• Today is: Friday, March 29, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 21, April 28, 2020)

 

၁။       လားရိႈးၿမိဳ႕နယ္အတြင္း ေက်းလက္ေဒသခံမ်ား လူ၊ ကား ေခ်ာဆြဲခံေနရ

၂။       ရခိုင္ျပည္သူမ်ား၏ ဒုကၡကိုစာနာၿပီး တိုက္ခိုက္မႈမ်ား အျမန္ဆံုး ရပ္ရန္ ALP ေတာင္းဆို

၃။       တပ္မေတာ္က NCA ကုိ ခ်ဳိးေဖာက္ၿပီး ျပည္သူလူထုကုိ ဆက္လက္တုိက္ခုိက္ေနဆဲဟု သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္ ေကာ္မတီ                  ေျပာ

၄။       ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္း ဥပေဒမဲ့ က်ဴးလြန္မႈေတြကို စံုစမ္းေပးေရး ကမၻာလံုးဆိုင္ရာ ကခ်င္ကြန္ဂရက္ ေတာင္းဆို

၅။       ၾကာအင္းဆိပ္ႀကီးၿမိဳ႕႔နယ္တြင္ ယခင္ႏွစ္မ်ားထက္ ေသာက္သုံးေရရွားပါးမႈ ပုိမိုႀကဳံေတြ႔ေနရ

၆။       မိလႅာက်င္းတူးရာမွ မိသားစုလိုက္ ေသဆံုး

၇။       မူဆယ္ၿမိဳ႕ ပန္းေဆး ျပည္သူ့စစ္ပိုင္ အေဆာက္အဦး တိုက္ခိုက္ခံရ

၈။       ကခ်င္လူထုမူးယစ္တိုက္ဖ်က္ေရးေန႔ကို အိမ္တြင္းဆုေတာင္းျခင္းအစီစဥ္ျဖင့္သာ ျပဳလုပ္ခဲ့ရ

၉။       တိုက္ပြဲမ်ားေၾကာင့္ ပုဏၰားကြ်န္းၿမိဳ႕နယ္က ရြာ၂၀  နီးပါး ထြက္ေျပးေနရ

၁၀။     Covid-19 အေရး ပူးေပါင္းရန္ မြန္ျပည္နယ္အစိုးရက မြန္ျပည္သစ္ပါတီကို တိုက္တြန္း

၁၁။     ဖားကန္႔က ေရမေဆးေက်ာက္ ရွာသူေတြၾကား COVID-19 စိုးရိမ္

၁၂။     အတိုင္ပင္ခံ၏ ထုတ္ျပန္ခ်က္ တပ္ဘက္ကို ေထာက္ျပမထား၍ ခ်င္းအဖြဲ႕အစည္းအခ်ိဳ႕ေဝဖန္

၁၃။     အင္းေလးကန္ ေရခမ္း စိုက္ပ်ိဳးေရး ခက္ခဲ ေန

၁၄။     ေမလတြင္ ေတာင္ယာခုတ္မႈမျပဳလုပ္ႏိုင္ပါက ကပ္တဲလ္ရြာ၌ တစ္ႏွစ္စာ ရိကၡာ အခက္အခဲျဖစ္ႏိုင္

၁၅။     ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမရွိ Quarantine စင္တာက လူအခ်ိဳ႕ အိမ္ျပန္ခြင့္ရရွိ

၁၆။     လႊတ္ေတာ္အစည္းအေဝးမ်ား ေမ ၁၈ ျပန္စမည္

၁၇။     ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာ တပ္မေတာ္ အကူအညီျဖင့္ ပို႔မည္

၁၈။     ေတာင္ႀကီး Covid-19 လူနာ ေဆးရံုက ဆင္းခြင့္ရ

၁၉။     ကူညီေထာက္ပံ့မႈ ယာယီရပ္ဆိုင္းျခင္းႏွင့္ အျပင္ထြက္ခြင့္တားျမစ္ခံရျခင္းေၾကာင့္ လီဒိုလမ္း စစ္ေရွာင္မ်ားအခက္ေတြ႕

၂၀။     တပ္မေတာ္ျငင္းဆိုထားတဲ့ ေက်ာက္ေတာ္ မီးေလာင္ေနအိမ္ေတြအတြက္ ျပည္နယ္အစိုးရ ေငြေထာက္ပံ့

၂၁။     ၁ လၾကာ ရပ္ထားသည့္ မြန္ျပည္နယ္ ခရီးသြားက်န္းမာေရးစစ္ေဆးမႈမ်ား ျပန္လည္စတင္

၂၂။     ဖားကန႔္ၿမိဳ႕သို႔ ဝင္လာသူမ်ား ကိုယ့္စားရိတ္ျဖင့္ ၂၁ ရက္ Quarantine ေနရမည္

၂၃။     လြိဳင္ေကာ္ၿမိဳ႕က ၅ ရက္တေဈး ေနာင္ယားေဈးကို ပံုစံေျပာင္းေရာင္းခ်ခိုင္း

၂၄။     မူဆယ္ၿမိဳ႕ရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုေဘးတြင္ တရုတ္ႏိုင္ငံသားတစ္ဦး လဲက်ေသဆံုး

၂၅။     ဘားအံၿမိဳ႕တြင္ မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္တခ်ိဳ႕ ေခါင္မိုးလန္ပ်က္စီးၿပီး ဓာတ္တိုင္မ်ားၿပိဳလဲကာ လွ်ပ္စစ္မီး                     ျပတ္ေတာက္

၂၆။     တရုတ္ႏိုင္ငံဘက္မွ နယ္စပ္ ပိတ္ထားမႈေၾကာင့္ မူဆယ္ၿမိဳ႕နယ္ မန္႔ဟီးရိုးၿမိဳ႕တြင္ ေျပာင္းဖူးတင္ေထာ္လာဂ်ီ အစီး ၄၀ဝ ခန္႔ ပိတ္                 မိေန

၂၇။     ထုိင္းနယ္စပ္ဂိတ္မွတစ္ဆင့္ ေနရပ္ျပန္မည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ကုိယ္ေရးအခ်က္အလက္မ်ား ျဖည့္ သြင္းရန္လုိ                အပ္

**************

၁။       လားရိႈးၿမိဳ႕နယ္အတြင္း ေက်းလက္ေဒသခံမ်ား လူ၊ ကား ေခ်ာဆြဲခံေနရ

April 25, 2020

သွ်မ္းျပည္ေျမာက္ပိုင္း လားရိႈးၿမိဳ႕နယ္ မိုင္းက်က္အုပ္စုဘက္လႈပ္ရွားသည့္အစိုးရတပ္မေတာ္သည္ ေဒသခံရြာသားမ်ားထံမွ ဝါး၊ သစ္မ်ားဆင့္ဆိုျခင္း ကား၊ေထာ္လာဂ်ီမ်ားအား ေခ်ာဆြဲျခင္းမ်ားျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရပါသည္။ လားရိႈးၿမိဳ႕အေရွ႕ဘက္ရွိ မိုင္းက်က္အုပ္စုတြင္ အေျခခ်သည့္ အစိုးရတပ္မေတာ္ တပ္မ ၉၉ လက္ေအာက္ခံ ခမရ ၃၆၅ သည္ မိုင္းက်က္ေဒသခံမ်ားထံမွ ကား၊ ေထာ္လာဂ်ီမ်ား တရက္လ်င္ ၄ စီးဆင့္ဆိုေခ်ာဆြဲေနေၾကာင္း၊ မိုင္းေယာ္ႏွင့္ မိုင္းက်က္ၾကား ဝမ့္ခန္ ၊ ပန္ေလွ်ာ္ ရြာဘက္ရွိ ၎တို႔တပ္စခန္းသို႔ ပစၥည္းမ်ား တင္ပို႔ေပးခိုင္းေၾကာင္း မိုင္းက်က္ေဒသခံ ဆန္စိုင္းဆာမ္ ကေျပာ သည္။ “သူတို႔ သံုးဖို႔ ကား ၊ေထာ္လာဂ်ီေတြကို ဝမ့္လံုမိုင္းက်က္ကို ေန႔တိုင္း စတန္းပိုင္သြားေနေပးရတယ္။ ကားသမား တေယာက္ကို ပန္ေလွ်ာ္က သူတို႔စခန္းဆီပစၥည္းပို႔ခိုင္းတာ ၂၁ ရက္ကတည္းက သြားတယ္ ၂၃ ရက္ေန႔မွျပန္လႊတ္ေပးတယ္ ” – ဟု ဆန္စိုင္းဆာမ္ က သွ်မ္းသံေတာ္ဆင့္အားေျပာသည္။

ပန္ေလွ်ာ္ရွိ အဆိုပါတပ္စခန္းသည္ ယခင္က ေကာင္းခါး ေကတီေအ ျပည္သူ႕စစ္စခန္းခ် ေနထိုင္ေၾကာင္း၊ အစိုးရတပ္မေတာ္မွ ၎တို႔ဌာနခ်ဳပ္ျဖစ္ေသာ ကြတ္ခိုင္ၿမိဳ႕ရွိ ေကာင္းခါးရြာအား ဝင္ေရာက္စစ္ေဆးကာ မူးယစ္ခ်က္ရံုမ်ားအားသိမ္း ဆည္းလိုက္ၿပီး ေနာက္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းကစၿပီး ပန္ေလွ်ာ္စခန္းအားလည္း အစိုးရတပ္က ဝင္ေရာက္တပ္စခန္းခ်ေနထိုင္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ စခန္းျပဳျပင္ေဆာက္ရန္အတြက္ လိုအပ္ေသာ သစ္၊ ဝါးမ်ား ပစၥည္းမ်ားကို ေဒသခံမ်ားထံမွ ဆင့္ဆိုယူေဆာင္ ေနေၾကာင္း မိုင္းေယာ္ေဒသခံ ျပည္သူ႕စစ္အဖြဲ႕ဝင္တဦးကေျပာသည္။

ထိုသို႔ လူထုမွ အဓမၼလုပ္အားေပးေနရမႈႏွင့္ပတ္သက္ၿပီး သွ်မ္းလူ႔အခြင့္အေရးမ႑ဳိုင္ SHRF မွ စိုင္းေဟာ္ရွဲန္က – “လူထု အေနနဲ႔ေတာ့ ဒီလိုခံေနရတာ ႏွစ္ရွည္လမ်ားျဖစ္ေနၿပီ။ အစိုးရရဲ႕တပ္မေတာ္ဘက္က ျဖဴစင္တဲ့ေစတနာသေဘာထားရွိရင္ စားပြဲဝိုင္းမွာ ႏိုင္ငံေရးေဆြးေႏြးအေျဖရွာႏိုင္မွ ဒီအခုလို လူထု အဓမၼအခြင့္အေရးက်ဴးလြန္ခံေနရတာေတြကိုေျဖရွင္းႏိုင္မယ္။ ႏိုင္ငံတကာဥပေဒနဲ႔ဆိုရင္ အခုလိုမ်ိဳး တပ္မေတာ္က လူထုကိုလုပ္အားခိုင္းေစေနတာေတြဟာ စစ္ဥပေဒကို ေဖာက္ဖ်က္က်ဴး လြန္တာဘဲ ”- ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။ https://burmese.shannews.org/archives/16298

*************

၂။       ရခိုင္ျပည္သူမ်ား၏ ဒုကၡကိုစာနာၿပီး တိုက္ခိုက္မႈမ်ား အျမန္ဆံုး ရပ္ရန္ ALP ေတာင္းဆို

April 25, 2020

ကိုရိုနာ ဗိုင္းရပ္စ္ (COVID-19) ကပ္ေရာဂါ အႏၱရာယ္ကို တတိုင္းျပည္လံုး ညီညာစြာ ရင္ၾကရမည္ျဖစ္၍ ရခိုင္ျပည္နယ္တြင္ ႏွစ္ဖက္ တိုက္ခိုက္မႈမ်ားကို အျမန္ဆံုးရပ္ဆိုင္းေပးရန္ ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ (ALP) က ဧၿပီလ ၂၃ ရက္ တြင္ ထပ္မံ ေတာင္းဆိုလိုက္သည္။ ALP သည္ ၿပီးခဲ့သည့္ ဧၿပီလ ၁၂ ရက္ကလည္း ယင္းသို႔ ေတာင္းဆိုထားေသးသည္။ ဧၿပီလ ၂၀ ရက္ တြင္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ၏ ကားတစီး ပစ္ခတ္ခံရ၍ WHO ဝန္ထမ္းတဦး ေသဆံုးၿပီးေနာက္ အရပ္သား ပစ္ခတ္ခံ ရမႈမ်ား ပိုမိုမ်ားလာၿပီးေနာက္တြင္ ဒုတိယအႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္ထုတ္ကာ ေတာင္းဆိုလိုက္ ျခင္းလည္းျဖစ္သည္။

ALP အဖြဲ႔မွ ဗိုလ္မွဴးႀကီး ခိုင္စိုးျမ က “ကိုရိုနာ ဗိုင္းရပ္စ္လည္း ျဖစ္ေနေတာ့ လူေတြက အထိတ္တလန္႔လည္း ျဖစ္ေနရတယ္။ ေနာက္ၿပီး စစ္ေရးနဲ႔ပတ္သက္လို႔ အထိတ္တလန္႔ ျဖစ္ေနေတာ့ လူေတြက ေနစရာမရွိသလို ျဖစ္ေနတယ္။ ဒီဥစၥာကို ႏွစ္ဖက္ စလံုး (AA ႏွင့္ တပ္မေတာ္) က ကိုယ္ခ်င္းစာနာသင့္တယ္” ဟု ဧရာဝတီသို႔ ေျပာျကားသည္။

ALP ၏ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ရခိုင္အမ်ိဳးသားပါတီ (ANP)မွ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္ က ALP ၏ ေတာင္းဆိုခ်က္မ်ားသည္ လက္ရွိ ရခိုင္ျပည္နယ္တြင္ လိုအပ္ခ်က္ျဖစ္ေနသည့္ ကိစၥမ်ားကို ေတာင္းဆိုထားျခင္း ျဖစ္ေၾကာင္း မွတ္ခ်က္ေပးသည္။ ဦးထြန္းေအာင္ေက်ာ္ က “ရခိုင္ျပည္နယ္မွာ လူထု ထိခိုက္နစ္နာမႈေတြက အရမ္းမ်ားလာၿပီ။

ဒီျပႆနာက ႏွစ္ဖက္တိုက္ခိုက္တာ အခ်ိန္ၾကာလာတာနဲ႔အမွ် အထိခိုက္ဆံုးက အရပ္သားေတြပဲ အႀကီးအက်ယ္ ခံေနရတာ။ ဒီအခ်က္ေတြေၾကာင့္ စစ္ရပ္စဲဖို႔ ေတာင္းဆိုတာက သဘာဝက်တယ္။ လိုလည္း လိုအပ္တယ္” ဟု ဆိုသည္။

ANP ႏွင့္ ALP တို႔က စစ္ပြဲရပ္ဆိုင္းရန္ ေတာင္းဆိုမႈမ်ားရွိေနေသာ္လည္း ၿငိမ္းခ်မ္းေရးႏွင့္ လံုၿခံဳေရးဆိုင္ရာ ျမန္မာအင္စတီက်ဴ (MIPS) ၏ အမႈေဆာင္ ဒါရိုက္တာ ေဒါက္တာ မင္းေဇာ္ဦးကမူ လက္ေတြ႕ ေျမျပင္အေျခအေနတြင္ ႏွစ္ဖက္စလံုးက အပစ္ရပ္ မည့္ အေနအထားရွိပံု မရေၾကာင္း ေျပာၾကားသည္။ AA အဖြဲ႕၏ တပ္ဖြဲ႕ဝင္မ်ားကို ၂၀၂၀ ျပည့္ႏွစ္တြင္ ေျမာက္ဦးၿမိဳ႕၌ ဌာနခ်ဳပ္ ဖြင့္ႏိုင္ရန္ ႀကိဳးပမ္းမည္ဟု ေျပာဆိုထားသည္ျဖစ္ရာ အဆိုပါ ေျပာဆိုခ်က္အတိုင္းျဖစ္ရန္ ႀကိဳးပမ္းလာမည့္ အေျခအေနရွိၿပီး တပ္မေတာ္ကလည္း ယင္းႀကိဳးပမ္းမႈကို တားဆီးမည့္အေနအထားရွိေနေၾကာင္း ၎က သံုးသပ္သည္။ https://burma.irrawaddy.com/news/2020/04/25/221317.html

**************

၃။       တပ္မေတာ္က NCA ကုိ ခ်ဳိးေဖာက္ၿပီး ျပည္သူလူထုကုိ ဆက္လက္တုိက္ခုိက္ေနဆဲဟု သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္ ေကာ္မတီ                  ေျပာ

April 24, 2020

ျမန္မာ့တပ္မေတာ္မွ တစ္ႏုိင္ငံလုံးအပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္-NCAကုိ ခ်ဳိးေဖာက္ၿပီး ျပည္သူလူထုမ်ားကုိ တုိက္ခုိက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္ေကာ္မတီက ထုတ္ျပန္ေျပာဆုိလုိက္ သည္။ ေကအဲန္ယူ-ကရင္အမ်ဳိးသားအစည္းအ႐ုံး မူတေရာ္(ဖာပြန္)ခ႐ုိင္ (တပ္မဟာ ၅) ၊ လူေသာၿမိဳ႕နယ္ထဲတြင္ ယခင္လ မတ္လ ၃၁ ရက္ေန႔က ပစ္သတ္ခံခဲ့ရေသာ ေစာသက္မီး၏ ေအာက္ေမ့ဖြယ္အတြက္ ယမန္ေန႔ ဧၿပီလ ၂၃ ရက္ေန႔က ထုတ္ျပန္ သည့္စာ၌ ထုိသုိ႔ ေဖာ္ျပထားျခင္းျဖစ္သည္။

တပ္မေတာ္အေနျဖင့္ အပစ္ခတ္ရပ္စဲေရး စည္းမ်ဥ္းစည္းကမ္းမ်ားကုိ မခ်ဳိးေဖာက္ဘဲ ေဒသတြင္းတင္း မာမႈမ်ားကုိ အၾကမ္း မဖက္ေသာနည္းလမ္းႏွင့္ မွန္ကန္ေသာစိတ္ထားျဖင့္ ေျဖရွင္းခဲ့လွ်င္ ျပည္သူေနာက္ ထပ္တစ္ဦး ထပ္မံဆုံးရႈံးရမည့္ အျဖစ္ကုိ ေရွာင္လြဲႏုိင္မည္ျဖစ္ေၾကာင္း ဆုိသည္။ သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္ေကာ္မတီ၏ ေျပာခြင့္ရ ေနာ္ဆာမူးက “ေႏြရာသီလုိ ပြင့္လင္း ရာသီေရာက္ၿပီးဆုိရင္ စစ္တပ္က မူတေရာ္ ေဒသမွာ သူတုိ႔ရဲ႕ တပ္လႈပ္ရွားမႈေတြ ပုိလုပ္လာေလ့ရွိတယ္။ အထူး သျဖင့္ လမ္းေဖာက္ လုပ္တဲ့ကိစၥလုိေပါ့။ ဒါေၾကာင့္ က်မတုိ႔ေျပာသလုိပဲ သူတုိ႔ လက္မွတ္ထုိးထားတဲ့ NCA အပစ္ရပ္ စာခ်ဳပ္ကုိ သူတုိ႔ မေလးစားဘူး။ ဆုိလုိတာက အဲ့ေဒသက ေဒသခံလူထုေတြရဲ႕ တန္ဘုိးကုိ အေလးမထားတာပါပဲ။” ဟု ေကအုိင္စီသုိ႔ ေျပာသည္။

ေကအဲန္ယူႏွင့္ ျမန္မာအစုိးရတုိ႔ သေဘာတူ လက္မွတ္ေရးထုိးထားေသာ NCA စာခ်ဳပ္ပါ အခန္း(၃) အပုိဒ္ ၉၏ အရပ္သားမ်ား ကုိ ကာကြယ္ေပးျခင္း အပုိဒ္ခြဲ (ခ) အရ ျပည္သူလူထုအား လူတစ္ဦးတစ္ေယာက္၏ ဂုဏ္ သိကၡာကုိ ထိပါးေစသည့္ လုပ္ရပ္၊ အၾကမ္းဖက္ျခင္း၊ ဥပေဒမဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္း၊ ျပန္ေပးဆြဲျခင္း၊ ညႇဥ္းပန္း ႏွိပ္စက္ျခင္း၊ လူသားမဆန္စြာျပဳမႈျခင္း၊ အက်ဥ္းခ် ျခင္း၊သတ္ျဖတ္ျခင္းႏွင့္ ေဖ်ာက္ဖ်က္ျခင္းမျပဳလုပ္ရ ဟူ၍ပါရွိ သည္။ ထုိ႔အျပင္ အပုိဒ္ (၉)၏ အပုိဒ္ခြဲ (ထ)အရလည္း အရပ္သား ျပည္သူမ်ား စုိးရိမ္ေၾကာင့္ၾကမႈမရွိပဲ အပစ္ရပ္ နယ္ ေျမမ်ားအတြင္း လြတ္လပ္စြာ သြားလာခြင့္ျပဳရန္လည္း ေဖာ္ျပပါရွိသည္။ http://kicnews.org/2020/04/%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1

**************

၄။       ရခိုင္နဲ႔ ခ်င္းျပည္နယ္တြင္း ဥပေဒမဲ့ က်ဴးလြန္မႈေတြကို စံုစမ္းေပးေရး ကမၻာလံုးဆိုင္ရာ ကခ်င္ကြန္ဂရက္ ေတာင္းဆို

April 27, 2020

ျမန္မာတပ္မေတာ္ အျပင္းအထန္ ထိုးစစ္ဆင္ တုိက္ခိုက္ေနတဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အျပစ္မဲ့ အရပ္သားေတြအေပၚ ဥပေဒမဲ့ ရက္ရက္စက္စက္ သတ္ျဖတ္မႈေတြကို ႏိုင္ငံတကာအေနနဲ႔ စံုစမ္းစစ္ေဆးဖို႔ လံုၿခံဳေရးေကာင္စီအေနနဲ႔ အစည္းအေ၀း ဆင့္ေခၚဖို႔ World Kachin Congress ကမၻာလံုးဆိုင္ရာ ကခ်င္ကြန္ဂရက္က ေတာင္းဆိုလိုက္ပါတယ္။ ဧၿပီလ ၂၅ ရက္ေန႔ ထုတ္ျပန္တဲ့ အဖဲြ႔ရဲ႕ေၾကညာခ်က္မွာ ကမၻာ့ကပ္ေရာဂါ COVID-19 ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ ေရး မလုပ္ႏိုင္ဘဲ စစ္ပဲြေတြ ဦးစားေပးတိုက္ခိုက္ေနၿပီး အျပစ္မဲ့ျပည္သူေတြ ေသဆံုးေနရတဲ့ ျဖစ္ရပ္ကို စိုးရိမ္မကင္းျဖစ္မိ ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနေတြကို ဟန္႔တားႏုိင္ေရး လံုၿခံဳေရးေကာင္စီအေနနဲ႔ ၀င္ေရာက္ကူညီဖို႔ WKC ဥကၠ႒ Gum San NSang က ဗီြအိုေအကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံနဲ႔ပတ္သက္ရင္ ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္တာက ကုလသမဂၢ လံုၿခံဳေရးေကာင္စီတခုပဲ က်ေနာ္တို႔ ျမင္ေန ရပါတယ္။ လူေတြ အမ်ားႀကီး ေသေက်ပ်က္စီးရတယ္။ ဒီေလာက္ႀကီး အျပစ္မဲ့ျပည္သူေတြ ဆံုး႐ႈံးရတာကို ၾကည့္မေနဘဲနဲ႔ တခုခုအေျဖရွာဖို႔ အခ်ိန္ေရာက္ေနပါၿပီ။” ဒါ့အျပင္ ကုလသမဂၢပိုင္ ေမာ္ေတာ္ကားတစီး အပါအ၀င္ အျပစ္မဲ့ ျပည္သူလူထု ေတြကို ပစ္မွတ္ထားၿပီး လက္နက္ႀကီးေတြ ဗံုးႀကဲ ပစ္ခတ္တိုက္ခိုက္တာေတြကိုလည္း ျပင္းျပင္းထန္ထန္ ကန္ကြက္႐ႈတ္ခ် ေၾကာင္း WKC ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ရခိုင္၊ ခ်င္းျပည္နယ္က ရြာသူရြာသားေတြရဲ႕ အေျခအေနကုိ အလြန္စိုးရိမ္မကင္း ျဖစ္မိေၾကာင္းလည္း ဥကၠ႒ Gum San NSang က ေျပာပါတယ္။

အရင္ ႏွစ္ေပါင္း ၆၀ ေက်ာ္ကတည္းက ကခ်င္၊ ကရင္၊ ရွမ္းျပည္နယ္ေတြက တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြကို ေခ်မွဳန္း တိုက္ခိုက္ခဲ့တဲ့ နည္းလမ္းအတိုင္း အခု ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္က တိုက္ခိုက္ေနတာ ျဖစ္တယ္လို႔လည္း Gum San NSang က ဆိုပါတယ္။ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ အပါအ၀င္ ရွမ္းနဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖဲြ႔ေတြက ကိုဗစ္ေရာဂါ ကပ္ေဘးကာလ တိုက္ခိုက္မႈေတြ ရပ္ဆိုင္းထားဖို႔ ဧၿပီလ ၁ ရက္ေန႔က အဆိုျပဳခဲ့ေပမယ့္ ျမန္မာတပ္မေတာ္ဘက္က ပယ္ခ်ခဲ့ တာေၾကာင့္ တိုက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနဆဲ ရွိပါတယ္။ https://burmese.voanews.com/a/world-kachin-congress/5392981.html

*************

၅။       ၾကာအင္းဆိပ္ႀကီးၿမိဳ႕႔နယ္တြင္ ယခင္ႏွစ္မ်ားထက္ ေသာက္သုံးေရရွားပါးမႈ ပုိမိုႀကဳံေတြ႔ေနရ

April 25, 202၀

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေက်းရြာအမ်ားစုတြင္ ျမစ္ေခ်ာင္းမ်ားႏွင့္ လက္တူးေရတြင္းမ်ား ခန္းေျခာက္လာ သည့္အတြက္ ယခုႏွစ္တြင္ ယခင္ႏွစ္မ်ားက ေသာက္သုံးေရ အခက္အခဲပုိမုိႀကံဳေတြ႔လာရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။ ေဖေဖာ္ဝါရီေနာက္ဆုံးပတ္မွစ၍ ျမစ္ေခ်ာင္း စိမ့္စမ္းေရမ်ားႏွင့္ လက္ယက္တူးတြင္းမ်ားမွာ ေရခန္းေျခာက္လာခဲ့ရာ ခလယ္ ေက်းရြာအုပ္ခ်ဳပ္စု၊ တံခြန္တိုင္ေက်းရြာအုပ္စုႏွင့္ ဝင္းေရာ္ေဒသရွိ ေက်းရြာမ်ားတြင္ သုံးေရရွားပါးမႈအခက္အခဲႏွင့္ ရင္ဆုိင္ေနရ ၿပီး ေရအလွဴရွင္မ်ား၏ ေရေပးေဝမႈမ်ားအေပၚတြင္သာ မီွခိုေနရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

 

“ ရြာကေတာေတာင္ေတြလည္းျပဳန္းၿပီး အစားထိုးအပင္ေတြေၾကာင့္ စိမ့္စမ္းေရ အရင္းျမစ္ေနရာေတြ ေရအကုန္ခန္းေျခာက္ ကုန္တယ္။ ငယ္ငယ္က ရြာေခ်ာင္းေတြက ၁၂ လရာသီလုံးလုံး ေရရွိေနတယ္။ ကၽြဲ ႏြားေတြ စိုက္ပ်ိဳးေရးအတြက္သုံးေရေတြ အေတာ္ဒုကၡေရာက္တယ္။ က်ေနာ္တို႔အဖြဲ႔ ေရလိုက္ေဝတာ ၂ လခြဲေလာက္ရွိသြားၿပီး။ မနက္ ၆ နာရီကေန ညေန ၉ နာရီအထိ ရြာေပါင္း ၁ဝ ရြာနီးပါး ေန႔စဥ္ေရပို႔ေပးရတယ္”ဟု ခလယ္ရြာ ေသာက္သုံးေရေပးေဝေရးပရဟိတအဖြဲ႔ ေစာဘေသာ္က ဧၿပီလ ၂၄ ရက္တြင္ ေကအိုင္စီ သို႔ေျပာသည္။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေက်းရြာအမ်ားစုမွာ ဇမိျမစ္ႏွင့္ ဝင္းေရာ္ျမစ္ၾကား ေတာင္ညိဳ

ေတာင္တန္း၏ အေရွ႕ဘက္တြင္ ရြာအေျခ တည္ၿပီး မိုးရာသီတြင္ ျမစ္ေခ်ာင္းေရႏွင့္ ေတာင္က်ေရေၾကာင့္ ေက်းရြာအမ်ားစု ေရျမွဳပ္ခံရကာ ေႏြရာသီတြင္လည္း ႏွစ္စဥ္ေရရွားပါးမႈ ျပႆနာႏွင့္ ရင္ဆုိင္ႀကံဳေတြ႔ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ ေရရွားတဲ့ရြာေတြကို ဒီႏွစ္အဝီစီတြင္း ၆ တြင္း စိမ့္စမ္းေရသြယ္တန္းမႈက ၈ ခု ေရကန္ေတြအပါေပါ့ေနာ္ လုပ္ေဆာင္ထား တယ္။ ၿမိဳ႕နယ္ေရေပးေဝေရးေကာ္မတီေတြ ဖြဲ႔ထားတယ္။ ေရရွားတဲ့ရြာေတြ အသိေပးဖို႔ ရြာေတြမွာလည္း ေျပာထားတယ္။ ေဆာင္ရြက္ ေပးသြားမယ္”ဟု ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေက်းလက္ေဒသ ဖ႔ြံၿဖိဳးတိုးတက္ေရးဦးစီးဌာန ဦးစီးမွဴး ေစာျမင့္ေအာင္လင္းက ယေန႔ (ဧၿပီလ ၂၅ ရက္) ေကအိုင္စီသို႔ေျပာသည္။ ဇမိျမစ္ အေနာက္ဘက္ျခမ္းရွိ ေက်းရြာမ်ားတြင္ အနက္ေတာင္ ၃ဝ ေက်ာ္အထိ လက္ယက္တူးတြင္းအမ်ားစု မွာ ေရခန္းေျခာက္ကုန္ ၿပီးျဖစ္၍ ေသာက္သုံးေရရရွိရန္ ေခ်ာင္း ကမ္းပါးမ်ားတြင္ ယာယီ လက္ယက္တူးတြင္းမ်ားႏွင့္ အမ်ား သုံးစြဲႏုိင္သည့္ ယာယီေရေလွာင္ကန္မ်ားျပဳလုပ္ထားၾကရသည္ ဟု ေက်းရြာအုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားထံမွ သိရသည္။ http://kicnews.org/2020/04/%e1%81%be%e1%80%8 0%e1%80%ac%e1%80%a1%e1%80%84%e1

**************

၆။       မိလႅာက်င္းတူးရာမွ မိသားစုလိုက္ ေသဆံုး

April 24, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ေဆာင္ႀကဲေက်းရြာတြင္ အမ်ိဳးသား (၄) ဦး မိလႅာက်င္းတူးရင္း ျပဳတ္က် ေသဆံုးေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ ဧၿပီ ၂၃ ရက္ေန႔ ည ၆ နာရီအခ်ိန္ခန္႔တြင္ ဦးအိုက္လွ ၏ ေနအိမ္ဝန္းတြင္ မိလႅာက်င္းအသစ္တူးရာမွ မိလႅာက်င္း အေဟာင္းမွ မစင္မ်ားထြက္ၿပီး ေအာက္စီဂ်င္ပ်က္ကာ တစ္ဦးကို တစ္ဦး ဆင္းကယ္ၾကရာမွ မိလႅာက်င္းထဲ ေသဆံုး ခဲ့ရျခင္း ျဖစ္ေၾကာင္း သြားေရာက္ကူညီသည့္ သီေပါၿမိဳ႕ေဒသခံ လူငယ္တစ္ဦး ကရွင္းျပသည္။ “ျဖစ္ပ်က္သြားတာက နာရီဝက္ ေလာက္ပဲ ၾကာသြားတယ္။ ၄ ေယာက္စလံုး ေသဆံုးသြားၾကတယ္”ဟု ၎လူငယ္ တစ္ဦးကေျပာသည္။

မိလႅာက်င္းထဲ ေသဆံုးသြားသူမ်ားမွာ ဦးစိုင္းလွ အသက္ (၄၈) နွစ္ ၊သားျဖစ္သူ ဦးစိုင္းသီဟ အသက္( ၂၅) နွစ္ ၊ သားျဖစ္သူ စိုင္းေဇာ္ဦးသာ အသက္( ၂၁ ) ႏွစ္ ႏွင့္ ဦးစိုင္းလွ ႏွင့္ ေဆြးမ်ိဳးေတာ္စပ္သူ ေမာင္မိုးေအာင္ အသက္( ၂၇ ) ႏွစ္ ျဖစ္ေၾကာင္း သိရသည္။ သီေပါၿမိဳ႕နယ္ SNLD ပါတီဝင္ စိုင္းေလာဝ္ဆိုင္က ” ဒီလို မိလႅာက်င္းတူးမယ္ဆိုရင္ က်ေနာ္တို႔အားလံုး သတိထားဖို႔ လိုတယ္။ တူးမယ္ဆိုရင္လည္း က်င္း ေဟာင္း နဲ႔ ေဝးတဲ့ေနရာမွာ တူးရမယ္။ မဟုတ္ရင္ အသက္အႏၱရာယ္ ထိ ရွိႏိုင္တာေပါ့ ေနာ္။ ခုျဖစ္သြားတာ က်ေနာ္တို႔အားလံုးအတြက္ သင္ခန္းစာ ယူသင့္တယ္။” ဟု ေျပာသည္။

အခင္းျဖစ္ပြားရာေနရာသို႔ သီေပါၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ား နယ္စည္းမျခားလူမႈေရးအသင္းအဖြဲ႔မွ လူနာ တင္ယာဉ္ ၁ စီးျဖင့္ သီေပါၿမိဳ႕နယ္ ျပည္သူ႕ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ https://burmese.shan news.org/archives/16284

*************

၇။       မူဆယ္ၿမိဳ႕ ပန္းေဆး ျပည္သူ့စစ္ပိုင္ အေဆာက္အဦး တိုက္ခိုက္ခံရ

April 24, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕တြင္ ယမန္ေန႔ ည ၇ နာရီခြဲက စြမ္ေစာ္ရပ္ကြက္ရွိ ပန္းေဆး ျပည္သူ႕စစ္ပိုင္ အေဆာက္အဦး တိုက္ခိုက္ခံရေၾကာင္း သတင္းရရွိသည္။ ျဖစ္စဥ္မွာ (ဧၿပီ ၂၃) ည ၇ နာရီခြဲ ဝန္းက်င္က စြမ္ေစာ္ရပ္ကြက္ရွိ ပန္းေဆး ျပည္သူ႔စစ္ပိုင္ အေဆာက္အဦးထဲသို႔ အမည္မသိ လက္နက္ကိုင္အဖြဲ႕ဝင္ေရာက္လာကာ ပစ္ခတ္သြားေၾကာင္း၊ ျပည္သူ႕စစ္ အေဆာက္အဦး ဝင္းထဲသို႔ ဗံုးသီးဟုယူဆရသည့္ လက္နက္ ၅ လံုး က်ေၾကာင္း မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသူရိန္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ “လူထိခိုက္မႈကေတာ့မရွိဘူး။ ဒါေပမယ့္ ပန္းေဆးျပည္သူ႔စစ္ဝင္းထဲမွာ ၅ လံုးက်သြားတယ္။ ဗံုးလို႔ယူဆရတယ္။ အခု သက္ဆိုင္တဲ့ တပ္နဲ႔ ရဲကေတာ့ သြားရွင္းေနပါၿပီ”ဟု ဦးသူရိန္က ေျပာသည္။ လက္ရွိ အခ်ိန္ထိ မည္သည္႔ အဖြဲ႕က လာေရာက္ ပစ္သည္ကို သက္ဆိုင္ရာမွ စံုစမ္းေနဆဲ ျဖစ္ေၾကာင္းလည္း ဦးသူရိန္က ဆိုသည္။

အဆိုပါလက္နက္ကိုင္အဖြဲ႔သည္ ပန္းေဆး ျပည္သူ႔စစ္ဝင္းအတြင္း ကားျဖင့္ ေရာက္လာၿပီး ပစ္ခဲ့ေၾကာင္း ထိုပစ္မႈၾကာင့္ တရုတ္ျပည္တြင္းသို႔ က်ည္ တလံုးက်ခဲ့ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။  “ အဲ့ေနရာက က်ေနာ္တို႔ ဝင္ဖို႔ခက္တဲ့ေနရာပါ။ လူထိခိုက္မႈေတာ့မရွိဘူး။ ဒါေပမယ့္ အေဆာက္အဦးထဲမွာ ဘာေတြရွိလဲဆိုတာ က်ေနာ္တို႔ဝင္ခြင့္မရေတာ့ ေသခ်ာမသိဘူး” ဟု စိုင္းေက်ာ္သိန္းက ပန္းေဆး ျပည္သူ႔စစ္ပိုင္ အေဆာက္အဦး အေျခအေနကို ေျပာျပသည္။

ယခုႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းတြင္ အစိုးရတပ္မေတာ္မွ မူဆယ္ၿမိဳ႕နယ္ အတြင္း လႈပ္ရွားေနသည့္ ျပည္သူ႔စစ္မ်ားကို ေခၚယူ ကာ တပ္မေတာ္မွ ခ်မွတ္ထားေပးသည့္ ေနရာသို႔ ျပန္သြားၾကရန္ ႏွင့္ ၿမိဳ႕မ ျပည္သူ႔စစ္မွလြဲၿပီး က်န္ျပည္သူ႔စစ္မ်ား တပ္ျပည္ပ သို႔ လက္နက္ခဲယမ္း ကိုင္ေဆာင္သြားလာျခင္း မျပဳရန္ ေျပာၾကားခဲ့သည္။ ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ တရား မဝင္ ဂိမ္းဆိုင္မ်ား၊ ေလာင္းကစားရံုမ်ားလည္း ပိတ္ရန္ ေျပာဆိုခဲ့ေသးသည္။ https://burmese.shannews.org/ar chives /16277

***************

၈။       ကခ်င္လူထုမူးယစ္တိုက္ဖ်က္ေရးေန႔ကို အိမ္တြင္းဆုေတာင္းျခင္းအစီစဥ္ျဖင့္သာ ျပဳလုပ္ခဲ့ရ

April 25, 2020

ႏွစ္စဥ္ ဧၿပီလ ၂၅ ရက္ေန႔သည္ ကခ်င္လူထုမူးယစ္တိုက္ဖ်က္ေရးေန႔ (Anti-Drug Day) ျဖစ္ေသာ္လည္း ယခုႏွစ္တြင္ Covid-19 ေရာဂါအေျခအေနေၾကာင့္ လူထုဆုေတာင္းပြဲမျပဳလုပ္နိုင္ဘဲ မိမိအိမ္တြင္သာ ဆုေတာင္းျခင္းျဖင့္ ျပဳလုပ္ခဲ့ၾက သည္ဟု သိရသည္။ ကခ်င္ျပည္နယ္တြင္ ဆိုးရြားလာေသာ မူးယစ္ေဆးဝါးအႏၲရယ္ကိုတိုက္ဖ်က္ရန္ ကခ်င္ခရစ္ယာန္ အသင္းေတာ္ အေျချပဳ လူထုမူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ Pat Jasan ကို ၂၀၁၄ တြင္ဖြဲ႕စည္းခဲ့သည္မွာ ယေန႔ ၆ ႏွစ္ျပည္ခဲ့ၿပီ ျဖစ္သည္။ ၂၀၁၄ မွစၿပီး ဘိန္းခင္းဖ်က္ဆီးျခင္း၊ ရပ္ကြက္ၿမိဳ႕ရြာအထိ ဘိန္းသုံးစြဲ ေရာင္းဝယ္သူမ်ားကို ပညာေပးျခင္းစသည့္ လုပ္ငန္းမ်ား လုပ္ေဆာင္ ခဲ့ၿပီး အထိမ္းအမွတ္ေန႔ေရာက္တိုင္း လူထုဆုေတာင္းပြဲမ်ားကို ျပဳလုပ္ေလ့ရွိသည္။

“ဒီႏွစ္က လူစုလူေဝးႏွင့္က်င့္ပဖို႔ မျဖစ္နိုင္ေတာ့ေပမဲ့ အားလုံးကိုယ္ရွိတဲ့အရပ္ကေနမွ မူးယစ္ေဆးေက်းကၽြန္ဘ၀ မွ လြတ္ ေျမာက္ႏိုင္ဖို႔ ႏွင့္ အခုျဖစ္ပြားေနတဲ့ Covid-19 ေရာဂါမွ လြတ္ေျမာက္ႏိုင္ဖို႔ အထူးဘဲဆုေတာင္းၾကဖို႔ အဓိက ထုတ္ျပန္ထား တာျဖစ္တယ္” ဟု တႏိုင္းအေျချပဳ လူထုမူးယစ္တိုက္ဖ်က္ေရးအဖြဲ႕မွ ဆရာေနာ္ေတာင္ ေျပာသည္။ စတင္ ဖြဲ႕စည္းခ်ိန္မွ စၿပီး မူးယစ္တိုက္ဖ်က္ေရး စတင္လုပ္ေဆာင္ခဲ့ရာတြင္ ေအာင္ျမင္မႈမ်ားရရွိခဲ့သလို အခက္အခဲမ်ားလည္းရွိခဲ့သည္ဟု သိရသည္။

ကခ်င္ျပည္နယ္တြင္ မူးယစ္တိုက္ဖ်က္ေရးကို လူထုအဖြဲ႕အစည္းမ်ားလုပ္ေနေသာ္လည္း ပိုမိုထိေရာက္ရန္ အစိုးရ ကိုယ္တိုင္ ပါဝင္ လုပ္ေဆာင္ရမည္ဟု ဆရာေနာ္ေတာင္မွ ေျပာသည္။ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအစီစဥ္ကို လာမည့္ႏွစ္မ်ားတြင္ ပိုမိုလုပ္ေဆာင္ႏိုင္ေရး ဆုေတာင္းေပးဖို႔ ယေန႔ ကခ်င္လူထုမူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕ PJS က ထုတ္ျပန္ထားပါသည္။ https://burmese.kachinnews.com/2020/04/25/%e1%80%80%e1%80%81%e1%80%bb%e1%80%84

 **************

၉။       တိုက္ပြဲမ်ားေၾကာင့္ ပုဏၰားကြ်န္းၿမိဳ႕နယ္က ရြာ၂၀  နီးပါး ထြက္ေျပးေနရ

April 25, 2020

တပ္မေတာ္ႏွင့္ ရကၡိဳင္စစ္တပ္ (AA) တို႔ ႏွစ္ဖက္တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္ ပုဏၰားကြ်န္းၿမိဳ႕နယ္အတြင္းမွ ေက်းရြာေပါင္း ၂၀ နီးပါး အိုးအိမ္မ်ားကို စြန္႔ခြာ၍ ေဘးလြတ္ရာသို႔ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း သတင္းရရွိသည္။ ထြက္ေျပးေနရေသာ ေက်းရြာမ်ားမွာ ပုဏၰားကြ်န္း- ရေသ့ေတာင္ ကားလမ္းမအနီးမွ ေက်းရြာမ်ားအပါအဝင္ ယင္း ၿမိဳ႕နယ္အတြင္း ရန္ကုန္- စစ္ေတြ ကားလမ္းမေပၚ ေက်းရြာမ်ားပင္ပါဝင္ေၾကာင္း ပုဏၰားကြ်န္းမဲဆႏၵနယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ က ေျပာသည္။ ဦးခင္ေမာင္လတ္ က “အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ ရြာေတြကေတာ့ ေတာ္ေတာ္မ်ားတယ္။ တခ်ိဳ႕ ရြာေတြဆို ရြာနားမွာ တိုက္ပြဲျဖစ္လို႔ေျပးတယ္။ တခ်ိဳ႕ရြာေတြဆို တပ္မေတာ္စစ္ေၾကာင္းလာလို႕ ေျပးတာရွိတယ္၊ ရြာထဲကို လက္နက္ႀကီး ေတြ လာက်လုိ႔ ေျပးတာ ရွိတယ္။ ရြာေပါင္း၂၀ နီးပါးေလာက္က ျပည္သူေတြ အသက္လုၿပီး ေျပးေနရတာ” ဟု ဧရာဝတီသို႔ ေျပာသည္။

ယင္းျပင္ ရန္ကုန္ -စစ္ေတြ ကားလမ္းမေပၚတြင္ တည္ရွိသည့္ ေက်ာက္ဆိပ္ေက်းရြာ၊ ဂူဝေက်းရြာႏွင့္ နတ္ေခ်ာင္း၊ ေရ ပုတ္ေခ်ာင္း၊ တန္းစြယ္ေက်းရြာသား အမ်ားစုမွာလည္းနီးစပ္ရာ ေဆြမ်ိဳးသားခ်င္းမ်ားရွိရာသို႔ ထြက္ေျပးခိုလံႈေနရ ေၾကာင္းလည္း သိရသည္။ ထိုအထဲမွ တခ်ိဳ႕မွာ ပုဏၰားကြ်န္းၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ ဒုကၡသည္စခန္းတခ်ိဳ႕တြင္ ဝင္ေရာက္ ခိုလံႈေနလ်က္ရွိေၾကာင္းလည္း ပုဏၰားကြ်န္းမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ေျပာသည္။

ဧၿပီလ ၁၃ ရက္ မနက္ပိုင္းကလည္း အဆိုပါ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာ အတြင္းသို႔ လက္နက္ႀကီး က်ည္ဆန္ ၃ လံုး က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အရပ္သား ၈ ဦး ေသဆံုးခဲ့ၿပီး ၁၀ ဦးေက်ာ္ ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့သည့္အတြက္ လက္ရွိအခ်ိန္အထိ ေဆးကုသမႈကို ခံယူေနရသည္။ ေဒသခံ ေက်းရြာသားမ်ားႏွင့္ ထိခိုက္ေသဆံုးသြားသူ မိသားစုဝင္မ်ားက အဆိုပါ ေက်းရြာအတြင္းသို႔ က်ေရာက္သည့္ လက္နက္ႀကီးမွာ ေက်းရြာႏွင့္ ၂ မိုင္ခြဲေက်ာ္အကြာတြင္ တည္ရွိသည့္ ပုဏၰားကြ်န္း အေျခစိုက္ အမွတ္ ၅၅၀ ေျချမန္တပ္ရင္းမွ ပစ္ခတ္ျခင္းျဖစ္သည္ဟု ဆိုၾကသည္။ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ ေက်းရြာ အတြင္း လက္နက္ႀကီး က်ည္ဆန္ က်ေရာက္ ေပါက္ကြဲသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရခိုင္အမ်ိဳးသား ပါတီ (ANP) က ဧၿပီလ ၁၇ ရက္ ရက္စြဲျဖင့္ သေဘာထားေၾကညာခ်က္ တေစာင္ ထုတ္ျပန္ခဲ့သည္။ https://burma.irrawaddy.co m/news/202 0/04/25/221331.html

**************

၁၀။     Covid-19 အေရး ပူးေပါင္းရန္ မြန္ျပည္နယ္အစိုးရက မြန္ျပည္သစ္ပါတီကို တိုက္တြန္း

April 27, 2020

ထိုင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ျပည္ေတာ္ျပန္သည့္ကိစၥႏွင့္ပတ္သက္၍ တရားဝင္နယ္စပ္ဂိတ္ျဖစ္သည့္ ျမဝတီနယ္စပ္ဂိတ္မွသာ ဝင္ေရာက္သင့္ပါေၾကာင္းႏွင့္ လက္ရွိအခ်ိန္တြင္ Covid-19 ထိန္းခ်ဳပ္ေရးအတြက္ ဘုရားသံုးဆူနယ္ စပ္ဂိတ္မွ ျပန္လည္ဝင္ေရာက္ပါကလည္း တရားဝင္ ျပန္လည္ဝင္ေရာက္ျခင္း ျဖစ္ေစေရးအတြက္ ျမဝတီနယ္စပ္ဂိတ္မွသာ ဝင္/ထြက္ေစေရး ပူးေပါင္းကူညီေဆာင္ရြက္သြားရန္ မြန္ျပည္နယ္အစိုးရအဖြဲ႔ဝင္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး ေနထြဋ္ဦးက ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္စား လက္မွတ္ေရးထိုး၍ ဧၿပီလ(၂၁) ရက္စြဲျဖင့္ မြန္ျပည္သစ္ပါတီသို႔ အေၾကာင္းၾကား စာေပးပို႔ခဲ့ေၾကာင္း မြန္သတင္းေအဂ်င္စီက မိတၱဴ လက္ခံရရွိခဲ့သည္။

မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာဌာနတာဝန္ခံ ႏိုင္ဗညားလယ္က “လာမယ့္ ဧၿပီလ ၃၀ ရက္ေနာက္ပိုင္းမွာ ျပန္ဝင္လာမယ့္ လူေတြက ျမဝတီဘက္ကေန ဝင္လာမွာပါ၊ အစိုးရက သူတို႔စီစဉ္ထားတဲ့ CBFQ မွာပဲ ထားမယ္ဆိုေတာ့ က်ေနာ္တို႔ဘက္ကို ေရာက္ဖို႔က သိပ္မရွိဘူးေပါ့ေလ။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ေရာက္လာခဲ့မယ္ဆိုရင္လည္း CBFQ မွာေနဖို႔အတြက္က စီစဉ္ထား ၿပီးသားပါ”ဟု မြန္သတင္းေအဂ်င္စီႏွင့္ ေတြ႔ဆံုေမးျမန္းခ်က္တစ္ရပ္တြင္ ေျဖၾကားခဲ့သည္။ ထို႔အတူ COVID 19 ကူးစက္ ေရာဂါ အႏၱရာယ္ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံမွ ေနရပ္ျပန္ျမန္မာအလုပ္သမားမ်ားအေနျဖင့္ တရားဝင္ျမဝတီ နယ္စပ္ဂိတ္မွ ျပန္လာၾကရန္ႏွင့္ ဘုရားသံုးဆူနယ္စပ္လမ္းေၾကာင္းဘက္သို႔ ျပန္လာခြင့္မျပဳရန္ ဧၿပီ ၂၅ ရက္စြဲျဖင့္ မြန္ျပည္သစ္ ပါတီဗဟိုဌာနခ်ဳပ္က ဘုရားသံုးဆူၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးရံုးသို႔  ညႊန္ၾကားလိုက္သည္။

ဧၿပီ ၃၀ ေနာက္ပိုင္း နယ္စပ္မွတဆင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေန ေနရပ္ျပန္ရမည့္ အလုပ္သမားမ်ား အင္အား စာရင္းကို သိရွိၿပီး အခက္အခဲမရွိေစဘဲ ေနရပ္ျပန္ႏိုင္ေစေရးႏွင့္ က်န္းမာေရးဆိုင္ရာ ညႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုအပ္သည့္ အစီအမံမ်ား စီစဉ္ေဆာင္ရြက္ႏိုင္ရန္အတြက္ https://forms.gle/kbxdZLLVbmDM7NYJ9 သို႔ မပ်က္မကြက္ျဖည့္သြင္း ေပးပို႔ ၾကပါရန္ ထိုင္းႏိုင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံအလုပ္သမား သံအရာရွိရံုးက ယေန႔ရက္စြဲျဖင့္ ျမန္မာအလုပ္သမား မ်ားအား ေမတၱာရပ္ခံ အသိေပးႏိူးေဆာ္ထားေၾကာင္း ေတြ႔ရွိရသည္။ https://www.bnionline.net/mm/news72454

****************

၁၁။     ဖားကန္႔က ေရမေဆးေက်ာက္ ရွာသူေတြၾကား COVID-19 စိုးရိမ္

April 27, 2020

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွာ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းခြင္ေတြမွာေတာ့ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈကို ႀကိဳတင္ ကာကြယ္တဲ့ အေနနဲ႔ ၀န္ထမ္းေတြ လုပ္ငန္းခြင္အျပင္ထြက္ခြင့္ ပိတ္ထားပါတယ္။ အျပင္လူလည္း မ၀င္ရပါဘူး။ ဒါ႔အျပင္ လုပ္ငန္းခြင္အတြင္း က်န္းမာေရး ေစာင့္ၾကပ္ၾကည့္႐ႈမႈကိုလည္း ေဆာင္ရြက္ထားတယ္လို႔ ဖားကန္႔ၿမိဳ႕နယ္ဆိုင္ရာ ျပည္သူ႔ လႊတ္ေတာ္အမတ္ ဦးတင့္စိုးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီကုမၸဏီ၀န္ထမ္းေတြဟာ ဒီလုပ္ငန္းခြင္က လြဲၿပီးရင္ သူတို႔ကုမၸဏီဆိုက္ရဲ႕ အျပင္ကို ထြက္ခြင့္ လံုး၀မရွိပါဘူးခင္ဗ်။ ကုမၸဏီ အတြက္ ေန႔စဥ္လိုအပ္တဲ့ စားနပ္ရိကၡာနဲ႔ ပတ္သက္ၿပီးမွ အ၀ယ္ထြက္တဲ့လူရယ္၊ ယာဥ္ေမာင္းရယ္ ဒီလူေတြကိုပဲ သူတို႔ အျပင္ ထြက္ခြင့္ေပးပါတယ္။” ၂၄ နာရီ အခ်ိန္ျပည့္ အလုပ္လုပ္တဲ့ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းခြင္ေတြမွာ COVID-19 ကာကြယ္တားဆီးေရးအတြက္ စီမံကိန္းခ် ၾကပ္မတ္ ေဆာင္ရြက္ႏုိင္ေပမယ့္လည္း ဒီ ေက်ာက္တူးေဖာ္ေရး လုပ္ငန္းေတြရဲ႕ ေျမစာပံုေတြမွာ ေထာင္နဲ႔ခ်ီတဲ့ ေရမေဆးေက်ာက္ ရွာၾကသူေတြအတြက္ေတာ့ ကာကြယ္တားဆီးေရး မလုပ္ႏုိင္ပါဘူး။ ဖားကန္႔ ကို အ၀င္အထြက္လုပ္မယ့္ ကားေတြကို ၾကပ္မတ္ေဆာင္ရြက္ေနၾကတာ ျဖစ္ပါတယ္။ စြန္႔ပစ္ေျမစာပံုေတြထဲမွာ ေရမေဆး ေက်ာက္ရွာေဖြၿပီး စား၀တ္ေနေရး ရပ္တည္ၾကတဲ့ လူထုအတြက္ အစိုးရရဲ႕ COVID-19 ကာလ အေထာက္အပံ့ ကလည္း မလံုေလာက္ဘူးလို႔ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးတင့္စိုးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကခ်င္ျပည္နယ္မွာ ပထမဆံုး COVID-19 ကူးစက္ခံ အတည္ျပဳလူနာတဦး စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ လူထူထပ္ၿပီး ထိန္းသိမ္းရခက္တဲ့ ဖားကန္႔လို ေဒသမ်ိဳးေတြအတြက္ စိုးရိမ္ေနၾကတာပါ။ ရန္ကုန္က စက္႐ုံတခုမွာ အလုပ္ လုပ္ခဲ့ၿပီးေနာက္ ကခ်င္ျပည္နယ္ မိုးညႇင္းကို ျပန္လာသူတဦးမွာ COVID-19 ကူးစက္ခံထားရေၾကာင္း အတည္ျပဳခဲ့ၿပီး ျမစ္ႀကီးနားေဆး႐ုံကို ေျပာင္းေရႊ႕ ကုသေပးေနေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တနဂၤေႏြေန႔ညက သတင္း ထုတ္ထားပါတယ္။ https://burmese.voanews.com/a/covid19-hpakant/5392976.html

**************

၁၂။     အတိုင္ပင္ခံ၏ ထုတ္ျပန္ခ်က္ တပ္ဘက္ကို ေထာက္ျပမထား၍ ခ်င္းအဖြဲ႕အစည္းအခ်ိဳ႕ေဝဖန္

April 23, 2020

ႏိုင္ငံေတာ္၏  အတိုင္ပင္ခံပုဂၢိဳလ္ရံုး၏ ဧၿပီ ၂၁ရက္ ထုတ္ျပန္ခ်က္တြင္ ရကၡိဳင့္တပ္ေတာ္ (AA) ဘက္ကိုသာ ေထာက္ျပထားၿပီး ျမန္မာ့တပ္မေတာ္ဘက္ကို ေထာက္ျပထားျခင္းမရွိသျဖင့္ မွ်တမႈမရွိေၾကာင္း ခ်င္းအဖြဲ႔အစည္းအခ်ို့က ေဝဖန္ၾကသည္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ ျပည္သူမ်ားအတြက္ ရိကၡာဆန္မ်ားကို ဧၿပီ ၁၉ ရက္ ေန႔လယ္ပိုင္းတြင္ ေရာက္ရွိေအာင္ ပို႔ေဆာင္ႏိုင္ခဲ့သျဖင့္ ဝမ္းေျမာက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ “ဒီ ထုတ္ျပန္ခ်က္က တစ္ဘက္ကေနၾကည့္ ရင္ေတာ့ ေကာင္းပါတယ္၊ ဒါေပမယ့္ AA ဘက္ကို ေထာက္ျပသလိုမ်ိဳး ျမန္မာ့တပ္မေတာ္ဘက္ကိုလည္း အညီအမွ် မဟုတ္ႏိုင္ရင္ေတာ့ အနည္းအက်ဉ္းေတာ့ ေထာက္ျပသင့္တယ္လို႔ က်ေနာ္ျမင္တယ္”ဟုလည္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ တြဲဖက္အေထြေထြအတြင္းေရးမွဴး ဆလိုင္းက်ဲအိုဘိခ္ေထာင္က ေျပာသည္။

ထုတ္ျပန္ခ်က္မွာ ေထာက္ျပမႈအပိုင္းတြင္ လိုအပ္ခ်က္ရွိေနေၾကာင္း၊ တပ္မေတာ္၏ ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ တစ္လ အတြင္း လူသံုးဆယ္ဝန္းက်င္ ေသဆံုးခဲ့ရျခင္းမ်ိဳးကိုလည္း ေထာက္ျပသင့္သည္ဟု ျမင္ေၾကာင္း ဆလိုင္းက်ဲအိုဘိခ္ေထာင္က ဆိုသည္။ “(တပ္ႏွင့္ AA ) ႏွစ္ဘက္စလံုးက စစ္ရာဇဝတ္မႈကို က်ဴးလြန္ထားတာျဖစ္တဲ့အတြက္ ႏွစ္ဘက္စလံုးကို တန္းတူ ေထာက္ျပသင့္တယ္လို႔ ျမင္တယ္” ဟု ဆလိုင္းက်ဲအိုဘိခ္ေထာင္က ေျပာသည္။

ယင္းထုတ္ျပန္ခ်က္တြင္ ULA/AA က ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္အတြင္း အဖ်က္အေမွာင့္လုပ္ရပ္မ်ား လုပ္ေဆာင္ေန သျဖင့္ ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ အသက္စြန္႔ၿပီး ရြပ္ရြပ္ ခြ်ံခြ်ံ  တာဝန္ထမ္းေဆာင္လ်က္ရွိေသာ တပ္မေတာ္သား အရာရွိ၊ စစ္သည္မ်ားအားလံုးကို အသိအမွတ္ျပဳ ခ်ီးက်ဴးဂုဏ္ျပဳ ေၾကာင္း ပါဝင္သည္။ ထို႕ျပင္ အရပ္သားမ်ား ေသဆံုး/ဒဏ္ရာရရွိမႈ ျဖစ္စဥ္မ်ား ၾကားသိရသည့္အတြက္ မ်ားစြာဝမ္းနည္း စိတ္မ ေကာင္းျဖစ္ရေၾကာင္း၊ ၎တို႔ႏွင့္ မိသားစုဝင္မ်ားအတြက္လည္း ႏိုင္ငံေတာ္အစိုးရအေနျဖင့္ လိုအပ္သည့္ ပံ့ပိုးကူညီ ေထာက္ပံ့ မႈမ်ား ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္းပါဝင္သည္။

ခ်င္းလူ႔အခြင့္အေရးအဖြဲ႔မွ ဆန္ႏွင္းလ်န္က “ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ပလက္ဝကိစၥနဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္တာ ေတြ႕ရတဲ့အတြက္ ဝမ္းသာတယ္၊ ႀကိဳလည္းႀကိဳဆိုတယ္၊ ဒါေပမယ့္ ထုတ္ျပန္ခ်က္တစ္ခုလံုးကို ၾကည့္မယ္ဆိုရင္ သိပ္အားမေကာင္းဘူးလုိ႔ျမင္ရတယ္”ဟု ေျပာသည္။ စစ္ပြဲမ်ားေၾကာင့္ ေက်းရြာမ်ားမွ ေဒသခံမ်ားမွာ ပလက္ဝၿမိဳ႕ႏွင့္ ဆမီးၿမိဳ႕ တို႔တြင္ စစ္ေရွာင္ေနရၿပီး လက္ရွိအခ်ိန္ထိ ဆမီးတြင္  ၂၈၀ဝ  ပလက္ဝတြင္ ၃၆၅၇ ဦး ရွိေၾကာင္း သိရသည္။ https://www. bnionline.net/mm/news-72380

**************

၁၃။     အင္းေလးကန္ ေရခမ္း စိုက္ပ်ိဳးေရး ခက္ခဲ ေန

April 24, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္ရွိ အင္းေလးကန္ႀကီး ေရခမ္းေျခာက္မႈႏွင့္ ပတ္သက္ၿပီး ေဒသခံမ်ား လယ္ယာ စိုက္ပ်ိဳးမႈခက္ခဲေနေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။ အင္ေလးေဒသခံမ်ားသည္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ခရီးသြား လုပ္ငန္းကို အဓိက အသက္ေမြးဝမ္းေၾကာင္း ျပဳလုပ္ခဲ့သည္။ “အင္းလယ္ေတြ ေရခမ္းေနတဲ့အခ်ိန္မွာ စိုက္ပ်ိဳးေရး နဲ႔ ပတ္သက္ၿပီး လယ္သမားေတြက ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၿပီး စက္ေလွေတြနဲ႔ ခုတ္ၿပီးမွ ေရတင္ေနရတာ အဲ့ဒီလို အေျခ အေန ျဖစ္ေနတယ္။ ေရက တအားကို ခမ္းေနတာ အဘ တို႕ဒီမွာ အရမ္းခက္ခဲပါတယ္။ သြားရတဲ့ လမ္းေၾကာင္းကလည္း ခက္ခဲတယ္။” ဟု အင္းေလးေဒသခံ စိုက္ပ်ိဳးေရးေတာင္သူ ဦးဖိုးေလး ကေျပာသည္။

တေပါင္း တန္ခူးလအတြင္း မိုးမရြာခဲ့ပါက အင္းလယ္ေရထည့္ခ်ိန္တြင္ အခက္အခဲျဖစ္ရၿပီး လယ္ေရသြင္းရာတြင္လည္း ၃ ရက္ တစ္ခါ ေရျပန္ခုတ္တင္ ေနရေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။ “လယ္ထဲမွာ ေရက ၾကာၾကာမေနဘူး ၃ ရက္ ေလာက္ပဲေနတယ္။ ေရက ျပန္ခမ္းရင္ ျပန္ခုတ္ ဝင့္ ( မလိုအပ္သည့္ျမက္ပင္) ႏုတ္တဲ့ခ်ိန္မွာလဲ လယ္ထဲကို ေရျပန္ထည့္ရ တယ္” ဟုအင္းေလး ေဒသခံ ေတာင္သူ တဦးက ေျပာသည္။ အင္းေလး ေရခမ္းေျခာက္မႈသည္ ႏွစ္စဉ္ ေႏြရာသီေရာက္တိုင္း ႀကံဳေတြ႕ရေသာ္လည္း ယခုနွစ္သည္ ပိုၿပီးခမ္းေျခာက္ကာ လယ္ယာအတြက္ အခက္အခုႀကံဳဒုကၡေရာက္ေၾကာင္းလည္း အဆိုပါ ေတာင္သူက ဆိုသည္။

“အင္းေလးကန္ကလည္း ေရခမ္း၊ လယ္ယာစိုက္ပ်ိဳးေရးကလည္း မလုပ္ႏိုင္၊ ေနာက္ ကိုဗစ္ေၾကာင့္ ဧည့္သည္ကမရွိ။ ဝင္ေငြ မရွိဘူး။ ဒီႏွစ္ေတာ့ ဝင္ေငြေတြမရွိဘူး။ အရမ္းခက္ခဲတယ္”ဟု အင္းေလးကန္ကို မွီတင္းလုပ္ကိုင္ေနသည့္ မသႏာၱ က ေျပာ သည္။ အင္းေလး ေဒသခံ ျပည္သူမ်ားသည္ ခရီးသြားလုပ္ငန္းႏွင့္ ေတာင္ယာ အလုပ္အကိုင္ ကို အဓိက လုပ္ကိုင္သည့္ သူမ်ားျဖစ္သည္။ https://burmese.shannews.org/archives/16279

*****************

၁၄။     ေမလတြင္ ေတာင္ယာခုတ္မႈမျပဳလုပ္ႏိုင္ပါက ကပ္တဲလ္ရြာ၌ တစ္ႏွစ္စာ ရိကၡာ အခက္အခဲျဖစ္ႏိုင္

April 26, 2020

ပထမဆံုး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေတြ႕ရွိထားသည့္ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကပ္တဲလ္ရြာသည္ ေမလတြင္ ေတာင္ယာခုတ္မႈ၊ စိုက္ပ်ိဳးမႈမျပဳလုပ္ႏိုင္ပါက တစ္ႏွစ္စာရိကၡာအခက္အခဲျဖစ္ႏိုင္ေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ လူမႈေရး ဝန္ႀကီး ဦးေပါင္လြန္မင့္ထန္က ေျပာသည္။ “ဒါေပမယ့္ ဒီၾကားထဲမွာ အလုပ္မလုပ္ႏိုင္တာေတြ ေတာင္ယာမခုတ္ႏိုင္တာေတြ ေတာ့ ရွိပါတယ္။ အဲဒီဂယက္က ေနာက္တစ္ႏွစ္မွာရွိလာႏိုင္တယ္။ အဲဒါေၾကာင့္ ေနာက္လာမယ့္အခ်ိန္မွာ လာမယ့္ႏွစ္မွာေတာ့ ဝမ္းစာဖူလံုေရးက သက္သက္စဉ္းစားရေတာ့မယ္။ ဝမ္းစာဖူလံုေရးဆိုတာက ဘယ္လိုေျဖရွင္းေပးႏိုင္မလဲဆိုတာ အမ်ားႀကီး စဉ္းစားေပးရေတာ့မယ္။” ဟု ဦးေပါင္လြန္မင့္ထန္ က ေျပာသည္။

လက္ရွိတြင္ တစ္ပတ္ကို သံုးရက္ခန္႔ မိုးရြာေနၿပီျဖစ္၍ စပါးပ်ိဴးႀကဲမႈကို အစိုးရခြင့္ျပဳခ်က္ျဖင့္ တစ္အိမ္ေထာင္လွ်င္ သံုး‌ေယာက္ ႏႈန္းျဖင့္ ပ်ိဴးႀကဲခြင့္ ေပးထားေသာ္လည္း ေပါင္းရွင္းျခင္းကို ခြင့္ျပဳထားျခင္းမရွိေၾကာင္းသူက ဆိုသည္။ “ မ်ိဳးေစ့ခ်တာပဲရွိတယ္။ က်န္တာက ေပါင္းရွင္းဖို႔ ခြင့္ျပဳခ်က္မရႏိုင္ဘူး။ သက္ဆိုင္ရာက ခြင့္ျပဳလိုက္တာက မ်ိဳးေစ့ခ်တာေလာက္ပဲရွိတယ္။ ေတာင္ယာ ဘက္မွာ ေပါင္းရွင္းဖို႔ ဘယ္သူမွ ခြင့္မျပဳေသးဘူး။ ခြင့္ျပဳမယ္ဆိုရင္ ကိုယ့္ေတာင္ယာဆီသြားကုန္ရင္ ရုတ္ရုတ္သဲသဲျဖစ္ကုန္ မွာစိုးလို႔ အဲဒီလို အတားအဆီးလုပ္ထားတာ။ ဆက္ျဖစ္မွာက အမ်ားႀကီး တစ္ႏွစ္စာ ဝမ္းစာအတြက္ ဒုကၡေရာက္ကုန္မွာ။” ဟု ဦးဒိုဇြာေတာင္ က ေျပာသည္။

ကပ္တဲလ္ရြာသည္ အိမ္ေျခ ၆၉၄ အိမ္ရွိၿပီး လူဦးေရ ၃၆၁၁ ဦးေနထိုင္ကာ လယ္ဧက ၁၂၀ နီးပါးရွိၿပီး ေမြးျမဴေရးႏွင့္ ေတာင္ယာစိုက္ပ်ိဳးေရး လုပ္ငန္းကိုလုပ္ကိုင္ၾကၿပီး အဓိကစိုက္ပ်ိဳးမႈအေနျဖင့္ စပါး၊ ေျပာင္းဖူးႏွင့္ ပဲမ်ားကိုစိုက္ပ်ိဳးေၾကာင္းႏွင့္ တမူးနယ္စပ္မွတဆင့္ အိႏိၵယသို႔ အမ်ားဆံုးတင္ပို႔ကာ ေလးပံု တစ္ပံုသာ တီးတိန္ၿမိဳ႕သို႔ တင္ပို႕ေၾကာင္းသိရသည္။ http://www.mizzimaburmese.com/article/69344

**************

၁၅။     ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမရွိ Quarantine စင္တာက လူအခ်ိဳ႕ အိမ္ျပန္ခြင့္ရရွိ

April 27, 2020

ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမ လိုင္ဇာၿမိဳ႕အနီး  မိုင္ဆပ္ပါ Quarantine စင္တာတြင္ သီးျခားထားရွိကာ က်န္းမာေရးဆိုင္ရာ ေစာင့္ၾကည့္ထားသူ ၁၈ ဦးရွိသည့္အနက္ ၆ ဦး အိမ္ျပန္ခြင့္ရရွိၿပီျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဖ်ားနာသည့္ လူနာ မ်ား Quarantine  စင္တာ ႏွင့္ ေဆးရံုတို႔တြင္ ထပ္မံေရာက္ရွိလာျခင္း မရွိေတာ့ေၾကာင္း လိုင္ဇာၿမိဳ႕ COVID-19 ကာကြယ္ တားဆီးေရးေကာ္မတီ အတြင္းေရးမွဴး ဦးဟိန္ေဝါမ္က ေျပာသည္။ “အကုန္လံုးက သတိထားၿပီးေနထိုင္ၾကတာကို ေတြ႔ရပါ တယ္” ဟု ဦးဟိန္ေဝါမ္က ဆိုသည္။

Quarantine  စင္တာတြင္ သံသယလူနာ ၃ ဦးရွိၿပီး ၎တို႕ကို လိုင္ဇာၿမိဳ႕ရွိ သတ္မွတ္ထားသည့္ေနရာတြင္  က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေဆာင္ရြက္ေပးေနေၾကာင္း၊ ၎တို႔တြင္ COVID ေရာဂါပိုး မေတြ႔ရွိရေၾကာင္း ဦးဟိန္ေဝါမ္က ေျပာသည္။ ”ပထမသံသယလူနာကို ကြ်န္ေတာ္တို႔ ၂၄ နာရီအတြင္း ေဆးစစ္တာ Negative ျဖစ္ၿပီဆိုေတာ့ က်န္တဲ့သူေတြကို မစစ္ေတာ့ ဘူး။ ႏွစ္ခါအတည္ျပန္ျပဳေတာ့လည္း Negative ပဲျဖစ္ေတာ့ Negative ပဲလို႔သတ္မွတ္လိုက္ၿပီ”ဟု ဦးဟိန္ေဝါမ္က ေျပာသည္။

သံသယလူနာမ်ားတြင္ ကိုယ္ပူသည့္ လကၡဏာမ်ားမေတြ႔ရေတာ့ေၾကာင္း ႏွင့္ သတ္မွတ္ထားသည့္ Quarantine  ရက္ကာလ ကုန္လြန္ပါက အိမ္ျပန္ခြင့္ရမည္ ျဖစ္ေၾကာင္းလည္း သိရသည္။ https://www.bnionline.net/mm/news-72446

***************

၁၆။          လႊတ္ေတာ္အစည္းအေဝးမ်ား ေမ ၁၈ ျပန္စမည္

April 27, 2020

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႕ပြားမႈကို ထိန္းခ်ဳပ္ကာကြယ္ဖို႔ ႀကိဳးစားေနဆဲကာလျဖစ္ေပမယ့္ ရပ္နားထားတဲ့ လႊတ္ေတာ္ အစည္းအေဝးေတြကို ေမလ ၁၈ ရက္ေန႔မွာ ျပန္စဖို႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ တိုင္းျပည္အတြက္ အေရးႀကီးတဲ့ ဘတ္ဂ်တ္ကိစၥေတြ အတည္ျပဳဖို႔ လႊတ္ေတာ္ေခၚယူရတာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ က်န္းမာေရး ကာ ကြယ္မႈရဖို႔ ႀကိဳတင္ျပင္ဆင္မယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအႏၱရာယ္ေၾကာင့္ ရပ္နားထား ရတဲ့ ၁၆ ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးကို ေမလ ၁၈ ရက္ေန႕မွာ စတင္က်င္းပမွာျဖစ္ၿပီး ျပည္ေထာင္စု ဘ႑ာေငြ အရသံုးနဲ႔ ျဖည့္စြက္ဘတ္ဂ်က္ အပါအဝင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ကုသေရးအတြက္ အသံုးျပဳဖို႔ ေခ်းေငြကိစၥ ေတြကို ေဆြးေႏြးဖို႔ ရွိပါတယ္။

NLD ပါတီဝင္၊ ျပည္သူ႔လႊတ္ေတာ္၊ လႊတ္ေတာ္အခြင့္အေရးေကာ္မတီက ေဒါက္တာ လွမိုးက အစိုးရက ေဆာင္ရြက္ေနတဲ့ စီမံကိန္းေတြ မရပ္တန္႔ဖို႔ လႊတ္ေတာ္က အတည္ျပဳေပးရမယ့္ ဘတ္ဂ်က္ကိစၥေတြရွိတယ္လို႔ ေျပာပါတယ္။ “ျပည္ေထာင္စု ဘ႑ာရန္ပံုေငြရဲ႕ ျဖည့္စြက္ရန္ပံုေငြေတြကို ေဆြးေႏြး အတည္ျပဳၾကမွာပါ။ ၿပီးေတာ့ ေခ်းေငြေတြနဲ႕ ပတ္သက္ၿပီးေတာ့ ဒါ အစိုးရက တင္လာခဲ့ရင္လည္း က်ေနာ္တို႕က အတည္ျပဳေပးၾကရမွာပါ။ မဟုတ္လို႕ရွိရင္ အစိုးရမွာ လက္ရွိလုပ္ေနတဲ့ လုပ္ငန္း ေဆာင္တာတခ်ိဳ႕က ရပ္ဆိုင္းသြားႏိုင္ပါတယ္။ လုပ္ေနတဲ့ စီမံကိန္းေတြ ဘာေတြမွာ လုပ္ရင္းတန္းလန္းနဲ႔မွ လိုအပ္ခ်က္ရွိလာ တာေတြ ရွိတယ္။ ဥပမာ ဝန္ထမ္း တိုးျမွင့္ ခန္႔ထားတာေတြရွိတယ္။ အေရးေပၚ စီမံခ်က္ေတြရွိတယ္။ ဒါေတြအတြက္ ဘတ္ဂ်က္ေတြကို ျပန္ၿပီးအတည္ျပဳေပးရမွာပါ။” ျပည္ေထာင္စုလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႕ ျပည္သူ႕လႊတ္ေတာ္ အစည္းအေဝးေတြ ျပန္လည္က်င္းပဖို႔ ဧၿပီလ ၂၆ ရက္ေန႔ မေန႔က ထုတ္ျပန္ခဲ့တာပါ။

ေနျပည္ေတာ္ကိုျပန္လာတဲ့ အစိုးရ ဝန္ထမ္းေတြနဲ႔ အရပ္သားေတြကို ေစာင့္ၾကည့္ေရး စခန္းေတြမွာ ၂၁ ရက္ အသြားအလာ ကန္႔သတ္တာေတြရွိေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ အဲဒီပံုစံမ်ိဳး ထားဖို႕မရွိဘဲ တျခားနည္းလမ္းေတြနဲ႔ က်န္းမာေရး စစ္ေဆးဖို႔ ျပင္ဆင္ေနပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္စိုးက အစည္းအေဝး တက္ေရာက္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို သက္ဆိုင္ရာ နယ္ေျမေတြမွာ က်န္းမာေရး စစ္ေဆးႏိုင္ေရး ညွိႏိႈင္းဖို႔ရွိ  တယ္လို႕ ေျပာပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက လႊတ္ေတာ္တစ္ရပ္ ေခၚယူဖို႕ ၂၁ ရက္ ႀကိဳတင္ အေၾကာင္းၾကားရတာျဖစ္လို႔ အခုလိုရက္သတ္မွတ္တာျဖစ္တယ္လို႔ ယူဆေၾကာင္းေျပာပါတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းေအးက ဒီလိုကာလမ်ိဳးမွာလူစုလူေဝးနဲ႕လုပ္တဲ့ အစည္းအေဝးေတြ ေရွာင္သင့္တယ္လို႔ ေျပာပါတယ္။ SNLD ပါတီက လူငယ္ပိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ လႊတ္ေတာ္တက္ေရာက္ဖို႔ရွိၿပီး လူႀကီးပိုင္း လႊတ္ေတာ္ အမတ္ေတြေတာ့ တက္ေရာက္ႏိုင္ျခင္း ရွိ၊ မရွိကို မသိေသးဘူးလို႔လည္း ဦးစိုင္းထြန္းေအးက ေျပာပါတယ္။ ကိုးကန္႔ ဒီမိုကေရစီႏွင့္ညီညြတ္ေရးပါတီ က ကြမ္းလံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ဦးယန္က်င္းကန္ က လိုအပ္ခ်က္အရ လႊတ္ေတာ္ ေခၚယူတာျဖစ္လို႔ က်န္းမာေရး အစီအမံေတြ ျပင္ဆင္ထား မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာပါတယ္။

လႊတ္ေတာ္က်င္းပေရး ဗဟိုေကာ္မတီ၊ လႊတ္ေတာ္က်င္းပေရးလုပ္ငန္း အေထာက္အကူျပဳ လုပ္ငန္းေကာ္မတီ ခုႏွစ္ခု အေနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ညႊန္ၾကားခ်က္ေတြအတိုင္း လႊတ္ေတာ္ေခၚယူေရးေဆာင္ရြက္သြားမယ္လို႔ တာဝန္ ရွိသူေတြကေျပာပါတယ္။https://www.rfa.org/burmese/news/hluttaws-will-start-on-may1804272020044936.html

***************

၁၇။          ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာ တပ္မေတာ္ အကူအညီျဖင့္ ပို႔မည္

April 27, 2020

ပလက္ဝၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားႏွင့္ ေဒသခံမ်ားအတြက္ စားနပ္ရိကၡာအပါအဝင္ ဆန္အိတ္ေပါင္း ၂၀ဝ၀ ကို တပ္မေတာ္ အကူအညီျဖင့္ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ေျပာ သည္။“တပ္မေတာ္ကေန မပို႔ဘူးဆိုရင္ မေရာက္ႏိုင္ဘူးေလ။ အရပ္ဖက္ကားေတြက ဘယ္သူမွ မသြားရဲက်ေတာ့  ပထမ ဆန္အိတ္ ၈၃၀ သယ္တုန္းကေတာင္မွ ကားသမားေတြ ကားဆရာေတြ မနည္းစည္းရံုးၿပီးမွ ကိုယ္တိုင္ ဆမီးမွာ ေသခ်ာျပင္ဆင္ ခဲ့လို႔သာ ေရာက္သြားႏိုင္တာ၊ အခုက ကားယာဉ္ေမာင္းေတြလည္း မသြားရဲေတာ့ဘူး၊ အဲလိုျဖစ္တဲ့အတြက္ တပ္မေတာ္ ကား ေတြကေန ကူညီေပးၿပီး ပို႔ေပးဖို႔လိုတယ္၊ တပ္မေတာ္က လံုၿခံဳေရးေတြနဲ႔ ကားေတြနဲ႔ ပို႔ေပးမယ့္ အစီအစဉ္ေတြ လုပ္ေနတယ္”ဟုေျပာသည္။ စားနပ္ရိကၡာမ်ားအျပင္ အျခားလူသံုးကုန္ပစၥည္းမ်ားလည္းပါဝင္ၿပီး၊ ၎ပစၥည္းတို႔ကိုလည္း သယ္ယူပို႔ေဆာင္ ေပးေနၿပီ ျဖစ္ ေၾကာင္းသိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဆန္အိတ္ႏွစ္ေထာင္နဲ႔ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္ အခ်ိုဳးက်ပို႔ဖို႔ လုပ္ထားတယ္ ။ ေခါက္ဆြဲထုတ္တို႔ အိမ္သာခြက္တို႔ ဖိနပ္တို႔ ဆပ္ျပာတို႔ ပို႕ဖို႕လုပ္ထားတယ္၊ အရင္ပထမ အႀကိမ္ ၈၃၀ အိတ္ပို႔ေပးၿပီ၊ အခုဆန္အိတ္ ၂၀ဝ၀ ထပ္ပို႔ မွာျဖစ္တယ္။ ေနာက္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႔ကလည္း ဆန္အိတ္ တစ္ေထာင္ ပခုကၠဴကေနပို႕ဖို႔ လုပ္ေနတယ္။ ပလက္ဝကို ေရာက္ရင္ အိတ္သံုးေထာင္ ေရာက္မွာျဖစ္တယ္”ဟု ေျပာသည္။ လက္ရွိပလက္ဝၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ ေလးေထာင္ နီးပါးရွိၿပီး လမ္းပမ္းဆက္သြယ္ေရးပိတ္ဆို႔မႈေၾကာင့္ ရိကၡာ ျပတ္လပ္ေနသည္မွာ သံုးလဝန္းက်င္ရွိၿပီျဖစ္သည္။ https://www. bnionline.net/mm/news-72450

***************

၁၈။     ေတာင္ႀကီး Covid-19 လူနာ ေဆးရံုက ဆင္းခြင့္ရ

April 27, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္း ေဆးရံုမွာ ေဆးကုသ ခံယူေနသည့္ Covid-19 လူနာ အမွတ္ (၂၉) ေဆးရံု ဆင့္ခြင့္ရေၾကာင္း  စံုစမ္းသိရသည္။ အဆိုပါ လူနာ အမွတ္(၂၉)၏ ဓါတ္ခြဲနမူနာ ၃ ႀကိမ္ စစ္ေဆးရာ Negative ျဖစ္ေၾကာင္း ယေန႔ ဧၿပီ ၂၇ ရက္ေန႔တြင္ ေဆးရံုမွ ဆင္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ျပည္နယ္အထူးေရာဂါ နိမ္နင္းေရးဌာန လက္ေထာက္ ညြန္ၾကားေရးမွဴး ေဒါက္တာႏွင္းအိျဖဴက သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ “Case -29 ကိုယ္တိုင္ကေတာ့ ၃ ႀကိမ္ျပည့္မွာ Negative ထြက္တယ္။ သူ႔ကို ဒီေန႔ ေဆးရံုက ဆင္းခြင့္ေပးေတာ့မယ္။ ေဆးရံုက ဆင္းၿပီးေတာ့ facility quarantine ဟိုတယ္ တခုမွာ တပတ္ထပ္ထားမယ္။” ဟု ေဒါက္တာႏွင္းအိျဖဴကေျပာသည္။

ဧၿပီ ၂၇ ရက္ေန႔တြင္ လူနာအမွတ္ ၂၉ ၏ မိသားစု ဝင္မ်ားကို ဓါတ္ခြဲနမူနာ ထပ္မံ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။ “Case 29 ရဲ႕ မိသားစုက ဒီေန႔ ၂၇ ရက္ေန႔မွာ ဓါတ္ခြဲ နမူနာ ထပ္ယူၿပီးေတာ့ စစ္မယ္”ဟု ေဒါက္တာႏွင္းအိျဖဴကေျပာသည္။ လူနာအမွတ္(၂၉)သည္ အသက္ (၂၆) ႏွစ္ အမ်ိဳးသားျဖစ္ၿပီး အဂၤလန္ျပန္ ဆရာဝန္တစ္ဦးျဖစ္ကာ အဂၤလန္ႏိုင္ငံမွ ျမန္မာႏိုင္ငံ သို႔ မတ္လ ၂၈ ရက္ေန႔က ေရာက္ရွိလာၿပီး ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ တစ္ဆင့္ မဂၤလာဒံုၿမိဳ႕နယ္ရွိ သတ္မွတ္ ထားေသာ Facility Quarantine ျပဳလုပ္ခဲ့သူ ျဖစ္သည္။ https://burmese.shannews.org/archives/16303

****************

၁၉။        ကူညီေထာက္ပံ့မႈ ယာယီရပ္ဆိုင္းျခင္းႏွင့္ အျပင္ထြက္ခြင့္တားျမစ္ခံရျခင္းေၾကာင့္ လီဒိုလမ္း စစ္ေရွာင္မ်ားအခက္ေတြ႕

April 24, 2020

ကခ်င္ျပည္နယ္ ဟူးေကာင့္ခ်ိဳင့္ဝွမ္းေဒသ လီဒိုလမ္းမေပၚရွိ စစ္ေရွာင္စခန္းမ်ားတြင္ Covid-19 ေၾကာင့္ စားနပ္ရိကၡာခက္ခဲ လာေနေၾကာင္း စခန္းတာဝန္ခံမ်ားမွ သိရသည္။ ေအာင္ရာေက်းရြာႏွင့္ ရွဒူးဇြပ္ေက်းရြာရွိ စစ္ေရွာင္ျပည္သူမ်ားကို လာေရာက္ ေထာက္ပံ့သည့္ အဖြဲ႕အစည္းမရွိေတာ့သည့္အျပင္ စခန္းအျပင္ထြက္ ရွာေဖြစားေသာက္ရန္လည္း အဝင္အထြက္ တင္းၾကပ္ လိုက္သျဖင့္ ယခုလို ခက္ခဲလာရျခင္း ျဖစ္သည္ဟု ရွဒူးဇြပ္ေက်းရြာ စစ္ေရွာင္တာဝန္ခံ Sara Htoi Aung ေျပာသည္။

“အခုခ်ိန္မွာ စစ္ေရွာင္ေတြက အစားအေသာက္အရမ္းခက္ခဲလာတယ္။ လိုအပ္ေနတာကလည္း အေျခခံအစားအစာေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆားေတြေပါ့။ ကိုဗစ္-၁၉ ျဖစ္ပြားေနတဲ့အခ်ိန္ျဖစ္တဲ့အတြက္ ပိုဆိုးသြားတာေပါ့။ အျပင္ထြက္လို႔မရသလို ေန႔စားသြားၿပီး အလုပ္လုပ္လို႔လည္း မရေတာ့ဘူး။ ေန႔စားေခၚလုပ္မယ့္ သူေတြလည္း မရွိေတာ့ဘူး။ အရင္တုန္းကေတာ့ ေန႔ထြက္အလုပ္လုပ္ရ ေတာ့ ေထာက္ပံ့တဲ့ အဖြဲ႕အစည္းေတြမလာရင္လည္း သိပ္ခက္ခဲမွုမရွိဘူး။ အခုက အျပင္ကို တစ္ညထြက္ အိပ္တာနဲ႔တင္ စခန္းကိုဝင္လို႔မရေတာ့ဘူး။ အဲ့ေတာ့ အခက္အခဲေတြ ပိုမ်ားလာေတာ့ပါ” ဟု ေျပာသည္။

စစ္ေရွာင္စခန္းတည္ရွိသည့္ ေက်းရြာ ၂ခုမွာ ဝါရာဇြပ္ေက်းရြာအုပ္စုေအာက္တြင္ရွိၿပီး ပုံမွန္အားျဖင့္ စခန္းအျပင္ထြက္ အလုပ္ လုပ္ကိုင္ စားေသာက္ေနသူမ်ားေၾကာင္း သိရသည္။ ၿမိဳ႕ျဖင့္ေဝးသည့္ စစ္ေရွာင္စခန္းျဖစ္ေသာေၾကာင့္ ဝယ္ယူထားသည့္ အဖ်ားတိုင္းကိရိယာမ်ားပင္ အရည္ေသြးမမွီသည့္ ပစၥည္းမ်ားျဖစ္မည္ကို စိုးရိမ္ေၾကာင္းစခန္းတာဝန္ခံ တစ္ဦးေျပာသည္။

ေအာင္ရာႏွင့္ ရွဒူးဇြပ္ စစ္ေရွာင္စခန္း ၂ ခုတြင္ စုစုေပါင္း လူဦးေရ ၂၀၀ ခန႔္ ခိုလွုံေနသည္ဟု သိရသည္။ ၎ စစ္ေရွာင္မ်ားမွာ ၂၀၁၇ခုႏွစ္ ေႏွာင္းပိုင္း တနိုင္းလီဒိုလမ္းမတစ္ေလၽွာက္ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔ တိုက္ပြဲျပင္း ထန္စြာျဖစ္ပြားခဲ့ေသာေၾကာင့္ လက္ရွိစစ္ေရွာင္စခန္းတြင္ ထြက္ေျပး တိမ္းေရွာင္ခဲ့သည္မွာ ၃ ႏွစ္ရွိလာၿပီ ျဖစ္သည္။ https://burmese.kachinnews.com/2020/04/24/%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1

****************

၂၀။     တပ္မေတာ္ျငင္းဆိုထားတဲ့ ေက်ာက္ေတာ္ မီးေလာင္ေနအိမ္ေတြအတြက္ ျပည္နယ္အစိုးရ ေငြေထာက္ပံ့

April 24, 2020

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာမွာ ၿပီးခဲ့တဲ့ မတ္လ ၂၂ ရက္ေန႔က တပ္မေတာ္လံုၿခံဳေရးအဖြဲ႔ေတြက မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ ေဒသခံေတြက စြပ္စြဲထားတဲ့ ေနအိမ္ ၅၀ဝ ေက်ာ္ကို ျပန္ေဆာက္ႏိုင္ဖို႔အတြက္ ေငြက်ပ္ သိန္း ၉၀ဝ ေက်ာ္ကို အစိုးရက ဧၿပီလ ၂၂ ရက္ေန႔က ေပးအပ္ခဲ့တာပါ။ မီးရိႈ႕ခံခဲ့ရတဲ့ ေနအိမ္ေတြအတြက္ အဓိက ေထာက္ပံ့ေပးတာလို႔ ရခိုင္ျပည္နယ္ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးဝင္းေဇာ္ေဌးက RFA ကို ဒီေန႔ေျပာဆိုပါတယ္။

“ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာအုပ္စု၊ တင္းမေက်းရြာမွာ လူေနအိမ္ ၅၂၈ လံုး မီးေလာင္ခဲ့တယ္။ ေနအိမ္ ၃၉၇ လံုး အတြက္ကို အိမ္ေဆာက္ပစၥည္းတန္ဖိုးေငြ ၇၉၄ သိန္း၊ ၿပီးေတာ့မွ ေနအိမ္ ၁၃၁ လံုးအတြက္ကို အိမ္ေဆာက္ပစၥည္း တန္ဖိုး ေငြက ၁၃၁ သိန္းနဲ႔ စုစုေပါင္း အိမ္ေဆာက္ပစၥည္းတန္ဖိုးေငြ ၉၂၅ သိန္းကို ေျမာက္ဦးခရိုင္ေဘးစီမံဌာနကေနၿပီးေတာ့ ဧၿပီလ ၂၂ ရက္က ကြ်န္ေတာ္တို႔ေထာက္ပံ့ေပးခဲ့ပါတယ္” ဝါးအိမ္ကို တစ္သိန္း၊ သြပ္မိုးပ်ဉ္ကာအိမ္ကို ႏွစ္သိန္း၊ တိုက္အိမ္ေတြကို ႏွစ္သိန္းခြဲ စသျဖင့္ ဌာနရဲ႕ သတ္မွတ္ခ်က္ေတြအတိုင္း ေထာက္ပံ့တာလို႔ ဆိုပါတယ္။  ေနအိမ္ေတြ မီးေလာင္ဆံုးရံႈးတာေတြ အတြက္ အျခားတင္ျပလာတာေတြရွိရင္လည္း လုပ္ထံုးလုပ္နည္းေတြနဲ႔အညီ ဆက္လက္ေထာက္ပံ့ႏိုင္ေအာင္ ေဆာင္ရြက္မယ္ လို႔ ညႊန္ၾကားေရးမွဴး ဦးဝင္းေဇာ္ေဌးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၂ ရက္ေန႔က တင္းမေက်းရြာမွာ ရွိတဲ့ေနအိမ္ေတြကို တပ္မေတာ္လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက ဝင္ေရာက္ မီးရိႈ႕ခဲ့တယ္လို႔ ေဒသခံ ေက်းရြာသားေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သတင္းမီဒီယာေတြကို ေျပာဆိုခဲ့ၾကပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္က ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္း ကေတာ့ မီးရိႈ႕ခံရတဲ့ အျခားေက်းရြာေတြလည္း ရွိေနၿပီး အခ်က္အလက္ေတြ ေကာက္ယူေနတယ္လို႔ေျပာပါတယ္။

အခုလို တပ္မေတာ္က ျငင္းခ်က္ထုတ္ထားတဲ့ မီးေလာင္ေနအိမ္ေတြကို ျပည္နယ္အစိုးရက ေငြေၾကးေထာက္ပံ့တဲ့ ကိစၥ၊ ေဒသခံေတြက တပ္မေတာ္လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြက မီးရိႈ႕တာ၊ ေလေၾကာင္းက ပစ္ခတ္မႈေတြေၾကာင့္ မီးေလာင္တာျဖစ္ ေၾကာင္း ေျပာဆိုစြပ္စြဲၾကတဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္ တုံ႔ျပန္ေျပာဆိုခ်က္ရဖို႔ RFA က တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ကို အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခုအခ်ိန္အထိ ဆက္သြယ္လို႔ မရေသးပါဘူး။ ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္အစပ္နားမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းပိုင္းကေန စတင္ခဲ့တဲ့ ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ တပ္မေတာ္တို႔ရဲ႕ ရက္ေပါင္း ၄၀ ေက်ာ္ၾကာတိုက္ပြဲမွာ အရပ္သား အမ်ားအျပားေသဆံုးခဲ့ၿပီး ေနအိမ္အမ်ားအျပားလည္း မီးရိႈ႕ ခံခဲ့ရတာပါ။ အဲဒီေဒသက ေဒသခံ ၈၀ဝဝ ေက်ာ္ဟာလည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ဒီေန႔အထိ ထြက္ေျပးခိုလံႈေနၾကရဆဲ ျဖစ္ပါတယ္။ https://www.rfa.org/burmese/news/govt-compensates-kyauktaw-houses-04242020073421.html

**************

၂၁။     ၁ လၾကာ ရပ္ထားသည့္ မြန္ျပည္နယ္ ခရီးသြားက်န္းမာေရးစစ္ေဆးမႈမ်ား ျပန္လည္စတင္

April 27, 2020

မြန္ျပည္နယ္အတြင္း ၁ လအၾကာ ရပ္နားထားတဲ့ ခရီးသြားက်န္းမာေရးစစ္ေဆးမႈကို ျပန္လည္စတင္ေနၿပီလို႔ ျပည္နယ္အစိုးရ အဖြဲ႔က ေျပာပါတယ္။

မြန္ျပည္နယ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ Covid 19 ေရာဂါ စတင္ျဖစ္ပြား မတ္လအတြင္းမွာ လူမႈကယ္ဆယ္ေရးအဖြဲ႔ေတြက ဦးေဆာင္ၿပီး ၿမိဳ႕ဝင္ဂိတ္ေတြမွာ ခရီးသြားက်န္းမာေရးစစ္ေဆးတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲလို က်န္းမာေရးစစ္ေဆးတာေတြဟာ မတ္လကုန္မွာ ရပ္နားခဲ့တာ ျဖစ္ပါတယ္။ အခုအခါ မြန္ျပည္နယ္ဟာ Covid 19 ေရာဂါနဲ႔ ပတ္သက္ၿပီး ေကာင္းမြန္တဲ့အေျခအေနေတြကို ဆက္လုပ္ထိန္းသိမ္းဖို႔ က်န္းမာေရး စစ္ေဆးတာေတြကို ျပည္နယ္ဝင္ေပါက္ ေတြ မွာ ျပန္လည္လုပ္ေဆာင္ေနၿပီလို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္သန္းဝင္းက ေျပာပါတယ္။

ခရီးသြား က်န္းမာေရး စစ္ေဆးမႈေတြကို ဧၿပီ ၂၆ ရက္ကစၿပီး က်ိဳက္ထိုၿမိဳ႕နယ္ အဝင္ေပါက္မွာ ရန္ကုန္တိုင္းနဲ႔ ပဲခူးတိုင္းအျပင္ တျခားတိုင္းနဲ႔ ျပည္နယ္က ျပန္လာတဲ့သူေတြကို စတင္ စစ္ေဆးေနတာပါ။ ဒါအျပင္ ကရင္ျပည္နယ္ ဘားအံနဲ႔ ဘုရားသံုးဆူ ဝင္ေပါက္ေတြကေန မြန္ျပည္နယ္ လာမယ့္သူေတြကို ေမာ္လၿမိဳင္ စက္မႈဇုန္နဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္ေတြမွာ ဗမာတိုင္းရင္းသား ေရးဝန္ႀကီးနဲ႔ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ႏွစ္ဦးက ဦးေဆာင္ၿပီး ဌာနေပါင္းစံုပါဝင္တဲ့ ပူးေပါင္းအဖြဲ႔က လာမယ့္အပတ္ အတြင္း စတင္စစ္ေဆးသြားဖို႔ ရွိေနပါတယ္။ အဲဒီလို စစ္ေဆးရာမွာ COVID-19 ေရာဂါလကၡဏာျပတဲ့သူေတြကို Quarantine ၂၁ ရက္ ထားရွိသြားမယ္လို႔ ဦးျမင့္သန္းဝင္းက ေျပာပါတယ္။

အခုလို က်န္းမာေရး စစ္ေဆးတာေတြကို ျပည္နယ္အစိုးရအဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ေဆာင္ရြက္ေနတာျဖစ္ၿပီး မြန္ျပည္နယ္ အတြင္း ဝင္လာတဲ့သူမွန္သမွ်ကို  က်န္းမာေရး စစ္ေဆးတာနဲ႔ အခ်က္အလက္ ေကာက္ယူတာေတြ လုပ္ေဆာင္ေနတယ္လို႔ က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္က ေဒါက္တာခင္ေဆာင္က ေျပာပါတယ္။ မြန္ျပည္နယ္မွာေတာ့ ကိုရိုနာ ဗိုင္းရပ္စ္ Covid-19 ေရာဂါျဖစ္ပြားသူလူနာအမွတ္ ၂၇ တဦးသာရွိေနၿပီး အခုအခါေရာဂါပိုးမရွိေတာ့ဘဲက်န္းမာေရး ေကာင္းမြန္ လာေနၿပီလို႔သိရပါတယ္။ http://burmese.dvb.no/archives/384784

***************

၂၂။       ဖားကန႔္ၿမိဳ႕သို႔ ဝင္လာသူမ်ား ကိုယ့္စားရိတ္ျဖင့္ ၂၁ ရက္ Quarantine ေနရမည္

April 27, 2020

လူဦးေရထူထပ္ေသာ ဖားကန႔္ ရတနာေျမသို႔ ဧၿပီ ၂၅ရက္ေနာက္ပိုင္း ဝင္ေရာက္လာေသာ မည္သူမဆို သတ္မွတ္ထား သည့္ေနရာတြင္ ၂၁ ရက္ Quarantine ဝင္ရမည္ဟု သိရသည္။ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕တြင္းသို႔ ဧၿပီလ ၁၁ ရက္ေန႔မွ စတင္ကာ အဝင္အထြက္ကန႔္သတ္ခဲ့ၿပီးေနာက္ ေဒသႏၲရလိုအပ္ခ်က္အရ ဧၿပီ ၂၅ ရက္ေန႔မွစကာ ဝင္ေရာက္လာသည့္ မည္သူ မဆို သတ္မွတ္ထားသည့္ေနရာတြင္ Q ဝင္ရန္ ထပ္မံထုတ္ျပန္ခဲ့ၾကျခင္းေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုး ေျပာသည္။

“Q မလုပ္ဘူးဆိုရင္ တံခါးမရွိ ဓါးမရွိဝင္ထြက္ခြင့္ေပးထားသလိုျဖစ္ေနတဲ့ခ်ိန္က်ေတာ့ က်ေနာ္တို႔ တိုင္ပင္ၿပီးေတာ့ ဘယ္ကဘဲ လာလာ ၂၁ ရက္ Q ဝင္ရမယ္။ လက္ရွိအေနအထားေတာ့ လူစီးကားေတြဝင္တာ အင္မတန္နည္းသြားပါၿပီ။ အဓိက ဝင္ေနတာ က ကုန္စည္စီးဆင္းမူအရ ကုန္ကားေတြ၊ ေလာင္စာဆီသယ္တဲ့ကားေတြေနာက္ၿပီးေတာ့ တစ္သီးပုဂၢလအေနနဲ႔ ကုန္ကား ေသးေတြဝင္တာေလာက္ဘဲ ရ္ွိပါေတာ့တယ္။ သီးျခားဝင္တာဆိုရင္ ဖားကန႔္မွာအိုးနဲ႔ အိမ္နဲ႔အတည္တက်ေနတဲ့သူေတြ ဝင္လာ တာရွိတယ္။ တစ္ကယ္လို႔ ကိုယ့္စရိတ္နဲ႔ကိုယ္ Qဝင္နိုင္တယ္ဆိုရင္ေတာ့ တက္လာေပါ့။ မဝင္နိုင္ဘူးဆိုရင္ေတာ့ ေရာက္တဲ့ေန ရာဘဲေနၿပီး အေျခေနေကာင္းမွဘဲျပန္တက္လာ ဒီလိုဘဲရွိတာေပါ့။” ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုး ဆိုသည္။

ဖားကန႔္ၿမိဳ႕တြင္းသို႔ဝင္သည့္ ဂိတ္ေပါင္း ၄ခု ရွိၿပီး လက္ရွိအေနအထားအရ ကုန္ကား၊ ေလာင္စာဆီကားမ်ားသည္ တစ္ရက္ လၽွင္ အစီးေရ ၂၀၀ ခန႔္ ပုံမွန္ဝင္ထြက္မွုရွိေနသည္ဟု သိရသည္။

“အားလုံးက ဒီ Covid-9 ေရာဂါကာကြယ္ထိန္းခ်ဳပ္ဖို႔တြက္ သက္ဆိုင္ရာက တင္းတင္းက်ပ္က်ပ္ေဆာင္ရြက္ေနတာေတြ႕ရ တယ္။ ဒါေပမယ့္ တစ္ခုရွိတာက Q ဝင္တဲ့သူေတြကို ကိုယ့္စရိတ္နဲ႔ကိုယ္ ဝင္ရမယ္ဆိုေတာ့ အဆင္ေျပတဲ့သူရွိသလို အဆင္ မေျပတဲ့သူလည္း အမ်ားႀကီးရွိႏိုင္တယ္။ အဲေၾကာင့္ျဖစ္ႏိုင္ရင္ Q ဝင္တဲ့သူေတြကို Q ကာလအတြင္း တစ္ကယ္ခက္ခဲတဲ့သူ ေတြကို ကူည္ီေပးေစခ်င္တယ္။” ဟု Green Land အရပ္ဘက္အဖြဲ႕စည္းမွ ေဒၚခင္စန္းတင့္ ယခုလိုေျပာသည္။

လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္တြင္း လက္ရွိ Q ဝင္သူစုစုေပါင္း ၃၀၀ ေက်ာ္ခန႔္ရွိသည္။ အစိုးရမွ လူ ၅ ဦးထက္ ပိုမစုရဟု အမိန႔္ထုတ္ထားေသာ္လည္း ဖားကန႔္ ေက်ာက္စိမ္းေမွာ္တြင္ ေရမေဆးေက်ာက္ရွာေဖြေနသူမ်ားမွာ ပုံမွန္ရွိေနဆဲ ျဖစ္သည္။ https://burmese.kachinnews.com/2020/04/27/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

**************

၂၃။     လြိဳင္ေကာ္ၿမိဳ႕က ၅ ရက္တေဈး ေနာင္ယားေဈးကို ပံုစံေျပာင္းေရာင္းခ်ခိုင္း

April 26, 2020

ကိုရိုနာဗိုင္းရပ္ေရာဂါ ကူးစက္ျပန္႔ပြားမႈမရွိေစဖို႔ လိြဳင္ေကာ္ၿမိဳ႕မွာ ၅ ရက္တေဈး ေရာင္းခ်ေနတဲ့ ေနာင္ယားေဈးကို ဧၿပီ ၂၆ ရက္ ေန႔ကစၿပီး ပံုစံေျပာင္းေရာင္းခ်ေစပါတယ္။ လူစုလူေဝးနဲ႔ ၾကပ္သိပ္မႈ မရွိေစဖို႔ ေဈးေရာင္းသူေတြအတြက္ ၈ ေပပတ္လည္ အကြက္ရိုက္ထားေပးၿပီး ေရာင္းခ်ခိုင္းထားတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရွိ ဦးသန္းထြန္းက ေျပာပါတယ္။ “က်ေနာ္တို႔က အကြက္သစ္ရိုက္ေပးလိုက္တာ အကြက္ေတြကို၊ က်ေနာ္ ၈ ေပ ပတ္လည္ အကြက္ေလးေတြ ေပးထားတာ။ ဒါေပမဲ့ တခ်ိဳ႕က်ေတာ့လည္း နည္းနည္းေလးပဲ လာေရာင္းသူေတြက်ေတာ့ ၈ ေပအကြက္မွာ ၄ ေပ ျခား ႏွစ္ေယာက္ ယူတာေပါ့။ အဓိကကေတာ့ က်ေနာ္တို႔က လူစုစုနဲ႔ မျဖစ္ေစခ်င္ဘူး။ လူတေယာက္နဲ႕တေယာက္ တိုးႀကိတ္ၿပီးမွ မျဖစ္ေအာင္လို႔ က်ေနာ္တို႔က ဒီလို ခ်ဲေပး လိုက္တာေပါ့။ စနစ္တက်လည္း ျဖစ္သြားေအာင္၊ ေရာင္းဝယ္သူ ေတြလည္း အဆင္ေျပေအာင္ လမ္းသြားလမ္းလာ ေတြ အတြက္လည္း အဆင္ေျပေအာင္ အဲဒီရည္ရြယ္ခ်က္ေလးနဲ႔ လုပ္တာပါ။”စည္ပင္သာယာေရးေကာ္မီတီအေနနဲ႔ ေဈးသည္ ေတြအတြက္ ေဈးတြင္းေဈးျပင္ အကြက္ ၃၀ဝ ခန္႔ ရိုက္ထားေပမယ့္ ေဈးသည္ေတြက ဒီထက္မက ပိုမ်ားေနတဲ့အတြက္ ရိုက္ထားတဲ့အကြက္နဲ႔ မလံုေလာက္ျဖစ္တဲ့အတြက္ တခ်ိဳ႕မွာတကြက္ ၂ ေယာက္ ေရာင္းခ်ရတဲ့အေနအထားျဖစ္ေနတလုိ႔လည္း ေျပာပါတယ္၊

ပံုစံေျပာင္းေရာင္းခ်တဲ့ ေဈးသည္ေတြအတြက္ ထီးကိုေတာ့ MyTel က ထီး ၁၂၀ လာလွဴထားေပးေၾကာင္းလည္း ဆိုပါတယ္။ ေနာင္ယားေဈးဟာ ၅ ရက္တေဈး ေရာင္းခ်တဲ့ေဈးျဖစ္ၿပီး ကယားျပည္နယ္ေနရာအႏွံ႔က ေဒသခံေတြ သူတို႔ေဒသထြက္ ပစၥည္းေတြ လာေရာက္ေရာင္းခ်တဲ့ ေဈးတခု ျဖစ္ပါတယ္။ ေဈးေရာင္းေဈးဝယ္ေတြအေနနဲ႔ မျဖစ္မေန mask တပ္ဆင္ဖို႔ စည္ပင္သာယာေရးအဖြဲ႕က ႏိႈးေဆာ္ထားၿပီး မတပ္ရင္ေတာ့ ဒဏ္ေငြ ၃၀ဝ၀ ေပးေဆာင္ရမယ္လို႔ ဆိုပါတယ္။ http://burm ese.dvb.no/archives/384611

**************

၂၄။     မူဆယ္ၿမိဳ႕ရွိ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုေဘးတြင္ တရုတ္ႏိုင္ငံသားတစ္ဦး လဲက်ေသဆံုး

April 27, 2020

ျမန္မာ-တရုတ္ နယ္စပ္ မူဆယ္ၿမိဳ႕ ဟိုေဆာင္ရပ္ကြက္ႏွင့္ ေတာ္ရြတ္ရပ္ကြက္ၾကား မဂၤါလာေအာက္လမ္းသြား ေရႊလီျမစ္အနီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ တစ္ခုေလးတြင္ ဧၿပီလ ၂၇ ရက္ နံနက္ ၆ နာရီ ဝန္းက်င္က တရုတ္ႏိုင္ငံသားတစ္ဦး လဲက် ေသဆံုးေၾကာင္း သိရသည္။“ကြ်န္ေတာ့္ကို မနက္က ဆယ္အိမ္မွဴးနဲ႔ မီးသတ္ေတြက ဖုန္းဆက္လာတယ္၊ ႏွလံုးလွကူညီမႈ အသင္းကား လာေခၚတယ္။ ေသဆံုးသူက တရုတ္ႏိုင္ငံဘက္ကလူ၊ ေရထဲက ကူးလာတာလား ဘယ္လိုေသလဲမသိဘူး၊ သူပံုစံ ၾကည့္ရတာ ေဘာင္းဘီနဲ႔ဖိနပ္မွာ ေရေတြစိုေနတယ္၊ မိုးရြာလို႔ဘဲ စိုတာလား မသိရေပမယ့္ သဲေတာ့ နည္းနည္းေပေနတယ္၊ ဟိုဘက္ကမ္းကကူးလာတာလားေတာ့ ေသေသခ်ာခ်ာေတာ့ မသိဘူး”ဟု ေတာ္ရြက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာ္ျမင့္ က ေျပာျကားသည္။

အဆိုပါ တရုတ္ႏိုင္ငံသားသည္ ေရႊလီၿမိဳ႕ ေနထိုင္ၿပီး ျမန္မာႏိုင္ငံအတြင္း ေရႊလီျမစ္ကိုျဖတ္သန္း၍ ဝင္ေရာက္လာစဉ္ လမ္းေပၚ ၌ လဲက်ေသဆံုးခဲ့ျခင္းျဖစ္ႏိုင္ၿပီး ေသဆံုးသူ တရုတ္ႏိုင္ငံသားအား ႏွစ္ႏိုင္ငံ တာဝန္ရွိသူမ်ား ပူးေပါင္းစစ္ေဆးခဲ့ၿပီး ရင္ခြဲစစ္ေဆး မႈ ျပဳလုပ္ႏိုင္ရန္ မူဆယ္ျပည္သူ႕ေဆးရံုသို႔ ႏွလံုးလွ လူမႈကူညီေရး အသင္းကားျဖင့္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေသမႈေသခင္း ဖြင့္ထားပါတယ္၊ သူကက်န္းအာေရး မေကာင္းဘူး၊ ႏွလံုးေရာဂါရွိတယ္လို႔ ေရႊလီၿမိဳ႕က သူ႔ မိသားစုထံက စံုစမ္းသိရပါတယ္၊ ႏွလံုးေရာဂါရွိလို႔ ဒီဘက္ကမ္းကိုကူးရင္း ႏွလံုးေဖါက္ၿပီး လဲက်ေသဆံုးတယ္လို႔ ယူဆပါတယ္၊ တရုတ္ရဲဘက္က ေျပာတာေတာ့ သူတို႔ဘက္မွာ ေဆးစစ္ထားတာေတာ့ COVID-19 ေရာဂါ မရွိဘူးလို႔ ေျပာပါတယ္” ဟု မူဆယ္ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး သန္႔ေဇာ္ဦးက ေျပာၾကားသည္။ အဆိုပါ ေသဆံုးသူ၏ ရုပ္အေလာင္းအား မူဆယ္ျပည္သူ႔ ေဆးရံုက ရင္ခြဲစစ္ေဆးေနလ်က္ရွိေၾကာင္း တာဝန္ရွိသူ တစ္ဦး၏ ေျပာၾကားခ်က္အရသိရသည္။ https://news-eleven. com/article/170920

***************

၂၅။     ဘားအံၿမိဳ႕တြင္ မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္တခ်ိဳ႕ ေခါင္မိုးလန္ပ်က္စီးၿပီး ဓာတ္တိုင္မ်ားၿပိဳလဲကာ လွ်ပ္စစ္မီး                         ျပတ္ေတာက္

April 25, 2020

ဘားအံၿမိဳ႕ေပၚတြင္ ဧၿပီ ၂၅ ရက္ မြန္းလြဲ ၂ နာရီခန္႔က မိုးသက္ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္တခ်ိဳ႕ ေခါင္မိုးလန္ ပ်က္စီး မႈရွိခဲ့ၿပီး ဓာတ္တိုင္မ်ားလဲၿပိဳကာ လွ်ပ္စစ္မီး ျပတ္ေတာက္မႈျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။ “မိုးေလျပင္းထန္မႈက နာရီဝက္ ေလာက္ပဲၾကာပါတယ္။ အထကေက်ာင္းအေရွ႕မွာ ဓာတ္တိုင္ႏွစ္တိုင္လဲၿပိဳၿပီး လမ္းပိတ္ဆို႔မႈျဖစ္ ေပၚခဲ့လို႔ မီးသတ္တပ္ဖြဲ႔ဝင္ ေတြ ရွင္းလင္းမႈ ျပဳလုပ္ေနပါတယ္။ လွာကျမင္ကြက္သစ္နဲ႔ ေဈးမသြယ္ကြက္သစ္ဘက္မွာ လူေနအိမ္ ငါးလံုးေလာက္ေခါင္မိုး လန္ ပ်က္စီးမႈရွိခဲ့ၿပီး လူထိခိုက္မူေတာ့မရွိခဲ့ပါဘူး” ဟု ဘားအံၿမိဳ႕ခံ တစ္ဦးက ေျပာၾကားသည္။

ဘားအံၿမိဳ႕တြင္ မိုးသက္ေလျပင္း တိုက္ခတ္မႈမွာ နာရီဝက္ခန္႔သာၾကာျမင့္ခဲ့ၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဘားအံၿမိဳ႕ တန္းျမင့္ ေက်ာင္းလမ္း၊ အထကေက်ာင္းအေရွ႕ရွိ ဓာတ္တိုင္ႏွစ္တိုင္ လဲၿပိဳခဲ့ၿပီး လမ္းပိတ္ဆို႔ မႈျဖစ္ေပၚခဲ့ကာ 66 KV ဓာတ္အား လိုင္းျပတ္ေတာက္မႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/article/170671၂၆။ တရုတ္ႏိုင္ငံဘက္မွ နယ္စပ္ ပိတ္ထားမႈေၾကာင့္ မူဆယ္ၿမိဳ႕ နယ္ မန္႔ဟီးရိုးၿမိဳ႕တြင္ ေျပာင္းဖူးတင္ေထာ္လာဂ်ီ အစီး ၄၀ဝ ခန္႔ပိတ္မိေန

April 27, 2020တရုတ္ႏိုင္ငံက COVID- 19 ေရာဂါ က်န္းမာေရးအေျခအေနအရ နယ္စပ္တစ္ေလွ်ာက္ ပိတ္ထားမႈေၾကာင့္ ျမန္မာ တရုတ္ နယ္စပ္ မူဆယ္ၿမိဳ႕နယ္ မန္႔ဟီးရိုးၿမိဳ႕အတြင္းရွိ ေနာင္ဖိုင္ႏွင့္ ခါးလိႈင္ရြာအတြင္း ဧၿပီ ၂၇ ရက္ မွစတင္ကာ ေျပာင္းဖူးတင္ ေထာ္လာဂ်ီ အစီးေလးရာခန္႔ ပိတ္မိေနၿပီး ေဈးႏွိမ္ဝယ္ယူမႈ႔မ်ားရွိေၾကာင္း သိရသည္။

အဆိုပါ ေျပာင္းဖူးမ်ားမွာ မူဆယ္နမ့္ခမ္းေဒသထြက္ျဖစ္ၿပီး လက္ရွိတြင္ ျမန္မာ တရုတ္ နယ္စပ္ရွိ ရြာခ်င္းစပ္ေနသည့္ ေနရာမ်ား ကိုပါ တရုတ္ႏိုင္ငံဘက္မွ အဝင္အထြက္အား တင္းၾကပ္လိုက္ျခင္းေၾကာင့္ အေရာင္းအဝယ္မ်ား ျပဳလုပ္ရန္ခက္ခဲမႈမ်ား ျဖစ္ေပၚ ေနျခင္း ျဖစ္သည္။“မေန႔ကနဲ႔ ဒီေန႔အထိ အစီးေပါင္းေလးရာေလာက္ေတာ့ ပိတ္မိေနတယ္။ အခုထိ သြားလို႔မရေသးဘူး ခင္ဗ်ား၊ တရုတ္ျပည္ေရႊလီ အာဏာပိုင္ေတြက တရုတ္နယ္စပ္အကုန္လံုးကို ပိတ္လိုက္တဲ့အခါက်ေတာ့ နယ္စပ္တေလွ်ာက္ မွာ ေနတဲ့ ေတာင္သူလယ္သမားေတြအကုန္လံုး တရုတ္ျပည္ကိုဘဲ ေရာင္းဖို႔ဘဲ ရွိတယ္ေလ၊ အဲ့လိုအခါမ်ိဳးမွာက်ေတာ့ အကုန္လံုး က ပိတ္မိေနၿပီး ဝင္လို႔မရဘူး ျဖစ္ေနတယ္” ဟု ေျပာင္းဖူးစိုက္ေတာင္သူ စိုင္းေမာဝ္အြန္က ေျပာျကားသည္။

တရုတ္ႏိုင္ငံက နယ္စပ္တေလွ်ာက္ တင္းၾကပ္ေသာ အစီအမံမ်ား ခ်မွတ္ကာ ပိတ္ထားၿပီး ကုန္သြယ္မႈ မပ်က္ေအာင္ ကုန္စည္ စီးဆင္းမႈကို ဖြင့္ေပးထားကာ ေျပာင္းဖူးေရာင္းဝယ္မႈကိုလည္း နားလည္မႈျဖင့္ ခြင့္ျပဳထားျခင္းျဖစ္ေသာ္လည္း မူဆယ္ၿမိဳ႕အတြင္း COVID- 19 ေတြ႔ရွိၿပီးေနာက္ပိုင္း ေျပာင္းဖူးေရာင္းဝယ္မႈအေပၚ တရုတ္နိုင္ငံဘက္မွ ပိုမိုးတင္ျကပ္မႈမ်ား ေဆာင္ရြက္ေနျခင္းျဖစ္ ေၾကာင္း သိရသည္။ ယခုအခါ မန္႔ဟီးရိုးၿမိဳ႕အဝင္ရွိ ေနာင္ဟင္၊ ေနာင္မြန္၊ ေနာင္ေခၚ၊ ေကာင္းကြက္၊ ေနာင္ဖိုင္ စသည့္ အဝင္ ေပါက္မ်ားကို ေဒသႏၱရအမိန္႔ျဖင့္ သြားလာမႈ ကန္႔သတ္ထားကာ စက္ေလွဆိပ္မ်ားလည္း ပိတ္ထားေၾကာင္း မန္႔ဟီးရိုးၿမိဳ႕နယ္ အုပ္အုပ္ေရးမွဴးရံုးက သိရွိရသည္။ https://news-eleven.com/article/170957

**************

၂၇။     ထုိင္းနယ္စပ္ဂိတ္မွတစ္ဆင့္ ေနရပ္ျပန္မည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ကုိယ္ေရးအခ်က္အလက္မ်ား ျဖည့္သြင္း ရန္ လုိ                    အပ္

April 26, 2020

ေမလ ၁ ရက္ေန႔မွစ၍ ထုိင္းနယ္စပ္ဂိတ္မွတစ္ဆင့္ ျမန္မာျပည္သုိ႔ ျပန္လည္ဝင္ေရာက္လာမည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္ သမားမ်ားအေနျဖင့္ ထုိင္းႏုိင္ငံဆုိင္ရာ အလုပ္သမားသံအရာရွိရုံးသုိ႔ ကုိယ္ေရး အခ်က္အလက္ မ်ားမပ်က္မကြက္ ျဖည့္သြင္း ရန္ လုိအပ္မည္ျဖစ္ေၾကာင္း ယေန႔ (ဧၿပီလ ၂၆ ရက္ ) ေန႔စြဲျဖင့္ အလုပ္သမား သံအရာရွိရုံးက ထုတ္ျပန္ အသိေပးႏႈိးေဆာ္ လုိက္သည္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မျဖစ္မေန ေနရပ္ျပန္ရမည့္ အလုပ္သမားမ်ား၏ အင္အားစာရင္းကုိ သိရွိရန္အျပင္ အခက္အခဲ မရွိေစဘဲ ေနရပ္ျပန္ႏုိင္ေစရန္ႏွင့္ က်န္းမာေရးဆုိင္ရာ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လုိအပ္သည့္ အစီအမံမ်ား စီစဥ္ ေဆာင္ရြက္ႏုိင္ရန္အတြက္ ယခုလုိ ႏႈိးေဆာ္တုိက္တြန္းျခင္းျဖစ္ေၾကာင္း အလုပ္သမားသံ အ ရာရွိရုံးက ဆုိသည္။

ဧၿပီလ ၃၀ ရက္ေန႔ ေနာက္ပုိင္း ျမဝတီ-မဲေဆာက္ နယ္စပ္ဂိတ္ စတင္ဖြင့္လွစ္ပါက ျမန္မာေရႊ႕ေျပာင္း အလုပ္ သမားမ်ားအေန ျဖင့္ အင္အားအလုံးအရင္းျဖင့္ ေန႔စဥ္ ျပန္လည္ဝင္ေရာက္ပါက ေနရပ္ျပန္ အင္အားႏွင့္ စိစစ္ လက္ခံႏုိင္သည့္ အင္အား ကန္႔သတ္မႈရွိႏုိင္ျခင္း၊ က်န္းမာေရး အခက္အခဲမ်ားျဖစ္ေပၚလာႏုိင္ျခင္း၊ ခရီးသြား လာစရိတ္၊ ေနထုိင္စားေသာက္စရိတ္ႏွင့္ အျခားမလုိလားအပ္ေသာ အုပ္ခ်ဳပ္မႈကိစၥမ်ားျဖစ္ေပၚႏုိင္ျခင္းေၾကာင့္ သံအရာရွိရုံးမွ ယခုလုိအသိေပးျခင္းျဖစ္သည္။

ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈ ေကာ္မတီ(JACBA) ဥကၠ႒ ဦးမုိးႀကဳိးက “ဘန္ေကာက္မွာရွိတဲ့ အလုပ္သမား သံ အရာရွိရုံးက ေပးလုိက္တဲ့ လူဦးေရစာရင္းဇယားအတုိင္းပဲ ကားေတြကုိ စီစဥ္ေပးမွာျဖစ္တယ္။ အဲ့ဒီ list ထဲမွာ မပါတဲ့သူေတြက ေတာ့ ကားေတြအစစ္အေဆးခံရမွာပဲ။ အဲ့ဒီ list ထဲမွာပါတဲ့ အခါက်ေတာ့ စနစ္ က်တယ္ေလ။ လမ္းခရီးစဥ္တစ္ေလွ်ာက္မွာ

လည္း အရင္ကလုိ မလုိလားအပ္စြာေသာ အစစ္အေဆး ေမးျမန္းမႈေတြ ဘာေတြ တခါတည္းမရွိေတာ့ဘူး။” ဟု ေကအုိင္စီ သုိ႔ ေျပာသည္။ အလားတူ စကၤာပူ၊ ထုိင္းႏွင့္ ဂ်ပန္ႏုိင္ငံသုိ႔ေရာက္ရွိၿပီး ျပန္လာရန္ အခက္အခဲ ႀကဳံေတြ႔ေနရသည့္ ျမန္မာႏုိင္ငံသား မ်ားကုိလည္း အကူအညီေလယာဥ္ျဖင့္ ျပန္ေခၚရန္စီစဥ္ေနေၾကာင္း အဆုိပါသံရုံးမ်ားက ထုတ္ျပန္ ထားေၾကာင္းလည္း သိရ သည္။ http://kicnews.org/2020/04/%e1%80%91%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1

 

မွတ္ခ်က္။     သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

 နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 21, April 28, 2020)

၁။        လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသခံများ လူ၊ ကား ချောဆွဲခံနေရ

၂။         ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

၃။        တပ်မတော်က NCA ကို ချိုးဖောက်ပြီး ပြည်သူလူထုကို ဆက်လက်တိုက်ခိုက်နေဆဲဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်                             ကော်မတီ ပြော

၄။        ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို

၅။        ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်နှစ်များထက် သောက်သုံးရေရှားပါးမှု ပိုမိုကြုံတွေ့နေရ

၆။        မိလ္လာကျင်းတူးရာမှ မိသားစုလိုက် သေဆုံး

၇။        မူဆယ်မြို့ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး တိုက်ခိုက်ခံရ

၈။        ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ကို အိမ်တွင်းဆုတောင်းခြင်းအစီစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရ

၉။        တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရွာ၂၀  နီးပါး ထွက်ပြေးနေရ

၁၀။      Covid-19 အရေး ပူးပေါင်းရန် မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကို တိုက်တွန်း

၁၁။      ဖားကန့်က ရေမဆေးကျောက် ရှာသူတွေကြား COVID-19 စိုးရိမ်

၁၂။      အတိုင်ပင်ခံ၏ ထုတ်ပြန်ချက် တပ်ဘက်ကို ထောက်ပြမထား၍ ချင်းအဖွဲ့အစည်းအချို့ဝေဖန်

၁၃။      အင်းလေးကန် ရေခမ်း စိုက်ပျိုးရေး ခက်ခဲ နေ

၁၄။      မေလတွင် တောင်ယာခုတ်မှုမပြုလုပ်နိုင်ပါက ကပ်တဲလ်ရွာ၌ တစ်နှစ်စာ ရိက္ခာ အခက်အခဲဖြစ်နိုင်

၁၅။      ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine စင်တာက လူအချို့ အိမ်ပြန်ခွင့်ရရှိ

၁၆။      လွှတ်တော်အစည်းအဝေးများ မေ ၁၈ ပြန်စမည်

၁၇။      ပလက်ဝမြို့ စစ်ဘေးရှောင်များအတွက် ရိက္ခာ တပ်မတော် အကူအညီဖြင့် ပို့မည်

၁၈။      တောင်ကြီး Covid-19 လူနာ ဆေးရုံက ဆင်းခွင့်ရ

၁၉။      ကူညီထောက်ပံ့မှု ယာယီရပ်ဆိုင်းခြင်းနှင့် အပြင်ထွက်ခွင့်တားမြစ်ခံရခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များအခက်တွေ့

၂၀။      တပ်မတော်ငြင်းဆိုထားတဲ့ ကျောက်တော် မီးလောင်နေအိမ်တွေအတွက် ပြည်နယ်အစိုးရ ငွေထောက်ပံ့

၂၁။      ၁ လကြာ ရပ်ထားသည့် မွန်ပြည်နယ် ခရီးသွားကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်စတင်

၂၂။       ဖားကန့်မြို့သို့ ဝင်လာသူများ ကိုယ့်စားရိတ်ဖြင့် ၂၁ ရက် Quarantine နေရမည်

၂၃။      လွိုင်ကော်မြို့က ၅ ရက်တဈေး နောင်ယားဈေးကို ပုံစံပြောင်းရောင်းချခိုင်း

၂၄။      မူဆယ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုဘေးတွင် တရုတ်နိုင်ငံသားတစ်ဦး လဲကျသေဆုံး

၂၅။      ဘားအံမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တချို့ ခေါင်မိုးလန်ပျက်စီးပြီး ဓာတ်တိုင်များပြိုလဲကာ                                  လျှပ်စစ်မီး ပြတ်တောက်

၂၆။      တရုတ်နိုင်ငံဘက်မှ နယ်စပ် ပိတ်ထားမှုကြောင့် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့တွင် ပြောင်းဖူးတင်ထော်လာဂျီ အစီး ၄၀ဝ ခန့်               ပိတ်မိနေ

၂၇။      ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ရေးအချက်အလက်များ ဖြည့်                               သွင်းရန်လိုအပ်

***************

၁။           လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသခံများ လူ၊ ကား ချောဆွဲခံနေရ

April 25, 2020

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုဘက်လှုပ်ရှားသည့်အစိုးရတပ်မတော်သည် ဒေသခံရွာသားများထံမှ ဝါး၊ သစ်များဆင့်ဆိုခြင်း ကား၊ထော်လာဂျီများအား ချောဆွဲခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။ လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းကျက်အုပ်စုတွင် အခြေချသည့် အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၅ သည် မိုင်းကျက်ဒေသခံများထံမှ ကား၊ ထော်လာဂျီများ တရက်လျင် ၄ စီးဆင့်ဆိုချောဆွဲနေကြောင်း၊ မိုင်းယော်နှင့် မိုင်းကျက်ကြား ဝမ့်ခန် ၊ ပန်လျှော် ရွာဘက်ရှိ ၎င်းတို့တပ်စခန်းသို့ ပစ္စည်းများ တင်ပို့ပေးခိုင်းကြောင်း မိုင်းကျက်ဒေသခံ ဆန်စိုင်းဆာမ် ကပြော သည်။ “သူတို့ သုံးဖို့ ကား ၊ထော်လာဂျီတွေကို ဝမ့်လုံမိုင်းကျက်ကို နေ့တိုင်း စတန်းပိုင်သွားနေပေးရတယ်။ ကားသမား တယောက်ကို ပန်လျှော်က သူတို့စခန်းဆီပစ္စည်းပို့ခိုင်းတာ ၂၁ ရက်ကတည်းက သွားတယ် ၂၃ ရက်နေ့မှပြန်လွှတ်ပေးတယ် ” – ဟု ဆန်စိုင်းဆာမ် က သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်လျှော်ရှိ အဆိုပါတပ်စခန်းသည် ယခင်က ကောင်းခါး ကေတီအေ ပြည်သူ့စစ်စခန်းချ နေထိုင်ကြောင်း၊ အစိုးရတပ်မတော်မှ ၎င်းတို့ဌာနချုပ်ဖြစ်သော ကွတ်ခိုင်မြို့ရှိ ကောင်းခါးရွာအား ဝင်ရောက်စစ်ဆေးကာ မူးယစ်ချက်ရုံများအားသိမ်း ဆည်းလိုက်ပြီး နောက် ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ပန်လျှော်စခန်းအားလည်း အစိုးရတပ်က ဝင်ရောက်တပ်စခန်းချနေထိုင်ခဲ့ကြောင်း၊ ထို့ကြောင့် စခန်းပြုပြင်ဆောက်ရန်အတွက် လိုအပ်သော သစ်၊ ဝါးများ ပစ္စည်းများကို ဒေသခံများထံမှ ဆင့်ဆိုယူဆောင် နေကြောင်း မိုင်းယော်ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကပြောသည်။

ထိုသို့ လူထုမှ အဓမ္မလုပ်အားပေးနေရမှုနှင့်ပတ်သက်ပြီး သျှမ်းလူ့အခွင့်အရေးမဏ္ဍိုုင် SHRF မှ စိုင်းဟော်ရှဲန်က – “လူထု အနေနဲ့တော့ ဒီလိုခံနေရတာ နှစ်ရှည်လများဖြစ်နေပြီ။ အစိုးရရဲ့တပ်မတော်ဘက်က ဖြူစင်တဲ့စေတနာသဘောထားရှိရင် စားပွဲဝိုင်းမှာ နိုင်ငံရေးဆွေးနွေးအဖြေရှာနိုင်မှ ဒီအခုလို လူထု အဓမ္မအခွင့်အရေးကျူးလွန်ခံနေရတာတွေကိုဖြေရှင်းနိုင်မယ်။ နိုင်ငံတကာဥပဒေနဲ့ဆိုရင် အခုလိုမျိုး တပ်မတော်က လူထုကိုလုပ်အားခိုင်းစေနေတာတွေဟာ စစ်ဥပဒေကို ဖောက်ဖျက်ကျူး လွန်တာဘဲ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။ https://burmese.shannews.org/archives/16298

*************

၂။         ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

April 25, 2020

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ အန္တရာယ်ကို တတိုင်းပြည်လုံး ညီညာစွာ ရင်ကြရမည်ဖြစ်၍ ရခိုင်ပြည်နယ်တွင် နှစ်ဖက် တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်ဆိုင်းပေးရန် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) က ဧပြီလ ၂၃ ရက် တွင် ထပ်မံ တောင်းဆိုလိုက်သည်။ ALP သည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်ကလည်း ယင်းသို့ တောင်းဆိုထားသေးသည်။ ဧပြီလ ၂၀ ရက် တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကားတစီး ပစ်ခတ်ခံရ၍ WHO ဝန်ထမ်းတဦး သေဆုံးပြီးနောက် အရပ်သား ပစ်ခတ်ခံ ရမှုများ ပိုမိုများလာပြီးနောက်တွင် ဒုတိယအကြိမ်မြောက် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက် ခြင်းလည်းဖြစ်သည်။

ALP အဖွဲ့မှ ဗိုလ်မှူးကြီး ခိုင်စိုးမြ က “ကိုရိုနာ ဗိုင်းရပ်စ်လည်း ဖြစ်နေတော့ လူတွေက အထိတ်တလန့်လည်း ဖြစ်နေရတယ်။ နောက်ပြီး စစ်ရေးနဲ့ပတ်သက်လို့ အထိတ်တလန့် ဖြစ်နေတော့ လူတွေက နေစရာမရှိသလို ဖြစ်နေတယ်။ ဒီဥစ္စာကို နှစ်ဖက် စလုံး (AA နှင့် တပ်မတော်) က ကိုယ်ချင်းစာနာသင့်တယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။

ALP ၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် က ALP ၏ တောင်းဆိုချက်များသည် လက်ရှိ ရခိုင်ပြည်နယ်တွင် လိုအပ်ချက်ဖြစ်နေသည့် ကိစ္စများကို တောင်းဆိုထားခြင်း ဖြစ်ကြောင်း မှတ်ချက်ပေးသည်။ ဦးထွန်းအောင်ကျော် က “ရခိုင်ပြည်နယ်မှာ လူထု ထိခိုက်နစ်နာမှုတွေက အရမ်းများလာပြီ။ ဒီပြဿနာက နှစ်ဖက်တိုက်ခိုက်တာ အချိန်ကြာလာတာနဲ့အမျှ အထိခိုက်ဆုံးက အရပ်သားတွေပဲ အကြီးအကျယ် ခံနေရတာ။ ဒီအချက်တွေကြောင့် စစ်ရပ်စဲဖို့ တောင်းဆိုတာက သဘာဝကျတယ်။ လိုလည်း လိုအပ်တယ်” ဟု ဆိုသည်။

ANP နှင့် ALP တို့က စစ်ပွဲရပ်ဆိုင်းရန် တောင်းဆိုမှုများရှိနေသော်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကမူ လက်တွေ့ မြေပြင်အခြေအနေတွင် နှစ်ဖက်စလုံးက အပစ်ရပ် မည့် အနေအထားရှိပုံ မရကြောင်း ပြောကြားသည်။ AA အဖွဲ့၏ တပ်ဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ်တွင် မြောက်ဦးမြို့၌ ဌာနချုပ် ဖွင့်နိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသည်ဖြစ်ရာ အဆိုပါ ပြောဆိုချက်အတိုင်းဖြစ်ရန် ကြိုးပမ်းလာမည့် အခြေအနေရှိပြီး တပ်မတော်ကလည်း ယင်းကြိုးပမ်းမှုကို တားဆီးမည့်အနေအထားရှိနေကြောင်း ၎င်းက သုံးသပ်သည်။ https://burma.irra waddy.com/news/2020/04/25/221317.html

**************

၃။        တပ်မတော်က NCA ကို ချိုးဖောက်ပြီး ပြည်သူလူထုကို ဆက်လက်တိုက်ခိုက်နေဆဲဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်                                 ကော်မတီ ပြော

April 24, 2020

မြန်မာ့တပ်မတော်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်-NCAကို ချိုးဖောက်ပြီး ပြည်သူလူထု များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကော်မတီက ထုတ်ပြန်ပြောဆို လိုက်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတရော်(ဖာပွန်)ခရိုင် (တပ်မဟာ ၅) ၊ လူသောမြို့နယ်ထဲတွင် ယခင်လ မတ်လ ၃၁ ရက်နေ့က ပစ်သတ်ခံခဲ့ရသော စောသက်မီး၏ အောက်မေ့ဖွယ်အတွက် ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်သည့်စာ၌ ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် အပစ်ခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ဘဲ ဒေသတွင်းတင်း မာမှုများကို အကြမ်း မဖက်သောနည်းလမ်းနှင့် မှန်ကန်သောစိတ်ထားဖြင့် ဖြေရှင်းခဲ့လျှင် ပြည်သူနောက် ထပ်တစ်ဦး ထပ်မံဆုံးရှုံးရမည့် အဖြစ်ကို ရှောင်လွဲနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကော်မတီ၏ ပြောခွင့်ရ နော်ဆာမူးက “နွေရာသီလို ပွင့်လင်း ရာသီရောက်ပြီးဆိုရင် စစ်တပ်က မူတရော် ဒေသမှာ သူတို့ရဲ့ တပ်လှုပ်ရှားမှုတွေ ပိုလုပ်လာလေ့ရှိတယ်။ အထူး သဖြင့် လမ်းဖောက် လုပ်တဲ့ကိစ္စလိုပေါ့။ ဒါကြောင့် ကျမတို့ပြောသလိုပဲ သူတို့ လက်မှတ်ထိုးထားတဲ့ NCA အပစ်ရပ် စာချုပ်ကို သူတို့ မလေးစားဘူး။ ဆိုလိုတာက အဲ့ဒေသက ဒေသခံလူထုတွေရဲ့ တန်ဘိုးကို အလေးမထားတာပါပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးထားသော NCA စာချုပ်ပါ အခန်း(၃) အပိုဒ် ၉၏ အရပ်သားများ ကို ကာကွယ်ပေးခြင်း အပိုဒ်ခွဲ (ခ) အရ ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ် သိက္ခာကို ထိပါးစေသည့် လုပ်ရပ်၊ အကြမ်း ဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမှုခြင်း၊ အကျဉ်းချ ခြင်း၊သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းမပြုလုပ်ရ ဟူ၍ပါရှိ သည်။ ထို့အပြင် အပိုဒ် (၉)၏ အပိုဒ်ခွဲ (ထ)အရလည်း အရပ်သား ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိပဲ အပစ်ရပ် နယ် မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်လည်း ဖော်ပြပါရှိသည်။ http://kicnews.org/2020/04/%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80

**************

၄။    ရခိုင်နဲ့ ချင်းပြည်နယ်တွင်း ဥပဒေမဲ့ ကျူးလွန်မှုတွေကို စုံစမ်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက် တောင်းဆို

April 27, 2020

မြန်မာတပ်မတော် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပြစ်မဲ့ အရပ်သားတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အစည်းအဝေး ဆင့်ခေါ်ဖို့ World Kachin Congress ကမ္ဘာလုံးဆိုင်ရာ ကချင်ကွန်ဂရက်က တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၂၅ ရက်နေ့ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရင်ဆိုင်နေရတဲ့အချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေး မလုပ်နိုင်ဘဲ စစ်ပွဲတွေ ဦးစားပေးတိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးနေရတဲ့ ဖြစ်ရပ်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေကို ဟန့်တားနိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ဝင်ရောက်ကူညီဖို့ WKC ဥက္ကဋ္ဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတခုပဲ ကျနော်တို့ မြင်နေ ရပါတယ်။ လူတွေ အများကြီး သေကျေပျက်စီးရတယ်။ ဒီလောက်ကြီး အပြစ်မဲ့ပြည်သူတွေ ဆုံးရှုံးရတာကို ကြည့်မနေဘဲနဲ့ တခုခုအဖြေရှာဖို့ အချိန်ရောက်နေပါပြီ။” ဒါ့အပြင် ကုလသမဂ္ဂပိုင် မော်တော်ကားတစီး အပါအဝင် အပြစ်မဲ့ ပြည်သူလူထု တွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ပြင်းပြင်းထန်ထန် ကန်ကွက်ရှုတ်ချ ကြောင်း WKC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်၊ ချင်းပြည်နယ်က ရွာသူရွာသားတွေရဲ့ အခြေအနေကို အလွန်စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ဥက္ကဋ္ဌ Gum San NSang က ပြောပါတယ်။

အရင် နှစ်ပေါင်း ၆၀ ကျော်ကတည်းက ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်း တိုက်ခိုက်ခဲ့တဲ့ နည်းလမ်းအတိုင်း အခု ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း Gum San NSang က ဆိုပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် ရှမ်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ကိုဗစ်ရောဂါ ကပ်ဘေးကာလ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ဧပြီလ ၁ ရက်နေ့က အဆိုပြုခဲ့ပေမယ့် မြန်မာတပ်မတော်ဘက်က ပယ်ချခဲ့ တာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။ https://burmese.voanews.com/a/world-kachin-congress/5392981.html

*************

၅။        ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်နှစ်များထက် သောက်သုံးရေရှားပါးမှု ပိုမိုကြုံတွေ့နေရ

April 25, 2020

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအများစုတွင် မြစ်ချောင်းများနှင့် လက်တူးရေတွင်းများ ခန်းခြောက်လာ သည့်အတွက် ယခုနှစ်တွင် ယခင်နှစ်များက သောက်သုံးရေ အခက်အခဲပိုမိုကြုံတွေ့လာရသည်ဟု ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီနောက်ဆုံးပတ်မှစ၍ မြစ်ချောင်း စိမ့်စမ်းရေများနှင့် လက်ယက်တူးတွင်းများမှာ ရေခန်းခြောက်လာခဲ့ရာ ခလယ် ကျေးရွာအုပ်ချုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုနှင့် ဝင်းရော်ဒေသရှိ ကျေးရွာများတွင် သုံးရေရှားပါးမှုအခက်အခဲနှင့် ရင်ဆိုင်နေရ ပြီး ရေအလှူရှင်များ၏ ရေပေးဝေမှုများအပေါ်တွင်သာ မှီခိုနေရသည်ဟု ဒေသခံများထံမှ သိရသည်။

“ ရွာကတောတောင်တွေလည်းပြုန်းပြီး အစားထိုးအပင်တွေကြောင့် စိမ့်စမ်းရေ အရင်းမြစ်နေရာတွေ ရေအကုန်ခန်းခြောက် ကုန်တယ်။ ငယ်ငယ်က ရွာချောင်းတွေက ၁၂ လရာသီလုံးလုံး ရေရှိနေတယ်။ ကျွဲ နွားတွေ စိုက်ပျိုးရေးအတွက်သုံးရေတွေ အတော်ဒုက္ခရောက်တယ်။ ကျနော်တို့အဖွဲ့ ရေလိုက်ဝေတာ ၂ လခွဲလောက်ရှိသွားပြီး။ မနက် ၆ နာရီကနေ ညနေ ၉ နာရီအထိ ရွာပေါင်း ၁ဝ ရွာနီးပါး နေ့စဉ်ရေပို့ပေးရတယ်”ဟု ခလယ်ရွာ သောက်သုံးရေပေးဝေရေးပရဟိတအဖွဲ့ စောဘသော်က ဧပြီလ ၂၄ ရက်တွင် ကေအိုင်စီ သို့ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအများစုမှာ ဇမိမြစ်နှင့် ဝင်းရော်မြစ်ကြား တောင်ညို

တောင်တန်း၏ အရှေ့ဘက်တွင် ရွာအခြေ တည်ပြီး မိုးရာသီတွင် မြစ်ချောင်းရေနှင့် တောင်ကျရေကြောင့် ကျေးရွာအများစု ရေမြှုပ်ခံရကာ နွေရာသီတွင်လည်း နှစ်စဉ်ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

“ ရေရှားတဲ့ရွာတွေကို ဒီနှစ်အဝီစီတွင်း ၆ တွင်း စိမ့်စမ်းရေသွယ်တန်းမှုက ၈ ခု ရေကန်တွေအပါပေါ့နော် လုပ်ဆောင်ထား တယ်။ မြို့နယ်ရေပေးဝေရေးကော်မတီတွေ ဖွဲ့ထားတယ်။ ရေရှားတဲ့ရွာတွေ အသိပေးဖို့ ရွာတွေမှာလည်း ပြောထားတယ်။ ဆောင်ရွက် ပေးသွားမယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး စောမြင့်အောင်လင်းက ယနေ့ (ဧပြီလ ၂၅ ရက်) ကေအိုင်စီသို့ပြောသည်။ ဇမိမြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် အနက်တောင် ၃ဝ ကျော်အထိ လက်ယက်တူးတွင်းအများစု မှာ ရေခန်းခြောက်ကုန် ပြီးဖြစ်၍ သောက်သုံးရေရရှိရန် ချောင်း ကမ်းပါးများတွင် ယာယီ လက်ယက်တူးတွင်းများနှင့် အများ သုံးစွဲနိုင်သည့် ယာယီရေလှောင်ကန်များပြုလုပ်ထားကြရသည် ဟု ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ သိရသည်။ http://kicnews.org/2020/04/%e1%81%be%e1%80%80%e1%80%ac%e1%80%a1% e1%80%84%e1%80

**************

၆။        မိလ္လာကျင်းတူးရာမှ မိသားစုလိုက် သေဆုံး

April 24, 2020

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် အမျိုးသား (၄) ဦး မိလ္လာကျင်းတူးရင်း ပြုတ်ကျ သေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက်နေ့ ည ၆ နာရီအချိန်ခန့်တွင် ဦးအိုက်လှ ၏ နေအိမ်ဝန်းတွင် မိလ္လာကျင်းအသစ်တူးရာမှ မိလ္လာကျင်း အဟောင်းမှ မစင်များထွက်ပြီး အောက်စီဂျင်ပျက်ကာ တစ်ဦးကို တစ်ဦး ဆင်းကယ်ကြရာမှ မိလ္လာကျင်းထဲ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း သွားရောက်ကူညီသည့် သီပေါမြို့ဒေသခံ လူငယ်တစ်ဦး ကရှင်းပြသည်။ “ဖြစ်ပျက်သွားတာက နာရီဝက် လောက်ပဲ ကြာသွားတယ်။ ၄ ယောက်စလုံး သေဆုံးသွားကြတယ်”ဟု ၎င်းလူငယ် တစ်ဦးကပြောသည်။

မိလ္လာကျင်းထဲ သေဆုံးသွားသူများမှာ ဦးစိုင်းလှ အသက် (၄၈) နှစ် ၊သားဖြစ်သူ ဦးစိုင်းသီဟ အသက်( ၂၅) နှစ် ၊ သားဖြစ်သူ စိုင်းဇော်ဦးသာ အသက်( ၂၁ ) နှစ် နှင့် ဦးစိုင်းလှ နှင့် ဆွေးမျိုးတော်စပ်သူ မောင်မိုးအောင် အသက်( ၂၇ ) နှစ် ဖြစ်ကြောင်း သိရသည်။ သီပေါမြို့နယ် SNLD ပါတီဝင် စိုင်းလောဝ်ဆိုင်က ” ဒီလို မိလ္လာကျင်းတူးမယ်ဆိုရင် ကျနော်တို့အားလုံး သတိထားဖို့ လိုတယ်။ တူးမယ်ဆိုရင်လည်း ကျင်း ဟောင်း နဲ့ ဝေးတဲ့နေရာမှာ တူးရမယ်။ မဟုတ်ရင် အသက်အန္တရာယ် ထိ ရှိနိုင်တာပေါ့ နော်။ ခုဖြစ်သွားတာ ကျနော်တို့အားလုံးအတွက် သင်ခန်းစာ ယူသင့်တယ်။” ဟု ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ နယ်စည်းမခြားလူမှုရေးအသင်းအဖွဲ့မှ လူနာ တင်ယာဉ် ၁ စီးဖြင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ https://burmese.shanne ws.org/archives/ 16284

*************

၇။        မူဆယ်မြို့ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး တိုက်ခိုက်ခံရ

April 24, 2020

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့ ည ၇ နာရီခွဲက စွမ်စော်ရပ်ကွက်ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ (ဧပြီ ၂၃) ည ၇ နာရီခွဲ ဝန်းကျင်က စွမ်စော်ရပ်ကွက်ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦးထဲသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်ရောက်လာကာ ပစ်ခတ်သွားကြောင်း၊ ပြည်သူ့စစ် အဆောက်အဦး ဝင်းထဲသို့ ဗုံးသီးဟုယူဆရသည့် လက်နက် ၅ လုံး ကျကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လူထိခိုက်မှုကတော့မရှိဘူး။ ဒါပေမယ့် ပန်းဆေးပြည်သူ့စစ်ဝင်းထဲမှာ ၅ လုံးကျသွားတယ်။ ဗုံးလို့ယူဆရတယ်။ အခု သက်ဆိုင်တဲ့ တပ်နဲ့ ရဲကတော့ သွားရှင်းနေပါပြီ”ဟု ဦးသူရိန်က ပြောသည်။ လက်ရှိ အချိန်ထိ မည်သည့်အဖွဲ့က လာရောက် ပစ်သည်ကို သက်ဆိုင်ရာမှ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း ဦးသူရိန်က ဆိုသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့သည် ပန်းဆေး ပြည်သူ့စစ်ဝင်းအတွင်း ကားဖြင့် ရောက်လာပြီး ပစ်ခဲ့ကြောင်း ထိုပစ်မှုကြာင့် တရုတ်ပြည်တွင်းသို့ ကျည် တလုံးကျခဲ့ကြောင်း မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အဲ့နေရာက ကျနော်တို့ ဝင်ဖို့ခက်တဲ့နေရာပါ။ လူထိခိုက်မှုတော့မရှိဘူး။ ဒါပေမယ့် အဆောက်အဦးထဲမှာ ဘာတွေရှိလဲဆိုတာ ကျနော်တို့ဝင်ခွင့်မရတော့ သေချာမသိဘူး” ဟု စိုင်းကျော်သိန်းက ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး အခြေအနေကို ပြောပြသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အစိုးရတပ်မတော်မှ မူဆယ်မြို့နယ် အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များကို ခေါ်ယူ ကာ တပ်မတော်မှ ချမှတ်ထားပေးသည့် နေရာသို့ ပြန်သွားကြရန် နှင့် မြို့မ ပြည်သူ့စစ်မှလွဲပြီး ကျန်ပြည်သူ့စစ်များ တပ်ပြည်ပ သို့ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်း မပြုရန် ပြောကြားခဲ့သည်။ ထို့ပြင် မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် တရား မဝင် ဂိမ်းဆိုင်များ၊ လောင်းကစားရုံများလည်း ပိတ်ရန် ပြောဆိုခဲ့သေးသည်။ https://burmese.shannews.org/archives /16277

***************

၈။        ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ကို အိမ်တွင်းဆုတောင်းခြင်းအစီစဉ်ဖြင့်သာ ပြုလုပ်ခဲ့ရ

April 25, 2020

နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့သည် ကချင်လူထုမူးယစ်တိုက်ဖျက်ရေးနေ့ (Anti-Drug Day) ဖြစ်သော်လည်း ယခုနှစ်တွင် Covid-19 ရောဂါအခြေအနေကြောင့် လူထုဆုတောင်းပွဲမပြုလုပ်နိုင်ဘဲ မိမိအိမ်တွင်သာ ဆုတောင်းခြင်းဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရ သည်။ ကချင်ပြည်နယ်တွင် ဆိုးရွားလာသော မူးယစ်ဆေးဝါးအန္တရယ်ကိုတိုက်ဖျက်ရန် ကချင်ခရစ်ယာန်အသင်းတော် အခြေပြု လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan ကို ၂၀၁၄ တွင်ဖွဲ့စည်းခဲ့သည်မှာ ယနေ့ ၆ နှစ်ပြည်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၄ မှစပြီး ဘိန်းခင်းဖျက်ဆီးခြင်း၊ ရပ်ကွက်မြို့ရွာအထိ ဘိန်းသုံးစွဲ ရောင်းဝယ်သူများကို ပညာပေးခြင်းစသည့်လုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး အထိမ်းအမှတ်နေ့ရောက်တိုင်း လူထုဆုတောင်းပွဲများကို ပြုလုပ်လေ့ရှိသည်။

“ဒီနှစ်က လူစုလူဝေးနှင့်ကျင့်ပဖို့ မဖြစ်နိုင်တော့ပေမဲ့ အားလုံးကိုယ်ရှိတဲ့အရပ်ကနေမှ မူးယစ်ဆေးကျေးကျွန်ဘဝ မှ လွတ် မြောက်နိုင်ဖို့ နှင့် အခုဖြစ်ပွားနေတဲ့ Covid-19 ရောဂါမှ လွတ်မြောက်နိုင်ဖို့ အထူးဘဲဆုတောင်းကြဖို့ အဓိက ထုတ်ပြန်ထားတာဖြစ်တယ်” ဟု တနိုင်းအခြေပြု လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဆရာနော်တောင် ပြောသည်။ စတင် ဖွဲ့စည်းချိန်မှစပြီး မူးယစ်တိုက်ဖျက်ရေး စတင်လုပ်ဆောင်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့သလို အခက်အခဲများလည်း ရှိခဲ့ သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်တိုက်ဖျက်ရေးကို လူထုအဖွဲ့အစည်းများလုပ်နေသော်လည်း ပိုမိုထိရောက်ရန် အစိုးရ ကိုယ်တိုင် ပါဝင် လုပ်ဆောင်ရမည်ဟု ဆရာနော်တောင်မှ ပြောသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီစဉ်ကို လာမည့်နှစ်များတွင် ပိုမိုလုပ်ဆောင်နိုင်ရေး ဆုတောင်းပေးဖို့ ယနေ့ ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PJS က ထုတ်ပြန်ထားပါသည်။ https://burmese.kachinnews.com/2020/04/25/%e1%80%80%e1%80%81%e1%80%bb%e1%80%84%e1

**************

၉။    တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရွာ၂၀  နီးပါး ထွက်ပြေးနေရ

April 25, 2020

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂၀ နီးပါး အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ထွက်ပြေးနေရသော ကျေးရွာများမှာ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းမအနီးမှ ကျေးရွာများအပါအဝင် ယင်း မြို့နယ်အတွင်း ရန်ကုန်- စစ်တွေ ကားလမ်းမပေါ် ကျေးရွာများပင်ပါဝင်ကြောင်း ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောသည်။ ဦးခင်မောင်လတ် က “အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာတွေကတော့ တော်တော်များတယ်။ တချို့ ရွာတွေဆို ရွာနားမှာ တိုက်ပွဲဖြစ်လို့ပြေးတယ်။ တချို့ရွာတွေဆို တပ်မတော်စစ်ကြောင်းလာလို့ ပြေးတာရှိတယ်၊ ရွာထဲကို လက်နက်ကြီး တွေ လာကျလို့ ပြေးတာ ရှိတယ်။ ရွာပေါင်း၂၀ နီးပါးလောက်က ပြည်သူတွေ အသက်လုပြီး ပြေးနေရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် ရန်ကုန် -စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသည့် ကျောက်ဆိပ်ကျေးရွာ၊ ဂူဝကျေးရွာနှင့် နတ်ချောင်း၊ ရေ ပုတ်ချောင်း၊ တန်းစွယ်ကျေးရွာသား အများစုမှာလည်းနီးစပ်ရာ ဆွေမျိုးသားချင်းများရှိရာသို့ ထွက်ပြေးခိုလှုံနေရ ကြောင်းလည်း သိရသည်။ ထိုအထဲမှ တချို့မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဒုက္ခသည်စခန်းတချို့တွင် ဝင်ရောက် ခိုလှုံနေလျက်ရှိကြောင်းလည်း ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

ဧပြီလ ၁၃ ရက် မနက်ပိုင်းကလည်း အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ဆန် ၃ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လက်ရှိအချိန်အထိ ဆေးကုသမှုကို ခံယူနေရသည်။ ဒေသခံ ကျေးရွာသားများနှင့် ထိခိုက်သေဆုံးသွားသူ မိသားစုဝင်များက အဆိုပါ ကျေးရွာအတွင်းသို့ ကျရောက်သည့် လက်နက်ကြီးမှာ ကျေးရွာနှင့် ၂ မိုင်ခွဲကျော်အကွာတွင် တည်ရှိသည့် ပုဏ္ဏားကျွန်း အခြေစိုက် အမှတ် ၅၅၀ ခြေမြန်တပ်ရင်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာ အတွင်း လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား ပါတီ (ANP) က ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် သဘောထားကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ https://burma.irrawaddy.com/news/202 0/04/25/2 21331.html

**************

၁၀။      Covid-19 အရေး ပူးပေါင်းရန် မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကို တိုက်တွန်း

April 27 , 2020

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်သည့်ကိစ္စနှင့်ပတ်သက်၍ တရားဝင်နယ်စပ်ဂိတ်ဖြစ်သည့် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်ရောက်သင့်ပါကြောင်းနှင့် လက်ရှိအချိန်တွင် Covid-19 ထိန်းချုပ်ရေးအတွက် ဘုရားသုံးဆူနယ် စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်ပါကလည်း တရားဝင် ပြန်လည်ဝင်ရောက်ခြင်း ဖြစ်စေရေးအတွက် မြဝတီနယ်စပ်ဂိတ်မှသာ ဝင်/ထွက်စေရေး ပူးပေါင်းကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုး၍ ဧပြီလ(၂၁) ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း မွန်သတင်းအေဂျင်စီက မိတ္တူ လက်ခံရရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “လာမယ့် ဧပြီလ ၃၀ ရက်နောက်ပိုင်းမှာ ပြန်ဝင်လာမယ့် လူတွေက မြဝတီဘက်ကနေ ဝင်လာမှာပါ၊ အစိုးရက သူတို့စီစဉ်ထားတဲ့ CBFQ မှာပဲ ထားမယ်ဆိုတော့ ကျနော်တို့ဘက်ကို ရောက်ဖို့က သိပ်မရှိဘူးပေါ့လေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရောက်လာခဲ့မယ်ဆိုရင်လည်း CBFQ မှာနေဖို့အတွက်က စီစဉ်ထား ပြီးသားပါ” ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ဖြေကြားခဲ့သည်။ ထို့အတူ COVID 19 ကူးစက် ရောဂါအန္တရာ ယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်မြဝတီ နယ်စပ်ဂိတ်မှ ပြန်လာကြရန်နှင့် ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းဘက်သို့ ပြန်လာခွင့်မပြုရန် ဧပြီ ၂၅ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဘုရားသုံးဆူမြို့နယ်အုပ်ချုပ်ရေးရုံးသို့  ညွှန်ကြားလိုက်သည်။

ဧပြီ ၃၀ နောက်ပိုင်း နယ်စပ်မှတဆင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေရပ်ပြန်ရမည့် အလုပ်သမားများ အင်အား စာရင်းကို သိရှိပြီး အခက်အခဲမရှိစေဘဲ နေရပ်ပြန်နိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အစီ အမံများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် https://forms.gle/kbxdZLLVbmDM7NYJ9 သို့ မပျက်မကွက်ဖြည့်သွင်း ပေးပို့ ကြပါရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံအလုပ်သမား သံအရာရှိရုံးက ယနေ့ရက်စွဲဖြင့် မြန်မာအလုပ်သမားများအား မေတ္တာ ရပ်ခံ အသိပေးနိူးဆော်ထားကြောင်း တွေ့ရှိရသည်။ https://www.bnionline.net/mm/news-72454

****************

၁၁။      ဖားကန့်က ရေမဆေးကျောက် ရှာသူတွေကြား COVID-19 စိုးရိမ်

April 27, 2020

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေမှာတော့ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်အပြင်ထွက်ခွင့် ပိတ်ထားပါတယ်။ အပြင်လူလည်း မဝင်ရပါဘူး။ ဒါ့အပြင် လုပ်ငန်း ခွင်အတွင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုကိုလည်း ဆောင်ရွက်ထားတယ်လို့ ဖားကန့်မြို့နယ်ဆိုင်ရာ ပြည်သူ့ လွှတ်တော်အမတ် ဦးတင့်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဒီကုမ္ပဏီဝန်ထမ်းတွေဟာ ဒီလုပ်ငန်းခွင်က လွဲပြီးရင် သူတို့ကုမ္ပဏီဆိုက်ရဲ့ အပြင်ကို ထွက်ခွင့် လုံးဝမရှိပါဘူးခင်ဗျ။ ကုမ္ပဏီ အတွက် နေ့စဉ်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးမှ အဝယ်ထွက်တဲ့လူရယ်၊ ယာဉ်မောင်းရယ် ဒီလူတွေကိုပဲ သူတို့ အပြင် ထွက်ခွင့်ပေးပါတယ်။” ၂၄ နာရီ အချိန်ပြည့် အလုပ်လုပ်တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ COVID-19 ကာကွယ်တားဆီးရေးအတွက် စီမံကိန်းချ ကြပ်မတ် ဆောင်ရွက်နိုင်ပေမယ့်လည်း ဒီ ကျောက်တူးဖော်ရေး လုပ်ငန်းတွေရဲ့ မြေစာပုံတွေမှာ ထောင်နဲ့ချီတဲ့ ရေမဆေးကျောက် ရှာကြသူတွေအတွက်တော့ ကာကွယ်တားဆီးရေး မလုပ်နိုင်ပါဘူး။ ဖားကန့်ကို အဝင်အထွက်လုပ်မယ့် ကားတွေကို ကြပ်မတ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စွန့်ပစ်မြေစာပုံတွေထဲမှာ ရေမဆေးကျောက်ရှာဖွေပြီး စားဝတ်နေရေး ရပ်တည်ကြတဲ့ လူထုအတွက် အစိုးရရဲ့ COVID-19 ကာလ အထောက်အပံ့ ကလည်း မလုံလောက်ဘူးလို့ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ ပထမဆုံး COVID-19 ကူးစက်ခံ အတည်ပြုလူနာတဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူထူထပ်ပြီး ထိန်းသိမ်းရခက်တဲ့ ဖားကန့်လို ဒေသမျိုးတွေအတွက် စိုးရိမ်နေကြတာပါ။ ရန်ကုန်က စက်ရုံတခုမှာ အလုပ်လုပ်ခဲ့ပြီးနောက် ကချင်ပြည်နယ် မိုးညှင်းကို ပြန်လာသူတဦးမှာ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပြောင်းရွှေ့ ကုသပေးနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့ညက သတင်းထုတ်ထားပါတယ်။ https://burmese.voanews.com/a/covid19-hpakant/5392976.html

**************

၁၂။      အတိုင်ပင်ခံ၏ ထုတ်ပြန်ချက် တပ်ဘက်ကို ထောက်ပြမထား၍ ချင်းအဖွဲ့အစည်းအချို့ဝေဖန်

April 23, 2020

နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဧပြီ ၂၁ရက် ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော် (AA) ဘက်ကိုသာ ထောက်ပြထားပြီး မြန်မာ့တပ်မတော်ဘက်ကို ထောက်ပြထားခြင်းမရှိသဖြင့် မျှတမှုမရှိကြောင်း ချင်းအဖွဲ့အစည်းအချို့က ဝေဖန်ကြသည်။ ချင်းပြည် နယ် ပလက်ဝမြို့နယ်ရှိ ပြည်သူများအတွက် ရိက္ခာဆန်များကို ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သဖြင့် ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒီ ထုတ်ပြန်ချက်က တစ်ဘက်ကနေကြည့် ရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် AA ဘက်ကို ထောက်ပြသလိုမျိုး မြန်မာ့တပ်မတော်ဘက်ကိုလည်း အညီအမျှ မဟုတ် နိုင်ရင်တော့ အနည်း အကျဉ်းတော့ ထောက်ပြသင့်တယ်လို့ ကျနော်မြင်တယ်”ဟုလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

ထုတ်ပြန်ချက်မှာ ထောက်ပြမှုအပိုင်းတွင် လိုအပ်ချက်ရှိနေကြောင်း၊ တပ်မတော်၏ လေကြောင်းပစ်ခတ်မှုကြောင့် တစ်လ အတွင်း လူသုံးဆယ်ဝန်းကျင် သေဆုံးခဲ့ရခြင်းမျိုးကိုလည်း ထောက်ပြသင့်သည်ဟု မြင်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။ “(တပ်နှင့် AA ) နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှုကို ကျူးလွန်ထားတာဖြစ်တဲ့အတွက် နှစ်ဘက်စလုံးကို တန်းတူ ထောက်ပြသင့်တယ်လို့ မြင်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

ယင်းထုတ်ပြန်ချက်တွင် ULA/AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေ သဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်ပြီး ရွပ်ရွပ် ချွံချွံ  တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြု ကြောင်း ပါဝင်သည်။ ထို့ပြင် အရပ်သားများ သေဆုံး/ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ကြားသိရသည့်အတွက် များစွာဝမ်းနည်း စိတ်မ ကောင်းဖြစ်ရကြောင်း၊ ၎င်းတို့နှင့် မိသားစုဝင်များအတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီ ထောက်ပံ့ မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပါဝင်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆန်နှင်းလျန်က “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပလက်ဝကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်၊ ကြိုလည်းကြိုဆိုတယ်၊ ဒါပေမယ့် ထုတ်ပြန်ချက်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် သိပ်အားမကောင်းဘူးလို့မြင်ရတယ်”ဟု ပြောသည်။ စစ်ပွဲများကြောင့် ကျေးရွာများမှ ဒေသခံများမှာ ပလက်ဝမြို့နှင့် ဆမီးမြို့ တို့တွင် စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ ဆမီးတွင်  ၂၈၀ဝ  ပလက်ဝတွင် ၃၆၅၇ ဦး ရှိကြောင်း သိရသည်။ https://www. bnionline.net/mm/news-72380

**************

၁၃။      အင်းလေးကန် ရေခမ်း စိုက်ပျိုးရေး ခက်ခဲ နေ

April 24, 2020

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေခမ်းခြောက်မှုနှင့် ပတ်သက်ပြီး ဒေသခံများ လယ်ယာ စိုက်ပျိုးမှုခက်ခဲနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ အင်လေးဒေသခံများသည် လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သည်။ “အင်းလယ်တွေ ရေခမ်းနေတဲ့အချိန်မှာ စိုက်ပျိုးရေး နဲ့ ပတ်သက်ပြီး လယ်သမားတွေက တော်တော်လေးကို ဒုက္ခရောက်ပြီး စက်လှေတွေနဲ့ ခုတ်ပြီးမှ ရေတင်နေရတာ အဲ့ဒီလို အခြေ အနေ ဖြစ်နေတယ်။ ရေက တအားကို ခမ်းနေတာ အဘ တို့ဒီမှာ အရမ်းခက်ခဲပါတယ်။ သွားရတဲ့ လမ်းကြောင်းကလည်း ခက်ခဲတယ်။” ဟု အင်းလေးဒေသခံ စိုက်ပျိုးရေးတောင်သူ ဦးဖိုးလေး ကပြောသည်။

တပေါင်း တန်ခူးလအတွင်း မိုးမရွာခဲ့ပါက အင်းလယ်ရေထည့်ချိန်တွင် အခက်အခဲဖြစ်ရပြီး လယ်ရေသွင်းရာတွင်လည်း ၃ ရက် တစ်ခါ ရေပြန်ခုတ်တင် နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။ “လယ်ထဲမှာ ရေက ကြာကြာမနေဘူး ၃ ရက် လောက်ပဲနေတယ်။ ရေက ပြန်ခမ်းရင် ပြန်ခုတ် ဝင့် ( မလိုအပ်သည့်မြက်ပင်) နုတ်တဲ့ချိန်မှာလဲ လယ်ထဲကို ရေပြန်ထည့်ရ တယ်” ဟုအင်းလေး ဒေသခံ တောင်သူ တဦးက ပြောသည်။ အင်းလေး ရေခမ်းခြောက်မှုသည် နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့ရသော်လည်း ယခုနှစ်သည် ပိုပြီးခမ်းခြောက်ကာ လယ်ယာအတွက် အခက်အခုကြုံဒုက္ခရောက်ကြောင်းလည်း အဆိုပါ တောင်သူက ဆိုသည်။

“အင်းလေးကန်ကလည်း ရေခမ်း၊ လယ်ယာစိုက်ပျိုးရေးကလည်း မလုပ်နိုင်၊ နောက် ကိုဗစ်ကြောင့် ဧည့်သည်ကမရှိ။ ဝင်ငွေ မရှိဘူး။ ဒီနှစ်တော့ ဝင်ငွေတွေမရှိဘူး။ အရမ်းခက်ခဲတယ်”ဟု အင်းလေးကန်ကို မှီတင်းလုပ်ကိုင်နေသည့် မသန္တာ က ပြော သည်။ အင်းလေး ဒေသခံ ပြည်သူများသည် ခရီးသွားလုပ်ငန်းနှင့် တောင်ယာ အလုပ်အကိုင် ကို အဓိက လုပ်ကိုင်သည့် သူများဖြစ်သည်။ https://burmese.shannews.org/archives/16279

***************

၁၄။      မေလတွင် တောင်ယာခုတ်မှုမပြုလုပ်နိုင်ပါက ကပ်တဲလ်ရွာ၌ တစ်နှစ်စာ ရိက္ခာ အခက်အခဲဖြစ်နိုင်

April 26, 2020

ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိထားသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာသည် မေလတွင် တောင် ယာခုတ်မှု၊ စိုက်ပျိုးမှုမပြုလုပ်နိုင်ပါက တစ်နှစ်စာရိက္ခာအခက်အခဲဖြစ်နိုင်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။ “ဒါပေမယ့် ဒီကြားထဲမှာ အလုပ်မလုပ်နိုင်တာတွေ တောင်ယာမခုတ်နိုင်တာတွေ တော့ ရှိပါတယ်။ အဲဒီဂယက်က နောက်တစ်နှစ်မှာရှိလာနိုင်တယ်။ အဲဒါကြောင့် နောက်လာမယ့်အချိန်မှာ လာမယ့်နှစ်မှာတော့ ဝမ်းစာဖူလုံရေးက သက်သက်စဉ်းစားရတော့မယ်။ ဝမ်းစာဖူလုံရေးဆိုတာက ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ အများကြီး စဉ်းစားပေးရတော့မယ်။” ဟု ဦးပေါင်လွန်မင့်ထန် က ပြောသည်။

လက်ရှိတွင် တစ်ပတ်ကို သုံးရက်ခန့် မိုးရွာနေပြီဖြစ်၍ စပါးပျိူးကြဲမှုကို အစိုးရခွင့်ပြုချက်ဖြင့် တစ်အိမ်ထောင်လျှင် သုံး‌ယောက် နှုန်းဖြင့် ပျိူးကြဲခွင့် ပေးထားသော်လည်း ပေါင်းရှင်းခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်းသူက ဆိုသည်။ “ မျိုးစေ့ချတာပဲရှိတယ်။ ကျန်တာက ပေါင်းရှင်းဖို့ ခွင့်ပြုချက်မရနိုင်ဘူး။ သက်ဆိုင်ရာက ခွင့်ပြုလိုက်တာက မျိုးစေ့ချတာလောက်ပဲရှိတယ်။ တောင်ယာ ဘက်မှာ ပေါင်းရှင်းဖို့ ဘယ်သူမှ ခွင့်မပြုသေးဘူး။ ခွင့်ပြုမယ်ဆိုရင် ကိုယ့်တောင်ယာဆီသွားကုန်ရင် ရုတ်ရုတ်သဲသဲဖြစ်ကုန် မှာစိုးလို့ အဲဒီလို အတားအဆီးလုပ်ထားတာ။ ဆက်ဖြစ်မှာက အများကြီး တစ်နှစ်စာ ဝမ်းစာအတွက် ဒုက္ခရောက်ကုန်မှာ။” ဟု ဦးဒိုဇွာတောင် က ပြောသည်။

ကပ်တဲလ်ရွာသည် အိမ်ခြေ ၆၉၄ အိမ်ရှိပြီး လူဦးရေ ၃၆၁၁ ဦးနေထိုင်ကာ လယ်ဧက ၁၂၀ နီးပါးရှိပြီး မွေးမြူရေးနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးမှုအနေဖြင့် စပါး၊ ပြောင်းဖူးနှင့် ပဲများကိုစိုက်ပျိုးကြောင်းနှင့် တမူးနယ်စပ်မှတဆင့် အိန္ဒိယသို့ အများဆုံးတင်ပို့ကာ လေးပုံ တစ်ပုံသာ တီးတိန်မြို့သို့ တင်ပို့ကြောင်းသိရသည်။ http:// www.mizzimabu rmese.com/article/69344

**************

၁၅။      ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine စင်တာက လူအချို့ အိမ်ပြန်ခွင့်ရရှိ

April 27, 2020

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး  မိုင်ဆပ်ပါ Quarantine စင်တာတွင် သီးခြားထားရှိကာ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ထားသူ ၁၈ ဦးရှိသည့်အနက် ၆ ဦး အိမ်ပြန်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဖျားနာသည့် လူနာ များ Quarantine  စင်တာ နှင့် ဆေးရုံတို့တွင် ထပ်မံရောက်ရှိလာခြင်း မရှိတော့ကြောင်း လိုင်ဇာမြို့ COVID-19 ကာကွယ် တားဆီးရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်ဝေါမ်က ပြောသည်။ “အကုန်လုံးက သတိထားပြီးနေထိုင်ကြတာကို တွေ့ရပါ တယ်” ဟု ဦးဟိန်ဝေါမ်က ဆိုသည်။

Quarantine  စင်တာတွင် သံသယလူနာ ၃ ဦးရှိပြီး ၎င်းတို့ကို လိုင်ဇာမြို့ရှိ သတ်မှတ်ထားသည့်နေရာတွင်  ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း၊ ၎င်းတို့တွင် COVID ရောဂါပိုး မတွေ့ရှိရကြောင်း ဦးဟိန်ဝေါမ်က ပြောသည်။ ”ပထမသံသယလူနာကို ကျွန်တော်တို့ ၂၄ နာရီအတွင်း ဆေးစစ်တာ Negative ဖြစ်ပြီဆိုတော့ ကျန်တဲ့သူတွေကို မစစ်တော့ ဘူး။ နှစ်ခါအတည်ပြန်ပြုတော့လည်း Negative ပဲဖြစ်တော့ Negative ပဲလို့သတ်မှတ်လိုက်ပြီ”ဟု ဦးဟိန်ဝေါမ်က ပြောသည်။

သံသယလူနာများတွင် ကိုယ်ပူသည့် လက္ခဏာများမတွေ့ရတော့ကြောင်း နှင့် သတ်မှတ်ထားသည့် Quarantine  ရက်ကာလ ကုန်လွန်ပါက အိမ်ပြန်ခွင့်ရမည် ဖြစ်ကြောင်းလည်း သိရသည်။ https://www.bnionline.net/mm/news-72446

***************

၁၆။            လွှတ်တော်အစည်းအဝေးများ မေ ၁၈ ပြန်စမည်

April 27, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားနေဆဲကာလဖြစ်ပေမယ့် ရပ်နားထားတဲ့ လွှတ်တော် အစည်း အဝေးတွေကို မေလ ၁၈ ရက်နေ့မှာ ပြန်စဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဘတ်ဂျတ်ကိစ္စတွေ အတည်ပြုဖို့ လွှတ်တော်ခေါ်ယူရတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ကျန်းမာရေး ကာ ကွယ်မှုရဖို့ ကြိုတင်ပြင်ဆင်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ရပ်နားထား ရတဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မေလ ၁၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာငွေ အရသုံးနဲ့ ဖြည့်စွက်ဘတ်ဂျက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးအတွက် အသုံးပြုဖို့ ချေးငွေကိစ္စ တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

NLD ပါတီဝင်၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီက ဒေါက်တာ လှမိုးက အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ မရပ်တန့်ဖို့ လွှတ်တော်က အတည်ပြုပေးရမယ့် ဘတ်ဂျက်ကိစ္စတွေရှိတယ်လို့ ပြောပါတယ်။ “ပြည်ထောင်စု ဘဏ္ာရန်ပုံငွေရဲ့ ဖြည့်စွက်ရန်ပုံငွေတွေကို ဆွေးနွေး အတည်ပြုကြမှာပါ။ ပြီးတော့ ချေးငွေတွေနဲ့ ပတ်သက်ပြီးတော့ ဒါ အစိုးရက တင်လာခဲ့ရင်လည်း ကျနော်တို့က အတည်ပြုပေးကြရမှာပါ။ မဟုတ်လို့ရှိရင် အစိုးရမှာ လက်ရှိလုပ်နေတဲ့ လုပ်ငန်း ဆောင်တာတချို့က ရပ်ဆိုင်းသွားနိုင်ပါတယ်။ လုပ်နေတဲ့ စီမံကိန်းတွေ ဘာတွေမှာ လုပ်ရင်းတန်းလန်းနဲ့မှ လိုအပ်ချက်ရှိလာ တာတွေ ရှိတယ်။ ဥပမာ ဝန်ထမ်း တိုးမြှင့် ခန့်ထားတာတွေရှိတယ်။ အရေးပေါ် စီမံချက်တွေရှိတယ်။ ဒါတွေအတွက် ဘတ်ဂျက်တွေကို ပြန်ပြီးအတည်ပြုပေးရမှာပါ။” ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ပြန်လည်ကျင်းပဖို့ ဧပြီလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့တာပါ။

နေပြည်တော်ကိုပြန်လာတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို စောင့်ကြည့်ရေး စခန်းတွေမှာ ၂၁ ရက် အသွားအလာ ကန့်သတ်တာတွေရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အဲဒီပုံစံမျိုး ထားဖို့မရှိဘဲ တခြားနည်းလမ်းတွေနဲ့ ကျန်းမာရေး စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အစည်းအဝေး တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နယ်မြေတွေမှာ ကျန်းမာရေး စစ်ဆေးနိုင်ရေး ညှိနှိုင်းဖို့ရှိ  တယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်တစ်ရပ် ခေါ်ယူဖို့ ၂၁ ရက် ကြိုတင် အကြောင်းကြားရတာဖြစ်လို့ အခုလိုရက်သတ်မှတ်တာဖြစ်တယ်လို့ ယူဆကြောင်းပြောပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဒီလိုကာလမျိုးမှာလူစုလူဝေးနဲ့လုပ်တဲ့ အစည်းအဝေးတွေ ရှောင်သင့်တယ်လို့ ပြောပါတယ်။ SNLD ပါတီက လူငယ်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လွှတ်တော်တက်ရောက်ဖို့ရှိပြီး လူကြီးပိုင်း လွှတ်တော် အမတ်တွေတော့ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို မသိသေးဘူးလို့လည်း ဦးစိုင်းထွန်းအေးက ပြောပါတယ်။ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ က ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးယန်ကျင်းကန် က လိုအပ်ချက်အရ လွှတ်တော် ခေါ်ယူတာဖြစ်လို့ ကျန်းမာရေး အစီအမံတွေ ပြင်ဆင်ထား မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

လွှတ်တော်ကျင်းပရေး ဗဟိုကော်မတီ၊ လွှတ်တော်ကျင်းပရေးလုပ်ငန်း အထောက်အကူပြု လုပ်ငန်းကော်မတီ ခုနှစ်ခု အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေအတိုင်း လွှတ်တော်ခေါ်ယူရေးဆောင်ရွက်သွားမယ်လို့ တာဝန် ရှိသူတွေကပြောပါတယ်။https://www.rfa.org/burmese/news/hluttaws-will-start-on-may1804272020044936.html

***************

၁၇။            ပလက်ဝမြို့ စစ်ဘေးရှောင်များအတွက် ရိက္ခာ တပ်မတော် အကူအညီဖြင့် ပို့မည်

April 27, 2020

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာအပါအဝင် ဆန်အိတ်ပေါင်း ၂၀ဝဝ ကို တပ်မတော် အကူအညီဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြော သည်။ “တပ်မတော်ကနေ မပို့ဘူးဆိုရင် မရောက်နိုင်ဘူးလေ။ အရပ်ဖက်ကားတွေက ဘယ်သူမှ မသွားရဲကျတော့  ပထမ ဆန်အိတ် ၈၃၀ သယ်တုန်းကတောင်မှ ကားသမားတွေ ကားဆရာတွေ မနည်းစည်းရုံးပြီးမှ ကိုယ်တိုင် ဆမီးမှာ သေချာပြင်ဆင် ခဲ့လို့သာ ရောက်သွားနိုင်တာ၊ အခုက ကားယာဉ်မောင်းတွေလည်း မသွားရဲတော့ဘူး၊ အဲလိုဖြစ်တဲ့အတွက် တပ်မတော် ကား တွေကနေ ကူညီပေးပြီး ပို့ပေးဖို့လိုတယ်၊ တပ်မတော်က လုံခြုံရေးတွေနဲ့ ကားတွေနဲ့ ပို့ပေးမယ့် အစီအစဉ်တွေ လုပ်နေတယ်”ဟုပြောသည်။

စားနပ်ရိက္ခာများအပြင် အခြားလူသုံးကုန်ပစ္စည်းများလည်းပါဝင်ပြီး၊ ၎င်းပစ္စည်းတို့ကိုလည်း သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ် ကြောင်းသိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆန်အိတ်နှစ်ထောင်နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အချိုးကျပို့ဖို့ လုပ်ထားတယ် ။ ခေါက်ဆွဲထုတ်တို့ အိမ်သာခွက်တို့ ဖိနပ်တို့ ဆပ်ပြာတို့ ပို့ဖို့လုပ်ထားတယ်၊ အရင်ပထမ အကြိမ် ၈၃၀ အိတ်ပို့ပေးပြီ၊ အခုဆန်အိတ် ၂၀ဝဝ ထပ်ပို့ မှာဖြစ်တယ်။ နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဆန်အိတ် တစ်ထောင် ပခုက္ကူကနေပို့ဖို့ လုပ်နေတယ်။ ပလက်ဝကို ရောက်ရင် အိတ်သုံးထောင် ရောက်မှာဖြစ်တယ်”ဟု ပြောသည်။ လက်ရှိပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် လေးထောင် နီးပါးရှိပြီး လမ်းပမ်းဆက်သွယ်ရေးပိတ်ဆို့မှုကြောင့် ရိက္ခာ ပြတ်လပ်နေသည်မှာ သုံးလဝန်းကျင်ရှိပြီဖြစ်သည်။ https://www. bnionline.net/mm/news-72450

***************

၁၈။      တောင်ကြီး Covid-19 လူနာ ဆေးရုံက ဆင်းခွင့်ရ

April 27, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသ ခံယူနေသည့် Covid-19 လူနာ အမှတ် (၂၉) ဆေးရုံ ဆင့်ခွင့်ရကြောင်း  စုံစမ်းသိရသည်။ အဆိုပါ လူနာ အမှတ်(၂၉)၏ ဓါတ်ခွဲနမူနာ ၃ ကြိမ် စစ်ဆေးရာ Negative ဖြစ်ကြောင်း ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “Case -29 ကိုယ်တိုင်ကတော့ ၃ ကြိမ်ပြည့်မှာ Negative ထွက်တယ်။ သူ့ကို ဒီနေ့ ဆေးရုံက ဆင်းခွင့်ပေးတော့မယ်။ ဆေးရုံက ဆင်းပြီးတော့ facility quarantine ဟိုတယ် တခုမှာ တပတ်ထပ်ထားမယ်။” ဟု ဒေါက်တာနှင်းအိဖြူကပြောသည်။

ဧပြီ ၂၇ ရက်နေ့တွင် လူနာအမှတ် ၂၉ ၏ မိသားစု ဝင်များကို ဓါတ်ခွဲနမူနာ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ “Case 29 ရဲ့ မိသားစုက ဒီနေ့ ၂၇ ရက်နေ့မှာ ဓါတ်ခွဲ နမူနာ ထပ်ယူပြီးတော့ စစ်မယ်”ဟု ဒေါက်တာနှင်းအိဖြူကပြောသည်။ လူနာအမှတ်(၂၉)သည် အသက် (၂၆) နှစ် အမျိုးသားဖြစ်ပြီး အင်္ဂလန်ပြန် ဆရာဝန်တစ်ဦးဖြစ်ကာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ မတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ် ထားသော Facility Quarantine ပြုလုပ်ခဲ့သူ ဖြစ်သည်။ https://burmese.shannews.org/archives/16303

****************

၁၉။          ကူညီထောက်ပံ့မှု ယာယီရပ်ဆိုင်းခြင်းနှင့် အပြင်ထွက်ခွင့်တားမြစ်ခံရခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များအခက်                      တွေ့

April 24, 2020

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကြောင့် စားနပ်ရိက္ခာခက်ခဲ လာနေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ အောင်ရာကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာရှိ စစ်ရှောင်ပြည်သူများကို လာရောက် ထောက်ပံ့သည့် အဖွဲ့အစည်းမရှိတော့သည့်အပြင် စခန်းအပြင်ထွက် ရှာဖွေစားသောက်ရန်လည်း အဝင်အထွက် တင်းကြပ် လိုက်သဖြင့် ယခုလို ခက်ခဲလာရခြင်း ဖြစ်သည်ဟု ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်တာဝန်ခံ Sara Htoi Aung ပြောသည်။

“အခုချိန်မှာ စစ်ရှောင်တွေက အစားအသောက်အရမ်းခက်ခဲလာတယ်။ လိုအပ်နေတာကလည်း အခြေခံအစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေပေါ့။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုဆိုးသွားတာပေါ့။ အပြင်ထွက်လို့မရသလို နေ့စားသွားပြီး အလုပ်လုပ်လို့လည်း မရတော့ဘူး။ နေ့စားခေါ်လုပ်မယ့် သူတွေလည်း မရှိတော့ဘူး။ အရင်တုန်းကတော့ နေ့ထွက်အလုပ်လုပ်ရ တော့ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေမလာရင်လည်း သိပ်ခက်ခဲမှုမရှိဘူး။ အခုက အပြင်ကို တစ်ညထွက် အိပ်တာနဲ့တင် စခန်းကိုဝင်လို့မရတော့ဘူး။ အဲ့တော့ အခက်အခဲတွေ ပိုများလာတော့ပါ” ဟု ပြောသည်။

စစ်ရှောင်စခန်းတည်ရှိသည့် ကျေးရွာ ၂ခုမှာ ဝါရာဇွပ်ကျေးရွာအုပ်စုအောက်တွင်ရှိပြီး ပုံမှန်အားဖြင့် စခန်းအပြင်ထွက် အလုပ် လုပ်ကိုင် စားသောက်နေသူများကြောင်း သိရသည်။ မြို့ဖြင့်ဝေးသည့် စစ်ရှောင်စခန်းဖြစ်သောကြောင့် ဝယ်ယူထားသည့် အဖျားတိုင်းကိရိယာများပင် အရည်သွေးမမှီသည့် ပစ္စည်းများဖြစ်မည်ကို စိုးရိမ်ကြောင်းစခန်းတာဝန်ခံ တစ်ဦးပြောသည်။

အောင်ရာနှင့် ရှဒူးဇွပ် စစ်ရှောင်စခန်း ၂ ခုတွင် စုစုပေါင်း လူဦးရေ ၂၀ဝ ခန့် ခိုလှုံနေသည်ဟု သိရသည်။ ၎င်း စစ်ရှောင်များမှာ ၂၀၁၇ခုနှစ် နှောင်းပိုင်း တနိုင်းလီဒိုလမ်းမတစ်လျှောက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့သောကြောင့် လက်ရှိစစ်ရှောင်စခန်းတွင် ထွက်ပြေး တိမ်းရှောင်ခဲ့သည်မှာ ၃ နှစ်ရှိလာပြီ ဖြစ်သည်။ https:// burmese.kachinnews.com/2020/04/24/%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1

****************

၂၀။      တပ်မတော်ငြင်းဆိုထားတဲ့ ကျောက်တော် မီးလောင်နေအိမ်တွေအတွက် ပြည်နယ်အစိုးရ ငွေထောက်ပံ့

April 24, 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက စွပ်စွဲထားတဲ့ နေအိမ် ၅၀ဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို အစိုးရက ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့တာပါ။ မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေအတွက် အဓိက ထောက်ပံ့ပေးတာလို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက RFA ကို ဒီနေ့ပြောဆိုပါတယ်။

“ကျောက်တော်မြို့နယ် တင်းမကျေးရွာအုပ်စု၊ တင်းမကျေးရွာမှာ လူနေအိမ် ၅၂၈ လုံး မီးလောင်ခဲ့တယ်။ နေအိမ် ၃၉၇ လုံး အတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၇၉၄ သိန်း၊ ပြီးတော့မှ နေအိမ် ၁၃၁ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေက ၁၃၁ သိန်းနဲ့ စုစုပေါင်း အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၉၂၅ သိန်းကို မြောက်ဦးခရိုင်ဘေးစီမံဌာနကနေပြီးတော့ ဧပြီလ ၂၂ ရက်က ကျွန် တော်တို့ထောက်ပံ့ပေးခဲ့ပါတယ်” ဝါးအိမ်ကို တစ်သိန်း၊ သွပ်မိုးပျဉ်ကာအိမ်ကို နှစ်သိန်း၊ တိုက်အိမ်တွေကို နှစ်သိန်းခွဲ စသဖြင့် ဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း ထောက်ပံ့တာလို့ ဆိုပါတယ်။  နေအိမ်တွေ မီးလောင်ဆုံးရှုံးတာတွေ အတွက် အခြားတင်ပြလာတာတွေရှိရင်လည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ထောက်ပံ့နိုင်အောင် ဆောင်ရွက်မယ် လို့ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တင်းမကျေးရွာမှာ ရှိတဲ့နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကတော့ မီးရှို့ခံရတဲ့ အခြားကျေးရွာတွေလည်း ရှိနေပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ပြောပါတယ်။

အခုလို တပ်မတော်က ငြင်းချက်ထုတ်ထားတဲ့ မီးလောင်နေအိမ်တွေကို ပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့တဲ့ ကိစ္စ၊ ဒေသခံတွေက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့တာ၊ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် မီးလောင်တာဖြစ် ကြောင်း ပြောဆိုစွပ်စွဲကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက် တုံ့ပြန်ပြောဆိုချက်ရဖို့ RFA က တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်နားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ရဲ့ ရက်ပေါင်း ၄၀ ကျော်ကြာတိုက်ပွဲမှာ အရပ်သား အများအပြားသေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးရှို့ ခံခဲ့ရတာပါ။ အဲဒီဒေသက ဒေသခံ ၈၀ဝဝ ကျော်ဟာလည်း ကျောက်တော်မြို့ပေါ်မှာ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/govt-compensates-kyauktaw-houses-04242020073421.html

**************

၂၁။      ၁ လကြာ ရပ်ထားသည့် မွန်ပြည်နယ် ခရီးသွားကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်စတင်

April 27, 2020

မွန်ပြည်နယ်အတွင်း ၁ လအကြာ ရပ်နားထားတဲ့ ခရီးသွားကျန်းမာရေးစစ်ဆေးမှုကို ပြန်လည်စတင်နေပြီလို့ ပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ စတင်ဖြစ်ပွား မတ်လအတွင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး မြို့ဝင်ဂိတ်တွေမှာ ခရီးသွားကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲလို ကျန်းမာရေးစစ်ဆေးတာတွေဟာ မတ်လကုန်မှာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။ အခုအခါ မွန်ပြည်နယ်ဟာ Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့အခြေအနေတွေကို ဆက်လုပ်ထိန်းသိမ်းဖို့ ကျန်းမာရေး စစ်ဆေးတာတွေကို ပြည်နယ်ဝင်ပေါက် တွေ မှာ ပြန်လည်လုပ်ဆောင်နေပြီလို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

ခရီးသွား ကျန်းမာရေး စစ်ဆေးမှုတွေကို ဧပြီ ၂၆ ရက်ကစပြီး ကျိုက်ထိုမြို့နယ် အဝင်ပေါက်မှာ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအပြင် တခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာတဲ့သူတွေကို စတင် စစ်ဆေးနေတာပါ။ ဒါအပြင် ကရင်ပြည်နယ် ဘားအံနဲ့ ဘုရားသုံးဆူ ဝင်ပေါက်တွေကနေ မွန်ပြည်နယ် လာမယ့်သူတွေကို မော်လမြိုင် စက်မှုဇုန်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဗမာတိုင်းရင်းသား ရေးဝန်ကြီးနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်ဦးက ဦးဆောင်ပြီး ဌာနပေါင်းစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လာမယ့်အပတ် အတွင်း စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။ အဲဒီလို စစ်ဆေးရာမှာ COVID-19 ရောဂါလက္ခဏာပြတဲ့သူတွေကို Quarantine ၂၁ ရက် ထားရှိသွားမယ်လို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

အခုလို ကျန်းမာရေး စစ်ဆေးတာတွေကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး မွန်ပြည်နယ် အတွင်း ဝင်လာတဲ့သူမှန်သမျှကို  ကျန်းမာရေး စစ်ဆေးတာနဲ့ အချက်အလက် ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒေါက်တာခင်ဆောင်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါဖြစ်ပွားသူလူနာအမှတ် ၂၇ တဦးသာရှိနေပြီး အခုအခါရောဂါပိုးမရှိတော့ဘဲကျန်းမာရေး ကောင်းမွန် လာနေပြီလို့သိရပါတယ်။ http://burmese.dvb.no/archives/384784

***************

၂၂။           ဖားကန့်မြို့သို့ ဝင်လာသူများ ကိုယ့်စားရိတ်ဖြင့် ၂၁ ရက် Quarantine နေရမည်

April 27, 2020

လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်ထား သည့်နေရာတွင် ၂၁ ရက် Quarantine ဝင်ရမည်ဟု သိရသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင်းသို့ ဧပြီလ ၁၁ ရက်နေ့မှ စတင်ကာ အဝင် အထွက်ကန့်သတ်ခဲ့ပြီးနောက် ဒေသန္တရလိုအပ်ချက်အရ ဧပြီ ၂၅ ရက်နေ့မှစကာ ဝင်ရောက်လာသည့် မည်သူ မဆို သတ်မှတ်ထားသည့်နေရာတွင် Q ဝင်ရန် ထပ်မံထုတ်ပြန်ခဲ့ကြခြင်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ပြောသည်။

“Q မလုပ်ဘူးဆိုရင် တံခါးမရှိ ဓါးမရှိဝင်ထွက်ခွင့်ပေးထားသလိုဖြစ်နေတဲ့ချိန်ကျတော့ ကျနော်တို့ တိုင်ပင်ပြီးတော့ ဘယ်ကဘဲ လာလာ ၂၁ ရက် Q ဝင်ရမယ်။ လက်ရှိအနေအထားတော့ လူစီးကားတွေဝင်တာ အင်မတန်နည်းသွားပါပြီ။ အဓိက ဝင်နေတာ က ကုန်စည်စီးဆင်းမူအရ ကုန်ကားတွေ၊ လောင်စာဆီသယ်တဲ့ကားတွေနောက်ပြီးတော့ တစ်သီးပုဂ္ဂလအနေနဲ့ ကုန်ကား သေးတွေဝင်တာလောက်ဘဲ ရှိ်ပါတော့တယ်။ သီးခြားဝင်တာဆိုရင် ဖားကန့်မှာအိုးနဲ့ အိမ်နဲ့အတည်တကျနေတဲ့သူတွေ ဝင်လာ တာရှိတယ်။ တစ်ကယ်လို့ ကိုယ့်စရိတ်နဲ့ကိုယ် Qဝင်နိုင်တယ်ဆိုရင်တော့ တက်လာပေါ့။ မဝင်နိုင်ဘူးဆိုရင်တော့ ရောက်တဲ့နေ ရာဘဲနေပြီး အခြေနေကောင်းမှဘဲပြန်တက်လာ ဒီလိုဘဲရှိတာပေါ့။” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ဆိုသည်။ ဖားကန့်မြို့တွင်းသို့ဝင်သည့် ဂိတ်ပေါင်း ၄ခု ရှိပြီး လက်ရှိအနေအထားအရ ကုန်ကား၊ လောင်စာဆီကားများသည် တစ်ရက် လျှင် အစီးရေ ၂၀ဝ ခန့် ပုံမှန်ဝင်ထွက်မှုရှိနေသည်ဟု သိရသည်။

“အားလုံးက ဒီ Covid-9 ရောဂါကာကွယ်ထိန်းချုပ်ဖို့တွက် သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေတာတွေ့ရ တယ်။ ဒါပေမယ့် တစ်ခုရှိတာက Q ဝင်တဲ့သူတွေကို ကိုယ့်စရိတ်နဲ့ကိုယ် ဝင်ရမယ်ဆိုတော့ အဆင်ပြေတဲ့သူရှိသလို အဆင် မပြေတဲ့သူလည်း အများကြီးရှိနိုင်တယ်။ အဲကြောင့်ဖြစ်နိုင်ရင် Q ဝင်တဲ့သူတွေကို Q ကာလအတွင်း တစ်ကယ်ခက်ခဲတဲ့သူ တွေကို ကူညီ်ပေးစေချင်တယ်။” ဟု Green Land အရပ်ဘက်အဖွဲ့စည်းမှ ဒေါ်ခင်စန်းတင့် ယခုလိုပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်တွင်း လက်ရှိ Q ဝင်သူစုစုပေါင်း ၃၀ဝ ကျော်ခန့်ရှိသည်။ အစိုးရမှ လူ ၅ ဦးထက် ပိုမစုရဟု အမိန့်ထုတ်ထားသော်လည်း ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေနေသူများမှာ ပုံမှန်ရှိနေဆဲ ဖြစ်သည်။ https://burmese.kachinnews.com/2020/04/27/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

**************

၂၃။      လွိုင်ကော်မြို့က ၅ ရက်တဈေး နောင်ယားဈေးကို ပုံစံပြောင်းရောင်းချခိုင်း

April 26, 2020

ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့ လွိုင်ကော်မြို့မှာ ၅ ရက်တဈေး ရောင်းချနေတဲ့ နောင်ယားဈေးကို ဧပြီ ၂၆ ရက် နေ့ကစပြီး ပုံစံပြောင်းရောင်းချစေပါတယ်။ လူစုလူဝေးနဲ့ ကြပ်သိပ်မှု မရှိစေဖို့ ဈေးရောင်းသူတွေအတွက် ၈ ပေပတ်လည် အကွက်ရို က်ထားပေးပြီး ရောင်းချခိုင်းထားတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။ “ကျနော်တို့က အကွက်သစ်ရိုက်ပေးလိုက်တာ အကွက်တွေကို၊ ကျနော် ၈ ပေ ပတ်လည် အကွက်လေးတွေ ပေးထားတာ။ ဒါပေမဲ့ တချို့ကျတော့လည်း နည်းနည်းလေးပဲ လာရောင်းသူတွေကျတော့ ၈ ပေအကွက်မှာ ၄ ပေ ခြား နှစ်ယောက် ယူတာပေါ့။ အဓိကကတော့ ကျနော်တို့က လူစုစုနဲ့ မဖြစ်စေချင်ဘူး။ လူတယောက်နဲ့တယောက် တိုးကြိတ်ပြီးမှ မဖြစ်အောင်လို့ ကျနော်တို့က ဒီလို ချဲပေး လိုက်တာပေါ့။ စနစ်တကျလည်း ဖြစ်သွားအောင်၊ ရောင်းဝယ်သူ တွေလည်း အဆင်ပြေအောင် လမ်းသွားလမ်းလာ တွေ အတွက်လည်း အဆင်ပြေအောင် အဲဒီရည်ရွယ်ချက်လေးနဲ့ လုပ်တာပါ။”စည်ပင်သာယာရေးကော်မီတီအနေနဲ့ ဈေးသည် တွေအတွက် ဈေးတွင်းဈေးပြင် အကွက် ၃၀ဝ ခန့် ရိုက်ထားပေမယ့် ဈေးသည်တွေက ဒီထက်မက ပိုများနေတဲ့အတွက် ရိုက်ထားတဲ့အကွက်နဲ့ မလုံလောက်ဖြစ်တဲ့အတွက် တချို့မှာတကွက် ၂ ယောက် ရောင်းချရတဲ့အနေအထားဖြစ်နေတလို့လည်း ပြောပါတယ်၊

ပုံစံပြောင်းရောင်းချတဲ့ ဈေးသည်တွေအတွက် ထီးကိုတော့ MyTel က ထီး ၁၂၀ လာလှူထားပေးကြောင်းလည်း ဆိုပါတယ်။ နောင်ယားဈေးဟာ ၅ ရက်တဈေး ရောင်းချတဲ့ဈေးဖြစ်ပြီး ကယားပြည်နယ်နေရာအနှံ့က ဒေသခံတွေ သူတို့ဒေသထွက် ပစ္စည်းတွေ လာရောက်ရောင်းချတဲ့ ဈေးတခု ဖြစ်ပါတယ်။ ဈေးရောင်းဈေးဝယ်တွေအနေနဲ့ မဖြစ်မနေ mask တပ်ဆင်ဖို့ စည်ပင်သာယာရေးအဖွဲ့က နှိုးဆော်ထားပြီး မတပ်ရင်တော့ ဒဏ်ငွေ ၃၀ဝဝ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ http://burm ese.dvb.no/archives/384611

**************

၂၄။      မူဆယ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုဘေးတွင် တရုတ်နိုင်ငံသားတစ်ဦး လဲကျသေဆုံး

April 27, 2020

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ ဟိုဆောင်ရပ်ကွက်နှင့် တော်ရွတ်ရပ်ကွက်ကြား မင်္ဂါလာအောက်လမ်းသွား ရွှေလီမြစ်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုလေးတွင် ဧပြီလ ၂၇ ရက် နံနက် ၆ နာရီ ဝန်းကျင်က တရုတ်နိုင်ငံသားတစ်ဦး လဲကျ သေဆုံးကြောင်း သိရသည်။“ကျွန်တော့်ကို မနက်က ဆယ်အိမ်မှူးနဲ့ မီးသတ်တွေက ဖုန်းဆက်လာတယ်၊ နှလုံးလှကူညီမှု အသင်းကား လာခေါ်တယ်။ သေဆုံးသူက တရုတ်နိုင်ငံဘက်ကလူ၊ ရေထဲက ကူးလာတာလား ဘယ်လိုသေလဲမသိဘူး၊ သူပုံစံ ကြည့်ရတာ ဘောင်းဘီနဲ့ဖိနပ်မှာ ရေတွေစိုနေတယ်၊ မိုးရွာလို့ဘဲ စိုတာလား မသိရပေမယ့် သဲတော့ နည်းနည်းပေနေတယ်၊ ဟိုဘက်ကမ်းကကူးလာတာလားတော့ သေသေချာချာတော့ မသိဘူး”ဟု တော်ရွက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မြင့် က ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ရွှေလီမြို့ နေထိုင်ပြီး မြန်မာနိုင်ငံအတွင်း ရွှေလီမြစ်ကိုဖြတ်သန်း၍ ဝင်ရောက်လာစဉ် လမ်းပေါ် ၌ လဲကျသေဆုံးခဲ့ခြင်းဖြစ်နိုင်ပြီး သေဆုံးသူ တရုတ်နိုင်ငံသားအား နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခဲ့ပြီး ရင်ခွဲစစ်ဆေး မှု ပြုလုပ်နိုင်ရန် မူဆယ်ပြည်သူ့ဆေးရုံသို့ နှလုံးလှ လူမှုကူညီရေး အသင်းကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သေမှုသေခင်း ဖွင့်ထားပါတယ်၊ သူကကျန်းအာရေး မကောင်းဘူး၊ နှလုံးရောဂါရှိတယ်လို့ ရွှေလီမြို့က သူ့ မိသားစုထံက စုံစမ်းသိရပါတယ်၊ နှလုံးရောဂါရှိလို့ ဒီဘက်ကမ်းကိုကူးရင်း နှလုံးဖေါက်ပြီး လဲကျသေဆုံးတယ်လို့ ယူဆပါတယ်၊ တရုတ်ရဲဘက်က ပြောတာတော့ သူတို့ဘက်မှာ ဆေးစစ်ထားတာတော့ COVID-19 ရောဂါ မရှိဘူးလို့ ပြောပါတယ်” ဟု မူဆယ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သန့်ဇော်ဦးက ပြောကြားသည်။ အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မူဆယ်ပြည်သူ့ ဆေးရုံက ရင်ခွဲစစ်ဆေးနေလျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။ https://news-eleven. com/article/170920

***************

၂၅။      ဘားအံမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တချို့ ခေါင်မိုးလန်ပျက်စီးပြီး ဓာတ်တိုင်များပြိုလဲကာ                                              လျှပ်စစ်မီး ပြတ်တောက်

April 25, 2020

ဘားအံမြို့ပေါ်တွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့ ခေါင်မိုးလန် ပျက်စီး မှုရှိခဲ့ပြီး ဓာတ်တိုင်များလဲပြိုကာ လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ “မိုးလေပြင်းထန်မှုက နာရီဝက် လောက်ပဲကြာပါတယ်။ အထကကျောင်းအရှေ့မှာ ဓာတ်တိုင်နှစ်တိုင်လဲပြိုပြီး လမ်းပိတ်ဆို့မှုဖြစ် ပေါ်ခဲ့လို့ မီးသတ်တပ်ဖွဲ့ဝင် တွေ ရှင် းလင်းမှု ပြုလုပ်နေပါတယ်။ လှာကမြင်ကွက်သစ်နဲ့ ဈေးမသွယ်ကွက်သစ်ဘက်မှာ လူနေအိမ် ငါးလုံးလောက်ခေါင်မိုး လန် ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မူတော့မရှိခဲ့ပါဘူး” ဟု ဘားအံမြို့ခံ တစ်ဦးက ပြောကြားသည်။

ဘားအံမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုမှာ နာရီဝက်ခန့်သာကြာမြင့်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့ တန်းမြင့် ကျောင်းလမ်း၊ အထကကျောင်းအရှေ့ရှိ ဓာတ်တိုင်နှစ်တိုင် လဲပြိုခဲ့ပြီး လမ်းပိတ်ဆို့ မှုဖြစ်ပေါ်ခဲ့ကာ 66 KV ဓာတ်အား လိုင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ https://news-eleven.com/article/170671

***************

၂၆။            တရုတ်နိုင်ငံဘက်မှ နယ်စပ် ပိတ်ထားမှုကြောင့် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့တွင် ပြောင်းဖူးတင်ထော်လာဂျီ အစီး ၄၀ဝ                         ခန့်ပိတ်မိနေ

April 27, 2020

တရုတ်နိုင်ငံက COVID- 19 ရောဂါ ကျန်းမာရေးအခြေအနေအရ နယ်စပ်တစ်လျှောက် ပိတ်ထားမှုကြောင့် မြန်မာ တရုတ် နယ် စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့အတွင်းရှိ နောင်ဖိုင်နှင့် ခါးလှိုင်ရွာအတွင်း ဧပြီ ၂၇ ရက် မှစတင်ကာ ပြောင်းဖူးတင် ထော်လာဂျီ အစီးလေးရာခန့် ပိတ်မိနေပြီး ဈေးနှိမ်ဝယ်ယူမှု့များရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းဖူးများမှာ မူဆယ်နမ့်ခမ်းဒေသထွက်ဖြစ်ပြီး လက်ရှိတွင် မြန်မာ တရုတ် နယ်စပ်ရှိ ရွာချင်းစပ်နေသည့် နေရာများ ကိုပါ တရုတ်နိုင်ငံဘက်မှ အဝင်အထွက်အား တင်းကြပ်လိုက်ခြင်းကြောင့် အရောင်းအဝယ်များ ပြုလုပ်ရန်ခက်ခဲမှုများ ဖြစ်ပေါ် နေခြင်း ဖြစ်သည်။“မနေ့ကနဲ့ ဒီနေ့အထိ အစီးပေါင်းလေးရာလောက်တော့ ပိတ်မိနေတယ်။ အခုထိ သွားလို့မရသေးဘူး ခင်ဗျား၊ တရုတ်ပြည်ရွှေလီ အာဏာပိုင်တွေက တရုတ်နယ်စပ်အကုန်လုံးကို ပိတ်လိုက်တဲ့အခါကျတော့ နယ်စပ်တလျှောက် မှာ နေတဲ့ တောင်သူလယ်သမားတွေအကုန်လုံး တရုတ်ပြည်ကိုဘဲ ရောင်းဖို့ဘဲ ရှိတယ်လေ၊ အဲ့လိုအခါမျိုးမှာကျတော့ အကုန်လုံး က ပိတ်မိနေပြီး ဝင်လို့မရဘူး ဖြစ်နေတယ်” ဟု ပြောင်းဖူးစိုက်တောင်သူ စိုင်းမောဝ်အွန်က ပြောကြားသည်။

တရုတ်နိုင်ငံက နယ်စပ်တလျှောက် တင်းကြပ်သော အစီအမံများ ချမှတ်ကာ ပိတ်ထားပြီး ကုန်သွယ်မှု မပျက်အောင် ကုန်စည် စီးဆင်းမှုကို ဖွင့်ပေးထားကာ ပြောင်းဖူးရောင်းဝယ်မှုကိုလည်း နားလည်မှုဖြင့် ခွင့်ပြုထားခြင်းဖြစ်သော်လည်း မူဆယ်မြို့အတွင်း COVID- 19 တွေ့ရှိပြီးနောက်ပိုင်း ပြောင်းဖူးရောင်းဝယ်မှုအပေါ် တရုတ်နိုင်ငံဘက်မှ ပိုမိုးတင်ကြပ်မှုများ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။ ယခုအခါ မန့်ဟီးရိုးမြို့အဝင်ရှိ နောင်ဟင်၊ နောင်မွန်၊ နောင်ခေါ်၊ ကောင်းကွက်၊ နောင်ဖိုင် စသည့် အဝင် ပေါက်များကို ဒေသန္တရအမိန့်ဖြင့် သွားလာမှု ကန့်သတ်ထားကာ စက်လှေဆိပ်များလည်း ပိတ်ထားကြောင်း မန့်ဟီးရိုးမြို့နယ် အုပ်အုပ်ရေးမှူးရုံးက သိရှိရသည်။ https://news-eleven.com/article/170957

**************

၂၇။      ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်း                     ရန် လိုအပ်

April 26, 2020

မေလ ၁ ရက်နေ့မှစ၍ ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးသို့ ကိုယ်ရေး အချက်အလက် များမပျက်မကွက် ဖြည့်သွင်း ရန် လိုအပ်မည်ဖြစ်ကြောင်း ယနေ့ (ဧပြီလ ၂၆ ရက် ) နေ့စွဲဖြင့် အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန် အသိပေးနှိုးဆော် လိုက်သည်။ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေရပ်ပြန်ရမည့် အလုပ်သမားများ၏ အင်အားစာရင်းကို သိရှိရန်အပြင် အခက်အခဲ မရှိစေဘဲ နေရပ်ပြန်နိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အစီအမံများ စီစဉ် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို နှိုးဆော်တိုက်တွန်းခြင်းဖြစ်ကြောင်း အလုပ်သမားသံ အ ရာရှိရုံးက ဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်း မြဝတီ-မဲဆောက် နယ်စပ်ဂိတ် စတင်ဖွင့်လှစ်ပါက မြန်မာရွှေ့ပြောင်း အလုပ် သမားများအနေ ဖြင့် အင်အားအလုံးအရင်းဖြင့် နေ့စဉ် ပြန်လည်ဝင်ရောက်ပါက နေရပ်ပြန် အင်အားနှင့် စိစစ် လက်ခံနိုင်သည့် အင်အား ကန့်သတ်မှုရှိနိုင်ခြင်း၊ ကျန်းမာရေး အခက်အခဲများဖြစ်ပေါ်လာနိုင်ခြင်း၊ ခရီးသွား လာစရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် အခြားမလိုလားအပ်သော အုပ်ချုပ်မှုကိစ္စများဖြစ်ပေါ်နိုင်ခြင်းကြောင့် သံအရာရှိရုံးမှ ယခုလိုအသိပေးခြင်းဖြစ်သည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဘန်ကောက်မှာရှိတဲ့ အလုပ်သမား သံ အရာရှိရုံးက ပေးလိုက်တဲ့ လူဦးရေစာရင်းဇယားအတိုင်းပဲ ကားတွေကို စီစဉ်ပေးမှာဖြစ်တယ်။ အဲ့ဒီ list ထဲမှာ မပါတဲ့သူတွေက တော့ ကားတွေအစစ်အဆေးခံရမှာပဲ။ အဲ့ဒီ list ထဲမှာပါတဲ့ အခါကျတော့ စနစ် ကျတယ်လေ။ လမ်းခရီးစဉ်တစ်လျှောက်မှာ

လည်း အရင်ကလို မလိုလားအပ်စွာသော အစစ်အဆေး မေးမြန်းမှုတွေ ဘာတွေ တခါတည်းမရှိတော့ဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။ အလားတူ စင်္ကာပူ၊ ထိုင်းနှင့် ဂျပန်နိုင်ငံသို့ရောက်ရှိပြီး ပြန်လာရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များကိုလည်း အကူအညီလေယာဉ်ဖြင့် ပြန်ခေါ်ရန်စီစဉ်နေကြောင်း အဆိုပါသံရုံးများက ထုတ်ပြန် ထားကြောင်းလည်း သိရ သည်။ http://kicnews.org/2020/04/%e1%80%91%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1

 

မှတ်ချက်။     သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***