ ဇြန္ ၂၈ မနက္ကေန ဒီေန႔မနက္အထိ ရွမ္းျပည္တပ္မေတာ္ RCSS  နဲ႔  ျမန္မာ့တပ္မေတာ္တို႔ၾကား ထိေတြ႔ပစ္ခတ္မႈျဖစ္ခဲ့လို႔ ရြာသား ၁ ဦးေသဆံုး၊ ၁ ဦး ဒဏ္ရာရ၊  ၃၀ဝ ေက်ာ္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ေတာင္ဘက္ ၈ မိုင္ေလာက္ကြာ ပန္ေလာ့အုပ္စု အက္ကီး၊ နမ့္ဖတ္ ၿပိန္းနိမ္၊ ေက်းရြာအနီးတဝိုက္မွာ မေန႔ က ပစ္ခတ္မႈေတြရွိၿပီး ဒီေန႔မနက္မွာလည္း ပန္ခဲန္ရြာနားမွာ ထပ္ၿပီးပစ္ခတ္ၾကလို႔ ရြာသား ၁ ဦးေသဆံုးၿပီး ရြာသူ ၁ ဦး ဒဏ္ရာရတာေၾကာင့္ ေနာင္ခ်ိဳ ဂုတ္ထိပ္ေဆးရံုကို ပို႔ေဆာင္ထားရတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမို ကေရစီအဖြဲ႔ခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းဝင္းက ဒီဗြီဘီကို ေျပာပါတယ္။“ကေန႔မနက္ က်ေနာ္တို႔ ပါတီ ဝင္နဲ႔ ေကာ္တိုင္းရွမ္းလူငယ္အဖြဲ႔ေတြ ပန္ေလာ့ဘုန္းႀကီးေက်ာင္းက စစ္ေျပးေရွာင္ေတြဆီေရာက္ခဲ့ပါတယ္။ အားလံုး အေယာက္ ၂၀ဝ ေက်ာ္ရွိမယ္။  သူတို႔ လိုအပ္ခ်က္ေတြ အရင္သြားၾကည့္တာပါ။ အဓိကလိုတာကေတာ့ စားနပ္ရိကၡာေပါ့ ေနာ္။ ဒီတသုတ္က မေန႔မနက္က တိုက္ပြဲျဖစ္လုိ႔ ေျပးလာတာ၊ ကေန႔မနက္မွာက်ေတာ့ ဟိုင္းကြီ၊ ပန္က်င္ရြာဘက္မွာ ထပ္ျဖစ္တယ္။ အဲဒီမွာ လက္နက္ႀကီးက်ည္သင့္လို႔ ပန္က်င္ရြာသား ၁ ေယာက္ေသဆံုးၿပီး ရြာသူ ၁ ေယာက္ ဒဏ္ရာရတယ္။ သူ႔ကို ေနာင္ခ်ိဳဂုတ္ထိပ္ေဆးရံု ပို႔ထားၿပီး ရြာသားေပါင္း ၁၀ဝ ေက်ာ္က ေတာ့  ေနာင္ခ်ိဳဂုတ္ထိပ္ ေအာင္ဓမၼာရံုဘုန္းႀကီး ေက်ာင္းမွာ သြားစုေနၾကပါတယ္ခင္ဗ်။”ဒါ့အျပင္ မေန႔က ဟိုင္းကြီရြာသား ၄ ေယာက္နဲ႔ ေမာ္ေတာ္ကား ၁ စီးကို ျမန္မာ့ တပ္မေတာ္ဘက္က ေခ်ာဆြဲသြားေၾကာင္း၊ အဲဒီကိစၥကို လႊတ္ေတာ္ကိုယ္စားလွယ္က  ေက်ာက္မဲ စကခ ဆီ ဆက္သြယ္ ညွိႏိႈင္းေပးခဲ့လို႔ ျပန္လြတ္လာၿပီလို႔ ဆိုပါတယ္။

ေက်ာက္မဲၿမိဳ႕၊ နမ့္ခံုးရွမ္းမ်ားပရဟိတအသင္း ဥကၠ႒ ဦးစိုင္းကူးကလည္း  တိုက္ပြဲေရွာင္ေတြဟာ ပန္ေလာ့ရြာအျပင္ နမ့္ဖတ္ ေက်ာင္းတိုက္မွာလည္း ၄၀ ေက်ာ္ရွိေသးတယ္လို႔  ဒီဗြီဘီကို ေျပာပါတယ္။ တိုက္ပြဲျဖစ္ရတဲ့အေၾကာင္းရင္းကို မသိရေၾကာင္း၊ ၿပီးခဲ့တဲ့ ဇြန္လ ၂၆ ရက္ေန႔ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔က RCSS တပ္က ဟိုင္းကြီရြာဘက္မွာ မူးယစ္ေဆးေတြ မီးရိႈ႕ ဖ်က္ဆီးၿပီး အခမ္းအနားလုပ္ခဲ့ေၾကာင္း၊  ေနာက္ေန႔မနက္မွာ တပ္မေတာ္ယာဥ္တန္း အစီး ၂၀ ေက်ာ္ တက္သြားတာေတြ႔ၿပီး ႏွစ္ဘက္ရင္ဆိုင္ ပစ္ခတ္တာျဖစ္ႏိုင္တယ္လို႔  ေက်ာက္မဲေဒသခံေတြက ေျပာပါတယ္။  ဒီကိစၥနဲ႔ပတ္သက္ၿပီး ဒီဗြီဘီက RCSS တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းလုိ႔ မရေသးပါဘူး။

ျပည္သူလူထုဟာ လတ္တေလာ ကိုဗစ္ ၁၉ ကပ္ေရာဂါကူးစက္မႈအႏၱရာယ္ေၾကာင့္ အလုပ္အကိုင္ကို ပံုမွန္မလုပ္ႏိုင္လို႔ စား ဝတ္ေနေရးၾကပ္တည္းေနတဲ့ၾကား အခုလိုတိုက္ပြဲျဖစ္ရျပန္ေတာ့ စစ္ေရွာင္သူအတြက္ေရာ စစ္ေရွာင္ကူညီလက္ခံထားတဲ့ ရြာ ေတြအတြက္ပါ ပိုၿပီးအခက္အခဲျဖစ္ေစလို႔ တိုက္ပြဲျဖစ္ေစမယ့္ကိစၥမ်ိဳးေတြ တတ္ႏိုင္သေလာက္ေရွာင္ရွားေပးဖို႔ ေမတၱာရပ္ခံ လိုေၾကာင္း နမ့္ခံုးရွမ္းမ်ားပရဟိတအသင္း ဥကၠ႒ ဦးစိုင္းကူးကေျပာသြားပါတယ္။ http://burmese.dvb.no/archives/396

*************

၂။       ျမန္မာ အစိုးရတပ္ ႏွင့္ KIA  တိုက္ပြဲ ကခ်င္ျပည္နယ္မွာ ျပန္လည္ ျဖစ္ပြားလာ

June 30, 2020

ႏွစ္ဖက္ bilateral အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးေနဆဲကာလမွာ တိုက္ပြဲျဖစ္ပြါးမႈ မရွိသေလက္ျဖစ္ေနေသာ ကခ်င္ျပည္ နယ္မွာ ျမန္မာအစိုးရတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ဇြန္လ (၂၉)ရက္၊ တနလၤာေန႔ က ကခ်င္ျပည္နယ္ အလယ္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားလာသည္ဟုသိရသည္။

KIA တပ္မဟာ (၈) လက္ေအာက္ခံ တပ္ရင္း (၅) နယ္ေျမအတြင္း KIA စခန္းမ်ားရွိရာသို႔ တပ္မေတာ္စစ္ေၾကာင္း ႏွစ္ ေၾကာင္း ထိုးစစ္ဆင္လႈပ္ရွားျခင္းေၾကာင့္ တနလၤာေန႔ နံနက္ပိုင္း မိနစ္ ၃၀ ခန႔္ၾကာ La Mai Yang တြင္ ထိေတြ႔တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO က ဆိုသည္။ “တပ္မေတာ္ စစ္ေၾကာင္းေတြ ဝင္လာေတာ့ တိုက္ပြဲ အခ်ိန္ တို ျဖစ္ပြားခဲ့တယ္။ KIA ဘက္က မိုင္း ၂ ႀကိမ္၊ ၃ ႀကိမ္ ေလာက္ေဖာက္ခြဲတာမ်ိဳး၊ လက္နယ္ငယ္ေတြနဲ႔ အနည္းငယ္ ပစ္ခတ္ တာမ်ိဳးေလာက္ပဲ ျပဳလုပ္ၿပီး စခန္းကို ဖယ္ေပးလိုက္ပါတယ္” ဟု KIA အရာရွိ တစ္ဦးေျပာပါသည္။

KIA တပ္ရင္း (၅) Ga Hkyeng Bum နယ္သို႔ ထိုးစစ္ဆင္လာေသာ တပ္မေတာ္ ေျချမန္တပ္ရင္း (၃၈၉) ႏွင့္ ၎တပ္ဖြဲ႕၏ စစ္ကူအျဖစ္ ဝင္လာေသာ တပ္မေတာ္ ေျခလ်င္တပ္ရင္း (၂၃၇) တို႔ကို KIA အဖြဲ႕ ခုခံတိုက္ခိုက္ရာမွ နံနက္ (၁၀)နာရီခြဲ မွ (၁၁)နာရီၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု KIO ၏ The Kachin Net သတင္းတြင္ ကခ်င္ဘာသာလို တနလၤာေန႔ ေဖာ္ျပထား သည္။ ဇြန္လ (၂၂)ရက္ေန႔ကလည္း လြယ္ဂ်ယ္ၿမိဳ႕အနီး တ႐ုတ္- ျမန္မာနယ္စပ္ လမ္းမေပၚရွိ KIO COVID-19 က်န္းမာေရး စစ္ေဆးေရးဂိတ္ကို လြယ္ဂ်ယ္မွ တပ္မေတာ္ စစ္ေၾကာင္း ဝင္လာၿပီး ဖယ္ရွားဖ်က္ဆီးခဲ့သည္။ ၎ေန႔ အဆိုပါ ျမန္မာစစ္တပ္ ႏွင့္ KIA တပ္ရင္း (၁) တပ္ဖြဲ႕ၾကား တိုက္ပြဲျဖစ္လို႔နီးပါး စစ္ေရး တင္းမာခဲ့သည္ဟု သိရသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း KIA စခန္းမ်ားသည္ တပ္မေတာ္ စစ္ေၾကာင္းမ်ား၏ လိုက္လံတိုက္ခိုက္ျခင္း ခံေနရပါသည္။ ထို႔ေၾကာင့္ တပ္မေတာ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္း စစ္ေၾကာင္းမ်ား ႏွင့္ KIA တပ္ဖြဲ႕ၾကား မူဆယ္ၿမိဳ႕နယ္ Htan Hpa Bum (ထန္းဖာဘြမ္) ဇြန္လ (၆-၇)ရက္မ်ားတြင္ေသာ္လည္းေကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ Kaleng (ကာလိုင္) ေဒသတြင္ ဇြန္လ (၁၆)မွ (၂၁)ရက္ထိ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။

နိုင္ငံအတြင္း COVID-19 ကမၻာ့ကပ္ေရာဂါ ကာကြယ္၊ ကုသ၊ တားဆီးေရး လုပ္ေဆာင္ေနသည့္ကာလမွာ တပ္မေတာ္က ၎တို႔ အၾကမ္းဖက္အဖြဲ႕ဟု သတ္မွတ္သည့္ ရခိုင္ AA အဖြဲ႕ႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲမွလြဲၿပီး က်န္ တိုင္းရင္းသား ေတာ္လွန္ ေရးအဖြဲ႕မ်ား နယ္ေျမ၊ ေဒသအားလုံးမွာ ေမလ (၁၀)မွ ၾသဂုတ္လ (၃၁)ရက္ထိ စစ္ပြဲရပ္လိုက္ေၾကာင္း ေမလ (၉)ရက္ေန႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္လည္း တပ္မေတာ္၏ ရွမ္းျပည္ေျမာက္ပိုင္းမွာ ‘နယ္ေျမရွင္းလင္းေရး” လုပ္ေဆာင္ စဥ္ KIA အဖြဲ႕ႏွင့္ ‘ထိေတြ႕တိုက္ပြဲ’ ျဖစ္ေၾကာင္း ေျပာၾကားခ်က္သည္ မဟုတ္မွန္ဘဲ ရည္ရြယ္ခ်က္ရွိရွိျဖင့္ ‘ထိုးစစ္ဆင္ တိုက္ခိုက္ျခင္း’ ျဖစ္ေၾကာင္း လိုင္ဇာမွ KIO သတင္းႏွင့္ျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မွဴးႀကီး အင္ဖန္ ေနာ္ဘို က ကခ်င္ သတင္းဌာန KNG ကို ေျပာသည္။ https://burmese.kachinnews.com /2020/06/30/%e1%80%99%e1%80%bc%

*************

၃။       ေက်ာက္တန္း နယ္ေျမရွင္းလင္းေရးလုပ္မည့္ ထုတ္ျပန္ခ်က္ ျပန္ရုပ္သိမ္း

June 29, 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း၊ ေက်ာက္တန္းနယ္ေျမကို နယ္ေျမရွင္းလင္းေရးလုပ္ရန္ ထုတ္ျပန္ခ်က္ကို ျပန္လည္ရုပ္သိမ္းေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြ႔ဲ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက လက္မွတ္ ေရးထိုးၿပီး ဇြန္လ ၂၆ ရက္ေန႔က ထုတ္ျပန္သည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက ေက်ာက္တန္းနယ္ေျမအတြင္းရွိ AA ဝင္ေရာက္လႈပ္ရွားလ်က္ရွိသည့္ ေက်းရြာမ်ားကို မိမိလႈပ္ရွား စစ္ေၾကာင္းမ်ားျဖင့္ နယ္ေျမရွင္းလင္းျခင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္ရြက္စဥ္ ေက်းရြာသားမ်ားအား ထိခိုက္ဒဏ္ရာ မရရွိေစေရး ေက်းရြာမ်ားတြင္ ေနထိုင္ျခင္းမျပဳဘဲ ေခတၱေရွာင္တိမ္းေနထိုင္ၾကရန္ သက္ဆိုင္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားကို ဇြန္လ ၂၄ ရက္ေန႔က ညႊန္ၾကားခ်က္ ထုတ္ျပန္ ခဲ့သည္။ ၎အမိန္႔ ညႊန္ၾကားခ်က္ကို ရုပ္သိမ္းေၾကာင္းစာအား ဇြန္လ ၂၆ ရက္ေန႔က ထုတ္ျပန္ၿပီး ယခင္ထုတ္ျပန္ခ်က္အား ယခုစာက လႊမ္းမိုးပယ္ဖ်က္ေၾကာင္း ေဖာ္ျပသည္။

ထုတ္ျပန္ခ်က္ထုတ္ျပန္သည့္အခ်ိန္တြင္ ေက်ာက္တန္းေက်းရြာအနီးတဝိုက္ကိုသာ ဖယ္ရွားေပးရန္သာ ထုတ္ျပန္ခဲ့ေသာ္ လည္း ေက်းရြာေပါင္း ေလးဆယ္ေက်ာ္ကို ထုတ္ျပန္စာမ်ား ျဖန္႔ေဝလိုက္သည့္အတြက္ ျပန္လည္ရုပ္သိမ္းလိုက္ျခင္းျဖစ္ ေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက နိရဥၥရာသတင္းဌာနအား ေျပာသည္။ ဗိုလ္မွဴးႀကီးမင္းသန္းက “ျပန္ရုပ္သိမ္းတယ္ဆိုတာဒီလို။ ၿမိဳ႕နယ္ကေန ေက်းရြာေလးဆယ့္ႏွစ္ရြာ ေတာင္ထုတ္ ပစ္လိုက္တာ။ အမွန္ကေတာ့ ေက်ာက္တန္းနားေလးမွာ ေလးငါးရြာပဲရွိတာေလ။ ေလးငါးရြာေလာက္ပဲခိုင္းတဲ့ကိစၥကိုအမ်ား ႀကီးထုတ္လိုက္တယ္။ အဲဒီမ်ိဳးေၾကာင့္မို႔ အဲဒီစာကိုျပန္ရုပ္သိမ္းလိုက္တယ္။ အဲဒီေလးငါးရြာကေတာ့ ရန္သူနဲ႔ တိုက္ေနတာ ေလ ဘယ္လို႔လုပ္ရုပ္သိမ္းလို႔ရမလဲ”ဟုေျပာသည္။ ယင္းေၾကာင့္ ေက်ာက္တန္းေက်းရြာအေရွ႕ဖက္အနီးတဝိုက္ ေက်းရြာ သားမ်ားသာ ဖယ္ရွားေပးရန္ လိုအပ္ေၾကာင္း ဗိုလ္မွဴးႀကီးမင္းသန္းက ဆက္ေျပာသည္။

လြန္ခဲ့သည့္ ရက္ဇြန္လ ၂၄ ရက္ေန႔က ေက်ာက္တန္းနယ္ေျမအား နယ္ေျမရွင္းလင္းမည္ျဖစ္သျဖင့္ ဖယ္ရွားေပးရန္ ရေသ့ေတာင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ နယ္လံုဝန္ႀကီး၏ ညႊန္ၾကားခ်က္ျဖင့္ ရြာ ၄ဝ ေက်ာ္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ေပးပို႔ခဲ့ေၾကာင္း သိရသည္။ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ျပည္နယ္လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန နယ္ေျမရွင္းလင္းေရး ျပဳလုပ္မည္ျဖစ္ေၾကာင္း စာထုတ္ျပန္မႈ အေပၚ ၾသစေၾတးလ်၊ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါ အပါအဝင္ အေနာက္ႏိုင္ငံ သံရံုး မ်ားမွလည္း အလြန္အမင္း စိုးရိမ္ပူပင္ေၾကာင္း ဇြန္ ၂၇ ရက္ေန႔က စုေပါင္း ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့သည္။ https:// www.bnionline.net/mm/news-73898

**************

၄။       စစ္ေရးတင္းမာမႈေျကာင့္ ေက်ာက္မဲျမို့နယ္တြင္ အရပ္သားတဦးရိုက္နွက္ခံရ ဒဏ္ရာျပင္းထန္

June 29, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း စစ္ေရးတင္းမာမႈေၾကာင့္ ရြာသားမ်ားထြက္ေျပးတိမ္းေရွာင္ ေနစဥ္ရြာတြင္ က်န္ရစ္သည့္ အရပ္သားတဦး ရိုက္ႏွက္ခံရသျဖင့္ ဒဏ္ရာအျပင္းအထန္ ရရွိေၾကာင္း စံုစမ္းသိရသည္။

ယမန္ေန႔က ေက်ာက္မဲၿမိဳ႕နယ္အတြင္း သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ အက္ႀကီးေက်းရြာ မွ ေဒသခံမ်ား ထြက္ေျပးတိမ္းေရွာင္ၾကရာ အသက္ ၆၀ အရြယ္ ဦးအိုက္ေမာင္ တဦးတည္းသာ ေက်းရြာထဲတြင္ က်န္ရွိစဥ္ ရိုက္ႏွက္ခံရျခင္းျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္ အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းဝင္း က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ “မေန႔က ေက်းရြာကလူေတြ အားလံုးထြက္ေျပးတိမ္းေရွာင္ၾကတယ္။ ဦးအိုက္ေမာင္ တေယာက္တည္းက်န္ခဲ့တယ္။ တပ္မေတာ္က ဦးအိုက္ေမာင္ကို ေခၚၿပီး ရိုက္ႏွက္ထားတယ္။ ဒီေန႔မွ ျပန္လႊတ္လာေပးတယ္”ဟု စိုင္းထြန္းဝင္း ကဆိုသည္။ တပ္မေတာ္က ဦးအိုက္ေမာင္ အား ရိုက္ႏွက္ထားသည့္ ဒဏ္ရာသည္ ျပင္းထန္ေၾကာင္း၊ လက္ရွိမွာ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေန ရေၾကာင္းလည္း စိုင္းထြန္းဝင္း က ေျပာသည္။ ထို႔ျပင္ ယေန႔ မနက္ပိုင္းတြင္လည္း ေက်ာက္မဲၿမိဳ႕နယ္ ဟိုင္းကြီေက်းရြာ အုပ္စု ပန္က်န္ရြာတြင္လည္း တပ္မေတာ္မွ ပစ္သည့္လက္နက္က်သျဖင့္ အသက္ ၅၆ ႏွစ္အရြယ္ အမ်ိဳးသားတဦး ပြဲခ်င္းၿပီး ေသဆံုး ကာ အမ်ိဳးသမီး တဦး ဒဏ္ရာရရွိခဲ့ေျကာင္းလည္း သိရသည္။

RCSS/SSA ႏွင့္ အစိုးရ တပ္မေတာ္တို႔ တိုက္ပြဲဆက္တိုက္ျဖစ္ပြားမႈေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း စစ္ေရွာင္ ၅၀ဝ ေက်ာ္ ထိရွိလာေၾကာင္း၊ ထိုစစ္ေရွာင္မ်ားအတြက္လည္း အစားအေသာက္လိုအပ္ေနေၾကာင္း စိုင္းထြန္းဝင္း က ထပ္ေလာင္းေျပာ သည္။ တိုက္ပြဲေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္းေက်းရြာအတြင္းရွိ ေအာင္ဓမၼာရံုတြင္ စစ္ေရွာင္ ၃၃၀ ေက်ာ္ ႏွင့္ ပန္ေလာ့ ေက်းရြာရွိ ဘုန္းႀကီးေက်ာင္းတြင္ စစ္ေရွာင္ ၂၀ဝ ေက်ာ္တို႔ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္းသိရသည္။ လက္ရွိ ေက်ာက္မဲ ၿမိဳ႕နယ္အတြင္း စစ္ေရးတင္းမာမႈမ်ားဆက္လက္တည္ရွိေနသျဖင့္ ေဒသခံမ်ား၏ လံုၿခံဳေရးသည္ စိုးရိမ္ေနရေၾကာင္းလည္း ေက်ာက္မဲေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။

ဇြန္ ၂၇ ရက္တြင္ ေက်ာက္မဲၿမိဳ႕နယ္ ဟိုင္းကြီးေက်းရြာသား ၂ ဦးကို တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ ဇြန္ ၂၈ ရက္ တြင္လည္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ လမ္းခုလပ္တခုတြင္ ေဒသခံ ၂ ဦးကို တပ္မေတာ္မွလမ္းျပအျဖစ္ ေခၚေဆာင္သြား မႈမ်ားရွိခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေျပာျပခ်က္ အရသိရသည္။ ထိုသူ ၄ ဦးသည္ ယေန႔ မြန္းလႊဲပိုင္းတြင္ တပ္မေတာ္မွျပန္လည္ လႊတ္ေပးလိုက္ေၾကာင္းလည္း စိုင္းထြန္းဝင္းက ေျပာျပသည္။ https://burmese.shannews.org /archives/17310

*************

၅။       စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးအဆင့္ မေရာက္ေသးဘူးလို႔  က.လ.လ.တ ေျပာ

June 29, 2020

လက္ရွိ ကယား(ကရင္နီ)ျပည္နယ္မွာရွိေနမွာ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးအဆင့္မေရာက္ေသးဘူးလို႔ ကရင္နီလူမ်ိဳးေပါင္းစံု ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦး (က.လ.လ.တ) အတြင္းေရးမွဴးအဖြဲ႔ ဦးမာကုအီ ခ်စ္ထြန္းက ၎တို႔ အဖြဲ႔ရဲ႕ ၄၂ ႏွစ္ေျမာက္ ေမြးေန႔မွာ ကႏာၱရဝတီတိုင္း(မ္)ကို ေျပာပါတယ္။

“က်ေနာ္တို႔ျပည္နယ္ၿငိမ္းခ်မ္းၿပီလားေမးလိုက္ရင္ေတာ့ ၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို က်ေနာ္တို႔ၾကည့္ရမွာျဖစ္တယ္။ က်ေနာ္တို႔ ျပည္သူလူထုေတြက ၿငိမ္းခ်မ္းတယ္လိုထင္တယ္။ က်ေနာ္တို႔ ညီအစ္ကိုအခ်င္းခ်င္း ရန္ျဖစ္တာက မၿငိမ္းခ်မ္းဘူး လို႔ ေခၚတယ္။ ဒီကေန႔က်ေနာ္တို႔အဖြဲ႔အစည္း ေလးငါးဖြဲ႔ KNPP ကအစ အပစ္အခတ္ရပ္စဲေရးလုပ္တဲ့အခါက်ေတာ့ ၿငိမ္းခ်မ္း ေရးလို႔ သူတို႔ (ျပည္သူ) ခံစားရတယ္။ ဒါေပမယ့္က်ေနာ္တို႔အျမင္ကေတာ့ တာတစ္စံုတစ္ရာ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးအဆင့္ထိ မေရာက္ဘူးဆိုတာ က်ေနာ္တို႔ခံစားေနရတယ္” လို႔ ဦးမာကုအီ ခ်စ္ထြန္းက ေျပာပါတယ္။ (က.လ.လ.တ) အဖြဲ႔ရဲ႕ ၄၂ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို ဖရူဆိုၿမိဳ႕နယ္ ေကေကာအုပ္စု ပရယ္ဒိုေက်းရြာမွာ အက်ဉ္းခ်ဳပ္ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ၎ အခန္းအနားမွာ ျပည္သူအပါအဝင္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ႏွင့္ ကရင္နီအမ်ိဳးသားၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (KNPDP) တို႔လည္းတက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

ႏိုင္ငံေရးအေတြးအျမင္ကြဲလြဲခဲ့ရာမွ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ကေန ခြဲထြက္ခဲ့တဲ့ အဖြဲ႔အစည္းျဖစ္ေပမယ့္ လက္ရွိအေျခအေနမွာေတာ့ KNPP အဖြဲ႔အစည္းအျပင္ ျပည္နယ္ထဲမွာရွိတဲ့ တျခား ညီအစ္ကိုလက္နက္ကိုင္ အဖြဲ႔အစည္း ေတြနဲ႔လည္း ျပန္လည္သင့္ျမတ္ေနျခင္းဟာလည္း ေအာင္ျမင္မႈတစ္ခုျဖစ္တယ္လို႔ ဦးမာကုအီ ခ်စ္ထြန္း ကေျပာပါတယ္။ က.လ.လ.တ ၏ ရည္ရြယ္ခ်က္မွာ ဒီမိုကေရစီကိုအေျခခံၿပီး ျပည္သူ႔ဒီမိုကေရစီကို ခ်ီတက္ေသာတပ္ဖြဲ႔ျဖစ္တယ္လို႔ဆိုပါ တယ္။ ၁၉၇၈ ခုႏွစ္မွာ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP)ကေန ခြဲထြက္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္မွာ ျမန္မာစစ္အစိုးရႏွင့္ အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈရယူခဲ့ၿပီး ၂၀ဝ၉ ခုႏွစ္မွာ နယ္ျခားေစာင့္တပ္အျဖစ္ အသြင္ေျပာင္းလိုက္တာျဖစ္ပါတယ္။ လက္ရွိမွာ နယ္ျခားေစာင့္တပ္အျဖစ္ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္တြင္ တာဝန္ထမ္း ေဆာင္လ်က္ရွိတယ္လို႔သိရပါတယ္။ https:// www.bnionline.net/mm/news-73906

***************

၆။       ရွမ္းေျမာက္က KBZ ဘဏ္ခြဲတခ်ိဳ႕အတြက္ လံုၿခံဳေရးတာဝန္ယူေၾကာင္း  SSPP/ SSA  ေျပာ

June 28, 2020

ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ကေမာၻဇဘဏ္ခြဲတခ်ိဳ႕မွာ SSPP/ SSA က ေငြေၾကးေတာင္းခံတဲ့ စာထုတ္ထားတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ဘဏ္ဝန္ထမ္းေတြ စိုးရိမ္ေနၾကပါတယ္။ SSPP ကေတာ့ ေနာက္ေနာင္ ဒါမ်ိဳးေတြမျဖစ္ေစဖို႔နဲ႔ ဘဏ္ ဝန္ထမ္းေတြရဲ႕ လံုၿခံဳေရးကို တာဝန္ယူေၾကာင္း ေျပာဆိုထားပါတယ္။

ေက်ာက္မဲ၊ ေနာင္ခ်ိဳ႕နဲ႔ သီေပါက ကေမာၻဇဘဏ္ခြဲေတြဆီကေန SSPP ဌာေနတပ္သားေတြက ေငြေတာင္းဖို႔ အေၾကာင္းၾကား စာ ျဖန္႔ေဝခဲ့တယ္ဆိုတဲ့ ကိစၥအတြက္ SSPP/ SSA ေျပာခြင့္ရသူ ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းဆုက RFA ကေန အခုလို ရွင္းျပခဲ့ တာပါ။ SSPP အေနနဲ႔ ေအာက္ေျခတပ္သားေတြကို ဘဏ္ေတြမွာ ေငြေကာက္ခံခိုင္းတာမရွိဘဲ ေဒသဖြံ႔ၿဖိဳးေရးအတြက္ လို အပ္မွသာ ဗဟိုဌာနခ်ဳပ္ကေန တိုက္ရိုက္အကူအညီ ေတာင္းခံတာမ်ိဳးပဲရွိတယ္လို႔ ေျပာပါတယ္။ ဇြန္လ ၈ ရက္ေန႔ ရက္စြဲနဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာရွိတဲ့ ကေမာၻဇဘဏ္ တာဝန္ရွိသူေတြအေနနဲ႔ ေငြေၾကးကိစၥ ေတြ႔ဆံု ေဆြးေႏြးဖို႔ လာေရာက္ရန္ ဆိုၿပီး ေအာက္ေျခတပ္သားေတြက SSPP တံဆိပ္ပါတဲ့ ဆင့္ေခၚစာ ပို႔ခဲ့တာကို ဗဟိုတာဝန္ရွိသူ ေတြက သိရွိခဲ့တဲ့အတြက္ အခ်ိန္မီတားျမစ္ခဲ့တာလို႔ ေျပာပါတယ္။ အဲဒီၿမိဳ႕နယ္ သံုးခုက ကေမာၻဇဘဏ္ခြဲ သံုးခုကေတာ့ ဇြန္လ ၂၂ ရက္ေန႔ကစၿပီး ယာယီပိတ္ထားလိုက္ၿပီး လက္နက္ကိုင္ေတြေၾကာင့္မဟုတ္ဘဲ ကိုရိုနာဗိုင္းရပ္စ္ ကာလအတြင္း ဘဏ္ဝန္ထမ္းေတြနည္းလို႔ ယာယီပိတ္ထားတာသာ ျဖစ္တယ္လို႔ ေက်ာက္မဲၿမိဳ႕ ကေမာၻဇဘဏ္ခြဲ တာဝန္ရွိသူတစ္ဦးက RFA ကို ေျပာပါတယ္။

ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႔က ရဲမွဴးႀကီး ဗညားဦးကေတာ့ ပုဂၢလိက ဘဏ္ေတြမွာ ထူးျခားသတင္းေတြရွိရင္ ရဲတပ္ဖြဲ႔ လံုၿခံဳေရး ေဆာင္ရြက္ေပးတာရွိေပမယ့္ ရဲတပ္ဖြဲ႔ အင္အားနည္းတာေၾကာင့္ အျခားအခ်ိန္ေတြမွာ အခ်ိန္ျပည့္ ေစာင့္ေပးႏိုင္တာမ်ိဳးေတာ့ မရွိဘူးလို႔ေျပာပါတယ္။ ေက်ာက္မဲေဒသခံ ကိုသားေဇာ္ကေတာ့ ဘဏ္ေတြပိတ္ထားလို႔ ေဒသခံေတြအတြက္ ေငြေၾကးလႊဲ ေျပာင္းထုတ္ယူရာမွာ အခက္အခဲေတြရွိခဲ့တယ္လို႔ ေျပာပါတယ္။ SSPP အဖြဲ႔ကေတာ့ သူတို႔အဖြဲ႔ လႈပ္ရွားရာေဒသေတြမွာ ႏွစ္စဥ္ တစ္ႏွစ္တစ္ႀကိမ္ အခြန္ေတာင္းခံေလ့ရွိၿပီး လုပ္ငန္းရွင္ႀကီးေတြကိုသာ ရန္ပံုေငြပံုစံမ်ိဳး ထည့္ခိုင္းၿပီး အိမ္ေပါက္ေစ့ ေကာက္ခံတာမရွိဘူးလို႔ SSPP က ဗိုလ္မွဴးႀကီး စိုင္းဆုက ေျပာပါတယ္။

SSPP အဖြဲ႔ဟာ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္ ဝမ္ဟိုင္းေက်းရြာမွာ ဌာနခ်ဳပ္ ရွိတာပါ။ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေက်းသီး၊ မိုင္းေနာင္၊ မိုင္းရႈးၿမိဳ႕နယ္ေတြမွာ အဓိကလႈပ္ရွားၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာေတာ့ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ နမၼတူ၊ နမ့္လန္၊ သိန္နီ၊ ကြတ္ခိုင္၊ မူဆယ္၊ တန္႔ယန္း စတဲ့ၿမိဳ႕နယ္ေတြမွာ အဓိလႈပ္ရွားတာျဖစ္ပါတယ္။ အစိုးရနဲ႔ ဆက္ဆံေရးအတြက္ လားရိႈးအပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာ ဆက္ဆံေရးရံုးေတြ ဖြင့္ထားပါတယ္။ စစ္အင္အား တစ္ေသာင္း ေက်ာ္ရွိတဲ့ SSPP အေနနဲ႔ အစိုးရနဲ႔ ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ အပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားေပမယ့္ NCA မွာေတာ့ လက္မွတ္ေရးထိုးနိုင္ျခင္းမရွိေသးပါဘူး။ https://www.rfa.org/burmese/news/sspp-will-do-to-secure-kbz-in-north shan-06282020055727.html

***************

၇။       တိုင္းရင္းသူမ်ား မုဒိန္းမႈကို စစ္လက္နက္အျဖစ္ အသံုးျပဳခံေနရဟု WLB ေျပာ

June 29, 2020

ျမန္မာနိုင္ငံအတြင္း ပဋိပကၡျဖစ္ပြားရာေဒသမ်ားတြင္ ညွဥ္းပမ္းႏွိပ္စက္မႈျဖစ္စဥ္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားလ်က္ရွိၿပီး တိုင္းရင္းသူ အမ်ိဳးသမီးမ်ားမွာ မုဒိန္းမႈကို ညွဥ္းပမ္းႏွိပ္စက္မႈ ပံုစံတစ္ခုအျဖစ္ စစ္လက္နက္သဖြယ္ အသံုးျပဳခံ ေနရသည္ဟု အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္-ျမန္မာႏိုင္ငံ (WLB)  ေျပာသည္။

ဇြန္လ ၂၆ ရက္ေန႔က က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ ညွင္းပမ္းႏွိပ္ခံရသူမ်ားကို ကူညီေထာက္ပံ့ေရးေန႔၏ အြန္လိုင္း စကားဝိုင္းတြင္ အမ်ိဳးသမီးမ်ားအဖြဲ႔ခ်ဳပ္- ျမန္မာႏိုင္ငံ (WLB) တြဲဖက္ အေထြေထြအတြင္းေရးမွဴး ၂ ေလြးပိုးငယ္ က  ေျပာဆို လိုက္ျခင္းျဖစ္သည္။“ဒီ မုဒိန္းမႈနဲ႔ ပတ္သက္ၿပီးေတာ့မွ တိုင္းရင္းသား ေဒသ မွာ ဆိုလို႔ရွိရင္ ဘာေၾကာင့္ က်မက စစ္ပြဲရဲ႕ လက္နက္တစ္ခု အျဖစ္အသံုးျပဳတယ္လို႔ ေျပာသလဲဆိုရင္ အမ်ိဳးသမီး အမ်ားစုသည္ လက္နက္ကိုင္ၿပီးမွ  ေတာ္လွန္တာ ေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔ေတြ ဒီတိုက္ပြဲ ျဖစ္ေနတဲ့ ကာလအတြင္းမွာ မုဒိန္းမႈေတြ အက်င့္ခံရတယ္။ အုပ္စုလိုက္ မုဒိန္းက်င့္ျခင္းေတြကိုလည္း ခံရတယ္။”ထို႔အျပင္ စိတ္ပိုင္းႏွင့္ ရုပ္ပိုင္းဆိုင္ရာ ညွင္းပမ္းႏွိပ္စက္မႈမ်ားကိုလည္း အမ်ိဳးသမီး မ်ားအေနျဖင့္ ခံေနရသည္ဟု ေလြးပိုးငယ္က ဆက္ေျပာသည္။ ယခုကဲ့သို႕ အမ်ိဳးသမီးမ်ား ညွင္းပမ္းႏွိပ္စက္ခံေနရသည့္ ျဖစ္ရပ္သည္ လက္နက္ကိုင္ ပဋိပကၡျဖစ္ပြားသည့္ တိုင္းရင္းသားေဒသမ်ားတြင္ အမ်ားဆံုးျဖစ္ၿပီး အမ်ိဳးသမီးမ်ားအျပင္ အျခား ေသာေဒသခံမ်ားမွာလည္း လူအခြင့္အေရးခ်ိဳးေဖာက္ခံရမႈႏွင့္မတူကြဲျပားသည့္ ညွင္းပမ္းႏွိပ္စက္မႈအမ်ိဳးမ်ိဳးကို ခံေနရသည္ဟု ဆိုသည္။

အဆိုပါျဖစ္ရပ္မ်ားသည္ ယခင္ အုပ္ခ်ဳပ္သူ အစိုးရအဆက္ဆက္တြင္ ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ဆက္လက္ျဖစ္ပြားေန သည္ဟု လူ႔အခြင့္အေရး မွတ္တမ္းကြန္ရက္ ND-Burma မွ ကိုေအာင္ေဇာ္ဦးက အဆိုပါ အြန္လိုင္းစကားဝိုင္းတြင္ ေျပာဆိုခဲ့ သည္။ ကိုေအာင္ေဇာ္ဦးက “ညွင္းပမ္းႏွိပ္စက္မႈေတြက အဓိက ျပည္သူေတြကို ဦးတည္ၿပီးေတာ့ ျဖစ္တာ။  ခံရတဲ့လူ အမ်ား ဆံုးကလည္း ျပည္သူေတြ အဓိက ဘယ္ေနရာေတြမွာအျဖစ္မ်ားလဲဆိုေတာ့ အထူးသျဖင့္ တိုင္းရင္းသား ေဒသေတြမွာ တိုင္းရင္းသားေဒသေတာင္မွ စစ္ျဖစ္တဲ့ တိုင္းရင္းသား ေဒသေတြမွာ မ်ားပါတယ္။ အဲဒါကို ေတြ႔ေနရတယ္။ နဂိုတုန္းက ကရင္မွာ ျဖစ္တယ္။ ကရင္က ၿငိမ္းခ်မ္းေရး ယူေတာ့ ကရင္မွာ ေလ်ာ့လာတယ္။ ေနာက္ကခ်င္မွာ ျဖစ္တယ္။ ကခ်င္က ၿငိမ္းခ်မ္းေရးယူေတာ့ ေလ်ာ့လာတယ္။ ေနာက္တိုက္ပြဲေတြ ထပ္ျဖစ္တယ္ ထပ္ျဖစ္လာတယ္။ အခုေနာက္ပိုင္း အျဖစ္မ်ားဆံုး က ရွမ္းေျမာက္ ႏွင့္ ရခိုင္ အခုေနာက္ပိုင္းမွာ ရခိုင္မွာ ပိုမ်ားလာတယ္။” ဟုေျပာသည္။

အျပည္ျပည္ဆိုင္ရာ ညွင္းပမ္းႏွိပ္ခံရသူမ်ားကို ကူညီေထာက္ ပံ့ေရးေန႔တြင္ လူ႔မႈအသင္းအဖြဲ႔မ်ားျဖစ္သည့္ အမ်ိဳးသမီးမ်ား အဖြဲ႔ခ်ဳပ္ ျမန္မာႏိုင္ငံ WLB ၊ လူ႔အခြင့္အေရးမွတ္တမ္း ကြန္ရက္ ျမန္မာႏိုင္ငံ ND-Burma၊ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာင္ေရးအသင္း AAPP ၊ ဝိမုတၱိအမ်ိဳးသမီး အဖြဲ႔အစည္း VWO ႏွင့္ အာရွတရားမွ်တမႈႏွင့္ အခြင့္အေရးမ်ားဆိုင္ရာအဖြဲ႔ AJAR တို႔က ပူးတြဲ သေဘာထားထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။ အျပည္ျပည္ဆိုင္ရာ ညွဉ္းပမ္းႏွိပ္စက္ခံရသူ မ်ားကို ကူညီေထာက္ပံ့ေရးေန႔တြင္ လူမႈအဖြဲ႔အစည္း ၅ ဖြဲ႔က တိုင္းရင္းသားေဒသတြင္ တိုးခ်ဲ႕ထားေသာ တပ္မေတာ္၏ တပ္ရင္းမ်ားကို ရပ္တန္႔ရန္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ား ရပ္တန္႔ရန္၊ အရပ္သားျပည္သူမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈ ညွဉ္းပန္းနွိမ့္စက္မႈနွင့္ လိင္ပိုင္းဆိုင္ရာ အျကမ္းဖက္မႈ က်ဴးလြန္သူမ်ားကို အစိုးရမွ ထိေရာက္စြာ အျပစ္ေပး အေရး ယူေဆာင္ရြက္ ေပးရန္ အစိုးရအား ေတာင္းဆိုထားသည္။ ထို႔အျပင္ ညွဉ္းပမ္းႏွိပ္စက္မႈ ဆန္႔က်င္ေရး ကုလသမဂၢစာခ်ဳပ္ UNCAT အား လက္မွတ္ေရးထိုး အတည္ျပဳရန္ႏွင့္ ဥပေဒအျဖစ္ ျပဌာန္းေဆာင္ရြက္ရန္၊ ညွဥ္းပမ္းႏွိပ္စက္မႈ က်ဴးလြန္ခံရသူ မ်ားႏွင့္ အျခားနည္းျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူမ်ားအတြက္ အစိုးရအေနျဖင့္ ျပန္လည္ကုစားေရးႏွင့္ ျပန္လည္ထူ ေထာင္ေရး အစီအစဥ္မ်ားကို ေရးဆြဲအေကာင္အထည္ေဖာ္ရန္ စသည့္အခ်က္မ်ားအပါအဝင္ အခ်က္ ၈ ခ်က္ကို လူမႈအ သင္း အဖြဲ႔အစည္း ၅ ဖြဲ႔က ပူးတြဲထုတ္ျပန္ခ်က္ျဖင့္ အစိုးရအား ေတာင္းဆိုထားသည္။ https://www.bnionline.net/mm/

*************

၈။       ရေသ့ေတာင္က တပ္မိသားစုဝင္ လူငယ္ ၃ ဦးကို AA ဖမ္းဆီးထား

June 26, 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက တပ္မေတာ္ မိသားစုဝင္ လူငယ္ ၃ ဦးကို ဇြန္လ ၂၄ ရက္ေန႔ မြန္းလြဲပိုင္း က ရကၡိဳင့္စစ္တပ္ (AA) တပ္ဖြဲ႔ဝင္မ်ားက ဖမ္းဆီးသြားေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။ ဖမ္းဆီးသြားသည့္ တပ္မိသားစုဝင္ လူငယ္ ၃ ဦးႏွင့္ပတ္သက္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုက္လံၿပီး ရွာေဖြေနေၾကာင္းလည္း တပ္မေတာ္ သတင္းျပန္ၾကားေရးအဖြဲ႔မွ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာသည္။

ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက “ဖမ္းသြား တဲ့ တပ္မိသားစုဝင္ ၃ ဦးကို အဲဒီကတည္းက က်ေနာ္တို႔ တပ္မေတာ္စစ္ေၾကာင္းေတြက ျပန္လည္ကယ္ဆယ္ႏိုင္ေရးအတြက္ လိုက္လံၿပီး ရွာေဖြေနတာရွိတယ္။ ေနာက္ဆက္တြဲ အေျခအေန ကိုေတာ့မသိရေသးဘူး”ဟု ဧရာဝတီသို႔ ေျပာသည္။

တပ္မေတာ္စစ္ေၾကာင္းမွ အသံုးျပဳေသာ အစၥေရးႏိုင္ငံလုပ္ စစ္ေျမျပင္သံုး Skylark l-LEX အမ်ိဳးအစား ေမာင္းသူမဲ့ ကင္းေထာက္ ေလယာဥ္ငယ္ ၁ စီးအား ဇြန္လ ၂၄ ရက္ ေန႔ သိမ္းဆည္း ရမိခဲ့ေၾကာင္း AA အဖြဲ႔က ထုတ္ျပန္ထားသည္။ ယင္းအျပင္ ထိုေမာင္းသူမဲ့ ကင္းေထာက္ ေလယာဥ္အားလာေရာက္ရွာေဖြသူ ရေသ့ေတာင္ အေျခစိုက္ ခမရ ( ၅၃၆ ) တပ္ရင္းမွ တပ္မိသားစုဝင္ လူငယ္ ၃ ဦးကိုလည္း ဖမ္းဆီးရမိထားေၾကာင္း AA ထုတ္ ျပန္ခ်က္တြင္ ေရးသားထားသည္။ ရေသ့ေတာင္ အေျခစိုက္ ခမရ ( ၅၃၆ ) တပ္ရင္းမွ ဖမ္းဆီးရမိသည့္ တပ္မိသားစုဝင္ လူငယ္ ၃ ဦးမွာ တပ္ၾကပ္ႀကီး ေအးေက်ာ္ ၏သား အသက္ ၂၄ ႏွစ္အရြယ္ ေမာင္ေက်ာ္သူရ၊ တပ္ၾကပ္ လွေရႊ၏သား အသက္ ၂၃ ႏွစ္အရြယ္ ေမာင္ေနဆန္းဦး၊ တပ္ၾကပ္ႀကီး စံသိန္း ၏သား အသက္ ၂၀ အရြယ္ ေမာင္မ်ိဳးဟိန္းစံ တို႔ျဖစ္ေၾကာင္း AA ထုတ္ျပန္ ခ်က္တြင္ ဓါတ္ပံုႏွင့္တကြ ေဖာ္ျပ ထားသည္။

အဆိုပါ ဖမ္းဆီးထားသည့္ တပ္မိသားစုဝင္ လူငယ္ ၃ ဦးကို ျပန္လြတ္၊ မလြတ္ဆို သည္ကို AA အေနျဖင့္ ထုတ္ျပန္ထားျခင္း မရွိေသာ္လည္း တိုက္ပြဲအတြင္းက ဖမ္းဆီးသြားသည့္ တပ္ဖြဲ႔ဝင္မ်ား၏ မိသားစုမ်ားကိုေတာ့ AA တပ္ဖြဲ႔ဝင္မ်ားက ျပန္လြတ္ ေပးေလ့ရွိသည္။ ဇြန္လ ၂၄ ရက္ေန႔ ညေနပိုင္းတြင္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက ျပားေခ်ာင္းႀကီး တံတားအနီးတြင္ တပ္မေတာ္ႏွင့္ AA အဖြဲ႔တို႔ ႏွစ္ဘက္ ထိေတြ႔တိုက္ပြဲျဖစ္ပြားခဲ့ရာ အနီးရွိ ေရႊပါရမီေက်ာင္း စစ္ေရွာင္စခန္းအနီးသို႔ လက္နက္ ႀကီးက်ေရာက္ေပါက္ကြဲသည့္အတြက္ စစ္ေရွာင္စခန္းတြင္ ဝင္ေရာက္ခိုလံႈေနသူ အသက္ ၅၆ ႏွစ္အရြယ္ ဦးေမာင္ေအးညြန္႔ မွာ ျပင္းထန္ ဒဏ္ရာမ်ား ရရွိခဲ့သည္။ https://burma.irr awaddy.com/news/2020/06/26/225338.html

*************

၉။       ညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ UNDP ကို UNA အဖြဲ႔ဝင္အျဖစ္လက္ခံ

June 27, 2020

ညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ United Nationalities Democracy Party –UNDP ကို စည္းလံုး ညီညြတ္ေသာတိုင္းရင္းသား လူမ်ိဳးမ်ားမဟာမိတ္ UNA အဖြဲ႔ဝင္အျဖစ္ ပါဝင္ခြင့္ျပဳထားေၾကာင္း ဇြန္လ ၂၆ ရက္ေန႔စြဲျဖင့္ စာ ေပး ပို႔ခဲ့သည္ဟု UNA အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးမ်ိဳးေက်ာ္ထံမွ သိရသည္။“ဒီေန႔ကေတာ့ အစည္းအေဝးတက္ေရာက္လာ တဲ့ အဖြဲ႔ဝင္အကုန္လံုးကေတာ့ UNDP ဝင္တာကို သူတို႔ေထာက္ခံတယ္ေလ အတည္ျပဳတယ္ အဲတာေၾကာင့္မို႔ ကြ်န္ေတာ္တို႔ ကေတာ့ အတည္ျပဳေၾကာင့္အေနျဖင့္ ဒီေန႔ေၾကညာေပးလိုက္တာ ျဖစ္ပါတယ္၊ ဝင္ဖို႔ေလွ်ာက္ထားတာက ၆ လရွိၿပီ၊ ”ဟု ဦးမ်ိဳးေက်ာ္ ကေျပာသည္။ UNA အေနျဖင့္ မိမိတို႔၏ မူကိုလက္ခံ သေဘာက်သည့္ မည္သည့္တိုင္းရင္းသားမဆို အဖြဲ႔ဝင္ ၇၅ ရာခိုင္ႏႈန္း လက္ခံပါက အတည္ျပဳေပးရသည္ဟု ဦးမ်ိဳးေက်ာ္က ေျပာသည္။

ထို႔အတူ UNA အေနျဖင့္ အျခားအဖြဲ႔အစည္းမ်ားႏွင့္လည္း မိတ္ဖက္ျဖစ္ၿပီး မိမိတို႔၏ ရည္ရြယ္ခ်က္တူညီေသာေၾကာင့္ ဝင္ခြင့္ ေလွ်ာက္ခဲ့သည္ဟု UNDP အေထြေထြအတြင္းေရးမွဴး ေနာ္အုန္းလွက ေျပာသည္။ ေနာ္အုန္းလွက “ကြ်န္မတို႔က နဂိုက တည္းက UNDP က တျခားအဖြဲ႔အစည္းမွာလည္း မိတ္ဖက္ျဖစ္တယ္ UNA က ဟိုအရင္ကတည္းကလည္း အတူတူလုပ္ခဲ့တဲ့ အဖြဲ႔အစည္း ျဖစ္တဲ့အခါက်ေတာ့လည္း ကြ်န္မတို႔ ပါတီေထာင္တဲ့အခါက်ေတာ့ UNA ရဲ႕ မူေတြနဲ႔ ကြ်န္မတို႔ရဲ႕ မူေတြက တူတူျဖစ္တဲ့အတြက္ ကြ်န္မတို႔ ဒီမိုကရက္တစ္အင္အားစုကို တူတူေဆာင္ရြက္မယ္ဆိုၿပီး ကြ်န္မတို႔ ေလွ်ာက္ခဲ့ျခင္းျဖစ္တယ္ အဲတာေၾကာင့္မို႔လည္း သူတို႔လက္ခံတာ ရရွိခဲ့တာေပါ့ေနာ့”ဟု ေျပာသည္။ UNDP ပါတီအေနျဖင့္ အဖြဲ႔ဝင္ျဖစ္လာသည့္ အတြက္ UNA ၏ တိုင္းရင္းသားေဒသမ်ားတြင္ ေရြးေကာက္ပြဲဝင္ေရာက္စရာမလိုဘဲ ျပည္မရွိ ပါတီအခ်ို့နွင့္ ညွိႏိႈင္းေဆာင္ ရြက္ၿပီး ေရြးေကာက္ပြဲ ဝင္ၿပိဳင္သြားမည္ဟု UNDP အေထြေထြအတြင္းေရးမွဴး ေနာ္အုန္းလွက ေျပာသည္။

စည္းလံုးညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္အဖြဲ႔တြင္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ရခိုင္ဒီမိုကေရ စီအဖြဲ႔ခ်ဳပ္၊ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ရွမ္းျပည္ ကိုးကန္႔ဒီမိုကရက္တစ္ပါတီ၊ ကယန္းအမ်ိဳးသားပါတီ၊ ကခ်င္အမ်ိဳးသား ကြန္ဂ ရက္ပါတီ၊ ကရင္အမ်ိဳးသားပါတီ၊ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ၊ ခူမီး(ခမီး)အမ်ိဳးသားပါတီ၊ ၿမိဳ အမ်ိဳးသား ဒီမို ကေရစီပါတီ၊ ဒိုင္းနက္လူမ်ိဳးမ်ားတိုးတက္ေရးပါတီ၊ လူေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ ရွမ္းနီ(တိုင္းလ်န္)ေသြးစည္းညီညြတ္ ေရးပါတီႏွင့္ ညီညြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီအျပင္ မိတ္ဖက္အဖြဲ႔အစည္းေပါင္း ၇၀ ခန္႔ရွိသည္။ http://burmese.monnews.org/2020/06/27/%e1%80%8 a%e1%80%ae%e1%80%8a%e1%80%bd%e1%

*************

၁၀။     ဖားကန္႔လုပ္ကြက္မ်ား ဇူလိုင္ ၁ ရက္မွ သံုးလ ပိတ္သိမ္းရန္ႏွင့္ ခိုးက်င္း မတူးေဖာ္ရန္ အပါအဝင္ အခ်က္ ၁၀ ခ်က္ ညႊန္ၾကား ထား

June 28, 2020

ဖားကန္႔လုပ္ကြက္မ်ား ဇူလိုင္ ၁ ရက္မွ သံုးလ ပိတ္သိမ္းရန္ႏွင့္ ခိုးက်င္း မတူးေဖာ္ရန္ အပါအဝင္ အခ်က္ ၁၀ ခ်က္ ညႊန္ၾကား ထားေၾကာင္း သတင္းရရွိသည္။ ဖားကန္႔ေဒသတြင္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ လက္ရွိအေျခ အေနအရ ႏြံကန္က်ိဳးေပါက္ျခင္း၊ ေျမၿပိဳမႈေၾကာင့္ လူေသဆံုးမႈမ်ား၊ စက္ယႏၱရားႏွင့္ လူေနအိမ္ ပ်က္စီးဆံုးရံႈးမႈမ်ား ျဖစ္ေပၚ ေနသျဖင့္ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေကာ္မတီက တင္ျပခ်က္အရ သံုးလအတြင္း  လုပ္ငန္းမ်ား လံုးဝရပ္နားထားရန္၊ အႏၱရာယ္ႀကိဳတင္ကာကြယ္မႈ အစီအမံ ေဆာင္ရြက္ထား ရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္းသိရသည္။ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ၊ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ စီမံခန္႔ခြဲေရးေကာ္မတီ၏ ဇြန္လ ၂၆ ရက္ ေဆြးေႏြးဆံုးျဖတ္ခ်က္အရ ေက်ာက္မ်က္ တူးေဖာ္ျခင္း လုပ္ငန္းမ်ားကို ယာယီရပ္ဆိုင္းရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီမ်ားသည္ လုပ္ငန္းရပ္နားစဥ္ ကာလအတြင္း မလိုလားအပ္ေသာ ျပႆနာမ်ား မျဖစ္ပြားေစေရးအတြက္ အခ်က္ ၁၀ ခ်က္ကိုလည္း လိုက္နာရန္ ထုတ္ျပန္ခဲ့သည္ကို ေတြ႔ရသည္။ ယင္းထုတ္ျပန္ခ်က္မ်ား တြင္ (က) လုပ္ငန္းရပ္နားစဥ္ ေခါင္း ေပါင္းေျမစာ (အေပၚယံေျမလႊာ) ဖယ္ရွားျခင္း၊ ေက်ာက္စိမ္းရိုင္းပါ ေျမစာပံုတြင္ ေက်ာက္ရွာျခင္း၊ ေရပန္းထိုးရွာျခင္းမ်ား မျပဳ လုပ္ရန္၊ (ခ) ေက်ာက္စိမ္းရိုင္းပါ ေျမစာပံုအား ရွာေဖြျခင္းလုပ္ငန္း မၿပီးေသးပါက ခိုင္ခံေသာ ၿခံစည္းရိုးမ်ားျဖင့္ လံုၿခံဳစြာထား ရန္၊ (ဂ) ယာယီရပ္နားျခင္းမျပဳမီ ေက်ာက္စိမ္းရိုင္းတံုးမ်ားကို တန္ဖိုးျဖတ္ ရတာခြန္ေဆာင္၍ ေနျပည္ေတာ္သို႔ သယ္ေဆာင္ ထိန္းသိမ္းရန္၊ ေဆာင္ရြက္လိုသည့္ ေက်ာက္စိမ္းရိုင္း၊ အေရအတြက္ အေလးခ်ိန္ (ခန္႔မွန္း) ကို လံုးခင္း-ဖားကန္႔ တူးေဖာ္ေရး ဌာနသို႔ ႀကိဳတင္ေပးပို႔တင္ျပရန္ (ဃ) စက္ယႏၱရားမ်ား ကုမၸဏီဝင္းအတြင္း ထားရန္၊ လံုးခင္း-ဖားကန္႔ တူးေဖာ္ေရးဌာနသို႔ ဇူလိုင္ ၁ ရက္ေန႔ မတိုင္မီ စာရင္းေပးပို႔ရန္ (င) ယႏၱရားျပင္ဆင္ေရး ကုမၸဏီဝင္းအတြင္း လုပ္ေဆာင္ရန္ (စ) စက္ယႏၱရားမ်ား သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလုပ္ငန္းအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္မရွိဘဲ သြားလာျခင္းမျပဳရန္ (ဆ) ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား လုပ္ထံုးလုပ္နည္းအတိုင္း သိမ္းဆည္းရန္ (ဇ)လံုၿခဳံေရးဝန္ထမ္း အင္အားစာရင္းကို ဇူလိုင္ ၁ ရက္မတိုင္မီ လံုးခင္း-ဖားကန္႔ တူးေဖာ္ေရးဌာနသို႔ ေပးပို႔ရန္ (ဈ) လံုၿခံဳေရး ခ်ိဳးေဖာက္ခံရမႈ၊ ထူးျခားျဖစ္စဥ္ ရွိလာပါက သတင္းပို႔ႏိုင္ေရးအတြက္ သတင္းပို႔စနစ္မ်ား တင္ျပရန္ (ည) သက္တမ္းကုန္ လုပ္ကြက္မ်ားကို တရားမဝင္ ဝင္ေရာက္တူး ေဖာ္ျခင္း မျပဳရန္ (ခိုးက်င္း မတူးၾကရန္) စသည့္ အခ်က္ ၁၀ ခ်က္ကို တိက်စြာ လိုက္နာရန္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင့္စိုးက “ ထုတ္ျပန္ခ်က္ေတာ့ လႊတ္ေတာ္ကေန ညွိႏိႈင္းစည္းေဝးၿပီး ရပ္နားဖို႔ ဆံုးျဖတ္တာေပါ့။ ေျမၿပိဳေဘး၊ ေရကန္ေတြေပါက္ၾကတဲ့ေဘးေတြ ရွိတာေၾကာင့္ လူေတြေသလို႔ေပါ့။ ဒါေပမယ့္ အခု လူေသမႈျဖစ္စဥ္ေတြက ခိုးက်င္းတူးတဲ့ အေျခအေနမွာ ျဖစ္ေနၾကတာ။ တရားဝင္လုပ္ငန္းခြင့္မွာေတြ မဟုတ္ၾကဘူး။ ဒီေဘး အႏၱရယ္ျဖစ္စဥ္ေတြက ရွိႏိုင္ေသးတယ္။ တခ်ိဳ႕ခိုးက်င္းေတြၾကေတာ့ စက္ယႏၱရား ႀကီးႀကီးမားမားေတြ သံုးေတာ့ ဒါေတြကို တားျမစ္ခ်င္တဲ့ သေဘာေတြေၾကာင့္ ထုတ္ျပန္ခ်က္ထုတ္တာလို႔ ထင္ပါတယ္။ ဒီမွာက ခိုးက်င္းကိစၥေတြကလည္း ပလူပ်ံေန တာကို”ဟု ဆိုသည္။

လက္ရွိတြင္ အက်ိဳးတူလုပ္ကြက္ ေလးခု၊ ပုဂၢလိက လုပ္ကြက္  ၆၃၆ ကြက္ရွိၿပီး အမ်ားစုမွာ ခိုးတူးေနၾကျခင္း ျဖစ္ေၾကာင္းသိ ရသည္။ ဖားကန္႔ေဒသတြင္ ျမန္မာႏိုင္ငံအရပ္ရပ္မွ ေရာက္ရွိလာသည့္ ေရႊ႕ေျပာင္းလုပ္သား သံုးသိန္းဝန္းက်င္ အၿမဲရွိေနၿပီး ေက်ာက္စိမ္း လုပ္ကြက္မ်ားတြင္ တရားမဝင္ တႏိုင္တစ္ပိုင္ တူးေဖာ္ျခင္း၊ ေျမစာပံုမ်ားတြင္ ေရမေဆးရွာျခင္း၊ ေက်ာက္စိမ္း တူးေဖာ္ေနဆဲ လုပ္ကြက္မ်ားတြင္ ေက်ာက္စိမ္းရွာေဖြျခင္းစသည့္ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနၿပီး ေျမၿပိဳမႈေၾကာင့္ လစဥ္ ေျမၿပိဳေသဆံုးမႈမ်ား ရွိလာခဲ့ျခင္းျဖစ္သည္။  ၂၀၁၉ ခုႏွစ္ မိုးတြင္းကာလတြင္ က်င္းေဟာင္းႏြံကန္မ်ား ေပါက္က်မႈေၾကာင္း လူေပါင္း ဆယ္ခ်ီ အသက္ဆံုးရံႈးခဲ့ရၿပီး ျပည္ေထာင္စု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက  ဇြန္လ ၁ ရက္မွ ေအာက္တိုဘာ ၁ ရက္အထိ ရပ္နားၾကရန္ ညႊန္ျကားခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ https://news-eleven. com/article/180367

*************

၁၁။     ဖာပြန္ေဒသတြင္ ဖ်က္ဆီးခံရသည့္ KNU ၏ Covid စစ္ေဆးေရးဂိတ္ေနရာတြင္ အသစ္ျပန္ေဆာက္ၿပီး ထပ္ဖြင့္

June 27, 2020

KNU –ကရင္အမ်ဳိးသားအစည္းအ႐ုံး၏ မူေၾတာ္ (ဖာပြန္)ခရိုင္ (တပ္မဟာ ၅) ဒြယ္လုိးၿမိဳ႕နယ္၊ ေလးဖုိးထေက်း ရြာအုပ္စုရွိ ဝါသိုး ခိုေက်းရြာတြင္ တပ္မေတာ္မွ ဖ်က္ဆီးလိုက္သည့္ Covid-19 က်န္းမာေရးစစ္ေဆးေရးဂိတ္ေနရာ တြင္ KNU ဘက္က တစ္ဖန္ဂိတ္ျပန္ေဆာက္၍ ဇြန္လ ၂၅ ရက္ေန႔တြင္ ထပ္မံဖြင့္လွစ္ခဲ့သည္ဟု သိရသည္။

ဖာပြန္-ကမေမာင္း ၾကားရွိ ဝါသိုးခိုေက်းရြာ၌ Covid -19 ေရာဂါ ကာကြယ္ေရးအတြက္ KNU မူေၾတာ္ ခရိုင္မွ ဖြင့္လွစ္ထား သည့္ Screening Point (က်န္းမာေရးစစ္ေဆးေရးဂိတ္)ကုိ ၿပီးခဲ့သည့္ ေမလက တပ္မေတာ္ဘက္မွ မီးရွိႈ႕ဖ်က္ဆီးလုိက္ျခင္း ျဖစ္ၿပီး ယခု ႏွစ္ဖက္နားလည္မႈအရ ထပ္မံဖြင့္လွစ္လုိက္ျခင္းျဖစ္သည္ဟု တာဝန္ရွိသူမ်ား က ေျပာသည္။ သုိ႔ေသာ္ အဆိုပါ က်န္းမာေရး စစ္ေဆးေရးဂိတ္ကုိ ဇြန္လ ၂၅ရက္ေန႔ တစ္ရက္သာ ျပန္လည္ဖြင့္ရၿပီး တပ္မေတာ္ဘက္မွ လမ္းေၾကာင္းရွိ သည္ဟု လာေရာက္အသိေပးလာသည့္အတြက္ ဇြန္လ ၂၆ ရက္ေန႔တြင္ က်န္းမာေရးစစ္ေဆးေရးဂိတ္ကို ယာယီပိတ္လိုက္ ရသည္ဟု နယ္လွည့္ေက်ာပိုးအိတ္က်န္းမာေရးလုပ္သားအဖြဲ႔ (BPHWT) ဖာပြန္ေဒသ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါဂိတ္ကို ကရင္က်န္မာေရးႏွင့္ ကယ္ဆယ္ေရးဌာန- KDHW ႏွင့္ BPHWT တို႔ ပူးေပါင္းၿပီး က်န္းမာေရး စစ္ေရးလုပ္ငန္း မ်ားေဆာင္ရြက္ကာ ဝင္ထြက္သြားလာေနသည့္ ေဒသခံလူထုမ်ားကို ကုိယ္အပူခ်ိန္တုိင္းတာျခင္း၊ ႏွာေခါင္းစည္း (Mask) တပ္ခိုင္းျခင္း၊ Covid-19 က်န္းမာေရး ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေရွာင္ရန္ ၊ ေဆာင္ရန္မ်ားအတြက္ ကရင္ဘာသာစကား ျဖင့္ ရွင္းျပေပးျခင္းတုိ႔ကို လုပ္ေဆာင္ေပးလ်က္ရွိသည္ဟု သိရ သည္။

ဝါသိုးခိုေက်းရြာႏွင့္ ဖားလို႔လမ္းခြရွိ KNU၏ က်န္းမာေရး စစ္ေဆးေရးဂိတ္ႏွစ္ခုကို ၿပီးခဲ့သည့္ ေမလ ၆ ရက္ေန႔ တြင္ တပ္မေတာ္က မီးရွိႈ႕ဖ်က္ဆီးခဲ့သည့္အတြက္ KNU ၏ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ -KNLA တပ္ဖြဲ႔ဝင္မ်ား ႏွင့္ တပ္မေတာ္တို႔ၾကား ႏွစ္ဖက္တင္းမာမွႈျဖစ္ၿပီး ပစ္ခတ္မွႈမ်ားျဖစ္ပြားခဲ့သည္။ ထုိပစ္ခတ္မႈ မ်ားေၾကာင့္ ေဒသခံရြာသားမ်ား ထိခုိက္ဒဏ္ရာရရွိမႈရွိခဲ့သလုိ ရာႏွင့္ခ်ီသည့္ ေဒသခံရြာသားမ်ားလည္း ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္ဟု သိရသည္။ http://kicnews.org/2020/06/%e1%80%96%e1% 80%ac%e1%80%95%e1%80%bc%e1%80%94%e1%80

**************

၁၂။     စစ္တပ္ကေနေတာင္သူေတြကို ပစ္ဒဏ္ထပ္မံခ်မွတ္ဖို႔  ျပင္ဆင္ခ်က္တက္တဲ့အေပၚ ေျဖေလ်ာ့ေပးဖို႔ ေတာင္သူမ်ား ေတာင္းဆို

June 28, 2020

စစ္တပ္ကေန ေတာင္သူေတြအေပၚ ပစ္ဒဏ္ထပ္မံခ်မွတ္ေပးဖို႔ ကယားျပည္နယ္ တရားလႊတ္ေတာ္ရံုးသို႔ ျပင္ဆင္ခ်က တက္ တဲ့အေပၚမွာ ျပန္လည္ေျဖေလ်ာ့ေပးဖို႔ စဥ္းစားေပးေစခ်င္တယ္လို႔ ေတာင္သူေတြက ေတာင္းဆိုေနၾကပါတယ္။ ကရင္နီျပည္ ေတာင္သူလယ္သမားသမၼဂမွ ကိုဒီးဒီက “အထူးသျဖင့္ ခုခ်ိန္မွာ စိုက္ပ်ိဳးရာသီျဖစ္ေနတယ္ေပါ့ေနာ ကိုယ့္စားဝတ္ေနေရး အတြက္လံုးပန္းေနရတဲ့အခ်ိန္မွာ ဒီလိုစိတ္ဒုကၡ ကိုယ္ဒုကၡေရာက္ေစတဲ့အရာကို ထပ္လုပ္တယ္ဆိုတာက လံုးဝမတရားဘူး လို႔ပဲ က်ေတာ္ေျပာခ်င္တာေပါ့ေနာ။ ေတာင္သူေတြဖက္ကေတာ့ ခံရမယ့္ဖက္ကပဲေပါ့ေနာ ဆိုေတာ့ အစိုးရေကာ တပ္မေတာ္ ဖက္ကေကာေပါ့ေနာ ဒါေတြကို ျပန္လည္ၿပီးေတာ့မွ စဥ္းစားေစခ်င္ပါတယ္” လို႔ ေျပာပါတယ္။

အေျမာက္တပ္ ၃၅၆ နဲ႔ ေျချမန္တပ္ရင္း ၂၅၀ တို႔မွ လြိဳင္ေကာ္ၿမိဳ႕နယ္ ေဒါမူကလား၊ ေျမနီကုန္း၊ သံုးမိုင္ပႀကဲမွ ေတာင္သူ      (၁၉) ဦးႏွင့္ ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢအဖြဲ႔ဝင္ (၃) ဦးကို တရားစြဲဆိုထားတဲ့အမႈကို ၿပီးခဲ့တဲ့ မတ္လအတြင္းက လြိဳင္ေကာ္ၿမိဳ႕နယ္တရားရံုးက ဒဏ္ေငြနဲ႔ ေထာင္ဒဏ္အသီးသီး ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ လြိဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးကေန ေတာင္သူေတြကို ပစ္ဒဏ္ခ်မွတ္တာနည္းလို႔ဆိုၿပီး စစ္တပ္ကမေက်နပ္တဲ့အတြက္ ျပည္နယ္တရားလႊတ္ေတာ္ရံုးကို ျပင္ဆင္ ခ်က္တက္ၿပီး ပစ္ဒဏ္ထပ္တိုးေပးဖို႔ ဇြန္လ ၂၅ ရက္ေန႔မွာ ျပည္နယ္ တရားလႊတ္ေတာ္ရံုးကေန ေတာင္သူေတြကို လက္မွတ္ လာေရာက္ေရးထိုးဖို႔ ေခၚခဲ့ၾကပါတယ္။

တရားစြဲဆိုထားတဲ့ အမႈေတြထဲက အျမင့္ဆံုးေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္လို႔ရတဲ့ နိုင္ငံေတာ္ပိုင္ပစၥည္းဖ်က္စီးမႈ ပုဒ္မ၆(၁) အမႈ အတြက္ ေထာင္ဒဏ္ ၆ လ သို႔မဟုတ္ ဒဏ္ေငြ ၂ ေသာင္း ခ်မွတ္ခဲ့ၿပီး၊ ပုဒ္မ ၄၄၇ အတြက္ ဒဏ္ေငြ ၂ ေသာင္း သို႔မဟုတ္ ေထာင္ဒဏ္ ၁၅ ရက္နဲ႔ က်န္ပုဒ္မ အမႈအတြက္ ေငြဒဏ္က်ပ္ ၂ ေသာင္း ေပးေဆာင္ဖို႔ ခ်မွတ္ခဲ့ၿပီး ေတာင္သူေတြက ဒဏ္ေငြ ေပးေဆာင္ခဲ့ၿပီး အမႈၿပီးေျမာက္သြားခဲ့တာျဖစ္ပါတယ္။ တရားစြဲဆိုခံရတဲ့ ၂၂ ဦးထဲမွာ ေတာင္သူအေရးလိုက္ပါ ေဆာင္ရြက္ခဲ့ ၿပီး တရားစြဲဆိုခံရတဲ့ထဲပါတဲ့ ကရင္နီျပည္ေတာင္သူလယ္သမားသမၼဂမွ ဘြဲမွဴးက ျပင္ဆင္မႈတက္တာ တရားမွ်တမႈမရွိဘဲ မတရားဖိႏွိပ္တယ္လို႔ ဆိုပါတယ္။ အေျမာက္တပ္ ၃၅၆ နဲ႔ ေျချမန္တပ္ရင္း ၂၅၀ တို႔မွ အရာရွိေတြက အဲဒီ အမႈကိုျပင္ဆင္မႈ တက္ေရာက္တာနဲ႔ပတ္သက္ၿပီး အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မွဴးႀကီးခင္ေမာင္ဝင္းကို ကႏာၱရဝတီတိုင္း(မ္)မွ ဆက္သြယ္ ေမးျမန္ရာမွာေတာ့ ၎အေနနဲ႔မသိေၾကာင္း လြိဳင္ေကာ္မွတာဝန္ရွိသူေတြနဲ႔ ခ်ိတ္ဆက္ၿပီးေမးရန္သာ ေျပာဆိုခဲ့ပါတယ္။

ကယားျပည္နယ္ေဒသကြပ္ကဲေရးစစ္ဌာနခ်ဳပ္ (ဒကစ) ကို ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းျပန္ေသာ္လည္း သက္ဆိုင္ရာ တပ္ရင္း ႏွင့္သာဆိုင္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။ သိမ္းယူေျမထဲက ပိုေနတဲ့ေျမေပၚမွာ ေဒသခံေတြ ႏွစ္စဥ္ထြန္ယက္စိုက္ပ်ိဳးရာမွ ၿပီးခဲ့ တဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ ေတာင္ယာေျမေပၚမွာ တပ္ကဆက္ၿပီးလုပ္ကိုင္ခြင့္မေပးႏိုင္ေတာ့ဘူးဆိုၿပီး သိမ္းဆည္းထားတဲ့ ေတာင္ယာေျမေပၚမွာ အမွတ္အသားမွတ္တိုင္စိုက္ကာ ၿခံစည္းရိုးတံတိုင္းျပဳလုပ္လာခဲ့အတြက္ ေဒသခံေတာင္သူေတြနဲ႔ ပဋိပကၡျဖစ္ခဲ့ၾကၿပီး တပ္မွေတာင္သူအေရးလိုက္ပါေဆာင္ရြက္သူ သံုးဦးအပါအဝင္ ေတာင္သူ ၁၉ ဦး ကို တရားစြဲဆိုခဲ့ တာပဲ ျဖစ္ပါတယ္။ https://www.bnionline.net/mm /news- 73864

**************

၁၃။     ျပည္သူ႔ဆႏၵႏွင့္ ေရြးေကာက္ပြဲရလဒ္ တထပ္တည္းက်ေစမည္ဟု UEC ဥကၠ႒ေျပာ

June 27, 2020

ႏိုဝင္ဘာလတြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ျပည္သူ႔ဆႏၵႏွင့္ ေရြးေကာက္ပြဲရလဒ္ တထပ္တည္းျဖစ္ ေစရန္ အာမခံေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) ဥကၠ႒ ဦးလွသိန္းက ေျပာၾကားသည္။ ရန္ကုန္ၿမိဳ႕ ၌ ဇြန္လ ၂၇ ရက္တြင္ က်င္းပသည့္ UEC ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႔ဆံုပြဲတြင္ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ႏိုင္ငံေရးပါတီ မ်ားအား ေျပာၾကားလိုက္ျခင္းလည္းျဖစ္သည္။ “၂၀၁၀ ေရြးေကာက္ပြဲတုန္းက ျပည္သူ႔ဆႏၵနဲ႔ ေရြးေကာက္ပြဲရလဒ္ တထပ္ တည္းက်မက် ဆရာတို႔သိၿပီးသား။ က်ေနာ္မေျပာဘူး။ ဒီႏွစ္မွာ က်ေနာ္ကိုယ္တိုင္ အာမခံတယ္။ ၂၀၂၀ ေရြးေကာက္ပြဲဟာ ျပည္သူ႔ေတြရဲ႕တကယ့္ဆႏၵနဲ႔ က်ေနာ္တို႔မွတ္ေက်ာက္တင္တာနဲ႔တကယ့္ကိုတထပ္တည္းက်ရမယ္”ဟု၎ကေျပာဆိုသည္။

၂၀၂၀ ေရြးေကာက္ပြဲကို လြတ္လပ္ျခင္း၊ တရားမွ်တျခင္း၊ ပြင့္လင္းျမင္သာမႈရွိျခင္း၊ အမ်ားယံုၾကည္မႈရွိေစျခင္း၊ ျပည္သူ႔ ဆႏၵ ႏွင့္ ေရြးေကာက္ပြဲ ရလဒ္တထပ္တည္း က်ေစျခင္းဆိုသည့္ စံႏႈန္း ၅ ခ်က္ႏွင့္အညီ က်င္းပသြားမည္ဟုလည္း ၎က ေျပာဆို သည္။ ဆက္လက္၍ ဦးလွသိန္းက “အမွားအယြင္းမပါေစရဘူး။ ဘက္လိုက္မႈ မပါေစရဘူး။ က်ေနာ္တို႔ ဒီစံ ၅ ခ်က္နဲ႔ ကိုက္ညီေအာင္လုပ္မယ္ဆိုရင္ ဆရာတို႔ က်ေနာ္တို႔အေပၚမွာ ေက်နပ္သင့္ပါတယ္။ က်ေနာ္တို႔ ဒီ ၅ ခ်က္ကို အာမခံၿပီးလုပ္ မွာပါ”ဟု ေျပာၾကားသည္။ လက္ရွိတြင္ ႏိုင္ငံေရးပါတီေပါင္း ၉၇ ပါတီ ရွိေနသည္ျဖစ္ရာ အဘယ္ေၾကာင့္ ဤမွ်အထိ ႏိုင္ငံေရးပါတီမ်ား မ်ားျပားေနရသည္ကို ႏိုင္ငံေရးပါတီမ်ားက ျပန္လည္သံုးသပ္သင့္သည္ဟုလည္း ၎က တိုက္တြန္းေျပာဆို သည္။ ႏိုင္ငံေရး အယူအဆအမ်ိဳးမ်ိဳးျဖင့္ ကြဲျပားစြာေဆာင္ရြက္ေနပါက အဆင္ေျပမည္ မဟုတ္ေၾကာင္း၊ ေကာ္မရွင္၏ လုပ္ေဆာင္မႈမ်ားသည္ ၂၀၁၀ ေရြးေကာက္ပြဲ အႀကိဳကာလႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲအႀကိဳကာလက လုပ္ေဆာင္ခဲ့ေသာ ယခင္ေကာ္မရွင္၏ လုပ္ေဆာင္မႈမ်ားထက္ ေနာက္က်မႈမရွိေသးေၾကာင္း ဦးလွသိန္းက ေျပာဆိုခဲ့သည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (USDP) ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကမူ ေကာ္မရွင္ ဥကၠ႒၏ အဖြင့္ ေျပာစကားသည္ အားရေက်နပ္ဖြယ္မရွိေျကာင္း ဧရာဝတီသို႔ ေျပာသည္။“ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြအၾကားမွာ ယံုၾကည္မႈအားနည္းေနတဲ့အေပၚမွာ ယံုၾကည္မႈကို ဘယ္လိုတည္ေဆာက္ၿပီး ေရွ႕ကို Working Plan ဘယ္လိုသြားမလဲ စဥ္းစားေနတာေပါ့။ ဒါေပမယ့္ ၾကားလိုက္ရတာက ခင္ဗ်ားတို႔က က်ဳပ္ကို မယံုဘူးေျပာတယ္။ က်ဳပ္ကို ယံုရမယ္။ က်ဳပ္က မွန္မွန္ကန္ကန္လုပ္ေနတာ။ ေရွ႕ေကာ္မရွင္တုန္းက ဘယ္လို မဟုတ္တာေတြလုပ္ခဲ့တာ ဒါေတြေျပာေနတယ္။ အမွန္ေတာ့ ဒါေတြမလိုဘူးေလ”ဟု ၎က ဆိုသည္။ ႏိုင္ငံေရးကိစၥေဆာင္ရြက္ပါက အေဝဖန္ခံရတတ္ၿပီး ေဝဖန္ခံရမႈကို လက္မခံဘဲ ႏိုင္ငံေရးပါတီမ်ားအား အျပစ္ေျပာေနျခင္းသည္ သဘာဝမက်ဟုလည္း ေဒါက္တာနႏၵာလွျမင့္က မွတ္ခ်က္ေပးသည္။

ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသည့္ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႕လႈပ္ရွားမႈအဖြဲ႔ အမႈေဆာင္ဒါရိုက္တာ ကိုစိုင္းရဲေက်ာ္စြာျမင့္ ကမူ လက္ရွိေရြးေကာက္ပြဲ ေကာ္မရွင္သည္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲကို က်င္းပေပးခဲ့ေသာ ယခင္ ေရြးေကာက္ပြဲေကာ္မရွင္ထက္ အရပ္ဘက္အဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈ ျပဳလုပ္ရာတြင္ နည္းပါး သည္ကို ေတြ႔ရေၾကာင္းဆိုသည္။ UEC ၏ ၂၀၂၀ ခုႏွစ္ ေမလအတြင္း ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ တည္ဆဲမွတ္ပံု တင္ထားသည့္ ပါတီ ၉၇ ပါတီ ရွိၿပီး ျပည္ေထာင္စု တဝန္းလံုးတြင္ စည္းရံုးမည့္ ႏိုင္ငံေရးပပါတီ ၇၉ ပါတီ၊ တိုင္းေဒသႀကီး/ ျပည္နယ္ တခုတည္းတြင္သာ စည္းရံုးမည့္ ႏိုင္ငံေရးပါတီ ၁၈ ပါတီ၊ ယာယီရပ္ဆိုင္းထားေသာ ႏိုင္ငံေရးပါတီ ၃ ပါတီ ရွိသည္။ https://burma.irrawaddy.com/news/2020/06/27/225410.html

**************

၁၄။     အစိုးရသင္ရိုးညြန္းတမ္းတြင္ ကခ်င္လူမ်ိဳးမ်ား၏အေခၚေဝၚမွားယြင္းေနမႈကို ျပင္ဆင္ေပးရန္ ေတာင္းဆိုသြားမည္

June 26, 2020

အစိုးရအေျခခံပညာေရး သတၱမတန္း ပထဝီဘာသာရပ္သင္ရိုးညႊန္းတမ္းအသစ္တြင္ ကခ်င္မ်ိဳးႏြယ္စုဝင္မ်ား၏ အမည္နာမ ကို မွားယြင္းေဖာ္ျပထားမွုကို အမွားျပင္ဆင္ေပးရန္အတြက္ ကခ်င္မ်ိဳးႏြယ္စုဝင္အသီးသီးမွ စာေပယဥ္ေက်းမွုအဖြဲ႕မ်ားက ေတာင္းဆိုသြားမည္ဟု သိရသည္။“ဒီပတ္အတြင္း စာတင္သြားမွာျဖစ္တယ္။ မ်ိဳးႏြယ္စုဝင္အားလုံးေပါင္းၿပီးေတာ့တင္မလား၊ ဒါမွမဟုတ္ မ်ိဳးႏြယ္စုဝင္တစ္ခုစီဘဲ တင္မလားဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။” ေလာ္ေဝၚစာေပယဥ္ေက်းမူ ဗဟို ေကာ္မတီမွ ဦးေဒါင္ေဟာင္းက ေျပာသည္။

“က်ေနာ္တို႔ သင္ရိုးညႊန္းတမ္းေရးဆြဲတဲ့အဖြဲ႕မွာေတာ့ ကခ်င္ ၆ မ်ိဳးနဲ႔ ရွမ္း ၅ မ်ိဳးပါတယ္။ အဓိကေတာ့ တစ္ႏိုင္ငံလုံး သုံးမယ့္ ေက်ာင္းသင္ခန္းစာ သင္ရိုးညႊန္းတမ္းေရးဆြဲေတာ့ မပါဘူး။ က်ေနာ္တို႔က ေဒသ သင္ရိုးညႊန္းတမ္းေရးဆြဲရတာပါ။ ခု ဒီလို သင္ရိုးညႊန္းတမ္းမွာ အမွားေတြထည့္သြင္းေရးဆြဲတာနဲ႔ ပတ္သက္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာမ်ာ အားလုံးကလည္း ကခ်င္ရိုးရာယဥ္ေက်းမူ ဗဟိုကိုဘဲေျပးျမင္ၾကတယ္။ မ်ိဳးႏြယ္စုဝင္တိုင္းမွာစာေပယဥ္ေက်းမူဆိုၿပီးေတာ့ သပ္သပ္စီ ခြဲထားတာ ေတာ့ မဟုတ္ဘူး။ စာေပနဲ႔ပတ္သက္လာရင္ မ်ိဳးႏြယ္စုဝင္အသီးသီး စာေပယဥ္ေက်းမူအဖြဲ႕မွ လိုအပ္သလို ယာယီေကာ္မတီ ဖြဲ႕ၿပီး ေျဖရွင္းၾကတာျဖစ္တယ္။ ခုလည္း အေျခခံပညာစာသင္ေက်ာင္းမွာ သင္ရိုးညႊန္းတမ္းေရးဆြဲဖို႔ မ်ိဳးႏြယ္စုဝင္မ်ား ကိုယ္ စားတစ္မ်ိဳးႏြယ္က တစ္ဦးစီပါဝင္ၿပီး သင္ရိုးညႊန္တမ္းေရးဆြဲတဲ့ထဲမွာပါဝင္ရတာျဖစ္တယ္။” ဟု ေလာ္ေဝၚစာေပယဥ္ ေက်းမူ ဗဟိုေကာ္မတီမွ သိရသည္။ တစ္နိုင္ငံလုံးအတိုင္းတာ သုံးရန္တြက္ ကခ်င္မ်ိဳးႏြယ္စုဝင္မ်ား၏ အမည္နာမထည့္သြင္း ေရးဆြဲ ထားသည့္ သတၱမတန္း သင္ရိုးညႊန္းတမ္းတြက္မူ ၎တို႔စာေပအဖြဲ႕အား ညႇိႏိႈင္းေဆာင္ရြက္မူ တစ္စုံတစ္ရာမရွိခဲ့ေၾကာင္း သိရသည္။

ကခ်င္လူမ်ိဳးမ်ား၏ ေခါင္းစဥ္ေအာက္တြင္ပါဝင္ေသာ မ်ိဳးႏြယ္စုအမည္မ်ား စာလုံးေပါင္းသတ္ပုံ မွားယြင္းမႈႏွင့္ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာနက ကခ်င္လူမ်ိဳးရိုးရာယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ လာေရာက္တိုင္ပင္ အတည္ျပဳခ်က္ရယူျခင္းမရွိခဲ့သည့္ အတြက္ ၎တို႔တြင္ တာဝန္မရွိေၾကာင္း ျမန္မာႏိုင္ငံကခ်င္လူမ်ိဳးမ်ားယဥ္ေက်းမႈ ဗဟို (WHG) ကလည္း ဇြန္လ ၂၄ ရက္ေန႔ တြင္ ေၾကျငာခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။“သတၱမတန္းရဲ႕ ပထဝီဘာသာရပ္ရဲ႕ ကခ်င္လူမ်ိဳးဆိုတဲ့ ေခါင္းစဥ္ ေအာက္မွာ မ်ိဳးႏြယ္ ၁၂ မ်ိဳးနဲ႔ေဖာ္ျပထားတာေတြ႔ပါတယ္။ စာလုံးသတ္ပုံမွားတယ္ ေရးသားထားမႈေတြ အမည္နာမေခၚဆိုမူ ေတြအားလုံးမွားေနတယ္။ ဒါေပမယ့္ လူမူကြန္ယက္ေတြမ်ာေတာ့ (WHG) မွာတာဝန္ရွိတယ္ဆိုၿပီး ေျပာဆိုတာေတြေတြ႔ရ ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သင္ရိုးညႊန္တမ္းဆြဲတဲ့ဟာေတြအားလုံးက က်ေနာ္တို႔ (WHG) နဲ႔ မသက္ဆိုင္ဘူးလို႔ေျပာခ်င္ပါ တယ္။” ဟု WHG ဥကၠဌ အသစ္ဆရာႀကီး ဦးလႏူးက ေျပာသည္။

၁၉၅၅ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္ေန႔တြင္ ျပည္ေထာင္စု တရားေရးဝန္ႀကီးဌာနက ကခ်င္လူမ်ိဳးမ်ားဟူသည့္ ေခါင္းစဥ္ ေအာက္တြင္ ဂ်ိန္းေဖါ့(Jinghpaw)၊ အဇီး(Atsi)၊ လရွီ(Lashi)၊ မ႐ူ(Maru)၊ ေယာရင္(Lisaw)၊ ႏုံ(ခႏုံ-ရဝမ္) Nung (Hkanung-Rawang) စသည့္ အမည္နာမအား တရားဝင္ထုတ္ျပန္ထားၿပီးျဖစ္သည္။ သို႔ေသာ္၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ Grade-7 သင္ရိုးညႊန္းတမ္းတြင္ ကခ်င္မ်ိဳးႏြယ္စုမ်ားကို တဂုံ၊ ဒေလာင္၊ ေဂါရီ၊ ခခူး၊ ဒုရင္း၊ အကီး စသျဖင့္ လြဲမွားစြာ ေဖာ္ျပ ထားသည္။

“ဒီသတၱမတန္းသင္ရိုးမွာ တိုင္းရင္းသာေတြရဲ့အေၾကာင္းအရာေတြကို ေဖာ္ျပေပးတာ တိုင္းရင္းသားေတြရဲ့တည္ရွိမူနဲ႔ သူတို႔ အေၾကာင္းအရာေတြကို ငယ္ငယ္ကတည္းကေန ေက်ာင္းသူ/သားေတြကို သိေစခ်င္လို႔ ေဖာ္ျပခ်င္လို႔ အဲရည္ရြယ္ခ်က္နဲ႔ ေကာင္းတဲ့ရည္ရြယ္ခ်က္နဲ႔ လုပ္တာျဖစ္တယ္ဆိုတာေတာ့ က်မတို႔လက္ခံပါတယ္။ ဒီမွာေရးထားတဲ့အသုံးႏူန္းကို ၾကည့္မယ္ ဆိုရင္ေတာ့ မွားယြင္းမူမ်ားႀကီးေတြ႕ရပါတယ္။ NLD အစိုးရလက္ထက္တြင္ စတင္အေကာင္ထည္ေဖာ္ ေဆာင္ရြက္ေနၿပီျဖစ္ ေသာ တိုင္းရင္းသားေရးရာဝန္ႀကီးဌာနတြင္လည္း ယခုမွားယြင္းမွုကို အဓိကကူညီေဆာင္ရြက္ေပးသင့္ေၾကာင္း ၎က ဆက္ ေျပာသည္။ လက္ရွိေဝဖန္မႈမ်ားျပားေနေသာ သတၱမတန္း ပထဝီဘာသာရပ္တြင္ ကခ်င္လူမ်ိဳးမ်ား၏ အေခၚအေဝၚ မွားယြင္း စြာေဖာ္ျပ ထားမွုႏွင့္ ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာနမွ တစ္စုံတစ္ရာ တုံ႔ျပန္လာျခင္းမရွိပါက ျမန္မာနိုင္ငံ ကခ်င္လူမ်ိဳးမ်ား ရိုးရာ ယဥ္ေက်းမူဗဟို (WHG) မွလည္း အမွားျပင္ဆင္ေပးရန္ ပညာေရးဝန္ႀကီးဌာနသို႔ စာဆက္တင္ သြားမည္ျဖစ္ေၾကာင္း (WHG) ဥပေဒအႀကံေပးတစ္ဦးျဖစ္သည့္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚဒြဲဘူက ေျပာသည္။ https://burmese.kachinnews  .com/2020/06/26/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1

*************

၁၅။     ပလက္ဝၿမိဳ႕မွ တျခားၿမိဳ႕သို႔ ဆက္သြယ္ေသာ လမ္းေၾကာင္းမ်ားစပြင့္

June 28, 2020

ပလက္ဝၿမိဳ႕နယ္တြင္ တိုက္ပြဲအေျခေနေၾကာင့္ လမ္းေၾကာင္း ပိတ္ဆို႔ခဲ့ေသာ ေနရာအခ်ိဳ႕ ဇြန္လ ၂၁ ရက္ေန႔မွစတင္ၿပီး ျပန္ လည္ပြင့္လာၿပီျဖစ္ေၾကာင္းသိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ပလက္ဝလမ္းေၾကာင္း သြားလို႔ရေနၿပီ ဒါေပမဲ့ ကားလမ္းကို အျပည့္ဝေတာ့ သံုးလို႔မရေသးဘူး တံတားက ၿပီးေနေပမယ့္တံတားကို သံုးလို႔မရေသးဘူး ေရလမ္းနဲ႔ ကုန္းလမ္းမွ်ၿပီး သံုးလို႔ရတဲ့ အေနထားမွာရွိတယ္ ရိကၡာ ပစၥည္းေတြလည္း ဒီရက္ပိုင္းအတြင္း ပို႔ႏိုင္ေနတဲ့ အေနထားမွာရွိတယ္”ဟုေျပာသည္။ ပလက္ဝၿမိဳ႕မွ အျခားၿမိဳ႕မ်ားကို ဆက္ သြယ္ေသာ လမ္းမ်ားဖြင့္ၿပီျဖစ္ေသာ္လည္း အသြားလာ လံုၿခံဳမႈပိုင္းတြင္ စိုးရိမ္ရေသာ အေနထားတြင္သာ ရွိေသးေၾကာင္း ေဒသခံမ်ားကေျပာသည္။

ပလက္ဝၿမိဳ႕ေန ေဒသခံတစ္ဦးက “ပလက္ဝနဲ႔ ေက်ာက္ေတာ္ လမ္းကေတာ့ မဖြင့္ေသးဘူး ဆမီးနဲ႔ ပလက္ဝ လမ္းကေတာ့ ကားနဲ႔ သြားလာလို႔ရၿပီ ဆိုင္ကယ္နဲ႔ေတာ့ ခြင့္မျပဳေသးဘူး ေခ်ာေခ်ာေမာေမာနဲ႔ သြားလို႔ရတဲ့ အေနထားေတာ့ မဟုတ္ေသး ေပမယ့္အေျခေနၾကည့္ၿပီး သြားလာလို႔ေတာ့ ရေနၿပီ”ဟုေျပာသည္။ လက္ရွိ ပလက္ဝၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ ဒုကၡသည္ ႏွစ္ေထာင္ဝန္းက်င္ ရွိေနၿပီး လမ္းပမ္းဆက္သြယ္ေရး အခက္ခဲမ်ားေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မႈမ်ားကိုလည္း ႀကံဳေတြ႔ရ ေၾကာင္း သိရသည္။ လမ္းပန္းဆက္သြယ္ေရးမ်ား ေကာင္းမြန္လာပါက တိုက္ပြဲေၾကာင့္ ပ်က္စီးဆံုးရံႈးခဲ့ရေသာ အိမ္မ်ား ေက်ာင္းမ်ားကို ျပည္နယ္ အစိုးရအေနျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရပိုအဆင္ေျပမည္ဟု ခ်င္းျပည္နယ္ အစိုးရထံမွ သိရသည္။ ပလက္ဝၿမိဳ႕ အနီးဝန္းက်င္ရွိ AA အဖြဲ႔တပ္စြဲထားသည့္ေတာင္ကုန္းမ်ားကို တပ္မေတာ္မွ ေမလ ၃၁ မနက္ပိုင္းတြင္ သိမ္းပိုက ႏိုင္ခဲ့ေၾကာင္း ေၾကညာထားသည္။ https://www.bnionline. net/mm/news-73865

**************

၁၆။     ခ်င္းျပည္နယ္တြင္ အိႏၵိယႏို္င္ငံမွ ျပန္လည္ေရာက္ရွိလာသူ ၃၃ ဦးအနက္ တီးတိန္ၿမိဳ႕ ဒိန္ပီးေက်းရြာ၌ Facility Quarantine                    ဝင္ေနသူတစ္ဦး ေသဆံုး

June 28, 2020

ခ်င္းျပည္နယ္တြင္ ရိဒ္နယ္စပ္မွ အိႏၵိယႏိုင္ငံမွျပန္လာသူ ၃၃ ဦး အနက္တီးတိန္ၿမိဳ႕ ဒိန္ပီးေက်းရြာတြင္ Facility  Quarantine ဝင္ေနသူတစ္ဦး ေသဆံုးခဲ့ၿပီး အိႏၵိယႏိုင္ငံမွ ခ်င္းျပည္နယ္သို႔ ေနာက္ထပ္ ဝင္ေရာက္မည့္ သူ ၂၅ ဦးကိုလည္း ရိဒ္နယ္စပ္မွ ထပ္မံ ေရာက္ရွိလာမည္ဟု ခ်င္းျပည္နယ္ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ျပည္နယ္ဝန္ႀကီး ဦးစိုးထက္ က ေျပာၾကားသည္။

“အိႏၵိယကျပန္လာၿပီး Facility  Quarantine ဝင္ေနတဲ့သူတစ္ဦး ေသတယ္ ဆိုတာ မွန္ပါတယ္။ သူ႔ကို မေန႔ကပဲ ခ်က္ခ်င္း ျမွဳပ္လိုက္တယ္။ မျမွဳပ္ခင္ Swab ယူလိုက္တယ္။ သူ႔ကို ႏွာေခါင္း၊ အာေခါင္တို႔ဖတ္လည္း ယူလိုက္ၿပီး စစ္ေဆးဖို႔အတြက္ ပို႔လိုက္ၿပီလို႔ သိရပါတယ္။ သူက အိႏၵိယက ျပန္လာတာပါ။ ကြ်န္ေတာ္တို႔က ၃၃ ေယာက္ ျပန္လာမယ္ဆိုလို႔ ျပည္ေထာင္စု ကို တင္ျပတယ္။ ခြင့္ျပဳတဲ့အတြက္ ကြ်န္ေတာ္တို႔ ၁၆ ေယာက္ကို တီးတိန္မွာထားတယ္။ ေနာက္ထပ္ ဒုတိယလာတဲ့ ၁၇ ေယာက္ကို ဖလမ္း မွာထားတယ္။ အဲဒီဟာက  Quarantine ၂၁ ရက္ထားတာေပါ့။ အဲဒီထဲကေန ျဖစ္တာပါ။ အခုေတာ့ ၂၅ ေယာက္ကို လက္ခံဖို႔ ပို႔ထားေသးတယ္။ ရိေခၚရ္ဒါမွာ လက္ခံဖို႔ ဒီတစ္ပတ္အတြင္းေတာ့ ျဖစ္မွာပါ။ အဲဒီ ၂၅ ေယာက္ ေပါ့ ေနာ္။ သူတို႔ဘက္မွာ ပိတ္မိေနတာ အမ်ားႀကီးရွိတယ္။ သူတို႔လည္းအခက္အခဲရွိေတာ့ျပန္လာခ်င္တယ္ေျပာပါတယ္။ ကြ်န္ေတာ္တို႔က အခု  Quarantine တဲ့သူ ( အိႏၵိယက ျပန္လာသူ) ေတြကို Swab ယူၿပီး စစ္ေဆးဖို႔ ပို႔တယ္။ အဲဒီမွာ ေရာဂါပိုးေတြ႔ရင္ ကုသတဲ့ အပိုင္းလုပ္မွာေပါ့။ ေရာဂါပိုး မေတြ႔ဘူးဆိုရင္ ျပန္လႊတ္ပါတယ္။ ေပါ့စတစ္လူနာက တီးတိန္ မွာ ေတာ့ က်န္ပါေသးတယ္” ဟု ဝန္ႀကီး ဦးစိုးထက္က ေျပာၾကားသည္။

အဆိုပါအမ်ိဳးသားသည္ ဒိန္ပီးေက်း ရြာတြင္ ဇြန္ ၁၀ ရက္က Facility  Quarantine ဝင္ေရာက္ၿပီး ဇြန္ ၂၅ ရက္တြင္  ကိုယ္ပူ ခ်ိန္ျမင့္တက္လာသည့္အတြက္ တီးတိန္ၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ကာ ဇြန္ ၂၆ ရက္ နံနက္တြင္ ေသဆံုးသြားျခင္းျဖစ္ သည္ဟု  တီးတိန္ၿမိဳ႕ Covid-19 Emergency Committee Volunteer အဖြဲ႔မွ ကိုမုန္ႏိုးက ေျပာၾကားသည္။ https://news-eleven.com/article/180460

*************

၁၇။     ေရး – ထားဝယ္သြား ကားလမ္းေပၚ၌ ယာဉ္တိုက္မႈ ၃ ေနရာ ျဖစ္ပြား

June 29, 2020

မြန္ျပည္နယ္၊ ေရးၿမိဳ႕ ေရး – ထားဝယ္ကားလမ္းမွာ ဇြန္ ၂၈ ရက္ေန႔  တညတည္း ေမာ္ေတာ္ယာဥ္တိုက္မႈ ၃ ေနရာ ျဖစ္ပြားခဲ့ ၿပီး ထိခိုက္ဒဏ္ရာရတဲ့သူေတြ ရွိတယ္လို႔ ယာဥ္ထိန္းရဲေတြက ေျပာပါတယ္။

ေရး-ထားဝယ္သြားကားလမ္း တနသၤာရီလမ္းမႀကီးရွိ တပၸလင္ ႏွစ္ဆူမီးပြိဳင့္ေနရာမွာ ယာဥ္ေၾကာလမ္းျပ ဘေလာက္တံုး မ်ား ေၾကြမြပ်က္စီးတဲ့အထိ အမည္မသိယာဥ္တစီးက တိုက္ၿပီး ေမာင္းႏွင္ထြက္ေျပးသြားကာ ယာဥ္ေမာင္းကို စံုစမ္းေနတယ္လို႔ ယာဥ္ထိန္းရဲေတြက ေျပာပါတယ္။ ေရး-ထားဝယ္ကား အဏၰဝါတံတား ေရေခ်ာင္းေဘးကိုလည္း လိုင္စင္မဲ့ယာဥ္တစီး ထိုးက် ၿပီး ယာဥ္ေမာင္းက တိမ္းေရွာင္သြားခဲ့တာေၾကာင့္ လိုင္စင္မဲ့ယာဥ္ကို ေရးၿမိဳ႕မရဲစခန္းမွာ သိမ္းဆည္းထားပါတယ္။

ရန္ကုန္-ေမာ္လၿမိဳင္-ေရးေျပးဆြဲေနတဲ့ ေအာင္ေက်ာ္မိုး ခရီးသည္တင္ မွန္လံုယာဥ္နဲ႔ ကံေကာင္းျခင္းရတနာထပ္သားစက္ရံုရဲ႕ ယာဥ္တို႔ အဏၰဝါ အေဝးေျပးယာဥ္ရပ္နားစခန္း အနီးနားမွာ မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားခဲ့ၿပီး ယာဥ္ေနာက္လိုက္ ၁ ဦးနဲ႔ အထပ္သား စက္ရံု အဝယ္ေတာ္ကားမွ လိုက္ပါလာသူ ၂ ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ျဖစ္စဥ္ေတြနဲ႔အတူ ေရးၿမိဳ႕မရဲစခန္းမွ ယာဥ္မဆင္မျခင္ေမာင္းႏွင္တဲ့ ယာဥ္ေမာင္းေတြကို ဥပေဒအရ အေရးယူသြားမည္လို႔ သိရပါတယ္။ http: //burglish.my-mm.org/latest/tru nk/web/fontconv.htm

*************

၁၈။     မိုးနဲၿမိဳ႕ကို ေရွးေဟာင္း ယဉ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ႏိုင္ရန္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားေသာ္လည္း  သတ္မွတ္ႏိုင္ျခင္းမရွိေသးသျဖင့္ ပ်က္စီးယိုယြင္းမႈမ်ား ေန႔စဥ္ျဖစ္လာ

June 28, 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးနဲၿမိဳ႕ကို ေရွးေဟာင္းယဉ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ေပးရန္ႏွင့္ ခရီးသြားလုပ္ငန္းဖြ႔ံၿဖိဳး တိုးတက္ေစရန္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံသို႔ ဒုတိယအႀကိမ္ ထပ္မံတင္ျပခဲ့ေသာ္လည္း သတ္မွတ္ႏိုင္ျခင္းမရွိေသးသျဖင့္ ေန႔စဥ္ပ်က္စီးယိုယြင္းမႈမ်ားျဖစ္လာေၾကာင္း သိရသည္။

“ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႔ေတာ့ ေျပာျပေသးတယ္။ မိုးနဲမွာ တန္ဖိုးရွိတာေရွးေဟာင္းသမိုင္းဝင္ပစၥည္းေတြပဲ။ ေလာေလာ လတ္ လတ္ နမ့္ဟူးေရထြက္ေပါ့ေနာ္။ အခု ေရထြက္ကလည္း ေဒါက္တာ ညီညီေအာင္ ကတိကဝတ္ေပးထားတာ အခုထိ အေကာင္အထည္မေပၚဘူး။ တစ္ႏွစ္ေလာက္ရွိၿပီေလ လႊတ္ေတာ္ထဲမွာ ေျဖထားတဲ့ကိစၥေလ။ နမ့္ဟူးေရထြက္မွာ ဖယ္ရွား ရွင္းလင္း ထိန္းသိမ္းေပးဖို႔ ကိစၥလည္း မလုပ္ႏိုင္ဘူး။ ဘာမွမလုပ္ေသးဘူး။ စီမံခ်က္ေတြလည္း ဆြဲထားတာတစ္နွစ္ရွိေနၿပီ။ မိုးနဲၿမိဳ႕ ေရွးေဟာင္းသမိုင္းဝင္ၿမိဳ႕ ျပန္လည္သတ္မွတ္ေပးေရး၊ တစ္ၿမိဳ႕လံုးကိုေပါ့။ အရင္ကဟာပဲ ဝန္ႀကီး ဦးစိုးညြန္႔လြင္က ျပန္ေျဖထားတာ မျဖစ္ႏိုင္ေသးဘူးေပါ့။ ေရွးေဟာင္းသုေတသန ကေန ေနာက္တစ္ေခါက္ ထပ္တင္ခိုင္းတယ္။ ကြ်န္ေတာ္က ျပန္မတင္ေတာ့ဘူး။ လႊတ္ေတာ္ လုပ္ထံုးလုပ္နည္းအရ ေမးခြန္းဆိုတာ တစ္ႀကိမ္ပဲတင္ရတယ္။

ဒါေပမယ့္  ေရွးေဟာင္းသမိုင္းဝင္သတ္မွတ္ဖို႔ ေနရာကိုဆက္လုပ္သြားဖို႔ေပါ့။ ဒီလိုသတ္မွတ္မွပဲ မိုးနဲၿမိဳ႕မွာရွိေနတဲ့ သမိုင္းဝင္ ပစၥည္းေတြကို ျပဳျပင္ထိန္းသိမ္းဖို႔ ဘတ္ဂ်က္ထည့္ လ်ာဖို႔လုပ္ႏိုင္မွာ။ ဒီတစ္ေခါက္ ဝန္ႀကီးခ်ဳပ္ကို ဒါေၾကာင့္ေျပာတာ၊ ဝန္ႀကီးခ်ဳပ္နဲ႔ ဒုသမၼတ ထံတင္ထားတဲ့စာက ခုခ်ိန္ထိအေၾကာင္းမျပန္ေသးဘူး။ ႏႈတ္နဲ႔ ထပ္ဆင့္ေျပာတာေပါ့ဗ်ာ။ ပ်က္စီးမႈက ေန႔တိုင္းလိုလို ပ်က္စီးမႈရွိလာတယ္။ သဘာဝေဘးေၾကာင့္လည္း လူေတြေၾကာင့္လည္း ပါတာေပါ့။ သမိုင္းဝင္ေတြက လုပ္ယူ လို႔လည္း မရဘူးေပါ့ ေနာ္” ဟု မိုးနဲၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းမြန္းလိန္က ေျပာၾကားသည္။

၂၀၁၆ ခုႏွစ္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔မွ ေမြေတာ္၊ ဦးသီလေက်ာင္း၊ ဆင္ေတာင္၊ တာေခါင္စသည့္ေလးေနရာကို ေရွးေဟာင္း ယဥ္ေက်းမႈထိန္းသိမ္းေရး ေနရာမ်ားအျဖစ္ သတ္မွတ္ႏိုင္ခဲ့ၿပီး၊ ယခုအခါ လြိဳင္လ်န္း ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ ေနာက္ထပ္တစ္ေနရာတို႔ကို သတ္မွတ္ႏိုင္ရန္ ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ မိုးနဲၿမိဳ႕နယ္ အတြင္းရွိ ေစတီ ႀကီးေလးဆူအပါအဝင္ ၿမိဳ႕တြင္းရွိ ေစတီငယ္မ်ားကိုသာ ရွာေဖြထိန္းသိမ္းႏိုင္ေသးၿပီး ၿမိဳ႕ ျပင္ေနရာမ်ားတြင္ ပ်က္စီးေပ်ာက္ကြယ္သြားေသာ ေစတီေတာ္မ်ားစြာရွိခဲ့ေၾကာင္း မိုးနဲၿမိဳ႕ ဝိဇၨာရိယ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း မွ ဦးေဆာင္ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘြဲ႔ေတာ္ရ ဆရာေတာ္ ဘဒၵန မာဃိႏၵထံမွသိ ရသည္။ https://news-eleven.c om/article/180474

*************

၁၉။     ၂၀၂၀ ေရြးေကာက္ပြဲဆိုင္ရာက်င့္ဝတ္  Code of Conduct  တြင္ ျပည္ခိုင္ၿဖိဳးအပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕လက္မွတ္ မထိုး

June 28, 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီႏွင့္ ကိုယ္စားလွယ္မ်ားဆိုင္ရာက်င့္ဝတ္ Code of Conduct ၌ မဲဆြယ္စည္းရံုးရာတြင္ အမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပံု အသံုးမျပဳရန္ဆိုသည့္အခ်က္ကို သေဘာတူညီ ခ်က္မရ၍ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီအခ်ိဳ႕လက္မွတ္မထိုးခဲ့ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ USDP ေျပာေရးဆိုခြင့္ရွိ သူ ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။

အဆိုပါ ေရြးေကာက္ပြဲဆိုင္ရာဆိုင္ရာက်င့္ဝတ္ လက္မွတ္ေရးထိုးပြဲကို ရန္ကုန္ၿမိဳ႕ရွိ Melia ဟိုတယ္၌ ဇြန္ ၂၆ ရက္က က်င္းပ ခဲ့ရာ ႏိုင္ငံေရးပါတီ ၉၇ ရွိသည့္အနက္ ၈၃ ပါတီတက္ေရာက္ကာ  ၆၄ ပါတီ သေဘာတူ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သတင္း ရရွိသည္။ “အမ်ိဳးသားေခါင္းေဆာင္ရဲ႕ပံုကို ဘယ္ႏိုင္ငံေရးပါတီေတြမွ ေရြးေကာက္ပြဲေတြမွာ အသံုးမျပဳဖို႔ဆိုၿပီးေတာ့မွ Code of Conduct မွာ ထည့္ေပးဖို႔ ေရြးေကာက္ပြဲေကာ္မရွင္မွာ ႏိုင္ငံေရးပါတီေတြ ေတာင္းဆိုထားတာရွိတယ္ ဒါေပမဲ့ အဲေန႔က COC လက္မွတ္ေရးထိုးပြဲမွာ ေဝတဲ့အခါက်ေတာ့ အဲအခ်က္မပါလာဘူး ႏိုင္ငံေရးပါတီအမ်ားစု ေတာင္းဆိုထားတဲ့ အခ်က္မပါ လာဘူး အဲဒီအတြက္ လက္မွတ္ မေရးထိုးဘူးေပါ့ဗ်ာ” ဟု ေဒါက္တာ နႏၵာလွျမင့္က ဆိုသည္။

သို႔ရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပံုကိစၥကို မိမိတို႔ MUP ပါတီအေနျဖင့္ မသိရွိထားေၾကာင္း၊ က်င့္ဝတ္ေရးဆြဲသည့္ အဖြဲ႔ ကလည္း မိမိတို႔သိရွိေအာင္ မေျပာျပႏိုင္ခဲ့ေၾကာင္း မြန္ညီညြတ္ေရးပါတီ MUP ဗဟိုအလုပ္အမႈေဆာင္ ႏိုင္ရဲေဇာ္က ေျပာ သည္။ ႏိုင္ရဲေဇာ္က “ဒီဟာအေပၚမွာ ကြ်န္ေတာ္တို႔ပါတီက မသိထားခဲ့ဘူး၊ ေရးဆြဲတဲ့အဖြဲ႔ကလည္း ပါတီကို မေျပာျပႏိုင္ခဲ့ ဘူး၊ ဒီျပႆနာေတြ မသိထားခဲ့တာအခါ ကြ်န္ေတာ္တို႔ ျပန္ၾကားလိုက္တဲ့အခါမွာ ျပင္ဆင္စရာမရွိဘူးလို႔ဘဲ ျပန္ၾကားထား တာ၊ အဲဒီအခ်ိန္ အဲေန႔က်မွ သိၿပီးေတာ့မထိုးပါဘူးဆိုၿပီးေတာ့လုပ္ေနရင္ ကြ်န္ေတာ္တို႔အေနနဲ႔ ကေလး ကလားဆန္တယ္လို႔ ယူဆတယ္ေလ”ဟု ေျပာသည္။ ယင္းကဲ့သို႔ တက္ေရာက္လာသည့္ပါတီအမ်ားစု သေဘာတူ လက္မွတ္ေရးထိုးၾကရာတြင္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ SNDP လည္း ပါဝင္သည္ဟု သိရသည္။

အဆိုပါ ေရြးေကာက္ပြဲဆိုင္ရာက်င့္ဝတ္ Code of Conduct သည္ ဥပေဒအရ ခ်ဳပ္ေႏွာင္ထားျခင္းမဟုတ္သည့္အတြက္ မလိုက္နာသည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ လူပုဂၢိဳလ္မ်ားကို အေရးယူႏိုင္ျခင္းမရွိေသာ္လည္း ေရြးေကာက္ပြဲတြင္ ဂုဏ္သိကၡာရွိရွိ ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ အေထာက္အကူျဖစ္လိမ့္မည္ဟု ႏိုင္ငံေရးပါတီမ်ားက လက္ခံထားသည္။ ၂၀၁၅ ေရြးေကာက္ပြဲ ဆိုင္ရာ က်င့္ဝတ္စည္းမ်ဥ္းမ်ားကို လက္ရွိ ႏိုင္ငံေရး ၊ဥပေဒ၊ လူမူေရးအခင္းအက်င္းႏွင့္ လိုက္ေလ်ာညီေစရန္  ျပန္လည္ ျပင္ဆင္ထားၿပီး လြန္ခဲ့သည့္ ဧၿပီလကတည္းက ႏိုင္ငံေရးပါတီအသီးသီးထံ အီးေမးလ္ႏွင့္ စာတိုက္မ်ားမွ တဆင့္ေပးပို႔၍ ညွိႏိႈင္းေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း ယင္းစာအုပ္တြင္ ေဖာ္ျပထားသည္။ http://burmese.monnews.org/2020/06/28  /%e1%81%82%e1%81%80%e1%81%82%e1%81%80

**************

၂၀။     ဇြဲကပင္ေတာင္ေပၚတြင္ ေပ်ာက္ဆံုးသြားသည့္ တကၠသိုလ္ေက်ာင္းသူအား ေသဆံုးလ်က္ျပန္ေတြ႔ရွိ

June 27, 2020

ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္ရွိ ဇြဲကပင္ေတာင္ေပၚတြင္ ေပ်ာက္ဆံုးသြားသည့္ တကၠသိုလ္ေက်ာင္းသူတစ္ဦးကို ၂ ႏွစ္ရက္ နီးပါးအၾကာတြင္ ေတာင္ေစာင္း၏ ေခ်ာက္တစ္ေနရာ၌ ေသဆံုးလ်က္ ျပန္လည္ေတြ႔ရွိသည္ဟုသိရသည္။ အဆိုပါေက်ာင္းသူ ၏ ဆိုင္ကယ္ေသာ့ျပန္ေတြ႔ရွိသည့္ ေနရာသဲလြန္စမွတစ္ဆင့္ေအာက္ဆင္း၍ ရွာေဖြကာ ေမာင္းသူ မဲ့ယာဥ္(ဒရုန္း) အကူ အညီႏွင့္ ယေန႔မနက္ ၁၀ နာရီဝန္းက်င္ခန္႔ အျမင့္ေပ ၂ ေထာင္ေက်ာ္ရွိသည့္ ေခ်ာက္တစ္ေနရာတြင္ ေသဆံုးလ်က္ရွိသည့္ ရုပ္အေလာင္း (dead body) ကို ျပန္လည္ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ကယ္ဆယ္ေရးအဖြဲ႔တာဝန္ခံ ဖားအံခရိုင္ မီးသတ္ဦးစီးရံုး လက္ေထာက္ညြန္ၾကားေရးမွဴး ဦးသန္႔စင္၀င္းက “ေတာင္ေပၚက ေန ျပန္အဆင္း ခန္႔မွန္းနာရီဝက္ေလာက္ ဆင္းရတဲ့ေနရာမွာ အစြန္အထြက္ View Point လို ေနရာတစ္ခုရွိတယ္။ အဲဒီေနရာ က ေတာ္ေတာ္သြားမွေရာက္တာ။ ၾကားမွာ ၿခံဳတစ္ၿခံဳနဲ႔ကြယ္ေသးတယ္။ ၿခံဳကိုပတ္သြားရတယ္။ မေရာက္ဖူးတဲ့ လူဆိုရင္ အဲဒီ ေနရာကိုမသိဘူး။ အဲဒီေပၚကေန ျပဳတ္က်ရင္ ေအာက္ေပ ၂၀ ေလာက္မွာ ျပန္႔တစ္ခုရွိတယ္။ အဲဒီျပန္႔ကေနတစ္ဆင့္မွ ေအာက္ကိုထပ္ၿပီး ျပဳတ္က်တဲ့သေဘာျဖစ္တယ္။ ဒီအေပၚမွာေတာ့ စဥ္းစားေတြး ေတာစရာေတြ အမ်ားႀကီးရွိတယ္”ဟု ျပန္လည္ေတြ႔ရွိသည့္အေျခအေနႏွင့္ ပတ္သက္၍ ေကအိုင္စီသို႔ ေျပာသည္။

အဆိုပါတကၠသိုလ္ေက်ာင္းသူသည္ ဇြန္လ ၂၅ရက္ေန႔၊ မြန္းလဲြ ၁နာရီေက်ာ္တြင္ ဇြဲကပင္ေတာင္ေပၚသို႔ တစ္ဦးတည္း တက္ ေရာက္ခဲ့သလို ထိုေန႔ ညေန ၅ နာရီေက်ာ္အခ်ိန္ခန္႔တြင္ ေတာင္ေပၚရွိ ဆရာေတာ္တစ္ပါးက ရင္ျပင္ေတာ္၌ သူမကို ေတြ႔ရွိခဲ့ ေသးသည္ဟု သိရသည္။ သူမ၏ ဆိုင္ကယ္သည္ ေတာင္ေျခတြင္က်န္ရွိခဲ့သလို ဖိနပ္ကိုလည္း အထက္ေရတံခြန္ အနားရွိ ေတာင္တက္လမ္း တစ္ေနရာတြင္ ျပန္လည္ေတြ႔ရွိသည့္အျပင္ ဆိုင္ကယ္ေသာ့ကိုလည္း အျမင့္ေပ ၂ ေထာင္ခန္႔ရွိသည့္ ေနရာတြင္ ေတြ႔ရွိခဲ့သူမ်ားက ေတာင္ေျခ၌ ျပန္လည္ေပးအပ္ခဲ့သည္ဟု သိရသည္။ ေသဆံုးသြားခဲ့သည့္ ေက်ာင္းသူေလး သည္ ျမ၀တီၿမိဳ႕မွျဖစ္ၿပီး ဖားအံၿမိဳ႕ရွိ အေဆာင္တစ္ခုတြင္ ေနထိုင္ရင္း သင္တန္းတစ္ခု တက္ေရာက္ေနသူျဖစ္သည္ဟု ဖားအံတကၠသိုလ္မွ ေက်ာင္းဆရာတစ္ဦး၏ ေျပာဆိုခ်က္အရ သိရသည္။ http://kicnews.org/2020/06/%e1%80%87  %e1%80%bc%e1%80%b2%e1%80%80%e1%80%95%e1%

****************

၂၁။     လူသားျခင္းစာနာေထာက္ထားမႈႏွင့္လံုၿခံဳေရးမ်ားအတြက္ အလြန္အမင္းစိုးရိမ္ေၾကာင္း သံရံုးအဖြဲ႔အစည္းမ်ားထုတ္ျပန္

June 27, 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာအုပ္စုတေလွ်ာက္ရွိ ျမန္မာတပ္မေတာ္၏ နယ္ေျမရွင္းလင္းေရး လုပ္ငန္းမ်ားႏွင့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ေတာင္ပိုင္းရွိ ပိုမိုဆိုးရြားလာသည့္ လူသားခ်င္း စာနာေထာက္ထားမႈႏွင့္

လံုၿခံဳေရးဆိုင္ရာ အေျခအေနမ်ားႏွင့္ပတ္သက္သည့္ အစီရင္ခံစာမ်ားအေပၚ အလြန္အမင္းစိုးရိမ္ပူပန္ေၾကာင္း သံရံုးအဖြဲ႔အ စည္းမ်ားက ေၾကညာခ်က္ထုတ္ခဲ့ၾကသည္။ ေက်ာက္တန္းေက်းရြာအုပ္စုတေလွ်ာက္ ရြာသားမ်ား ထြက္ေျပးတိမ္းေရွာင္ေန ရျခင္းသည္ ရခိုင္ျပည္နယ္၏ ေနရပ္စြန္႔ခြာေနထိုင္သူဦးေရကို သိသာထင္ရွားစြာ ပိုမိုမ်ားျပားလာေစပါလိမ့္မည္ဟု ျမန္မာႏိုင္ငံ အတြင္းရွိ ဩစေၾတးလ်၊ ကေနဒါ၊ ယူေကႏွင့္ အေမရိကန္သံရံုးမ်ား စုေပါင္းထုတ္ျပန္သည့္ ေၾကညာခ်က္ တြင္ပါဝင္သည္။

အထူးသျဖင့္ ကိုဗစ္- ၁၉ ႏွင့္မုတ္သုန္ရာသီနဲ႔ ပတ္သက္ၿပီး ရပ္ရြာအဖြဲ႔အစည္းမ်ားက တံု႔ျပန္ေဆာင္ရြက္သကဲ့သို႔ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာအဖြဲ႔အစည္းမ်ားကိုလည္း သင့္ေတာ္သည့္ အကူအညီေပးႏိုင္ေရးအတြက္ အတားအဆီးမရွိ သြား ေရာက္ႏိုင္ေရးကိုလည္း ခြင့္ျပဳေပးေစလိုတဲ့သေဘာထား သံရံုးအဖြဲ႔အစည္းမ်ားတြင္ရွိေနၾကသည္။ ပစၥည္းဥစၥာပိုင္ဆိုင္မႈကို မီးရိႈ႕ျခင္း၊ လက္နက္ႀကီးပစ္ခတ္ျခင္း၊ ရြာသားမ်ားအားဖမ္းဆီးျခင္းႏွင့္ ပတ္သက္သည့္ အစီရင္ခံစာမ်ားရွိေနေသာေၾကာင့္ မိမိ ေနရပ္ကိုစြန္႔ခြာၿပီး အျခားေနရာတြင္ ခိုလံႈရန္မျဖစ္ႏိုင္သည့္ ျပည္သူမ်ားကို ယင္းတို႔ေနထိုင္ရာေဒသမ်ားတြင္သာ ေနထိုင္ ခြင့္ျပဳရန္ လက္နက္ကိုင္အဖြဲ႔အစည္းမ်ားအားလံုးကို တိုက္တြန္းထားသည္။

အရပ္သားမ်ားသည္ ရခိုင္ႏွင့္ခ်င္းျပည္နယ္တို႔တြင္ျဖစ္ပြားေနေသာ ပဋိပကၡဒဏ္မ်ားကို ဆိုးရြားစြာ ဆက္လက္ခံစားေနၾကရ ေသာေၾကာင့္ လက္နက္ကိုင္အဖြဲ႔အစည္းမ်ားအၾကား ေတြ႔ဆံုေဆြးေႏြးမႈသည္ အေရးတႀကီးလို အပ္ေနပါသည္။ အျပည္ျပည္ ဆိုင္ရာ တရားဥပေဒအတိုင္းလိုက္နာရန္ႏွင့္ အျပည္ျပည္ဆိုင္ရာတရားရံုး (ICJ) ၏ ၾကားျဖတ္စီမံေဆာင္ရြက္ခ်က္မ်ားကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ရန္ ျမန္မာတပ္မေတာ္တြင္ တာဝန္ရွိသည္ဟုလည္း ယင္းေၾကညာခ်က္တြင္ထည့္သြင္း ေဖာ္ျပထားသည္။  http://www.mizzimab urmese.com/article/71062

**************

၂၂။     မြန္ျပည္နယ္တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္သူ ၃၀ဝ ခန္႔ ရွိလာ၊ ကိုဗစ္နည္းတူ မေပါ့ဆၾကရန္ သတိေပး

June 28, 2020

မြန္ျပည္နယ္မွာ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၃၀ဝ နီးပါးအထိ ရွိလာတဲ့အတြက္ေၾကာင့္ ကိုဗစ္-၁၉ ေရာဂါနည္းတူ မေပါ့ဆၾကဖို႔ မြန္ျပည္နယ္ ကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ထပ္မံသတိေပးလိုက္ပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါဟာ ေရၾကည္ေရသန္႔မွာ ေပါက္ဖြားတဲ့ ျခင္က်ား ကိုက္ခံရတာကတဆင့္ ကူးစက္တဲ့ ေရာဂါတခု ျဖစ္ပါတယ္။ မြန္ျပည္နယ္မွာေတာ့ အခုနွစ္ ဇြန္လ အတြင္း ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၃၀ဝ နီးပါးအထိ ရွိလာၿပီး အဲဒီထဲမွာ ကေလးငယ္ ၂ ဦး  ေသဆံုးထားပါတယ္။ ဒါေၾကာင့္ ေသြးလြန္းတုပ္ေကြး ေရာဂါကို ကိုဗစ္-၁၉ ေရာဂါ နည္းတူ မေပါ့ၾကဖို႔ မြန္ျပည္နယ္ ကုသေရးနဲ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ျပည္နယ္ဦးစီးမွဴး ေဒါက္တာထြန္းေအာင္ၾကည္ က သတိေပး ေျပာဆိုလိုက္ပါတယ္။ ျပည္နယ္အတြင္း ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈအရ ေမာ္လၿမိဳင္ၿမိဳ႕နယ္နဲ႔ ေပါင္ၿမိဳ႕နယ္ဟာ ေရာဂါ ျဖစ္ပြားမႈရဲ႕ ၅၀ ရာခိုင္ႏႈန္းနီးပါး ျဖစ္ပြားေနတာပါ။ ေသဆံုးမႈအေနနဲ႔ ေပါင္ၿမိဳ႕နယ္ တခုတည္းမွာပဲ ကေလးငယ္ ၂ ဦး အထိ ေသဆံုးထားပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါကို ႀကိဳတင္ကာကြယ္ရာမွာ ျပည္သူေတြအေနနဲ႔ ဖံုး၊ သြန္း၊ လဲ၊ စစ္ ပံုမွန္ ေဆာင္ရြက္ေပးၾကဖို႔ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက တိုက္တြန္းထားပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါနဲ႔ ပတ္သက္ၿပီး ကေလး ငယ္ေတြ ဖ်ားတာ၊ အန္တာအျပင္ မွိန္းတဲ့ လကၡဏာေတြ ျဖစ္ေပၚလာရင္ အျမန္းဆံုး က်န္းမာေရးဌာနကို လာေရာက္ ျပသ ေပးၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ မြန္ျပည္နယ္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္က ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၁၁၆၂ ဦး အထိ ျဖစ္ပြားခဲ့ၿပီး ကေလးသူ ၄ ဦး ေသဆံုးထားတာပါ။ http://burmese.dvb.no/archives/396625

***************

၂၃။     ရေသ့ေတာင္ၿမိဳ႕မရဲစခန္းမွ အခ်ဳပ္သား ၃ ဦး ထြက္ေျပး

June 28, 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕က ၿမိဳ႕မရဲစခန္းအခ်ဳပ္ကိုေဖာက္ကာ အခ်ဳပ္သား ၃ ဦးထြက္ေျပးမႈ ဇြန္လ ၂၇ ရက္ေန႔ နံနက္ ၄ နာရီေက်ာ္အခ်ိန္က ျဖစ္ပြားခဲ့သည္။

မိုးသည္းထန္စြာ ရြာသြန္းေနခ်ိန္ ၎အခ်ဳပ္သား (၃)ဦးသည္ အခ်ဳပ္ခန္းရွိ ေရခ်ိဳးခန္းႏွင့္ အိမ္သာခန္းရွိ ေခါင္မိုးကို ေဖာက္ၿပီး ထြက္ေျပသြားျခင္းျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက DMG သို႔ေျပာ သည္။“သူတို႔ကေတာ့ ရက္အၾကာႀကီးကတည္းက ႀကိဳတင္လုပ္ထားပံုရတယ္။ ေခါင္မိုးကို ေဖာက္ၿပီးေျပးသြားတာ ဆိုေတာ့ လံုၿခံဳေရးက အျပင္က၊ အတြင္းကေနရွိေနတဲ့ၾကားထဲက ထြက္ေျပးသြားတာ”ဟု ၎ကဆိုသည္။

ထိုသို႔ထြက္ေျပးသြားသည့္ အခ်ဳပ္သားမ်ားမွာ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ဘက္မွ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲဆိုခံထားရသူ တစ္ဦးႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွ ဖုန္းခိုးမႈျဖင့္ အခ်ဳပ္က်ေနသူ ႏွစ္ဦးတို႔ျဖစ္ေၾကာင္း ေဒၚခင္ေစာေဝ က ရွင္းျပသည္။ ရေသ့ေတာင္ၿမိဳ႕မရဲစခန္းမွ တပ္ၾကပ္ႀကီးလွေရႊက အခ်ဳပ္သားမ်ားထြက္ေျပးသြား သည္ဆို ေသာျဖစ္စဥ္မွာ မွန္ကန္ေသာ္လည္း အေသးစိတ္ကို ေျပာခြင့္မရွိဟုဆိုသည္။ ၿမိဳ႕မရဲစခန္းသည္ ရေသ့ေတာင္ၿမိဳ႕၊ ေခ်ာင္းဝ ရပ္ကြက္တြင္ရွိကာ ၿမိဳ႕အဝင္ေခ်ာင္းႏွင့္ နီးကပ္စြာရွိေနသည္။ https://www.bnionline.net/mm/news-73876

***************

၂၄။     ကရင္ဒံုးအကကုိ UNESCO အသိအမွတ္ျပဳ စာရင္းတင္သြင္းမည္

June 26, 2020

ကရင္လူမ်ိဳးတုိ႔၏ အမ်ိဳးသားျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ တစ္ခုျဖစ္သည့္ ရုိးရာဒံုးအကကုိ ကုလသမဂၢ၏ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈဆုိင္ရာအဖြဲ႔အစည္း (UNESCO) မွ အသိအမွတ္ျပဳႏုိင္ရန္အတြက္ စာရင္းတင္သြင္းသြားမည္ဟု သိရသည္။ UNESCO သုိ႔ တင္သြင္းရန္ ကရင္ျပည္နယ္မွ အဆုိျပဳထားသည့္ ကရင္ေကာက္သစ္စားပြဲႏွင့္ ဒံုးအက ၂ ခုထဲမွ ဒံုးအက ကုိသာ ကနဦးတင္သြင္းသြားရန္ ယေန႔(ဇြန္ ၂၆ ရက္)၊ ဖားအံၿမိဳ႕၊ ဇြဲကပင္ခန္းမ၌ ျပဳလုပ္ေသာ အစည္းအေဝးအၿပီး ဆံုးျဖတ္ လုိက္ၾကျခင္းျဖစ္သည္။

ျပည္နယ္လူမႈေရးဝန္ႀကီး ဦးဘုိဘုိေဝေမာင္က “ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ UNESCO မွာ register လုပ္ဖုိ႔ ျပည္နယ္ နဲ႔တုိင္းအသီးသီးက ေခါင္းစဥ္ေတြကုိ ေရြးခ်ယ္ၿပီးေတာ့ ျပည္ေထာင္စုမွာတင္ၿပီး ေဆြးေႏြးမွာျဖစ္ပါတယ္။ အဲဒီအတြက္ ကရင္ျပည္နယ္အေနနဲ႔ ဒံုးအကကုိ တင္သြင္းဖုိ႔ ဒီကေန႔အစည္းအေဝးမွာ အေျဖတစ္ခုထြက္လာပါတယ္။” ဟု ေျပာသည္။ ထုိ႔အျပင္ ကရင္ဒံုးအကသည္ ႏုိင္ငံတကာတြင္လည္း လူသိမ်ားသလုိ အမ်ားႏွင့္မတူ Unique (ထူးျခား)ၿပီး ကရင္အမ်ိဳး သားမ်ား၏ စိတ္ဓာတ္၊ ေဒသႏွင့္ပတ္ဝန္းက်င္မ်ားကုိ ထင္စပ္ေစေသာေၾကာင့္ အာရုံစုိက္ကာ တင္ သြင္းသြားမည္ျဖစ္ ေၾကာင္း ဦးဘုိဘုိေဝေမာင္က ဆက္ေျပာသည္။ ဒံုးအကဆုိင္ရာ အဓိပၸါယ္၊ ကႀကိဳးကကြက္၊ ဝတ္စားဆင္ယင္မႈ၊ ဂီတတူရိယာ ပစၥည္း၊ အေငြ႕အသက္မ်ား အားလံုးကုိ အေသးစိတ္ စနစ္တက်ေလ့လာ မွတ္တမ္းတင္ သုေတသနလုပ္ႏုိင္ရန္ working committee (အလုပ္အဖြဲ႔) ကုိ ယေန႔ ပထမဦးဆံုးအႀကိမ္ျပဳလုပ္ေသာ ပဏာမအစည္းအေဝးတြင္ စတင္ ဖြဲ႔စည္းထားခဲ့ၿပီ လည္းျဖစ္သည္။

Working committee တြင္ ပါဝင္သူ ဒံုးအကပညာရွင္ ေစာျမင့္သူက “ဒံုးနဲ႔ပတ္သတ္ၿပီး ထဲထဲဝင္ဝင္ လႈပ္ရွား လာခဲ့ ေပမယ့္ ဒီလုိ အခြင့္အေရးမ်ိဳးတစ္ခါမွ မႀကံဳ၊ မၾကားခဲ့ဖူးဘူး။ အခုမွ က်ေနာ္တုိ႔ရဲ႕ ကရင္ ရုိးရာဒံုးအကကုိ ကမၻာ့ ေရွးေဟာင္း အေမြ အႏွစ္တစ္ခုအျဖစ္ အသိအမွတ္ျပဳခဲ့မယ္ဆုိရင္ေတာ့ ကရင္အတြက္ သမုိင္းတစ္ခုက်န္ ခဲ့မယ္။ အတုိင္းမသိဝမ္းသာမိမယ္။” ဟု ေကအုိင္စီသုိ႔ေျပာသည္။

ျပည္နယ္ ေရွးေဟာင္း၊ သုေတသန ျပတုိက္မွ ဦးေဆာင္ျပဳလုပ္ေသာ အစည္းအေဝးသုိ႔ ကရင္ ယဥ္ေက်းမႈအေမြအႏွစ္ မ်ားကုိ ထိန္းသိမ္းေနေသာ ဆရာေတာ္ သံဃာေတာ္မ်ား၊ ျပည္နယ္ စာေပ/ယဥ္ေက်းမႈ အဖြဲ႔ အစည္းႏွင့္ အစုိးရဌာန ဆုိင္ရာမ်ားမွ တာဝန္ရွိသူမ်ား၊ ဒံုးအကပညာရွင္၊ ဒံုးဆရာမ်ား၊ စိတ္ပါဝင္စားသူမ်ား စုစုေပါင္း ၄၀ ဦးေက်ာ္ တက္ရာက္ခဲ့သည္။ ကရင္ ျပည္နယ္မွ ဒံုးအကကုိ တင္သြင္းသြားမည္ျဖစ္သလုိ သက္ဆုိင္ရာျပည္နယ္၊တုိင္းအသီးသီးမွေရြးခ်ယ္လုိက္သည့္ ေခါင္းစဥ္ မ်ားထဲကမွ ခန္႔မွန္းေခ်ဆန္ ကာတင္ေခါင္းစဥ္ ၅ ခုခန္႔အား ျမန္မာႏုိင္ငံအေနျဖင့္ UNESCO သုိ႔ ၂၀၂၁ ခုနွစ္တြင္ တင္သြင္း သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ကုလသမဂၢ၏ ပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈဆုိင္ရာအဖြဲ႔အစည္း (UNESCO)မွ အမ်ိဳးသားျဒပ္မဲ့ ယဥ္ေက်းမႈ အ ေမြအႏွစ္မ်ားကုိ အသိအမွတ္ျပဳခဲ့သည့္ စာရင္းမ်ားထဲတြင္ ျမန္မာႏုိင္ငံမွ ပါဝင္ခဲ့ဖူးျခင္း မရွိေသးေၾကာင္း လည္းသိရသည္။ http://kicnews.org/2020/06/%e1%80%80%e1%80%9b%e1%80%84%e

**************

၂၅။     အမ္းၿမိဳ႕နယ္တြင္ ရက္ပိုင္းအတြင္း စစ္ေဘးေရွာင္လူဦးေရ  ၂ ဆေက်ာ္ ျမင့္တက္လာ

June 29, 2020

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၌ဖြင့္လွစ္ထားသည့္  စစ္ေဘးေရွာင္စခန္း ၂ ခုတြင္ လူဦးေရ တစ္ေထာင္ခန္႔ရွိလာၿပီး  လက္ရွိ မိုးရာသီေၾကာင့္ စားဝတ္ေနေရးႏွင့္ ေနထိုင္ေရးအခက္ခဲမ်ားျဖစ္ေပၚေနေၾကာင္း အမွတ္(၁)စစ္ေဘးေရွာင္စခန္းမွ ဥကၠ႒ ျဖစ္သူ ဦးသန္းခ်ိဳ က မဇၩိမသတင္းဌာနသို႔ အတည္ျပဳေျပာၾကားသည္။“ဒီမွာေရာက္ေနတဲ့လူေတြ ေျပာတာက နယ္ေျမရွင္း လင္းေရးလုပ္မယ္။ နီးစပ္ရာ ရြာေတြမွစုၿပီးေနၾကပါေျပာတယ္။ ဒါးလက္မွာ စားနပ္ရိပ္ကၡာျပတ္လတ္တာက ၃ လေက်ာ္သြား ပါၿပီ။ စားနပ္ရိပ္ကၡာကုန္ေတာ့ ၿမိဳ႕ေပၚပဲတတ္လာၾကတာ။ အမ္းမွာက စစ္ေရွာင္စခန္း (၁)  နဲ႔ (၂) ရွိတယ္။ အဲတုန္းက လူဦးေရ က ၄၀ဝ ေက်ာ္ေလာက္ပဲ ရွိတာ။ အခုက ၁၀ဝဝ ျပည့္ေတာ့မယ္။ ထက္ဝက္ေက်ာ္ေက်ာ္ေလာက္ ျမင့္တတ္လာပါ တယ္။ ဒီရက္ပိုင္းမွပဲျမင့္တတ္လာတာပါ “ ဟု အမွတ္(၁)စစ္ေဘးေရွာင္စခန္းမွာ ဥကၠ႒ ျဖစ္သူ ဦးသန္းခ်ိဳ က ေျပာသည္။

တပ္မေတာ္မွစစ္ဆင္ေရးလုပ္ေဆာင္မည့္ ေက်းရြာဘက္သည္ လံုၿခံဳေရးအရ စိုးရိမ္ရသည့္အတြက္ လႊတ္ေတာ္ကိုယ္စား လွယ္ပင္ သြားလာ၍မရေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက ေျပာသည္။“ ဒါးလက္အုပ္စုဘက္ကို လႊတ္ေတာ္ကိုယ္စားလွယ္ကိုယ္တိုင္ သြားလို႔မရတာ ၁ ႏွစ္ နီးပါးရွိေနပါၿပီ၊ ဒါးလက္ဘက္ က လံုၿခံဳေရးကိုစိုးရိမ္ရတဲ့ အေျခ အေနရွိတယ္။ အဲဒါေၾကာင့္ ကိုယ္တိုင္ေတာင္သြားလို႔မရတဲ့ အေျခအေနပါ။ အစားေသာက္၊ ရိကၡာလမ္းေၾကာင္းေတြ ျဖတ္ ေတာက္ထားတဲ့အတြက္ အစားေသာက္နဲ႔ ပတ္သက္ၿပီး စစ္ေဘးေရွာင္ေဒသနဲ႔ ဒါးလက္အထက္ဘက္က ရြာေတြမွာ ရင္ဆိုင္ ေနရတဲ့ အေျခအေနတစ္ခု ေတာ့ရွိတယ္ “ ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက  ေျပာၾကားသည္။

လက္ရွိတြင္လည္း အမ္းၿမိဳ႕နယ္တြင္ရွိသည့္ ပဲပဒံုကယ္ဆယ္ေရးစခန္းကို ရြာေပါင္း ၁၂ ရြာ၊ အိမ္ေထာင္စု ၁၁၉ စု တို႔ ေနရပ္ စြန္႔ခြာလာၾကေၾကာင္း သိရွိရသည္။ http://www.mizzimaburmese.com/article/71100

**************

၂၆။     မိုးေကာင္းၿမိဳ႕ နန္႔ရင္း ရပ္ကြက္တြင္ လမ္း၊ တံတား ေရေျမာင္းတူးေဖာ္ရာမွ ေက်ာက္စိမ္း အပိုင္းအစမ်ား ေတြ႔ရွိသျဖင့္ ရွာေဖြသူမ်ားျပားေန

June 28, 2020

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕တြင္ လမ္း၊ တံတား ေရေျမာင္းတူးေဖာ္ရာမွ ေက်ာက္စိမ္း အပိုင္းအစမ်ားေတြ႔ရွိသျဖင့္ ရွာေဖြသူ မ်ားေနေၾကာင္း သတင္းရရွိသည္။ လြန္ခဲ့သည့္ လပိုင္းမွစတင္ကာ နန္႔ရင္း ရပ္ကြက္အတြင္းရွိ ဦးဖိုးေစာလမ္းမွ ဆမားဒူဝါ ခြန္ဆိုင္းေနာ္ လမ္းၾကားရွိ တံတားႏွစ္ခုႏွင့္ လမ္းေဘးေရေျမာင္းလုပ္ကိုင္ရာမွ ေက်ာက္စိမ္းအပိုင္းအစမ်ားေတြ႔ရွိမႈေၾကာင့္ ရွာေဖြသူမ်ားလာျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာၾကားသည္။

မိုးေကာင္းၿမိဳ႕မွ ေဒသခံ ဦးေဆရိန္ရိန္က “အရင္ေခတ္ေတြကတည္းက ေက်ာက္စိမ္းရာျဖတ္ရံုးစိုက္တဲ့ေနရာေပါ့။ အခု အေထြေထြအုပ္ခ်ဳပ္ေရးမွဴးအိမ္ရာေပါ့။ အရင္က ျဖတ္စက္မရွိေတာ့ ရိုက္ခြဲတာ၊ ျဖတ္ပိုင္းေတြကို အိမ္ေရွ႕ေျမာင္းထဲပစ္တယ္။ ေက်ာက္စိမ္းအရိုင္း မေကာင္းရင္လည္း အိမ္ေရွ႕မွာ ဖြက္ၾကရတာကို။ နန္႔ရင္းနဲ႔ အလယ္ရပ္ကြက္က ေရေျမာင္းေတြက ဘယ္ ေနရာမဆို ေက်ာက္ထြက္တယ္။ အရင္က ပစ္ထားတာ အခုက ေသာင္းေက်ာက္၊ သိန္းေက်ာက္ ျဖစ္ေတာ့ လူေတြက ဝိုင္းရွာၾကတာေပါ့။ ေျမစာေတာင္ ဘက္ဟိုး တစ္ေကာ္ ေသာင္းဂဏန္းေဈးေပါက္တယ္။ တန္ဖိုးႀကီးေတာ့ မထြက္ပါဘူး။ သိန္းဂဏန္းပါပဲ။ လူေတြက က်ပ္တည္းေတာ့ လုပ္စားၾကတာေပါ့” ဟု ေျပာၾကားသည္။

လမ္းဦးစီးဌာန တာဝန္ရွိသူတစ္ဦးက “ေက်ာက္စိမ္းအပိုင္းအစေတြ ထြက္တာေပါ့။ အရင္က စြန္႔ထားတဲ့ဟာက အခုတန္ဖိုးအ သင့္အတင့္ရွိတာေပါ့။ လမ္းလုပ္ငန္းကိုေတာ့ အေႏွာင့္အယွက္ေတာ့ ျဖစ္တာေပါ့။ လုပ္ငန္းလည္း ၆၀ ရာခိုင္ႏႈန္းၿပီးပါျပီ။ ခိုးၿပီးလမ္းလုပ္ငန္းအေရွ႕မွာ ႀကိဳတင္တူးတဲ့သူေတြရွိတာေၾကာင့္ ရဲအေစာင့္ေတြလည္း ခ်ထားပါတယ္”ဟု ေျပာၾကားသည္။ https://news-eleven.com/a rticle/180477

**************

၂၇။     တာခ်ီလိတ္တြင္ ေငြက်ပ္ ၂၇ ဘီလီယံနီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္လက္နက္မ်ား သိမ္းဆည္းရမိ

June 29, 2020

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ေရပူစမ္းေက်းရြာ အေနာက္ေျမာက္ဘက္ မီတာ ၄၀ဝ၀ ခန္႔အကြာမွာ  ေငြက်ပ္ ၂၆ ဒသမ ၉ ဘီလီယံေလာက္ တန္ဖိုးရွိ ယစ္ေဆးဝါးနဲ႔ လက္နက္၊ ခဲယမ္းေတြ သိမ္းဆည္းရမိတယ္လို႔ သိရပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက ဒီေန႔မနက္ ၄ နာရီခြဲေလာက္က သတင္းအရ ေရပူစမ္းေက်းရြာရဲ႕ အေနာက္ေျမာက္ဘက္မီတာ ၄၀ဝ၀ ခန္႔အကြာရွိ ဝါးရံုပင္အနီး ရွာေဖြစစ္ေဆးရာ မသကၤာဖြယ္ရာ မိုးကာပလတ္စတစ္ အိတ္အစအား ေတြ႔ရွိၿပီး တူးေဖာ္ရာ မွ ဖမ္းဆီးမိခဲ့တာလို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

ေျမႀကီးအတြင္း ျမွဳပ္ႏွံထားတဲ့ ဆာလာအိတ္ အလံုး ၆၀ အတြင္းမွာ ခန္႔မွန္းတန္ဖိုး ေငြက်ပ္ ၂၆ ဒသမ ၉ ဘီလီယံ ေလာက္ တန္ဖိုးရွိ WY စာတန္းပါ စိတ္ၾကြေဆးျပား ၆,၄၈၀,ဝ၀ဝ ျပားခန္႔၊ စိတ္ၾကြေဆးျပားအေၾက (ေရစိုပံုစံပ်က္) ၁၁၄၈ ကီလိုဂရမ္ ခန္႔၊ AK ေမာင္းျပန္ရိုင္ဖယ္ ၁ လက္၊ က်ည္အိမ္ ၁ ခုနဲ႔ က်ည္ ၂၅ ေတာင့္၊ ပြိဳင့္-၂၂ ေသနတ္ ၂ လက္၊ ၂ လံုးျပဴးေသနတ္ ၁ လက္၊ က်ည္ ၅ ေတာင့္၊ ၁ လံုးထိုး ေသနတ္ ၂ လက္တို႔အား ေတြ႔ရွိသိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။ သိမ္းဆည္းရမိ လက္နက္၊ ခဲယမ္းေတြနဲ႔ မူးယစ္ေဆးဝါးေတြကို သက္ဆိုင္ရာကို လႊဲေျပာင္းအပ္ႏွံသြားမယ္လို႔ တပ္မေတာ္က ထုတ္ျပန္ထား ပါတယ္။ http://burmese.dvb.no/archives/396814

*************

၂၈။     မယ္လဒုကၡသည္စခန္းတြင္ မူးယစ္ေဆးဝါး ထပ္မံေတြ႔ရွိ၊ တရားခံေျပးကုိ ဖမ္းဆီးရမိျခင္းမရွိေသးဟု ဆုိ

June 29, 2020

ထုိင္း-ျမန္မာနယ္စပ္ရွိ မယ္လဒုကၡသည္စခန္းတြင္ ၿပီးခဲ့သည့္ ရက္သတၱပတ္က ထုိင္းအာဏာပုိင္မ်ားမွ မူးယစ္ေဆးဝါး ဝင္ ေရာက္စစ္ေဆး ဖမ္းဆီးရမိမႈအၿပီး ဇြန္လ ၂၇ ရက္ေန႔တြင္ စိတ္ႂကြေဆးျပားမ်ား ထပ္မံ ဖမ္းဆီးရမိခဲ့ရာ လက္သည္ တရားခံ ေျပးကုိ လက္ရွိ အခ်ိန္ထိ ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း စခန္းတာ ဝန္ရွိသူမ်ားထံမွ သိရသည္။ ဇြန္လ ၂၃ ရက္ ေန႔က ထုိင္းစစ္တပ္၊ ရဲ ႏွင့္ စခန္း လုံၿခဳံေရးမ်ားသည္ မယ္လဒုကၡသည္စခန္း၏ ဇုန္ (B-5B) ရွိ အိမ္တစ္အိမ္ကို အနံ႔ခံ ေခြး မ်ားျဖင့္ ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးရာတြင္ စိတ္ႂကြေဆးျပား (၃, ၀၀၀) ေက်ာ္ ဖမ္းဆီးရ မိခဲ့ၿပီးေနာက္ ဇြန္လ ၂၇ ရက္ေန႔တြင္ ၎ေနအိမ္၌ စိတ္ႂကြေဆးျပားအလုံးေရ (၁,၆၀၀) ေက်ာ္ ထပ္မံေတြ႔ရွိခဲ့သည္ဟု စခန္း ဥကၠ႒ ေစာေအာနက္က ေျပာသည္။

၎က “ျဖစ္စဥ္က တရားခံရဲ႕ အေပါင္းအသင္းေတြေကာ အမ်ဳိးသမီးနဲ႔ သမီးကုိ ေခၚစစ္လုိက္တယ္။ ၿပီးေတာ့ ထုိင္းစခန္းလုံၿခဳံေရးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ သူတုိ႔ကုိ စခန္းမွာေပးမေနေတာ့ဘူးဆုိၿပီးေတာ့ သူတုိ႔အိမ္ကုိ သြားၿဖိဳ လုိက္တဲ့အခါမွာ ထပ္ၿပီးေတာ့ အလုံးေရ (၁,၆၀၀)ေက်ာ္ေလာက္ သြားေတြ႔တယ္လုိ႔ သိရတယ္။ တရားခံ ေျပး ကုိေတာ့ အခုထိ မဖမ္းမိေသးဘူး။ ဘယ္ေနရာ၊ ေရာက္ေနမွန္းလည္းမသိဘူး”ဟု ေကအုိင္စီသုိ႔ေျပာသည္။

လက္ရွိ ထြက္ေျပးလြတ္ေျမာက္သူ တရားခံေျပးမွာ အသက္ ၂၇ႏွစ္အရြယ္ ေစာအဲငဲဆုိသူျဖစ္ၿပီး ယခု အခ်ိန္ထိ ဖမ္းဆီးရမိ ျခင္းမရွိေသးဘဲ လတ္တေလာ အခ်ိန္ကာလတြင္လည္း စခန္းတြင္း ဝင္ထြက္သြားလာမႈမ်ားကုိ တင္းၾကပ္ထားေၾကာင္း စခန္းတြင္းေနထုိင္သူမ်ားက ဆုိသည္။ လူဦးေရ ၃ ေသာင္းေက်ာ္ ေနထုိင္သည့္ မယ္လ ဒုကၡသည္စခန္းတြင္ ထုိင္းအာဏာ ပုိင္မ်ားမွ မူးယစ္ေဆးဝါး ဝင္ေရာက္စစ္ေဆးဖမ္းဆီးမႈမ်ား မၾကာခဏ လုပ္ေဆာင္ေလ့ရွိသည္။ http://kicnews.org/2020 /06/%e1%80%99%e1%80%9a%e1 %8

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

*** ၿပီး ***

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 39, June 30, 2020)

၁။        ကျောက်မဲတွင် RCSS နှင့် တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၃၀ဝ ကျော် ဘေးလွတ်ရာ တိမ်းရှောင်

၂။         မြန်မာ အစိုးရတပ် နှင့် KIA  တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ

၃။        ကျောက်တန်း နယ်မြေရှင်းလင်းရေးလုပ်မည့် ထုတ်ပြန်ချက် ပြန်ရုပ်သိမ်း

၄။        စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်

၅။        စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့် မရောက်သေးဘူးလို့  က.လ.လ.တ ပြော

၆။        ရှမ်းမြောက်က KBZ ဘဏ်ခွဲတချို့အတွက် လုံခြုံရေးတာဝန်ယူကြောင်း  SSPP/ SSA  ပြော

၇။        တိုင်းရင်းသူများ မုဒိန်းမှုကို စစ်လက်နက်အဖြစ် အသုံးပြုခံနေရဟု WLB ပြော

၈။        ရသေ့တောင်က တပ်မိသားစုဝင် လူငယ် ၃ ဦးကို AA ဖမ်းဆီးထား

၉။        ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို UNA အဖွဲ့ဝင်အဖြစ်လက်ခံ

၁၀။      ဖားကန့်လုပ်ကွက်များ ဇူလိုင် ၁ ရက်မှ သုံးလ ပိတ်သိမ်းရန်နှင့် ခိုးကျင်း မတူးဖော်ရန် အချက် ၁၀ ချက် ညွှန်ကြား

၁၁။      ဖာပွန်ဒေသတွင် ဖျက်ဆီးခံရသည့် KNU ၏ Covid စစ်ဆေးရေးဂိတ်နေရာတွင် အသစ်ပြန်ဆောက်ပြီး ထပ်ဖွင့်

၁၂။      စစ်တပ်က၊ တောင်သူတွေကို ပစ်ဒဏ်ထပ်မံချမှတ်ဖို့  ပြင်ဆင်ချက်တက်တဲ့အပေါ် ဖြေလျော့ပေးဖို့ တောင်းဆို

၁၃။      ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော

၁၄။      အစိုးရသင်ရိုးညွန်းတမ်းတွင် ကချင်လူမျိုးများ၏အခေါ်ဝေါ်မှားယွင်းနေမှုကို ပြင်ဆင်ပေးရန် တောင်းဆိုသွားမည်

၁၅။      ပလက်ဝမြို့မှ တခြားမြို့သို့ ဆက်သွယ်သော လမ်းကြောင်းများစပွင့်

၁၆။      ချင်းပြည်နယ်တွင် အိန္ဒိယနိ်ုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃၃ ဦးအနက် တီးတိန်မြို့ ဒိန်ပီးကျေးရွာ၌ Facility Quarantine ဝင်နေသူတစ်ဦး သေဆုံး

၁၇။      ရေး – ထားဝယ်သွား ကားလမ်းပေါ်၌ ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွား

၁၈။      မိုးနဲမြို့ကို ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသော်လည်း သတ်မှတ်နိုင်ခြင်းမရှိသေးသဖြင့် ပျက်စီးယိုယွင်းမှုများ နေ့စဉ်ဖြစ်လာ

၁၉။      ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်  Code of Conduct  တွင် ပြည်ခိုင်ဖြိုးအပါအဝင် ပါတီအချို့လက်မှတ်မထိုး

၂၀။      ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူအား သေဆုံးလျက်ပြန်တွေ့ရှိ

၂၁။      လူသားခြင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအတွက် အလွန်အမင်းစိုးရိမ်ကြောင်း သံရုံးအဖွဲ့အစည်းများထုတ်ပြန်

၂၂။       မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၃၀ဝ ခန့် ရှိလာ၊ ကိုဗစ်နည်းတူ မပေါ့ဆကြရန် သတိပေး

၂၃။      ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦး ထွက်ပြေး

၂၄။      ကရင်ဒုံးအကကို UNESCO အသိအမှတ်ပြု စာရင်းတင်သွင်းမည်

၂၆။      အမ်းမြို့နယ်တွင် ရက်ပိုင်းအတွင်း စစ်ဘေးရှောင်လူဦးရေ ၂ဆကျော် မြင့်တက်လာ

၂၇။      မိုးကောင်းမြို့ နန့်ရင်း ရပ်ကွက်တွင် ရေမြောင်းတူးဖော်ရာမှ ကျောက်စိမ်းအပိုင်းအစများတွေ့ရှိသဖြင့် ရှာဖွေသူများ

၂၈။      တာချီလိတ်တွင် ငွေကျပ် ၂၇ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ သိမ်းဆည်းရမိ

၂၉။      မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထပ်မံတွေ့ရှိ၊ တရားခံပြေးကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဆို

****************

၁။        ကျောက်မဲတွင် RCSS နှင့် တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ ၃၀ဝ ကျော် ဘေးလွတ်ရာ တိမ်းရှောင်

June 29, 2020

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စုထဲမှာ ဇွန် ၂၈ မနက်ကနေ ဒီနေ့မနက်အထိ ရှမ်းပြည်တပ်မတော် RCSS  နဲ့  မြန်မာ့တပ်မတော်တို့ကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့လို့ ရွာသား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ၊  ၃၀ဝ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျောက်မဲမြို့နယ်တောင်ဘက် ၈ မိုင်လောက်ကွာ ပန်လော့အုပ်စု အက်ကီး၊ နမ့်ဖတ် ပြိန်းနိမ်၊ ကျေးရွာအနီးတဝိုက်မှာ မနေ့ က ပစ်ခတ်မှုတွေရှိပြီး ဒီနေ့မနက်မှာလည်း ပန်ခဲန်ရွာနားမှာ ထပ်ပြီးပစ်ခတ်ကြလို့ ရွာသား ၁ ဦးသေဆုံးပြီး ရွာသူ ၁ ဦး ဒဏ်ရာရတာကြောင့် နောင်ချို ဂုတ်ထိပ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။“ကနေ့မနက် ကျနော်တို့ ပါတီ ဝင်နဲ့ ကော်တိုင်းရှမ်းလူငယ်အဖွဲ့တွေ ပန်လော့ဘုန်းကြီးကျောင်းက စစ်ပြေးရှောင်တွေဆီရောက်ခဲ့ပါတယ်။ အားလုံး အယောက် ၂၀ဝ ကျော်ရှိမယ်။  သူတို့ လိုအပ်ချက်တွေ အရင်သွားကြည့်တာပါ။ အဓိကလိုတာကတော့ စားနပ်ရိက္ခာပေါ့ နော်။ ဒီတသုတ်က မနေ့မနက်က တိုက်ပွဲဖြစ်လို့ ပြေးလာတာ၊ ကနေ့မနက်မှာကျတော့ ဟိုင်းကွီ၊ ပန်ကျင်ရွာဘက်မှာ ထပ်ဖြစ်တယ်။ အဲဒီမှာ လက်နက်ကြီးကျည်သင့်လို့ ပန်ကျင်ရွာသား ၁ ယောက်သေဆုံးပြီး ရွာသူ ၁ ယောက် ဒဏ်ရာရတယ်။ သူ့ကို နောင်ချိုဂုတ်ထိပ်ဆေးရုံ ပို့ထားပြီး ရွာသားပေါင်း ၁၀ဝ ကျော်က တော့  နောင်ချိုဂုတ်ထိပ် အောင်ဓမ္မာရုံဘုန်းကြီး ကျောင်းမှာ သွားစုနေကြပါတယ်ခင်ဗျ။”ဒါ့အပြင် မနေ့က ဟိုင်းကွီရွာသား ၄ ယောက်နဲ့ မော်တော်ကား ၁ စီးကို မြန်မာ့ တပ်မတော်ဘက်က ချောဆွဲသွားကြောင်း၊ အဲဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ်က  ကျောက်မဲ စကခ ဆီ ဆက်သွယ် ညှိနှိုင်းပေးခဲ့လို့ ပြန်လွတ်လာပြီလို့ ဆိုပါတယ်။

ကျောက်မဲမြို့၊ နမ့်ခုံးရှမ်းများပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်းကူးကလည်း  တိုက်ပွဲရှောင်တွေဟာ ပန်လော့ရွာအပြင် နမ့်ဖတ် ကျောင်းတိုက်မှာလည်း ၄၀ ကျော်ရှိသေးတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကို မသိရကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က RCSS တပ်က ဟိုင်းကွီရွာဘက်မှာ မူးယစ်ဆေးတွေ မီးရှို့ ဖျက်ဆီးပြီး အခမ်းအနားလုပ်ခဲ့ကြောင်း၊  နောက်နေ့မနက်မှာ တပ်မတော်ယာဉ်တန်း အစီး ၂၀ ကျော် တက်သွားတာတွေ့ပြီး နှစ်ဘက်ရင်ဆိုင် ပစ်ခတ်တာဖြစ်နိုင်တယ်လို့  ကျောက်မဲဒေသခံတွေက ပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက RCSS တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပြည်သူလူထုဟာ လတ်တလော ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုအန္တရာယ်ကြောင့် အလုပ်အကိုင်ကို ပုံမှန်မလုပ်နိုင်လို့ စား ဝတ်နေရေးကြပ်တည်းနေတဲ့ကြား အခုလိုတိုက်ပွဲဖြစ်ရပြန်တော့ စစ်ရှောင်သူအတွက်ရော စစ်ရှောင်ကူညီလက်ခံထားတဲ့ ရွာ တွေအတွက်ပါ ပိုပြီးအခက်အခဲဖြစ်စေလို့ တိုက်ပွဲဖြစ်စေမယ့်ကိစ္စမျိုးတွေ တတ်နိုင်သလောက်ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံ လိုကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်းကူးကပြောသွားပါတယ်။ http://burmese.dvb.no/archives/396

*************

၂။         မြန်မာ အစိုးရတပ် နှင့် KIA  တိုက်ပွဲ ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားလာ

June 30, 2020

နှစ်ဖက် bilateral အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲကာလမှာ တိုက်ပွဲဖြစ်ပွါးမှု မရှိသလေက်ဖြစ်နေသော ကချင်ပြည် နယ်မှာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဇွန်လ (၂၉)ရက်၊ တနင်္လာနေ့ က ကချင်ပြည်နယ် အလယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားလာသည်ဟုသိရသည်။

KIA တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း (၅) နယ်မြေအတွင်း KIA စခန်းများရှိရာသို့ တပ်မတော်စစ်ကြောင်း နှစ် ကြောင်း ထိုးစစ်ဆင်လှုပ်ရှားခြင်းကြောင့် တနင်္လာနေ့ နံနက်ပိုင်း မိနစ် ၃၀ ခန့်ကြာ La Mai Yang တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဆိုသည်။ “တပ်မတော် စစ်ကြောင်းတွေ ဝင်လာတော့ တိုက်ပွဲ အချိန် တို ဖြစ်ပွားခဲ့တယ်။ KIA ဘက်က မိုင်း ၂ ကြိမ်၊ ၃ ကြိမ် လောက်ဖောက်ခွဲတာမျိုး၊ လက်နယ်ငယ်တွေနဲ့ အနည်းငယ် ပစ်ခတ် တာမျိုးလောက်ပဲ ပြုလုပ်ပြီး စခန်းကို ဖယ်ပေးလိုက်ပါတယ်” ဟု KIA အရာရှိ တစ်ဦးပြောပါသည်။

KIA တပ်ရင်း (၅) Ga Hkyeng Bum နယ်သို့ ထိုးစစ်ဆင်လာသော တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉) နှင့် ၎င်းတပ်ဖွဲ့၏ စစ်ကူအဖြစ် ဝင်လာသော တပ်မတော် ခြေလျင်တပ်ရင်း (၂၃၇) တို့ကို KIA အဖွဲ့ ခုခံတိုက်ခိုက်ရာမှ နံနက် (၁၀)နာရီခွဲ မှ (၁၁)နာရီကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO ၏ The Kachin Net သတင်းတွင် ကချင်ဘာသာလို တနင်္လာနေ့ ဖော်ပြထား သည်။ ဇွန်လ (၂၂)ရက်နေ့ကလည်း လွယ်ဂျယ်မြို့အနီး တရုတ်- မြန်မာနယ်စပ် လမ်းမပေါ်ရှိ KIO COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို လွယ်ဂျယ်မှ တပ်မတော် စစ်ကြောင်း ဝင်လာပြီး ဖယ်ရှားဖျက်ဆီးခဲ့သည်။ ၎င်းနေ့ အဆိုပါ မြန်မာစစ်တပ် နှင့် KIA တပ်ရင်း (၁) တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်လို့နီးပါး စစ်ရေး တင်းမာခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း KIA စခန်းများသည် တပ်မတော် စစ်ကြောင်းများ၏ လိုက်လံတိုက်ခိုက်ခြင်း ခံနေရပါသည်။ ထို့ကြောင့် တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်း စစ်ကြောင်းများ နှင့် KIA တပ်ဖွဲ့ကြား မူဆယ်မြို့နယ် Htan Hpa Bum (ထန်းဖာဘွမ်) ဇွန်လ (၆-၇)ရက်များတွင်သော်လည်းကောင်း ကွတ်ခိုင်မြို့နယ် Kaleng (ကာလိုင်) ဒေသတွင် ဇွန်လ (၁၆)မှ (၂၁)ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ တားဆီးရေး လုပ်ဆောင်နေသည့်ကာလမှာ တပ်မတော်က ၎င်းတို့ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်သည့် ရခိုင် AA အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲမှလွဲပြီး ကျန် တိုင်းရင်းသား တော်လှန် ရေးအဖွဲ့များ နယ်မြေ၊ ဒေသအားလုံးမှာ မေလ (၁၀)မှ သြဂုတ်လ (၃၁)ရက်ထိ စစ်ပွဲရပ်လိုက်ကြောင်း မေလ (၉)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း တပ်မတော်၏ ရှမ်းပြည်မြောက်ပိုင်းမှာ ‘နယ်မြေရှင်းလင်းရေး” လုပ်ဆောင် စဉ် KIA အဖွဲ့နှင့် ‘ထိတွေ့တိုက်ပွဲ’ ဖြစ်ကြောင်း ပြောကြားချက်သည် မဟုတ်မှန်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ‘ထိုးစစ်ဆင် တိုက်ခိုက်ခြင်း’ ဖြစ်ကြောင်း လိုင်ဇာမှ KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘို က ကချင် သတင်းဌာန KNG ကို ပြောသည်။ https://burmese.kachinnews.com/2020/06/30/%e1%80%99%e1%80%bc%

*************

၃။        ကျောက်တန်း နယ်မြေရှင်းလင်းရေးလုပ်မည့် ထုတ်ပြန်ချက် ပြန်ရုပ်သိမ်း

June 29, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းနယ်မြေကို နယ်မြေရှင်းလင်းရေးလုပ်ရန် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လက်မှတ် ရေးထိုးပြီး ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ကျောက်တန်းနယ်မြေအတွင်းရှိ AA ဝင်ရောက်လှုပ်ရှားလျက်ရှိသည့် ကျေးရွာများကို မိမိလှုပ်ရှား စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် ကျေးရွာသားများအား ထိခိုက်ဒဏ်ရာ မရရှိစေရေး ကျေးရွာများတွင် နေထိုင်ခြင်းမပြုဘဲ ခေတ္တရှောင်တိမ်းနေထိုင်ကြရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဇွန်လ ၂၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန် ခဲ့သည်။ ၎င်းအမိန့် ညွှန်ကြားချက်ကို ရုပ်သိမ်းကြောင်းစာအား ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ပြီး ယခင်ထုတ်ပြန်ချက်အား ယခုစာက လွှမ်းမိုးပယ်ဖျက်ကြောင်း ဖော်ပြသည်။

ထုတ်ပြန်ချက်ထုတ်ပြန်သည့်အချိန်တွင် ကျောက်တန်းကျေးရွာအနီးတဝိုက်ကိုသာ ဖယ်ရှားပေးရန်သာ ထုတ်ပြန်ခဲ့သော် လည်း ကျေးရွာပေါင်း လေးဆယ်ကျော်ကို ထုတ်ပြန်စာများ ဖြန့်ဝေလိုက်သည့်အတွက် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက နိရဉ္စရာသတင်းဌာနအား ပြောသည်။ ဗိုလ်မှူးကြီးမင်းသန်းက “ပြန်ရုပ်သိမ်းတယ်ဆိုတာဒီလို။ မြို့နယ်ကနေ ကျေးရွာလေးဆယ့်နှစ်ရွာ တောင်ထုတ် ပစ်လိုက်တာ။ အမှန်ကတော့ ကျောက်တန်းနားလေးမှာ လေးငါးရွာပဲရှိတာလေ။ လေးငါးရွာလောက်ပဲခိုင်းတဲ့ကိစ္စကိုအများ ကြီးထုတ်လိုက်တယ်။ အဲဒီမျိုးကြောင့်မို့ အဲဒီစာကိုပြန်ရုပ်သိမ်းလိုက်တယ်။ အဲဒီလေးငါးရွာကတော့ ရန်သူနဲ့ တိုက်နေတာ လေ ဘယ်လို့လုပ်ရုပ်သိမ်းလို့ရမလဲ”ဟုပြောသည်။ ယင်းကြောင့် ကျောက်တန်းကျေးရွာအရှေ့ဖက်အနီးတဝိုက် ကျေးရွာ သားများသာ ဖယ်ရှားပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ရက်ဇွန်လ ၂၄ ရက်နေ့က ကျောက်တန်းနယ်မြေအား နယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ဖယ်ရှားပေးရန် ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် ရွာ ၄ဝ ကျော်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးပို့ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း စာထုတ်ပြန်မှု အပေါ် သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံ သံရုံး များမှလည်း အလွန်အမင်း စိုးရိမ်ပူပင်ကြောင်း ဇွန် ၂၇ ရက်နေ့က စုပေါင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ https:// www.bnionline.net/mm/news-73898

**************

၄။        စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်

June 29, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင် နေစဉ်ရွာတွင် ကျန်ရစ်သည့် အရပ်သားတဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့က ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အက်ကြီးကျေးရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာ အသက် ၆၀ အရွယ် ဦးအိုက်မောင် တဦးတည်းသာ ကျေးရွာထဲတွင် ကျန်ရှိစဉ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က ကျေးရွာကလူတွေ အားလုံးထွက်ပြေးတိမ်းရှောင်ကြတယ်။ ဦးအိုက်မောင် တယောက်တည်းကျန်ခဲ့တယ်။ တပ်မတော်က ဦးအိုက်မောင်ကို ခေါ်ပြီး ရိုက်နှက်ထားတယ်။ ဒီနေ့မှ ပြန်လွှတ်လာပေးတယ်”ဟု စိုင်းထွန်းဝင်း ကဆိုသည်။ တပ်မတော်က ဦးအိုက်မောင် အား ရိုက်နှက်ထားသည့် ဒဏ်ရာသည် ပြင်းထန်ကြောင်း၊ လက်ရှိမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ ရကြောင်းလည်း စိုင်းထွန်းဝင်း က ပြောသည်။ ထို့ပြင် ယနေ့ မနက်ပိုင်းတွင်လည်း ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာတွင်လည်း တပ်မတော်မှ ပစ်သည့်လက်နက်ကျသဖြင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦး ပွဲချင်းပြီး သေဆုံး ကာ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင် ၅၀ဝ ကျော် ထိရှိလာကြောင်း၊ ထိုစစ်ရှောင်များအတွက်လည်း အစားအသောက်လိုအပ်နေကြောင်း စိုင်းထွန်းဝင်း က ထပ်လောင်းပြော သည်တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်းကျေးရွာအတွင်းရှိ အောင်ဓမ္မာရုံတွင် စစ်ရှောင် ၃၃၀ ကျော် နှင့် ပန်လော့ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၂၀ဝ ကျော်တို့ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။ လက်ရှိ ကျောက်မဲ မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများဆက်လက်တည်ရှိနေသဖြင့် ဒေသခံများ၏ လုံခြုံရေးသည် စိုးရိမ်နေရကြောင်းလည်း ကျောက်မဲဒေသခံများပြောပြချက် အရသိရသည်။

ဇွန် ၂၇ ရက်တွင် ကျောက်မဲမြို့နယ် ဟိုင်းကွီးကျေးရွာသား ၂ ဦးကို တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဇွန် ၂၈ ရက် တွင်လည်း ကျောက်မဲမြို့နယ် အတွင်းရှိ လမ်းခုလပ်တခုတွင် ဒေသခံ ၂ ဦးကို တပ်မတော်မှလမ်းပြအဖြစ် ခေါ်ဆောင်သွား မှုများရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောပြချက် အရသိရသည်။ ထိုသူ ၄ ဦးသည် ယနေ့ မွန်းလွှဲပိုင်းတွင် တပ်မတော်မှပြန်လည် လွှတ်ပေးလိုက်ကြောင်းလည်း စိုင်းထွန်းဝင်းက ပြောပြသည်။ https://burmese.shannews.org /archives/17310

*************

၅။        စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့် မရောက်သေးဘူးလို့  က.လ.လ.တ ပြော

June 29, 2020

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်မှာရှိနေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) အတွင်းရေးမှူးအဖွဲ့ ဦးမာကုအီ ချစ်ထွန်းက ၎င်းတို့ အဖွဲ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ပြည်နယ်ငြိမ်းချမ်းပြီလားမေးလိုက်ရင်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ကြည့်ရမှာဖြစ်တယ်။ ကျနော်တို့ ပြည်သူလူထုတွေက ငြိမ်းချမ်းတယ်လိုထင်တယ်။ ကျနော်တို့ ညီအစ်ကိုအချင်းချင်း ရန်ဖြစ်တာက မငြိမ်းချမ်းဘူး လို့ ခေါ်တယ်။ ဒီကနေ့ကျနော်တို့အဖွဲ့အစည်း လေးငါးဖွဲ့ KNPP ကအစ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါကျတော့ ငြိမ်းချမ်း ရေးလို့ သူတို့ (ပြည်သူ) ခံစားရတယ်။ ဒါပေမယ့်ကျနော်တို့အမြင်ကတော့ တာတစ်စုံတစ်ရာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအဆင့်ထိ မရောက်ဘူးဆိုတာ ကျနော်တို့ခံစားနေရတယ်” လို့ ဦးမာကုအီ ချစ်ထွန်းက ပြောပါတယ်။ (က.လ.လ.တ) အဖွဲ့ရဲ့ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဖရူဆိုမြို့နယ် ကေကောအုပ်စု ပရယ်ဒိုကျေးရွာမှာ အကျဉ်းချုပ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၎င်း အခန်းအနားမှာ ပြည်သူအပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့လည်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးအတွေးအမြင်ကွဲလွဲခဲ့ရာမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ KNPP အဖွဲ့အစည်းအပြင် ပြည်နယ်ထဲမှာရှိတဲ့ တခြား ညီအစ်ကိုလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့လည်း ပြန်လည်သင့်မြတ်နေခြင်းဟာလည်း အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဦးမာကုအီ ချစ်ထွန်း ကပြောပါတယ်။ က.လ.လ.တ ၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီကိုအခြေခံပြီး ပြည်သူ့ဒီမိုကရေစီကို ချီတက်သောတပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါ တယ်။ ၁၉၇၈ ခုနှစ်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ကနေ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ နယ်ခြားစောင့်တပ်အဖြစ် မြို့နယ် ၈ မြို့နယ်တွင် တာဝန်ထမ်း ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ https:// www.bnionline.net /mm/news-73906

***************

၆။        ရှမ်းမြောက်က KBZ ဘဏ်ခွဲတချို့အတွက် လုံခြုံရေးတာဝန်ယူကြောင်း  SSPP/ SSA  ပြော

June 28, 2020

ရှမ်းပြည်နယ် မြောက်ပိုင်းက ကမ္ဘောဇဘဏ်ခွဲတချို့မှာ SSPP/ SSA က ငွေကြေးတောင်းခံတဲ့ စာထုတ်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ဘဏ်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။ SSPP ကတော့ နောက်နောင် ဒါမျိုးတွေမဖြစ်စေဖို့နဲ့ ဘဏ် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူကြောင်း ပြောဆိုထားပါတယ်။

ကျောက်မဲ၊ နောင်ချို့နဲ့ သီပေါက ကမ္ဘောဇဘဏ်ခွဲတွေဆီကနေ SSPP ဌာနေတပ်သားတွေက ငွေတောင်းဖို့ အကြောင်းကြား စာ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် SSPP/ SSA ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက RFA ကနေ အခုလို ရှင်းပြခဲ့ တာပါ။ SSPP အနေနဲ့ အောက်ခြေတပ်သားတွေကို ဘဏ်တွေမှာ ငွေကောက်ခံခိုင်းတာမရှိဘဲ ဒေသဖွံ့ဖြိုးရေးအတွက် လို အပ်မှသာ ဗဟိုဌာနချုပ်ကနေ တိုက်ရိုက်အကူအညီ တောင်းခံတာမျိုးပဲရှိတယ်လို့ ပြောပါတယ်။ ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေအနေနဲ့ ငွေကြေးကိစ္စ တွေ့ဆုံ ဆွေးနွေးဖို့ လာရောက်ရန် ဆိုပြီး အောက်ခြေတပ်သားတွေက SSPP တံဆိပ်ပါတဲ့ ဆင့်ခေါ်စာ ပို့ခဲ့တာကို ဗဟိုတာဝန်ရှိသူ တွေက သိရှိခဲ့တဲ့အတွက် အချိန်မီတားမြစ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီမြို့နယ် သုံးခုက ကမ္ဘောဇဘဏ်ခွဲ သုံးခုကတော့ ဇွန်လ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီး လက်နက်ကိုင်တွေကြောင့်မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဘဏ်ဝန်ထမ်းတွေနည်းလို့ ယာယီပိတ်ထားတာသာ ဖြစ်တယ်လို့ ကျောက်မဲမြို့ ကမ္ဘောဇဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ဗညားဦးကတော့ ပုဂ္ဂလိက ဘဏ်တွေမှာ ထူးခြားသတင်းတွေရှိရင် ရဲတပ်ဖွဲ့ လုံခြုံရေး ဆောင်ရွက်ပေးတာရှိပေမယ့် ရဲတပ်ဖွဲ့ အင်အားနည်းတာကြောင့် အခြားအချိန်တွေမှာ အချိန်ပြည့် စောင့်ပေးနိုင်တာမျိုးတော့ မရှိဘူးလို့ပြောပါတယ်။ ကျောက်မဲဒေသခံ ကိုသားဇော်ကတော့ ဘဏ်တွေပိတ်ထားလို့ ဒေသခံတွေအတွက် ငွေကြေးလွှဲ ပြောင်းထုတ်ယူရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ SSPP အဖွဲ့ကတော့ သူတို့အဖွဲ့ လှုပ်ရှားရာဒေသတွေမှာ နှစ်စဉ် တစ်နှစ်တစ်ကြိမ် အခွန်တောင်းခံလေ့ရှိပြီး လုပ်ငန်းရှင်ကြီးတွေကိုသာ ရန်ပုံငွေပုံစံမျိုး ထည့်ခိုင်းပြီး အိမ်ပေါက်စေ့ ကောက်ခံတာမရှိဘူးလို့ SSPP က ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

SSPP အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာမှာ ဌာနချုပ် ရှိတာပါ။ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှုးမြို့နယ်တွေမှာ အဓိကလှုပ်ရှားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်လန်၊ သိန်နီ၊ ကွတ်ခိုင်၊ မူဆယ်၊ တန့်ယန်း စတဲ့မြို့နယ်တွေမှာ အဓိလှုပ်ရှားတာဖြစ်ပါတယ်။ အစိုးရနဲ့ ဆက်ဆံရေးအတွက် လားရှိုးအပါအဝင် မြို့နယ်အချို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပါတယ်။ စစ်အင်အား တစ်သောင်း ကျော်ရှိတဲ့ SSPP အနေနဲ့ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် NCA မှာတော့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။ https://www.rfa.org/burmese/news/sspp-will-do-to-secure-kbz-in-north shan-06282020055727.html

***************

၇။        တိုင်းရင်းသူများ မုဒိန်းမှုကို စစ်လက်နက်အဖြစ် အသုံးပြုခံနေရဟု WLB ပြော

June 29, 2020

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိပြီး တိုင်းရင်းသူ အမျိုးသမီးများမှာ မုဒိန်းမှုကို ညှဉ်းပမ်းနှိပ်စက်မှု ပုံစံတစ်ခုအဖြစ် စစ်လက်နက်သဖွယ် အသုံးပြုခံ နေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)  ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ညှင်းပမ်းနှိပ်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့၏ အွန်လိုင်း စကားဝိုင်းတွင် အမျိုးသမီးများအဖွဲ့ချုပ်- မြန်မာနိုင်ငံ (WLB) တွဲဖက် အထွေထွေအတွင်းရေးမှူး ၂ လွေးပိုးငယ် က  ပြောဆို လိုက်ခြင်းဖြစ်သည်။“ဒီ မုဒိန်းမှုနဲ့ ပတ်သက်ပြီးတော့မှ တိုင်းရင်းသား ဒေသ မှာ ဆိုလို့ရှိရင် ဘာကြောင့် ကျမက စစ်ပွဲရဲ့ လက်နက်တစ်ခု အဖြစ်အသုံးပြုတယ်လို့ ပြောသလဲဆိုရင် အမျိုးသမီး အများစုသည် လက်နက်ကိုင်ပြီးမှ  တော်လှန်တာ တော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေ ဒီတိုက်ပွဲ ဖြစ်နေတဲ့ ကာလအတွင်းမှာ မုဒိန်းမှုတွေ အကျင့်ခံရတယ်။ အုပ်စုလိုက် မုဒိန်းကျင့်ခြင်းတွေကိုလည်း ခံရတယ်။”ထို့အပြင် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများကိုလည်း အမျိုးသမီး များအနေဖြင့် ခံနေရသည်ဟု လွေးပိုးငယ်က ဆက်ပြောသည်။ ယခုကဲ့သို့ အမျိုးသမီးများ ညှင်းပမ်းနှိပ်စက်ခံနေရသည့် ဖြစ်ရပ်သည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့် တိုင်းရင်းသားဒေသများတွင် အများဆုံးဖြစ်ပြီး အမျိုးသမီးများအပြင် အခြား သောဒေသခံများမှာလည်း လူအခွင့်အရေးချိုးဖောက်ခံရမှုနှင့်မတူကွဲပြားသည့် ညှင်းပမ်းနှိပ်စက်မှုအမျိုးမျိုးကို ခံနေရသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်များသည် ယခင် အုပ်ချုပ်သူ အစိုးရအဆက်ဆက်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် ဆက်လက်ဖြစ်ပွားနေ သည်ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ND-Burma မှ ကိုအောင်ဇော်ဦးက အဆိုပါ အွန်လိုင်းစကားဝိုင်းတွင် ပြောဆိုခဲ့ သည်။ ကိုအောင်ဇော်ဦးက “ညှင်းပမ်းနှိပ်စက်မှုတွေက အဓိက ပြည်သူတွေကို ဦးတည်ပြီးတော့ ဖြစ်တာ။  ခံရတဲ့လူ အများ ဆုံးကလည်း ပြည်သူတွေ အဓိက ဘယ်နေရာတွေမှာအဖြစ်များလဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားဒေသတောင်မှ စစ်ဖြစ်တဲ့ တိုင်းရင်းသား ဒေသတွေမှာ များပါတယ်။ အဲဒါကို တွေ့နေရတယ်။ နဂိုတုန်းက ကရင်မှာ ဖြစ်တယ်။ ကရင်က ငြိမ်းချမ်းရေး ယူတော့ ကရင်မှာ လျော့လာတယ်။ နောက်ကချင်မှာ ဖြစ်တယ်။ ကချင်က ငြိမ်းချမ်းရေးယူတော့ လျော့လာတယ်။ နောက်တိုက်ပွဲတွေ ထပ်ဖြစ်တယ် ထပ်ဖြစ်လာတယ်။ အခုနောက်ပိုင်း အဖြစ်များဆုံး က ရှမ်းမြောက် နှင့် ရခိုင် အခုနောက်ပိုင်းမှာ ရခိုင်မှာ ပိုများလာတယ်။” ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ ညှင်းပမ်းနှိပ်ခံရသူများကို ကူညီထောက် ပံ့ရေးနေ့တွင် လူ့မှုအသင်းအဖွဲ့များဖြစ်သည့် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ၊ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် မြန်မာနိုင်ငံ ND-Burma၊ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောင်ရေးအသင်း AAPP ၊ ဝိမုတ္တိအမျိုးသမီး အဖွဲ့အစည်း VWO နှင့် အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ AJAR တို့က ပူးတွဲ သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်ခံရသူ များကို ကူညီထောက်ပံ့ရေးနေ့တွင် လူမှုအဖွဲ့အစည်း ၅ ဖွဲ့က တိုင်းရင်းသားဒေသတွင် တိုးချဲ့ထားသော တပ်မတော်၏ တပ်ရင်းများကို ရပ်တန့်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရန်၊ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှု ညှဉ်းပန်းနှိမ့်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာ အပြစ်ပေး အရေး ယူဆောင်ရွက် ပေးရန် အစိုးရအား တောင်းဆိုထားသည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ် UNCAT အား လက်မှတ်ရေးထိုး အတည်ပြုရန်နှင့် ဥပဒေအဖြစ် ပြဌာန်းဆောင်ရွက်ရန်၊ ညှဉ်းပမ်းနှိပ်စက်မှု ကျူးလွန်ခံရသူ များနှင့် အခြားနည်းဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် အစိုးရအနေဖြင့် ပြန်လည်ကုစားရေးနှင့် ပြန်လည်ထူ ထောင်ရေး အစီအစဉ်များကို ရေးဆွဲအကောင်အထည်ဖော်ရန် စသည့်အချက်များအပါအဝင် အချက် ၈ ချက်ကို လူမှုအ သင်း အဖွဲ့အစည်း ၅ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ဖြင့် အစိုးရအား တောင်းဆိုထားသည်။ https://www.bnionline.net/mm/

*************

၈။        ရသေ့တောင်က တပ်မိသားစုဝင် လူငယ် ၃ ဦးကို AA ဖမ်းဆီးထား

June 26, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက တပ်မတော် မိသားစုဝင် လူငယ် ၃ ဦးကို ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း က ရက္ခိုင့်စစ်တပ် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးသွားသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးနှင့်ပတ်သက်ပြီး တပ်မတော်စစ်ကြောင်းများက လိုက်လံပြီး ရှာဖွေနေကြောင်းလည်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

ဗိုလ်ချုပ် ထွန်းထွန်းညီက “ဖမ်းသွား တဲ့ တပ်မိသားစုဝင် ၃ ဦးကို အဲဒီကတည်းက ကျနော်တို့ တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် လိုက်လံပြီး ရှာဖွေနေတာရှိတယ်။ နောက်ဆက်တွဲ အခြေအနေ ကိုတော့မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်စစ်ကြောင်းမှ အသုံးပြုသော အစ္စရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark l-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်ငယ် ၁ စီးအား ဇွန်လ ၂၄ ရက် နေ့ သိမ်းဆည်း ရမိခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအပြင် ထိုမောင်းသူမဲ့ ကင်းထောက် လေယာဉ်အားလာရောက်ရှာဖွေသူ ရသေ့တောင် အခြေစိုက် ခမရ ( ၅၃၆ ) တပ်ရင်းမှ တပ်မိသားစုဝင် လူငယ် ၃ ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း AA ထုတ် ပြန်ချက်တွင် ရေးသားထားသည်။ ရသေ့တောင် အခြေစိုက် ခမရ ( ၅၃၆ ) တပ်ရင်းမှ ဖမ်းဆီးရမိသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးမှာ တပ်ကြပ်ကြီး အေးကျော် ၏သား အသက် ၂၄ နှစ်အရွယ် မောင်ကျော်သူရ၊ တပ်ကြပ် လှရွှေ၏သား အသက် ၂၃ နှစ်အရွယ် မောင်နေဆန်းဦး၊ တပ်ကြပ်ကြီး စံသိန်း ၏သား အသက် ၂၀ အရွယ် မောင်မျိုးဟိန်းစံ တို့ဖြစ်ကြောင်း AA ထုတ်ပြန် ချက်တွင် ဓါတ်ပုံနှင့်တကွ ဖော်ပြ ထားသည်။

အဆိုပါ ဖမ်းဆီးထားသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးကို ပြန်လွတ်၊ မလွတ်ဆို သည်ကို AA အနေဖြင့် ထုတ်ပြန်ထားခြင်း မရှိသော်လည်း တိုက်ပွဲအတွင်းက ဖမ်းဆီးသွားသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများကိုတော့ AA တပ်ဖွဲ့ဝင်များက ပြန်လွတ် ပေးလေ့ရှိသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းက ပြားချောင်းကြီး တံတားအနီးတွင် တပ်မတော်နှင့် AA အဖွဲ့တို့ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးရှိ ရွှေပါရမီကျောင်း စစ်ရှောင်စခန်းအနီးသို့ လက်နက် ကြီးကျရောက်ပေါက်ကွဲသည့်အတွက် စစ်ရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံနေသူ အသက် ၅၆ နှစ်အရွယ် ဦးမောင်အေးညွန့် မှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။ https://burma.irrawaddy.com/news/2020/06/26/225338.html

*************

၉။        ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို UNA အဖွဲ့ဝင်အဖြစ်လက်ခံ

June 27, 2020

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ United Nationalities Democracy Party –UNDP ကို စည်းလုံး ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုထားကြောင်း ဇွန်လ ၂၆ ရက်နေ့စွဲဖြင့် စာ ပေး ပို့ခဲ့သည်ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်ထံမှ သိရသည်။“ဒီနေ့ကတော့ အစည်းအဝေးတက်ရောက်လာ တဲ့ အဖွဲ့ဝင်အကုန်လုံးကတော့ UNDP ဝင်တာကို သူတို့ထောက်ခံတယ်လေ အတည်ပြုတယ် အဲတာကြောင့်မို့ ကျွန်တော်တို့ ကတော့ အတည်ပြုကြောင့်အနေဖြင့် ဒီနေ့ကြေညာပေးလိုက်တာ ဖြစ်ပါတယ်၊ ဝင်ဖို့လျှောက်ထားတာက ၆ လရှိပြီ၊ ”ဟု ဦးမျိုးကျော် ကပြောသည်။ UNA အနေဖြင့် မိမိတို့၏ မူကိုလက်ခံ သဘောကျသည့် မည်သည့်တိုင်းရင်းသားမဆို အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်း လက်ခံပါက အတည်ပြုပေးရသည်ဟု ဦးမျိုးကျော်က ပြောသည်။

ထို့အတူ UNA အနေဖြင့် အခြားအဖွဲ့အစည်းများနှင့်လည်း မိတ်ဖက်ဖြစ်ပြီး မိမိတို့၏ ရည်ရွယ်ချက်တူညီသောကြောင့် ဝင်ခွင့် လျှောက်ခဲ့သည်ဟု UNDP အထွေထွေအတွင်းရေးမှူး နော်အုန်းလှက ပြောသည်။ နော်အုန်းလှက “ကျွန်မတို့က နဂိုက တည်းက UNDP က တခြားအဖွဲ့အစည်းမှာလည်း မိတ်ဖက်ဖြစ်တယ် UNA က ဟိုအရင်ကတည်းကလည်း အတူတူလုပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အခါကျတော့လည်း ကျွန်မတို့ ပါတီထောင်တဲ့အခါကျတော့ UNA ရဲ့ မူတွေနဲ့ ကျွန်မတို့ရဲ့ မူတွေက တူတူဖြစ်တဲ့အတွက် ကျွန်မတို့ ဒီမိုကရက်တစ်အင်အားစုကို တူတူဆောင်ရွက်မယ်ဆိုပြီး ကျွန်မတို့ လျှောက်ခဲ့ခြင်းဖြစ်တယ် အဲတာကြောင့်မို့လည်း သူတို့လက်ခံတာ ရရှိခဲ့တာပေါ့နော့”ဟု ပြောသည်။ UNDP ပါတီအနေဖြင့် အဖွဲ့ဝင်ဖြစ်လာသည့် အတွက် UNA ၏ တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲဝင်ရောက်စရာမလိုဘဲ ပြည်မရှိ ပါတီအချို့နှင့် ညှိနှိုင်းဆောင် ရွက်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု UNDP အထွေထွေအတွင်းရေးမှူး နော်အုန်းလှက ပြောသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသား ကွန်ဂ ရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ မြို အမျိုးသား ဒီမို ကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ် ရေးပါတီနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီအပြင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၇၀ ခန့်ရှိသည်။ http://burmese.monne ws.org/2020/06/27/%e1%80%8a%e1%80%ae%e1%80%8a%e1%80%bd%e1%

*************

၁၀။      ဖားကန့်လုပ်ကွက်များ ဇူလိုင် ၁ ရက်မှ သုံးလ ပိတ်သိမ်းရန်နှင့် ခိုးကျင်း မတူးဖော်ရန် အပါအဝင် အချက် ၁၀ ချက် ညွှန်ကြား ထား

June 28, 2020

ဖားကန့်လုပ်ကွက်များ ဇူလိုင် ၁ ရက်မှ သုံးလ ပိတ်သိမ်းရန်နှင့် ခိုးကျင်း မတူးဖော်ရန် အပါအဝင် အချက် ၁၀ ချက် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအခြေ အနေအရ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုမှုကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် နေသဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီက တင်ပြချက်အရ သုံးလအတွင်း  လုပ်ငန်းများ လုံးဝရပ်နားထားရန်၊ အန္တရာယ်ကြိုတင်ကာကွယ်မှု အစီအမံ ဆောင်ရွက်ထား ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ ဇွန်လ ၂၆ ရက် ဆွေးနွေးဆုံးဖြတ်ချက်အရ ကျောက်မျက် တူးဖော်ခြင်း လုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီများသည် လုပ်ငန်းရပ်နားစဉ် ကာလအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် အချက် ၁၀ ချက်ကိုလည်း လိုက်နာရန် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်များ တွင် (က) လုပ်ငန်းရပ်နားစဉ် ခေါင်း ပေါင်းမြေစာ (အပေါ်ယံမြေလွှာ) ဖယ်ရှားခြင်း၊ ကျောက်စိမ်းရိုင်းပါ မြေစာပုံတွင် ကျောက်ရှာခြင်း၊ ရေပန်းထိုးရှာခြင်းများ မပြု လုပ်ရန်၊ (ခ) ကျောက်စိမ်းရိုင်းပါ မြေစာပုံအား ရှာဖွေခြင်းလုပ်ငန်း မပြီးသေးပါက ခိုင်ခံသော ခြံစည်းရိုးများဖြင့် လုံခြုံစွာထား ရန်၊ (ဂ) ယာယီရပ်နားခြင်းမပြုမီ ကျောက်စိမ်းရိုင်းတုံးများကို တန်ဖိုးဖြတ် ရတာခွန်ဆောင်၍ နေပြည်တော်သို့ သယ်ဆောင် ထိန်းသိမ်းရန်၊ ဆောင်ရွက်လိုသည့် ကျောက်စိမ်းရိုင်း၊ အရေအတွက် အလေးချိန် (ခန့်မှန်း) ကို လုံးခင်း-ဖားကန့် တူးဖော်ရေး ဌာနသို့ ကြိုတင်ပေးပို့တင်ပြရန် (ဃ) စက်ယန္တရားများ ကုမ္ပဏီဝင်းအတွင်း ထားရန်၊ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနသို့ ဇူလိုင် ၁ ရက်နေ့ မတိုင်မီ စာရင်းပေးပို့ရန် (င) ယန္တရားပြင်ဆင်ရေး ကုမ္ပဏီဝင်းအတွင်း လုပ်ဆောင်ရန် (စ) စက်ယန္တရားများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် (ဆ) ယမ်းနှင့် ဆက်စပ်ပစ္စည်းများ လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းဆည်းရန် (ဇ)လုံခြုံရေးဝန်ထမ်း အင်အားစာရင်းကို ဇူလိုင် ၁ ရက်မတိုင်မီ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနသို့ ပေးပို့ရန် (ဈ) လုံခြုံရေး ချိုးဖောက်ခံရမှု၊ ထူးခြားဖြစ်စဉ် ရှိလာပါက သတင်းပို့နိုင်ရေးအတွက် သတင်းပို့စနစ်များ တင်ပြရန် (ည) သက်တမ်းကုန် လုပ်ကွက်များကို တရားမဝင် ဝင်ရောက်တူး ဖော်ခြင်း မပြုရန် (ခိုးကျင်း မတူးကြရန်) စသည့် အချက် ၁၀ ချက်ကို တိကျစွာ လိုက်နာရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “ ထုတ်ပြန်ချက်တော့ လွှတ်တော်ကနေ ညှိနှိုင်းစည်းဝေးပြီး ရပ်နားဖို့ ဆုံးဖြတ်တာပေါ့။ မြေပြိုဘေး၊ ရေကန်တွေပေါက်ကြတဲ့ဘေးတွေ ရှိတာကြောင့် လူတွေသေလို့ပေါ့။ ဒါပေမယ့် အခု လူသေမှုဖြစ်စဉ်တွေက ခိုးကျင်းတူးတဲ့ အခြေအနေမှာ ဖြစ်နေကြတာ။ တရားဝင်လုပ်ငန်းခွင့်မှာတွေ မဟုတ်ကြဘူး။ ဒီဘေး အန္တရယ်ဖြစ်စဉ်တွေက ရှိနိုင်သေးတယ်။ တချို့ခိုးကျင်းတွေကြတော့ စက်ယန္တရား ကြီးကြီးမားမားတွေ သုံးတော့ ဒါတွေကို တားမြစ်ချင်တဲ့ သဘောတွေကြောင့် ထုတ်ပြန်ချက်ထုတ်တာလို့ ထင်ပါတယ်။ ဒီမှာက ခိုးကျင်းကိစ္စတွေကလည်း ပလူပျံနေ တာကို”ဟု ဆိုသည်။

လက်ရှိတွင် အကျိုးတူလုပ်ကွက် လေးခု၊ ပုဂ္ဂလိက လုပ်ကွက်  ၆၃၆ ကွက်ရှိပြီး အများစုမှာ ခိုးတူးနေကြခြင်း ဖြစ်ကြောင်းသိ ရသည်။ ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်း လုပ်ကွက်များတွင် တရားမဝင် တနိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်း တူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်းစသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး မြေပြိုမှုကြောင့် လစဉ် မြေပြိုသေဆုံးမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။  ၂၀၁၉ ခုနှစ် မိုးတွင်းကာလတွင် ကျင်းဟောင်းနွံကန်များ ပေါက်ကျမှုကြောင်း လူပေါင်း ဆယ်ချီ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက  ဇွန်လ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ရပ်နားကြရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ https://news-eleven. com/article/180367

*************

၁၁။      ဖာပွန်ဒေသတွင် ဖျက်ဆီးခံရသည့် KNU ၏ Covid စစ်ဆေးရေးဂိတ်နေရာတွင် အသစ်ပြန်ဆောက်ပြီး ထပ်ဖွင့်

June 27, 2020

KNU –ကရင်အမျိုးသားအစည်းအရုံး၏ မူတြော် (ဖာပွန်)ခရိုင် (တပ်မဟာ ၅) ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေး ရွာအုပ်စုရှိ ဝါသိုး ခိုကျေးရွာတွင် တပ်မတော်မှ ဖျက်ဆီးလိုက်သည့် Covid-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်နေရာ တွင် KNU ဘက်က တစ်ဖန်ဂိတ်ပြန်ဆောက်၍ ဇွန်လ ၂၅ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဖာပွန်-ကမမောင်း ကြားရှိ ဝါသိုးခိုကျေးရွာ၌ Covid -19 ရောဂါ ကာကွယ်ရေးအတွက် KNU မူတြော် ခရိုင်မှ ဖွင့်လှစ်ထား သည့် Screening Point (ကျန်းမာရေးစစ်ဆေးရေးဂိတ်)ကို ပြီးခဲ့သည့် မေလက တပ်မတော်ဘက်မှ မီးရှှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ယခု နှစ်ဖက်နားလည်မှုအရ ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ က ပြောသည်။ သို့သော် အဆိုပါ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၅ရက်နေ့ တစ်ရက်သာ ပြန်လည်ဖွင့်ရပြီး တပ်မတော်ဘက်မှ လမ်းကြောင်းရှိ သည်ဟု လာရောက်အသိပေးလာသည့်အတွက် ဇွန်လ ၂၆ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ယာယီပိတ်လိုက် ရသည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ဖာပွန်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဂိတ်ကို ကရင်ကျန်မာရေးနှင့် ကယ်ဆယ်ရေးဌာန- KDHW နှင့် BPHWT တို့ ပူးပေါင်းပြီး ကျန်းမာရေး စစ်ရေးလုပ်ငန်း များဆောင်ရွက်ကာ ဝင်ထွက်သွားလာနေသည့် ဒေသခံလူထုများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) တပ်ခိုင်းခြင်း၊ Covid-19 ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှောင်ရန် ၊ ဆောင်ရန်များအတွက် ကရင်ဘာသာစကား ဖြင့် ရှင်းပြပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရ သည်။

ဝါသိုးခိုကျေးရွာနှင့် ဖားလို့လမ်းခွရှိ KNU၏ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှစ်ခုကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့ တွင် တပ်မတော်က မီးရှှို့ဖျက်ဆီးခဲ့သည့်အတွက် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့ဝင်များ နှင့် တပ်မတော်တို့ကြား နှစ်ဖက်တင်းမာမှုဖြစ်ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှု များကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သလို ရာနှင့်ချီသည့် ဒေသခံရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ http://kicnews.org/2020/06/%e1%80%96%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80

**************

၁၂။      စစ်တပ်ကနေတောင်သူတွေကို ပစ်ဒဏ်ထပ်မံချမှတ်ဖို့  ပြင်ဆင်ချက်တက်တဲ့အပေါ် ဖြေလျော့ပေးဖို့ တောင်သူများ                            တောင်းဆို

June 28, 2020

စစ်တပ်ကနေ တောင်သူတွေအပေါ် ပစ်ဒဏ်ထပ်မံချမှတ်ပေးဖို့ ကယားပြည်နယ် တရားလွှတ်တော်ရုံးသို့ ပြင်ဆင်ချက တက် တဲ့အပေါ်မှာ ပြန်လည်ဖြေလျော့ပေးဖို့ စဉ်းစားပေးစေချင်တယ်လို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။ ကရင်နီပြည် တောင်သူလယ်သမားသမ္မဂမှ ကိုဒီးဒီက “အထူးသဖြင့် ခုချိန်မှာ စိုက်ပျိုးရာသီဖြစ်နေတယ်ပေါ့နော ကိုယ့်စားဝတ်နေရေး အတွက်လုံးပန်းနေရတဲ့အချိန်မှာ ဒီလိုစိတ်ဒုက္ခ ကိုယ်ဒုက္ခရောက်စေတဲ့အရာကို ထပ်လုပ်တယ်ဆိုတာက လုံးဝမတရားဘူး လို့ပဲ ကျတော်ပြောချင်တာပေါ့နော။ တောင်သူတွေဖက်ကတော့ ခံရမယ့်ဖက်ကပဲပေါ့နော ဆိုတော့ အစိုးရကော တပ်မတော် ဖက်ကကောပေါ့နော ဒါတွေကို ပြန်လည်ပြီးတော့မှ စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။

အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ လွိုင်ကော်မြို့နယ် ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲမှ တောင်သူ      (၁၉) ဦးနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် (၃) ဦးကို တရားစွဲဆိုထားတဲ့အမှုကို ပြီးခဲ့တဲ့ မတ်လအတွင်းက လွိုင်ကော်မြို့နယ်တရားရုံးက ဒဏ်ငွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မြို့နယ် တရားရုံးကနေ တောင်သူတွေကို ပစ်ဒဏ်ချမှတ်တာနည်းလို့ဆိုပြီး စစ်တပ်ကမကျေနပ်တဲ့အတွက် ပြည်နယ်တရားလွှတ်တော်ရုံးကို ပြင်ဆင် ချက်တက်ပြီး ပစ်ဒဏ်ထပ်တိုးပေးဖို့ ဇွန်လ ၂၅ ရက်နေ့မှာ ပြည်နယ် တရားလွှတ်တော်ရုံးကနေ တောင်သူတွေကို လက်မှတ် လာရောက်ရေးထိုးဖို့ ခေါ်ခဲ့ကြပါတယ်။

တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁) အမှု အတွက် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၂ သောင်း ချမှတ်ခဲ့ပြီး၊ ပုဒ်မ ၄၄၇ အတွက် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်နဲ့ ကျန်ပုဒ်မ အမှုအတွက် ငွေဒဏ်ကျပ် ၂ သောင်း ပေးဆောင်ဖို့ ချမှတ်ခဲ့ပြီး တောင်သူတွေက ဒဏ်ငွေ ပေးဆောင်ခဲ့ပြီး အမှုပြီးမြောက်သွားခဲ့တာဖြစ်ပါတယ်။ တရားစွဲဆိုခံရတဲ့ ၂၂ ဦးထဲမှာ တောင်သူအရေးလိုက်ပါ ဆောင်ရွက်ခဲ့ ပြီး တရားစွဲဆိုခံရတဲ့ထဲပါတဲ့ ကရင်နီပြည်တောင်သူလယ်သမားသမ္မဂမှ ဘွဲမှူးက ပြင်ဆင်မှုတက်တာ တရားမျှတမှုမရှိဘဲ မတရားဖိနှိပ်တယ်လို့ ဆိုပါတယ်။ အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ အရာရှိတွေက အဲဒီ အမှုကိုပြင်ဆင်မှု တက်ရောက်တာနဲ့ပတ်သက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးခင်မောင်ဝင်းကို ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ် မေးမြန်ရာမှာတော့ ၎င်းအနေနဲ့မသိကြောင်း လွိုင်ကော်မှတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီးမေးရန်သာ ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပြန်သော်လည်း သက်ဆိုင်ရာ တပ်ရင်း နှင့်သာဆိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။ သိမ်းယူမြေထဲက ပိုနေတဲ့မြေပေါ်မှာ ဒေသခံတွေ နှစ်စဉ်ထွန်ယက်စိုက်ပျိုးရာမှ ပြီးခဲ့ တဲ့ ၂၀၁၉ ခုနှစ်မှာတော့ တောင်ယာမြေပေါ်မှာ တပ်ကဆက်ပြီးလုပ်ကိုင်ခွင့်မပေးနိုင်တော့ဘူးဆိုပြီး သိမ်းဆည်းထားတဲ့ တောင်ယာမြေပေါ်မှာ အမှတ်အသားမှတ်တိုင်စိုက်ကာ ခြံစည်းရိုးတံတိုင်းပြုလုပ်လာခဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ကြပြီး တပ်မှတောင်သူအရေးလိုက်ပါဆောင်ရွက်သူ သုံးဦးအပါအဝင် တောင်သူ ၁၉ ဦး ကို တရားစွဲဆိုခဲ့ တာပဲ ဖြစ်ပါတယ်။ https://www.bnionline.net/mm/news-73864

**************

၁၃။      ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော

June 27, 2020

နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ် စေရန် အာမခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။ ရန်ကုန်မြို့ ၌ ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံရေးပါတီ များအား ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ် တည်းကျမကျ ဆရာတို့သိပြီးသား။ ကျနော်မပြောဘူး။ ဒီနှစ်မှာ ကျနော်ကိုယ်တိုင် အာမခံတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူ့တွေရဲ့တကယ့်ဆန္ဒနဲ့ ကျနော်တို့မှတ်ကျောက်တင်တာနဲ့တကယ့်ကိုတထပ်တည်းကျရမယ်”ဟု၎င်းကပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှုရှိစေခြင်း၊ ပြည်သူ့ ဆန္ဒ နှင့် ရွေးကောက်ပွဲ ရလဒ်တထပ်တည်း ကျစေခြင်းဆိုသည့် စံနှုန်း ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဟုလည်း ၎င်းက ပြောဆို သည်။ ဆက်လက်၍ ဦးလှသိန်းက “အမှားအယွင်းမပါစေရဘူး။ ဘက်လိုက်မှု မပါစေရဘူး။ ကျနော်တို့ ဒီစံ ၅ ချက်နဲ့ ကိုက်ညီအောင်လုပ်မယ်ဆိုရင် ဆရာတို့ ကျနော်တို့အပေါ်မှာ ကျေနပ်သင့်ပါတယ်။ ကျနော်တို့ ဒီ ၅ ချက်ကို အာမခံပြီးလုပ် မှာပါ”ဟု ပြောကြားသည်။ လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီ ရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှအထိ နိုင်ငံရေးပါတီများ များပြားနေရသည်ကို နိုင်ငံရေးပါတီများက ပြန်လည်သုံးသပ်သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းပြောဆို သည်။ နိုင်ငံရေး အယူအဆအမျိုးမျိုးဖြင့် ကွဲပြားစွာဆောင်ရွက်နေပါက အဆင်ပြေမည် မဟုတ်ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်မှုများသည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလနှင့် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလက လုပ်ဆောင်ခဲ့သော ယခင်ကော်မရှင်၏ လုပ်ဆောင်မှုများထက် နောက်ကျမှုမရှိသေးကြောင်း ဦးလှသိန်းက ပြောဆိုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ကော်မရှင် ဥက္ကဋ္ဌ၏ အဖွင့် ပြောစကားသည် အားရကျေနပ်ဖွယ်မရှိကြောင်း ဧရာဝတီသို့ ပြောသည်။“ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြားမှာ ယုံကြည်မှုအားနည်းနေတဲ့အပေါ်မှာ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ပြီး ရှေ့ကို Working Plan ဘယ်လိုသွားမလဲ စဉ်းစားနေတာပေါ့။ ဒါပေမယ့် ကြားလိုက်ရတာက ခင်ဗျားတို့က ကျုပ်ကို မယုံဘူးပြောတယ်။ ကျုပ်ကို ယုံရမယ်။ ကျုပ်က မှန်မှန်ကန်ကန်လုပ်နေတာ။ ရှေ့ကော်မရှင်တုန်းက ဘယ်လို မဟုတ်တာတွေလုပ်ခဲ့တာ ဒါတွေပြောနေတယ်။ အမှန်တော့ ဒါတွေမလိုဘူးလေ”ဟု ၎င်းက ဆိုသည်။ နိုင်ငံရေးကိစ္စဆောင်ရွက်ပါက အဝေဖန်ခံရတတ်ပြီး ဝေဖန်ခံရမှုကို လက်မခံဘဲ နိုင်ငံရေးပါတီများအား အပြစ်ပြောနေခြင်းသည် သဘာဝမကျဟုလည်း ဒေါက်တာနန္ဒာလှမြင့်က မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကမူ လက်ရှိရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော ယခင် ရွေးကောက်ပွဲကော်မရှင်ထက် အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် နည်းပါး သည်ကို တွေ့ရကြောင်းဆိုသည်။ UEC ၏ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲမှတ်ပုံ တင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားသော နိုင်ငံရေးပါတီ ၃ ပါတီ ရှိသည်။ https://burma.irrawaddy.com /news/2020/06/27/225410.html

**************

၁၄။      အစိုးရသင်ရိုးညွန်းတမ်းတွင် ကချင်လူမျိုးများ၏အခေါ်ဝေါ်မှားယွင်းနေမှုကို ပြင်ဆင်ပေးရန် တောင်းဆိုသွားမည်

June 26, 2020

အစိုးရအခြေခံပညာရေး သတ္တမတန်း ပထဝီဘာသာရပ်သင်ရိုးညွှန်းတမ်းအသစ်တွင် ကချင်မျိုးနွယ်စုဝင်များ၏ အမည်နာမ ကို မှားယွင်းဖော်ပြထားမှုကို အမှားပြင်ဆင်ပေးရန်အတွက် ကချင်မျိုးနွယ်စုဝင်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့များက တောင်းဆိုသွားမည်ဟု သိရသည်။“ဒီပတ်အတွင်း စာတင်သွားမှာဖြစ်တယ်။ မျိုးနွယ်စုဝင်အားလုံးပေါင်းပြီးတော့တင်မလား၊ ဒါမှမဟုတ် မျိုးနွယ်စုဝင်တစ်ခုစီဘဲ တင်မလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။” လော်ဝေါ်စာပေယဉ်ကျေးမူ ဗဟို ကော်မတီမှ ဦးဒေါင်ဟောင်းက ပြောသည်။

“ကျနော်တို့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အဖွဲ့မှာတော့ ကချင် ၆ မျိုးနဲ့ ရှမ်း ၅ မျိုးပါတယ်။ အဓိကတော့ တစ်နိုင်ငံလုံး သုံးမယ့် ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းရေးဆွဲတော့ မပါဘူး။ ကျနော်တို့က ဒေသ သင်ရိုးညွှန်းတမ်းရေးဆွဲရတာပါ။ ခု ဒီလို သင်ရိုးညွှန်းတမ်းမှာ အမှားတွေထည့်သွင်းရေးဆွဲတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမျာ အားလုံးကလည်း ကချင်ရိုးရာယဉ်ကျေးမူ ဗဟိုကိုဘဲပြေးမြင်ကြတယ်။ မျိုးနွယ်စုဝင်တိုင်းမှာစာပေယဉ်ကျေးမူဆိုပြီးတော့ သပ်သပ်စီ ခွဲထားတာ တော့ မဟုတ်ဘူး။ စာပေနဲ့ပတ်သက်လာရင် မျိုးနွယ်စုဝင်အသီးသီး စာပေယဉ်ကျေးမူအဖွဲ့မှ လိုအပ်သလို ယာယီကော်မတီ ဖွဲ့ပြီး ဖြေရှင်းကြတာဖြစ်တယ်။ ခုလည်း အခြေခံပညာစာသင်ကျောင်းမှာ သင်ရိုးညွှန်းတမ်းရေးဆွဲဖို့ မျိုးနွယ်စုဝင်များ ကိုယ် စားတစ်မျိုးနွယ်က တစ်ဦးစီပါဝင်ပြီး သင်ရိုးညွှန်တမ်းရေးဆွဲတဲ့ထဲမှာပါဝင်ရတာဖြစ်တယ်။” ဟု လော်ဝေါ်စာပေယဉ် ကျေးမူ ဗဟိုကော်မတီမှ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းတာ သုံးရန်တွက် ကချင်မျိုးနွယ်စုဝင်များ၏ အမည်နာမထည့်သွင်း ရေးဆွဲ ထားသည့် သတ္တမတန်း သင်ရိုးညွှန်းတမ်းတွက်မူ ၎င်းတို့စာပေအဖွဲ့အား ညှိနှိုင်းဆောင်ရွက်မူ တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ကချင်လူမျိုးများ၏ ခေါင်းစဉ်အောက်တွင်ပါဝင်သော မျိုးနွယ်စုအမည်များ စာလုံးပေါင်းသတ်ပုံ မှားယွင်းမှုနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် လာရောက်တိုင်ပင် အတည်ပြုချက်ရယူခြင်းမရှိခဲ့သည့် အတွက် ၎င်းတို့တွင် တာဝန်မရှိကြောင်း မြန်မာနိုင်ငံကချင်လူမျိုးများယဉ်ကျေးမှု ဗဟို (WHG) ကလည်း ဇွန်လ ၂၄ ရက်နေ့ တွင် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။“သတ္တမတန်းရဲ့ ပထဝီဘာသာရပ်ရဲ့ ကချင်လူမျိုးဆိုတဲ့ ခေါင်းစဉ် အောက်မှာ မျိုးနွယ် ၁၂ မျိုးနဲ့ဖော်ပြထားတာတွေ့ပါတယ်။ စာလုံးသတ်ပုံမှားတယ် ရေးသားထားမှုတွေ အမည်နာမခေါ်ဆိုမူ တွေအားလုံးမှားနေတယ်။ ဒါပေမယ့် လူမူကွန်ယက်တွေမျာတော့ (WHG) မှာတာဝန်ရှိတယ်ဆိုပြီး ပြောဆိုတာတွေတွေ့ရ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သင်ရိုးညွှန်တမ်းဆွဲတဲ့ဟာတွေအားလုံးက ကျနော်တို့ (WHG) နဲ့ မသက်ဆိုင်ဘူးလို့ပြောချင်ပါ တယ်။” ဟု WHG ဥက္ကဌ အသစ်ဆရာကြီး ဦးလနူးက ပြောသည်။

၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထောင်စု တရားရေးဝန်ကြီးဌာနက ကချင်လူမျိုးများဟူသည့် ခေါင်းစဉ် အောက်တွင် ဂျိန်းဖေါ့(Jinghpaw)၊ အဇီး(Atsi)၊ လရှီ(Lashi)၊ မရူ(Maru)၊ ယောရင်(Lisaw)၊ နုံ(ခနုံ-ရဝမ်) Nung (Hkanung-Rawang) စသည့် အမည်နာမအား တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော်၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-7 သင်ရိုးညွှန်းတမ်းတွင် ကချင်မျိုးနွယ်စုများကို တဂုံ၊ ဒလောင်၊ ဂေါရီ၊ ခခူး၊ ဒုရင်း၊ အကီး စသဖြင့် လွဲမှားစွာ ဖော်ပြ ထားသည်။

“ဒီသတ္တမတန်းသင်ရိုးမှာ တိုင်းရင်းသာတွေရဲ့အကြောင်းအရာတွေကို ဖော်ပြပေးတာ တိုင်းရင်းသားတွေရဲ့တည်ရှိမူနဲ့ သူတို့ အကြောင်းအရာတွေကို ငယ်ငယ်ကတည်းကနေ ကျောင်းသူ/သားတွေကို သိစေချင်လို့ ဖော်ပြချင်လို့ အဲရည်ရွယ်ချက်နဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်ဆိုတာတော့ ကျမတို့လက်ခံပါတယ်။ ဒီမှာရေးထားတဲ့အသုံးနူန်းကို ကြည့်မယ် ဆိုရင်တော့ မှားယွင်းမူများကြီးတွေ့ရပါတယ်။ NLD အစိုးရလက်ထက်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ် သော တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင်လည်း ယခုမှားယွင်းမှုကို အဓိကကူညီဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက် ပြောသည်။ လက်ရှိဝေဖန်မှုများပြားနေသော သတ္တမတန်း ပထဝီဘာသာရပ်တွင် ကချင်လူမျိုးများ၏ အခေါ်အဝေါ် မှားယွင်း စွာဖော်ပြ ထားမှုနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ တုံ့ပြန်လာခြင်းမရှိပါက မြန်မာနိုင်ငံ ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမူဗဟို (WHG) မှလည်း အမှားပြင်ဆင်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ စာဆက်တင် သွားမည်ဖြစ်ကြောင်း (WHG) ဥပဒေအကြံပေးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။ https://burmese.kachinnews  .com/2020/06/26/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1

*************

၁၅။      ပလက်ဝမြို့မှ တခြားမြို့သို့ ဆက်သွယ်သော လမ်းကြောင်းများစပွင့်

June 28, 2020

ပလက်ဝမြို့နယ်တွင် တိုက်ပွဲအခြေနေကြောင့် လမ်းကြောင်း ပိတ်ဆို့ခဲ့သော နေရာအချို့ ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး ပြန် လည်ပွင့်လာပြီဖြစ်ကြောင်းသိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝလမ်းကြောင်း သွားလို့ရနေပြီ ဒါပေမဲ့ ကားလမ်းကို အပြည့်ဝတော့ သုံးလို့မရသေးဘူး တံတားက ပြီးနေပေမယ့်တံတားကို သုံးလို့မရသေးဘူး ရေလမ်းနဲ့ ကုန်းလမ်းမျှပြီး သုံးလို့ရတဲ့ အနေထားမှာရှိတယ် ရိက္ခာ ပစ္စည်းတွေလည်း ဒီရက်ပိုင်းအတွင်း ပို့နိုင်နေတဲ့ အနေထားမှာရှိတယ်”ဟုပြောသည်။ ပလက်ဝမြို့မှ အခြားမြို့များကို ဆက် သွယ်သော လမ်းများဖွင့်ပြီဖြစ်သော်လည်း အသွားလာ လုံခြုံမှုပိုင်းတွင် စိုးရိမ်ရသော အနေထားတွင်သာ ရှိသေးကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့နေ ဒေသခံတစ်ဦးက “ပလက်ဝနဲ့ ကျောက်တော် လမ်းကတော့ မဖွင့်သေးဘူး ဆမီးနဲ့ ပလက်ဝ လမ်းကတော့ ကားနဲ့ သွားလာလို့ရပြီ ဆိုင်ကယ်နဲ့တော့ ခွင့်မပြုသေးဘူး ချောချောမောမောနဲ့ သွားလို့ရတဲ့ အနေထားတော့ မဟုတ်သေး ပေမယ့်အခြေနေကြည့်ပြီး သွားလာလို့တော့ ရနေပြီ”ဟုပြောသည်။ လက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည် နှစ်ထောင်ဝန်းကျင် ရှိနေပြီး လမ်းပမ်းဆက်သွယ်ရေး အခက်ခဲများကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများကိုလည်း ကြုံတွေ့ရ ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပါက တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်များ ကျောင်းများကို ပြည်နယ် အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရပိုအဆင်ပြေမည်ဟု ချင်းပြည်နယ် အစိုးရထံမှ သိရသည်။ ပလက်ဝမြို့ အနီးဝန်းကျင်ရှိ AA အဖွဲ့တပ်စွဲထားသည့်တောင်ကုန်းများကို တပ်မတော်မှ မေလ ၃၁ မနက်ပိုင်းတွင် သိမ်းပိုက နိုင်ခဲ့ကြောင်း ကြေညာထားသည်။ https://www.bnionline.net/mm/news-73865

**************

၁၆။      ချင်းပြည်နယ်တွင် အိန္ဒိယနိ်ုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃၃ ဦးအနက် တီးတိန်မြို့ ဒိန်ပီးကျေးရွာ၌ Facility Quarantine ဝင်နေသူတစ်ဦး သေဆုံး

June 28, 2020

ချင်းပြည်နယ်တွင် ရိဒ်နယ်စပ်မှ အိန္ဒိယနိုင်ငံမှပြန်လာသူ ၃၃ ဦး အနက်တီးတိန်မြို့ ဒိန်ပီးကျေးရွာတွင် Facility  Quarantine ဝင်နေသူတစ်ဦး သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံမှ ချင်းပြည်နယ်သို့ နောက်ထပ် ဝင်ရောက်မည့် သူ ၂၅ ဦးကိုလည်း ရိဒ်နယ်စပ်မှ ထပ်မံ ရောက်ရှိလာမည်ဟု ချင်းပြည်နယ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက် က ပြောကြားသည်။

“အိန္ဒိယကပြန်လာပြီး Facility  Quarantine ဝင်နေတဲ့သူတစ်ဦး သေတယ် ဆိုတာ မှန်ပါတယ်။ သူ့ကို မနေ့ကပဲ ချက်ချင်း မြှုပ်လိုက်တယ်။ မမြှုပ်ခင် Swab ယူလိုက်တယ်။ သူ့ကို နှာခေါင်း၊ အာခေါင်တို့ဖတ်လည်း ယူလိုက်ပြီး စစ်ဆေးဖို့အတွက် ပို့လိုက်ပြီလို့ သိရပါတယ်။ သူက အိန္ဒိယက ပြန်လာတာပါ။ ကျွန်တော်တို့က ၃၃ ယောက် ပြန်လာမယ်ဆိုလို့ ပြည်ထောင်စု ကို တင်ပြတယ်။ ခွင့်ပြုတဲ့အတွက် ကျွန်တော်တို့ ၁၆ ယောက်ကို တီးတိန်မှာထားတယ်။ နောက်ထပ် ဒုတိယလာတဲ့ ၁၇ ယောက်ကို ဖလမ်း မှာထားတယ်။ အဲဒီဟာက  Quarantine ၂၁ ရက်ထားတာပေါ့။ အဲဒီထဲကနေ ဖြစ်တာပါ။ အခုတော့ ၂၅ ယောက်ကို လက်ခံဖို့ ပို့ထားသေးတယ်။ ရိခေါ်ရ်ဒါမှာ လက်ခံဖို့ ဒီတစ်ပတ်အတွင်းတော့ ဖြစ်မှာပါ။ အဲဒီ ၂၅ ယောက် ပေါ့ နော်။ သူတို့ဘက်မှာ ပိတ်မိနေတာ အများကြီးရှိတယ်။ သူတို့လည်းအခက်အခဲရှိတော့ပြန်လာချင်တယ်ပြောပါတယ်။ ကျွန်တော်တို့က အခု  Quarantine တဲ့သူ ( အိန္ဒိယက ပြန်လာသူ) တွေကို Swab ယူပြီး စစ်ဆေးဖို့ ပို့တယ်။ အဲဒီမှာ ရောဂါပိုးတွေ့ရင် ကုသတဲ့ အပိုင်းလုပ်မှာပေါ့။ ရောဂါပိုး မတွေ့ဘူးဆိုရင် ပြန်လွှတ်ပါတယ်။ ပေါ့စတစ်လူနာက တီးတိန် မှာ တော့ ကျန်ပါသေးတယ်” ဟု ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

အဆိုပါအမျိုးသားသည် ဒိန်ပီးကျေး ရွာတွင် ဇွန် ၁၀ ရက်က Facility  Quarantine ဝင်ရောက်ပြီး ဇွန် ၂၅ ရက်တွင်  ကိုယ်ပူ ချိန်မြင့်တက်လာသည့်အတွက် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဇွန် ၂၆ ရက် နံနက်တွင် သေဆုံးသွားခြင်းဖြစ် သည်ဟု  တီးတိန်မြို့ Covid-19 Emergency Committee Volunteer အဖွဲ့မှ ကိုမုန်နိုးက ပြောကြားသည်။ https://news-eleven.com/ar

*************

၁၇။      ရေး – ထားဝယ်သွား ကားလမ်းပေါ်၌ ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွား

June 29, 2020

မွန်ပြည်နယ်၊ ရေးမြို့ ရေး – ထားဝယ်ကားလမ်းမှာ ဇွန် ၂၈ ရက်နေ့  တညတည်း မော်တော်ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွားခဲ့ ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။

ရေး-ထားဝယ်သွားကားလမ်း တနင်္သာရီလမ်းမကြီးရှိ တပ္ပလင် နှစ်ဆူမီးပွိုင့်နေရာမှာ ယာဉ်ကြောလမ်းပြ ဘလောက်တုံး များ ကြွေမွပျက်စီးတဲ့အထိ အမည်မသိယာဉ်တစီးက တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကာ ယာဉ်မောင်းကို စုံစမ်းနေတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။ ရေး-ထားဝယ်ကား အဏ္ဏဝါတံတား ရေချောင်းဘေးကိုလည်း လိုင်စင်မဲ့ယာဉ်တစီး ထိုးကျ ပြီး ယာဉ်မောင်းက တိမ်းရှောင်သွားခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကို ရေးမြို့မရဲစခန်းမှာ သိမ်းဆည်းထားပါတယ်။

ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲနေတဲ့ အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်နဲ့ ကံကောင်းခြင်းရတနာထပ်သားစက်ရုံရဲ့ ယာဉ်တို့ အဏ္ဏဝါ အဝေးပြေးယာဉ်ရပ်နားစခန်း အနီးနားမှာ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦးနဲ့ အထပ်သား စက်ရုံ အဝယ်တော်ကားမှ လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့အတူ ရေးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ဥပဒေအရ အရေးယူသွားမည်လို့ သိရပါတယ်။ http: //burglish.my-mm.org/latest/trunk/web/fontconv.htm

*************

၁၈။      မိုးနဲမြို့ကို ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသော်လည်း သတ်မှတ်နိုင်ခြင်းမရှိသေးသဖြင့် ပျက်စီးယိုယွင်းမှုများ နေ့စဉ်ဖြစ်လာ

June 28, 2020

ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့ကို ရှေးဟောင်းယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ပေးရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဒုတိယအကြိမ် ထပ်မံတင်ပြခဲ့သော်လည်း သတ်မှတ်နိုင်ခြင်းမရှိသေးသဖြင့် နေ့စဉ်ပျက်စီးယိုယွင်းမှုများဖြစ်လာကြောင်း သိရသည်။

“ဝန်ကြီးချုပ်နဲ့တွေ့တော့ ပြောပြသေးတယ်။ မိုးနဲမှာ တန်ဖိုးရှိတာရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေပဲ။ လောလော လတ် လတ် နမ့်ဟူးရေထွက်ပေါ့နော်။ အခု ရေထွက်ကလည်း ဒေါက်တာ ညီညီအောင် ကတိကဝတ်ပေးထားတာ အခုထိ အကောင်အထည်မပေါ်ဘူး။ တစ်နှစ်လောက်ရှိပြီလေ လွှတ်တော်ထဲမှာ ဖြေထားတဲ့ကိစ္စလေ။ နမ့်ဟူးရေထွက်မှာ ဖယ်ရှား ရှင်းလင်း ထိန်းသိမ်းပေးဖို့ ကိစ္စလည်း မလုပ်နိုင်ဘူး။ ဘာမှမလုပ်သေးဘူး။ စီမံချက်တွေလည်း ဆွဲထားတာတစ်နှစ်ရှိနေပြီ။ မိုးနဲမြို့ ရှေးဟောင်းသမိုင်းဝင်မြို့ ပြန်လည်သတ်မှတ်ပေးရေး၊ တစ်မြို့လုံးကိုပေါ့။ အရင်ကဟာပဲ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြန်ဖြေထားတာ မဖြစ်နိုင်သေးဘူးပေါ့။ ရှေးဟောင်းသုတေသန ကနေ နောက်တစ်ခေါက် ထပ်တင်ခိုင်းတယ်။ ကျွန်တော်က ပြန်မတင်တော့ဘူး။ လွှတ်တော် လုပ်ထုံးလုပ်နည်းအရ မေးခွန်းဆိုတာ တစ်ကြိမ်ပဲတင်ရတယ်။

ဒါပေမယ့်  ရှေးဟောင်းသမိုင်းဝင်သတ်မှတ်ဖို့ နေရာကိုဆက်လုပ်သွားဖို့ပေါ့။ ဒီလိုသတ်မှတ်မှပဲ မိုးနဲမြို့မှာရှိနေတဲ့ သမိုင်းဝင် ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ ဘတ်ဂျက်ထည့် လျာဖို့လုပ်နိုင်မှာ။ ဒီတစ်ခေါက် ဝန်ကြီးချုပ်ကို ဒါကြောင့်ပြောတာ၊ ဝန်ကြီးချုပ်နဲ့ ဒုသမ္မတ ထံတင်ထားတဲ့စာက ခုချိန်ထိအကြောင်းမပြန်သေးဘူး။ နှုတ်နဲ့ ထပ်ဆင့်ပြောတာပေါ့ဗျာ။ ပျက်စီးမှုက နေ့တိုင်းလိုလို ပျက်စီးမှုရှိလာတယ်။ သဘာဝဘေးကြောင့်လည်း လူတွေကြောင့်လည်း ပါတာပေါ့။ သမိုင်းဝင်တွေက လုပ်ယူ လို့လည်း မရဘူးပေါ့ နော်” ဟု မိုးနဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မွေတော်၊ ဦးသီလကျောင်း၊ ဆင်တောင်၊ တာခေါင်စသည့်လေးနေရာကို ရှေးဟောင်း ယဉ်ကျေးမှုထိန်းသိမ်းရေး နေရာများအဖြစ် သတ်မှတ်နိုင်ခဲ့ပြီး၊ ယခုအခါ လွိုင်လျန်း ဘုန်းတော်ကြီးကျောင်းနှင့် နောက်ထပ်တစ်နေရာတို့ကို သတ်မှတ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မိုးနဲမြို့နယ် အတွင်းရှိ စေတီ ကြီးလေးဆူအပါအဝင် မြို့တွင်းရှိ စေတီငယ်များကိုသာ ရှာဖွေထိန်းသိမ်းနိုင်သေးပြီး မြို့ ပြင်နေရာများတွင် ပျက်စီးပျောက်ကွယ်သွားသော စေတီတော်များစွာရှိခဲ့ကြောင်း မိုးနဲမြို့ ဝိဇ္ဇာရိယ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှ ဦးဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ရ ဆရာတော် ဘဒ္ဒန မာဃိန္ဒထံမှသိ ရသည်။ https://news-eleven.c om/article/180474

*************

၁၉။      ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်  Code of Conduct  တွင် ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီအချို့လက်မှတ် မထိုး

June 28, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်များဆိုင်ရာကျင့်ဝတ် Code of Conduct ၌ မဲဆွယ်စည်းရုံးရာတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးမပြုရန်ဆိုသည့်အချက်ကို သဘောတူညီ ချက်မရ၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့လက်မှတ်မထိုးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ USDP ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာဆိုင်ရာကျင့်ဝတ် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ဇွန် ၂၆ ရက်က ကျင်းပ ခဲ့ရာ နိုင်ငံရေးပါတီ ၉၇ ရှိသည့်အနက် ၈၃ ပါတီတက်ရောက်ကာ  ၆၄ ပါတီ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။ “အမျိုးသားခေါင်းဆောင်ရဲ့ပုံကို ဘယ်နိုင်ငံရေးပါတီတွေမှ ရွေးကောက်ပွဲတွေမှာ အသုံးမပြုဖို့ဆိုပြီးတော့မှ Code of Conduct မှာ ထည့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတွေ တောင်းဆိုထားတာရှိတယ် ဒါပေမဲ့ အဲနေ့က COC လက်မှတ်ရေးထိုးပွဲမှာ ဝေတဲ့အခါကျတော့ အဲအချက်မပါလာဘူး နိုင်ငံရေးပါတီအများစု တောင်းဆိုထားတဲ့ အချက်မပါ လာဘူး အဲဒီအတွက် လက်မှတ် မရေးထိုးဘူးပေါ့ဗျာ” ဟု ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကိစ္စကို မိမိတို့ MUP ပါတီအနေဖြင့် မသိရှိထားကြောင်း၊ ကျင့်ဝတ်ရေးဆွဲသည့် အဖွဲ့ ကလည်း မိမိတို့သိရှိအောင် မပြောပြနိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် နိုင်ရဲဇော်က ပြော သည်။ နိုင်ရဲဇော်က “ဒီဟာအပေါ်မှာ ကျွန်တော်တို့ပါတီက မသိထားခဲ့ဘူး၊ ရေးဆွဲတဲ့အဖွဲ့ကလည်း ပါတီကို မပြောပြနိုင်ခဲ့ ဘူး၊ ဒီပြဿနာတွေ မသိထားခဲ့တာအခါ ကျွန်တော်တို့ ပြန်ကြားလိုက်တဲ့အခါမှာ ပြင်ဆင်စရာမရှိဘူးလို့ဘဲ ပြန်ကြားထား တာ၊ အဲဒီအချိန် အဲနေ့ကျမှ သိပြီးတော့မထိုးပါဘူးဆိုပြီးတော့လုပ်နေရင် ကျွန်တော်တို့အနေနဲ့ ကလေး ကလားဆန်တယ်လို့ ယူဆတယ်လေ”ဟု ပြောသည်။ ယင်းကဲ့သို့ တက်ရောက်လာသည့်ပါတီအများစု သဘောတူ လက်မှတ်ရေးထိုးကြရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP လည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် Code of Conduct သည် ဥပဒေအရ ချုပ်နှောင်ထားခြင်းမဟုတ်သည့်အတွက် မလိုက်နာသည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကို အရေးယူနိုင်ခြင်းမရှိသော်လည်း ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူဖြစ်လိမ့်မည်ဟု နိုင်ငံရေးပါတီများက လက်ခံထားသည်။ ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများကို လက်ရှိ နိုင်ငံရေး ၊ဥပဒေ၊ လူမူရေးအခင်းအကျင်းနှင့် လိုက်လျောညီစေရန်  ပြန်လည် ပြင်ဆင်ထားပြီး လွန်ခဲ့သည့် ဧပြီလကတည်းက နိုင်ငံရေးပါတီအသီးသီးထံ အီးမေးလ်နှင့် စာတိုက်များမှ တဆင့်ပေးပို့၍ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းစာအုပ်တွင် ဖော်ပြထားသည်။ http://burmese.monnews.org/2020/06/28  /%e1%81%82%e1%81 %80%e1%81%82%e1%81%80

**************

၂၀။      ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူအား သေဆုံးလျက်ပြန်တွေ့ရှိ

June 27, 2020

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ၂ နှစ်ရက် နီးပါးအကြာတွင် တောင်စောင်း၏ ချောက်တစ်နေရာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိသည်ဟုသိရသည်။ အဆိုပါကျောင်းသူ ၏ ဆိုင်ကယ်သော့ပြန်တွေ့ရှိသည့် နေရာသဲလွန်စမှတစ်ဆင့်အောက်ဆင်း၍ ရှာဖွေကာ မောင်းသူ မဲ့ယာဉ်(ဒရုန်း) အကူ အညီနှင့် ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့် အမြင့်ပေ ၂ ထောင်ကျော်ရှိသည့် ချောက်တစ်နေရာတွင် သေဆုံးလျက်ရှိသည့် ရုပ်အလောင်း (dead body) ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ဖားအံခရိုင် မီးသတ်ဦးစီးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်ဝင်းက “တောင်ပေါ်က နေ ပြန်အဆင်း ခန့်မှန်းနာရီဝက်လောက် ဆင်းရတဲ့နေရာမှာ အစွန်အထွက် View Point လို နေရာတစ်ခုရှိတယ်။ အဲဒီနေရာ က တော်တော်သွားမှရောက်တာ။ ကြားမှာ ခြုံတစ်ခြုံနဲ့ကွယ်သေးတယ်။ ခြုံကိုပတ်သွားရတယ်။ မရောက်ဖူးတဲ့ လူဆိုရင် အဲဒီ နေရာကိုမသိဘူး။ အဲဒီပေါ်ကနေ ပြုတ်ကျရင် အောက်ပေ ၂၀ လောက်မှာ ပြန့်တစ်ခုရှိတယ်။ အဲဒီပြန့်ကနေတစ်ဆင့်မှ အောက်ကိုထပ်ပြီး ပြုတ်ကျတဲ့သဘောဖြစ်တယ်။ ဒီအပေါ်မှာတော့ စဉ်းစားတွေး တောစရာတွေ အများကြီးရှိတယ်”ဟု ပြန်လည်တွေ့ရှိသည့်အခြေအနေနှင့် ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။

အဆိုပါတက္ကသိုလ်ကျောင်းသူသည် ဇွန်လ ၂၅ရက်နေ့၊ မွန်းလွဲ ၁နာရီကျော်တွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးတည်း တက် ရောက်ခဲ့သလို ထိုနေ့ ညနေ ၅ နာရီကျော်အချိန်ခန့်တွင် တောင်ပေါ်ရှိ ဆရာတော်တစ်ပါးက ရင်ပြင်တော်၌ သူမကို တွေ့ရှိခဲ့ သေးသည်ဟု သိရသည်။ သူမ၏ ဆိုင်ကယ်သည် တောင်ခြေတွင်ကျန်ရှိခဲ့သလို ဖိနပ်ကိုလည်း အထက်ရေတံခွန် အနားရှိ တောင်တက်လမ်း တစ်နေရာတွင် ပြန်လည်တွေ့ရှိသည့်အပြင် ဆိုင်ကယ်သော့ကိုလည်း အမြင့်ပေ ၂ ထောင်ခန့်ရှိသည့် နေရာတွင် တွေ့ရှိခဲ့သူများက တောင်ခြေ၌ ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။ သေဆုံးသွားခဲ့သည့် ကျောင်းသူလေး သည် မြဝတီမြို့မှဖြစ်ပြီး ဖားအံမြို့ရှိ အဆောင်တစ်ခုတွင် နေထိုင်ရင်း သင်တန်းတစ်ခု တက်ရောက်နေသူဖြစ်သည်ဟု ဖားအံတက္ကသိုလ်မှ ကျောင်းဆရာတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။ http://kicnews.org/2020/06/%e1%80%87  %e1%80%bc%e1%  80%b2%e1%80%80%e1%80%95%e1%

****************

၂၁။      လူသားခြင်းစာနာထောက်ထားမှုနှင့်လုံခြုံရေးများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း သံရုံးအဖွဲ့အစည်းများထုတ်ပြန်

June 27, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုတလျှောက်ရှိ မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ပိုမိုဆိုးရွားလာသည့် လူသားချင်း စာနာထောက်ထားမှုနှင့်

လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာများအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း သံရုံးအဖွဲ့အ စည်းများက ကြေညာချက်ထုတ်ခဲ့ကြသည်။ ကျောက်တန်းကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ ရခြင်းသည် ရခိုင်ပြည်နယ်၏ နေရပ်စွန့်ခွာနေထိုင်သူဦးရေကို သိသာထင်ရှားစွာ ပိုမိုများပြားလာစေပါလိမ့်မည်ဟု မြန်မာနိုင်ငံ အတွင်းရှိ ဩစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန်သံရုံးများ စုပေါင်းထုတ်ပြန်သည့် ကြေညာချက် တွင်ပါဝင်သည်။

အထူးသဖြင့် ကိုဗစ်- ၁၉ နှင့်မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ရပ်ရွာအဖွဲ့အစည်းများက တုံ့ပြန်ဆောင်ရွက်သကဲ့သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများကိုလည်း သင့်တော်သည့် အကူအညီပေးနိုင်ရေးအတွက် အတားအဆီးမရှိ သွား ရောက်နိုင်ရေးကိုလည်း ခွင့်ပြုပေးစေလိုတဲ့သဘောထား သံရုံးအဖွဲ့အစည်းများတွင်ရှိနေကြသည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများရှိနေသောကြောင့် မိမိ နေရပ်ကိုစွန့်ခွာပြီး အခြားနေရာတွင် ခိုလှုံရန်မဖြစ်နိုင်သည့် ပြည်သူများကို ယင်းတို့နေထိုင်ရာဒေသများတွင်သာ နေထိုင် ခွင့်ပြုရန် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းထားသည်။

အရပ်သားများသည် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်ဖြစ်ပွားနေသော ပဋိပက္ခဒဏ်များကို ဆိုးရွားစွာ ဆက်လက်ခံစားနေကြရ သောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုသည် အရေးတကြီးလို အပ်နေပါသည်။ အပြည်ပြည် ဆိုင်ရာ တရားဥပဒေအတိုင်းလိုက်နာရန်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် မြန်မာတပ်မတော်တွင် တာဝန်ရှိသည်ဟုလည်း ယင်းကြေညာချက်တွင်ထည့်သွင်း ဖော်ပြထားသည်။  http://www.mizzimaburmese.com/article/71062

**************

၂၂။       မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၃၀ဝ ခန့် ရှိလာ၊ ကိုဗစ်နည်းတူ မပေါ့ဆကြရန် သတိပေး

June 28, 2020

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၀ဝ နီးပါးအထိ ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါနည်းတူ မပေါ့ဆကြဖို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထပ်မံသတိပေးလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျား ကိုက်ခံရတာကတဆင့် ကူးစက်တဲ့ ရောဂါတခု ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အခုနှစ် ဇွန်လ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၀ဝ နီးပါးအထိ ရှိလာပြီး အဲဒီထဲမှာ ကလေးငယ် ၂ ဦး  သေဆုံးထားပါတယ်။ ဒါကြောင့် သွေးလွန်းတုပ်ကွေး ရောဂါကို ကိုဗစ်-၁၉ ရောဂါ နည်းတူ မပေါ့ကြဖို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည် က သတိပေး ပြောဆိုလိုက်ပါတယ်။ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်ဟာ ရောဂါ ဖြစ်ပွားမှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်ပွားနေတာပါ။ သေဆုံးမှုအနေနဲ့ ပေါင်မြို့နယ် တခုတည်းမှာပဲ ကလေးငယ် ၂ ဦး အထိ သေဆုံးထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရာမှာ ပြည်သူတွေအနေနဲ့ ဖုံး၊ သွန်း၊ လဲ၊ စစ် ပုံမှန် ဆောင်ရွက်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ကလေး ငယ်တွေ ဖျားတာ၊ အန်တာအပြင် မှိန်းတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် အမြန်းဆုံး ကျန်းမာရေးဌာနကို လာရောက် ပြသ ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၁၆၂ ဦး အထိ ဖြစ်ပွားခဲ့ပြီး ကလေးသူ ၄ ဦး သေဆုံးထားတာပါ။ http://burmese.dvb.no/archives/396625

***************

၂၃။      ရသေ့တောင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦး ထွက်ပြေး

June 28, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က မြို့မရဲစခန်းအချုပ်ကိုဖောက်ကာ အချုပ်သား ၃ ဦးထွက်ပြေးမှု ဇွန်လ ၂၇ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၎င်းအချုပ်သား (၃)ဦးသည် အချုပ်ခန်းရှိ ရေချိုးခန်းနှင့် အိမ်သာခန်းရှိ ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG သို့ပြော သည်။“သူတို့ကတော့ ရက်အကြာကြီးကတည်းက ကြိုတင်လုပ်ထားပုံရတယ်။ ခေါင်မိုးကို ဖောက်ပြီးပြေးသွားတာ ဆိုတော့ လုံခြုံရေးက အပြင်က၊ အတွင်းကနေရှိနေတဲ့ကြားထဲက ထွက်ပြေးသွားတာ”ဟု ၎င်းကဆိုသည်။

ထိုသို့ထွက်ပြေးသွားသည့် အချုပ်သားများမှာ ချင်းပြည်နယ် မတူပီမြို့နယ်ဘက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ တစ်ဦးနှင့် ရသေ့တောင်မြို့နယ်အတွင်းမှ ဖုန်းခိုးမှုဖြင့် အချုပ်ကျနေသူ နှစ်ဦးတို့ဖြစ်ကြောင်း ဒေါ်ခင်စောဝေ က ရှင်းပြသည်။ ရသေ့တောင်မြို့မရဲစခန်းမှ တပ်ကြပ်ကြီးလှရွှေက အချုပ်သားများထွက်ပြေးသွား သည်ဆို သောဖြစ်စဉ်မှာ မှန်ကန်သော်လည်း အသေးစိတ်ကို ပြောခွင့်မရှိဟုဆိုသည်။ မြို့မရဲစခန်းသည် ရသေ့တောင်မြို့၊ ချောင်းဝ ရပ်ကွက်တွင်ရှိကာ မြို့အဝင်ချောင်းနှင့် နီးကပ်စွာရှိနေသည်။ https://www.bnionline.net/mm/news-73876

***************

၂၄။      ကရင်ဒုံးအကကို UNESCO အသိအမှတ်ပြု စာရင်းတင်သွင်းမည်

June 26, 2020

ကရင်လူမျိုးတို့၏ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့် ရိုးရာဒုံးအကကို ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) မှ အသိအမှတ်ပြုနိုင်ရန်အတွက် စာရင်းတင်သွင်းသွားမည်ဟု သိရသည်။ UNESCO သို့ တင်သွင်းရန် ကရင်ပြည်နယ်မှ အဆိုပြုထားသည့် ကရင်ကောက်သစ်စားပွဲနှင့် ဒုံးအက ၂ ခုထဲမှ ဒုံးအက ကိုသာ ကနဦးတင်သွင်းသွားရန် ယနေ့(ဇွန် ၂၆ ရက်)၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်သော အစည်းအဝေးအပြီး ဆုံးဖြတ် လိုက်ကြခြင်းဖြစ်သည်။

ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် UNESCO မှာ register လုပ်ဖို့ ပြည်နယ် နဲ့တိုင်းအသီးသီးက ခေါင်းစဉ်တွေကို ရွေးချယ်ပြီးတော့ ပြည်ထောင်စုမှာတင်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီအတွက် ကရင်ပြည်နယ်အနေနဲ့ ဒုံးအကကို တင်သွင်းဖို့ ဒီကနေ့အစည်းအဝေးမှာ အဖြေတစ်ခုထွက်လာပါတယ်။” ဟု ပြောသည်။ ထို့အပြင် ကရင်ဒုံးအကသည် နိုင်ငံတကာတွင်လည်း လူသိများသလို အများနှင့်မတူ Unique (ထူးခြား)ပြီး ကရင်အမျိုး သားများ၏ စိတ်ဓာတ်၊ ဒေသနှင့်ပတ်ဝန်းကျင်များကို ထင်စပ်စေသောကြောင့် အာရုံစိုက်ကာ တင် သွင်းသွားမည်ဖြစ် ကြောင်း ဦးဘိုဘိုဝေမောင်က ဆက်ပြောသည်။ ဒုံးအကဆိုင်ရာ အဓိပ္ပါယ်၊ ကကြိုးကကွက်၊ ဝတ်စားဆင်ယင်မှု၊ ဂီတတူရိယာ ပစ္စည်း၊ အငွေ့အသက်များ အားလုံးကို အသေးစိတ် စနစ်တကျလေ့လာ မှတ်တမ်းတင် သုတေသနလုပ်နိုင်ရန် working committee (အလုပ်အဖွဲ့) ကို ယနေ့ ပထမဦးဆုံးအကြိမ်ပြုလုပ်သော ပဏာမအစည်းအဝေးတွင် စတင် ဖွဲ့စည်းထားခဲ့ပြီ လည်းဖြစ်သည်။

Working committee တွင် ပါဝင်သူ ဒုံးအကပညာရှင် စောမြင့်သူက “ဒုံးနဲ့ပတ်သတ်ပြီး ထဲထဲဝင်ဝင် လှုပ်ရှား လာခဲ့ ပေမယ့် ဒီလို အခွင့်အရေးမျိုးတစ်ခါမှ မကြုံ၊ မကြားခဲ့ဖူးဘူး။ အခုမှ ကျနော်တို့ရဲ့ ကရင် ရိုးရာဒုံးအကကို ကမ္ဘာ့ ရှေးဟောင်း အမွေ အနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့မယ်ဆိုရင်တော့ ကရင်အတွက် သမိုင်းတစ်ခုကျန် ခဲ့မယ်။ အတိုင်းမသိဝမ်းသာမိမယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ပြည်နယ် ရှေးဟောင်း၊ သုတေသန ပြတိုက်မှ ဦးဆောင်ပြုလုပ်သော အစည်းအဝေးသို့ ကရင် ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းနေသော ဆရာတော် သံဃာတော်များ၊ ပြည်နယ် စာပေ/ယဉ်ကျေးမှု အဖွဲ့ အစည်းနှင့် အစိုးရဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒုံးအကပညာရှင်၊ ဒုံးဆရာများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၄၀ ဦးကျော် တက်ရာက်ခဲ့သည်။ ကရင် ပြည်နယ်မှ ဒုံးအကကို တင်သွင်းသွားမည်ဖြစ်သလို သက်ဆိုင်ရာပြည်နယ်၊တိုင်းအသီးသီးမှရွေးချယ်လိုက်သည့် ခေါင်းစဉ် များထဲကမှ ခန့်မှန်းချေဆန် ကာတင်ခေါင်းစဉ် ၅ ခုခန့်အား မြန်မာနိုင်ငံအနေဖြင့် UNESCO သို့ ၂၀၂၁ ခုနှစ်တွင် တင်သွင်း သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)မှ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အ မွေအနှစ်များကို အသိအမှတ်ပြုခဲ့သည့် စာရင်းများထဲတွင် မြန်မာနိုင်ငံမှ ပါဝင်ခဲ့ဖူးခြင်း မရှိသေးကြောင်း လည်းသိရသည်။ http://kicnews.org/2020/06/%e1%80%80%e1%80%9b%e1%80%84%e

**************

၂၅။      အမ်းမြို့နယ်တွင် ရက်ပိုင်းအတွင်း စစ်ဘေးရှောင်လူဦးရေ  ၂ ဆကျော် မြင့်တက်လာ

June 29, 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ဖွင့်လှစ်ထားသည့်  စစ်ဘေးရှောင်စခန်း ၂ ခုတွင် လူဦးရေ တစ်ထောင်ခန့်ရှိလာပြီး  လက်ရှိ မိုးရာသီကြောင့် စားဝတ်နေရေးနှင့် နေထိုင်ရေးအခက်ခဲများဖြစ်ပေါ်နေကြောင်း အမှတ်(၁)စစ်ဘေးရှောင်စခန်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းချို က မဇ္ဈိမသတင်းဌာနသို့ အတည်ပြုပြောကြားသည်။“ဒီမှာရောက်နေတဲ့လူတွေ ပြောတာက နယ်မြေရှင်း လင်းရေးလုပ်မယ်။ နီးစပ်ရာ ရွာတွေမှစုပြီးနေကြပါပြောတယ်။ ဒါးလက်မှာ စားနပ်ရိပ်က္ခာပြတ်လတ်တာက ၃ လကျော်သွား ပါပြီ။ စားနပ်ရိပ်က္ခာကုန်တော့ မြို့ပေါ်ပဲတတ်လာကြတာ။ အမ်းမှာက စစ်ရှောင်စခန်း (၁)  နဲ့ (၂) ရှိတယ်။ အဲတုန်းက လူဦးရေ က ၄၀ဝ ကျော်လောက်ပဲ ရှိတာ။ အခုက ၁၀ဝဝ ပြည့်တော့မယ်။ ထက်ဝက်ကျော်ကျော်လောက် မြင့်တတ်လာပါ တယ်။ ဒီရက်ပိုင်းမှပဲမြင့်တတ်လာတာပါ “ ဟု အမှတ်(၁)စစ်ဘေးရှောင်စခန်းမှာ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းချို က ပြောသည်။

တပ်မတော်မှစစ်ဆင်ရေးလုပ်ဆောင်မည့် ကျေးရွာဘက်သည် လုံခြုံရေးအရ စိုးရိမ်ရသည့်အတွက် လွှတ်တော်ကိုယ်စား လှယ်ပင် သွားလာ၍မရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။“ ဒါးလက်အုပ်စုဘက်ကို လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် သွားလို့မရတာ ၁ နှစ် နီးပါးရှိနေပါပြီ၊ ဒါးလက်ဘက် က လုံခြုံရေးကိုစိုးရိမ်ရတဲ့ အခြေ အနေရှိတယ်။ အဲဒါကြောင့် ကိုယ်တိုင်တောင်သွားလို့မရတဲ့ အခြေအနေပါ။ အစားသောက်၊ ရိက္ခာလမ်းကြောင်းတွေ ဖြတ် တောက်ထားတဲ့အတွက် အစားသောက်နဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်ဒေသနဲ့ ဒါးလက်အထက်ဘက်က ရွာတွေမှာ ရင်ဆိုင် နေရတဲ့ အခြေအနေတစ်ခု တော့ရှိတယ် “ ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက  ပြောကြားသည်။

လက်ရှိတွင်လည်း အမ်းမြို့နယ်တွင်ရှိသည့် ပဲပဒုံကယ်ဆယ်ရေးစခန်းကို ရွာပေါင်း ၁၂ ရွာ၊ အိမ်ထောင်စု ၁၁၉ စု တို့ နေရပ် စွန့်ခွာလာကြကြောင်း သိရှိရသည်။ http://www.mizzimaburmese.com/article/71100

**************

၂၆။      မိုးကောင်းမြို့ နန့်ရင်း ရပ်ကွက်တွင် လမ်း၊ တံတား ရေမြောင်းတူးဖော်ရာမှ ကျောက်စိမ်း အပိုင်းအစများ တွေ့ရှိသဖြင့်                           ရှာဖွေသူ များပြားနေ

June 28, 2020

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် လမ်း၊ တံတား ရေမြောင်းတူးဖော်ရာမှ ကျောက်စိမ်း အပိုင်းအစများတွေ့ရှိသဖြင့် ရှာဖွေသူ များနေကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် လပိုင်းမှစတင်ကာ နန့်ရင်း ရပ်ကွက်အတွင်းရှိ ဦးဖိုးစောလမ်းမှ ဆမားဒူဝါ ခွန်ဆိုင်းနော် လမ်းကြားရှိ တံတားနှစ်ခုနှင့် လမ်းဘေးရေမြောင်းလုပ်ကိုင်ရာမှ ကျောက်စိမ်းအပိုင်းအစများတွေ့ရှိမှုကြောင့် ရှာဖွေသူများလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

မိုးကောင်းမြို့မှ ဒေသခံ ဦးဆေရိန်ရိန်က “အရင်ခေတ်တွေကတည်းက ကျောက်စိမ်းရာဖြတ်ရုံးစိုက်တဲ့နေရာပေါ့။ အခု အထွေထွေအုပ်ချုပ်ရေးမှူးအိမ်ရာပေါ့။ အရင်က ဖြတ်စက်မရှိတော့ ရိုက်ခွဲတာ၊ ဖြတ်ပိုင်းတွေကို အိမ်ရှေ့မြောင်းထဲပစ်တယ်။ ကျောက်စိမ်းအရိုင်း မကောင်းရင်လည်း အိမ်ရှေ့မှာ ဖွက်ကြရတာကို။ နန့်ရင်းနဲ့ အလယ်ရပ်ကွက်က ရေမြောင်းတွေက ဘယ် နေရာမဆို ကျောက်ထွက်တယ်။ အရင်က ပစ်ထားတာ အခုက သောင်းကျောက်၊ သိန်းကျောက် ဖြစ်တော့ လူတွေက ဝိုင်းရှာကြတာပေါ့။ မြေစာတောင် ဘက်ဟိုး တစ်ကော် သောင်းဂဏန်းဈေးပေါက်တယ်။ တန်ဖိုးကြီးတော့ မထွက်ပါဘူး။ သိန်းဂဏန်းပါပဲ။ လူတွေက ကျပ်တည်းတော့ လုပ်စားကြတာပေါ့” ဟု ပြောကြားသည်။

လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ကျောက်စိမ်းအပိုင်းအစတွေ ထွက်တာပေါ့။ အရင်က စွန့်ထားတဲ့ဟာက အခုတန်ဖိုးအ သင့်အတင့်ရှိတာပေါ့။ လမ်းလုပ်ငန်းကိုတော့ အနှောင့်အယှက်တော့ ဖြစ်တာပေါ့။ လုပ်ငန်းလည်း ၆၀ ရာခိုင်နှုန်းပြီးပါပြီ။ ခိုးပြီးလမ်းလုပ်ငန်းအရှေ့မှာ ကြိုတင်တူးတဲ့သူတွေရှိတာကြောင့် ရဲအစောင့်တွေလည်း ချထားပါတယ်”ဟု ပြောကြားသည်။ https://news-eleven.com/article/180477

**************

၂၇။      တာချီလိတ်တွင် ငွေကျပ် ၂၇ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ သိမ်းဆည်းရမိ

June 29, 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀ဝဝ ခန့်အကွာမှာ  ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံလောက် တန်ဖိုးရှိ ယစ်ဆေးဝါးနဲ့ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၄ နာရီခွဲလောက်က သတင်းအရ ရေပူစမ်းကျေးရွာရဲ့ အနောက်မြောက်ဘက်မီတာ ၄၀ဝဝ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလတ်စတစ် အိတ်အစအား တွေ့ရှိပြီး တူးဖော်ရာ မှ ဖမ်းဆီးမိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

မြေကြီးအတွင်း မြှုပ်နှံထားတဲ့ ဆာလာအိတ် အလုံး ၆၀ အတွင်းမှာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံ လောက် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၆,၄၈၀,ဝဝဝ ပြားခန့်၊ စိတ်ကြွဆေးပြားအကြေ (ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ် ခန့်၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူးသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထား ပါတယ်။ http://burm ese.dvb.no/archives/396814

*************

၂၈။      မယ်လဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါး ထပ်မံတွေ့ရှိ၊ တရားခံပြေးကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဆို

June 29, 2020

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်းအာဏာပိုင်များမှ မူးယစ်ဆေးဝါး ဝင် ရောက်စစ်ဆေး ဖမ်းဆီးရမိမှုအပြီး ဇွန်လ ၂၇ ရက်နေ့တွင် စိတ်ကြွဆေးပြားများ ထပ်မံ ဖမ်းဆီးရမိခဲ့ရာ လက်သည် တရားခံ ပြေးကို လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စခန်းတာ ဝန်ရှိသူများထံမှ သိရသည်။ ဇွန်လ ၂၃ ရက် နေ့က ထိုင်းစစ်တပ်၊ ရဲ နှင့် စခန်း လုံခြုံရေးများသည် မယ်လဒုက္ခသည်စခန်း၏ ဇုန် (B-5B) ရှိ အိမ်တစ်အိမ်ကို အနံ့ခံ ခွေး များဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် စိတ်ကြွဆေးပြား (၃, ဝ၀ဝ) ကျော် ဖမ်းဆီးရ မိခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့တွင် ၎င်းနေအိမ်၌ စိတ်ကြွဆေးပြားအလုံးရေ (၁,၆၀ဝ) ကျော် ထပ်မံတွေ့ရှိခဲ့သည်ဟု စခန်း ဥက္ကဋ္ဌ စောအောနက်က ပြောသည်။

၎င်းက “ဖြစ်စဉ်က တရားခံရဲ့ အပေါင်းအသင်းတွေကော အမျိုးသမီးနဲ့ သမီးကို ခေါ်စစ်လိုက်တယ်။ ပြီးတော့ ထိုင်းစခန်းလုံခြုံရေးရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကို စခန်းမှာပေးမနေတော့ဘူးဆိုပြီးတော့ သူတို့အိမ်ကို သွားဖြို လိုက်တဲ့အခါမှာ ထပ်ပြီးတော့ အလုံးရေ (၁,၆၀ဝ)ကျော်လောက် သွားတွေ့တယ်လို့ သိရတယ်။ တရားခံ ပြေး ကိုတော့ အခုထိ မဖမ်းမိသေးဘူး။ ဘယ်နေရာ၊ ရောက်နေမှန်းလည်းမသိဘူး”ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ ထွက်ပြေးလွတ်မြောက်သူ တရားခံပြေးမှာ အသက် ၂၇နှစ်အရွယ် စောအဲငဲဆိုသူဖြစ်ပြီး ယခု အချိန်ထိ ဖမ်းဆီးရမိ ခြင်းမရှိသေးဘဲ လတ်တလော အချိန်ကာလတွင်လည်း စခန်းတွင်း ဝင်ထွက်သွားလာမှုများကို တင်းကြပ်ထားကြောင်း စခန်းတွင်းနေထိုင်သူများက ဆိုသည်။ လူဦးရေ ၃ သောင်းကျော် နေထိုင်သည့် မယ်လ ဒုက္ခသည်စခန်းတွင် ထိုင်းအာဏာ ပိုင်များမှ မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။ http://kicnews.org/2020 /06/%e1%80%99%e1%80 %9a%e1%80%b9%e1%80%9c%e1%80%92%e1%

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

*** ပြီး ***