• Today is: Friday, March 29, 2024

ေျခရႈပ္လာတဲ့ျမန္မာ့အေရးနဲ႔ တပ္ေပါင္းစု NUCC

ခြေရှုပ်လာတဲ့မြန်မာ့အရေးနဲ့ တပ်ပေါင်းစု NUCC

———————————————————————-

နိုဝင်ဘာ၁၃ရက်နေ့ကစပြီး မင်းအောင်လှိုင်တို့ ပြာယာခတ်ရတယ်။အာဏာသိမ်းကာလ ၉လ  ကျော်တဲ့ထိတိုင် အစိုးရတစ်ရပ်လို့သတ်မှတ်ပြီး တူတူတန်တန်လာဆက်ဆံတဲ့ နိုင်ငံတကာသံခင်းတမန် ခင်း တွေလည်းမရှိလေတော့ မင်းအောင်လှိုင်တို့ တစ်သိုက် အရူးဘုံမြောက်ဖြစ်ရတယ်။

နိုဝင်ဘာ၁၃ရက်နေ့က နိပွန်ဖောင်ဒေးရှင်းဥက္ကဌယိုဟီဆာဆာကာဝါ နဲ့ မင်းအောင်လှိုင်တွေ့ခဲ့ တယ်။ မစ္စတာ ဆာဆာကာဝါ ဟာဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ် စားလှယ်လိုလို ဘာလိုလိုနဲ့ကိန်းကြီးခန်းကြီးရောက်ရှိလာတာပါ။အကြမ်းဖက်စစ်အုပ်စုကလည်း ဂျပန်အစိုးရ ကပဲ အထူးသံတမန် စေလွှတ်လိုက်ဟန်နဲ့ပုံမှားရိုက်ချင်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိက မစ္စ တာဆာဆာကာဝါရဲ့  အခု မြန်မာခရီးစဉ်ဟာ ဂျပန်အစိုးရရဲ့ တရားဝင်အစီအစဉ် မဟုတ်ဘူးလို့ ပြော ကြောင်း ရိုက်တာ သတင်းကဖော်ပြတော့မှ နိပွန်ဖောင်ဒေးရှင်းဥက္ကဌကြီးရော အာဏာသိမ်းဥက္ကဌကြီးပါ ဂွင်းလုံး ကျွတ်ကျသွားပါတော့တယ်။

နိပွန်ဥက္ကဌက ဘာ့ကြောင့် ဒီလိုအချိန်ကျမှ ဗမာပြည်လာပြီး မင်းအောင်လှိုင်နဲ့ ဝမ်းမြောက်ဝမ်းသာ လာတွေ့ဆုံသလဲဆိုတာကို ပိုင်းပိုင်းပြတ်ပြတ်မပြောနိုင်ပေမဲ့ မြန်မာပြည်သူတွေအကျိုးစီးပွားအတွက်မဟုတ် ဘူးလို့ ပြည်သူတွေရှုမြင်ကြတယ်။

နိုဝင်ဘာ၁၄ရက်နေ့ကျတော့ ထိုင်းဒုဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း နေပြည်တော်ကို နေ့ချင်းပြန်လာ သွားပါတယ်။ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အမေရိကန်အစိုးရက ကိုဗစ်ကာကွယ်ဆေးလှူဒါန်း မယ်ဆိုတဲ့သတင်းကတက်လာ၊ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးဒဲရစ်ချိုးလက် ထိုင်း နိုင်ငံကို အောက် တိုဘာ၁၈ရက်နေ့ကရောက်ရှိခဲ့ပြီး ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံကာ ထိုင်းနယ်စပ်ကနေတစ်ဆင့် မြန်မာနိုင် ငံကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ ဆွေးနွေးခဲ့ဖူးတာလည်းရှိတော့ အဲဒီကိစ္စလာတာလို့ပဲခန့်မှန်းကြပါ တယ်။

နိုဝင်ဘာ၁၅ရက်မှာတော့ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန်ဆွန်းကော့ရှန်း နဲ့ မင်းအောင် လှိုင် တွေ့ခဲ့သလို ဘယ်အချိန်က တိတ်တိတ်ကလေးရောက်နေသလဲမသိတဲ့ အမေရိကန်သံအမတ်ဟောင်း ရစ်ချတ်ဆန် နဲ့လည်း တွေ့ပါတယ်။

တရုတ်အထူးသံတမန်ဟာ တရုတ်အစိုးရကတရားဝင်စေလွှတ်လိုက်တဲ့သံတမန်ဖြစ်ပါတယ်။ နိုဝင် ဘာလ ၁၆ရက်နေ့၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းရဲ့ မြန်မာ့အရေးပြောကြားချက်နဲ့ South China Morning Post သတင်းစာရဲ့ရေးသားချက်အရ တရုတ်အစိုးရရဲ့ မြန်မာ့အရေးသဘောထားဟာ မပြောင်းလဲဘဲ အာဆီယံ မူ၅ရပ်အပေါ် ဆက်လက်ရပ်တည်ကြောင်းသိရပါတယ်။ဒါပေမဲ့ အာဆီယံ-တရုတ်အစည်းအဝေးကို မင်းအောင် လှိုင်တက်ခွင့်ရရေးအတွက် တရုတ်အထူးသံက လုံ့လစိုက်ခဲ့ကြောင်း ကြားရပြန်တော့ တရုတ်တို့စတိုင်အတိုင်း ခြံစည်းရိုးပေါ်ခွထိုင်နေတာမျိုးထင်ရ၊ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးမှာ အာဆီယံမူ၅ချက်ကို တရုတ်ထောက်ခံ တယ်ဆိုရင်ပဲ နွေဦးတော်လှန်ရေးအတွက် အနှောက်အယှက်ကင်းရတယ်။ တရုတ်အထူးသံတမန်က နောက် တစ်ကြိမ်ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း၊မတောင်း မသိရပေမဲ့ တောင်းလည်း မင်းအောင်လှိုင်က တွေ့ခွင့်မပေးမှာ သံ သယရှိစရာမလိုပါဘူး။

ဘာလို့လဲဆိုတော့ နိုဝင်ဘာ၁၅ရက်နေ့မှာပဲ  ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နဲ့ ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  အပါအဝင် ၁၆ ဦးကို မင်းအောင် လှိုင်ခန့် ရွေးကောက်ပွဲကော်မရှင်က ရွေး ကောက်ပွဲ မသမာမှုနဲ့ တရားစွဲ ထား တယ်လို့ သတင်းထုတ်ပြန်လို့ပါပဲ။ဒါဟာ မင်းအောင်လှိုင်အ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘယ်လောက်ထိအောင် အမျက်ကြီးသလဲဆိုတာ တရုတ်အထူးသံတ မန်နဲ့တွေ့ဆုံတဲ့ရက်မှာ ဖော်ပြလိုက် တာပါ။ထပ်ချဲ့ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် လုံးဝ မပေးနိုင်ဘူးလို့ နိုင်ငံတကာကိုကြေညာ လိုက်ခြင်းလည်းဖြစ်သလို အာဆီယံမူ၅ချက်ကို စိတ်ကူးယဉ်မနေဖို့ လည်း သတိပေးလိုက်တာလို့ဆိုနိုင် ပါတယ်။

နိုဝင်ဘာ၁၅ရက်နေ့မှာပဲ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့လည်း တွေ့တယ်လို့သိရ ပါတယ်။ဘီလ်ရစ်ချတ်ဆန်ဟာ အမေရိကန်အစိုးရကိုယ်စားလှယ်မဟုတ်ပါဘူး။သူ့ရဲ့ပုဂ္ဂိုလ်ရေးခရီးစဉ်လို့ဆိုပါ တယ်။ဒါပေမဲ့၊ပထမအကြိမ် မင်းအောင်လှိုင်နဲ့တွေ့စဉ် နိုင်ငံတော်အဆင့် သံတမန်ခန်းမဆောင်မှာတခမ်းတ နားတွေ့ဆုံခဲ့ပါတယ်။

သတင်းအသွားအလာတွေအရ ဘီလ်ရစ်ချတ်ဆန်ဟာ ဝဏ္ဏမောင်လွင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိပြီး ဝဏ္ဏမောင်လွင်ရဲ့ဖိတ်ကြားမှုအရ ရောက်ရှိလာတာလို့သိရပါတယ်။ဝဏ္ဏမောင်လွင်ဖိတ်လို့ရောက်လာတဲ့ ရာထူးလက်ကိုင်မရှိတော့တဲ့ သံတမန်ဟောင်းတစ်ယောက်ကို မင်းအောင်လှိုင်က တခမ်းတနား တွေ့ဆုံ တာကိုကြည့်လိုက်ရင် ရစ်ချတ်ဆန်အပေါ် မင်းအောင်လှိုင်ဘယ်လောက်ထိလိုလားသလဲဆိုတာပေါ်လွင်နေ ပါတယ်။ပိုပြီးသိသာထင်ရှားတဲ့အချက်က တရုတ်အစိုးရကိုယ်စားပြုအထူးသံကိုကျတော့ တော်ရိလျော်ရိ အခန်းမှာသာတွေ့ခြင်းပါပဲ။

မင်းအောင်လှိုင်ကရှင်းပါတယ်။သူလက်မခံနိုင်တဲ့ အာဆီယံမူ၅ရပ်တွေ၊တွေ့ဆုံဆွေးနွေးအဖြေရှာရေး တွေ လာပြောနေလို့ကတော့ တရုတ်လည်းဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးပါ။ပြီးတော့ ဘီလ်ရစ်ချတ်ဆန်ကနေ တစ်ဆင့်အမေရိကန်ကို မျက်နှာလုပ်ချင်ပုံလည်းရသလို ရစ်ချတ်ဆန်နဲ့ လူသားချင်းစာနာမှုအကူအညီ ကို အသုံးချပြီး သူ့အသက်ဆက်ဖို့ ကြိုးစားလိုဟန်ရှိပါတယ်။အမေရိကန်ကလည်း ရစ်ချတ်ဆန်လမ်းကြောင်း ဖြစ် တဲ့လူသားချင်းစာနာမှုအကူအညီကနေတစ်ဆင့် မင်းအောင်လှိုင်တို့တစ်သိုက်  နိုင်ငံရေးစားပွဲဝိုင်းဆီ ရောက် နိုင်မလားဆိုပြီး စိတ်ကူးယဉ်ကြည့်တာလည်းဖြစ်နိုင်ပါတယ်။

ရစ်ချတ်ဆန်က ဘယ်လိုရည်ရွယ်ချက်တွေနဲ့ မြန်မာ့အရေးထဲခြေလာရှုပ်သလဲဆိုတာ မသဲကွဲသေးပါ ဘူး။ရစ်ချတ်ဆန်အနေနဲ့ နိုင်ငံရေးရည်ရွယ်ချက်မပါ၊မင်းအောင်လှိုင်လို အာဏာရှင်တစ်ကောင် အသက်ဆက် နိုင်ရေးအတွက်မဟုတ်ဘဲ တကယ့်စိတ်ရင်းအမှန်နဲ့ မြန်မာပြည်သူတွေအပေါ်ကူညီချင်တယ်ဆိုတောင် မြန်မာ ပြည်သူတွေလိုချင်နေတာ လူသားချင်းစာနာမှုအကူအညီမဟုတ်ဘဲ နွေဦးတော်လှန်ရေးအတွက် ထည့်ဝင်အား သာဖြစ်ကြောင်း ဘာလို့နားလည်နိုင်စွမ်းချို့တဲ့နေတာလဲလို့ မေးခွန်းထုတ်ရပါမယ်။

နောက်ထပ်မေးခွန်းထုတ်စရာက ဘီလ်ရစ်ချတ်ဆန်ရဲ့ လူသားချင်းစာနာမှုကို ဘာ့ကြောင့်အခုမှစ ကြားရသလဲဆိုတာပါပဲ။တိုင်းရင်းသားဒေသက မြန်မာပြည်သူတွေ အကူအညီလိုနေတာက အခုမှမဟုတ်ပါ ဘူး။NLDအစိုးရလက်ထက်တုန်းကလည်း စစ်မီးမွှေးနေတဲ့ အကြမ်းဖက်စစ်တပ်ကြောင့် ကချင်ပြည်နယ်မှာ လည်း စစ်ဘေးဒုက္ခသည်မနည်း၊ရှမ်းမှာဆိုလည်း မနည်း။ရခိုင်ပြည်နယ်နဲ့ ချင်းမှာလည်း စစ်ဘေးဒုက္ခသည် မနည်း။အဲဒီစစ်ဘေးဒုက္ခသည်အကုန်လုံးဟာ အိုးစွန့်အိမ်စွန့် ဇာတိရပ်ရွာစွန့်ပြီး စစ်ရှောင်စခန်းလို့ နာမည်လှ လှပေးထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အကူအညီလိုအပ်နေသူချည်းပါပဲ။

အဲဒီတုန်းကဘီလ်ရစ်ချတ်ဆန်ဆိုတာလည်း မကြားဖူး၊သူ့ဖောင်ဒေးရှင်းရှိတယ်ဆိုတာလည်း အခုမှ ကြားဖူး။NLDအစိုးရလက်ထက်စစ်ဘေးဒုက္ခသည်နဲ့ အခုစစ်ဘေးဒုက္ခသည်ကြား ငတ်တာပြတ်တာကြီးကြီး မားမားကွာဟချက်သိပ်မရှိပါဘူး။အဲဒီလိုဆိုတော့ ဘီလ်ရစ်ချတ်ဆန်အနေနဲ့ အခုကျမှ မြန်မာပြည်သူတွေ ဒုက္ခရောက်နေပါပြီဆိုပြီး ဘာ့ကြောင့်ဒီလောက်ချစ်ပြနေတာလဲလို့ မဖြစ်မနေမေးခွန်းထုတ်ရပါတော့မယ်။

အခုလို နိပွန်ဖောင်ဒေးရှင်းဥက္ကဌကလည်း လာလိုက်၊ဘီလ်ရစ်ချတ်ဆန်ကြီးကလည်း လာလိုက်ဆို တော့ ကျနော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှီးလက နိုင်ငံတကာကပုဂ္ဂိုလ်တချို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းဖြေရှင်းနည်းကို ကျင့်သုံးချင်ဆဲဖြစ်ကြောင်း

နိုဝင်ဘာ၁၆ရက်နေ့ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာအမှတ်ရမိပါတယ်။ကျနော်တို့ ယာယီသမ္မတကြီးက တကယ်တော့မြန်မာ့အရေးကို မြန်မာပြည်သူလူထုကသာ ဖြေရှင်းနိုင်တယ်ဆိုတာကို ဓမ္မဒိဌာန်ကျကျ ရှုမြင်တတ်ဖို့ လိုကြောင်း လည်းဆက်ပြောပါတယ်။

“ NUGအစိုးရရဲ့ လုပ်ဆောင်ချက်တွေအောင်မြင်လာလေ စစ်ကောင်စီက မျက်မုန်းကျိုးကာ အဖျက် အမှောင့် လုပ်ငန်းတွေပိုမို လုပ်ဆောင်လာလေဖြစ်နေပါတယ်၊ စစ်ကောင်စီက သူတို့ကို ထောက်ခံတဲ့ ပုဂ္ဂိုလ်၊ အ ဖွဲ့အစည်းတွေကို အသုံးပြုပြီး NUGအစိုးရကို အမည်ပျက်အောင် လုပ်ကြံဖန်တီးလာပြီး သူတို့နှင့်အဆင် ပြေတဲ့ နိုင်ငံတကာမှ ပုဂ္ဂိုလ်တချို့ကို ဖိတ်ကြားကာ ဆက်ဆံပြနေတာတွေ့မြင်ရတယ် ” လို့ လည်းယာယီ သမ္မတက ပြောပါ တယ်။

ယာယီသမ္မတဟာ လူပုဂ္ဂိုလ်ဘယ်သူ့ကိုမှ နာမည်မတပ်ပေမဲ့ ဘီလ်ရစ်ချတ်ဆန်တို့လို နိပွန် ဖောင် ဒေးရှင်းဥက္ကဌတို့လို မင်းအောင်လှိုင်အသက်ဆက်နိုင်ရေး(သို့မဟုတ်)မြန်မာ့နိုင်ငံရေးထဲကနေ ဒေါ် အောင် ဆန်း စုကြည်ကို ဖယ်ထုတ်နိုင်ရေးအတွက် လာရောက်စွက်ဖက်နေတယ်လို့ သံသယရှိဖွယ်ပုဂ္ဂိုလ်တို့ကို ရည် ညွှန်းလိုဟန်တူပါတယ်။

မြန်မာ့အရေးဟာ မြန်မာပြည်သူတွေနဲ့သာ အဓိကသက်ဆိုင်ပါတယ်။မြန်မာ့နိုင်ငံရေးမှာ ဘယ်သူ့ကို ဖယ်ထုတ်မလဲဆိုတာ မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ရပါမယ်။မြန်မာ့နိုင်ငံရေးကနေ မြန်မာပြည်သူတွေ အမြစ်လှန်ဖယ်ထုတ်လိုတာ နှစ်၅၀ကျော် မြန်မာပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ်ဆိုးဖြစ်ပါ တယ်။

ပြီးတော့ ယာယီသမ္မတပြောခဲ့သလိုပါပဲ။မြန်မာ့အရေးကိုမြန်မာပြည်သူတွေက ဖြေရှင်းနိုင်ရပါမယ်။ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံကူညီမှု မရှိမဖြစ်လိုအပ်တာမှန်ပေမဲ့ သူတို့ ထက်ပိုပဓာနကျပြီး သူတို့ထက်ပိုမရှိမဖြစ်လိုအပ်တာ မြန်မာပြည်သူတို့ပါပဲ။ကိုယ့်ခွန်အားစိုက်ထုတ်မှုမပါဘဲ ဘယ်သူ့ခွန်အားမှ ရောက်လာမှာမဟုတ်ပါဘူး။

အခုနွေဉီးတော်လှန်ရေးရဲ့ ကြီးကြီးမားမားအားသာချက်က တစ်နှစ်မပြည့်သေးတဲ့အချိန်မှာ  မြန်မာ တစ် နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားပြည် သူတွေကိုပါ ကိုယ်စားပြုထားတဲ့ တပ်ပေါင်းစုတစ်ရပ်အခိုင်အမာ ထွက်‌ ပေါ်လာခြင်းပါပဲ။

NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဖြစ်ပါတယ်။NUCCဟာ ၂၀၂၀ရွေး ကောက်ခံ၊နိုင်ငံရေးအဖွဲ့အစည်း၊အလွှာအသီးသီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်၈ဖွဲ့အထိ ပါဝင်တဲ့ တပ် ပေါင်းစု ဖြစ်ပါတယ်။ပြီးတော့ ကျနော်တို့သိထားတာနဲ့ပြောင်းပြန် NUCC ဖွဲ့စည်းပြီးမှ NUCC ကနေ CRPH နဲ့NUG တို့ကိုဖွဲ့စည်းပေးခဲ့တာပါ။

NUCCရဲ့ NUGအစိုးရဟာ အာဏာရှင်တွေမပြုတ်ကျမီ ကြားကာလ အစိုးရအဖြစ်တာဝန်ယူမှာဖြစ် သလို NUCC ရဲ့ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေက မင်းအောင်လှိုင်အကြမ်းဖက်တပ်တွေနဲ့ တိုက်ပွဲဝင်နေပြီဖြစ်သလို မကြာမီအချိန်အတွင်း စစ်ရေးအရှိန် ကို ထပ်မြှင့်တင်မယ်လို့ယူဆမိပါတယ်။

ဒါ့အပြင် အာဏာရှင်အလွန်ကာလကိုရည်မျှော်ကာ NUCC က ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးပြီဖြစ်လို့ နောက်ထပ်အသေးစိတ်ဖို့ရာသာကျန်ပါတော့တယ်။ပြောရရင် NUCCဟာ ကိုယ့်ခွန်ကိုယ်အားစိတ်ဓာတ်နဲ့ ကိုယ့်ဘာသာရုန်းရမယ်ဆိုတဲ့အသိကို ပေးရုံတင်မက လတ်တလောအုပ် ချုပ်ရေး၊လတ်တလောနိုင်ငံတကာဆက်ဆံရေး၊လတ်တလော အာဏာရှင်အမြစ်ပြတ်တိုက်ပွဲတင်မက အနာ ဂတ်ပြည်ထောင်စုအထိ ပုံကြမ်းလောင်းထားတဲ့ တစ်ခုတည်းသောတပ်ပေါင်းစုဖြစ်ပါတယ်။

ကျနော်တို့နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်ကိုချေမှုန်းရေး၊ဒီမိုကရေစီရရှိရေးတင်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးပါ တစ်ပြိုင်နက်တွဲပါလာတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။

NUCC က ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ဖိတ်ခေါ်နေပါတယ်။စစ်အာဏာ ရှင်စနစ်ကို ကျနော်တို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ဘုံရန်သူဖြစ်ကြောင်း အလေးအနက်ခံယူရုံတင်မက ကိုယ်စီကိုယ်ဌ ကိုယ်တိုင်တတ်စွမ်းသမျှ မခိုမကပ် ပါဝင်ကြဖို့ အရေးတကြီးလိုအပ်နေပါတယ်။

မင်းကိုမင်း

 

 

 

ေျခရႈပ္လာတဲ့ျမန္မာ့အေရးနဲ႔ တပ္ေပါင္းစု NUCC

———————————————————————-

ႏိုဝင္ဘာ၁၃ရက္ေန႔ကစၿပီး မင္းေအာင္လႈိင္တို႔ ျပာယာခတ္ရတယ္။အာဏာသိမ္းကာလ ၉လ  ေက်ာ္တဲ့ထိတိုင္ အစိုးရတစ္ရပ္လို႔သတ္မွတ္ၿပီး တူတူတန္တန္လာဆက္ဆံတဲ့ ႏိုင္ငံတကာသံခင္းတမန္ ခင္း ေတြလည္းမရွိေလေတာ့ မင္းေအာင္လႈိင္တို႔ တစ္သိုက္ အ႐ူးဘုံေျမာက္ျဖစ္ရတယ္။

ႏိုဝင္ဘာ၁၃ရက္ေန႔က နိပြန္ေဖာင္ေဒးရွင္းဥကၠဌယိုဟီဆာဆာကာဝါ နဲ႔ မင္းေအာင္လႈိင္ေတြ႕ခဲ့ တယ္။ မစၥတာ ဆာဆာကာဝါ ဟာဂ်ပန္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးဆိုင္ရာ အထူး ကိုယ္ စားလွယ္လိုလို ဘာလိုလိုနဲ႔ကိန္းႀကီးခန္းႀကီးေရာက္ရွိလာတာပါ။အၾကမ္းဖက္စစ္အုပ္စုကလည္း ဂ်ပန္အစိုးရ ကပဲ အထူးသံတမန္ ေစလႊတ္လိုက္ဟန္နဲ႔ပုံမွား႐ိုက္ခ်င္ပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ဟာယာရွိက မစၥ တာဆာဆာကာဝါရဲ႕  အခု ျမန္မာခရီးစဥ္ဟာ ဂ်ပန္အစိုးရရဲ႕ တရားဝင္အစီအစဥ္ မဟုတ္ဘူးလို႔ ေျပာ ေၾကာင္း ႐ိုက္တာ သတင္းကေဖာ္ျပေတာ့မွ နိပြန္ေဖာင္ေဒးရွင္းဥကၠဌႀကီးေရာ အာဏာသိမ္းဥကၠဌႀကီးပါ ဂြင္းလုံး ကြၽတ္က်သြားပါေတာ့တယ္။

နိပြန္ဥကၠဌက ဘာ့ေၾကာင့္ ဒီလိုအခ်ိန္က်မွ ဗမာျပည္လာၿပီး မင္းေအာင္လႈိင္နဲ႔ ဝမ္းေျမာက္ဝမ္းသာ လာေတြ႕ဆုံသလဲဆိုတာကို ပိုင္းပိုင္းျပတ္ျပတ္မေျပာႏိုင္ေပမဲ့ ျမန္မာျပည္သူေတြအက်ိဳးစီးပြားအတြက္မဟုတ္ ဘူးလို႔ ျပည္သူေတြရႈျမင္ၾကတယ္။

ႏိုဝင္ဘာ၁၄ရက္ေန႔က်ေတာ့ ထိုင္းဒုဝန္ႀကီးခ်ဳပ္ ဒြန္ပရာမူဝီႏိုင္း ေနျပည္ေတာ္ကို ေန႔ခ်င္းျပန္လာ သြားပါတယ္။ထိုင္း-ျမန္မာနယ္စပ္က ဒုကၡသည္ေတြကို အေမရိကန္အစိုးရက ကိုဗစ္ကာကြယ္ေဆးလႉဒါန္း မယ္ဆိုတဲ့သတင္းကတက္လာ၊ အေမရိကန္ႏိုင္ငံျခားေရးဌာန အႀကံေပးဒဲရစ္ခ်ိဳးလက္ ထိုင္း ႏိုင္ငံကို ေအာက္ တိုဘာ၁၈ရက္ေန႔ကေရာက္ရွိခဲ့ၿပီး ထိုင္းဒုဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံကာ ထိုင္းနယ္စပ္ကေနတစ္ဆင့္ ျမန္မာႏိုင္ ငံကိုလူသားခ်င္းစာနာမႈအကူအညီေပးဖို႔ ေဆြးေႏြးခဲ့ဖူးတာလည္းရွိေတာ့ အဲဒီကိစၥလာတာလို႔ပဲခန႔္မွန္းၾကပါ တယ္။

ႏိုဝင္ဘာ၁၅ရက္မွာေတာ့ တ႐ုတ္အစိုးရရဲ႕ အာရွေရးရာအထူးသံတမန္ဆြန္းေကာ့ရွန္း နဲ႔ မင္းေအာင္ လႈိင္ ေတြ႕ခဲ့သလို ဘယ္အခ်ိန္က တိတ္တိတ္ကေလးေရာက္ေနသလဲမသိတဲ့ အေမရိကန္သံအမတ္ေဟာင္း ရစ္ခ်တ္ဆန္ နဲ႔လည္း ေတြ႕ပါတယ္။

တ႐ုတ္အထူးသံတမန္ဟာ တ႐ုတ္အစိုးရကတရားဝင္ေစလႊတ္လိုက္တဲ့သံတမန္ျဖစ္ပါတယ္။ ႏိုဝင္ ဘာလ ၁၆ရက္ေန႔၊တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေက်ာက္လိက်န္းရဲ႕ ျမန္မာ့အေရးေျပာၾကားခ်က္နဲ႔ South China Morning Post သတင္းစာရဲ႕ေရးသားခ်က္အရ တ႐ုတ္အစိုးရရဲ႕ ျမန္မာ့အေရးသေဘာထားဟာ မေျပာင္းလဲဘဲ အာဆီယံ မူ၅ရပ္အေပၚ ဆက္လက္ရပ္တည္ေၾကာင္းသိရပါတယ္။ဒါေပမဲ့ အာဆီယံ-တ႐ုတ္အစည္းအေဝးကို မင္းေအာင္ လႈိင္တက္ခြင့္ရေရးအတြက္ တ႐ုတ္အထူးသံက လုံ႔လစိုက္ခဲ့ေၾကာင္း ၾကားရျပန္ေတာ့ တ႐ုတ္တို႔စတိုင္အတိုင္း ၿခံစည္း႐ိုးေပၚခြထိုင္ေနတာမ်ိဳးထင္ရ၊ဘာပဲျဖစ္ျဖစ္ ျမန္မာ့အေရးမွာ အာဆီယံမူ၅ခ်က္ကို တ႐ုတ္ေထာက္ခံ တယ္ဆိုရင္ပဲ ေႏြဦးေတာ္လွန္ေရးအတြက္ အေႏွာက္အယွက္ကင္းရတယ္။ တ႐ုတ္အထူးသံတမန္က ေနာက္ တစ္ႀကိမ္ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေတာင္း၊မေတာင္း မသိရေပမဲ့ ေတာင္းလည္း မင္းေအာင္လႈိင္က ေတြ႕ခြင့္မေပးမွာ သံ သယရွိစရာမလိုပါဘူး။

ဘာလို႔လဲဆိုေတာ့ ႏိုဝင္ဘာ၁၅ရက္ေန႔မွာပဲ  ေဒၚေအာင္ဆန္းစုၾကည္၊သမၼတ ဦးဝင္းျမင့္နဲ႔ ေ႐ြး ေကာက္ပြဲေကာ္မရွင္ ဥကၠ႒  အပါအဝင္ ၁၆ ဦးကို မင္းေအာင္ လႈိင္ခန္႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြး ေကာက္ပြဲ မသမာမႈနဲ႔ တရားစြဲ ထား တယ္လို႔ သတင္းထုတ္ျပန္လို႔ပါပဲ။ဒါဟာ မင္းေအာင္လႈိင္အ ေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ကို ဘယ္ေလာက္ထိေအာင္ အမ်က္ႀကီးသလဲဆိုတာ တ႐ုတ္အထူးသံတ မန္နဲ႔ေတြ႕ဆုံတဲ့ရက္မွာ ေဖာ္ျပလိုက္ တာပါ။ထပ္ခ်ဲ႕ေျပာရရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခြင့္ လုံးဝ မေပးႏိုင္ဘူးလို႔ ႏိုင္ငံတကာကိုေၾကညာ လိုက္ျခင္းလည္းျဖစ္သလို အာဆီယံမူ၅ခ်က္ကို စိတ္ကူးယဥ္မေနဖို႔ လည္း သတိေပးလိုက္တာလို႔ဆိုႏိုင္ ပါတယ္။

ႏိုဝင္ဘာ၁၅ရက္ေန႔မွာပဲ အေမရိကန္သံအမတ္ေဟာင္း ဘီလ္ရစ္ခ်တ္ဆန္နဲ႔လည္း ေတြ႕တယ္လို႔သိရ ပါတယ္။ဘီလ္ရစ္ခ်တ္ဆန္ဟာ အေမရိကန္အစိုးရကိုယ္စားလွယ္မဟုတ္ပါဘူး။သူ႔ရဲ႕ပုဂၢိဳလ္ေရးခရီးစဥ္လို႔ဆိုပါ တယ္။ဒါေပမဲ့၊ပထမအႀကိမ္ မင္းေအာင္လႈိင္နဲ႔ေတြ႕စဥ္ ႏိုင္ငံေတာ္အဆင့္ သံတမန္ခန္းမေဆာင္မွာတခမ္းတ နားေတြ႕ဆုံခဲ့ပါတယ္။

သတင္းအသြားအလာေတြအရ ဘီလ္ရစ္ခ်တ္ဆန္ဟာ ဝဏၰေမာင္လြင္နဲ႔ ပုဂၢိဳလ္ေရးရင္းႏွီးမႈရွိၿပီး ဝဏၰေမာင္လြင္ရဲ႕ဖိတ္ၾကားမႈအရ ေရာက္ရွိလာတာလို႔သိရပါတယ္။ဝဏၰေမာင္လြင္ဖိတ္လို႔ေရာက္လာတဲ့ ရာထူးလက္ကိုင္မရွိေတာ့တဲ့ သံတမန္ေဟာင္းတစ္ေယာက္ကို မင္းေအာင္လႈိင္က တခမ္းတနား ေတြ႕ဆုံ တာကိုၾကည့္လိုက္ရင္ ရစ္ခ်တ္ဆန္အေပၚ မင္းေအာင္လႈိင္ဘယ္ေလာက္ထိလိုလားသလဲဆိုတာေပၚလြင္ေန ပါတယ္။ပိုၿပီးသိသာထင္ရွားတဲ့အခ်က္က တ႐ုတ္အစိုးရကိုယ္စားျပဳအထူးသံကိုက်ေတာ့ ေတာ္ရိေလ်ာ္ရိ အခန္းမွာသာေတြ႕ျခင္းပါပဲ။

မင္းေအာင္လႈိင္ကရွင္းပါတယ္။သူလက္မခံႏိုင္တဲ့ အာဆီယံမူ၅ရပ္ေတြ၊ေတြ႕ဆုံေဆြးေႏြးအေျဖရွာေရး ေတြ လာေျပာေနလို႔ကေတာ့ တ႐ုတ္လည္းဂ႐ုမစိုက္ဘူးဆိုတဲ့ အခ်ိဳးမ်ိဳးပါ။ၿပီးေတာ့ ဘီလ္ရစ္ခ်တ္ဆန္ကေန တစ္ဆင့္အေမရိကန္ကို မ်က္ႏွာလုပ္ခ်င္ပုံလည္းရသလို ရစ္ခ်တ္ဆန္နဲ႔ လူသားခ်င္းစာနာမႈအကူအညီ ကို အသုံးခ်ၿပီး သူ႔အသက္ဆက္ဖို႔ ႀကိဳးစားလိုဟန္ရွိပါတယ္။အေမရိကန္ကလည္း ရစ္ခ်တ္ဆန္လမ္းေၾကာင္း ျဖစ္ တဲ့လူသားခ်င္းစာနာမႈအကူအညီကေနတစ္ဆင့္ မင္းေအာင္လႈိင္တို႔တစ္သိုက္  ႏိုင္ငံေရးစားပြဲဝိုင္းဆီ ေရာက္ ႏိုင္မလားဆိုၿပီး စိတ္ကူးယဥ္ၾကည့္တာလည္းျဖစ္ႏိုင္ပါတယ္။

ရစ္ခ်တ္ဆန္က ဘယ္လိုရည္႐ြယ္ခ်က္ေတြနဲ႔ ျမန္မာ့အေရးထဲေျခလာရႈပ္သလဲဆိုတာ မသဲကြဲေသးပါ ဘူး။ရစ္ခ်တ္ဆန္အေနနဲ႔ ႏိုင္ငံေရးရည္႐ြယ္ခ်က္မပါ၊မင္းေအာင္လႈိင္လို အာဏာရွင္တစ္ေကာင္ အသက္ဆက္ ႏိုင္ေရးအတြက္မဟုတ္ဘဲ တကယ့္စိတ္ရင္းအမွန္နဲ႔ ျမန္မာျပည္သူေတြအေပၚကူညီခ်င္တယ္ဆိုေတာင္ ျမန္မာ ျပည္သူေတြလိုခ်င္ေနတာ လူသားခ်င္းစာနာမႈအကူအညီမဟုတ္ဘဲ ေႏြဦးေတာ္လွန္ေရးအတြက္ ထည့္ဝင္အား သာျဖစ္ေၾကာင္း ဘာလို႔နားလည္ႏိုင္စြမ္းခ်ိဳ႕တဲ့ေနတာလဲလို႔ ေမးခြန္းထုတ္ရပါမယ္။

ေနာက္ထပ္ေမးခြန္းထုတ္စရာက ဘီလ္ရစ္ခ်တ္ဆန္ရဲ႕ လူသားခ်င္းစာနာမႈကို ဘာ့ေၾကာင့္အခုမွစ ၾကားရသလဲဆိုတာပါပဲ။တိုင္းရင္းသားေဒသက ျမန္မာျပည္သူေတြ အကူအညီလိုေနတာက အခုမွမဟုတ္ပါ ဘူး။NLDအစိုးရလက္ထက္တုန္းကလည္း စစ္မီးေမႊးေနတဲ့ အၾကမ္းဖက္စစ္တပ္ေၾကာင့္ ကခ်င္ျပည္နယ္မွာ လည္း စစ္ေဘးဒုကၡသည္မနည္း၊ရွမ္းမွာဆိုလည္း မနည္း။ရခိုင္ျပည္နယ္နဲ႔ ခ်င္းမွာလည္း စစ္ေဘးဒုကၡသည္ မနည္း။အဲဒီစစ္ေဘးဒုကၡသည္အကုန္လုံးဟာ အိုးစြန႔္အိမ္စြန႔္ ဇာတိရပ္႐ြာစြန႔္ၿပီး စစ္ေရွာင္စခန္းလို႔ နာမည္လွ လွေပးထားတဲ့ စစ္ေဘးဒုကၡသည္စခန္းမွာ အငတ္ငတ္အျပတ္ျပတ္နဲ႔ အကူအညီလိုအပ္ေနသူခ်ည္းပါပဲ။

အဲဒီတုန္းကဘီလ္ရစ္ခ်တ္ဆန္ဆိုတာလည္း မၾကားဖူး၊သူ႔ေဖာင္ေဒးရွင္းရွိတယ္ဆိုတာလည္း အခုမွ ၾကားဖူး။NLDအစိုးရလက္ထက္စစ္ေဘးဒုကၡသည္နဲ႔ အခုစစ္ေဘးဒုကၡသည္ၾကား ငတ္တာျပတ္တာႀကီးႀကီး မားမားကြာဟခ်က္သိပ္မရွိပါဘူး။အဲဒီလိုဆိုေတာ့ ဘီလ္ရစ္ခ်တ္ဆန္အေနနဲ႔ အခုက်မွ ျမန္မာျပည္သူေတြ ဒုကၡေရာက္ေနပါၿပီဆိုၿပီး ဘာ့ေၾကာင့္ဒီေလာက္ခ်စ္ျပေနတာလဲလို႔ မျဖစ္မေနေမးခြန္းထုတ္ရပါေတာ့မယ္။

အခုလို နိပြန္ေဖာင္ေဒးရွင္းဥကၠဌကလည္း လာလိုက္၊ဘီလ္ရစ္ခ်တ္ဆန္ႀကီးကလည္း လာလိုက္ဆို ေတာ့ က်ေနာ္တို႔ရဲ႕ အမ်ိဳးသားညီၫြတ္ေရးအစိုးရယာယီသမၼတဒူဝါလရွီးလက ႏိုင္ငံတကာကပုဂၢိဳလ္တခ်ိဳ႕ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အၾကမ္းဖက္စစ္အုပ္စုနဲ႔ပူးေပါင္းေျဖရွင္းနည္းကို က်င့္သုံးခ်င္ဆဲျဖစ္ေၾကာင္း

ႏိုဝင္ဘာ၁၆ရက္ေန႔ကက်င္းပတဲ့ အစိုးရအဖြဲ႕အစည္းအေဝးမွာ ေျပာၾကားခဲ့တာအမွတ္ရမိပါတယ္။က်ေနာ္တို႔ ယာယီသမၼတႀကီးက တကယ္ေတာ့ျမန္မာ့အေရးကို ျမန္မာျပည္သူလူထုကသာ ေျဖရွင္းႏိုင္တယ္ဆိုတာကို ဓမၼဒိဌာန္က်က် ရႈျမင္တတ္ဖို႔ လိုေၾကာင္း လည္းဆက္ေျပာပါတယ္။

“ NUGအစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြေအာင္ျမင္လာေလ စစ္ေကာင္စီက မ်က္မုန္းက်ိဳးကာ အဖ်က္ အေမွာင့္ လုပ္ငန္းေတြပိုမို လုပ္ေဆာင္လာေလျဖစ္ေနပါတယ္၊ စစ္ေကာင္စီက သူတို႔ကို ေထာက္ခံတဲ့ ပုဂၢိဳလ္၊ အ ဖြဲ႕အစည္းေတြကို အသုံးျပဳၿပီး NUGအစိုးရကို အမည္ပ်က္ေအာင္ လုပ္ႀကံဖန္တီးလာၿပီး သူတို႔ႏွင့္အဆင္ ေျပတဲ့ ႏိုင္ငံတကာမွ ပုဂၢိဳလ္တခ်ိဳ႕ကို ဖိတ္ၾကားကာ ဆက္ဆံျပေနတာေတြ႕ျမင္ရတယ္ ” လို႔ လည္းယာယီ သမၼတက ေျပာပါ တယ္။

ယာယီသမၼတဟာ လူပုဂၢိဳလ္ဘယ္သူ႔ကိုမွ နာမည္မတပ္ေပမဲ့ ဘီလ္ရစ္ခ်တ္ဆန္တို႔လို နိပြန္ ေဖာင္ ေဒးရွင္းဥကၠဌတို႔လို မင္းေအာင္လႈိင္အသက္ဆက္ႏိုင္ေရး(သို႔မဟုတ္)ျမန္မာ့ႏိုင္ငံေရးထဲကေန ေဒၚ ေအာင္ ဆန္း စုၾကည္ကို ဖယ္ထုတ္ႏိုင္ေရးအတြက္ လာေရာက္စြက္ဖက္ေနတယ္လို႔ သံသယရွိဖြယ္ပုဂၢိဳလ္တို႔ကို ရည္ ၫႊန္းလိုဟန္တူပါတယ္။

ျမန္မာ့အေရးဟာ ျမန္မာျပည္သူေတြနဲ႔သာ အဓိကသက္ဆိုင္ပါတယ္။ျမန္မာ့ႏိုင္ငံေရးမွာ ဘယ္သူ႔ကို ဖယ္ထုတ္မလဲဆိုတာ ျမန္မာျပည္သူေတြကသာ ဆုံးျဖတ္ရပါမယ္။ျမန္မာ့ႏိုင္ငံေရးကေန ျမန္မာျပည္သူေတြ အျမစ္လွန္ဖယ္ထုတ္လိုတာ ႏွစ္၅၀ေက်ာ္ ျမန္မာျပည္သူေတြကို ဒုကၡေပးေနတဲ့ စစ္အာဏာရွင္စနစ္ဆိုးျဖစ္ပါ တယ္။

ၿပီးေတာ့ ယာယီသမၼတေျပာခဲ့သလိုပါပဲ။ျမန္မာ့အေရးကိုျမန္မာျပည္သူေတြက ေျဖရွင္းႏိုင္ရပါမယ္။ ေႏြဦးေတာ္လွန္ေရးဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ေထာက္ခံကူညီမႈ မရွိမျဖစ္လိုအပ္တာမွန္ေပမဲ့ သူတို႔ ထက္ပိုပဓာနက်ၿပီး သူတို႔ထက္ပိုမရွိမျဖစ္လိုအပ္တာ ျမန္မာျပည္သူတို႔ပါပဲ။ကိုယ့္ခြန္အားစိုက္ထုတ္မႈမပါဘဲ ဘယ္သူ႔ခြန္အားမွ ေရာက္လာမွာမဟုတ္ပါဘူး။

အခုေႏြဉီးေတာ္လွန္ေရးရဲ႕ ႀကီးႀကီးမားမားအားသာခ်က္က တစ္ႏွစ္မျပည့္ေသးတဲ့အခ်ိန္မွာ  ျမန္မာ တစ္ ႏိုင္ငံလုံးဆိုင္ရာ တိုင္းရင္းသားျပည္ သူေတြကိုပါ ကိုယ္စားျပဳထားတဲ့ တပ္ေပါင္းစုတစ္ရပ္အခိုင္အမာ ထြက္‌ ေပၚလာျခင္းပါပဲ။

NUCC လို႔ေခၚတဲ့ အမ်ိဳးသားညီၫြတ္ေရးအတိုင္ပင္ခံေကာင္စီျဖစ္ပါတယ္။NUCCဟာ ၂၀၂၀ေ႐ြး ေကာက္ခံ၊ႏိုင္ငံေရးအဖြဲ႕အစည္း၊အလႊာအသီးသီးနဲ႔ တိုင္းရင္းသားလက္နက္ကိုင္၈ဖြဲ႕အထိ ပါဝင္တဲ့ တပ္ ေပါင္းစု ျဖစ္ပါတယ္။ၿပီးေတာ့ က်ေနာ္တို႔သိထားတာနဲ႔ေျပာင္းျပန္ NUCC ဖြဲ႕စည္းၿပီးမွ NUCC ကေန CRPH နဲ႔NUG တို႔ကိုဖြဲ႕စည္းေပးခဲ့တာပါ။

NUCCရဲ႕ NUGအစိုးရဟာ အာဏာရွင္ေတြမျပဳတ္က်မီ ၾကားကာလ အစိုးရအျဖစ္တာဝန္ယူမွာျဖစ္ သလို NUCC ရဲ႕ လက္နက္ကိုင္တပ္ေတြျဖစ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၈ဖြဲ႕နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ ေတြက မင္းေအာင္လႈိင္အၾကမ္းဖက္တပ္ေတြနဲ႔ တိုက္ပြဲဝင္ေနၿပီျဖစ္သလို မၾကာမီအခ်ိန္အတြင္း စစ္ေရးအရွိန္ ကို ထပ္ျမႇင့္တင္မယ္လို႔ယူဆမိပါတယ္။

ဒါ့အျပင္ အာဏာရွင္အလြန္ကာလကိုရည္ေမွ်ာ္ကာ NUCC က ဖက္ဒရယ္ဒီမိုကေရစီဖြဲ႕စည္းပုံအေျခခံ ဥပေဒမူၾကမ္းကို ေရးဆြဲၿပီးၿပီျဖစ္လို႔ ေနာက္ထပ္အေသးစိတ္ဖို႔ရာသာက်န္ပါေတာ့တယ္။ေျပာရရင္ NUCCဟာ ကိုယ့္ခြန္ကိုယ္အားစိတ္ဓာတ္နဲ႔ ကိုယ့္ဘာသာ႐ုန္းရမယ္ဆိုတဲ့အသိကို ေပး႐ုံတင္မက လတ္တေလာအုပ္ ခ်ဳပ္ေရး၊လတ္တေလာႏိုင္ငံတကာဆက္ဆံေရး၊လတ္တေလာ အာဏာရွင္အျမစ္ျပတ္တိုက္ပြဲတင္မက အနာ ဂတ္ျပည္ေထာင္စုအထိ ပုံၾကမ္းေလာင္းထားတဲ့ တစ္ခုတည္းေသာတပ္ေပါင္းစုျဖစ္ပါတယ္။

က်ေနာ္တို႔ေႏြဦးေတာ္လွန္ေရးဟာ အာဏာရွင္စနစ္ကိုေခ်မႈန္းေရး၊ဒီမိုကေရစီရရွိေရးတင္မဟုတ္ဘဲ ဖက္ဒရယ္ျပည္ေထာင္စုတည္ေထာင္ေရးပါ တစ္ၿပိဳင္နက္တြဲပါလာတဲ့ ေတာ္လွန္ေရးတစ္ရပ္ျဖစ္ပါတယ္။

NUCC က က်န္ရွိေနေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြကိုပါ ဖိတ္ေခၚေနပါတယ္။စစ္အာဏာ ရွင္စနစ္ကို က်ေနာ္တို႔တိုင္းရင္းသားျပည္သူတစ္ရပ္လုံးရဲ႕ဘုံရန္သူျဖစ္ေၾကာင္း အေလးအနက္ခံယူ႐ုံတင္မက ကိုယ္စီကိုယ္ဌ ကိုယ္တိုင္တတ္စြမ္းသမွ် မခိုမကပ္ ပါဝင္ၾကဖို႔ အေရးတႀကီးလိုအပ္ေနပါတယ္။

မင္းကိုမင္း