• Today is: Friday, April 19, 2024

ေျခဥျပင္ဆင္ေရး၊ တိုင္းရင္းသားအခြင့္အေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု

Zawgyi

အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ႏုိင္ႏွင့္ ေတြ႕ဆံုျခင္း

ေမး။ ။ ပထမဦးဆံုး ဆရာရဲ႕အမည္ရယ္၊ လက္ရွိရာထူးရယ္၊ တာဝန္ ထမ္းေဆာင္ေနတဲ့ အဖြဲ႕အစည္းရယ္ ေျပာျပ ေပးပါ။

ေျဖ။ ။ဦးျမင့္ႏိုင္ပါ။ ရခိုင္အမ်ဳိးသားပါတီရဲ႕ ဒုတိယ ဥကၠ႒(၂)ျဖစ္ၿပီး၊ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္(၅)၊ အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးလည္း ျဖစ္ပါတယ္။

ေမး။ ။ဟုတ္ကဲ့၊ ေက်းဇူးပါ။ ဒုတိယေမးခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ ဒီမိုကေရစီအစိုးရသက္တမ္း ႏွစ္ႏွစ္ ဆက္တိုက္မွာေပါ့ေနာ္၊ တိုင္းရင္းသားအခြင့္အေရးနဲ႔ ဖက္ဒရယ္ေဖာ္ေဆာင္မႈ အေျခအေနနဲ႔ ပတ္သက္ၿပီး ဘယ္လိုပံုစံေလးေတြ ရွိေနမလဲဆိုတာ ဆရာ အနည္း အက်ဥ္းသံုးသပ္ေပးၾကည့္ပါ။

ေျဖ။ ။ဒီမိုကေရစီအစိုးရ သက္တမ္း(၂)ခုျဖစ္တဲ့ ၂ဝ၁ဝ မွ ၂ဝ၁၅ သက္တမ္းႏွင့္ ၂ဝ၁၆ မွ အခုအခ်ိန္ထိ အစိုးရ သက္တမ္း (၂)ခုမွာေတာ့ ၂ဝ၁ဝ ဦးသိန္းစိန္အစိုးရစၿပီး တက္လာတဲ့အခ်ိန္မွာ တိုင္းရင္းသားအခြင့္အေရးႏွင့္ ပတ္သက္ၿပီး နည္းနည္းလည္း ဦးစားေပးသေယာင္ ရွိတယ္လို႔ ခံစားရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမိုကေရစီ အစိုးရ စတက္ခါစဆိုေတာ့ တိုင္းရင္းသား အေရး၊ တိုင္းရင္းသားျပႆနာေတြကို ေျဖရွင္းေပးမွ ရမယ္ဆိုတာကို ေရွ႕ေခတ္အဆက္ဆက္အစိုးရေတြရဲ႕ အမွားေတြကို သင္ခန္းစာရခဲ့သလား မေျပာတတ္ဘူး၊ တိုင္းရင္းသားေဒသေတြမွာ အမ်ဳိးသားညီလာခံေတြ၊ ေဆြးေႏြးပြဲေတြ က်င္းပခြင့္ရရွိခဲ့တယ္။ လႊတ္ေတာ္မွာ တိုင္းရင္းသားပါတီငယ္ေလးေတြနဲ႔ ညႇိႏိႈင္းၿပီး ပါဝင္ခြင့္ ရရွိခဲ့တာေတြ ရွိခဲ့ပါတယ္။ အစိုးရစတက္ခါစ ၂ဝ၁ဝ မွာေတာ့ ဖက္ဒရယ္စကားလံုးကိုေတာ့ သံုးစြဲခြင့္မရရွိ ခဲ့ေပမယ့္ ၂ဝ၁၃/၂ဝ၁၄ ေလာက္မွာေတာ့ ဖက္ဒရယ္ စကားလံုးကို စသံုးစြဲခြင့္ရရွိခဲ့ပါတယ္။ ၂ဝ၁၄ ေလာက္ မွာ လက္နက္ကိုင္တိုင္းရင္းသားေတြကို ဖိတ္ေခၚၿပီး ၿငိမ္းခ်မ္းေရးကိစၥတို႔ NCA စာခ်ဳပ္ကိစၥတို႔ လုပ္ေဆာင္ လာတာေတြ႕ရပါတယ္။ NCA စာခ်ဳပ္အရ ၿငိမ္းခ်မ္း ေရးညီလာခံကိုလည္း စတင္ႏိုင္ခဲ့တယ္။ ၂ဝ၁၆ မွာ ေတာ့ NLD အစိုးရ ေဒၚေအာင္ဆန္းစုၾကည္တက္လာ တဲ့အခါမွာေတာ့ အရင္ရရွိခဲ့တဲ့ တိုင္းရင္းသားအခြင့္ အေရးေတြေတာင္ ဆံုး႐ံႈးသြားရတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းရင္းသားပါတီငယ္ေလးေတြကို ဥေပကၡာျပဳျခင္းခံခဲ့ရၿပီး ညႇိႏိႈင္းမႈေတြလည္း မရွိခဲ့ဘူး။ လႊတ္ေတာ္မွာလည္း ကြၽန္ေတာ္တို႔ တင္တဲ့အဆိုေတြကို လည္း အသိအမွတ္ျပဳမႈမရွိခဲ့ဘူး။ NLD အစိုးရ အေနျဖင့္ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ မယ္လို႔ ေၾကြးေၾကာ္ခဲ့ေပမယ့္ ဘယ္လို ဖက္ဒရယ္ ျပည္ေထာင္စုဆိုတာကို အခုအထိ ျပည္သူကို မခ်ျပ ႏိုင္ေသး၊ ဖက္ရယ္ျပည္ေထာင္စု တည္ေဆာက္မယ္ ဆိုတာကိုလည္း ယံုရခက္ပံုစံျဖစ္ေနပါတယ္။ ကြၽန္ေတာ္ တို႔ တိုင္းရင္းသားျပည္နယ္မွာ အင္အားေကာင္းတဲ့ပါတီ ေတြကိုလည္း အသိအမွတ္မျပဳဘဲ NLD ထဲမွာ ေနာက္ မွီးတြဲပါဝင္ေနတဲ့ တိုင္းရင္းသားေတြကိုဘဲ တိုင္းရင္း သားအစစ္ဟု ထင္ေနသလားမေျပာတတ္ဘူး။ NLD ထဲမွာ ပါဝင္လာတဲ့ တိုင္းရင္းသားနဲ႔ဘဲ တည္ေဆာက္ မယ္ဆိုတဲ့ ပံုစံျဖစ္ေနတယ္။ မဆလ တစ္ပါတီပံုစံမ်ဳိးလို႔ ေတာင္ ထင္ေနရပါတယ္။

ေမး။ ။အခု ကြၽန္ေတာ္တို႔ ၂ဝဝ၈ ေျခ/ဥ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး NLD က တင္သြင္းတဲ့ဟာေတြကို လႊတ္ေတာ္မွာ မဲခြဲတာေတြ ကြၽန္ေတာ္တို႔လည္း ၾကည့္ ရတယ္။ တင္သြင္းတဲ့ပုဒ္မေတြ မဲခြဲတာေတြ ၾကည့္ရ တယ္။ အဲဒီမွာ ခုနက ဆရာေျပာသလိုပဲ တိုင္းရင္းသား အခြင့္အေရးနဲ႔ ပတ္သက္တာေတြက သိပ္မပါလာဘူး ေပါ့ေနာ္၊ ထင္သေလာက္ မပါလာတာေတြလည္း ေတြ႕ရတယ္။ အဲဒီအေပၚမွာ ေနာက္ဆက္တြဲ ဘယ္လို အက်ဳိးသက္ေရာက္မႈေတြ ျဖစ္လာႏိုင္မလဲဆိုတဲ့ အျမင္ ေလးကို ေျပာျပေပးပါ။
ေျဖ။ ။NLD ကိုယ္စားလွယ္ေတြတင္တဲ့ ၂ဝဝ၈ ေျခဥ ျပင္ဆင္ေရးမွာေတာ့ တိုင္းရင္းသားအခြင့္အေရးႏွင့္ ပတ္သက္ၿပီး ဘာမွ မပါဝင္ပါ။ ဟုတ္ပါတယ္။ NLD အေနနဲ႔ကေတာ့ တိုင္းရင္းသားအေရးကို အေရးမႀကီး လို႔ ဆံုးျဖတ္ထားပံုရ ပါတယ္။ သူတို႔တင္တဲ့အထဲမွာ ေတာ့ ပုဒ္မ-၄၃၆(က) (ခ)ႏွင့္ ပုဒ္မ-၅၉ (စ)၊ ေနာက္ၿပီး တပ္မေတာ္ကို ႏိုင္ငံေရး အဝန္းအဝိုင္းမွ ေလွ်ာ့ခ်ေရးႏွင့္ သက္ဆိုင္တဲ့ ပုဒ္မေတြကိုပဲ ဦးစား ေပးတယ္လို႔ ျမင္ပါတယ္။ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ပါတီေတြကိုေတာ့ ၂ဝဝ၈ ျပင္ဆင္ေရးအတြက္ အဆိုျပဳ ခြင့္ရရွိခဲ့ေပမဲ့ အသံုးခ်႐ံု၊ အျမင္ေကာင္း႐ံုသက္သက္ဘဲ ျဖစ္ပါတယ္။ တိုင္းရင္းသားေတြ တင္ျပခဲ့တဲ့ အရာေတြ ကို ျပည္ေထာင္စုလႊတ္ေတာ္ထဲ တင္ျပႏိုင္တဲ့အဆင့္ထိ ေရာက္ေအာင္ မလုပ္ေဆာင္ေပးႏိုင္ခဲ့ပါ။ ဒါေတြရဲ႕ အက်ဳိးသက္ေရာက္မႈက ႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့ တိုင္းရင္းသားျပႆနာေတြ၊ လက္နက္ကိုင္ပဋိပကၡ ေတြ၊ ၿငိမ္းခ်မ္းေရးကိစၥေတြမွာ ပိုမိုၿပီးတင္းမာတဲ့ အရာေတြကို ေျဖရွင္းရခက္ခဲလာႏိုင္ပါတယ္။ (၂၁) ရာစု ပင္လံုၿငိမ္းခ်မ္းေရးညီလာခံမွာလည္း အႏိုင္ရ ပါတီေတြထဲမွာ တိုင္းရင္းသားပါတီေတြအမ်ားစု ပါဝင္တယ္ဆိုတာကို သတိျပဳရပါလိမ့္မယ္။ ႏိုင္ငံေတာ္ ျပႆနာဟာ တပ္မေတာ္ႏွင့္ NLD ႏွစ္ခုတည္း ျပႆနာမဟုတ္ဘဲ တိုင္းရင္းသားအေရးလည္း ေျဖရွင္း ရဦးမယ္ဆိုတာကို သတိထား လုပ္ေဆာင္ၾကရန္ လိုအပ္မယ္ဆိုတာကိုေတာ့ အေလးထားေစခ်င္ပါ တယ္။

လက္ရွိ ၂ဝဝ၈ ျပင္ဆင္ေရးမွာ USDP ႏွင့္တပ္မေတာ္ ကတင္တဲ့ ျပင္ဆင္ခ်က္မွာပါဝင္တဲ့ တိုင္းရင္းသားေတြ လိုခ်င္ေနတဲ့ ပုဒ္မ(၂၆၁) (ခ)လိုမ်ဳိး ပုဒ္မ(၂၆၂)ပါ အခ်က္ ေတြကိုေတာင္ လိုက္ ေလ်ာမယ့္ပံုစံမေတြ႕ရပါ။ NLD က ကိုယ့္အက်ဳိးစီးပြား ကိုသာၾကည့္တဲ့သေဘာလို႔ ျမင္ရပါတယ္။ ျပည္ေထာင္စု မွ ျပည္နယ္မ်ားသို႔ အာဏာေလ်ာ့ခ်ရမယ္ဆိုတာကို သေဘာေပါက္ပံုမရပါ။ ကိုယ့္ျပည္မအက်ဳိး ကိုယ့္ပါတီ အက်ဳိးေတြကိုပဲ ၾကည့္ေနၾကသလို ခံစားရပါတယ္။

ေမး။ ။၂ဝဝ၈ ေျခ/ဥကို ျပင္ဆင္တဲ့အခါမွာ NLD ကေတာ့ တင္သြင္းလိုက္တာေတြေတြ႕ၿပီ၊ ျပင္ဆင္ဖို႔ေပါ့ေနာ္၊ ဆရာ့အေနနဲ႔ ဘယ္ပုဒ္မေတြ၊ ဘယ္အေၾကာင္းအရာ ေတြကိုသာ အဓိကထားျပင္ဆင္မယ္ဆိုရင္ တိုင္းရင္း သားအခြင့္အေရးရဖို႔နဲ႔ ဖက္ဒရယ္ေဖာ္ေဆာင္ရာမွာ ပိုၿပီး အေထာက္အကူျပဳႏိုင္မလဲ၊ ဘာေၾကာင့္လဲေပါ့။

ေျဖ။ ။၂ဝဝ၈ ေျခဥကို ျပင္ဆင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ တိုင္းရင္းသားျပည္သူေတြလိုခ်င္တဲ့ အခြင့္အေရးရရွိေအာင္ဆိုရင္ေတာ့ အသစ္ေရးဆြဲႏိုင္ရင္ ေတာ့ အေကာင္းဆံုးပါ။ ျပင္ဆင္ရမယ့္အဆင့္ ဆိုရင္ေတာ့ အခန္း(၁)၊ ႏိုင္ငံေတာ္ အေျခခံမူမ်ားထဲမွ ပုဒ္မ-၆၊ ပုဒ္မ-၈ ၊ ပုဒ္မ-၉ တို႕ကို အဓိက ျပင္ဆင္ရန္ လိုအပ္ၿပီး ျပည္နယ္ဖြဲ႕စည္းပံု ေရးဆြဲခြင့္ရရွိေရးအတြက္ လည္း ထည့္သြင္းေရးဆြဲရမယ္လို႔ ျမင္ပါတယ္။ အခု လက္ရွိအေျခအေနအရေတာ့ ပုဒ္-၂၆၂(ခ) ႏွင့္ ဆက္စပ္ပုဒ္မမ်ားႏွင့္ ပုဒ္မ(၂၆၂)ႏွင့္ ဆက္စပ္ပုဒ္မ ေတြကို ျပင္လိုက္ႏိုင္ရင္ဘဲ ကိုယ့္ျပည္နယ္ေတြမွာ အႏိုင္ရတဲ့ ပါတီက အစိုးရဖြဲ႕ခြင့္ ဝန္ႀကီးခ်ဳပ္ေတြ၊ ဝန္ႀကီးေတြကို ျပည္နယ္လႊတ္ေတာ္ေတြမွ ေရြးခ်ယ္ခြင့္ ရႏိုင္ပါတယ္။ ၂ဝဝ၈ ေျခ/ဥ မွာေတာ့ ပုဒ္မ(၈) ႏိုင္ငံ ေတာ္ကို ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္ျဖင့္ ဖြဲ႕စည္းတည္ေဆာက္သည္ဟု ျပင္ဆင္ၿပီးရင္ေတာ့ က်န္ပုဒ္မေတြကိုလည္း ပုဒ္မ(၈)ႏွင့္ အညီ ျပင္ဆင္ေပး ရန္လိုအပ္ပါတယ္။ အဓိက ျပည္ေထာင္စု အာဏာေတြ ကို ေလွ်ာ့ခ်ၿပီး ျပည္နယ္ေတြမွာ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ ရတဲ့အထိ ျပင္ဆင္ေပးႏိုင္ရန္ အထူးလိုအပ္ပါ တယ္။ အဲဒါမွ တိုင္းရင္းသားအခြင့္အေရးေတြကို အျပည့္အဝ ေဖာ္ေဆာင္ေပးရာေရာက္ပါလိမ့္မယ္။

ေမး။ ။အခုလက္ရွိ က်န္ရွိေနတဲ့ အစိုးရသက္တမ္းမွာ လႊတ္ ေတာ္ထဲမွာရွိတဲ့ တိုင္းရင္းသားပါတီေတြ၊ ဒီတိုင္းရင္း သားပါတီေတြ ကိုယ္စားျပဳထားတဲ့ ကိုယ္စားလွယ္ ေတြ၊ အမတ္ေတြက ၂ဝဝ၈ ေျခ/ဥျပင္ဆင္ေရးအတြက္ တိုင္းရင္းသားအခြင့္အေရးေတြ ထပ္ရလာႏိုင္ဖို႔ က်န္တဲ့ သက္တမ္းမွာ ႀကိဳးပမ္းႏိုင္ၾကဦးမလား၊ အခြင့္အေရး ေရာ ရႏိုင္ဦးမလား ဒါမွမဟုတ္ရင္လည္း တိုင္းရင္းသား ပါတီကိုယ္စားလွယ္ေတြအတြက္ ဥပေဒပိုင္းဆိုင္ရာ အကူအညီေတြေရာ လိုအပ္မႈရွိေနလား ဆိုတာေလး ေတြ ေျပာျပေပးပါ။

ေျဖ။ ။လက္ရွိ လႊတ္ေတာ္သက္တမ္းမွာေတာ့ တိုင္း ရင္းသား ပါတီေတြအေနနဲ႔ ၂ဝဝ၈ ျပင္ဆင္ႏိုင္ေရး အတြက္နဲ႔ တိုင္းရင္းသားအခြင့္အေရးရရွိေရးတို႔အတြက္ ေတာ့ ႀကိဳးပမ္းရန္လည္းရရွိရန္ သိပ္မလြယ္ကူႏိုင္ေတာ့ ဘူးလို႔ ျမင္ပါတယ္။ ဘာျဖစ္လို႔ဆိုေတာ့ လႊတ္ေတာ္ တက္ရမယ့္ အႀကိမ္လည္း နည္းသြားပါၿပီ။ (၂)ႀကိမ္ပဲ က်န္ေတာ့တယ္ ေနာက္ၿပီး ဒီႏွစ္ထဲမွာလည္း ေရြး ေကာက္ပြဲကာလကလည္းရွိေနေတာ့ လႊတ္ေတာ္ကို စိတ္ဝင္စားမႈမရွိႏိုင္ေတာ့ဘူး။ တိုင္းရင္းသား ပါတီေတြ စုေပါင္းၿပီး လုပ္ေဆာင္ႏုိင္ရင္ေတာ့ ေကာင္းပါ တယ္။ တိုင္းရင္းသားပါတီေတြစုစည္းမယ့္အခ်ိန္ အရမ္းနည္း ေနတာကိုေတာ့ စိုးရိမ္ရပါတယ္။ ဥပေဒပိုင္းဆိုင္ရာ ေတြ အေထာက္အကူရႏိုင္မယ္ဆိုရင္ေတာ့ ေကာင္း ပါတယ္။ လႈပ္ရွားမႈတစ္ခုအေနနဲ႔လည္း လုပ္ေဆာင္ သင့္ပါတယ္။ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ တိုင္းရင္း သားပါတီေတြအေနနဲ႔ NLD ႏွင့္ စစ္တပ္ တစ္ဖြဲ႕ဖြဲ႕ကို အပူကပ္ၿပီးေဆာင္ရြက္မွသာ လိုအပ္တဲ့ ၂ဝ% လက္ မွတ္ရႏိုင္ပါလိမ့္မယ္။

ေမး။ ။ေနာင္လာမယ့္ ဒီမိုကေရစီအစိုးရသက္တမ္းမွာ တိုင္း ရင္းသားအခြင့္အေရးေတြ အျပည့္အဝရလာႏိုင္ဖို႔ဆိုရင္ တပ္မေတာ္ရွိမယ္ေပါ့ေနာ္၊ ၿပီးရင္ အာဏာရပါတီရွိလာ မယ္ေပါ့ေနာ္၊ ၿပီးရင္ တိုင္းရင္းသား ပါတီေတြလည္း ရွိလာဦးမယ္။ အဲဒီေတာ့ သူတို႔သံုးပြင့္ဆိုင္က ဘာေတြ ႀကိဳတင္ျပင္ဆင္ၿပီး ဘယ္လိုအရာေတြကို အဓိကေဆြး ေႏြးသြားမွပဲ ေနာင္လာမယ့္ အစိုးရသက္တမ္းအတြက္ တိုင္းရင္းသားအခြင့္အေရးေတြ ရလာႏိုင္မလဲဆရာ။

ေျဖ။ ။ ေနာက္လာမယ့္ ဒီမိုကေရစီအစိုးရ သက္တမ္း မွာေတာ့ ကြၽန္ေတာ္တို႔တိုင္းရင္းသားပါတီေတြအေနနဲ႔ ပထမဆံုးကေတာ့ ကိုယ့္ျပည္နယ္ေတြမွာ ကိုယ့္တိုင္း ရင္းသားပါတီေတြ မဲအႏိုင္ရရွိေအာင္ ေဆာင္ရြက္ရမွာ က အဓိကပါ။ ျပည္နယ္ေတြမွာသာ တိုင္းရင္းသားပါတီ ေတြ အမ်ားစုအႏိုင္ရရွိထားမယ္ဆိုရင္ ျပည္ေထာင္စုမွာ ေရာ၊ ျပည္နယ္မွာေရာ ပါတီႀကီးေတြက အစိုးရဖြဲ႕ ခြင့္မရရွိႏိုင္ေတာ့ဘူး။ ဘာျဖစ္လို႔ဆိုေတာ့ ျပည္နယ္(၇)ျပည္နယ္မွာ ျပည္ေထာင္စုကိုယ္စား လွယ္ အမ်ဳိးသား လႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ေပါင္း (၂ဝ၇)ဦး ရွိေနပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ (၆၆၄)ဦးမွာ တပ္မေတာ္ (၁၆၆) ႏႈတ္လိုက္ရင္ (၄၉၈) ဦး၊ ျပည္နယ္ (၂၉၇)ႏႈတ္လိုက္ရင္ (၂၉၁)ဦးပဲ က်န္ပါ တယ္။ အစိုးရဖြဲ႔ႏိုင္ရန္အတြက္ ျပည္ေထာင္စုလႊတ္ ေတာ္ ကိုယ္စားလွယ္ (၃၃၃)ဦး လိုအပ္ပါတယ္။ အဲဒါဆိုရင္ ျပည္မပါတီေတြက အစိုးရဖြဲ႔ခြင့္မရႏိုင္ေတာ့ ပါ။ အဲဒီလိုျဖစ္လာရင္ ျပည္နယ္ေတြမွ တိုင္းရင္းသား ပါတီေတြကို အစိုးရဖြဲ႕ခြင့္ရရွိေရး ညႇိႏိႈင္းလာရမယ္ ဆုိတာကို ျမင္မိပါတယ္။ အဲဒီအခ်ိန္က်မွ တိုင္းရင္း သားပါတီမ်ားကိုယ္လိုခ်င္တဲ့ အရာေတြကို ေတာင္းဆို ခြင့္ရရွိလာမလားျမင္မိပါတယ္။ အဲဒါေၾကာင့္ တိုင္းရင္း သားပါတီမ်ား ကိုယ့္ျပည္နယ္ေတြမွာ အသီးသီးအႏိုင္ ရရွိေရးသာ ေဆာင္ရြက္ထားၾကပါလို႔ ေျပာခ်င္ပါတယ္။

ေမး။ ။ ေနာက္ဆံုးအေနနဲ႔ ေျခ/ဥျပင္ဆင္ေရးနဲ႔ တိုင္းရင္း သားအခြင့္အေရးရရွိႏိုင္မႈအေပၚမွာ ဆရာ့ရဲ႕အျမင္ေလး သံုးသပ္ေပးပါဦး။

ေျဖ။ ။ ေနာက္ဆံုးအေနနဲ႔ ေျခဥျပင္ဆင္ေရးအတြက္ ဆိုရင္ ကြၽန္ေတာ္အထက္မွာေျပာဆိုခဲ့သလို တိုင္းရင္း သားပါတီမ်ား ကိုယ့္ျပည္နယ္ေတြမွာ ကိုယ္စီသာ အႏိုင္ရရွိထားၾကမယ္ဆိုရင္ တိုင္းရင္းသားပါတီအစု အဖြဲ႕ရယ္၊ ျပည္မအႏိုင္ရပါတီရယ္၊ တပ္မေတာ္တို႔ စုေပါင္းၿပီး ဝိုင္းဝန္းညႇိႏိႈင္းၿပီး အေျဖရွာမွသာ ရရွိႏိုင္ မလားလို႔ျမင္ပါတယ္။ အဲဒါမွသာ ကြၽန္ေတာ္တို႔ တိုင္း ရင္းသားအခြင့္အေရးမ်ား အျပည့္အဝ ေဆြးေႏြးခြင့္ရရွိ ၾကၿပီး အစိုးရလည္း ညႊန္႔ေပါင္းအစိုးရ တစ္ရပ္ျဖစ္လာမွ သာ ျပည္ေထာင္စုအေရး၊ တိုင္းရင္းသားအေရး၊ ျပည္သူတို႔ရဲ႕ အေရးေတြကို စုေပါင္းအေျဖရွာခြင့္ရလာ မလားဆိုတာကို သံုးသပ္မိပါတယ္။

အယ္ဒီတာအဖြဲ႕

 

Unicode

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် တွေ့ဆုံခြင်း

မေး။ ။ ပထမဦးဆုံး ဆရာရဲ့အမည်ရယ်၊ လက်ရှိရာထူးရယ်၊ တာဝန် ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းရယ် ပြောပြ ပေးပါ။
ဖြေ။ ။ဦးမြင့်နိုင်ပါ။ ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ(၂)ဖြစ်ပြီး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့၊ ကျေးဇူးပါ။ ဒုတိယမေးချင်တာကတော့ ကျွန်တော်တို့ ဒီမိုကရေစီအစိုးရသက်တမ်း နှစ်နှစ် ဆက်တိုက်မှာပေါ့နော်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ဖက်ဒရယ်ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံလေးတွေ ရှိနေမလဲဆိုတာ ဆရာ အနည်း အကျဉ်းသုံးသပ်ပေးကြည့်ပါ။
ဖြေ။ ။ဒီမိုကရေစီအစိုးရ သက်တမ်း(၂)ခုဖြစ်တဲ့ ၂ဝ၁ဝ မှ ၂ဝ၁၅ သက်တမ်းနှင့် ၂ဝ၁၆ မှ အခုအချိန်ထိ အစိုးရ သက်တမ်း (၂)ခုမှာတော့ ၂ဝ၁ဝ ဦးသိန်းစိန်အစိုးရစပြီး တက်လာတဲ့အချိန်မှာ တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်ပြီး နည်းနည်းလည်း ဦးစားပေးသယောင် ရှိတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ အစိုးရ စတက်ခါစဆိုတော့ တိုင်းရင်းသား အရေး၊ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းပေးမှ ရမယ်ဆိုတာကို ရှေ့ခေတ်အဆက်ဆက်အစိုးရတွေရဲ့ အမှားတွေကို သင်ခန်းစာရခဲ့သလား မပြောတတ်ဘူး၊ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားညီလာခံတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်ရရှိခဲ့တယ်။ လွှတ်တော်မှာ တိုင်းရင်းသားပါတီငယ်လေးတွေနဲ့ ညှိနှိုင်းပြီး ပါဝင်ခွင့် ရရှိခဲ့တာတွေ ရှိခဲ့ပါတယ်။ အစိုးရစတက်ခါစ ၂ဝ၁ဝ မှာတော့ ဖက်ဒရယ်စကားလုံးကိုတော့ သုံးစွဲခွင့်မရရှိ ခဲ့ပေမယ့် ၂ဝ၁၃/၂ဝ၁၄ လောက်မှာတော့ ဖက်ဒရယ် စကားလုံးကို စသုံးစွဲခွင့်ရရှိခဲ့ပါတယ်။ ၂ဝ၁၄ လောက် မှာ လက်နက်ကိုင်တိုင်းရင်းသားတွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးကိစ္စတို့ NCA စာချုပ်ကိစ္စတို့ လုပ်ဆောင် လာတာတွေ့ရပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်း ရေးညီလာခံကိုလည်း စတင်နိုင်ခဲ့တယ်။ ၂ဝ၁၆ မှာ တော့ NLD အစိုးရ ဒေါ်အောင်ဆန်းစုကြည်တက်လာ တဲ့အခါမှာတော့ အရင်ရရှိခဲ့တဲ့ တိုင်းရင်းသားအခွင့် အရေးတွေတောင် ဆုံးရှုံးသွားရတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပါတီငယ်လေးတွေကို ဥပေက္ခာပြုခြင်းခံခဲ့ရပြီး ညှိနှိုင်းမှုတွေလည်း မရှိခဲ့ဘူး။ လွှတ်တော်မှာလည်း ကျွန်တော်တို့ တင်တဲ့အဆိုတွေကို လည်း အသိအမှတ်ပြုမှုမရှိခဲ့ဘူး။ NLD အစိုးရ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ဘယ်လို ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို အခုအထိ ပြည်သူကို မချပြ နိုင်သေး၊ ဖက်ရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတာကိုလည်း ယုံရခက်ပုံစံဖြစ်နေပါတယ်။ ကျွန်တော် တို့ တိုင်းရင်းသားပြည်နယ်မှာ အင်အားကောင်းတဲ့ပါတီ တွေကိုလည်း အသိအမှတ်မပြုဘဲ NLD ထဲမှာ နောက် မှီးတွဲပါဝင်နေတဲ့ တိုင်းရင်းသားတွေကိုဘဲ တိုင်းရင်း သားအစစ်ဟု ထင်နေသလားမပြောတတ်ဘူး။ NLD ထဲမှာ ပါဝင်လာတဲ့ တိုင်းရင်းသားနဲ့ဘဲ တည်ဆောက် မယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ မဆလ တစ်ပါတီပုံစံမျိုးလို့ တောင် ထင်နေရပါတယ်။

မေး။ ။အခု ကျွန်တော်တို့ ၂ဝဝ၈ ခြေ/ဥ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD က တင်သွင်းတဲ့ဟာတွေကို လွှတ်တော်မှာ မဲခွဲတာတွေ ကျွန်တော်တို့လည်း ကြည့် ရတယ်။ တင်သွင်းတဲ့ပုဒ်မတွေ မဲခွဲတာတွေ ကြည့်ရ တယ်။ အဲဒီမှာ ခုနက ဆရာပြောသလိုပဲ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တာတွေက သိပ်မပါလာဘူး ပေါ့နော်၊ ထင်သလောက် မပါလာတာတွေလည်း တွေ့ရတယ်။ အဲဒီအပေါ်မှာ နောက်ဆက်တွဲ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတဲ့ အမြင် လေးကို ပြောပြပေးပါ။
ဖြေ။ ။NLD ကိုယ်စားလှယ်တွေတင်တဲ့ ၂ဝဝ၈ ခြေဥ ပြင်ဆင်ရေးမှာတော့ တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်ပြီး ဘာမှ မပါဝင်ပါ။ ဟုတ်ပါတယ်။ NLD အနေနဲ့ကတော့ တိုင်းရင်းသားအရေးကို အရေးမကြီး လို့ ဆုံးဖြတ်ထားပုံရ ပါတယ်။ သူတို့တင်တဲ့အထဲမှာ တော့ ပုဒ်မ-၄၃၆(က) (ခ)နှင့် ပုဒ်မ-၅၉ (စ)၊ နောက်ပြီး တပ်မတော်ကို နိုင်ငံရေး အဝန်းအဝိုင်းမှ လျှော့ချရေးနှင့် သက်ဆိုင်တဲ့ ပုဒ်မတွေကိုပဲ ဦးစား ပေးတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေကိုတော့ ၂ဝဝ၈ ပြင်ဆင်ရေးအတွက် အဆိုပြု ခွင့်ရရှိခဲ့ပေမဲ့ အသုံးချရုံ၊ အမြင်ကောင်းရုံသက်သက်ဘဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တင်ပြခဲ့တဲ့ အရာတွေ ကို ပြည်ထောင်စုလွှတ်တော်ထဲ တင်ပြနိုင်တဲ့အဆင့်ထိ ရောက်အောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါ။ ဒါတွေရဲ့ အကျိုးသက်ရောက်မှုက နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုင်းရင်းသားပြဿနာတွေ၊ လက်နက်ကိုင်ပဋိပက္ခ တွေ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပိုမိုပြီးတင်းမာတဲ့ အရာတွေကို ဖြေရှင်းရခက်ခဲလာနိုင်ပါတယ်။ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာလည်း အနိုင်ရ ပါတီတွေထဲမှာ တိုင်းရင်းသားပါတီတွေအများစု ပါဝင်တယ်ဆိုတာကို သတိပြုရပါလိမ့်မယ်။ နိုင်ငံတော် ပြဿနာဟာ တပ်မတော်နှင့် NLD နှစ်ခုတည်း ပြဿနာမဟုတ်ဘဲ တိုင်းရင်းသားအရေးလည်း ဖြေရှင်း ရဦးမယ်ဆိုတာကို သတိထား လုပ်ဆောင်ကြရန် လိုအပ်မယ်ဆိုတာကိုတော့ အလေးထားစေချင်ပါ တယ်။
လက်ရှိ ၂ဝဝ၈ ပြင်ဆင်ရေးမှာ USDP နှင့်တပ်မတော် ကတင်တဲ့ ပြင်ဆင်ချက်မှာပါဝင်တဲ့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ပုဒ်မ(၂၆၁) (ခ)လိုမျိုး ပုဒ်မ(၂၆၂)ပါ အချက် တွေကိုတောင် လိုက် လျောမယ့်ပုံစံမတွေ့ရပါ။ NLD က ကိုယ့်အကျိုးစီးပွား ကိုသာကြည့်တဲ့သဘောလို့ မြင်ရပါတယ်။ ပြည်ထောင်စု မှ ပြည်နယ်များသို့ အာဏာလျော့ချရမယ်ဆိုတာကို သဘောပေါက်ပုံမရပါ။ ကိုယ့်ပြည်မအကျိုး ကိုယ့်ပါတီ အကျိုးတွေကိုပဲ ကြည့်နေကြသလို ခံစားရပါတယ်။

မေး။ ။၂ဝဝ၈ ခြေ/ဥကို ပြင်ဆင်တဲ့အခါမှာ NLD ကတော့ တင်သွင်းလိုက်တာတွေတွေ့ပြီ၊ ပြင်ဆင်ဖို့ပေါ့နော်၊ ဆရာ့အနေနဲ့ ဘယ်ပုဒ်မတွေ၊ ဘယ်အကြောင်းအရာ တွေကိုသာ အဓိကထားပြင်ဆင်မယ်ဆိုရင် တိုင်းရင်း သားအခွင့်အရေးရဖို့နဲ့ ဖက်ဒရယ်ဖော်ဆောင်ရာမှာ ပိုပြီး အထောက်အကူပြုနိုင်မလဲ၊ ဘာကြောင့်လဲပေါ့။
ဖြေ။ ။၂ဝဝ၈ ခြေဥကို ပြင်ဆင်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေလိုချင်တဲ့ အခွင့်အရေးရရှိအောင်ဆိုရင်တော့ အသစ်ရေးဆွဲနိုင်ရင် တော့ အကောင်းဆုံးပါ။ ပြင်ဆင်ရမယ့်အဆင့် ဆိုရင်တော့ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများထဲမှ ပုဒ်မ-၆၊ ပုဒ်မ-၈ ၊ ပုဒ်မ-၉ တို့ကို အဓိက ပြင်ဆင်ရန် လိုအပ်ပြီး ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲခွင့်ရရှိရေးအတွက် လည်း ထည့်သွင်းရေးဆွဲရမယ်လို့ မြင်ပါတယ်။ အခု လက်ရှိအခြေအနေအရတော့ ပုဒ်-၂၆၂(ခ) နှင့် ဆက်စပ်ပုဒ်မများနှင့် ပုဒ်မ(၂၆၂)နှင့် ဆက်စပ်ပုဒ်မ တွေကို ပြင်လိုက်နိုင်ရင်ဘဲ ကိုယ့်ပြည်နယ်တွေမှာ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ပြည်နယ်လွှတ်တော်တွေမှ ရွေးချယ်ခွင့် ရနိုင်ပါတယ်။ ၂ဝဝ၈ ခြေ/ဥ မှာတော့ ပုဒ်မ(၈) နိုင်ငံ တော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြင်ဆင်ပြီးရင်တော့ ကျန်ပုဒ်မတွေကိုလည်း ပုဒ်မ(၈)နှင့် အညီ ပြင်ဆင်ပေး ရန်လိုအပ်ပါတယ်။ အဓိက ပြည်ထောင်စု အာဏာတွေ ကို လျှော့ချပြီး ပြည်နယ်တွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရတဲ့အထိ ပြင်ဆင်ပေးနိုင်ရန် အထူးလိုအပ်ပါ တယ်။ အဲဒါမှ တိုင်းရင်းသားအခွင့်အရေးတွေကို အပြည့်အဝ ဖော်ဆောင်ပေးရာရောက်ပါလိမ့်မယ်။

မေး။ ။အခုလက်ရှိ ကျန်ရှိနေတဲ့ အစိုးရသက်တမ်းမှာ လွှတ် တော်ထဲမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒီတိုင်းရင်း သားပါတီတွေ ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ် တွေ၊ အမတ်တွေက ၂ဝဝ၈ ခြေ/ဥပြင်ဆင်ရေးအတွက် တိုင်းရင်းသားအခွင့်အရေးတွေ ထပ်ရလာနိုင်ဖို့ ကျန်တဲ့ သက်တမ်းမှာ ကြိုးပမ်းနိုင်ကြဦးမလား၊ အခွင့်အရေး ရော ရနိုင်ဦးမလား ဒါမှမဟုတ်ရင်လည်း တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေအတွက် ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေရော လိုအပ်မှုရှိနေလား ဆိုတာလေး တွေ ပြောပြပေးပါ။
ဖြေ။ ။လက်ရှိ လွှတ်တော်သက်တမ်းမှာတော့ တိုင်း ရင်းသား ပါတီတွေအနေနဲ့ ၂ဝဝ၈ ပြင်ဆင်နိုင်ရေး အတွက်နဲ့ တိုင်းရင်းသားအခွင့်အရေးရရှိရေးတို့အတွက် တော့ ကြိုးပမ်းရန်လည်းရရှိရန် သိပ်မလွယ်ကူနိုင်တော့ ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ လွှတ်တော် တက်ရမယ့် အကြိမ်လည်း နည်းသွားပါပြီ။ (၂)ကြိမ်ပဲ ကျန်တော့တယ် နောက်ပြီး ဒီနှစ်ထဲမှာလည်း ရွေး ကောက်ပွဲကာလကလည်းရှိနေတော့ လွှတ်တော်ကို စိတ်ဝင်စားမှုမရှိနိုင်တော့ဘူး။ တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး လုပ်ဆောင်နိုင်ရင်တော့ ကောင်းပါ တယ်။ တိုင်းရင်းသားပါတီတွေစုစည်းမယ့်အချိန် အရမ်းနည်း နေတာကိုတော့ စိုးရိမ်ရပါတယ်။ ဥပဒေပိုင်းဆိုင်ရာ တွေ အထောက်အကူရနိုင်မယ်ဆိုရင်တော့ ကောင်း ပါတယ်။ လှုပ်ရှားမှုတစ်ခုအနေနဲ့လည်း လုပ်ဆောင် သင့်ပါတယ်။ ဆောင်ရွက်မယ်ဆိုရင်တော့ တိုင်းရင်း သားပါတီတွေအနေနဲ့ NLD နှင့် စစ်တပ် တစ်ဖွဲ့ဖွဲ့ကို အပူကပ်ပြီးဆောင်ရွက်မှသာ လိုအပ်တဲ့ ၂ဝ% လက် မှတ်ရနိုင်ပါလိမ့်မယ်။

မေး။ ။နောင်လာမယ့် ဒီမိုကရေစီအစိုးရသက်တမ်းမှာ တိုင်း ရင်းသားအခွင့်အရေးတွေ အပြည့်အဝရလာနိုင်ဖို့ဆိုရင် တပ်မတော်ရှိမယ်ပေါ့နော်၊ ပြီးရင် အာဏာရပါတီရှိလာ မယ်ပေါ့နော်၊ ပြီးရင် တိုင်းရင်းသား ပါတီတွေလည်း ရှိလာဦးမယ်။ အဲဒီတော့ သူတို့သုံးပွင့်ဆိုင်က ဘာတွေ ကြိုတင်ပြင်ဆင်ပြီး ဘယ်လိုအရာတွေကို အဓိကဆွေး နွေးသွားမှပဲ နောင်လာမယ့် အစိုးရသက်တမ်းအတွက် တိုင်းရင်းသားအခွင့်အရေးတွေ ရလာနိုင်မလဲဆရာ။
ဖြေ။ ။ နောက်လာမယ့် ဒီမိုကရေစီအစိုးရ သက်တမ်း မှာတော့ ကျွန်တော်တို့တိုင်းရင်းသားပါတီတွေအနေနဲ့ ပထမဆုံးကတော့ ကိုယ့်ပြည်နယ်တွေမှာ ကိုယ့်တိုင်း ရင်းသားပါတီတွေ မဲအနိုင်ရရှိအောင် ဆောင်ရွက်ရမှာ က အဓိကပါ။ ပြည်နယ်တွေမှာသာ တိုင်းရင်းသားပါတီ တွေ အများစုအနိုင်ရရှိထားမယ်ဆိုရင် ပြည်ထောင်စုမှာ ရော၊ ပြည်နယ်မှာရော ပါတီကြီးတွေက အစိုးရဖွဲ့ ခွင့်မရရှိနိုင်တော့ဘူး။ ဘာဖြစ်လို့ဆိုတော့ ပြည်နယ်(၇)ပြည်နယ်မှာ ပြည်ထောင်စုကိုယ်စား လှယ် အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်း (၂ဝ၇)ဦး ရှိနေပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၆၄)ဦးမှာ တပ်မတော် (၁၆၆) နှုတ်လိုက်ရင် (၄၉၈) ဦး၊ ပြည်နယ် (၂၉၇)နှုတ်လိုက်ရင် (၂၉၁)ဦးပဲ ကျန်ပါ တယ်။ အစိုးရဖွဲ့နိုင်ရန်အတွက် ပြည်ထောင်စုလွှတ် တော် ကိုယ်စားလှယ် (၃၃၃)ဦး လိုအပ်ပါတယ်။ အဲဒါဆိုရင် ပြည်မပါတီတွေက အစိုးရဖွဲ့ခွင့်မရနိုင်တော့ ပါ။ အဲဒီလိုဖြစ်လာရင် ပြည်နယ်တွေမှ တိုင်းရင်းသား ပါတီတွေကို အစိုးရဖွဲ့ခွင့်ရရှိရေး ညှိနှိုင်းလာရမယ် ဆိုတာကို မြင်မိပါတယ်။ အဲဒီအချိန်ကျမှ တိုင်းရင်း သားပါတီများကိုယ်လိုချင်တဲ့ အရာတွေကို တောင်းဆို ခွင့်ရရှိလာမလားမြင်မိပါတယ်။ အဲဒါကြောင့် တိုင်းရင်း သားပါတီများ ကိုယ့်ပြည်နယ်တွေမှာ အသီးသီးအနိုင် ရရှိရေးသာ ဆောင်ရွက်ထားကြပါလို့ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ခြေ/ဥပြင်ဆင်ရေးနဲ့ တိုင်းရင်း သားအခွင့်အရေးရရှိနိုင်မှုအပေါ်မှာ ဆရာ့ရဲ့အမြင်လေး သုံးသပ်ပေးပါဦး။
ဖြေ။ ။ နောက်ဆုံးအနေနဲ့ ခြေဥပြင်ဆင်ရေးအတွက် ဆိုရင် ကျွန်တော်အထက်မှာပြောဆိုခဲ့သလို တိုင်းရင်း သားပါတီများ ကိုယ့်ပြည်နယ်တွေမှာ ကိုယ်စီသာ အနိုင်ရရှိထားကြမယ်ဆိုရင် တိုင်းရင်းသားပါတီအစု အဖွဲ့ရယ်၊ ပြည်မအနိုင်ရပါတီရယ်၊ တပ်မတော်တို့ စုပေါင်းပြီး ဝိုင်းဝန်းညှိနှိုင်းပြီး အဖြေရှာမှသာ ရရှိနိုင် မလားလို့မြင်ပါတယ်။ အဲဒါမှသာ ကျွန်တော်တို့ တိုင်း ရင်းသားအခွင့်အရေးများ အပြည့်အဝ ဆွေးနွေးခွင့်ရရှိ ကြပြီး အစိုးရလည်း ညွှန့်ပေါင်းအစိုးရ တစ်ရပ်ဖြစ်လာမှ သာ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး၊ ပြည်သူတို့ရဲ့ အရေးတွေကို စုပေါင်းအဖြေရှာခွင့်ရလာ မလားဆိုတာကို သုံးသပ်မိပါတယ်။

အယ်ဒီတာအဖွဲ့