• Today is: Friday, March 29, 2024

ၿမိဳ႕ေတာ္ဟာ   အနံ႔မရေတာ့ဘူး

ၿမိဳ႕ေတာ္ဟာ   အနံ႔မရေတာ့ဘူး

 

ေတာက္ပေနတဲ့ အမိႈက္ပံုကလြဲရင္

တစ္ေလွလံုးပုပ္ပြေနတဲ့ ငါးခံုမေတြကလြဲရင္

ၿမိဳ႕ေတာ္မွာ

ၿမိဳ႕ေတာ္ဟာ အနံ႔မရေတာ့ဘူး

ျခင္ပုန္းေတြ ျခင္ေဆးေငြ႕ထဲ ပလူပ်ံလို႔။

အနံ႔ဟာ ၿမိဳ႕ေတာ္ကို ဝင္စီးေနၿပီ

အနံ႔ဟာ ေလဟုန္စီးၿပီး ေရာက္လာတယ္

ေဟ့ သန္႔ရွင္းေရးသမားေတြ

အနံ႔ကို ဘယ္သူျခဴဆြဲေပးမလဲ။

 

ေဟာဒီမွာက

အနံ႔ကို အနံ႔ပီပီသသ ဆုပ္ထားခ်င္လို႔

လမ္းသြားလမ္းလာ မ်က္နွာေပၚက Mask ေတြ

ယာယီ အေရးေပၚလူနာေဆာင္ေတြ

အျဖဴေရာင္ ေပါင္မုန္႔ကားေတြ

PPE ဝတ္စံုနဲ႔ ၿဂိဳဟ္သားလိုလိုလူေတြ။

 

အခုဆို ျပည္သူ႔ေဆး႐ံုႀကီးလည္း ေအာက္ဆီဂ်င္ပိုက္တန္းလန္းနဲ႔

ေရခဲတိုက္ကို ရာဇမတ္ကာထားရ

ဝင္ေလထြက္ေလ ဘာဝနာလည္း

ႏွမလက္ေလွ်ာ့ ေနေလေတာ့။

 

လမ္းမေတြမွာ ဓာတ္ဆီနံ႔မရေတာ့ဘူး

လမ္းမေတြမွာ မီးခိုးေတြ မေဝေတာ့ဘူး

ေဈးတန္းထဲ သားစိမ္းငါးစိမ္းနံ႔ မရေတာ့ဘူး။

 

ၿမိဳ႕ေတာ္မွာ အနံ႔ေပ်ာက္လုလုပဲ

ၿမိဳ႕ေတာ္ဟာ ေပ်ာက္ေနတဲ့အနံ႔ကို ႐ွဴရင္း

႐ုတ္တရက္

ေပ်ာ္ရႊင္မႈနဲ႔ အဆက္အသြယ္ျပတ္သြားတဲ့

ကေလးေလးလို ၿမိဳ႕သားေတြ

မၿပံဳးမရယ္နဲ႔။              ။

 

ေနစိမ့္

 

မြို့တော်ဟာ   အနံ့မရတော့ဘူး

 

တောက်ပနေတဲ့ အမှိုက်ပုံကလွဲရင်

တစ်လှေလုံးပုပ်ပွနေတဲ့ ငါးခုံမတွေကလွဲရင်

မြို့တော်မှာ

မြို့တော်ဟာ အနံ့မရတော့ဘူး

ခြင်ပုန်းတွေ ခြင်ဆေးငွေ့ထဲ ပလူပျံလို့။

အနံ့ဟာ မြို့တော်ကို ဝင်စီးနေပြီ

အနံ့ဟာ လေဟုန်စီးပြီး ရောက်လာတယ်

ဟေ့ သန့်ရှင်းရေးသမားတွေ

အနံ့ကို ဘယ်သူခြူဆွဲပေးမလဲ။

 

ဟောဒီမှာက

အနံ့ကို အနံ့ပီပီသသ ဆုပ်ထားချင်လို့

လမ်းသွားလမ်းလာ မျက်နှာပေါ်က Mask တွေ

ယာယီ အရေးပေါ်လူနာဆောင်တွေ

အဖြူရောင် ပေါင်မုန့်ကားတွေ

PPE ဝတ်စုံနဲ့ ဂြိုဟ်သားလိုလိုလူတွေ။

 

အခုဆို ပြည်သူ့ဆေးရုံကြီးလည်း အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့

ရေခဲတိုက်ကို ရာဇမတ်ကာထားရ

ဝင်လေထွက်လေ ဘာဝနာလည်း

နှမလက်လျှော့ နေလေတော့။

 

လမ်းမတွေမှာ ဓာတ်ဆီနံ့မရတော့ဘူး

လမ်းမတွေမှာ မီးခိုးတွေ မဝေတော့ဘူး

ဈေးတန်းထဲ သားစိမ်းငါးစိမ်းနံ့ မရတော့ဘူး။

 

မြို့တော်မှာ အနံ့ပျောက်လုလုပဲ

မြို့တော်ဟာ ပျောက်နေတဲ့အနံ့ကို ရှူရင်း

ရုတ်တရက်

ပျော်ရွှင်မှုနဲ့ အဆက်အသွယ်ပြတ်သွားတဲ့

ကလေးလေးလို မြို့သားတွေ

မပြုံးမရယ်နဲ့။     ။

 

နေစိမ့်