• Today is: Saturday, April 20, 2024

ႏိုင္ငံတကာကိုယ္စားလွယ္မ်ားႏွင့္ ျမန္မာ့ႏိုင္ငံေရး

ႏိုင္ငံတကာကိုယ္စားလွယ္မ်ားႏွင့္ ျမန္မာ့ႏိုင္ငံေရး

၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲကား ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၈ ရက္ေန႔က တစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္သည္။  ေရြးေကာက္ပြဲရလဒ္အား အာဏာသိမ္းစစ္တပ္က အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ဖ်က္သိမ္းခဲ့သည့္တိုင္ ေရြးေကာက္ပြဲရလဒ္အရ ေပၚေပါက္လာမည့္ လႊတ္ေတာ္ႏွင့္ အစိုးရတစ္ရပ္ကို ေမွ်ာ္လင့္ေနဆဲရွိေသးသည္။ ျပည္သူလူထုသည္ ဒီမိုကေရစီစနစ္ႏွင့္ ၁၀ႏွစ္တိုင္ ယဥ္ပါးခဲ့ၿပီး တိုင္းျပည္ကို ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ သာ ျပန္လည္ေရာက္ရွိေစလိုၾကသည္။

တိုင္းျပည္အတြင္း အာဏာသိမ္းကာလ ၉ လအထိ ေရာက္ရွိလာေသာ္လည္း စစ္တပ္သည္ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးသည္ကို ေတြ႕ရသည္။ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းတို႔တြင္ ေန႔စဥ္ႏွင့္အမွ် တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး ရန္ကုန္၊ မႏ ၱေလးၿမိဳ႕ႀကီးမ်ား တြင္ ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕မ်ား၏ ပစ္ခတ္ေဖာက္ခြဲမႈမ်ားလည္း ေန႔စဥ္ရွိေနသည္။ အမ်ိဳးသားညီညြတ္ေရး အစိုးရ (NUG) က ခုခံစစ္ကို ဆင္ႏႊဲၾကရန္ ေဆာ္ၾသၿပီးကတည္းက တိုင္းျပည္တစ္၀ွမ္းရွိ ခုခံေတာ္လွန္ေရး သမားမ်ားသည္ အရွိန္အဟုန္ျမွင့္ကာ အာဏာသိမ္းစစ္တပ္ကို ေတာ္လွန္တိုက္ခိုက္လာၾကသည္။

ၿပီးခဲ့သည့္အပတ္က ၿဗိတိန္ ကမကထ ျပဳခဲ့သည့္ ကုလသမဂၢလံုၿခံဳေရးေကာင္စီ တံခါးပိတ္အစည္း အေ၀းကို က်င္းပခဲ့ၿပီး ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္းေဒသရွိ တုိင္းရင္းသားမ်ားအေပၚ စစ္တပ္က အင္အားသံုး ထိုးစစ္ဆင္ေနမႈကို ေလ်ာ့ခ်ရန္ႏွင့္ စစ္တပ္၏အၾကမ္းဖက္ႏွိမ္နင္းေနမႈမ်ား ရပ္တန္႔ရန္ ေဆြးေႏြး ခဲ့ၾကသည္။

အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအား ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိရန္ ကုလသမဂၢ၊ အီးယူ၊ အာဆီယံႏွင့္ အင္အားႀကီးႏိုင္ငံမ်ားျဖစ္သည့္ အေမရိကန္၊ တ႐ုတ္၊ ၿဗိတိန္တို႔မွ နည္းမ်ိဳးစံုျဖင့္ ႀကိဳးစားခဲ့ၾကေသာ္လည္း ျမန္မာျပည္သူတို႔အတြက္မွာကား အရာထင္မႈမရွိေသးေပ။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံသည္ ဧၿပီလအတြင္းက အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား ဂ်ာကာတာသို႔ ဖိတ္ၾကားကာ ျမန္မာ့အေရးႏွင့္ပတ္သက္၍ ဘံုသေဘာတူညီခ်က္ ၅ရပ္ကို ခ်မွတ္ေဆာင္ရြက္ခဲ့ေသာ္လည္း ထုိသေဘာတူညီခ်က္မ်ား အေကာင္ အထည္ ေပၚလာျခင္းမရွိခဲ့ေပ။

ယခုႏွစ္အကုန္တြင္ အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ ကေမ ၻာဒီးယားႏိုင္ငံမွ တာ၀န္လႊဲေျပာင္း ထမ္းေဆာင္သြားမည္ျဖစ္ၿပီး လက္ရွိအာဆီယံ အထူးကိုယ္စားလွယ္ မစၥတာ ယူဆြတ္အစား ကေမ ၻာဒီးယား ႏိုင္ငံမွ တစ္ဦးဦးကို တာ၀န္ေပးသြားမည္ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။

ယခု သီတင္းအပတ္မ်ားအတြင္း ျမန္မာႏိုင္ငံေရးတြင္ ႏိုင္ငံတကာ ကိုယ္စားလွယ္မ်ား ၀င္ထြက္သြား လာေနသည္ကို ေတြ႕ရမည္ျဖစ္သည္။ ဂ်ပန္ႏိုင္ငံမွ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒၊ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ ယိုဟီဆာဆာကာ၀ါသည္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိ လာၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ေတြ႕ဆံုကာ ျမန္မာ့ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိစၥႏွင့္ ဂ်ပန္ႏိုင္ငံက ကူညီေဆာင္ရြက္ေပးေနေသာ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။

ထိုအေတာအတြင္း တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ အာရွေရးရာ အထူးသံတမန္ မစၥတာ ဆြန္ေကာ္ရွန္း သည္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာၿပီး ခရီးစဥ္အတြင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ေတြ႕ဆံုမည္ဟု ဆုိ သည္။ ၄င္းသည္ ေဖေဖာ္၀ါရီလ ၁ရက္ေန႔ေနာက္ပိုင္း ျမန္မာႏိုင္ငံသို႔ ဒုတိယအႀကိမ္ ေရာက္ရွိလာခဲ့ျခင္းျဖစ္ ၿပီး ေတြ႕ဆံုသင့္ ေတြ႕ဆံုထိုက္သူမ်ားႏွင့္လည္း ေတြ႕ဆံုႏိုင္သည္ဟု ႏိုင္ငံေရးအသိုင္းအ၀ိုင္းက ယူဆေနၾက သည္။ မၾကာမီကာလအတြင္း တ႐ုတ္ႏွင့္အာဆီယံႏိုင္ငံမ်ား၏ ထိပ္သီးအစည္းအေ၀းက်င္းပရန္ရွိေနၿပီး ယင္း အစည္းအေ၀းႏွင့္ယခု ခရီးစဥ္သည္ ဆက္စပ္မႈရွိေနႏိုင္သည္။ မည္သို႔ပင္ရွိေစကာမူ ၿပီးခဲ့သည့္ အာဆီယံထိပ္သီးအစည္းအေ၀း၌ ျမန္မာ့အေရးႏွင့္ပတ္သက္၍ ႏႈတ္ဆိတ္ေနခဲ့ေသာ တ႐ုတ္ႏိုင္ငံထံမွ အသံတစ္ခုကို ၾကားရဖြယ္ရွိေနသည္။ သို႔ေသာ္ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမထားဖို႔ေတာ့လိုသည္။

အျခားအတည္မျပဳႏိုင္ေသးသည့္ သတင္းမ်ားအရ ျမန္မာႏိုင္ငံသို႔ ထိုင္းႏိုင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္ လည္း ေရာက္လာဖို႔ရွိသည္ဟု သိရသည္။ ကိုဗစ္ကာကြယ္ေရးေဆး၀ါးမ်ား အကူအညီေပးေရးႏွင့္ ပတ္သက္ ၍ ျဖစ္သည္ဟု ဆိုၾကသည္။ ႏို၀င္ဘာလအတြင္း အေမရိကန္ျပည္ေထာင္စု ၀ါရင့္သံတမန္ေဟာင္း မစၥတာ ဘီလ္ရစ္ခ်တ္ဆန္ ျပန္သြားၿပီးေနာက္ အျခားႏိုင္ငံကတာ ကိုယ္စားလွယ္မ်ားလည္း တစ္ဦးၿပီးတစ္ဦးေရာက္ရွိ လာၾကသည္။ ေရႊလမ္းေငြလမ္းပြင့္သြားၿပီလားဟု ေမးခြန္းမထုတ္လိုေသာ္လည္း ႏိုင္ငံတကာအေနျဖင့္ ျပည္သူကို ႏွိပ္စက္သတ္ျဖတ္ေနသည့္ အာဏာရွင္တစ္စုအား သတိထားဆက္ဆံဖုိ႔လိုမည္ျဖစ္သည္။

ႏိုင္ငံတကာ အထူးကိုယ္စားလွယ္မ်ား ျမန္မာႏိုင္ငံ၌ေျခ႐ႈပ္ေနၾကခ်ိန္တြင္ ျမန္မာျပည္သူသန္း ၅၀ ေက်ာ္က အပိုင္စီးခံရသည့္ ေလယာဥ္ပ်ံတစ္စီးေပၚတြင္ ေရာက္ရွိေနၾကသည္။ ေလယာဥ္စီးခရီးသည္အားလံုး က ဘယ္ေလဆိပ္သို႔ ဆိုက္ေရာက္မွန္းမသိသည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနၾကရသည္။ အၾကမ္းဖက္ သမားမ်ားက ခရီးသည္အားလံုးကို မ်က္စိေဒါက္ေထာက္ၾကည့္ေနၿပီး မသကၤာသူရွိလွ်င္ ဆြဲထုတ္ၿပီး ပစ္သတ္ေနၾကသည္။ သူတို႔ေတာင္းဆိုခ်က္မ်ားမရလွ်င္ ေလယာဥ္ပ်ံကို ေဖာက္ခြဲဖ်က္စီးပစ္မည္ဟုလည္း ႀကံဳး၀ါးေနၾကသည္။

ထိုအခ်ိန္တြင္ ကမၻာ့ႏိုင္ငံမ်ားက အစည္းအေ၀းထိုင္ကာ ေလယာဥ္ပ်ံေပၚပါလာသည့္ ခရီးသည္မ်ား ကို ကယ္တင္ဖို႔ အျငင္းအခံုေဆြးေႏြးေနၾကသည္။ ေလယာဥ္ေပၚမွာ လူေတြေတာ္ေတာ္ေသေနၾကၿပီျဖစ္ၿပီး ေလယာဥ္ဆီကလည္း လက္က်န္အနည္းငယ္သာရွိေတာ့သည္။ အစည္းအေ၀းလုပ္သူမ်ား ခရီးသည္ ကယ္တင္ေရးကိစၥမွ ေခါင္းစဥ္ေျပာင္းသြားကာ ေလယာဥ္ဆီျဖည့္တင္းေပးေရးဆီေရာက္သြားျပန္သည္။

ျမန္မာ့ႏိုင္ငံေရးမွာလည္း ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရးေဆြးေႏြးေနရင္း လူသားခ်င္းဆိုင္ရာ စာနာေထာက္ထားသည့္ စားနပ္ရိကၡာႏွင့္ ေဆး၀ါးမ်ား ကူညီေရးဆီ ေရာက္သြားျပန္ သည္။ အစည္းအေ၀းေတြ လုပ္ေနရင္း ျပည္သူေတြ ထပ္မံေသဆံုးမႈမျဖစ္ဖို႔ေတာ့ အေရးတႀကီး လိုအပ္ေပ သည္။    ။

ေမာဂၢလိ

 

 

နိုင်ငံတကာကိုယ်စားလှယ်များနှင့် မြန်မာ့နိုင်ငံရေး

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကား ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။  ရွေးကောက်ပွဲရလဒ်အား အာဏာသိမ်းစစ်တပ်က အကြောင်းအမျိုးမျိုးပြ၍ ဖျက်သိမ်းခဲ့သည့်တိုင် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရတစ်ရပ်ကို မျှော်လင့်နေဆဲရှိသေးသည်။ ပြည်သူလူထုသည် ဒီမိုကရေစီစနစ်နှင့် ၁၀နှစ်တိုင် ယဉ်ပါးခဲ့ပြီး တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သာ ပြန်လည်ရောက်ရှိစေလိုကြသည်။

တိုင်းပြည်အတွင်း အာဏာသိမ်းကာလ ၉ လအထိ ရောက်ရှိလာသော်လည်း စစ်တပ်သည် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေပြီး ရန်ကုန်၊ မန ္တလေးမြို့ကြီးများ တွင် မြို့ပြပျောက်ကျားတပ်ဖွဲ့များ၏ ပစ်ခတ်ဖောက်ခွဲမှုများလည်း နေ့စဉ်ရှိနေသည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ခုခံစစ်ကို ဆင်နွှဲကြရန် ဆော်သြပြီးကတည်းက တိုင်းပြည်တစ်ဝှမ်းရှိ ခုခံတော်လှန်ရေး သမားများသည် အရှိန်အဟုန်မြှင့်ကာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်လာကြသည်။

ပြီးခဲ့သည့်အပတ်က ဗြိတိန် ကမကထ ပြုခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်း အဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားများအပေါ် စစ်တပ်က အင်အားသုံး ထိုးစစ်ဆင်နေမှုကို လျော့ချရန်နှင့် စစ်တပ်၏အကြမ်းဖက်နှိမ်နင်းနေမှုများ ရပ်တန့်ရန် ဆွေးနွေး ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့် အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့မှ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း မြန်မာပြည်သူတို့အတွက်မှာကား အရာထင်မှုမရှိသေးပေ။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံသည် ဧပြီလအတွင်းက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျာကာတာသို့ ဖိတ်ကြားကာ မြန်မာ့အရေးနှင့်ပတ်သက်၍ ဘုံသဘောတူညီချက် ၅ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ထိုသဘောတူညီချက်များ အကောင် အထည် ပေါ်လာခြင်းမရှိခဲ့ပေ။

ယခုနှစ်အကုန်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကမေ ္ဘာဒီးယားနိုင်ငံမှ တာဝန်လွှဲပြောင်း ထမ်းဆောင်သွားမည်ဖြစ်ပြီး လက်ရှိအာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ယူဆွတ်အစား ကမေ ္ဘာဒီးယား နိုင်ငံမှ တစ်ဦးဦးကို တာဝန်ပေးသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယခု သီတင်းအပတ်များအတွင်း မြန်မာနိုင်ငံရေးတွင် နိုင်ငံတကာ ကိုယ်စားလှယ်များ ဝင်ထွက်သွား လာနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် ယိုဟီဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ရောက်ရှိ လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုအတောအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်း သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု ဆို သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ် ပြီး တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့်လည်း တွေ့ဆုံနိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆနေကြ သည်။ မကြာမီကာလအတွင်း တရုတ်နှင့်အာဆီယံနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကျင်းပရန်ရှိနေပြီး ယင်း အစည်းအဝေးနှင့်ယခု ခရီးစဉ်သည် ဆက်စပ်မှုရှိနေနိုင်သည်။ မည်သို့ပင်ရှိစေကာမူ ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သော တရုတ်နိုင်ငံထံမှ အသံတစ်ခုကို ကြားရဖွယ်ရှိနေသည်။ သို့သော်မျှော်လင့်ချက်ကြီးကြီးမထားဖို့တော့လိုသည်။

အခြားအတည်မပြုနိုင်သေးသည့် သတင်းများအရ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် လည်း ရောက်လာဖို့ရှိသည်ဟု သိရသည်။ ကိုဗစ်ကာကွယ်ရေးဆေးဝါးများ အကူအညီပေးရေးနှင့် ပတ်သက် ၍ ဖြစ်သည်ဟု ဆိုကြသည်။ နိုဝင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု ဝါရင့်သံတမန်ဟောင်း မစ္စတာ ဘီလ်ရစ်ချတ်ဆန် ပြန်သွားပြီးနောက် အခြားနိုင်ငံကတာ ကိုယ်စားလှယ်များလည်း တစ်ဦးပြီးတစ်ဦးရောက်ရှိ လာကြသည်။ ရွှေလမ်းငွေလမ်းပွင့်သွားပြီလားဟု မေးခွန်းမထုတ်လိုသော်လည်း နိုင်ငံတကာအနေဖြင့် ပြည်သူကို နှိပ်စက်သတ်ဖြတ်နေသည့် အာဏာရှင်တစ်စုအား သတိထားဆက်ဆံဖို့လိုမည်ဖြစ်သည်။

နိုင်ငံတကာ အထူးကိုယ်စားလှယ်များ မြန်မာနိုင်ငံ၌ခြေရှုပ်နေကြချိန်တွင် မြန်မာပြည်သူသန်း ၅၀ ကျော်က အပိုင်စီးခံရသည့် လေယာဉ်ပျံတစ်စီးပေါ်တွင် ရောက်ရှိနေကြသည်။ လေယာဉ်စီးခရီးသည်အားလုံး က ဘယ်လေဆိပ်သို့ ဆိုက်ရောက်မှန်းမသိသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ အကြမ်းဖက် သမားများက ခရီးသည်အားလုံးကို မျက်စိဒေါက်ထောက်ကြည့်နေပြီး မသင်္ကာသူရှိလျှင် ဆွဲထုတ်ပြီး ပစ်သတ်နေကြသည်။ သူတို့တောင်းဆိုချက်များမရလျှင် လေယာဉ်ပျံကို ဖောက်ခွဲဖျက်စီးပစ်မည်ဟုလည်း ကြုံးဝါးနေကြသည်။

ထိုအချိန်တွင် ကမ္ဘာ့နိုင်ငံများက အစည်းအဝေးထိုင်ကာ လေယာဉ်ပျံပေါ်ပါလာသည့် ခရီးသည်များ ကို ကယ်တင်ဖို့ အငြင်းအခုံဆွေးနွေးနေကြသည်။ လေယာဉ်ပေါ်မှာ လူတွေတော်တော်သေနေကြပြီဖြစ်ပြီး လေယာဉ်ဆီကလည်း လက်ကျန်အနည်းငယ်သာရှိတော့သည်။ အစည်းအဝေးလုပ်သူများ ခရီးသည် ကယ်တင်ရေးကိစ္စမှ ခေါင်းစဉ်ပြောင်းသွားကာ လေယာဉ်ဆီဖြည့်တင်းပေးရေးဆီရောက်သွားပြန်သည်။

မြန်မာ့နိုင်ငံရေးမှာလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆွေးနွေးနေရင်း လူသားချင်းဆိုင်ရာ စာနာထောက်ထားသည့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ကူညီရေးဆီ ရောက်သွားပြန် သည်။ အစည်းအဝေးတွေ လုပ်နေရင်း ပြည်သူတွေ ထပ်မံသေဆုံးမှုမဖြစ်ဖို့တော့ အရေးတကြီး လိုအပ်ပေ သည်။      ။

မောဂ္ဂလိ