• Today is: Friday, March 29, 2024

၂၀၂၂ ခုနှစ် တိုင်းရင်းသားအရေးကို မျှော်မှန်းခြင်း (လူငယ်စကားဝိုင်း) ဆွေးနွေးပွဲအနှစ်ချုပ်

Zawgyi

“၂၀၂၂ ခုႏွစ္ တိုင္းရင္းသားအေရးကိုေမွ်ာ္မွန္းျခင္း (လူငယ္စကားဝိုင္း)” ေခါင္းစဥ္ျဖင့္ ေဆြးေႏြးပြဲတစ္ခုကို ၁၆.၁.၂၀၂၂၊ ညေန ၅ နာရီတြင္ zoom livestreaim ျဖင့္ ျပဳလုပ္ခဲ့ပါသည္။ ပါဝင္ေဆြးေႏြးၾကသူမ်ားမွာ La Ja (ကခ်င္လူငယ္)၊ Khun Steven (ကယားလူငယ္)၊ ေစာဖိုးထူး (ကရင္လူငယ္)၊ ပါလ (မြန္လူငယ္)၊ သက္စံေ႐ႊ (ရခိုင္လူငယ္)၊ ႏိုင္ေအာင္မိုင္း (တအာန္း-ပေလာင္လူငယ္) တို႔ျဖစ္ပါသည္။ ဖက္ဒရယ္ဂ်ာနယ္မွ ဖုန္ဇီေအာင္က Moderator အျဖစ္ေဆာင္႐ြက္ခဲ့ပါသည္။
ပါဝင္ေဆြးေႏြးၾကသူမ်ား၏ ေဆြးေႏြးမႈ အႏွစ္ခ်ဳပ္-
La Ja (ကခ်င္လူငယ္) – စစ္ေဘးေရွာင္ေတြက တိုင္းရင္းသားေဒသေတြမွာ ပိုမ်ားတယ္။ အရင္ ၁၉၈၈ တုန္းကသတင္းမီဒီယာေတြ ကအခုေလာက္မရွိေတာ့ သိပ္မသိဘူး။ အခုကေတာ့ အမ်ားႀကီးပဲ၊ ကြၽန္ေတာ္တို႔ကခ်င္ျပည္နယ္မွာ စစ္ေဘးေရွာင္ေတြ သိန္းခ်ီရွိ တယ္။ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ထိန္းခ်ဳပ္ထားတဲ့ေနရာေတြမွာရွိတယ္။ ဗမာအစိုးရထိန္းခ်ဳပ္ထားတဲ့ေနရာေတြမွာလည္း ရွိတယ္။ NUG အေနနဲ႔ ၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပဠာန္းႏိုင္ဖို႔လိုတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒမရွိရင္ ႏိုင္ငံတကာကကူညီဖို႔အရမ္းခက္ခဲတယ္။
အဓိကက ျမန္မာႏိုင္ငံရဲ႕ျပႆနာကိုေျဖရွင္းဖို႔ဆိုရင္ ဗမာျပည္နယ္ဖြဲ႕စည္းေရးက လိုကိုလိုအပ္ပါတယ္။ ဗမာျပည္ဖြဲ႕စည္းေရး က ဖက္ဒရယ္နဲ႔လည္းဆက္စပ္တယ္။ NUG ကအခုခ်ိန္မွာ ပဋိဉာဥ္နဲ႔သြားေနတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔မသြားဘူး။ အခုရွိေနတဲ့ တိုင္းေဒသႀကီးေတြကိုဖ်က္သိမ္းၿပီး ဗမာျပည္နယ္ဖြဲ႕စည္းရမယ္။ အရင္ဆုံး ရွစ္ျပည္နယ္မူကိုသြားၿပီးေတာ့ လူမ်ိဳးေပါင္းစုံေနထိုင္တဲ့ ေနရာေတြမွာ အမ်ိဳးသားျပည္နယ္ဆိုၿပီးသြားဖို႔လိုမယ္။ ဖက္ဒရယ္ရဲ႕ရန္သူ မဟာလူမ်ိဳးႀကီးဝါဒ၊ အစြန္းေရာက္အမ်ိဳးသားေရးဝါဒ ေတြကို ဖယ္ထုတ္ရမယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ ျပႆနာကိုေျဖရွင္းမယ္ဆိုရင္ ၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲဖို႔လိုအပ္ ေနပါတယ္။ ၂၀၂၂ မွာ NUG အေနနဲ႔ စစ္ေကာင္စီကိုေတာ္လွန္ႏိုင္ဖို႔ဆိုရင္ ၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခု ေရးဆြဲဖို႔လိုပါ တယ္။

Khun Steven (ကယားလူငယ္) – ကြၽန္ေတာ္တို႔ကရင္နီျပည္နယ္က CDM သပိတ္မွာလည္း က်န္းမာေရးဝန္ထမ္း၊ ပညာေရးဝန္ထမ္း၊ ရဲဝန္ထမ္းေတြ အမ်ားႀကီးပူးေပါင္းပါဝင္ၾကတယ္။ စစ္အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔ကရင္နီျပည္နယ္က အမ်ားႀကီးပူးေပါင္းပါဝင္ခဲ့ပါတယ္။ လက္ရွိကြၽန္ေတာ္တို႔ကရင္နီျပည္မွာ စစ္ေဘးေရွာင္ ၂၀၀၀၀၀ နီးပါးရွိတယ္။ အဓိကေတာထဲမွာစစ္ေဘးေရွာင္ေနရေတာ့ ေရအရမ္းရွားပါးလိုအပ္ေနတယ္။ ေရမရွိေတာ့ ယင္လုံအိမ္သာမသုံးႏိုင္ ဘူး။ ဝမ္းေရာဂါေတြျဖစ္ၾကတယ္။ ေဆးဝါးလည္းအလုံအေလာက္မရွိဘူး။ က်န္းမာေရး၊ စားဝတ္ေနေရး၊ လုံၿခဳံေရး စတဲ့ျပႆနာေတြ အမ်ားႀကီးရွိေနပါတယ္။
ဒီေတာ္လွန္ေရးကာလမွာအေရးေပၚသုံးရမယ့္ ၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခုလိုတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒ မရွိပဲနဲ႔ စင္ၿပိဳင္အစိုးရမျဖစ္ႏိုင္ဘူး။ NUG ကစင္ၿပိဳင္အစိုးရလို႔ေျပာေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒရွိၿပီလားလို႔ ကြၽန္ေတာ္ေမးခြန္းထုတ္ ခ်င္တယ္။ ၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒရွိမယ္ဆိုရင္ ကြၽန္ေတာ္တို႔ကရင္ျပည္နယ္မွာ ကိုယ့္အစိုးရနဲ႔ကိုယ္ ကိုယ့္တပ္မေတာ္နဲ႔ ကိုယ္ စစ္ေကာင္စီကိုေတာ္လွန္တိုက္ခိုက္ေနတယ္လို႔ ကြၽန္ေတာ္တို႔ေျပာအားရွိတာေပါ့။ NUG ကၾကားကာလဖြဲ႕စည္းပုံအေျခခံဥပေဒ မရွိဘူးဆိုတာက ဗမာျပည္နယ္ဖြဲ႕စည္းေရးကို လက္မခံတာပဲ။ ဗမာျပည္နယ္မျဖစ္ေပၚလာမခ်င္းေတာ့ ဗမာတစ္က်ပ္၊ ရွမ္းတစ္က်ပ္၊ ကရင္တစ္က်ပ္၊ ကခ်င္တစ္က်ပ္ …… အစရွိသျဖင့္ တန္းတူညီမွ်မျဖစ္လာႏိုင္ဘူး။ ဗမာျပည္နယ္ဖြဲ႕စည္းေရးက လိုကိုလိုအပ္ေနပါ တယ္။
NUG အစိုးရလို႔ေျပာေနေပမယ့္ အခုထိကြၽန္ေတာ့္အျမင္ကေတာ့စင္ၿပိဳင္အစိုးရျဖစ္ဖို႔ဆိုရင္ ၾကားကာလဖြဲ႕စည္းပုံအေျခခံ ဥပေဒတစ္ခု ေရးဆြဲဖို႔လို တယ္။ ၾကားကာလဖြဲ႕စည္းပုံလည္း မသုံးရဲဘူး၊ ဗမာျပည္နယ္လည္းမဖြဲ႕စည္းရဲဘူးဆိုရင္ ဒီေတာ္လွန္ေရးက ဒုံရင္းကဒုံရင္းျဖစ္ေနမွာပဲ။ ၂၀၂၂ မွာ ကြၽန္ေတာ္က ဖက္ဒရယ္စနစ္က်င့္သုံးတာ ျမင္ခ်င္ပါတယ္။ NUG ဒီထက္အလုပ္လုပ္ဖို႔လိုတယ္ လို႔ကြၽန္ေတာ္ေျပာခ်င္ပါတယ္။

ေစာဖိုးထူး (ကရင္လူငယ္) – ကြၽန္ေတာ္တို႔ျပည္နယ္မွာဆိုရင္ ကိုဗစ္ေဘးဒဏ္အရင္ခံရတယ္။ ၿပီးေတာ့စစ္အာဏာသိမ္းတဲ့ ဒဏ္ခံရတယ္။ ၂၀၂၁ ခုႏွစ္မွာ ကရင္ျပည္မွာ တိုက္ပြဲေပါင္း သုံးေထာင္ေက်ာ္ျဖစ္ပြားခဲ့တယ္။ ျပည္သူလူထု ၅၀၀၀၀ ေက်ာ္ စစ္ေဘးဒုကၡသည္ဘဝ ေရာက္ခဲ့ရတယ္။
ကြၽန္ေတာ္တို႔လက္ရွိအေျခအေနက ဗမာျပည္နယ္အလကားေပးခ်င္တာေတာင္မွ မယူခ်င္တဲ့ပုံစံျဖစ္ေနတာေပါ့။ မဟာလူမ်ိဳးႀကီးဝါဒကို စြဲကိုင္ထားတုန္းပဲ။ ဒီပုံစံနဲ႔ေတာ့ ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ဖို႔က အေဝးႀကီးပဲ။ ဒီႏိုင္ငံမွာရွိတဲ့ လူမ်ားစု တစ္ခုက ျပည္နယ္မရွိပဲ ဖက္ဒရယ္ျပည္ေထာင္စုမေဖာ္ေဆာင္ႏိုင္ဘူး။ ဗမာႏိုင္ငံေရးေခါင္းေဆာင္ေတြက ဗမာျပည္နယ္ဖြဲ႕စည္းဖို႔ ထဲထဲဝင္ဝင္ေဆြးေႏြးတာမရွိဘူး။ ဗမာျပည္နယ္လိုအပ္တယ္ဆိုတဲ့သေဘာတရားကို ဗမာေခါင္းေဆာင္ေတြနားလည္ေအာင္ ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြက ျဖည္းျဖည္းခ်င္းနားလည္သေဘာေပါက္ေအာင္ ရွင္းျပဖို႔လိုပါတယ္။ ဗမာျပည္နယ္ဖြဲ႕စည္းေရးက လိုကိုလိုအပ္တယ္လို႔ေျပာခ်င္ပါတယ္။
ကြၽန္ေတာ့္အေနနဲ႔ကေတာ့ NUG အေနနဲ႔ အခ်ိန္ဆြဲမေနဘဲ လုပ္သင့္လုပ္ထိုက္တာကို အျမန္ဆုံးလုပ္ေစခ်င္တယ္။ အခ်ိန္ၾကာရင္ ျပည္သူေတြကေတာင့္ခံႏိုင္မွာ မဟုတ္ေတာ့ဘူး။ လူမ်ိဳးႀကီးဝါဒကို က်င့္သုံးေနတာ ရပ္ေစခ်င္တယ္။ ကြၽန္ေတာ္တို႔ ျပည္နယ္မွာ ကိုယ္ပိုင္ျပဠာန္းခြင့္နဲ႔ ေအးေအးခ်မ္းခ်မ္းျမင္ေစခ်င္တယ္။ ျပည္ေထာင္စုျမန္မာႏိုင္ငံကို တန္းတူညီမွ်အားလုံးစုေပါင္း အုပ္ခ်ဳပ္တာ ျမင္ခ်င္ပါတယ္။

ပါလ (မြန္လူငယ္) – ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာ ေလးႀကိမ္ရွိၿပီ။ အရင္က ဗမာလက္နက္ကိုင္ေတာ္လွန္ ေရးအဖြဲ႕အစည္းေတြရွိခဲ့တယ္။ ဗကပ ေတြေပါ့၊ အိုင္ဒီယိုလိုဂ်ီမတူလို႔ေပါ့။ တိုင္းရင္းသားေတြကေတာ့မတူဘူး။ တန္းတူညီမွ်ေရး အတြက္တိုက္ပြဲဝင္ၾကတယ္ေပါ့။ ကြၽန္ေတာ္တို႔မြန္ျပည္နယ္မွာ လူ႔အခြင့္အေရးအတြက္တိုက္ပြဲဝင္မႈေတြရွိတယ္။ လူ႔အခြင့္အေရးဆိုင္ ရာေတြအတြက္ဆက္လက္ၿပီးေတာ့ တိုက္ပြဲဝင္ၾကဖို႔ကြၽန္ေတာ္တို႔က တြန္းအားေပးရမယ္ေပါ့။ ဗမာျပည္နယ္ဖြဲ႕စည္းေရးက တန္းတူေရးကိုသြားမယ္ဆိုရင္ လိုအပ္ပါတယ္။

သက္စံေ႐ႊ ( ရခိုင္လူငယ္) – ကြၽန္ေတာ္တို႔ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြမရွိေတာ့တာ ၾကာေပမယ့္ ျပည္သူေတြကေတာ့ ဖိႏွိပ္ခံေနရတုန္းပါ။ စစ္ေရးအရၿခိမ္းေျခာက္မႈေတြရွိေနတုန္းပဲ။ အရပ္ဖက္အဖြဲ႕အစည္းေတြကိုဖိႏွိပ္တာ၊ မီဒီယာေတြကိုဖိႏွိပ္တာေတြ ရွိေနပါတယ္။ ေရွးဉီးစြာ ကြၽန္ေတာ္တို႔ညီအကိုေတြျဖစ္တဲ့ ကခ်င္၊ ခ်င္း၊ ကယား၊ ရွမ္းျပည္နယ္ေတြမွာ စစ္ပြဲေတြျဖစ္ေနတဲ့အတြက္ အမ်ားႀကီးကိုယ္ခ်င္းစာ စိတ္မေကာင္းျဖစ္မိပါတယ္။ ကြၽန္ေတာ္တို႔ရခိုင္ျပည္မွာဆိုရင္ အခု ULA/AA ကအုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ေတြလုပ္ေဆာင္ႏိုင္ေနပါတယ္။ ဒါကျပည္သူလူထုပူးေပါင္းပါဝင္မႈေၾကာင့္ လုပ္ေဆာင္ႏိုင္တာျဖစ္ပါတယ္။ ေနာက္တစ္ခုက တျခားျပည္နယ္ေတြမွာမရွိတဲ့ ႐ိုဟင္ဂ်ာလို႔ပဲေခၚေခၚ၊ ဘဂၤါလီကိစၥေပါ့။ ကြၽန္ေတာ္တို႔ရခိုင္ျပည္နယ္အတြက္အဟန႔္အတားျဖစ္ေစတဲ့ ကိစၥေပါ့။ ULA/AA ေခါင္းေဆာင္ေတြက အရမ္းသတိထားၿပီးႀကိဳးစားေျဖရွင္းေနရတယ္။ ကြၽန္ေတာ့္အေနနဲ႔ ကြၽန္ေတာ္တို႔ ULA/AA အေနနဲ႔ ဘုံရန္သူစစ္ေကာင္စီကို လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ပူးေပါင္းၿပီး တိုက္ထုတ္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။
ကြၽန္ေတာ္တို႔ရခိုင္ေတြအေနနဲ႔ ရခိုင္ျပည္နယ္နဲ႔သက္ဆိုင္တဲ့ႏိုင္ငံေရးစနစ္ကို ကြၽန္ေတာ္တို႔ရခိုင္ေတြကိုယ္တိုင္ ေ႐ြးခ်ယ္ခြင့္ ရွိရမယ္။ တျခားျပည္နယ္တိုင္းရင္းသားေတြလည္း ဒီအတိုင္းပဲ။ ဗမာျပည္နယ္ဖြဲ႕စည္းေရးကလိုကိုလိုအပ္ပါတယ္။ ဗမာေတြက လူမ်ားစုျဖစ္ၿပီး နယ္ေျမက်ယ္ျပန႔္တာက ကိစၥမရွိပါဘူး။ နယ္ေျမသတ္မွတ္ခ်က္ရွိဖို႔အေရးႀကီးပါတယ္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ကြၽန္ေတာ္တို႔ေတာ္လွန္ေရးႀကီးက ရွည္ၾကာလာႏိုင္ၿပီး စစ္ေကာင္စီကပဲ ႏိုင္ငံေတာ္အာဏာကို ဆက္ထိန္းသြားႏိုင္ပါတယ္၊ ဒါေၾကာင့္ NUG အေနနဲ႔ အားလုံးလက္ခံႏိုင္တဲ့ ဗမာျပည္နယ္ဖြဲ႕စည္းေရးကို လုပ္ေဆာင္သြားဖို႔ လိုအပ္ပါတယ္။
ကြၽန္ေတာ္အေနနဲ႔ လာမယ့္၂၀၂၂ ကိုဘယ္လိုျမင္ခ်င္လဲဆိုေတာ့ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းၿပီးေတာ့ လူမ်ိဳးႀကီးဝါဒခ်ဳပ္ ၿငိမ္းၿပီးေတာ့ သက္ဆိုင္ရာျပည္နယ္ေတြအေနနဲ႔ သူတို႔နဲ႔ထိုက္တန္တဲ့ ႏိုင္ငံေရးစနစ္ကို က်င့္သုံးခြင့္ရတာ ျမင္ခ်င္ပါတယ္။

ႏိုင္ေအာင္မိုင္း (တေအာန္း-ပေလာင္လူငယ္) – ကြၽန္ေတာ္တို႔ေဒသမွာေတာ့ စစ္ေကာင္စီနဲ႔တိုက္ပြဲျဖစ္တာထက္ ကြၽန္ေတာ္တို႔ တိုင္းရင္းသားအခ်င္းခ်င္းျဖစ္တာပိုမ်ားတာေပါ့။ ႏွစ္ေဟာင္းကျဖစ္ခဲ့တဲ့ဟာေတြကို အေတြ႕အႀကဳံယူၿပီးေတာ့ ႏွစ္သစ္မွာအေကာင္း ဆုံးျဖစ္ေအာင္ႀကိဳးစားရမယ္။ ၂၀၂၂ မွာ အာဏာရွင္ျဖဳတ္ခ်ေရး၊ ဖက္ဒရယ္ဒီမိုကေရစီစနစ္ေပၚေပါက္ေရးအတြက္ ကြၽန္ေတာ္တို႔ႀကိဳး စားေနတယ္။
အရင္တုန္းက ျမန္မာႏိုင္ငံကို အဂၤလိပ္ေတြအုပ္ခ်ဳပ္ခဲ့တာက ငါးျပည္နယ္ခြဲၿပီးေတာ့ အုပ္ခ်ဳပ္ခဲ့တာေပါ့။ ၁၉၇၄ ခုႏွစ္မွာ တိုင္းနဲ႔ျပည္နယ္ေတြခြဲၿပီးေတာ့ တိုင္းရင္းသားေတြ တစ္က်ပ္၊ ဗမာ ခုနစ္က်ပ္ေတြလုပ္လိုက္တာေပါ့။ ဒါေၾကာင့္ ဗမာျပည္နယ္ဖြဲ႕စည္း ေရးကလိုအပ္ပါတယ္။ အခုခ်ိန္မွာ အားလုံးကတူညီေနတဲ့အခ်က္က အာဏာရွင္ျပဳတ္က်ေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီေပၚေပါက္ေရး ေပါ့။ ရွမ္းဆိုရင္ရွမ္းျပည္နယ္တည္ေဆာက္မယ္။ ကခ်င္ဆိုရင္ ကခ်င္ျပည္နယ္တည္ေဆာက္မယ္။ ဖက္ဒရယ္ရဲ႕အႏွစ္သာရက ဘာလဲဆိုတာ ကြၽန္ေတာ္တို႔စဥ္းစားဖို႔လိုပါတယ္။
တိုင္းရင္းသားေတြစည္းလုံးညီၫြတ္ဖို႔ အေရးႀကီးလိုအပ္ေနၿပီ။ အခုလက္ရွိစစ္အာဏာရွင္ကို ဉီးေဆာင္ေတာ္လွန္ေနတာ NUG ေပါ့။ ၂၀၂၂ မွာ အာဏာရွင္စနစ္အဆုံးသတ္ က်ဆုံးဖို႔လိုအပ္တယ္။ ႏိုင္ငံတကာရဲ႕ေထာက္ပံ့မႈေတြ အမ်ားႀကီးလိုအပ္တယ္။ ၂၀၂၂ မွာ ကြၽန္ေတာ္တို႔ရဲ႕အေရးေတာ္ပုံေအာင္ျမင္ဖို႔လိုအပ္တယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။

 

Unicode

“၂၀၂၂ ခုနှစ် တိုင်းရင်းသားအရေးကိုမျှော်မှန်းခြင်း (လူငယ်စကားဝိုင်း)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ၁၆.၁.၂၀၂၂၊ ညနေ ၅ နာရီတွင် zoom livestreaim ဖြင့် ပြုလုပ်ခဲ့ပါသည်။ ပါဝင်ဆွေးနွေးကြသူများမှာ La Ja (ကချင်လူငယ်)၊ Khun Steven (ကယားလူငယ်)၊ စောဖိုးထူး (ကရင်လူငယ်)၊ ပါလ (မွန်လူငယ်)၊ သက်စံရွှေ (ရခိုင်လူငယ်)၊ နိုင်အောင်မိုင်း (တအာန်း-ပလောင်လူငယ်) တို့ဖြစ်ပါသည်။ ဖက်ဒရယ်ဂျာနယ်မှ ဖုန်ဇီအောင်က Moderator အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
ပါဝင်ဆွေးနွေးကြသူများ၏ ဆွေးနွေးမှု အနှစ်ချုပ်-
La Ja (ကချင်လူငယ်) – စစ်ဘေးရှောင်တွေက တိုင်းရင်းသားဒေသတွေမှာ ပိုများတယ်။ အရင် ၁၉၈၈ တုန်းကသတင်းမီဒီယာတွေ ကအခုလောက်မရှိတော့ သိပ်မသိဘူး။ အခုကတော့ အများကြီးပဲ၊ ကျွန်တော်တို့ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ သိန်းချီရှိ တယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတယ်။ ဗမာအစိုးရထိန်းချုပ်ထားတဲ့နေရာတွေမှာလည်း ရှိတယ်။ NUG အနေနဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဠာန်းနိုင်ဖို့လိုတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင် နိုင်ငံတကာကကူညီဖို့အရမ်းခက်ခဲတယ်။
အဓိကက မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုရင် ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်ပါတယ်။ ဗမာပြည်ဖွဲ့စည်းရေး က ဖက်ဒရယ်နဲ့လည်းဆက်စပ်တယ်။ NUG ကအခုချိန်မှာ ပဋိဉာဉ်နဲ့သွားနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မသွားဘူး။ အခုရှိနေတဲ့ တိုင်းဒေသကြီးတွေကိုဖျက်သိမ်းပြီး ဗမာပြည်နယ်ဖွဲ့စည်းရမယ်။ အရင်ဆုံး ရှစ်ပြည်နယ်မူကိုသွားပြီးတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နေရာတွေမှာ အမျိုးသားပြည်နယ်ဆိုပြီးသွားဖို့လိုမယ်။ ဖက်ဒရယ်ရဲ့ရန်သူ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒ တွေကို ဖယ်ထုတ်ရမယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းမယ်ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လိုအပ် နေပါတယ်။ ၂၀၂၂ မှာ NUG အနေနဲ့ စစ်ကောင်စီကိုတော်လှန်နိုင်ဖို့ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲဖို့လိုပါ တယ်။

Khun Steven (ကယားလူငယ်) – ကျွန်တော်တို့ကရင်နီပြည်နယ်က CDM သပိတ်မှာလည်း ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ရဲဝန်ထမ်းတွေ အများကြီးပူးပေါင်းပါဝင်ကြတယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့နေရာမှာ ကျွန်တော်တို့ကရင်နီပြည်နယ်က အများကြီးပူးပေါင်းပါဝင်ခဲ့ပါတယ်။ လက်ရှိကျွန်တော်တို့ကရင်နီပြည်မှာ စစ်ဘေးရှောင် ၂၀၀၀၀၀ နီးပါးရှိတယ်။ အဓိကတောထဲမှာစစ်ဘေးရှောင်နေရတော့ ရေအရမ်းရှားပါးလိုအပ်နေတယ်။ ရေမရှိတော့ ယင်လုံအိမ်သာမသုံးနိုင် ဘူး။ ဝမ်းရောဂါတွေဖြစ်ကြတယ်။ ဆေးဝါးလည်းအလုံအလောက်မရှိဘူး။ ကျန်းမာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး စတဲ့ပြဿနာတွေ အများကြီးရှိနေပါတယ်။
ဒီတော်လှန်ရေးကာလမှာအရေးပေါ်သုံးရမယ့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲနဲ့ စင်ပြိုင်အစိုးရမဖြစ်နိုင်ဘူး။ NUG ကစင်ပြိုင်အစိုးရလို့ပြောတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီလားလို့ ကျွန်တော်မေးခွန်းထုတ် ချင်တယ်။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရှိမယ်ဆိုရင် ကျွန်တော်တို့ကရင်ပြည်နယ်မှာ ကိုယ့်အစိုးရနဲ့ကိုယ် ကိုယ့်တပ်မတော်နဲ့ ကိုယ် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတယ်လို့ ကျွန်တော်တို့ပြောအားရှိတာပေါ့။ NUG ကကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘူးဆိုတာက ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်မခံတာပဲ။ ဗမာပြည်နယ်မဖြစ်ပေါ်လာမချင်းတော့ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကရင်တစ်ကျပ်၊ ကချင်တစ်ကျပ် …… အစရှိသဖြင့် တန်းတူညီမျှမဖြစ်လာနိုင်ဘူး။ ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်နေပါ တယ်။
NUG အစိုးရလို့ပြောနေပေမယ့် အခုထိကျွန်တော့်အမြင်ကတော့စင်ပြိုင်အစိုးရဖြစ်ဖို့ဆိုရင် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခု ရေးဆွဲဖို့လို တယ်။ ကြားကာလဖွဲ့စည်းပုံလည်း မသုံးရဲဘူး၊ ဗမာပြည်နယ်လည်းမဖွဲ့စည်းရဲဘူးဆိုရင် ဒီတော်လှန်ရေးက ဒုံရင်းကဒုံရင်းဖြစ်နေမှာပဲ။ ၂၀၂၂ မှာ ကျွန်တော်က ဖက်ဒရယ်စနစ်ကျင့်သုံးတာ မြင်ချင်ပါတယ်။ NUG ဒီထက်အလုပ်လုပ်ဖို့လိုတယ် လို့ကျွန်တော်ပြောချင်ပါတယ်။

စောဖိုးထူး (ကရင်လူငယ်) – ကျွန်တော်တို့ပြည်နယ်မှာဆိုရင် ကိုဗစ်ဘေးဒဏ်အရင်ခံရတယ်။ ပြီးတော့စစ်အာဏာသိမ်းတဲ့ ဒဏ်ခံရတယ်။ ၂၀၂၁ ခုနှစ်မှာ ကရင်ပြည်မှာ တိုက်ပွဲပေါင်း သုံးထောင်ကျော်ဖြစ်ပွားခဲ့တယ်။ ပြည်သူလူထု ၅၀၀၀၀ ကျော် စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရတယ်။
ကျွန်တော်တို့လက်ရှိအခြေအနေက ဗမာပြည်နယ်အလကားပေးချင်တာတောင်မှ မယူချင်တဲ့ပုံစံဖြစ်နေတာပေါ့။ မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားတုန်းပဲ။ ဒီပုံစံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့က အဝေးကြီးပဲ။ ဒီနိုင်ငံမှာရှိတဲ့ လူများစု တစ်ခုက ပြည်နယ်မရှိပဲ ဖက်ဒရယ်ပြည်ထောင်စုမဖော်ဆောင်နိုင်ဘူး။ ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ဗမာပြည်နယ်ဖွဲ့စည်းဖို့ ထဲထဲဝင်ဝင်ဆွေးနွေးတာမရှိဘူး။ ဗမာပြည်နယ်လိုအပ်တယ်ဆိုတဲ့သဘောတရားကို ဗမာခေါင်းဆောင်တွေနားလည်အောင် ကျွန်တော်တို့တိုင်းရင်းသားတွေက ဖြည်းဖြည်းချင်းနားလည်သဘောပေါက်အောင် ရှင်းပြဖို့လိုပါတယ်။ ဗမာပြည်နယ်ဖွဲ့စည်းရေးက လိုကိုလိုအပ်တယ်လို့ပြောချင်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ NUG အနေနဲ့ အချိန်ဆွဲမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို အမြန်ဆုံးလုပ်စေချင်တယ်။ အချိန်ကြာရင် ပြည်သူတွေကတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ ရပ်စေချင်တယ်။ ကျွန်တော်တို့ ပြည်နယ်မှာ ကိုယ်ပိုင်ပြဠာန်းခွင့်နဲ့ အေးအေးချမ်းချမ်းမြင်စေချင်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို တန်းတူညီမျှအားလုံးစုပေါင်း အုပ်ချုပ်တာ မြင်ချင်ပါတယ်။

ပါလ (မွန်လူငယ်) – ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ လေးကြိမ်ရှိပြီ။ အရင်က ဗမာလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေရှိခဲ့တယ်။ ဗကပ တွေပေါ့၊ အိုင်ဒီယိုလိုဂျီမတူလို့ပေါ့။ တိုင်းရင်းသားတွေကတော့မတူဘူး။ တန်းတူညီမျှရေး အတွက်တိုက်ပွဲဝင်ကြတယ်ပေါ့။ ကျွန်တော်တို့မွန်ပြည်နယ်မှာ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်မှုတွေရှိတယ်။ လူ့အခွင့်အရေးဆိုင် ရာတွေအတွက်ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ကြဖို့ကျွန်တော်တို့က တွန်းအားပေးရမယ်ပေါ့။ ဗမာပြည်နယ်ဖွဲ့စည်းရေးက တန်းတူရေးကိုသွားမယ်ဆိုရင် လိုအပ်ပါတယ်။

သက်စံရွှေ ( ရခိုင်လူငယ်) – ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေမရှိတော့တာ ကြာပေမယ့် ပြည်သူတွေကတော့ ဖိနှိပ်ခံနေရတုန်းပါ။ စစ်ရေးအရခြိမ်းခြောက်မှုတွေရှိနေတုန်းပဲ။ အရပ်ဖက်အဖွဲ့အစည်းတွေကိုဖိနှိပ်တာ၊ မီဒီယာတွေကိုဖိနှိပ်တာတွေ ရှိနေပါတယ်။ ရှေးဉီးစွာ ကျွန်တော်တို့ညီအကိုတွေဖြစ်တဲ့ ကချင်၊ ချင်း၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ စစ်ပွဲတွေဖြစ်နေတဲ့အတွက် အများကြီးကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ရခိုင်ပြည်မှာဆိုရင် အခု ULA/AA ကအုပ်ချုပ်ရေး၊ တရားစီရင်ရေး တွေလုပ်ဆောင်နိုင်နေပါတယ်။ ဒါကပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုက တခြားပြည်နယ်တွေမှာမရှိတဲ့ ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီကိစ္စပေါ့။ ကျွန်တော်တို့ရခိုင်ပြည်နယ်အတွက်အဟန့်အတားဖြစ်စေတဲ့ ကိစ္စပေါ့။ ULA/AA ခေါင်းဆောင်တွေက အရမ်းသတိထားပြီးကြိုးစားဖြေရှင်းနေရတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ULA/AA အနေနဲ့ ဘုံရန်သူစစ်ကောင်စီကို လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ထုတ်နိုင်ဖို့မျှော်လင့်ပါတယ်။
ကျွန်တော်တို့ရခိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်နဲ့သက်ဆိုင်တဲ့နိုင်ငံရေးစနစ်ကို ကျွန်တော်တို့ရခိုင်တွေကိုယ်တိုင် ရွေးချယ်ခွင့် ရှိရမယ်။ တခြားပြည်နယ်တိုင်းရင်းသားတွေလည်း ဒီအတိုင်းပဲ။ ဗမာပြည်နယ်ဖွဲ့စည်းရေးကလိုကိုလိုအပ်ပါတယ်။ ဗမာတွေက လူများစုဖြစ်ပြီး နယ်မြေကျယ်ပြန့်တာက ကိစ္စမရှိပါဘူး။ နယ်မြေသတ်မှတ်ချက်ရှိဖို့အရေးကြီးပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့တော်လှန်ရေးကြီးက ရှည်ကြာလာနိုင်ပြီး စစ်ကောင်စီကပဲ နိုင်ငံတော်အာဏာကို ဆက်ထိန်းသွားနိုင်ပါတယ်၊ ဒါကြောင့် NUG အနေနဲ့ အားလုံးလက်ခံနိုင်တဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
ကျွန်တော်အနေနဲ့ လာမယ့်၂၀၂၂ ကိုဘယ်လိုမြင်ချင်လဲဆိုတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတော့ လူမျိုးကြီးဝါဒချုပ် ငြိမ်းပြီးတော့ သက်ဆိုင်ရာပြည်နယ်တွေအနေနဲ့ သူတို့နဲ့ထိုက်တန်တဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးခွင့်ရတာ မြင်ချင်ပါတယ်။

နိုင်အောင်မိုင်း (တအောန်း-ပလောင်လူငယ်) – ကျွန်တော်တို့ဒေသမှာတော့ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တာထက် ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းဖြစ်တာပိုများတာပေါ့။ နှစ်ဟောင်းကဖြစ်ခဲ့တဲ့ဟာတွေကို အတွေ့အကြုံယူပြီးတော့ နှစ်သစ်မှာအကောင်း ဆုံးဖြစ်အောင်ကြိုးစားရမယ်။ ၂၀၂၂ မှာ အာဏာရှင်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ကြိုး စားနေတယ်။
အရင်တုန်းက မြန်မာနိုင်ငံကို အင်္ဂလိပ်တွေအုပ်ချုပ်ခဲ့တာက ငါးပြည်နယ်ခွဲပြီးတော့ အုပ်ချုပ်ခဲ့တာပေါ့။ ၁၉၇၄ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ်တွေခွဲပြီးတော့ တိုင်းရင်းသားတွေ တစ်ကျပ်၊ ဗမာ ခုနစ်ကျပ်တွေလုပ်လိုက်တာပေါ့။ ဒါကြောင့် ဗမာပြည်နယ်ဖွဲ့စည်း ရေးကလိုအပ်ပါတယ်။ အခုချိန်မှာ အားလုံးကတူညီနေတဲ့အချက်က အာဏာရှင်ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး ပေါ့။ ရှမ်းဆိုရင်ရှမ်းပြည်နယ်တည်ဆောက်မယ်။ ကချင်ဆိုရင် ကချင်ပြည်နယ်တည်ဆောက်မယ်။ ဖက်ဒရယ်ရဲ့အနှစ်သာရက ဘာလဲဆိုတာ ကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။
တိုင်းရင်းသားတွေစည်းလုံးညီညွတ်ဖို့ အရေးကြီးလိုအပ်နေပြီ။ အခုလက်ရှိစစ်အာဏာရှင်ကို ဉီးဆောင်တော်လှန်နေတာ NUG ပေါ့။ ၂၀၂၂ မှာ အာဏာရှင်စနစ်အဆုံးသတ် ကျဆုံးဖို့လိုအပ်တယ်။ နိုင်ငံတကာရဲ့ထောက်ပံ့မှုတွေ အများကြီးလိုအပ်တယ်။ ၂၀၂၂ မှာ ကျွန်တော်တို့ရဲ့အရေးတော်ပုံအောင်မြင်ဖို့လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။